နဂါးစွမ်းအား
Vol. 86-89 Ch. 1294
ထို့နောက် ကျူးဝမ်ဟောင်သည် ကင်မရာဘက်လှည့်၍ အပြုံးကြီးပြုံးကာ တိုက်ရိုက် ထုတ်လွှင့်ခြင်းမှ ကြည့်ရှုနေသူများအား ပြောလိုက်သည်။
“ယဲ့ဖန်ရဲ့ ယုံကြည်သူတွေ မင်းတို့ ငါ့စကားကို သေချာ နားထောင်ထား၊ ချက်ချင်း အမှောင်ထုကို စွန့်ပစ်ပြီး အလင်းဝင်ပါ၊ မဟုတ်လို့ကတော့ ဒီလိုပဲ အဆုံးသတ်သွားမယ်”
ရှုကျိုးသို့ ပထမဆုံး ရောက်လာသည့်နေ့မှာပင် ကျူးဝမ်ဟောင်က ထပ်မံ၍ ကြွေးကြော်လေသည်။
“အခုကစပြီး ငါ သုံးရက်တိတိ သူ့ယုံကြည်သူတွေကို သတ်မယ်၊ ဒါကိုမှ အဲ့သုံးစားမရတဲ့ ခွေးက ပေါ်မလာရဲ သေးရင်တော့၊ သူ ငါ့ဆရာရဲ့ ရန်သူ ဖြစ်လာရဲမယ်လို့ မင်းတို့ ထင်နေလား၊ သူ မင်းတို့ကို ကယ်ရဲမယ်လို့ ထင်နေလား”
နောက်တစ်နေ့တွင်လည်း ထိုနည်းတူပင်။
“လက်လျှော့လိုက်တော့၊ ငါ့ဆရာ ဒီတစ်ခေါက်လည်း ဒီလာမှာ မဟုတ်ဘူး၊ သူ့ကို သတ်ဖို့ တပည့်ပဲ လွှတ်လိုက်တာ၊ ဘာလို့လဲဆိုတော့ သူ့ကို သတ်ဖို့ တပည့်တစ်ယောက်ပဲ လိုတာကို ငါ့ဆရာ သိနေလို့လေ၊ ဟားဟားဟား”
ရှုကျိုးတစ်ခုလုံး အမှောင်ထု ဖုံးလွှမ်းနေပြီး ယဲ့ဖန်၏ ယုံကြည်သူများ အလွန်အမင်း ကြောက်လန့်လာကာ ကျူးဝမ်ဟောင်၏ အပြုအမူကြောင့် လှုံ့ဆော်စည်းရုံးမှုများစွာကို ဖျက်သိမ်းကြလေသည်။
ရက်အနည်းငယ်အတွင်းမှာပင် သူ့လက်ထဲ၌ ဆိုးဆိုးရွားရွား သေဆုံးသွားရသည့် ယုံကြည်သူများ အယောက် ထောင်ချီလာ၏။
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားသည် အစမှအဆုံးတိုင် တိတ်ဆိတ်နေခဲ့ပြီး သူ၏ အပြုအမူကို သဘောတူပုံ ရသည်။
“ဘာလို့ ယဲ့ဖန် ပေါ်မလာသေးတာလဲ၊ သူ့ယုံကြည်သူတွေအားလုံး အသတ်ခံနေရတာကို၊ ဒီလို လူဆိုးကောင်ကို လေးစားစရာ ဘယ်မှာ ရှိလို့လဲ”
“အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား လာမှာကို သိလို့ ကြောက်လန့်ပြီး ရှုကျိုးကနေ ထွက်ပြေးသွားတာများလား”
ယဲ့ဖန် ထွက်ပြေးသွားလောက်သည်ဟု လူတိုင်း သဘောတူ လက်ခံလာကြသည်။ သို့မဟုတ်ပါက ဤမျှ အချိန်ကြာကြာ ဘာလှုပ်ရှားမှုမှ မရှိရသနည်း။
ယဲ့ဖန်၏ ယုံကြည်သူများတောင်မှ ထိုသို့ထင်နေကြသည်။ ထို့ကြောင့် သူတို့သည် ကျူးဝမ်ဟောင်၏ စိတ္တဇသဖွယ် လူသတ်ခြင်းမှ ရှောင်တိမ်းရန် ရှုကျိုးမှ ခွေးသဖွယ် ထွက်ပြေးကြလေသည်။
တတိယမြောက်နေ့၌ ကျူးဝမ်ဟောင်ရှေ့သို့ ပိန်သွယ်၍ လေးနက်သော မျက်နှာထားနှင့် ချောမောခံ့ညားသည့် လူတစ်ယောက် ရောက်လာသည်။ သို့သော် သူ့ကိုယ်မှ ပြင်းထန်သော နတ်ဆိုးစွမ်းအင်များ ပျံ့လွင့်နေ၏။
သူ့ကိုမြင်သော် ကျူးဝမ်ဟောင်က လှောင်ရယ်၍ ပြောလိုက်သည်။
“မင်းက နတ်ဆိုးနဂါး ဖုရှန်ပဲ၊ ဘာလဲ ယဲ့ဘုရင်က ပေါ်မလာရဲလို့ မင်းလိုအမှိုက်ကောင်ကို လာအသေခံ ခိုင်းတာလား”
“သူက မင်းလို ပုရွက်ဆိတ်ကို အာရုံစိုက်ချင်စိတ် မရှိဘူး၊ ဒါပေမဲ့ ငါ မင်းကို သူ့ကို စော်ကားခွင့် မပေးနိုင်ဘူး၊ ပြီးတော့ ငါ့ညီအစ်ကိုကို စော်ကားတဲ့လူတိုင်း သေရမယ်”
နတ်ဆိုးနဂါး ဖုရှန် ဒေါသထွက်နေသည်။ သူ့ဒဏ်ရာက မပျောက်သေးသော်လည်း ကျူးဝမ်ဟောင်၏ ယဲ့ဖန်ကို စော်ကားနေသော စကားများကို သည်းမခံနိုင်ပါ။
“ငါ့ကို သေခိုင်းမယ် ဟုတ်လား၊ မင်း ဒီရောက်လာမှတော့ မင်းရဲ့ နိမ့်ကျတဲ့အသက်ကို ထားခဲ့ပါတော့”
ကျူးဝမ်ဟောင်က အားရပါးရ ရယ်မော၍ ကြုံးဝါးလိုက်သောအခါ လက်အောက်ငယ်သားတစ်စု ပြေးတက် လာသည်။
နတ်ဆိုးနဂါး ဖုရှန်သည် အရေးမပါသော စကားများ မဆိုတော့ဘဲ လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ် လိုက်သည်။ ထိုအခါ အနက်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပြေးတက်လာနေသည့် လူတစ်ယောက်၏ ဦးခေါင်းသို့ ထိမှန်ကာ ဦးခေါင်း ပေါက်ကွဲသွားရသည်။
ဤသည်ကိုမြင်သော် ကျူးဝမ်ဟောင်နှင့် အခြားသူများ လှုပ်လှုပ်ရွရွ ဖြစ်သွားပြီး တအံ့တဩ အော်လိုက်မိသည်။ တစ်ဖက်လူက စလှုပ်ရှားလာသည်နှင့် သူတို့ထဲမှ တစ်ယောက် အသတ်ခံလိုက်ရသည်။ သူ၏ အင်အားက အလွန် သန်မာလွန်းသည်။
လက်ရှိလူများအားလုံးသည် ဘုရင်အဆင့်များ မဟုတ်ကြချေ။ နတ်ဆိုးနဂါး ဖုရှန်၏ မျက်နှာက အေးစက် မာကြောနေပြီး ကျူးဝမ်ဟောင်အား စူးစိုက်ကြည့်လေသည်။
“ဒီနေ့ ငါ မင်းကို တမလွန်ကို ပို့ပေးမယ်၊ ရှောင်ယဲ့က မင်း အဖော်ရအောင် မင်းဆရာကို ပို့ပေးလိမ့်မယ်”
“သေချင်နေတာပဲ”
ကျူးဝမ်ဟောင် ချက်ချင်း ဒေါသထွက်သွားပြီး ရှေ့သို့ ပြေးတက်သွားသည်။ သူ့လက်ထဲ၌ တောက်ပလင်းထိန်၍ လောကအား ဖိနှိပ်နိုင်သည့် တစ်မူထူးခြားသော စွမ်းအားများ ပျံ့လွင့်နေသော ဗုဒ္ဓအလံကို ကိုင်ထားလေသည်။
သူသည် ပြေးတက်သွားပြီးသည်နှင့် လက်ထဲမှ ဗုဒ္ဓအလံဖြင့် နတ်ဆိုးနဂါး ဖုရှန်ကို အားနှင့် ရိုက်ချလိုက်သည်။ ချက်ချင်းဆိုသလိုပင် ဗုဒ္ဓဝါဒ စည်းမျဉ်းများ အတောမသတ်အောင် ပါဝင်နေသည့် စွမ်းအင်တစ်ခု ထွက်ပေါ် လာ၏။
ထိုအခိုက်တွင် နတ်ဆိုးနဂါး ဖုရှန်သည် လေဟာနယ်ပင် ပေါက်ကွဲသွားမည်ဟု ထင်မှတ်ရသည့် ထိတ်လန့်ဖွယ် အင်အားကို ခံစားမိသဖြင့် မျက်မှောင်ကြုတ်မိသွားသည်။
သူသည် အနက်ရောင် လှံတံကို ချက်ချင်း ထုတ်လိုက်သည်။ ၎င်းလှံသည် နက်မှောင် တောက်ပကာ တစ်ခါတရံ၌ နဂါးအော်နေသည့် အသံကိုပင် ကြားရလေသည်။
လှံတံကို ကိုင်၍ ကောင်းကင်ထက်မှ ကျဆင်းလာသည့် ဗုဒ္ဓအလံကို ပြန်ထိုးနှက်လိုက်သဖြင့် မခုခံနိုင်သည့် စွမ်းအင်များ ပျံ့လွင့်လာသည်။
ထူးဆန်းသော အသံတစ်သံနှင့်အတူ ဗုဒ္ဓအလံမှ တောက်ပသော အလင်းရောင်သည် ချက်ချင်း တန့်ခနဲ ဖြစ်သွားပြီး အောက်သို့ တစ်လက်မမျှ ကျဆင်းမလာတော့ချေ။
“မင်းမှာ အရည်အချင်းတော့ ရှိသားပဲ၊ စိတ်မကောင်းစရာက မင်း ငါ့ကို ရန်မစသင့်တာပဲ၊ ငါ့ကို ရန်စရင် အဆုံးသတ်က တစ်ခုပဲ ရှိတယ်၊ အဲ့ဒါက သေခြင်းပဲ”
ကျူးဝမ်ဟောင်၏ မျက်လုံးများက ခက်ထန်နေပြီး ရက်စက်ကြမ်းကြုတ်သော အပြုံးမျိုး ပြုံးနေလေသည်။ ထို့နောက် သူသည် ဗုဒ္ဓအလံကို ပြန်ရုတ်ကာ နတ်ဆိုးနဂါး ဖုရှန်၏ ရှေ့တည့်တည့်သို့ ပြေးဝင်ကာ ဖြောင့်တန်းစွာ ထိုးနှက်လိုက်ပြန်သည်။
ဤသည်ကိုမြင်သော် နတ်ဆိုးနဂါး ဖုရှန်သည် လှံဖြင့် အလျင်အမြန် ပြန်တိုက်ခိုက်လိုက်သည်။ နှစ်ယောက်လုံး ဆက်တိုက် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်နေသောကြောင့် တချွင်ချွင်အသံများ ထွက်ပေါ်ကာ မီးပွားများပင် ထွက်လာ၏။ သူတို့ချင်း တိုက်ခိုက်ပြီးသည်နှင့် ချက်ချင်း နောက်ပြန်ဆုတ်ကြသည်။ သူတို့က လျှပ်စီးသဖွယ် ဆက်လိုက် တိုက်ခိုက်နေ၏။
“သခင်လေးနဲ့ ယှဉ်တိုက်နိုင်စွမ်း ရှိတာပဲ”
လူတိုင်း ထိတ်လန့်သွားပြီး မယုံနိုင်သော အမူအရာများဖြင့် ကြည့်နေကြသည်။ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ တပည့်များစွာထဲတွင် အံ့ဩစရာ အကောင်းဆုံးနှင့် အတော်ဆုံးသူမှာ ဤကျူးဝမ်ဟောင်ပင် ဖြစ်ပြီး သူ၏ ဆက်ခံသူအဖြစ်ပင် လေ့ကျင့်ခံရမည်ဟု ဆိုကြသည်။
ယခုအချိန်အထိ ကျူးဝမ်ဟောင်သည် တစ်ခါမှ မရှုံးဖူးသေးသလို သူ့ဆရာကဲ့သို့ ပြိုင်ဘက်ကင်းသော ဒဏ္ဍာရီကို ဆက်လက် သယ်ဆောင်ထားသည်။ သို့သော် သူတို့အရှေ့မှ နတ်ဆိုးနဂါး ဖုရှန်က သူနှင့် ယှဉ်နိုင်စွမ်း ရှိနေလေသည်။
နှစ်ယောက်သား လေထဲသို့ ခုန်လွှား၍ တိုက်ခိုက်ပြီးသည်နှင့် အောက်သို့ ပြန်ကျလာသည်။ ထိုအခါ တောင်များနှင့် မြေဆီလွှာများ ပျက်စီးလာ၏။
“ဝေါ့”
ထိုအခိုက်တွင် နတ်ဆိုးနဂါး ဖုရှန်သည် ရုတ်တရက် သွေးအန်လာပြီး မျက်နှာက ရုတ်တရက် ဖြူရော်လာသည်။ ဤသည်ကိုမြင်သော် ကျူးဝမ်ဟောင်သည် တစ်ခဏမျှ မှင်တက်နေပြီးမှ ရုတ်တရက် ထရယ်လိုက်သည်။
“ဟားဟားဟား … အရူးကောင် မင်းကိုယ်မှာ ဒဏ်ရာရှိနေတာတောင် ငါ့ကို ရန်လာစရဲတာလား၊ မင်း အသက်ရှည်ရှည် နေရမယ်များ မှတ်နေလား”
“မင်းကို သတ်မယ်၊ ငါ ဒဏ်ရာ အကြီးအကျယ် ရထားပင်မယ့် မင်းကို အသာလေး သတ်နိုင်တယ်”
နတ်ဆိုးနဂါး ဖုရှန်က ပါးစပ်ထောင့်မှ သွေးကို သုတ်လိုက်သည်။ သူ့မျက်နှာက မောက်မာနေဆဲ ဖြစ်ပြီး အနက်ရောင် ဆံပင်များက လေနှင့်အတူ ယိမ်းနေကာ ခါးကို မတ်ထားသည်။
ထိုစကားက ကျူးဝမ်ဟောင်ကို အလွန် ဒေါသထွက်သွားစေသည်။ အင်ပါယာတွင်း၌ သူ ဤမျှ အထင်သေး ခံရသည်က ပထမဆုံးအကြိမ်ပင်။
“ကောင်းပြီလေ ကောင်းပြီ”
ကျူးဝမ်ဟောင်က သုန်မှုန်နေသော မျက်နှာထားဖြင့် ပြောလိုက်ပြီးနောက် သူ့လူများကို အမိန့်ပေးလိုက်သည်။
“ဝင်မပါနဲ့ သူ့ကို ငါကိုယ်တိုင် သတ်မယ်”
သူ ဟူသော စကားအဆုံး၌ ကျူးဟောင်ဝမ်က ရုတ်ချည်းဆိုသလို လေဟုန်ခွင်း၍ ပြေးတက်သွားသည်။ နတ်ဆိုးနဂါး ဖုရှန်သည် ဒဏ်ရာ အပြင်းအထန် ရထားသဖြင့် သူ့ကိုသတ်ရန် အကောင်းဆုံးအချိန်ပင်။ နတ်ဆိုးနဂါး ဖုရှန်က ယဲ့ဖန်လောက် နာမည်မကျော်သော်လည်း သူသည်လည်း အင်ပါယာတွင်း၌ လူသိများသော ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လေသည်။
သူ့ကိုသတ်လိုက်နိုင်လျင် မိမိ နာမည်ကြီးလာမည်။ တစ်ချိန်တည်းမှာပင် ယဲ့ဖန်၏ ညီက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ တပည့် လက်ထဲ၌ အသတ်ခံလိုက်ရသည်ကို တစ်လောကလုံး သိသွားလျင် ယဲ့ဖန်လည်း အရှက်ကွဲ ပေလိမ့်မည်။
“နတ်ဆိုးနဂါး ဖုရှန် ငါတို့ မျှတတယ်မလား၊ မင်းကို အနိုင်မကျင့်ဘူးနော်”
ကျူးဝမ်ဟောင်က အရှက်မရှိ ရယ်မောကာ လက်ကိုဆန့်ထုတ်၍ ဗုဒ္ဓစည်းတံဆိပ်အား ကောင်းကင်ယံသို့ ပစ်တင်လိုက်သည်။ ဗုဒ္ဓ စည်းတံဆိပ်မှ ရွှေရောင်အလင်းများ ဖြာထွက်ကာ နေ၊လနှင့် ကြယ်တို့အား မြင့်တက်လာစေသကဲ့သို့ စွမ်းအင်များ ပျံ့နှံ့လာ၏။
နတ်ဆိုးနဂါးဖုရှန်က ဘာမှမပြောဘဲ လှံတံကို ဆန့်၍ တိုက်ခိုက်လေသည်။ ထိုအခါ လှံတံမှ အနက်ရောင် အလင်းတန်း ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ ထိုးတက်ကာ ဗုဒ္ဓ စည်းတံဆိပ်ကို တိုက်ခိုက်လေသည်။
ဗုဒ္ဓစည်းတံဆိပ်မှ စွမ်းအင်များသည် မိုးစက်များကဲ့သို့ ပေါများပြီး လေးလံကာ အဆုံးအစမဲ့သဖြင့် လူတိုင်းအား အသက်ရှူမှားအောင် လုပ်နိုင်၏။
“ဂါး”
နဂါးအော်သံ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာပြီး အနက်ရောင် အလင်းက လွှမ်းမိုးလာပြီး လူသတ်ချင်သော အငွေ့အသက်များ ဖုံးအုပ်လာသောကြောင့် အလွန် ကြောက်လန့်သွားစေသည်။
ဤမြင်ကွင်းက ဘုရင်အဆင်သို့ ရောက်နေသူများပင် ထိတ်လန့်သွားရသည်။ သူတို့၏ သိုင်းအဆင့်က ဤလူနှစ်ယောက်နှင့် အတူတူပင် ဖြစ်သော်လည်း သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်နှင့် သူတို့ တိုက်ရလျင် အနိုင်ယူနိုင်လောက်မည့် သတ္တိ မရှိပါ။
ဤသည်မှာ ကြောက်စရာကောင်းလှပြီး နှစ်ယောက်လုံး၌ သူမတူသော အစွမ်းများ ရှိကြလေသည်။ ကြောက်စရာ ကောင်းသော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး အဖျက်စွမ်းအင်တစ်ခုက ကောင်းကင်ပေါ် ထိုးတက်သွားသည်။ ဗုဒ္ဓစည်းတံဆိပ် ချက်ချင်း ကျိုးပဲ့သွားတော့သည်။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ကျူးဟောင်ဝမ် ကြောက်လန့်ကာ မယုံနိုင်သလို ဖြစ်နေ၏။ နတ်ဆိုးနဂါး ဖုရှန်သည် ဒဏ်ရာ အပြင်းအထန် ရထားပြီးသား ဖြစ်သော်လည်း ဘယ်လိုလုပ် သူ၏ လူသတ်သိုင်းကွက်ကို တားဆီးနိုင်ရသနည်း။
ထိုစဉ် နတ်ဆိုးနဂါး ဖုရှန်က ဆက်လက် တိုက်ခိုက်လေသည်။ လှံတံက ကောင်းကင်ယံကို ဆက်တိုက် ထိုးနှက်နေသဖြင့် အနက်ရောင် အလင်းတန်များက နဂါးနက်များသဖွယ် ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
ကောင်းကင်ယံတစ်ခုလုံး ဆူညံလာပြီး မြင်ကွင်းက ဥက္ကာခဲတစ်သောင်းခန့် ပြိုင်တူ ကျလာသကဲ့သို့ ထူးခြား လှသည်။
ကျူးဝမ်ဟောင် ကြောက်လန့်ကာ အကြီးအကျယ် မျက်နှာပျက်နေ၏။ ထို့နောက် ဗုဒ္ဓစည်းတံဆိပ်ထံသို့ အလျင်အမြန် ပြေးသွားပြီး အပြင်းအထန် ခုခံလေသည်။
တစ်ဖက်လူသည် အလွန် ထူးဆန်းလွန်းလှသည်။ သူသည် ဒဏ်ရာ အပြင်းအထန် ရနေသော်လည်း ကျူးဝမ်ဟောင်နှင့် တန်းတူ တိုက်နိုင်ကာ ဤတိုက်ကွက်က အဆပေါင်းများစွာ ပိုပြင်းထန်သေးသည်။
“မျိုးမစစ်ကောင် ငါ မင်းကို တစ်စစီ စုတ်ဖြဲပစ်မယ်”
ဤတိုက်ကွက်ကို ခုခံပြီးနောက် ကျူးဝမ်ဟောင်၏ လက်မှ သွေးများ တတောက်တောက်ကျကာ မျက်လုံးက မီးပွင့်မတတ် စူးရဲကာ အလွန် ဒေါသူပုန်ထနေ၏။
“မင်းလို ပုရွက်ဆိတ်ကောင်က သူနဲ့ တိုက်ခိုက်ဖို့ မထိုက်တန်ဘူးလို့ ငါ ပြောခဲ့သားပဲ၊ ဒဏ်ရာ အပြင်းအထန် ရထားတဲ့ ငါနဲ့တင် မင်းကို သတ်ဖို့ လုံလောက်တယ်”
နတ်ဆိုးနဂါး ဖုရှန်သည် မျက်နှာ ဖြူရော်ကာ အဆက်မပြတ် သွေးအန်နေသည်။ အစောပိုင်းက တိုက်ကွက်က သူ့ခန္ဓာကိုယ်မှ ဒဏ်ရာကို ပို၍ ပြင်းထန်သွားစေသည်။
သို့သော် ထိုသို့ဖြစ်နေသော်ငြားလည်း သူသည် သန်မာပုံ ပေါ်နေဆဲဖြစ်ပြီး အနက်ရောင် ဆံပင်များက တလွင့်လွင့် ယိမ်းနေသည်။ သူ့လက်ထဲမှ လှံတံတွင် ဘီလီယံချီသော နတ်စွမ်းအင်များ ပါဝင်နေသည်ဟု ထင်မှတ်ရကာ အနက်ရောင် အလင်းတန်းများ ဆက်တိုက် ဖြာထွက်နေ၏။
ကျူးဝမ်ဟောင် အံကြိတ်ကာ ဒေါသထွက်နေလေသည်။ တစ်ဖက်လူက သူ့အား ပေါ်တင် အရှက်ခွဲနေသော်လည်း ပြဿနာမှ သူ့သည် ပြန်ခံငြင်းနိုင်မည့် ခွန်အား မရှိပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးနဂါး ဖုရှန်က လက်တွေ့ သက်သေပြသွားသောကြောင့်ပင်။
သူ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် နတ်ဆိုးနဂါး ဖုရှန်က အနားသို့ ကပ်လာ၏။ သူ့ဒဏ်ရာနှင့် အချိန်ထပ်ကြာကြာ မတိုက်နိုင်တော့မှန်း ရိပ်စားမိသည်။ သို့မဟုတ်ပါက သူ သေသွားနိုင်သည်။
ယခု သူ မြန်မြန် တိုက်ခိုက်မှ ဖြစ်ပေမည်။ လှံတံသည် ကောင်းကင်ယံသို့ မြောက်တက်သွားပြီး ရဲရင့်သော နဂါးတစ်ကောင်ကဲ့သို့ ကျူးဝမ်ဟောင်၏ အရေးပါသော နေရာများကို ထိုးနှက်တိုက်ခိုက်လေသည်။
ထိုအခိုက်တွင် ဗုဒ္ဓစည်းတံဆိပ် မည်မျှ အစွမ်းမဲ့နေသည်ကို မြင်နေလေသည်။ မြင့်မြတ်သော ဗုဒ္ဓစွမ်းအင်က ဤနတ်ဆိုးစွမ်းအင်အား မတားဆီးနိုင်ဘဲ လုံးဝ ပျက်စီးသွားလေသည်။
“မင်း”
သူ ကြောက်လန့်စပြုလာ၏။
*ဒီလူက ဒဏ်ရာရထားတာတောင် ဘာလို့ ဒီလောက် ကြောက်ဖို့ကောင်းနေတာလဲ*
*မယုံနိုင်စရာပဲ*
“သူ့ကိုသတ်”
ကျူးဝမ်ဟောင်သည် အရှက်ကွဲရမည်ကို ဂရုမစိုက်နိုင်တော့ဘဲ ကြောက်လန့်တကြား အော်ဟစ် အမိန့်ပေး လိုက်သည်။
ချက်ချင်းဆိုသလိုပင် ဘုရင်အဆင့်များ ပြိုင်တူ လှုပ်ရှားလာပြီး နတ်ဆိုးနဂါး ဖုရှန်၏ အနောက်မှ ဝင်တိုက်လာသည်။ သူတို့၏ လူသတ်ချင်စိတ်များက ပွက်ပွက်ဆူနေ၏။ အလစ်ချောင်း၍ တိုက်ခိုက်ခြင်းပင်။
ဓားသံများ၊ ဓားစွမ်းအင်များ၊ သူတော်စင်အလင်းတန်းများနှင့် အခြားသော လက်နက်များက သူ့ကိုယ်ထဲသို့ ထိုးစိုက်လာသဖြင့် ဆိုးရွားသော ဒဏ်ရာများ ဖြစ်ပေါ်လာ၏။ ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးနဂါး ဖုရှန် တုန်ယင် သွားပြီး တိုက်ခိုက်ရာမှ ရပ်တန့်သွားကာ သွေးအန်လေသည်။
“မင်း တော်တော် အရှက်မရှိတာပဲ”
နတ်ဆိုးနဂါး ဖုရှန် အံကြိတ်လိုက်မိသည်။ သူတို့ နှစ်ယောက်တည်း တိုက်ရန် သဘောတူထားသော်လည်း အရေးကြီးသော အခြေအနေ၌ ခိုးချောင်ခိုးဝှက် တိုက်ခိုက်လိမ့်မည်ဟု ထင်မထားမိပါ။ အလွန် အရှက်မဲ့လှပေ၏။
“ဟေ့ ဒါကို လှည့်ကွက်မကုန်တဲ့ စစ်သားလို့ ခေါ်တယ်ကွ၊ ငါတို့က ရန်သူတွေကို၊ ငါ ပြောတာကို မင်းက ဘယ်လိုတောင် ယုံနေတာလဲ”
ကျူးဝမ်ဟောင်က မချိုမချဉ် ပြုံးလေသည်။ သူသာ အနိုင်ရမည်ဆိုလျင် မည်သို့သော နည်းလမ်းမျိုးကိုမဆို သုံးနိုင်ပါသည်။
နောင်တွင် နတ်ဆိုးနဂါးဖုရှန်က ကျူးဝမ်ဟောင်၏ လက်ထဲ၌ သေရတော့မည်ဟု တစ်လောကလုံး သိလာကြ လိမ့်မည်။ သူ ဘယ်လို သေသွားသလဲ ဆိုသည်ကိုတော့ မည်သူက အရေးစိုက်မည်နည်း။
“နတ်ဆိုးနဂါး ဖုရှန် မင်းက အရမ်း ရဲရင့်ပါတယ်၊ အခု မင်း ငါ့ကို ရဲရင့်ခွင့်ပေးလိုက်တော့”
ဘုရင်အဆင့်များက အပြုံးကြီး ပြုံး၍ သူ့အား အထင်သေးစွာ ကြည့်လေသည်။ သူတို့စိတ်ထဲတွင် နတ်ဆိုးနဂါး ဖုရှန်၌ ခုခံနိုင်မည့် အင်အားမရှိတော့ဟု ထင်နေ၏။
“မင်းတို့က နတ်ဆိုးတွေကို အထင်သေးရဲတာပဲ”
နတ်ဆိုးနဂါး ဖုရှန်၏ မျက်လုံးများက ခက်ထန်နေပြီး အသက်နှင့်ရင်း၍ တိုက်ခိုက်မည့်ပုံပင်။ သူ့လက်ထဲမှ လှံတံသည် အနက်ရောင် အလင်းများနှင့် ပြည့်နှက်နေပြီး လှစ်ခနဲ ပျံသန်းလာ၏။
ဤလှံတံဖြင့် ဘုရင်အဆင့်သုံးယောက် ထိုးနှက်ခံလိုက်ရပြီး တစ်ကိုယ်လုံး တုန်ယင်ကာ အရိုးများနှင့် အရေပြားများ အရည်ပျော်ကျသွားလေသည်။