ဘယ်သူ့ကိုမှ ခွင့်မပြုဘူး
Vol. 86-89 Ch. 1284
အနောက်သို့ ရောက်လာသော သက်တော်စောင့်များသည် ရုန်းကန်ငိုယိုနေသော နှစ်ယောက်ကို အတင်းဆွဲ၍ ကားပေါ် တင်သွားလေသည်။
“ဆရာ ဘယ်မှာလဲ၊ ဘယ်သူ ဆရာ့ကို တွေ့လိုက်သေးလဲ”
ဟွမ်ထျန်းချန် ပြန်လှည့်ကြည့်လိုက်သောအခါ ယဲ့ဖန် ပျောက်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
“အခုလေးတင် ဒီနားမှာ ရှိနေတာကို ဘယ်လိုလုပ် ပျောက်သွားတာလဲ”
လူတိုင်း ယဲ့ဖန် ဘယ်အချိန် ပျောက်သွားသလဲ မသိလိုက်ပေ။
“ငါတို့အားလုံး သူ့ကို မှားပြီး အပြစ်တင်ခဲ့မိတော့ နာမည်တောင် မပြောခဲ့သလို ဘာမှလည်း ပြန်မတောင်းခဲ့ဘူး၊ ဒါကမှ တကယ့် ဆရာဝန်ကောင်းတစ်ယောက်ပဲ”
အဘိုးအိုတစ်ယောက်က သက်ပြင်းချ၍ ပြောလေသည်။ လူတိုင်း ခေါင်းညိတ်၍ ထောက်ခံလေသည်။ အစပိုင်း ယဲ့ဖန် ပြောခဲ့စဉ်အခါက ဟွမ်ထျန်းချန်သာ သူ့ကို ဆိုးဆိုးရွားရွား မဆက်ဆံခဲ့လျင် ပိုက်ဆံသန်းပေါင်းများစွာကို သေချာပေါက် ပေးမိလောက်သည်။ သို့သော် ယဲ့ဖန်က သူ့နာမည်ပင် မချန်ခဲ့ဘဲ ထွက်သွားလေ၏။
“ရှာကြစမ်း၊ မြေလှန်ရမယ်ဆိုရင်တောင် ဆရာ့ကို တွေ့အောင် ရှာကြ”
ဟွမ်ထျန်းချန် ချက်ချင်း အော်ငေါက်လိုက်သည်။ ဤမျှ ကြီးမားသော ကူညီမှုအား သူ ဘယ်လိုလုပ် ပြန်မပေးဆပ်ဘဲ နေနိုင်မည်နည်း။ ဤသို့သော ပါရမီရှင်နှင့် သူ ဘယ်လိုလုပ် မိတ်ဆွေ မဖြစ်ဘဲ နေနိုင်ပါမည်နည်း။
တစ်ချိန်တည်းမှာပင် ယဲ့ဖန်သည် ခေါင်းကိုငုံ့၍ စဉ်းစားတွေးတောနေ၏။ ဘာမဟုတ်သော ဟွမ်မိသားစု လေးကိုပင် ရှုကျိုး၌ ဩဇာကြီးသူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သော်လည်း အင်ပါယာ၏ အင်အား အကြီး ဆုံးသော ယဲ့မိသားစုရှေ့၌ သူတို့က ဘာမှမဟုတ်ပေ။
သို့သော် အဘယ်ကြောင့် သူတို့က ဟွမ်ထျန်းချန်နှင့် တမင်သက်သက် ရင်ဆိုင်၍ သူ့သမီးကိုပင် အဆိပ်ခတ်ကာ သူ အညံ့ခံလာရန်အတွက် ဖိအားပေးရန် ကြိုးပမ်းရသနည်း။
မကြာခင်မှာပင် ယဲ့ဖန်၏ ဆက်သွယ်ရေးကိရိယာထဲသို့ နလန်ရှောင်၏ သတင်းပို့ချက် ဝင်လာသည်။
“ဘယ်လိုလဲ မင်း ရှာတွေ့ပြီလား”
ယဲ့ဖန် မေးလိုက်သည်။
“လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက ရှုကျိုးက မိစ္ဆာမျှော်စင်လို့ ခေါ်တဲ့နေရာတစ်ခုမှာ ထူးဆန်းတဲ့ လူအိုကြီး တစ်ယောက် ရှိတယ်လို့ သိရပါတယ်၊ အဲ့လူအိုကြီးက ဟွမ်ယွီလင်းကို တပည့်အဖြစ် ခေါ်ဖို့ ကြိုးစားခဲ့ ပင်မယ့် ဟွမ်ထျန်းချန်ရဲ့ ငြင်းဆန်ခြင်း ခံလိုက်ရပါတယ်၊ အဲ့အချိန်ကစပြီး ဟွမ်ယွီလ်းက မကြာခဏ ဖျားနာပြီး သေလုနီးပါးအထိ ဖျားနာတယ်လို့ သိရပါတယ်”
နလန်ရှောင် ပြန်ဖြေလိုက်သည်။
“မိစ္ဆာဖိနှိပ်ခြင်းမျှော်စင် ဟုတ်လား”
ယဲ့ဖန် ပြန်မေးလိုက်သည်။
“မိစ္ဆာမျှော်စင်ရဲ့ တည်ရှိမှုက အရမ်းထူးခြားဆန်းကြယ်ပါတယ်၊ အင်ပါယာ မတည်ထောင်စဉ် ကတည်းက ရှိခဲ့တာလို့ ပြောကြတာပါပဲ၊ အဲ့ဒါက အန္တရာယ်များတဲ့ နေရာ ဖြစ်ပြီးတော့ အခုတော့ အင်ပါယာရဲ့ အရက်စက်ဆုံး နတ်ဆိုးတွေကို အကျဉ်းချဖို့အတွက် အသုံးပြုပါတယ်”
“ဆက်ပြော”
“ဟွမ်ယွီလင်းကို တပည့်အဖြစ် ခေါ်ချင်ခဲ့တဲ့ လူအိုကြီးကိုလည်း ကျွန်တော် စုံစမ်းခဲ့ပါတယ်၊ သူ့မျိုးရိုးနာမည်က ယဲ့ပါ”
ယဲ့ဖန်၏ ခန္ဓာကိုယ်မှ လူသတ်ချင်စိတ်က ထိန်းချုပ်မရအောင် ထွက်ပေါ်လာ၏။ ဤကိစ္စက တကယ်ပင် ယဲ့မိသားစုနှင့် ပတ်သက်နေသည်။ သူ ခန့်မှန်းတာ မှန်သွားလေပြီ။
“ပြီးတော့ ရှုကျိုးရဲ့ နံပါတ်တစ် ဘုရင်အဆင့် ဝူချီဖုန်းကလည်း ယဲ့မျိုးရိုးနာမည်နဲ့ လူအိုကြီးရဲ့ ဂုဏ်ယူရတဲ့ တပည့်လို့ သိရပါတယ်၊ ဒါပေမဲ့ အဲ့လူအိုကြီးက ယဲ့မိသားစု တတိယဘိုးဘေးလား ဒါမှမဟုတ် သူ့အစ်ကို နှစ်ယောက်လားဆိုတာကိုတော့ အခုထိ မသိရသေးပါဘူး”
ထို့နောက် ယဲ့ဖန် ဆက်မေးလိုက်သည်။
“ငါ့မိတ်ဆွေတွေ ဘယ်မှာလဲ”
“ဒါက”
သို့သော် နလန်ရှောင်က ချီတုံချတုံ ဖြစ်လာ၏။
“ပြောစမ်း”
ယဲ့ဖန် ချက်ချင်း မျက်မှောင်ကြုတ်ကာ ကျယ်လောင်စွာ အော်လိုက်သည်။
“ကျုံးလီအာရဲ့ မိသားစုက ညလယ်ခေါင်မှာ ဘုရင်အဆင့် ဆယ့်နှစ်ယောက်ရဲ့ အလစ်ဝင်တိုက်ခြင်း ခံရပါတယ်၊ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က သူတို့ကို အသည်းအသန် ကာကွယ်ခဲ့ရပြီးတော့ ဒဏ်ရာ အပြင်းအထန် ရသွားပါတယ်၊ သူတို့ကို ခက်ခက်ခဲခဲ အဝေးကို ခေါ်သွားပါတယ်၊ အခု သူတို့ ဘယ်ရောက်နေလဲ ကျွန်တော် မသိပါဘူး”
“ကျုံးဝမ်ကို အင်ပါယာက ဘာကြောင့်မှန်းမသိဘဲ လူလုံးထွက်ပြခွင့် မပေးပါဘူး၊ အခု သူမ မှားမှားမှန်မှန် ထွက်ပြေးဖို့အတွက် ရှုကျိုးကို ရှောင်ပြေးလာနေပါတယ်၊ နတ်ဆိုးနဂါး ဖုရှန်လည်း တိုက်ခိုက်ခံရပြီး ဒဏ်ရာ တော်တော် ဆိုးနေပါတယ်”
“ဒါ မဖြစ်နိုင်ဘူး၊ သူတို့ခွန်အားနဲ့ဆို သူတော်စင်သခင်အဆင့်က လာမတိုက်မခြင်း ဘယ်လိုလုပ် ထိခိုက်နိုင်မှာလဲ’
ယဲ့ဖန်သည် သူ့ညီအစ်ကိုနှစ်ယောက်၏ ခွန်အားကို ကောင်းကောင်း နားလည်ပါသည်။ ဘုရင်အဆင့် ဆယ့်နှစ်ယောက် မဆိုထားနှင့် နှစ်ဆယ့်လေးယောက် လာလျင်တောင်မှ သူတို့ကို မသတ်နိုင်ပါ။
တစ်ဖက်မှ နလန်ရှောင် သက်ပြင်းချလာ၏။
“ဘာလို့လဲဆိုတော့ သူတို့ကို ဝင်တိုက်တဲ့အထဲမှာ သတ်ဖြတ်ခြင်းကျောင်းတော်က လုပ်ကြံရေးသမားတွေ ပါနေလို့ပါ၊ အဲ့လူတွေအားလုံးက တစ္ဆေအဆင့် လုပ်ကြံရေးသမားတွေပါ”
အပူချိန်သည် ငရဲမှ လေအေးများ တိုက်ခတ်လာသကဲ့သို့ အရိုးကွဲမတတ် အေးစက်လာသည်။ သူ့ဘေး၌ ရှိနေသော ပိုင်ရွှယ်ပင် ခိုက်ခိုက်တုန်သွားရသည်။
“ကောင်းပြီလေ၊ သတ်ဖြတ်ခြင်း ကျောင်းတော်တဲ့လား”
ယဲ့ဖန်၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေသည်။ သူ၏ညီအစ်ကိုနှင့် သူ၏ အမျိုးသမီးအား ထိခိုက်အောင် လုပ်ရဲသည့် ထိုသူတို့ သေရပေမေည်။
“ဆက်ပြော”
“ဒီကိစ္စတွေအားလုံးကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့လူက အင်ပါယာရဲ့ ဒုတိယမင်းသားပါ၊ သူက တစ်ခါတုန်းက သခင်ကြီးရဲ့ အမျိုးသမီး တစ်ယောက်ပြီးတစ်ယောက်ကို သူနဲ့အိပ်ဖို့ ခြိမ်းခြောက်ခဲ့ပါတယ်၊ ကျုံးဝမ်က ရှုကျိုးကို ထွက်ပြေးလာတာကိုသိပြီး သူလည်း မြို့တော်ကနေ စထွက်လာနေပါပြီ၊ သူ ကျုံးဝမ်ကို ရှုကျိုးမှာ သေတဲ့အထိ အရှက်ခွဲ စော်ကားဖို့ ကြံစည်ထားတယ်လို့ သတင်းရပါတယ်”
“ဒီကိုလာမယ် ဟုတ်လား၊ သိပ်ကောင်းတာပေါ့၊ ဒါဆိုလည်း ရန်ကြွေးအဟောင်းနဲ့အသစ်ကို တစ်ခါတည်း ပေါင်းဆပ်လိုက်တာပေါ့”
ယဲ့ဖန်၏ မျက်လုံးတွင် ခက်ထန်မှုများနှင့် ပြည့်နှက်နေ၏။
“အရှင် သတိထားပါ၊ ဒုတိယမင်းသားရဲ့ အနောက်မှာ သိုင်းကျင့်စဉ်အဆင့် မသိရတဲ့ ထူးဆန်းတဲ့ လူတစ်ယောက် ရှိနေပါတယ်၊ သူတစ်ယောက်တည်းရဲ့ ခွန်အားနဲ့ နတ်ဆိုးနဂါး ဖုရှန်ကို ဒဏ်ရာ အပြင်းအထန် ရအောင် လုပ်ခဲ့တာပါ”
နလန်ရှောင် အလေးအနက် သတိပေးလာ၏။ ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
“ယဲ့မျိုးရိုးနဲ့လူက ဘာလို့ ဟွမ်ယွီလင်းကို သူ့တပည့်အဖြစ် အတင်းလိုချင်နေတာလဲဆိုတာကို မင်း ဆက်စုံစမ်းထားပါ၊ တစ်ခုခု ထူးဆန်းတာ ရှိနေတယ်”
“ဟုတ်ကဲ့’
နလန်ရှောင် သဘောတူလိုက်ပြီးနောက် ကျုံးဝမ်၏ လက်ရှိလိပ်စာအား ယဲ့ဖန်ထံ ပို့လိုက်လေသည်။
“ကျွန်မတို့ရဲ့ တည်ငြိမ်တဲ့ နေ့ရက်တွေက ပြီးသွားတဲ့ပုံပဲ၊ ဟုတ်တယ်မလား”
ပိုင်ရွှယ်က ယဲ့ဖန်ကို မော့ကြည့်၍ မေးလိုက်သည်။
“ထိုင်ပြီး ဇိမ်ခံအနားယူနေရင် အနာဂတ်မှာ ပြဿနာတွေ ရှိလာမှာ မဟုတ်ဘူးလေ”
ယဲ့ဖန်၏ မျက်လုံးများက အေးစက်နေ၏။ ရှုကျိုးက သူ၏ သားသတ်ရုံ တစ်ဖန်ပြန်ဖြစ်လာပေတော့မည်။
*မင်းတို့လာကြ၊ လာတဲ့လူတိုင်းကို ငါ သတ်မယ်*
ထိုအခိုက်တွင် ကျုံးဝမ်သည် သူမ၏ အခင်ဆုံးသူငယ်ချင်းနှင့်အတူ ကားတစ်စီးတည်း အတူ ခရီးထွက်လာ နေသည်။ သို့သော် သူမပုံစံက အမြဲ မပျော်မရွှင် ဖြစ်နေ၏။
*ငါ သီချင်းပြန်ဆိုရတော့မယ်လို့ ထင်ထားခဲ့တာ၊ မမျှော်လင့်ဘဲ အင်ပါယာရဲ့ ပိတ်ပင်တာကို ခံလိုက်ရတယ်၊ ပြီးတော့ ဒုတိယမင်းသား လာအနှောင့်အယှက် ပေးတာကို ခံရတဲ့အပြင် သူ့ကျွန်ဖြစ်ပြီး တစ်သက်လုံး အသုံးတော် ခံရမယ့်အထိ ဖြစ်သွားခဲ့တာ*
ထိုအခါတွင်မှ သူမ ထွက်ပြေး၍ မွေးရပ်မြေသို့ ပြန်လာခဲ့ရသည်။ သို့သော် သူမ မပျော်ရွှင်ရသည့် အကြောင်းရင်းက ထိုအရာများကြောင့် မဟုတ်ပေ။ သူမ မပျော်ရွှင်ရသည့် အကြောင်းရင်းမှာ သူမ ထိုလူကို ထပ်မတွေ့ရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
“ရှင် ဘယ်မှာလဲ၊ ကျွန်မ ရှင့်ကို သိပ်လွမ်းနေတယ်ဆိုတာကို ရှင် သိရဲ့လား”
ကျုံးဝမ်၏ မျက်လုံးသည် မသိမသာ နီရဲစိုစွတ်နေ၏။ သူမ ထိုသူအကြောင်း တွေးလိုက်သည့်အခါတိုင်း သတိရသည့် စိတ်ဒဏ်ရာက သူမကို ရူးမတတ် ဖြစ်စေသည်။
သူ၏ ညစ်ကျယ်ကျယ်အပြုံး၊ သူ၏ လွှမ်းမိုးနိုင်မှုနှင့် သူ၏ အရာအားလုံးက သူမစိတ်ထဲ၌ နက်ရှိုင်းစွာ ကမ္ဗည်းထိုး နေရာယူနေလေပြီ။
တစ်နေ့နေ့ တစ်ချိန်ချိန်၌ သိကျွမ်းသည့်ကာလ တစ်လပင် မရှိသေးသည့် အမျိုးသားတစ်ယောက်ကို သူမ ချစ်မိသွားလိမ့်မည်ဟု တစ်ခါမှ မျှော်လင့်မထားခဲ့မိပါ။
ထို့ကြောင့် သူမ အနားယူရန် တွေးလိုက်မိပြီး နတ်ဆိုးနဂါး ဖုရှန်အား သူမနောက် မလိုက်ခိုင်းတော့ပေ။ သူ၏ လက်ရှိအခြေအနေအရ သူမကို လုံးဝ မကာကွယ်နိုင်ပါ။
ရုတ်တရက် ကျယ်လောင်သော ကားဟွန်းသံကြောင့် သူမ အတွေးနယ်ထဲမှ သတိပြန်ဝင်လာ၏။ သို့သော် သူမ၏ အခင်ဆုံး သူငယ်ချင်းက အရှေ့ကိုကြည့်၍ ကျိန်ဆဲနေသည်ကို တွေ့လိုက်ရသည်။
“နင် အဲ့လောက် ကန်းနေလား၊ နင် လမ်းကိုကြည့်မနေဘူးလား၊ နင် သေချင်နေတာလား”
သူမရှေ့၌ အဖြူရောင်တီရှပ်နဲ့ အဖြူရောင် ဂျင်းဘောင်းဘီကို ဝတ်ထားပြီး ရှူးဖိနပ်တစ်ရံကို စီးထားသည့် လူငယ် တစ်ယောက် ရပ်နေ၏။
*ကြည့်ရတာ ဆင်းရဲတဲ့ပုံပဲ*
*ဒီလိုဆင်းရဲသားက ငါ့ကားကို လာတားရဲတာလား*
“သွားပြီ ကျုံးဝမ် ငါတို့တော့ ရိုက်စားတစ်ယောက်နဲ့ တွေ့ပြီနဲ့တူတယ်”
ကူးယောင် မတတ်သာစွာ ပြောလိုက်သည်။ သို့သော် သူမစကား မဆုံးခင်မှာပင် ကျုံးဝမ်က အရူးတစ်ယောက် သဖွယ် ပြေးဆင်း၍ ထိုဆင်းရဲသား၏ ရင်ခွင်ထဲသို့ ပစ်ဝင်သွားသည်ကို တွေ့လိုက်ရသည်။
ဤမြင်ကွင်းက ကူးယောင်ကို လုံးဝ မှင်တက်သွားစေသည်။ ရောက်လာသည့်သူမှာ ယဲ့ဖန်ပင် ဖြစ်လေ တော့သည်။
“ရှင် ဘယ်တွေရောက်နေတာလဲ ၊ ကျွန်မ ရှင့်ကို ဆက်သွယ်လို့လည်း မရဘူး၊ ကျွန်မ ရှင့်ကို အရမ်း စိုးရိမ်နေတာ၊ ကျွန်မ ရှင့်ကို သိပ်လွမ်းနေတယ်ဆိုတာကို ရှင် သိရဲ့လား”
ကျုံးဝမ် မျက်ရည်လည်ရွဲ ဖြစ်နေ၏။ သူမ ထပ်မံ၍ မထိန်းချုပ်ချင်တော့သလို မျက်နှာတည်တည်နှင့် နေရန်လည်း မစွမ်းနိုင်တော့ပါ။ သူမ ဤသို့ ပေါ်ပေါ်ထင်ထင် ဝန်ခံလိုက်မိသည်။ သူမ သူ့ကို ချစ်မိနေပြီဆိုသည့်အချက်အား ယဲ့ဖန်ကို သိစေချင်နေ၏။ ယဲ့ဖန် ပြုံး၍ သူမပခုံးကို အသာပုတ်လိုက်သည်။
“အရူးမလေး ငါ အခု ရောက်လာပြီ မဟုတ်ဘူးလား”
ဘေးတစ်ဖက်၌ ရှိနေသော ပိုင်ရွှယ်သည် သူတို့နှစ်ယောက် အချင်းချင်း နွေးထွေးစွာ ပွေ့ဖက်ထားသည်ကို ကြည့်ပြီး ရင်ထဲ၌ ဘာကြောင့်မှန်း မသိဘဲ မီးတောက်တစ်ခု ဖြစ်ပေါ်လာသလို ခံစားမိကာ အေးစက်စွာ နှာမှုတ်သံပေး၍ တစ်ဖက်လှည့်လိုက်မိသည်။ သူမ မသိသလို မကြားသလိုသာ နေနေလိုက်သည်။
“ကျုံးဝမ် သူက နင့်ရည်းစားလား”
ကူးယောင်က ယုံရခက်နေ၏။
*ကျုံးဝမ် ရူးနေတာလား၊ သူ ယောက်ျားတစ်ယောက် ရှာမယ်ဆိုရင်တောင်မှ ချမ်းသာပြီး အင်အားကြီးတဲ့လူကို ရှာရမှာပေါ့၊ မဟုတ်ဘူးလား*
*ဒီလိုဆင်းရဲသားမျိုးကို ရှာမှတော့ ငတ်သေချင်နေတာလား*
“ဟုတ်တယ်”
ကျုံးဝမ်က ဂုဏ်ယူစွာ ခေါင်းကိုမော့၍ မိတ်ဆက်ပေးလေသည်။ ထိုအခါ ကူးယောင် အနည်းငယ် မပျော်မရွှင် ဖြစ်သွားလေသည်။
“ဒါဆို နင် သူ့ကို အိမ်ပြန်ပြီး စောင့်နေခိုင်းလိုက်ပါလား၊ ကားရှေ့ လာရပ်တာ ဘာအထာကြီးလဲ၊ ငါတို့ ဒီနေ့ အတန်းဖော်တွေနဲ့ ဆုံဖို့ လုပ်ထားတာကိုလည်း မမေ့နဲ့ဦးလေ”
“ငါ … ငါ မသွားတော့ဘူး”
ကျုံးဝမ် အသည်းအသန် ခေါင်းခါလိုက်သည်။ ယခု ယဲ့ဖန်ကို တွေ့လိုက်ရသဖြင့် သူမ၌ သူ့အား မပြောနိုင်ခဲ့သည့် အရာများကို ပြောပြချင်နေ၏။ သူမ ဘယ်လိုလုပ် ဘယ်ပါတီပွဲကို တက်ချင်စိတ် ရှိပါတော့မည်နည်း။
“မလုပ်နဲ့၊ သွားမယ်လေ၊ အခုလို ဖြစ်နေမှတော့ ငါ မင်းသူငယ်ချင်းတွေနဲ့လည်း တွေ့ရတာပေါ့
ယဲ့ဖန် ပြံး၍ ပြောလိုက်သည်။ သူ့စကားက မုသားသာ ဖြစ်လေသည်။ ကျုံးဝမ်နှင့် နတ်ဆိုးနဂါး ဖုရှန်တို့ ရှုကျိုးကို ရောက်သည့် ညမှာပင် တိုက်ခိုက်ခံရသည်ဟု နလန်ရှောင်က သူ့ကို သတင်းပို့ခဲ့သည်။ ထိုအချက်ကပင် တစ်စုံတစ်ယောက်က သူတို့ ရှိမည့်နေရာကို သိနေပြီးသားဖြစ်ကြောင်း ပြသနေ၏။
အဓိကအချက်မှာ သူတို့နှစ်ယောက်လုံး ဘယ်သူ့ကိုမှ မပြောပြခဲ့ခြင်းပင်။ နလန်ရှောင်တောင်မှ သူတို့ရောက်ပြီး သုံးရက်နေမှ သတင်းရခဲ့သည်။
ထို့ကြောင့် တစ်ယောက်ယောက်က ကျုံးဝမ်ကို သစ္စာဖောက်ခဲ့ပြီး ယခုထိ သူမဘေး၌ ရှိနေသေးကြောင်း ယဲ့ဖန် တပ်အပ် သိနေသည်။ သူ၏ အမျိုးသမီးကို မည်သူက အတင့်ရဲပြီး တိုက်ခိုက်နေသလဲ ယဲ့ဖန် သိချင်နေလေသည်။
“ငါ့ကားကို စီးချင်တာလား”
ကူးယောင် အင်တင်တင် ဖြစ်နေသည်။
*ဒီလိုဝတ်ထားတဲ့လူကို ငါ့ကားပေါ် တင်ရမှာလား၊ သူ ရောဂါ ရှိသလား၊မရှိသလားက ဘုရားပဲ သိမယ်*
“ပြဿနာရှိလို့လား”
ကျုံးဝမ် မသင်္ကာသလို မေးလိုက်သည်။
“ဟင့်အင်း ပြဿနာ မရှိပါဘူး”
ကူးယောင် အင်တင်တင် ပြုံးပြလိုက်မိသည်။ ကားထဲ၌ ယဲ့ဖန်နှင့် ကျုံးဝမ်သည် နောက်ခန်း၌ ထိုင်နေပြီး ကူးယောင်က ရည်ရွယ်သလိုလို၊ မရည်ရွယ်သလိုလိုနှင့် မေးခွန်းတွေ မေးနေ၏။
“ကျုံးဝမ် နင့်ရည်းစားက ဘာလုပ်လဲ”
“အလုပ်သမားပါ”
ယဲ့ဖန်က အေးအေးလူလူ ပြောလိုက်သည်။
“ဪ အချိန်ပိုင်းအလုပ် လုပ်တာလား”
ကူးယောင်က အထင်သေးသလို ပြုံးလိုက်ပြီး ဆက်ပြောရန် စိတ်မပါတော့ချေ။ ကျုံးဝမ် မျက်မှောင်ကြုတ် သွားသည်။ ကူးယောင်၏ စကား၌ အထင်သေးမှုများ ပါနေသည်ကို လူတိုင်း ကြားနိုင်လေသည်။
ထို့နောက် ဘားတစ်ခုသို့ ရောက်လာကြသည်။ နာမည်ကြီး အမှတ်တံဆိပ်များ ဝတ်ထားသည့် သူဌေးမလေးက ကူးယောင်နား ကပ်လာပြီး စပ်စပ်စုစု မေးလာသည်။
“ယောင်ယောင် အဲ့လူက ဘယ်သူလဲ၊ သူက ဘာလို့ ကျုံးဝမ်နဲ့ တအား ကပ်နေတာလဲ”
“သူလား ကျုံးဝမ်ရဲ့ ရည်းစား ဖြစ်မလား”
ကူးယောင်က အထင်သေးသော မျက်နှာနှင့် ပြောလိုက်သည်။
“အိုး … သူက မိသားစုတစ်ခုခုရဲ့ အိမ်ပါသမက်များလား”
ထိုသူဌေးသမီးလေးက ချက်ချင်း စနောက်လေသည်။ ကျုံးဝမ်၏ အလှနှင့်ဆိုလျင် နောင်တွင် ချမ်းသာသော မိသားစုနှင့် လက်ထပ်ရန် မခဲယဉ်းပေ။
“အဲ့ခွေးမသားက ပိုက်ဆံလည်းမရှိ အာဏာလည်းမရှိတဲ့ ဆင်းရဲသားပါဟယ်၊ သူ့မှာ ကားတောင် မရှိဘူး၊ သူက ငါ့ကားနဲ့ လိုက်စီးဖို့ တောင်းပန်တာလေ၊ ခဏနေရင် ငါ့ကားကို ဆိုင်ပို့ပြီး ဆေးရမယ်ထင်တယ်”
ကူးယောင်၏ မျက်နှာတွင် အထင်သေးဟန်များ ပြည့်နှက်လာ၏။
*အိမ်ပါသမက်*
*ဒီလိုဆင်းရဲတဲ့ကောင်ကလေ*
“ထားလိုက်၊ သူ့ကို သွားနိုင်သလောက် သွားခိုင်းထားလိုက်ပါ၊ သူ့မှာ ပိုက်ဆံလည်းမရှိ၊ အာဏာလည်းမရှိ၊ နောက်ခံလည်း မရှိတာကို၊ ဒီလိုဆင်းရဲသားက ငါတို့ကျုံးဝမ်ကို လာဖြားယောင်းချင်သေးတယ်၊ သူ ဘယ်ကနေ သတ္တိတွေ ရလာတာလည်း မသိဘူး”
အရပ်ရှည်ရှည်နှင့် ခပ်ချောချောလူငယ်တစ်ယောက်က ခနဲ့လေသည်။
“သူ ခဏနေရင် ဒီရောက်လာလိမ့်မယ်၊ ငါ သူ့ကို ဘယ်လိုလှောင်မလဲ ကြည့်နေ”
သူ၏ မိသားစုသည် ရှုကျိုး၌ အာဏာရှိသည်ဟု ပြော၍ရနိုင်ပြီး မိသားစု၌ အရာရှိများ ရှိလေသည်။ ဤနေရာ၌ ရှိနေသူများသည် မိသားစုနောက်ခံ တောင့်တင်းသူများဟု ဆိုနိုင်ပေသည်။ သို့မဟုတ်ပါက သူတို့ အတူတူ ရှိမနေနိုင်ပါ။
ထိုစဉ် တစ်စုံတစ်ယောက်က ကျုံးဝမ်အား ယဲ့ဖန်ထံမှ အတင်းဆွဲထုတ်၍ အကြံပေးလေသည်။
“ကျုံးဝမ် နင် ဘာလို့ ဒီလိုဟာမျိုးကို ကြိုက်တာလဲ၊ ဒီကောင်က သုံးစားမရတဲ့ ငမွဲကို၊ သူ့ထက် အဆတစ်ထောင် သာတဲ့ တစ်ယောက်ယောက်ကို နင် ရှာနိုင်တယ်လေ၊ နင် ဘာလို့ မှားမှန်းမသိသေးတာလဲ”
“ဟုတ်တယ်၊ သူ့ပုံအရဆို သူ ဒီဘဝမှာ ဘယ်လိုနည်းနဲ့မှ အောင်မြင်နိုင်မယ်လို့ ငါ မထင်ဘူး”
အရပ်ရှည်ရှည်နှင့် ခပ်ချောချောလူက ဝင်လှောင်လေသည်။ လူတိုင်း ဤသို့ ပြောလာသောအခါ ကျုံးဝမ်က ချက်ချင်း မျက်ခုံးပင့်၍ အော်ငေါက်လိုက်သည်။
“နင်တို့ ဘာတွေ လာစိတ်ပူနေတာလဲ၊ နင်တို့က ငါ့ကိစ္စကို ဝင်ပါဖို့ လိုလို့လား၊ နင် သူ့ကို သိသလား၊ နင်တို့ သူ့ကို သိလို့လားလို့၊ နင်တို့ ဘာလို့ ဘာမှမသိဘဲ တာဝန်မယူနိုင်တဲ့ စကားတွေ ပြောနေတာလဲ”
“နောက်တစ်ခါ ဒီလိုစကားမျိုး ထပ်မပြောဖို့ ငါ သတိပေးလိုက်မယ်၊ မဟုတ်လို့ကတော့ နင်တို့ကို ငါ့မိတ်ဆွေ အဖြစ်က ပြတ်စဲလိုက်မှာ”
ထို့နောက် သူမသည် ဒေါက်ဖိနပ်ကို ဆောင့်ကြီးအောင့်ကြီးနင်း၍ စိတ်ဆိုးမာန်ဆိုး ထွက်သွားလေသည်။ သူမရှေ့၌ မည်သူမှ ယဲ့ဖန်ကို စော်ကားခွင့် မပြုနိုင်ပါ။ မည်သူ့ကိုမှ ခွင့်မပြုနိုင်ပါ။