ငါးစာကို လာချိတ်ပြီ
Vol. 86-89 Ch. 1288
ရှုကျိုး၏ မျိုးဆက်အတွင်း၌ သူ့ဩဇာ အနည်းငယ်ရှိသော်လည်း ကြီးမားသော ဟွမ်မိသားနှင့် သူ ဘယ်လိုလုပ် ယှဉ်နိုင်ပါမည်နည်း။ ဟွမ်မိသားစုက သူ့အား အလွယ်တကူ သတ်နိုင်ပေသည်။
ကူးယောင်နှင့် အခြားသူများအားလုံး အလွန် ကြောက်လန့်သွေးပျက်လာကြသည်။ ရှိသမျှ နည်းလမ်းပေါင်းစုံနှင့် သူတို့၏ လှောင်ပြောင်ခြင်း ခံရသော ဤဆင်းရဲသားက ရှုကျိုး၌ နံပါတ်တစ် အချမ်းသာဆုံး မိသားစုဖြစ်သည့် ဟွမ်မိသားစု၏ အသက်သခင် ကျေးဇူးရှင် ဖြစ်နေသည်တဲ့လား။
*ဒါ … ဒါ … ဒါ မယုံနိုင်စရာပဲ*
“ဆရာယဲ့ရဲ့ ရန်သူ ဖြစ်တာက ငါတို့ဟွမ်မိသားစုရဲ့ ရန်သူ ဖြစ်တာနဲ့ အတူတူပဲ၊ ဟွမ်မိသားစုရဲ့ ရန်သူဖြစ်လာရင် အဆုံးသတ်က တစ်ခုပဲ ရှိတယ်၊ အဲ့တာက သေခြင်းပဲ”
ဟွမ်ထျန်းချန်၏ မျက်လုံးတွင် စူးရှခက်ထန်မှုများ ပေါ်လွင်နေ၏။
“မလုပ်ပါနဲ့ သူဌေးဟွမ် ကျုပ် သူ့အကြောင်းကို ကြိုမသိခဲ့လို့ပါ၊ ကျုပ်ကို နောက်တစ်ကြိမ်လောက် အခွင့်အရေး ပေးပါ၊ ကျုပ် မှားမှန်း တကယ် သိပါပြီ”
ဝမ်ကျီဟောင် မျက်ရည်ဗလပွနှင့် တောင်းပန်ပြီးနောက် ချက်ချင်း ယဲ့ဖန်နားသွားကာ ကြောက်လန့်တကြား ဒူးထောက်ကာ တောင်းပန်လေသည်။
“ဆရာယဲ့ အသက်ချမ်းသာပေးပါ၊ ကျွန်တော် တကယ် မှားမှန်း သိပါပြီဗျာ”
ဤသည်ကိုမြင်သော ကူးယောင်နှင့် အခြားသူများ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားကြပြီး ယဲ့ဖန်၏ ကျောပြင်ကို အချိန်အတော်ကြာအောင် ကြည့်နေကြသည်။ ဤသည်က အိပ်မက် မက်နေသလိုပင်။
“ငါ ဒီနေ့ မင်း တိုက်ခိုက်တာကို ပျက်ပြယ်အောင် လုပ်ပြီး မင်းခြေထောက်ကို ရိုက်ချိုးမယ်ဆိုရင် မင်း လက်ခံနိုင်လား”
ယဲ့ဖန်က ဝမ်ကျီဟောင်အား အထင်သေးသလို ကြည့်လေသည်။ ထိုအခါတွင် ယဲ့ဖန် မဆင်မခြင် ပြုမူရဲပြီး ဝမ်ကျီဟောင်အား အမိန့်ပေးရဲသည့် အကြောင်းရင်းကို အားလုံး နားလည်သွားကြသည်။ အကြောင်းမှာ သူ့၌ ထိုသို့ လုပ်နိုင်သည့် အရည်အချင်း ရှိနေသောကြောင့်ပင်။
ဝမ်ကျီဟောင်သည်လည်း မျိုးဆက်တစ်ခု၏ ခေါင်းဆောင်ဖြစ်ရန် ထိုက်တန်သူ ဖြစ်ပေသည်။ သူသည် ချက်ချင်း ပစ္စတိုကို ထုတ်ကာ သူ့ခြေထောက်တစ်ဖက်အား တဒိုင်းဒိုင်း ပစ်ခတ်လေသည်။ ဤသည်ကိုမြင်ပြီးနောက် ယဲ့ဖန်က ကျုံးဝမ်နှင့် ပိုင်ရွှယ်ကိုခေါ်၍ ထွက်သွားရန် ပြင်လိုက်သည်။
“ကျုံးဝမ် ငါတို့ကို ကယ်ပါဦး၊ ငါတို့ကို ကယ်ပါဦးဟာ”
လျိုရှု၊ ကျွမ်းပင်းနှင့် အခြားသူများသည် ရုတ်တရက် ငိုကြွေး၍ ကျုံးဝမ်နှင့် ယဲ့ဖန်အား သနားခံသော အကြည့်များဖြင့် ကြည့်လာသည်။
“ဆရာယဲ့ ခင်ဗျား သူတို့ကို သိပါသလား”
ဟွမ်ထျန်းချန် သံသယဖြစ်သလို မေးလိုက်သည်။
“စိတ်မကောင်းပါဘူး ကျုပ် မသိဘူး”
ယဲ့ဖန်က နောက်ပင် လှည့်မကြည့်ဘဲ ပြန်ဖြေလေသည်။ သူ့စကားက လျိုရှုနှင့် အခြားသူများကို မျှော်လင့်ချက် မဲ့သွားစေသည်။ ယခုလေးတင် ယဲ့ဖန်ကြောင့် သူတို့ပါ ရော၍ ပြဿနာတက်မည်ကို စိုးရိမ်ကာ သူတို့ကိုယ်သူတို့ ယဲ့ဖန်နှင့် ဝေးရာမှာနေ၍ အဖက်မတန်သလို နေခဲ့သည်။ ယခု ယဲ့ဖန်က သူတို့ကို ပြန်၍ အဖက်မတန်သလို နေလေပြီ။
သူတို့ မျှော်လင့်ချက်မဲ့ကာ နောင်တရလာ၏။ သူတို့သာ တစ်ဖက်လူကို အထင်မသေးခဲ့ပါက သူတို့သည်လည်း ယဲ့ဖန်ကဲ့သို့ ဤအခန်းထဲမှာ ဟန်ပါပါ ထွက်သွားနိုင်လောက်သည်။ သို့သော် ယခုအခါ၌ တစ်ခုခု ပြောချင်ပါ သော်လည်း နောက်ကျသွားလေပြီ။
ထိုအခိုက်တွင် ဟွမ်ထျန်းချန်က အန္တရာယ်ရှိသော အပြုံးမျိုး ပြုံးကာ သူတို့အား ခက်ထန်စွာ ကြည့်လာ၏။
“ငါ့ကိုလိမ်ရဲတယ်ဆိုတော့ မင်းတု့ိ တော်တော် သတ္တိကောင်းတာပဲ၊ မင်းတို့ခြေထောက်ကို ရိုက်ချိုးရမယ် နဲ့တူတယ်”
ကျွမ်းပင်းနှင့် အခြားသူများအားလုံး ပေါင်ခြံ၌ စိုစွတ်လုနီးပါး ဖြစ်လာကြသည်။ ယဲ့ဖန်သည် ဘားထဲမှ ထွက်လာပြီးနောက် အလျင်အမြန် ထွက်မသွားဘဲ မှောင်ရိပ်ကျသော တစ်နေရာ၌ ရပ်နေပြီး ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသည်။
ဆယ်မိနစ်ပင် မပြည့်သေးသောအချိန်၌ ဘား၏ခေါင်မိုးထပ်သို့ လူနှစ်ယောက် လှစ်ခနဲ ရောက်လာသည်။ တစ်ယောက်မှာ ကျုံးဝမ်၏ မိတ်ဆွေဖြစ်ပြီး နောက်တစ်ယောက်မှာ ဒုတိယမင်းသား၏ လူယုံတော် ဖြစ်သည်။
ယဲ့ဖန်သည် အရာအားလုံးက သူ့ထိန်းချုပ်မှုအောက် ရောက်နေသဖြင့် လှောင်ရယ်လိုက်သည်။ သူ တမင် သက်သက် ကားလိုက်စီး၍ ပြဿနာ ဖြစ်အောင် လုပ်ခဲ့ခြင်းက ယခုလိုအချိန်အတွက်သာ ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဒုတိယမင်းသားက သူ၏ စစ်တုရင်ပေါ်မှ နယ်ရုပ်လေး တစ်ရုပ်ကို အသေခံမည် မဟုတ်ပါ။ သို့မဟုတ်ပါက သူ ဘယ်လိုလုပ် ကျုံးဝမ်ကို စတင် တိုက်ခိုက်ပါမည်နည်း။
ထိုစဉ် ဟွမ်ထျန်းချန်က အလျင်အမြန် ပြေးလာ၏။ သူ စကားပြောရန် ပြင်လိုက်သော်လည်း ယဲ့ဖန်က လက်ကာပြ၍ တားဆီးလိုက်သည်။
“ငါ အားလုံးကို သိတယ်၊ သုံးရက်နေရင် ချုံးဝူ လက်ဝှေ့ခန်းမမှာ ငါ့ကို လာရှာပါ၊ ငါ မင်းကို ခိုင်းစရာ တစ်ခု ရှိတယ်”
“ဟုတ်ကဲ့”
ဟွမ်ထျန်းချန် ခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်သည်။
....
ယိုယွင်းပျက်စီးနေသော အိမ်အိုတစ်လုံးသို့ ရောက်သောအခါ ဒဏ်ရာရနေသော နတ်ဆိုးနဂါး ဖုရှန်ကို ယဲ့ဖန် တွေ့လိုက်ရသည်။ လက်ရှိတွင် သူ၏ မျက်နှာက ဖြူရော်နေပြီး သူ့ကိုယ်ထဲမှ ယန်စွမ်းအင်ကလည်း လျော့နည်း နေ၏။ ယဲ့ဖန်ကို မြင်သော် သူက မချိပြုံး ပြုံးလေသည်။
“ငါ မင်းကို အရှက်ရအောင် မလုပ်မိလို့ တော်သေးတယ်”
ယဲ့ဖန်က သူ့ကို ထိုင်နိုင်အောင် ကူညီပေးလိုက်ပြီး သူ့ရင်ဘတ်ပေါ် လက်တစ်ဖက် တင်ကာ ဘုံကိုးပါး ယန်စွမ်းအင်တစ်ချို့ကို သူ့ကိုယ်ထဲ ပို့လွှတ်လိုက်သ်ည။
“ဖုန်ရှန့် ဝိညာဉ်အက်ကွဲခြင်း၊ တော်တော် ရက်စက်တဲ့ နည်းလမ်းပဲ”
ယဲ့ဖန်၏ မျက်လုံးများ အေးစက်သွားသည်။ တစ်ဖက်လူက နတ်ဆိုးနဂါး ဖုရှန်၏ဝိ ညာဉ်ကို သတ်ရန် ကြံစည် ထားခြင်း ဖြစ်သည်။ သို့မှသာ ဖုရှန်အား ရုပ်သေးရုပ်အဖြစ် သန့်စင်၍ တစ်သက်လုံး ကျွန်ပြုနိုင်မှာ ဖြစ်လေသည်။
ထိုသို့ဖြစ်လာလျင် နတ်ဆိုးနဂါးဖုရှန်သည် အသက်ရှင်နေသော်လည်း သူ့ဘဝက သေသည်ထက် ဆိုးရွားပေ လိမ့်မည်။
“မင်း သတိထားမှဖြစ်မယ်၊ ဒုတိယမင်းသားရဲ့ အနောက်က လူအိုကြီးက သူတော်စင်သခင်အဆင့် မဟုတ်ပင်မယ့် သူ့ရဲ့ သေဆုံးနိုင်စွမ်းက သူတော်စင်သခင်အဆင့်နဲ့ ယှဉ်လို့ရတယ်”
နတ်ဆိုးနဂါး ဖုရှန်သည် ယဲ့ဖန်၏ ကုသပေးခြင်းကြောင့် မျက်နှာက အနည်းငယ် သွေးရောင်လွှမ်းလာ၏။
“စိတ်မပူနဲ့ ငါ့စိတ်ထဲမှာ တွက်ထားပြီးသားပါ”
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
“အခုတော့ မင်း ဒီမှာ နားပြီး ကုသနေဦး၊ မင်း နေကောင်းသွားတာနဲ့ အားလုံးကို ဆွေးနွေးကြမယ်”
“ငါ နေကောင်းသွားရင် သတ်ဖြတ်ခြင်း ကျောင်းတော်နဲ့ အဲ့လူအိုကြီးကို ဒီအတိုင်း မထားဘူး”
နတ်ဆိုးနဂါး ဖုရှန် ကျိတ်၍ အခဲမကြေ ဖြစ်နေသည်။ သူ ကျုံးဝမ်ကို ကာကွယ်မပေးရလျင် သူ ဤမျှ ခံရမည် မဟုတ်ပါ.
“သတ်ဖြတ်ခြင်း ကျောင်းတော် ...”
ယဲ့ဖန်က ကောင်းကင်ယံကိုမော့ကြည့်၍ သွေးဆာသော အပြုံးမျိုး ပြုံးလိုက်သည်။
တစ်ချိန်တည်းမှာပင် မိစ္ဆာမျှော်စင်တွင်းရှိ အမြင့်ဆုံးနေရာ၌ နတ်ဆိုးဆန်သော ပုံရိပ်တစ်ခုက ခြေချိတ်၍ ထိုင်နေသည်။ သူသည် ဤနေရာ၌ နှစ်ထောင်သောင်းချီ၍ ရှိနေခဲ့သည်။ အတိအကျ ပြောရလျင် သူ၏ တည်ရှိမှုကြောင့် မျှော်စင်တွင်းမှ မိစ္ဆာများ ပြဿနာ မရှာရဲခြင်း ဖြစ်လေသည်။
မျှော်စင်သခင်ဟူသော ရာထူးသည် ရိုးစင်းသော်လည်း သူ၏ ခွန်အားက မည်မျှ ကြောက်ဖို့ကောင်းကြောင်း ရှင်းပြရ ခက်ပေသည်။
“ဆရာ ကျွန်တော် စုံစမ်းပြီးပါပြီ၊ ယဲ့ဖန်ရဲ့ မိန်းမက ဒီရှုကျိုးကို ရောက်နေပါတယ်”
သူ့ရှေ့၌ ရွှေရောင်သံချပ်ကာနှင့် ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သူရဲကောင်းဆန်သော လူတစ်ယောက် ရပ်နေပြီး သူ့အသံက မာန်ပါ၍ နဂါးတစ်ကောင် အသက်ရှူထုတ်လိုက်သည်ဟု ထင်မှတ်ရသည်။
ထိုအခါ လူအိုကြီးသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာပြီး စဉ်းလဲစွာ ပြုံးလိုက်သည်။
“အဆင်သင့်သွားတာပေါ့၊ အဲ့မိန်းမကို ဖမ်းပြီး ငါ့အတွက် အသုံးချရမယ်၊ ယဲ့ဖန်ရဲ့ မိန်းမဆိုတာ့ သူက မဆိုးလောက်ပါဘူး”
သူသည် တစ်ဘဝလုံး မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံခဲ့ပြီး ယင်ဓာတ်ကို စုပ်ယူ၍ ယန်ဓာတ်ကို ဖြည့်တင်းခဲ့သည်။ သူနှင့် အတူနေခဲ့သည့် မိန်းမတိုင်း နာနာကျင်ကျင်နှင့် ဆိုးရွားစွာ တဖြည်းဖြည်း သေဆုံးသွားရသည်။
ယဲ့ဖန်က သူ့ညီကို ထိခိုက်အောင် လုပ်ခဲ့ပြီး သူ့မိသားစုကို ဖျက်ဆီးခဲ့ကာ သူတို့ယဲ့မိသားစုအပေါ် ပြန်လက်စားချေ ခဲ့သဖြင့် ယဲ့ဖန်၏ မိန်းမကို ပြန်လည်၍ နှိပ်စက်ရပေမည်။
“ငါ အဲ့မိန်းမကို ရပြီးသွားရင် မင်း သတင်းဖြန့်ရမယ်၊ အဲ့မျိုးမစစ်လေး လာရဲမလား ငါ ကြည့်ရသေးတာပေါ့”
လူအိုကြီးက ကောက်ကျစ်စဉ်းလဲစွာ ပြုံးလာ၏။ သူသည် ယဲ့မိသားစု၏ ဒုတိယ ဘိုးဘေး ဖြစ်လေသည်။
“တပည့် နာခံပါ့မယ်၊ ဒီတပည့်က မနက်ဖြန် စစ်သားတွေကို ခေါ်ပြီး အဲ့မိန်းမကို ဆရာ့ဆီ ခေါ်လာခဲ့ပါ့မယ်”
ဝူချီဖုန်းက ခေါင်းညိတ်၍ ပြန်ဖြေလေသည်။
“ပြီးတော့ ဟွမ်မိသားစုက ဟာမလေးကိုလည်း မင်း မြန်မြန်လုပ်ဦး၊ အဲ့ကလေးမ တဖြည်းဖြည်း ကြီးလာပြီ၊ သူ့ကိုယ်ထဲက ယန်စွမ်းအင်က ပိုသန်မာလာပြီ၊ ငါ ထပ်မစောင့်နိုင်တော့ဘူး”
ယဲ့မိသားစု ဒုတိယဘိုးဘေးက ထူးဆန်းသော အပြုံးမျိုး ပြောလာသည်။
“သူ့အကြောင်းပြောကာမှ သတိရတယ်၊ အဲ့ကလေးမလေးနဲ့ ယဲ့ဖန်က နက်ရှိုင်းတဲ့ ပတ်သက်မှု ရှိနေသေးတာပဲ၊ သူတို့ကိုသာ ရက်ရက်စက်စက် သတ်နိုင်ရင် ပထမတန်းစား ပျော်ရွှင်မှု ဖြစ်လာမှာပဲ၊ ဟားဟားဟား ...”
ကြောက်လန့်ချောက်ချားဖွယ်ကောင်းသော အသံက မိစ္ဆာမျှော်စင်အနှံ့ ပဲ့တင်ထပ်သွားသဖြင့် မိစ္ဆာများကြား၌ အုတ်အုတ်ကျွတ်ကျွတ် ဖြစ်သွားလေသည်။
...
နောက်တစ်နေ့ည၌ ကျုံးဝမ်သည် ဟိုတယ်တံခါးရှေ့သို့ ရောက်လာသည်။ အစက သူမသည် ယနေ့ ညစာစားပွဲကို တက်ရန် စိတ်မပါပေ။ သို့သော် ကူးယောင်၏ တောင်းဆိုမှုကို တင်းမခံနိုင်သဖြင့် စိတ်မပါလက်မပါ သဘောတူ လိုက်ရသည်။
အစက သူမ ကူးယောင်နှင့် သံယောဇဉ် ဖြတ်ရန် ဆုံးဖြတ်ခဲ့သည်။ ကူးယောင်က ယဲ့ဖန်ကို ပုတ်ခတ် စော်ကားခဲ့သဖြင့် သူမ ထိုအခြင်းအရာကို လက်မခံနိုင်ပါ။
သို့သော် ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ကူးလောင်က မျက်ရည်လည်ရွဲနှင့် ဆက်တိုက် တောင်းပန်ကာ နောင်တရဟန် ပေါ်နေသဖြင့် ကျုံးဝမ် တစ်ခဏမျှ စိတ်ပျော့သွားပြီး သူမကို ခွင့်လွှတ်လိုက်မိသည်။
လက်ရှိတွင် မိတ်ကပ် ထူလပျစ် လိမ်းထားသည့် ကူးယောင်သည် ခပ်လှမ်းလှမ်းမှနေ၍ ကျုံးဝမ်ကို လက်ပြနေ၏။
“ကျုံးဝမ် ဒီမှာ”
ကျုံးဝမ် မတတ်သာဘဲ သူမထံ လျှောက်သွားရသည်။
“ကူးယောင် ငါ ပြန်သွားရင် ကောင်းမယ်ထင်တယ်၊ ငါ ဒီနေ့ တကယ် စိတ်မပါဘူး”
“မပြောနဲ့တော့ ငါ နင့်ကို ညစာလိုက်ကျွေးပြီး အပြစ်အတွက် ပြန်ဆပ်မယ်လို့ ပြောခဲ့တာလေ၊ ခဏလေးပဲကို နင် အခုထိ ငါ့ကို ခွင့်မလွှတ်နိုင်သေးတာလား”
ကူးယောင်က အသနားခံသလို ပြောနေသော်လည်း စိတ်ထဲ၌ ကျိတ်၍ လှောင်နေ၏။
*သွားမယ် ဟုတ်လား၊ နင် ဒီနေ့ မပြေးနိုင်ပါဘူး*
သူမ ကျုံးဝမ်ကို နည်းလမ်းပေါင်းစုံသုံး၍ ဖျောင်းဖျပြောဆိုပြီး သူမကို ပြန်ယုံကြည်လာအောင် လုပ်ရသည့် အကြောင်းရင်းမှာ လူတစ်ချို့က ကျုံးဝမ်ကို လိုချင်နေသောကြောင့်ပင်။ သူမသဘောထားကို ပြောထားပြီးပြီ ဖြစ်သဖြင့် ယနေ့ ကျုံးဝမ်၏ သွေးဖြင့် မကျေနပ်ချက်ကို ဖြေဖျောက်ရပေမည်။
ထိုလူမှာ ဒုတိယမင်းသားပင်။ မနေ့ညက ဒုတိယမင်းသားသည် ရှုကျိုးနယ်မြေထဲသို့ ရောက်လာပြီး ကူးယောင်အား လုပ်နိုင်မလားဟု မေးလာခဲ့သည်။ မနေ့ညက ကူးယောင်ကို ကယ်ခဲ့သည့်လူကလည်း ဒုတိယမင်းသား၏ လူယုံ ဖြစ်လေသည်။
“အင်းပါ”
ကျုံးဝမ်သည် သေချာစီစဉ်ထားသော ထောင်ချောက်ထဲ သူမ ကျရောက်နေသည်ကို သတိမမူမိဘဲ မတတ်သာစွာ ခေါင်းညိတ်လိုက်သည်။
သူမ၏ အခင်ဆုံးသူငယ်ချင်းက သူမကို သစ္စာဖောက်လိမ့်မည်ဟု တစ်ခါမှ တွေးမထားခဲ့ပါ။ သူမ မနေ့ညက ဒေါသထွက်ပြီး ထွက်လာခဲ့သော်လည်း ယဲ့ဖန်အား သူမအသက်ကို ချမ်းသာပေးရန် အသနားခံခဲ့သည်။
သို့သော် ကူးယောင်က သူမအပေါ်၌ ထိုသို့သော ကြင်နာမှုမျိုး မရှိပေ။
“ကောင်းပြီလေ အထဲဝင်ကြစို့”
ကျုံးဝမ် သဘောတူလိုက်သည်ကို ကြည့်ပြီး ကူးယောင်က ပြုံး၍ သတင်းပို့လိုက်သည်။
*ငါးစာကို လာချိတ်မိပြီ*
ထိုသတင်းကိုမြင်သည်နှင့် ဟိုတယ်ထဲ ရောက်နေပြီးသော ဒုတိယမင်းသားက ညစ်ကျယ်ကျယ် ရယ်လိုက်သည်။
“ကျုံးဝမ် မင်း ငါ့လက်ထဲက လွတ်မယ် ထင်နေတာလား၊ ငါ့ကို ငြင်းရဲတယ်ပေါ့လေ၊ ဒီည ငါ့ပေါင်ကြားထဲမှာ မင်း ဘယ်လို ညည်းမလဲ ကြည့်ဦးမယ်ကွ”
တစ်ချိန်တည်မှာပင် ဟိုတယ်အပြင်ဘက်၌ ယဲ့ဖန်က ကျုံးဝမ် ဟိုတယ်ထဲသို့ ဝင်သွားသည်ကို ကြည့်နေပြီး ထူးဆန်းသော အပြုံးမျိုး ပြုံးနေလေသည်။
“ငါးစာကို လာချိတ်ပြီပြ”
ဟိုတယ်ထဲ၌ လူများနှင့် ပြည့်နှက်နေပြီး ရှုကျိုး၏ နယ်ပယ်အစုံမှာ ထိပ်တန်းပုဂ္ဂိုလ်များ ရှိနေကြသည်။ ယနေ့ည ညစာစားပွဲကို အင်ပါယာမှ ကိုယ်တိုင် စီစဉ်ပေးရသဖြင့် ကျင်းပသူက အတော်လေး အံ့ဖွယ်ကောင်းသည့်လူ ဖြစ်ရပေမည်။
ဧည့်သည်များသည် ကျင်းပသူက ဘယ်သူလဲဆိုသည်ကို အလွန် သိချင်နေ၏။ သူတို့ ဤအခွင့်အရေးကြီးကို အမိအရ အသုံးချ၍ နယ်ပယ် ကျယ်ပြန့်အောင် လုပ်ကြမည် ဖြစ်သည်။
များပြားလှသော လူအုပ်ကြီးနှင့် ဆူညံနေသော အသံများကြောင့် ကျုံးဝမ် ခေါင်းကိုက်လာ၏။
“ဒီမှာစောင့်နေဦး ငါ သောက်စရာ သွားယူလိုက်မယ်”
ကူးယောင် ပြောလာသည်။ ကျုံးဝမ်က သံသယ မဝင်ဘဲ ခေါင်းညိတ်ပြလိုက်သည်။
သို့သော် ကူးယောင်သည် စားပွဲသို့ ရောက်သည်နှင့် ဘေးပတ်လည်ကို အရင်စစ်ဆေးလိုက်သည်။ မည်သူမှ သူမကို အာရုံမထားမိကြောင်း သေချာမှသာ အိတ်ထဲမှ ဆေးမှုကို ခွက်ထဲလောင်းထည့်၍ ခပ်သွက်သွက် မွှေလိုက်သည်။
သူမက ဆိုးယုတ်သော အမူအရာနှင့် ရယ်လေသည်။
“ဟီးဟီး ကျုံးဝမ် နင် အထက်စီးဆန်ရတာကို ကြိုက်တယ်မလာ၊ ဒီည ငါ နင့်ကို ဖာသည်မလို အောက်ကျို့ ညည်းတွားအောင် လုပ်ပစ်မယ်”
ယခုပုံစံက မနေ့ညက အဖြစ်ဆိုး၍ ဝမ်းနည်းသောပုံနှင့် တစ်ခြားစီပင်။
“လာ တစ်ခုခု သောက်လိုက်”
ကူးယောင်သည် နေရာသို့ ပြန်လျှောက်လာပြီးနောက် ကျုံးဝမ်ကို သောက်ရန် အတင်းတိုက်တွန်းလေသည်။ သူမ သောက်လိုက်သည်နှင့် တကယ့် ဇာတ်လမ်း စလာပေတော့မည်။
“ဘာလို့ အရသာက နည်းနည်း ထူးဆန်းနေတာလဲ”
ကျုံးဝမ်က တစ်ငုံသောက်ပြီး မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ ထိုအချိန်အထိ သူမအခင်ဆုံးသူငယ်ချင်းက သူမကို အန္တရာယ်ပေးလာလိမ့်မည်ဟု ထင်မထားမိသေးပေ။
ထိုအခါ ကူးယောင်၏ အပြုံးက တဖြည်းဖြည်း အေးခဲလာပြီး လှောင်ပြုံးတစ်ခု ထွက်ပေါ်လာသည်။
“အာ ဘာလို့လဲဆိုတော့ ငါ ဆေးထည့်ထားလို့လေ၊ စိတ်ကြွဆေး”
“ဟမ်”
ကျုံးဝမ် အံ့ဩသွားပြီးမှ ရယ်၍ ဆူပူလေသည်။
“ငါ မကြိုက်ဘူးနော်၊ အဲ့လိုဟာသမျိုး လာမပြောနဲ့၊ လုံးဝ မရယ်ရဘူး”
“ဘယ်သူက နင့်ကို နောက်နေလို့လဲ
ကူးယောင် အမြီးတက်နင်းခံလိုက်ရသကဲ့သို့ ကျယ်လောင်စွာ ထအော်လေသည်။
“ယောင်ယောင် နင် ဘာလို့ ...”
ကျုံးဝမ် နေရာမှာတင် မှင်တက်သွားပြီး ကူးယောင် ရုတ်တရက် ပုံစံပြောင်းသွားသည်ကို နားမလည်ချေ။
“ငါ့နာမည်ကို မခေါ်နဲ့၊ နင် ငါ့နာမည်ခေါ်တိုင်း ငါ ရွံသလို ခံစားရတယ်”
ကူးယောင်က ရွံသလို ကြည့်၍ လှောင်ရယ်လာသည်။
“ကျုံးဝမ် ငါ နင့်ကို ဘယ်လောက် မုန်းလဲ နင် သိလား၊ ငါ ကလေးဘဝကတည်းကပဲ၊ နင်နဲ့ငါ အတူတူ ရှိနေတိုင်း အခြားသူတွေက နင့်ကိုပဲ သတိထားမိကြတယ်၊ ဆရာမတွေက နင့်ကိုပဲ ချီးကျူးတယ်၊ ကောင်လေးတွေက နင့်ကိုပဲ ပိုးပမ်းတယ်၊ င့ါမိဘတွေက ငါ့ကို နင့်ဆီကနေ သင်ယူတဲ့၊ ပြီးတော့ ငါ့အထက်တန်းတုန်းက ရည်းစားကလည်း နင့်ကြောင့် ငါ့ကို ဖြတ်သွားတာ”
မနာလိုစိတ်၊ မနာလိုစိတ်က အမြင့်ဆုံးထိ ရောက်ရှိသွားလျင် မုန်းတီးစိတ်အဖြစ်သို့ ပြောင်းလဲသွားသည်။ ယခု သူမ၏ မုန်းတီးစိတ်ကို ဖြေဖျောက်နိုင်ပေတော့မည်။