← Chapters

ရှုကျိုးသို့ သွားခြင်း

Vol. 86-89 Ch. 1293

ရှုကျိုးသို့ သွားခြင်း

Vol. 86-89 Ch. 1293

အင်ပါယာသို့ ပြန်ရောက်လာပြီးနောက် သူ ပထမဆုံး ကြေညာလာသည့် စကားမှာ ရှုကျိုးသို့သွားရန် ပြင်ဆင်မည် ဟူသော စကားပင်။

“ယဲ့ဘုရင် မင်း အင်ပါယာထဲမှာ မောက်မာနေတာ တော်တော် ကြာနေပြီ၊ အခု ငါ ပြန်လာပြီဆိုတော့ မင်း သေလို့ရပြီ”

မလိုသော စကားများ ဆိုမနေဘဲ ယဲ့ဖန်၏ အသက်ကို နုတ်ယူမည်ဟု တိုက်ရိုက် ပြောဆိုလေသည်။ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားသည် ယခင်အတိုင်း လွှမ်းမိုးနိုင်စွမ်း ရှိပြီး ကြမ်းကြုတ်ပေသည်။

ဂယက် ရိုက်ခတ်လာရသည့် အကြောင်းရင်းမှာ သူ ရှိမနေသောကြောင့် ယဲ့ဖန် အင်ပါယာတွင်း၌ ထောင်လွှားနိုင်ခြင်း ဖြစ်လေသည်။ ယခု သူ ပြန်ရောက်လာပြီ ဖြစ်သဖြင့် ယဲ့ဖန်၏ နေ့ကောင်းရက်မြတ်များ ကုန်ဆုံးသွားလေပြီ။

ထိုအခိုက်တွင် တစ်နိုင်ငံလုံး ဆူညံပွက်လောရိုက်လာ၏။ နောက်ဆုံးတွင် အများသူငှာထက် သာလွန်ထူးကဲသော လူနှစ်ယောက် အချင်းချင်း ထိပ်တိုက် တွေ့ဆုံကာ ကမ္ဘာ့စစ်ပွဲကြီး ဖြစ်လာပေတော့မည်။ မည်သူက ပိုတော်သလဲ ဆိုသည့်အချက်ကို အားလုံး သိချင်နေကြသည်။

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်နှင့် ပတ်သက်သော သတင်းများ ဆက်တိုက် ထွက်ပေါ်လာ၏။ တောင်ဘီလူး အဖွဲ့သည် အနောက်မြောက် ခံတပ်ကို ချိုးဖျက်၍ အင်ပါယာ၏ နယ်မြေထဲသို့ ခြေချလာပြီး တောင်ဘက်မှနေ၍ ရှုကျိုးသို့ ဦးတည်ကာ ထွက်ခွာနေသည်။

စစ်နတ်ဘုရားအိုကြီးသည် သွေးဆူးချွန် အဖွဲ့ကို စုစည်း၍ ပေါ်လုံအဖွဲ့အစည်းနှင့် အင်အားပူးပေါင်းကာ ယဲ့ဖန်ကို သတ်ရန် တောင်ဘက်သို့ ခရီးထွက်နေ၏။

နေဘုရင်နှင့် အင်ပါယာ၏ ဧကရာဇ်တို့ သဘောတူညီမှု ရရှိပြီး အင်ပါယာ၏ နယ်မြေထဲသို့ သိုင်းပညာရှင် သုံးသောင်းကို ဦးဆောင်၍ ဝင်ရောက်လာကာ ယဲ့ဖန်ကို တိုက်ခိုက်ရန် ရှုကျိုးသို့ ခရီးနှင်လေသည်။

လက်ရှိတွင် ရှုကျိုးနယ်မြေတစ်ခုလုံး ဖရိုဖရဲဖြစ်နေပြီး ယဲ့ဖန်က နိုင်ငံကျော် အရှင်သခင်များနှင့် ရင်ဆိုင်ရ ပေတော့မည်။

လူတိုင်း ယဲ့ဖန် ဘယ်လိုရင်ဆိုင်မလဲ သိချင်နေကြချိန်တွင် သူက ပြတ်သားသော စကားကို ဆိုလာ၏။

“ငါ ရှုကျိုးကနေ မင်းတို့ သေမယ့်အချိန်ကို ထိုင်စောင့်နေတယ်”

ရိုးစင်းသော စကားတစ်ခွန်း ဖြစ်သော်လည်း အပြောအဆိုက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားထက် ပို၍ အထက်စီးဆန်လေသည်။ လူတိုင်း ယဲ့ဖန် ထွက်ပြေးလိမ့်မည်ဟု ထင်ထားသော်လည်း သူသည် မားမားမတ်မတ် ရပ်ကာ ပြတ်ပြတ်သားသား ပြောဆိုလေသည်။

*မင်းတို့သေမှာကို ထိုင်စောင့်နေတယ်တဲ့လား*

သိုင်းပညာရှင်များစွာနှင့် ရင်ဆိုင်နေရသော်လည်း သူသည် ကြောက်ရွံ့ခြင်းမရှိ အထက်စီးဆန်စွာ တုံ့ပြန်နေဆဲ ဖြစ်ပြီး အင်ပါယာအား စိန်ခေါ်နေသည်။

“မင်းတို့မြင်လား တစ်လောကလုံးနဲ့ ရန်သူ ဖြစ်နေတာတောင် သူက ဘာကိုမှ ကြောက်မနေဘူး၊ ဒါ ယဲ့ဘုရင်ပဲလေ”

“အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား ရင်ဆိုင်ရမယ့် ရန်သူဆိုလို့ ယဲ့ဖန် တစ်ယောက်တည်း ရှိတယ်၊ ဒါပေမဲ့ ယဲ့ဖန်က ထောင်သောင်းချီတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရမှာ၊ ဘယ်သူက အားကြီးပြီး ဘယ်သူက အားနည်းတာလဲ”

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်အား အရူးအမူး ထောက်ခံသူများက အင်တာနက်ပေါ်၌ အယူသန်သော စကားများ ပြောဆိုလာပြီး အလွန် စိတ်လှုပ်ရှားနေကြသည်။

သူတို့၏ နတ်ဘုရားသည် အမြဲတမ်း မောက်မာနေဆဲဖြစ်ပြီး သူ၏ အထက်စီးဆန်သော ဟန်ပန်က လောက၌ ပြိုင်စံရှား ပေသည်။

ပြိုင်ဘက်ကင်းသော အချက်တစ်ခုတည်းနှင့်တင် သူတို့အတွက် လေးစား ကြည်ညိုရန် လုံလောက်နေလေပြီ။ အင်ပါယာတစ်ခုလုံး ဆူညံပွက်လောရိုက်လာပြီး များစွာသော လူများက ယဲ့ဖန်၏ လွှမ်းမိုးအထက်စီးဆန်ပုံကို နှစ်သက်ပြီး သူတို့ကိုယ်သူတို့ ယဲ့ဖန်၏ နောက်လိုက်များဟု ခေါ်ဆိုကြသည်။

သို့သော် သံသယဝင်သော စကားများလည်း ထွက်ပေါ်လာ၏။

“အထက်စီးဆန်တယ် ဟုတ်လား၊ ငါတော့ ရူးမိုက်တယ်လို့ပဲ ထင်တယ်၊ လူတစ်ယောက်တည်းရဲ့ ခွန်အားနဲ့ ဒီလောက်များတဲ့‌ ကြောက်စရာကောင်းတဲ့သူတွေကို ခုခံမလို့လား၊ ယဲ့ဖန်က သူ့ကိုယ်သူ ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား၊ ဒါဆိုလည်း သူ ဘယ်လိုသေမလဲ ငါ ကြည့်ရသေးတာပေါ့”

“အရူးတစ်ယောက်ပဲ အခု ထွက်မပြေးဘဲ လူလုံးထွက်ပြပြီး လေကျယ်နေတယ်၊ ဒီလောက် သေချင်နေတဲ့လူမျိုး ငါ တစ်ခါမှ မမြင်ဖူးသေးဘူး”

“အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက အသန်မာဆုံးပဲ၊ အဲ့ဒါကိုလည်း သူ သက်သေပြခဲ့ပြီးပြီ၊ ယဲ့ဘုရင် မင်း ဘာလို့ သူနဲ့ တိုက်နေဦးမှာလဲ”

“အဲ့အခါကျရင် တိုက်ရိုက်ထုတ်လွှင့်တာ ရှိမယ်လို့ မျှော်လင့်ရတာပဲ၊ အဲ့ဒါမှ ယဲ့ဘုရင် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားဆီမှာ ဘယ်လိုသေသွားမလဲ ငါ ကြည့်လို့ရမှာ၊ ဒါပေမဲ့ အဲ့အချိန်ရောက်ရင် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား ပါးရိုက်ရုံနဲ့ သူ သေမသွားဖို့ မျှော်လင့်ပါတယ်၊ ဟားဟားဟား”

လက်ရှိတွင် အားလုံး၏ အာရုံက ရှုကျိုးသို့ ရောက်နေပြီး ဤစစ်ပွဲကိုသာ မျှော်လင့်နေကြသည်။ ထိုအခိုက်တွင် ချုံးဝူ လက်ဝှေ့ခန်းမ၌။

“စစ်ပွဲ စပြီပေါ့ ဟုတ်တယ်မလား”

ပိုင်ရွှယ်က ရေကန်ရှေ့  ဒန်း၌ ထိုင်နေပြီး ငါးစာကျွေးနေသော ယဲ့ဖန်ကို ကြည့်နေ၏။

“ဟုတ်တယ်၊ စစ်ပွဲက စပြီ၊ ဒီတစ်ခါတော့ အဆုံးသတ်တော့မှာ မဟုတ်ဘူး”

ပိုင်ရွှယ်က ရုတ်တရက် စိုးရိမ်စွာ ပြောလာသည်။

“အခု ရှင်က အဲ့ငါးစာလိုပဲ၊ ရှင့်ကိုသတ်ဖို့လာတဲ့လူတွေက ဒီငါးကြင်းတွေလို အများကြီးပဲ၊ ရှင် ဘယ်လို ဖြေရှင်း မှာလဲ”

ယဲ့ဖန်က သူမကို ပြန်လှည့်ကြည့်လာ၏။ သူ့မျက်လုံးများက အေးစက်နေသည်။

“ငါးစာကို ငါ ချလိုက်တာလေ”

“ရှင် အရူးပဲ”

သုံးရက်ကြာပြီးနောက် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားသည် သူ၏ တပည့်များနှင့် အစေခံများကိုခေါ်၍ ရှုကျိုးသို့ ရောက်လာသည်။

“မင်းက ယဲ့ဖန်ကို ယုံကြည်တာလား၊ ဒါ မင်းအတွက် သေဒဏ်ပဲ၊ ဧကရာဇ်က ဥပဒေအသစ် ထုတ်ပြန်ထားပြီးသား၊ ယဲ့ဖန်နဲ့ ပတ်သက်တဲ့လူတိုင်း အသတ်ခံရမယ်”

“သူ့ကိုသတ်၊ ယဲ့ဖန် ပေါ်မလာမချင်း သူတို့အားလုံးကို သတ်ပစ်”

ကျူးဝမ်ဟောင်ဟူသော လူငယ်က ရှုကျိုးမှ ယဲ့ဖန် ယုံကြည်သူများကို သတ်ပစ်ရန် ဟစ်အော်နေ၏။ သူတို့၏ နည်လးမ်းက ရက်စက်လွန်းသည်။

ယဲ့ဘုရင်၏ ပုံတူအရုပ်ကလေးကို ကိုင်ထားမိ၍ ကလေးမလေး တစ်ယောက် အသတ်ခံရပြီး သူမ၏ တစ်မိသားစုလုံးပါ အသတ်ခံလိုက်ရသလို သူမ၏ အလောင်းအား ကျူးဝမ်ဟောင်က နုတ်နုတ်စင်း ပစ်လိုက်သေးသည်။

ထိုအရုပ်လေးက ချစ်ဖို့ကောင်းသည်ဟု ထင်၍ သူမ ကိုင်ထားမိရုံမျှသာ ဖြစ်ပြီး ဘာကိုမှ မသိနားမလည် သော်လည်း အသတ်ခံလိုက်ရသည်။

“အရှင်ယဲ့ဘုရင်က မင်းကို ဒီအတိုင်း ထားမှာမဟုတ်ဘူး၊ အရှင်ယဲ့ဘုရင်က ငါတို့အပေါ် ဒီလိုကိစ္စမျိုး လုပ်နေတာကို ရပ်ကြည့်နေမယ်လို့ ထင်လား”

ထိုအခိုက်တွင် ယုံကြည်သူတစ်ယောက်သည် သူ့အိမ်တံခါးဝ၌ လဲကျနေပြီး ခြေလက်များ ဖြတ်တောက်ခံ ထားရသည်။

ကျူးဝမ်ဟောင်က လက်ထဲ၌ ကင်မရာကိုင်ထားပြီး ဆောင့်ကြောင့်ထိုင်ချကာ ထိုလူအား သရော်လေသည်။

“မင်းပါးစပ်က ခေါ်ခေါ်နေတဲ့ ယဲ့ဘုရင်ဆိုတဲ့ကောင် မင်းအသက်ကို တကယ် ဂရုစိုက်မယ်လို့ ထင်နေတာလား အရူးကောင်”

“ဟုတ်တယ် အရှင် ယဲ့ဘုရင်က သေချာပေါက် ငါတို့အတွက် လက်စားချေပေးမှာ၊ သူက ချစ်ခင်မှုတွေနဲ့ ဖြောင့်မတ် တည်ကြည်မှုတွေ ရှိတဲ့ ယောကျ်ားသား တစ်ယောက်။ သူက မင်းတို့ ကြောင်သူတော် တော်ဝင်မျိုးနွယ်ထက် အဆပေါင်းများစွာ ပိုသန်မာတယ်ကွ၊ သူ သေချာပေါက် မင်းတို့ကို အနိုင်ယူမှာ၊ သူကမှ အင်ပါယာရဲ့ အရှင်သခင် ဖြစ်သင့်တာ”

“သေချင်နေတာပဲ”

ထိုစကားက ကျူးဝမ်ဟောင်အား လုံးဝ ဒေါသထွက်သွားစေပြီး လက်ချောင်းများကို ချိုးလိုက်သည်။ ထို့နောက် သူ့လူများအား ထိုလူ၏ မိန်းမနှင့် ကလေးများကို ခေါ်ထုတ်ခိုင်းလေသည်။

“အဖေ”

“ယောက်ျား”

မိန်းမနှင့်ကလေးက ထိုယုံကြည်သူအား သနားစရာ ကောင်းလောက်အောင် ကြည့်နေကြပြီး မျက်ရည်များက မိုးစက်သဖွယ် စီးကျနေသည်။ သူတို့ အလွန်အမင်း ကြောက်ရွံ့နေ၏။

“မင်း ဒါ ဘာလုပ်တာလဲ၊ သူတို့မှာ အပြစ်မရှိဘူး၊ မင်းတို့ သတ်ချင်ရင် ငါ့ကိုပဲသတ်၊ မင်းဒေါသကို သူတို့အပေါ် ပုံမချနဲ့, သူတို့ ဘာကိုမှ မသိဘူး”

ထိုယုံကြည်သူသည် ရုတ်ချည်းဆိုသလို သွေးပျက်လာ၏။ သူ့မိန်းမနှင့် ကလေးများပင် သူက ယဲ့ဖန်ကို ယုံကြည်သူတစ်ဦး ဆိုသည်ကို မသိပေ။

“ယောက်ျားကောင်းပါလား”

ကျူးဝမ်ဟောင်က သရော်၍ ထိုယုံကြည်သူ မိန်းမ၏ ရင်ဘတ်ကို လက်တစ်ဖက်နှင့် ဆုပ်ကိုင်လေသည်။

“အခု ငါ ကျေနပ်အောင် မင်းရဲ့ အရှင်ယဲ့ဘုရင်ကို အရက်စက်ဆုံး စကားလုံးတွေနဲ့ ဆဲစမ်းကွာ”

သူ၏ ခြိမ်းခြောက်ပုံက စကားနှင့်ပင် ဖော်မပြနိုင်အောင် ရက်စက်လွန်းသည်။ သူ့လူများကလည်း ညစ်ကျယ်ကျယ် ရယ်မောလာသည်။

အမျိုးသမီးလေးသည် ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်ကာ အဆက်မပြတ် ငိုကြွေးနေ၏။

“အမှိုက်တွေ၊ မင်းတို့ တော်ဝင်စစ်တပ်က အမှိုက်ပဲ၊ ပြည်သူကို ဒီလိုမျိုး လုပ်တဲ့အတွက် မင်းတို့ သေကို‌ သေသင့်တယ်”

“အဖြေမှားတယ်”

ကျူးဝမ်ဟောင်က မျက်ခုံးပင့်လိုက်ပြီး အမျိုးသမီးလေး၏ အင်္ကျီကို ဆွဲဖြဲကာ သူမအား ကြမ်းပြင်ပေါ် တွန်းချ လိုက်သည်။

အခြားလူများသည် ဤသည်ကိုကြည့်ပြီး ကျူးဝမ်ဟောင် ဘာလုပ်ချင်သလဲ နားလည်သွားကြသည်။ သူတို့အားလုံးသည် တဏှာရာဂ တောက်လောင်သော မျက်နှာထားများနှင့် ခါးပတ်များကိုဖြုတ်ရင်း ထိုမိန်းမပျို လေးထံ ကပ်သွားကြလေသည်။

သူတို့ ဘာလုပ်ချင်နေသလဲ သိသာလွန်းပေသည်။ မိန်းမပျိုလေးသည် ထွက်ပြေးချင်ပါသော်လည်း ဦးခေါင်းအား ကျူးဝမ်ဟောင်၏ ခြေထောက်ဖြင့် ဖိထားခြင်း ခံထားရသောကြောင့် သူမ မလှုပ်နိုင်ပေ။ ထို့ကြောင့် သူမ တရှုံ့ရှုံ့ ငိုယုံသာ တတ်နိုင်တော့သည်။

“ကျွန်မကို ကယ်ပါဦး၊ ယောက်ျား ကျွန်မကို ကယ်ပါဦး”

ထိုအခိုက်တွင် ယုံကြည်သူရော သူမပါ အလွန်အမင်း ဆောက်တည်ရာမရ ဖြစ်နေ၏။

“ယဲ့ဘုရင်က အမှိုက်လို့ပြော၊ သူက ငါ့ဆရာနဲ့ တိုက်ရအောင် မထိုက်တန်ဘူး၊ ငါ့ဆရာက သူ့ကို လက်ချောင်း တစ်ချောင်းတည်းနဲ့ သတ်နိုင်တယ်”

ကျူးဝမ်ဟောင်က ယုံကြည်သူကို ကြည့်၍ ဒေါသတကြီး ကြိမ်းမောင်းလေသည်။

“ကျေးဇူးပြုပြီး ငါ့ကိုပဲ နှိပ်စက်ပါ၊ သူတို့ကို မနှိပ်စက်ပါနဲ့”

ထိုယုံကြည်သူသည် သန်မာသော ယောကျ်ားသားတစ်ယောက် ဖြစ်ပါသော်လည်း ယခုအခါ၌ မျက်ရည်ကျကာ ကျူးဝမ်ဟောင်ကို ဆက်တိုက် တောင်းပန်နေ၏။

“အဖြေ မှားပြန်ပြီ”

ကျူးဝမ်ဟောင်က မတတ်သာဟန်ဖြင့် ခေါင်းခါလေသည်။ ထို့နောက်တွင်မူ အမျိုးသမီးတစ်ယောက်၏ အော်ဟစ်သံနှင့် ကာမရာဂစိတ် ပြင်းပြသော ယောက်ျားသားများ၏ ရယ်သံများ ထွက်ပေါ်လာသည်။

“သူတို့ကို လွှတ်ပေးပါ၊ ငါ ပြောပါ့မယ်၊ ယဲ့ဘုရင်က အမှိုက်ကောင် ဆန်ကုန်မြေလေး၊ သူက အလယ်ပိုင်း စစ်နတ်ဘုရားရဲ့ ပြိုင်ဘက် မဟုတ်ဘူး၊ သူက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားရဲ့ ဖိနပ်တောင် သယ်ဖို့ အရည်အချင်း မရှိဘူး”

ထိုယုံကြည်သူ ပြိုလဲနေ၏။ သူ သေရမည်ကို မကြောက်သော်လည်း သူ့မိန်းမနှင့် ကလေးများ သူ့ကြောင့် ဒုက္ခရောက်ရသည်ကို မကြည့်ရက်နိုင်ပါ။

သူ၏ ယုံကြည်မှုကြောင့် သူ့တစ်မိသားစုလုံး ဤသို့သော ကပ်ဘေးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။ လူတစ်ယောက်အား လေးစားကြည်ညိုခြင်းက သေမိန့်ကျခံနေရသည်။

လက်ရှိတွင် သူသည် သူ၏ ယုံကြည်မှုကို သစ္စာဖောက်လိုက်ရသဖြင့် သေသည်ထက်ဆိုးသော ခံစားချက်မျိုး ဖြစ်ပေါ်နေသည်။ သို့သော် သူ၏ မိသားစုအတွက် သူ့တွင် ရွေးချယ်စရာ မရှိပါ။

“ဟားဟားဟား ကြည့်ရတာ မင်းယုံကြည်မှုက အဲ့လောက် မခိုင်မာဘူးပဲ”

ကျူးဝမ်ဟောင်က အားပါးတရ ရယ်မောနေသည်။

“သူတို့ကို လွှတ်ပေးပါ၊ ကျေးဇူးပြုပြီး သူတို့ကို လွှတ်ပေးပါ”

ထိုယုံကြည်သူ မျက်ရည်လည်ရွဲဖြင့် ကျူးဝမ်ဟောင်အား အနူးအညွတ် တောင်းပန်လေသည်။ အစောပိုင်းက ကျူးဝမ်ဟောင်၏ နှိပ်စက်ခြင်းကို သူ ခံခဲ့ရသဖြင့် သူ ဘယ်တော့မှ တောင်းပန်ချင်စိတ် မရှိပါ။ သို့သော် သူ့မိသားစုအတွက် သူ ခွေးတစ်ကောင်လို ဆက်ဆံခံရမည်ဆိုလည်း နေနိုင်ပါ၏။

“ကောင်းပြီ ငါ သူတို့ကို လွှတ်ပေးမယ်၊ ငါ အခု သူတို့ကို လွှတ်ပေးမယ်”

ကျူးဝမ်ဟောင်က ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီး ခြေထောက်ကို အားထည့်နင်းလိုက်သည်။

“ဂျွတ်”

မိန်းမပျိုလေး၏ ဦးခေါင်း ကြေမွသွားသည်။ သူမ ကြမ်းပြင်ပေါ်၌ တစ်ခဏမျှ တွန့်လိမ်နေပြီးနောက် လုံးဝ မလှုပ်တော့ချေ။ ထိုယုံကြည်သူ နားဝေတိမ်တောင် ဖြစ်သွားရသည်။

“ကြည်လေ ငါ သူ့ကို လွှတ်ပေးလိုက်ပြီ၊ သူ အရှက်ကွဲစရာ မလိုတော့ဘူးပေါ့ ၊ ဘယ်လောက်ကောင်းလိုက်လဲ”

ကျူးဝမ်ဟောင်က အရှက်ကင်းမဲ့စွာ ရက်ရက်စက်စက် ရယ်မောလေသည်။

“အမေ”

ကလေးမလေးက အော်ဟစ်၍ ထိုအမျိုးသမီးလေးနား ပြေးလာသည်။

“ထွက်သွားစမ်း”

ကျူးဝမ်ဟောင်သည် အားပါးတရ ရယ်နေရာမှ နောက်လှည့်၍ ကလေးမလေးအား ကန်ထုတ်လေသည်။ ထိုကလေးမလေးသည် ဆယ်မီတာကျော်မျှ လွင့်ထွက်သွားပြီး နံရံနှင့်တိုက်မိကာ သွေးများ အိုင်ထွန်းသွားသည်။

“ငါ့ကန်ချက်က ဘယ်လိုနေလဲ၊ ငါ နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းထဲ ဝင်နိုင်မယ်ထင်လား”

ကျူးဝမ်ဟောင်က ဘဝင်ခိုက်နေသော မျက်နှာပေးနှင့် သူ့လူများကို မေးလိုက်သည်။ ဤအရာအားလုံးကို သူ ကစားပွဲမျှသာ သတ်မှတ်ထားသည်။ ထို့ကြောင့် သူသည် ဖြူစင်သော ကလေးမလေးအား ဘာနောင်တရစိတ်မှ မရှိဘဲ သတ်ပစ်လိုက်၏။

အစမှအဆုံးတိုင် ဤမိသားစုကို သူ ချမ်းသာပေးချင်စိတ် မရှိပါ။ သူသည် ဤယုံကြည်သူကို ကျီစယ်နေခြင်းသာ ဖြစ်လေသည်။

“မဟုတ်ဘူး သခင်လေးရဲ့ ကန်ချက်က သပ်ရပ်တိကျတယ်၊ နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းကတောင် သခင်လေးလောက် မကောင်းဘူးလို့ ကျွန်တော်ထင်တယ်”

“ဒီလူ့အရေခွံနဲ့ လုပ်ထားတဲ့ ဘောလုံးက ကောင်းသားပဲ၊ နံရံမှာ ကပ်နေပြီ၊ ဟားဟားဟား …”

ထိုလူများသည်လည်း အားပါးတရ ရယ်မောနေပြီး မျက်စိရှေ့မှ မြင်ကွင်းက အလွန် စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားနေကြသည်။

သူ့မျက်စိရှေ့၌ မိန်းမနှင့် သမီးတို့ အသတ်ခံလိုက်ရသည်ကိုကြည့်ပြီး ထိုယုံကြည်သူသည် ငိုကြွေးရန်ပင် မေ့လျော့နေ၏။ သူ့ပုံစံက အသိစိတ်ဝိညာဉ် မရှိတော့သကဲ့သို့ ထုံထိုင်းကာ မလှုပ်မယှက် ဖြစ်နေသည်။

သူ၏ ယုံကြည်မှု မရှိတော့သလို သူ့မိသားစုလည်း မရှိတော့ချေ။ ယခု သူသည် ရှင်လျက်နှင့် သေသူ ဖြစ်နေ၏။

ကျူးဝမ်ဟောင်က တအံ့တဩ ပြောလာ၏။

“ကြည့်စမ်း ဒါ လူတွေ မကြာခဏ ပြောကြတဲ့ သေတာထက် ဆိုးတဲ့ဘဝဆိုတာပဲ”

ထို့နောက် သူသည် ခေါင်းငုံ့၍ ထိုယုံကြည်သူ၏ ခေါင်းကိုပုတ်ကာ အလွန် စာနာသနားချင်ယောင်ဆောင်၍ ပြောလိုက်သည်။

“ဝမ်းမနည်းနဲ့၊ ငါ မင်းမိသားစုနဲ့ ပြန်ဆုံအောင် မင်းကို ချက်ချင်း ပို့ပေးမှာပါ”

ထို့နောက် သူသည် လက်ကိုမြှောက်၍ ယုံကြည်သူ၏ ဦးခေါင်းကို ချိန်ရွယ်ကာ အားဖြင့် ရိုက်ချလေသည်။  ထိုစဉ် ယုံကြည်သူသည်လည်း သူ့ရည်ရွယ်ချက်ကို သတိထားမိကာ ခေါင်းမော့၍ သွေးကဲ့သို့ နီရဲနေသော မျက်လုံးများဖြင့် ဒေါတသကြီး အော်ဟစ်လေသည်။

“အရှင်ယဲ့ဘုရင် ကျုပ်တို့အတွက် လက်စားချေပေးပါ”

All Chapters