← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း(၁၈၉) ဂူဗိမာန်၏ မူလပိုင်ရှင်

နန်းဆောင်တံခါးကြီး ပွင့်ထွက်သွားပြီး အပြင်ဘက်မှ အလင်းတန်းများ အတွင်းသို့ စီးဝင်လာရာ ဝတ်ရုံနက်နှင့်လူမှာ စူးရှလှသော အလင်းဒဏ်ကြောင့် မျက်မှောင်ကြုတ်လျက် အနည်းငယ် အနေရခက်သွားသည်။

သူသည် ဝေဝါးနေသော အမြင်အာရုံကို ပြန်လည်စုစည်းလိုက်သည့်အခါ တံခါးဝတွင်ရပ်နေသည့် ပုံရိပ်ကို အထင်းသား မြင်လိုက်ရသဖြင့် ဝမ်းသာအားရ ဖြစ်သွားမိ၏။

'မလွယ်ကူလိုက်တာ။ မင်းရဲ့ လှည့်ကွက်တွေကို ငါ ဒီလောက်ကြာအောင် စောင့်ခဲ့ရတာ။ နောက်ဆုံးတော့လည်း မင်းကိုယ်တိုင် ငါ့ရဲ့ထောင်ချောက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီပဲ'

သူ၏ စိတ်ဝိညာဉ်ချီများ ပြင်းထန်စွာ တုန်ခါနေခြင်းကို ရှေ့မှလူ သတိမပြုမိစေရန် ဝတ်ရုံနက်နှင့်လူသည် သူ၏ စိတ်လှုပ်ရှားမှုများကို အတင်းအကျပ် ဖိနှိပ်ချုပ်ထားရသည်။

ပိုင်ချူးရန်သည် တံခါးဝတွင် မလှုပ်မယှက် ရပ်နေရင်း အတွင်းဘက်သို့ အကဲခတ်နေပုံရ၏။ ဝတ်ရုံနက်နှင့်လူသည် သူ၏ဝိညာဉ်အာရုံများကို အစွမ်းကုန် လျှော့ချထားလိုက်ပြီး အလောင်းတစ်ကောင်အလား ဟန်ဆောင်ငြိမ်သက်နေသည်။

ထို့နောက် ပိုင်ချူးရန် တခဏစူးစမ်းကြည့်ပြီး တံခါးအပြင်ဘက်ရှိ လူများကို စကားအနည်းငယ်မှာကြားကာ နန်းဆောင်တံခါးကို ပြန်ပိတ်လိုက်၏။

'ကောင်းတယ်။ သူ ဘာမှ သတိမထားမိတာ သေချာတယ်'

ဝတ်ရုံနက်နှင့်လူ စိတ်ထဲမှ ခိုး၍ ဝမ်းသာနေရင်း အခွင့်ကောင်းကိုစောင့်နေသော မြွေတစ်ကောင်နှယ် ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏။

ပိုင်ချူးရန်သည် သတိအနည်းငယ်ပင် မထားပုံရသည်။ သူသည် နန်းဆောင်အတွင်းရှိ အခြေအနေများကို ဟိုဟိုဒီဒီ ကြည့်ရှုရင်း ဝတ်ရုံနက်နှင့်လူ ထိုင်နေသော နဂါးပလ္လင်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာ၏။

ဆယ်မီတာ၊ ငါးမီတာ၊ သုံးမီတာခန့် နီးကပ်သွားပြီး ဆွေးမြည့်နေသော ဤခန္ဓာကိုယ်တွင် အသက်ရှူရန် အဆုတ်မရှိတော့သော်လည်း ဝတ်ရုံနက်နှင့်လူမှာမူ ရင်တထိတ်ထိတ်ဖြင့် အသက်ရှူအောင့်ထားမိလိုက်သည်။

အဆုံးတွင် ပိုင်ချူးရန်သည် ၀တ်ရုံနက်လူနှင့် တစ်မီတာသာကွာတော့ပြီး သူ့ခန္ဓာကိုယ်ဆီသို့လက်ဖဝါးကို ဖြည်းညှင်းစွာ ဆန့်ထုတ်လာလေ၏။

'အခုပဲ'

ဝတ်ရုံနက်နှင့်လူသည် စိတ်ထဲမှ အော်ဟစ်လိုက်ပြီး နှစ်ပေါင်းများစွာ လေ့ကျင့်ပြင်ဆင်ထားသော ဝိညာဉ်ကူးပြောင်း ခန္ဓာသိမ်းပိုက်ခြင်းကျင့်စဥ်ကို ထုတ်သုံးလိုက်သည်။

သူ၏ဝိညာဉ်သည် ဆွေးမြည့်နေသော ခန္ဓာကိုယ်အတွင်းမှ ရုန်းထွက်ကာ မမြင်နိုင်လောက်အောင် ဖျော့တော့သော အပြာရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပိုင်ချူးရန်၏ မျက်ခုံးနှစ်ခုကြားရှိ စိတ်ဝိညာဉ်စင်မြင့်ဆီသို့ တိုးဝင်လာလေ၏။ သို့သော် ရုတ်တရက်ဆိုသလို ပိုင်ချူးရန်၏ လက်ဖဝါးမှာ ၀တ်ရုံနက်ခန္ဓာကိုယ်ဆီသို့ လျှပ်တစ်ပြက် ရောက်ရှိလာသည်။ ထိုလက်ဖဝါးထဲတွင် အနက်ရောင် သလင်းတုံးတစ်ခုရှိနေပြီး ထိုအရာမှာဝိညာဉ်များကို အတင်းအကျပ် စုပ်ယူသိမ်းဆည်းနိုင်စွမ်းရှိသော ဝိညာဉ်ချုပ်သလင်းရှိနေသည်။

ထိုအရာနှင့်သာထိမိပါက ၀တ်ရုံနက်၏ ဝိညာဉ်မှာ အကျဉ်းချခံရမည်ဖြစ်ပြီး ပိုင်ချူးရန်၏ အလိုကျအတိုင်း ဖြစ်သွားတော့မည်ဖြစ်၏။

'ဒါပေမဲ့ မင်းတစ်ယောက်တည်းပဲ ကြိုတင်ပြင်ဆင်ထားတာ မဟုတ်ဘူးကွ'

ဝတ်ရုံနက်နှင့်လူသည် စိတ်ထဲမှ လှောင်ပြောင်လိုက်ပြီး တိုက်ခိုက်နေစဉ်အတွင်းမှာပင် သူ၏ ဝိညာဉ်ကိုနှစ်ပိုင်း ခွဲလိုက်သည်။ သူသည် သေးငယ်သော ဝိညာဉ်အစိတ်အပိုင်းကို အပိုင်းအစအဖြစ် ခွဲလိုက်ရာ ထိုအစိတ်အပိုင်းသည် ပိုင်ချူးရန်လက်ထဲရှိ အနက်ရောင် သလင်းတုံးအတွင်းသို့ ဝင်သွား၏။ သူ၏ စစ်မှန်သော ဝိညာဉ်မှာမူ ပိုင်ချူးရန် နောက်ကျောဘက်သို့ ပျံသန်းသွားပြီး ဂုတ်ပိုးဆီသို့ တိုး၀င်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပိုင်ချူးရန် အခြားလက်တစ်ဖက်မှာ ရုတ်တရက် မြင့်တက်လာပြီး သူ၏ဂုတ်ပိုးကို ကာကွယ်လိုက်သည်။ ထိုလက်ထဲတွင်လည်း အနက်ရောင် သလင်းတုံးတစ်ခု ရှိနေပြန်၏။

'ဒီကောင် မြေကမ္ဘာအင်မော်တယ် ဘယ်နှယောက်ကိုတောင် သတ်ပစ်ခဲ့တာလဲ'

ဤဝိညာဉ်သလင်းတုံးများသည် မြေကမ္ဘာအင်မော်တယ်များထံမှသာ ရရှိနိုင်သောကြောင့် ပိုင်ချူးရန် ဤနေရာသို့ ရောက်လာပြီးကတည်းက တောက်လျှောက်ရှာဖွေနေသည်ကို ဝတ်ရုံနက်နှင့်လူ တစ်ချက်ကလေးမျှပင် သတိမပြုမိခဲ့ချေ။

၀တ်ရုံနက်နှင့်လူသည် မြေကမ္ဘာအင်မော်တယ် တစ်ဦးဖြစ်သောကြောင့် ပိုင်ချူးရန်၏ တုံ့ပြန်မှုနှင့် တိုက်ခိုက်မှုအရှိန်မှာ ထိပ်ဆုံးကျွမ်းကျင်သူအဆင့်ရောက်ရှိနေပြီဖြစ်ကြောင်း သူ သိမြင်နိုင်၏။

မြင့်မြတ်အင်ပါယာ၏ အထွန်းကားဆုံး ခေတ်ကာလတွင်ပင် ဤကဲ့သို့သောသူမျိုးကိုရှာတွေ့ရန် ခဲယဉ်းလှမည်။ ပိုင်ချူးရန်၏ လက်ထဲရှိ ဝိညာဉ်သလင်းတုံးမှာ ဝတ်ရုံနက်နှင့်လူအတွက် ထိမိသည်နှင့် ပျက်စီးနိုင်သော မြင့်မားသည့် တံတိုင်းကြီး တစ်ခုနှင့်တူနေသည်။

အခန်း(၁၉၀) ဂူဗိမာန်၏ မူလပိုင်ရှင် [၁]

ဝတ်ရုံနက်နှင့်လူ၏ ဝိညာဉ်သည် လေထဲတွင် ဝိုက်ပျံပြီးနောက် နဂါးပလ္လင်ပေါ်တွင် လဲကျနေသော သူ၏ ခန္ဓာကိုယ်ကြီးအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် အသည်းအသန် ကြိုးစားတော့သည်။ ပိုင်ချူးရန်က လက်ကိုမြှောက်ကာ အနက်ရောင် သလင်းတုံးကို လှမ်းပစ်လိုက်ရာ ဝတ်ရုံနက်နှင့်လူသွားရာ လမ်းကြောင်းသို့ ထိမှန်သွားသော်လည်း ဝတ်ရုံနက်နှင့်လူမှာ ပြတ်သားစွာပင် သူ၏ဝိညာဉ်ကို ထပ်မံခွဲထုတ်လိုက်ပြန်၏။ သူ၏ ဝိညာဉ်ခုနစ်ခု မှာ သလင်းတုံးအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသော်လည်း ကျန်ရှိနေသော ဝိညာဉ် သုံးခုမှာမူ သူ့ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားကာ ဆွေးမြည့်နေသော အလောင်းကြီးမှာ ပြန်လည်လှုပ်ရှားလာသည်။

ဝတ်ရုံနက်နှင့်လူသည် သူ၏ နောက်ဆုံးသော စွမ်းအားကို အသုံးပြုကာ ပိန်ခြောက်နေသော လက်မောင်းများဖြင့် မန္တာန်လက်ဟန်တစ်ခုကို အတင်းအကျပ် ပြုလုပ်လိုက်၏။

ရုတ်တရက်ဆိုသလို နန်းဆောင်အတွင်း၌ နှင်းမြူများ ဖုံးလွှမ်းသွားပြီး ဟင်းလင်းပြင်မှာ ပြောင်းပြန်လှန်သွားကာ ဝတ်ရုံနက်နှင့်လူသာမက ပိုင်ချူးရန်အပြင် နန်းဆောင်အတွင်းရှိ ပစ္စည်းအမြောက်အမြားကို အခြားဟင်းလင်းပြင်တစ်ခုအတွင်းသို့ ဆွဲခေါ်သွားတော့သည်။

နှင်းမြူများ ကွဲလွင့်သွားသောအခါ ဝတ်ရုံနက်နှင့်လူ၏ ခန္ဓာကိုယ်မှာ သာမာန် အလောင်းအတိုင်းဖြစ်သွားပြီး ဝိညာဉ်သုံးခုမှာ သူ၏ခန္ဓာကိုယ်ကို စွန့်ခွာကာ မည်သည့်နေရာသို့ ပျံသန်းသွားသည်ကိုတော့ မသိရပေ။ ပိုင်ချူးရန်မှာမူ ထိုသူ၏ ခန္ဓာကိုယ်ဟောင်းနှင့်အတူ မှောင်မည်းနေသော ဟင်းလင်းပြင်ကြီးတစ်ခု၏ အလယ်တွင် ရပ်နေ၏။

ပိုင်ချူးရန်သည် သူလေပေါ်တွင်သာ လွင့်မျောနေသလို ခံစားရသဖြင့် ငုံ့ကြည့်လိုက်ရာ သူ့ခြေဖဝါးအောက်တွင် အဆုံးမရှိသော မှောင်မိုက်မှုကြီးသာ တည်ရှိနေပြီး မြေပြင် ရှိမရှိပင် မခွဲခြားနိုင်တော့ချေ။ သူသည် မျက်လုံးကိုမှိတ်ကာ သက်ပြင်းတစ်ချက်ချလိုက်ပြီးန ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းကာ အောက်သို့ တည့်တည့် ဆင်းသက်လိုက်သည်။

မည်မျှကြာအောင် ပြုတ်ကျနေသည်ကို မသိရသော်လည်း ခေတ္တအကြာတွင် ပိုင်ချူးရန်သည် မြေပြင်နှင့် ထိမိသွားကာ အသံကျယ်ကြီးတစ်ခုလည်း မြည်ဟီးသွားပြီး အခြားအရာများလည်း ပြုတ်ကျလာ၏။

သူ မြေပေါ်သို့ရောက်ပြီးနောက် ဝတ်ရုံနက်နှင့်လူ၏ ခန္ဓာကိုယ်သည်လည်း အနီးအနားသို့ ပြုတ်ကျလာကာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွား၏။ ပိုင်ချူးရန်သည် သူ၏ ကိုယ်ပေါ်မှ ဖုန်မှုန့်များကို ခါထုတ်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်သည်။ သူ ခြေလှမ်းစရန် ပြင်လိုက်စဉ်မှာပင် နားထဲသို့ အလွန်တိုးညှင်းသော အသံတစ်ခုတိုး၀င်လာ၏။

"လူငယ်‌လေး လူငယ်လေး။ ငါ့ကို နည်းနည်းလောက် ကူညီနိုင်မလား"

ပိုင်ချူးရန် ခေတ္တမျှ ကြောင်သွားပြီးနောက် အသံလာရာကို ရှာကြည့်၏။ ထိုအသံမှာ ပိုင်ချူးရန်၏ ဘေးနားတွင် ပြုတ်ကျနေသော ဝတ်ရုံနက်နှင့်လူ၏ အလောင်းထံမှ လာခြင်းဖြစ်သည်။ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ထိုအလောင်းမှာ အရုပ်ပျက်ပန်းပျက် ဖြစ်နေချေ၏။

ပိုင်ချူးရန်သည် ခြေထောက်ဖြင့် ထိုအလောင်းကို ထိုးဆွလှန်ကြည့်လိုက်ရာ စကားပြောနေသူကို တွေ့လိုက်ရသည်။ ထိုအရာမှာ လူသားတစ်ယောက်၏ ဦးခေါင်းခွံတစ်ခုဖြစ်ပြီး မျက်လုံးပေါက်များအတွင်း၌ အစိမ်းရောင် ဝိညာဉ်မီးတောက်များ တောက်လောင်နေသည်။

"ထပ်ပြီး စမ်းသပ်မနေနဲ့တော့။ ငါ့မှာ မင်းအပေါ် ရန်ငြိုးမရှိပါဘူး လူငယ်လေးရဲ့။ ပြီးတော့ ငါက ခန္ဓာကိုယ် သိမ်းပိုက်ချင်တယ်ဆိုရင်တောင် အခုချိန်မှာ အဲဒီလို လုပ်နိုင်စွမ်း မရှိတော့ဘူး။"

ဦးခေါင်းခွံ ပြောလိုက်ရာတွင် သူ့ကိုယ်ကို လှောင်ပြောင်နေသော အသံများ ရောယှကိပါဝင်နေ၏။ "ငါ့ရဲ့ တုံးအမှုနဲ့အယုံလွယ်မှုကြောင့် ငါ့ရဲ့ဝိညာဉ်က တခြားလူရဲ့ ဖျက်ဆီးခြင်းကိုခံခဲ့ရတာ ကြာပါပြီ။ အခု ငါက ကောင်းကင်ဘုံရဲ့ စောင့်ရှောက်မှုကြောင့်ပဲ ဒီလို တည်ရှိနေနိုင်တာ"

"ဒါဆိုရင် ခင်ဗျားက ကျုပ်ကို ဒီကနေ ထွက်သွားနိုင်အောင် ကူညီပေးနိုင်လို့လား" ပိုင်ချူးရန်က မေးလိုက်သည်။

"ဒါပေါ့။ ဒီဂူဗိမာန်ရဲ့ အရှင်သခင်အစစ်က ငါပဲလေ"

ဦးခေါင်းခွံ၏ စကားလုံးများတွင် ယုံကြည်ချက်များ ပြည့်နှက်နေ၏။ ထိုအချိန်မှာပင် မှောင်မိုက်မှု၏ အနက်ရှိုင်းဆုံးနေရာမှ ကျယ်လောင်လှသော ဟိန်းဟောက်သံကြီး တစ်ခုထွက်ပေါ်လာပြီး အသံလှိုင်းမှာ ကြီးမားသော လှိုင်းလုံးကြီးသဖွယ် ပြောင်းလဲကာ မြေပြင်ကို တုန်ခါသွားစေသည်။

ထိုအသံကိုကြားရချိန် ဦးခေါင်းခွံ၏ အသံမှာ စိုးရိမ်မှုများရောယှက်သွား၏။ "မဖြစ်နိုင်တာ။ သူက အဲဒီ အလောင်းကြီးကို ထိန်းချုပ်နေပြီလား။ မြန်မြန်... ငါပြောသလိုလုပ်။ ငါ မင်းကို ဟင်းလင်းပြင် ကူးပြောင်းနည်း သင်ပေးမယ်"

"‌နောက်ကျသွားပြီ"

အက်ရှရှ အသံနိမ့်ကြီး တစ်ခု ထွက်ပေါ်လာပြီး မှောင်မိုက်မှုအတွင်းမှ ကြီးမားလှသော မကောင်းဆိုး၀ါးတစ်ကောင်သည် ကောင်းကင်မှ ဆင်းသက်လာကာ ပိုင်ချူးရန်နှင့် ဦးခေါင်းခွံရှိရာသို့ အရှိန်အဟုန်ဖြင့်ဆင်းလာတော့၏။

All Chapters