အခန်း (၁၀၂၇-၁၀၂၉)
Vol. 69 Ch. 1027-1029
အခန်း (၁၀၂၇) ရွှေလက်ညှိုးအစစ်
"ညီတော်ရှင်းတင်း၊ မင်းလှုပ်ရှားပုံတွေက သွက်လက်ဖျတ်လတ်နေပါလား။ အခုရက်ပိုင်း တိုးတက်မှုတစ်ချို့ ရှိခဲ့ပုံပဲ"
ရျင်းချန်က အေးစက်စက်လှောင်ပြုံးပြုံး၍ပြောသည်။
"ငါတို့ တစ်ပွဲလောက် ယှဉ်ကြည့်မလား။ အစေကိုယ်တော်အဖွဲ့မှာ ပုံမှန်စည်းမျဉ်းရှိတယ်။ ရှုံးတဲ့လူက နိုင်တဲ့လူကို ကျိုးဆောင်မှတ်ဆယ်မှတ်ပေးရမယ်"
အကယ်၍ ရှင်းတင်းငြင်းလျှင် အရှက်ခွဲပြိး စိတ်ဓာတ်ကိုရိုက်ချိုးဖို့ သူတွေးထားသည်။
"ကောင်းပါပြီ။ အကိုတော်က ကျုပ်ကိုဖိတ်ခေါ်တယ်ဆိုတော့ ငြင်းလို့ဘယ်ဖြစ်ပါ့မလဲ"
ရှင်းချန် အံ့အားသင့်သွားသည်။ ရှင်တင်းထိုမျှအလွယ်တကူ လက်ခံမည်ဟု သူထင်မထား။
သို့သော် ကောင်းပါသည်။ အချိန်ကုန်သက်သာသည်။ သိုင်းကိုယ်တော်အဖွဲ့ ရွေးချယ်ပွဲက မကြာခင်စတော့မည်။ အချိန်ချွေတာခြင်းသည် အကောင်းဆုံးဖြစ်သည်။
သူတို့နှစ်ယောက် တိုက်ခိုက်ကြတော့မည်ကို ရိပ်မိသဖြင့် ပညာသင်ကိုယ်တော်တစ်ချို့က ရန်ပွဲထိန်းသိမ်းဖို့ မော်ကွန်းထိန်းကိုယ်တော်ကို အမြန်သွားခေါ်ကြသည်။
"စလို့ရပါပြီ ညီတော်ရှင်းတင်း"
ရှင်းချန်က အရိုးခံမျက်နှာဖြင့် ပြောသည်။ သို့သော် ရှင်းတင်းက စကားအပိုမပြော။ ရှင်းချန်စကားဆုံးသည်နှင့် ချက်ချင်းစတိုက်ခိုက်သည်။
အစေခံကိုယ်တော်အဖွဲ့သည် ဗောဓိလက်သီးသိုင်းလေ့ကျင့်ကြသည်။ အခြေခံအကျဆုံး လက်သီးပညာဖြစ်သည်။ ရှင်းတင်းရောရှင်းချန်ပါ ထိုလက်သီးသိုင်းသာလေ့ကျင့်သည်။
ရှင်းတင်း အရင်စတိုက်သည်။ သူ့ဝိညာည်စွမ်းအား များစွာတိုးတက်လာသဖြင့် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ပိုကောင်းလာသည်။ ဗောဓိလက်သီးတိုက်ကွက်များ ပို၍တိကျသေသပ်လာသည်။
ရှင်းချန် အံ့အားသင့်သွားသည်။ ရှင်းတင်း၏ လက်သီးချက်များက မြန်ဆန်ပြီး အားပြင်းသည်။ ဘယ်အချိန်က ထိုမျှစွမ်းအားကြီးသွားသည်မသိ။
"ကြည့်ကြပါဦး၊ ညီတော်ရှင်းတင်းက အသာစီးရနေတာမဟုတ်လား"
"မဖြစ်နိုင်တာပဲ။ နောင်တော်ရှင်းချန်က ဆင်မြစ်ကူး ဝိညာဉ်ပန်းချီတစ်ပိုင်း ရထားတာမဟုတ်လား"
"ဝိညာဉ်ပန်းချီကို နောင်တော်ရှင်းချန်က ကောင်းကောင်းမလေ့ကျင့်ခဲ့လို့များလား"
ဘေးပတ်လည်မှ တစ်ယောက်တစ်ခွန်းပြောနေသည့်စကားများကြောင့် ရှင်းချန် သွေးအန်မတတ် ဒေါသထွက်လာသည်။ ထိုပုံရိပ်ကိုရကတည်းက သူသေချာအာရုံသွင်းလေ့ကျင့်ခဲ့သည်။
ပုံမှန်ဆိုလျှင် ပဥ္စမချီအဆင့် အစေခံကိုယ်တော်များထဲတွင် ဘယ်သူမှသူ့ကိုနိုင်မည်မဟုတ်။ ရှင်းထန်လို မထင်မရှားကိုယ်တော်တစ်ယောက်က သူ့ထက်ဘယ်လိုသာနိုင်မည်နည်း။
ရှင်းချန် စိတ်အာရုံထွေပြားလသည်။ လက်သီးချက်ခြေကန်ချက်များ ဖရိုဖရဲဖြစ်လာသည်။ ဆင်မြစ်ကူးပန်းချီမရခင်က အခြေအနေထက်ပင် ပိုဆိုးဝါးလာသည်။
ရှင်းတင်းက ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ ကိုယ်ဟန်ပြောင်း၍ ဝိုက်လက်သီးတစ်ချက်ထိုးလိုက်သည်။ ရှင်းချန် လွင့်ထွက်သွားသည်။
သိုင်းကိုယ်တော်အဖွဲ့ဝင်ဖြစ်လာမည်ဟု မျှော်လင့်ထားကြသည့်ရှင်းချန် ရှုံးနိမ့်သွားသဖြင့် လူအုပ်ကြီး ပွက်လောရိုက်သွားသည်။
"အားလုံးရပ်ကြစမ်း၊ မင်းဘာလုပ်နေတာလဲ ရှင်းချန်"
လူအုပ်အစွန်မ ငေါက်ငန်းသံပေါ်လာသည်။ မော်ကွန်းထိန်းကိုယ်တော်ဖြစ်သ်ည။ အားလုံး ချက်ချင်းလမ်းဖယ်ပေးကြသည်။
"ရှင်းချန်၊ ဒါမင်းတမင်သက်သက်လုပ်တာမဟုတ်လား...အဲ၊ မင်းဘာလို့ မြေပေါ်မှာလဲနေတာလဲ"
မော်ကွန်းထိန်းကိုယ်တော်က ရှင်းချန်ကို ဆူပူမာန်မဲရန် ပြင်ထားသည်။ သို့သော် ရှင်းထန်က မြေပေါ်မှ ကုန်းရုန်းထလာသည်ကို သူမြင်လိုက်ရသည်။
"ဒါမင်းလုပ်လိုက်တာလား"
မော်ကွန်းထိန်း ရှင်းတင်းကို လှည့်မေးသည်။
"ဟုတ်ပါတယ် ဆရာ"
မော်ကွန်းထိန်းက ရှင်းတင်းကို အဓိပ္ပါယ်ပါပါကြည့်သည်။
"မဆိုးဘူး။ မင်းဒီလောက်ပါရမီပါမယ်လို့ ထင်မထားမိဘူး။ နောက်ကို အခက်အခဲတစ်ခုခုရှိရင် ငါ့ဆီလာခဲ့ပါ။...ရှင်းချန်၊ စည်းကမ်းကို မင်းသဘောတူထားပြီးသားပဲ။ အခု ရှင်းတင်းကို ကျိုးဆောင်မှတ်ဆယ်မှတ်ပေးလိုက်"
တစ်ခြားကိုယ်တော်များက ရှင်းတင်းကို အားကျသည့်အကြည့်ဖြင့် ကြည့်နေကြသည်။ မော်ကွန်းထိန်း၏ ထောက်ပံ့မှုရခြင်းသည် ဘာပြဿနာကြုံကြုံ အကူအညီတောင်းခွင့်ရှိပြီး မော်ကွန်းထိန်း၏လူယုံ ဖြစ်လာသည့်သဘောဆောင်သည်။
ယခု ရှင်းတင်းကို ဘယ်သူပြဿနာရှာရဲတော့မည်နည်း။
ယခု သူ့ကျင့်စဉ်စွမ်းအားလည်း တိုးတက်နေသည်။ ထို့ပြင် မော်ကွန်းထိန်းကလည်းသူကို လမ်းညွှန်သင်ပြပေးဦးမည်။
မော်ကွန်းထိန်းကိုယ်တော်သည် အရင်က ရွှေသန္ဓေအဆင့်ဖြစ်ပြီး အဆင့်တက်ရာတွင် မအောင်မြင်သဖြင့် အခြေတည်အဆင့်သို့ ပြန်လျှောကျခဲ့သူဟု ပြောကြသည်။
စိတ်ဓာတ်ကျသွားသဖြင့် အစေခံကိုယ်တော်အဖွဲ့၏ ကြီးကြပ်သူနေရာကို တာဝန်ယူခဲ့သည်။
ကျင့်စဉ်အဆင့် လျှောကျသွားသော်လည်း အတွေ့အကြုံက လျော့ပါးသွားသည်မဟုတ်။
ရှင်းချန်း မြေပေါ်မှထရပ်လာပြီးနောက် စိတ်မပါ့တပါ့ဖြင့် ကျိုးဆောင်မှတ်ဆယ်မှတ် ထုတ်ပေးသည်။ သို့သော် ရှင်းတင်းက လက်ခံမည့်အရိပ်မျိုးမပြ။ ထိုအပြုအမူကြောင့် ရှင်းချန်း အတော်ရှက်သွားသည်။
"ဒါက ဘာသဘောလဲ"
ရှင်းတင်း လက်အုပ်ချီ၍ တည်ငြိမ်စွာပြောသည်။
"အကိုတော်၊ ဗုဒ္ဓကိုယ်တော်တွေဟာ လောဘစိတ်နဲ့လောင်းကစားတာကို ရှောင်ကြဉ်ပါတယ်. ခုနက ယှဉ်ပြိုင်ခဲ့တာ လက်ရည်စမ်းတဲ့သဘောပါပဲ။ ငွေကြေးကိစ္စမပါပါဘူး"
ထိုသို့ပြောပြိးနောက် ရှင်းတင်းလှည့်ထွက်သွားသည်။ လူအုပ်ကြီးက သူ့ကျောပြင်ကိုငေးစိုက်ကြည့်ရင်း ကျန်ခဲ့သည်။
ချင်ဖုန်းဓားကမ္ဘာငယ်မှ လုယန်လည်း ထိုမြင်ကွင်းကိုကြည့်၍ အတော်လေးစားသွားသည်။
မှန်သည်။ သူ့လမ်းညွှန်မှုကို ခံယူသည့်လူသည် ထိုသို့ပင်ဖြစ်နေရမည်။
နတ်မယ်ကို သူပြန်အသက်သွင်းခဲ့သည့်အချိန်က အတော်ကြာခဲ့ပြီဖြစ်သည်။ သို့သော် နတ်မယ်သည် ရှင်းတင်းလို အင်အားကြီးရန်သူကိူအနိုင်ယူ၍ အားလုံးစွဲထင်ကျန်ရစ်မည့် အပြုအမူအပြောအဆိုမျိုး တစ်ခါမှမလုပ်ခဲ့ဖူး။
လုယန်စိတ်အတွေးကိုသိနေသည့် နတ်မယ် အတော်မကျေမနပ်ဖြစ်သွားသည်။
"ဘာမလုပ်ခဲ့ရမှာလဲ။ ငါနင့်ခန္ဓာကိုယ်ကိုသုံးပြီး ယာယီဂိုဏ်းချုပ်လုပ်ခဲ့တာပဲ။ နင့်ထက်ကျင့်စဉ်အဆင့်မြင့်တဲ့လူတွေကို တိုက်ခိုက်ပြီး အများအထင်ကြီးအောင် လုပ်ပေးခဲတာပဲလေ"
လုယန် ကိုယ့်နဖူးကိုယ် လက်ဖြင့်အုပ်လိုက်သည်။ သူလိုချင်သည်က ထိုဇာတ်ကွက်မျိုးမဟုတ်။
"ကိုယ်တော်လေး၊ သိုင်းကိုယ်တော်အဖွဲ့ဆိုတာကို မင်းတကယ်ဝင်ချင်လား"
"ဟုတ်ကဲ့၊ ဝင်ချင်ပါတယ်"
"မင်းရဲ့ဝိညာဉ်စွမ်းအားက တိုးတက်လာပြီ ဒါပေမယ့် မင်းသင်ထားတဲ့လက်သီးသိုင်းကွက်တွေက သာမန်ပဲရှိတယ်။ မင်းရဲ့ကျင့်စဉ်အဆင့်ကလည်း အသာစီးရနိုင်တဲ့အနေအထားမဟုတ်ဘူ"
ရှင်းထင်းက ပြတ်သားသည့်လေသံဖြင့်
"ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကြိုးစားမှာပါ"
"အဲလိုစိတ်ဓာတ်မျိုးပဲ ဖြစ်နေရမယ်။ ကျင့်ကြံတာကို စိတ်မလောနဲ့။ နောက်တစ်ချိန် ထင်မှတ်မထားတဲ့ ဆိုးကျိုးတွေ ဖြစ်မလာအောင် ဖြေးဖြေးချင်းအချိန်ယူပြီး ကျင့်စဉ်အခြေခံကို တည်ငြိမ်အောင်လုပ်ပါ။
လက်သီးပညာအတွက်ကတော့ နည်းလမ်းတစ်ခုစဉ်းစားရမှာပေါ့"
"ကောင်းကင်အရှင်က ကျုပ်ကို လက်သီးပညာသင်ပေးမှာလား"
ရှင်းတင်း စိတ်အားထက်သန်စွာ ပြန်မေးည်။ ကောင်းကင်အရှင်၏ပညာရပ်များသည် လောကတွင်ပြိုင်ဘက်ကင်းဖြစ်မည်မှာ သေချာနေသည်။
တို့ဟူးအရှင် ခပ်ညှင်းညှင်းရယ်သည်။
"အဲလိုတော့ ဘယ်ဖြစ်မလဲ။ ငါ့လက်သီးပညာက ကောင်းကင်ကိုလွှမ်းမိုးပြီး နတ်ဆိုးတွေ နတ်ဘုရားတွေကို နှုတ်ပိတ်ခဲ့တဲ့ပညာတွေပါ။
မင်းသာ ငါ့ပညာရပ်တွေကို သင်လိုက်ရင် တစ်ခြားလူတွေ ငါ့အကြောင်းသဲလွန်စရဖို့ပိုလွယ်သွားမှာပေါ့။..ဒီလိုလုပ်ကြမယ်။ ကျမ်းစာတိုက်ကို မင်းသွားပါ။
မင်းအတွက် လက်သီးပညာတစ်ချို့ ငါရွေးပေးမယ်"
"ကောင်းကင်အရှင်၊ အစေခံကိုယ်တော်တွေက ကျမ်းစာတိုက်ပထမထပ်ကိုပဲ ဝင်ခွင့်ရပါတယ်။ အဲဒီ့ပထမထပ်မှာ အကောင်းဆုံးလက်သီးပညာကျမ်းက ဗောဓိလက်သီးပါ"
"သွားမှာသာ သွားစမ်းပါကွာ"
တို့ဟူးအရှင်က ရယ်နေသည်။
ရှင်းတင်း မယုံမရဲဖြင့် ကျမ်းစာတိုက်သို့သွားသည်။
အနောက်မိုးပျံဘုံကျောင်းကျမ်းစာတိုက်၏ ပထမထပ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းထက်မညံ့လှ။ စုစည်းထားသည့် စာအုပ်ပမာဏက များသည်ဟုဆိုနိုင်သည်။
ဘာလုပ်ရှန်းမသိဘဲ ကျမ်းစာတိုက်ထဲ ရှင်းတင်း လှည့်ပတ်သွားနေသည်။ တို့ဟူးအရှင်၏စကားသံ ပေါ်လာသည်။
"ကိုယ်တော်လေး၊ အတန်းနံပတ်ဆယ့်နှစ်က ခြောက်ခုမြောက်စာအုပ်စင်ကိုသွားပါ။ တတိယထပ် ညာဘက်ဘေးကိုကြည့်ပါ။ မင်းလိုအပ်တဲ့ စာအုပ်တစ်အုပ်ရှိတယ်"
ရှင်းတင်း ထိုနေရာသို့သွားသည်။ ထူးခြားသည့်နာမည်နှင့် လက်သီးသိုင်းကျမ်းစာတစ်အုပ်တွေ့ရသည်။
"အရဟတ်လက်သီး"
"ဒါက ဒဏ္ဍာရီထဲမှာပြောကြတဲ့ အရဟတ်လက်သီးလား။ အမြင့်ဆုံးထိရောက်အောင်ကျင့်ကြံနိုင်ရင် အရဟတ်အရိယဖလကို ရမယ်တဲ့"
ရှင်းတင်းစကားသံများ တုန်ခါနေသည်။ အရဟတ်လက်သီးကျမ်းရဖို့ လိုအပ်သည့် ကျိုးဆောင်မှတ်ပမာဏက အစေခံကိုယ်တော်အဖွဲ့အားလုံး၏ ကျိုးဆောင်မှတ်ထက်ပင် ပိုများနေသည်။
"ကောင်းကင်အရှင်၊ ဒီနေရာမှာ အရဟတ်လက်သီးကျမ်းအစာအုပ်ရှိတာ အရှင်ဘယ်လိုသိတာလဲ"
လုယန် တွေးနေသည်။
...သိတာပေါ့ကွာ။ မနေ့ညကမှ ငါထားခဲ့တာလေ...တစ်ခြားပညာတွေသင်ချင်ရင်လည်း ကျမ်းစာတိုက်မှာ မင်းရှာတွေအောင် လုပ်ပေးလို့ရပါတယ်...
တို့ဟူးအရှင် ပြန်မဖြေ။ ထိုကိစ္စကို အသေးအဖွဲဟုသာ ယူဆခြင်းဖြစ်မည်ဟု ရှင်းတင်းတွေးနေသည်။
"ဒါကို ရှေးဟောင်းမဟာစွမ်းအားရှင်တစ်ယောက်က ဒီမှာဝှက်ထားခဲ့တာဖြစ်မယ်။ ဒီစာအုပ်က ကံရေစက်ပါတဲ့လူကို စောင့်နေတာများလား"
အရဟတ်လက်သီး၏ မူလဇစ်မြစ်အကြောင်း သိပ်မတွေး။ ထိုပညာအကြောင်း ပြောကြသည့်ပုံပြင်များ သူကြားဖူးသည်။
လုယန် ရုတ်တရက် တစ်ခုစဉ်းစားမိလာသည်။
"အဲ...နတ်မယ်၊ ဒီပထမထပ်မှာ တကယ့်ရှေးဟောင်းကျင့်စဉ်ပညာကျမ်းတွေ ရှိလား"
"အော် အေး။ အများကြီးရှိပါတယ်။ ဒေါသဝါဇရလက်ဝါး၊ ပရာဇနပါရာမိတလက်ဝါး၊ အသွင်မဲ့နှလုံးသုတ္တန်။ ပြီးတော့ ကြမ်းခင်းကြွေပြားတွေအောက်မှာ နဂါးချုပ်ကျားနှိမ်ပညာကျမ်းရှိတယ်။
ပြီးတော့ ဟိုဘက်အစွန်ဆုံးမှာ ဝှက်ထားတဲ့ ဗုဒ္ဓအဖွင့်ကျမ်းရှိတယ်။ အဲဒီ့ကျမ်စာအုပ်ကို သွေးနဲ့ထိလိုက်ရင် လောကအရှင်ဉာဏ်အလင်းပွင့်တဲ့ ဝိညာဉ်ပန်းချီပါတယ်။ ဝိညာဉ်ပန်းချီတွေရော လိုချင်သေးလား။ ဒီနေရာမှာ အများကြီး ဝှက်ထားတယ်။
မှော်တံဆိပ်တွေ၊ သရီပုတ္တရရတနာတွေ၊ မှော်လက်စွပ်တွေ စသဖြင့်ပေါ့်။ အများကြီးရှိပါတယ်"
လုယန် "..."
...မင်းတို့ မိုးပျံဘုံကျောင်းရဲံ ကျမ်းစာပထမထပ်က ဘာလို့အဲလောက် စုံလင်နေတာလဲ။ ငါတို့တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ပထမထပ်မှာဆိုရင် နဂါးဖီးနစ်အသွင်ပြောင်းကျမ်းပဲရှိတာ....
********************************
အခန်း (၁၀၂၈) အစွမ်းကိုယ်စီ
"ဒီကျင့်စဉ်ကြမ်းတွေ ဝိညာဉ်ပန်းချီတွေက ဝှက်ာထးတာ ဘယ်လောက်ကြာပြီလဲ"
"ကြည့်ရာတာ နှစ်ပေါင်း သောင်းချီကြာပြီထင်တယ်။ နှစ်သိန်းချီလည်း ဖြစ်ချင်ဖြစ်မယ်"
လုယန် နဖူးကိုလက်ဖြင့်အုပ်လိုက်ည်။ ဘာကြောင့်ဘုံကျောင်းကိုယ်တော်များ ထိုမျှကြာအောင် ဝှက်ထားသည်ကို နားမလည်နိုငအောင်ဖြစ်ရသည်။
...ခင်ဗျားတို့က ဒီစာအုပ်တွေကို လူတွေဖတ်စေချင်တာလား...မဖတ်စေချင်တာလား..
...
"အရဟတ်လက်သီးဆိုတာ မြန်ဆန်တယ်။ အပြောင်းအလဲများတယ်။ ဝက်သက်ထွက်သက်ကနေ စွမ်းအားထုတ်တာကို အလေးပေးတယ်။ မိုးခြုန်းသလိုအော်တယ်။ အသံအားနဲ့ သတ္တိကိုမွေးထုတ်တယ်။ အသက်ရှူနှုန်းနဲ့ အားကိုမြှင့်တယ်..."
တို့ဟူးအရှင်၏ စကားသံက ဓားထဲမှပေါ်လာသည်။
အရဟတ်လက်သီးပညာနယ်တွင် လုယန်၏ကျွမ်ကျင်မှုကိုမီသူ မရှိသလောက်ရှားသည်။ ထို့ကြောင့် သူ့လမ်းညွှန်ချက်နှင့်အတူ ရှင်းတင်း လျင်မြန်စွာတိုးတက်လာသည်။
ခြံထဲတွင် လက်သီးသိုင်းလေ့ကျင့်သည်။ ဝိညာဉ်စွမ်းအားတိုးပွားလာသည်။ ထို့ကြောင့် လက်သီးချက်တိုင်းကို အတိအကျ ထုတ်နိုင်သည်။ ဆယ့်ငါးရက်အတွင်း အခြေခံအားလုံး ကျွမ်းကျင်သလောက်နီးပါးဖြစ်လာသည်။
"ဗောဒိလက်သီးထက် တကယ်စွမ်းအားပိုကြီးတာပဲ"
လေ့ကျင့်လေလေ လက်သီးပညာနှစ်ခုကြားမှ ကွာခြားချက်ကို ရှင်းတင်းသိလာလေဖြစ်သည်။ အရဟတ်အဖြစ်စို့ရောက်စေနိုင်သည့် အဓိပဓိလက်သီးပညာဟု တကယ်ခေါ်ထိုက်သည်။
သူစိတ်နှစ်လေ့ကျင့်နေစဉ်မှာပင် ဒန်ထန်မှ ပူနွေးသည့်စီးကြောင်းတစ်ခု ထိုးထွက်လာသည်။ ခြေလက်အားလုံးကို ပျံ့နှံ့သွားသည်။ တစ်ကိုယ်လုံးစွမ်းအားပြည့်လာသည်။
"ဟိုဆေးက အာနိသင်ပြလာပြီလား"
ရှင်းတင်း ဝမ်းသာသွားသည်။ တို့ဟူးအရှင်၏ လမ်းညွှန်ချက်အရ သူ့ကျိုးဆောင်မှတ်များကို အားဖြည့်ဆေးတစ်လုံးနှင့် လဲလှယ်ယူခဲ့သည်။ အဆင့်တက်ရာတွင် ကူညီပေးသည့်ဆေးဖြစ်သော်လည်း ထိုဆေး၏သဘာဝက နူးညံ့သည်။
ဆေးသောက်ပြီးလျှင် ခန္ဓာကိုယ်က ဆေးအာနိသင်ကို ဖြေးဖြေးချင်းသာစုပ်ယူသည်။
ဆယ့်ငါးရက်ကြာ အပြင်းအထန်လေ့ကျင့်မှုကြောင့် ခန္ဓာကိုယ်က ဆေးစုပ်ယူနှုန်းမြင့်တက်လာသည်။ နောက်ဆုံးတွင် ချီပဥ္စမအဆင့်မှ ဆဋ္ဌမအဆင့်သို့ ရောက်သွားသည်။
သူ့မွှေးညှင်းပေါက်များ ကျယ်လာပြီး မိုးမြေဝိညာဉ်စွမ်းအင်ကိုစုပ်ယူသည်။ အဆင့်တက်၍ကုန်သွားသည့် ဝိညာဉ်စွမ်းအင်များ ပြန်လည်အားဖြည့်သည်။
"အခုချိန် ကိုယ်တော်ရှင်းချန်နဲ့သာ တိုက်ခိုက်ရရင် လက်သီးတစ်ချက်တည်းနဲ့ အလဲထိုးနိုင်လောက်မယ်ထင်တယ်"
လွန်ခဲ့သည့်လဝက်ခန့်က သူ့စွမ်းအားများ ဆတိုးနှုန်းခုန်တက်ခဲ့သည်။ ဗုဒ္ဓတည်ထောင်သူ၏ ဝိညာဉ်ပန်းချီကို ရထားသည်။ အရဟတ်လက်သီးကို သင်ယူခဲ့သည်။ ဆဋ္ဌမချီအဆင့် ရောက်ခဲ့သည်။
အရှေ့အနောက်တောင်မြောက် အစေခံကိုယ်တော်အဖွဲ့ လေးဖွဲ့ရှိသည်။ ဆဋ္ဌမချီအဆင့် ကိုယ်တော် နည်းသည်။ ထို့ကြောင့် သိုင်းကိုယ်တော်အဖွဲ့တွင် နေရာတစ်နေရာစာဝင်ပြိူင်ဖို့ ရှင်းတင်း အရည်အချင်းမီသည်။
......
"ချီဆဋ္ဌမအဆင့်လား"
"မော်ကွန်းထိန်းဆရာတော် ကျိယွမ်ကို ဂါရဝပြုပါတယ်"
လေ့ကျင့်မှုပြီးသွားချိန်တွင် ရှင်းတင်းက လက်အုပ်ချီဂါရဝပြုသည်။ မော်ကွန်းထိန်း၏ ဓမ္မနာမည်က ကျိယွမ်ဖြစ်သည်။
"စိတ်တည်ငြိမ်တယ်။ မောက်မာဝင့်ကြွားမှုမရှိဘူး။ သိပ်မဆိုးဘူးပဲ"
သက်ပြင်းချ၍ ကျိယွမ် မှတ်ချက်ပေးသည်။ ရှင်းတင်း၏ စိတ်ဓာတ်မျိုးသာ သူရှိခဲ့လျှင် အလောတကြီးအဆင့်တက်မိ၍ အဆင့်လျှောရသည့်အဖြစ်မျိုး ကြုံခဲ့မည်မဟုတ်။
အစေခံကိုယ်တော်အဖွဲ့မှ နှစ်ပေါင်းများစွာ ထုတ်ပယ်ခံရသည်။ စိတ်ဓာတ်ကျပြီး သူ့အုပ်ချုပ်ရေးတာဝန်များကို နည်းနည်းလျစ်လျူရှုခဲ့မိသောကြောင့်ဖြစ်သည်။
သို့သော် လွန်ခဲ့သည့်လဝက်က ရှင်းချန်ကို အနိုင်ရခဲ့သည့် ရှင်းတင်းအပေါ် သူအာရုံစိုက်မိလာသည်။ စောင့်ကြည့်လေ့လာသည်။ အမှန်တကယ် အလားအလာကောင်းသည့် ရှားပါးပါရမီဖြစ်ကြောင်း နားလည်လာသည်။
ထိုစိတ်ဓာတ်မျိုးက အဖိုးတန်သည်။ အစေခံကိုယ်တော်အဖွဲ့တွင် ဆက်ထားလျှင် အလဟဿဖြုန်းတီးရာကျမည်။
"ဒီဗုဒ္ဓပုတီးကို သေချာသိမ်းထားပါ။ သိုင်းကိုယ်တော်အဖွဲ့ ရွေးချယ်ပွဲကျရင် အသုံးဝင်လာနိုင်တယ်"
ကျိယွမ် လက်ကောက်ဝတ်မှ ပုတီးကုံးကိူ ဖြုတ်ပေးလိုက်သည်။
"ဆရာတော်...ဒါက.."
ရှင်းတင်း လက်မခံလို။ ထိုပုတီးများသည် ဆရာတော်ကျိယွမ်၏ ပုတီးဖြစ်သည်။ သူဝယ်ဖို့မတတ်နိုင်။
သူရှိသမျှခြစ်ခြုတ်စုဆောင်းလိုက်လျှင်ပင်...မဟုတ်သေး။ သူ့ထံတွင် ယင်လုန်ပန်းးချီရှိသည်။ အရဟတ်လက်သီးကျမ်းရှိသည်။ မသေမျိုးဓားတစ်လက်လည်းရှိသည်။
"ယူလိုက်ပါ။ ငါမင်းကို အလကားပေးတာမဟုတ်ပါဘူး။ မင်းဆီကနေ ငါအကူအညီတောင်းစရာတစ်ခုရှိတယ်။ ဒီတစ်ခေါက် အစေခံကိုယ်တော်အဖွဲ့လေးခု သိုင်းပြိုင်ပွဲဝင်ကြလိမ့်မယ်။ မင်းအရည်အချင်းနဲ့ သိုင်းကိုယ်တော်အဖွဲ့ဝင်ဖြစ်ဖို့ ပြဿနာမရှိနိုင်ဘူး။
ဒါပေမယ့် အစေခံကိုယ်တော်အဖွဲ့လေးဖွဲ့အတွက် အဆင့်သက်မှတ်ချက်တွေရှိတယ်။ လူရွေးပွဲမှာ ပထမရတဲ့လူရဲ့အဖွဲ့က ဆေးဂိုဒေါင်ကနေ နှစ်တစ်ရာဆေးမြစ်တစ်ခု ရွေးချယ်ခွင့်ရှိတယ်။
အဲဒီ့ဆေးဂိုဒေါင်မှာ နှစ်တစ်ရာသက်တမ်းရှိတဲ့ ဝိညာဉ်သန္ဓေမြက်ဆိုတာရှိတယ်။ မင်းအဲဒါကို ရွေးပေးစေချင်တယ်"
ရက်အတော်ကြာအောင် စောင့်ကြည့်လေ့လာပြီးနောက် သေဆုံးနေသည့် သူ့မျှော်လင့်ချက်များ ပြန်နိုးကြားလာသည်။ ရွှေသန္ဓေအဆင့်ကို ပြန်သွားလိုစိတ်ပေါ်လာသည်။ ထိုသို့သွားဖို့ ဝိညာဉ်သန္ဓေမြစ်ကို မဖြစ်မနေလိုအပ်သည်။
အကြောင်းတစ်ချို့ကြောင့် ထိုမြက်ပင်ကို သူကိုယ်တိုင်သွား၍ ကျိုးဆောင်မှတ်ဖြင့် လဲလှယ်ယူ၍မရ။ လူရွေးပွဲကိုအသုံးချမှသာ ထိုဆေးမြစ်ကို သူရနိုင်မည်။
"ကောင်းကင်အရှင်၊ ဒါက..."
"ယူလိုက်ပါ။ မင်းဘက်က နစ်နာစရာမရှိပါဘူး။ ဒီပုတီးစေ့တွေက ဗုဒ္ဓဓမ္မစွမ်းအားနဲ့ သန့်စင်ထားတာ။ ဝိညာဉ်သန္ဓေဆေးမြစ်ထက် နည်းနည်းပိုပြီး တန်ဖိုးသာတယ်"
"အော်မီတော်ဖော်"
ရှင်းတင်း လက်ခံလိုက်သည်။
....
အစေခံကိုယ်တော်အဖွဲ့လေးဖွဲ့တွင် ရှင်းတင်းက အရှေ့ကိုယ်တော်အဖွဲ့ဝင်ဖြစ်သည်။ အရှေ့အဖွဲ့သည် အဖွဲ့လေးဖွဲ့တွင် အားအနည်းဆုံးဖြစ်ကြောင်း အားလုံးသိကြသည်။
အစေခံကိုယ်တော်အားလုံး ပွဲဝင်တိုက်ခိုက်ဖို့ မဲနှိုက်ကြသည်။ သိုင်းကိုယ်တော်အဖွဲ့အတွက်ရွေးချယ်မည့် နေရာလေးခုကို မျှော်မှန်းကြသည်။ လေးယောက်ထဲတွင် ပထမနေရာရဖို့ ကြိုးစားကြည့်ချင်ကြသည်။
ရှင်းတင်းက အစေခံကိုယ်တော်များကြား ထင်ပေါ်လာသည်။ ချီဆဋ္ဌမအဆင့်စွမ်းအားဖြင့် ပြိုင်ဘက်အတော်များများကို အလွယ်တကူ အနိုင်ယူခဲ့သည်။
ရှင်းချန်လည်း ချီဆဋ္ဌမအဆင့်ဖြစ်သည်။ သို့သော် ကံဆိုးစွာဖြင့် ဝိညာဉ်စွမ်းအင်အားကောင်းသည့် ရှင်းတင်းနှင့် ရင်ဆိုင်တွေ့သည်။ ထပ်ရှုံးပြန်သည်။
ရှင်းတန်း ပွဲစဉ်အဆင့်ဆင့်တက်သွားသည်။ နောက်ဆုံးတွင် ထိပ်တန်းဆန်ကာတင်ရှစ်ယောက်စာရင်းဝင် ဖြစ်လာသည်။ ချီဋ္ဌမအဆင့်သို့ တက်ပြီးစဖြစ်၍ ရှစ်ယောက်ထဲတွင် အားအနည်းဆုံးဟု ဆိုနိုင်သည်။ ထို့ပြင် အရှေ့ကိုယ်တော်အဖွဲ့မှဖြစ်၍ သူ့ကိုဘယ်သူမှ မျှော်လင့်ချက်သိပ်မထားကြ။
ရှင်းတင်း၏ ပြိုင်ဘက်က အနောက်အဖွဲ့မှ ကိုယ်တော်တစ်ယောက်ဖြစ်သည်။ လွန်ခဲ့သည့်တစ်နှစ်က ချီဆဋ္ဌမအဆင့်ရောက်ခဲ့သည်။ သိုင်းကိုယ်အတော်အဖွဲ့ဝင်ဖြစ်ဖို့ အလားအလာကောင်းသည်။
သူတို့တိုက်ပွဲတွင် အနိုင်ရသူသည် သိုင်းကိုယ်တော်အဖွဲ့တွင် နေရာတစ်ခုရမည်။
"အကိုကျိယွမ် ဒီလိုနေရာမျိုးကိုလာမယ်လို့ ထင်မထားဘူး။ ပြီးခဲ့တဲ့နှစ်တွေက သိုင်းကိုယ်တော်ရွေးချယ်ပွဲကို အကိုလုံးဝအရေးမစိုက်ခဲ့ဘူးလေ။
ကျိယွမ်နှင့်ဝတ်စုံဆင်တူ ကိုယ်တော်တစ်ယောက် အနားသို့လျှောက်လာသည်။ အနောက်ကိုယ်တော်အဖွဲ့၏ မောကွန်းထိန်း ကျိရှင်းဖြစ်သည်။
"ဘာလဲ၊ ရှင်းတင်းဆိုတဲ့ကောင်လေးက ငါတို့အနောက်အဖွဲ့ကလူကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား"
"ပွဲပြီးရင် အဖြေပေါ်မှာပေါ့"
ကျိရှင်း စကားနာထိုးသည်ကို ကျိယွမ်အရေးမစိုက်။
ကျိရှင်း အေးစက်စက်တစ်ချက်ရယ်သည်။ စကားထပ်မပြောတော့။ ကျိယွမ်အကြောင်း သူပြန်တွေးနေသည်။ တစ်ချိန်က မြေအဆင့်ဝင်ပါရမီရှင်ဖြစ်သည်။ အလှအပကိုအာရုံယစ်မူး၍ အလျင်စလိုအဆင့်တက်ရာတွင် ကျရှုံးခဲ့သည်။ သူ့လိုပင် အစေခံကိုယ်တော်အဖွဲ့သို့ ရာထူးလျှောချခံရသည်။
ကျိရှင်း ဤတိုက်ပွဲကိုကြည့်ချင်သည်။ ရှင်းတင်းဘယ်လိုရှုံးမည်ကို မြင်ချင်သည်။ ကျိယွမ်၏အမူအရာကို အကဲခတ်ချင်သည်။
သို့သော် ပြိုင်ပွဲစင်ပေါ် သူလှမ်းကြည့်ချိန်တွင် တိုက်ပွဲက အဆုံးသတ်သွားသည်။ ရှင်းတင်း လက်သီးတစ်ချက်ထိုးသည်။ သူ့ပြိုင်ဘက် စင်ပေါ်မှ လွင့်ထွက်သွားသည်။
အရှေ့ကိုယ်တော်အဖွဲ့မှ အော်ဟစ်အားပေးသံများ ဆူညံစွာထွက်ပေါ်လာသည်။
ယခု သူတို့အဖွဲ့သားတစ်ယောက် သိုင်းကိုယ်တော်အဖွဲ့သို့ ဝင်ခွင့်ရပြီဖြစ်သည်။
ကျိရှင်း မယုံနိုင်အောင်ဖြစ်နေသည်။ ဘာကြောင့် တိုက်ပွဲက ထိုမျှမြန်မြန်အဆုံးသတ်သွားသနည်း...ကျိယွမ်နှင့် စကားတစ်ခွန်းနှစ်ခွန်းသာပြောရသေးသည်။
"မင်းကသူ့ကို ဗုဒ္ဓပုတီးပေးထားတယ်ပေါ့"
ကျိရှင်း ဒေါသထွက်သွားသည်။ ကျိယွမ် ထိုအတိုင်းအတာထိပင် အလောင်းအစားလုပ်ထားခဲ့သည်။
ရှင်းတင်းလက်ကောက်ဝတ်တွင် ဗုဒ္ဓပုတီးပတ်ထားသည်ကို သူမြင်သည်။ လက်သီးချက်တိုင်း ဗုဒ္ဓအလင်းများ ထွက်ပေါ်နေသည်။ အတော်ကိုယ်တော်အဖွဲ့မှပြိုင်ဘက် လုံးဝယှဉ်နိုင်စွမ်းမရှိ။
စည်းမျဉ်းသတ်မှတ်ချက်အရ သူတို့ကိုယ်ပိုင်ပစ္စည်းများကိုသာ ပြိုင်ပွဲတွင်သုံးခွင့်ရှိသည်။ ငှားယူထားသည့်ပစ္စည်း မသုံးရ။ ထို့ကြောင့် သူကိုယ်တိုင်ပင် လိုချင်မိသည့် တန်ဖိုးကြီးမားသည့် ထိုဗုဒ္ဓပုတီးသည် တင်းရှင်းပိုင်ဆိုင်သည့်ပစ္စည်းသာ ဖြစ်ရတော့မည်။
"ရုပ်ဝတ္ထုပစ္စည်းတွေပဲလေ။ ဘာလို့မပေးနိုင်ရမှာလဲ"
"မင်း..."
ရှင်းတင်း၏ပွဲစဉ်နောက်တွင် နောက်ထပ်ပြိုင်ပွဲသုံးခု ထပ်ကျင်းပသည်။ အနိုင်ရသူများအတွက် သိုင်းကိုယ်တော်အဖွဲ့ဝင်ဖြစ်ဖို့ သေချာသွားသည်။
"ဒါဆို မင်းတို့လေးယောက်ပဲ ဖြစ်တော့မယ်ထင်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါလား။ အစေခံအဖွဲ့လေးဖွဲ့က တစ်ယောက်စီနေရရသွားတာပဲ"
သိုင်းကိုယ်တော်အဖွဲ့မှ ကိုယ်တော်တစ်ပါးက ပြိုင်ပွဲရှေ့ဆက်ဖို့ စီစဉ်သည်။ ရှင်းတင်းလက်မှ ဗုဒ္ဓပုတီးကိုမြင်ပြီးနောက် မနီးမဝေတွင်ရပ်နေသည့် ကျိယွမ်ရှိရဦသို့ တမင်တကာ တစ်ချက်လှမ်းကြည့်သည်။
တစ်ချိန်က မြေအဆင့်ထိပ်တန်းဆယ်ရောက်စားရင်းဝင်ဖြစ်ခဲ့သည့် ကြောက်စရာလူသားက ပြန်လည်နိုးထလာပြီလားမသိ။
"စည်းမျဉ်းအရ မင်းတို့လေးယောက် စင်ပေါ်မှာ တိုက်ခိုက်ရမယ်။ နောက်ဆုံးထိ ရပ်နိုင်တဲ့လူက အစေခံကိုယ်တော်အဖွဲ့ရဲ့ ပထမရတဲ့လူဖြစ်လာမယ်"
အစေခံအဖွဲ့တွင် ပထမရသူသည် ဆေးဂိုဒေါင်မှ ဆေးမြစ်များ ရွေးချယ်ခွင့်ရမည်။ ထိုထက်ပိုအရေးကြီးသည်က အဖွဲ့သားတစ်ယောက် သိုင်းကိုယ်တော်အဖွဲ့ထဲရောက်သည်နှင့် ထိုအဖွဲ့အတွက် ထောက်ပံ့မှုခွဲတမ်း များစွာတိုးလာမည်။
လုယန် ပျင်းပျင်းရိရိ အကြောတစ်ချက်ဆန့်လိုက်သည်။ ယခုထိ သူသင်ထားသည့် အရဟတ်လက်သီးကိုပင် ရှင်းတင်းအသုံးမပြုရသေး။ ကျန်နေသည့် ကိုယ်တော်သုံးယောက်ကိုရင်ဆိုင်ဖို့ သိပ်ပြဿနာမရှိလောက်။
"ဘယ်သူနိုင်မယ်ထင်လဲ"
"ငါတို့အနောက်ပိုင်းအဖွဲ့က အကိုတော်ရှင်းအန်းပဲနိုင်မှာပေါ့။ အရင်က အကိုရှင်းအန်းဟာ ဘာမှသိပ်မထူးခြားဘး။ ဒါပေမယ့် လွန်ခဲ့တဲ့တစ်နှစ်က သူ့ကျင့်စဉ်စွမ်းအား အံ့ဩလောက်အောင် ထိုးတက်လာတယ်။ သူအခု ချီသတ္တမအဆင့်ကို ရောက်နေပြီ"
"ဒါပေမယ့် ကျင့်စဉ်အဆင့်က ဘာကိုကိုယ်စားပြုနိုင်လို့လဲ။ နောက်ဆုံးကျရင် ငါတို့တောင်ပိုင်းအဖွဲ့က အကိုရှင်းချန်းပဲ နိုင်မှာပါ။ သူ့ကျင့်စဉ်ပါရမီက အရမ်းအားနည်းခဲ့တာ။ ငါတို့အဖွဲ့မှာ အမြဲတမ်း အော်ဆုံးအဆင့်ပဲရှိခဲ့တာ။
ဒါပေမယ့် တစ်နေ့တော့ မဝံ့မရဲဖြစ်နေခဲ့တဲ့ သူ့ပုံစံက ဝိညာဉ်သွေးကြောတစ်ခုပွင့်လာသလိုမျိုး နေ့ချင်းညချင်းပြောင်းလဲသွားတယ်။ ငါတို့အဖွဲ့က သူနဲ့မျိုးဆက်တူအားလုံးကို အနိုင်ယူပြီး အကိုကြီးနေရာကို ချက်ချင်းရောက်လာတယ်"
(**ဤနေရာမှ ရှင်းချန်းသည် တောင်ပိုင်းအဖွဲ့မှကိုယ်တော်ဖြစ်သည်။ အစောပိုင်းက တိုက်ခိုက်ခဲ့သည့် ရှင်းချန်သည့် ရှင်းတင်းလိုပင် အရှေ့ပိုင်းအဖွဲ့မှဖြစ်သည်)
"ငါတို့မြောက်ပိုင်းအဖွဲ့က အကိုရှင်းဖျင်ပဲနိုင်မှာပါ။ သူ့ရဲ့အသွင်မဲ့ရုပ်ခန္ဓာစွမ်းအား နိုးထလာပြီလို့ လူတိုင်းကပြောကြတယ်။ သူ့အဖွဲ့ထဲမှာ သူကပြိုင်ဘက်ကင်းပဲ။ သူ့ထက်ကျင့်စဉ်အဆင့်မြင့်တဲ့လူတွေကိုတောင် စိန်ခေါ်နိုင်တယ်။
အကိုရှင်းဖျင်က ပဥ္စမချီအဆင့်နဲ့ ဆဋ္ဌမချီအဆင့်ကလူကိုတောင် အနိုင်ယူခဲ့ဖူးတယ်။ သိုင်းကိုယ်တော်အဖွဲ့က သူ့ကိုခေါ်တာတောင် သူတိုက်ရိုက်မသွားဘူး။ ဒီပြိုင်ပွဲမှာ ပထမနေရာရအောင် ဝင်ပြိုင်ဖို့ဆုံးဖြတ်ခဲ့တာ"
လုယန် "..."
ဘာလို့ ဒီပြိုင်ဘက်သုံးယောက်က အရမ်းစွမ်းအားကြီးတဲ့ပုံမျိုး ပေါက်နေတာလဲ....
*********************************
အခန်း (၁၀၂၉) တို့ဟူးအရှင်၏ ထောက်ပံ့မှု
လုယန် သူ့ရွှေလက်ညှိုးကို မေးဖို့ဆုံးဖြ်လိုက်သည်။
"ဟိုပေါ်ကလူသုံးယောက်က ဘယ်လိုအခြေအနေလဲဆိုတာ စစ်ဆေးပေးပါဦးနတ်မယ်"
လုယန် ဝိညာဉ်အာရုံဖြန်မကြည့်ရဲ။ ထိုသုံးယောက်နောက်တွင် စွမ်းအားမြင့်သူများရှိနေမည်စိုးသည်။
"အင်း...ငါကြည့်လိုက်ဦးမယ်။..အဲ ဟုတ်ပြီ"
"ဘယ်လိုလြ'
"တစ်ယောက်က သူ့ကျောက်စိမ်းတံဆိပ်ထဲမှာ ကျင့်ကြံသူတစ်ယောက်ပုန်းနေတယ်။ နောက်တစ်ယောက်ရဲ့ သံလိုက်အိမ်မြှောင်ထဲမှာလည်း ကျင့်ကြံသူတစ်ယောက်ပုန်းနေတယ်။ နောက်တစ်ယောက်ကျတော့ ခန္ဓာကိုယ်ထဲမှာ ကျင့်ကြံသူတစ်ယောက် ပုန်းနေတယ်။
ဒါက အနောက်ပိုင်းမိုးပျံဘုံကျောင်းရဲ့ ရိုးရာဓလေ့မျလားလား။ ငါတို့လည်း သူတို့ဓလေ့အတိုင်း လိုက်လုပ်ကြမလား"
"နတ်မယ်...မိုးပျံဘုံကျောင်းက ဒီလိုဓလေ့မျိုးတော့ ရှိမယ်မထင်ပါဘူး"
လုယန်တွေးသည်။ မိုးပျံဘုံကျောင်းသည့် ထိုအစေခံကိုယ်တော်များကို တကယ်အလေးထားဟန်ရှိသည်။ သုံးယောက်လုံးက ထူးခြားပုံရသည်။
တောင်ပိုင်း အနောက်ပိုင်း မြောက်ပိုင်း ကိုယ်တော်သုံးယောက်လုံး ကိုယ့်ကိုယ်ကို စွမ်းအားအကြီးဆုံးဟု ယုံကြည်ထားသည်။ ထို့ကြောင့် တစ်ယောက်ချင်းသာ တိုက်ခိုက်ဖို့ ရွေးချယ်ကြသည်။
ရှင်းတင်းက ကျင့်စဉ်အနိမ့်ဆုံးဖြစ်၍ ဘယ်သူမှ သူ့ကိုအရေးမစိုက်ကြ။ ဗုဒ္ဓပုတီးက စွမ်းအားဘယ်လောက်ထုတ်နိုင်မည်နည်း။ သူတို့၏'ဝှက်ဖဲ'များကို ယှဉ်နိုင်မည်လော...
"သောကမဲ့ခြေလှမ်း"
"ဗောဓိတံဆိပ်လက်သီး"
"အသွင်မဲ့ကောင်းကင်စွမ်းအား"
ကိုယ်ပိုင်အားသာချက်များလည်း ရှိကြသည်။ သူတို့သုံးသည့် သိုင်းပညာက ရိုးရိုးဗောဓိလက်သီးမဟုတ်။ တိုက်ပွဲတွင် အရှုံးအနိုင်ဆုံးဖြတ်ဖို့ခက်သည်။
ဗောဓိတံဆိပ်လက်သီးနှင့် အသွင်မဲ့ကောင်းကင်စွမ်းအားက ကြမ်းတမ်းသည်။ စွမ်းအားကြီးသည်။ သောကမဲ့ခြေလှမ်းပညာက တိုက်ခိုက်မှုအများစုကို ရှောင်တိမ်းသည်။
ရှင်းတင်း၏ ပြိုင်ဘက်က တောင်ပိုင်းအဖွဲ့မှ ရှင်းချန်းဖြစ်သည်။ ဗောဓိတံဆိပ်လက်သီးနှင့် ရင်ဆိုင်ရသဖြင့် ရှင်းတင်း မပေါ့်ဆရဲ။ ညာလက်ကို ပုတီးစွပ်၍ အရဟတ်လက်သီးကို ချက်ချင်းထုတ်သုံးသည်။
လက်သီးချင်းရင်ဆိုင်တွေ့သည်။ နှစ်ယောက်လုံး နောက်သို့ခြေလေးငါးလှမ်းစီ ဆုတ်သွားပြီးမှ ကိုယ်ရှိန်သပ်နိုင်ကြသည်။ ရှင်းချန်းက ရှင်းတင်းထက် ခြေသုံးလှမ်းပိုဆုတ်ရသည်။
လူအုပ်ကြီး အံ့အားသင့်သွားသည်။ ကျင့်စဉ်အဆင့်သာသည့် ရှင်းချန်းက တိုက်ပွဲတွင် နောက်ကောက်ကြနေသည်။
"ဒါက အရဟတ်လက်သီးပဲ"
ပြိုင်ပွဲကြီးကြပ်နေသည့် သိုင်းကိုယ်တော် တအံ့တဩထရပ်လာသည်။ မယုံနိုင်အောင်ဖြစ်သွားသည်။ သိုင်ကိုယ်တော်အဖွဲ့ခေါင်းဆောင်နှင့် မိုးပျံဘုံကျောင်းအကြီးအကဲများ ထိုလက်သီးသိုင်းကစားသည်ကို ကံကောင်းထောက်မ၍ သူမြင်ဖူးခဲ့သည်။
ဗုဒ္ဓလမ်းစဉ်၏ နာမည်ကျော်အရဟတ်လက်သီးဖြစ်သည်။ သူ့လိုသာမန်ကိုယ်တော်တစ်ပါး သင်ယူခွင့်ပင်မရ။
"သူ့ကို အကိုကျိယွမ် သင်ထားတာလား"
ဤနေရာတွင် ရှင်းတင်းကို လက်သီးသိုင်းသင်ပေးသူ ရှိသည်ဆိုလျှင် တစ်ချိန်ကပါရမီရှင်ဟောင်း ကျိယွမ်သာဖြစ်လိမ့်မည်။
သူသိသလောက် ကျိယွမ်သည် အရဟတ်လက်သီးပညာသင်ဖို့ အရည်အချင်းသတ်မှတ်ချက် မီသူမဟုတ်။
အကြီးအကဲများသာ ထိုကိစ္စသိသွားလျှင် အနိမ့်ဆုံးပြစ်ဒဏ်သည် မိုးပျံဘုံကျောင်းမှ ထုတ်ပယ်ခံရခြင်းဖြစ်မည်။ အပြင်းထန်ဆုံးပြစ်ဒဏ်က ကျင့်စဉ်စွမ်းအားဖျက်ဆီးခံရခြင်းဖြစ်မည်။
ကျိယွမ် တည်ငြိမ်စွာခေါင်းခါသည်။ ရှင်းတင်း အရဟတ်လက်သီးပညာ ဘယ်ကသင်သည်ကို သူစုံစမ်းပြီးဖြစ်သည်။
"ကျမ်းစာတိုက်ထဲမှာ အရဟတ်လက်သီးကျမ်းအပြည့်အစုံကို သူတွေ့ခဲ့တာပါ။ ကျုပ်တောင် ဒီပညာရဲ့ပထမတစ်ပိုင်းပဲ ရခဲ့တာ။ သူက ကျင့်စဉ်ပညာအပြည့်အစုံတွေ့ခဲ့တာပါ"
ထိုအချက်ကိုစဉ်းစားကြည့်ရုံဖြင့် ရှင်းတင်းကို သင်ပေးခဲ့သူမှာ ကျိယွမ်မဟုတ်နိုင်ကြောင်း ထင်ရှားနေသည်။
"ကျမ်းစာတိုက်မှာတွေ့တာလား။ ဒီကောင်လေး တကယ်ကံကောင်းတာပဲ"
တာဝန်ခံသိုင်းကိုယ်တော် ရှင်းတင်းကို အားကျမိသည်။ အရဟတ်လက်သီးပညာကို ကူးဖြတ်ခြင်းအဆင့်များပင် သုံးနိုင်ကြသည်မဟုတ်။ နာမည်ကျော်ဗုဒ္ဓလက်သီးပညာကို လိုချင်သူများ အပြင်လောကတွင် မရေမတွက်နိုင်အောင်ရှိသည်။
အရဟတ်လက်သီးအကြောင်း လုယန်သိသည်။ ထိုနည်းတူ တစ်ခြားလူများလည်းသိသည်။ ထို့ကြောင့် ထိုပညာကိုရှားပါးပညာဟု သူမထင်ခဲ့။ သူ့အဆင့်အတန်းက မြင့်မားလွန်းသည်။ သာမန်ဝိညာဉ်ပြောင်းကျင့်ကြူံများအတွက် အရဟတ်လက်သီးသည် လက်လှမ်းမမီသည့်ပညာဖြစ်သည်။
"ကျမ်းစာတိုက်မှာ ဝါဇရလက်ဝါး၊ နဂါးချုပ်ကျားနှိမ်ကျမ်း၊ သရီပုတ္တရကျမ်းတွေလည်း ရှိတယ်လို့ကြားဖူးတယ်။ ဘယ်သူမှတော့ မတွေ့ဖူးဘူး"
သိုင်းကိုယ်တော်က လိုချင်တောင့်တသည့်လေသံဖြင့်ပြောသည်။
ရှင်းတင်းနှင့်ရှင်းချန်းတို့ အပြင်းအထန်တိုက်ခိုက်ကြသည်။ ရှင်းချန်းက မှော်ရတနာများသုံးသည့်တိုင် ရှင်းတင်းကို အနိုင်မပိုင်းနိုင်သေး။ သူတဖြေးဖြေးစိုးရိမ်ပူပန်လာသည်။ နဖူးတွင်ချွေးစေးများ ထွက်လာသည်။
တစ်ချီတည်းပွဲသိမ်း၍ အောင်ပွဲခံဖို့ စိတ်ကူးယဉ်ခဲ့သည်။ သို့သော်ယခု သူ့ထက်ကျင့်စဉ်အဆင်နိမ့်သူတစ်ယောက်ကိုပင် မယှဉ်နိုင်။
"အသုံးမကျတဲ့ကောင်၊ ငါ့ကိုလွှဲပေးစမ်း"
ဩဇာရိပ်ပြင်းသည့်စကားသံ ရှင်းချန်း၏စိတ်အာရုံတွင် ဟိန်းထွက်သွားသည်။ ခန္ဓာကိုယ်ကို ထိန်းချုပ်မှုလွတ်သွားသည်။
ရှင်းချန်း၏တိုက်ခိုက်ပုံ ရုတ်တရက် ပြောင်းသွားသည်။ ဖရိုဖရဲဖြစ်နေခဲ့သည့် ဗောဓိတံဆိပ်လက်သီးချက်များက ရုတ်တရက် ပြင်းထန်လာသည်။ ကြမ်းတမ်းလာသည်။ လက်သီးချက်တိုင်း ဦးခေါင်းရိုးကို ခွဲခြေနိုင်သည့် စွမ်းအားမျိုးပါလာသည်။
ဝင်ပူးကပ်လာသည့်ဝိညာဉ်က အရဟတ်လက်သီးပညာကိုမြင်ရသဖြင့် ဝမ်းသာနေသည်။ ထိုလက်သီးပညာကိုလိုချင်၍ အစေခံကိုယ်တော်တစ်ယောက်အသွင် ရုပ်ဖျက်ပြီး မိုးပျံဘုံကျောင်းသို့ သူခိုးဝင်ခဲ့ခြင်းဖြစ်သည်။ အချိန်အတော်ကြာအောင် ခိုနေမည်ဟု သူတွေးခဲ့သည်။ သိုသော် အရဟတ်လက်သီးပညာက သူ့ရှေ့တွင်မြင်နေရပြီဖြစ်သည်။
အခြေအနေကို လုယန်ချက်ချင်းသဘောပေါက်လိုက်သည်။
"ဪ...မင်းတစ်ယောက်ပဲ နေရာလဲနိုင်တယ်လို့ ထင်နေတယ်ပေါ့။ နောက်ပိုင်းမျိုးဆက်တွေက စည်းမျဉ်းတွေကို မလေးစားတတ်ကြဘူးပဲ။ ကိုယ်တော်လေး၊ ငါအရှင် မင်းကိုယ်စားတိုက်ခိုက်မယ်"
လေ့ကျင့်မှုရှိမှ ပြည့်စုံသည်။ ပူးကပ်ရာတွင် အတွေ့အကြုံများစွာရှိသည့် တို့ဟူးအရှင်က ရှင်းတင်းခန္ဓာကိုယ်ကို ချက်ချင်းလွှဲယူလိုက်သည်။
"အရဟတ်လက်သီးတဲ့ကွ"
လုယန်ရှ့သို့တက်သွားပြီး အရဟတ်လက်သီးသိုင်းကွက် ခင်းသည်။ ခုနကပုံစံနှင့် လုံးဝကွဲထွက်သွားသည်။ ဗုဒ္ဓကျမ်းရွတ်သံများ သူ့ကိုယ်ထဲမှ ပဲ့တင်ထပ်၍ ထွက်လာသည်။
အရဟတ်လက်သီးပညာကြောင့် သူ့သရုပ်မှန်ပေါ်သွားမည်ကို သူမစိုးရိမ်။ မိုးပျံဘုံကျောင်းမှလူအားလုံး ဗုဒ္ဓကိုယ်တော်များဖြစ်၍ ဆံပင်ကျွတ်မည့်ကိစ္စ စိုးရိမ်စရာမရှိ။
လုယန် 'ရှင်းချန်း'၏ဝမ်းဗိုက်ကို လက်သီးတစ်ချက်ထိုးလိုက်သည်။ ရှင်းချန်း၏မျက်လုံးများ ပေါက်ကွဲမတတ် ပြူးထွက်လာသည်။
ဘာကြောင့် သူ့ပြိုင်ဘက်၏ကိုယ်ထဲတွင်လည်း ပုန်းကွယ်နေသူတစ်ယောက် ရှိနေရသနည်း။
တိုက်ခိုက်စွမ်းအားက ကြောက်စရာကောင်းလွန်းသည်။
လုယန်ဝင်လာပြီးနောက် အခြေအနေက တစ်ဘက်သတ်ဖြစ်သွားသည်။ ရှင်းချန်း လုံးဝခုခံနိုင်စွမ်းမရှိ။
ရှင်းအန်းနှင့် ရှင်းဖျင်တို့ကိုယ်ထဲတွင် ပုန်းကွယ်သေည့်ဝိညာဉ်များလည်း ထိုမြင်ကွင်းကိုမြင်ကြသည်။ လုယန်အခြေအနေကို ခန့်မှန်းမိကြသည်။
ထိုသို့ဆိုလျှင် သူတို့လည်း ပုန်းနေဖို့မလိုတော့။ ခန္ဓာကိုယ်လွှဲယူ၍ တိုက်ခိုက်ရမည်။
စွမ်းာအးမြင့်ဝိညာဉ်နှစ်ခုက ရှင်းအန်းနှင့်ရှင်းဖျင်ခန္ဓာကိုယ်ကို လွှဲယူပြီး လုယန်နှင့် ရှင်းချန်းဆီ ပြေးတက်လာသည်။
အစက နှစ်ယောက်ချင်းရှုံးထွက်ပြိုင်ပွဲဖြစ်သည်။ ယခု စုပေါင်းတိုက်ပွဲဖြစ်လာသည်။ လေးယောက်လုံးက စွမ်းအားကြီးသော်လည်း လက်ရှိတွင် ချီအဆင့်ခန္ဓာကိုယ်ထဲတွင်ရှိနေသဖြင့် သူတို့ပညာရပ်များကို အပြည့်အဝ အသုံးမချနိုင်ကြ။
ထို့ပြင် သိုင်းကိုယ်တော်အဖွဲ့မှ စောင့်ကြည့်နေသူများရှိသည်။ ထိုလူများ အာရုံမခံမိအောင် ဂရုစိုက်ရသည်။
"ဒီအတိုင်းတော့မဖြစ်ဘူး"
လုယန် အံတင်းတင်းကြိတ်၍ ရေရွတ်လိုက်ည်။ ထိုသုံးယောက်ကို သူမကြောက် ဆက်တိုက်ခိုက်လျှင် သူ့ဘက်ကပိုအလေးသာသည်။ သို့သော် ပြဿနာက ရှင်းတင်းသည့် ချီဆဋ္ဌမအဆင့်သာဖြစ်ည်။
ဝင်ပူးကပ်သည့်ဒဏ်ကို ကြာကြာခံနိုင်ရည်ရှိမည်မဟုတ်။
"အားလုံး ဝင်ကြစမ်း"
ရှင်းတင်းခန္ဓာကိုယ်ကို သူဆက်မထိန်းချုပ်တော့။ ချင်ဖုန်းဓားကမ္ဘာငယ်ထဲသို့ ပြန်ဝင်သည်။ ကမ္ဘာငယ်ကိုဖွင့်ပြီး တစ်ခြားစွမ်းအားကြီးဝိညာဉ်သုံးခုကို စုပ်ယူလိုက်သည်။
ထိုဝိညာဉ်သုံးခုသည် သူတို့ကိုယ်သူတို့ စွမ်းအားအကြီးဆုံးဟု ယုံကြည်ထားသည်။ လုယန်ဘယ်လိုပညာထုတ်သုံးသုံး ရင်ဆိုင်ဖို့မကြောက်ကြ။ ကမ္ဘာငယ်ထဲသို့ အလိုက်သင့်ဝင်သွားသည်။
ပြဿနာကို သူတို့ဘာသာဖြေရှင်းသည်က ပိုကောင်းည်။
ကမ္ဘာငယ်ထဲဝင်လာသည့် လူသုံးယောက်၏ သွင်ပြင်အစစ်ကို လုယန်မြင်ရသည်။
အဘိုးကြီးတစ်ယောက်၊ သက်လတ်ပိုင်းတစ်ယောက်၊ လူငယ်တစ်ယောက်။
"တကယ် အံ့ဩစရာပဲ။ ငါတစ်ယောက်ပဲ ဒီလိုနည်းနဲ့ ဘုံကျောင်းထဲခိုးဝင်ခဲ့တယ်လို့ ထင်ခဲ့တာ။ အခုတော့ ငါ့လိုလူ သုံးယောက်တောင်ရှိနေတာပဲ"
ရှင်းချန်း၏ ကျောက်စိမ်းတံဆိပ်ထဲ ပုန်းနေခဲ့သည့် အဘိုးအိုကပြောသည်။
"ငါ့နာမည်ကို မိုရှောင်ချွေ့လို့ သိကြတယ်။ ဝိညာဉ်ပြောင်း အလတ်တန်းဆင့်ပါ။ မင်းတို့ ငါ့နာမည်ကို ကြားဖူးကြမလားမသိဘူး"
အဖြစ်မှန်ကို မိုရှောင်ချွေ့ နားလည်သွားသည်။ ရှင်းတင်းကက အရဟတ်လက်သီးပညာကိူ တတ်နေသည်မှ ကျမ်းစာတိုက်တွင် ကျင့်စဉ်ကျမ်းတွေ့ခဲ့ခြင်း မဖြစ်နိုင်။ ဤနောက်ကွယ်မှလူက သင်ပေးခဲ့ခြင်းဖြစ်မည်။
လုယန်ကို သူလှမ်းကြည့်နေသည်။
"မင်းငါ့ကို အရဟတ်လက်သီးပညာတစ်ချို့ သင်ပေးနိုင်မလား။ အဖိုးအခကိုတော့ ညှိနှိုင်း...မင်း...မင်းက လုယန်ပဲ"
ခုနက လုယန်မျက်နာသွင်ပြင်ကို သိပ်အာရုံမစိုက်ခဲ့မိ။ ယခုမှ သေချာကြည့်မိသည်။
နာမည်ကျော် ပါရမီရှင်လု။ မကောင်းသူပယ်၍ ကောင်းသူကယ်တင်သူ။
သူဘာကြောင့် ဤနေရာသို့ရောက်နေသည်မသိ...
"မိတ်ဆွေမိုက မိုးပျံဘုံကျောင်းကို အရဟတ်လက်သီးပညာသင်ချင်လို့ ခိုးဝင်လာတဲ့ပုံပဲ"
လုယန် မပွင့်တပွင့်ပြုံး၍ပြောသည်။ သူခိုးကူဖမ်းပေးတော့မည်ဟန်ဖြင့် မွေခံဓားကို ဆွဲထုတ်လိုက်သည်။
ဆိုးဝါးလှသည့် ကံကြမ္မာကို မိုရှောင်ချွေ့ ကျိန်ဆဲမိသည်။ ဝိညာဉ်ပြောင်းအဆင့်တူချင်းဖြစ်၍ လုယန်ကို သူလုံးဝယှဉ်နိုင်မည်မဟုတ်။
"ဟေ့၊ ငါတို့သုံးယောက်ပေါင်းပြီး သူ့ကိုအနိုင်ယူကြမလား"
တစ်ခြားရွေးစရာမရှိတော့သဖြင့် မိုရှောင်ချွေ့ တစ်ခြားနှစ်ယောက်ကို လှမ်းပြောသည်။
ရှင်းဖျင်ခန္ဓာကိုယ်တွင် ပုန်းနေခဲ့သည့်လူငယ်က သူ့စကားကို အရေးမစိုက်။
"ပါရမီရှင်လုတဲ့လား။ သူက နာမည်မြန်မြန်ကြီးအောင် လုပ်ချင်နေတဲ့ လူငယ်မျိုဆက်လေးတစ်ယောက်ထက်မပိုပါဘူး"
ရှင်းချန်း၏ သံလိုက်အိမ်မြှောင်ထဲတွင် ပုန်းနေသည့် သက်လတ်ပိုင်းလူက အေးစက်စက်ပြောသည်။
"မင်းက တာအိုလမ်းစဉ်ဂိုဏ်းက လေ့ကျင့်ပေးထားတဲ့လူဆိုတော့ ရတနာကောင်းတွေ အများကြီးရှိမှာပဲ။ မင်းအသက်ကိုရော ရတရာတွေကိုရော ဒီနေရာမှာချန်ထားခဲ့ရင် အကောင်းဆုံးဖြစ်မယ်"
သူ့စကားဆုံးသည်နှင့် စုစည်းခြင်းအခြေခံအဆင့်စွမ်းအင်ရောင်များ ထိုးထွက်လာသည်။ မိုရှောင်ချွေ့ ချက်ချင်းဒူးထောက်ကျသွားသည်။
"စုစည်းခြင်းအခြေခံအဆင့် ဝိညာဉ်ကများ ဒီလောက်မောက်မာရဲတယ်ပေါ့"
လုယန် နှာခေါင်းတစ်ချက်ရှုံ့သည်။ သုံးယောက်လုံးက ဝိညာဉ်ခန္ဓာသာရှိကြသည်။ ကျင့်စဉ်စွမ်းအား တစ်ဝက်လျော့နေသည်။ သူက ဝိညာဉ်နှင့်ခန္ဓာ အပြည့်အဝရှိသည်။ ထိုသက်လတ်ပိုင်းလူကို လုံးဝမကြောက်။
ထို့ပြင် သူ့ကိုယ်ပိုင်ဝိညာဉ်စွမ်းအားက စုစည်းခြင်းအလတ်တန်းဆင့်နှင့ တန်းတူရှိသည်။
သူ့အမူအရာကိုကြည့်၍ သက်လတ်ပိုင်းလူက လှောင်ရယ်သည်။
"ကိုယ့်ကိုယ်ကို အတော်အထင်ကြီးတဲ့ကောင်ပဲ။ ဒီနေ့ စုစည်းခြင်းအဆင့်နဲ့ ဝိညာဉ်ပြောင်းအဆင့်ကြားက ကွာခြားချက်ကို မင်းသိစေရမယ်။
ဒီနေရာမှာ ငါစည်းမျဉ်းသတ်မှတ်တယ်..."
"မသေမျိုးသတ်ဓားစက်ဝန်း"
လုယန်က မွေခံဓားနှင့် ခုနစ်စင်ကြယ်ဓားစုကို ချက်ချင်းထုတ်လွှတ်၍ မသေမျိုးသတ်ဓားစက်ဝန်း ဖန်တီးသည်။ ဓားရှစ်လက်က သက်လတ်ပိုင်းလူ၏ ဦးခေါင်းအထက်သို့ ရောက်လာသည်။
သတ်လတ်ပိုင်းလူ စကားဆုံးအောင်မပြောနိုင်မီ ဖိအားတစ်ခု ရုတ်တရက် ကျလာသည်။ တောင်တန်းတစ်သောင်းဖြင့် ဖိနှိပ်ခံရသလိူရှိသည်။ ချက်ချင်းဒူးထောက်ကျသွားသည်။
လုယန်က မွေခံဓားကို ရသာသုံးမျိုးမီးတောက် ရွှေငှက်မီးတောက်တို့နှင့် ပေါင်းစပ်သည်။ ရွှေငှက်မီးတောက်သည် သန့်စင်သည့် ယန်စွမ်းအားရှိသည်။ ဝိညာဉ်များအတွက် ကျိန်စာဖြစ်သည်။
ထို့ပြင် လုယန်၏ ဝိညာဉ်ခန္ဓာက ထိုလူကို လွှမ်းမိုးနိုင်လောက်အောင် စွမ်းအားကြီးသည်။
လုယန် ဓားမသေမျိုးတစ်ယောက်လို ဖြစ်လာသည်။ သူ့ဓားအလင်းက အေးစိမ့်နေသည်။ သူကိုင်သည့်ဓားတိုင်း ဓားချီများပြည့်နေသည်။ သက်လတ်ပိုင်းလူ လိပ်ပြာလွင့်မတတ်ကြောက်သွားသည်။ စည်းမျဉ်းသတ်မှတ်ချိန်မရလိုက်တော့။
"ဖျောက်"
မွေခံဓားက သက်လတ်ပိုင်းလူ၏ ဦးခေါင်းကိုထိုးဖောက်သွားသည်။ ဝိညာဉ်ခန္ဓာကိုတစ်ပါတည်းသယ်သွားပြီး ကျောက်ဆောင်တစ်ခုထဲသို့ စိုက်ဝင်သွားသည်။
"ကိုယ့်ထက်ကျင့်စဉ်အဆင့်မြင့်တဲ့လူကို တိုက်ခိုက်နိုင်တယ်ပေါ့။ ဟား...စိတ်ဝင်စားစရာကောင်းတဲ့ မျိုးဆက်သစ်တစ်ယောက်ပဲ"
တစ်ချိန်လုံးအသံတိတ်နေခဲ့သည့်လူငယ်က ပေါ့ပေါ့ပါးပါးလက်ခုပ်တီး၍ စကားစပြောလာသည်။ သူ့မျက်လုံးတွင် လုယန်ကို သဘောကျသည့်အရိပ်မျိုး ပေါ်လာသည်။
"ထူးဆန်းတဲ့ဓားစက်ဝန်း၊ ဒဏ္ဍာရီ မွေခံဓား။ ပြီးတော့ ဒီကမ္ဘာငယ်။ ငါ့မှာတောင် ဒီလိုပစ္စည်းကောင်းတွေမရှိဘူး"
လူငယ်မျက်လုံးတွင် လောဘရိပ်သန်းလာသည်။ လုယန်၏ပိုင်ဆိုင်မှုတန်ဖိုးက မိုးပျံဘုံကျောင်းမှ သူရယူဖို့မှန်းထားသည့် အတိုင်းအတာထက် များစွာသာလွန်နေသည်။
"ရတနာဆိုတာ ပိုင်သင့်တဲ့လူပဲ ပိုင်ရတာ။ ဒါတွေအားလုံးကို ငါပဲပိုင်သင့်တယ်"
သူကြေညာလိုက်သည်။ သူ့စွမ်းအင်ရောင်ကို ထိန်းချုပ်မထားတော့။ ကူးဖြတ်ခြင်းအခြေခံအဆင့်စွမ်းအားကို ထုတ်လွှတ်သည်။ မမြင်နိုင်သည့်ဖိအားတစ်ခု သူ့ဆီမှလွင့်ပျံလာသည်။ နေရာစုံသို့ ချက်ချင်းပျံ့နှံ့သွားသည်။
ဝိညာဉ်ခန္ဓာတစ်ခုလုံး ကြေမွသွားသလို မိုရှောင်ချွေ့ ခံစားရသည်။ တစ်စစီပြန့်ကျဲပျက်စီးတော့မတတ်ဖြစ်နေသည်။
"ကူးဖြတ်ခြင်းအခြေခံအဆင့်လား။ အင်း...ဒါကိုတော့ ငါဘယ်နိုင်မလဲ"
လူငယ်၏ ကျင့်စဉ်စွမ်းအားကို ခံစားမိသဖြင့် လုယန် အရှုံးပေးသည့်အပြုံးမျိုး ပြုံးလိုက်သည်။ မွေခံဓားနှင့်ခုနစ်စဉ်ကြယ်ဓားများကို အေးအေးလူလူပြန်သိမ်းသည်။
"နတ်မယ်၊ ဒီတစ်ခါ ခင်ဗျားအလှည့်ပဲ"
**********************************