အခန်း (၁၀၃၀-၁၀၃၂)
Vol. 69 Ch. 1030-1032
အခန်း (၁၀၃၀) အံ့မခန်းစွမ်းရည်
လုယန်ကိုယ်ထဲမှ ပျော်ရွှင်သည့် သီးချင်းသံတစ်ခု လွင့်ပျံလာသည်။ အဝါနုရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက် စပ်ဖြီးဖြီးမျက်နှာဖြင့် ထွက်လာသည်။
မိန်းကလေးက ဝင့်ကြွားရိပ်အပြည့်ဖြင့် တစ်ပတ်လှည့်၍ ပျံသန်းသည်။
"ဟင်း..ဟင်း...နင်က ငါမသေမျိုးရဲ့အကူအညီ လိုနေပြီပေါ့"
"ဟုတ်ပါတယ် ဟုတ်ပါတယ်။ ကူညီပေးဖို့တောင်းဆိုပါတယ် နတ်မယ်"
"ကူညီရမှာပေါ့. နိုင်ငံတော်ရဲ့ သစ္စာရှိတဲ့ဝန်ကြီးတစ်ယောက်ကို ငါမသေမျိုး ကူညီစောင့်ရှောက်ပေးရမှာ ငါ့တာဝန်ပဲ"
"အရှင်မ အခုလိုကရုဏာထားတဲ့အတွက် ကျွန်ယုံလုယန် ကျေးဇူးတင်ပါတယ်'
အင်ပါယာနှင့်ဝန်ကြီး လေပေးဖြောင့်နေကြသည်။ သူတို့ပြောသည့်စကားအသုံးအနှုန်းများကို တစ်ခြားလူများ နားမလည်နိုင်။
ပညာရှိအင်ပါယာနှင့် ယုံကြည်ထိုက်သည့် လက်အောက်ခံတို့၏ စရိုက်သွင်ပြင် အပီအပြင်ထင်ဟပ်နေသည်။ ဘေးမှလူငယ်ကို လုံးဝအရေးမစိုက်ကြ။
သို့သော် လူငယ်လုံးဝဒေါသမထွက်နိုင်။ တိုက်ခိုက်လိုစိတ်ပင် ပေါ်မလာတော့။ သူ့စိတ်ဝိညာဉ်ထဲမှ အဆုံးစမဲ့အေးစိမ့်မှုကို ခံစားနေရသည်။
ထိုမိန်းကလေးပေါ်လာကတည်းက သူတမင်ထုတ်လွှတ်ထားသည့်စွမ်းအင်ဖိအားက တစ်စမကျန်ပျောက်ကွယ်သွားသည်။ သူနားလည်နိုင်စွမ်းထက် ကျော်လွန်နေသည့် အပြောင်းအလဲဖြစ်သည်
ဒီမိန်းကလေးက ဘယ်သူလဲ...
လူငယ်၏ အတွေးများ သိစိတ်အာရုံတွင် ပြေးလွှားနေသည်။ လက်ရှိအခြေအနေကို သုံးသပ်နေသည်။
ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်ဖြစ်မည်။...မဟုတ်သေး၊ ခုနက 'မသေမျိုး'ဆိုသည့်စကားလုံးကို သူကြားလိုက်သည်။ သူထိတ်လန့်တုန်လှုပ်လာသည်။ ထိုမိန်းကလေးသည် မသေမျိုးတစ်ဝက်များဖြစ်နေမလားမသိ။
ဘာကြောင့် လုယန်ကိုယ်ထဲတွင် နောက်ထပ်ဝိညာဉ်တစ်ခု ရှိနေသည်မသိ...
မိန်းကလေးက လူငယ်စိုက်ကြည့်နေသည်ကို သတိထားမိသဖြင့် မျက်မှောင်နည်းနည်းကျုံ့သွားသည်။ စိတ်အလိုမကျဟန်ဖြင့် နှုတ်ခမ်းစူလာသည်။
"ရှောင်ယန်ရဲ့ပစ္စည်းတွေကိုယူဖို့ နင်ယူခွင့်ရှိလို့လား။ သူက ငါ့လူလေ"
လူငယ် စိတ်ကိုတင်းလိုက်သည်။ ထိုမိန်းကလေးကို ပေါ့ပေါ့မတွေးရဲ။ လက်နှစ်ဘက်ဆုပ်၍ ယဉ်ယဉ်ကျေးကျေးပြောသည်။
"ကျုပ်နာမည် ချင်ယန်ပါ။ ဒီလူငယ်က ခင်ဗျားကာကွယ်မှုအောက်မှာရှိမှန်း ကျုပ်မသိခဲ့လို့ပါ။ တမင်ရန်စဖို့ မရည်ရွယ်ပါဘူး"
"မင်းက ကိုယ်တော်ချင်ယန်ပေါ့"
ကျောက်ဆောင်တွင် မွေခံဓားဖြင့် ထိုးစိုက်ခံထားရသည့် သက်လတ်ပိုင်းလူက တအံ့တဩလေသံဖြင့် လှမ်းမေးသည်။
"ခင်ဗျားက သခင်မိန်ယုလက်ချက်နဲ့ သေသွားပြီလို့ ပြောကြတယ်မဟုတ်လား"
မိန်ယု။ အနောက်မိုးပျံဘုံကျောင်း၏ ကျောင်းထိုင်ဖြစ်သည်။
"အရှင်ချင်ယန်လား"
ဗုဒ္ဓကျမ်းစာများတွင် အလေးထားဖော်ပြကြသည့် ထိုဘွဲ့နာမည်ကို လုယန်မှတ်မိနေသည်။ ဗုဒ္ဓကိုယ်တော်အဖြစ်မှ နတ်ဆိုးအဖြစ်ပြာင်းသွားသူ။ ဗုဒ္ဓနိုင်ငံ၏ မဟာနတ်ဆိုးဖြစ်လာသူ။
ဗုဒ္ဓနိုင်ငံတွင် ကလေးများငိုယိုနေလျှင် သူ့နာမည်ကိုပြော၍ ခြောက်လှန့်လေ့ရှိကြသည်။ သို့သော် မဟာရှားတွင် သူဒုက္ခပေးသည်ဟုတော့ လုယန်မကြားဖူး။
"နင်က ရန်စပြီးပြီပဲ။ ဒီတော့ နင်လည်းထွက်မသွားနဲ့"
ကိုယ်တော်ချင်ယန် ဘယ်လောက်ယဉ်ကျေးစွာပြောသည်ဖြစ်စေ လုယန်ပစ္စည်းများကို လုယူဖို့ကြိုးစားကတည်းက နတ်မယ် သူ့အပေါ်အမြင်မကြည်တော့။
သူ့စကားကြောင့် ချင်ယန် တုန်လှုပ်သွားသည်။ ရောက်လာတော့မည့် ကပ်ဆိုးကို သူခံစားမိသည်။
နတ်မယ်က ပုံမှန်လေသံဖြင့် ပြောခြင်းဖြစ်သည်။ သို့သော် အဆင့်မြင့်သူတစ်ယောက်က အဆင့်နိမ့်သူတစ်ယောက်ကို ရင်ဆိုင်ဖြေရှင်းရာတွင် ဘာမှအချိန်ကုန်ခံပြီး စိတ်ခံစားချက်ထားနေမည်မဟုတ်။
"မင်းငါ့ကိုရင်ဆိုင်ဖို့ ဒီလောက်လွယ်မယ်ထင်နေလားကွ"
ချင်ယန် ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူသည် ကူးဖြတ်ခြင်းအခြေခံအဆင့်ဖြစ်သည်။ လူတိုင်းလွယ်လွယ် အနိုင်ကျင့်နိုင်သူမဟုတ်။
ကူးဖြတ်ခြင်းအဆင့်ထိ ကျင့်ကြံနိုင်သူအားလုံး စွမ်းအားမြင့်ပုဂ္ဂိုလ်များဖြစ်သည်။ ဝှက်ဖဲတစ်ချို့တော့ လူတိုင်းရှိကြသည်။ မဖြစ်မနေလိုအပ်သည့် အခြေအနေမရောက်မချင်း ထိုဝှက်ဖဲများကို ထုတ်မသုံးကြ။
ချင်ယန်မျက်လုံးများ မှေးစင်းသွားသည်။ အမျိုးအမည်မသိ ဗုဒ္ဓမန္တာန်တစ်ခု ရွတ်ဆိုသည်။
"ယိုယွင်းပျက်စီးနေတဲ့ဒီလောကကြီးမှာ စကြာဝဠာကို ရေခဲဖုံးလွှမ်းပါစေ"
ရုတ်တရက် ငန်းမွှေးနှင့်တူသည့် နှင်းပွင့်များ ချင်ဖုန်းဓားကမ္ဘာငယ်တွင် ကျဆင်းလာသည်။ အပူချိန် ထိုးကျသွားသည်။ အပူအအေးကို အရေးမစိုက်ခဲ့သည့်လုယန်ပင် အေးစိမ့်မှုကို ခံစားလာရသည်။
ဝိညာဉ်သုံးပါးမီးတောက်နှင့် ရွှေငှက်မီးတောက်စွမ်းအားသုံး၍ ခုခံရည်။
ကမ္ဘာငယ်အပူချိန်က ကြောက်ခမန်းလိလိကျဆင်းနေသည်။ ခန္ဓာကိုယ်ထဲမှ ရေဓာတ်အားလုံး ခဲသွားတော့မလို လုယန်ခံစားနေရသည်။
"ဓမ္မဆုတ်ကပ်အဆုံးသတ်စွမ်းအား"
အရှင်ချန်ယန်၏ ကျမ်းစာရွတ်သံက နောက်တစ်ကြိမ် ပြောင်းလဲသွားသည်။ ပို၍အရှိန်မြင့်လာသည်။ သူ့မျက်လုံးတွင် သွေးဆာရူးသွပ်မှုများ ပြည့်နေသည်။
ကမ္ဘာငယ်ထဲမှ ဝိညာဉ်စွမ်းအင်များ လုံးဝအေးခဲသွားသည်။ သန့်စင်၍မရနိုင်တော့။ ဗုဒ္ဓကျမ်းစာများထဲတွင် ပြောကြသည့် ဓမ္မခေတ်အဆုံးသတ် ကာလမျိုးဖြစ်လာသည်။
ဓမ္မခေတ်အဆုံးတွင် ဝိညာဉ်စွမ်းအင်များကို အသုံးမချနိုင်။ ကျင့်ကြံသူများလည်း မကျင့်ကြံနိုင်တော့ဘဲ သေမျိုးများအဖြစ်သို့ အဆင့်လျှောသွားမည်။
"သရဲငါးကောင်ရွှေ့တဲ့ တောင်တန်း။ တပ်မှူးခြောက်ယောက် ထောက်ပံ့တဲ့ကောင်းကင်"
ချင်ယန် ကြီးမားသည့်သဏ္ဌာန် ဆယ့်တစ်ခုကို ဆင့်ခေါ်သည်။ မုန်ကျင်းကျိုး၏ ဓမ္မခန္ဓာအသွင်ထက်ပင် ပိုမြင့်မားသည်။
သက်လတ်ပိုင်းလူ အတော်စိတ်ပျက်သွားသည်။ ထိုပုံရိပ်များသည့် ကိုယ်တော်ချင်ယန်၏ နာမည်ကျော်ကျင့်စဉ်စွမ်းအား ဖြစ်သည်။
ထိုမြင်ကွင်းကိုမြင်သူတိုင်း ရှင်သန်နိုင်ခြေ မရှိသလောက်ရှားသည်။
သရဲငါးကောင် သယ်ယူလာတောင်တန်းများနှင့် တပ်မှူးခြောက်ယောက်ထောက်ပံသည့် ကောင်းကင်များသည် တကယ်ရှိသည်မဟုတ်။ လူသားတို့၏ ယုတ်ညံ့ဆိုးဝါးသည့် နာကျည်းဒေါသစိတ်များမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဆူညံနေသည့် ဒေါသထွက်နေသည့် ဝမ်းနည်းနာကျည်းနေသည့် ဝိညာည်အော်သံမျာ ထွက်လာသည်။
ထိုဝိညာဉ်စွမ်းအင်များ ဖုံးလွှမ်းခံရသူသည် အသက်ရှင်သန်နိုင်လျင်ပင် လုံးဝရူးသွပ်သွားလိမ့်မည်။
"မိန်ယုတောင် ဒီတိုက်ကွက်ကို ထိပ်တိုက်ရင်မဆိုင်ရဲဘူး။ မင်းလိုမသေမျိုးတစ်ဝက်မှာ ဘယ်လိုအစွမ်းတွေရှိသလဲ ကြည့်ရသေးတာပေါ့"
အရှင်ချင်ယန် လုံးဝမပေါ့ဆရဲ။ သူ့ဝှက်ဖဲပညာစွမ်းအားလုံး ထုတ်သုံးသည်။ ထိုမိန်းကလေး ထိခိုက်မှုမရှိဘဲတော့ နေမည်မဟုတ်။
နတ်မယ်က နှုတ်ခမ်းစူ၍ စိတ်မရှည်သည့်လေသံဖြင့် ပြောသည်။
"တကယ်ရှုပ်ရှက်ကိုခတ်နေတာပဲ။...အရဟတ်တာအိုလက်သီး"
နတ်မယ်က မသေမျိုးလက်သီးပညာတစ်ခု ထုတ်သုံးသည်။ သန့်စင်မှုစွမ်းအားပါသည့် အရဟတ်တာအိုလက်သီးတစ်ချက် ထွက်လာရုံဖြင့် ကမ္ဘာငယ်တစ်ခုလုံး အလင်းဖြာသွားသည်။ အသစ်ပြန်ဖြစ်တည်လာလို နွေဦးရာသီ ပြန်ရောက်လာသကဲ့သို့ရှိသည်။ ကမ္ဘာမြ နွေးထွေးလာသည်။ ပြန်ရှင်သန်လာသည်။
ဘာဓမ္မခေတ်အဆုံသတ်ကိုမှ အရေးမစိုက်။ မိုင်ပေါင်းများစွာ ဖြန့်ကျက်ထားသည့် အေးခဲစွမ်းအားများ တစ်စမကျန်ပျောက်သွားသည်။ အသက်ဓာတ်ပြည့်နေသည့် လေကသစ်တစ်ခု ဖြစ်ပေါ်လာသည်။
(**အရဟတ်တာအိုလက်သီးကို ဝတ္ထုအစပိုင်းတွင် ဘုန်းကြီးသစ်သီးလက်သီးဟု ဘာသာပြန်ခဲ့ပါသည်။ ဂိုဏ်းဝင်စအချိန် လီဟော်ရန် မီးတောင်ချောရည်ထဲတွင်စိမ်နေချိန်တွင် အော်ဟစ်နေရသဖြင့် အသံဝင်သွားသည်။
အကြီးအကဲကျိုးရှင်း၏သမီး ကျိုးလုလုက ထိုသစ်သီးကို လာပေးသည်။ ဒဏ်ရာကုသနိုင်သည့်ဆေးဟု လီဟော်ရန်ထင်ခဲ့သည်။ သို့သော် လည်ချောင်းနာသက်သာသည့်ဆေးဖြစ်နေသည်။)
"ဗောဓိရွက်လက်သီး"
နတ်မယ် နောက်ထပ်လက်သီးပညတစ်ခု ပြောင်းလိုက်သည်။ ဗောဓိသစ်ရွက်လက်သီးသည် ငြိမ်းချမ်းစွာအိပ်စက်နိုင်အောင် ကူညီနိုင်သည့်အစွမ်းရှိသည်။ သန့်စင်မှုစွမ်းအားလည်း ပြင်းထန်သည်။
နာကျည်းဒေါသစွမ်းအားဖြင့် ဖန်တီးထားသည့် တောင်တန်းများ ကောင်းကင်များကို သန့်စင်မှုစွမ်းအားက ဆေးကြောရှင်းလင်းလိုက်သည်။
"ဒါကဘယ်လိုလက်သီးပညာလဲ"
ချင်ယန် အကြီးအကျယ် အံ့အားသင့်သွားသည်။ အရဟတ်တာအိုလက်သီး။ ဗောဓိရွက်လက်သီး။ နာမည်များက ကြောင်တောင်တောင်နိုင်သည်။ သို့သော် အံ့ဩစရာကောင်းလောက်အောင် စွမ်းအားကြီးသည်။
"ကောင်းကင်မှာပျော်ဝင်မယ့် စွမ်းအား"
မနိုင်မှန်းသိသဖြင့် ချင်ယန် ပြတ်သားစွာဆုံးဖြတ်၍ ထွက်ပြေးနည်းမှော်ပညာတစ်ခု ထုတ်သုံးသည်။ မိန်ယုလက်ထဲမှ သူလွတ်မြောက်ခဲ့သည်မှာ ထိုပညာကြောင့်ဖြစ်သည်။
ပြိုင်ဘက်ကိုလှည့်စားဖို့ ကိုယ်ပွားပုံရိပ်တ်စခု ဖန်တီးနိုင်သည်။ မူလခန္ဓာကို မိုးမြေစွမ်းအင်တစ်ခုအဖြစ် အသွင်ပြောင်း၍ ခြေရာဖျောက်နိုင်သည်။ ဘယ်သူမှ ရှာနိုင်မည်မဟုတ်။
"ဒါကဘာလဲ။ ဒါကို ထွက်ပြေးတဲ့ပညာလို့ခေါ်တယ်ပေါ့။ အချိန်မသေမျိုးနဲ့ ယင်ထန်မသေမျိုးရဲ့ ထွက်ပြေးနည်းတွေကမှ ဒီထက်အများကြီးပိုကောင်းသေးတယ်"
နတ်မယ် လက်ချောင်းများကိုယှက်၍ လက်နှစ်ဘက်ဆုပ်လိုက်သည်။ လေထုထဲတွင် မီးခိုးငွေ့လိူ ပျောက်ကွယ်သွားပြီဟု ကိုယ့်ကိုယ်ကို ထင်နေသည့် အရှင်ချင်ယန် မူလအသွင်ပြန်ရောက်လာသည်။
"ဒါဘယ်လိုပညာမျိုးကြီးလဲ။ မင်းဘယ်သူလဲ"
ချင်ယန်မျက်လုံးတွင် စိတ်ပျက်အားငယ်ရိပ်များပြည့်နေသည်။ ထိုပြင်ဘက်သည် ကိုယ်တော်ချင်ယုနှင့် အဆင့်ကြီးတစ်ဆင့် ကွာခြားနေသည်။ မိန်ယု၏တိုက်ကွက်များကို သူနားလည်နိုင်သည်။
သို့သော် ထိုမိန်းကလေးသုံးသွားသည့် တိုက်ိခုက်နည်းများကို သူလုံးဝနားမလည်။
"နင်က ငါမသေမျိုးရဲ့နာမည်ကို သိဖိုမတန်ပါဘူး။...ငြိမ်နေစမ်း"
'ငြိမ်နေစမ်း'ဟု နတ်မယ်အော်လိုက်သဖြင့် ချင်ယန် လန့်ဖျတ်သွားသည်။ နာမည်ကျော် လေဟာနယ်ထိန်းချုပ်မှုပညာကို သုံးလိုက်ခြင်းလားမသိ။
သို့သော် ခန္ဓာကိုယ်ကို သူလှုပ်ရှားကြည့်သည်။ ထိန်းချုပ်မှုကို လုံးဝမခံစားရ။
နတ်မယ် မျက်နှာတင်းသွားသည်။
"နင်နည်းနည်းထပ်လှုပ်ရဲလှုပ်ကြည့်။ သေပြီသာမှတ်"
ချင်ယန် ထိတ်လန့်သွားသည်။ လုံးဝမလှုပ်ရဲတော့။
"ပြီးတော့ နင်တို့နှစ်ယောက်လည်း မလှုပ်နဲ့"
နတ်မယ်က မိုရှောင်ချွေ့နှင့် သက်လတ်ပိုင်းလူကိုလည်း 'လေဟာနယ်ထိန်းချုပ်ပညာ'ဖြင့် ချုပ်လိုက်သည်။ အတော်ထိရောက်လှသည်။
"ပြီးသွားပြီ"
လုယန် အမြန်ရှေ့တက်လာပြီး နတ်မယ်၏ အောင်ပွဲကိုအပြန်ခရီးကို ကြိုဆိုသည်။
"အရှင်မလှုပ်ရှားပြီဆိုရင် ဒီလိုအသေးအမွှားကောင်တွေ အောင်နိုင်ဖို့ ဘယ်အခွင့်အရေးရနိုင်မှာလဲ။ အရှင်မရဲ့ တိုက်ခိုက်စွမ်းရည်ဟာ သမိုင်းတလျှောက်ပြိုင်ဘက်ကင်းပါပေတယ်"
တကယ်ဉာဏ်ရည်ထက်မြက်ပြီး ဗျူဟာကျွမ်းကျင်တဲ့ လောကအံ့ဖွယ်ပုဂ္ဂိုလ်ထူးပါပဲ။ ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့တဲ့ ရှေးအင်ပါယာတွေအားလုံးထက် သာလွန်ပြီး နောက်မျိုးဆက်တွေအထိ အရှင်မရဲဂုဏ်သရေလွှမ်းမိုးနေပါလိမ့်မယ်"
လုယန် လက်ခုပ်တီး၍ အလေးအနက်ချီးကျူးသည်။
"ဒါပေါ့ ဒါပေါ့။ ငါမသေမျိုးက အံ့ဖွယ်လူသားပဲ"
အင်အားကြီးရန်သူကို အောင်နိုင်ခဲ့သည့်ဟန်ပန်ဖြင့် နတ်မယ်က လက်နှစ်ဘက်ခါးထောက်၍ ဝင့်ကြွားစွာပြုံးနေသည်။
**********************************
အခန်း (၁၀၃၁) အဆင့်မြင့်သူကို အနိုင်ယူခြင်း
"ခင်ဗျားတို့ဇာတ်လမ်းကို ကြားပါရစေဦး။ ဘာလို့ခင်ဗျားတို့က အစေခံကိုယ်တော်အဖွဲ့မှာ ဝင်ခိုနေကြတာလဲ"
လုယန် လက်နှစ်ဘက်နောက်ပစ်၍ ဝိညာဉ်သုံးခုရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်။ ရှိနေသည့်လူများထဲတွင် သူသည်ကျင့်စဉ်အနိမ့်ဆုံးဖြစ်သည်။ ဝိညာဉ်ပြောင်းအလတ်တန်းဆင့်သာရှိသည်။ ဝါစဉ်အရလည်းနိမ့်သည်။
သို့သ်ော ဝိညာဉ်ခန္ဓာသုံးယောက် သူ့ကို ထိတ်လန့်ကြောက်ရွံ့နေသည်။ ဘာကိုမှဖုံးကွယ်မထားရဲ။
"အမှန်အတိုင်းပြောစမ်း"
လုယန်နောက်တွင်ရပ်နေသည့်နတ်မယ်က ခပ်တင်းတင်းအော်ငေါက်သည်။
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ"
ဝိညာဉ်သုံးယောက်လုံး ပြိုင်တူအမြန်ပြန်ဖြေသည်။
"ကျုပ်က အရဟတ်လက်သီးပညာသင်ချင်လို့ လာခဲ့တာပါ"
မိုရှောင်ချွေ့က စပြောသည်။
"အမှန်အတိုင်းပြောပါ"
"အရဟတ်လက်းပညာကျမ်းကို ခိုးဖို့လာခဲ့တာပါ။ မိုးပျံဘုံကျောင်းက အစေခံကိုယ်တော်တွေအပေါ် သိပ်ပြီးစည်းကမ်းတင်းကြပ်မထားဘူး။ ခိုးဝင်ဖို့ အလွယ်ဆုံးလမ်းကြောင်းပဲ။
အစေခံကိုယ်တော်တစ်ယောက်ကို ဝင်ပူးကပ်ပီး တဖြေးဖြေးအဆင့်တက်သွားအောင်လုပ်ဖို့ စီစဉ်ခဲ့တယ်။ နောက်ဆုံးကျရင် အရဟတ်လက်သီးပညာနဲ့ ထိတွေ့ဖို့ အခွင့်အရေးရလာနိုင်တယ်လေ"
"ကျုပ်နာမည် တွမ်ချင်ရွှေ့ပါ"
စုစည်ခြင်းအခြေခံအဆင့် သက်လတ်ပိုင်းလူက ပြောသည်။ ဘုံကျောင်းသို့ခိုးဝင်လာသည့် ရည်ရွယ်ချက်က မိုရှောင်ချွေ့လိုပင် ကျင့်စဉ်ပညာများခိုးဖို့ဖြစ်သည်။ သို့သော် သူခိုးချသ်သည်ကျမ်းစာက ဘုံကျောင်း၏ မဟာကျမ်းစာသုံးပါးထဲမှာ 'မဟာသုတ္တန်ပေါင်းချပ်'ဖြစ်သည်။
"ခင်ဗျားရဲ့ရုပ်ခန္ဓာက ဘယ်မှာလ"
"အပြင်မှာ ဝှက်ထားပါတယ်"
"ဘာလို့ ဝိညာဉ်ကိုခွဲထုတ်ခဲ့တာလဲ"
ဝိညာဉ်ကို ခန္ဓာမှခွဲထုတ်သည့်အလုပ်သည် အန္တရာယ်များသည်။ တိုက်ခိုက်စွမ်းအားလည်း တစ်ဝက်လျော့သွားမည်။
"ကျုပ်ရဲ့ရုပ်ခန္ဓာကို ဘယ်သူမှအာရုံမခံမိဘဲ ခိုးဝင်နိုင်တဲ့ မှော်ရတနာမျိုးတွေမရှိဘူးလေ"
တွမ်ချင်ရွှေ့က စိတ်ပျက်လက်ပျက်ရှင်းပြသည်။ သူလည်း ထိုနည်းလမ်းမျိုးမသုံးချင်ခဲ့။ သို့သော် ရွေးစရာမရှိ။ ထိုမှော်ရတနမျိုးက အလွန်ရှားသည်။ လိုချင်လျှင်ပင် ဝယ်၍မရနိုင်။
ချင်ယန်အရှင်က ကိုယ်တော်မိန်ယုနှင့် အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ ဝိညာဉ်သာကျန်သည်။ 'မိုးမြေစွမ်းအင်ပြောင်း'ထွက်ပြေးပညာသုံးပြီးနောက်မှာပင် သူ့ဝိညာဉ် များစွာအထိနာခဲ့သည်။
ရွေးစရာမရှိတော့သဖြင့် မြောက်ပိုင်းအစေခံအဖွဲ့မှ ရှင်းဖျင်၏ခန္ဓာကိုယ်ကို ဝင်ပူးကပ်ခဲ့သည်။
ရှင်းဖျင်ကို လျှို့ဝှက်နည်းလမ်းတစ်ခုဖြင့် အသွင်မဲ့ရုပ်ခန္ဓာ ပိုင်ဆိုင်လာအောင် ကျင့်ကြံပေးသည်။ ထို့ကြောင့် သူပူးကပ်နေသည့်အဖြစ်ကိုလည်း ဘယ်သူမှအာရုံမခံနိုင်တော့။
ရှင်းဖျင်ကို ပိုအဆင့်မြင့်သည့်အဖွဲ့သို့ တက်နိုင်အောင်ကူညီရင်း သူ့စွမ်းအားများပြန်ရဖို့ကြိုးစားသည်။ မိန်ယုကို လက်စားချေသည့်အနေဖြင့် အခွင့်အရေးတစ်ခုစောင့်ပြီး မိုးပျံဘုံကျောင်းတွင် ပြဿနာရှာဖို့ တွေးခဲ့သည်။
"ဘုံကျောင်းအတွက် ပြဿနာကြီးတစ်ခု ငြိမ်းသွားတာပေါ့"
လုယန် တွေးသည်။ ကယ်၍ ချင်ယန်သာ ဆက်ပုန်းနိုင်ခဲ့လျှင် မိုးပျံဘုံကျောင်း အကြီးကျယ်ပြဿနာတက်အောင် တယ်လုပ်နိုင်လောက်သည်။
သို့သော် လုယန်အနေဖြင့် ထိုသုံးယောက်ကို ဖမ်းဆီးသည့်ကိစ္စသည် ဆုလာဘ်ကို မမျှော်ကိုးပဲ လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအသေးအဖွဲကိစ္စမျိုးကို မိုးပျံဘုံကျောင်းသို့ သတင်းပို့နေဖို့မလို။
"လောလောဆယ် ဒီသုံးယောက်ကို ဒီထဲမှာပဲ ထားတာပေါ့။ ဂိုဏ်းကိုပြန်ရောက်မှ အကျဉ်းထောင်တောင်ထိပ်ကိုပို့မယ်"
ထိုသုံးယောက်လုံး နတ်မယ်ကိုမြင်သွားပြီဖြစ်၍ ရွေစရာမရှိ။ နှုတ်ပိတ်လျှင်ပိတ်။ မဟုတ်လျှင် အကျဉ်းထောင်တောင်ထိပ်တွင် ချုပ်နှောင်ထားရမည်။
သူမိုးပျံဘုံကျောင်းသို့ရောက်ပြီး ဆယ့်ငါးရက်အတွင်း အကျဉ်းထောင်တောင်ထိပ်အတွက် လူသုံးယောက်ထပ်ဖမ်းမိခြင်းဖြစ်သည်။ ပြဿနာက တစ်ခုသာရှိသည်။ မိုရှောင်ချွေ့နှင့် တွမ်ချင်ရွှေ့တို့က ကျင့်စဉ်နိမ့်လွန်းနေသည်။
အထူးသဖြင့် မိုရှောင်ချွေ့။ အကျဉ်းထောင်တောင်ထိပ်တွင် ကျင့်စဉ်အနိမ့်ဆုံး အကျဉ်းသားဖြစ်ပေလိမ့်မည်။
"ကိစ္စမရှိပါဘူးလေ။ ငါးဖျင်းသလက် အကောင်ငယ်ပေမယ့် ငါးဟာငါးပါပဲ"
ကောင်းမှုပြုသည့်နေရာတွင် အရွယ်အစား မခွဲခြားသင့်ဟု လုယန်ယူဆသည်။
ထိုသုံးယောက်ကိစ္စကို ရှင်းပြီးနောက် ရှင်းတင်း၏ ပြိုက်ပွဲကို ဆက်ကြည့်သည်။
"ဘယ်လိုလဲကွာ။ ချီအဆင့်ခြောက်ဖြစ်တဲ့ ရှင်းတင်းက ချီအဆင့်ခုနစ်ရှင်းအန်းကို နိုင်ွားတယ်ပေါ့"
"ကိုယ့်ထက်အဆင့်မြင့်တဲ့လူကို စိန်ခေါ်နိုင်တာပဲ"
ဓားကမ္ဘာငယ်မှတိုက်ပွဲက အဆုံးသတ်ပြီးဖြစ်သည်။။ သိုင်းကိုယ်တ်ောအဖွဲ့ဝင်ရွေးပွဲကလည်း အဆုံးသတ်ချိန်နီးလာည်။ ဘယ်သူမှထင်မထားသည့် ရှင်းထင်းက အားလုံးမျှော်လင့်ထားကြသည့် ရှင်းအန်းကို အနိုင်ယူလိုက်သည်။
ချီအဆင့်ခြောက်ဖြင့် ချီအဆင့်ခုနစ်ကို အနိုင်ယူသည်မှာ ပေါ့သေးသေးမဟုတ်။ အလတ်တန်းကျင့်ကြံသူက ထိပ်တန်းကျင့်ကြံသူကို အနိုင်ယူခဲ့သည့်သဘောဖြစ်သည်။ ထိုအဖြစ်ကို အစေခံကိုယ်တော်များ မချီးကျူးပဲမနေနိုင်ကြ။
အထူးသဖြင့် အရှေ့ပိုင်းအစေခံကိုယ်တော်အဖွဲ့က အပျော်ဆုံးဖြစ်သည်။ သူတို့အောင်ပွဲမခံခဲ့ရသည်မှာ နှစ်ဘယ်လောက်ကြာပြီမသိ။ ယခုမှ တစ်ခြားသုံးဖွဲ့ရှေ့တွင် ခေါင်းမော့နိုင်သည်။
လုယန် စိတ်ပျက်လက်ပျက် နားထင်ကိုပွတ်လိုက်သည်။ ကမ္ဘာငယ် အတွင်းနှင့်အပြင် တိုက်ပွဲနှစ်ခု၏ခြားနားချက်က ကြီးမားလွန်းသည်။ ရုတ်တရက် အပြောင်းအလဲကြုံရသဖြင့် သူနည်းနည်းအသားမကျ။
"အကိုတော်ကျိယွမ်က တပည့်ကောင်းတစ်ယောက်ကို မွေးထုတ်နိုင်ခဲ့တာပဲ"
သိုင်းကိုယ်တော်အဖွဲ့မှ တစ်ယောက်က ကျိယွမ်ကို အဓိပ္ပါယ်ပါပါချီးကျူးသည်။ ရှင်းတင်းကို ကျိယွမ်သင်ပေးခဲ့ခြင်းသာဖြစ်မည်ဟု သူယုံကြည်သည်။
ဤနှစ်ပိုင်းများအတွင်း ကျိယွမ် တစ်ကိုယ်တည်းသီးခြားနေခဲ့သည်မှာ ဟန်ပြသာဖြစ်မည်။ အမှန်တော့ အမွေဆက်ခံသူတစ်ယောက်ကို လျှို့ဝှက်ပြုစုပျိုးထောင်နေခဲ့ခြင်းဖြစ်မည်။ ရှင်းတင်းသည် သက်သေပင်ဖြစ်သည်။
ယနေ့မှ ရှင်းတင်းပါရမီကိုသိရသည်။ နောင်တစ်ချိန် လူ-ကောင်းကင်-မြေ အဆင့်များဝင်ပြီး နာမည်ကျော်ပါရမီရှင်အဖြစ် စာရင်းသွင်းခံရနိုင်ခြေရှိသည်။
ကျိယွမ် ရှင်းမပြချင်တော့။ သူမသင်ခဲ့ပါဟုပြောလည်း တစ်ဘက်လူက ယုံမည်မဟုတ်။
"ဒါပေမယ့် သိုင်းကိုယ်တော်အဖွဲ့ကို ရောက်ပြီးရင် သူ့ကိုပစ်မှတ်ထားခံရတာမျိုး ဖြစ်လာနိုင်တယ်။ ဘာပဲပြောပြော အရင်က ဒီအဖွဲ့မျာ အကိုကျိနဲ့ မပြေလည်တဲ့လူတွေရှိခဲ့တယ်လေ"
သိုင်းကိုယ်တော်က သတိပေးည်။ သူနှင့်ကျိယွမ်က ဆက်ဆံရေး အဆင်ပြေသည်။ သို့သော် တစ်ခြားလူများကိုတော့ မပြောတတ်။
ကျိယွမ်မျက်လုံးများ တင်းမာခက်ထန်လာသည်။
"သူတို့လုပ်ရဲလို့လား။ ငါ့ကို သေပြီထင်နေကြတာလား"
"ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကျုပ်သူ့ကို အကောင်းဆုံးကြိုးစားပြီး ဂရုစိုက်ပါ့မယ်။ ဒါပေမယ့် ဒီထက်တော့ ကျုပ်ဘာမှအာမမခံနိုင်ဘူး"
သိုင်းကိုယ်တော်က ပြောသည်။
ကျိယွမ် စိတ်တည်ငြိမ်သွားသည်။ လက်အုပ်ချီ၍ ကျေးဇူးတင်စကားဆိုသည်။
"ဒါဆိုရင် ညီတော်ကိုပဲ အားကိုးပါတယ်"
...
"ရှင်းတင်းဟာ ဒီရွေးချယ်ပွဲရဲ့ နံပတ်တစ်ဖြစ်ကြောင်း ကြေညာပါတယ်"
သိုင်းကိုယ်တော်က အသံကျယ်ကျယ် ကြေညာလိုက်သည်။ အရှေ့ပိုင်းအစေခံကိုယ်တော်အဖွဲ့က အော်ဟစ်အားပေးကြည်သည်။
"ရှင်းတင်း၊ နံပတ်တစ်အရွေးချယ်ခံအနေနဲ့ ဆေးဂိုဒေါင်က မင်းကြိုက်တဲ့ နှစ်တစ်ရာဆေးမြစ်ကို ရွေးခွင့်ရှိတယ်။ မင်းဘာရွေးမလဲ စဉ်းစားပြီးပြီလား"
"ဦးရီးတော်နာမည်က..."
"ငါ့ကို ဦးလေးကျိခုန်းလို့ ခေါ်လို့ရတယ်"
"ဦးလေးကျိခုန်း၊ ကျုပ်စိတ်ထဲမှ ရွေးချယ်ထားပြီးသားပါ"
"ဒါဆို ငါနဲ့လိုက်ခဲ့"
ကျိခုန်းက ရှင်းတင်းကို ဆေးဂိုဒေါင်သို့ ခေါ်သွားသည်။
ဂိုဒေါင်တံခါးလက်ကိုင်ကွင်းကို ကျိခုန်းခေါက်လိုက်သည်။
"ဦးလေးဝူနန်၊ သိုင်းကိုယ်တော်အဖွဲ့ဝင် ရွေးချယ်ပွဲ ပြီးသွားပါပြီ။ ဆေးမြစ်ယူဖို့ ဒီမှာတစ်ယောက်ခေါ်လာတယ်"
"ဝင်ခဲ့ပါ၊ တံခါးဘေးက အပင်ပေါက်လေးတွေတော့ မနင်းမိစေနဲ့"
ဆေးဂိုဒေါင်တံခါး အလိုလိုပွင့်သွားသည်။ ဆေးစိုက်ခင်းတစ်ခုပေါ်လာည်။ အဘိုးအိုတစ်ယောက်က ရေပုံးဖြင့် ရေဖြန်းရန်ပြင်နေသည်။
အဘိုးအိုက ရှင်းတင်းရှေ့သို့ လက်နှစ်ဘက်နောက်ပစ်၍ ပျံသန်းလာသည်။ ရှင်းတင်းစိတ်ထဲတွင် ထိုအဖိုးအိုမျက်လုံး သူ့တစ်ကိုယ်လုံးကို ထွင်းဖောက်ကြည့်နေလို ခံစားရသည်။
တကယ်အဆင့်မြင့်စွမ်းအားရှင်ဖြစ်သည်။
"သူက ဝိညာဉ်ပြောင်းအခြေခံအဆင့်ပဲရှိတာလား"
တို့ဟူးအရှင်၏ ပျင်းရိပျင်းတွဲစကားသံ ရှင်းတင်းစိတ်အာရုံတွင် ပေါ်လာသည်။ ချင်ဖုန်းဓားကမ္ဘာငယ်ထဲတွင် ဘယ်သူ့ကိုကြည့်ကြည့် ထိုအဘိုးအိုထက် ပိုစွမ်းအားကြီးသည်။
အဘိုးအို၏ ကျင့်စဉ်အဆင့်ကို သိလိုက်ရသဖြင့် ရှင်းတင်းအတော်လေးစားမိသည်။ ဝိညာည်ပြောင်းအခြေခံအဆင့်သည်ပင် သူမရနိုင်သည့်အဆင့်မျိုးဖြစ်သည်။
သူ့တစ်သက်တွင် ဝိညာဉ်ပြောင်းအဆင့်သို့ ဘယ်တော့မှရောက်နိုင်မည်မထင်။
"မင်း ဘာဆေးမြစ်လိုချင်လဲ"
အဘိုးအိုကမေးသည်။
"နှစ်တစ်ရာဝိညာဉ်သန္ဓေမြက်ပါ"
"ဪ အဲဒါလား"
အဘိုးအိုက ရှင်းတင်းလက်မှ ပုတီးကုံးကို မြင်ပြီးနောက် ဝိညာဉ်သန္ဓေမြက်ကိုရွေးသည့်အကြောင်းရင်းကို နားလည်လာသည်။
ထိုမြက်ပင်သည် အတော်ရှားသည်။ မြက်ပင်အကြောင်းသိသူလည်း များများမရှိ။
အဘိုးအို သက်ပြင်းချသည်။
"ဒါဆို ကျိယွမ်က သူ့ဆရာဖြစ်တဲ့ငါ့ကို ခွင့်မလွှတ်သေးဘူးပေါ့။ ဝိညာဉ်သန္ဓေမြက်ကို မင်းကနေတစ်ဆင့်ယူဖို့ ကြိုးစားနေတာပဲ။
ကျိယွမ်ဟာ ငါလက်ခံခဲ့သမျှ တပည့်တွေထဲမှာ ပါရမီအထူးခြားဆုံး အဖြောင့်မတ်ဆုံးတပည့်ပါ။ ဗုဒ္ဓဝါဒကိုလည်း အရမ်းသက်ဝင်ယုံကြည်တယ်။
ဒါပေမယ့် ဂိုဏ်းတာဝန်တစ်ခုထွက်ရင်း ကြာနီနတ်ဆိုးမနဲ့တွေ့တယ်။ လေးငါးကြိမ် ပတ်သက်မိကြတယ်။ လောကခံစားချက်တွေ ပေါ်လာတယ်။
ဗုဒ္ဓသီလကို ချိုးဖောက်တယ်။ ငါသာသူတို့နှစ်ယောက်ကို မခွဲခဲ့ရင် ဗုဒ္ဓစည်းမျဉ်းတွေကို ဘယ်သူက အလေးထားတော့မှာလဲ။
ဒါပေမယ့်ဆိုးတာက သူတို့ကို လူချင်းပဲခွဲနိုင်ခဲ့တယ်။ စိတ်ချင်းမခွဲနိုင်ခဲ့ဘူး။ သူက နတ်ဝိညာဉ်အဆင့်ရောက်အောင် အတင်းကြိုးစားတယ်။
စိတ်ခံစားချက်ဖုံးလွှမ်းပြိး နာမကျန်းဖြစ်တယ်။ သူ့ကြိုးစားအားထုတ်မှုတွေက အရည်အသွေးမမီဘူး။ နောက်ဆုံးတော့ အခြေတည်အဆင့်ကို ပြန်လျှောကျသွားတယ်။
ဝိညာဉ်သန္ဓေမြက်ကိုလည်း ငါသူ့ကို တိုက်ရိုက်ပေးမလို့ပါပဲ။ ဒါပေမယ့် သူကငါ့အပေါ် အငြှိုးအတေးထားနေတယ်။ ငါ့ဆီကပစ္စည်း သူဘာမှလက်မခံဘူး။ သူကိုယ်တိုင်လည်း ဝိညာဉ်သန္ဓေမြက်ကို ရအောင်ယူဖို့ အရည်အချင်းမမီဘူး"
အတော်ကြာအောင် အဘိုးအို တတွတ်တွတ်ပြောနေသည်။ မော်ကွန်းထိန်းကျိယွမ်၏ နောက်ကြောင်းကို ရှင်းတင်း အကြမ်းဖျင်းနားလည်လာသည်။
"ကျုပ်နားမလည်တာတစ်ခု မေးလို့ရမလား"
"မေးပါ"
အဘိုးအိုက ပြုံး၍ပြောသည်။ ရှင်းတင်းကို သူ့မြေးတပည့်လို သဘောထားဟန်ရှိသည်။
"ဗုဒ္ဓနယ်မြေက လောကအနှောင်အဖွဲ့တွေနဲ့ကင်းဝေးတဲ့ တော်ဝင်မြေဖြစ်နေတယ်။ အပြင်လောကထဲက လူတစ်ယောက်နဲ့ လက်ထပ်မယ်ဆိုရင် လောကအနှောင်အဖွဲ့တွေ ဖန်တီးသလိုဖြစ်မယ်။
ဒီတော့ ကြာနီနတ်ဆိုးမကိုပါ ကျုပ်တို့မိုးပျံဘုံကျောင်းထဲ ဝင်ခွင့်ပေးလိုက်ရင် မရဘူးလား။ အဲလိုဆို ဆရာတော်ကျိယွမ်အနေနဲ့ သူ့ကိုလက်ထပ်ဖို့ ပြဿနာမရှိနိုင်တော့ဘူးလေ"
အဘိုးအို ကိုယ့်အကဲဖြတ်ချက်ကိုယ် သံသယဝင်လာသည်။
ဒီတပည့်ကို ကျိယွမ်ကိုယ်တိုင် သင်ပေးခဲ့တာများလား...
*************************************
အခန်း (၁၀၃၂) နောက်ခံအားကိုးသူ
ဘေးတွင်ရပ်နေသ့် ကျိခုန်းက ရှင်းတင်းကို တအံ့တဩ လှည့်ကြည့်သည်။ မှန်သည်။ တကယ်မေးထိုက်သည့်မေးခွန်းဖြစ်သည်။ သူဘာကြောင့် အရင်က ထိုအချက်ကို မစဉ်းစားခဲ့မိသည်မသိ။
"ဘယ်ဖြစ်ပါ့မလဲ"
အဘိုးအို ပြုံးလိုက်သည်။ သူသည် နှစ်ပေါင်းရာချီ ကျင့်ကြံခဲ့သည်။ ဆေးစိုက်ခင်းကို စောင့်ကြပ်ခဲ့သည်။ ကျမ်းစားအသိမြင့်မားသည်။ တင်းရှင်းအမေးကို ဖြေးဖြေးချင်းပြန်ဖြေသည်။
"လက်ထပ်တယ်ဆိုတာ လောကီကိစ္စပါ။ ငါတို့ဗုဒ္ဓဝါဒက သန့်စင်တဲ့ကျင့်ကြံမှုနယ်မြေပါ။ ကြာနီနတ်ဆိုးမ ဗုဒ္ဓဂိုဏ်းကိုဝင်ပြီး ကျိယွမ်နဲလ့က်ထပ်မယ်ဆိုရင် လောကအနှောင်အဖွဲ့တွေ တော်ဝင်မြေထဲ ဆွဲသွင်းလာသလိုဖြစ်မှာပေါ့။ ဒါက စည်းမျဉ်းချိုးဖောက်တာပဲ"
ကျိခုန်း အမှန်တရားကို ချက်ချင်းနားလည်သွားသည်။ ဦးရီးတော်ဝူနန်သည် နာမည်နှင့်တကယ်လိုက်ဖက်သည်။ စကားလုံးနည်းနည်းဖြင့် ရှင်းထင်း၏ယုံကြည်ချက်အမှားကို ရှင်းပြနိုင်သည်။
သို့သော် ရှင်းတင်းက နားမလည်သေး။ ကြည်လင်သည့်မျက်လုံးအစုံဖြင့် အဘိုးအိုကို စိုက်ကြည့်နေသည်။
"ဒါပေမယ့် လောင်းကစားတာနဲ့ တိုက်ခိုက်တာတွေက ကျုပ်တို့အစေခံကိုယ်တော်အဖွဲ့တွေမှာ အများကြီးမြင်နေရတာပဲ။ အနောက်ပိုင်းအဖွဲ့က ဦးလေးကျိရှင်းက ဦးလးကျိရန်ကို ရန်စတယ်။ အဖွဲ့လေးခုက တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြိုင်ဆိုင်နေကြတယ်။
သိုင်းကိုယ်တော်ပြိုင်ပွဲကလည်း ထိပ်တန်းလေးယောက်ကို ပထမနေရာအတွက် ယှဉ်ပြိုင်ခိုင်းတယ်။ ဒါတွေကရော လောကခံစားချက်ပါတဲ့ ကိစ္စတွေပဲ မဟုတ်လား"
"ငါ..."
အဘိုးအို စကားစရှာမရ။ ရှင်းတင်းစကားကို ချက်ချင်းပြန်မဖြေနိုင်။
ရှင်းထင်းပြောသမျှအားလုံးက မှန်နေသည်။ သူပြန်တုံ့ပြန်ဖို့ အကြောင်းရင်းရှာမတွေ့။
ထိုစဉ် ရှင်းတင်းက ထိုကိစ္စကို သူ့ဘာသာ နားလည်လာဟန်ရှိသည်။
"ကျုပ်နားလည်ပြီ။ ဦးလေးကျိယွမ်ကိစ္စက တစ်ယောက်တည်းဆိုတော့ ကိုင်တွယ်ဖြေရှင်းရတာလွယ်တယ်။ ကျန်တဲ့ကိစ္စက လူတွေအများကြီး ပါဝင်ပတ်သက်နေတယ်။
ကျုပ်တို့ဗုဒ္ဓဝါဒက လူများလို့ မဖြေရှင်းနိုင်ရင် ဒီအတိုင်းပစ်ထားလိုက်တဲ့သဘောပဲ"
"..."
အဘိုးအို ဆွံ့အသွားပြန်သည်။ ရိုးရိုးအအပုံစံထင်ရသည့် ထိုကိုယ်တော်လေးပြောသမျှက ဘာကြောင့်အမှန်တရားချည်းဖြစ်နေသည်မသိ။
ဤကိုယ်တော်လေးကို ကျိယွမ်သင်ပေးခဲ့ခြင်းမဟုတ်လောက်။ ကျိယွမ်သာ ထိုစိတ်မျိုးရှိလျှင် စိတ်ခံစားချက်များကြားပိတ်မိခဲ့မည်မဟုတ်။ အဆင့်တက်သည့်ကိစ္စ ကျရှုံးခဲ့မည်မဟုတ်။
ချင်ဖုန်းဓားကမ္ဘာငယ်တွင် လုယန် ရယ်ရလွန်း၍ အူနာနေသည်။ ရှင်းတင်း၏ ရိုးရှင်းသည့်စရိုက်သဘာဝက တကယ်ဗုဒ္ဓဝါဒ၏ လမ်းစဉ်နှင့် ကိုက်ညီသည်။
အဘိုးအို ပင့်သက်တစ်ချက်ရှိုက်၍ စိတ်အားထက်သန်စွာရှင်းပြသည်။
"ရှင်းတင်း၊ အရာအားလုံးဟာ ပြောင်းလဲတဲ့သဘောရှိတယ်ဆိုတာ မင်းနားလည်ထားရမယ်။ ငါတို့အနောက်မိုးပျံဘုံကျောင်းမှာ မသန့်စင်တဲ့ကိစ္စတွေ အများကြီးရှိတာ အမှန်ပါပဲ။
ဒါတွေကို ငါတို့ရှင်းလင်းနေတယ်ဆိုတာလည်း မင်းသိထာဖို့လိုတယ်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးက အချိန်ယူရတယ်"
"အချိန်က ဘယ်လောက်ကြာအောင်ယူရတာလဲ"
"အကြာကြီးယူရတယ်"
ရှင်းတင်းတွေးနေသည်။ သူ့မေးခွန်းကို ဘိုးဘေးကိုယ်တော်က ပြန်ဖြေသည်တော့မှန်သည်။ သို့သော် အဖြေဟု သတ်မှတ်၍လည်းမရ။
အဘိုးအို ရှင်းတင်းနှင့် စကားဆက်မပြောရဲတော့။ ထိုကိုယ်တော်လေး သူမဖြေနိုင်သည့်မေးခွန်းများ ထပ်မေးမည်ကို စိုးရိမ်သည်။ ကျိခုန်းကို ဝိညာဉ်သန္ဓေမြက်ပေးပြီးနောက် ရှင်းတင်းကိုခေါ်သွားဖို့ ချက်ချင်းပြောလိုက်သည်။
"ဆရာတော်ကျိယွမ်၊ ဝိညာဉ်သန္ဓေမြက် ရလာပါပြီ
ရှင်းတင်းက သဘောတူထားသည့်တိုင်း ကျိယွမ်ကို မြက်ပင်ထုတ်ပေးသည်။
သန္ဓေမြက်ကိုကိုင်ထားရင်း ကျိယွမ်က အတိတ်ကိုပြန်အောက်မေ့သည့် အသွင်မျိုးပေါ်လာသည်။
"ငါ့ဆရာနဲ့ မင်းတွေ့ခဲ့ပြီမဟုတ်လား"
"ဘိုးဘေးဆရာဝူနန်လား။ ဟုတ်ကဲ့၊ တွေ့ခဲ့တယ်"
"ငါ့အကြောင်း တစ်ခုခုပြောသေးလား"
"ပြောပါတယ်"
"ဘာတွေပြောလဲ"
ကျိယွမ် စိတ်အားထက်သန်စွာမေးသည်။ ကြာနီနှင့်သူ့ကို သူ့ဆရာကခွဲခဲ့သည်။ သို့သော် ထိုကိစ္စက သူ့အမှားသာဖြစ်သည်။ သူ့ရင်ထဲမှ အတားအဆီးကို မကျော်လွှားနိုင်သေး၍ သူ့ဆရာနှင့် မျက်နှာချင်းမဆိုင်လိုခြင်းဖြစ်သည်။
ရှင်းတင်း ခဏစဉ်းစားသည်။ သူနှင့်ဘိုးဘေးကိုယ်တ်ော အတော်ကြာအောင် စကားပြောခဲ့သည်။ အားလုံးတစ်သွေမတိမ်း ထပ်ပြောပြနေရလျှင် ဒုက္ခများမည်။ ထို့ကြောင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို အနှစ်ချုပ်၍ပြောဖို့ ဆုံးဖြတ်လိုက်သည်။
"သူကပြောတယ်။ ကျုပ်တို့ဘုံကျောင်းမှာ မသန့်ရှင်းတဲ့ကိစ္စတွေ ဖြေရှင်းစရာ အများကြီးရှိတယ်တဲ့။ ကြာနီနတ်ဆိုးမကို ဦးလေးလက်ထပ်ချင်တဲ့ဆန္ဒက အရမ်းမြင်သာထင်သာဖြစ်လွန်းတယ်။ မိုးပျံဘုံကျောင်းအနေနဲ့ မျက်ကွယ်ပြုလို့မရဘူးတဲ့"
ကျိယွမ် ချက်ချင်းနားလည်သွားသည်။ အတော်စိတ်လှုပ်ရှားလာဟန်ရှိသည်။
"ဒါဆို ကြာနီကိုငါ တိတ်တိတ်ပုန်းလက်ထပ်ရင်တော့ရတယ်လို့ ဆရာကပြောချင်တာလား"
သူ့ဆရာသည် တကယ်သူ့ဘက်တွင်ရှိသည်။
"ဘိုးဘေးဆရာပြောတာ အဲလိုအဓိပ္ပါယ်လား"
ဘိုးဘေးဆရာ၏ မျက်နှာအမူအရာကို ရှင်းတင်းပြန်စဉ်းစားသည်။ ထိုအဓိပ္ပါယ်မျိုးမဟုတ်လောက်ဟု သူခံစားရသည်။ သို့သော် သူ့ဦးနှောက်က ထုံထိုင်းသည်။ ဘိုးဘေးဆရာ၏စကားထဲမှ သိမ်မွေ့သည့်အဓိပ္ပါယ်ကို နားမလည်သည်မှာ မဆန်းလှ။
ထို့နောက်တွင် ကျိခုန်းက ရှင်းတင်းတို့လေးယောက်ကို သိုင်ကိုယ်တော်အဖွဲ့သို့ ခေါ်သွားသည်။ ရှင်းအန်း၊ ရှင်းချန်း၊ ရှင်းဖျင်တို့က ရှင်းတင်းကို အံ့ဩသည့်အကြည့်ဖြင့် ကြည့်ကြသည်။
ရှင်းတင်းက ကိုယ်ပိုင်စွမ်းအားဖြင့် ချန်ပီယံနေရာကို ရသွားသည့်ကိစ္စကြောင့်မဟုတ်။ သူတို့ကို ကျင့်စဉ်လမ်းညွှန်ပေးနေသည့် သူတို့ကိုယ်ထဲမှ ဝိညာဉ်များက ထိုပြိုင်ပွဲပြီးဆုံးပြီးနောက် လုံးဝပျောက်ကွယ်သွားသောကြောင့်ဖြစ်သည်။
ထိုဝိညာဉ်သုံးခု၏ စွမ်းအားကို သူတို့ကောင်းကောင်းသိသည်။ သို့သော် အစရှာမရအောင် ပျောက်သွားသည်။ ရှင်းတင်းခန္ဓာကိုယ်တွင် ဘယ်လိုလျှို့ဝှက်ချက်များ ဖုံးကွယ်ထားသည်မသိ။
တွေးကြည့်ရုံဖြင့် ကြက်သီးထစရာကောင်းသည်။
"ဒီနေ့ကစပြီး မင်းတို့က သိုင်းကိုယ်တော်အဖွဲ့ဝင်တွေပဲ"
ကျိခုန်းက လူသစ်လေးယောက်ကို သိုင်းကိုယ်တော်ဝတ်စုံများ ထုတ်ပေးသည်။ သက်သေခံတံဆိပ်အသစ်များပေးသည်။ အဖွဲအစည်းနယ်မြေထဲ လှည့်ပတ်ပြသည်။
"နောက်လကစပြီး တစ်ယောက်ကို အဆင့်နိမ့်ဝိညာဉ်ကျောက်ဆယ်တုံးနဲ့ ကျိုးဆောင်မှတ်ဆယ်မှတ်စီ လစဉ်ကြေးအဖြစ်ရမယ်။ ဒီထက်ထပ်လိုချင်ရင်တော့ ကိုယ်အရည်အချင်းကိုယ် အားကိုးရမယ်"
အားလုံး အတော်ဝမ်းသာသွားကြသည်။ သိုင်းကိုယ်တော်အဖွဲ့နှင့် အစေခံကိုယ်တော်အဖွဲ့၏ ခံစားခွင့်ချင်းက မိုးနှင့်မြေလို ကွာခြားသည်။
"ငါတစ်ခြားကိစ္စတွေရှိသေးလို့ သွားတော့မယ်"
အားလုံးနီးပါး ရှင်းပြပြီးနောက် သူတို့လေးယောက်ကိုနှုတ်ဆက်၍ ကျိခုန်းထွက်သွားသည်။
"မင်းတို့လေးယောက်က လူသစ်တွေလား"
ကျိခုန်းထွက်သွားသည်နှင့် ကိုယ်တော်တစ်ချို့ ရုတ်တရက် ယောက်လာသည်။ ခုနစ်ယောက်ရှစ်ယောက်ရှိမည်။ ခေါင်းဆောင်က ချီနဝမအဆင့်ဖြစ်သည်။
ထိုခေါင်းဆောင်က ရှင်းတင်းကို တစ်ချက်ကြည့်သည်။ သူသည် ရှင်းချန်ကို ထောက်ပံ့ပေးနေသည့် သိုင်းကိုယ်တော်အဖွဲ့မှလူဖြစ်သည်။ အစက ဆင်မြစ်ကူးဝိညဉ်ပန်းချီပေးထားသဖြင့် ရှင်းချန် သိုင်းကိုယ်တော်အဖွဲ့သို့ ဝင်နိုင်မည်ဟု သူထင်ထားခဲ့သည်။
သိုသော် ရှင်းတင်းကြောင့် ထုတ်ပယ်ခံလိုက်ရသည်။
"အကိုတော်ကို ဂါရဝပြုပါတယ်"
"လူသစ်တွေဆိုတာ စည်းမျဉ်းစည်းကမ်းတွေကို လေ့လာရတယ်။ လူသစ်သိုင်းကိုယ်တော်တွေအားလုံး ငါတို့နဲ့ တစ်ယောက်ချင်း ယှဉ်ပြိုင်ရမယ်။ ကိုယ့်ထက်သာတဲ့လူ အမြဲတမ်းရှိတယ်ဆိုတဲ့ သဘောတရားကို မင်းတို့သိစေချင်လို့ပါ"
ရှင်းတင်းတို့လူစု ရင်ထိတ်သွားသည်။
"ကောင်းကင်အရှင်၊ ဘယ်လိုလုပ်ကြမလဲ"
ထိုအဖွဲ့၏ မကောင်းသည့်ရည်ရွယ်ချက်ကို ရှင်းတင်းရိပ်စားမိသည်။ ချီပြည့်စုံခြင်း(နဝမ)အဆင့်ရောက်နေသူကို သူဘယ်လိုမှယှဉ်နိုင်မည်မဟုတ်။
တို့ဟူးအရှင် မပွင့်တပွင့်ပြုံးသည်။ ထိုကိစ္စလောက်ကို သူဝင်စွက်ဖို့မလို။ ရှင်းတင်းကို လမ်းကြောင်းတစ်ခု ညွှန်ပြပေးသည်။
"မင်းနောက်ခံလူကိုသွားခေါ်လိုက်လေ"
"ကျုပ်မှာ နောက်ခံလူရှိလို့လား"
.......
"ဘိုးဘေးဆရာ၊ သူတို့ကျုပ်ကို အနိုင်ကျင့်နေကြတယ်"
ရှင်းတင်း ဆေးဂိုဒေါင်သို့ပြေး၍ ဝူနန်ကို သွားတိုင်သည်။
မိုးပျံဘုံကျောင်း၏ မသန့်ရှင်းသည့်ကိစ္စများအကြောင်း ပြောခဲ့သည်က နေ့တစ်ပိုင်းပင်မပြည့်သေး။ ရှင်းတင်းက ထိုအဖြစ်မျိုးကြုံရသည်။
ထို့ကြောင်...
ထိုကိစ္စ ဝူနန် လျစ်လျူရှု၍ မဖြစ်။
ဝိညာဉ်ပြောင်းအဆင့်ကိုယ်တော်တစ်ယောက် နောက်ခံရှိနေသည့် လူသစ်ကို ဘယ်စီနီယာသိုင်းကိုယ်တော်အဖွဲ့ဝင်က လက်ရည်စမ်းဖို့ကိစ္စ ပြောရဲဦးမည်နည်း။
......
"မင်းတို့သိလား၊ သိုင်းကိုယ်တော်အဖွဲ့ဝင်သစ်တိုင်း ရတဲလစဉ်ကြေးရဲ့ နှစ်ဆယ်ရာနှုန်းကို ငါတို့ဆီလွှဲပေးရမယ်..."
"ဘိုးဘေးဆရာ၊ သူတို့ကျုပ်ကို ငွေညှစ်နေတယ်"
.....
"မင်းက ကျိယွမ်ရဲ့ တပည့်မဟုတ်လား။ သူသိုင်းကိုယ်တော်အဖွဲ့မှာနေတုန်းက ဘယ်လိုလူမျိုးလဲသိလား"
"ဘိုးဘေးဆရာ၊ သူတို့က ဦးရီးတော်ကျိယွမ်ကိုမနိုင်လို့ ကျုပ်ကိုလာပြီး အနိုင်ကျင့်နေတယ်"
သိပ်မကြာမီ သိုင်းကိုယ်တော်အဖွဲ့ဝင်အားလုံး ရှင်းတင်းတွင် လူခံရှိကြောင်း နားလည်သွားကြသည်။
နားမလည်သူဟူ၍ ရှင်းတင်းတစ်ယောက်သာရှိသည်။
ကျိယွမ်က ဝိညာဉ်သန္ဓေမြစ်ကို အသုံးပြု၍ ရွှေသန္ဓေထိပ်ဆုံးအဆင့်သို့ ပြန်ရောက်လာသည်။ သိုင်းကိုယ်တော်အဖွဲ့ထဲ လည့်ပတ်စစ်ဆေးကြည့်သည်။ ရှင်းတင်းကို အနိုင်ကျင့်သူ တစ်ယောက်မှမရှိကြောင်းတွေ့ရသဖြင့် သူအကြီးအကျယ် အံ့အားသင့်သွားသ်ည။
သိုင်းကိုယ်တော်အဖွဲ့ဝင်တိုင်းက သူ့အပေါ် ထူးထူးခြားခြား သဘောကောင်းနေကြသော်လည်း ထိုကိစ္စကို ရှင်းထင်းသိပ်မတွေးမိ။
တို့ဟူးအရှင်၏လျှို့ဝှက်ချက်ကို သူခိုင်မာစွာစောင့်ထိန်းပြီး မိုးပျံဘုံကျောင်းကို ကယ်တင်နေသဖြင့် ရလာသည့်ကုသိုလ်အကျိုးဟုသာ သူယူဆသည်။
ကောင်းမှုပြုသူသည် ကောင်းကျိုးခံစားရသည်။
ရှင်းတင်းနောက်ခံကို သိသွားကြပြီးနောက် အဖွဲ့ဝင်များက သူ့ကို တစ်ခြားလူသစ်များလို သဘောမထားကြတော့။ အထောက်အပံ့များခွဲဝေရာတွင် သူ့အတွက်ဦးစားပေးကြသည်။
"ရှင်းတင်း၊ သိုင်းကိုယ်တော်အဖွဲ့ကိုဝင်လာတဲ့ တစ်ခြာလူသစ်တွေအတွက် ကျမ်းစာတိုက်ဒုတိယထပ်က ကျင့်စဉ်ကျမ်းတစ်ခုကို ရွေးချယ်ခွင့်ရှိတယ်။
ဒါပေမယ့်မင်းက ဝူနန်ရဲ့တပည့်ဆိူတော့ အခြေအနေချင်းမတူဘူးလေ။ မင်းကြိုက်တဲ့ ကျင့်စဉ်ကျမ်းသုံးခုကို ရွေးလို့ရပါတယ်"
"ဘိုးဘေးဆရာ၊ သူတို့ကျုပ်ကို ဖြတ်လမ်းပို့နေကြတယ်"