← Chapters

အခန်း (၁၈၁-၁၈၃)

Vol. 13 Ch. 181-183

အခန်း (၁၈၁-၁၈၃)

Vol. 13 Ch. 181-183

181 01

အပိုင်း (181)

တရုတ်ပြည်.....။

အဆင့်မြင့် အစည်းအဝေးစင်တာ။

ဘန်း။

ယုံလုံက စားပွဲကို လက်ဝါးဖြင့် ခပ်ကြမ်းကြမ်း ရိုက်ချလိုက်ပြီး သုန်မှုန်နေသော မျက်နှာမျိုးနှင့်ပြောသည်။

“အသုံးမကျတဲ့အဖွဲ့ပဲ”

“ကြည့်ရတာ အလုံးအရင်းနဲ့ မျိုးတုန်းပျောက်ကွယ်သွားတဲ့ ကိစ္စပြီးကတည်းက ငါတို့ရဲ့ တရုတ်ပြည်ကို ဒီလူတွေ ဖျက်ဆီးခဲ့တာဖြစ်မယ်”

“ဒီကိုလာ”

“ဒီမှာပါ”

လီရှင်းက အရင်ထရပ်ပြီး နီရဲသော မျက်လုံးများဖြင့် အော်သည်။

“အဖမ်းခံထားရတဲ့လူတွေက ငါတို့ထဲက လူတွေပဲ။ ဒါကြောင့် ငါကိုယ်တိုင်ကိုယ်ကျ အသင်းကို ဦးဆောင်ခေါ်သွားပြီး သူ့ကိုကယ်ဆယ်နိုင်ဖို့ မျှော်လင့်တယ်”

“နောက်ပြီး ဒါရိုက်တာဆုပိုင်လည်းရှိတယ်”

“ရွှယ်နင်ဆီက ရထားတဲ့သတင်းတွေအရ သူတို့တွေ ဆုပိုင်ကို ရှာမတွေ့ကြသေးဘူး။ ဒါကြောင့် အဲဒီအင်အားစုထဲကို ရောက်နေတာတောင် ဖြစ်နေလောက်တယ်။ ဒါကြောင့် ငါတို့ အရှိန်နှုန်းမြှင့်ပြီး အမြန်ဆုံးသွားရမယ်”

“ခရီးက ရှည်တယ်။ ဒါကြောင့် လူအများကြီး မသုံးဖို့ အကြံပေးချင်တယ်။ ငါ့ကို ဦးဆောင်ခိုင်းပါ။ လေကြောင်းအဖွဲ့နဲ့ အသင်းကို ကာထားပေးလို့ရတယ်။ ဒီလိုဆိုရင် ကယ်ဆယ်ရေးအတွက် တိုက်ရိုက်ဆင်းသက်ပြီး ကယ်ဆယ်လို့ရပြီ”

“လူတွေကယ်ပြီးတဲ့အထိပဲ ငါတို့စောင့်မယ်”

“ကောင်းပြီ”

ထိုစကားကို ကြားသောအခါ ရုံလုံက ခေါင်းခပ်ကြမ်းကြမ်းညိတ်သည်။ သူက ဘေးဘက်ရှိ လက်ထောက်ကို အပြေးလှမ်းခေါ်ရင်း ပြောလိုက်သည်။

“သွား နျူကလီးယား လက်နက်ဌာနကိုလည်း ကန္တာရနယ်မြေတစ်ခုလုံးကို ပိတ်လှောင်ထားဖို့ပြောလိုက်။ သူတို့ကို ရှင်းရှင်းလင်းလင်း ပြောထားနော်။ ငါတို့လူတွေကို မကယ်နိုင်လို့မရဘူး”

“ကန္တာရနယ်မြေတစ်ခုလုံးကို ပြားပြားဝပ်သွားတဲ့အထိ ဂဟေဆော်ပစ်ရမယ်”

“ဟွန့် မင်းတို့လို အမှိုက်ကောင်တစ်သုတ်က ဘယ်လိုလာပြီး တိုက်ခိုက်ရဲတာလဲ။ ငါတို့ရဲ့ တရုတ်ပြည်ကိုတောင် ဒုက္ခပေးရဲသေးတယ်”

“ဟုတ်တယ်”

မြောင်ထိုက်၏ အမူအယာကလည်း ပြောင်းလဲနေသည်။ သူက အလျင်စလိုထွက်သွားသည်။

ဒီတစ်ကြိမ်မှာ တရုတ်တစ်ပြည်လုံးက ဒေါသထွက်သွားတာကို မြင်နိုင်တယ်။

ဒါရိုက်တာဆုပိုင်က ထိုနေရာတွင် ပျောက်သွားရုံသာ မကသေးလေဘဲ ထိုနေရာသို့ စေလွှတ်ခဲ့သော အသင်းမှ အဖွဲ့အဝင်များကပင် အဖမ်းခံခဲ့ရသည်။ သူတို့ဟာ ငြိမ်းချမ်းမှုကို တန်ဖိုးထားသော်လည်း အနိုင်ကျင့်မှုကို သည်းခံလိမ့်မည်ဟု မဆိုလိုပေ။

မမေ့နဲ့။ ပတ်ထရိုလီယမ်မဟာမိတ်က ဒီမတော်တဆမှုမှာ အဓိက စုံစမ်းစစ်ဆေးခံရမဲ့လူတွေပဲ။

“မင်းတို့ အမြန်ဆုံး ထွက်ခွာသွားသင့်တယ်”

ရုံလုံက ထရပ်လိုက်ပြီး လီရှင်း၏ ပခုံးကို လှမ်းပုတ်ကာ လေးနက်သော လေသံနှင့်ပြောသည်။

“ဒါရိုက်တာဆုပိုင်ရှိနေတဲ့နေရာကို ရှာဖို့ခက်မှာကိုတောင် စိုးရိမ်ရတယ်။ နောက်ပြီး စွပ်ဖားလှည်းဆွဲခွေးကလည်း ဒဏ်ရာရသွားသေးတယ်ဆိုတော့ မင်းကောင်းကင်ပြာတိရိစ္ဆာန်ရုံက တိရိစ္ဆာန်တွေကို စောင့်ရှောက်ဖို့ လူလွှတ်ထားသင့်ပြီ။ နောက်ပြီး ဒါရိုက်တာဆုပိုက်ကို ရှာဖို့အတွက် ကောင်းကင်ပြာတိရိစ္ဆာန်ရုံရဲ့ အကူအညီကိုလည်း လိုအပ်လောက်တယ်”

“သူတို့က ငါတို့ထက်ပိုပြီး ဒါရိုက်တာဆုပိုင်ကို ရှာဖွေပေးနိုင်မှာပဲ။ ဒါပေမဲ့ တိရိစ္ဆာန်တွေရဲ့ လုံခြုံရေးကိုလည်း ကာကွယ်ရဦးမယ်”

“ဒီအခြေအနေမှာ အမှားအယွင်းရှိလို့ မရဘူး”

“မစိုးရိမ်ပါနဲ့ ငါတို့ လူမကယ်နိုင်ရင် ပြန်မလာဘူး”

လီရှင်းက ဂါရဝပြုပြီး အံကိုကြိတ်ကာ ထွက်သွားသည်။

.......။

181 02

ဝေါင်း။

ကိုလိုစီယမ်အတွင်းတွင်။

ထရန်နိုဆောရပ်၏ ညိုမှောင်နေသော မျက်ဝန်းတစ်စုံက အဝေးရှိ တင်ဆက်သူကိုကြည့်ပြီး အမြီးကို ဆက်တိုက်ခါရမ်းနေသည်။ အရုပ်ဆိုးသော ဖွတ်ကိုသတ်ပြီးနောက် တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် တိုက်ခိုက်ရဲသည့် မကောင်းဆိုးဝါးများ မရှိတော့ချေ။

တင်ဆက်သူကလည်း နဖူးမှ ချွေးများကိုသုတ်ပြီး လူတိုင်းကိုကြည့်ကာ တောင်းပန်သလို ပြုံးပြသည်။ ထို့နောက် အသံကို ခပ်မြန်မြန်တိုးလျက် ဘေးဘက်မှဝန်ထမ်းကို လှမ်းအော်သည်။

“ဒီကောင်တွေကို မြန်မြန်တိုက်ခိုင်းလိုက်လေ”

“မင်းတို့ထပ်စောင့်နေရင် ငါဒီနေ့ မျက်နှာပျက်ရတော့မယ်။ အနာဂတ်မှာ ဘယ်သူက ကိုလိုစီယမ်ကို လာရဲမှာလဲ”

“သွားမြန်မြန်သွား ဘာကောင်ဖြစ်ဖြစ် တစ်ကောင်ကောင်တော့ပို့လိုက်”

“အင်း”

ဝန်ထမ်း၏ မျက်နှာကလည်း ခါးသည်းနေပုံရသည်။ သူကလေသံကိုတိုးကာ ပြောသည်။

“ငါမပို့ချင်တာမဟုတ်ဘူး။ ဒီမကောင်းဆိုးဝါးတွေအားလုံးက အတူပေါင်းပြီး ခွေနေကြတယ်။ ဘယ်သူကမှ မတက်ရဲကြဘူးလေ။ သူတို့ကိုလည်း ဘယ်သူကမှ သွားပြီးမဆွဲထုတ်ရဲဘူး”

“ဆွဲထုတ်တဲ့လူတွေတောင် သေကုန်ပြီ”

“ဒါက ဒါကမဖြစ်နိုင်ဘူးလေ။ ဒါဆိုရင်လည်း အငွေ့ဗုံးတွေကိုသုံးလိုက်။ သူတို့ကို ခြောက်လှန့်ပြီး အမြန်ဆုံးထွက်လာအောင်လုပ်လိုက်”

တင်ဆက်သူက အံကိုကြိတ်ပြီး တင်းမာစွာပြောသည်။

ထရန်နိုဆောရပ်သည် အလွန်အမင်း ကြမ်းတမ်းနေသော်လည်း မကောင်းဆိုးဝါးတစ်အုပ်ကိုမူ မယှဥ်နိုင်လောက်ချေ။ မည်သို့ပင်ဆိုစေ လက်သီးနှစ်လုံးက လေးလုံးကို ယှဥ်နိုင်ခြင်းမရှိချေ။ ထို့နောက်....။

ဒီနေ့တွင် သူတို့ဒုက္ခအလွန်များခဲ့သည်။ ထရန်နိုဆောရပ်၏ ပထမအနိုင်ပွဲပြီးနောက် ကိုလိုစီယမ်တစ်ခုလုံးမှ သတ္တဝါတိုင်းက ရူးသွပ်ကုန်ကြသည်။

ထို့အပြင် သူတို့သည်လည်း အများကြီးထိခိုက်နစ်နာသွားသည်။ ဘောနပ်စ်၏ ၁ဘီလီယမ်ဆိုသော အကန့်အသတ်ကို ကျော်လွန်သွားသည်။

သူတို့က ပြိုင်ပွဲကို မကျင်းပနိုင်တော့သည်နှင့် ကြီးမားသော လျော်ကြေးငွေကို ပေးဆောင်ရမည်ဖြစ်ပြီး သူတို့ကိုပင် ဆက်လက်ထိန်းထားရန် မဖြစ်နိုင်ပေ။

“တကယ်လို့...”

“ဘာကိစ္စမှ မရှိတော့ရင် မြန်မြန်သွားတော့”

သူက အော်ဟစ်ပြီး ထိုဝန်ထမ်းကို ကန်ထုတ်လိုက်သည်။ တင်ဆက်သူက အသက်ပြင်းပြင်းရှူပြီး စင်၏အလယ်ဘက်သို့ တဖြည်းဖြည်းချင်းလာသည်။ သူသည် လူတိုင်းကိုကြည့်ကာ တောင်းပန်သလိုမျိုး ဂါရဝပြုလိုက်သည်။ ထို့နောက်ပြုံးကာ ကျယ်လောင်စွာအော်ပြန်သည်။

“လူတိုင်း အရမ်းကို စိတ်လှုပ်ရှားနေကြမယ်ဆိုတာ ငါနားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုလိုစီယမ်မှာ နောက်ထပ်ဘုရင်တစ်ယောက် ပေါ်လာတော့မှာကိုး။ ဒါပေမဲ့...”

“မကောင်းဆိုးဝါးတွေရဲ့ ပိုင်ရှင်တွေနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ ဉာဏ်ပညာရှိရှိဆုံးဖြတ်ဖို့ တွေးလိုက်ကြတယ်”

“ထရန်နိုဆောရပ်ရဲ့ အင်အားကို မြင်ပြီးတဲ့နောက်မှာ မကောင်းဆိုးဝါးတွေအားလုံးက သီးသန့်တိုက်ခိုက်မယ်ဆိုရင် မနိုင်နိုင်ဘူးဆိုတာကို သိသွားကြလို့ ဒါကြောင့်..”

“နောက်ထက်တစ်ပွဲမှာ မကောင်းဆိုးဝါး၆ ကောင်ကပေါင်းပြီး ထရန်နိုဆောရပ်ကို အတူရင်ဆိုင်ကြမှာပါ”

“ကိုလိုစီယမ်က သေချာပေါက် အနိုင်ရလိမ့်မယ်။ ဒါကြောင့် လူတိုင်းကလည်း စိတ်အလှုပ်ရှားစရာအကောင်းဆုံး သွေးအလွှမ်းဆုံး အကြမ်းတမ်းဆုံးတိုက်ပွဲကို စောင့်မျှော်လို့ရပါပြီ”

“လာတော့ လာတော့”

“အောင်ပွဲခံကြိုဆိုရအောင်”

ထိုစကားထွက်လာပြီးပြီးချင်း ကိုလိုစီယမ်တစ်ခုလုံးက ပျော်ရွှင်သွားကြသည်။

မကောင်းဆိုးဝါးတိုက်ပွဲ။

ဒါကမှ တကယ့်မကောင်းဆိုးဝါးတိုက်ပွဲပဲ။

181 03

ဒါဟာ ခေါင်း၆ ခေါင်းပါသော မကောင်းဆိုးဝါးက ပြိုင်ဘက်ကင်းသော ထရန်နိုဆောရပ်ကို ပေါင်းတိုက်ခိုက်သလိုဖြစ်သည်။ ထိုအခြေအနေက လူတိုင်းကို တုန်ယင်စေသည်။

“ထရန်နိုဆောရပ်က နိုင်လိမ့်မယ်။ ငါက ထရန်နိုဆောရပ်ကြောင့် ရှုံးမဲ့ဘက်က သန်းတစ်ရာလောင်းတယ်။ ထရန်နိုဆောရပ်ကို ဘယ်သူကမှ မယှဥ်နိုင်ဘူး”

“ငါ....ငါလည်း သွေးလွှမ်းတဲ့မြင်ကွင်းကို တအားမျှော်လင့်နေပြီ။ လာစမ်းပါဘေဘီ”

“မြန်မြန်လေး စလိုက်တော့။ စကားပြောမနေနဲ့တော့။ ထရန်နိုဆောရပ်က အမြဲတမ်းနတ်ဘုရားပဲ”

ထိုစကားကို ကြားသောအခါ လူအုပ်က မတ်တပ်ပင် ထရပ်ပြီး အော်ဟစ်ကြသည်။

“ဟွန့်”

ဆုပိုင်က တစ်ချက်နှာခေါင်းရှုံ့ရင်း ကျောက်တုံးတံခါးထဲမှ ထွက်လာသည့် မကောင်းဆိုးဝါးများကို ငုံ့ကြည့်သည်။ အရွယ်အစားချင်းယှဥ်သော် သူတို့ဟာ ထရန်နိုဆောရပ်ကို မယှဥ်နိုင်ပေ။ ထိုခြောက်ကောင်ထဲမှ အမြင့်ဆုံးတစ်ကောင်ကပင် ၃မီတာသာ ရှိသည်။ ထရန်နိုဆောရပ်၏ အရပ်တစ်ဝက်ခန့်ထိပင် မရောက်ချေ။ ပို၍ဆိုးသည်မှာ....။

ဒီကောင်တွေမှာ အခြေခံအသိဉာဏ်မရှိတာကိုတောင် မပြောနဲ့ဦး။ သူတို့က စနစ်က ကယ်ဆယ်ခိုင်းထားတဲ့သတ္တဝါကို ဘယ်လိုယှဥ်နိုင်မှာလဲ။

ဝေါင်း။

ထရန်နိုဆောရပ်က အမြီးကိုရမ်းပြီး အရှေ့မှ အကောင်များကို စိတ်လှုပ်ရှားစွာ ကြည့်ကာ ခေါင်းကိုမော့လျက်ဟိန်းသည်။

သူ၏ခန္ဓာကိုယ်မှ ကြွက်သားများက တောင့်တင်းသွားသည်။

ဖုန်း။

သူဟာ မြေပြင်ကို ခပ်ကြမ်းကြမ်း ဖိနင်းလိုက်ပြီးနောက် သားရဲတိုက်ခိုက်ရေးစင်ကြီးတစ်ခုလုံးက ချက်ချင်းလိုလို ပြိုလဲကျသွားသည်။

ကြည့်ရှူသူများအားလုံးက ကြီးမားသည့် ခန္ဓာကိုယ်ကြီးကိုကြည့်ရင်း စိတ်လှုပ်ရှားလာကြသည်။ ထိုအကောင်ကြီးက မီတာတစ်ဆယ်ကျော်အမြင့်ထိရောက်အောင် ခုန်လိုက်လေပြီး တစ်ဖက်မှ မကောင်းဆိုးဝါးများထံ ခုန်ဝင်သွားသည်။

ဟစ်။

သူ၏အရှိန်က ရပ်တန့်ခြင်းပင် မရှိချေ။ သူ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုကိုပင် မမြင်နိုင်ချေ။ သို့ရာတွင် နောက်ထပ်မြင်ကွင်းကမူ....။

ပြဇာတ်ရုံအတွင်းရှိ လူတိုင်းကို ရူးသွပ်သွားစေသည်။ တစ်ချက်တိုက်ခိုက်ရုံသာရှိသေးသည်။ မကောင်းဆိုးဝါးနှစ်ကောင်၏ခေါင်းက အကိုက်ခံလိုက်ရသည်။ ကြီးမားသော ခေါင်းများက လူအုပ်ဘက်သို့ လွင့်လာသည်။ ထို့ကြောင့် လူအုပ်က တအံ့တသြအော်ကြသည်။

ဝေါင်း။

ကျန်သော မကောင်းဆိုးဝါးလေးကောင်က တိုက်ခိုက်ခြင်းမရှိဘဲ ကြောက်လန့်တကြား ထွက်ပြေးသွားပြီး သားရဲတိုက်ခိုက်ခြင်းစင်ပေါ်မှ ရူးသွပ်စွာ ပြေးဆင်းသည်။

ထရန်နိုဆောရပ်က ဟိန်းဟောက်ပြီး နောက်မှလိုက်သည်။

ဖုန်း။

သူ၏ တုတ်ခိုင်လွန်းသော အမြီးကြီးက တိုက်ခိုက်ရိုက်ချလိုက်သောအခါ တြိဂံပုံခေါင်းကြီးနှင့် မကောင်းဆိုးဝါးကြီးက မြေပြင်သို့ လဲကျသွားသည်။ ကြီးမားသော ခြေထောက်ကြီးက တစ်လှမ်းချင်းစီ ချဥ်းကပ်လာသေးသည်။

“ဟူးဟူးဟူး”

တြိဂံပုံခေါင်းနှင့် မကောင်းဆိုးဝါးက ပါးစပ်ကြီးကိုဟလျက် စူးရှစွာအော်သည်။

ခရက်။

တုတ်ခိုင်ကာ ကြီးမားသည့် ဒိုင်နိုဆော၏ ခြေထောက်က ထိုကောင်၏ နဖူးကို တက်ဖိသည်။

ဖုန်း။

ထိုခေါင်းလေးက ဖရဲသီးလို ပေါက်ကွဲထွက်သွားပြီး နီရဲသော သွေးများက ပန်းထွက်လာသည်။ ကိုလိုစီယမ်တစ်ခုလုံးက တိတ်ဆိတ်သွားလေသည်။

ထိုမကောင်းဆိုးဝါးဟာ သားရဲဘုရင်ဖြစ်ရန် အလွန်နီးကပ်လာသည်။ မမျှော်လင့်ထားစွာပင် ယခုလို အကန်ခံရပြီးတစ်ချက်တက်နင်းရုံနှင့် ပေါက်ကွဲသွားသည်။

ဝေါင်း။

ထရန်နိုဆောရပ်က ထပ်အော်ပြန်သည်။

တခြားသော သုံးကောင်က အတူပေါင်းကာ ကျုံ့နေကြသည်။ သူတို့သည် ကြီးမားသော ပါးစပ်ကြီးများကိုဟပြီး စူးရှစွာအော်နေကြသည်။

ဘုန်း။

ထိုအခိုက်အတန့်တွင် ခေါင်းသုံးခေါင်းနှင့် မကောင်းဆိုးဝါးက ချဥ်းကပ်လာသည့် ထရန်နိုဆောရပ်ကိုကြည့်သည်။ တစ်ချိန်တည်းတွင်ပင် သူ၏ခေါင်းကိုလှည့်လျက် ကြည့်ရှုသူများရှိသော နံရံဘက်သို့ ပြေးဆောင့်တိုက်သည်။

စက္ကန့်အနည်းငယ်ခန့်ကြာပြီးနောက် ထိုနံရံကြီးက ပြိုလဲကျသွားသည်။

ခေါင်းသုံးခေါင်းနှင့် မကောင်းဆိုးဝါးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ကြည့်ရှုသူများဘက်သို့ ပြေးထွက်သွားလေသည်။

******

182 01

အပိုင်း (182)

“မကောင်းတော့ဘူး”

တင်ဆက်သူသည်လည်း လူအုပ်ထဲသို့ ပျံသန်းဝင်ရောက်သွားသည့် သားရဲသုံးကောင်ကို ကြည့်နေရင်း သူ၏မျက်နှာက ဖြူဖျော့သွားသည်။

“မြန်မြန် မြန်မြန် ကြေးစားစစ်သားတွေက်ို အကြောင်းကြားလိုက်”

သူက ခပ်မြန်မြန်လှမ်းအော်သည်။ ထို့နောက် နောက်သို့လှည့်ပြီး ကွင်းဘက်ရှိရာဘက်သို့ လှည့်ထွက်သွားလေသည်။

ထိုခေါင်းသုံးခေါင်း မကောင်းဆိုးဝါးများက ကိုင်တွယ်ရမည်မျှခက်ခဲကြောင်းကိုမဆိုထားဘိ ပွဲကြည့်စင်ဘက်တွင် လေးစားဖွယ်အဆင့်အတန်းနှင့် လူအမြောက်အမြား ရှိနေလေသည်။ ထို့ကြောင့် ဆိုးရွားသော ထိခိုက်နစ်နာမှုများ ဖြစ်လာခဲ့သော် ကိုလိုစီယမ်ကပင် ကိုင်တွယ်နိုင်မည်မဟုတ်ချေ။

ထိုအကြောင်းအရာကို တွေးမိသောအခါ တင်ဆက်သူက ဝရုန်းသုန်းကားဖြစ်နေသည့် ကိုလိုစီယမ်ဘက်သို့ ပြန်လှည့်ကြည့်ပြီး အလျင်စလ်ို ပြေးထွက်သွားသည်။ တစ်ခုတည်းသော ဖြေရှင်းချက်ကမူ အသက်များကယ်ရန်ဖြစ်သည်။ ထိုလူများ၏ သေရေးရှင်ရေးအတွက်ကမူ....။

သူက သေတော့မှာပဲ။ ဘာလို့ ဒီလူတွေရဲ့ သေရေးရှင်ရေးကို ဂရုစိုက်နေရမှာလဲ။

အထူးသဖြင့် ဒီနေရာတွင် ပြိုင်ဘက်ကင်းသော ထရန်နိုဆောရပ်ကြီး ရှိနေကတည်းက ကြေးစားစစ်သားအဖွဲ့ကပင် ယှဥ်နိုင်လိမ့်မည်မဟုတ်ချေ။

“နဂါးအမေ”

ဆုပိုင်က ပွဲကြည့်စင်ဘက်သို့ လိုက်လံခုန်ဝင်သွားသည့် ထရန်နိုဆောရပ်ကိုကြည့်ပြီး လှမ်းအော်လိုက်သည်။

အနောက်ဘက်မှကြီးမားသော စင်မြင့်ပေါ်သို့ တက်လှမ်းပြီးနောက် သူဟာ ထရန်နိုဆောရပ်၏ လည်တိုင်ပေါ်သို့ ကုန်းတက်သည်။ ထို့နောက် လက်နှစ်ဖက်လုံးဖြင့် ခပ်တင်းတင်း ဖက်လိုက်ပြီး လေသံတိုးတိုးနှင့် ပြောသည်။

“မြန်မြန်လေးဆင်းပြီး ဒီလူတွေကို ကယ်ပါဦး”

ထိုအချိန်တွင်....။

ရွှယ်နင်တို့က သတ္ထုလှောင်အိမ်ကြီးထဲတွင် ရှိနေသေးပြီး ကြောင်တောင်တောင်ဖြစ်နေကြသည်။

ဆုပိုင်က ကြီးမားသည့် သားရဲကြီးကိုဖက်ရင်း သူတို့၏အရှေ့သို့ မပေါ်လာခင်အထိ အခြေအနေကို မသိကြသေးချေ။

လုံးဝမမျှော်လင့်ထားမိဘူး။ ဒီလောက်ကြောက်စရာကောင်းတဲ့ အကောင်ကြီးက ကောင်းကင်ပြာတိရိစ္ဆာန်ရုံက ပြန်ကယ်ထားတဲ့ တိရိစ္ဆာန်တစ်ကောင်ဖြစ်နေတာပဲ။

ဒါပေမဲ့....။

အတိတ်က မြေကမ္ဘာမှာ ဒီလိုသတ္တဝါမျိုး ရှိခဲ့လို့လား။

ထိုအတွေးဟာ လူတိုင်း၏ စိတ်အတွင်း ပေါ်ထွက်နေခြင်းဖြစ်သည်။

“ကြောင်မနေကြနဲ့။ မြန်မြန်ထွက်ကြ”

ဆုပိုင်က လူတိုင်းကိုကြည့်ပြီး ပြုံးလျက်ပြောသည်။

“ငါ့နောက်ကို လိုက်ခဲ့ကြပါ။ ကိုလိုစီယမ်က လူတွေက ငါတို့နောက်ကို လိုက်လာမှာစိုးလို့ ကန္တာရထဲကို ပြေးမှဖြစ်လိမ့်မယ်”

ထိုသို့ပြောပြီးနောက် သူဟာ ထရန်နိုဆောရပ်ကို တစ်ချက်ပုတ်လိုက်သည်။ ထရန်နိုဆောရပ်၏ လည်ပင်းကြီးက တစ်ဖက်သို့ လိမ်သလိုလှည့်လိုက်ပြီးနောက် ထွက်ပေါက်ရှိရာဘက်သို့ လျှောက်သွားလေသည်။

ဘုန်း။

အရှေ့ဘက်ရ်ှိ ပြိုကျနေသော အဆောက်အအုံများကို တွေ့သောအခါ ထရန်နိုဆောရပ်က အပျက်အစီးများပေါ် အသာအယာ တက်နင်းလျက် ခပ်အေးအေးထွက်လေသည်။

“ဟေး”

ဒါက.....။

အနောက်မှလိုက်လာသော အသင်းဖော်များက သူတို့၏အရှေ့တွင် ရမ်းခါနေသည့် ကြီးမားသည့်နဂါးအမြီးကြီးကိုကြည့်ရင်း ခပ်တိုးတိုးပြောကြသည်။

“ကောင်းကင်ပြာတိရိစ္ဆာန်ရုံက အခုဒီလောက်ကြီးတဲ့ တိရိစ္ဆာန်ကြီးကို ကယ်လိုက်နိုင်ပြီဆိုရင် နောက်...”

“သေစမ်း အနာဂတ်မှာ ဒီလိုအကောင်မျိုးကသာ ငါတို့နောက်ကို လိုက်မယ်ဆိုရင် ဘယ်ကောင်မှ ငါတို့ကိုမယှဥ်နိုင်ဘူး”

“ငါတော့ မဖြစ်နိုင်လောက်ဘူးလို့ထင်တယ်။ ငါဒီအကောင်ကြီးကို ကြည့်ရုံနဲ့တင် လမ်းမလျှောက်နိုင်တော့ဘူး။ ငါ့ရဲ့ခြေထောက်တွေတောင် တုန်နေပြီ။ ကြည့်ပါဦး”

“မင်းက အသုံးမကျလိုက်တာ။ ကြည့်ငါဆိုရင် အဆင်ပြေ....”

“သောက်ကျိုးနည်း မင်းဘောင်းဘီက စိုနေပြီ။ ငါ့ကို နည်းနည်းလေး လေးစားပြပေးလို့ရမလား”

ရွှယ်နင်ကမူ အနောက်ဘက်မှ အသင်းဖော်များ၏ ခပ်တိုးတိုးဆွေးနွေးသံကို နားထောင်ရင်း ရယ်နေမိသည်။

ဟုတ်တယ်။

ကောင်းကင်ပြာတိရိစ္ဆာန်ရုံက အမြဲတမ်း အံ့အားသင့်စရာတွေကို သယ်ဆောင်ပေးနိုင်တယ်။ ဒီလိုသတ္တဝါမျိုးကသာ အနာဂတ်တိုက်ပွဲတွေမှာ သူတို့နဲ့ ပူးပေါင်းပေးမယ်ဆိုရင် ဘယ်ရာဇဝတ်သားကမှ သူတို့ကို ယှဥ်နိုင်တော့မှာမဟုတ်ဘူး။

သို့ရာတွင်...ဒါပေမဲ့ ဒီလောက်ကြီးတဲ့အကောင်ကြီးကို ဘယ်လိုများ ထိန်းသိမ်းစောင့်ရှောက်ထားရမှာလဲ။ လန်မင်ကြွက်သေးသေးလေးတွေလောက်နဲ့ မလုံလောက်လောက်ဘူးဆိုရင်လည်း။

“ကောင်းပြီကောင်းပြီ မြန်မြန်လေး လက်နက်တွေ သွားရှာကြတော့။ ကိုလိုစီယမ်က ဝရုန်းသုန်းကားဖြစ်နေပြီ။ အားလုံးက တိုက်ပွဲအတွက် ပြင်ဆင်ထားရမယ်”

182 02

ထိုအခိုက်အတန့်တွင် သူက တစ်စုံတစ်ရာကို တွေးမိသွားပုံပေါ်သည်။ ရွှယ်နင်၏ မျက်နှာက ပြောင်းလဲသွားပြီး အလေးအနက်ထားကာပြောသည်။

“ကိုလိုစီယမ် မဟာမိတ်ကြီးတစ်ခုလုံးက ငါတို့ကို အလွယ်တကူ မလွှတ်ပေးလောက်ဘူး။ အထူးသဖြင့် ထရန်နိုဆောရပ်ရဲ့ အရွယ်အစားက မျက်စိဖမ်းစားလွန်းတယ်”

“ကန္တာရထဲကိုပြေးဖို့ အသင့်ပြင်ထားတော့”

လူတိုင်းက နားထောင်ကြသည်။ ထို့နောက် သူဟာ အပျက်အစီးများထဲမှ လက်နက်များကိုရှာသည်။ သို့သော် ထိုအချိန်တွင်....။

ကိုလိုစီယမ်၏ ဝင်ပေါက်က ပို၍ပင် ဝရုန်းသုန်းကား ဖြစ်နေသည်။ မရေမတွက်နိုင်သော ကြည့်ရှုသူများက အလန့်တကြား ပြေးထွက်နေကြသည်။

“ကယ်ကြပါ”

“ငါ့ပိုက်ဆံ ငါ့ပိုက်ဆံ မြန်မြန်လေး။ သောက်ကျိုးနည်း ကြေးစားစစ်သား မြန်မြန်လေး လာကယ်လေ”

“ဝူး ဝူး ဝူး ကယ်ပါ”

ထိုသို့ဖြင့် သေနတ်ပစ်သံများ။ ငိုကြွေးသံများ။ အော်ဟစ်သံများက အဆုံးအစမဲ့စွာ ထွက်ပေါ်နေသည်။

ခေါင်းသုံးခေါင်းနှင့် မကောင်းဆိုးဝါးများက လူအုပ်နောက်မှ ပြေးထွက်လာကြသည်။ နောက်သို့တစ်ချက်ပြန်ကြည့်သောအခါ ထရန်နိုဆောရပ်ကို မမြင်ရသဖြင့် ထိုမကောင်းဆိုးဝါးများ၏ သွေးနီရောင်မျက်ဝန်းများက စိတ်လှုပ်ရှားသွားပြီး အော်ဟစ်လိုက်ကာ လူအုပ်ထဲသို့ ခုန်ဝင်သွားသည်။ ထိုသို့ဖြင့် ရှားပါးသော ညလယ်စာကို သုံးဆောင်သည်။

“အားလုံးပဲ တန်းစီကြ”

“ပစ်ခတ်ဖို့အသင့်ပြင်”

မျက်နှာတွင် အမာရွတ်ရှိသော လူတစ်ယောက်က လက်နက်အပြည့်နှင့် ဝင်ရောက်လာသည်။ သူသည် အရှေ့ဘက်မှ ဝရုန်းသုန်းကားမြင်ကွင်းကို ကြည့်ရင်း အထူးသဖြင့် လူသားများကို ကိုက်စားနေသည့် ခေါင်းသုံးခေါင်းနှင့် မကောင်ဆိုးဝါးကို ကြည့်ပြီး အသက်ပြင်းပြင်းရှူကာ တည်ငြိမ်စွာပြောသည်။ ထို့နောက် အမိန့်ကိုပေး၏။

“ဒိုင်း ဒိုင်း ဒိုင်း”

“ဒိုင်း ဒိုင်း ဒိုင်း”

“ဒိုင်း ဒိုင်း ဒိုင်း”

မီးတောက်များက ပွင့်ထွက်သွားပြီး မရေမတွက်နိုင်သော စက်သေနတ်များက ဒေါသတကြီးဖြစ်နေသည့် မကောင်းဆိုးဝါးများကိုချိန်ကာ ပစ်ခတ်ကြသည်။ လေထဲတွင် သွေးမြူများကထောင်တက်လာသည်။

ဝင်ပေါက်မှစတင်ပြီး ကိုလိုစီယမ်အထိ နေရာတိုင်းတွင် လူအပြည့်နေရာထားပြီးသား ဖြစ်ပြီး သိပ်သည်းသော သွေးရနံ့က လူအများအား သည်းစေမတတ် မျက်လုံးမဖွင့်နိုင်စေအောင် ဖြစ်သွားစေသည်။ ထူးဆန်းသော အရာကမူ.....။

အရှေ့မှ မကောင်းဆိုးဝါးများသည် သေနတ်များက သူတို့ကို ထိမှန်နေသော်လည်း ဂရုစိုက်ခြင်းမရှိဘဲ ပို၍ရူးသွပ်လာသော ပုံစံမျိုးဖြင့် ပို၍သာ ကိုက်ခဲစားသောက်လေသည်။

“မဟုတ်သေးဘူး ခေါင်းဆောင်ကျိုး။ ငါမထိန်းထားနိုင်တော့ဘူး”

“နောက်ဆုတ်”

မျက်နှာတွင် အမာရွတ်နှင့်လူက အော်သည်။ လူတိုင်းကလည်း စတင်ကာ နောက်ဆုတ်ကြသည်။

“မြန်မြန် ဒီကောင်တွေကို ကန္တာရဘက်ကို မျှားခေါ်သွားလိုက်။ ဒီနေရာမှာ လေးလံတဲ့ လက်နက်တွေကို သုံးလို့ မရသေးဘူး။ ဒီတော့ ကန္တာရထဲမှာပဲ ကိုင်တွယ်ရမယ်”

“လူကြီးမင်းဆိုင်မွန်က ဘာပြောထားလဲ။ ခွင့်ပြုချက်မရှိဘဲ ဒီကောင်တွေရဲ့မျက်လုံးကို မပစ်ရဘူးတဲ့”

“ဖာ့ခ်”

မျက်နှာတွင်း အမာရွတ်နှင့် ကျိုးက ခပ်ကြမ်းကြမ်း ဆဲရေးလိုက်သည်။

“ငါက နောက်ဆုံးပြောရေးဆိုခွင့် ရှိတဲ့ကောင်ပဲ။ ဒီမကောင်းဆိုးဝါးတွေ ဒီနေရာမှာ ဘာလုပ်နေတယ်လို့ မင်းထင်လဲ”

“မြန်မြန်”

ထိုတစ်ဖွဲ့က အစီစဥ်တကျ ပုံစံမျိုးဖြင့် နောက်ဆုတ်ထွက်ခွာသွားသည်။

ဆုပိုင်ကသာ ထိုနေရာတွင် ရှိနေလျှင် မျက်နှာတွင် အမာရွတ်နှင့်လူက ကောင်းကင်ပြာတိရိစ္ဆာန်ရုံမှ လောင်ကျိုးဆိုသောလူနှင့် ရုပ်ရည်တူကြောင်း သိပေလိမ့်မည်။ သူတို့၏ ခန္ဓာကိုယ်အရွယ်အစားနှင့် မျက်နှာကလည်း အတော်ဆင်သည်။

“ဝေါင်း”

ထို့နောက် နောက်မှလူအုပ်က အသည်းအသန်ပြေးထွက်ကြသည်။

ဆုပိုင်တို့အားလုံးက ကိုလိုစီယမ်ထဲမှ ထွက်လာကြသည်။ လမ်းပေါ်မှ ငရဲလိုမြင်ကွင်းကိုကြည့်ပြီး ဆုပိုင်က မျက်မှောင်အသာကြုတ်သည်။

ဘုန်း။

အဝေးမှ ဟိန်းသံက ထွက်ပေါ်လာသည်။ ထို့နောက် လျင်မြန်စွာ ချဥ်းကပ်လာသော တိုက်ခိုက်ရေး ဂျက်လေယာဥ်များကို မြင်လိုက်ရသည်။

“ဆုပိုင် ငါတို့မြို့ထဲမှာ အချိန်ဆွဲနေလို့မရဘူး။ ကန္တာရဘက်ကို မြန်မြန်သွားပြီး ပုန်းရမယ်”

“အဲဒီလိုမှမဟုတ်ရင် တိုက်ခိုက်ရေးဂျက်လေယာဥ်တွေက ရှာတွေ့သွားတာနဲ့ ထွက်သွားဖို့ခက်လိမ့်မယ်”

ရွှယ်နင်က စိတ်လှုပ်ရှားစွာပြောသည်။

“ကောင်းပြီလေ မင်းတို့တွေ ကျည်ကာယာဥ်ပေါ်တက်ပြီး ငါ့နောက်ကို လိုက်ခဲ့ကြ”

“မဟုတ်ဘူး မင်းရဲ့အရှိန်နှုန်းက...”

182 03

သူ၏စကားက မဆုံးလိုက်ချေ။

အကြောင်းမူကား ဘေးဘက်မှ ထရန်နိုဆောရပ်က ရုတ်တရက် လေထဲသို့ ခုန်တက်လိုက်ပြီး ဆယ်မီတာခန့်အကွာတွင် ပြန်ပေါ်လာလေသည်။ သူ၏ကြီးမားသော နဂါးအမြီးကြီးက ဘယ်ညာရမ်းခါနေသေးသည်။ သူသည် လူတိုင်း၏အရှေ့မှ ချက်ချင်းလိုလိုပျောက်သွားသည်။

“ကြောင်မနေနဲ့ မြန်မြန်လိုက်လေ”

ရွှယ်နင်က အော်လိုက်သည်။ သူမက တစ်ချက် ဖနောင့်ပေါက်လိုက်ပြီး ဘေးဘက်ခြမ်းမှ ကျည်ကာယာဥ်ရှိရာဘက်သို့ အပြေးသွားသည်။

ဂျိန်း။

ထို့နောက် စက်သံများကလည်း ပေါ်ထွက်လာသည်။ ကျည်ကာယာဥ်နှစ်စီးက မီးထခိုးငွေ့တန်းများနှင့်အတူ ပြေးထွက်သွားသည်။

“လေကြောင်းအထောက်အပံ့ရောက်လာပြီ”

“ခေါင်းဆောင်ကျိုး သွား....”

“နေဦး”

သူ၏အနောက်မှ လိုက်နေသည့် ခေါင်းသုံးခေါင်းမကောင်းဆိုးဝါးကို တစ်ချက်ပြန်လှည့်ကြည့်ရင်း ခေါင်းဆောင်ကျိုးက တစ်ချက်ညည်းညူလိုက်ကာ အံကိုကြိတ်ရင်း အမိန့်ထပ်ပေးသည်။

“မြောက်ပိုင်းကိုမောင်း”

ဝေါင်း။

ခေါင်းသုံးခေါင်းနှင့်.မကောင်းဆိုးဝါးက သူ၏ သွေးနီရောင်သန်းနေသော မျက်ဝန်းတစ်စုံနှင့် ကြေးစားစစ်သားအဖွဲ့နောက်မှလိုက်သည်။

ရုတ်တရက် သူ၏ အနောက်ဘက်မှ ရင်းနှီးကျွမ်းဝင်သော ဟိန်းသံက်ို ကြားလိုက်ရသည်။ ခေါင်းသုံးခေါင်းနှင့် မကောင်းဆိုးဝါးက အော်ဟစ်လိုက်ရင်း နောက်သို့လှည့်ကာ ဘေးဘက်ခြမ်းသို့လှည့်ကာပြေးလေသည်။

“ခေါင်းဆောင်ကျိုး ဒါ...”

ခေါင်းဆောင်ကျိုးက လိုက်မီလာသော မကောင်းဆိုးဝါးကြီးကိုကြည့်ပြီး တံတွေးမြိုချလိုက်သည်။ သူသည် ခက်ခက်ခဲခဲအော်သည်။

“ကွေ့တော့ ဒီကောင် ဒီကောင်ကြီးကို ငါတို့မယှဥ်နိုင်ဘူး”

ထိုအချိန်တွင်။

ဝုန်း။

ရုတ်တရက်ကြီးမားသော သဲလှိုင်းလုံးများက လိမ့်တက်လာပြီးနောက်တွင် လူတိုင်း၏နားကိုပင် နာကျင်စေသည့် ဟိန်းသံကြီးက ပေါ်ထွက်လာသည်။ ကောင်းကင်မှ လေယာဥ်တစ်စီးက ရုတ်တရက် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

ဒါ.....။

ဘာလို့လဲ။

++++++

183 01

အပိုင်း (183)

ဖူး။

ဆုပိုင်က သူ၏ပါးစပ်ထဲမှ သဲများကို ထွေးထုတ်လိုက်ပြီး ကောင်းကင်မှ တိုက်ခိုက်ရေး ဂျက်လေယာဥ်များကို တစ်ချက်ကြည့်ကာ ထရန်နိုဆောရပ်၏ လည်တိုင်ကိုတစ်ချက်ပုတ်ပြီး ခပ်တိုးတိုးအော်သည်။

“တစ်ဖြောင့်တည်းမပြေးနဲ့။ မြန်မြန်လေးသွား”

“ငါတို့လာတဲ့ဘက်က သဲတွေရှိရာဘက်ကို ပြေးလေ”

ဝေါင်း။

ထရန်နိုဆောရပ်က အော်သည်။ သူသည် သူ၏ တိုတုတ်သော ရှေ့လက်နှစ်ဖက်ကို ခပ်တင်းတင်းစုကပ်ထားလိုက်ပြီး မီးခိုးလုံးကြီးကို မှုတ်ထုတ်လျက် အမြင့်ဆုံးသော အရှိန်နှုန်းကိုသုံးပြီး အဝေးသို့ ခပ်ကြမ်းကြမ်းပြေးသွားသည်။

“လိုက်သွားရအောင်။ ဂရုစိုက်ပြီးရှောင်ဦး”

ရွှယ်နင်က သူမ၏ တင်းမာသောအသံနှင့် အပေါ်တွင် ဝိုင်းပတ်ကာ ပျံသန်းနေသည့် လေယာဥ်များကို တစ်ချက်ကြည့်လိုက်ပြီး ဆုပိုင်၏ ပုံရိပ်နောက်မှလိုက်သည်။

“ခေါင်းဆောင် ဒါက ကြေးစားစစ်သားတွေ”

“သူတို့ကို စိုးရိမ်မနေနဲ့။ အဲဒီကိုသွား”

ရွှယ်နင်က သူမ၏ စက်သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး အံကိုကြိတ်ကာပြောသည်။

“သူတို့က တားရင်ပစ်။ အားလုံးကို လှဲချလိုက်”

ထိုလူတစ်အုပ်က ဆုပိုင်၏ ပုံရိပ်နားသို့သာ ဆက်တိုက်လိုက်နေသည်။ ကြေးစားစစ်သားများကသာ ဝင်ရောက်လာရဲလျှင် ဆုပိုင်၏ လုံခြုံရေးအတွက် သူတို့က တာဝန်ယူပေးရပေလိမ့်မည်။

“ခေါင်းဆောင်ကျိုး ဒီမကောင်းဆိုးဝါးက မီလာပြီ”

“မြန်မြန်လေး အဆင်သင့်ပြင်တော့”

“ မြန်မြန်”

“မစိုးရိမ်နဲ့”

ခေါင်းဆောင်ကျိုး၏ အမူအယာက ပြောင်းလဲသွားသည်။ အထူးသဖြင့် နောက်မှ လိုက်မီလာသော ကြောက်မက်ဖွယ်ကောင်းသည့် မကောင်းဆိုးဝါးကြီးကို မြင်လိုက်ချိန်တွင်ဖြစ်သည်။

“လမ်းကဖယ်။ ဒီကောင်နဲ့ လွန်ဆွဲမနေနဲ့။ လေထဲက တိုက်ခိုက်ရေးအင်အားစုတွေရှိနေတာကို မမေ့နဲ့ဦး။ ဒီလူတွေက ငါတို့သေတာရှင်တာကို ဂရုစိုက်မှာမဟုတ်ဘူး။ မြန်မြန် မြန်မြန် လမ်းကဖယ်”

သူတို့သည် ဒီနေရာတွင် ဆီမဟာမိတ်ကို စောင့်ကြပ်ကာကွယ်ရန် ဖြစ်နေသော်လည်း.....။

ဒီလူတွေက ဘာနဲ့တူလဲဆိုတာကို ဘယ်သူကသိမှာလဲ။ ခေါင်းဆောင်ကျိုးကမူ သူတို့၏အသက်ကို ဂရုမစိုက်ကြောင်း ကောင်းကောင်းနားလည်သည်။ သိသာသည်မှာ လေထဲရှိ ထိုတိုက်ခိုက်ရေးဂျက်လေယာဥ်များ၏ ပစ်မှတ်က နောက်ဘက်မှ အကောင်ဖြစ်သည်။

“ဟူး”

ဆုပိုင်က မျက်မှောင်ကြုတ်ပြီး အောက်ဘက်မှ လူစုကွဲနေသည့် ကြေးစားစစ်သားအဖွဲ့ကိုကြည့်သည်။ သူ၏မျက်လုံးက ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ထံတွင်ဖြစ်သည်။ မျက်နှာတွင် အမာရွတ်ရှိနေသောကြောင့်သာ မဟုတ်လျှင် ဒါကို လောင်ကျိုးဟု ထင်မိလောက်သည်။ တအားတူလွန်းတယ်။

ဘုန်း။

သူ၏ပတ်ပတ်လည်တွင် အဝါရောင်သဲများက ပေါက်ကွဲသွားသည်။ နောက်ထပ်ဗုံးက်ို ပစ်ချလိုက်သည်ထင်သည်။

ဝေါင်း။

ထရန်နိုဆောရပ်က ဟိန်းသည်။ သူဟာ အလွန်အမင်းဒေါသထွက်သွား၏။

ဘယ်လိုအချိန်ကများ သူ့ကို ဒီလိုလိုက်ဖမ်းတာမျိုး ခံရဖူးလို့လဲ။ ပြန်လည်တိုက်ခိုက်နိုင်တဲ့ စွမ်းရည်တောင်မရှိဘူး။

“မြန်မြန်လေး အရင်ပုန်းစမ်းပါ။ ဒေါသမထွက်ပါနဲ့ဦး”

ဆုပိုင်က သူ၏ကျောပေါ်တွင်လှဲရင်း နှစ်သိမ့်ပေးနေရသည်။ ဤအချိန်တွင် အရင်ပုန်းအောင်းခြင်းက အရေးကြီးလေသည်။

လေယာဥ်တွင်ရှိသော ကျည်များ၏ အရေအတွက်က အကန့်အသတ်နှင့်ဖြစ်သည်။ ထိုလေယာဥ်များအားလုံးကလည်း သိသာစွာပင် ခပ်နိမ့်နိမ့် မပျံနိုင်ရဲချေ။ မည်သို့ပင်ဆိုစေ ရွှယ်နင်တို့ကလည်း နောက်မှလိုက်လာသေးသည်။

ခပ်နိမ့်နိမ့် ပျံသန်းလာသည်နှင့် ပစ်ခတ်ရန် အခွင့်ကောင်းရနိုင်သည်။

ဘုန်း။

ဖူး။

“သွားရအောင်”

သူက အော်သည်။ ဆုပိုင်က ထရန်နိုဆောရပ်၏ လည်တိုင်ကို လက်နှစ်ဖက်လုံးဖြင့် ဖက်လိုက်ပြန်သည်။ ကန္တာရရှိရာ အောက်ဘက်မှ လိမ့်တက်လာနေသည့် လောင်ကျွမ်းသောခံစားချက်အရ ဆုပိုင်က သူ၏ ပြာနှမ််းနေသော နှုတ်ခမ်းကို တစ်ချက်သပ်လိုက်သည်။

အခု ခြေတစ်လှမ်းချင်းစီပဲ လှမ်းလို့ရလို့တော့မယ်။ အဲဒီနောက်....။

ဒီကောင် ကတိတည်ဖို့ မျှော်လင့်ရမှာပဲ။

“ဖုန်း”

ထရန်နိုဆောရပ်က ခပ်ကြမ်းကြမ်းဆင်းသက်လိုက်သည်။

ဆုပိုင်က အဝေးမှပုံရိပ်ကိုကြည့်လိုက်ပြီး ရွှယ်နင်တို့ကိုလှမ်းအော်သည်။

“မြန်မြန်လေးလာ။ အဲဒီမှာ လက်နက်တွေရှိတယ်”

“ပြေး”

ရွှယ်နင်က မျက်လုံးကို မှေးကျဥ်းကာ တစ်ချက်ကြည့်လိုက်သည်။ သူသည် အဝေးမှ ကုန်တင်ကားကြီးကို မြင်လိုက်ရသဖြင့် ခန္ဓာကိုယ်က တုန်ယင်သွားသည်။

မမျှော်လင့်ထားစွာပင် ဒါရိုက်တာဆုပိုင်တွင် ကြိုတင်အကြံအစည်ရှိနေသည်။ သူဟာ ဒီနေရာဘက်သို့ ပြေးလာခဲ့သည်မှာ အံ့အားသင့်စရာမကောင်းချေ။

“အဲဒီကိုသွား”

“စစ်သေနတ်ကို အကာကွယ်ယူထား”

သူဟာ ခပ်တိုးတိုးအော်လိုက်ပြီးနောက် ကားပြတင်းပေါက်ထဲမှ ခုန်ထွက်လာပြီး လေထဲသို့ချိန်ရွယ်ကာမောင်းတင်လိုက်သည်။ လူတိုင်းက နောက်မှကပ်လိုက်လာသည်။ တစ်ခဏခန့်ကြာပြီးနောက် ကျည်ဆန်ပေါင်းများစွာက ပျံသန်းထွက်သွားသည်။

“ဘုရားရေ”

အားလီက အဝေးမှလာနေသော ကြေးစားစစ်သားအဖွဲ့ကိုကြည့်ပြီး ကောင်းကင်မှ တိုက်ခိုက်ရေးဂျက်လေယာဥ်များကိုပြန်ကြည့်ကာ မျက်လုံးပြူးကျယ်သွားသည်။

ဖုန်း။

ထရန်နိုဆောရပ်က ဆုပိုင်ကိုသယ်ရင်း အပြေးလာနေကြောင်း မြင်သောအခါ အားလီက အမြန်လှမ်းခေါ်သည်။

“ဆု”

“မင်းဒီအတွက် ပိုက်ဆံရပိုပေးမယ်နော်”

“ကြေးစားစစ်သားတွေ အများကြီးပဲ။ ငါ့ကိုလာနောက်နေတာလား”

ဖုန်း။

ဆုပိုင်က အပြေးသွားပြီး ထရန်နိုဆောရပ်၏ ကိုယ်ပေါ်မှ ခုန်ချကာ အဆုပ်ကွဲမတတ်အော်သည်။

“ပေါက်ကရတွေပြောမနေနဲ့”

“မင်းဝယ်လာတဲ့ ပစ္စည်းတွေက ဘယ်မှာလဲ။ မြန်မြန်လေးငါ့အတွက် လေယာဥ်ကို ပစ်ချပေးစမ်းပါ”

“ငါတို့ ပိုပေးဖို့ သဘောတူမှရမယ်။ အား”

အားလီက နောက်လှည့်လိုက်ပြီး အတွင်းမှ ဒုန်းကျည်အသေးစားတစ်ခုကို ကောက်ယူလိုက်ကာ မြေပြင်တွင် ထောင်ထားသည့် ပုံစံမျိုးဖြင့် ချိန်ရွယ်လိုက်သည်။ ထို့နောက် လေထဲရှိ တိုက်ခိုက်ရေးဂျက်လေယာဥ်ကိုချိန်သည်။

“ခန်...”

“ဒါက ဒါက မြုံနေတာလား”

ငှက်တောကလည်း သူ၏ခေါင်းအထက်တွင်ရပ်ရင်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေသည်။

ငါတစ်ရက်မှာတော့ tvမှာပြတဲ့ အရာမျိုးနဲ့တူတာမျိုးကို တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ စိတ်လှုပ်ရှားစရာတိုက်ပွဲ ဖြစ်လာမှာပဲ။

“ဖြန်း”

အားလီက သူ့ကိုတစ်ချက်ဖြတ်ရိုက်လိုက်ရင်း အော်သည်။

“ပေါက်ကရတွေ”

ကလစ်။

ဘုန်း။

ထိုသို့ဖြင့် ထိုဒုန်းကျည်အသေးစားလေးက လေထဲသို့ ခပ်ကြမ်းကြမ်း မြောက်တက်သွားသည်။ အနောက်ဘက်မှ ပစ်ခတ်သံများကိုလည်း ကြားရသည်။ ကြီးမားသော မီးခိုးလုံးကြီး မြောက်တက်လာပြီးနောက် တစ်စုံတစ်ယောက်ဟာ လွင့်ထွက်သွားပုံပေါ်သည်။

“အား အား အား အား အား လောင် မီးလောင်ပြီး သေတော့မယ်။ ငါလောင်ကျွမ်းပြီး သေတော့မယ်”

“မီးတွေမီးတွေ အမွေးပေါ်မှာမီးတွေ။ မြန်မြန်လေးဖယ်ပြီး ငြှိမ်းပေးကြပါဦး”

“မြန်မြန်လေး”

ထိုအချိန်တွင် ငှက်တောက အသားကုန်အော်ဟစ်ရင်း မြေပြင်တွင် လူးလိမ့်နေသည်။ သူ့ထံမှ အော်ဟစ်သံများက ထွက်ပေါ်နေ၏။ သူ၏ကိုယ်မှ အမွေးတိုင်းနီးပါးက လောင်ကျွမ်းသွားသည်။ သူသည် အသားရနံ့ကိုပင် ရလိုက်သေးသည်။

သေစမ်း။

ငါအမေနင်းခံရမလို့ သေတော့မလို့။

ဖုန်း။

မီးတောက်လုံးတစ်လုံးက ကောင်းကင်သို့ မြောက်တက်သွားသည်။ တိုက်ခိုက်ရေး ဂျက်လေယာဥ်တစ်စီးက မီးပန်များအလား တစ်စစီဖြစ်သွားသည်။

မီးခိုးလုံးများက လိမ့်တက်လာသည်။ မရေမတွက်နိုင်သော သတ္ထုအပိုင်းအစပေါင်းများစွာက ကျဆင်းလာသည်။

“ဒါရိုက်တာဆုပိုင်”

“အဖွဲ့က လာနေပြီ”

“သူနဲ့တိုက်ခိုက်”

လူတိုင်းကလည်း သူမ၏ သြရှသော အသံကိုကြားသဖြင့် ခပ်မြန်မြန် လှုပ်ရှားမှု ယူလိုက်ကြသည်။ မြေပြင်ပေါ်တွင် တပ်ဆင်သွားပြီးသွားပြီဖြစ်သည့် လေးလံသော စက်သေနတ်ကြီးများက နေရာတကျ ချိန်ရွယ်လျက် ကျည်ကာယာဥ်များကို ချိန်ရွယ်ထားလိုက်သည်။

“ဆု”

“ပိုက်ဆံပိုပေး”

“မင်းက ဆီမဟာမိတ်တစ်ခုလုံးကို ရင်ဆိုင်နေတာပဲ။ ငါအနာဂတ်မှာ မင်းနောက်ကို လိုက်ပါ့မယ်။ ပိုက်ဆံတော့ ပိုပေးပါ”

အားလီက မျက်ရည်အပြည့်နှင့် ဆုပိုင်၏ ဘေးနားတွင် လာလှဲသည်။

ဆုပိုင်က သူ့ကိုတစ်ချက်ကြည့်ပြီး ရယ်လိုက်သည်။

“ကောင်းပြီလေ မင်းလုံလုံခြုံခြုံပြန်နိုင်ရင် ကောင်းကင်ပြာတိရိစ္ဆာန်ရုံရဲ့ လန်မင်ကြွက်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ခေါင်းဆောင်ဖြစ်နိုင်တယ်”

“ခေါင်းဆောင်ဟုတ်လား။ ဘာအဖွဲ့ခေါင်းဆောင်လဲ။ လူတွေကို စီမံခန့်ခွဲရတာလား”

“အနည်းဆုံးတစ်သောင်းလောက်ရှိတယ်”

“ဆု မင်းက တအားကိုဖြောင့်မတ်တာပဲ”

အားလီက စိတ်လှုပ်ရှားစွာ အော်ပြီး မြေပြင်မှ စက်သေနတ်တစ်လက်ကို ကောင်ကိုင်လျက် အဝေးရှိ ကြေးစားစစ်သားများကို လှမ်းအော်သည်။

“အဖွဲ့ခေါင်းဆောင် အားလီက ဒီမှာပဲ။ မင်းတို့မသေချင်ရင် ပြန်လှည့်ကြ”

“ဟွန့်”

သံချပ်ကာယာဥ်ပေါ်တွင် ထိုင်နေသည့် ဆိုင်မွန်က အဝေးမှ ခုခံနေသည့် လူတစ်ဖွဲ့ကိုကြည့်ပြီး အေးစက်စွာလှောင်သည်။

“သူတို့ကိုပြောလိုက်။ အဲဒီ တီရက်လို့ခေါ်တဲ့ အကောင်ကိုသာ အပ်မယ်ဆိုရင် ထွက်သွားလို့ရမယ်လို့ ပြောလိုက်”

“ဟုတ်ကဲ့”

သက်တော်စောင့်က ကား၏ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သည်အထိ လှမ်းအော်သည်။

“အဲဒီမကောင်းဆိုးဝါးကို အပ်ခဲ့မယ်ဆိုရင် မင်းတို့တွေ....”

ဖုန်း။

သူ၏စကားက မဆုံးလိုက်ချေ။ ခန္ဓာကိုယ်တစ်ခုလုံးက လွင့်ထွက်သွားပြီး သွေးမြူအဖြစ်ပြောင်းလဲကာ ပေါက်ကွဲသွားသည်။

ဒိုင်း ဒိုင်း ဒိုင်း။

လီရှင်းက အရံစက်သေနတ်တစ်လက်ကို သယ်လျက် ကောင်းကင်သို့ ချိန်ရွယ်ကာ အချက်ပေါင်းများစွာ ပစ်ခတ်လိုက်ပြီး ဒေါသတကြီးအော်သည်။

“ငါမင်းတို့ကို ဘီပဲပေးမယ်။ သောက်ကျိုးနည်း”

“ငါ့ရဲ့စစ်သားတွေဘယ်မှာလဲ”

“တစ်ခုခုထုတ်ပြစမ်း”

“တရုတ်စစ်သားတွေက ဘာလဲဆိုတာကို သိအောင်ပြပေးလိုက်”

“ဝူး”

ထိုသို့ဖြင့် အရပ်မျက်နှာအနှံ့မှ သေသပ်သော ယူနီဖောင်းများနှင့် စစ်သားဆယ်ယောက်ကျော်က ထွက်လာပြီး သူတို့၏ အရံစက်သေနတ်များကို မြှောက်ကာ အရှေ့မှ ကြေးစားစစ်သားရာကျော်ကို ချိန်ပြီးပစ်ကြသည်။ တစ်ယောက်ချင်းစီတိုင်းက တင်းမာသော မျက်နှာမျိုးနှင့် ဖြစ်လေသည်။ သူသည် တိုက်ရိုက်ပစ်ခတ်ရင်း ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။

ဘန်း။

ကွက်။

ထိုအခိုက် လေထဲတွင် အော်သံတစ်သံက ထွက်လာသည်။ ကြီးမားသော အရာကြီးနှစ်ခုက အဝေးရှိ တိုက်ခိုက်ရေး ဂျက်လေယာဥ်ထံ ဦးတည်ပြေးသွားလေသည်။

++++++

All Chapters