← Chapters

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

190 01

အပိုင်း (190)

အရှေ့ပိုင်းမှ အလင်းလုံးလေးက မြောက်တက် လာသည်။

ဆုပိုင်က လက်ထဲတွင် အနက်ရောင် ပလတ်စတစ်အိတ်ကိုကိုင်လျက် ကျဥ်းမြောင်းသော လမ်းကိုလျှောက်နေသည်။ တစ်ညလုံးနေပြီးနောက် GR ခွေးကြောင့် ပင်ပန်းသည်ဟု မခံစားရပေ။ အတိအကျဆိုရသော် သူကအနည်းငယ်ပို၍ စိတ်လှုပ်ရှားနေသည်။

“ဆုပိုင်ကော”

ကောင်းယဲ့က အနောက်ဘက်မှ လိုက်လာသည်။ သူသည်လည်း မျက်နှာပေါ် ကျဆင်းလာသည့် မနက်ခင်းနေမင်း၏ နွေးထွေးမှုကို ခံစားရပုံ ပေါ်သည်။

ဆောင်းဦးအစသို့ ရောက်နေသည့်တိုင်အောင် မနက်ပိုင်းက အတော်လေး အေးစက်နေသေးသည်။

သို့သော် ။

သူမ၏စိတ်က နွေးထွေးနေသည်။

အရာအားလုံးဟာ အရှေ့မှ ဆုပိုင်ကောကြောင့် ဖြစ်လောက်သည်။

သူက သူမနှင့် GR ခွေးကို ကူညီပေးခဲ့ရုံသာ မကသေးလေဘဲ ခက်ခဲသော ဘဝတွင် ရှင်သန်နေထိုင်ရသည့် လမ်းညွှန်ခွေးများကို ကူညီရန် ဦးလေးချောင်ဆီသို့ပင် လိုက်လာပေးသေးသည်။

“ဟူး”

“ဘာဖြစ်လို့လဲ”

ဆုပိုင်က နောက်မှကောင်မလေးကို လှည့်ကြည့်ပြီး စိတ်ရှုပ်ထွေးစွာမေးသည်။

“ဦးလေးချောင်က နည်းနည်းတော့ စိတ်ထားဆိုးတယ်။ နောက်ပြီး အဲဒီနေရာကလည်း နည်းနည်းလေး ကောင်းမွန်တဲ့ အခြေအနေမျိုး မရှိဘူး”

“ဟားဟားဟား ရပါတယ်”

ဆုပိုင်က အသာရယ်လိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။

ကောင်းယဲ့၏ ရှင်းပြချက်အရ ဦးလေးချောင်၏ အခြေအနေကို အနည်းငယ် နားလည်သည်။ ပြောရမည်ဆိုလျှင် သူသည်လည်း အလွန်သနားစရာ ကောင်းသော လူမျိုးဖြစ်သည်။

သူ၏ သမီးကလည်း ကန်းနေခဲ့သည်။ သူမအတွက် လမ်းညွှန်ခွေး မဝယ်ပေး နိုင်ခဲ့သောကြောင့် ပိုက်ဆံအကုန်သုံးပြီး လမ်းညွှန်ခွေးများကို ကိုယ်တိုင်ကိုယ်ကျ သင်ပြပေးခဲ့သည်။ သို့ရာတွင်။

ကောင်းသော နေ့ရက်များက အချိန်ကြာရှည် မခံချေ။ မတော်တဆ ဦးလေးချောင်၏ ခွေးက ကားတိုက်မှု ဖြစ်သွားသည်။ အကြောင်းမူကား အသံဖြင့် အတည်ပြုမှု မှားယွင်း သွားသောကြောင့်ဖြစ်သည်။

ထိုအချိန်ကစပြီး ဦးလေးချောင်၏ တစ်ကိုယ်လုံးက မျောလွင့်သွားခဲ့သည်။ သူသည် အရာအားလုံးကို သူ၏အမှားဟု သတ်မှတ်ထားခဲ့၏။ ထို့ကြောင့် သူဟာ လမ်းညွှန်ခွေးများကို ကောင်းမွန်စွာ လေ့ကျင့်ပေးပြီး ပို၍ကောင်းမွန်သော လမ်းညွှန်ခွေးများကို မွေးမြူထားခဲ့သည်။ သို့သော် တစ်ကောင်ကိုမှ မရောင်းခဲ့ချေ။

တစ်စုံတစ်ယောက်ဟာ ဈေးကြီးပေး၍ လာဝယ်ဖူးသည်။ သို့သော် ဦးလေးချောင်က မရောင်းခဲ့ချေ။

သူသည် ထိုအချိန်က ကယ်ဆယ် စောင့်ရှောက်ရေးစင်တာသို့ လမ်းညွှန်ခွေးပေါင်း များစွာကို လှူခဲ့ဖူးသည်။ သို့သော်။

သူ့ကို စိတ်ပျက် စေသည်မှာ လမ်းညွှန်ခွေးတိုင်းကို ကြွယ်ဝသော မိသားစုများထံသို့ ပေးလိုက်ကြသဖြင့် သူဟာ ဒေါသ ထွက်သွားခဲ့ရသည်။

ထိုမိသားစုကြီးများက အထူးနာနီများနှင့် စောင့်ရှောက် ခံရသူများဖြစ်သည်။ ထို့ကြောင့် အပြင်ထွက်သောအခါ လမ်းညွှန်ခွေး မလိုအပ်ဟုဆိုလျှင်ပင် ချဲ့ကားရာ မရောက်ချေ။

190 02

ထိုသို့ဖြင့် ဦးလေးချောင်က ယခုလို ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ သူသည် လမ်းညွှန်ခွေး မြောက်မြားစွာကို မွေးမြူထားခဲ့သည်။ သို့သော် တစ်ကောင်ကိုမှ မလှူဒါန်းတော့ချေ။

အသက်၇၀နီးပါး ဖြစ်နေသည့် လူအိုကြီး တစ်ယောက်တွင် လမ်းညွှန်ခွေး အကောင်၂၀ ကျော်က ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်လာသည်။

သို့ရာတွင် ထိုသို့ ဖြစ်နေသည့်တိုင်အောင် ဦးလေးချောင်က လက်မလျှော့ခဲ့ချေ။ သူသည် ခက်ခဲ မတ်စောက်သော ဆင်ခြေလျှောပေါ်တွင် နေ့တိုင်းလိုလို တက်နေခဲ့သည်။

မျှော်လင့် ထားသည့်အတိုင်း အဝေးတွင် ယိုယွင်း ပျက်စီးနေသော ခြံဝန်းကြီးကို တွေ့ရသည်။ ခြံဝန်းတစ်ခုလုံးတွင် တစ်ခန်းတည်းသာ ရှိသည်။ ကျန်သော နေရာတိုင်းက ပလတ်စတစ်များ အိတ်များနှင့် ပြည့်နှက်နေသည်။ နံဟောင်သော ရနံ့ကလည်း ထွက်နေသည်။

“အဲဒီမှာ ဖြစ်လောက်တယ်”

ဆုပိုင်က တစ်ချက်ပြောလိုက်ပြီး ခပ်ဖြည်းဖြည်း လျှောက်သွားသည်။

ထိုအချိန်တွင် မီးခိုးရောင် ဆံပင်များနှင့် ပါးရေများ တွန့်နေသော လူအိုကြီးတစ်ယောက်က ရှိနေသည်။ သူဟာ ငုံ့ကိုင်းပြီး မကောင်းလောက်တော့သည့် စားစရာများ ပြည့်နေသော ဇလုံကြီးကို ကိုင်ရင်း ခြံဝန်းအလယ်သို့ လျှောက်သွားနေသည်။

“ဝုတ်”

ခွေးတစ်ကောင်က ဟောင်သည်။

ပိန်ကပ်နေသော လမ်းညွှန်ခွေး ဆယ်ကောင်ကျော်က ထွက်လာကြပြီး စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းလိုက်ကြသည်။

“ဦးလေးချောင်”

ကောင်းယဲ့က ကျယ်လောင်စွာ လှမ်းအော်သည်။

ဦးလေးချောင်က ခေါင်းကို မော့ပြီး ရယ်ပြလျက် စားစရာများကို မြေပြင်ပေါ်တွင် ချလိုက်သည်။ ထို့နောက် လက်ကို ကိုယ်ပေါ်တွင်သာ အသာသုတ်ပြီး အပြေးအလွှား တံခါးလာဖွင့်သည်။

“ကောင်းယဲ့လေး ငါ ဒီနေ့ ကောက်လာခဲ့တဲ့ ပေါင်မုန့်တွေ လာပို့မလို့ပဲ”

“ငါ မပြောဘူးလား။ လမ်းက တအားဝေးတာ။ မင်းက မြင်နိုင်တာလည်း မဟုတ်ဘူး။ ဒီတော့ ကိုယ်တိုင်မလာရင် အကောင်းဆုံးပဲ။ ဦးလေးချောင်က ကိုယ့်ဘာသာကိုယ် ထပ်ကောက်ပါမယ်။ လုံလောက်ပါတယ်”

သို့သော် အနောက်တွင် တစ်စုံတစ်ယောက် ရပ်နေကြောင်း မြင်လိုက်ပြီး ဦးလေးချောင်က မှင်တက်သွားသည်။ ထို့နောက် အပေါ်အောက် စုံချည်ဆန်ချည် ကြည့်ပြီး သူက အေးစက်စွာပြောလာသည်။

“ကူညီဖို့ ရောက်လာတဲ့ နောက်တစ်ယောက်လား။ ကိုယ့်ပစ္စည်းတွေ ကိုယ်ချပြီး ထွက်သွားတော့”

“လာပြီး ကူညီတယ် ဆိုတာထက် ဒုက္ခပေးတာက ပိုများတယ်။ သွား မြန်မြန်လေး ထွက်သွားတော့”

“မဟုတ်ဘူး ဦးလေးချောင် ဆုပိုင်ကောက အဲဒီလိုမဟုတ်ပါဘူး”

ကောင်းယဲ့က ခပ်မြန်မြန် အရှေ့တက်ပြီး တုန်ယင်သော လေသံဖြင့် ရှင်းပြပေးသည်။

“ဟွန့် အရင်တစ်ခေါက်က တစ်ယောက်ကို မေ့သွားပြီလား။ သူ့ကိုလည်း ခြားနားတယ်လို့ ပြောခဲ့တာပဲ။ အဲဒီတစ်ယောက်က သုံးရက်တောင် မခံဘဲ ထွက်ပြေးသွားတာလေ”

“အရင်တစ်ခေါက်က ဘယ်သူငိုခဲ့လဲ မေ့သွားပြီလား”

ဦးလေးချောင်က ဆုပိုင်ကို စိုက်ကြည့်ပြီး ဆူပူသည်။ နောက်ဆုံးတစ်ခွန်းကို ပြောပြီးပြီးချင်း သူဟာ နောက်သို့ လှည့်ကာ အတွင်းသို့ တိုက်ရိုက်ဝင်သွားသည်။

“ဆုပိုင်ကော ဦးလေးချောင်က အဲဒီလိုပဲ။ ဒေါသ မထွက်ပါနဲ့”

ကောင်းယဲ့လေးက ဆုပိုင်၏ အင်္ကျီကို အသာဆွဲလျက် စိုးရိမ်တကြီးပြောသည်။

“မြန်မြန်လေးဝင်ပြီး ပစ္စည်းတွေချရအောင်”

“အင်း”

ဆုပိုင်က အသာပြုံးလိုက်ပြီး ဘေးဘက်ခြမ်းမှ ညစ်ပတ်နေသော လမ်းညွှန်ခွေးများကို ကြည့်သည်။ အများစု၏ ဆံပင်မွေးများက ထုံးနေသည်။ အများစုကမူ မျက်ရည်များ ပြည့်နှက်နေသလို ပုံစံမျိုးဖြင့် ဖြစ်နေကြသည်။ သူတို့သည် ပိန်ကပ် နေရုံသာမကသေးဘဲ တက်ကြွခြင်းလည်း မရှိချေ။ ဒါဟာ အင်အားချို့တဲ့သည့် လက္ခဏာဖြစ်သည်။

190 03

သို့ရာတွင် တစ်ကောင်ချင်းစီတိုင်းက အလွန်နာခံတတ်သည်။ ဆုပိုင်တို့ ဝင်လာကြောင်း မြင်သောအခါ အသံပင် မထွက်စေဘဲ တိတ်တဆိတ်သာ စားနေကြသည်။

ဆုပိုင်က မုန့်များထည့်ထားသော ပလတ်စတစ်အိတ်ကို အသာချထားလိုက်ပြီး လမ်းညွှန်ခွေးများ၏ အရှေ့တွင် ဆောင့်ကြောင့် ထိုင်လိုက်ကာ ဂရုတစိုက်ကြည့်သည်။

ထိုလူအိုကြီးကို ဖျောင်းဖျရန် မလွယ်ကူနိုင်ချေ။ ပိုက်ဆံဖြင့် ဝယ်ရန် ပို၍ပင် မသင့်လျော်ချေ။

သို့ရာတွင် မည်သည့်နည်းနှင့်မဆို သူတို့သည် လမ်းညွှန်ခွေးများကို လက်လျှော့၍ မရချေ။ လူအိုကြီးတစ်ယောက်တည်း နေထိုင်ရခြင်းကပင် အလွန်ခက်ခဲနေပြီးသား ဖြစ်သည်။ ထိုအကောင်များနှင့်ဆိုလျှင် သူ၏ဘဝမှာ ပုံမှန် မဖြစ်နိုင်သည့်အပြင် ပို၍ဆိုးနိုင်သည်။ ထို့အပြင် လမ်းညွှန်ခွေးများ၏ အာဟာရကလည်း ပြည့်မီခြင်း မရှိချေ။ ဒီအတိုင်း ကြာရှည်နေပါက ကျန်းမာရေး မကောင်းလာဘဲ သေစေနိုင်သည်အထိ ဖြစ်သွားနိုင်သည်။

ဒီနေရာရှိ လမ်းညွှန်ခွေး တစ်ကောင်ချင်းစီ တိုင်းက အလွန်အမင်း အဖိုးတန်သည်။

ပို၍ဆိုးသည်မှာ ထိုလူအိုကြီးက လမ်းညွှန်ခွေးများကို ကောင်းကောင်း လေ့ကျင့်ပေးထားခဲ့ပြီး အလွန်စည်းကမ်း နားလည်နေကြောင်း ပြောရပေမည်။

“ဟူး”

ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး တဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

သူဟာ အိမ်ထဲ ဝင်ပြီး ဦးလေးချောင်နှင့် စကားပြောရပေမည်။ မည်မျှ ကုန်ကျစေကာမူ ခွေးများကို ဝတုတ်ပြီး အင်အားပြည့်ဝအောင် ကျွေးခွင့် ရပေမည်။

ဝုန်း။

ထိုအခိုက် အပြင်မှ စက်သံက ထွက်လာသည်။ ကားက ဂိတ်ဝတွင် ရပ်သွားသည်။

ခေါင်းကြီးကြီး နားရွက်ကြီးကြီးနှင့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က သုန်မှုန်သော မျက်နှာနှင့် ကားထဲမှ ထွက်လာသည်။ နောက်မှ လူပေါင်းများစွာကလည်း ထွက်လာကြပြီး သက်လတ်ပိုင်းလူ၏ နောက်မှ လိုက်လာကြသည်။

“အဘိုးကြီးချောင်က ဘယ်သူလဲ”

သက်လတ်ပိုင်းလူက ခါးထောက်လျက် လမ်းညွှန်ခွေးများကို ရွံရှာသလို ကြည့်ကာ ရှောင်ရှားရင်း လှမ်းအော်သည်။

“ချန်းလုံ မင်းက ဘာကိစ္စနဲ့ လာတာလဲ”

ဦးလေးချောင်က တံခါးကိုဖွင့်ရင်း ခပ်မြန်မြန်ထွက်လာသည်။ ရှောင်ယဲ့ကိုလည်း အိမ်တွင်းသို့ တွန်းထည့်ကာပြောသည်။

“အရင်လရဲ့ လခကို ပေးပြီးပြီနော်။ ဒီလရဲ့ လခကို ပေးဖို့ အချိန်မကျသေးဘူး။ ဘာလာ လုပ်တာလဲ”

“ဟားဟား”

ချန်းလုံက သူ၏ဗိုက်ကြီးကို အသာကော့လျက် ဘေးဘက်မှလူကို ခေါင်းညိတ် ပြလိုက်သည်။

++++++191 01

အခန်း 191

ထိုလူက suitဝတ်ထားသည်။ မျက်မှန်လည်း တပ်ထား၏။ သူဟာ အရှေ့သို့ တစ်လှမ်းထွက်လာပြီး သူ၏အိတ်ထဲမှ ဖိုင်ကိုထုတ်ကာ ဦးလေးချောင်၏ရှေ့တွင် ဖြန့်ပြရင်း လှောင်ရယ်သလို ပြောသည်။

“လူကြီးမင်းချန်းက ဒီနေရာကို ငါတို့ဆီ ရောင်းလိုက်ပြီ”

“ဒါက အရောင်းအဝယ်စာချုပ်ပဲ။ မင်းဒီနေရာကနေ သုံးရက်အတွင်း ပြောင်းရမယ်လို့ လာပြီး အကြောင်းကြားတာ။ အဲဒီလိုမှမဟုတ်ရင် ငါတို့က ဒီနေရာကို အတင်းဖြိုချမှာပဲ”

“မဟုတ်ဘူး”

ထိုစကားကို ကြားပြီးနောက် ဦးလေးချောင်း ထိတ်လန့်သွားသည်။ ဆုပိုင်က ခပ်မြန်မြန် သွားထိန်းပေးလိုက်ရသည်။

“ချန်းလုံ ချန်းလုံက အဲဒီအချိန်ကတည်းက ဒီနေရာကို သဘောတူထားပေးပြီးသား။ ဆယ်နှစ်အတွင်း ငါ့ကို မောင်းမထုတ်နိုင်ဘူး။ အခုက ဘာဖြစ်တာလဲ”

“ဦးလေး အရမ်းကြီး စိတ်မလှုပ်ရှားနဲ့ ဦးလေး အရမ်းကြီး စိတ်မလှုပ်ရှားနဲ့”

ဆုပိုင်၏ မျက်နှာက နီရဲသွားသည်။ တစ်ဖက်သူက အလွန်တုန်လှုပ်နေကြောင်း မြင်သောအခါ တွဲထိန်းပေးရင်း ရင်ဘတ်ကို ဖိထားလိုက်ကာ ခပ်တိုးတိုး နှစ်သိမ့်ပေးသည်။

“ကောင်းပြီ။ ဦးလေးချောင်ကလည်း အဲဒီလို မဖြစ်ချင်ပါဘူး။ ဒါပေမဲ့....”

ချန်းလုံက ခါးသည်းစွာပြုံးပြီး တစ်ခြံလုံးကို ကြည့်ကာ ကူကယ်ရာမဲ့သလို ပြောသည်။

“ခင်ဗျားမှာ ခွေးတွေ အများကြီးပဲ။ ငါ့ကိုလည်း တွေးပေးစမ်းပါဦး။ အိမ်ကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အနီးနားက လူတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လောက်တောင် အထွန့်တက်ကြသလဲ”

“နောက်ပြီး နံဟောင်နေတဲ့ အနံ့တွေ။ နောက်ပြီး ဒီခွေးအမွေးတွေ။ နေ့တိုင်းကောက်နေတဲ့ အမှိုက်တွေ”

“ငါလည်း မတတ်နိုင်ဘူးလေ။ ငါတို့ စာချုပ်မှာ လက်မှတ်ထိုးထားခဲ့တာ မှန်ပါတယ်။ ငါက စာချုပ်ကို ဖောက်ဖျက်တာဆိုတော့ လျော်ကြေးအနေနဲ့ ယွမ်သုံးထောင် ပေးမယ်”

“မဟုတ်ဘူး။ မင်းတို့ မင်းတို့ဒီနေရာကို သိမ်းသွားတဲ့အခါ ဒီခွေးတွေက ဘာဖြစ်သွားမှာလဲ”

ဦးလေးချောင်က အော်သည်။

“ဟားဟား မင်းရဲ့ လမ်းညွှန်ခွေးတွေအတွက်ကတော့ ငါတို့ကုမ္ပဏီက တစ်ကောင်ကို တစ်သိန်းခွဲနဲ့ လေလံ ဆွဲပေးနိုင်တယ်”

ထိုအချိန်တွင် နောက်ဘက်မှ လူငယ်တစ်ယောက်ထွက်လာပြီး ပြုံးရယ်ကာ ပြောသည်။

“ဒါက တစ်ကောင်ချင်းစီအတွက် သီးသန့်စာချုပ်နော်။ နောက်ပြီး လမ်းညွှန်ခွေးအသစ်တွေကို လေ့ကျင့်ပေးဖို့ လိုအပ်လာတဲ့အခါ ငါတို့က ဦးလေးချောင်ကို မြင့်မားတဲ့လစာနဲ့ ငှားရမ်းမှာပါ”

“မင်း သောက်ကျိုးနည်း ကောင်တွေ”

ထိုအခါမှသာ ဦးလေးချောင်က တုံ့ပြန်နိုင်သည်။

ရှေ့မှ လူတစ်အုပ်က သိသာစွာ လမ်းညွှန်ခွေးများသို့ ရောက်ရှိလာကြခြင်း ဖြစ်လေသည်။ အိမ်အတွက်ကြောင့် ဆိုသည်မှာလည်း အရာအားလုံးက အမှိုက်သာ ဖြစ်နိုင်သည်။

“ဒီအဘိုးကြီး ဒီမှာ သေသွားမယ်ဆိုရင်တောင်မှ မင်းတို့ဒီခွေးတွေကို ထိဖို့ မစဥ်းစားနဲ့”

ဦးလေးချောင်က အဆုပ်များကွဲသည်အထိ အော်ပြီး ဆုပိုင်၏ လက်မောင်းအတွင်းသို့ လဲပြို ကျသွားသည်။

“ငါတို့ ခွေးတွေ ယူသွားခွင့် ပြုလို့မရဘူး”

“ဒါတွေ အားလုံးက ချင်အာရဲ့ ရတနာတွေ။ သူတို့ကို ချင်အာအတွက်ကို ထားပေးခဲ့တာ”

“ချင်အာ”

ဆုပိုင်က ရှေ့မှလူများကို တစ်ချက် အပြင်ထွက်သွားရန် အမူအယာပြလိုက်သည်။ ထို့နောက် ဦးလေးချောင်အား အိမ်အတွင်းသို့ တွဲခေါ် ပေးသွားလိုက်သည်။

“ကောင်းယဲ့ အိမ်ထဲမှာ ခဏနေပြီး လိမ်လိမ်မာမာနေနော်။ အစ်ကိုကြီးဆုပိုင်က ဂရုစိုက်လိုက်မယ်”

ထိုသို့ပြောပြီးနောက် သူဟာ စိုးရိမ်သော မျက်နှာနှင့် တံခါးဝတွင် ခဏ ရပ်ကြည့်လိုက်သေးသည်။ ထို့နောက်မှသာ တံခါးဖွင့်ပြီး အပြင်သို့ ထွက်သွားသည်။

ဦးလေးချောင်ပြောသော ချင်အာဆိုသည်မှာ ထိုနှစ်က ကားတိုက်ပြီး သေသွားခဲ့သော သူ၏သမီး ဖြစ်နိုင်သည်။ သို့ရာတွင် ထိုခွေးများအားလုံးကလည်း လူအိုကြီး၏ ကြိုးစား အားထုတ်မှုများ ဖြစ်နေသေးသည်။ ထို့ကြောင့် သူ၏ဘဝဟာ မည်မျှ ခက်ခဲနေစေကာမူ သူသည် ဒီခွေးများကို စွန့်ပစ်လိမ့်မည် မဟုတ်ချေ။ ထိုလူအိုကြီးဟာ လေးစားရန် ထိုက်တန်သည်။

191 02

“ဟူး”

ဆုပိုင်က အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး အပြင်မှလူများထံသွားကာ စာချုပ်ကို ဆွဲယူလျက် ဖတ်ကြည့်သည်။

ထို့နောက် ချန်းလုံဆိုသူကို မော့ကြည့်ပြီးပြောသည်။

“စာချုပ်ကလည်း လက်မှတ်မထိုးရသေးဘူး။ နောက်ပြီး ဈေးက ကိုးသိန်းဟုတ်လား”

“အဓိက အရေးကြီးတာက ဦးလေးချောင်ကို ဒီခွေးတွေနဲ့ ပတ်သက်ပြီး ဖျောင်းဖျပေးဖို့ပဲ”

“ဟားဟား”

ဆုပိုင်က အထင်သေးသလိုရယ်ပြီး စာချုပ်ကို လွှင့်ပစ်လိုက်သည်။

ဝုတ်။

ဗြိ။

ဦးလေးချောင်၏ ဒေါသကို ခံစားမိသလို လမ်းညွှန်ခွေးများကလည်း စာချုပ်ကို ဆုတ်ဖြဲ လိုက်ကြသည်။

“မင်းက ဘာလုပ်တာလဲ”

“အသက် မရှင်ချင်တော့ဘူးလား”

လူငယ်က ထိုအခြေအနေကို မြင်သောအခါ ဒေါသတကြီးအော်သည်။

ဖုန်း။

ဆုပိုင်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ထိုလူငယ်ကို မြေပြင်သို့ ဆောင့်ကန် လိုက်သည်။ ထို့နောက် အေးစက်သော မျက်လုံးဖြင့်ကြည့်ကာ ခက်ထန်စွာ ပြောသည်။

“မင်းတို့ ဒီခွေးတစ်ကောင်စီကို တစ်သိန်းခွဲနဲ့ ဝယ်မယ်ဆိုရင်တောင်မှ ဝယ်လို့ ရမှာမဟုတ်ဘူး။ ငါပြောတာမှန်လား”

“အသုံးမကျတဲ့ အမှိုက်တစ်အုပ်”

သူက ကျိန်ဆဲသည်။

ယခုလေးတင် တွေ့လိုက်ရသည့် စာချုပ်က ဟာကွက်များ ပြည့်နှက်နေသည်။ ဦးလေးချောင်က စာချုပ် လက်မှတ်ထိုးလိုက်သည်နှင့် ခြံဝန်းသာ မကဘဲ လမ်းညွှန်ခွေးတိုင်းကို ကိုးသိန်းတည်းနှင့် အရောင်းခံလိုက်ရမည် ဖြစ်သည်။

ဆုပိုင်ကမူ ထိုလူများက အချိန်ကျလာသည့်အခါ ဦးလေးချောင်ကို ပိုက်ဆံပေးမည်ဟုပင် မယုံကြည်ပေ။ ပို၍ဆိုးသည်မှာ ထိုလူများ၏ ရည်ရွယ်ချက်က သိသာ ထင်ရှားလွန်းသည်။ သူတို့သည် လမ်းညွှန်ခွေးများ၏ အကျိုးအမြတ်ကို မျက်စိ ကျနေသည်။

ခြံဝန်းထဲတွင် လမ်းညွှန်ခွေး အကောင်၂ဆယ်ကျော် ရှိသည်။ တစ်ကောင်ကို တစ်သိန်းဆိုလျှင်ပင် နှစ်သန်းခန့် ရရှိပေလိမ့်မည်။

“သေချင်နေတာလား။ ငါ့ကို လွှတ်ပေးစမ်း”

ဆုပိုင်၏ တက်နင်းမှုကို ခံထားရသည့် လူငယ်လေးက ဒေါသတကြီး ဖြစ်သွားပြီး ဘေးဘက်မှ လူများကို ကုန်းအော်သည်။

“မင်းတို့က ဘာကြည့်နေတာလဲ။ တိုက်ခိုက်လေ”

ဘန်း။

ဆုပိုင်က ရှေ့သို့ ထွက်ပြီး သူ့ကိုခပ်ကြမ်းကြမ်း တက်နင်းလိုက်သည်။ ထို့နောက် သတိလစ်သွားအောင် ကန်လိုက်၏။ သူ၏မျက်လုံးက မှေးကျဥ်းသွားပြီး အရှေ့မှ လူများကို ကြည့်သည်။

“စာချုပ်သွားယူလိုက် ငါ ဒီနေရာကို ဝယ်မယ်”

“တကယ်လား”

ချန်းလုံးက အရှေ့မှလူများကို တွန်းဖယ်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“တကယ်ဆိုရင် မင်း ဝယ်မယ်ဆိုရင် မင်းဒီခွေးတွေကို ကြိုက်သလို လုပ်လို့ရတယ်။ ဒါပေမဲ့ အမြန်ဆုံးမှ လက်မှတ်ထိုးမှ ဖြစ်မယ်။ အဲဒီလိုမှ မဟုတ်ရင်”

“ရတယ်”

ဆုပိုင်က ခေါင်းအသာညိတ်လိုက်သည်။

တိရိစ္ဆာန်ရုံမှ ကောက်ခံထားသော လက်မှတ်ကြေးများကိုလည်း စနစ်မှတဆင့် အပိုင်းအစ တာဝန်နယ်မြေအတွင်းသို့ လွှဲပြောင်းယူ၍ ရသည်။

191 03

“ဆုပိုင်ကော မကောင်းတော့ဘူး”

ထိုအခိုက် အထဲမှ အော်သံက ထွက်လာသည်။ ကောင်းယဲ့သည် တံခါးကိုတွန်းဖွင့်ပြီး သွေးပေနေသော လက်များနှင့်အတူ ပြေးထွက်လာသည်။

“ဦးလေးချောင် ဦးလေးချောင် သွေးအန်နေတယ်”

“ဘာ”

“မြန်မြန်လမ်းကဖယ်”

ဆုပိုင်က အော်ဟစ်ပြီး အရှေ့မှလူများကို တွန်းထိုးကာ အတွင်းသို့ ဝင်သွားသည်။

အဟွတ်။

ဦးလေးချောင်က အိပ်ရာတွင် လှဲနေပြီး ပါးစပ်မှ သွေးများက စီးကျနေသည်။

“ဦးလေး ထိန်းထားဦး။ ငါဆေးရုံခေါ်သွားပေးမယ်”

ဆုပိုင်က ထိုသို့ပြောသည်။ သူသည် အိတ်ထဲမှ တစ်သျှူးကို ထုတ်လိုက်ပြီး နှုတ်ခမ်းမှ သွေးများကို သုတ်ပေးသည်။ ထို့နောက် တစ်ဖက်သူကို ကိုင်ပြီး ပွေ့ဖက်ရန် ကြံစည်လိုက်သည့် အခိုက်အတန့်တွင်...

“အဟွတ် မလိုတော့ပါဘူး”

ဦးလေးချောင်က လက်ကို အားနည်းစွာ ရမ်းပြလိုက်ပြီး ဆုပိုင်ကို တားသည်။

“ကောင်လေး မင်းရဲ့နာမည်က ဘာလဲ”

“ဦးလေးချောင် စကားမပြောနဲ့ဦး။ ငါ့ရဲ့နာမည်က ဆုပိုင်ပါ။ ငါတို့ ဆေးရုံအရင်သွားရအောင်။ ဟုတ်ပြီလား”

ဆုပိုင်က စိုးရိမ်တကြီးပြောသည်။

မြေပြင်တွင် သွေးများက အိုင်နေလေပြီ။ ဦးလေးချောင်၏ မျက်လုံးများကလည်း တဖြည်းဖြည်းချင်း ဖျော့တော့လာမည့် လက္ခဏာများ ပြနေသည်။ သိသာစွာပင် ဒါဟာ သေဆုံးခါနီးနေလေပြီ။

ဘာလို့ ဒီလောက်မြန်တာလဲ။ အခုလေးတင် ကောင်းနေတာကို။

“မလိုဘူး”

ဦးလေးချောင်က လက်ကို တုန်ယင်စွာ ရမ်းခါရင်း နံရံကိုမှီလျက် ထိုင်လိုက်သည်။ ထို့နောက် အမောတကော အသက်ရှူကာ အရှေ့မှ ကောင်မလေးကို ကြည့်ပြီး ခပ်တိုးတိုး လှမ်းပြောသည်။

“ရှောင်ယဲ့ လာဦး”

“ဦးလေးက ကိုယ့်ရောဂါ ကိုယ်သိပါတယ်”

“အရင်တစ်ခေါက်ကတည်းက ဒီဦးလေးက မင်းကို စောင့်နေခဲ့တာ။ အပြင်ဘက်က လမ်းညွှန်ခွေးတွေအားလုံးကို သမီးလက်ကို အပ်ပါတယ်။ သမီး ရောင်းချင်ရင်တောင်မှ ရောင်းနိုင်ပါတယ်။ သမီး သူတို့ကို ရောင်းပြီးနေရင် ကောင်းမွန်တဲ့ဘဝကို နေထိုင်ရမှာပဲ”

“ဝူး ဦးလေးချောင် မလိုဘူး။ ဦးလေးချောင်က အဆင်ပြေမှာပါ”

ကောင်းယဲ့လေးက ငိုသည်။

ဦးလေးချောင်က ဆုပိုင်ကိုကြည့်ပြီး တုန်ယင်သော လေသံနှင့် ပြောသည်။

“ကောင်လေး မင်းအပြင်မှာပြောတာတွေကို ငါကြားပြီးပြီ။ ဒါပေမဲ့...”

“မင်း အနာဂတ်မှာ ရှောင်းယဲ့အပေါ်တော့ ကောင်းပေးရမယ်နော်။ ဒီအဘိုးကြီးက သေတဲ့အထိ ဖြစ်သွားရင်တောင် မင်းကို ခွင့်လွှတ်ပေးမှာမဟုတ်ဘူး”

“ဝူးဝူးဝူး”

ဦးလေးချောင်က နံရံကို အားနည်းစွာမှီလိုက်ပြီး ရှေ့သို့ တိုက်ရိုက်ကြည့်သည်။

“ချင်အာ”

“အားလုံးက အဖေ့ရဲ့အမှားပဲ။ အဖေကသာ သူတို့ကို နည်းနည်း မြန်မြန်လေ့ကျင့် ပေးခဲ့မယ်ဆိုရင် သမီး အဲဒီလို ဖြစ်သွားမှာမဟုတ်ဘူး”

“ဒါပေမဲ့”

“သမီး မမြင်နိုင်တာ အဖေသိပါတယ်။ ဒါကြောင့် အနာဂတ်မှာ...”

“ပါးက သမီးရဲ့အနားက ထွက်သွားတော့မှာ မဟုတ်ဘူး။ သမီးနဲ့အတူ အမြဲတမ်းရှိနေမှာ”

“ချင်အာ ပါးရဲ့ချင်အာလေး”

တဖြည်းဖြည်းချင်း အောက်သို့ ပြုတ်ကျသွားသော လက်များကိုကြည့်ရင်း ဆုပိုင်က ကောင်းယဲ့ကိုသာ ပွေ့ဖက်လိုက်တော့သည်။

******

192 01

အပိုင်း (192)

“လူက ဘယ်မှာလဲ”

ချန်းလုံက ကားထဲမှ အလျင်စလို ပြေးထွက်ပြီး ခြံဝန်းထဲသို့ဝင်ကာ အော်သည်။

သို့သော် ထိုအချိန်တွင် ပျောက်နေသော ခွေးများက လွဲပြီး ခြံဝန်းထဲတွင် အရာအားလုံးက ရှိနေသည်။ အချိန်အတန်ကြာ ရှာပြီးနောက် ချန်းလုံက တံခါးဝတွင် ရပ်လျက် ကျိန်ဆဲသည်။

“သေစမ်း ထွက်ပြေးသွားပြီထင်တယ်”

“ငါ ဒီအိမ်ကို ဘာလုပ်ရမှာလဲ”

သူက တံခါးကို ဒေါသတကြီး ဖွင့်လိုက်ပြီး အလျင်စလို ထွက်သွားသည်။

မနေ့က ကုမ္ပဏီကို လာတဲ့သူတွေကို အမြန်ဆုံး သွားရှာရမယ်။ ခြံကို ဘယ်လိုနည်းနဲ့မဆို ရအောင် ရောင်းရမယ်။

ခြံဝန်းနှင့် အလွန်ဝေးကွာသော တစ်နေရာ။ ရှင်းလင်းသော နယ်မြေတစ်ခုတွင်။

“ဝူးဝူး”

ကောင်းယဲ့လေးက မြေပြင်တွင် ထိုင်နေပြီး ခွေးကြီးကို ဖက်ကာ ငိုနေသည်။

ဆုပိုင်က ဘေးဘက်တွင်ရပ်ကာ အဘိုးကြီးအပိုင် ပစ္စည်းများကို မီးရှို့ပေးလျက် ရှိနေသည်။

အနောက်ဘက်တွင်လည်း ခွေး၂၅ကောင်လုံးက တိတ်တဆိတ် ထိုင်လျက် နေနေကြသည်။ သူတို့သည် ဘာစကားမှ မဆိုကြချေ။ သူတို့၏ မျက်လုံးက ရှေ့မှ အုတ်ဂူထံတွင်သာ ဖြစ်သည်။

ဝုတ်။

ရုတ်တရက် ငိုကြွေးသံကို ကြားလိုက်ရသည်။ မြေပြင်ရှိ လမ်းညွှန်ခွေးတိုင်းက ကျယ်လောင်စွာဖြင့် ထအူကြသည်။ သူတို့၏ ခန္ဓာကိုယ်များက တုန်သွားသည်။

[အိုး ဒီလိုအဆုံးသတ်မျိုး ဖြစ်မယ်လို့ မထင်ထားဘူး။ ဦးလေးချောင်က ကျန်းမာရေး မကောင်းတာ ကြာပြီထင်တယ်။ ဒီလမ်းညွှန်ခွေးတွေကြောင့်သာ မဟုတ်ရင်]

[ဟုတ်တယ် တော်တော်လေးကို ခံစားရတယ်။ ဒါပေမဲ့ လမ်းညွှန်ခွေးတွေကလည်း တကယ်က်ို နာခံလွန်းပါတယ်။ သူတို့ အားလုံး ငိုနေကြတာကိုပဲ ကြည့်လေ]

[ငါ အသက်ကြီးနေပြီ။ ငါဒီလိုမြင်ကွင်းမျိုးကို တောင့်မခံနိုင်တော့ဘူး။ ငါ့ရဲ့မျက်ရည်တွေကို ထိန်းမရတော့ဘူး]

[ဒါပေမဲ့ ဦးလေးချောင်က လူကောင်းတစ်ယောက်ပါ။ သူ မသေခင်မှာတောင် ခွေးတွေအားလုံးကို ကောင်းယဲ့ဆီကို ပေးသွားသေးတယ်။ အခုပိုက်ဆံနဲ့ လဲမယ်ဆိုရင် ဒီကလေးမလေး တစ်ဘဝလုံး အေးအေးဆေးဆေးနေသွားဖို့ လုံလောက်ပြီလေ]

[အပေါ်က တစ်ယောက်က အတွေးလွန်နေတာပဲ။ ဒီလိုကြင်နာတတ်တဲ့ ကောင်မလေးက ခွေးတွေကို ရောင်းမယ်လို့ ထင်လား]

[မပြောနဲ့တော့။ ဒါရိုက်တာဆုပိုင် ဖြေရှင်းပါလိမ့်မယ်]

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ရေတပ်မိတ်ဆွေများက အုတ်ဂူကို ဝိုင်းထားသော ခွေးများကို တွေ့ရင်း ခံစားသွားရသည်။

တိရိစ္ဆာန်များ မျိုးတုန်း ပျောက်ကွယ်သွားပြီမှာ ကြာလှချေပြီ။ ထိုတိရိစ္ဆာန်များ၏ ခံစားချက်က ထိုမျှအထိ ရိုးသားလိမ့်မည်ဟု မထင်ထားကြချေ။ မည်သို့ပင်ဆိုစေ တိရိစ္ဆာန်များက လူသားများ မဟုတ်ချေ။ လူသားများက ဖုံးကွယ် ဟန်ဆောင်တတ်သည်။ တိရိစ္ဆာန်များကမူ အရှိကို အရှိအတိုင်းသာ ထုတ်ပြတတ်၏။ သူတို့သည်လည်း ဦးလေးချောင်၏ ယခုလိုထွက်သွားမှုကို လက်သင့် မခံနိုင်ကြချေ။

“ဟူး”

ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး ငိုနေသော ကောင်းယဲ့ကို ကြည့်သည်။ ထို့နောက် ဘေးဘက်သို့ တိတ်တဆိတ် လျှောက်သွားကာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပြောလိုက်သည်။

“တိုက်ရိုက်ထုတ်လွှင့်မှုက အဆုံးသတ်တော့မယ်”

“ကောင်းကင်ပြာတိရိစ္ဆာန်ရုံက လမ်းညွှန်ခွေးတွေကို ကယ်ဆယ် နိုင်သွားမှာပါ။ အဲဒီအချိန်ကျရင် ခက်ခဲတဲ့ နေထိုင်မှုဝန်းကျင်နဲ့ မျက်လုံးမမြင်တဲ့ လူတွေဆိုရင် ကောင်းကင်ပြာတိရိစ္ဆာန်ရုံကို လာနိုင်တယ်”

“တိရိစ္ဆာန်ရုံက ဒီလူတွေကို ကူညီပြီး လမ်းညွှန်ခွေး ရှာပေးနိုင်ပါတယ်။ ဒါပေမဲ့ စတင်ပြီး သားဖောက်တဲ့ အချိန်မှာတော့ ကောင်းကင်ပြာတိရိစ္ဆာန်ရုံကို ပြန်လာပို့ဖို့ လိုအပ်တယ်။ ကုန်ကျစားရိတ်တွေအားလုံးကို တိရိစ္ဆာန်ရုံက တာဝန်ယူမှာပါ”

“အဆုံးသတ်မှာ....”

192 02

“မင်းတို့ လမ်းညွှန်ခွေးလိုမျိုး တိရိစ္ဆာန်တွေကို လမ်းတွေမှာ တွေ့ရမယ်ဆိုရင် ကောင်းကောင်း ဆက်ဆံပေးဖို့ မျှော်လင့်တယ်”

“သူတို့ကို အစာလည်း မကျွေးပါနဲ့။ ပုတ်လည်းမပုတ်ပါနဲ့ဘ အော်လည်း မခေါ်ပါနဲ့။ ဘယ်လိုမှ အနှောင့်အယှက် မပေးပါနဲ့”

“ဒီလို သေချာလေ့ကျင့်ပေးထားတဲ့ လမ်းညွှန်ခွေးတွေက ဆယ်နှစ်အရွယ် ကလေးနဲ့တူတဲ့ သာမန်ဉာဏ်ရည်မျိုးကို ပိုင်ဆိုင်ကြတယ်။ နေ့စဥ်ဘဝမှာ မင်းတို့ရဲ့ စနောက်မှုတွေ ဆူပူလှောင်ပြောင်မှုတွေကလည်း သူတို့အပေါ် သက်ရောက် သွားနိုင်တယ်။ အဲဒီအခါ မလိုလားအပ်တဲ့ အကျိုးဆက်တွေကို ဖြစ်လာစေနိုင်တယ်”

“ဒါကြောင့် အားလုံး ဒီအချက်တွေကို မှတ်ထားဖို့ မျှော်လင့်တယ်။ သူတို့ လူသားတွေကို အကျိုးပြုပေးနိုင်တာက ငါတို့ မမျှော်လင့်ထားသလောက်အထိ ပြင်းထန်လွန်းပါတယ်။ ဒါကြောင့် မျက်လုံးမမြင်တဲ့ ကလေးတွေအတွက် သူတို့က ဆွေမျိုးတွေလို ရေရှည် အပေါင်းအဖော်လည်း ဖြစ်သွားနိုင်တယ်”

“ဒါကြောင့် အားလုံးပဲ ကောင်းကင်ပြာတိရိစ္ဆာန်ရုံကို လာရောက်ဖို့ ကြိုဆိုပါတယ်”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပိတ်လိုက်ပြီးနောက် ဆုပိုင်က အသက်ပြင်းပြင်းရှူကာ အရှေ့မှ ကောင်းယဲ့နှင့် လမ်းညွှန်ခွေးများကို ကြည့်ကာ ခေါင်းကို လေးလေးလံလံ ညိတ်လိုက်သည်။

“တင် အထူးရတနာအပိုင်းအစက ပြီးမြောက်သွားပါပြီ”

“လမ်းညွှန်ခွေးတွေကို အောင်အောင်မြင်မြင် ကယ်ဆယ်လိုက်နိုင်ပါပြီ။ အပိုခေါ်လာတဲ့ သတ္တဝါကြောင့် အပြစ်ဒဏ်က အောက်ပါအတိုင်း ခံရမှာ ဖြစ်ပါတယ်”

“အံ့အားသင့်မှု အမှတ်များအားလုံး နှုတ်သွားပါတယ်။ တိရိစ္ဆာန်အပိုင်းအစ တာဝန်ကိုလည်း တစ်လလုံးလုံး refreshလုပ်ပေးမှာ မဟုတ်ပါဘူး”

“ပြန်ပို့နေပါပြီ”

“တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပိတ်လိုက်ပါ”

........။

“ဆုပိုင်ကော”

မျက်လုံးကို တဖြည်းဖြည်းချင်း ဖွင့်သောအခါ အနားတွင် ခြင်များယင်ကောင်များ ပျံဝဲသံကို ကြားရသည်။ သူဟာ ပြုံးလိုက်ပြီး ကောင်းယဲ့၏ခေါင်းကို အသာပုတ်လျက် ခပ်တိုးတိုး ပြောသည်။

“သွားရအောင်။ ငါတို့အိ မ်ပြန်ရောက်တော့မယ်။ မကြောက်နဲ့”

ကောင်းယဲ့လေးကို စနစ်က ကယ်ဆယ်ပေးခဲ့သည်။ တခြားသော တိရိစ္ဆာန်များနည်းတူ သူမ၏မျက်နှာကလည်း အနည်းငယ် သက်ရောက် ခံလိုက်ရသဖြင့် အချိန်နှင့် အာကာသပင် ပြောင်းသွားကြောင်း မသိလိုက်ချေ။

သူဟာ တစ်ချက်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူတို့သည် ကောင်းကင်ပြာတိရိစ္ဆာန်ရုံနှင့်မဝေးသော လမ်းတွင် ဖြစ်သည်။ အနားတွင်လည်း လမ်းညွှန်ခွေးအကောင်၂၀ ကျော်ရှိသည်။

“အိမ်ပြန်ရအောင်”

ဆုပိုင်က လက်ကို တစ်ချက်ရမ်းလျက် ထိုအကောင်ငယ်လေးများကို ကောင်းကင်ပြာတိရိစ္ဆာန်ရုံသို့ ခေါ်သွားလိုက်သည်။

“ဒါ....”

အရှေ့တွင် တန်းစီပြီး တိရစ္ဆာန်ရုံထဲ ဝင်ရန် စောင့်ဆိုင်းနေသည့် ဧည့်သည်များက အနောက်ဘက်မှ အသံကြားသဖြင့် လှည့်ကြည့် လိုက်ကြသည်။

ထိုအခါ ရင်းနှီးကျွမ်းဝင်သော လမ်းညွှန်ခွေးများကို မြင်လိုက်သဖြင့် အားလုံးဟာ နေရာတွင် တောင့်ခဲသွားလေသည်။

ဒါရိုက်တာဆုပိုင်၏ လွန်ခဲ့သော ၂ရက်က တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွင် နာခံ သိတတ်လွန်းသော သုန့်သုန့်ဆိုသည့် GR ခွေးလေးပါခဲ့သည်။ ထိုခွေးကို လူတိုင်းက သိနေကြသည်။

“ဘုရားရေ ဒါရိုက်တာဆုပိုင်က လမ်းညွှန်ခွေးတွေကို ကယ်ဆယ်လာတာ ဖြစ်မယ်။ ဒါကြောင့် ငါတို့ နားလည်သွားအောင်လို့ ဒီလို တိုက်ရိုက်ထုတ်လွှင့်ပေးတာ ဖြစ်လောက်တယ်”

“ငါလည်း အဲဒီလိုထင်တာပဲ။ ဒါပေမဲ့ ဒီနည်းလမ်းကို ငါက သဘောတူတယ်။ ဒီတိုက်ရိုက် ထုတ်လွှင့်မှုကြောင့်သာ မဟုတ်ရင် မျက်လုံးမမြင်တဲ့ လူတွေရဲ့ဘဝက ဘယ်လောက်တောင် ဆိုးဝါးသလဲဆိုတာ သိရမှာ မဟုတ်ဘူးလေ”

“အားအားအား ကောင်းယဲ့လေးလည်း ရောက်လာတာကိုး။ ကောင်းလိုက်တာ။ ငါ ဒီကလေးမလေးကို မြင်တိုင်း စိတ်မကောင်းဖြစ်နေတာ”

“အိုးအိုး အနာဂတ်မှာ ဒီလိုကူကယ်ရာမဲ့တဲ့ အခြေအနေမျိုး မတွေ့ရစေရတော့ပါဘူး”

192 03

လူအများက အရှေ့ထွက်လာကြပြီး ကောင်မလေးကိုကြည့်ရင်း စိတ်လှုပ်ရှားစွာ ပြောကြသည်။

“ကောင်းပြီ။ ကောင်းပြီ။ ကျေးဇူးပြုပြီး တန်းစီပေးကြပါ”

ဆုပိုင်က ပြုံးရယ်ကာ လက်ရမ်းလိုက်ပြီး ကောင်းယဲ့တို့ကို တိရိစ္ဆာန်ရုံအတွင်းသို့ ခေါ်သွားလိုက်သည်။

“အာ ဒါရိုက်တာဆုပိုင်”

သူက အထဲသို့ ဝင်ပြီးပြီးချင်း အဝေးမှ တအံ့တသြ အော်သံကို ကြားလိုက်ရသည်။

လှည့်ကြည့် လိုက်သောအခါ ပေါင်ပေါင်က ရှောင်ရုန့်ကို ဦးဆောင်လျက် လောင်ကျိုးတို့ ညီအစ်ကိုနှစ်ယောက်နှင့်အတူ ထွက်လာကြောင်း တွေ့လ်ိုက်ရသည်။

“ကောင်းယဲ့ ဒါက ရှောင်ရုန့်လေ။ မင်းလိုပဲ သူမလည်း အမြင်ပြဿနာ ရှိနေတာ။ လမ်းညွှန်ခွေးကို ဘယ်လိုသုံးရမလဲဆိုတာကို သင်ပေးနိုင်လား”

“ဟေး ဟယ်လို ငါက ကောင်းယဲ့ပါ”

“ကောင်းယဲ့ကျဲကျဲ ငါက ရှောင်ရုန့်ပါ”

လောင်ကျိုးက လက်ချင်း တွဲကိုင်ထားကြသည့် ကောင်မလေးနှစ်ယောက်ကို ကြည့်ရင်း မျက်လုံးများကို သုတ်လိုက်သည်။ သူသည် ဆုပိုင်ကို ကျေးဇူးတင်စိတ် အပြည့်နှင့် ကြည့်သည်။

“ဟားဟား မစိုးရိမ်ပါနဲ့။ ရှောင်ရုန့်က လမ်းညွှန်ခွေးတွေနဲ့ ရင်းနှီးသွားတဲ့အခါ သူမနဲ့ အလိုက်ဖက်ဆုံး တစ်ကောင်ကို ရွေးချယ်လို့ရတယ်လေ။ အဲဒီနောက် အပြင်ကို ထွက်သွားနိုင်မှာပါ”

ဆုပိုင်က တစ်ချက် လက်ဆန့်ပြီး တစ်ဖက်သူ၏ပခုံးကို ပုတ်လျက် သက်ပြင်းချကာ ပြောသည်။

“သူတို့အချင်းချင်း ရင်းနှီးသွားရင်လည်း ကျောင်းကို ပို့ဖို့ စဥ်းစားထားတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်သေးတယ်လေ”

“ဒါပေမဲ့”

ဆုပိုင်က အနားတွင် ဝိုင်းနေသော ခရီးသွားဧည့်သည်များကို ကြည့်ရင်း ပြောလိုက်သည်။

“အခုကစပြီး ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက နောက်ထပ် လူအမြောက်အမြားနဲ့ ပူးပေါင်းကျင်းပမဲ့ ပွဲကြီးတစ်ခုကို စီစဥ်ဖို့ ရှိတယ်။ အဲဒီအချိန်ကျရင် ကလေးတွေအားလုံး လာပြီး ပါဝင်ဆင်နွှဲပေးဖို့ မျှော်လင့်တယ်”

သူက ထိုလမ်းညွှန်ခွေးများနှင့် အဆက်အသွယ် ရှိပြီးကတည်းက တရုတ်နိုင်ငံတွင် လမ်းညွှန်ခွေးများ၏ အရေးပါမှုကို အများသိအောင် လုပ်ရန် စဥ်းစားထားပြီးသား ဖြစ်သည်။

အချိန်ခရီးသွားလာခြင်း မရှိခဲ့စဥ်က ဂျပန်နိုင်ငံရှိ မူလတန်းကျောင်းတွင် ကျင်းပလေးရှိသော အထူးပွဲတစ်ခု ရှိသည်။

“အမှောင်လောကကို ခံစားခြင်း”

ဆုပိုင်သည် မျက်မမြင်များ၏ ဘဝခက်ခဲကြမ်းတမ်းမှုနှင့် လမ်းညွှန်ခွေးများ၏ ကဏ္ဍကို နားလည်စေရန်အတွက် ထိုကဲ့သို့သော အစီအစဥ်မျိုးကို စဥ်းစားထားမိသည်။

“ဘယ်လို အစီအစဥ်မျိုးလဲ။ တစ်မိသားစုလုံး ပါမှဖြစ်မယ်”

“ဟားဟားဟား ထပ်ပြီးတော့ ပွဲရှိပြန်ပြီ။ ငါ့မိန်းမကတော့ ဒီမှာ ရက်အနည်းငယ်လောက် လာနေဖြစ်တော့မယ် ထင်တယ်။ ငါလည်း မပြန်ခင် ဒီပွဲကို ဝင်ပါသွားရမယ်”

“ဘာ...ဘယ်အချိန်မှာ စာရင်းသွင်းရမှာလဲ။ ငါလည်း စာရင်းသွင်းချင်တယ်”

ထိုစကားကို ကြားသောအခါ ခရီးသွားဧည့်သည်များ အားလုံးက တုံ့ပြန်ကြသည်။

မည်သို့ပင်ဆိုစေ ယခင်တစ်ခေါက် ရေပတ်ဖြန်းခြင်းပွဲတော်တွင် အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် လူအများစုက မလာနိုင်ခဲ့ကြသည့်အတွက် နောင်တ ရနေကြရသည်။

“ဟူး”

ဆုပိုင်က လမ်းညွှန်ခွေးများကို သင့်တော်သလို နေရာချထားပြီးနောက် ထရန်နိုဆောရပ်၏ အခြေအနေကို သွားစစ်ကြည့်သည်။ ထိုအကောင်က အသားတုများကို စားရသည့်အတွက် မသက်မသာ မဖြစ်ကြောင်း မြင်မှသာ ယုံကြည်မှု အပြည့်နှင့် ရုံးခန်းအတွင်းသို့ ဝင်သွားလိုက်သည်။ လမ်းတွင်လည်း သူက အကောင်ငယ်လေးများကို ကြည့်နေမိလေသည်။ သူတို့ကို ရွှေရောင်လမ်းညွှန်ခွေးကို ဝိုင်းကာ တစ်စုံတစ်ရာကို ဆွေးနွေးနေပုံပေါ်သဖြင့် ပြုံးရယ်လိုက်သည်။

ဒီတစ်ကြိမ် ပေးဆပ်ရသည့် တန်ကြေးက မြင့်သော်လည်း အံ့အားသင့်မှုအမှတ်၂သန်းနီးပါး အနှုတ်ခံခဲ့ရသည့်တိုင်အောင် သူဟာ ကောင်းယဲ့၏ မျက်နှာမှ အပြုံးကို ကြည့်ပြီး အပျော်လွန်နေမိသည်။

အရာအားလုံးဟာ ထိုက်တန်သည်ဟု ခံစားရသည်။

သူမနှင့် နာခံသိတတ်သော လမ်းညွှန်ခွေးများအားလုံးက အနာဂတ်တွင် ကောင်းကင်ပြာတိရိစ္ဆာနုံရုံ၏ ရတနာများ ဖြစ်လာပေလိမ့်မည်။

.......။

++++++

All Chapters