← Chapters

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

184 01

အပိုင်း (184)

“သေစမ်း”

“ဘာ”

ပိုင်းလော့နှစ်ယောက်က အင်တာကွန်ထဲသို့ ခပ်မြန်မြန်ဆဲပြီး ယာဥ်ကို ခပ်မြန်မြန် ထိန်းချုပ်လျက် အပေါ်သို့ တက်စေသည်။

ယခုအခါ သူတို့က အရှိန်နှုန်းမြှင့်ပြီး ပျံသန်းနေရခြင်း ဖြစ်သည်။

ထို့ကြောင့် အရှေ့မှ ကြီးမားသော အကောင်ကြီးများနှင့် ဝင်တိုက်လိုက်မိရုံနှင့် ပျက်ကျ နိုင်သည်။ သို့ရာတွင် သူတို့ဟာ ရှောင်ရှားရန် ကြံစည်သော်လည်း ကြီးမားသည့် ရွှေရောင်သိမ်းငှက်ကြီးနှင့် တင်းတကြီးကမူ လွှတ်ပေးမည့် အရိပ်အယောင်မရှိချေ။

ဘုန်း။

ရွှေရောင်သိမ်းငှက်ကြီးက အော်သည်။ သူ၏တောင်ပံကို ဖြန့်ကားပြီး ရုတ်တရက် ခုန်တက်သည်။

ဖုန်း။

ထက်ရှသော လက်သည်းက ဖောက်ထွင်းမြင်ရမတတ် ကြည်လင်သည့် ခေါင်းခန်းမှ ဖန်သားပြင်ကို ထိုးခွဲလိုက်သောအခါ ပင့်ကူအိမ်ကဲ့သို့ ကွဲအက်ရာများက ပျံ့နှံ့သွားသည်။

“မဟုတ်ဘူး”

တဖြည်းဖြည်းချင်း ကွဲအက်လာသည့် မြင်ကွင်းကို ကြည့်နေရင်း ပိုင်းလော့၏မျက်ဝန်းက ပြူးကျယ်ကာ မယုံနိုင်စွာ အော်သည်။

အကာအကွယ် ပြတင်းပေါက် မရှိတော့သောအခါ သူတို့သည်လည်း အရှိန်နှုန်းမြှင့်ကာ မောင်းနှင်သည့် အခြေအနေမျိုးဖြင့် သူတို့၏ကိုယ်ခန္ဓာကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ချေ။ လုံခြုံရေးခါးပတ်က လေဒဏ်ကို တားမပေးနိုင်ချေ။

ဖုန်း။

ထို့နောက် တစ်ခဏတွင် ဖန်သားက ကွဲသွားသည်။ ထို့နောက် ကြီးမားသော ရွှေရောင်လက်သည်းကြီးက အထဲသို့ ဝင်ရောက်လာကြောင်း မြင်လိုက်ရသည်။ ထို့နောက် လေထဲမှ တိုက်ခိုက်ရေး ဂျက်လေယာဥ်က ဦးတည်ရာမဲ့စွာ ပျံသန်းသလိုမျိုး ဝရုန်းသုန်းကား ပျံသန်းနေလေသည်။ လိမ့်တက်နေသည့် အနက်ရောင်မီးခိုးလုံးများ ရစ်ပတ်လျက် အဝေးသို့ ထိုးကျသွားသည်။

ထိုသို့ဖြင့် ယာဥ်နှစ်စီးက ပျက်ကျသွားပြီ ဖြစ်သည်။

တခြားသော ပိုင်းလော့ဟာ ထိတ်လန့်သော မျက်နှာမျိုးနှင့် သူ၏ အရှိန်နှုန်းအားကိုမြှင့်ပြီး အဝေးသို့ ခပ်မြန်မြန် ပျံသန်းသည်။

မြေအောက်မှ ကြေးစားစစ်သားအဖွဲ့အတွက်မူ အသေခံခိုင်း လိုက်ရုံသာ ရှိသည်။ သူကိုယ်တိုင်ပင် သေရေးရှင်ရေးကို မခွဲခြားနိုင်လေရာ တခြားသောသူများကို တွေးပေးနေရန် အချိန်မရှိချေ။

သို့သော်.....။

တိကျသေချာသော နေရာတစ်ခုအထိ ပျံသန်းပြီးနောက် သူ၏ယာဥ်က စတင်ပြီး တုန်ခါလာသလို ခံစားလိုက်ရသည်။

ဒုန်း ဒုန်း ဒုန်း။

အနောက်ဘက်မှ တံခါးခေါက်သံလိုမျိုး အသံမျိုးက ထွက်လာသည်။ သူက သူ၏အရှေ့မှ ဒက်ဘုတ်များက တစ်ခုပြီးတစ်ခု မည်းသထက်မည်းသွားသော မြင်ကွင်းကို ကူကယ်ရာမဲ့စွာသာ ကြည့်နေရသည်။

ဝုန်း။

ထို့နောက် ထိုဖိုက်တာစက်ကလည်း ပိတ်သွားသည်။

“ဒါ...”

တိုက်ခိုက်ရေးဂျက်က စတင်ကာ ယိုင်နဲ့လာသည့်အချိန်တွင် ပိုင်းလော့သည် သူ့အရှေ့ဖန်သားပြင်မှတစ်ဆင့် ခေါင်းတွေအမွေးမရှိသည့် ကြီးမားသော ငှက်ကြီးကို တွေ့လိုက်သည်။ ထိုအကောင်ကြီးက သူ့အား အေးစက်သော မျက်လုံးများဖြင့်ကြည့်ပြီး တောင်ပံကို ဖြန့်လျက် ပျံသန်းသွားသည်။

ဘုန်း။

ထို့နောက် မီးတောက်က ကောင်းကင်ထိတိုင် ထိုးတက်သွားသည်။

စီမွန်သည် အဝေးတွင်ပျက်ကျသွားသည့် ဟယ်လီကော်ပတာ နှစ်စီးကို ကြည့်ပြီး အသက်ကို ပြင်းပြင်းရှူသည်။ ထို့နောက် သူဟာအရှေ့မှ တရုတ်ဗိုလ်ချုပ်ကို ပြန်ကြည့်ပြီး လေးနက်သော လေသံနှင့် အော်သည်။

“တရုတ်တွေက စစ်ဖြစ်ချင်တာလား”

“ဟားဟားဟား”

လီရှင်းက သူ၏အရံစက်သေနတ်အား အဖွဲ့ဝင်တစ်ယောက်ကို လှမ်းပေးလိုက်ရင်း ရယ်သည်။ သူဟာ တစ်လှမ်းချင်းစီ လှမ်းလာပြီး ကန္တာရထဲသို့ ဆင်းသက်လာသည်။ သူသည် စီမွန်၏ ဘေးနားသို့ တိုက်ရိုက်လာပြီး တစ်ဖက်သူကို အပေါ်အောက် စုံချည်ဆန်ချည် ကြည့်လျက် အထင်သေးသလို နှာခေါင်းရှုံ့သည်။

ဖုန်း။

တစ်ဖက်သူ၏ နက်ခ်တိုင်ကို လှမ်းဆွဲလျက် ဒီဘက်သို့ ဆွဲခေါ်လိုက်သည်။ သူဟာ ပြူးကျယ်သော မျက်လုံးများနှင့်အတူ စကားကိုတစ်လုံးချင်းစီ ပြောသည်။

“စစ်ဖြစ်ချင်သလားလို့ မေးတာလား”

“မင်းတို့က တန်လို့လား”

“သေချာ ရှင်းရှင်းလင်းလင်း ကြည့်။ ငါ ဒီနေ့ ဘာလုပ်မလဲဆိုတာ သေချာကြည့်သွား။ ငါအယောက်၃၀တောင် မခေါ်လာဘူး။ မင်းတို့မှာ လူရာကျော်ရှိတယ်”

184 02

“ယုံချင်ယုံ မယုံချင်နေ။ ငါ့ရဲ့လူတွေက မင်းရဲ့လူရာကျော်ကို အရှေ့ကနေ အနောက်အထိ မြောက်ကနေ တောင်အထိ တောက်လျှောက် ဖိသတ်လိုက်လို့ရတယ်။ နားလည်လား”

ဖြန်း။

သူက ထိုသို့ပြောပြီး ခပ်ကြမ်းကြမ်း ပါးရိုက်လိုက်သေးသည်။ ထို့နောက် စီမွန်ကို မြေပြင်သို့ ထိုးစိုက်ထားလိုက်သေး၏။

“မလှုပ်နဲ့”

ဒိုင်း ဒိုင်း ဒိုင်း။

“လှုပ်တဲ့ အကောင်တိုင်း သတ်လိုက်”

တစ်ဖက်အခြမ်းမှ ကြေးစားစစ်သားအဖွဲ့က သေနတ်များကို ခပ်ကြမ်းကြမ်း ချိန်ရွယ်ပြီး လီရှင်းကို ပစ်လာကြသည်။ တရုတ်စစ်သားများအားလုံးကလည်း ကျည်ဆန်များ အပြည့်ထည့်လျက် ကြေးစားစစ်သားအဖွဲ့ကို ခံစားချက်မဲ့စွာဖြင့် ကြည့်နေကြသည်။

“မင်းတို့ ပစ်ရဲလို့လား”

“ဟွန့်”

လီရှင်းက ချိန်ရွယ်ထားသော်လည်း ပစ်ခတ်လာခြင်းမရှိသည့် ကြေးစားစစ်သားများကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် မြေပြင်တွင် လဲကျနေသည့် စီမွန်ကို ပြန်ကြည့်ပြီး အေးစက်စွာ နှာခေါင်းရှုံ့သည်။

“မလိုတော့ဘူး။ မင်းတို့ကို နျူကလီးယား လက်နက်နှစ်လုံးနဲ့ ချိန်ရွယ်ထားပြီးသား”

“ငါတို့က ခပ်ကြမ်းကြမ်း တိုက်ခိုက်ရဲတယ်။ မင်းတို့က အဆင်ပြေမှာလား”

“အား”

ရုတ်တရက် ဟိန်းသံတစ်ချက်နှင့်အတူ လီရှင်းဟာ အသားကုန်မြှင့်ပြီး အော်လိုက်သည်။

“လာစမ်း သူတို့ကို ပြောလိုက်။ ဒီနေ့ ဘယ်သူကများ အသက်ရှင်လျက်ပြန်ဖို့ စဥ်းစားထားကြလို့လဲ”

“မဟုတ်ဘူး”

ဂလု။

စီမွန်ဟာ အသက်ကို ပြင်းပြင်းထန်ထန် ရှူသည်။

သူသည် မြေပြင်မှ ကုန်းထရန် ရုန်းကန်ရင်း ပတ်ဝန်းကျင်ကို အေးစက်စွာကြည့်သည်။

တစ်ချက် ကြည့်လိုက်ရုံနဲ့ တန်းသိမှာပဲ။

တရုတ်စစ်သားတစ်ယောက်ချင်းစီတိုင်း၏ မျက်နှာက ဆုံးဖြတ်ချက် ပြတ်သားနေသည်။ သူတို့အားလုံးဟာ သေရမည်ကိုလည်း မကြောက်ချေ။ အသေခံရန် ဆုံးဖြတ်ထားကြပုံ ပေါ်သည်။ ထိုလူတစ်အုပ်သည် ပိုက်ဆံနှင့် ခေါ်ဆောင်ထားသည့် ကြေးစားစစ်သားအဖွဲ့က မပိုင်ဆိုင်ထားသည့် ယုံကြည်မှုနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုကို ပိုင်ဆိုင် ထားသည်။

သူသည် အဝေးမှ လူငယ်ကို ဝေဝါးသော မျက်လုံးမျိုးဖြင့် လှမ်းကြည့်ကာ အံကို ကြိတ်ပြီး ပြောသည်။

“ရတယ်”

“မင်းတို့ကို လွှတ်ပေးမယ်”

“မင်းတို့ တရုတ်တွေမှာ ဆိုရိုးစကားတစ်ခု ရှိတယ်မဟုတ်လား။ အနာဂတ်က ရှည်လျားတယ်တဲ့”

ဖုန်း။

သို့သော် သူ၏စကား မဆုံးလိုက်ခင် စီမွန်၏ခြေထောက်က သွေးမြူများအဖြစ် ပေါက်ကွဲသွားပြီး တစ်ကိုယ်လုံးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

လီရှင်းက မျက်မှောင်ကြုတ်ပြီး အဝေးသို့ တစ်ချက်လှမ်းကြည့်သည်။ ပစ်လိုက်သူက သူတို့၏ အဖွဲ့ထဲမှ မဟုတ်ချေ။ ထို့နောက်....။

ဟွန့်။

ထိုအချိန်တွင် အဝေးမှ သေနတ်ပစ်သံ ထွက်လာပြန်သည်။ ကြီးမားသော စနိုက်ပါကို သယ်ဆောင်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက်က တစ်လှမ်းချင်းစီ လျှောက်လာ၏။

“လောင်ကျိုးလား”

ဆုပိုင်က မျက်လုံးပြူးသွားပြီး လျှောက်လာသော လူကိုကြည့်သည်။ သူသည် ရေရွတ် လိုက်မိသည်။

အခြေအနေက ဘာလဲ။

သေစမ်း ဒီကောင်က အကယ် ခံထားရတဲ့အကောင် မဟုတ်လား။

သေစမ်း သူက နဂါးဘုရင်ဘုရားကျောင်းထဲကနေ ရေကြီးပြီး ပါလာတဲ့ကောင် မဟုတ်ဘူးလား။

လောင်ကျိုး၏ ရုပ်ရည်ကို ရှင်းရှင်းလင်းလင်း မြင်သွားပြီးနောက် သူ့အား ခပ်တိုးတိုးနှင့် ကျိန်ဆဲသည်။

“ဒါရိုက်တာ အဆင်ပြေရဲ့လား”

လောင်ကျိုးက ဆုပိုင်၏အနားသို့ လာသည်။ သူဟာ ဒဏ်ရာပင် မရထားကြောင်း မြင်သဖြင့် စိတ်အေးသွားပုံ ရသည်။ ထို့နောက် ခေါင်းကို လှည့်ပြီး အဝေးမှ ပုံရိပ်ကြီးကိုကြည့်ကာ ကျယ်လောင်စွာအော်သည်။

“မင်းတို့က ဘာရပ်လုပ်နေတာလဲ။ အခုချက်ချင်း လာပြီး အမှားကို ဝန်မခံကြသေးဘူးလား”

လောင်ကျိုးက ပါးကို တစ်ချက်ပွတ်လျက် လက်ထဲမှ သေနတ်ကို လွှင့်ပစ်လိုက်ပြီး တစ်လှမ်းချင်းစီ လျှောက်သွားသည်။

“အစ်ကို”

ဖုန်း။

184 03

တစ်ဖက်သူကို မြေပြင်သို့ ကန်ချပြီးနောက် လောင်ကျိုးက ရှက်ရွံ့မှုအပြည့်နှင့် ပြောသည်။

“ဒါက ငါ့ရဲ့ဝမ်းကွဲ ကျိုးကျန်းပါ။ စစ်သားအဖြစ် တာဝန်ထမ်းဆောင်ပြီးတဲ့နောက်မှာ ကြေးစားစစ်သားအဖြစ် ဆက်လုပ်နေခဲ့တာ။ မမျှော်လင့်ထားဘဲ သူက ပိုပိုပြီး နောက်ရောက် သွားခဲ့တယ်”

“ဟားဟား သူတို့ရုပ်တူပါတယ်လို့ ငါပြောသားပဲ”

ဆုပိုင်က ရယ်ပြီး ခေါင်းညိတ်သည်။ ထို့နောက် မြေပြင်တွင် အံတကြိတ်ကြိတ်ဖြင့် ရှိနေသည့် စီမွန်ကို ကြည့်သည်။ စီမွန်ဟာ အသားကုန် အော်ဟစ်ရင်း တစ်လှမ်းချင်းစီ လျှောက်ရန် ကြိုးစားနေရသည်။ သူဟာ အနားသို့ လျှောက်သွားရင်း ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

“မင်းတို့ ဖန်တီးထားနိုင်တဲ့ မကောင်းဆိုးဝါးကို ငါတော်တော်လေး စိတ်ဝင်စားတယ်”

“ဒါပေမဲ့”

“နဂါးအမေ “

သူဟာ အဝေးသို့ လှမ်းအော်လိုက်လေသည်။

ဝေါင်း။

ထရန်နိုဆောရပ်၏ ကြီးမားသော ကိုယ်ထည်ကြီးက လျင်မြန်စွာ ခုန်ဝင်လာပြီး ရက်စက်သော အရှိန်အဝါအပြည့်ဖြင့် မျက်လုံးကြီးကို ပြူးပြကာ အောက်ဘက်တွင်ရှိသည့် ကြေးစားစစ်သားများကို တစ်ချက် ကြည့်သည်။

“တိရိစ္ဆာန်တွေဆိုတာက မင်းတို့စိတ်ထင်တိုင်း ပိုက်ဆံရှာလို့ရတဲ့ အသုံးချခံပစ္စည်း မဟုတ်ဘူး။ မင်းတို့က ဖန်တီးထားတာက တကယ့်တိရိစ္ဆာန်တွေ မဟုတ်ဘဲ အစစ်အမှန် မကောင်းဆိုးဝါးတွေ ဖြစ်နေတာပဲ”

“နောက်ပြီး ကောင်းကင်ပြာတိရိစ္ဆာန်ရုံကို ထပ်မလာနဲ့”

“သွားမယ်”

ဖုန်း။

ထရန်နိုဆောရပ်က ခေါင်းကိုအသာခါပြီး နောက်သို့ ချာခနဲ လှည့်သွားသည်။ သို့သော် သူ တက်နင်းမိသော အရာတိုင်းက သွေးမြူများ ပေါက်ကွဲထွက်လာသည်။ လူတိုင်းက ဆုပိုင်ကို မယုံနိုင်သလို ကြည့်သည်။

ဒီလိုနဲ့ သတ်လိုက်တာလား။

အထူးသဖြင့် ကြေးစားစစ်သား အဖွဲ့အတွက် ဖြစ်သည်။ ထိုအခြေအနေကို မြင်ပြီးနောက် အားလုံး၏ လက်ထဲမှ သေနတ်များက ပြုတ်ကျသွားကြကာ အနောက်သို့လှည့်ပြီး အဝေးသို့ ပြေးသည်။

ကိုလိုစီယမ်မှ အဓိက ရှယ်ယာဝင်များအားလုံး သေသွားပြီ ဖြစ်လေရာ သူတို့က ဆက်နေ၍လည်း မလိုအပ်တော့ချေ။ ပို၍ဆိုးသည်မှာ..။

တရုတ်တွေက ရူးနေတာ။

သူတို့ ကလဲ့စားချေမှာကို မကြောက်ဘူးလား။

“မြန်မြန် မြန်မြန် စီမွန်က သေပြီ။ အခုအန္တရာယ် အရမ်းများတယ်”

လီရှင်းက မြေပြင်မှ သွေးအိုင်ကို ကြည့်ပြီး အသံကို မြှင့်ကာပြောသည်။

“ငါ့ရဲ့နောက်က လိုက်ခဲ့ကြ”

“ကန္တာရထဲက ဘယ်လိုထွက်ရမလဲ ငါသိတယ်”

ကျိုးကျန်းက ကျယ်လောင်စွာ အော်သည်။ သူက သေနတ်ကို ကိုင်လျက်ပြေးသည်။

ထိုအခါ လူတိုင်းက အဝေးသို့ ပြေးလိုက်ကြသည်။

အခုက စီမွန်က သေသွားပြီ ဖြစ်သည်။ ထို့ကြောင့် ဆီမဟာမိတ်ကြီးတစ်ခုလုံးက ဒေါသ ထွက်နေသင့်သည်။ ထို့အပြင် ပို၍များပြားသော လူအုပ်က ရောက်ရှိလာလေပြီး အလုံးအရင်းနှင့် ဝိုင်းကာ ဖိနှိပ်ခြင်းများ ရှိလာနိုင်သည်။

သူတို့ကသာ ကန္တာရထဲမှ အမြန်ဆုံး ထွက်နိုင်သမျှ ပတ်ထရိုလီယမ်မဟာမိတ် အပြင်ဘက်တွင် အသင့်စောင့်နေသည့် တရုတ် တိုက်ခိုက်ရေးဂျက်များက အထောက်အပံ့ ပေးနိုင်လောက်သည်။

“ဟေး”

“သေစမ်း။ ဒါရိုက်တာဆုပိုင် ငါ့ကို စောင့်ဦးလေ”

“ငါ့မှာ အမွေးမရှိတော့ဘူး။ ငါ မပျံနိုင်တော့ဘူး”

ငှက်တောက မြေပြင်ထဲမှ ကုန်းထပြီး အဝေးသို့ ပြေးသွားသည့် ဆုပိုင်တို့ကို လှမ်းအော်သည်။

......။

“ခေါင်းဆောင်။ ဒါရိုက်တာဆုပိုင်ကို အောင်အောင်မြင်မြင် ကယ်ပြီးပါပြီ။ ဒါပေမဲ့...”

“ငါတို့ တော်တော်လေးကို ကြီးတဲ့ သယ်ယူပို့ဆောင်ရေးယာဥ်တော့ လိုအပ်လိမ့်မယ် ထင်တယ်”

“ဒါတွေအပြင် ကိုလိုစီယမ်ကို ထိန်းချုပ်နေတဲ့ စီမွန်က သေသွားပြီ။ ဒါကြောင့် ပတ်ထရိုလီယမ်မဟာမိတ်က ငါတို့ကို ဝိုင်းပြီး ဖိနှိပ်တာမျိုးတွေ ရှိလာနိုင်လို့...”

“ဟုတ်တယ်”

အစည်းအဝေးခန်းထဲမှ ယုံလုံက စားပွဲကို လက်ချောင်းဖြင့် တတောက်တောက် ခေါက်နေပြီး လက်ထောက်၏ တင်ပြချက်ကို နားထောင်နေသည်။

“တော်သားပဲ လီရှင်း ဒီကလေး။ သူက အိုနေပေမဲ့လည်း သူ့ရဲ့စွမ်းရည်တွေကတော့ ကောင်းနေတုန်းပဲ”

“မစိုးရိမ်နဲ့။ ပတ်ထရိုလီယမ်မဟာမိတ်က မင်းတို့ကို ဝိုင်းပြီး ဖိနှိပ်မှာမဟုတ်ဘူး”

အချိန်အတန်ကြာမှ ယုံလုံက ပြုံးသည်။

“အဲဒီနေရာမှာ အင်အားစုတွေက ရောနှော နေတာ။ ကိုလိုစီယမ်ရဲ့ ထိန်းချုပ်သူက သေသွားပြီဆိုတော့ အခု ဒီလူတွေက စီမွန်အတွက် ကလဲ့စားချေဖို့ တွေးမှာ မဟုတ်ဘူး။ သူတို့က ရှယ်ယာတွေအတွက် တိုက်ခိုက်နေလို့ အားလပ်မှာတောင် မဟုတ်ဘူး။ သူတို့ ဘယ်လိုနည်းနဲ့မှ လီရှင်းတို့ကို ဝိုင်းပြီး ဖိနှိပ်နိုင်ဦးမှာလည်း မဟုတ်ဘူး”

184 04

“ဒါပေမဲ့ လုံခြုံတဲ့ ဘက်ကတော့ တွေးရမယ်။ အရင်ဆုံး တိုက်ခိုက်ရေး သမားတစ်ဖွဲ့ကို ခေါ်ပြီး ပြန်ခေါ်လာခဲ့ကြ။ တိုက်ခိုက်ရေးသမားတစ်ဖွဲ့ကို ခေါ်ပြီး ဒီလူတွေအားလုံးကို အသက်ရှင်လျက် ပြန်ခေါ်လာခဲ့ကြ”

“နေပါဦး။ မင်းအခု ဘာပြောလိုက်တာလဲ။ ဘာလို့ ပိုကြီးတဲ့ သယ်ယူ ပို့ဆောင်င်ရေးလေယာဥ်ကို လိုအပ်တာလဲ”

“အား”

လက်ထောက်က မှင်တက်သွားပြီး ခပ်တိုးတိုး ပြောသည်။

“ဒါရိုက်တာလီရှင်းကတော့ ရှင်းရှင်းလင်းလင်း မပြောပေမဲ့လည်း ကြည့်ရတာ သူ့ရဲ့စကားတွေက တော်တော်လေးကြီးတဲ့ အကောင်တစ်ကောင်ကို ပြန်ခေါ်လာမဲ့ပုံပဲ။ ဒါက ကောင်းကင်ပြာတိရိစ္ဆာန်ရုံနဲ့ ပတ်သက်လောက်တယ်”

“အို”

ယုံလုံက မျက်မှောင်ကြုတ်ပြီး လက်ရမ်းလိုက်သည်။

“ဒါဆိုလည်း ပိုကြီးတဲ့ သယ်ယူပို့ဆောင်ရေး လေယာဥ်ကို စီစဥ်ပေးလိုက်ပေါ့။ ငါလည်း သူတို့ ပြန်လာတဲ့အခါ ကျိုတိုကို တစ်ချက်သွားကြည့်လိုက်မယ်။ ဘယ်လိုကောင်မို့လို့ ဒီလောက်လျှို့ဝှက်ဆန်းကြယ်နေတာလဲ”

“ဟုတ်ကဲ့”

အမိန့်ကိုရပြီးနောက် လက်ထောက်က ချက်ချင်းထွက်သွားသည်။

ယုံလုံက အောက်ဘက်မှ ခေါင်းဆောင်ပေါင်းများစွာကို ကြည့်ပြီး လေးနက်သော လေသံနှင့် ပြောသည်။

“ဒီကိစ္စက သတိပေးချက်ကြီးပဲ”

“ငါ့အထင် အနာဂတ်မှာ ချင်တုက ငြိမ်းချမ်းမှာ မဟုတ်ဘူး။ ပတ်ထရိုလီယမ်မဟာမိတ်က ကောင်တွေက တရုတ်ပြည်ကို သိသိသာသာ ရင်ဆိုင်ရဲမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ထိန်းချုပ်သူအသစ်က အင်အားရှိလာတဲ့အခါ မျက်နှာရဖို့အတွက် ကောင်းကင်ပြာတိရိစ္ဆာန်ရုံကို လာပြီး ပြဿနာရှာနိုင်တယ်”

“ဒီလိုလည်း ဖြစ်နိုင်တာပဲ”

“ဒီတော့ ငါတို့က လုံခြုံရေးရုံးတော်လောက်နဲ့ ကောင်းကင်ပြာတိရိစ္ဆာန်ရုံကို ကာကွယ်ပေးထားလို့ မရတော့ဘူး။ ဘာပဲ ဖြစ်ဖြစ် နေ့ရက်တိုင်းလိုလို ရောက်လာနေတဲ့ ခရီးသွားတွေက ရှိနေသေးတယ်”

“ဒီတော့ ကောင်းကင်ပြာတိရိစ္ဆာန်ရုံမှာ အလုပ်လုပ်ဖို့ အသင်းတစ်ဖွဲ့ စီစဥ်ရမယ်”

“ဒါက တာဝန်ပဲ။ ရောက်လာတဲ့ နိုင်ငံခြားသားတိုင်းကို အထူးတလည် စောင့်ကြည့်ရမယ်။ ဒီလိုကိစ္စမျိုးက ထပ်ဖြစ်လို့ မရဘူး”

သူက ထိုသို့ ပြောသည်။ ယုံလုံက မျက်လုံးကို အသာမှေးကျဥ်း လိုက်ပြန်သည်။

“ငါ ကြိုမြင်နေတယ်”

“ဒါရိုက်တာဆုပိုင်က ဒီတစ်ကြိမ် ငါတို့ကို တော်တော်လေး ကူညီပေးနိုင်လောက်တယ်”

လူတိုင်းက ယုံလုံ၏ အမူအယာကို ကြည့်ပြီး အတွေးနက်သွားသည်။ ကောင်းကင်ပြာတိရိစ္ဆာန်ရုံမှ တိရိစ္ဆာန်များကို သေချာလေ့ကျင့်ပေးလိုက်မည်ဆိုလျှင် ကဏ္ဍအသီးသီးတိုင်းအတွက် အကူအညီ ဖြစ်သည်။

စုံစမ်းစစ်ဆေးမှုတွင်သာ မကသေးချေ။ တိုက်ခိုက်မှုတွင်လည်း အပါအဝင် ဖြစ်သည်။ သူတို့အားလုံးက လူသားများ မလုပ်နိုင်သည့် အားသာချက်များ ပိုင်ဆိုင်ထားကြသည်။

ထိုအရာသာမကသေးဘဲ လူသားမျိုးနွယ်၏ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးတွင် အကျိုးပြုနိုင် စွမ်းရည်ကို အစားထိုးလို့ မရနိုင်ပေ။

ယခုလို အခြေအနေမျိုးတွင် လန်မင်ကြွက်ဆိုသော စားစရာက စတင်ထုတ်ပြန်ပြီးကတည်းက တရုတ်တစ်ပြည်လုံးအနှံ့ နာမည်ကြီးနေလေသည်။ ဇီဝဗေဒပညာရှင်များ စမ်းသပ်စစ်ဆေးမှုပြီးနောက် အစစ်အမှန် အသွေးအသားများထဲတွင် ပါဝင်သည့် ဓာတ်များက အသားတုများ မဖြည့်စည်း ပေးနိုင်သည့် သက်ရောက်မှု ပေါင်းများစွာ ရှိနေလေသည်။ ဒါဟာ တရုတ်ပြည်ကြီးအတွက် ကြီးမားသည့် အကျိုးပြုမှုကြီး ဖြစ်သည်။

ထို့အပြင် အနာဂတ်တွင် လန်ဒရစ်ဝက်များကလည်း ပေါ်လာဦးမည် ဖြစ်သည်။ ဒါတွေအားလုံးဟာ ကောင်းကင်ပြာတိရိစ္ဆာန်ရုံကြောင့် ဖြစ်သည်။

“ဟုတ်ပြီ ငါတို့တွေ တိရိစ္ဆာန်တွေကို ပြန်လည်ကယ်ဆယ်မှုကို အပြည့်အဝ ထောက်ခံပေးရမယ်။ တိရိစ္ဆာန်တွေနဲ့ မိတ်ဆွေတွေပဲ ဖြစ်လာပြီး သူတို့ကို စိတ်ရင်းနဲ့ ဆက်ဆံပေးမှ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ပူးပေါင်းမှုတွေကို ချောချောမွေ့မွေ့.လုပ်ဆောင်နိုင်လိမ့်မယ်”

လူအိုကြီးတစ်ယောက်က ဝင်ပြောလာသည်။ သူက မျက်မှန်ကို တစ်ချက် ထိန်းညှိလိုက်ရင်း ခေါင်းညိတ်လိုက်၏။ လူတိုင်းကလည်း သဘောတူကြောင်း ခေါင်းညိတ်ကြသည်။

“အခြေအနေတွေ အများကြီးပဲ။ ကောင်းကင်ပြာတိရိစ္ဆာန်ရုံက ကယ်ဆယ်ခံထားတဲ့ တိရိစ္ဆာန်တွေက ကုန်းမြေမှာ နေထိုင်တဲ့ တိရိစ္ဆန်တွေလည်း ပါသလို လေထဲမှာ ပျံသန်းနိုင်တဲ့ တိရိစ္ဆာန်တွေလည်း ပါတယ်။ ဒါကြောင့် အနာဂတ်မှာ ရေထဲမှာ နေထိုင်နိုင်မဲ့ တိရိစ္ဆာန်တွေတောင် ပေါ်လာလောက်တယ်”

“ငါတို့လည်း ကောင်းကင်ပြာတိရိစ္ဆာန်ရုံရဲ့ ခြေရာကို နင်းရမယ်”

ယုံလုံက တစ်ခဏခန့် တွေးတောပြီးနောက် ညွှန်ကြားချက် စပေးသည်။

“ချင်တုရဲ့ အစိုးရနဲ့ စကားပြောဖို့ လူလွှတ်ပြီး လီရှန်းတစ်တောင်လုံးကို ကောင်းကင်ပြာတိရိစ္ဆာန်ရုံစီ လွှဲပေးဖို့ပြောလိုက်။ ဒါရိုက်တာဆုပိုင်ရဲ့ အနောက်က အသင်းက တိရိစ္ဆာန်တွေကို ကယ်ဆယ်တဲ့အခါ အရာအားလုံးကို သူတို့လက် သူတို့ခြေဖြစ်စေဖို့ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်အောင် လွတ်လပ်ခွင့်တွေ ပေးထားရမယ်”

“အဲဒီနောက် ဒါရိုက်တာဆုပိုင်ရဲ့ နောက်ကွယ်က အသင်းနဲ့ အဆက်အသွယ် ရအောင် လုပ်ဖို့ လိုအပ်သေးလား”

“မလိုဘူး။ ဒီကိစ္စကို ထည့်မပြောနဲ့တော့။ အချိန်ကျလာတဲ့အခါမှာ ဒါရိုက်တာဆုပိုင် ကိုယ်တိုင် စပြောပါစေ”

ယုံလုံက လေးနက်သော မျက်နှာနှင့် ပြောလိုက်သည်။

.........။

ဘုန်း။

184 05

“ဟူး”

သူတို့၏ အရှေ့မှ တိုက်ခိုက်ရေး ဂျက်လေယာဥ်များကို ကြည့်နေရင်း ဆုပိုင်တို့အားလုံးက သက်ပြင်းရှည်ကြီးကို ချမိကြသည်။

တစ်နေ့လုံး တစ်ညလုံး ကန္တာရအတွင်း ခပ်ကြမ်းကြမ်း ပြေးလွှားပြီးနောက် နောက်ဆုံးတွင် တရုတ်နိုင်ငံမှ အကူအညီကို ရရှိပြီဖြစ်သည်။ ထရန်နိုဆောရပ်ကိုပင် သယ်ဆောင်သွားနိုင်သည့် ကြီးမားသည့် လေယာဥ်ကြီးက ရောက်လာသည်။

“ဝင်သွားရအောင်”

ဆုပိုင်က ဘေးဘက်မှ ဒေါသ ထွက်နေသေးသည့် ထရန်နိုဆောရပ်ကို တစ်ချက် တို့လိုက်သည်။ ထို့နောက် အရှေ့မှဦးဆောင်ပြီး ယာဥ်ထဲသို့ဝင်သွားသည်။

ဝေါင်း။

ထရန်နိုဆောရပ်က လေပြင်းများကို ရှူထုတ်လိုက်ပြီး ရွံရှာသလိုမျိုး နောက်သို့ တစ်ချက်လှည့်ကြည့်ကာ သတိပေးသလို ဟိန်းလိုက်သည်။ ထို့နောက် ဆုပိုင်၏ အနောက်သို့ လိုက်တက်သွားသည်။

“ဟစ်”

အားလီ၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ သူသည် ဒိုင်နိုဆောဥကြီးကို ဖက်လျက် တစ်လှမ်းချင်းစီ လိုက်ရသည်။

သူသာ ကြိုသိမယ်ဆိုရင် ဒီအလုပ်ကို လက်မခံခဲ့ပါဘူး။

အစကတော့ ဥလေးတစ်လုံးကို စောင့်ရှောက်ရုံပဲပေါ့။ မမျှော်လင့်ထားဘဲ ဒီဥက....။

သူ ဒိုင်နိုဆောဥကြီး ကိုင်ထားရတာပဲ။

ပိုဆိုးသည်မှာ ထရန်နိုဆောရပ်က သူ့ကို လမ်းတောက်လျှောက် စိုက်ကြည့်နေခဲ့သည်။ သူက သတိပင် မလွတ်ရဲချေ။

“အားလီ”

“ငါ့ကို မချောတော့ဘူးလို့ထင်လား”

ငှက်တောက တဘက်လေးနှင့် ပတ်ထားသည်။ သူသည် ထိုပုံစံအတိုင်း အားလီ၏ ပခုံးပေါ်တွင် လာရပ်ရင်း ခါးသည်းသော မျက်နှာမျိုးနှင့် ဖြစ်နေသည်။

“သွားပြီ။ သွားပြီ။ ဘယ်အချိန်မှ ဒီအမွေးတွေ ပြန်ပေါက်မှာလဲ”

အားလီက မျက်နှာ ရှုံ့မဲ့နေသည်။

ယခုမှသာ သူ့ဘေးနားရှိ အကောင်က အစစ်အမှန် တိရိစ္ဆာန်ဖြစ်ကြောင်း သိလိုက်သည်။ ထို့အပြင် စကားအလွန်များသော ကြက်တူရွေးဖြစ်နေသည်။

“ဒါရိုက်တာဆုပိုင် ပြောတဲ့အတိုင်းဆိုရင် သုံးလဆို ပြန်ပေါက်မယ်လို့ မပြောဘူးလား”

“ဒါတွေအပြင် သိပ်မကြာခင် အိမ်ပြန်ရတော့မှာ။ ဘာတွေစိုးရိမ်နေတာလဲ”

“မင်းကိုယ်မင်းသာ ဂရုစိုက်ပါ။ မေးချင်တာရှိရင် ဒီအဖွဲ့ခေါင်းဆောင် အားလီဆီသာလာ”

အားလီက သူ၏နေရာကို တွေးမိပြီး စိတ်အေးသွားသည်။

သူသည် လမ်းတွင် တွေ့ရသည့် တရုတ်လူမျိုးများကို မေးထားပြီးသား ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်ဆိုသော ရာထူးက တရုတ်နိုင်ငံ၏ အနိမ့်စားရှိ အဆင့်ဖြစ်သည်။ ထိုအခြေအနေက သူ့ကိုအပျော်လွန်စေသည်။

“ဟားဟား”

ထိုစကားကိုကြည့်သည့် ငှက်တောက ကြောင်အသွားပြီး ထိုလူကို စာနာသနားသလို ကြည့်လိုက်သည်။

လန်မင်အဖွဲ့ခေါင်းဆောင် ဟုတ်လား။

ဟားဟားဟား။

“အိုး အန္တရာယ်ရဲ့ အစပိုင်းကို ပြန်သွားရတော့မှာပဲ”

မျောက်ဝံစား သိမ်းငှက်၏ အကြည့်ကို ပြန်လည် တွေးတောလိုက်မိရုံနှင့် ငှက်တောက တုန်ယင်သွားသည်။

ဒီတစ်ကြိမ် ငါ့မှာ အမွေး မရှိတော့ဘူးဆိုတော့ ပိုပြီးတော့တောင် ငှက်ပေါက်လေးနဲ့ တူသွားသေးတယ်။ သူပြန်ရင် အသက်ရှင်နိုင်ပါ့မလား။

သူ မပျံနိုင်ဘူး။ သူ ပျံတောင် ပြေးလို့မရတော့ဘူး။

ဒီငှက်ရဲ့ဘဝက ခါးသည်းလိုက်တာ။

“ဆုပိုင်”

“မင်း ပြန်သွားတဲ့အခါ ဒီကောင်ကြီးကို ဘယ်လို ဂရုစိုက်မှာလဲ”

လီရှင်းက ဆုပိုင်၏ဘေးနားတွင်ထိုင်ပြီး အနောက်ဘက်တွင် လှုပ်ရှားမှု ကင်းမဲ့စွာရပ်နေသည့် ထရန်နိုဆောရပ်ကို တစ်ချက်ခိုးကြည့်ကာ စိုးရိမ်သလို ပြောသည်။

“ဟူး”

ဆုပိုင်လည်း မျက်ခုံးကို ပွတ်သည်။ သူသည်လည်း ခေါင်းကိုက်နေသည်။

ဒီအကောင်က ကိုလိုစီယမ်မှာတော့ တော်တော်လေးကို အင်အားကြီးခဲ့တာပါ။ ဒါပေမဲ့....။

ထိုအကောင်ကို အစာကျွေးမည့် ကိစ္စနှင့် ပတ်သက်ပြီး ဆုပိုင်သည်လည်း ခေါင်းခဲနေသည်။

ယခုအချိန်အထိ ကောင်းကင်ပြာတိရိစ္ဆာန်ရုံတွင် အကောင်ကြီးများ မရှိသေးချေ။ လန်မင်ကြွက်များကမူ.... ။

လန်မင်ကြွက်ကို စားမယ်ဆိုရင်တောင်မှ ထရန်နိုဆောရပ်က တစ်ရက်ကို ဘယ်လောက်တောင် စားနိုင်မှာလဲ။ ပိုဆိုးသည်မှာ လန်ဒရစ်ဝက်များကို ကျွေးနိုင်သော်လည်း ထိုအကောင်များကိုလည်း သားဖောက်ရဦးမည် ဖြစ်သည်။ အချိန်ကလည်း လိုအပ်သည်။

ကောင်းပြီလေ။

သားဖောက်နိုင်တဲ့ ကြီးမားတဲ့ တိရိစ္ဆာန်ကြီးတွေကိုပဲ မြန်မြန်လေး refresh လုပ်ပေးနိုင်ဖို့ ဆုတောင်းရတော့မယ်”

.......။

184 06

“ခဏနေလို့ အိမ်ပြန်ရောက်သွားရင် လျှောက်ပြေး မနေနဲ့နော်”

“ငါ မင်းအတွက် အထူးနေရာ ပြင်ဆင်ပေးမယ် ဟုတ်ပြီလား”

“နောက်ပြီး တိရိစ္ဆာန်ရုံထဲက လူတွေကို မခြောက်ရဘူးနော်”

ဆုပိုင်က ယာဥ်ထဲတွင် ထိုင်နေရင်း ထရန်နိုဆောရပ်ကို ဆက်တိုက် ညွှန်ကြားချက် ပေးနေရသည်။

ဝေါင်း။

“ငါ သိတယ်လို့ ပြောနေတယ်”

ထရန်နိုဆောရပ်က စိတ်မရှည်တော့ချေ။ သူသည် မောက်မာစွာဖြင့် ခေါင်းကို တစ်ချက်လှည့်ပြီး ဆုပိုင်ကို လျစ်လျူရှုလို က်သည်။

“ငါ....”

ဆုပိုင်၏နှုတ်ခမ်းများက ကုတ်ကျသွားသည်။ သူသည် တဖြည်းဖြည်ချင်း ထိုင်ချ လိုက်ရသည်။

ကောင်းပြီလေ။ တစ်ကြိမ်မှာ တစ်လှမ်းပဲ လှမ်းတာပေါ့။

သို့ရာတွင် ထရန်နိုဆောရပ်၏ တိုက်ရိုက် ထုတ်လွှင့်မှုပြီးနောက် ဆုပိုင်သည် အံ့အားသင့်မှုအမှတ် ၁.၃သန်းကို ရရှိခဲ့လေရာ နောက်ထပ် ဒိုင်နိုဆောအပိုင်းအစ တစ်ခုကို လဲနိုင်မည် ဖြစ်သည်။

ထိုအရာသာ မကသေးပေ။ ကိုလိုစီယမ်တွင် ထရန်နိုဆောရပ်၏ မင်းမူနိုင်သော ပုံပန်းသွင်ပြင်ကြောင့် အံ့အားသင့်မှုအမှတ် ၂သိန်းကို ရရှိခဲ့သေးသည်။

ဒီနေ့ခေတ် တရုတ်ပြည်မှ လူပေါင်းများစွာက ထရန်နိုဆောရပ်ကို မမြင်ဖူးကြချေ။ ထိုလူများသာ မြင်သွားခဲ့မည်ဆိုလျှင်...။

“ဟစ်”

ဆုပိုင်က အသက်ပြင်းပြင်း ရှူလိုက်မိသည်။

အနည်းဆုံး နောက်ထပ် အမှတ်တစ်သန်းတော့ဖြင့် ရနိုင်သည်။

ခရက်။

ကြီးမားသော ယာဥ်ကြီးက တဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။

လောင်ကျိုးနှင့် ကျိုးကျန်းတို့က အရင်ခုန်ဆင်းသွားပြီး တိရိစ္ဆာန်တံခါးကို ဖွင့်ပေးသည်။ ထို့နောက် ဆုပိုင်တို့ရှိရာဘက်သို့ လာသည်။ ထို့နောက် တံခါးကို ဂရုစိုက်ဖွင့်ပေးသည်။

ဖုန်း။

ဆုပိုင်က ခုန်ဆင်းလိုက်သည့် အခိုက်အတန့်တွင် တံခါးဝတွင် လူပေါင်းများစွာဝိုင်းပြီး သူ့ကိုစိုးရိမ်တကြီး စောင့်ကြိုနေကြောင်း မြင်လိုက်ရသည်။

“ဒါရိုက်တာဆုပိုင် အဆင်ပြေလို့ တော်ပါသေးတယ်”

“ငါမင်းကို မတွေ့ရတာကြာပြီ။ တစ်ခုခုဖြစ်မှာတောင် စိုးရိမ်နေတာ။ ဟာလီ နာကျင်သွားတာကို မကူညီနိုင်ခဲ့တဲ့ ငါတို့အမှားပါ။ ဒီလူတွေက လူဆိုးတွေဆိုတာကို မသိခဲ့ဘူးလေ”

“ဟုတ်တယ်။ ဟုတ်တယ်။ အရာအားလုံးအဆင်ပြေလို့ တော်ပါသေးတယ်”

လူတစ်ဖွဲ့က အမျိုးမျိုးသော ပုံစံမျိုးဖြင့် နှုတ်ဆက်လာကြပြီး စိုးရိမ်ကြောင်း ဖော်ပြကြသည်။

“အားလုံးပဲ အဆင်ပြေပါတယ်”

ဆုပိုင်က အပြုံးနှင့် နှုတ်ဆက်မြည့်အချိန်တွင် ရုတ်တရက်

ဝေါင်း။

အနောက်ဘက်မှ ကျယ်လောင်သော အော်သံကြီးက ထွက်လာပြီး ကုန်တင်ကားကြီးက ခပ်ကြမ်းကြမ်း လှုပ်ခါသွားသည်။ ထို့နောက် လူအုပ်ကလည်း ကုန်တင်ကား ရှိရာဘက်သို့ အံ့အားတကြီး ကြည့်လိုက်ကြလေသည်။

သူတို့သည် ယခုလေးတင် အော်သံကို ကြားလိုက်သည်။

ဖြစ်နိုင်တာက...။

ဒါက ဒါရိုက်တာဆုပိုင် အသစ်ကယ်ဆယ်ထားတဲ့ တိရိစ္ဆာန်ကြီးလား။

ဘုရားရေ။

လူတိုင်းက ခန္ဓာကိုယ်ကို ခပ်မြန်မြန်ရွှေ့ပြီး တံခါးအနောက်ဘက်တွင် ပုန်းကွယ်လိုက်ကြသည်။

“ဟီးဟီး ဒါရိုက်တာဆုပိုင်က ဖုံးကွယ်နေသေးတယ်။ ဒီတစ်ခေါက် အကောင်အကြီးကြီး ပါလာတာဖြစ်ရမယ်။ ဘာလို့လဲ ရှက်နေလို့လား”

ကန်တင်းပိုင်ရှင်က ပြုံးလိုက်ပြီး လူအုပ်ကို တွန်းဖယ်လျက် တံခါးဝသို့သွားသည်။

“လာလာ ဘာအကောင်လေးလဲ။ ထွက်လာ...”

“ဘုရားရေ”

“အား”

တံခါးကို တစ်ဝက်ခန့် ဖွင့်ပြီးနောက် ထိုကန်တင်းပိုင်ရှင်က သူ၏အရှေ့တွင် ပေါ်လာသည့် အေးစက်သော မျက်ဝန်းတစ်စုံကို မြင်လိုက်ရပြီး အလန့်တကြား အော်သည်။ သူဟာ မျက်လုံးလန်ပြီး မေ့သွားသည်။

“ဟေး ဘာကောင်မို့လို့ ဒီလောက်ထိကြောက်ပြီး မေ့သွားတာလဲ”

“မင်းတို့ သူဌေးရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေက ထင်သလောက် မသန်မာဘူးလို့ ငါမ ပြောခဲ့ဘူးလား။ ငါတော့ မယုံပါဘူး။ ငါ ရွှေမြွေကိုတောင် ဖက်ရဲသေးတာပဲ။ ဟွန့် ဘယ်လိုအကောင်မျိုးမို့ ငါက ကြောက်ရမှာလဲ။ ငါ သွားကြည့်မယ်”

“ယောက်ျား ငါဘာလို့ တစ်ခုခု မှားနေတယ်လို့ ခံစားနေရတာလဲ။ ငါတအား ကြောက်တာပဲ”

184 07

လူတစ်အုပ်က ပြုံးရယ်ပြီး ကန်တင်းပိုင်ရှင်ကို ဘေးသို့ တွန်းဖယ်လျက် အပြေးသွားသည်။

ဘေးဘက်တွင် ရပ်နေသည့် ဆုပိုင်က လက်တစ်ချက်လှမ်းထုတ်ပြီး သူတို့ကိုတားရန် ပြင်လိုက်သည့် အခိုက်အတန့်တွင် သေချာပြန်တွေးတော ကြည့်ပြီး လက်ပြန်ချလိုက်သည်။

ဘာပဲဖြစ်ဖြစ် အနှေးနဲ့အမြန် တွေ့မှာပဲလေ။

ဝှက်ထားလို့မှ မရတာ။

ဒီတော့ ဒီလူတွေ စိတ်ပိုင်းဆိုင်ရာ ကြိုပြင်ဆင်ထားနိုင်ရင် အကောင်းဆုံးပေါ့။

စကားတစ်ခွန်းချင်းစီ ပျံံ့နှံ့သွားမည်ဆိုလျှင် ကျန်သောသူများ၏ စိတ်ပိုင်းဆိုင်ရာ ဒဏ်ခံနိုင်စွမ်းရည်က မြင့်မားလာနိုင်သည်။

ဝေါင်း။

ဖုန်း။

ထိုလူတစ်အုပ်က မနီးကပ်နိုင်သေးခင် လူတိုင်းကို နေရာတွင် တောင့်ခဲသွားစေပြီး ခပ်ကြမ်းကြမ်း အော်သံက ထွက်လာသည်။ ထို့နောက် ကားအတွင်းမှ အလွန်ကြီးမား ခက်ထန်သော မျက်ဝန်းတစ်စုံပါသည့် ခေါင်းကြီးတစ်ခေါင်းက ပြူးထွက်လာသည်။

ထရန်နိုဆောရပ်က မြေပြင်ပေါ်သို့ တဖြည်းဖြည်းချင်း ဆင်းသက်လိုက်ပြီး အရှေ့မှ လူများကို ငုံ့ကြည့်သည်။ ထို့နောက် ချာခနဲလှည့်ကာ တိရိစ္ဆာန်ရုံထဲသို့ ဝင်သည်။

လူတိုင်းက သူတို့၏အရှေ့တွင် ရမ်းနေသည့် ကြီးမားသော အမြီးကြီးကိုကြည့်ပြီး သူတို့၏စိတ်က ဗလာဖြစ်သွားသည်။

ကြီး ကြီးလိုက်တာ။

ဒါက တအားကြီးလွန်းတယ်။

“အားအား ယောက်ျား ငါ ငါ...မရပ်နိုင်တော့ဘူး။ မြန်မြန်လေး ကူပါဦး။ ငါမေ့တော့မယ် ထင်တယ်”

“ရေ ဘယ်သူလောင်းတာလဲ။ ငါ့ခြေထောက်ကို လာစိုနေပြီ”

“အစ်ကိုကြီး တောင်းပန်ပါတယ်။ ဒါရေမဟုတ်ဘူး။ ကျေးဇူးပြုပြီး လမ်းဘေးနားမှာ တက္ကစီ ကူထိုးပေးလို့ရမလား။ ငါ အိမ်ပြန်ပြီး ဘောင်းဘီ လဲချင်တယ်”

လူတစ်အုပ်က တိရိစ္ဆာန်ရုံထဲသို့ ဝင်သွားသည့် ထရန်နိုဆောရပ်ကို ကြည့်ပြီး အသိပြန်ဝင်လာကြသည်။

“ဟားဟား အားလုံးပဲ ဒီနေ့ လက်မှတ် ဝင်ဝယ်လို့ရပြီနော်”

ဆုပိုင်က ပြုံးရယ်ပြီး စကားပြောရုံသာ ရှိသေးသည်။ အရှေ့မှ လူတစ်အုပ်က ခပ်မြန်မြန် ထွက်ပြေးသွားကြောင်း တွေ့လိုက်ရသည်။

“အာ”

ဆုပိုင်က လက်ပြန် ရုတ်လိုက်ရသည်။ သူသည် တိရိစ္ဆာန်ရုံထဲကို အလျင်အမြန် လိုက်သွားရ၏။

သူ ဝင်သွားသောအခါ ပေါင်ပေါင်က တပိုင်ကို စီးလျက် ထရန်နိုဆောရပ်ကြီးကို ကြည့်နေကြောင်း တွေ့လိုက်ရသည်။ သို့သော် သူတို့သည် ထရန်နိုဆောရပ်၏ အနားသို့ မချဥ်းကပ်သွားနိုင်သေးချေ။

“သေမှာ သေချာတယ်”

အဝေးမှ အံကြိတ်သံကိုလည်း ကြားလိုက်ရသည်။

“သြ”

“ledd မြန်မြန်သွားရအောင်။ ဒီမှာ မကောင်းဆိုးဝါးကြီး လာနေတယ်”

တပိုင်က ခေါင်းကို မော့ပြီး အရှေ့မှ အကောင်ကြီးကိုကြည့်ကာ တုန်ယင်စွာ အော်သည်။

ခေတ်ခေတ်။

“ဒါရိုက်တာဆုပိုင် ဒါက အသစ်လား။ နာမည်က ဘယ်လိုခေါ်လဲ”

ဘေဘီက ဆုပိုင်ကို မြင်သောအခါ သူ၏လက်မောင်းကို လှုပ်ခါလျက် ခပ်မြန်မြန် လှမ်းအော်မေးလာသည်။

“နဂါးအမေကို သွားမစနဲ့နော်။ ဒါက ထရန်နိုဆောရပ်တဲ့။ တအားကြောက်ဖို့ ကောင်းတယ်”

ဆုပိုင်က ကြမ်းတမ်းချင်ဟန်ဆောင်ပြီး ထိုကောင်လေးကို ခြောက်သည်။

“အာ”

“ကြောက်ဖို့ မကောင်းပါဘူး။ ကြောက်ဖို့မကောင်းပါဘူး”

ဘေဘီက ဆုပိုင်ကို ပဟေဋိ ဖြစ်သလိုကြည့်ပြီး အရှေ့မှ ထရန်နိုဆောရပ်ကိုကြည့်ကာ လက်ရမ်းပြကာ နှုတ်ဆက်သည်။ ထို့နောက် အစွယ်တစ်စုံပေါ်သည်အထိ သွားဖြဲကာ ရယ်ပြရင်း အော်သည်။

“ဟယ်လို ငါက ဘေဘီပါ။ အနာဂတ်မှာ နင်နဲ့ ကစားလို့ရမယ် မဟုတ်လား”

ဝေါင်း။

“ရတယ်”

ဖုန်း။

ထရန်နိုဆောရပ်က ကြီးမားသော ပါးစပ်ကြီးကို ဖြဲလျက် ပြန်ဖြေသည်။ တပိုင်ကမူ သူ၏ခေါင်းကို လက်နှစ်ဖက်လုံးဖြင့် တိုက်ရိုက်အုပ်ရင်း မြေပြင်တွင် ဖင်ဘူးထောင် ထောင်ထားသည်။

ဘုရားရေ။

တအား ကြောက်ဖို့ ကောင်းတာပဲ။ သူပါးစပ်ဖွင့်လိုက်ရင် သူ့တစ်ကိုယ်လုံးကို တစ်ကိုက်တည်းနဲ့ မြိုနိုင်လောက်တယ်။

သူဒီကောင်နဲ့ သွားရှုပ်လို့မရဘူး။

“မြန်မြန်သွား။ ငါမင်းကို နေရာတစ်ခုဆီ ခေါ်သွားပေးမယ်”

184 08

ဆုပိုင်က ကလေးမလေး၏ နဖူးကို တစ်ချက်ပုတ်လိုက်ပြီး ထရန်နိုဆောရပ်ကို ပြန်အော်သည်။

ထိုသို့ဖြင့် တိရိစ္ဆာန်ရုံ၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ဝင်ရောက်သွားသည်။

အချိန်အတန်ကြာပြီးနောက် ဆုပိုင်က ရုံးခန်းအတွင်းရှိ အိပ်ရာတွင် လှဲနေပြီဖြစ်သည်။ သူသည် တိတ်တဆိတ် တွေးတောနေရသည်။ ယခုအခါ လောင်ကျိုးနှင့် ဝမ်းကွဲ ကျိုးကျန်းတို့ကလည်း တိရိစ္ဆာန်ရုံကို ကူညီနိုင်သည်။ လန်မင်ကြွက်များကိုလည်း အားလီထံ လွှဲထားနိုင်သည်။ နောက်ဆုံးတွင် သူ့တွင် ဝန်ထမ်းများ ရလာပြီ ဖြစ်သည်။

ဆုပိုင်သည်လည်း ထိုကဲ့သို့သော ဝန်ထမ်းမျိုးကို လိုလားသည်။ လောင်ကျိုးကဲ့သို့သော လူများကို ခန့်အပ်ထားခြင်းက ပို၍ပင် စိတ်ချရသေးသည်။

တစ်ဖက်သူသည် တိရိစ္ဆာန်ရုံမှ တိရိစ္ဆာန်များအတွက် ထိုလူများကိုပင် တိုက်ခိုက်ရဲသည်။ ပို၍ဆိုးသည်မှာ သူ လီရှင်းနှင့် စကားပြောခဲ့ပြီးလေပြီ။ ထို့နောက် မော်ဂန် အမည်ရ လူဆိုးက လောင်ကျိုး၏ လက်ထဲတွင် သေသွားကြောင်း သိလိုက်ရသည်။

“ဒါက ကျေးဇူး တုံ့ပြန်ခံရတာပဲ”

ဆုပိုင်က ရယ်သည်။

ထိုကိစ္စကို ကျေနပ်စွာ ဖြေရှင်းနိုင်ခဲ့သည်။ တရုတ်နိုင်ငံမှ လူများကလည်း ကောင်းကောင်း ပေးဆပ်ခဲ့ကြသည်။

နေပါဦး ဘယ်သူကများ ပတ်ထရိုလီယမ်မဟာမိတ်ကို လူအယောက်၃၀တောင် မပါတဲ့ အင်အားစုနဲ့ လာပြီး ပြဿနာရှာရဲလို့လဲ။ တရုတ်တွေမှပဲ လုပ်နိုင်လိမ့်မယ်။

ထိုအကြောင်းအရာကို တွေးမိသော ဆုပိုင်က အံကို ကြိတ်လိုက်ပြီး အိပ်ရာမှ ထထိုင်သည်။

သူသည် သူ၏စိတ်ထဲမှ စနစ်၏ဇယားကို ဖွင့်လိုက်သည်။ ယခုအခါ စနစ်၏ ဇယားအတွင်းတွင် အံ့အားသင့်မှုအမှတ် ၁.၆သန်း ရှိနေပြီ ဖြစ်သည်။ သူ့အနေဖြင့် တိရိစ္ဆာန် အပိုင်းအစပေါင်းများစွာကို လဲလှယ်နိုင်ရန် လုံလောက်ပြီဖြစ်သည်။ ထို့နောက် ဒီနေ့မှစတင်ပြီး ဆုပိုင်ဟာ အံ့အားသင့်မှုအမှတ်နိမ့်သော တိရိစ္ဆာန်အားလုံးကို အရင်ကယ်ထားရန် ဆုံးဖြတ်ချက်ချလိုက်သည်။

လမ်းညွှန်ခွေးလို ရဲခွေးလို တခြား မွေးမြူလို့ရတဲ့ တိရိစ္ဆာန်မျိုးတွေကို refresh လုပ်ပေးနိုင်ရင် အကောင်းဆုံးပဲ။

******

အပိုင်း (185)

[တိရိစ္ဆာန်အပိုင်းအစmall]

အလျင်အရှိန်အပိုင်းအစ..အံ့အားသင့်မှုအမှတ် တစ်သန်းနဲ့ လဲနိုင်ပါတယ်

ဆိုက်ဘရီသွား ကျားအပိုင်းအစ..အံ့အားသင့်မှုအမှတ်တစ်သန်းနဲ့ လဲလှယ်နိုင်ပါတယ်

စက်တက်ဂိုဆောရပ်(အပင်စားဒိုင်နိုဆော)အပိုင်းအစ..အံ့အားသင့်မှုအမှတ် တစ်သန်းနဲ့ လဲလှယ်နိုင်ပါတယ်

တရိုဒက်တိုင်အပိုင်းအစ(အတောင်ပံပါသော မြွေသတ္တဝါကြီး)..အံ့အားသင့်မှုအမှတ်တစ်သန်းနဲ့ လဲလှယ်နိုင်ပါတယ်

အထူးရတနာအပိုင်းအစ..အံ့အားသင့်မှုအမှတ် ၂သိန်းခွဲနဲ့ လဲလှယ်နိုင်ပါတယ်

ဆုပိုင်၏ မျက်လုံးက ပြူးကျယ်စွာဖြင့် တိရိစ္ဆာန်အပိုင်းအစအလဲအလှယ်mallတွင် ပါလာသည့် ဇယားကို စိုက်ကြည့်နေမိသည်။

ဘာတွေဖြစ်နေတာလဲ။

ဘာလို့ ဒိုင်နိုဆောတွေကြီးပဲ ပေးနေတာလဲ။

အားလုံးက ဒိုင်နိုဆောတွေကြီးပဲ။ အားလုံးက အသားစားတွေကြီးပဲ။

ထရန်နိုဆောရပ်တစ်ကောင်ကတင် သူ့ကို ခေါင်းကိုက်စေပြီဖြစ်သည်။ နောက်ထပ်တစ်ကောင်သာ ထပ်ထည့်လိုက်သော် သူမတတ်နိုင်ချေ။ သို့သော် စနစ်က အထူးအပိုင်းအစ တာဝန်တစ်ခုကိုလည်း refreshလုပ်ထားပေးသည်။ ထူးခြားသော နာမည်ကို မထည့်ထားပေးချေ။

“စနစ် ဒါက ဘာတိရိစ္ဆာန်အပိုင်းအစလဲ”

ဆုပိုင်က မနေနိုင်ဘဲမေးလိုက်သည်။

“ဒါက မှော်သေတ္တာလိုမျိုးပါ။ အဲဒီကိုသွားပြီးမှ နားလည်ပါလိမ့်မယ်။ တင်ဆက်သူရဲ့ လိုအပ်ချက်ကို အထူးတလည် ဖြည့်ဆည်းပေးသလို ဖန်တီးပေးထားတာဖြစ်လို့ တင်ဆက်သူကို စိတ်မပျက်စေလောက်ပါဘူး”

“ဟင်”

ဆုပိုင်က အသက်ပြင်းပြင်းရှူလိုက်သည်။ သူသည် ထိုအထူးအပိုင်းအစကို ချက်ချင်းလိုလို လဲလှယ်လိုက်သည်။ သူသည် ကျောပိုးအိတ်ထဲမှ ပစ္စည်းများကိုလည်း ဂရုစိုက် စစ်ကြည့်လိုက်သေးသည်။

“တာဝန်စ”

သူက တစ်ချက်အော်လိုက်သည်။

“အထူးအပိုင်းအစတာဝန်က စတင်ပါပြီ။ အချိန်ရေတွက်နေပြီ”

တစ်ဆယ်။ ကိုး။ ရှစ်....။

“စောင့်ကြည့်ဌာနက ဒီမှာပဲ။ ဆင်းချင်တဲ့ ခရီးသွားတွေ ကျေးဇူးပြုပြီး ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို စစ်ပြီးမှ နောက်ခန်းတံခါးကနေ ဖြတ်ဆင်းပေးကြပါ”

“တံခါးဖွင့်တဲ့အချိန်မှာတော့ သတိထားကြပါ။ သတိထားပြီး ကျေးဇူးပြုပြီး ဖြည်းဖြည်းချင်း ဆင်းကြပါ”

ဆုပိုင်က မျက်လုံးကို တဖြည်းဖြည်းချင်း ဖွင့်လိုက်သောအခါ သူသည် လူထူထပ်သော ဘတ်စ်ကားထဲတွင် ထိုင်နေကြောင်း တွေ့လိုက်ရသည်။ ထိုအချိန်တွင် နောက်ခန်းတံခါးက ပွင့်သွားပြီး လူတစ်အုပ်က ဆင်းနေကြသည်။

သူသည် ကျောပိုးအိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး မျက်လုံးကိုမှေးကျဥ်းကာ ဘေးဘီကို ကြည့်သည်။ သို့သော် မည်သည့်တိရိစ္ဆာန်ကိုမှ မမြင်ရချေ။

“ဒါက ဘယ်လိုတာဝန်လဲ”

ဆုပိုင်က မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။

ဒီတာဝန်မှာ တိရိစ္ဆာန်နာမည်တောင်မရှိဘူး။ ဒါက မျက်လုံးမည်းတစ်စုံလိုပဲ။

ပိုပို၍များပြားသော လူများက ဘတ်စ်ကားအတွင်း ပြည့်ကျက်လာသောအခါ လူထူထပ်လာသည်။

ဆုပိုင်က ပြတင်းပေါက်အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်သောအခါ အပြင်ဘက်ရှိ အဆောက်အအုံများက သူအချိန်ခရီး သွားလာခဲ့ခြင်းမရှိခင်ခေတ်က အခြေအနေမျိုးနှင့် တူနေကြောင်း တွေ့လိုက်ရသည်။ ထိုလူများ၏ အဝတ်အစားအရ ဒီအချိန်ကာလဟာ ၂၀၁၅ဝန်းကျင်ဖြစ်နိုင်သည်။

“ဆင်း”

ထိုအခိုက် အရှေ့မှ ခပ်ကြမ်းကြမ်းအော်သံက ထွက်လာသည်။ လူတိုင်းက မော့ကြည့်လိုက်ကြသည်။

ခပ်ဝဝ ယာဥ်မောင်းသူက မောင်းသူနေရာမှ ထရပ်လိုက်ပြီး တံခါးကိုညွှန်လျက် လည်ချောင်းနီသည်အထိ လှမ်းအော်သည်။

“မင်းတို့ ထပ်မတက်နိုင်တော့ရင် ထပ်ဆင်းတော့”

“ကားထဲမှာ လူတွေ ဒီလောက်များနေတာ။ ဒါကြီးကို မင်းတို့နဲ့အတူ မသယ်သွားနိုင်ဘူးလား”

သို့ရာတွင် ကားထဲတွင် လူအလွန်များနေသောကြောင့် ဆုပိုင်က လည်ကိုဆန့်ပြီး မနည်းကြည့်လိုက်ရသည်။

“မြန်မြန်လေး မောင်းပါတော့”

“ဟုတ်တယ် ဟုတ်တယ် ငါတို့အလျင်လိုနေတယ်ကောင်မလေး။ မြန်မြန်လေးတက်ပြီး မြန်မြန်လေး ဆင်းပါတော့။ မဟုတ်ရင်လည်း နောက်တစ်စီးကို ပြောင်းစီးလိုက်တော့”

“ငါပြောမယ်။ သူတို့အားလုံး ကန်းနေကြလား။ ဒီနေရာကို ထွက်လာပြီး ဘာလုပ်တာလဲ။ မင်းဒုက္ခများနေလို့လား”

ဆုပိုင်က ထိုစကားကို ကြားသောအခါ ကြောင်အသွားသည်။ သူသည် ထိုင်ခုံမှ အလျင်အမြန်ထရပ်လိုက်ပြီး လူအုပ်ကို တွန်းထိုးလျက် ကားတံခါးရှိရာဘက်သို့ သွားသည်။

ထိုနေရာတွင် ကားတံခါးတွင် ကူကယ်ရာမဲ့စွာဖြင့် ရပ်နေသော ကောင်မလေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူမ၏ မျက်လုံးထဲတွင် မျက်ရည်များ ရှိနေ၏။ သို့သော် ကောင်မလေးက အလွန်သန်မာကြောင်း မြင်နိုင်သည်။ မျက်ရည်တစ်စက်မှ ကျမလာချေ။

ကောင်မလေး၏ ခြေထောက်နားတွင် တစ်ကိုယ်လုံးရွှေရောင်အမွေးများ ပြည့်နှက်နေသည့် ခွေးကြီးတစ်ကောင်ကို တွေ့ရသည်။

ထိုအချိန်တွင် ထိုခွေးက အပြစ်ကင်းစင်သော မျက်လုံးကြီးတစ်စုံနှင့်အတူ မြေပြင်တွင် လှဲနေသည်။

အရှေ့မှ လူများက သူ့ကိုနာကျင်အောင် လုပ်ချင်သည့် ကိစ္စနဲ့ပတ်သက်ပြီး သူဟာ နားလည်ပုံမရပေ။ ထိုလူများသည် သူတို့ကို ကားပေါ်မတက်အောင် တားထားကြသည်။

“ငါက ငါက မျက်လုံးမမြင်ဘူး။ ငါ့မှာ လက်မှတ်ရှိတယ်။ သုန့်သုန့်က လမ်းညွှန်ခွေးလေ။ ပြောကြတာက လမ်းညွှန်ခွေးတွေလည်း ကားပေါ်တက်လို့ရတယ်တဲ့”

“ဦးလေး ကျေးဇူးပြုပြီး ငါ့ကိုတက်ခိုင်းပါ”

“သူကတံခါးမှာပဲ ရပ်နေမှာပါ။ ဟောင်လည်းမဟောင်ဘူး။ လှုပ်လည်းမလှုပ်ဘူးလေ။ ကတိပေးပါတယ်”

ကောင်မလေးက ငိုရင်းထိုသို့ပြောသည်။

ထိုင်းမှိုင်းနေသော မျက်ဝန်းတစ်စုံက အရှေ့ဘက်သို့ လှမ်းကြည့်လိုက်သည်။ သို့သော် မည်သည့်နေရာသို့ ရွေ့လျားသင့်ကြောင်း မသိသေးချေ။

“ဆင်း”

ယာဥ်မောင်းသူက စိတ်မရှည်ဖြစ်နေသည့် ခရီးသည်များကို တစ်ချက်ကြည့်ပြီး အော်လိုက်သည်။

“ငါတို့ကုမ္ပဏီက ဘယ်တိရိစ္ဆာန်ကိုမှ ကားပေါ်တက်ခွင့်မပြုဘူး။ မြန်မြန်လေးဆင်းကြ”

“သိပ်မကြာခင် အချိန်ကုန်တော့မယ်။ အဲဒီအတွက် မင်းပိုပေးနေရလိမ့်မယ်”

“အာ”

“ငါတော်တော်လေးကို သဘောကျသွားတယ်။ ဘယ်လိုကြောင့်များ ပထမဦးဆုံးကားစထွက်တဲ့အချိန်မှာတင် ဒီလောက်ထိ ကံဆိုးနေတာလဲ”

ကားမောင်းသမားက ခပ်တိုးတိုးဆဲရေးလိုက်ပြီး ရှေ့မှကောင်မလေးက မလှုပ်သေးကြောင်း မြင်သောအခါ အော်ပြန်သည်။

“ဟူး”

ဆုပိုင်က စကားပြောမည့်အချိန်တွင် ဘေးဘက်မှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက သူ့ကိုတွန်းပြီး ရှေ့မှကောင်မလေးကို လက်ညှိုးထိုးလျက် ဆဲပြန်သည်။

“နင့်ကိုနင်ကြည့်ဦး။ ဒီလောက်ငယ်သေးတာ။ ဘာလို့ ဒီလောက်ထိ ဆိုးနေတာလဲ”

“အားလုံးက အလျင်လိုနေကြတာ။ နင်က ကားတံခါးကို ပိတ်ထားတယ်။ နောက်ကကားတွေ တွေ့တာတောင်မှ ရှေ့ဆက်မလျှောက်ဘူး”

“နင်က မျက်လုံးမမြင်ရုံတင်မဟုတ်ဘဲ နားပါကန်းနေတာလား။ ပြောတာတွေမကြားဘူးလား”

ကားထဲတွင် ရပ်နေသော လူများက တစ်ယောက်ပြီးတစ်ယောက် ဝိုင်းပြောကြသည်။

“ဟုတ်တယ် ဟုတ်တယ်။ ကောင်မလေးက ဒီလောက်ငယ်ငယ်လေးနဲ့ ဒီလောက်အထိ စိတ်ထားက ဆိုးယုတ်နေပြီ။ ငါ့အထင် သူကန်းနေတယ်ဆိုတာကလည်း ဟန်ဆောင်နေတာပဲ နေမှာပါ။ ဒီလိုသူခိုးတွေ အများကြီးပဲ”

“အို ကျေးဇူးပြုပြီး ကောင်မလေးရယ် မြန်မြန်လေး ဆင်းသွားပါတော့။ ငါက ကျန်းမာရေးမကောင်းပါဘူး။ ဆေးရုံကို သွားရဦးမယ်”

“ဟုတ်တယ် ဟုတ်တယ်။ ထွက်သွားတော့။ ဘာလို့ ဒီလောက်ထိ မုန်းစရာကောင်းတာလဲ။ တော်တော်လေးကို စိတ်ရှုပ်စရာပဲ။ ခွေးအစုတ်အပဲ့ကိုလည်း ခေါ်လာသေးတယ်။ အား တော်တော်လေးကို ရှက်ဖို့ကောင်းတယ်”

.......။

“တိတ်စမ်း”

သည်းမခံနိုင်တော့သည့် ဆုပိုင်က ခပ်ကျယ်ကျယ်အော်လိုက်သည်။ သူဟာ ရှေ့မှ လူများကို နီရဲသော မျက်လုံးများဖြင့်ကြည့်သည်။

“သုန့်သုန့် သုန့်သုန့် ဆင်းရအောင်”

“ငါတောင်းပန်ပါတယ်။ အားလုံးပဲ ငါဆင်းပါ့မယ်”

“သုန့်သုန့် ။ သုန့်သုန့်”

ကောင်မလေး၏ မျက်ရည်များက စီးကျလာပြီဖြစ်သည်။ ထိုတစ်ခဏတွင် သူမ၏ပါးက စိုရွှဲသွားပြီး အဝတ်များကပင် စိုကုန်သည်။

ဖုန်း။

ကောင်မလေးက ခြေထောက်တစ်ဖက်မချနိုင်သေးခင် ကားက စထွက်သည်။ ချက်ချင်းဆိုသလိုပင် ကောင်မလေးက မြေပြင်သို့ တရွတ်တိုက် လဲကျသွားသည်။

ဆုပိုင်က ကားတံခါးဝတွင် ရပ်လျက် မြေပြင်သို့ လဲကျသွားသည့် ကောင်မလေးကို ကြည့်ပြီး သူ၏နှလုံးသားက အပ်များဖြင့် အထိုးခံရသလို ခံစားလိုက်ရသည်။

သူဟာ ဒရိုင်ဘာနားတွင် ရပ်လျက် အေးစက်သော မျက်နှာနှင့် လှမ်းအော်လိုက်သည်။

“အခုရပ် ငါဆင်းမယ်”

“စထွက်နေပြီ။ ရပ်လို့မရတော့ဘူး”

“ငါရဲခေါ်ရမလား။ ကားကိုအခုရပ်လို့ ပြောနေတယ်”

ဆုပိုင်က ထပ်အော်သည်။

ကျွီ။

ကားဒရိုင်ဘာက တစ်ချက်ပင့်သက်ရှိုက်ပြီး ဘရိတ်ကို အုပ်လိုက်သည်။ ထိုလူငယ်က ခုန်ဆင်းသွားကြောင်း မြင်မှသာ ထပ်မောင်းသည်။

“ဟွန့် ရှက်စရာပဲ”

“ဒီကောင်လေးက အဲဒီကန်းနေတဲ့ကောင်မလေးကို သွားကူညီမလို့ထင်တယ်”

“ဟွန့် ဒီကောင်မလေးက သူခိုးလေးလည်း ဖြစ်နိုင်တာပဲ။ သူ့ဆီက ခိုးလိုက်ရင် ဘယ်လိုဆက်လုပ်မှာလဲ”

“တုံးလိုက်တာ”

သူက တစ်ချက်ဆဲရေးလိုက်ပြီး ခပ်မြန်မြန် မောင်းနှင်သွားသည်။

ဆုပိုင်က အိတ်ကိုသယ်လျက် မြေပြင်တွင် လဲကျနေသည့် ကောင်မလေး၏ အနားသို့ အပြေးသွားသည်။

“အူး”

ရွှေရောင်ခွေးကြီးက ကောင်မလေး၏ ဘေးနားတွင် လှဲလျက် ခပ်တိုးတိုး အော်နေသည်။ သူက စိတ်မကောင်း ဖြစ်နေပုံရသည်။

“သုန့်သုန့် မငိုနဲ့နော်။ ငါ့အမှားပါ”

“နင်ဒီနေ့ မထွက်လာသင့်ဘူး။ ပြန်ရအောင်”

“ငါတို့ကားစီးဖို့ နင့်ကိုခေါ်သွားလို့ရမယ်မထင်ဘူး။ မငိုနဲ့နော် ဟုတ်ပြီလား”

ကောင်မလေးက မတ်တပ်ထရပ်လိုက်ပြီး ထိုခွေးကို လက်မောင်းဖြင့် ပွေ့ထားသည်။ ခွေးကြီးက သူမကို ဆက်တိုက်နှစ်သိမ့်ပေးနေသည်။

“ဟူး”

ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး ကောင်မလေး၏ ဘေးနားသို့ သွားလျက် ပြုံးရယ်ကာပြောလိုက်သည်။

“ကောင်မလေး ဘယ်သွားမလို့လဲ။ ဒီအစ်ကိုကြီးက လိုက်ပို့ပေးမယ်လေ”

........။

“နင်က ဘယ်သူလဲ”

ကောင်မလေးက ကြောက်လန့်တကြား ထရပ်လိုက်ပြီး သုန့်သုန့်ကို ဘေးဘက်သို့ ဆွဲလျက် စတင်ကာ နောက်ဆုတ်သည်။

“မလိုဘူး။ ငါဘယ်မှမသွားဘူး။ သုန့်သုန့် သွားရအောင်”

ဆုပိုင်က ရှေ့မှ နှစ်ယောက်ကိုကြည့်ပြီး သက်ပြင်းချမိသည်။

[အား ငါဒေါသထွက်လို့ သေတော့မယ်။ ဘယ်လောက်ဆိုးလိုက်တဲ့ယာဥ်မောင်းသမားလဲ။ သူ့ရဲ့အရည်အသွေးက တအားနိမ့်တာပဲ]

[ဒါက ယာဥ်မောင်းသမားတင် မဟုတ်ဘူးနော်။ ခရီးသည်တွေရဲ့ မျက်နှာတွေကိုလည်းကြည့်ဦး။ ငါအန်မိတော့မယ်။ လူကြီးတွေဖြစ်ပြီး စာနာသနားစိတ်ကိုမရှိဘူး]

[တော်တော်လေးကို လက်သင့်မခံနိုင်စရာပဲ။ အဲဒီခွေးကြီးက ငိုတောင်ငိုနေပြီ တွေ့လား]

[ကောင်မလေးက ခွေးကြီးကိုဖက်ပြီး အတူငိုနေကြတာ။ ငါဆက်ပြီးတောင် မကြည့်နိုင်တော့ဘူး ဝူး]

[တော်တော်လေး သနားဖို့ကောင်းတယ်။ ဒီလူတွေက တော်တော်လေးကို စာနာသနားစိတ် မရှိကြဘူး။ ဘယ်လိုကြောင့်များ ဒီလိုဖြစ်နေရတာလဲ။ ကန်းတဲ့သူတွေမှာ ဘာအခွင့်အာဏာမှ မရှိတော့ဘူးလား။ ဒါတွေအပြင် ဒီခွေးက ဒီလောက်လိမ္မာတာ။ တခြားသူတွေရဲ့ ကိစ္စတွေကိုလည်း နှောင့်နှေးကြန့်ကြာအောင် မလုပ်ဘူးလေ]

[ငါတို့ကို ကျောင်းမှာသင်တဲ့ ဆရာတွေက ဒုက္ခိတတွေကို ကူညီကယ်ဆယ်ဖို့ပြောတယ်။ ဒီလူတွေကတော့ ဒီလောက်ထိ ရွံဖို့ကောင်းတယ်။ ငါမနက်ဖြန် ဆရာ့ကို ပြောရမယ်]

........။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူအများက ထွက်သွားသော ကားကိုကြည့်ပြီး အော်ပြောနေကြသည်။ ကောမန့်တစ်ခုပြီးတစ်ခုက တက်လာပြီး ထိုနေရာတွင် ပွက်လောရိုက်သွားသည်။

လူတိုင်းကလည်း အဖြစ်အပျက်ကြောင့် ဝမ်းနည်းနေကြသည်။

သူတို့က ချက်ချင်းထွက်ပြီး ကားပေါ်မှ လူများကို သင်ခန်းစာပေးနေကြ၏။ တော်တော်လေးကို သည်းမခံနိုင်စရာပဲ။

“ဟူး”

ဆုပိုင်က အရှေ့မှ လျှောက်သွားသည့် ကောင်မလေးကို ကြည့်ရင်း အသက်ပြင်းပြင်းရှူလျက် နောက်မှ တိတ်တဆိတ် လိုက်သွားသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကောမန့်များကို မြင်သောအခါ ဆုပိုင်၏ နှုတ်ခမ်းက တင်းတင်းစေ့ပိတ်သွားသည်။

ထို့နောက် သူက ပြောလိုက်၏။

“လူတိုင်းကလည်း မမျှတလောက်ဘူးလို့ ခံစားနေရလောက်တယ်။ ဒါပေမဲ့ သူတို့လည်း လူသားတွေပဲ။ ဘာလို့ သူတို့က လူအချင်းချင်း ဒီလိုမျိုး ခွဲခြားဆက်ဆံနေရတာလဲ”

“ငါဒီနေ့ ခင်ဗျားတို့ကို ပြောပြချင်တာက ငါတို့ရဲ့ အစစ်အမှန်လူမှုအသိုင်းအဝိုင်းမှာလည်း ဒီလိုအခြေအနေတွေ အများကြီး ရှိတယ်ဆိုတာပဲ။ တိရိစ္ဆာန်တွေ မျိုးတုန်းပျောက်ကွယ်သွားပြီးကတည်းက လမ်းတွေပေါ်မှာ မျက်လုံးကန်းတဲ့သူတွေကို တွေ့ဖို့တောင် တော်တော်လေး ခက်ခဲသွားမယ်မဟုတ်လား”

“ဘာလို့လို့ထင်လဲ”

“ဘာလို့လဲဆိုတော့ သူတို့က အပြင်မထွက်နိုင်ကြလို့ တစ်ချိန်လုံး အိမ်ထဲမှာပဲ နေနေရတယ်။ ဘာလို့ဆို သူတို့မမြင်နိုင်ဘူးလေ”

“ဒါပေမဲ့ ဒီလိုကြီးမားတဲ့ ဖျက်ဆီးမှုပြီးသွားတဲ့ ခေတ်ကာလမတိုင်ခင် ရှေးခေတ်ကာလမှာဆိုရင် လမ်းတွေပေါ်မှာ မျက်လုံးမမြင်တဲ့သူတွေကို မကြာခဏတွေ့နိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့က မမြင်နိုင်ပေမဲ့လည်း သူ့ကို ကူညီပေးမဲ့သူတွေက ရှိနေလို့လေ”

“ရှေးခေတ်ကာလမှာ ငါတို့တရုတ်တွေရဲ့ လူဦးရေရဲ့ သန်း၂၀လောက်က မျက်လုံးမမြင်ကြတဲ့လူတွေပဲ။ အရေအတွက်က ဒီလောက်ထိ မြင့်ပါတယ်။ ဘာကြောင့်လို့ထင်လဲ။ လူအယောက်ခုနှစ်ဆယ်မှာ တစ်ယောက်လောက်က ကန်းနိုင်ချေရှိတယ်”

“အခုတွေ့လိုက်ရတဲ့ ဒီတိရိစ္ဆာန်ကို လမ်းညွှန်ခွေးလို့ခေါ်တယ်။ ဒါက ဒီမျက်လုံးမမြင်တဲ့ ကောင်မလေးကို လမ်းပြပေးတဲ့သူလေ”

ဆုပိုင် အချိန်ကူးပြောင်းလာခြင်း မရှိခင်ကာလတွင်လည်း ဒေတာများ၏ တင်ပြချက်အရ အကောင်၂သောင်းခန့်ပင် မရှိချေ။ သို့သော် ထိုမျှ ရှိနေခြင်းကတင် မှင်တက်ဖွယ် ကောင်းနေပြီဖြစ်သည်။ အကြောင်းမူကား မျက်လုံးမမြင်သော လူအယောက် သန်း၂၀တွင် လမ်းညွှန်ခွေးက နှစ်သောင်းသာရှိသည်။ ထို့ကြောင့် ခွဲဝေပေးရန် မဖြစ်နိုင်ချေ။

အဓိက အကြောင်းပြချက်ကမူ ယခုလိုမျိုး နေရာအများစုက လမ်းညွှန်ခွေးများကို ရွံရှာကြခြင်းဖြစ်သည်။ ဘတ်စ်ကားများ။ ရထားလိုင်းများ။ စားသောက်ဆိုင်များ အစသဖြင့် နေရာအများစုတွင် မျက်လုံးမမြင်သောလူများကို အလွန့်အလွန် ခွဲခြားဆက်ဆံကြသည်။ လမ်းညွှန်ခွေးတစ်ကောင် ရောက်ရှိပြီးနောက် နေရာများသို့ ဝင်ရောက်ရန် ပို၍ပင် ခက်ခဲလာသေးသည်။

“ဒီတစ်ကြိမ် တင်ဆက်သူရဲ့ တာဝန်က လမ်းညွှန်ခွေးတွေကို မြင်နိုင်အောင် ပြသပေးမှာပါပဲ။ တစ်ချိန်တည်းမှာပဲ ဒီလိုခွေးမျိုးတွေက ဘယ်လောက်ပဲ ကြိုးစား ကြိုးစား တခြားသူတွေ အသိအမှတ်ပြုတာကို မခံရနိုင်ဘူးဆိုတာကိုလည်း သိစေချင်တယ်”

ဆုပိုင်က အရှေ့မှ စိတ်ဓာတ်ကျနေသည့် ကောင်မလေးကို ကြည့်သည်။ ထိုကောင်မလေးနှင့် လမ်းညွှန်ခွေးတို့က တဖြည်းဖြည်းချင်း လျှောက်သွားနေကြသည်။ သူက ထိုလူများကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။

“ခွေးတွေဆိုတာက ကောင်းကင်ပြာတိရိစ္ဆာန်ရုံက လူတော်တော်များများ ရင်းနှီးနေမဲ့ သတ္တဝါလေ။ ဟာလီလည်း အဲဒီလိုပဲ။ ဒီလို သတ္တဝါမျိုးတွေက တော်တော်လေး တက်ကြွကြတယ်”

“နောက်ပြီး မင်းတို့အခု သတိထားမိလားတော့မသိဘူး။ ဒီကောင်မလေးက အဆူအပြောခံနေရတဲ့အချိန်မှာ လမ်းညွှန်ခွေးက တစ်ချိန်လုံးတိတ်ပြီး နာနာခံခံ နေပေးတယ်။ ဒါက လမ်းညွှန်ခွေးတွေ ကိုယ့်ကိုယ်ကိုယ် စတေးထားတာပဲ။ သူတို့ရဲ့ တက်တက်ကြွကြွနေတတ်တဲ့ ပင်ကိုစရိုက်ကိုစတေးပြီး မျက်လုံးမမြင်တဲ့လူတွေ အကူအညီလိုတဲ့အချိန်မှာ ကူညီပေးတယ်။ တိကျတဲ့ အမိန့်မျိုးသာ မရှိရင် သူတို့က တစ်နေရာတည်းမှာပဲ အချိန်အကြာကြီး ရပ်နေပေးနိုင်တယ်”

“ဒါပေါ့ ငါတို့ ဒီကောင်မလေးရဲ့နောက်ကို လိုက်သွားမယ်ဆိုရင် အခြေအနေတွေအားလုံးကို မြင်ရမှာကိုတောင် စိုးရိမ်မိသေးတယ်”

ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို တစ်ချက်ဖယ်လိုက်ပြီး အနောက်မှ ဆက်လိုက်သွားသည်။

“သုန့်သုန့် ဝမ်းမနည်းပါနဲ့။ ဟုတ်ပြီလား”

ကောင်းယွဲ့က ကြိုးလေးကိုဆွဲပြီး လမ်းညွှန်ခွေး၏ နောက်မှလိုက်ကာ ခပ်တိုးတိုးပြောသည်။

“ဝု”

အရှေ့မှ သုန့်သုန့်၏ ငိုသံလိုအသံမျိုးကို ကြားသောအခါ ကောင်းယွဲ့၏မျက်နှာတွင် အပြုံးက ပေါ်လာသည်။ သူမသည်လည်း ဒီလိုအခြေအနေမျိုးကို အကြိမ်ပေါင်းများစွာ ကြုံပြီးလေပြီ။ သို့ရာတွင် ကံကောင်းစွာဖြင့် သုန့်သုန့်က သူမနှင့်အတူ ရှိနေသည်။

ဆုပိုင်က အနောက်မှ တိတ်တဆိတ် လိုက်သွားသည်။ ထို့နောက် လမ်းကွေးသော နေရာသို့ ရောက်သွား၏။ လူတိုင်းက စိတ်ရှည်ရှည်နှင့် မီးနီကို စောင့်နေကြသည်။

ရွှေရောင်ခွေးကြီးက ကောင်းယွဲ့၏ အရှေ့တွင် နာခံစွာ ရပ်ပေးပြီး လမ်းပြစစ်သည်တော်အလား တာဝန်ထမ်းဆောင်သည်။ သူသည် ခေါင်းကို မြင့်မားစွာ မော့ထားသည်။ သူ၏မျက်လုံးများက မီးပွင့်မှ မီးအလင်းရောင်များထံတွင်သာဖြစ်သည်။ အရောင်က စတင်ကာပြောင်းသည်နှင့် သူဟာ သခင်လေးကိုခေါ်ပြီး လမ်းကူးပေးမည်ဖြစ်သည်။

“ဟေး ခွေးက ဘယ်လောက်နာခံတတ်လဲ ကြည့်ပါဦး။ လုံးဝမလှုပ်ဘူး”

ထိုအချိန်တွင် အနီးနားးတွင် ရပ်နေသော စုံတွဲတစ်တွဲရှိသည်။ ကောင်လေးက ရွှေရောင်ခွေးလေးကို ခြေထောက်ဖြင့် လှမ်းတို့ရင်း ပြုံးကာပြောသည်။

“ငါ့ကိုတောင် အာရုံမစိုက်ဘူးပေါ့။ မဟုတ်တာ”

“နင်ဒီမှာမုန့်ကျသွားတယ်မဟုတ်လား။ မုန့်လေးကောက်ပြီး သူ့ကိုစကြည့်ပါလား။ မီးနီဖို့က စောပါသေးတယ်။ စောင့်နေတဲ့အချိန်မှာ ပျော်ပျော်ပါးပါးရှိတာပေါ့”

သုန့်သုန့်က ထိုနှစ်ယောက်ကို ရှောင်ရန်အတွက် ဘေးဘက်သို့ တိတ်တဆိတ် ဖယ်လိုက်သည်။

သူတို့သည် လမ်းညွှန်ခွေးများ ဖြစ်သည့်အတွက် အထူးတလည် လေ့ကျင့်မှုကို ကျော်ဖြတ်ခဲ့ပြီးသား ဖြစ်သည်။ လမ်းတွင် တွေ့ကရာ အစားအစာများကို စားခွင့်မရှိချေ။ တခြားသော သူများနှင့်လည်း အများကြီး ဆက်သွယ်၍မရချေ။

အနောက်ဘက်တွင် သခင်လေးရှိသည်။ ထိုသခင်လေးက မျက်လုံးမမြင်ချေ။ သူသာ မှားသွားခဲ့လျှင် အကျိုးဆက်က ကြီးနိုင်သည်။

သုန့်သုန့်သည် ထိုလူနှစ်ယောက်နှင့် အနည်းငယ်ဝေးနေသေးသော်လည်း ကောင်လေးကမူ လွှတ်ပေးချင်ပုံမရဘဲ ကြက်အူချောင်းတုံးလေးကို ယူလျက် ငုံ့ကိုင်းလာပြီး ရွှေရောင်ခွေးကြီး၏အရှေ့တွင် ရမ်းပြသည်။

“ဟေး မင်းကတအားတော်တာပဲ။ ဘာလို့မစားတာလဲ”

သူက အေးစက်စွာ အော်သည်။

“အွန့် မင်းလုံးဝမဟောင်ဘူးလို့ ငါမယုံဘူး”

သူက ထိုသို့ပြောပြီး ရွှေရောင်ခွေး၏ လက်သည်းတစ်ဖက်ကို တက်နင်းကာ ခပ်ကြမ်းကြမ်းဖိချသည်။

ဂျွတ် ဂျွတ် ဂျွတ်။

သုန့်သုန့်က အံတင်းတင်းကြိတ်ထားသည်။ သူ၏ ကိုယ်က တုန်ယင်လာသည်။ သို့သော် တစ်ချိန်လုံး သူဟာအသံမထွက်ချေ။

“ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့။ ဟုတ်ပြီလား”

“ဒါက လမ်းညွှန်ခွေးပါ။ အနိုင်မကျင့်ပါနဲ့”

“သုန့်သုန့် သုန့်သုန့် အဆင်ပြေရဲ့လား”

ကောင်းယဲ့က လက်လေးကို ဆန့်ပြီး မျက်လုံးရှေ့တွင်ရမ်းကာ အသံလာရာဘက်သို့ အသနားခံသည်။

“ဟားဟား လမ်းညွှန်ခွေးလား”

“ဒါက ခွေးပဲမဟုတ်ဘူးလား။ အပျော်ရှာတာ ဘာမှားလို့လဲ။ ပျင်းစရာကောင်းတယ်”

ကောင်လေးက လှောင်လိုက်ပြီး တစ်ဖက်မှ ချက်ချင်းနီသွားသော အလင်းရောင်ကို ကြည့်ကာ ကောင်မလေးကိုခေါ်လျက် ထွက်သွားသည်။

“နေဦး”

ရုတ်တရက် အနောက်ဘက်မှ အော်သံတစ်သံက ထွက်လာသည်။ ထို့နောက် သန်မာသော လက်တစ်စုံက သူ၏လည်တိုင်ကို ဖျစ်ညှစ်လျက် ဘေးဘက်သို့ ဆွဲခေါ်လိုက်သည်။

“မင်းက ဘာကောင်လဲ။ ဘယ်သူ့ကိုလာပြီး ထိန်းချုပ်ချင်နေတာလဲ”

ဖြန်း။

ဆုပိုင်က သူ့ငကို လက်တစ်ဖက်တည်းဖြင့် ဆွဲကိုင်မြှောက်လျက် ခပ်ကြမ််းကြမ်း ပါးရိုက်သည်။

“တောင်းပန်”

“ဒီကောင်မလေးကိုတောင်းပန်။ ခွေးကိုတောင်းပန်”

“ငါမလုပ်နိုင်...”

ဖြန်း။

ဆုပိုင်က သူ့ကို ပါးထပ်ရိုက်သည်။ သူက သုန်မှုန်သော မျက်နှာနှင့် အေးစက်စွာ ပြောလိုက်သည်။

“ချက်ချင်းတောင်းပန်။ ယုံချင်ရုံမယုံချင်နေ။ ငါမင်းကို အဝတ်အစားတွေအားလုံးချွတ်ပြီး လမ်းပေါ်ကို လွှင့်ပစ်လိုက်မယ်”

“အစ်ကိုကြီး ထားလိုက်ပါ”

ထိုအချိန်တွင် ကောင်းယွဲ့က တုန်ယင်စွာပြောလာသည်။

“ငါအဆင်ပြေပါတယ်။ သုန့်သုန့်ကလည်း ဒေါသမထွက်ပါဘူး။ သွားရအောင်”

+++++

အပိုင်း (186)

“ကော ငါတို့က သိပ်မကြာခင် ရောက်တော့မှာဆိုတော့ လိုက်ပို့ပေးဖို့မလိုပါဘူး”

ကောင်းယွဲ့က လမ်းမီးရောင်အောက်တွင် စောင့်နေရာမှ ဆုပိုင်ကို လှည့်ပြောသည်။

“ဒါ့အပြင် လမ်းက ပြန်လျှောက်သွားလို့လွယ်တာမဟုတ်ဘူး ဆုပိုင်ကော”

“ဟားဟား ရပါတယ်”

“ငါမင်းကို အဲဒီနေရာအထိ လိုက်ပို့ပေးမယ်”

ဆုပိုင်က ပြုံးပြီး လက်ရမ်းပြသည်။ ထို့နောက် အရှေ့ရှိ ကောင်မလေးက မမြင်နိုင်ကြောင်း သတိရသွားလေရာ အနည်းငယ် မသက်မသာဖြစ်သွားလေသည်။

ဒီလောက်ကြင်နာတတ်တဲ့ ကောင်မလေးက တကယ်ကို.....။

ထို့နောက် ဆုပိုင်က သူမ၏နောက်မှ တောက်လျှောက်လိုက်သွားပေးပြီး ၃နာရီကျော်ခန့်အထိ လမ်းလျှောက်ပြီး လိုက်ရသည်။

မေးခွန်းထုတ်ပြီးနောက် ဒီနေ့လိုဖြစ်ရပ်မျိုးက ကြုံတွေ့နေကျမဟုတ်ကြောင်း သိလိုက်ရ၏။ ကောင်းယွဲ့သည်လည်း အမြဲတစေ ဘတ်စ်ကားစောင့်နေခြင်း မရှိချေ။ လမ်းညွှန်ခွေးနှင့်သာ တဖြည်းဖြည်းချင်း ပြန်လျှောက်တတ်သည်။

ဟူး။

ဆုပိုင်က အသက်ပြင်းပြင်းရှူလိုက်ပြီး ပြုံးကာပြောသည်။

“အိမ်မှာ တခြားလူတွေမရှိဘူးလား”

“ငါလက်ဆောင်တွေ ဝယ်သွားရင်ဘယ်လိုလဲ”

“မဟုတ်တာ”

ကောင်းယွဲ့က အနည်းငယ် စိတ်ရှုပ်ထွေးသလိုဖြစ်သွားသည်။ ထို့နောက် လေသံတိုးတိုးဖြင့် ပြောလာ၏။

“ဒီတိုင်း ငါနဲ့ သုန့်သုန့်ပဲ ရှိတာပါ။ ငါတို့တွေ ဘာမှဝယ်ဖို့မလိုပါဘူး”

ထို့နောက် တိတ်ဆိတ်မှုက ကြီးစိုးသွားပြန်သည်။

ဆုပိုင်က သူမ၏နောက်မှ တိတ်တဆိတ်လိုက်သည်။ ထိုသို့ဖြင့် ဘေးပတ်ဝန်းကျင်ရှိ မြေမျက်နှာသွင်ပြင်အနေအထားကို ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာလေသည်။ ယခုအခါ သူတို့သည် မြို့အတွင်းမှ ရွာနှင့်တူသော နေရာတစ်ခုသို့ ဝင်ရောက်နေခြင်းဖြစ်သည်။

လမ်းများက အနည်းငယ် ရှုပ်ထွေးလာပြီး လူများကလည်း များပြားလာသည်။

လူအများက မျက်မမြင်ကောင်မလေးကို သိချင်စိတ်ပြင်းပြစွာဖြင့်ကြည့်ပြီး လက်ညှိုးထိုးနေကြသည်။ အသံက တိုးသော်လည်း ဆုပိုင်က ကြားနိုင်သည်။ ကောင်းယွဲ့သည်လည်း ကြားနိုင်လောက်သည်။

သို့ရာတွင် ကောင်မလေးကမူ နှုတ်ခမ်းကိုသာကိုက်ပြီး သုန့်သုန့်ကိုသာခေါ်လျက် စကားတစ်ခွန်းမဆိုဘဲ ဆက်သွားနေသည်။

သိပ်မကြာခင် ယိုယွင်းသော အိမ်တစ်အိမ်သို့ ရောက်သွားသည်။ ဆုပိုင်က မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုအိမ်ဟာ သိသာစွာပင် အိုဟောင်းနေလေပြီ။ ပတ်ဝန်းကျင်ရှိ နံရံများတွင်လည်း ဖြိုချရန်ဆိုသောစာကို ရေးသားထားသည်။

ထိုအိုမင်းနေသောအိမ်ကို တစ်စုံတစ်ယောက်ဟာ ဖြိုချရန် ကြံစည်နေသည်။ ထို့နောက်....။

“ကော ကျွန်မတို့ရောက်ပါပြီ။ ကျေးဇူးပြုပြီးသွားပါတော့”

ကောင်းယွဲ့က တံခါးဝတွင် ရပ်လျက် ဆုပိုင်ကို လှည့်ပြောသည်။

ထိုအိမ်ကို ရွာအတွင်းရှိ ကြင်နာတတ်သောလူများက သူမကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမသည် ဒီအိမ်မဖြိုချခင်အထိ နေထိုင်နိုင်လေသည်။

ပို၍ဆိုးသည်မှာ ဖြိုချမည့်ကိစ္စကြောင့် တစ်အိမ်လုံးက လျှပ်စစ်မီး ဖြတ်တောက်ထားသည်။ သူမအပေါ် သက်ရောက်မှု မရှိသော်လည်း ဆုပိုင်ကိုမူ ဖိတ်ခေါ်ရန် မသင့်လျော်ပေ။

ထိုအခိုက်အတန့်တွင် ကောင်းယွဲ့က အနည်းငယ် ရှက်ရွံ့သွားပုံပေါ်သည်။

ပိတ်ရက်များတွင်လည်း မည်သူကမှ သူမကို စကားမပြောကြသလို မည်သူကမှလည်း သူမကို ပြန်လိုက်မပို့ကြချေ။

“ဟားဟား ရပါတယ်။ ငါဒီတိုင်း တစ်ချက်ဝင်ပြီး လိုက်ကြည့်မယ်လေ။ မစိုးရိမ်ပါနဲ့။ ဒီဆုပိုင်ကောက သဘောမကျတာမျိုး မဖြစ်ပါဘူး။ သုန့်သုန့် သုန့်သုန့်ဘယ်လိုထင်လဲ”

ဆုပိုင်က သူမ၏ အရှက်ရသော ပုံစံကို မြင်လိုက်သဖြင့် ခေါင်းကိုအသာငုံ့လိုက်ပြီး ရွှေရောင်အမွေးများနှင့် ခွေးလေး၏ လက်ကလေးကို အသာပုတ်လိုက်သည်။ ထို့နောက် ခေါင်းလေးကို တစ်ချက်ပုတ်ရင်း ပြုံးကာပြောလိုက်၏။

“ဝုတ်”

“တွေ့လား ရတယ်တဲ့”

ထိုခွေးကလည်း အရှေ့မှ လူသားဟာ သူ့ကို စကားပြောလာသဖြင့် အံ့သြသွားလေသည်။

“ဒါဆိုရင် ငါအရင်ဝင်ပြီး သိမ်းဆည်းလိုက်ရမလား”

“ရတယ်ရတယ် ဘာမှသိမ်းဆည်းဖို့မလိုဘူး။ ငါကိုယ်တိုင် လိုက်ဝင်ခဲ့ပေးမယ်”

ဆုပိုင်က အရင်ဦးဆောင်ကာ ဝင်ရောက်သွားသည်။

ရက်လွန်နေသော အစားသောက်များ၏ အနံ့များက သူ၏နှာခေါင်းအတွင်းသို့ အရင်ဝင်ရောက်လာသည်။

ဆုပိုင်က အနည်းငယ် ရပ်တန့်သွားမိပြီး သူ၏ကျောပိုးအိတ်ထဲမှ ဓာတ်မီးကိုထုတ်လျက် ဖွင့်လိုက်သည်။

“ဟူး”

အရှေ့မှ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ရသောအခါ သူသည် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်မိသည်။ ပြောရလျှင် ဒါဟာ အိမ်နှင့်ပင် မတူချေ။ ပျက်စီးနေသော အိမ်၏ နံရံများအားလုံးက ခွဲရိုက်ခံထားရသလို ပြတင်းပေါက်များကိုလည်း ဖယ်ရှားခံထားရသည်။

မကောင်းသော စောင်ကိုမူ ဝင်ပေါက်နားရှိ လျှောက်လမ်းတွင် ဒီတိုင်းဖြန့်ထားသည်။

စားပွဲပေါ်တွင် လက်ကိုင်မပါသည့် သံမဏိအိုးငယ်လေးတစ်လုံးရှိသည်။ ကြည့်ရသည်မှာ....။

အောက်ဘက်မှ မီးဖိုပင်ဖြစ်စေ စားသောက်ရန်အတွက် အသုံးပြုသော ပန်းကန်လုံးများ တူများပင်ဖြစ်စေ အားလုံးကို ကောင်းယွဲ့က ကောက်လာခဲ့ခြင်း ဖြစ်နိုင်သည်။

သို့သော် အိပ်ရာဘေးနားတွင် မြေပြင်ပေါ်တွင် ထားထားသော သံမဏိဇလုံလေး ရှိသည်။ အတွင်းတွင် ရက်ကြာနေသော စားစရာများ ရှိနေ၏။ ထိုစားစရာများက ထိုရွှေရောင်ခွေး၏ စားစရာများ ဖြစ်လောက်သည်။ နှစ်ယောက်လုံးက အခြေအနေ ဆိုးရွားနေလေသည်။

“ဆုပိုင်ကော ငါ ဝူးဝူး။ ငါလည်း ဒီလိုမနေချင်ပါဘူး။ ငါလည်း ဒီလိုမနေချင်ပါဘူး။ ငါတကယ် ဒီလိုနေချင်တာ မဟုတ်ပါဘူး”

ထိုအချိန်တွင် ကောင်မလေးက ရုတ်တရက် စငိုသည်။

“ငါက မမြင်နိုင်ဘူးလေ။ ကိစ္စတွေအများစုကို ငါမလုပ်နိုင်ဘူး”

“မြန်မြန်သွားပါတော့။ မဝင်လာပါနဲ့။ ကောရဲ့အဝတ်တွေ ညစ်ပတ်သွားပါလိမ့်မယ်”

“အာ”

ဆုပိုင်က သက်ပြင်းချပြီး အရှေ့မှ ကောင်မလေးကို တစ်ချက်ကြည့်ကာ မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်သည်။ ထို့နောက် လေးနက်သော လေသံဖြင့်ပြောသည်။

“အဲဒီလိုမပြောပါနဲ့။ ဆုပိုင်ကောက သဘောမကျတာမျိုး မရှိပါဘူး။ ကူပြီး ရှင်းလင်းပေးမယ်လေ”

“ဒီနေရာမှာတော့ မစားပါနဲ့။ ငါမင်းကို အပြင်မှာစားဖို့ ခေါ်သွားပေးမယ်”

“မဟုတ်တာ အဲဒီလိုမလုပ်ပါနဲ့”

“ငါပြောတာနားထောင်။ ဒီမှာ ငြိမ်ငြိမ်ထိုင်နေ။ ခဏနေရင် သွားလိမ့်မယ်”

ထိုသို့ပြောပြီးနောက် ဆုပိုင်က အင်္ကျီလက်များကို လိပ်တင်လျက် စတင်ကာ သိမ်းဆည်းပေးသည်။

[ဝူးဝူးဝူး ငါ့ရဲ့မျက်လုံးထဲကို သဲတွေဝင်သွားတာထင်တယ်။ ဒါက ဘယ်လိုလူမှုအသိုင်းအဝိုင်းလဲ။ မိန်းမငယ်လေးတစ်ယောက်က ဒီလိုနေစရာလား]

[သူမရဲ့ ဝင်ငွေအရင်းမြစ်က ဘာလဲ။ စားပွဲပေါ်က အဲဒီမည်းမှောင်နေတဲ့အရာတွေက တကယ်ပဲ စားလို့ရသေးလို့လား]

[ငါဆက်မကြည့်နိုင်တော့ဘူး။ တင်ဆက်သူ သူမကို လက်ဆောင်တွေပေးလို့ရမလား။ ဒီကောင်မလေးကို ကိုယ်စားပေးပေးလည်း ရတယ်လေ။ ငါအရင်ဆုံး လက်ဆောင်အနေနဲ့ တစ်သောင်းလွှဲပေးလိုက်မယ်။ ကောင်မလေးက ငါ့သမီးနဲ့ သက်တူရွယ်တူလောက်ပဲ။ ဒီလိုမြင်ကွင်းမျိုးကို မြင်ရတာ ရင်နာလိုက်တာ]

[ငါလည်း ဒီကောင်မလေးကို တကယ်ကူညီချင်တယ်။ လမ်းညွှန်ခွေးတောင်မှ ဒီလိုအရာမျိုးကို နေ့တိုင်းစားနေရတာ။ ဒါတောင်မှ တော်တော်နာခံတယ်]

[အိုး သူမရဲ့ အခြေအနေကို တိုးတက်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းမရှိတော့ဘူးလား။ ဘာမှမမြင်နိုင်တာက တော်တော်လေး ဆိုးရွားလိုက်တာ]

[ဘယ်လိုများ ဒီလိုနေရာမျိုးမှာ နေနိုင်ရတာလဲ။ ရေပူလည်း ရှိတာမဟုတ်ဘူး။ ကြမ်းပြင်မှာလည်း အိပ်ရသေးတယ်။ နောက်ပြီး အနှေးနဲ့အမြန် ဒုက္ခတွေ ရောက်လာမှာပဲ]

........။

လူတစ်အုပ်က သူတို့၏ အရှေ့မှ ယိုယွင်းပျက်စီးနေသော အိမ်ကြီးကို ကြည့်လိုက်သည်။ အိမ်ထဲတွင် မီးအလင်းရောင်လည်း မရှိချေ။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်း လက်ဆောင်များက ပြည့်နှက်လာသည်။ ဆုပိုင်အား ထိုပိုက်ဆံများအား အရှေ့မှ သနားစရာကောင်းသည့် ကောင်မလေးကို ပြောင်းပေးရန် မျှော်လင့်နေကြသည်။

မည်သူမှ မတွေးမိသည်မှာ ထိုကောင်မလေးက သန်မာလွန်းသည်။

လူတိုင်းသည်လည်း သူတို့ကသာ ဒီလိုအခြေအနေမျိုးတွင် နေထိုင်ရပါက အသက်ရှင်ရန်ပင် ခက်ခဲမည်ဟု ခံစားကြရလေသည်။ ပို၍ဆိုးသည်မှာ ကောင်းယွဲ့၏ အဝတ်အစားများအရ သူမသည် သူမ၏ အဝတ်အစားများကို ကောင်းမွန်စွာ လျှော်ဖွတ်ပြီး သန့်သန့်ရှင်းရှင်း နေထိုင်နေခြင်းဖြစ်သည်။ နေရာပေါင်းများစွာတွင် စုတ်ပြဲပြီး အဖာအထေးများစွာ ရှိနေသော်လည်း....။

အဝတ်အစားများက အမှန်တကယ် သန့်ရှင်းနေသည်။

“ဟူး”

ဆုပိုင်က မကောင်းတော့သော အစားအစာများအားလုံးကို လွှင့်ပစ်ပြီးနောက် စောင်ကိုတစ်ချက်ယူလိုက်သည်။ ထိုသို့ ယူလိုက်သည့်အခိုက်အတန့်တွင် ကြောင်အသွားရသည်။

ဒီလိုနေရာမျိုးမှာ ဘယ်လိုများ လူနေနိုင်မှာလဲ။

ပို၍ဆိုးသည်မှာ ဒီနေရာက ဖြိုချခံရဦးမည်ဖြစ်သည်။ ထိုသို့ဖြိုချပြီးနောက် ကောင်းယွဲ့ မည်သည့်နေရာတွင် နေမည်ဖြစ်ကြောင်း မသိနိုင်ချေ။

ဒီနေ့ခေတ်အသိုင်းအဝိုင်းတွင် မျက်လုံးမမြင်သော လူများအတွက် အလုပ်တစ်ခုရှာရန် ခက်ခဲသည်။ ထို့အပြင် သူမဟာ အသက်မပြည့်သေးချေ။

“ကောင်းပြီ သန့်ရှင်းသွားပြီ။ သွားရအောင်”

ဆုပိုင်က လက်ခုပ်တစ်ချက် တီးလိုက်ပြီးနောက် ရှုပ်ထွေးနေသော လျှောက်လမ်းကို တစ်ချက်ကြည့်လိုက်ကာ ပြုံးရယ်လျက်ပြောလိုက်သည်။

“ဗိုက်ဆာပြီလား။ ငါစားဖို့ခေါ်သွားမယ်”

“ဆုပိုင်ကော ဒါက...”

“ရတယ်ရတယ်။ ငါ့ရဲ့နောက်ကို လိုက်ခဲ့။ မင်းဗိုက်မဆာရင်တောင်မှ သုန့်သုန့်ကတော့ ဆာနေမှာလေ။ သူက တောက်လျှောက် ပြေးထားရတာမဟုတ်လား”

ဆုပိုင်က သူမကို ရင်ဆိုင်ရန် အခွင့်အရေးမပေးချေ။ သူမ၏လက်ကို တောက်လျှောက်ထိန်းပေးလိုက်ပြီး တံခါးဘက် လျှောက်လာလိုက်သည်။

ထိုသို့ဖြင့် မြို့၏ ရွာငယ်ပုံစံနေရာထဲမှ ထွက်လာလိုက်ကြသည်။

ဆုပိုင်က အလွန်သန့်ရှင်းသည်ဟု ထင်ရသည့် မွှေးသောအစားအစာများရောင်းသည့် ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။

“လာလာလာ”

သူက နောက်တွင် ရပ်နေသည့်.ကောင်းယွဲ့ကို ခပ်တိုးတိုးလှမ်းပြောသည်။

“စိတ်မရှိပါနဲ့။ အိမ်မွေးတိရိစ္ဆာန်တွေကို ဆိုင်ထဲကို ဝင်ခွင့်မပြုပါဘူး”

အနီးနားတွင် ရပ်နေသော စားပွဲထိုးက အပြေးလာပြီး ဆုပိုင်တို့ကို လှည့်ပြောသည်။

******

All Chapters