← Chapters

အခန်း (၆၂၈)

Vol. 52 Ch. 628

အခန်း (၆၂၈)

Vol. 52 Ch. 628

နန်ပါးထျန်းမှ ပြောသည်။

“လက်အောက်ငယ်သားတစ်ယောက်ရဲ့ အဆိုးရွားဆုံးလုပ်ရပ်က အရာရာတိုင်းမှာ အသိမှတ်ပြုမှုရှာဖွေတာပါပဲ။ ကျွန်တော်က အရင်ဆုံး တစ်ခုခုအောင်မြင်အောင် လုပ်ပြီးမှ သခင်ကြီးယဲ့လုကို တင်ပြချင်ခဲ့တာပါ။ ဒါက ညီနောင်လျိုကို ဒီလိုနားလည်မှုလွဲသွားစေမယ်လို့ ထင်မထားခဲ့မိဘူး”

အားလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။ စဉ်းလဲလိုက်တဲ့ ငြင်းဆိုမှုပဲ။ အသိအမှတ်ပြုမှုရှာဖွေတယ်မဖြစ်ရအောင်လို့ပဲ ရှိရသေး။ နန်ပါးထျန်း ခင်ဗျားက စကားပြောကောင်းလိုက်တာနော်။

ယဲ့လုဖုန်းလည်း အနည်းငယ်မျက်မှောင်ကြုတ်သွား၏။ နန်ပါးထျန်း၏ထိုစကားကို မယုံကြည်သော်ငြား လက်ခံရနိုင်သည့် ဆင်ခြေတစ်ခုဖြစ်ပေသည်။

ပိုင်မော့ရှန်းမှ ပြောသည်။

“ဟားဟား ခေါင်းဆောင်နန်က တကယ့်ကို စကားပြောကျွမ်းကျင်တာပဲ။ ဒီလိုစကားမျိုးတောင် ပြောထွက်နိုင်တယ်”

“ကျုပ်က စကားပြောကောင်းတာ မဟုတ်ဘဲ ရိုးသားပွင့်လင်းတဲ့ စိတ်နှလုံးရှိလို့ပါ”

ပိုင်မော့ရှန်းမှ ပြောသည်။

“ကောင်းပြီ။ ခေါင်းဆောင်နန်က သခင်ကြီးယဲ့လုကို အံ့ဩစရာလေး ဖန်တီးပေးချင်ခဲ့တာလို့ပဲ မှတ်ယူလိုက်တာပေါ့”

ယဲ့လုဖုန်း မထိန်းချုပ်နိုင်စွာ ကျိတ်ရယ်လိုက်သည်။

အဲဒါက ဘာကြီးတုန်း၊ အံ့ဩစရာဖန်တီးပေးချင်တာတဲ့လား။

သို့သော် နန်ပါးထျန်းသည် သူ့အတွက် အသုံးဝင်နေဆဲဖြစ်သောကြောင့် ယဲ့လုဖုန်းသည် ပြန်ထိန်းချုပ်လိုက်သည်။

ပိုင်မော့ရှန်းမှ ပြောသည်။

“နောက်ဆုံးမေးခွန်းပါ။ ခေါင်းဆောင်နန် ကုန်သယ်ပို့တာက မိန်ဂိုဏ်းကို ဖမ်းဆီးဖို့အတွက်လို့ ပြောခဲ့တာ ဟုတ်ပါသလား”

“ဟုတ်ပါတယ်”

ပိုင်မော့ရှန်းမှ ပြောသည်။

“ခေါင်းဆောင်နန် ဒီလိုအများကြီးဒုက္ခခံပြီးတာတောင်မှ မိန်ဂိုဏ်းကို ဖမ်းမမိသေးဘဲ စစ်လက်နက်ပစ္စည်းတွေကိုလည်း ရှာမတွေ့သေးဘူး၊ မျန့်ရွှေမြစ်ကြောင်းတစ်လျှောက်မှာလည်း ထူးခြားဖြစ်စဉ် မရှိဘူးဆိုရင် ဆုံးရှုံးမှုအနှစ်ချုပ်ကို ဘယ်လိုတွကfချက်မှာပါလဲ”

ထိုအခါ နန်ပါးထျန်းသည် လက်သီးယှက်အရိုအသေပြုလိုက်သည်။

“သခင်ကြီးယဲ့လု လူကြီးမင်းပိုင်မေးလိုက်တာက မေးခွန်းကောင်းပါပဲ။ ၁၅ရက်အတွင်း ရလဒ်ထွက်ပေါ်လာစေရမယ်လို့ ကျွန်တော့်ဦးခေါင်းကိုရင်းပြီး အာမခံပါတယ်။ အကယ်၍ ၁၅အတွင်း ရလဒ်မထွက်ခဲ့ရင် အရင်က ပြစ်မှုအားလုံးကို ဝန်ခံပြီးတော့ အပြစ်ဒဏ်ခံယူပါ့မယ်။ အဲဒီလိုဆို သခင်ကြီးယဲ့လုအတွက် အဆင်ပြေနိုင်မလား”

ထိုအခါ ယဲ့လုဖုန်းသည် နန်ပါးထျန်းကို ကြည့်လိုက်သည်။ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်တည်လာကာ ပြောသည်။

“ကောင်းပြီ။ မင်းပြောတဲ့အတိုင်းပဲ ၁၅ရက်ကြာပြီးနောက်မှာ မိန်ဂိုဏ်းသားတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို ရှာတွေ့နိုင်ခဲ့ရင် ဒီကိစ္စတွေအားလုံးကို လျော်ပေးမယ်။ မဟုတ်ရင်တော့…”

နန်ပါးထျန်းမှ ပြောသည်။

“ကျွန်တော့်ရဲ့ပြစ်မှုတွေအတွက် အသက်နဲ့ ပြန်ပေးဆပ်ပါ့မယ်”

ယဲ့လုဖုန်းမှ ပြောသည်။

“ကောင်းတယ် ကောင်းတယ် ကောင်းတယ်”

ယဲ့လုဖုန်းသည် နန်ပါးထျန်း၏ ကျိုးကြောင်းမဆီလျော်သည့်လုပ်ရပ်များကို ဆက်လက်မစစ်ဆေးလိုတော့ပေ။ လက်ရှိအချိန်တွင် သူဂရုအစိုက်ဆုံးအရာမှာ စစ်လက်နက်ပစ္စည်းများဖြစ်သည်။ အကြောင်းမှာ စိစစ်ရေးတမန်တော်သည် ရက်၂၀အတွင်း မျန့်ရွှေမြစ်သို့ ရောက်ရှိမည်ဟု သတင်းရထားသောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ နန်ပါးထျန်းအား ၁၅ရက်အချိန်ကို နောက်ဆုံးအနေဖြင့် ပေးအပ်နိုင်ပေသည်။

ထိုအခါ လျိုလောင်ကွေ့သည် ဆက်လက်ပြောဆိုလိုသော်ငြား ပိုင်မော့ရှန်း၏ဟန့်တားခြင်း ခံလိုက်ရသည်။

ယဲ့လုဖုန်းမှ ပြောသည်။

“ကောင်းပြီ။ ခေါင်းဆောင်နန်က ဒီကိစ္စက အထင်လွဲမှုဖြစ်ကြောင်း ရှင်းပြပြီးပြီဆိုတော့ အားလုံးပဲ ပြန်နိုင်ပါပြီ။ ဒါပေမဲ့ ခေါင်းဆောင်နန်ကတော့ ခဏနေခဲ့ပါဦး”

ထိုအခါ အားလုံး မင်သက်သွားကြသည်။ ကုန်သည်ကြီးတစ်ယောက်၊နှစ်ယောက်မှ ပြော၏။

“သခင်ကြီးယဲ့လု ကျွန်တော်တို့ပိုက်ဆံတွေကရော”

ယဲ့လုဖုန်းသည် သူတို့ကိုပြန်ကြည့်လာပြီး ပြောသည်။

“ဘာပိုက်ဆံလဲ”

“ဒါက…”

ယဲ့လုဖုန်းမှ ပြောသည်။

“ခေါင်းဆောင်နန်က မင်းတို့ကိုကူညီပြီး မင်းတို့ကုန်တွေကို မျန့်ရွှေအပြင်ပို့ပေးခဲ့တာ မဟုတ်ဘူးလား”

ကုန်သည်ကြီးများမှာ ပြောစရာစကားပျောက်သွားရသည်။ ထို့နောက် ယဲ့လုဖုန်းမှ ပြောသည်။

“မင်းတို့က ကုန်တင်ခပေးဖို့ မလိုဘူးလို့ ဆိုလိုချင်တာလား”

“ဒါပေမဲ့ သူတောင်းတာ အရမ်းများလွန်းတယ်လေ”

ကုန်သည်တစ်ဦးမှ ပြောလိုက်သည်။ ထိုစကားတွင် ယဲ့လုဖုန်းသည် ရယ်မောလာ၏။

“မင်း ကုန်မပို့ချင်ဘူးလား။ ကောင်းပြီလေ၊ ခေါင်းဆောင်နန် သူ့ဆီက လက်ခံထားတဲ့ ကုန်တင်ခကို ပြန်ပေးလိုက်။ ပြီးရင် သူ့ကို ကုန်တင်ခွင့်တစ်လပိတ်ထားလိုက်”

“အာ သခင်ကြီးယဲ့လု ကျွန်တော်မှားသွားပါတယ်။ ကျွန်တော်က သစ်သီးနဲ့ အသီးအရွက်တွေ တင်ပို့တဲ့သူပါ— ကုန်တင်ခွင့်တစ်လပိတ်လိုက်ရင် အကုန်ပုပ်ကုန်ပါလိမ့်မယ်။ သခင်ကြီး ကျေးဇူးးပြုပြီး ညှာတာပေးပါ”

ယဲ့လုဖုန်းမှ ပြောသည်။

“တော်ပြီ။ ထွက်သွားလိုက်တော့”

“ဟုတ်ကဲ့”

သို့ဖြင့် ကုန်သည်များသည် အလျင်စလို ထွက်ပြေးခဲ့ကြသည်။ သူတို့ထွက်ပြေးသွားသည်ကို ကြည့်နေပြီးနောက် ယဲ့လုဖုန်းသည် လျိုလောင်ကွေ့သို့လှည့်၍ ပြောသည်။

“ခေါင်းဆောင်လျိုမှာ ပြောစရာရှိသေးလို့လား”

“သူ…”

“သခင်ကြီးယဲ့လု ကျွန်တော်တို့ ဘာမှပြောစရာမရှိတော့ပါဘူး။ ကျွန်တော်တို့ သွားလိုက်ပါဦးမယ်”

ပိုင်မော့ရှန်းသည် လျိုလောင်ကွေ့ကို ချက်ချင်းဆွဲခေါ်လာခဲ့သည်။ လျိုလောင်ကွေ့မှ ပိုင်မော့ရှန်းကို ပြောသည်။

“မင်း ဘာလို့ ငါ့ကို ဆွဲခေါ်လာတာလဲ”

ပိုင်မော့ရှန်းသည် လျိုလောင်ကွေ့ကို နားကပ်တီးတိုးပြောလိုက်သည်။

“အထက်က စိစစ်ရေးတမန်တော်က မကြာခင်ရောက်လာတော့မှာ။ အခုအချိန်မှာ သခင်ကြီးယဲ့လု ဂရုအစိုက်ဆုံးက စစ်လက်နက်ပစ္စည်းတွေပဲ။ တခြားဘယ်အရာမှ အရေးမကြီးဘူး။ ဒီလိုအချိန်မှာ ခေါင်းဆောင် ပြဿနာမရှာပါနဲ့”

“ငါ…”

လျိုလောင်ကွေ့သည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်အပြင်သို့ ရောက်သည်အထိ ပိုင်မော့ရှန်း၏ ဆွဲခေါ်ခံခဲ့ရသည်။

ယခုတွင် အိမ်တော်ထဲ၌ ယဲ့လုဖုန်းနှင့် နန်ပါးထျန်းတို့သာ ကျန်ရှိတော့သည်။ ယဲ့လုဖုန်းမှ နန်ပါးထျန်းကို ပြောသည်။

“နန်ပါးထျန်း မင်းမှာ ငါ့ကို တခြားပြောစရာရှိသေးလား။ အဲဒီစကားတွေနဲ့ ငါ့ကိုလှည့်စားနိုင်မယ် ထင်နေတာလား”

ထိုအခါ နန်ပါးထျန်းသည် ချက်ချင်း ဒူးထောက်ချလိုက်ပြီး ပြောသည်။

“သခင်ကြီးယဲ့လုကို ကျွန်တော်က ဘယ်လိုလုပ်ပြီး လှည့်စားရဲမှာပါလဲ။ ငါးဖမ်းကုန်သည်အဖွဲ့က ငွေလိုအပ်နေလို့ ကျွန်တော်ဒီလိုလုပ်ရပ်မျိုး လုပ်လိုက်ရတာပါ။ ကျွန်တော့်ရဲ့ရည်ရွယ်ချက်က ငွေရှာဖို့ဆိုတာ မှန်ပေမဲ့ မိန်ဂိုဏ်းကို မျှားထုတ်မယ်ဆိုတဲ့စကားကလည်း အမှန်ပါပဲ”

ယဲ့လုဖုန်းမှ ပြောသည်။

“တော်ပြီ တော်ပြီ၊ အနည်းဆုံးတော့ မင်းက အမှန်တရားတစ်ခု ထုတ်ပြောလာခဲ့သေးတာပဲ။ အခုပြောပါဦး၊ မိန်ဂိုဏ်းသားတွေကို ဖမ်းမိပြီလား”

နန်ပါးထျန်းမှ ပြောသည်။

“သခင်ကြီးစိတ်ချပါ။ ၁၅ရက်အတွင်းမှာ စစ်လက်နက်ပစ္စည်းတွေကိုရော မိန်ဂိုဏ်းသားတွေကိုရော ဖမ်းဆီးနိုင်ပါလိမ့်မယ်”

“ကောင်းတယ် နန်ပါးထျန်း ငါမင်းကိုပြောမယ်။ မိန်ဂိုဏ်းသားတွေကို ဖမ်းမိပြီး စစ်လက်နက်ပစ္စည်းတွေ မြောက်ပိုင်းဒေသသူပုန်တွေဆီ ရောက်မသွားအောင် ဟန့်တားနိုင်တာနဲ့ မင်းရဲ့အပြစ်အားလုံးကို ရှင်းလင်းပေးမယ်။ ဒါပေမဲ့ လက်နက်တွေကို မရှာနိုင်ခဲ့ရင်တော့ နောက်ဆက်တွဲအကျိုးဆက်ကို မင်းသိမှာပါ။ ဒီတစ်ကြိမ်တော့ ငါမင်းကို ကာကွယ်မပေးနိုင်တော့ဘူး”

နန်ပါးထျန်းမှ ပြောသည်။

“သခင်ကြီးယဲ့လု စိတ်ချပါ။ လက်နက်တွေကို ရှာမတွေ့ခဲ့ရင် ကျွန်တော့်ရဲ့ခေါင်းကို လာဆက်သပါ့မယ်”

ယဲ့လုဖုန်းမှ ခပ်ဖျော့ဖျော့ခေါင်းညိတ်သည်။

“ကောင်းပြီ။ ငွေတုံးလေးသောင်းထားခဲ့ပြီး သွားလို့ရပြီ”

“အာ”

နန်ပါးထျန်း အံ့ဩသွား၏။ ယဲ့လုဖုန်းမှ ပြောသည်။

“ငါ့ကို ခွဲပေးသင့်တယ်လို့ မထင်ဘူးလား။ မင်းမှာ အခု ငွေခြောက်သောင်းကျန်နေဦးမှာပဲလေ”

“ဟုတ်ကဲ့ပါ သခင်ကြီး။ ကျွန်တော် ချက်ချင်းပေးပါ့မယ်”

နန်ပါးထျန်းသည် ဖုံးကွယ်မရနိုင်ကြောင်း သိသောအခါ ငွေလက်မှတ်များကို လက်နှစ်ဖက်ဖြင့် ဆက်သခဲ့သည်။ ချီမုကောကို ပေးထားခဲ့သည့် ငွေတုံးငါးထောင်ကိုလည်း နုတ်ပေးလိုက်သည်။

နန်ပါးထျန်း ယဲ့လုဖုန်းကို စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ပိုက်ဆံပေးပြီးနောက် နန်ပါးထျန်းသည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ ထွက်လာခဲ့သည်။ ထို့နောက် နက်ရှိုင်းစွာသောမျက်လုံးများဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ဘေးရှိ ထန်ဇီယွဲ့မှ ပြောသည်။

“ခေါင်းဆောင် လက်နက်ကိစ္စကို ဘယ်လိုလုပ်မလဲ”

နန်ပါးထျန်းမှ ပြောသည်။

“အင်း အဲဒီကိစ္စအတွက် မစိုးရိမ်နဲ့။ ဖြေရှင်းနိုင်သွားမှာပါ”

…

ထိုစဉ် မြောက်ပိုင်းတောင်သံသတ္တုတွင်း၌

ရှောင်ဟူသည် လိုဏ်ဂူထိပ်သို့ ခုန်တက်သွားပြီး လိုဏ်ဂူထဲကို ချောင်းကြည့်နေသည်။ အထဲတွင် အပေါ်ပိုင်းအဝတ်ဗလာဖြင့် ပန်းပဲဆရာများ ပန်းပဲထုနေသည့်မြင်ကွင်းကို မြင်လိုက်ရသည်။ သူတို့သည် အထူးသဖြင့် မြားခေါင်းကို သွန်းလုပ်နေကြခြင်း ဖြစ်ပေသည်။

ရှောင်ဟူ မျက်လုံးမှေးကျဉ်းလိုက်သည်။

“ဟား နန်ပါးထျန်း၊ ခင်ဗျားက တကယ်သတ္တိကောင်းတာပဲ။ ဒီတစ်ကြိမ်တော့ ခင်ဗျား သေပြီပဲ”

All Chapters