အခန်း (၂၄၁၉-၂၄၂၀)
Vol. 173 Ch. 2419-2420
အပိုင်း(၂၄၁၉)
"..."
ဝေ့ဝူယင် ငြိမ်ကျသွားကာ အဝေး တစ်နေရာဆီသို့ လှမ်းကြည့်လိုက်သည်။
'အသက်ရှူလိုက်တိုင်းပဲ...'
သူ စိတ်ထဲမှ တွေးလိုက်လေသည်။ ပိုင်လင်မှာ ထိုအတွေးကို ကြားလိုက်ရသဖြင့် သူမ၏ မျက်လုံးများက ခေတ္တမျှ မှိုင်းညို့သွားပြီးနောက် တောက်ပသော ပျော်ရွှင်မှုများဖြင့် ပြန်လည် အသက်ဝင်လာခဲ့၏။
ဝေ့ဝူယင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ညစ်ညမ်းသော လေများကို မှုတ်ထုတ်လိုက်၏။
"သူတို့နဲ့ စကားပြောဖြစ်ပါတယ်... အခြေအနေတွေကိုလည်း စောင့်ကြည့်နေတယ်... အဲဒါကြောင့် ဝိညာဉ် သတင်းစကားတွေ ပို့ဖို့ ဟင်းလင်းပြင် ယဇ်ပလ္လင်တွေကို ဆက်သွယ်ရေး စခန်းတွေ အဖြစ် ငါ တည်ဆောက်ခဲ့တာလေ... သူတို့ဆီက စာပို့တာတွေ တဖြည်းဖြည်း နည်းလာတယ်... သူတို့မှာ ရင်ဆိုင်ရမယ့် ကိုယ်ပိုင် အခက်အခဲတွေ၊ ကျော်လွှားရမယ့် စိန်ခေါ်မှုတွေနဲ့ ရောက်အောင်သွားရမယ့် ရည်မှန်းချက်တွေ ရှိနေလို့ အဝေးကနေပဲ ငါ ကူညီပံ့ပိုးပေးနိုင်တယ်..."
"ကျွန်တော် သိပါတယ်..."
ပိုင်လင်က ပြုံးလိုက်၏။
"သူတို့ကိုယ်တိုင် ကြီးပြင်းဖို့ လိုတယ်မလား..."
ဝေ့ဝူယင်က ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်၏။ သူတို့အားလုံးသည် ကိုယ်ပိုင် သမိုင်းကြောင်းများ၊ အဖြစ်ဆိုးများနှင့် စွန့်စားခန်းများ အသီးသီး ရှိကြသော သန်မာသည့် မိန်းမများ ဖြစ်ကြပေသည်။ သူတို့၌ သူငယ်ချင်းများ၊ မိသားစုနှင့် ဖြတ်သန်းရမည့် ဘဝများ ရှိကြလေသည်။
မှန်ပေသည်။ ဝေ့ဝူယင် ဆိုသော တည်ရှိမှုသည် သူတို့၏ ဘဝထဲတွင် ကြီးမားသော အစိတ်အပိုင်း တစ်ခု အဖြစ် ပါဝင်နေပေသည်။ သို့သော်လည်း... လောလောဆယ်တွင်မူ သူ အတည်တကျ နေထိုင်၍ မရနိုင်သေးပေ။ ငရဲကပ်ဘေးက သူ့ကို တစ်စစီ ဝါးမျိုပစ်ရန် ခြိမ်းခြောက်လျက် အနောက်မှ လိုက်လံ ဖမ်းဆီးနေသောကြောင့် သူ ခြေလှမ်းများကို ရပ်တန့်ထား၍ မရနိုင်ပေ။
"သူတို့တွေ အရင်တုန်းကလို ပြန်ဖြစ်သွားမှာ သခင် ကြောက်နေတုန်းပဲလား..."
ဝေ့ဝူယင် အစောပိုင်းက ရှောင်လွှဲရန် ကြိုးစားခဲ့သော အကြောင်းအရာကို ပိုင်လင်က ညင်သာစွာ ဆွပေးလိုက်၏။ သူမ၏ စကားလုံး အသုံးအနှုန်းက သံသယဖြစ်ဖွယ် ကောင်းနေသော်လည်း... ဝေ့ဝူယင် သူ့ ဘဝတွင် ကြောက်ရွံ့သည့် တစ်ခုတည်းသော အရာမှာ သူ၏ အမျိုးသမီးများက သူ့အပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုကာ သူ၏ အရိပ်များ ဖြစ်သွားမည်ကိုပင် ဖြစ်လေသည်။
ကျင့်ကြံခြင်း လောကတွင် နဂါးတစ်ကောင်၏ ရင်ခွင်ထဲသို့ ခိုဝင်ခြင်းမှာ အဖြစ်များသော ကိစ္စတစ်ခု ဖြစ်၏။ ၎င်းသည် အမျိုးသမီး သို့မဟုတ် အမျိုးသား တစ်ဦးက မိမိ လက်တွဲဖော်၏ ခွန်အားကြောင့် အဆင့်အတန်းနှင့် စွမ်းအားများ မြင့်တက်လာခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ လူအများ မကြာခဏ မနာလိုဖြစ်တတ်သော အရာတစ်ခု ဖြစ်သော်လည်း ဤအရာက မှီခိုသူအား သူတို့ မည်သူမည်ဝါဖြစ်ကြောင်း ပျောက်ဆုံးသွားစေသည့် အခြေအနေများကို ဖန်တီးပေးလေသည်။ မည်သို့ပင်ဆိုစေ ဂြိုဟ်တစ်လုံးစာ အရွယ်အစားရှိသော နဂါးကြီးတစ်ကောင်၏ ရှေ့တွင် သေးငယ်သော လူသားတစ်ယောက်သည် အလွယ်တကူ ပျောက်ကွယ်သွားနိုင်ပေသည်။
အကယ်၍ မိန်းကလေး တစ်ဦးကို ထိုသူ၏ မိန်းမ၊ ယောက်ျား၊ ဇနီး၊ ခင်ပွန်း၊ တရားမဝင် ဇနီး သို့မဟုတ် ကိုယ်လုပ်တော် အဖြစ်သာ ကြေညာလိုက်မည် ဆိုပါက သူတို့၏ ကိုယ်ပိုင်လက္ခဏာ တစ်ခုလုံးသည် ထိုသူနှင့်သာ ချိတ်ဆက်သွားပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မည် မဟုတ်တော့ပေ။
ဤသည်မှာ လုံချန် နှင့်တုန်းက ဖြစ်ပျက်ခဲ့သော အရာပင် ဖြစ်၏။ သူနှင့်တုန်းကလည်း အစပိုင်းတွင် ထိုသို့ ဖြစ်လာမည့် ရှင်းလင်းသော အစောပိုင်း လက္ခဏာများ ရှိနေခဲ့လေသည်။ သူက အဓိက ဇာတ်လိုက် နေရာကို ရယူထားပြီး သူတို့သည် သူ၏ တောက်ပမှုအတွက် အရိပ်များသာ ဖြစ်ခဲ့ကြပေသည်။
"ဟုတ်တယ်..."
ဝေ့ဝူယင်က တိုးညင်းစွာ ဝန်ခံလိုက်၏။
"ဒါပေမဲ့ သူတို့ထဲက ဘယ်သူကမှ အဲဒီလို လုပ်မှာမဟုတ်ဘူး ဆိုတာ ငါသိတယ်... သူတို့က သူတို့ပါပဲ... ပြီးတော့ ဒီလောကကြီးထဲမှာ ငါ မရှိတော့ဘူး ဆိုရင်တောင်မှ သူတို့ ကိုယ်ပိုင် ပျော်ရွှင်မှုကို သူတို့ ရှာတွေ့ကြမှာပါ... သူတို့မှာ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုတွေ ရှိနေပါလိမ့်မယ်..."
ပိုင်လင်က စိတ်ပျက်သွားသည့် အရိပ်အယောင်ဖြင့် ရွှေရောင် မီးတောက် တစ်ချက်ကို မှုတ်ထုတ်လိုက်၏။
"အဲဒါက သူတို့ လိုချင်တဲ့အရာ မဟုတ်ဘူးဆိုရင်ရော... သခင်က သူတို့နဲ့၊ လူတိုင်းနဲ့ အမြဲတမ်း နည်းနည်း ခပ်ခွာခွာ နေတတ်တယ်... မမစွန်းလီ ကိုလည်း အဲဒီလို လုပ်ခဲ့လို့ သခင် သူ့ကို စွန့်ပစ်သွားပြီလို့ သူ ထင်ခဲ့တာပဲ... မမရှင်းရီနဲ့ ပတ်သက်ပြီးတော့လည်း သခင်က ဝင်မစွက်ဖက်ဘဲ အဲဒီတုန်းက သူ့ကို သခင့်ရဲ့ မိန်းအဖြစ် ချက်ချင်း သိမ်းပိုက်ရမယ့်အစား ရွေးချယ်ခွင့် တစ်ခု ပေးခဲ့တယ်... အဲဒီတုန်းကတည်းက သူ သခင့်ကို ချစ်တယ်ဆိုတာ သခင် သိသားပဲ..."
"မမရီဖေးကိုကျတော့... သခင်က သူ့ကို ကိုယ်လုပ်တော် အဖြစ် ထားခဲ့ပြီး သူတို့ထဲက ဘယ်သူ့ကိုမှ သခင့်လူပါလို့ တရားဝင် မကြေညာခဲ့ဘူး... အဲဒီလို လုပ်စရာ အကြောင်းပြချက် မရှိဘဲနဲ့ကိုလေ... ဝေ့စီ့ကိုတောင်မှ သခင်က သူ ဘယ်မှာရှိလဲဆိုတာ အစောကြီးတည်းက သိနေတာတောင် လုံလောက်တဲ့ အင်အား မရှိခင် အချိန်အထိ သူ့ကို မရှာခဲ့ဘူးလေ... သခင်က သခင် ဂရုစိုက်ရတဲ့သူတွေအပေါ် အလွန်အကျွံ မှီခိုလာမှာကို ဒါမှမဟုတ် သခင် သေဆုံးသွားရင် သူတို့ ခံစားရမှာကို ကြောက်ပြီး ခပ်ခွာခွာ နေနေသရွေ့တော့... ကျွန်တော် ထင်တာက..."
"..."
ဝေ့ဝူယင် ပြန်မဖြေခဲ့ပေ။ သို့သော် ပိုင်လင်က နှလုံးသားကို ခိုင်မာအောင် လုပ်ပြီးနောက် သူမ၏ အတွေးကို အဆုံးသတ်လိုက်၏။
"တစ်နေ့ကျရင် သခင် နောင်တရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်..."
ဝေ့ဝူယင်သည် လှပသော ကြယ်ရောင်စုံ ကောင်းကင်ကြီးကို မော့ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်လေသည်။ သူသည် ထိုအကွာအဝေးကို ကျဉ်းမြောင်းစေရန် သိသိသာသာ ပိုကောင်းအောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ပိုင်လင်ကို ချေပရန် မည်သည့်စကားမျှ ထွက်မလာခဲ့ပေ။
"..."
လူနှင့် သားရဲတို့သည် အမှောင် ဟင်းလင်းပြင် ကို ဖြတ်သန်း ပျံသန်းသွားချိန်တွင် တာအို ဝိညာဉ်များ ၊ မူလဝိညာဉ်များ ၊ လောကချည်နှောင် ကြယ်တာရာ နှင့် ကျင့်ကြံခြင်း ဝိညာဉ်များ အားလုံးသည် တိတ်ဆိတ်လျက် ရှိနေကြ၏။ လေထုထဲတွင် မှိုင်းညို့သော မြူခိုးများ ပြည့်နှက်နေလေသည်။
ဗလာနယ်မြေသည် သန့်စင်ခြင်း ဂလက်ဆီ ဇုံ ၏ အပြင်ဘက်၊ နယ်နိမိတ်များ အစွန်တွင် တည်ရှိသည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီတွင် အလင်းရောင်ကို ဝါးမျိုနိုင်သော ၎င်း၏ ဂုဏ်သတ္တိများက မည်သည့် ဂြိုဟ်ထက်မဆို ထင်ပေါ်နေစေပြီး ဂလက်ဆီ၏ ကိန်းသေတစ်ခု အဖြစ် ရပ်တည်နေစေသည်။ ဂလက်ဆီသည် လည်ပတ်နေသော်လည်း ဗလာနယ်မြေ ၏ အာကာသ နယ်နိမိတ်သည် ၎င်း၏ သတ်မှတ်ထားသော နေရာမှ မည်သည့်အခါမျှ ရွေ့လျားခြင်း မရှိပေ။ သက်တမ်းတစ်လျှောက်တွင် ၎င်းသည် ဂလက်ဆီ အတွင်းရှိ လူသိများသော ဂလက်ဆီ ဇုံ များ အားလုံး၏ အာကာသ နယ်မြေများကို နေရာယူထားခဲ့ဖူးလေသည်။
နာရီပေါင်းများစွာ ပျံသန်းပြီး တိတ်ဆိတ်နေပြီးနောက် ဝေ့ဝူယင်သည် ပိုင်လင်၏ မှတ်ချက်များကြောင့် ဖြစ်ပေါ်လာသော လှုပ်ရှားနေသည့် ခံစားချက်များ အားလုံးပါဝင်သည့် လေးလံသော သက်ပြင်းတစ်ချက်ကို ချလိုက်၏။ သူသည် အားနည်းချက်များကို လက်ခံရန် မည်သည့်အချိန်က ဤမျှ ချို့တဲ့သွားခဲ့သနည်း။ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ခြင်းသည် သူ အလွန် ကျွမ်းကျင်သည်ဟု မှတ်ယူထားသော စွမ်းရည်တစ်ခု ဖြစ်ပေသည်။
"မင်း ပြောတာ မှန်ပါတယ် ပိုင်လင်..."
အမှန်တရား၏ နာကျင်မှုကို သက်သာစေရန် အကြောင်းပြချက် မရှာတော့ဘဲ သူက ပွင့်လင်းစွာ ဝန်ခံလိုက်၏။
"အင်း..."
ကျွန်တော် သိပါတယ် ဟု ပြောသည့်အလား ပိုင်လင်က အသံပြုလိုက်လေသည်။ ရင်းနှီးသော ပေါင်းစပ်မှုအပြီးတွင် သူမသည် အရာများစွာကို သိမြင်လာခဲ့၏။ ဝေ့ဝူယင်သည် စိတ်ပိုင်းဆိုင်ရာ အတက်အကျများကို ဖတ်ရှုရာတွင်နှင့် အခြားသူများ၏ ခံစားချက်များကို ခန့်မှန်းရာတွင် ဆရာတစ်ဆူ ဖြစ်သော်လည်း၊ ပွင့်လင်းသော စိတ်ထားရှိသည့် လူငယ် ပါရမီရှင်တစ်ဦး၏ လိုက်လျောညီထွေဖြစ်မှုနှင့်အတူ ကျွမ်းကျင်စွာ ဖန်တီးထားသော အကြံအစည်များကို ရေးဆွဲနိုင်သော်လည်း အတွင်းစိတ်တွင် သူ ဖိနှိပ်ထားမည့် သို့မဟုတ် လျစ်လျူရှုထားမည့် ကိစ္စရပ်များ အမြဲတမ်း ရှိနေမည် ဖြစ်သည်။
ပိုင်လင်၏ အကဲဖြတ်မှုသည် ထိုခံစားချက်များနှင့် အတွေးများ သူမထံသို့ စိမ့်ဝင်လာခြင်းကြောင့်သာ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ သူမအပေါ် ထားရှိသော ရိုးသားပြီး နွေးထွေးသည့် အချစ်၊ အခြား ချစ်သူများအပေါ် သူ ထားရှိသော အလွန်အမင်း ပြင်းထန်သည့် ရမ္မက်၊ အချစ်နှင့် အကြောက်တရားတို့နှင့်အတူ သူ၏ လွှမ်းမိုးနိုင်လောက်အောင် ပြင်းထန်သော ခံစားချက်များကို သူမ ခံစားမိလေသည်။ မည်သည့် သံသယမျှ မရှိဘဲ သူမသည် သူ၏ အတွေးများကို အခြားသူများထက် ပိုမို နက်နဲစွာ သိရှိနေသူ တစ်ဦး ဖြစ်ပေသည်။
အနည်းဆုံးတော့ လောလောဆယ်အတွက် ဖြစ်၏။
"နောက်ပြီးတော့..."
ပိုင်လင်၏ မျက်လုံးများက အပြစ်ကင်းစင်စွာ ပုတ်ခတ်သွား၏။
"သခင် သူ(မ)ကို ရှာသင့်တယ်လို့ ကျွန်တော် ထင်တယ်..."
ဝေ့ဝူယင်၏ မျက်ခုံးများက စပ်စုချင်စိတ်ဖြင့် ပင့်တက်သွား၏။ ပိုင်လင် မည်သူ့ကို ရည်ညွှန်းနေကြောင်း သူ အလိုအလျောက် နားလည်လိုက်သည်။
သူမသည် ဂုဏ်ယူဝင့်ကြွားသော ပုံရိပ်တစ်ခု၊ သူရဲကောင်းဆန်သူ တစ်ဦးဖြစ်ပြီး ရဲရင့်မှုဖြင့် ပိုမို ထင်ပေါ်နေသော အလှပိုင်ရှင် တစ်ဦး ဖြစ်၏။ သူတို့၏ ဆက်ဆံရေးသည် အနည်းငယ် ဝေးကွာသော်လည်း ဝေ့ဝူယင်သည် သူမကို အဝေးမှ အမြဲတမ်း လေးစားခဲ့သည်။ သူမကို ပေါင်းသင်းရ ခက်ခဲသော သူတစ်ဦးအဖြစ် မကြာခဏ သတ်မှတ်လေ့ရှိသော်လည်း အကျိုးစီးပွားချင်း တူညီပါက ရှိထားသင့်သော ထိုက်တန်သည့် မဟာမိတ် တစ်ဦးအဖြစ် သူ ယူဆထားလေသည်။
"ငါ စဉ်းစား..."
ဝေ့ဝူယင် စကားဆုံးအောင် မပြောနိုင်သေးခင်မှာပင် သူ၏ အတုမဲ့ ဖန်တီးခြင်း အဂ္ဂိရတ် ကြယ်တာရာများ အပြည့်အဝ နိုးကြားလာခဲ့၏။
ဂရီး...
ပိုင်လင်၏ ခန္ဓာကိုယ်မှ ရွှေရောင် မီးတောက်များ ထွက်ပေါ်လာပြီး ဝန်းကျင် တစ်ခုလုံးကို လှပသော မီးတောက် ပါးပါးလေး တစ်လွှာဖြင့် ဖုံးလွှမ်းသွား၏။ သူမ၏ တည်ရှိမှုက အမြင့်သို့ ထိုးတက်သွားပြီး မီးတောက် အော်ရာက သူတော်စင်များကို ခြိမ်းခြောက်နိုင်လောက်သည့် အဆင့်အထိ ရောက်ရှိသွားလေသည်။ သူမ၏ တောက်ပသော မီးတောက်များသည် လောကကြီးကို အလင်းပေးရန် ကြိုးစားနေသော်လည်း ထိုးဖောက်မရနိုင်သော အမှောင်ထုကြီး တစ်ခုက သူတို့ နှစ်ဦးကို လွှမ်းခြုံသွားပြီး အလင်းရောင်အားလုံးကို အပြင်သို့ မထွက်နိုင်အောင် တားဆီးလိုက်လေ၏။
"အိုး... အံ့ဩစရာကောင်းတဲ့ မီးဖီးနစ် ပါလား..."
***
အပိုင်း(၂၄၂၀)
"အိုး... အံ့ဩစရာကောင်းတဲ့ မီးဖီးနစ် ပါလား..."
အမှောင်ထု၊ ဖုံးကွယ်မှုများ၊ ညဉ့်ယံ၏ အကြောက်တရားများနှင့် မသေချာမှုများမှ မြစ်ဖျားခံလာပုံရသော နက်ရှိုင်းပြီး ပဲ့တင်ထပ်နေသည့် အသံတစ်ခုသည် ဤအမှောင် လှောင်ချိုင့်အတွင်း၌ ပဲ့တင်ထပ်သွားလေသည်။
ဝေ့ဝူယင်သည် အပြည့်အဝ သက်တောင့်သက်သာ ရှိနေပုံရပြီး သူ့ကိုရော ပိုင်လင်ကိုပါ ရုတ်တရက် လွှမ်းခြုံသွားသော အမှောင်ထုကို ဂရုစိုက်ပုံ မရပေ။ ရှင်းပြချက် တစ်ခုကို စောင့်ဆိုင်းနေသည့်အလား စပ်စုချင်သော မျက်ခုံး တစ်ဖက်ကိုသာ ပင့်ထားလိုက်၏။
ထိုအသံက ခံစားချက်ကင်းမဲ့သော နက်ရှိုင်းမှုဖြင့် ဆက်ပြောလေသည်။
"တတိယမြောက် နိဗာန ပြန်လည်မွေးဖွားခြင်း အဆင့် မှာပဲ ရှိသေးပေမယ့် အစစ်အမှန် သူတော်စင် တွေနဲ့ ယှဉ်နိုင်တဲ့ စွမ်းအားကို ပြသနေတယ်... တကယ့်ကို အံ့ဩစရာပဲ... ကြယ်တစ်လုံး ဂလက်ဆီ က အာရုဏ်ဦး အင်ပါယာ ရဲ့ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ဖြစ်တဲ့ မင်းအတွက် စီးတော်ယာဉ် ဖြစ်ဖို့ဆိုရင်တော့ သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ တည်ရှိမှုက သေချာပေါက် အကြောင်းပြချက် ခိုင်လုံပါတယ်..."
ဝေ့ဝူယင်၏ မျက်နှာအမူအရာက မပြောင်းလဲဘဲ ဆက်လက် စောင့်ဆိုင်းနေ၏။
"စဉ်းစားကြည့်မယ်ဆိုရင် သူ့ရဲ့ ဘိုးဘေး သွေးမျိုးဆက်က သားရဲ ဘိုးဘေးကြီးရဲ့ သားသမီး ကိုးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ နိဗာန ဖီးနစ် နဲ့ တိုက်ရိုက် သက်ဆိုင်နေပုံရတယ်... ပြီးတော့ သူ့ရဲ့ သွေးမျိုးဆက် သန့်စင်မှုက ထူးခြားတဲ့ ဦးတည်ချက်တစ်ခုကို ဖွံ့ဖြိုးလာနေတယ်... ဟင်းလင်းပြင် စွမ်းအင် တွေ ပါဝင်နေတဲ့ ကောင်းကင် ရတနာ တစ်ခုရဲ့ နယ်မြေ မှာ တည်ဆောက်ထားတဲ့ ကမ္ဘာငယ်လေး တစ်ခုက ဒီလိုမျိုး မယုံနိုင်စရာကောင်းတဲ့ သွေးမျိုးဆက်ကို ဘယ်လိုများ မွေးဖွားပေးနိုင်ခဲ့လဲ ဆိုတာ ငါ သိချင်မိတယ်..."
ဝေ့ဝူယင်က ပြုံးရင်း ခေါင်းခါလိုက်၏။
"ခင်ဗျား ပြောလို့ ပြီးပြီလား..."
ဤလူသစ်သည် ဤဖော်ထုတ်ချက်များမှတစ်ဆင့် ဝေ့ဝူယင်၏ စိတ်ကို တုန်လှုပ်သွားစေရန် ရည်ရွယ်ထားသည်မှာ ထင်ရှားသော်လည်း ဝေ့ဝူယင်ကတော့ ထိုစကားလုံးများကြောင့် အနည်းငယ်မျှပင် တုန်လှုပ်မသွားခဲ့ပေ။ ထိုအရာ အားလုံးသည် သူ သိထားပြီးသား အရာများသာ ဖြစ်လေသည်။
"..."
အသံသည် အတန်ကြာ တိတ်ဆိတ်သွား၏။ အမှောင်ထုက အနည်းငယ် တုန်ခါသွားသည်။
"တတိယမြောက် အခြေအနေ ပြည့်စုံသွားပြီ..."
အသံက ရုတ်တရက် ပြောလိုက်လေသည်။
"ဟုတ်ပါတယ်... ညဉ့်ယံလွှမ်းခြုံခြင်း ကောင်းကင်ပုရောဟိတ်..."
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ သူ၏ ကောင်းကင်ဘုံနတ်မျက်လုံးများက အနည်းငယ်မျှပင် သဟဇာတမဖြစ်မှု မရှိဘဲ အမှောင်ထုနှင့် ပေါင်းစပ်ကာ ကြယ်တာရာမဲ့ညကို ကိုယ်စားပြုရင်း ပုန်းကွယ်နေသည့် ပုံရိပ်ကို ရှာဖွေ တွေ့ရှိသွားသည်။
လျှို့ဝှက်ကစားပွဲ အတွင်း ရွှေရောင်ညဉ့်ဦးယံ အရှင်သခင်၏ စာချုပ်ကို ရရှိပြီးနောက် သူသည် ရွှေရောင် ညဉ့်ဦးယံ ကောင်းကင် နိမိတ်ဖတ်သူများ အဖွဲ့၏ အဆင့်အမြင့်ဆုံး နိမိတ်ဖတ် ပညာရှင် ဖြစ်သည့် ညဉ့်ယံလွှမ်းခြုံခြင်း ကောင်းကင် ပုရောဟိတ်နှင့် တွေ့ဆုံရန် ဖိအားပေးခဲ့၏။ ထို့နောက် သူသည် လျှို့ဝှက် စာချုပ် ကို အပ်နှင်းရန်အတွက် သုံးချက်ပါဝင်သော စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့လေသည်။
ပထမအချက်... အထွတ်အထိပ် သူတော်စင် နှင့် သူ၏ လက်ထောက် နိမိတ်ဖတ် ပညာရှင်များသည် နယ်ခြား ဟောကိန်းထုတ်ခြင်းများအား သတ်မှတ်ထားသော ပစ်မှတ်များ အပေါ် ဖုံးကွယ်ပေးရမည်။ ဤအချက်တွင် သူ ကိုယ်တိုင် မပါဝင်သော်လည်း အခြားသူများ ပါဝင်လေသည်။ သူ၏ ကံကြမ္မာကို ကြည့်ရှုရန်မှာ နာမည်ဆိုးဖြင့် ကျော်ကြားလောက်အောင် ခက်ခဲနေပြီ ဖြစ်၏။ ဤသည်မှာ အဓိကအားဖြင့် အပြစ်သား သွေးမျိုးဆက် က သူ့ကို အကာအကွယ် ပေးထားခြင်းကြောင့်ပင် ဖြစ်သည်။
ဒုတိယအချက်... အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ ပြင်ပရှိ အခြား အဖွဲ့အစည်းများထံသို့ သူနှင့် သို့မဟုတ် သူနှင့် ကမ္မ အရ ဆက်စပ်နေသူများနှင့် ပတ်သက်သော သတင်းအချက်အလက်များကို နှစ်ပေါင်း တစ်သိန်း အတွင်း မည်သည့်အခါမျှ ထုတ်ဖော်ခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရပေ။
တတိယအချက် သူနှင့် မိုးကုပ်စက်ဝိုင်းများ အကြားရှိ ဥဿုံ အဂ္ဂိရတ် တိုက်ပွဲ တစ်ခုကို နှုတ်ဖြင့် သဘောတူညီချက် ပေးရမည်ဖြစ်ပြီး ဤတိုက်ပွဲမှ ထွက်ပေါ်လာမည့် မည်သည့် ရလဒ်ကိုမျှ ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုရပေ။
ဤအချက်တွင် အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် ကို တည်ဆောက်ခြင်း၊ မိုးကုပ်စက်ဝိုင်းများ၏ အဂ္ဂိရတ် တာအို သွေးမျိုးဆက်နှင့် အမွေအနှစ်များကို ရယူခြင်း၊ နှင့် ဝေ့ဝူယင်သည် ထိုဒဏ္ဍာရီလာ ပါရမီရှင် ဖြစ်နိုင်သည်ဟူသော ထင်ကြေးပေးမှုများ အပေါ် တိတ်ဆိတ်စွာ နေခြင်းတို့ ပါဝင်လေသည်။ ဤအခြေအနေ သုံးရပ်သည် အရေးမပါဘဲ ကန့်သတ်ချက် ရှိပုံပေါ်သော်လည်း သူ၏ ဆန္ဒများနှင့်မူ ကွက်တိကျနေပေသည်။ ထို့အပြင် သူ၏ ကနဦး အခြေအနေများမှာ များစွာ ပို၍ လွန်ကဲနေခဲ့၏။ စေ့စပ်ဆွေးနွေးမှုများမှာ အတော်လေး ပြင်းထန်ပြီး စိတ်ပျက်စရာ ကောင်းခဲ့လေသည်။
"ကောင်းပြီလေ..."
ညဉ့်ယံလွှမ်းခြုံခြင်း ကောင်းကင်ပုရောဟိတ် သည် အမှောင်ထုအတွင်း လျင်မြန်စွာ ရွေ့လျားသွား၏။ သူသည် အစီအရင် များစွာကို အသုံးပြု၍ ဝေ့ဝူယင် ၏ ကောင်းကင်ဘုံနတ်မျက်လုံးများ မှ ဝိညာဉ်အမြင် ကို ရှောင်လွှဲရန် ကြိုးစားခဲ့လေသည်။ သို့သော် ဝေ့ဝူယင် သည် ခံစားချက်ကင်းမဲ့စွာဖြင့်သာ ဆက်လက် လိုက်ပါကြည့်ရှုနေခဲ့၏။
အလွန် ရယ်စရာကောင်းသည့် အချက်မှာ ပိုင်လင် ၏ ခေါင်းသည် သူ့ကို လိုက်လံကြည့်ရှုရင်း ရွေ့လျားနေခြင်းပင် ဖြစ်သည်။ သူမ၏ မျက်နှာတွင် ချဲ့ကားထားသော ရှုပ်ထွေးသည့် အမူအရာတစ်ခု ရှိနေပြီး 'ယင်ကောင် တစ်ကောင်လို ဘာလို့ လျှောက်ပျံနေတာလဲ...' ဟု မေးနေသည့်အလား ပင် ဖြစ်လေသည်။
"ခင်ဗျား ရပ်လို့ရမလား ညဉ့်ယံလွှမ်းခြုံခြင်း ကောင်းကင်ပုရောဟိတ်... ခင်ဗျားကြောင့် ကျွန်တော် ခေါင်းမူးလာပြီ..."
ဝေ့ဝူယင် က သက်ပြင်းတစ်ချက်ချကာ မှတ်ချက်ချလိုက်၏။
"..."
ညဉ့်ယံလွှမ်းခြုံခြင်း ကောင်းကင်ပုရောဟိတ် သည် သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်လေသည်။ လှောင်ချိုင့် အတွင်း၌ မှိုင်းညို့သော လေထုက ပိုမို ပြင်းထန်လာ၏။
"မင်းရဲ့ တခြား အပေးအယူတွေ... ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်... ကောင်းကင်ရှန့်ထို သန့်စင် ခြင်းကို မင်းဘက် ပါလာအောင် ဘယ်လို လုပ်လိုက်လဲဆိုတာ ငါ လုံးဝ စဉ်းစားလို့ မရဘူး..."
ဝေ့ဝူယင် ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး အံ့အားသင့်သွား၏။ လောကကြီး၏ အမြင်တွင် ကောင်းကင်ရှန့်ထို သန့်စင်ခြင်းသည် သူ့အပေါ် ခိုင်လုံသော အကြောင်းပြချက်များဖြင့် ကြီးမားစွာ မုန်းတီးနေခဲ့သည်။ သူ အခြေချနေထိုင်စဉ် ကာလအတွင်း အလွန် ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ ရန်လိုနေပုံပင် ရလေသည်။ လျှို့ဝှက် ကစားပွဲ အပြီးတွင် မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင်သည် ပြင်းထန်စွာ နစ်နာဆုံးရှုံးခဲ့ရ၏။
အဂ္ဂိရတ် ပညာရှင်များ၏ တိုက်ပွဲ မစတင်မီ ဆွေးနွေးမှုများ အတွင်းတွင် ကောင်းကင်ရှန့်ထို မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်းသည် ၎င်းကို ဖန်တီးရန် အဓိက အဆိုပြုသူ တစ်ဦး ဖြစ်ခဲ့သည်။ ထိုလုပ်ရပ်များ အားလုံးသည် ဖိနှိပ်ရန်နှင့် အရှက်ခွဲရန် ထင်ရှားသော ယုတ်မာသည့် ရည်ရွယ်ချက်များမှ ပေါက်ဖွားလာခြင်း ဖြစ်၏။ မည်သည့် လျှို့ဝှက် ပူးပေါင်းကြံစည်မှု အထောက်အထားမျှ ရှာတွေ့နိုင်ခြင်း မရှိခဲ့ပေ။
"ကောင်းကင်ရှန့်ထို တွေ အားလုံးထဲမှာ ကောင်းကင်ရှန့်ထို ကောင်းကင်သန့်စင်က အမိန့်တော် ဆေးရည် ဖော်စပ်မှု သုံးကြိမ်စလုံးကို ကျရှုံးခဲ့တယ်... ပြီးတော့ သူက လျှို့ဝှက် ဝိညာဉ်အင်အား ဆေးလုံး တွေရဲ့ အညစ်အကြေး တစ်ရာခိုင်နှုန်း အဆင့်ကို ရောက်ရှိခဲ့တယ်..."
"အဲဒီမှာ ရှိနေတဲ့ အဂ္ဂိရတ် ပညာရှင် တွေ အားလုံးထဲမှာ ကောင်းကင်ရှန့်ထို သန့်စင်ခြင်းက ဆေးဖော်စပ်ခြင်း နဲ့ ပတ်သက်ရင် ပါရမီအပါဆုံးပဲ... ပြီးတော့ သူက အမိန့်တော် ဆေးရည် ရဲ့ အခက်ခဲဆုံး အပိုင်းကို ကျော်လွှားနိုင်တယ်... အရှိန်လျှော့ပြီး အချိန်ယူ ဖော်စပ်မယ် ဆိုရင် အနည်းဆုံး တစ်ကြိမ်တော့ ပြီးပြည့်စုံတဲ့ ထုတ်ကုန် တစ်ခု ရဖို့ သေချာအောင် သူ လုပ်နိုင်ခဲ့မှာပဲ..."
"ဗလာနယ်မြေကို အကြံပြုခဲ့တာ သူပဲ... ပြီးတော့ ပုံမှန် အဂ္ဂိရတ် ဖော်စပ်ခြင်း ကို ထိခိုက်စေနိုင်တဲ့ အချိန် ပတ်ဝန်းကျင် တစ်ခု ထည့်သွင်းတာကိုလည်း သူ ကန့်ကွက်မခဲ့ဘူး..."
"တခြားလူတွေ အတွက်တော့ သူ့ရဲ့ သရုပ်ဆောင်မှုက အပြစ်အနာအဆာ ကင်းနေမှာပဲ... ငါ့အတွက်တော့ လွယ်လွယ်လေး မြင်သာနေခဲ့တယ်... ဒါပေမဲ့ ငါ နားမလည်နိုင်ဘူး... ဘယ်လို လုပ်လိုက်တာလဲ..."
ညဉ့်ယံလွှမ်းခြုံခြင်း ကောင်းကင်ပုရောဟိတ်က တကယ်ကို ရှုပ်ထွေးနေသည့်ဟန်ဖြင့် မေးလိုက်၏။ သူတို့ နှစ်ယောက်ကြားတွင် မည်သည့် အပေးအယူမျှ မရှိခဲ့သလို မည်သည့် အဆက်အသွယ်မျှ မရှိခဲ့ကြောင်း သူ သေချာ အတည်ပြုထားပြီး ဖြစ်လေသည်။
သူတို့ ဘယ်အချိန်ကများ ဆက်သွယ်ခဲ့ကြသနည်း။
သူ၏ စုံစမ်းစစ်ဆေးမှုများ အရ ဆိုလျှင် သူတို့ ဆက်သွယ်ခဲ့ခြင်း မရှိပေ။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် နှင့် ကောင်းကင်ရှန့်ထို သန့်စင်ခြင်း တို့သည် သီးသန့် အနေအထားတွင် စကားတစ်ခွန်းမျှပင် အပြန်အလှန် မပြောခဲ့ဖူးကြချေ။ လူမြင်ကွင်းတွင် တွေ့ဆုံမှုမှာလည်း အလွန်ကို အကန့်အသတ် ရှိလေသည်။ အမှန်တကယ်တော့ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ သို့ ရောက်ရှိလာကတည်းက ဂလက်ဆီ အတွင်း၌ ဝေ့ဝူယင် ပြုလုပ်ခဲ့သော လှုပ်ရှားမှုတိုင်းကို အဖွဲ့အစည်း အများအပြားက စောင့်ကြည့်နေခဲ့ကြ၏။
အာရပ်နစ် မျိုးနွယ်တို့သည် အလွန်အကျွံ စွက်ဖက်မိသဖြင့် သင်ခန်းစာ တစ်ခု ပေးခံခဲ့ရသည်။ ကျန်သူများကမူ သွယ်ဝိုက်သော နည်းလမ်းများကိုသာ အသုံးပြုကြပြီး ကျင့်ကြံခြင်း သို့မဟုတ် သီးသန့် အချိန်များတွင် အဝေးမှသာ နေခဲ့ကြ၏။ အကယ်၍ ဝေ့ဝူယင် က သီးသန့်လွတ်လပ်ခွင့်ကို လိုချင်ပါက မည်သူကမျှ ချိုးဖောက်ရန် မတွေးဝံ့ကြပေ။
သို့သော် ထိုသီးသန့် အချိန်များသည် ကောင်းကင်ရှန့်ထို သန့်စင်ခြင်း၏ လှုပ်ရှားမှုများနှင့် အနည်းငယ်မျှပင် တိုက်ဆိုင်မှု မရှိခဲ့ပေ။ ထိုအချိန်များမှာလည်း အလွန် နည်းပါးပြီး ရှားပါးလှလေသည်။ သူတို့ နှစ်ဦးစလုံးကို စောင့်ကြည့်မှုသည် အပြစ်အနာအဆာ ကင်းစင်ပြီး မည်သည့် အမှားအယွင်း လက္ခဏာမျှ မရှိခဲ့ပေ။ အကယ်၍ တိုက်ဆိုင်စွာ ပျောက်ဆုံးသွားသော အချိန်တစ်ခု ရှိခဲ့မည်ဆိုပါက ထိုအချိန်သည် သူတို့ အပြန်အလှန် ဆက်သွယ်ခဲ့သော အချိန်ဖြစ်ကြောင်း သူ ကောက်ချက်ချနိုင်မည် ဖြစ်၏။
ထိုသို့ ဖြစ်ခဲ့လျှင်ပင် သူတို့၏ အပြန်အလှန် ဆက်သွယ်မှုသည် ကမ္မ ဆက်နွယ်မှု တစ်ခုကို မွေးဖွားပေးရမည် ဖြစ်ပြီး သူတို့၏ ပူးပေါင်းကြံစည်မှု အထောက်အထားကို ချန်ရစ်ခဲ့ရမည် ဖြစ်သည်။ သို့သော် မည်သည့် ဆက်နွယ်မှုကိုမျှ ရှာမတွေ့ခဲ့ပေ။ ဤသည်မှာ ဝေ့ဝူယင်၏ ကောင်းချီးခံ အဆင့်အတန်းကြောင့် ဖြစ်ပေါ်လာသော ဘေးထွက်ရလဒ် တစ်ခုလည်း မဟုတ်ပေ။ ကမ္မ ဆက်နွယ်မှုများ ကို စောင့်ကြည့်ခြင်းနှင့် ကောင်းချီးခံ တစ်ဦး၏ လမ်းကြောင်းကို ဟောကိန်းထုတ်ခြင်းသည် မိမိ၏ ကျင့်ကြံခြင်းကို မြှင့်တင်ရန် ကောင်းချီးခံ အပေါ် မှီခိုနေရသော နိမိတ်ဖတ် ပညာရှင် အချို့၏ အမှတ်အသား တစ်ခု ဖြစ်၏။ သူသည် ထိုလမ်းစဉ်ကို မလိုက်ခဲ့သော်လည်း သွယ်ဝိုက်သော ဟောကိန်းထုတ်ခြင်း အစီအရင် များစွာနှင့်မူ ရင်းနှီးကျွမ်းဝင်မှု ရှိလေသည်။
ဝေ့ဝူယင်က အပြုံးတစ်ခုဖြင့် လှောင်ပြောင်လိုက်ပြီး မျက်လုံးများထဲတွင် ရယ်မောချင်စိတ်များ ပေါ်လွင်နေလျက် ခေါင်းကို ခါယမ်းလိုက်၏။
"..."
ညဉ့်ယံလွှမ်းခြုံခြင်း ကောင်းကင်ပုရောဟိတ် သည် ဤအရာ မည်သို့ ဖြစ်ပျက်ခဲ့ကြောင်းကို မခန့်မှန်းနိုင်ခဲ့ပေ။
ဝေ့ဝူယင် က ဖြေကြားရန် အစီအစဉ် မရှိပေ။ အကြောင်းပြချက် မရှိဘဲ တစ်စုံတစ်ယောက်၏ စပ်စုချင်စိတ်ကို သူက ဘာကြောင့် ဖြည့်ဆည်းပေးရမည်နည်း။ ကြွားလုံးထုတ်ရန်လား။ အဓိပ္ပါယ် မရှိလိုက်လေခြင်း။
ဝေ့ဝူယင် ၏ စိတ်ရှည်သည်းခံမှု ကုန်ဆုံးလာပြီ ဖြစ်ကြောင်း ညဉ့်ယံလွှမ်းခြုံခြင်း ကောင်းကင်ပုရောဟိတ် ခံစားလိုက်ရ၏။
"သတင်းအချက်အလက် အလဲအလှယ် လုပ်ရင်ကော ဘယ်လိုလဲ..."