← Chapters

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

187 01

အပိုင်း (187)

ဆုပိုင်က ပြုံးရယ်လျက် ကောင်းယွဲ့ကို ခေါ်ဆောင်လာချိန်တွင် အနောက်ဘက်မှ စားပွဲထိုး၏အသံက သူ့ကို ကြောင်အ သွားစေသည်။

သူဟာ ဘေးဘက်သို့ တစ်ချက်ကြည့်ပြီး အေးစက်သော လေသံနှင့် ပြောသည်။

“မင်းတို့ရဲ့ ဆိုင်မှာလည်း တိရိစ္ဆာန်တွေကို ဝင်ခွင့်မပြုဘူးဆိုတဲ့ ဆိုင်းဘုတ်လည်း မရှိဘူး။ နောက်ပြီး”

“ဒီခွေးက လမ်းညွှန်ခွေးပဲ။ အများပြည်သူပိုင် နေရာတွေကို လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်။ ဒီလိုဝင်ခွင့်မရှိဘူးဆိုပြီး တားပိုင်ခွင့်မှ မရှိတာ”

“မရဘူး”

စားပွဲထိုးက အရှက်ရနေသော မျက်နှာမျိုးနှင့် ပြောသည်။

“မင်း ကိစ္စတွေကို ခက်ခဲအောင် လုပ်လာရင်တော့ ငါလည်း မတတ်နိုင်တော့ဘူး။ သူဌေးက လက်ခံမှာ မဟုတ်ဘူး။ ငါသာ မင်းကို ဝင်ခွင့်ပြုလိုက်ရင် ငါ့ရဲ့လစာက အနှုတ်ခံရလိမ့်မယ်”

“တကယ်ပါ။ တောင်းပန်ပါတယ်။ တခြားဆိုင်ကို သွားလို့ရမလား”

“ဆုပိုင်ကော”

ထိုအချိန်တွင် ကောင်းယွဲ့က လက်လေးကို ဆန့်ထုတ်လာပြီး ဆုပိုင်၏အဝတ်ကို လှမ်းဆွဲရန် ကြိုးစားသည်။ ထို့နောက် ထိတ်လန့်စွာ ပြော၏။

“သွား သွားရအောင်ပါ။ သုန့်သုန့်က ဝင်လို့ မရဘူးလေ”

ဆုပိုင်က မျက်လုံးကို မှေးကျဥ်း လိုက်ပြီး ထိုဆိုင်ဝန်းကျင်ကို တစ်ချက်ကြည့်သည်။

ထိုအချိန်က နေ့လယ်စာစားချိန်ဖြစ်၍ လူအများ ရှိနေကြသည်။ သို့ရာတွင် ဆူညံသံကို ကြားသောအခါ အားလုံးက လှည့်ကြည့် လာကြသည်။ သို့သော် အေးစက်သော မျက်လုံးများဖြင့်သာ ကြည့်လာကြခြင်း ဖြစ်သည်။ ဆုပိုင်သည်လည်း စားပွဲဝိုင်းအများစုမှ ဧည့်သည်များက မျက်မှောင် ကြုတ်နေကြပြီး မြေပြင်တွင် လဲနေသော ခွေးကို ကြည့်နေကြကြောင်း တွေ့ရသည်။

“ဟူး”

ဆုပိုင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး လက်ဆန့်ထုတ်လျက် ကောင်းယွဲ့၏ ခေါင်းကို အသာပုတ်သည်။ ထို့နောက် အရှေ့မှ စားပွဲထိုးကို ခေါင်းညိတ် ပြပြီး လှည့်ထွက်လာခဲ့လိုက်သည်။

“သွားရအောင်။ ဒီဆိုင်က အဆင်မပြေလည်း နောက်တစ်ဆိုင်ပေါ့”

“ရပါတယ်။ ဒီဆိုင်ရဲ့သူဌေးက အဆင်မပြေလို့နေမှာပါ”

ဆုပိုင်က နှစ်သိမ့်ပေးသည်။

အေးစက်သော မျက်လုံးဖြင့် ကြည့်နေသူပေါင်း များစွာရှိသည်။ ကောင်မလေးက နဂိုကတည်းက စိတ်အခြေအနေ မကောင်းချေ။ အတွင်းရှိ မည်သူကမှ သူမကို ဝင်ခွင့်မပြုကြောင်း သိသွားခဲ့ပါက ပို၍ မသက်မသာ ဖြစ်သွားပေလိမ့်မည်။

“အင်း”

ကောင်းယွဲ့က နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်ပြီး နာခံစွာ ခေါင်းညိတ်သည်။ ထို့နောက် ခွေးကို သူမ၏ ခြေထောက်နားသို့ဆွဲလျက် ခပ်တိုးတိုးပြောသည်။

“သုန့်သုန့် သွားရအောင်”

“ဝုတ်”

ခွေးက ခပ်တိုးတိုးသာ အော်သည်။ သူသည်လည်း စိတ်ဓာတ်ကျနေပုံရပြီး မြေပြင်မှ ထလာသည်။

သို့ရာတွင် သူက ကောင်းယွဲ့အရှေ့တွင် လျှောက်လိုက်ပြီးပြီးချင်း ချက်ချင်းပြန်လည်တက်ကြွသွားပြန်ကာ သခင်လေးအတွက် လမ်းလျှောက်ပေးရမည့်တာဝန်ကို ထမ်းဆောင်သည်။

“ငါတကယ် စိတ်မကောင်းပါဘူး။ ငါ့တို့ရဲ့ဆိုင်မှာ တိရိစ္ဆာန်တွေကို ဝင်ခွင့်မပြုဘူးဆိုတဲ့ ဆိုင်းဘုတ်ကို တကယ်ရေးထားပါတယ်”

“သွားရအောင်။ သွားရအောင်။ ဒီလောက် ဆိုင်းဘုတ်ကြီးကို မမြင်ဘူးလား။ လမ်းညွှန်ခွေးတွေကို ဝင်ခွင့် မပြုဘူးလေ”

“ကျေးဇူးပြုပြီး အထဲမှာ စားသုံးသူတွေ အများကြီးရှိနေလို့ ခွေးကို ခေါ်လာမယ်ဆိုရင်တော့ လမ်းဘေးမှာပဲ ကြိုးနဲ့ ချည်ထားခဲ့ရပါလိမ့်မယ်။ ခေါ်သွင်းလာခဲ့လို့တော့ မရပါဘူး”

“မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ မင်း ပိုပေးမယ်ဆိုရင်တောင်မှ မရဘူး။ ဒီလိုနေရာမျိုးမှာ စီးပွားရေးလုပ်ဖို့ လွယ်တာမဟုတ်ဘူး။ ဘယ်လိုကြောင့်များ ခွေးကို ဝင်ခိုင်းလာပြီး အမွေးတွေ ဝင်သွားရင် ဘယ်လိုလုပ်ကြမလဲ”

187 02

“ဝေးဝေးသွား ဝေးဝေးသွား။ လမ်းမပိတ်နဲ့”

“...........”

ဆုပိုင်သည် ကောင်းယဲ့ကို ခေါ်ပြီး တစ်ဆိုင်ပြီးတစ်ဆိုင် သွားခဲ့သည်။ သို့သော် ဆိုင်ပေါင်းများစွာတွင် တိရိစ္ဆာန် ဝင်ခွင့်မပြုဆိုသော စာများကို ရေးသား ထားကြလေသည်။ ပို၍ဆိုးသည်မှာ အားလုံးက အေးစက်သောအကြည့်နှင့်ဆူပူကာ မကျေမနပ်ပြော ကြခြင်းဖြစ်သည်။

“ဆုပိုင်ကော ငါတို့ ပေါက်စီပဲ ဝယ်စားကြမလား။ အထဲကို ဝင်သွားဖို့ မလိုဘူးလေ။ ဒေါသမထွက်ပါနဲ့။ ဒါက ရှောင်းယဲ့ရဲ့ အမှားပါ။ ရှောင်းယဲ့ မျက်လုံး မြင်မယ်ဆိုရင် ပိုပြီးကောင်းမှာပဲ”

“သုန့်သုန့်က တကယ် နာခံတတ်တာပါ။ အပြင်က လူတွေက နာကျင်အောင် လုပ်မှာကို စိုးရတယ်”

“နောက်ဆုံး တစ်ခေါက်ကဆိုရင် တစ်ယောက်က သုန့်သုန့်ရဲ့ခေါင်းကို ကျောက်စရစ်ခဲတွေနဲ့တောင် ခွဲဖို့ ကြိုးစားခဲ့သေးတယ်”

ဆုပိုင်က ဘေးဘက်တွင် လျှောက်နေခြင်း ဖြစ်သည်။ အရှေ့မှ ကောင်မလေးက ရုတ်တရက် ရပ်တန့်ပြီး နောက်လှည့်ကာ မျက်ရည်များနှင့် ပြောလာ၏။ သူမ၏ မျက်နှာတွင် ပြုံးနေသော အပြုံးမျိုးက ရှိနေသေးသော်လည်း ဒါဟာသူ့ကို နှစ်သိမ့်ပေးနေခြင်း ဖြစ်သည်။ ဒါ....။

“ဟစ်”

ဆုပိုင်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်ရည်များက သတိလက်လွတ် ကျလာသော်လည်း သူဟာ ကောင်မလေးကို စိတ်ဓာတ်ကျစွာသာ ကြည့်လိုက်မိလေသည်။

ထိုသို့ဖြစ်နေသည့် တိုင်အောင် ကောင်းယဲ့ဟာ သူ့ကို နှစ်သိမ့် ပေးနေသေးသည်။

“ဝူး ဝူး”

ရုတ်တရက် မြေပြင်တွင် လှဲနေသော ခွေးထံမှ အသံက ထွက်လာသည်။ သုန့်သုန့်က ငိုနေသည်။

ဆုပိုင်က မြေပြင်တွင် ဆောင့်ကြောင့် ထိုင်လိုက်ပြီး ထိုကောင်ငယ်လေး၏ ခေါင်းကို အသာပုတ်ပေးလျက် ခပ်တိုးတိုးပြောသည်။

“သုန့်သုန့် သုန့်သုန့်က အတော်ဆုံးပဲ ဟုတ်ပြီလား”

“သုန့်သုန့်က တအားကိုရဲရင့်တဲ့ golden retreverလေ။ သူက သခင်လေးကို ကောင်းကောင်း ဂရုစိုက်ရဦးမှာလေ။ မငိုနဲ့တော့ ဟုတ်ပြီလား”

“ဟားဟား သုန့်သုန့် မငိုပါနဲ့”

ကောင်းယဲ့သည်လည်း ဒူးထောက်လိုက်ပြီး သူမ၏လက်များနှင့် ထိုခွေးကို သိုင်းဖက်လိုက်သည်။ ထို့နောက် မနာဖြစ်နေသော မျက်ဝန်းတစ်စုံဖြင့် ရှေ့တည့်တည့်ကို ကြည့်ကာ ခပ်တိုးတိုးပြောသည်။

“သုန့်သုန့် သုန့်သုန့်က တအား သန်မာပါတယ်။ ဟုတ်ပြီလား”

“ကြည့်ပါဦး။ ရှောင်းယဲ့တောင် မငိုဘူး။ မင်းလည်း မငိုနဲ့လေ။ မဟုတ်ရင် ဒီဦးလေးက မင်းကို လှောင်မှာ”

အချိန်အတန်ကြာအောင် နှစ်သိမ့်ပြီးမှ လမ်းညွှန်ခွေးလေးက မြေပြင်မှ ထရပ်လာပြီး မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်ကာ အမူအယာကို ပြန်ပြောင်းပြသည်။ ထို့နောက် ကောင်းယဲ့၏ဘေးနားတွင် ဆောင့်ကြောင့် ထိုင်လိုက်ပြီး နဖူးဖြင့် တိုးဝှေ့နေလိုက်သည်။

“ဟူး”

ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး အဝေးရှိ မြေကွက်လက် တစ်နေရာကို ကြည့်ကာ ပြောသည်။

“ကောင်းပြီ အပြင်မှာပဲ စားကြတာပေါ့”

“ဆုပိုင်ကောက သွားဝယ်ပေးမယ်။ ဟုတ်ပြီလား”

“ဝုတ်”

လူငယ်လေးက ပြုံးပြီး နောက်ပြန်လျှောက်သွားကြောင်း မြင်သောအခါ GR ခွေးကလည်း ခပ်တိုးတိုး ရေရွတ်ပြီး တစ်ချက် မော့ကြည့်သည်။ ထို့နောက် သခင်လေးကို ပြန်ကြည့်သည်။

“အင်း”

ကောင်းယဲ့က ခေါင်းညိတ်ပြီး ပြောသည်။

“သုန့်သုန့် ဆုပိုင်ကောရဲ့ နောက်ကို လိုက်လေ”

187 03

လမ်းတွင် ဆုပိုင်ဟာ ရှေ့မှလျှောက်သည်။ သူသည် စိတ်ထဲတွင် အမျိုးမျိုးသော နည်းလမ်းများကို တွေးနေခဲ့သည်။

ယခုအခါ ဒီတာဝန်က သုန့်သုန့် ဖြစ်နိုင်သည်။ သို့သော်.....။

မည်သို့ပင်ဆိုစေ သုန့်သုန့်သည် ကောင်းယဲ့လေး၏ အသက်သွေးကြော ဖြစ်သည်။ သုန့်သုန့်ကို တာဝန် ပြီးမြောက်ရန်အတွက် ခေါ်သွားခဲ့ပါက ကောင်မလေး၏ ဘဝက ဆိုးရွားသွားနိုင်သည်။

ဘဝက နဂိုကတည်းက အေးစက်နေခဲ့ပြီးသား ဖြစ်သည်။ သုန့်သုန့် မရှိပါက နောက်ဆုံးသော ကျန်ရစ်သည့် နွေးထွေးမှုကပင် ပျောက်ကွယ် သွားနိုင်သည်။

“တာဝန် ကျရှုံးသွားခဲ့ရင် လမ်းညွှန်ခွေးကို ပြန်ခေါ် သွားနိုင်မှာ မဟုတ်ဘူး”

ဆုပိုင်က တစ်ချက် ညည်းလိုက်ပြီး ခေါင်းကို လှည့်ကာ နောက်ဘက်မှ လိုက်လာသည့် နှစ်ယောက်ကို ကြည့်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

[ငါ ဆက်မကြည့် နိုင်တော့ဘူး။ ငါ ငိုရလွန်းလို့ သေတော့မယ်ထင်တယ်။ စားသောက်ဆိုင် ပိုင်ရှင်တွေ အားလုံး ဆိုင်ပိတ်ခံရသင့်တယ်။ ဘာလို့ ရှောင်းယဲ့လေးကို မဝင်ခိုင်းကြရတာလဲ]

[မျက်လုံးမမြင်တဲ့သူတွေက ဘဝမှာ ဒီလောက်အထိ ခွဲခွဲခြားခြား ဆက်ဆံခံရမယ်လို့ မထင်ထားဘူး။]

[ဒါက ဘာမှမဟုတ်သေးဘူး။ ငါ့ရဲ့ အိမ်နီးချင်း ကလေးတစ်ယောက်ကလည်း မျက်လုံး မမြင်ဘူးလေ။ သူ တစ်နှစ်ကျော်တဲ့အထိ အိမ်ပြင်တောင် မထွက်နိုင်ဘူး]

[အိုး ငါတို့ ဒီနေရာမှာ ဘာလုပ်ရမလဲဆိုတာကို စတွေးသင့်တယ် ထင်တယ်။ နေရာတိုင်းမှာ ကန့်သတ်ချက်တွေ အေးစက်တဲ့အကြည့်တွေက ရှိနေမှာပဲ။ နောက်ပြီး ဖျော်ဖြေရေး ကိစ္စတွေ လုပ်ဖို့ဆိုလည်း မျက်လုံးကို လိုသေးတယ်။ မမြင်နိုင်တဲ့အခါ တစ်ဘဝလုံးက မှောင်မည်းသွားမှာ]

[ငါတော့ ဒါရိုက်တာဆုပိုင်ရဲ့ နောက်က အသင်းက လမ်းညွှန်ခွေးတွေကို တတ်နိုင်သမျှအမြန်ဆုံး ကယ်ဆယ်နိုင်ဖို့ မျှော်လင့်ရတာပဲ။ ငါလည်း ငါ့ရဲ့လစာရဲ့ သုံးပုံတစ်ပုံလောက် အထိ သုံးပြီး လန်မင်ကြွက်တွေကို ဝယ်လို့ မွေးချင်ပါသေးတယ်]

[ငါလည်း လုပ်ချင်တယ်]

.......။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်း ကြည့်ရှူသူ သိန်းကျော် ရှိသည်။ သူတို့ အားလုံးကလည်း ဆုပိုင်ဟာ ရှောင်းယဲ့နှင့် သုန့်သုန့်ကို စားသောက်ဆိုင်တိုင်းထံမှ ကူကယ်ရာမဲ့စွာ ခေါ်ထုတ်လာရကြောင်း မြင်သောအခါ အားလုံးသည်လည်း သူတို့၏ရင်ဘတ်ပေါ်သို့ ဖိအားကြီးများ ကျရောက်လာသလို ခံစားလိုက်ရသည်။ သူတို့သည် အသက်ပင် မရှူနိုင်ချေ။ အထူးသဖြင့် အဆုံးသတ်တွင် လမ်းညွှန်ခွေးလေးက ငိုသွားသော အချိန်တွင် အားလုံးကပင် လိုက်ငိုမိကြသည်။

မျက်မမြင်များ၏ ဘဝဟာ သူတို့နှင့် ခြားနားနေမည်ဟု မထင်ထား မိကြချေ။

လူမှုအသိုင်းအဝိုင်းက ခွဲခြားဆက်ဆံခံရရုံသာ မကသေးလေဘဲ လမ်းညွှန်ခွေးများကဲ့သို့ အချင်းချင်း မှီခိုနိုင်သော သတ္တဝါမျိုး ရှိသည့်တိုင်အောင် ထိုလူများက အသိအမှတ် ပြုခြင်း မရှိပေ။

“ဟေး ဒီမှာစောင့်နေဦး။ ငါ စားစရာ သွားဝယ်လိုက်မယ်”

ဆုပိုင်က ကောင်းယဲ့လေးကို ကွင်းပြင်အရှေ့ရှိ ကုလားထိုင်ပေါ်တွင် တင်လျက် သူမ၏အရှေ့တွင် ဆောင့်ကြောင့်ထိုင်လျက် ခပ်တိုးတိုး ပြောလိုက်သည်။

“ဟုတ်ကဲ့”

ကောင်းယဲ့လေးက ပြုံးရင်း ခေါင်းညိတ်သည်။

ဆုပိုင်က ထွက်သွားကြောင်း ခံစားမိသည့်အခါ သူမ၏ အဝတ်ပါးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး လက်ကို ဖြန့်လိုက်သည်။ ထို့နောက် သုန့်သုန့်၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ခေါင်းကို ညင်သာစွာ လှုပ်ရှားလျက် ပြောသည်။

သုန့်သုန့်၏ အမွေးများကို ပွတ်သပ်နေပြီးနောက် ကောင်းယဲ့က နှုတ်ခမ်းပါးကို တင်းတင်းစေ့ပိတ်ကာပြောသည်။

“သုန့်သုန့် ဆုပိုင်ကောက ဝေးသွားပြီလား”

“ဝုတ်”

GR ခွေးက ခေါင်းကို လှည့်ပြီး တစ်ချက်ကြည့်သည်။ ထို့နောက် ပြန်အော်သည်။ သူသည် ခေါင်းညိတ်ပြပုံ ပေါ်သည်။

“ရပြီ”

ကောင်းယဲ့လေးက အသာပြုံးလိုက်ပြီး လမ်းညွှန်ခွေးနှင့် နှာဖူးချင်း ကပ်လိုက်ကာ ခပ်တိုးတိုး ပြောသည်။

187 04

“ဆုပိုင်ကောက တအားသဘော ကောင်းတာပဲ။ သူက ငါတို့ကို အိမ်ပြန်ပို့ပေးရုံတင် မဟုတ်ဘူး။ အိမ်ကိုလည်း သန့်ရှင်းရေး လုပ်ပေးသေးတယ်။ ငါတို့ကိုလည်း စားဖို့ ခေါ်လာပေးတယ်”

“ဒါပေမဲ့”

“သုန့်သုန့် ကောင်းယဲ့က မမြင်နိုင်တာကို မမေ့သင့်ဘူးလေ။ ငါတို့က ဆုပိုင်ကောအတွက် ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်နေလိမ့်မယ်”

“သုန့်သုန့် နင်လည်း ဒီလိုမဖြစ်ချင်ဘူး မဟုတ်လား”

“သုန့်သုန့် ငါသာ မြင်နိုင်ရင် ကောင်းမှာပဲ။ ဒီလိုဆိုရင် ရှောင်းယဲ့က ပိုက်ဆံရှာပြီး နင့်ကို ထောက်ပံ့ပေးလို့ ရပြီ။ နောက်ပြီး နင်လည်း နေ့တိုင်း နင် စားဖို့အတွက်နဲ့ လိုက်ကောက်စရာ မလိုဘူး။ နောက်ပြီး...”

“ဝူးဝူးဝူး”

ထိုသို့ပြောပြီးနောက် ကောင်းယဲ့လေးက ခေါင်းကိုမော့ကာ မျက်ရည်များကို သုတ်သည်။ သူမက နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်ပြီး ခိုင်မာစွာပြောသည်။

“သုန့်သုန့် သွားရအောင်”

“ဆုပိုင်ကောက ငါတို့နဲ့ အမြဲနေနိုင်မှာ မဟုတ်ဘူး။ အနှေးနဲ့ အမြန် ငါတို့ ဒီလိုဘဝမျိုးကို ပြန်သွားရမှာပဲ”

“ဝုတ်”

++++++ 188 01

GR ခွေးက မတ်တပ်ထရပ်ပြီး ရှောပင်းမော၏ ဝင်ပေါက်ကို တစ်ချက်ပြန်ကြည့်ကာ စိတ်ဓာတ်ကျသော ပုံစံမျိုးနှင့် လမ်းများထံ ထွက်လာသည်။

“သွားရအောင်”

ကောင်းယဲ့က ကြိုးကိုဆွဲပြီး တစ်လှမ်းချင်းစီ လျှောက်သည်။

ဒီနေ့ သူမတွေ့ရတဲ့ ဆုပိုင်ကောက သူတို့ကို ကူညီဖို့ နည်းလမ်းရှာနိုင်မယ်ဆိုတာကို သူမ ဘာလို့ နားမလည်ရမှာလဲ။ ဒါပေမဲ့..... ။

ငါက ငယ်ငယ်ကတည်းက မည်းမှောင်နေတဲ့ဘဝမှာ နေခဲ့ပြီးသား။ တခြားသူတွေဆီက အကူအညီ ရခဲ့ပေမဲ့လည်း နောက်ဆုံးမှာတော့ အဆုံးသတ်က တစ်ခါမှ မလှပခဲ့ဘူး။

သူမက မျက်လုံး မမြင်ဘူး။ ဘာကိုမှ မမြင်နိုင်ဘူး။ တခြားသူတွေက သူမရဲ့ နေ့စဥ်ဘဝကို ဂရုစိုက်ပေးဖို့တောင် လိုအပ်နေတာ။ နောက်ပြီး တခြားသူတွေအတွက် တန်ဖိုးရှိအောင် လုပ်ပေးဖို့လည်း မဖြစ်နိုင်ဘူး။

အခုတွေ့ရတဲ့ ဆုပိုင်ကောကလည်း သူတို့ကို ထာဝရ ကူညီနိုင်မှာမဟုတ်ဘူး။ အဆုံးမရှိတဲ့ တွင်းတစ်ခုလိုပဲ။

ပိုဆိုးသည်မှာ သူ အပြင်ထွက်သည်နှင့် တခြားသောသူများက လှောင်ရယ်မှုကို ခံရပေလိမ့်မည်။

ကောင်ယဲ့က စားသောက်ဆိုင်တိုင်းမှ လူအများ၏ မျက်နှာကို မြင်နိုင်သော်လည်း ဆုပိုင်၏ အသနားခံသလို အသံမျိုးဖြင့် ပြောသည့် စကားတိုင်းကို ကြားနိုင်သေးသည်။

ဒါဟာ သူမ မမြင်ချင်သည့် အခြေအနေမျိုးရှိသည်။

မမြင်ရဘူး။ ဒါသူမရဲ့ ကံကြမ္မာပဲ။ ဒါပေမဲ့ ကံကောင်းတာက သုန့်သုန့်က သူမနဲ့အတူ ရှိနေတယ်။ အဲဒီလိုမှမဟုတ်ရင်..။

“ငါ တကယ်ကို မထိန်းထားနိုင်လောက်ဘူး”

ရှောင်ကောင်းယဲ့က တစ်ချက် ငိုညည်းလိုက်ပြီးနောက် ကြိုးမှ ပြင်းထန်သည့် အားကို ခံစားလိုက်ရသည်။ သူမ၏အရှေ့တွင် မည်းမှောင်နေသေးသော်လည်း သူမ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးဟာ ထင်သလောက် ကြောက်လန့်စရာ မကောင်းတော့ချေ။

“သုန့်သုန့် ဒီည မပြန်ဘဲ နေရအောင် ဟုတ်ပြီလား။ ဆုပိုင်ကောက ငါတို့ကို သေချာပေါက် ပြန်လာရှာလိမ့်မယ်”

“ဒီည တစ်ညလုံး ထိုင်နေဖို့ နေရာတစ်ခု ရှာလိုက်ရအောင်လား”

ဖြတ်သွားဖြတ်လာ များကလည်း ထိုကောင်မလေးဟာ အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသည်။ သို့သော် အားလုံးက အချင်းချင်း ကျော်ဖြတ်သွားကြပြီး မည်သူကမှ အကူအညီပေးရန် မမေးမြန်းကြပေ။

လမ်းမီးရောင်အောက်တွင် ကောင်းယဲ့၏ ခန္ဓာကိုယ်လေးက ရှည်လျားနေသည်။ ရွှေရောင်ခွေးကလည်း လမ်းပေါ်မှ ခလုတ်တိုက်နိုင်မည့် အနေအထားမျိုးကို ရှောင်ရှားသွားသည်။

........။

“ကောင်းယဲ့”

“သုန့်သုန့်”

ဆုပိုင်က ပစ္စည်းအများကြီးကို သယ်လျက် အလျင်စလို ပြေးထွက်လာသည်။ သို့သော်။

ကောင်းယဲ့က ပျောက်ကွယ်သွားကြောင်း မြင်သောအခါ သူဟာ အနီးနားတွင် လိုက်အော်သည်။

“ဘာလို့ ပျောက်သွားတာလဲ”

အချိန်အတန်ကြာပြီးနောက် ဆုပိုင်က ယခုလေးတင် ကောင်းယဲ့ထိုင်ခဲ့သည့်ခုံတွင် ဝင်ထိုင်လိုက်ပြီး မျက်မှောင်ကို ကြုတ်သည်။ သူဟာ အောက်ကို တစ်ချက် ငုံ့ကြည့်လိုက်သည်။ ထိုအခါ ချက်ချင်းလိုလိုခြောက်သွားသည့် မျက်ရည်နှစ်စက်ကို တွေ့လိုက်ရ၏။ ထိုအခိုက်အတန့်တွင် ဆုပိုင်က တစ်စုံတစ်ရာကို နားလည်လိုက်သည်။

ကောင်းယဲ့၏ အပြုအမူများအရ ဆုပိုင်ဟာ နဖူးကိုသာ ခပ်ကြမ်းကြမ်း ရိုက်လိုက်မိသည်။

“သေစမ်း ငါ ဘာလို့ မရှာနိုင်တာလဲ”

ထိုကောင်ငယ်လေးက ဆိုင်ပေါင်းများစွာ၏ လှောင်ရယ်မှုကို သည်းခံနိုင်ပေလိမ့်မည်။ သို့သော် သူ၏ အကူအညီကိုမူ မခံယူဝံ့တော့ခြင်း ဖြစ်နိုင်သည်။ ဒီနေရာတွင် ထိုင်နေခဲ့ရန် သဘောတူခဲ့သည်မှာ ခိုးထွက်သွားရန် ဖြစ်လောက်သည်။

သူ တအား တုံးတာပဲ။

ဘာလို့ ဒီလောက်ထိ တုံးအတဲ့ ကလေးက ရှိနေတာလဲ။

++++++ 188 02

ဆုပိုင်က ကုလားထိုင်ပေါ် တင်ထားသည့် သူဝယ်ထားသော စားစရာနှင့် ငွေများအားလုံးကို ကောက်ယူလိုက်ပြီး လူအုပ်ရှိရာဘက်သို့ အလျင်အမြန်ပြေးသွားသည်။

“တဆိတ်လောက် ဒီနေရာမှာ ထိုင်နေခဲ့တဲ့ ကောင်မလေးကိုများ သတိထားမိလား။ ဘယ်ဘက်ကို သွားလဲဆိုတာ ပြောပြပေးနိုင်မလား”

ထိုမိန်းမအိုကြီးတစ်ဖွဲ့က သူတို့၏အရှေ့မှ မျက်နှာနီရဲနေသော လူငယ်လေးကို ကြည့်ပြီး တစ်ခဏခန့် တွေးတောသည်။ ထို့နောက် တစ်ယောက်ပြီး တစ်ယောက် ပြောကြသည်။

“ရွှေရောင်အမွေးတွေနဲ့ ခွေးတစ်ကောင်က နောက်က လိုက်နေတဲ့ ကောင်မလေးကို ပြောတာလား။ ဒီလမ်းဘက်သွားတယ်လေ”

“ဟုတ်တယ်။ ဟုတ်တယ်။ ငါတောင် အံ့သြသွားသေးတယ်။ ဒီကောင်မလေးက ငိုနေခဲ့သလိုပဲ။ ကောင်လေး မင်းရဲ့ညီမလား။ မင်းက ဘယ်လို အစ်ကိုလဲ။ မြန်မြန်လေးလိုက်လေ”

“ငါ့အထင် ကောင်မလေးက မမြင်နိုင်တဲ့ပုံပဲ။ ဒီအဒေါ်ကတော့ မင်းကို ဆူမိတော့မယ်။ ဘယ်လောက်တောင် ဆိုးတဲ့ ကောင်လဲ။။ ကြည့်စမ်း။ ဘာလို့ ကိုယ့်ညီမကိုယ် mallထဲကို ခေါ်မသွားတာလဲ။ အပြင်ဘက်မှာ ဘယ်လောက် အေးလိုက်သလဲ။ ကလေးမကို အပြင်မှာ စောင့်ခိုင်းစရာလား”

“ကောင်းပြီကောင်းပြီ။ စကားနည်းနည်းပဲပြော။ နင်ဒီmallအကြောင်း မသိတာလည်း မဟုတ်ဘဲနဲ့။ အိမ်မွေးတိရိစ္ဆာန်တွေကို ဝင်ခိုင်းတာမှ မဟုတ်တာ”

“အဲဒီကလေးက သနားစရာလေးပါ။ အခု မြန်မြန်ပဲ လိုက်လေ။ ငါ့အထင် သိပ်ဝေးဝေး မရောက်လောက်သေးဘူး”

ဆုပိုင်က လူတိုင်းကို ဂါရဝပြုပြီး အလျင်စလိုလိုက်သည်။ လမ်းတောက်လျှောက်တွင် ဆုပိုင်က လူတိုင်းကိုမေးခဲ့သည်။

လူအများစုက ကောင်မလေးကို မြင်ကြောင်း ပြောကြသည်။ သို့သော် သူတို့၏စကားထဲတွင် ဟာကွက်များက ရှိနေသည်။

ဆုပိုင်က ရုတ်တရက် ဆိုးဝါးသော ခံစားချက်ကို ရလိုက်သည်။

မျက်မမြင် လူတစ်ယောက်ကို လမ်းညွှန်ခွေးက လမ်းညွှန် ပေးနေသော်လည်း အထူးသဖြင့် ယခုလို မှောင်လာသည့် အခြေအနေမျိုးတွင် လမ်းညွှန်ခွေး၏ မြင်နိုင်စွမ်းအားကလည်း နေ့အချိန်လောက် ကောင်းလိမ့်မည်မဟုတ်ချေ။

တစ်ခုခုတော့ မဖြစ်ပါစေနဲ့။

ဆုပိုင်က အံကိုကြိတ်ပြီး အလျင်စလို ပြေးလိုက်သည်။

အချိန်အတန်ကြာ ပြေးနေပြီးနောက် ကောင်းယဲ့၏ ပုံရိပ်ကို မမြင်ရသေးချေ။ အရှေ့တွင် လမ်းစုံကြီး ဖြစ်သည်။ ထို့ကြောင့် မည်သည့်ဘက်ကို သွားကြောင်း မသိနိုင်ချေ။

ဆုပိုင်က အလွန်စိုးရိမ်နေပြီ ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ရေတပ်မိတ်ဆွေများကလည်း အလားတူစွာပင် ဖြစ်သည်။ ကင်မရာကို ချဲ့ထားပြီး ရှင်းလင်းသော နေရာတိုင်းကို မြင်နိုင်နေသည့် တိုင်အောင် လူအများစုကမူ ကောင်းယဲ့၏ အတွေးကို တွေးနေမိကြသည်။ သူသည် ဆုပိုင်အတွက် ပြဿနာ မများစေချင်ပေ။

ဒါကြောင့် ခိုးပြီး ထွက်သွားခဲ့တာပဲ။

သို့ရာတွင် အချိန်ဟာ မှောင်နေပြီဖြစ်ပြီး မျက်လုံးမမြင်သော လူတစ်ယောက်နှင့် လမ်းညွှန်ခွေးတစ်ကောင်က လူဆိုးတစ်ယောက်နှင့်သာ တွေ့ခဲ့သော် မည်သူကမှ အကျိုးဆက်ကို မတွေးဝံ့တော့ချေ။

[ငါဘယ်လိုလုပ်ရမလဲ။ ကောင်းယဲ့ကို ရှာမှဖြစ်မယ်။ ဒီကောင်မလေးက တအားတုံးတာပဲ။ ဘယ်လိုကြောင့်များ ဒီလောက်ထိ တုံးအ ရတာလဲ]

[ဟုတ်တယ်။ ဒီလောက်ထိ သည်းခံလွန်းလို့ ရင်နာချင်စရာပဲ။ ငါငါ့ကလေးကို ခေါ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခိုင်းနေတာလေ။ လူတွေရဲ့ ဘဝတွေက ခက်ခဲတယ်ဆိုတာကို သိစေရမယ်။ ဒါပေမဲ့ သူတို့အားလုံးက နာခံသိတတ်ဖို့ လိုအပ်တယ်]

[ငါလည်း အပေါ်က လူပြောတာကို သဘောတူတယ်။ ငါလည်း ငါ့ကလေးကို သွားခေါ်လိုက်မယ်]

[ဒီလိုအစီစဥ်မျိုးကို များများထု တ်လွှင့်သင့်တယ်။ ဒါမှ လူတွေက သေချာအာရုံစိုက်ပြီး မျက်မမြင်လူတွေကို စောင့်ရှောက်ပေးနိုင်မှာ။ ဒါရိုက်တာဆုပိုင်က အနာဂတ်မှာ လမ်းညွှန်ခွေးတွေကို ကယ်ဆယ်နိုင်မယ်လို့ မျှော်လင့်ရတာပဲ။ ငါတို့ ဒီလိုတိရိစ္ဆာန်မျိုးတွေကို လိုအပ်နေတယ်]

[ဟုတ်တယ် ။ တိရိစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်တာက လူသားတွေကို ကာကွယ် စောင့်ရှောက်တာပဲ]

.......။

++++++ 188 03

ချင်တု။

ဟန်ကျိုး ကောင်းကင်ပြာတိရိစ္ဆာန်ရုံ။

ထိုအချိန် မြက်ခင်းပေါ်တွင် မိဘတစ်ဖွဲ့က ထူးထူးဆန်းဆန်း လျှောက်သွားခြင်း မရှိဘဲ နေရာတစ်ခုတည်းတွင်သာ နေနေလေ့ရှိကြသည်။ သူတို့အားလုံးက လက်ထဲမှ ဖုန်းအသီးသီးကို ကြည့်ပြီး ငိုနေကြသည်။

“ဝူးဝူး ဝူးဝူး။ သနားစရာကောင်းလိုက်တာ။ ဘာလို့ ဒါရိုက်တာဆုပိုင်က ဒါမျိုးကို တိုက်ရိုက် ထုတ်လွှင့်ရတာလဲ”

“ဟူး တို့ကို တစ်သျှူးနည်းနည်းပေးပါဦး။ ငါ့ရဲ့အင်္ကျီတွေတောင် စိုကုန်ပြီ”

“အရမ်းသနားဖို့ ကောင်းတာပဲ။ ဘယ်အချိန်မှာများ လမ်းညွှန်ခွေးကို ရမှာလဲ။ ငါ ငါတို့ရဲ့ ကလေးတွေကို သေချာပေါက်ပြောရမယ်။ လမ်းတွေမှာ မျက်လုံးမမြင်တဲ့ သူတွေကို အရင်ထွက်ပြီး ကူညီပေးရမယ်လို့လေ”

........။

ထိုသို့ဖြင့် မြက်ခင်းကျယ် နေရာအနှံ့က ငိုသံများဖြင့် ပြည့်နှက်နေသည်။ ထိုအရာသာ မကသေးပေ။ တိရိစ္ဆာန်များကလည်း ခံစားနေမိပုံ ပေါ်သည်။ သူတို့သည်လည်း မြက်ခင်းထဲတွင် လှဲပြီး မလှုပ်ရှားဘဲ ငြိမ်နေကြသည်။

“ပါး ဒါရိုက်တာဆုပိုင်က ကောင်မလေးကို ရှာတွေ့ပြီလား”

ရှောင်ရုန့်က တပိုင်ကို မှီထားရင်း သူမ၏ အရှေ့ရှိ ဖုန်းထဲမှ ကြားနေရသည့် အသံကို နားထောင်ကာ ခေါင်းမော့ရင်း မေးသည်။ သူမသည်လည်း တရှုံ့ရှုံ့ ငိုနေ၏။

“အစ်မကြီးရှောင်ရုန့် ဘာလို့ ငိုနေတာလဲ”

ပေါင်ပေါင်က ဘေးဘက်တွင် ထိုင်နေပြီး အရှေ့မှလူများကို သူမ၏ မျက်လုံး ဝိုင်းကြီးများဖြင့်ကြည့်ကာ စိတ်ရှုပ်ထွေးနေသည်။

“လိမ္မာနော်။ သိပ်မကြာခင်ရှာတွေ့မှာ”

လောင်ကျိုးက အသက်ပြင်းပြင်းရှူပြီး ကလေးများကို နှစ်သိမ့်ပေးသည်။

သို့ရာတွင် သူကဲ့သို့ မိုင်ထောင်သာ ပြေးရမည်ဆိုလျှင် မျက်တောင်ပင် မခတ်သည့် လူသန်မာကြီးကပင် ငိုနေလေသည်။

“အား ငါ့ရဲ့မျက်ရည်တွေ”

ကျိုးကျန်းကပင် သူ၏အမာရွတ်ရှိသော ပါးကို ခပ်ကြမ်းကြမ်း ပွတ်လိုက်ပြီး အပြင်သို့ ထွက်သွားသည်။

သို့ရာတွင် မကြာခဏဆိုသလို ဖုန်းကို လှမ်းကြည့်သေးသည်။

အကယ်၍ သူ၏တူမလေးတွင်သာ လမ်းညွှန်ခွေး ရှိမည်ဆိုလျှင် တိရိစ္ဆာန်ရုံထဲမှ ထွက်ပြီး လမ်းလျှောက်နိုင်ပေလိမ့်မည်။

ဖြစ်နိုင်တာက.....။

သူမက ပိုပြီး တက်တက်ကြွကြွလေး ဖြစ်နေလောက်တယ်။

သူတို့ အချင်းချင်း သိကြသည်မှာ ရက်အနည်းငယ်သာ ကြည့်သေးသော်လည်း ကျိုးကျန်းကမူ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံတွင် ရှိသည့် တိရိစ္ဆာန်များအပေါ် အမြင်ကောင်း ရှိနေပြီဖြစ်သည်။

သူတို့သည် သဘာဝအလျောက်ပင် လာရောက် ကြည့်ရှုသူများကို ကာကွယ်ပေးသည်။ အထူးသဖြင့် ကလေးများဖြစ်သည်။

တိရိစ္ဆာန်ရုံသို့ လာသောလူတိုင်းက တိရိစ္ဆာန်များကို ကစားစရာအဖြစ် မသတ်မှတ်ကြချေ။ သို့သော် အားလုံးက အလေးအနက်ထားပြီး မိတ်ဆွေများလို ဆက်ဆံပေးကြသည်။

“ဟင်”

“ငါ ဆုပိုင်ရဲ့နောက်ကို လိုက်မိတာ မအံ့သြတော့ပါဘူး။ ဘဝက အဓိပ္ပါယ်ရှိသွားတာကိုး”

သူဟာ အသက်ပြင်းပြင်းရှူပြီး တစ်ချက်ညည်းလိုက်သည်။

ကျိုးကျန်းက နောက်သို့ လှည့်ပြီး ပြန်သွားသည်။ ထို့နောက် ကလေးနှစ်ယောက်၏ နဖူးကို အသာပုတ်လိုက်ပြီး ဝင်ထိုင်လိုက်သည်။

.......။

ကျိုတို။

တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာန။

အစည်းအဝေးခန်းမတစ်ခုလုံး၏ လေထုအခြေအနေက တိတ်ဆိတ်နေသည်။

နန်ကုန်းယွမ်က လက်ကိုင်ပဝါကို ထုတ်ပြီး နီရဲသော မျက်လုံးများကို တစ်ချက် သုတ်သည်။ သူသည်လည်း ဖန်သားပြင်တွင် ပြေးလွှားနေသော ဆုပိုင်ကို ကြည့်ရင်း လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်မိသည်။

++++++ 188 04

သူက ခေါင်းကိုမော့ပြီး အောက်ဘက်မှ စိတ်ဓာတ်ကျနေသော လူအုပ်ကို ကြည့်ကာ သြရှသော လေသံဖြင့်ပြောသည်။

“ဒီနေ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ငါတို့ကို အချက်ပေးလိုက်တာပဲ”

“ငါတို့က တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနက ဆိုပေမဲ့လည်း မျက်လုံး ကန်းနေတဲ့သူတွေက ဆေးဝါးဌာနအပိုင်ဆိုပေမဲ့လည်း ဒါပေမဲ့လည်း....”

“အားလုံးလည်း တူညီတဲ့အရာ တစ်ခုနောက်ကို လိုက်နေကြတာ မဟုတ်လား”

“တရုတ်ပြည်မှာ မျက်လုံးမမြင်တဲ့လူတွေ အများကြီးပဲ။ ဒါရိုက်တာ ဆုပိုင်က မှန်တယ်။ ဘာလို့ ကြားရက်တွေမှာ မျက်လုံးမမြင်တဲ့သူတွေကို မတွေ့ရတာလဲ”

နန်ကုန်းယွမ်က ပြောသည်။ သူက အသက်ပြင်းပြင်းရှူပြီး ရိုးသားစွာပြောသည်။

“ဘာလို့လဲဆိုတော့ သူတို့ မထွက်နိုင်လို့။ သူတို့ ဘာလို့ မထွက်နိုင်တာလဲ။ ဘာလို့လဲဆိုတော့ ဒီလူမှုအသိုင်းအဝိုင်းမှာ သူတို့အတွက် ပျော်စရာတွေ မရှိသလို သူတို့နဲ့ သင့်လျော်တဲ့ အလုပ်လည်း မရှိဘူး။ သူတို့ကို အကျိုးပြုနိုင်တယ်လို့ ထင်လောက်မဲ့ အလုပ်မျိုးမှ ရှိမနေခဲ့တာ”

“ဒီတော့ သူတို့ မထွက်ကြဘူး”

“ဒါက ငါတို့တရုတ်ပြည်ကြီးတစ်ခုလုံးရဲ့ တာဝန်ပဲ”

“လမ်းတွေပေါ်က အမြင်ကွယ်ရာ လမ်းကြားတွေဆိုတာကလည်း အလှဆင်သက်သက် ဖြစ်လာတယ်။ နောက်ပြီး ရပ်ထားတဲ့ ကားတွေ။ နေရာတိုင်းမှာရှိနေတဲ့ လမ်းတွေ ဒါတွေက သူတို့အတွက် သွားလာဖို့ ခက်ခဲလွန်းတယ်”

“နောက်ပြီး.....”

နန်ကုန်းယွမ်က လက်ကိုင်ပဝါကို တစ်ချက်ထုတ်ပြီး နှာခေါင်းကို တစ်ချက် သုတ်လိုက်သည်။ ထို့နောက် လေးနက်သော လေသံဖြင့် ထပ်ပြောသည်။

“ဒါရိုက်တာဆုပိုင်ကသာ ဒီGR ခွေးကို ပြန်လည်ကယ်ဆယ် နိုင်ခဲ့မယ်ဆိုရင် ဒီခွေးကို အစောင့်ခွေးအဖြစ် သေချာပေါက်ကို လေ့ကျင့်ပေးနိုင်မှာပဲ။ အဲဒီနောက်”

“ငါတို့ လူသားတွေအားလုံးကလည်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက လူတွေလိုမျိုး ဒီလမ်းညွှန်ခွေးကို ခွဲခြားတဲ့ အကြည့်မျိုးနဲ့ မကြည့်ဖို့ မျှော်လင့်တယ်”

“ဟုတ်တယ်။ ဟော်တယ်တွေ။ ဆေးဆိုင်တွေ။ ယာဥ်တွေ။ လေယာဥ်ပျံတွေမှာ လမ်းညွှန်ခွေးတွေကို ဝင်ခွင့်ပြုသင့်တယ်”

“တိရိစ္ဆာန် ကာကွယ် စောင့်ရှောက်ရေးစည်းမျဥ်းက တော်တော်လေးကို သက်ရောက်မှု ရှိပြီလို့ ငါ ထင်နေတာ။ အခုကြည့်ရတာ ဟာကွက်တွေ အများကြီးပဲ”

“တိရိစ္ဆာန်တွေကို ပြန်လည်ကယ်ဆယ်ဖို့က လွယ်တာ မဟုတ်ဘူး။ လမ်းညွှန်ခွေးတွေလိုမျိုး လူသားတွေအတွက် အများကြီး စတေးပေးတဲ့ အကောင်တွေဆို ပိုတောင် ဆိုးသေးတယ်။ ငါတို့တွေ ဒါကို အထူးတလည် အာရုံစိုက်ရမယ်”

“နောက်ပြီး ငါအဆင့်မြင့် ဆေးဝါးစင်တာနဲ့ ဆက်သွယ်လိုက်မယ်။ လမ်းညွှန်ခွေးတစ်ကောင်ကို ကယ်ဆယ်ပြီးတာနဲ့ ငါတို့ရဲ့ စမ်းသပ်မှုက စတင်ပြီ”

“ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့က တရုတ်လူမျိုးတွေပဲလေ။ ဒီတော့ တုံ့ဆိုင်းမနေဘဲ အချင်းချင်း ကူညီသင့်တယ်။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲကလို ဖြစ်ရပ်မျိုးက လုံးဝ ဖြစ်မလာသင့်ဘူး။ ငါတို့ လူသားအသိုင်းအဝိုင်းရဲ့ သူရဲကောင်းတွေကို ဒီလိုမျိုး အထူးတလည် ခွဲခြားပြီး မဆက်ဆံသင့်ဘူး”

++++++ 189 01

“ရှာတွေ့ပြီ”

ထိုအခိုက်အတန့်တွင် ဘေးဘက်မှ လက်ထောက်က ဖန်သားပြင်ကြီးကို ကြည့်ရင်း တအံ့တသြ ပြောသည်။ လူတိုင်းက မော့ကြည့် လိုက်ကြသည်။

ဖန်သားပြင်တွင် ဆုပိုင်က မည်းမှောင်နေသော နေရာတစ်ခုသို့ ပြေးသွားသည်။ နေရာတိုင်းတွင် အမှိုက်များ ရှိနေသည်။ ဆိုးရွားသော ရနံ့ကပင် ထွက်နေသည်။

“ဟူး”

ဆုပိုင်က ထိုကြားမှ ကောင်းယဲ့လေးကို တွေ့လိုက်သဖြင့် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ နောက်ဆုံးတော့ ရှာတွေ့ပြီ။

သို့ရာတွင် အရှေ့မှ မြင်ကွင်းကို ကြည့်ပြီး သူ၏နှလုံးသားက သွေးစိမ်းရှင်ရှင် ထွက်လာသလို ခံစားလိုက်ရသည်။

ထိုနှစ်ယောက်က အမှိုက်များအတွင်းသို့ လိုက်ရှာနေကြသည်။

ထို့နောက်။

လမ်းညွှန်ခွေး သုန့်သုန့်လေးက သူ၏ပါးစပ်ထဲမှ စားစရာများကို ဘေးဘက်သို့ ချပြီး နောက်သို့ ခပ်မြန်မြန် လှည့်ကာ သခင်မလေးဆီ ပြေးသွားသည်။

ဆုပိုင်ကမူ ယခုအချိန်ထိ နားမလည်နိုင်ချေ။

ဒီကလေးမလေးက အထူးတလည် ပြင်ဆင်ပြီး အပြင်ထွက်လာခဲ့တာ ထင်တယ်။ အဲဒီလိုမှ မဟုတ်ရင် အမှိုက်တွေ ပြည့်နှက်နေတဲ့ နေရာထဲမှာ ဒီလိုသပ်သပ်ရပ်ရပ် ဝတ်စုံလေးဝတ်ပြီး နေနေနိုင်ပါ့မလား။

ထိုအချိန်တွင် အဝေးမှရှိသော ရှာဖွေရေးအလင်းမှ တစ်ဆင့် သူမ၏ ခန္ဓာကိုယ်တွင် အစွန်းအထင်းရာများ ပြည့်နှက်နေကြောင်း တွေ့ရသည်။ သို့ရာတွင် ကောင်မလေးကမူ ကျင့်သားရနေပုံ ပေါ်၏။

လက်ထဲတွင် ကြီးမားသော အနက်ရောင် ပလတ်စတစ်အိတ်ကြီးကို ကိုင်ထားပြီး သုန့်သုန့်၏ ပါးစပ်ထဲမှ စားစရာများကို လှမ်းယူကာ ပစ်ထည့်နေသည်။

“ဟားဟား သုန့်သုန့် ဒီနေ့အများကြီးပဲ ရှာတွေ့တယ်။ နင့်အတွက် နည်းနည်း သိမ်းထားဦးနော်။ မိုးလင်းလာတဲ့အခါ ဦးလေးချောင်ဆီ သွားပေးရအောင်”

“ဝိုး”

ကောင်းယဲ့လေးက လက်ထဲမှ ပလတ်စတစ်အိတ်ကို ကိုင်ပြီး တဖြည်းဖြည်းချင်း လျှောက်လာသည်။

ဖုန်း။

ရုတ်တရက် သူမက ခြေချော်သွားပြီး ပလတ်စတစ်အိတ်က လွင့်ထွက်သွားသည်။ ထို့နောက် အတွင်းမှ ခြောက်သွေ့ကာ မာကြောသော ပေါင်မုန့်များက ပြုတ်ကျလာသည်။

ဝုတ်။

GR ခွေးက သူ၏ပါးစပ်ထဲမှ ပေါင်မုန့်ကို မြေပြင်ပေါ်သို့ ချက်ချင်း ပစ်ချလိုက်ပြီး အော်ကာ အပြေး သွားကူသည်။

“သုန့်သုန့် ငါ အဆင်ပြေတယ်။ ငါ မြေပြင်ကို မကြည့်မိလိုက်လို့ပါ”

“နင် ခက်ခက်ခဲခဲနဲ့ ကောက်ထားရတာ။ မလွှင့်ပစ်နဲ့နော်။ လမ်းညွှန်ခွေးလေးက ဆာနေလိမ့်မယ်”

ကောင်းယဲ့လေးက ဟိုစမ်းဒီစမ်းနှင့် အနီးနားဝန်းကျင်မှ ညစ်ပတ်နေသော အမှိုက်ပုံကို သတိထားရန် မပြုလေဘဲ မုန့်များကို အိတ်ထဲသို့ ပြန်ကောက် ထည့်လေသည်။

သေးငယ်သော လက်တစ်စုံက စွန်းထင်း ပေကျံနေသည်။ ထိုလက်က မြေပြင်တွင် ဟိုစမ်းဒီစမ်းနှင့် ရှိနေသည်။

ရုတ်တရက် သူမ၏ မျက်နှာအမူအယာက ပြောင်းလဲသွားသည်။ သူမ၏ အရှေ့မှ ဖိနပ်နှင့် ဝေးရာရှိလက်ကို ခပ်မြန်မြန် ရုတ်လိုက်ပြီး ခေါင်းကို မော့ကာ လေသံကို တိုးပြီးမေးသည်။

“ဆုပိုင်ကောလား”

“အိုး”

ဆုပိုင်က သက်ပြင်းချပြီး မြေပြင်တွင် ဆောင့်ကြောင့် ထိုင်လိုက်သည်။ ထို့နောက် ပြုတ်ကျနေပြီး ချဥ်စုတ်နေလောက်မည့် ပေါင်မုန့်များကို ဂရုစိုက် ကောက်ယူ ပေးလိုက်ပြီး ဘေးမှ ပလတ်စတစ်အိတ်ကိုမကာ ကောင်ငယ်လေး၏ လက်ကို လှမ်းကိုင်လျက် ပြောလိုက်သည်။

“သွားစို့ ကောက်လို့ ပြီးပြီ။ သွားကြမယ်”

189 02

“အိုး”

ကောင်းယဲ့က အမှားကို လုပ်ထားသလိုမျိုး ခေါင်းကိုငုံ့ကာ နီရဲသော မျက်လုံးများဖြင့် ခေါင်းညိတ်သည်။ ထို့နောက် ဆုပိုင်ကို ဦးဆောင်ခေါ်သွားပေးစေ၏။

GR ခွေးကလည်း မြေပြင်မှ ပေါင်မုန့်ကို တစ်ချက်ပြန်ကောက်လိုက်ပြီး နောက်မှ အပြေးလိုက်လာသည်။ သူ၏အမြီးလေးကို ခါယမ်းနေ၏။

သန့်ရှင်းသော နေရာကို ရှာတွေ့သောအခါ ထိုကလေးမလေးကို ထိုင်စေသည်။

ထို့နောက် ဆုပိုင်က ရေသန့်ဘူးကိုဖွင့်ပြီး ကောင်းယဲ့၏ လက်ထဲသို့ ထည့်လျက် လက်များကို ဆေးပေးသည်။

“ဆုပိုင်ကော ငါ ငါ ငါ ထွက်သွားဖို့ မရည်ရွယ်ပါဘူး”

ကောင်းယဲ့က နှုတ်ခမ်းကို တင်းတင်းစေ့ ပိတ်ထားသည်။ သူမသည် အရေးကြီးသော ဆုံးဖြတ်ချက်ကို ချနေရသလို ခပ်တိုးတိုး ပြောသည်။

“ငါ ငယ်ငယ်ကတည်းက ဘာကိုမှ မမြင်နိုင်ခဲ့ဘူး။ ငါ့ရဲ့မိဘတွေက ငါ့ကို ဆေးရုံတံခါးဝမှာ ပစ်ထားခဲ့တယ်။ ကံကောင်းစွာနဲ့ စုံတွဲတစ်တွဲက ခေါ်သွားခဲ့တယ်”

“ဆုပိုင်ကော ငါက တခြားသူတွေနဲ့ ခြားနားတာကို သိပါတယ်။ ငါက မမြင်နိုင်ဘူးဆိုပေမဲ့ ငယ်ငယ်ကတည်းက အကြီးကျယ်နာခံတယ်။ ပစ္စည်းတွေကို ကြိုးကြိုးစားစား ကောက်ပေးနိုင်ပါတယ်”

“ဒါပေမဲ့”

“အဆုံးမှာတော့ သူတို့က ငါ့ကို မလိုချင်ဘူး”

ထိုအချိန်တွင် ဆုပိုင်က အရှေ့မှ ကောင်မလေး၏ လက်များက တုန်ယင်လာကြောင်း ခံစားလိုက်ရသည်။

“နောက်တော့ ငါတစ်ယောက်တည်းပဲ။ အဲဒီအချိန်မှာ ငါ မမြင်နိုင်ဘူးဆိုတော့ တစ်ရက်မှာ သေသွားလောက်တယ်လို့ တွေးခဲ့တာ”

“ဒါပေမဲ့”

“ငါ သုန့်သုန့်ကို ခေါ်လာတဲ့ ဦးလေးချောင်နဲ့ တွေ့ခဲ့တယ်။ သူက သုန့်သုန့်ကို ငါ့ဆီ ပေးခဲ့တာ။ အဲဒီအချိန်ကစပြီး ငါ သိလိုက်တယ်။ ငါ ကောင်းကောင်း နေနိုင်သွားပြီ။ သုန့်သုန့် အရိုက်မခံရဖို့အတွက် ငါ သန်မာမှရမယ်လေ”

“ဒါပေမဲ့ သုန့်သုန့်က ဒီနှစ်ဆိုရင် ၅နှစ်ပဲ ရှိသေးတာ။ ဦးလေးချောင်က ပြောတယ်။ သုန့်သုန့်က အသက်၁၅နှစ်အထိ နေနိုင်တာတဲ့။ ဒါကြောင့် နောက်ထပ်ဆယ်နှစ်က ဘယ်လောက် ခက်ခဲခက်ခဲ ငါ သုန့်သုန့်နဲ့ နေနိုင်မှာပဲ”

“ဒါပေမဲ့ ဆုပိုင်ကော ငါက မမြင်ရဘူးလေ”

“ဒါကြောင့် ကောကို ဘာအကူအညီမှ မပေးနိုင်ဘူး။ ကောက ငါ့ကိုကူညီတာက ငါ့ကို ပိုပြီး အပြစ်မကင်းသလို ခံစားရစေလိမ့်မယ်”

“ဝူးဝူး”

“ဆုပိုင်ကောက ငါ့ကို ကူညီဖို့ မလိုပါဘူး။ ရှောင်ယဲ့က တစ်ယောက်တည်းလည်း နေနိုင်ပါတယ်”

“ငါ့မှာ သုန့်သုန့်ရှိသေးတယ်လေ”

“ဆုပိုင်ကော ဆုပိုင်ကော သွားပါ”

“ဟစ်”

ဆုပိုင်က မျက်ရည်များကို သုတ်ပြီး လက်ကိုဆန့်လျက် မြေပြင်တွင် ထိုင်နေသည့် တိတ်ဆိတ်နေသော ခွေးလေးကို အသာပုတ် ပေးလိုက်သည်။ ထို့နောက် ကလေးမလေးကို အသာပွေ့ချီ လိုက်သည်။

ဒီကလေးမလေးက ဒီလောက် သန်မာမယ်လို့ မထင်ထားဘူး။

သို့ရာတွင် သူမ၏ စကားများကိုလည်း သူ ခံစားမိသည်။

ထိုကလေးမက ဒီခွေးကို မှီခိုပြီး ပြင်းပြင်းထန်ထန် ကြိုးစားရုန်းကန်ကာ ရှင်သန်နေရပုံ ပေါ်သည်။ တစ်ရက်တွင် ထိုခွေးက သူမကို စွန့်ပစ်သွားခဲ့သော် ဘယ်သူကမှလည်း ထိုကလေးမလေးကို ပြန်မမြင်ရလောက်ချေ။

“မစိုးရိမ်နဲ့”

ဆုပိုင်က သူမ၏ခေါင်းကို ညင်သာစွာ ပုတ်လျက် ပြောလိုက်သည်။

“ဆုပိုင်ကောက ထွက်မသွားဘူးနော်။ အခုက စပြီး မင်းက ဒီဆုပိုင်ကောနဲ့ပဲ နေတော့ ဟုတ်ပြီလား”

“သုန့်သုန့် သုန့်သုန့်ကလည်း ထွက်သွားမှာ မဟုတ်ဘူး”

“ဆုပိုင်ကောက ကတိပေးတယ်။ ဒါကြောင့် ယုံရမယ်။ ဟုတ်ပြီလား”

ထိုသို့ပြောပြီးနောက် သူက အဝေးသို့ ကြည့်သည်။ မျက်လုံးကို မှေးကျဥ်းလိုက်ရင်း စနစ်ကို စိတ်ထဲမှ လှမ်းပြောလိုက်သည်။

“စနစ် ငါ ဒီကလေးမလေးကို ကောင်းကင်ပြာတိရိစ္ဆာန်ရုံကို ပြန်ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ပြီ။ အပြစ်ဒဏ်အတွက် ဘယ်လို အပြစ်ဒဏ်ကိုမဆို လက်ခံတယ်”

“host သေသေချာချာ စဥ်းစားပါဦး”

“ဒီလို သက်ရှိလူသားတစ်ယောက်ကို အစစ်အမှန် လောကကို ပြန်ခေါ်သွားတာက အရမ်းကို ကြီးမားပြီး ခန့်မှန်းလို့တောင် မရနိုင်တဲ့ တန်ကြေးမျိုးကို ပေးဆပ်ရနိုင်တယ်”

“ငါ နားလည်တယ်။ တာဝန် ပြီးသွားတဲ့အခါ ဒီကောင်မလေးကို ပြန်ခေါ်သွားဖို့ ငါ ဆုံးဖြတ်ပြီးပြီ”

ထို့နောက် စနစ်ထံမှ ပြန်ဖြေသံကို မကြားရတော့ချေ။

ဆုပိုင်က ကောင်မလေးကို တစ်ချက်နော က်ဆုတ် စေလိုက်ပြီး ပြုံးကာပြောလိုက်သည်။

“ဘယ်လိုလဲ။ အဆင်ပြေလား”

“ဆုပိုင်ကောမှာ တိရိစ္ဆာန်သေးသေးလေးတွေလည်း အများကြီးရှိသလို ကလေးသေးသေးလေးတွေလည်း အများကြီးပဲ။ နောက်ပြီး ရှောင်ယဲ့လေးလိုမျိုး ကောင်မလေးတစ်ယောက်လည်း ရှိတယ်။ ငါ့ရဲ့ ညီမငယ်လေ။ ကောက မင်းရဲ့အကူအညီကို အများကြီး လိုအပ်တယ်”

“နောက်ပြီး ဆုပိုင်ကောက ရှောင်းယဲ့ကို ဝန်ထုတ်ဝန်ပိုးလို့ တကယ် မတွေးဘူးလား”

189 03

ရှောင်းယဲ့က ခေါင်းကို မော့လျက် ဆုပိုင်၏ လက်မောင်းကို သူမ၏ လက်များနှင့် ခပ်တင်းတင်း ပွေ့ဖက်လိုက်ကာ တုံ့ဆိုင်းစွာ ပြောသည်။

“ငါနဲ့ သုန့်သုန့်ကို ကူညီပေးခဲ့တဲ့သူတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အချိန် ကြာလာတာနဲ့ သူတို့တွေက ငါတို့ကို ထားသွားကြတာပဲ”

“အဲဒီအချိန်ကစပြီး ငါ သိလိုက်တယ်။ သူတို့က ငါတို့ကို မကူညီချင်တာ မဟုတ်ဘဲ ငါတို့က ဝန်ထုတ်ဝန်ပိုးတွေ ဖြစ်နေတယ်ဆိုတာလေ”

“ငါတို့ အကူအညီတွေနဲ့ မထိုက်တန်ပါဘူး”

ဆုပိုင်က နာခံ သိတတ်သော ကောင်မလေးကို ကြည့်ပြီး သူ၏နှလုံးသားက ပို၍နာကျင်လာသည်။

“မဟုတ်ဘူး။ ဆုပိုင်ကောက တိရိစ္ဆာန်ရုံကို တည်ထောင် ထားတာလေ။ ရှောင်းယဲ့လေးက အနာဂတ်မှာ အကူအညီတွေ အများကြီးပေးနိုင်မှာ။ ဒါပေမဲ့ ပင်ပန်းတာကို မကြောက်ရင်ပေါ့”

“မကြောက်ပါဘူး။ မကြောက်ပါဘူး။ ရှောင်းယဲ့က ပင်ပန်းတာကို မကြောက်ပါဘူး”

“ဟားဟား”

ဆုပိုင်က ရယ်ပြီး ကောင်မလေး၏ နဖူးကို အသာ ပုတ်သည်။ ထို့နောက် စားစရာများကို ထုတ်ပေးလိုက်သည်။ သူက ဟမ်ဘာဂါ ဂရုစိုက်ထုတ်ပြီး ခပ်တိုးတိုး ပြောလေသည်။

“ဒီလောက်တောင် ကြာနေပြီ။ ဗိုက်မဆာသေးဘူးလား။ ဒါကို ကုန်အောင် စားရမယ်နော်”

“နောက်ပြီး သုန့်သုန့်”

ထိုသို့ ပြောပြီး သူက သူ၏ဈေးဝယ်အိတ်ထဲမှ ကြက်ခြေထောက်ကြီးကို ထုတ်လိုက်ကာ ပလတ်စတစ် အိတ်ပေါ်တွင် ညင်သာစွာတင်ပေးလျက် GR ခွေး၏ အရှေ့တွင် ချပေးလျက် ခေါင်းကို ပုတ်ကာ ပြောသည်။

“မြန်မြန်စား”

“စားပြီးသွားရင် ဦးလေးချောင်ဆီ လိုက်ပို့ပေးမယ်နော်”

အရှေ့မှ ကလေးနှစ်ယောက်က အငမ်းမရ စားသောက်နေသော မြင်ကွင်းကို ကြည့်ရင်း ဆုပိုင်က သက်ပြင်းအရှည်ကြီးကို ချမိသည်။

သူသည်လည်း သူဟာ နှလုံးသားနူးညံ့လွန်းကြောင်း ဝန်ခံရပေမည်။ သို့သော် အရှေ့မှ ကလေးကဲ့သို့ နာခံ သိတတ်လွန်းသော ကလေးတစ်ယောက်ကို မြင်ရသောအခါ မကူညီပေးဘဲ နေနိုင်လိမ့်မည် မဟုတ်ချေ။

စနစ်၏ အပြစ်ဒဏ်ဆိုသော ကိစ္စအတွက်ကမူ ဆုပိုင်က သူသည် ကံကောင်းမည်ဟု ခံစားရသည်။ သူ၏ကံကြမ္မာက သိပ်မဆိုးနိုင်ချေ။

ထို့အပြင်။

သူ သူ့ရဲ့နှလုံးသားကို အံတုပြီး GR ခွေးကို ကယ်ဆယ် နိုင်ဖို့အတွက်နဲ့ ကလေးမလေးကို ချန်ထား ရစ်ခဲ့နိုင်မှာ မဟုတ်ဘူး။

သို့ရာတွင် ဒီတစ်ကြိမ် စနစ်၏ တာဝန်က ထင်သလောက် မရိုးရှင်းမည့် အခြေအနေကိုလည်း စိုးရိမ်မိလေသည်။

ဆုပိုင်သည် ကောင်ယဲ့၏ စကားလုံးများမှတစ်ဆင့် သုန့်သုန့်ကို ဦးလေးချောင်ဟု ခေါ်သော လူတစ်ယောက်က ပေးထားကြောင်း ကြားလိုက်ရသည်။ ထိုဦလေးချောင်တွင် လမ်းညွှန်ခွေးများစွာ ရှိလောက်သည်။

ထိုကလေးနှစ်ယောက် ပစ္စည်းများကို လာကောက်သည်မှာ ဦးလေးချောင်၏လက်ထဲမှ လမ်းညွှန်ခွေး အတွက်ကြောင့် ဖြစ်လောက်သော်လည်း…

ဆုပိုင် သိထားသည့် ကိစ္စများအရ အရည်အသွေး ပြည့်မီအောင် လေ့ကျင့် ပေးထားသော လမ်းညွှန်ခွေးများက ဈေးကြီးသည်။ အနည်းဆုံး တစ်သိန်းမှ တစ်သိန်းနှစ်သောင်းအထိ ကုန်ကျန်ိုင်သည်။

ထိုအတွက်ကြောင့်လည်း လမ်းညွှန်ခွေးများက နည်းပါးနေခြင်း ဖြစ်သည်။

မျက်မမြင်တစ်ယောက်၏ ဘဝက ခက်ခဲပြီးသား ဖြစ်သည်။

မည်သူကမှ ထိုမျှ များပြားလွန်းသော တန်ကြေးကို ပေးဆပ်နိုင်လိမ့်မည် မဟုတ်ချေ။

ဦးလေးချောင်၏ လက်ထဲမှ လမ်းညွှန်ခွေးများကသာ ဒီတာဝန်၏ အဓိက အာရုံစိုက်ရာ ဖြစ်နိုင်သည်။

ဆုပိုင်က ပြုံးရယ်လိုက်ပြီး ဟမ်ဘာဂါကို ထပ်ဖွင့်လျက် ကောင်းယဲ့၏ လက်ထဲသို့ ထပ်ထည့်ပေးသည်။

“ကြိုက်လား။ ကြိုက်ရင် ထပ်စားပါဦး”

“အရသာရှိတယ် မဟုတ်လား”

“အင်း”

ကောင်းယဲ့လေးက သူမ၏နှုတ်ခမ်းထောင့်မှ အနှစ်များကို ဂရုစိုက်လျက် လိုက်ရင်း ခေါင်းကို ညိတ်သည်။

ဝုတ်။

“အရသာရှိတယ်”

ထိုအချိန်တွင် ဘေးဘက်မှ GR ခွေးကလည်း ပါးစပ်ထဲမှ အရိုးကို ကိုက်ထားရင်း ခေါင်းကိုမော့ကာ အော်လေသည်။

******

All Chapters