← Chapters

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အခန်း (၁၈၃) တွေ့ရတာ၀မ်းသာပါတယ် ဆရာ။

"ပစ္စည်းတွေလား"

လီကျင်းယောင် မျက်တောင်တဖျက်ဖျက်ခတ်ရင်း ဓားပေါ်မှ ဆင်းသက်ကာ ပိုင်ချူးရန် အနီးသို့ တိုးကပ်မေးမြန်းလိုက်သည်။ "ဘာပစ္စည်းတွေလဲ စီနီယာဘိုးဘေး"

ပိုင်ချူးရန်က စမ်းသပ်ချက်အတွင်း၌ သူ ကြုံတွေ့ခဲ့ရသည်များကို အသေးစိတ် ရှင်းပြလာ၏။ ထိုအခါ လီကျင်းယောင်က ချက်ချင်းပင် ပြောသည်။ "စီနီယာ။ ကျွန်မကိုလည်း ခေါ်သွားလို့ ရမလား"

"ငါ ဘာလို့ ဒီမှာရှိနေလဲဆိုတာ မင်း နားလည်သွားပြီ ထင်တယ်"

ပိုင်ချူးရန်က ပြုံးလျက် ခေါင်းညိတ်ပြ၏။

"မြေပုံတိုင်းတာရေး ပစ္စည်းတွေကော ပါရဲ့လား"

"မြေပုံက တိုင်းတာပြီးသားပါ။ ဒါပေမဲ့ ဒီတစ်ခေါက်မှာ ဆေးလုံးတွေနဲ့ အဆောင်လက်ဖွဲ့တွေ အများကြီး ထည့်လာလို့ တိုင်းတာရေး ကိရိယာတွေတော့ သိပ်မပါလာဘူး"

"ဒါဆို မပူနဲ့တော့။ ငါ့တပည့်လေး ရော်ဝေက အဲ့ဒါတွေ အမြဲဆောင်ထားတတ်တယ်"

ပိုင်ချူးရန်က ထရပ်ပြီးပြော၏။

"ကဲ သွားရအောင်။ ငါ မင်းကို အထဲအရင်ခေါ်သွားမယ်။ တိုက်ပွဲကို ငါအရင်စတိုက်မယ်။ မင်းကတော့ အစီအရင်တွေရဲ့ ဗဟိုချက်တွေကို ရှာပေးရုံပဲ"

"နားလည်ပါပြီ ဓားဘိုးဘေး"

သူတို့နှစ်ဦး နှင်းမြူထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။ လီကျင်းယောင်က နောက်မှလိုက်လာကာ ပိုင်ချူးရန်၏ လက်ကိုခပ်ဖွဖွ ဆုပ်ကိုင်လာ၏။ ပိုင်ချူးရန်လည်း ဟင်းလင်းပြင်ကူးပြောင်းမှု ဖြစ်နိုင်ခြေကို ထည့်တွက်ကာ သူမ လက်ကိုမဖယ်ဘဲ နှင်းမြူထဲသို့ တိုးဝင်လေသည်။

သူတို့ရှေ့မှ ကမ္ဘာကြီးသည် ပြောင်းပြန်လှန်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး ကောင်းကင်တံခါး ပေါ်လာသောအခါမှသာ ပိုင်ချူးရန်သည် သူမ၏ နူးညံ့သော လက်ဖဝါးလေးကို လွှတ်ပြီးပြော၏။ "သွားကြစို့"

"ဟုတ်"

လီကျင်းယောင်းမှာ အနည်းငယ် နှမြောတသ ဖြစ်သွားသော်လည်း ပိုင်ချူးရန်နောက်သို့သာ တိတ်တဆိတ် လိုက်ပါလာ၏။

သူတို့နှစ်ဦး ရှေ့သို့်ဆက်တိုး၀ြ်လာရာ ပထမဆုံး မကောင်းဆိုးဝါးနှင့် ထိပ်တိုက်တွေ့သည်။ လူသေအလောင်းများစွာဖြင့် ဖွဲ့စည်းထားသော အင်းဆက်ကြီးတစ်ကောင်သည် တိမ်တိုက်ဝဲဂယက်အတွင်းမှ ပျံထွက်လာပြီး သူတို့နှစ်ဦးထံသို့ ပြင်းထန်သော အဆိပ်ငွေ့များကို မှုတ်ထုတ်လာ၏။

သူတို့နှစ်ယောက်လုံးသည် ပါးနပ်သူများဖြစ်သောကြောင့် စကားများစွာ ပြောစရာ မလိုပေ။ ပိုင်ချူးရန်က သူ၏ စွမ်းအားကို အသုံးပြုကာ လက်တစ်ဖက်ဖြင့် အကာအကွယ် ဖန်တီးထားစဉ် လီကျင်းယောင်းက အစီအရင်၏ ဗဟိုချက်များကို အာရုံစိုက်ရှာဖွေတော့သည်။

"ဟိုနားမှာ"

သူမ၏ ထက်မြက်မှုမှာ စကားလုံးများဖြင့် ဖော်ပြမရနိုင်လောက်ပေ။ မကြာမီမှာပင် လီကျင်းယောင်သည် တိမ်တိုက်များကြားရှိ အစီအရင်ဗဟိုချက်ကို တွေ့ရှိသွား၏။ သူမသည် လက်ကိုမြှောက်ကာ ဓားချက်တစ်ချက်တည်းဖြင့် တိမ်ပင်လယ်ကို ခွဲထုတ်လိုက်ရာ ရှုပ်ထွေးလှသော အစီအရင်၏ အစိတ်အပိုင်းတစ်ခုမှာ ကောင်းကင်ထက်၌ ရုတ်တရက် ပေါ်လာသည်။

ကောင်းကင်ယံ၌ ထွင်းထုထားသည့် မှော်အစီအရင်များကို မော့ကြည့်ရင်း လီကျင်းယောင်သည် မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြင့် ပိုင်ချူးရန် ဘက်သို့ လှည့်ကြည့်လာ၏။ "ဒီလောက် ရှုပ်ထွေးတဲ့ အစီအရင်တွေကို မှတ်ဉာဏ်သက်သက်နဲ့ မှတ်ထားဖို့ဆိုတာ ကျွန်မအတွက် မဖြစ်နိုင်ဘူး။ ဓားဘိုးဘေး အဲ့မကောင်းဆိုးဝါးကို အဆုံးသတ်လိုက်ပါတော့။"

ပိုင်ချူးရန်သည် လက်ဖဝါးတစ်ချက် ရိုက်ထုတ်လိုက်ရုံဖြင့် မကောင်းဆိုးဝါးအား အမှုန့်ချေပစ်လိုက်သည်။ ထိုအခါ လီကျင်းယောင်က ဆက်ရှင်းပြသည်။

"ကျွန်မတို့ အရင်ဆုံး ဒီအစီအရင်တွေရှိတဲ့ နေရာကို လိုက်ရှာကြမယ်။ ညီမလေး ရော်ဝေရဲ့ တိုင်းတာရေး ကိရိယာတွ ရောက်လာတဲ့အခါကျမှ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးတွေ ထုတ်ပေးနိုင်တဲ့ အစီအရင်တွေကို ပုံတူကူးယူကြတာပေါ့"

မှန်ပေသည်။ ဤစမ်းသပ်ချက်အတွင်း၌ ပိုင်ချူးရန် ခေါက်တုံ့ခေါက်ပြန် သွားလာနေခဲ့ခြင်းမှာ စမ်းသပ်ချက်ကို မကျော်ဖြတ်နိုင်၍ မဟုတ်ပေ။ သူသည် ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းရန်အပြင်၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများ အလိုအလျောက် ထုတ်လုပ်ပေးနိုင်သော ဤမှော်အစီအရင်ကို ပုံတူကူးပေးနိုင်မည့်သူကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်၏။ သူသာ ထိုနည်းပညာကို ဂိုဏ်းသို့ ပြန်လည်သယ်ဆောင်သွားနိုင်ပါက အေးအေးဆေးဆေး လေ့လာရန် ရည်ရွယ်ထား၏။

နန်းဆောင်အတွင်း၌ သူ့ကို စောင့်ကြိုနေသော တစ်စုံတစ်ယောက် ရှိနေကြောင်းကိုလည်း ပိုင်ချူးရန် ကောင်းကောင်းကြီး ခံစားမိသည်။ နန်းဆောင်အပြင်ဘက်သို့ ပထမဆုံးအကြိမ် ရောက်ရှိစဉ်ကတည်းကပင် သူ၏အစွမ်းထက်လှသော စိတ်ဝိညာဉ်အာရုံဖြင့် အတွင်းဘက်ရှိ ဝိညာဉ်၏ လှုပ်ရှားမှုကို အထင်းသား ခံစားမိခဲ့ပြီး ဖြစ်၏။ သူ နန်းဆောင်တံခါးဝသို့ ချဉ်းကပ်သွားချိန်တွင် ထိုဝိညာဉ်၏ ခံစားချက်မှာ ကမောက်ကမဖြစ်သွားကာ တုန်လှုပ်ချောက်ချားသွားခဲ့သည်ကိုလည်း သူ ရှင်းလင်းစွာ သတိပြုမိခဲ့၏။

နန်းဆောင်အတွင်းရှိ ထိုသူမှာမူ သူ၏ နတ်ဘုရားစိတ်ဝိညာဉ်အာရုံသည် အကာအကွယ် အစီအရင်များကိုပင် ထိုးဖောက်၍ နန်းဆောင်အတွင်းအထိ ဝင်ရောက်စူးစမ်းနိုင်မည်ဟု အိပ်မက်ပင် မက်ဖူးလိမ့်မည် မဟုတ်ပေ။

ပိုင်ချူးရန် လီကျင်းယောင်းကို ခေါ်ဆောင်ကာ ဆက်လက် တက်လှမ်းလာခဲ့သည်။ သူတို့အားလမ်းတွင် ဆီးကြိုနေသမျှသော မကောင်းဆိုးဝါးများကို သူက ရှင်းလင်းပေးပြီး လီကျင်းယောင်ကမူ ဖုံးကွယ်ထားသော မှော်အစီအရင်များကို ရှာဖွေပေးလေ၏။ တစ်ရက်တာမျှ ကြိုးပမ်းပြီးနောက်တွင် သူတို့နှစ်ယောက်သည် ဤစမ်းသပ်ချက်အတွင်းရှိ အစီအရင် ဗဟိုချက်အားလုံးကို အောင်မြင်စွာ ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြသည်။

ထိုနေရာ၌ ဝိညာဉ်ကျောက်တုံးများ ထုတ်လုပ်ပေးသော အစီအရင်များသာမက မကောင်းဆိုး၀ါးများကို ဖန်တီးပေးသော အစီအရင်များနှင့် မိုးကြိုးများကို ပစ်လွှတ်ပေးသော အစီအရင်များမှာလည်း အလွန်ပင်ရှုပ်ထွေးနက်နဲစွာ ရောယှက်နေကြ၏။ လတ်တလောတွင် သူတို့ကို ပုံတူကူးယူ မှတ်တမ်းတင်သွားပြီးနောက် ဂိုဏ်းသို့ရောက်မှသာ အသေးစိတ် ပြန်လည်ခွဲခြမ်းစိတ်ဖြာရမည် ဖြစ်သည်။

အစီအရင်များအားလုံးကို ရှာဖွေပြီးနောက် သူတို့နှစ်ယောက်သည် ယခင်တောင်ကုန်းပေါ်သို့ ပြန်ဆင်းသက်လာခဲ့ကြသည်။ သူတို့ မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် အထက်ကောင်းကင်ရှိ နှင်းမြူများအတွင်းမှ လူတစ်စု ရုတ်တရက် ထွက်ပေါ်လာပြန်၏။

"ရှေ့မှာ နောက်ဆုံးအဆင့်ပဲ ကျန်တော့တယ်။ အားတင်းထားကြဦး"

အခန်း (၁၈၄) တွေ့ရတာ၀မ်းသာပါတယ် ဆရာ။ [၁]

ချင်တန်ယင်းသည် နှင်းမြူများအတွင်းမှ ထွက်ပေါ်လာပြီး နောက်မှပါလာသူများကို အားပေးစကားဆိုနေစဉ် ပိုင်ချူးရန်ကို ရုတ်တရက် မြင်သွားလေ၏။ ဤမိန်းကလေးငယ်မှာ ခဏမျှ ကြောင်အအဖြစ်သွားပြီးနောက် သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့်အတူ သတိအပြည့်ဖြစ်သွားပြီ အော်လိုက်တော့သည်။ "သတိထားကြ။ စမ်းသပ်ချက်က မပြီးသေးဘူး။ ဟိတ်... ဟိုကအယောင်ဆောင်ကောင်ကြီး ငါ့ရဲ့ တိုက်ကွက်ကို ခံလိုက်စမ်း"

ထိုအသံနှင့်အတူ သူမ၏ ခန္ဓာကိုယ်သည် လေဟုန်ကို ခွင်းကာ ပိုင်ချူးရန်ရှိရာသို့ ဒေါသတကြီး ခုန်ဆင်းလာသည်။ ထို့နောက် လက်ဖဝါးရိုက်ချက်များ ဆင့်ကဲထုတ်လွှတ်လိုက်ရာ မြစိမ်းရောင် မီးတောက်ပင်လယ်ကြီး တစ်ခုဖြစ်ပေါ်လာပြီး ပြင်းထန်စွာ တိုက်ခိုက်လာလေ၏။

ပိုင်ချူးရန်သည် လီကျင်းယောင်ကို သူ၏ကျောဘက်တွင် နေစေကာ လုံခြုံစွာ ကာကွယ်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ချင်တန်ယင်း၏ ဂုတ်ပိုးကို အမိအရဖမ်းလျက် မီးတောက်များထဲမှ ဆွဲထုတ်လိုက်သည်။ မြစိမ်းရောင် မီးတောက်များမှာ ပိုင်ချူးရန်၏ မျက်နှာကို တိုက်ရိုက် ထိမှန်သွားသော်လည်း သူ၏ ခန္ဓာကိုယ်မှာ သံမဏိကျောက်ဆောင်တစ်အလား မီးတောက်များမှာလည်း ဘေးဘယ်ညာသို့သာ လွင့်စက်သွားပြီး ပိုင်ချူးရန်၏ အနောက်တွင်ရှိသော လီကျင်းယောင်ကိုလည်း အနည်းငယ်ပင် မထိခိုက်သွားပေ။

"ငါ့ကို လွှတ်စမ်း"

ချင်တန်ယင်းသည် ပိုင်ချူးရန်၏ လက်ထဲတွင် အတင်းရုန်းကန်နေတော့၏။ ဤမြင်ကွင်းမှာ လွန်ခဲ့သော နှစ်ပေါင်းရာချီက သူမအား ကြက်ကလေးငှက်ကလေးပမာ ဖမ်းဆွဲခဲ့စဉ်က အခြေအနေနှင့် တစ်ပုံစံတည်း တူညီနေသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ သူမ၌ ကူဖော်လောင်ဖက် နှစ်ဦးပါလာ၏။

ချင်တန်ယင်း၏ အော်ဟစ်သံ အဆုံးတွင် နှင်းမြူများထဲမှ ပြင်းထန်သော တိုက်ကွက်နှစ်ခု ရုတ်ခြည်း ထွက်ပေါ်လာသည်။ ပိုင်ချူးရန်အတွက် ထိုတိုက်ကွက်များမှာ အလွန်ပင် ရင်းနှီးကျွမ်းဝင်နေ၏။ တစ်ခုမှာ စုရှန်းရွှယ်၏ အရိုးပျော်လက်ဖဝါး တိုက်ကွက်ဖြစ်ပြီး အခြားတစ်ခုမှာမူ ချီမင်ဓားဂိုဏ်း၏ ရွှေဓားအလင်းတန်းပင် ဖြစ်လေသည်။

ပိုင်ချူးရန်သည် လက်ကို ဖြည်းညှင်းစွာ မြှောက်ကာ ထိုတိုက်ကွက်များကို တားဆီးလိုက်၏။ အေးစက်လှသော လက်ဖဝါးအရှိန်နှင့် ထက်မြက်လှသော ဓားအလင်းတန်းတို့ကို သူ၏ စွမ်းအားဖြင့် တောင်ကုန်းဘေးဘက်သို့ လွှဲထုတ်ပစ်လိုက်ရာ တောင်ကုန်းကြီးမှာ ဟိန်းခနဲ မြည်ဟည်းသွားပြီး ဧရာမ အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်သွားလေတော့သည်။

နှင်းမြူထဲမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။ တစ်ဦးမှာ စုရှန်းရွှယ်၏တပည့် ယိုမေ့ချောင်ဖြစ်ပြီး အခြားတစ်ဦးမှာမူ လင်းဖန်အမည်ရှိသော လူငယ်လေး တစ်ဦးဖြစ်၏။

သူတို့ကို လွယ်လင့်တကူ နှိမ်နင်းလိုက်သူမှာ ပိုင်ချူးရန်ဖြစ်ကြောင်း မြင်လိုက်ရသောအခါ နှစ်ဦးစလုံး အံ့အားသင့်သွားကြ၏။ သို့သော် နောက်တစ်စက္ကန့်မှာပင် လင်းဖန်က လက်ဦးမှုရယူကာ သူ၏ ပျံလွှားဓားဖြင့် ဓားအလင်းတန်းများစွာကို ဖန်တီး၍ ပိုင်ချူးရန်အား ဆက်လက် တိုက်ခိုက်ပြန်သည်။

ထိုဓားအလင်းတန်းများမှာ ရွှေဓားသိုင်း၏ အနှစ်သာရများပင်ဖြစ်၏။ လင်းဖန်သည် ငယ်ရွယ်သော်လည်း ဤဓားသိုင်းကို အတော်ပင် ပိုင်နိုင်ကျွမ်းကျင်လှသည်ကို ပိုင်ချူးရန် သတိပြုမိလိုက်သည်။ သို့ဖြစ်ရာ ပိုင်ချူးရန်သည်လည်း လက်ဟန်ကို အသုံးပြုကာ ထိုနည်းတူသော ဓားသိုင်းဖြင့်ပင် တုံ့ပြန်လိုက်၏။

ဓားအလင်းတန်းများမှာ သူတို့နှစ်ဦးကြားရှိ နေရာလွတ်လေးအတွင်း၌ အပြန်အလှန် ထိတွေ့တိုက်ခိုက်မိကြရာ သတ္တုချင်း ထိခိုက်သံများ တချွင်ချွင် ထွက်ပေါ်နေလေသည်။ ထိုသို့ရင်ဆိုင်နေစဉ် ပိုင်ချူးရန်မှာ တည်ငြိမ်အေးဆေးနေသော်လည်း လင်းဖန်မှာမူ မျက်နှာတွင် ချွေးစေးများ ထွက်ပေါ်လာကာ အမူအရာမှာ ပို၍ တောင့်တင်းလေသည်။

"ရွှေသတ္တုရဲ့ သဘာဝက အသွင်သဏ္ဌာန် အမျိုးမျိုး ပြောင်းလဲနိုင်စွမ်း ရှိတာပဲ။ ဒါကြောင့် ရွှေဓားသိုင်းရဲ့ အနှစ်သာရက လျင်မြန်ပြီး အဆုံးမရှိတဲ့ အပြောင်းအလဲတွေပဲ။ ရန်သူ မထင်မှတ်ထားတဲ့ ထောင့်ကနေ ရန်သူ မမျှော်လင့်ထားတဲ့ နည်းလမ်းနဲ့ လှုပ်ရှားရမယ်။"

ပိုင်ချူးရန်သည် လင်းဖန်၏ ဓားကို လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ညှပ်၍ ဖမ်းယူလိုက်ရင်း ပြောလာ၏။ "မင်းရဲ့ ဓားပညာက သေချာအသက်မဝင်သေးဘူး။ ပြန်သွားပြီး မင်းရဲ့ ဆရာကိုပဲ သေသေချာချာ ပြန်သင်ခိုင်းလိုက်ပါဦး"

သူသည် လက်ကို တစ်ချက်လှည့်ကာ လင်းဖန်၏ လက်ထဲမှ ဓားကို အလွယ်တကူ လုယူလိုက်ပြီး ဓားရိုးဖြင့် လင်းဖန် ရင်ဘတ်ကို ခပ်ဖွဖွ တွန်းထုတ်လိုက်လေသည်။

ထိုအချိန်တွင် ယိုမေ့ချောင်သည်လည်း ကခုန်နေသကဲ့သို့ နူးညံ့သိမ်မွေ့သော ခြေလှမ်းများဖြင့် ချဉ်းကပ်လာကာ ပိုင်ချူးရန်၏ ခန္ဓာကိုယ်မှ အရေးပါသော သွေးကြောဆုံချက်နှစ်ခုကို တိုက်ခိုက်လာ၏။

သူမ၏ လှုပ်ရှားမှုများမှာ ချစ်သူကို ပွေ့ဖက်ရန် ပြင်နေသကဲ့သို့ နူးညံ့လှသော်လည်း လက်ဖဝါးအတွင်း၌မူ အလွန်အေးစက်သော အဆိပ်စွမ်းအားများ ကိန်းအောင်းနေ၏။

ပိုင်ချူးရန်သည် ခေတ္တမျှ တွန့်ဆုတ်သွားပြီးမှ သူမ၏လက်ကောက်ဝတ်ကို ဖမ်းဆွဲချုပ်ကိုင်လိုက်သည်။

"မင်းရဲ့ ခြေလှမ်းတိုက်ကွက်တွေကတော့ ကောင်းပါတယ်။ ဒါပေမဲ့ တိုက်ကွက်တွေက အတင်းလုပ်ယူလွန်းအားကြီးနေတာ မင်းရဲ့ ဆရာမလိုပဲ။ သူ တိုက်ခိုက်တဲ့အခါ တကယ်ဖက်ချင်တာလား ဒါမှမဟုတ် လူသတ်ချင်တာလားဆိုတာ ငါတောင် ခွဲမရဘူး"

ပိုင်ချူးရန်သည် သူမကို လွှတ်ပေးလိုက်ပြီး ချင်တန်ယင်းကိုလည်း ဘေးသို့တွန်းဖယ်သည်။ လင်းဖန်သည် ဓားကိုပြန်ကောက်ကာ ဆက်လက်တိုက်ခိုက်ရန် ပြင်နေသော်လည်း ယိုမေ့ချောင်က တားလေ၏။ "မတိုက်နဲ့တော့"

ယိုမေ့ချောင်က ပြုံးလျက်ပြော၏။ "ဒါက ပုံရိပ်ယောင်မဟုတ်ဘူး။ လူအစစ်ပဲ။ တွေ့ရတာ၀မ်းသာပါတယ် ဆရာ”

All Chapters