အခန်း (၁၀၃၃-၁၀၃၅)
Vol. 69 Ch. 1033-1035
အခန်း (၁၀၃၃) ခြင်္သေ့ဟောက်သံပညာ
ကျမ်းစာတိုက်ဒုတိယထပ်တွင် ရှင်းတင်း စာအုပ်ရှာနေသည်။ စည်းမျဉ်းအရ တစ်အုပ်သာယူခွင့်ရှိသည်။
စာအုပ်များက အမျိုးအစားစုံလွန်းသည်။ ဘယ်စာအုပ်ကို ရွေးရမှန်းမသိ။
"နတ်မယ်၊ ဒုတိယထပ်မှာ လျှို့ဝှက်ကျမ်းတွေ ရှိသေးလား"
တို့ဟူးအရှင် မေးသည်။
ကောင်းကင်ပဲဝါအရှင် မသေမျိုးအာရုံဖြန့်၍ ကြည့်သည်။ ထို့နောက် ခေါင်းခါသည်။
"ပထမထပ်လို လျှို့ဝှက်ကျမ်းတွေ မရှိဘူး။ ဒါပေမယ့် တစ်ခြားအခွင့်အလမ်းတွေတော့ ရှိပါတယ်"
"ဘယ်လိုအခွင့်အလမ်းလဲ"
"ကြမ်းတိုက်နေတဲ့ ဟိုကိုယ်တော်ကိုတွေ့လား။ သူကတကယ်တော့ ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်ပဲ"
"ဒီလိုစွမ်းအားရှင်မျိုးက ဒီလိုနေရာမှာ ပုန်းကွယ်နေတယ်ပေါ့"
လုယန် အတ်ောအံ့အားသင့်သွားသည်။ အလောတကြီး ဝိညာဉ်အာရုံဖြန့်မကြည့်ခဲ့၍ တော်သေးသည်။ ကြည့်မိလျှင် ထိုကိုယ်တ်ော ရိပ်မိသွားနိုင်သည်။
"ကောင်းကင်အရှင်၊ ကျုပ်ဘယ်စာအုပ်ရွေးရမလဲ"
"နတ်မယ်၊ သူဘယ်စာအုပ်ရွေးသင့်လဲ"
"ချင်ယန်ဆိုတဲ့တစ်ယောက်၊...ဒီကိုလာဦး၊ ဒုတိယထပ်မှာ ကောင်းတဲ့ကျင့်စဉ်ကျမ်း ဘာတွေရှိလဲ"
ရိုးသားပွင့်လင်းသည့် ချင်ယန် လျှောက်လာသည်။ ကူးဖြတ်ခြင်းအဆင့်တွင် နှစ်တစ်ထောင်နေထိုင်ခဲ့ပြီး နာမည်နောက်ခံ အမျိုးမျိုးပြောင်းလဲခဲ့သည်။ မိုးပျံဘုံကျောင်းကျမ်းစာတိုက်သို့ အကြိမ်ကြိမ်သွားခဲ့သည်။ လက်ရှိဓားကမ္ဘာငယ်တွင် သူသည် မိုးပျံဘုံကျောင်းနှင့် အရင်းနှီးဆုံးလူဖြစ်သည်။
"'အက္ခရာခြောက်လုံးမန္တာန်ကျမ်း'ဆိုရင် ဘယ်လိုနေမလဲ။ ဒီကျမ်းစာကို အလွတ်ကျက်ထားရင် ကောင်းချီအာနိသင်ရမယ်။ မကောင်းဆိုးဝါးတွေကို နှိမ်နှင်းနိုင်တယ်"
"မကောင်းဘူး။ သင်ယူဖို့ခက်လွန်းတယ်"
"ဒါဆို 'မဟကရုဏာမန္တန်ကျမ်း'ဆိုရင်ရော။ အဲဒါက စိတ်ဝိညာဉ်ကို သန့်စင်နိုင်တယ်"
"မလိုပါဘူး။ ဒီကိုယ်တော်လေးရဲ့ဝိညာဉ်က သန့်စင်နေပြီးသားပါ"
"'မဟာအလင်းပြမှော်ပညာဆိုရင်ရော။ ဒါက ဝိညာဉ်တိုက်ခိုက်မှုတွေကို ခုခံတဲ့အခါ အကျိုးရှိတယ်"
"သာမန်ဆန်လွန်းနေသလိုပဲ"
"ဒါဆို 'ခြင်္သေ့ဟောက်သံကျမ်းကရော။ ဒါက အသံလှိုင်းတိုက်ခိုက်မှုတစ်မျိုးပါ။ ခြင်္သေ့တစ်ကောင်ရဲ့ ဟောက်သံကိုတုပပြီး ရန်သူကိုဟန့်တားနိုင်တယ်။ ဒုတိယထပ်မှာ ကျမ်းစာရဲ့ပထမတစ်ပိုင်းပဲရှိတယ်။ ဒါပေမယ့် ဒီကိုယ်တော်လေးအတွက် လုံလောက်မှာပါ"
"အဲဒါအဆင်ပြေလောက်တယ်။...ရှောင်ယန်၊ သူ့ကို 'ခြင်္သေ့ဟောက်သံ'ရွေးခိုင်းလိုက်"
"ကိုယ်တော်လေး၊ ခြင်္သေ့ဟောက်သံကျမ်းကို ရွေးလိုက်ပါ"
"ကောင်းပြီလေ"
တို့ဟူးအရှင်ကို သူယုံကြည်သည်။ ခြင်္သေ့ဟောက်သံကျမ်း ပထမပိုင်းကို ရွေးလိုက်သည်။
သိုင်းကိုယ်တော်နှင့် အစေခံကိုယ်တော်များ၏ ခံစားခွင့်က နှိုင်းယှဉ်၍မရ။ သိုင်းကိုယ်တော်တိုင်း ကိုယ်ပိုင်ကျောင်းဆောင်ရသည်။ ရှင်းတင်း မစောင့်နိုင်တော့။ သူ့ကျောင်းဆောင်သို့ ပြန်ရောက်ရောက်ကချင်း ခြင်္သေ့ဟောက်သံကို စဖတ်သည်။
နှစ်ကြိမ်ဖတ်ပြိးနောက် သူခေါင်းမူးလာသည်။ ကျင့်စဉ်ကို သိပ်နားမလည်။
"ကောင်းကင်အရှင်၊ ခြင်္သေ့ဟောက်သံပညာအကြောင်း သိလား။ ကျုပ်ကိုသင်ပေးလို့ရမလား"
ဓားကမ္ဘာငယ်မှ ကောင်းကင်တို့ဟူးအရှင်၏ ကြမ်းရှအက်ကွဲသည့် စကားသံ ထွက်လာသည်။
"ဟဲဟဲ၊ ငါအရှင်က ကောင်းကင်တစ်ခွင့်လှည့်ခဲ့တဲ့လူပါ။ ကျွမ်းကျင်ခဲ့တဲ့ ကျင့်စဉ်ပညာတွေ မရေမတွက်နိုင်အောင်များတယ်။ ငါမသိတဲ့ပညာရယ်လို့ ရှိနိုင်ပါ့မလား။
ဒါပေမယ့် မင်းကိုငါ တိုက်ရိုက်သင်လိုက်ရင် မင်းထိခိုက်ဖို့ပဲရှိတယ်။ ကျမ်းစာကို လေးငါးခေါက် ပြန်ဖတ်လိုက်ပါဦး။
"ဟုတ်ကဲ့"
ထို့နောက် တို့ဟူးအရှင် ရွှေလက်ညှိုးထံ အကူအညီလှည့်တောင်းသည်။
"နတ်မယ်၊ ခြင်္သေ့ဟောက်သံပညာကိုသိလား"
"ဘာမသိစရာရှိလဲ။ အဲဒီ့ခြင်္သေ့ဟောက်သံဆိုတာက ခြင်္သေ့လိုနတ်ဆိုးသားရဲတွေရဲ့ အော်သံကိုတုပတာပါပဲ။ ဘာမှမဆန်းပြားပါဘူး။ အသံစွမ်းအားအစစ်ပေါ်ထုတ်ပြီး ပြိုင်ဘက်ကို ငေးကြောင်သွားအောင်လုပ်တာ။ သာမန်ပညာတစ်ခုပါပဲ"
"ကျုပ်ကို သင်ပေးလို့ရမလား"
နောက်ဆုံးကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်၍ လုယန် နတ်မယ်ကို မျှော်လင့်တကြီးကြည့်နေသည်။
"ခြင်္သေလိုသားရဲတွေမှာ ထူးခြားတဲ့စွမ်းအားရှင်ရယ်လို့ တစ်ခါမှမပေါ်ခဲ့ဖူးဘူး။ ချုန်းချီမျိုးနွယ်က ဟိုစွန်းနီကတော့ နည်းနည်းအစွမ်းရှိတယ်။ ဒါပေမယ့် မသေမျိုးတစ်ဝက်အဆင့်တောင် မရှိပါဘူး"
(** Suan Ni - ခြင်္သေ့နဂါးအကြောင်း ပါခဲ့ပြီးဖြစ်ပါသည်)
လုယန်တောင်းဆိုလာသဖြင့် နတ်မယ်ကလည်း လက်ခံရမည်။ သို့သော် လုယန်သည် မဟာပဲဝါနိုင်ငံ၏ သစ္စာခံဝန်ကြီးချုပ်ဖြစ်၍ ခြင်္သေ့ဟောက်သံလို သာမန်ပညာမျိုး သင်ပေးရုံဖြင့် အဆင်မပြေနိုင်။
လုယန်လေ့လာလိုလျှင် အကောင်းဆုံးပညာကိုသာ လေ့လာသင့်သည်။
"ရှောင်လင်းတို့ လျန်ယိတို့ ရှောင်ကျင်းတို့ကို ကြည့်လေ။ သူတို့အော်သံတွေက ခြင်္သေ့အော်သံထက် အများကြီးပိုပြီး စွမ်းအားကြီးတယ်"
"နဂါးဟစ်သံ၊ ဖီးနစ်အော်သံ၊ ကျားဟိန်းသံ တွေပေါ့။ ဟုတ်ပါတယ်"
လုယန် ခေါင်းငြိမ့်သည်။ တကယ်မှန်သည်။ အထူးသဖြင့် ချုန်းချီမျိုးနွယ်မှ မသေမျိုးတစ်ဝက်နှစ်ယောက် ပေါ်ထွက်ခဲ့သည်။ နဂါးနှင့်ဖီးနစ်မျိုးနွယ်ထက်သာသည်။ တကယ်စွမ်းအားကြီးသည်။
ခြင်္သေ့မျိုးနွယ်ဝင်သားရဲများထဲတွင် စွန်းနီမျိုးနွယ်သည် နဂါးမျိုးနွယ်ခွဲတစ်ခုမျှသာဖြစ်သည်။ သိပ်အဆင့်အတန်းမမြင်လှ။
"ဒါဆို သူတို့အော်သံတွေကို ကျုပ်လေ့လာရမှာလား"
လုယန် မေးသည်။ နဂါးဟစ်သံ၊ ဖီးနစ်အော်သံ၊ ကျားဟိန်းသံတိုသည်လည်း အတော်အထင်ကြီးလေးစားစရာကောင်းသည်။
နတ်မယ်က ခေါင်းခါသည်။
"ဘယ်ဟုတ်မလဲ။ ငါပြောခဲ့သလိုပဲလေ။ ခြင်္သေ့ဟေက်သံပညာရဲ့ သဘာဝက ခြင်္သေ့ဟောက်သံရဲ့ အနှစ်သာရအစစ်ကို ထုတ်နိုင်အောင် လေ့ကျင့်တာပဲ။ ကိုယ်တုပတဲ့ခြင်္သေ့က စွမ်းအးမြင့်လေ အော်သံက စွမ်းအားပိုကြီးလေပဲ"
"အဲဒီတော့.."
လုယန် တစ်ခုခုကို ရေးတေးတေးနးလည်လာသလို ခံစားရသည်။
နတ်မယ်က သွားမပေါ်အောင်ပြုံးသည်။ ကြည်လင်သည့်အပြုံးမျိုးဖြစ်သည်။
"ရှောင်လင်းတို့က စွမ်းအားကြီးပါတယ်။ ဒါပေမယ့် ငါ့လောက်တော့ စွမ်းအားမကြီးဘူးမဟုတ်လား။ ဒီတော့နင် ငါ့အော်သံကို သင်လိုက်ရုံပဲပေါ့။
နောက်ပြီး...သူတို့က ဒီပညာကို 'ခြင်္သေ့ဟောက်သံ"လို့ ခေါ်တယ်ဆိုတော့ ငါသင်တဲ့ပညာကို "နတ်မယ်အော်သံ"လို့ နာမည်ပေးလိုက်မယ်"
ထိုပညာ ဘယ်သူ့ကိုမှ မသင်ခဲ့ဖူးသဖြင့် သင့်တော်သည့်နာမည်တစ်ခုကို နတ်မယ် ချက်ချင်းစဉ်းစားလိုက်ရသည်။
လုယန် "..."
ပညာရပ်နာမည်ကကို သင်ချင်စရာမရှိပါလား...
သို့သော် နတ်မယ်သုံးသပ်ပြသည်ကလည်း ယုတ္တိကျနေသည်။ မူလပိုင်ရှင်၏အသံနှင့် ပိုတုပနိုင်လေ အော်သံက ပိုစွမ်းအားကြီးလေဖြစ်သည်။
သူအံတင်းတင်းကြိတ်လိုက်သည်။ ပိုစွမ်းအားကြီးလာဖို့ သူသင်မှဖြစ်မည်။
လုယန်က သင်မည်ဟုပြောလိုက်သည်နှင့် နတ်မယ်မျက်နှာ အပြုံးများဝေဆာလာသည်။ မသက်ဆိုင်သည့်လူများကို ချက်ချင်းမောင်းထုတ်သည်။
"သွား သွား သွား။ နင်တို့သုံးယောက် ဝေးဝေးသွားနေကြ"
ချင်ယန်တို့သုံးယောက် ကမ္ဘာ၍ငယ်အစွန်သို့ ထွက်သွားကြရသည်။
"နတ်မယ်၊ ကျုပ်ဘယ်လိုသင်ရမှာလဲ"
သင်ဖို့ဆုံးဖြတ်ထားပြီးဖြစ်၍ လုယန် အာရုံအပြည့်စိုက်သည်။
"ငါအော်သလိုလိုက်အော်ကြည့်။ -ဟားးးး-"
"ဟားးး-"
လုယန် လိုက်အော်သည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါ့အသံနဲ့တူအောင်အော်ပါ။ -ဟားးး-"
"ဒီလိုလား -ဟားးး-"
"မဟုတ်သေးဘူး"
နတ်မယ်က သူ့ပါးစပ်သူ လက်ညှိုးထိုးပြသည်။
"ငါ့ပါးစပ်လှုပ်တာကို သေချာကြည့်"
လုယန် နတ်မယ်၏ ပါးစပ်လှုပ်ရှားပုံကို သေချာစိုက်ကြည့်သည်။ နတ်မယ်၏ပါးစပ်ပုံစံက အတော်ဆွဲဆောင်မှုရှိသည်။ နှုတ်ခမ်းများက နီရဲနေသည်။ သွားများက ဖြူဖွေးနေသည်။ သေးငယ်သည့်လျှာက ပန်းရောင်ပြေး၍ နူးညံ့သည်။
"ငါ့ကိုအဲလိုတစ်ချိန်လုံး စိုက်ကြည့်မနေနဲ့လေ"
နတ်မယ်က ပါးနှစ်ဘက်နီရဲလာပြီး လုယန်မျက်နှာကို တွန်းဖယ်သည်။ သူနည်းနည်းအနေခက်သည်။
လုယန် အူကြောင်ကြောင်ဖြစ်သွားသည်။
...ခင်ဗျားပဲ ကျုပ်ကို ကြည့်ခိုင်းတာမဟုတ်လား...
သို့သော် အရှင်မစကားသည် အမိန့်ဖြစ်သည်။
နေ့တစ်ပိုင်းအတွင်းမှာပင် 'နတ်မယ်အော်သံ'ကို လုယန်တတ်မြောက်သွားသည်။ မည်သို့ဆိုစေ နတ်မယ်နှင့် ရက်ပေါင်းများစွာ အတူနေခဲ့သူဖြစ်၍ နတ်မယ်အသံကို သင်ယူဖို့ သိပ်မခက်လှ။
"ဟားးး-"
လုယန်ပါးစပ်မှ နတ်မယ်အော်သံ ထွက်လာသည်။ မယုံနိုင်လောက်အောင် စွမ်းအားကြီးသည်။ အသံလှိုင်းများ ထင်ရှားစွာဖြစ်ပေါ်လာသည်။ တောင်ထိပ်တစ်ခုကို ရိုက်ခတ်သည်။ ချက်ချင်းပြိုကျသွားသည်။
ထို့နောက် လက်နှစ်ဘက်ကို ပါးစပ်ပတ်လည်တွင် ဟွန်းပုံသဏ္ဌာန်စု၍ ထပ်အော်လိုက်သည်။ အသံစွမ်းအားက အဆများစွာ ပိုပြင်းထန်သည်။ လေဟာနယ်ပင် တုန်ခါလာသည်။
လုယန် ဝမ်းသာသွားသည်။ အမှန်တကယ်ပင် ဗုဒ္ဓခြင်္သေ့ဟောက်သံထက် များစွာပိုစွမ်းအားကြီးသည်။
တစ်ခုတည်းသောပြဿနာက သူ့အော်သံက မိန်းမသံလို စူးစူးရှရှဖြစ်နေသည်။
.
"ကဲ ငါမပြောဘူးလား။ ဒီပညာက စွမ်းအားကြီးပါတယ်လို့။ ဒီအသံနဲ့ ရန်သူကို ထိန်းချုပ်နိုင်တယ်။ နတ်ဆိုးသားရဲတွေဆိုရင် ဖိအားတစ်ခုတောင် သက်ရောက်ဦးမှာ။ ငါအသံကြားရင် သားရဲတွေအားလုံး ထိတ်လန့်ခြောက်ခြားပြီး မြေပေါ်ပြားပြားဝပ်သွားစေရမယ်လို့ ငါအာမခံတယ်"
နတ်မယ်က ဝင့်ကြွားသည့်လေသံဖြင့်ပြောသည်။ ရှေးဟောင်းခေတ်တွင် ဘယ်သားရဲမဆို သူ့အသံကြားသည်နှင့် ချက်ချင်းထွက်ပြေးကြသည့်အဖြစ်ကို သူပြန်သတိရလာသည်။
"ကောင်းကင်အရှင်၊ ဒီစာအုပ်ကိုကျုပ်ဖတ်တာ အကြိမ်ရေအတာ်များသွားပြီ။ ခြင်္သေ့ဟောက်သံပညာရဲ့ အကြမ်းဖျင်းသဘောတရားကို ကျုပ်နားလည်ပြီလို့ထင်ပါတယ်။ အခုသင်ပေးလို့ရပြီလား"
ရှင်းတင်း စာအုပ်ကိုပိတ်၍ သက်ပြင်းချသည်။ နားထင်ကို လက်ဖြင့်ပွတ်နေသည်။ နေ့တစ်ပိုင်းလုံးဖတ်ပြီးနောက် စာအုပ်အကြောင်းအရာများကို သူနားလည်လာသည်။
လုယန်က "နတ်မယ်အော်သံ"ကို စိတ်နှစ်သင်ယူနေခဲ့သဖြင့် အပြင်ဘက်တွင် သူ့ကိုစောင့်နေည့် ရှင်းတင်းအကြောင်း မေ့သွားသည်။
သိပ်မကြာမီ ချင်ဖုန်းဓားထဲမှ တို့ဟူးအရှင်၏ တည်ငြိမ်သည့်စကားသံ ပေါ်လာသည်။
"မဆိုးဘူး။ နားလည်တာမြန်သားပဲ။ ငါမင်းကို အသွင်ပြောင်းပညာ အရင်ဆုံးသင်ပေးမယ်"
********************************
အခန်း (၁၀၃၄) ချီရှောက်လျို့ဝှက်မြေ
"အသွင်ပြောင်းပညာလား"
"ဟုတ်တယ်။ ခြင်္သေ့ဟောက်သံပညာကို လေ့လာချင်ရင် အရင်ဆုံးခြင်္သေ့တစ်ကောင်ကို တုပပြီး ခြင်္သေ့ရဲ့စရိုက်သဘာဝကို နားလည်ဖို့လိုတယ်"
"ဪ...အဲလိုလား"
ရှင်းတင်း နားလည်သွားသည်။ တို့ဟူးအရှင်စကားက ယုတ္တိကျသည်ဟု သူယူဆသည်။
လုယန် ဝိညာဉ်အာရုံပုံရိပ်တစ်ခု ထုတ်လွှတ်လိုက်သည်။ သက်ဝင်လှုပ်ရှားနေသည့် စွန်းနီတစ်ကောင် ပေါ်လာသည်။
နတ်ဆိုးနဘ်မြေသို့ရောက်စဉ်က စွန်းနီမျိုးနွယ်များနှင့် သူဆက်ဆံခဲ့ဖူးသည်။ ထိုမျိုးနွယ်တို့၏ လှုပ်ရှားဟန်ကို သူမှတ်မိနေသည်။
စွန်းနီပုံရိပ်က ခံ့ညားထည်ဝါသည်။ တောင်းတန်းများကြား ခုန်ပျံပြေးလွှားပြီး ကောင်းကင်သို့မော့၍ အော်ဟစ်ဟိန်းဟောက်သည်။ ဖွင့်ထားသည့် သူ့ပါးစပ်ဖြင့် ကောင်ကင်ကို ဝါးမျိုတော့မယောင်ထင်ရသည်။
ရှင်းတင်း မျက်လုံးပြူးနေသည်။ ထိုမျှကြောက်စရာကောင်းသည့် နတ်ဆိုးသားရဲမျိုး သူတစ်ခါမှမမြင်ဖူး။
"ဒီစွန်းနီကို သေချာလေ့လာပါ"
တို့ဟူးအရှင်က ယွှန်ကြားသည်။ သူ့စကားသံတွင် ထူးဆန်းသည့် မှော်စွမ်းအားတစ်မျိုးပါသည်။ ရှင်းတင်း ချက်ချင်းပြန်အသိဝင်လာသည်။ စွန်းနီ၏ ပြုမူလှုပ်ရှားပုံကို သေချာအာရုံစိုက်၍ လေ့လာနေသည်။
ထိုအချိန်ကို အခွင့်ကောင်းယူ၍ လုယန်က သိစိတ်အာရုံကိုဖြန့်ပြီး 'ခြင်္သေ့ဟောက်သံကျမ်း'ကို ဖတ်ကြည့်သည်။
နတ်မယ်စကား မှန်သည်။ အတ်ောရိုးရှင်းသည့် မှော်ပညာဖြစ်သည်။ သဘောတရားများက 'နတ်မယ်အော်သံ'နှင့် သိပ်မကွာလှ။ သင်ယူရသည့် ခက်ခဲမှုအတိုင်းအတာသာ ကွာခြားသည်။ ခြင်္သေ့ဟောက်သံက နတ်မယ်အာ်သံထက် ပိုသင်ယူဖို့လွယ်သည်။
ခြင်္သေ့ဟောက်သံကျမ်းတွင် ရေးထားသည့်နည်းလမ်းအတိုင်း လုယန် လက်နှစ်ဘက်ဖြင့် မှော်တံဆိပ်များဖန်တီးပြီး အစစ်မှန်ဆုံး ခြင်္သေ့ဟောက်သံကို ထုတ်လွှတ်လိုက်သည်။
"ဝေါင်း"
ထိုသို့အော်ချိန်တွင် မြေပေါ်သို့ သူလဲကျ၍ ခြင်္သေ့အသွင်ပြောင်းသွားသည်။
တစ်ခုခုမူမမှန်ကြောင်း သတိထားမိ၍ ခြင်္သေ့လက်ဝါးဖြင့် သူ့နဖူးသူ ပွတ်ကြည့်သည်။
ထို့နောက် လူအသွင်ပြန်ပြောင်းပြီး သူစဉ်းစားနေသည်။ ရှင်းတင်း၏ ကျင့်စဉ်အဆင့်က နိမ့်လွန်းသည်။ ခြင်္သေ့အော်သံကို တိုက်ရိုက်သင်ယူနိုင်ဖို့မလွယ်။ မူလစိတ်ကူးအတိုင်းသာ လုပ်ရမည်"
"ကောင်းကင်အရှင်၊ ကျုပ်လေ့လာပြီးပြီ"
"ကောင်တယ်။ ဒါဆို ငါမင်းကို ခြင်္သေ့လက်သီးပညာသင်ပေးမယ်"
"ခြင်္သေ့လက်သီး..."
ရှင်းတင်း ထိုလက်သီးပညာကို တစ်ခါမှမကြားဖူး။
"ဒါက ငါကိုယ်ပိုင်တီထွင်ထားတဲ့ လက်သီးပညာပါ။ ပြည့်စုံတဲ့အဆင့်အထိ လေ့ကျင့်ရင် တကယ်ခြင်္သေ့အစစ်တစ်ကောင်လို အသွင်ပြောင်းနိုင်တယ်"
"ပြည့်စုံတယ်ဆိုတာက..."
"မင်းက ပညာသင်တဲ့အတွေ့အကြုံ နည်းသေးတယ်။ ပြည့်ဆုံတဲ့အဆင့်ထိ မင်းရောက်ဖို့မလွယ်သေးဘူး။ အရမ်းအမြင့်ကြီး မမှန်းနဲ့။ အခြေခံတွေကို ကျွမ်းကျင်ပြီးမှ ပြည့်စုံအောင်လုပ်ဖို့ စဉ်းစားပါ"
"ဟုတ်ကဲ့"
ထို့နောက် တို့ဟူးလိုကြည်လင်ဖြူဖွေးသည့် သဏ္ဌာန်တစ်ခု ရှင်းတင်းရှေ့တွင် ပေါ်လာသည်။ ထိုသဏ္ဌာန်က သိုင်းဟန်ခင်းသည်။ လက်သီးချက်ခြေကန်ချက်များက စွန်းနီအစစ်တစ်ကောင် လှုပ်ရှားသလိုဖြစ်နေသည်။
လက်သီးသိုင်းကစားနေသည့် ပုံရိပ်သဏ္ဌာန်တစ်ခု လုယန်ဖန်တီးလိုက်ခြင်းဖြစ်သည်။
"ဒါက ခြင်္သေ့လက်သီးပညာလား။ အရမ်း စွမ်းအားကြီးတာပဲ။ ဒီလက်သီးပညာကိုသာ ပြည့်စုံအောင်လေ့ကျင့်ပြီး ခြင်္သေ့တစ်ကောင်လို အသွင်ပြောင်းနိုင်ရင် တကယ်ကြည့်ကောင်းမှာပဲ"
တိုဟူးသဏ္ဌာန်၏ လှုပ်ရှားမှုများ ပိုမြန်လာသည်။ ထို့နောက် ရုတ်တရက် စွန်းနီတစ်ကောင်အသွင် ပြောင်းလဲသွားသည်။ ရှင်းတင်း ပါးစပ်အဟောင်းသားဖြစ်နေသည်။
ထိုလှုပ်ရှားမှုသည် ခြင်္သေ့လက်သီးသိုင်း၏ ပြည့်စုံသည့်အဆင့်ဖြစ်သည်။
ရှင်းတင်း အားကြိုးမာန်တက် စလေ့ာသည်။ ပညာတီထွင်သူလုယန်၏ လမ်းညွှန်သင်ပြမှုကြောင့် ထိုလက်သီးသိုင်း၏ အခြေခံများကို မြန်မြန်တတ်လာသည်။
လုယန်၏ယူဆချက် မှန်ကန်ကြောင်းသက်သေပင်ဖြစ်သည်။ ခြင်္သေ့ဟောက်သံပညာကို မလေ့လာမီ ခြင်္သေ့၏လှုပ်ရှားမှုများကို အရင်တုပလေ့ကျင့်သည်က ပို၍လွယ်ကူသည်။
သိပ်ကြာမီ ခြင်္သေ့ဟောက်သံပညာကို ရှင်းတင်းသင်ယူနိုင်တော့မည်။ လုယန်၏ကျမ်းကျင်မှုကိုတော့ မီနိုင်မည်မဟုတ်။ သို့သော် ချီအဆင့်တစ်ယောက်အတွက် လုံလောက်သည်။
"အကိုရှင်းတင်း၊ သတင်းကြားပြီးပြီလား။ ချီရှောက်ရှေးဟောင်းနယ်မြေ ဖွင့်တော့မယ်တဲ့။ ကျုပ်တို့အားလုံး ဝင်လို့ရတယ်"
တောင်းပိုင်းအစေခံအဖွဲ့မှ ရှင်းချန်းက သတင်းကြားကြားချင်း လာပြောသည်။
"ချီရှောက်က ဘာလျှို့ဝှက်မြေလဲ"
"ရှေးဟောင်းခေတ်ကတည်းကရှိခဲ့တဲ့ လျှို့ဝှက်နယ်မြေတစ်ခုပါ။ အခြေတည်အဆင့်အောက်က ကျင့်ကြံသူတွေပဲ ဝင်ခွင့်ရှိတယ်။ ဘေးကင်းလုံခြုံဖို့အတွက် ချီသတ္တမအဆင့်နဲ့ နဝမအဆင့်ကြားက ကျင့်ကြံသူတွေဖြစ်ဖို့လိုတယ်"
"အဲဒီထဲကိုဝင်ရင် ဘယ်လိုအကျိုးရှိနိုင်လဲ"
"အများကြီးရှိတာပေါ့။ သိုင်းကိုယ်တော်အဖွဲ့က ကျုပ်တို့အခြေတည်အဆင့်တက်ရင် အခြေတည်အဆင့်တက်ဆေးလုံးတစ်ခုတော့ ပေးမှာပါ။
ဒါပေမယ့် ဆေးတစ်လုံးထက် ထပ်လိုချင်ရင် ကျိုးဆောင်မှတ်တွေနဲ့ ဝယ်ရတယ်။ ချီရှောက်လျှို့ဝှက်မြေက အခြေတည်သန္ဓေမြက်တွေ အများကြီးရှိတယ်။
အဲဒါက အခြေတည်ဆေးလုံးဖော်ဖို့အတွက် အဓိကကုန်ကြမ်းပဲ။ ကုန်ကြမ်းတွေရှိရင် ဆေးလုံးထပ်မဖော်နိုင်မှာကို စိုးရိမ်စရာမလိုတော့ဘူး။
နောက်ပြီး အခြေတည်မြက်အပြင် လျှို့ဝှက်မြေအတွင်းပိုင်းမှာ အမွေအနှစ်မျိးစုံရှိတယ်။ ရတနာတစ်ခုလောက်ရအောင်ယူနိုင်ရင် အနာဂတ်ကျင့်စဉ်လမ်းအတွက် စိုးရိမ်စရာမလိုတော့ဘူး"
ပြောရင်းပြောရင်း ရှးန်ချန်း ပို၍စိတ်လှုပ်ရှာလးာသည်။ သူသာအစေခံအဖွဲ့တွင်ရှိနေလျှင် ထိုအခွင့်အရေးမျိုးရမည်မဟုတ်။ သိုင်းကိုယ်တော်အဖွဲ့ဝင်ဖြစ်၍သာ အခွင့်အရေးပါ်လာခြင်းဖြစ်သည်။
"နေရာကောင်းတစ်ခု ဖြစ်မယ့်ပုံပဲ"
ရှင်းတင်း ခေါင်းငြိမ့်သည်။ သိုင်းကိုယ်တော်အဖွဲ့မှ လူအားလုံး သွားကြမည်ဟု ရှင်းချန်းကပြောသည်။ ထို့ကြောင့် သူလည်း တစ်ခြားရွေးစရာမရှိ။
ရှင်းချန်းထွက်သွားပြိးနောက် သူမေးသည်။
"ကောင်းကင်အရှ၊ ချီရှောက်ရှေးဟောင်းမြေအကြောင်း သိလား"
"ငါအရှင် တစ်ခါမှမကြားဖူးဘူး။ ရှေးဟောင်းခေတ်ကတည်းက ရှိခဲ့တာဆိုရင်တော့ သူ့မူလနာမည်ပျောက်ပြီး နောက်ပိုင်းမျိုးဆက်တွေက နာမည်သစ်တစ်ခု ပေးထားတာဖြစ်မယ်။
ငါရှိနေတာပဲ။ မင်းသွားချင်လည်း သွားပါ။ ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး"
နတ်မယ်ပြောသည့်စကားအတိုင်း လုယန် ပြန်ပြောခြင်းဖြစ်သည်။
သိပ်မကြာမီ ချီရှောက်ရှေးဟောင်းနယ်မြေသို့ ဝင်ရမည့်နေ့ရောက်လာသည်။
ထိုနေရာသည် ဗုဒ္ဓနိုင်ငံတွင် အလွန်နာမည်ကြီးသည့် လျှို့ဝှက်မြေတစ်ခုဖြစ်သည်။ အနောက်မိုးပျံဘုံကျောင်းအပြင် တစ်ခြားနာမည်ကျော်ဘုံကျောင်းများကလည်း သူတို့၏ အခြေတည်အဆင့်တပည့်များကို စေလွှတ်ကြသည်။
ထိုလူများကြားတွင် ရှင်းတင်း၏ ချီသတ္တမအဆင့်ကျင့်စဉ်စွမ်းအားသည် ဘာမှထူးခြားထင်ရှားသည်မဟုတ်။
"တုကျန်းဘုံကျောင်းကလူတွေ ရောက်လာပြီပဲ"
"ဒါက နန်စီဘုံကျောင်းအဖွဲ့မဟုတ်လား"
"ဟိုမှာကြည့်ဦး။ ကောင်းကင်ရတနာတော်ဝင်မြေကလူတွေလည်း ရောက်လာပြီ"
လေပျံတစ်စီးပေါ်မှ ဝတ်ရုံဖြူဝတ်ထားသည့် မိန်းမလှအုပ်စုကိုကြည့် တစ်ယောက်က အော်လိုက်သည်။ ထိုလှေပျံဆီ အားလုံးအာရုံရောက်သွားသည်။
"အဲဒါ ကောင်းကင်ရတနာတော်ဝင်မြေက ယုယွီလန်မဟုတ်လား။ သူက မသေမျိုးခန္ဓာတစ်ခုရှိတယ်လို့ ငါကြားဖူးတယ်။ ကျင့်စည်တိုးတက်တာအရမ်းမြန်တယ်။ သူနဲ့ရွယ်တူတွေကြားမှာ ပြိုင်ဘက်ကင်းပဲ။
တော်ဝင်မြေခေါင်းဆောင်က သူ့ကို အရမ်းအလေးထားတယ်။ နောင်တစ်ချိန် ကောင်းကင်-မြေ-လူသား စာရင်းဝင်ဖြစ်လာလောက်တယ်"
ယုယွီလန်၏မျက်နှာက ဇာပုဝါဖုံးထားသည်။ ဆွဲဆောင်မှုရှိသည့် မက်မွန်မျက်လုံးတစ်စုံသာ ဖော်ထားသည်။ အသက်ငယ်သေးသော်လည်း နောင်တစ်ချိန် ထိပ်တန်းအလှပိုင်ရှင်ဖြစ်လာပြီး စွဲလန်းသူအများအပြားရှိလာမည်မှာ သေချာသည်။
ရှင်းတင်းနှင့် အတူလာကြသည့် သိုင်းကိုယ်တော်များပင် ယုယွီလန်ကိုမြင်သည်နှင့် နည်းနည်းတပ်မက်ရိပ်မျိုး ပေါ်လာသည်။ သို့သော် ရှင်းတင်းက ဗုဒ္ဓကျမ်းစာကို အသံတိတ်ရွတ်နေသည်။ ယုယွီလန်အလှကို အာရုံမရောက်။
ယုယွီလန်မျက်နှာက အပြောင်းအလဲမရှိ။ သူ့ဆွဲဆောင်နိုင်စွမ်းကို သူသိသည်။ သို့သော် ခေါင်းငုံ့၍ကျမ်းစာရွတ်နေသည့် ရှင်းတင်းကို သူအမှတ်မထင် သတိထားမိသည်။ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်ပေါ်လာသည်။
"အင်း...ဒီကိုယ်တော်လေးက အတော်စိတ်ဝင်စားစရာကောင်းတာပဲ"
"ကောင်းကင်ရတနာ တော်ဝင်မြေလား။ ရှေးဟောင်းခေတ်တုန်းက ဒီနာမည်နဲ့ တော်ဝင်မြေတစ်ခု ရှိခဲ့ဖူးတယ်"
နတ်မယ်က ပြောသည်။ ကောင်းကင်ရတနာတော်ဝင်မြေသည် ရှေးဟောင်းခေတ်တွင် အတော်အင်အားတောင့်ခဲ့သည်။ မသေမျိုးငါးယောက်၏ ဩဝါဒခံယူပွဲသို့ တက်ခွင့်ရသည့် ကူးဖြတ်ခြင်းကျင့်ကြံသူနှစ်ယောက်ရှိသည်။
"ချင်ယန်၊ လာဦး။ ဒီတော်ဝင်မြေအကြောင်း ရှင်းပြပါဦး"
"ဒီလိုပါ မသေမျိုးအရှင်၊ ကောင်းကင်ရတနာနယ်မြေရဲ့ ခေါင်းဆောင်ဘိုးဘေးက ရှေးဟောင်းကျင့်စဉ်ပညာတစ်ခြမ်း ရခဲ့ပါတယ်။ အဲဒါကြောင့် သူတို့က မထင်မရှားနေရာအဖြစ်ကနေ တော်ဝင်မြေရယ်လို့ တည်ထောင်နိုင်ခဲ့တာပါ။
ပြီးတော့ အဲဒီ့ရှေးဟောင်းအမွေအနှစ်ကလည်း ကောင်းကင်ရတနာတော်ဝင်မြေလို့ခေါ်တဲ့ နေရာတစ်ခုကနေ ရလခဲ့တာလို့ ကြားပါတယ်"
"ဒါကြောင့် ဒီနာမည်ကို ရင်းနှီးနေတာကိုး။ ရှေးဟောင်းခေတ်ကောင်းကင်ရတနာနယ်မြေက အမွေအနှစ်ကို သူတို့ရခဲ့တယ်ပေါ့"
"ပြီးတော့ ကျန်နေတဲ့ကျင့်စဉ်ကျမ်းတစ်ဝက်ဟာ ချီရှောက်ရှေးဟောင်းနယ်မြေမှာရှိတယ်လို့ ကောလာဟာလ ကြားရပါတယ။ ချီရှောက်နယ်မြေဖွင့်တိုင်း တော်ဝင်မြေက အဲဒီ့အမွေအနှစ်ကိုရဖို့ လူလွှတ်ပြီးကြိုးစားခိုင်းပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး"
ဗုဒ္ဓနိုင်ငံအကြောင်း အားလုံးသိသည့် ကိုယ်တော်ချင်ယန်ရှိနေသဖြင့် ကိစ္စအတော်များများကို နားလည်ဖို့လွယ်ကူသွားသည်။
ရှေးဟောင်းမြေဖွင့်ချိန်တွင် ရှင်းထင်းက ချင်ဖုန်းဓားနှင့်အတူဝင်သည်။
ချင်ဖုန်းဓားကမ္ဘာငယ်သည် ကံကြမ္မာစွမ်းအားကို ပိတ်ဆို့တားဆီးနိုင်သည်။ နယ်မြေအာရုံခံစက်ဝန်း မရိပ်မိအောင် အလွယ်တကူ လှည့်စားနိုင်သည်။
"ဟုတ်တယ်။ ဒါ ရှေးဟောင်းခေတ်တုန်းက နေရာပဲ"
လျှို့ဝှက်မြေထဲသို့ ရောက်ပြီးနောက် နတ်မယ် ချင်းချင်းမှတ်မိသွားသည်။
*********************************
အခန်း (၁၀၃၅) စိတ်ဝင်စားစရာကိုယ်တော်
"နတ်မယ်၊ ဒါက ဘယ်လိုနေရာလဲ"
"ခုနကပဲ ငါပြောတယ်မဟုတ်လား။ ကောင်းကင်ရတနာနယ်မြေမှာ မသေမျိုးငါးယောက်ရဲ့ ဩဝါဒခံယူပွဲတက်ခွင့်ရတဲ့ ကူးဖြတ်ခြင်းအဆင့်နှစ်ယောက်ရျိတယ်။ အဓိကကတော့ ယင်ထန်က သင်ကြားပို့ချတာပါ။
ကျင့်စဉ်အတွေးအမြင်တွေ မျှဝေတာအပြင် ယင်ထန်က ကိုယ့်အဆင့်အတန်းနဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းဖို့ အဓိကထားပြီးသင်တယ်။ သင်ကြားပို့ချလို့ ပြီးသွားတော့ တာဝန်တစ်ခုစီ ပြီးမြောက်အောင်လုပ်ခိုင်းတယ်။
ကောင်ကင်ရတနာတော်ဝင်မြေက တစ်ခြားတော်ဝင်မြေတစ်ချို့နဲ့ပူးပေါင်းပြီး ဒီလျှို့ဝှက်မြေကို ဖန်တီးကြတယ်။ ဒီနယ်မြေက အခြေတည်အဆင့်အောက်က ကျင့်ကြံသူတွေပဲ ဝင်ခွင့်ရှိတယ်။
နယ်မြေတည်ထောင်သူတွေကလည်း ချီအဆင့်ကျင့်ကြံသူအဖြစ် ဟန်ဆောင်ပြီး လျှို့ဝှက်နယ်မြေထဲ ဝင်ကြတယ်။ ဒါပေမယ့် အထဲရောက်တော့ သူတို့ကိုယ်ပိုင်စွမ်းအားကိုမသုံးဘဲ နယ်မြေစွမ်းအားကိုသုံးပြီး စမ်းသပ်ချက်တွေကို ဖြတ်ကျော်ကြတယ်လေ"
"ဒါဆို ဒီလျှို့ဝှက်နယ်မြေရဲ့ မူလနာမည်ကဘာလဲ"
"တာဝန်နံပတ်တစ် နယ်မြေ"
......
"ထင်တဲ့အတိုင်းပဲ။ ငါသူတို့နဲ့ လူချင်းကွဲသွားပြီ"
ချိရှောက်လျှို့ဝှက်မြေ၏ တောနက်ထဲတွင် ရှင်းတင်း တစ်ကိုယ်တည်းပေါ်လာသည်။ အရှေ့အနောက်တောင်မြောက်ပင် ခွဲခြား၍မရ။
"ချီရှောက်မြေကိုဝင်တဲ့အခါ ဘယ်နေရာရောက်မယ်ဆိုတာ အတိအကျမသိနိုင်ဘူးလို့ အကိုရှင်းချန်းပြောတယ်။ ကံကောင်းရင် အသိအကျွမ်းတွေနဲ့ နေရာတစ်ခုတည်း အတူရောက်လာမယ်တဲ့။ အခုကြည့်ရတာ ငါ့ကံက သိပ်မကောင်းတဲ့ပုံပဲ။
ချီရှောက်လျှို့ဝှက်မြေကို အပြင်ပိုင်းနဲ့ အတွင်းပိုင်းဆိုပြီး ခွဲထားတယ်။ အပြင်ပိုင်းမှာ သာမန်အခွင့်အလမ်းတွေပဲ ရှိမယ်။ အတွင်းပိုင်းရောက်မှ ထူးခြားတဲ့အခွင့်အလမ်းတွေ ကြုံတွေ့နိုင်ခြေပိုများမယ်။ ဒါပေမယ့် အတွင်းပိုင်းက အန္တရာယ်လည်း ပိုများတယ်"
ဒီထဲကနေပြန်ထွက်တဲ့ နည်းလမ်းနှစ်ခုရှိမယ်။ သုံးရက်ကြာလို့ အပြင်ကိုအလိုလိုပြန်ရောက်တာရယ်။ ရတနာတစ်ခုခုရပြီးလို့ ကိုယ့်ဘာသာ ထွက်သွားတာရယ်...ဟာ..ဘယ်သူလဲဟေ့"
တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် ချက်ချင်းလှည့်ကြည့်ပြီး အော်မေးလိုက်သည်။ ခြင်္သေ့ဟောက်သံပညာကို လေ့ကျင့်ထားသဖြင့် သူ့အော်သံက ဩဇာရိပ်ပါနေသည်။
"ဒီကိုယ်တော်လေးက အတော်လေးအာရုံထက်မြက်တာပဲ။ ဝိညာဉ်အာရုံကို ဦးစားပေးလေ့ျင့်ထားတာလာ"
သစ်ရွက်များပွတ်တိုက်သံနှင့်အတူ ဝတ်ရုံဖြူးမိန်းကလေးတစ်ယောက် ပေါ်လာသည်။ ခြောက်ကပ်နေသည့်တောင်ကြားမှ ပန်းတစ်ပွင့်နှင့်တူသည်။ ပတ်ဝန်းကျင်နှင့် လုံးဝဆန်ကျင်ဘက်ဖြစ်သည်။
ယုယွီလန်က ရှင်းတင်းကို မပွင့်တပွင့်ပြုံး၍ကြည့်သည်။ အမှတ်မထင်ဆုံရသည်ကို အတော်သဘောကျနေဟန်ရှိသည်။
"ဪ ဒကာမယုယွီလန်ပဲ"
ရှင်းတင်း စိတ်သက်သာရာရသွားပြီး လက်အုပ်ချီ၍ နှုတ်ဆက်သည်။ ဤတော်ဝင်သမီးတော်သည် စိတ်အပြောင်းအလဲမြန်ပြီး ထူးဆန်းသည့်စရိုက်မျိုးရှိသော်လည်း စိတ်ရင်းကောင်းမွန်ကြောင်း သူကြားဖူးသည်။
သူပေါင်းဖက်နိုင်သည့် လူမျိုးဖြစ်သည်။
ယုယွီလန်က ရှင်းတင်းအမူအရာကို အသံတိတ်အကဲခတ်နေသည်။ ထိုကိုတော်လေး၏ အကြည့်က ကြည်လင်သည်။ သူ့ကိုကြည့်နေချိန်တွင် မရိုးသားသည့်အရိပ်မျိုး လုံးဝမတွေ့ရ။ တကယ်ရှားပါးသည့် အကြည့်မျိုးဖြစ်သည်။
"ကဲ၊ ကိုယ်တော်လေး၊ ကျွန်မ လုပ်စရာရှိသေးတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ"
ယုယွီလန် ကိုယ်တာဝန်ကိုယ်မမေ့။ အပြည့်အဝပြင်ဆင်၍ ဤရှေးဟောင်းနယ်မြေသို့ ဝင်လာခြင်းဖြစ်သည်။ နယ်မြေအတွင်းပိုင်းသို့ဝင်ပြီး တော်ဝင်မြေ၏ နောက်ထပ်အမွှေအနှစ်တစ်ခြမ်းကို ရနိုင်ခြေ သုံးဆယ်ရာနှုန်းရှိသည်။
"အော်မီတော်ဖော်"
ယုယွီလန်က ရှင်းတင်းကို နှစ်လိုဖွယ် ပြုံးပြပြီးနောက် ခရီးဆက်သည်။
တောအုပ်ထဲကို ကွေ့ပတ်ဖြတ်သန်း၍သွားသည်။ အတော်ကြာအောင် သူပြေးသည်။ သို့သော် နောက်မှ လူတစ်ယောက်လိုက်လာသလို ခံစားမိသည်။ ခြေလှမ်းရပ်၍ သစ်ပင်ပေါ်တက်ပုန်းပြီး နောက်ယောင်ခံသူပေါ်အလာကို စောင့်နေသည်။
သိပ်မကြာမီ သစ်ပင်အောက်မှ ရှင်းတင်းဖြတ်သွားသည်။
"ကိုယ်တော်လေး၊ ရှင်ကျွန်မနောက်ကို လိုက်နေတာလား"
ယုယွီလန် အံ့အားသင့်နေသည်။ ထိုကိုယ်တော် စိတ်ထားဖြောင့်မတ်သည်ဟု သူထင်ခဲ့သည်။ ယခုဘာကြောင့် သူ့ကိုနောက်ယောင်ခံလိုက်နေသည်မသိ။
"မိန်းကလေး နားလည်မှုလွဲနေပြီ။ ကျုပ်က နယ်မြေအတွင်းပိုင်းကို သွားမလိုပါပါ။ ကျုပ်တို့လမ်းကြောင်းချင်း တိုက်ဆိုင်သွားတာပါ"
"တိုက်ဆိုင်တာလား"
ယုယွီလန် ရှင်းထင်းကို သိပ်မသင်္ကာ။ အပြင်ပိုင်းမှ အတွင်းပိုင်းသို့သွားသည့် အတိုဆုံး အန္တရာယ်အကင်းဆုံး လမ်းကြောင်းကို ဘယ်သူမှမသိကြ။ သူတို့တော်ဝင်မြေပင် ထိုလျှို့ဝှက်လမ်းကြောင်းကို သိသည်မှာ သိပ်မကြာသေး။
မိုးပျံဘုံကျောင်းက ဘယ်လိုသိနိုင်မည်နည်း။
"ရှင်ရှေ့က သွားပါ"
ရှင်းတင်း တုံ့ဆိုင်းခြင်းမရှိဘဲ ဆက်သွားသည်။ ယုယွီလန်က နောက်မှလိုက်သည်။
တကယ်လမ်းကြောင်းတူနေခြင်းလားမသိ..
အတော်ကြာအောင် နောက်မှလိုက်ပြီးနောက် ရှင်းတင်းစကားကို ယုယွီလန် ယုံကြည်လာသည်။
"ဒီလမ်းကြောင်းကို ကိုယ်တော်လေး ဘယ်လိုသိတာလဲ"
"ဗုဒ္ဓက မပြောအပ်တာကို မပြောသင့်ဘူးလို့ ဆုံးမခဲ့တယ်"
ရှင်းတင်း ပြန်ဖြေသည်။ တို့ဟူးအရှင်အကြောင်း သူထုတ်မပြောရဲ။ ကံကြမ္မာစွမ်းအား၊ မိုးပျံဘုံကျောင်းပျက်စီးမည့်ကိစ္စများနှင့် ပတ်သက်နေသည်။
"ပြောပြပါ"
ယုယွီလန် အချိုသပ်၍ အပျော့ဆွဲသည်။ သူထို့သို့ချွဲလျှင် စိတ်မခိုင်သည့်ကျင့်ကြံသူများ သူအလိုကို ဆန့်ကျင်နိုင်မည်မဟုတ်။
"ပြောလို့မရဘူး"
"စိတ်ဝင်စားစရာကောင်းတဲ့ ကိုယ်တော်ပဲ"
ယုယွီလန် မှတ်ချက်ပေးည်။ ရှင်းတင်းအပေါ် စိတ်ဝင်စားမှုတိုးလာသည်။ သူသည် ငွေဇွန်းကိုက်၍ မွေးလာသူဖြစ်သည်။ တော်ဝင်မြေခေါင်းဆောင်ကသူ့ကို တော်ဝင်သမီးတော်အဖြစ် ရွေးချယ်ခဲ့သည်။
ပါရမီနှင့်နောက်ခံ ပြိုင်ဘက်ကင်းသည်။ သူလိုချင်သည့်အရာမှန်သမျှ မရမရှိခဲ့ဖူး။
ထိုကိုယ်တော်လေးတွင် တစ်ခြားစွမ်းရည်များ ရှိမရှိ သူသိချင်နေသည်။
သူတို့နှစ်ယောက် လမ်းကြောင်းတူနေသဖြင့် ပြောဆိုရယ်မောရင်း ရှေ့ဆက်လာကြသည်။
အမှန်တော့ ယုယွီလန်က အဓိကပြောခြင်းဖြစ်သည်။ ရှင်းတင်းက သိပ်စကားမပြော။
ပို၍အနီးကပ်ဆက်ဆံလေ ထိုကိုယ်တော်လေး အတော်ထူးခြားကြောင်း ယုယွီလန် နားလည်လာလေဖြစ်သည်။
သူဘယ်လောက်ဝေ့ဝိုက်မေးမေး ကိုယ်တာ်လေးက လုယန်အကြောင်းနှင့်ပတ်သက်၍ လုံးဝစကားမဟ။
"ယွီလန်၊ မင်းလည်းဒီရောက်နေတာလား"
စကားသံတစ်ခုပ်ေလာသည်။
လူတစ်စု တော်အုပ်ထဲမှ ပေါ်လာသည်။ ခေါင်းဆောင်က တည်ကြည်ခံ့ညားသည့် ရုပ်သွင်ရှိသည်။ သို့သော် ကြမ်းတမ်းသည့်တိုက်ပွဲတစ်ခု နွှဲခဲ့ရသကဲ့သို့ သူ့ဝတ်စုံအနားစများ နည်းနည်းစုတ်ပြဲနေသည်။
လျှို့ဝှက်မြေအပြင်ပိုင်းသည် လုံးဝငြိမ်းချမ်းသည်တော့ မဟုတ်။ နတ်ဆိုးသားရဲများ မကောင်းဆိုးဝါးဝိညာဉ်များ အနှောက်အယှက်ပေးနိုင်သည်။ ရှင်းတင်းတို့နှစ်ယောက် ထိုအဖြစ်မျိုးမကြုံသေးသည်က စိတ်အချဆုံးလမ်းကြောင်းအတိုင်း လာခဲ့သောကြောင့်ဖြစ်သည်။
အဖွဲ့ခေါင်းဆောင်လူကို ရှင်းတင်းမှတ်မိသည်။ ကောင်းတန်ရှို့။ ထို့လော်တော်ဝင်မြေ၏ သားတော်ဖြစ်သည်။ ကျန်သည့်လူများက သူ့နောက်လိုက်ဖြစ်လိမ့်မည်။
"အော်မီတော်ဖော် ဒကာကောင်း"
ကောင်းထန်ရှို့ နည်းနည်းမျက်မှောင်ကျုံ့သွားသည်။ ယုလန်ဘေးတွင် လူတစ်ယောက်အဖော်ပါလာမည်ဟု ထင်မထားခဲ့။
ယုယွီလန်သည် အပြင်လူများအတွက် ရင်းနှီဖော်ရွေတတ်သည့် ပုံစံမျိုးရှိသော်လည်း တကယ်ဆက်ဆံကြည့်လျှင် လူတိုင်းနှင့် အတော်လေးခပ်ခွာခွာ နေတတ်ကြောင်း သိလာပေလိမ့်မည်။ သူ့အနားသို့ ဘယ်သူမှကပ်ခွင့်ပေး။
ယခု သာမန်ရုပ်ရည် သာမန်ကျင့်စဉ်စွမ်းအားသာရှိသည့် ထိုကိုယ်တော်က ယုယွီလန်နှင့် ဘာကြောင့်အနီးကပ်ရှိနေသနည်း။
"ဒီကိုယ်တော်ဘယ်သူလဲ သိကြာလား"
သူ့နောက်လိုက်များကို လှည့်မေးသည်။
"တော်ဝင်သားတော်။ သူက မိုးပျံဘုံကျောင်းက ကိုယ်တော်ပါ။ အစက အစေခံကိုယ်တော်တစ်ယောက်ပါ။ နောက်မှ ကံကောင်းလို့ သိုင်းကိုယ်တော်အဖွဲ့ကို ဝင်ခွင့်ရခဲ့တာ"
"ဪ..အစေခံကိုယ်တော်တစ်ယောက်လား"
ကောင်းထန်ရှို့ လှောင်ပြုံးပြုံးသည်။ ခုနက ထိုကိုယ်တော်တွင် ထူးခြားသည့်နောက်ခံတစ်ခုခုရှိမည်ဟု သူထင်ခဲ့သည်။
"ကောင်းထန်ရှို့။ ကျွန်မရှင်ကို ဘယ်နှခါပြောရမလဲ။ ကျွန်မတို့ချင်း အဲလောက်မရင်းနှီးဘူး။ ကျွန်မကို နာမည်ရင်းအတိုင်းမခေါ်ပါနဲ့"
ယုယွီလန်က နည်းနည်းစိတ်တိုနေပုံရသည်။ ကောင်းထန်ရှို့က တောက်တဲ့တစ်ကောင်နှင့်တူသည့်လူဖြစ်သည်။ သူဘယ်လိုမှခွာချ၍မရ။
"ယွီလန်၊ ငါမင်းအတွက်စိုးရိမ်လို့ပါ။ ရှေးဟောင်းမြေက အန္တရာယ်တွေပြည့်နေတယ်။ နတ်ဆိုးအုပ်တွေ မကောင်းဆိုးဝါးဝိညာဉ်တွေ ငါတို့ရင်ဆိုင်ခဲ့ရတာ သုံးလေကြိမ်ရှိသွားပြီ။
မင်းလိုတစ်ကိုယ်တော်သမားအတွက် လှည့်စားခံရရင် ဒါမှမဟုတ် အန္တရာယ်တစ်ခုခုနဲ့ကြုံရင် အဆင်ပြေမှာမဟုတ်ဘူး"
ထိုသို့ပြောရင်း ရှင်းတင်းကို သူလှည့်ကြည့်သည်။ သူရည်ရွယ်သည့်အဓိပ္ပါယ်က ထင်ရှားနေသည်။
"ရှင်စိတ်ပူပေးတာတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်မကိစ္စက ရှင်နဲ့မဆိုင်ဘူး"
"ဒကာကောင်းက ကျုပ်ကို နားလည်မှုလွဲနေပြီထင်တယ်"
"ကိုယ်တော်လေး၊ လစ်တော့။ ဒီမှာ မင်းအတွက် နေရာမရှိဘူး"
"ဒကာကောင်း၊ ကျုပ်ကို အဲလိုတောင်းဆိုတာတော့ များလွန်းမယ်ထင်တယ်"
"မင်းက ဝိုင်တိုက်တာကိုမသောက်ဘဲ ကြိမ်ရိုက်တာကိုခံချင်နေတယ်ထင်တယ်"
ကောင်းထန်ရှို့ အေးစက်စက်ရယ်လိုက်သည်။ ချီနဝမအဆင့် စွမ်းအင်ရောင် ထိုးထွက်လာသည်။ သူ့နောက်လိုက်များကလည်း စွမ်းအင်ရောင်ကိုယ်စီ ထုတ်လွှတ်ကြသည်။
ချီအဋ္ဌမအဆင့်၊ နဝမအဆင့်မာျးဖြစ်သည်။ အားလုံးက ရှင်းတင်းထက် ကျင့်စဉ်စွမ်းအားမြင့်သည်။
"နင်တို့ဘာလုပ်နေတာလဲ"
ယုယွီလန် ဒေါသတကြီးအော်၍ ရှင်းတင်းရှေ့မှ ကာကွယ်သည်။ ထိုလူအားလုံးကို တစ်ပြိုင်တည်းတိုက်ခိုက်လာလျှင် သူယှဉ်နိုင်မည်မဟုတ်။
"ယွီလန်၊ ဒါက ယောက်ျားတွေချင်းတိုက်တဲ့ပွဲပါ။ မင်းဝင်မပါသင့်ဘူး"
ကောင်းထန်ရှို့က ယုံကြည်ချက်အပြည့်ရှိသည့်ဟန်ဖြင့် ရှင်းတင်းဆီ လျှောက်လာသည်။ သူ့နောက်တွင် ချီအင့်ဆယ်ယောက်ကျော်ပါလာသည်။ ရှင်းတင်းလွတ်မြောက်နိုင်စရာ အကောင်းမရှိ.
"ဒကာကောင်း၊ ကျုပ်က ဝိုင်လည်းမသောက်ချင်သလို ကြိမ်လည်းအရိုက်မခံချင်ပါဘူး"
"သတ္တိရှိသားပဲ။ အားလုံးဝင်တိုက်ကြမယ်ဟေ့"
လူအုပ်က ရှင်းတင်းကို ထွက်မပြေးနိုင်အောင် ပတ်လည်ဝိုင်းထားကြသည်။ ရှင်းတင်းက သက်ပြင်းချ၍ လက်အုပ်ချီလိုက်သည်။ ဝိညာဉ်စွမ်းအင်များ ထိုးတက်လာသည်။ ဘေးပတ်လည်လေဟာနယ် တွန့်လိမ်လှုပ်ရှားလာသည်။
သက်ပင်များက အသက်ဝင်လာသကဲ့သို့ အမြစ်များ မြေမှထိုးထွက်လာသည်။ သစ်ကိုင်းများ ချက်ချင်းဆန့်ထွက်လာသည်။ နတ်ဆိုးလက်တံများကဲ့သို့ ကောင်းထန်ရှို့တို့လူစုကို ရစ်ပတ်တုပ်နှောင်သည်။
"ဒါဘယ်လိုအောက်လမ်းပညာမျိုးလဲကွ"
လူအုပ်ကြီး ထိတ်လန့်တကြားအော်ဟစ်ကြသည်။ သစ်ပင်က ဘယ်လိုအသွင်ပြောင်းနိုင်မည်နည်း။ ချီရှောက်ရှေးဟောင်းမြေကို စတွေ့သည့်အချိန်မှစ၍ ထိုအဖြစ်မျိုးရှိခဲ့သည်ဟု လုံးဝမကြားဖူး။
ကျင်စဉ်စွမ်းအားဆင့်မြင့်၍ လူအရေအတွက်များသော်လည်း ရုတ်တရက်အသက်ဝင်လာသည့် သက်တမ်းရင့်သစ်ပင်များကို ဘယ်လိုမှရင်မဆိုင်နိုင်ကြ။
ရှင်းတင်းက ရင်ဘတ်ပေါ်တါင် လက်တစ်ဘက်ထောင်၍ နောက်လက်ဝါးတစ်ဘက်ကို အောက်သို့ ညင်သာစွာဖိနှိပ်လိုက်သည်။ လေဟာနယ်က သူ့အလိုကျလှုပ်ရှားသည်။
မမြင်နိုင်သည့် လက်ဝါးရိပ်ကြီးတစ်ခု ကျလာသည်။ သစ်ပင်များ ရစ်ပတ်ချုပ်နှောင်ခံထားရသည့် ကောင်းတန်ရှိုတို့လူစု မြေပေါ်သို့ ဘုန်းခနဲလဲကျသွားသည်။
ရှင်းတင်းက တည်ငြိမ်အေးဆေးသည့်ခြေလှမ်းဖြင့် ကောင်းထန်ရှို့ဆီ လျှောက်သွားသည်။
ကောင်းထန်ရှို့ ခေါင်းမော့ကြည့်ရန်ကြိုးစားသည်။ သူ့မျက်လုံးတွင် ပြင်းထန်သည့်အကြောက်တရားအရိပ်များ ပြည့်နေသည်။ ရှင်တင်းဦးခေါင်းနောက်တွင် တောက်ပနေသည့် အလင်းရောင်ကြောင့် မျက်နှာသွင်ပြင်ကို သေချာမမြင်ရ။ နတ်ဆိုးနတ်ဘုရားတစ်ယောက်လို ဖြစ်နေသည်။
"ဒကာကောင်း၊ ကျုပ်က ဗုဒ္ဓကိုယ်တော်ပါ။ ဝိုင်လို မူးရစ်သေရည်မျိုးကို မသောက်ပါဘူး"
"ဒကာမယု၊ ဆက်သွားရအောင်"
"အဲ..အင်းလေ"
ယုယွီလန် ငေးကြောင်နေရာမှ ပြန်အသိဝင်လာသည်။ ထိုအခြေအနေအပြောင်းအလဲမျိုးကို သူလည်းမျှော်လင့်မထားခဲ့။
ခုနက ရှင်းထန်၏စွမ်းဆောင်ရညက ရှေးဟောင်းနယ်မြေ၏ အရှင်သခင်လို ဖြစ်နေသည်။
ချင်ဖုန်းဓားကမ္ဘာငယ်ထဲတွင် ကောင်းကင်တို့ဟူးအရှင် ပျော်တစ်ဝက် ဝမ်းနည်းတစ်ဝက်ဖြစ်နေသည်။
ရှင်းတင်း၏လုပ်ဆောင်ပုံကို သူကျေနပ်ပါသည်။ သို့သော် ပြဿနာက
"ငါရှေးဟောင်းနယ်မြေတွေကို ဝင်တုန်းက ဘာလို့ဒီလိုအခွင့်အရေးမျိုး တစ်ခါမှမကြုံခဲ့ရတာလဲကွာ"