← Chapters

အပိုင်း(၂၁)-ရန်စခြင်း

Vol. 001 Ch. 21

အပိုင်း(၂၁)-ရန်စခြင်း

Vol. 001 Ch. 21

ဖန်ကျိရှင်းမှ ဘာမှထပ်မပြောသောကြောင့် ရှီမာယူယူ စိတ်ချသွားပြီး အတန်းသို့ အေးအေးလူလူပင် လျှောက်လာတော့သည်။ သို့သော် ငြိမ်သက်သော အခိုက်အတန့်သည် ဝိညာဉ်လေး၏ သတိပေးမှုကိုကြားသည်နှင့် ခဏတဖြုတ်နှင့်ပင် ပြိုကွဲသွားသည်။

“မင်းသတိထားရတော့မယ်၊ အဲလူက မင်းဝိညာဉ်သခင်ဖြစ်သွားပြီဆိုတာကို သိသွားပြီ”

ရှီမာယူူယူခဏတာမျှ အေးခဲသွားပြီး မေးလိုက်သည် “မင်းနဲ့ရှိရင် ငါကျင့်ကြံနိုင်တယ်ဆိုတာ လူတွေသိမှာ စိုးရိမ်ဖို့မလိုဘူးဆိုတာ မင်းပဲပြောခဲ့တယ်လေ”

“ယေဘုယျကိုပြောတာ” သူလေးနက်သွားသည် “မင်းခန္ဒာကိုယ်ထဲမှာ စီးဆင်းနေတဲ့ ဝိညာဉ်တွေကို ငါဖုံးကွယ်နိုင်ပါတယ် ပြီးတော့ သာမာန်လူတွေက အဲဒါကို အာရုံမခံနိုင်ဘူး။ ဒါပေမယ့် ခုဏလူက အရမ်းအားကြီးတယ် ပြီးတော့ မင်းရဲ့လက်ကောက်ဝတ်ကို ကိုင်လိုက်တဲ့အချိန်မှာ သူစစ်ဆေးလိုက်တယ်။ ငါထင်တာတော့ သူသိသွားပြီထင်တယ်”

“သူဘယ်လို ငါ့ကိုစစ်ဆေးလိုက်တာလဲ”

ရှီမာယူယူ သူမစိတ်တွေကို ပြန်လည်ဆန်းစစ်လိုက်သည်။ အခုချိန်မှာ သူမအလိုအပ်ဆုံးက အချိန်။ သူမ သူများနှင့်ယှဉ်လျှင် နောက်ကျသည့်အတွက် ထိထိရောက်ရောက်ကျင့်ကြံနိုင်ရန် သူမအချိန်များကို ရနိုင်သမျှ ရအောင်လုပ်ဖို့လိုသည်။

သူမ အတန်းထဲသို့ ဝင်လိုက်သည်နှင့် ကျောင်းသားများ၏ မျက်လုံးများသည် ရန်လိုသောအကြည့်များပြောင်းလဲသွားပြီး အကုန်လုံး၏အကြည့်တွင် သူမအား ဟာသအဖြစ်မြင်သော အကြည့်များရောယှက်နေသည်။ အကုန်လုံးအထင်တွင် ဖန်ကျိရှင်းသည် သူမအား အတန်းမှ ထုတ်ပယ်လိုက်ပြီဟု။ မကြာမှီတွင် စပ်စုသော အကြည့်များသည် အတန်းသို့ပြန်လာသော ပိန်ပါးသော ပုံရိပ်နောက်သို့လိုက်ပါလာသည်။

ရှီမာယူယူ သူတို့အားလျစ်လျူရှုလိုက်ပြီး ဆက်လျှောက်သွားချိန်တွင် ရုတ်တရက် တစ်စုံတစ်ယောက်သည် ခြေထိုးခံလိုက်သည်။ အကုန်လုံးသည် သူမ ခလုတ်တိုက်၍ လဲကျသွားသည်ကို မျှော်လင့်ထားသော်လည်း ပိန်ပါးသော ပုံရိပ်သည် ခလုတ်မတိုက်မိဘဲ ချောချောမွေ့မွေ့ပင် ထိုသူ၏ ခြေထောက်သို့ သဘာဝကျကျပင် မစင်းအား တက်နင်းသကဲ့သို့ တက်နင်းလိုက်သည်။

“အား” သူမ အလေးချိန်အားချိန်ညှိလိုက်ပြီး ခန္ဒာကိုယ် တစ်ခုလုံးအလေးချိန်ဖြင့် ခြေလှမ်းတွင်ထည့်ကာနင်းလိုက်ပြီး သူမဖြတ်ကျော်သွားသည်နှင့် ထိုသူသည် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

“ရှီမာယူယူ မင်းသွားတာကြည့်သွားလေ။ လမ်းတည့်တည့် ဘယ်လိုလျှောက်ရလဲဆိုတာ မသိဘူးလား” ထိုကျောင်းသားသည် ဒေါသဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

“ငါလမ်းလျှောက်တာ ဒီအတိုင်းပဲ” သူမ တစ်စက္ကန့်မျှပင် စိတ်အနှောက်အယှက်ဖြစ်သည့် အကြည့်မျိုးမကြည့်ဘဲ ထိုသူအား လုံးဝလစ်လျူရှုကာ သူမထိုင်ခုံသို့ ပြန်သွားလိုက်သည်။

“မင်း…” ထိုကျောင်းသားသည် သူမအား သင်ခန်းစာပေးရန် ထရပ်လိုက်သောအခါ တခြားကျောင်းသားသည် လျင်မြန်စွာပြောလိုက်သည် “မုန်၊ ဆရာဖန်လာနေပြီ”

ဆရာဖန်လမ်းလျှောက်လာသည်ကို မြင်သည်နှင့် မုန်ထင်သည် မတတ်နိုင်တော့ဘဲ ပြန်ထိုင်လိုက်တော့သည်။ သူမခေါင်းအားလှည့်လိုက်ပြီး မကျေချမ်းနိုင်သော အကြည့်ဖြင့် ရှီမာယူယူအား စိုက်ကြည့်လိုက်သည်။

“မုန်၊ မစိုးရိမ်ပါနဲ့ အဲကောင်ကို သင်ခန်းစာပေးဖို့က လွယ်လွန်းတယ်။ သူ့ကိုရှင်းဖို့ အခွင့်အရေးတွေရှိလာမှာပါ” ဟီကျုံရှီးကပြောလုက်သည်။

“အမှန်ပဲ သူ့အဖိုးက စစ်သူကြီးဖြစ်နေတော့ရော ဘာလုပ်ရမှာလဲ။ ငါတို့မုန်မျိုးနွယ်က မကြောက်တတ်ဘူး” သူမ ပြောလိုက်ချိန်တွင် မျက်လုံးတွင် အန္တရယ်များသော အကြည့်များ ပြည့်နေသည်။

“ဟုတ်တယ်၊ ရှီမာယူယူမှာ ကြီးမားတဲ့ စစ်သူကြီးနောက်ခံရှိလဲ မိသားစုမျိုးနွယ်ကောင်းကောင်းနောက်ခံ မရှိဘူး။ သူဘယ်လိုလုပ် မီရန်မြို့တော်ရဲ့ အကြီးဆုံး မိသားစုမျိုးနွယ် မုန်မျိုးနွယ်ကို ယှဉ်လို့ရမလဲ” ဟီကျုံရှီး သရော်လိုက်သည်။

“တိတ်တိတ်နေ” ကျောင်းသား ၃၅ယောက်ရှိသော အတန်းသို့ မျက်နှာမူပြီး ဖန်ကျိရှင်းပြောလိုက်သည်။ “ဒီနေ့ မင်းတို့ကို မနေ့ကသင်လိုက်တာပဲ ဆက်သင်မယ်”

ရှီမာယူယူ စိတ်ဝင်တစားနားထောင်ပြီး သင်ယူသည်။ သို့သော် ကျန်အတန်းသားများ မှတ်စုများ အသည်းအသန်လိုက်မှတ်ချိန်တွင် သူမလက်ယှက်နေခဲ့သည်။

“မင်းမှတ်စုတွေလိုက်မမှတ်ဘူးလား”

ဖန်ကျိရှင်း သူတို့အားပေးသော မှတ်စုများကို ဘေဂုံထန်ချရေးပြီးသည့်နောက်တွင်တော့ ရှီမာယူယူ စုတ်တံအား မကိုင်သည်ကို သတိထားမိလိုက်သည်။ စပ်စုစွာနှင့်ပင် သူ ရှီမာယူယူအား စကားလက်ဦးမှုယူလိုက်သည်။

“ဟင်” ရှီမာယူယူ ထိုအခိုက်အတန့် အံ့သြသွားပြီး ဘေဂုံထန်အား ကြည့်လိုက်ပြီး “ငါအကုန်ရေးပြီးပြီ”

ဘေဂုံထန် ရှင်းလင်းနေသော မှတ်စုစာအုပ်ကိုကြည့်ပြီးရင်းကြည့်ပြီး သူမ မျက်ခုံးများသည် မေးခွန်းများဖြင့် မြင့်တက်သွားသည်။

ရှီမာယူယူ သူမခေါင်းအားညွှန်ပြပြီး နားထင်အား ထိလိုက်ပြီး “အကုန်လုံး ဒီမှာလေ”

ဘေဂုံထန်၏ မယုံကြည်နိုင်သော အမူအရာကိုကြည့်ပြီး သူမဆက်ပြောလိုက်သည် “ငယ်ငယ်ကတည်းက ငါတစ်ခါမြင်ရင် မှတ်မိတယ်။ ငါတစ်ခါကြည့်ပြီးရင် ဘယ်တော့မှမမေ့တော့ဘူး။ ဆရာဖန်သင်သမျှကို ငါမှတ်ထားတယ်”

ဘေဂုံထန် ထပ်ပြီးမနှောက်ယှက်တော့ပဲ သူမျက်နှာတွင် မယုံကြည်နိုင်သောအကြည့်များ ပေါ်နေသော်လည်း သူမ ရေးလက်စ မှတ်စုကို ပြန်ရေးတော့သည်။

နောက်ဆုံးအတန်းတွင် ဘေဂုံထန်ထိုင်မည်ကို ရှီမာယူယူမထင်ခဲ့ပေ။ သူမ ကြိုးကြိုးစားစား မှတ်စုများကို ဖတ်ပြီး တိတ်ဆိတ်စွာနားထောင်ကာ အတန်းတွင် အာရုံစူးစိုက်ထားလေသည်။ သို့သော် အခြားသူများကို အေးစက်သောရောင်ဝါလက္ခဏာဖြင့် သူမဝန်းကျင်ကို ပိုင်းခြားထားသည်။ ထိုအရာသည် ရှီမာယူယူအား သိချင်စိတ်ကိုပြင်းပြစေသည်။ ဘယ်လိုအတွေ့အကြုံက သူမကိုအဲလိုဖြစ်အောင်လုပ်လိုက်တာလဲ။ ထိုအရာသည် သူမစိတ်တွင် နက်နဲသော အမုန်းတရားကိုဖြစ်စေသည်မှာ သူမျက်လုံးတောင်မှ ဖုံးကွယ်၍မရပါ။

အတန်း၏ တစ်နေ့တာသည် များစွာသော ကျင့်ကြံမှု သီအိုရီတွေနှင့် လက်တွေ့လေ့ကျင့်မှုသင်ခန်းစာများကို သင်ကြားခြင်းဖြင့် အခက်အခဲမရှိဖြတ်သန်းသွားလေသည်။

အတန်းပြီးသွားသည်နှင့် ရှီမာယူယူနှင့် ဖက်တီးကျူတို့သည် သူတို့၏ အိမ်ဝင်းသို့ပြန်လာပြီး ဆာလောင်နေသော ဝမ်းဗိုက်အား ပွတ်ကာ စားဖိုဆောင်အတွင်းသို့ တိုက်ရိုက်ဦးတည်သွားတော့သည်။ သူမ ချက်ပြုတ်စဉ်တွင် ကြေကွဲစွာ သက်ပြင်းချယုံမှတစ်ပါးမတတ်နိုင်ပေ။ သူ အစားအသောက်အပေါ်မှာ အချိန်ကုန်နေရင် ဘယ်အချိန်မှာ ကျင့်ကြံမှုစနိုင်မလဲ။

“မစိုးရိမ်ပါနဲ့ မင်းစားနေတဲ့အချိန်မှာလည်း ကျင့်ကြံနိုင်ပါတယ်” ဘယ်အရာက သူမအား စိတ်အနှောက်အယှက်ဖြစ်စေလဲဆိုတာကို ဝိညာဉ်လေး အာရုံခံမိတဲ့အချိန်မှာ ပြောလိုက်သည်။

“ငါစားနေတဲ့အချိန်မှာတောင် ကျင့်ကြံနိုင်တယ်ဟုတ်လား။ အဲလိုကောင်းတဲ့ နည်းလမ်းရှိတယ်လို့ ငါတစ်ခါမှ မကြားဖူးပါဘူး” သူမ မေးလိုက်သည်။

“အဲဒါ မင်းရဲ့ ဗဟုသုတနည်းမှုကြောင့်လေ” ဝိညာဉ်လေးသည် တုန့်ဆိုင်းခြင်းမရှိဘဲ ပွင့်လင်းစွာပြောလိုက်သည်။

သူမ နှုတ်ခမ်းအား ရွဲ့လိုက်ပြီး ဒီလူကတော့။ ပါးနပ်မှုကို မရှိဘူး။

ကောင်းပြီ၊ သူမ အရွယ်ရောက်ပြီးသူ၊ သူက ကောင်သေးသေးလေးပဲ၊ သူမ ကလေးနှင့်ပြိုင်ပြီး မငြင်းခုံသင့်တော့ဘူး။ သူမ ကိုယ်သူမ တိတ်ဆိတ်စွာ သတိပေးလိုက်ပြီး မေးလိုက်သည် “အဲတော့ စားနေရင်း ငါဘယ်လိုကျင့်ကြံနိုင်လဲ”

“ဒီအပင်တွေဟာ လေထဲက ဝိညာဉ်ချီတွေကို အောင်မြင်အောင် စုပ်ယူနိုင်တယ်၊ ဝိညာဉ်အပင်အဖြစ် ထိန်းသိမ်းထားလိုက်။ အဲဒါတွေက အစက သာမန်အပင်တွေပဲ ဒါပေမယ့် တချို့က ဝိညာဉ်ချီကို စုပ်ယူနိုင်ပြီး အထဲမှာ ဝိညာဉ်ချီကို သိုလှောင်ထားနိုင်တယ်” ဝိညာဉ်လေးက ရှင်းပြလိုက်သည်။

အပင်များအစာချက်လုပ်ခြင်း ဟူသော အရင်ဘဝမှ ဗဟုသုတအားစဉ်းစားမှုအရ ကာဗွန်ဒိုင်အောက်ဆိုဒ်အား စုပ်ယူ၍ အောက်ဆီဂျင်အား ထုတ်လွှတ်သည်။ အပင်များမှ ဝိညာဉ်ချီအားစုပ်ယူသောကိစ္စတွင် ဆက်စပ်၍ရသည်။

“ဝိညာဉ်ချီ စိမ့်ဝင်နေတဲ့ အစားအစာကိုစားတာနဲ့ပဲ အဲ စုထားတဲ့ ဝိညာဉ်ချီတွေက မင်းရဲ့ ခန္ဒာကိုယ်မှာ သဘာ၀ ကျကျ စုပ်ယူနိုင်လိမ့်မယ်” ဝိညာဉ်လေး သူ့ရှင်းပြချက်အားဆက်လိုက်သည်။

“တကယ်လား” သူမ မျက်ခုံးများပင့်လိုက်ပြီး သံသယများဖြင့် “အဲလောက် ရိုးရှင်းနေရင် အဲဒီနည်းလမ်းကို ဘာလို့ ဘယ်သူမှ ရှာမတွေ့တာလဲ။ အဲလောက် ရိုးရှင်းရင် ငါအမှီလိုက်နိုင်လိမ့်မယ်”

“ဘာလို့လဲဆိုတော့ ဒီက ဝိညာဉ်ချီက အရမ်းပါးတယ်၊ ဒီအပင်တွေက ဝိညာဉ်ချီအတွက် ဝိညာဉ်အပင်အဖြစ် ပြောင်းလဲဖို့ မလုံလောက်ဘူး။ အဲဒါကြောင့် ဒီလောကက အကုန်လုံးက သာမာန်အပင်တွေပဲ အဲဒါကြောင့် သူတို့အတွက် ဘာမှမထူးခြားဘူး” ဝိညာဉ်လေးသည် အထင်သေးမှုကို ကွယ်ဝှက်မထားပဲ ပြန်ပြောလိုက်သည်။

ဒီကမ္ဘာမှ အရာများသည် သာမာန်ပုံမှန်အပင်များဖြစ်သည်ကို ကြားသည်နှင့် ရှီမာယူယူ သူ့အားတစ်ချက်လောက် ကြည့်လိုက်ပြီး သွေးများစူပွက်လာကာ အော်လိုက်သည် “ဒါဆို မင်းဘာလို့ အဲအကြောင်းတွေ ငါ့ကို လာပြောနေတာလဲ”

“တုံးလိုက်တာ” ဝိညာဉ်လေး လှောင်လိုက်သည်။ “တကယ်လို့ အပြင်လောကကအရာတွေက သာမာန်အပင်တွေ ဖြစ်ရင်တောင် ဝိညာဉ်ပုလဲထဲက ပေါက်တဲ့အပင်တွေက မဟုတ်ဘူးလေ”

“ဟင်” ရုတ်တရက် သဘောပေါက်မှုနှင့်အတူ သူမအခန်းထဲသို့ဝင်ကာ ဝိညာဉ်ပုလဲအတွင်းသို့ ဆင်းဝင်လိုက်လေသည်။

သူမရင်းနှီးသော ပတ်ဝန်းကျင်ကိုရောက်သည်နှင့် ခေါ်လိုက်သည် “အခုပြောတာ ဘာအဓိပ္ပာယ်လဲ ဝိညာဉ်လေး”

ဝိညာဉ်ဘေး သူမရှေ့တွင် တဖြည်းဖြည်းပေါ်လာကာ “ဒီက ဝိညာဉ်ချီကို ခံစားလိုက်ပါ”

ရှီမာယူယူ မျက်လုံးမှိတ်ကာ အာရုံစူးစိုက်လိုက်သည်။  သူမ စိတ်လှုပ်ရှားစွာ မျက်လုံးဖွင့်လိုက်ပြီး အော်လိုက်သည် “ဝိညာဉ်ချီတွေ ဘယ်လောက်ထူထပ်လိုက်လဲ”

“ဟင်း” ဝိညာဉ်လေးသည် ဂုဏ်ယူစွာဖြင့် ရင်ဘတ်ကို မြှင့်တင်လိုက်သည်။

“ဒါပေါ့ အခုဒီလာခဲ့” ဝိညာဉ်လေးပြောပြီးသည်နှင့် လှည့်ထွက်ပြီး သူမအား လမ်းလေးထဲသို့ ဦးဆောင်ခေါ်သွားတော့သည်။

သူမ သူ့နောက်တွင် အနီးကပ်လိုက်လာပြီး သူမရှေ့တွင်ရှိသော မြင်ကွင်းအသစ်အား စူးစမ်းလိုစိတ်ဖြင့် ကြည့်လာသည်။ ထိုစိုက်ပျိုးမွေးမြူရေးခြံတွင် တစ်ဖက်တွင်တော့ မျိုးစုံသော အသီးအရွက်များရှိသည်၊ နောက်တစ်ဖက်တွင်တော့ များစွာသော တိရစ္ဆာန်များရှိသည်။

သူမ မျက်လုံးပြူးကျယ်စွာနှင့် အံ့သြသည့်အမူအရာဖြင့် မေးလိုက်သည်။ “ဒီတိရစ္ဆာန်တွေက ဒီကို ဘယ်လိုရောက်နေတာလဲ”

“ဒီဟာတွေက ဒီလိုကောင်းတဲ့ပတ်ဝန်းကျင်၊ ဝိညာဉ်ချီတွေပေါ်တဲ့နေရာမှာတောင် ဘာမှ နားမလည်တဲ့ အဆင့်နိမ့်တိရစ္ဆာန်တွေပဲ။ သူတို့တွေက ဝိညာဉ်သားရဲအဖြစ် မကျင့်ကြံနိုင်ဘူး ပြီးတော့ သူတို့သားပေါက်ဖို့ပဲ သိတယ်။ ငါ့မှာ သူတို့တိုးပွားမှုကို ထိန်းချုပ်ဖို့ကို ဗျာများနေတာပဲ” သူမဲ့ရွဲ့စွာပြောလိုက်သည်။

“ငါဒီကမ္ဘာမှာ တချို့တိရစ္ဆာန်တွေကို မြင်တောင်မမြင်ဖူးဘူး။ ဒီမှာ ဘယ်လိုလုပ်တိရစ္ဆာန်တွေများနေတာလဲ” သူမသိချင်စိတ်ကို မဖုံးနိုင်ဘဲ ရှေ့တွင်ရှိသော မျိုးစုံသော ရင်းနှီးနေသော တိရစ္ဆာန်များကို ကြည့်၍ မေးလိုက်သည်။

“ဒါတွေက အရင်သခင်ကထားခဲ့တာတွေပဲ။ သူဘယ်ကဖမ်းလာတာလဲတော့ ငါမသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကဒီမှာ နေတာဆိုတော့ ဝိညာဉ်သားရဲမဖြစ်တောင် သူတို့ရဲ့ခန္ဒာကိုယ်မှာ ဝိညာဉ်ချီတွေ စိမ့်ဝင်နေတယ်။ ဒီဟင်းသီးဟင်းရွက်တွေလဲ အဲလိုပဲ အကုန်လုံးဝိညာဉ်ချီနဲ့ ကြီးပြင်းလာတဲ့ အပင်တွေပဲ။ မင်းအစားအစာ အတွက် အသုံးပြုနိုင်တယ်”

ရှီမာယူယူ ရင်းနှီးနေသော ငရုပ်ကောင်းနှင့် ဇီရာစေ့ကဲ့သို့ အချက်အပြုတ်ပါဝင်ပစ္စည်း တွေကိုကြည့်လိုက်သည်။ “မင်းရဲ့ အရင်သခင်က မြေပေါ်ကိုသွားပြီး လုယက်ခဲ့တာတော့ မဟုတ်ဘူးမလား”

“သူလုပ်ခဲ့တယ်လို့ ဘယ်သူသိမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူလဲမင်းလို အစားအသောက်ကြေးများတဲ့သူနေမှာပဲ။ မင်းကြိုက်သလောက်ယူသုံးလို့ရတယ်။ နည်းနည်းတော့ချန်ထားဖို့ သတိရဦး” ထိုသို့ပြောပြီးနောက် ဝိညာဉ်လေးသည်ပျောက်ကွယ်သွားတော့သည်။

ရှီမာယူယူ ဝိညာဉ်လေးကွယ်ပျောက်သွားသည်ကို ကြည့်ပြီး သူ အရင်သခင်နှင့် မတွေ့လိုက်ရကြောင်းကို သိသောအခါ ရစ်ဝဲနေသော အထီးကျန်မှုတစ်စိတ်တစ်ပိုင်းကို သူမစိတ်ထဲတွင် ခံစားမိလိုက်သည်။

သူမရှေ့တွင် ရှိသောများပြားသော ပမာဏရှိသော ဟင်းပါဝင်ပစ္စည်းများကိုကြည့်ပြီး ရှီမာယူယူ စိတ်လှုပ်ရှားမှုကြောင့် နှလုံးခုန်မြန်လာသည်ကို ခံစားလိုက်ရသည်။ သူမ အရသာရှိသော အစားအစာများကို စားရုံနှင့် တစ်ချိန်တည်းမှာပဲ ကျင့်ကြံ၍ရတော့မည်။

သူမ ဝိညာဉ်ပုလဲမှ ထွက်လာသော အချိန်တွင် တံခါးကို ပေါက်ကွဲမတတ်ခေါက်နေသည်ကို ကြားလိုက်ရသည်။

All Chapters