အခန်း (၁၉၃-၁၉၅)
Vol. 13 Ch. 193-195
193 01
အခန်း 193
“နင် သိလား။ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက နောက်ထပ် ပွဲတစ်ခုကျင်းပမှာတဲ့”
မနက်အစောပိုင်း ပန်းခြံအတွင်းတွင် သက်လတ်ပိုင်းအရွယ် မိန်းမကြီးနှစ်ယောက်က အရွက်ခြင်းတောင်းများ ကိုင်ရင်းထိုင်လျက် စကားပြောနေကြသည်။
“အိုး လောင်လျို ငါတို့အရင်တစ်ခေါက်ပွဲမှာ ဝင်မပါခဲ့ရဘူးလေ။ ဒီတစ်ခေါက်တော့ သွားပါမှ ဖြစ်မယ်”
ခပ်ဝဝ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက အရွက်တောင်းကို ဘေးဘက်တွင် ချလျက် မနာလိုမှု အပြည့်နှင့် ပြောသည်။
“နင် မသိပါဘူး။ အရင်တစ်ခေါက်က လန်မင်ကြွက်လေးတွေကို အနိုင်ရသွားတဲ့ အဲဒီကလေးတွေကိုလေ။ တို့တွေရဲ့ ကလေးတွေက အရမ်းမနာလိုဖြစ်နေရတာ။ သူတို့ရဲ့ အတန်းဖော်တွေတောင် တစ်ကောင်စီရတယ်လေ”
“လူတိုင်းက အဲလိုပါပဲ”
နောက်ထပ် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က ဝင်ပြောသည်။
“ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ဆုမပါသလိုပဲ။ ငါကြားထားတဲ့အတိုင်းဆို ဒီပွဲက လမ်းညွှန်ခွေးတွေကို အများသိအောင် လုပ်ပေးဖို့အတွက်တဲ့။ ငါ tvမှာတောင် ကြော်ငြာနေတာ တွေ့ပါသေးတယ်။ မျက်မမြင်တဲ့သူတွေကို လာရောက်ပြီး ဝင်ပါခိုင်းတယ်လေ။ တခြားသူတွေလည်း နားလည်အောင်လို့ မျက်လုံးကို အဝတ်စည်းမယ်ဆိုလား”
“ဒါကလည်း ကောင်းတာပါပဲ။ ဒါရိုက်တာဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို မကြည့်လိုက်ဘူးလား။ အဲဒီလိုဆိုမှ ငါအဲဒါကို ကြည့်ပြီးပြီးချင်း ငိုတာကို မရပ်နိုင်တော့ပါဘူး”
လောင်လျိုအမည်ရသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးက ကောင်းယဲ့လေး၏ သန်မာပုံကို တွေးလိုက်မိပြီး မျက်လုံးက ကျိန်းစက်လာကာ မျက်ရည်များ ကျလာသည်။
“စကားပြောနေရင်း ဘာလို့ ထငိုတာလဲ”
“လာစမ်းပါ။ မျက်ရည် မြန်မြန်သုတ်လိုက်”
ထို့နောက် တစ်သျှူးများနှင့် မျက်ရည်များကို သုတ်ပြီးနောက် ထိုလောင်လျိုက ဆက်ပြောသည်။
“ငါ အဲဒီကလေးကို မြင်တဲ့အချိန်မှာ ငါ့ညီမလေးကို တွေးမိတယ်။ လမ်းညွှန်ခွေးသာ ရှိနေမယ်ဆိုရင် ငါတို့ဖို့ ဝန်ထုတ်ဝန်ပိုး မဖြစ်စေဖို့ အတွက်ကြောင်းနဲ့ ဒီလိုမျိုး....”
“ဝူးဝူး”
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တစ်မိသားစုလုံး ဝင်ပါရမယ်။ တခြားသူတွေက မျက်လုံး မမြင်တဲ့သူတွေရဲ့ဘဝကို နားမလည်နိုင်ဘူး။ ဟုတ်တယ်။ ဒါပေမဲ့ ငါကတော့ နားလည်တယ်။ ငါ့ညီမလေးက ငယ်ငယ်ကတည်းက ခံစားခဲ့ရတာလေ။ အဆုံးသတ်မှာလည်း....”
“ကောင်းပြီ။ ကောင်းပြီ ငါတို့မိသားစုလည်း ဝင်ပါမှာပါ။ ကလေးတွေလည်း ဝင်ပါသင့်တယ်။ သူတို့က အနာဂတ်မှာ လူကြီးဖြစ်သွားတဲ့အခါ အများကြီး မလုပ်နိုင်ရင်တောင်မှ လူကောင်းတွေ ဖြစ်ဖို့တော့ မျှော်လင့်တယ်”
ထိုစကားကို ကြားသောအခါ နောက်ထပ် အမျိုးသမီးကြီးတစ်ယောက်က မျက်လုံးကို သုတ်လိုက်သည်။ ထို့နောက် အရှေ့မှ လောင်လျိုကို ဖက်ရင်း နှစ်သိမ့်ပေးသည်။
“ကောင်းကင်ပြာတိရိစ္ဆာန်ရုံဟုတ်လား”
သူတို့နှစ်ယောက်ထွက်သွားပြီးနောက် သူတို့၏အနောက်ဘက်တွင် ထိုင်နေသည့် မီးခိုးရောင်ဆံပင်များနှင့် အဖွားကြီးတစ်ယောက်က ကုလားထိုင်မှ တုန်ယင်စွာ ထရပ်လာသည်။
အချိန်အတန်ကြာ ရှာဖွေနေပြီးနောက် သစ်သားတုတ်တစ်ချောင်းကို ကောက်ယူလိုက်ပြီး မြေပြင်တွင် တစ်တောက်တောက် ခေါက်သည်။
ယခုလိုမျိုး ကျောက်တုံးလမ်းများပေါ်တွင် တစ်လှမ်းချင်းစီလှမ်းလျက် အဝေးသို့ လျှောက်သွားသည်။
လမ်းတစ်လျှောက်တွင် အမျိုးသမီးကြီးက လူပေါင်းများစွာကို မေးမြန်းခဲ့ပြီး ထိုပန်းခြံအတွင်းမှ ဝိုင်းပတ်လျက် ထွက်သွားလိုက်သည်။
အချိန်အတန် ကြာပြီးနောက်။
193 02
အမျိုးသမီးကြီးက လှေကားထစ်များ၏ ထိပ်တွင် ရပ်လျက် တုန်ယင်သော လက်များကို လက်ကိုင်တန်းများဆီ လှမ်းသည်။
“အာ အဖွားကျောက် မလှုပ်နဲ့။ ငါလာကူမယ်”
ထိုအချိန်တွင် ဒုတိယထပ်မှ မိသားစုတစ်ခု၏ အိမ်တံခါးက ပွင့်သွားသည်။ ထိုအခြေအနေကို မြင်သောအခါ သက်လတ်ပိုင်းအရွယ်လူကြီးက ခပ်မြန်မြန် ပြေးဆင်းလာပြီး အဖွားကြီး၏လက်ကို ညင်သာစွာကိုင်ပေးလျက် အပေါ်သို့ တက်နိုင်ရန် ကူညီပေးသည်။
အဖွားကြီးကို ငါးလွှာအထိ ပို့ပြီးမှသာ သက်လတ်ပိုင်းလူက နှုတ်ဆက်ပြီး အောက်ပြန်ဆင်းလာသည်။
“ဘာလုပ်တာလဲ။ အမှိုက်သွားပစ်တာ မဟုတ်ဘူးလား။ အမှိုက်က တံခါးမှာပဲ ရှိသေးတာ”
သူက ပြန်ဝင်လာပြီးပြီးချင်း မိန်းမဖြစ်သူက အေပရွန်ဝတ်လျက် ရပ်ကာ ဆူပူနေကြောင်းမြင်လိုက်ရသဖြင့် ပြောလိုက်သည်။
“အိုး ကျေးဇူးပြုပြီး အသံကိုတိုးပါဦး။ ငါအခုလေးတင် အဖွားကျန်းကို အပေါ်ထပ် လိုက်ပို့လိုက်တာ။ သူများက ကြားသွားဦးမယ်”
“အပေါ်ထပ်ကို ဟုတ်လား”
“ဟုတ်တယ်။ ဒီအဖွားကြီးအတွက်လည်း မလွယ်ကူဘူးလေ။ သူမက ပိုင်ဆိုင်သမျှ အရာအားလုံး လှူလိုက်တာ။ နောက်ပြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ဒုက္ခိတဖြစ်နေတဲ့ လူတစ်ယောက်ကိုလည်း ပေးလိုက်သေးတယ်။ သူမရဲ့ မိသားစုထဲမှာ မျက်မမြင်တစ်ယောက်ကိုလည်း မွေးစား ထားသေးတယ်။ မင်းပြောပါဦး။ ဒီလိုမျိုး မျက်လုံးမမြင်တဲ့ လူနှစ်ယောက်။ တစ်ယောက်က အိုပြီး တစ်ယောက်က ကျန်းမာရေးမကောင်းတဲ့ ကလေး။ သူတို့ ဘယ်လိုများ နေထိုင်မှာလဲ”
“ဟေး ဘာလုပ်တာလဲ”
မိန်းမဖြစ်သူက ချက်ချင်းလှည့်ပြီး အိမ်ထဲ ဝင်သွားကြောင်း မြင်သောအခါ သက်လတ်ပိုင်းလူက လှမ်းအော်သည်။
“ငါ ဟင်းနည်းနည်း ပိုချက်ပြီး သွားပေးမလို့လေ။ မဟုတ်ရင် ကလေးကို ငါတို့နဲ့ လာစားဖို့ သွားခေါ်လိုက်ရင် ဘယ်လိုလဲ”
“သနားစရာ ကောင်းလိုက်တာ။ မျက်လုံးမမြင်မှတော့ ဘယ်လိုချက်မှာလဲ”
ဇနီးဖြစ်သူ၏အသံကို နားထောင်ပြီး သက်လတ်ပိုင်းလူက ခေါင်းကို ခပ်မြန်မြန် ညိတ်လိုက်ကာ မီးဖိုခန်းထဲသို့ လှမ်းအော်လိုက်သည်။
“ဟေး ရတယ်။ ရတယ်။ ငါဒီဘဝမှာ မင်းလို ဇနီးကောင်းကို ပိုင်ဆိုင်လို က်ရတာပဲ။ ငါအရင်ဘဝက ဘယ်လိုကံကောင်းမှုတွေ လုပ်ထားလဲ မသိပါဘူး။ သွားသွား ငါအပေါ် ထပ်ကိုတက်ပြီး အဖွားကို သွားမေးလိုက်မယ်”
“ပြောကြတာက ကောင်းကင်ပြာတိရိစ္ဆာန်ရုံက မျက်လုံးမမြင်တဲ့သူတွေ အသုံးပြုလို့ရမဲ့ လမ်းညွှန်ခွေးတွေကို လှူတန်းဖို့ ရှိတယ်လို့ ပြောတယ်။ အဲဒီကလေးနဲ့ အဖွားကျန်းကို ခေါ်သွားရင်မကောင်းဘူးလား”
“ကောင်းတယ်။ ကောင်းတယ်။ ငါ မြန်မြန် ချက်လိုက်မယ်။ ခဏနေရင် ကားသွားငှားလေ။ သူတို့က မမြင်နိုင်ဘူးဆိုတော့ ဘတ်စ်ကား စီးနိုင်မှာမဟုတ်ဘူး”
ထိုသို့ပြောပြီးနောက် သက်လတ်ပိုင်းလူက အပေါ်ထပ်သို့ အလျင်အမြန် တက်သွားသည်။
........။
နောက်တစ်ရက်တွင်။
မနက်၇နာရီသာ ရှိသေးသည်။ ကောင်းကင်ပြာတိရိစ္ဆာန်ရုံ၏ ဝင်ပေါက်က လူများ ပြည့်ကျပ်နေလေသည်။
သို့ရာတွင်။
တိရိစ္ဆာန်ရုံ၏ ဝင်ပေါက်တွင် လှုပ်ရှားခြင်းမရှိဘဲ ရပ်နေသည့် လူတစ်အုပ်လည်း ရှိသည်။ သူတို့က ခေါင်းကိုငုံကာ တိတ်တဆိတ်နေကြသည်။
.....။
“ဒါ ဒါက ဒီပွဲမှာ ဝင်ပါမဲ့လူတွေ မဟုတ်လား”
တံခါးအနားတွင် ရပ်နေကြသည့် ကန်တင်းပိုင်ရှင်များက ထိုအထူးအဖွဲ့ကို ကြည့်လာသည်။
ထိုထဲတွင် သက်ကြီးပိုင်းများလည်း ပါသည်။ သက်လတ်ပိုင်းအရွယ်များလည်း ပါဝင်သလို ကောင်းမွန်လွန်းသော အသက်အရွယ်တွင် ရှိသောလူများလည်း ပါသည်။ ထို့အပြင် ရှေ့ဆုံးတွင် ရပ်နေသောကလေးလေးက လူတိုင်း၏ စိတ်ကို ခံစားရစေသည်။
ထိုကလေးက ၅နှစ်ပင် မရှိသေးချေ။ ကောင်မလေးက ထိတ်လန့်နေပုံ ပေါ်ပြီး သူမ၏ လက်ဖြင့် စည်းထားသည့် ဆံပင်လေးကိုသာ ကိုင်နေသည်။
193 03
မကြာခဏဆိုသလို ဟိုဟိုဒီဒီကြည့်ပြီး နောက်ဘက်မှ မျက်လုံးမမြင့သည့် အဖွားကြီးကို စကားပြောသေးသည်။
“ဘာလို့ ခုံတွေ မရွှေ့ပေးတာလဲ”
“ဟုတ်တယ်။ ဟုတ်တယ်။ သွားသွားသွား တံခါးဖွင့်တဲ့ အချိန်မှာ ပြန်ပြီး ရွှေ့လို့ရတာပဲ။ ဒီလူတွေ အစောကြီးလာမယ်လို့ မထင်ထားဘူးလေ။ နေဦး ငါရေပူလေး သွားပြင်လိုက်ဦးမယ်။ တအား အေးနေတာ။ ဟူး”
“ဒါရိုက်တာဆုပိုင်ကလည်း သူတို့ ဒီလောက် စောစောလာမယ်လို့ မသိလိုက်ဘူးလေ။ ငါနှာခေါင်းတွေတောင် ကျိန်းနေတုန်းပဲ။ ဒီလူတွေက မြင်နိုင်တာမှ မဟုတ်တာ။ သူတို့ ကောင်းကင်ပြာတိရိစ္ဆာန်ရုံကို အစောကြီး လာရှာထားရမှာ။ သူတို့ ဘယ်လိုများ လာတယ်လို့ထင်လဲ”
တံခါးဝရှိ ဆိုင်ရှင်များက ရေနွေးပူများ ပြင်ဆင်ပေးသူကပေး။ ထိုင်ခုံများ ပြင်သူက ပြင်ပေးနှင့် အလုပ်များသွားကြသည်။
ဆုပိုင်က အကြောဆန့်ပြီး ရုံးခန်းထဲမှ ထွက်လာသည်။ သူသည် အဝမှ ဆူညံသံများကို ကြားသောအခါ ခေါင်းလှည့်ကြည့်လိုက်မိသည်။ ထို့နောက် သူ၏လှုပ်ရှားမှုများက တောင့်ခဲ သွားသည်။
သူက အလျင်အမြန် ဘေးသို့သွားပြီး မျက်နှာကို သစ်ကာ ပြေးထွက်လာသည်။
မမျှော်လင့်ထားစွာပင် ထိုလူများက အလွန်စောစွာ လာကြသည်။ အချိန်က မနက်၈နာရီသာ ရှိသေး၏။
သိထားရမည်မှာ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက အစောဆုံးဖွင့်လျှင်ပင် ၉နာရီမှသာ ဖြစ်သည်။ ပုံမှန်ဖွင့်ချိန်က ဆယ်နာရီသာ ဖြစ်၏။
“တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်”
ဆုပိုင်က တံခါးကို အလျင်အမြန်ဖွင့်ပြီး မျက်လုံးမမြင်သည့် လူဆယ်ယောက်ကျော်ခန့်ကို တောင်းပန်လိုက်သည်။
“ခင်ဗျားတို့ စောစော လာမှန်းမသိလို့ပါ။ လာလာလာ မြန်မြန် ဝင်လာကြပါ။ အထဲက နွေးတယ်”
သူဟာ ရှေ့ဆုံးမှ ငါးနှစ်အရွယ်ကလေးလေးကို ကောက်ချီလိုက်ရင်း ပြုံးကာမေးသည်။
“အိပ်ချင်နေလား”
“ဘာလို့ အစောကြီးလာတာလဲ”
သို့ရာတွင် ပွေ့ချီထားသောကလေးက ကြောက်လန့်နေပုံပေါ်ပြီး လက်လေးများကို ဆုပ်ညှစ်ထားသည်။
“ရတယ် ရတယ် မကြောက်နဲ့။ ရို့ရို့ ဒါရိုက်တာဆုပိုင်က လူကောင်းပါ”
ထိုအချိန်တွင် ဆံပင်ဖြူနှင့်လူအိုကြီးက လှမ်းပြောလာသည်။
ဆုပိုင်က သူမကို တစ်ချက်ကြည့်ပြီး အမူအယာက ပြောင်းလဲသွားသည်။
အရှေ့မှ အမျိုးသမီး၏ မျက်လုံးကလည်း ဗလာဖြစ်သည်။ ဆိုလိုသည်မှာ သူမက ပြင်ပအခြေအနေများကြောင့် မျက်လုံးကန်းသွားခြင်း ဖြစ်နိုင်သည်။
“အဖွားက ပြောတယ် ။ ငါတို့က မမြင်နိုင်လို့ အချိန်ကိုမသိဘူးတဲ့”
“ဒါကြောင့် စောစော လာပြီး စောင့်နေတာလေ။ ဒါမှ နောက်မကျမှာပေါ့”
“ပွေ့ချီထားသော ရို့ရို့လေး၏ စကားကို နားထောင်ရင်းသူမ၏ တောင့်တင်းသော ခန္ဓာကိုယ်က တဖြည်းဖြည်းချင်း ပြေပျော့သွားသည်။ သို့သော် သူမဟာ သတိကို ထားပြီး ပြောသေးသည်။
“ဟူး”
ဆုပိုင်က အသက်ပြင်းပြင်း ရှူသည်။ သူသည် ထိုမေးခွန်းကို မည်သို့ ဖြေသင့်ကြောင်း မသိပေ။
မျက်လုံး မမြင်သောလူများက အချိန်မသိနိုင်သည်မှာ သေချာသည်။ သို့သော် သူတို့သည်လည်း သန်မာသည့် လူတစ်အုပ်ဖြစ်လေသည်။
“လာလာလာ ဝင်လာခဲ့ကြပါ။ အတွင်းက နွေးတယ်။ ဦးလေးက သမီးကစားဖို့ သူငယ်ချင်း ရှာပေးမယ်နော်”
ဆုပိုင်က ထိုသို့ဖြင့် ခေါင်းငုံ့ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“ဦးလေး ငါအောက်ထပ်က မောင်လေးဆီက ကြားထားတဲ့အတိုင်းဆို ဒီနေရာက တိရိစ္ဆာန်တွေက အမွေးပွရုပ်တွေထက်တောင် ပျော်ဖို့ ကောင်းသေးတယ်တယ်”
“ရို့ရို့မှာလည်း အရုပ်တစ်ရုပ်ရှိတယ်။ တော်တော်လေး ပျော်ဖို့ကောင်းတယ်။ သူတို့ကို ကစားဖို့ ပေးမယ်လေ။ ဟုတ်ပြီလား”
သူ့ကို ချီထားတဲ့သူက မကောင်းတဲ့ ခံစားချက် မရှိဘူးဆိုတဲ့ ခံစားချက်မျိုးပဲ။
ဒီရှောင်ရို့လေးက အရင်ကလောက် မထိတ်လန့်တော့ဘဲ စကားတွေစပြောလာတယ်။
“ဟားဟား ရတာပေါ့”
ဆုပိုင်က လောင်ကျိုးကို ခေါင်းညိတ် ပြလိုက်ပြီး အနောက်မှ မျက်မမြင်များကို သင့်တော်သော နေရာမျိုး စီစဥ်ပေးလေသည်။
ထို့နောက်သူက ကလေးလေးကို ပန်ဒါဥယျာဥ်ထဲသို့ ခေါ်သွားပြီး မြေပြင်တွင် ပူစီဖောင်းများ ကျသည်အထိ ဟောက်နေသည့် ပန်ဒါကို တစ်ချက်ကန်လိုက်သည်။ ထို့နောက် နားရွက်မှ ဆွဲထူလိုက်သည်။
“ဝူး”
“အဖေပိုင်က သူများကို လာရိုက်နေပါတယ်”
တပိုင်က မြေပြင်မှ ကုန်းထပြီး ခေါင်းကို ခါယမ်းကာ မျက်လုံးကိုပွတ်သည်။ ထို့နောက် အရှေ့ဘက်မှ ရှောင်ရို့ကို ကြည့်ပြီး လန့်သွားသည်။ သူက မြေပြင်တွင် ခပ်မိုက်မိုက် ထိုင်လိုက်သည်။
++++++194 01
အခန်း 194
ဒါရိုက်တာဆုပိုင်။
ဒါရိုက်တာဆုပိုင်က မနေ့ညကတည်းက တိရိစ္ဆာန်တွေအားလုံးကို သတိပေးထားပြီးသား။
ဒီနေ့ ဘာတွေပဲ ဖြစ်လာဖြစ်လာ ဒီနေ့ပွဲမှာ ဘယ်တိရိစ္ဆာန်ကမှ ပြဿနာ မရှာရဘူး။ အားလုံးက အမိန့်ကို နာခံရမယ်တဲ့။
အရေးအကြီးဆုံးအချက်က တပိုင်လို့ နာမည်တပ်ပြောသွားတာပဲ။
အား ဒါက ခွဲခြားဆက်ဆံတာမဟုတ်လား။
“ရို့ရို့လေးနဲ့ ခဏလောက် ကစားပေးလိုက်ဦး။ ငါ ပြောတာကြားလား”
ဆုပိုင်က ကလေးမလေးကို တစ်ဖက်ချီလျက် ပိုလာဝက်ဝံကို တစ်ဖက်ချီရင်း မြက်ခင်းပြင်ပေါ်တွင် တင်လိုက်သည်။
“ခစ်ခစ် ယားလိုက်တာ။ ငါ ငါထိလို့ရလား။ ရို့ရို့က ဘယ်လို ပုံစံလဲဆိုတာကို သိချင်လို့ပါ”
ကောင်မလေးထံမှလာသည့် ရယ်သံကို ကြားသောအခါ ဆုပိုင်က နှုတ်ခမ်းကို ကော့တက်စွာ ပြုံးလိုက်မိသည်။ သို့သော် အကြောင်းပြချက်မရှိ စိတ်ဓာတ် ကျသွားပြန်သည်။
သူသည် ထိုနေရာတွင် ပြန်ရပ်လိုက်ပြီး တိရိစ္ဆာန်ရုံ၏ ဝင်ပေါက်သို့ ပြန်ကြည့်လိုက်သည်။ ပွဲက တစ်ရက်တည်းသာ ကျင်းပမည် မဟုတ်ချေ။
တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာန။ ဆေးဝါးပညာဌာန။ လုံခြုံရေးရုံးတော်။ သယ်ယူပို့ဆောင်ရေးဌာန။ မြို့ပြဆောက်လုပ်ရေးဌာနနှင့် တရုတ်နိုင်ငံရှိ ဌာနတိုင်းနီးပါးနှင့် ပူးပေါင်းထားရသည်။
ထိုပွဲကို ကောင်းကင်ပြာတိရိစ္ဆာန်ရုံတွင် စတင်မည် ဖြစ်သည်။
တိရိစ္ဆာန်ရုံ၏ အလယ်မြက်ခင်းပြင်ပေါ်တွင် ပြင်ဆင်ထားသည့် မရေမတွက်နိုင်သော အနှောင့်အယှက်များကြား သွားလာရမည် ဖြစ်သည်။
လမ်းညွှန်ခွေးများနှင့် အမှန်တကယ် မျက်လုံး မမြင်သောသူများကမူ ခက်ခဲသော ထိုအခြေအနေများကို ကျော်ဖြတ်ခဲ့ရမည် ဖြစ်သည်။
အခြားသော တစ်ဖွဲ့ကမူ ကောင်းကင်ပြာတိရိစ္ဆာန်ရုံမှ တိရိစ္ဆာန်များ၏ အကူအညီနှင့် လှုပ်ရှားပြမည် ဖြစ်သည်။ ဒီနည်းအားဖြင့် မျက်လုံး အဝတ်အုပ်ထားသော ခရီးသွားများကလည်း အခြေအနေကို နားလည်နိုင်ပေလိမ့်မည်။ ဒါဟာ ဒီနေ့၏ ပွဲသာဖြစ်သည်။
ဆုပိုင်၏ အစစ်အမှန် ရည်ရွယ်ချက်က မျက်လုံး မမြင်သောသူများအား လမ်းညွှန်ခွေးများကို ရွေးချယ်စေလျက် ကောင်းကင်ပြာတိရိစ္ဆာန်ရုံထဲမှ လမ်းလျှောက် ထွက်သွားစေနိုင်ရန်ဖြစ်သည်။
ဒီလိုနည်းလမ်းနဲ့မှသာ ခွဲခြားဆက်ဆံမှုပေါင်းများစွာကို ကျော်ဖြတ်နိုင်ပြီး လူမှုအသိုင်းအဝိုင်းအတွင်း ဝင်ဆံ့မည် ဖြစ်သည်။
ထိုအချိန်တွင် တရုတ်နိုင်ငံရှိ ဌာနတိုင်းက လှုပ်ရှားရန် လိုအပ်လာသည်။
အကျိုးအကြောင်း မသင့်သည့် အရာများအတွက်ကမူ မှတ်တမ်းတင်ထားပြီး မှန်ကန်အောင် ပြင်ဆင်ပေးရမည် ဖြစ်သည်။
လမ်းညွှန်ခွေးများကို ကယ်ဆယ် ပြီးလေပြီ။ အရေအတွက်က ပမာဏ များပြားသော်လည်း အနာဂတ်တွင် သားဖောက်ပြီးပါက မြောက်မြားစွာ ပေါများလာမည် ဖြစ်သည်။ ထို့ကြောင့် နန်ကုန်းယွမ်က ဆုပိုင်၏ ကမ်းလှမ်းချက်ကို အလေး ထားပေးသည်။ ဒါဟာ သူတို့၏ တရုတ်လူမျိုးများ၏ လူမှုအသိုင်းအဝိုင်းအခြေအနေကို စမ်းသပ်ရာလည်း ရောက်သည်။
ဝေါင်း။
တပိုင်က မြေပြင်မှ ကုန်းထပြီး သံတိုင်၏ဂိတ်ဘက်သို့ လျှောက်သွားသည်။ သူသည် အဝေးတွင် ကောင်မလေးနှင့်အတူ လှိမ့်နေသည့် ရှောင်ပိုင်ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းများ ကော့တက်သွားသည်။
ဘာပဲဖြစ်ဖြစ် ကလေးပါပဲ။
ဟွန့်။
သူ ဆိုရင် ဒီလို လုံးဝလုပ်မှာမဟုတ်ဘူး။ ဘာပဲ ဖြစ်ဖြစ် သူက ဇနီးရှိတဲ့သူလေ။
ဟုတ်သားပဲ။ သူက အနာဂတ်မှာ တည်တည်ငြိမ်ငြိမ်ပဲ နေသင့်တယ်။
ထိုသို့ တွေးမိပြီးနောက် တပိုင်က ဖင်ကိုတစ်ချက်လိမ်လျက် ခေါင်းပြားတကော ရှိရာဘက်သို့ လျှောက်သွားသည်။
မနေ့က အစည်းအဝေးမှတစ်ဆင့် ဒီနေ့ပွဲအကြောင်း သိထားလေရာ တိရိစ္ဆာန်များအားလုံးကလည်း အခြေအနေကို နားလည်ရန် လိုအပ်သည်။ သူတို့သည် လူများကို ဆွဲပြီး ဟိုဟိုဒီဒီ ပြေးရမည် ဖြစ်သည်။
ဒါက ဒီအတိုင်း ခြေထောက်နဲ့ လျှောက်သွားသလိုပါပဲ။ မဟုတ်ဘူးလား။
ဒါရိုက်တာဆုပိုင်ကလည်း သူတို့ထဲမှ မည်သူကမှ ထိုအနှောင့်အယှက်များကို ချောမွေ့စွာ ကျော်ဖြတ်နိုင်အောင် လူများကို ခေါ်ဆောင်မသွားနိုင်ဟု ဆိုလေသည်။
ဒါက...။
တပိုင်က ဒေါသထွက်နေသည်။
194 02
ဒါက သူများကို အထင်သေးတာပဲ။ မင်း သူများတွေကို အထင်သေးလွန်းတယ်။ ဒါပေမဲ့ ဒီတပိုင်ကိုတော့ အထင်မသေးနဲ့လေ။
ဘာပဲဖြစ်ဖြစ် သူက ဒီနေ့ခေတ် နံပါတ်၁ ဉာဏ်အကောင်းဆုံး တပိုင်။
သူက တစ်လှမ်းချင်းစီလျှောက်ပြီး ဝက်ခြံနားသို့ ရောက်သွားသည်။ ထိုနေရာထောင့်နားတွင် တရေးတမောအိပ်နေသည့် ခေါင်းပြားတကောကို မြင်လိုက်ရ၏။ သူ၏အရှေ့တွင် ကြီးမားသော ဝက်ဝံဖင်ကြီးက ထိုင်ပြီး လက်သည်းကို ဆန့်လျက် နှာခေါင်းကို အုပ်လိုက်သည်။
“ဟူးဟူး”
ပျားရည်ခွေးတူဝက်တူက နှာခေါင်းအနည်းငယ်ကြုံ့ပြီး မြေပြင်မှထခုန်ကာ အသက်ပြင်းပြင်း ရှူသည်။
ကွက်ကွက်။
“မင်း အသက်ရှင်ရတာ ပင်ပန်းနေတာဖြစ်မယ်”
ဝေါင်း။
“မစိုးရိမ်နဲ့ ငါမင်းနဲ့ ပြောစရာရှိလို့”
တပိုင်က မြေပြင်မှ ခပ်မြန်မြန် ခုန်ထပြီး ခြေလှမ်း အနည်းငယ် ဆုတ်သည်။ ထို့နောက် ခေါင်းပြားတကောကို ကြည့်ရင်း ရယ်မောကာ ပြောသည်။
“ငါတို့ အရင်ဆုံး စည်းစည်းလုံးလုံးနေပြီး လူသစ်တွေကို ငါတို့ရဲ့ တောက်ပမှုတွေ မခိုးသွားအောင် ကြိုးစားကြရအောင်”
“သေချာစဥ်းစားကြည့်စမ်းပါ ။ ဒါရိုက်တာဆုပိုင်က တိရိစ္ဆာန်တစ်ကောင်တည်းအတွက် အထူးသီးသန့်ပွဲကျင်းပတာမျိုး ရှိဖူးလို့လား။ နဂါးအမေတောင်မှ ဒီလို အဆင့်အတန်းမျိုးကို မရဘူး”
“ဒီနေ့ပွဲမှာ အားလုံးစည်းလုံးနေမှ ဖြစ်လိမ့်မယ်။ ပြင်းပြင်းထန်ထန် ကြိုးစားပြီး ငါတို့ နံပါတ်၁နေရာကို ရအောင်ယူရမယ်”
ပျားရည် ခွေးတူဝက်တူက အရှေ့မှ ပန်ဒါကို ကြည့်ပြီး ဒေါသတကြီး ခေါင်းညိတ်သည်။
“ကောင်းပြီလေ။ ဒါပေမဲ့ မင်းနောက်တစ်ခါ ငါ့ရဲ့ပါးစပ်ကို လာအုပ်ရင် ငါမင်းကို လက်သီးနဲ့ ထိုးရလိမ့်မယ်”
“မင်းကျန်တဲ့ကောင်တွေကို ဆက်သွယ်လိုက်။ ဒါက ဒီအတိုင်း အနှောင့်အယှက် ဆူးညှောင့်တွေကို ကျော်ဖြတ်သွားဖို့ပဲ မဟုတ်ဘူးလား။ ငါက လူကောင် ဒီလောက်သေးတာ။ သေချာပေါက် အတော်ဆုံး ဖြစ်မှာပေါ့”
ထိုသို့ပြောပြီးနောက် သူက မြေပြင်တွင် ပြန်လှဲလိုက်ကာ မျက်လုံးကို မှေးကျဥ်းပြီး ဝက်ခြံထဲမှ ရတနာများကို ကြည့်လျက် ပြန်အိပ်သွားပြန်သည်။
ဒီနေ့ ဆုပိုင်က ပွဲအတွက် ဧည့်သည်များကို လက်ခံနေချိ န်ဖြစ်သည်။ တပိုင်က တိရိစ္ဆာန်ရုံထဲမှ တိရိစ္ဆာန်တိုင်းကို သူ၏အကြံကို လိုက်ပြောပြလေသည်။
“ဟယ်ရီအစ်ကို ဘယ်လိုလဲ။ မင်းက အစပိုင်းကတည်းက ထင်သလောက် အင်အားကြီးတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက ကျွမ်းကျင်သူလေ။ ဒီတော့ ဒီလူတွေက မင်းအပေါ် တက်နင်းသွားတာ မခံနဲ့။ ဟုတ်ပြီလား”
“ဟေး နံဟောင်နေတဲ့မျောက်။ မင်း မြန်မြန် ဆင်းလာပြီး ငါပြောတာကို နားထောင်စမ်းပါ။ မင်း ငါ ပြောတာကို မယုံရင် ငှက်တောအမေကို သွားပြောပြီး မင်းကို သင်ခန်းစာ ပေးခိုင်းမယ်”
“အိုးအိုး ညီမလေး။ မင်းအနေနဲ့ကတော့ အောင်မြင်ဖို့ တအားလွယ်မှာပဲ။ မင်းက ဒီတိုင်း ရပ်နေရုံပဲ။ ဒီတပိုင်က မင်းကို တစ်လလုံးလုံး ဒန်းတွဲပေးမယ်။ ဟုတ်ပြီလား”
“ဘာ မင်းလည်း ဝင်ပါချင်တယ်ဟုတ်လား”
“လာစမ်းပါ မင်းရဲ့အမွေးတွေ ကုန်အောင် ပေါက်တဲ့အထိ စောင့်ဦး”
“ရှန်းကော ငါမင်းရဲ့ကြင်နာမှုကို လက်ခံပါတယ်။ ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ပုံပန်းအနေအထားက နည်းနည်းလေး ကြီးနေတယ်ဆိုတော့ မသင့်လျော်လောက်ဘူး။ အပြင်ကပဲ လှမ်းအော်ပေးပါနော်။ အားပေးပေါ့”
“ဟွန့် တပိုင်က တပိုင်က ဒီလိုပန်ဒါလေ။ ဖြစ်ပါ့မလား။ သူက တကယ် မရည်ရွယ်ပါဘူး။ နဂါးအမေက အလုပ်များနေတယ်ဆိုတော့ ဆက်ပြီး အလုပ်များလိုက်ပါဦး။ မလိုက်လာပါနဲ့။ လုပ်လုပ်လုပ်”
တပိုင်က မြေပြင်တွင် ပတ်ပြေးရင်း တိရိစ္ဆာန်ရုံတံခါးသ်ို့ ရောက်သွားသည်။
အားလုံးကို ပတ်ပြောပြီးနောက် သူ ကျေနပ်သွားသည်။
ဝင်မပါနိုင်သည့် ပျံနိုင်သော အကောင်များကလွဲပြီး လူတိုင်းနီးပါးက သူ၏သဘောကို လက်ခံကြသည်။ ဒီပြိုင်ပွဲ၏အခြေအနေက တည်ငြိမ်သွားလေပြီ။
“သုန့်သုန့် သုန့်သုန့်ဒီနေ့ ကြိုးစားရမယ်နော်”
194 03
ကောင်းယဲ့က လက်ထဲတွင် ကြိုးကိုကိုင်ရင်း ကစားကွင်းတွင်ရပ်ကာ ရွှေရောင်ခွေးကို ခပ်တိုးတိုး ပြောသည်။
“ဝုတ်”
ရွှေရောင်ခွေးက အရှေ့မှ လမ်းပိတ်ထားသည့် အတုံးလေးကို သိချင်စိတ် ပြင်းပြစွာဖြင့်ကြည့်ပြီး နာခံစွာ အော်သည်။
“ကောင်းယဲ့ကျဲကျဲ ငါလုပ်နိုင်ပါ့မလား”
ရှောင်ရုန့်လေးက ဘေးနားတွင် ရပ်နေသည်။ သူက အရှေ့မှ အဖြူရောင် လာဗရာဒေါခွေးလေးကို တစ်ချက် ပွတ်ပေးနေသည်။ ဒါဟာ သူမ၏ လမ်းညွှန်ခွေးဖြစ်သည်။ နာမည်ကမူ နေရောင်ဖြစ်သည်။
“မစိုးရိမ်ပါနဲ့ နေရောင်နောက်ကိုပဲ လိုက်သွားလေ။ သူတို့က တော်တော်လေး အင်အားကြီးတာဆိုတော့ နင်တို့ကို ဘာမှ ဖြစ်စေမှာမဟုတ်ပါဘူး”
ရှောင်ကောင်းယဲ့လေးက အသာပြုံးပြီး အားပေးသည်။
“ဝုတ်”
နေရောင်ကလည်း မျက်လုံးလေးကို မှေးကျဥ်းလျက် သခင်လေးအား သူ၏အမွေးများကို သပ်ခိုင်းထားသည်။ သို့သော် အရှေ့မှ လမ်းပိတ်သလိုမျိုး မညီမညာ ဖြစ်နေသည့် အနှောင့်အယှက်များကို တစ်ချက်ကြည့်ရင်း ခပ်တိုးတိုး ဟောင်သည်။
မစိုးရိမ်နဲ့။
သေချာပေါက် ဘာမှမဖြစ်စေရဘူး။
ဒီနေ့ကစပြီး နေရောင်က မင်းကို ကာကွယ်သွားမှာ။
“အစ်ကိုကြီး ကောင်းလိုက်တာ”
ကျိုးကျန်းနှင့် လောင်ကျိုးတို့က အတူရပ်နေကြပြီး အရှေ့မှ ကလေးနှစ်ယောက်ကို ကြည့်ကာ သက်ပြင်း ချမိကြသည်။
“ငါ ရှောင်ရုန့် ဒီလို စကားအများကြီး ပြောတာကို မမြင်ရတာ ဘယ်လောက်ကြာပြီလဲ”
“ဟုတ်တယ်။ ဆုပိုင်ကိုပဲ ကျေးဇူးတင်ရမယ်။ သူ့ကြောင့်သာ မဟုတ်ရင် ရှောင်ရုန့်က ဘယ်လိုဘဝမျိုး နေရမလဲဆိုတာကိုတောင် မတွေးနိုင်ဘူး။ ငါတို့တွေ သူနဲ့ ထာဝရ မနေနိုင်ဘူးလေ”
လောင်ကျိုးက သက်ပြင်းအသာ ချသည်။ သူ၏ နှုတ်ခမ်းမှအပြုံးကို ဖုံးကွယ်ရန် ခက်ခဲသည်။
ထိုအရာသာ မကသေးချေ။ လမ်းညွှန်ခွေးများ ရှိပြီးနောက် ရှောင်ရုန့်က ပိုပြီး ယုံကြည်မှု ရှိလာသည်။ ဒီလိုလမ်းညွှန်ခွေးများက အမှန်တကယ် နာခံလွန်းသည်။
ပုံမှန်အားဖြင့် တက်ကြွလေ့ ရှိသော်လည်း ရှောင်ရုန့်က ကြိုးကို ကိုင်လိုက်ရုံနှင့် နေရောင်က စတင်ကာ ပြောင်းလဲ သွားတတ်သည်။
မျက်လုံးများကိုလည်း မှေးကျဥ်းခြင်း မရှိခဲ့သလို ညင်သာစွာသာ လှုပ်ရှားခြင်း မရှိတော့လေဘဲ ရှောင်ရုန့်၏အရှေ့တွင်သာ မားမားမတ်မတ် ရပ်နေတတ်ပြီး အနှောင့်အယှက်တိုင်းထံမှ ကာကွယ်ပေးမည့်ပုံ ရှိနေသည်။
သေချာ လေ့ကျင့်ပေးထားသော စစ်သားအများစုကပင် လမ်းညွှန်ခွေးတစ်ကောင်လောက် စည်းကမ်း လိုက်နာခြင်းမရှိဟု ဆိုလျှင်ပင် ချဲ့ကားရာ မရောက်လောက်ချေ။
“ဒါပေမဲ့ ရှောင်ရုန့်က တိရိစ္ဆာန်ရုံထဲက တကယ်ပဲ ထွက်ရဲမှာလား။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းက ကောင်းယဲ့လေးရဲ့ မျက်နှာကို ကြည့်ရုံနဲ့တင် ငါ တကယ် စိုးရိမ်မိတယ်”
ကျိုးကျန်းက တိရိစ္ဆာန်ရုံဝင်ပေါက်မှ လူအုပ်ကို ကြည့်ပြီး စိုးရိမ်မှုအပြည့်နှင့် ပြောသည်။
“လူတွေ ဒီလောက်အများကြီး တိရိစ္ဆာန်ရုံကို လာကြတာ။ ဒီတော့ ဒီထဲမှာ ကြင်နာတတ်တဲ့သူတွေအားလုံး ပါဝင်နေလိမ့်မယ်။ နောက်ပြီး အပြင်ဘက်က လူမှုအသိုင်းအဝိုင်းအကြောင်း ငါတို့ သိနေတာပဲ။ ဒါကြောင့် လိုအပ်ရင်....”
“ဟူး”
လောင်ကျိုးက အသက်ပြင်းပြင်းရှူပြီး အံကိုကြိတ်ကာ တစ်ဖန်ပြုံးကာ ပြောသည်။
“ဒါရိုက်တာဆုပိုင်က မှန်တယ်။ ဒါတွေအားလုံးကို တစ်ညတည်းနဲ့ ပြောင်းလို့မရဘူး။ ဒါပေမဲ့ ငါတို့ သူ့ကို ယုံရမယ်”
“ဒါတွေအပြင် တရုတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက် ပြတ်သားမှုကိုလည်း မြင်နိုင်တယ် မဟုတ်လား။ ငါ ယုံကြည်တယ်။ ရှောင်ရုန့်ရဲ့ဘဝက ပိုကောင်းသထက် ကောင်းလာမှာပါ။ ရှောင်ရုန့်တင်မဟုတ်ပါဘူး။ သူမလိုမျိုး လူတွေအားလုံးရဲ့ဘဝက ကောင်းမွန်လာမှာပါ”
“ဟုတ်တယ်”
194 04
ထိုသို့ပြောပြီးနောက် လောင်ကျိုး၏မျက်နှာက ပြောင်းလဲသွားကာ မည်းမှောင် သွားသည်။
“ပတ်ထရိုလီယမ်မဟာမိတ်က သတင်းရသေးလား”
“ဒီလူတွေက သူတို့ရဲ့ ရှယ်ယာတွေကို ခွဲပြီးသွားကြပြီလေ။ ဒါကြောင့်သိပ်မကြာခင် လှုပ်ရှားလာလောက်တယ်။ မင်း သတင်းရထားတာမျိုး မရှိဘူးလား”
“ငါ သတင်းရရင် ပြောမှာပါ”
“အင်း”
ကျိုးကျန်းက အသံကိုတစ်ဖန်တိုးပြီး ဆက်ပြောသည်။
“အဲဒီမှာ ဆိုင်မွန်ရဲ့ရှယ်ယာကို အားလုံး ခွဲဝေပြီးသွားပြီ။ နောက်ထပ် ထပ်ရွေးထားတဲ့ ထိန်းချုပ်သူက သြစတေးလျလူမျိုးပဲ။ သူက ကိုလိုစီယမ်တစ်ခုလုံးကို အုပ်ချုပ်ဖို့ လွှဲပြောင်း ယူပြီးတဲ့နောက်မှာ သူ့ရဲ့လှုပ်ရှားမှုတွေက ထူးဆန်းတယ်”
“သူတို့က ဘာမကောင်းဆိုးဝါးကိုမှ သားမဖောက်ရုံတင် မဟုတ်ဘဲ USက နည်းပညာကုမ္ပဏီတွေနဲ့ အဆက်အသွယ် ရှိလာတယ်”
“ဒါပေမဲ့ သူတို့က တရုတ်ပြည်ကို လူလွှတ်မယ် ဆိုတဲ့သတင်းတော့ မရသေးဘူး။ ငါ့ရဲ့လက်အောက်ငယ်သားတွေ မသိတာလည်း ဖြစ်နိုင်တာပဲ”
“ဒါပေမဲ့ ငါတို့အခုကစပြီး ပိုပြီးသတိထားရမယ်။ သူတို့က လှုပ်ရှားချင်ရင် ငါတို့နဲ့ စစ်သားတစ်ဖွဲ့ကို သူတို့ယှဥ်နိုင်မှာ မဟုတ်ပါဘူး”
ထိုစကားကို ကြားသောအခါ လောင်ကျိုးက ခေါင်းညိတ်သည်။
ကျိုးကျန်းက မှန်းသည်။ တချို့သော တရုတ်လူမျိုးများကို လာဘ်ထိုးပြီး တိရစ္ဆာန်ရုံထဲသို့ ဝင်လျက် တိရိစ္ဆာန်များကို ထိခိုက်အောင် လုပ်မည်ဆိုလျှင် သူတို့ကို တားရန် နည်းလမ်းမရှိချေ။ သို့သော် တန်ကြေးကသာ မှန်ကန်ပါက တရုတ်လူမျိုးများကိုလည်း လာဘ်ထိုး၍ ရနိုင်သည်။
“ဒါကြောင့် ဒီနေ့ကစပြီး ငါတို့သေချာပေါက် အာရုံစိုက်နေမှ ဖြစ်မယ်။ ဒါရိုက်တာဆုပိုင်က မနေ့က ပြောသွားတဲ့အတိုင်းဆို ဒီနေ့ပွဲ ပြီးသွားတဲ့နောက်မှာ ငါတို့က တိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးဌာနနဲ့ ပေါင်းပြီး ကုသရေးခန်းမကို စတင်တည်ဆောက် ရလိမ့်မယ်။ အဲဒီနောက် ကောင်းကင်ပြာတိရိစ္ဆာန်ရုံတစ်ခုလုံးရဲ့ လုံခြုံရေးက ဒီဌာနအပိုင် ဖြစ်သွားပြီဆိုပေမဲ့လည်း ငါတို့ကလည်း တာဝန်ယူရဦးမှာပဲ”
ထိုသို့ပြောပြီးနောက် လောင်ကျိုး၏မျက်လုံးက တောက်ပသွားသည်။ သူက အံကိုကြိတ်ကာ ပြောသည်။
“တစ်ယောက်ယောက်သာ ကောင်းကင်ပြာတိရိစ္ဆာန်ရုံက ကောင်လေးတွေကို လာပြီး ဒုက္ခပေးရဲရင် အသက်ကိုရင်းရမယ်ဆိုရင်တောင်မှ ငါက သူတို့နဲ့အတူ သေလိုက်မယ်”
“မစိုးရိမ်ပါနဲ့ အစ်ကိုရဲ့။ ငါ ဒီမှာ ရှိပါသေးတယ်။ ငါ့မှာလည်း ရှောင်ရုန့်လို တူမလေးတစ်ယောက်ပဲ ရှိတာ။ ဘာပဲဖြစ်ဖြစ် ဒီလိုဘဝမျိုးကို တစ်ယောက်ယောက်က လာပြီး ဖျက်ဆီးရဲရင် ဘယ်အကောင်ဖြစ်ဖြစ် ငါလည်း သူနဲ့အတူ သေတဲ့အထိ တိုက်ခိုက်မှာ”
“အင်း”
ကျိုးကျန်းက တစ်နှစ်ပတ်လုံး ကြေးစားစစ်သားအဖြစ် ကျင်လည်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုလို ငြိမ်းချမ်းပြီး အဖိုးတန်သောဘဝကို ပို၍ပင် တန်ဖိုးထားသည်။
ကြွယ်ဝစရာ ချမ်းသာစရာ မလိုအပ်ဘဲ နေ့တိုင်းလိုလို ချစ်စရာကောင်းသော ကောင်ငယ်လေးများနှင့် နေပြီး တူမလေး၏ ပျော်ရွှင်သော အပြုံးကို မြင်ရခြင်းကတည်း ကျေနပ်စရာ ဖြစ်သည်။
သူ၏မျက်နှာတွင် အမာရွတ်များ ပြည့်နှက်နေသော်လည်း ကောင်းကင်ပြာတိရိစ္ဆာန်ရုံရှိ မည်သူကမှ သူ့ကို ထူးဆန်းစွာ မကြည့်ကြချေ။ ဘေဘီဟု အမည်ရသော ကလေးမလေးကပင် သူ့ကို ဖက်လေ့ ရှိသေးသည်။
ကျိုးကျန်းကလည်း သူ၏ လေးဆယ်ကျော်လာသည့် သက်တမ်းတောက်လျှောက် ထိုကဲ့သို့သော ဘဝမျိုးကို မရဖူးချေ။
ဒီနေရာက တိရိစ္ဆာန်တွေကို ဒုက္ခပေးရဲတဲ့ ဘယ်သူ့ကိုမဆို သူသေချာပေါက် သတ်ရလိမ့်မယ်။
.........။
++++++ 195 01
အခန်း 195
“လာ”
“ပထမအသင်းက ရှောင်ကောင်းယဲ့နှင့် GRလေး သုန့်သုန့်ပါပဲ”
ဆုပိုင်က မြက်ခင်းပြင်ပေါ်တွင် ရပ်ရင်း အနားမှ ခရီးသွား ဧည့်သည်များကို ကြည့်ကာ ကျယ်လောင်စွာ အော်သည်။
“နောက်ထပ်တစ်သင်းကတော့ ကျိုးကျန်းနဲ့ ခေါင်းပြားတကောဖြစ်တဲ့ ခွေးတူဝက်တူပါ”
“အားလုံးပဲ ကြိုဆို လိုက်ကြရအောင်”
“ဟားဟား ကောင်းယဲ့ ကြိုးစားထား”
“သုန့်သုန့် သုန့်သုန့် ကြိုးစားထား။ ကောင်းယဲ့လေးကို ခေါ်သွားပေးနော်”
“ကောင်းယဲ့ ကြိုးစား ကြိုးစား”
သူ၏စကားဆုံးသွားသည်နှင့် အော်သံများ ထွက််လာသည်။
နေဦး တစ်ခုခုတော့ မှားနေပြီ။
တပိုင်က မြေပြင်တွင် ထိုင်ပြီး မှင်တက်စွာ ကြည့်နေသည်။ သူက အော်နေသော လူအုပ်ကို တစ်ချက်ကြည့်ပြီး မကောင်းသော ခံစားချက် ရလာသည်။
မည်သူကမှ သူတို့ထံ အားမပေးကြချေ။
ဖြစ်နိုင်ပါ့မလား။
သူတို့က ဒီလောက်ချစ်ဖို့ကောင်းတာ။ ဘာလို့ အားမပေးတာလဲ။
မဟုတ်သေးဘူး။ ဒါက ပျားရည် ခွေးတူဝက်တူက ဆွဲဆောင်မှုမရှိလို့ ဖြစ်မယ်။
ဟုတ်တယ်။ ဟုတ်တယ်။ ဒီလိုအကြောင်းပြချက်ကြောင့်ပဲ နေမှာပါ။ နောက်တစ်ပွဲ ငါ ပါတဲ့အခါ သူတို့အားလုံးက ငါ့ကိုပဲ အားပေးကြလိမ့်မယ်။
“အသင့်ပြင်”
ဆုပိုင်က လက်ထဲမှ ရောင်စုံအလံလေးကို ရမ်းပြီး အော်သည်။
လူတိုင်းက မျက်လုံးပြူးကျယ်စွာဖြင့် ကြည့်နေကြသည်။ ပိန်ပါးသော ကောင်မလေးက ရွှေရောင်ခွေးဖြစ်သည့် သုန့်သုန့်လေးနောက်သို့ တစ်လှမ်းချင်းစီလိုက်ကာ အရှေ့မှ အနှောင့်အယှက်များကို ကျော်ဖြတ်နေသည်။
“သတိထား ဘယ်သူက ဒါတွေကို ခင်းသွားတာလဲ။ လှေကားထစ်တွေတောင် ပါသေးတယ်။ လမ်းညွှန်ခွေးက ကောင်းယဲ့လေးကို အပေါ်တက်နိုင်အောင် ကူညီပေးနိုင်မှာလား”
“ဒါက ဘာဟုတ်သေးလို့လဲ။ အနောက်ဘက်ကနေရာဆိုရင် ကုန်းပြီးလျှောက်သို့ဖို့ လိုအပ်သေးတယ်”
“ကြည့်ရုံနဲ့ ငါတော်တော်လေး စိုးရိမ်နေပြီ။ သူ မမြင်နိုင်ဘူး ထည့်မပြောနဲ့ဦး။ သာမန်လူဆိုရင်တောင်မှ မလွယ်ဘူး”
လူအများက ကောင်းယဲ့လေးကို ကြည့်ပြီး အသံကိုတိုးကာ ပြောနေကြသည်။
ထိုအခါ သုန့်သုန့်နှင့် ကောင်းယဲ့တို့က ထိတ်လန့်ခြင်း မရှိကြောင်း တွေ့လိုက်ရသည်။
သူမသည် သူမ၏ လုံခြုံရေးကို သုန့်သုန့်ကို တုံ့ဆိုင်းမနေဘဲ လွှဲပေးထားသည်။
လှေကားထစ်များ၏နားသို့ ရောက်သွားသောအခါ GR လေးက သူ၏ရှေ့လက်လေးဖြင့် လှေကားထစ်ပေါ်သို့ တက်နင်းလိုက်ပြီး ညင်သာစွာဖြင့် သုန့်သုန့်၏ပေါင်ကို ကိုယ်ဖြင့် လှမ်းထိပေးလာသည်။
လူတိုင်း၏ မျက်လုံးထဲမှ စိုးရိမ်မှုများနှင့်အတူ ကောင်းယဲ့က မျက်လုံး မြင်နိုင်သွားသလို ပုံစံမျိုးဖြင့် သူ၏ခြေထောက်ဖြင့် ရှေ့မှ ခွေးလေးကို တစ်ချက်တို့ပြီး လှေကားထစ်ပေါ်သို့ တိုက်ရိုက် ထိလိုက်သည်။ သူမသည် ရပ်တန့်သွားခြင်းပင် မရှိပေ။
“တော်လိုက်တာ”
195 02
နန်ကုန်းယွမ်ကလည်း အသင်းအပြင်ဘက်မှ လှမ်းကြည့်နေခြင်း ဖြစ်သည်။ သူသည် နှစ်ယောက်ကြားမှ ပူးပေါင်းမှုကိုကြည့်ပြီး နှာခေါင်းကို ပွတ်လိုက်မိသည်။
“ဒါက ငါမင်းကို ယုံလို့ရတယ်။ မင်းလည်းငါ့ကို ယုံနိုင်တယ်ဆိုတဲ့ လက္ခဏာပဲ”
“မင်းတို့ထဲက ဘယ်သူကများ ငါ့ကို စိန်ခေါ်ချင်ကြလဲ”
အနောက်ဘက်မှ လက်အောက်ငယ်သားများကို ပြန်ကြည့်ရင်း နန်ကုန်းယွမ်က ပြောသည်။
“ဘာလဲ ဘယ်သူမှ မစမ်းကြည့်ချင်ကြဘူးလား”
“မဟုတ်ဘူး ငါတို့ ခဏနေကျရင် အားလုံး စမ်းကြည့်ကြမယ်။ ငါလည်း တူတူပဲ။ ဒါရိုက်တာဆုပိုင်ရဲ့နည်းလမ်းက တော်တော်လေး ကောင်းတယ်”
“ပြောရမယ်ဆိုရင် ရှေးခေတ်ကတည်းက ဒီလိုနည်းလမ်းမျိုးကို ကျင့်သုံးခဲ့တယ်။ ငယ်ငယ်ကတည်းက ဒီလိုနည်းလမ်းမျိုးကို ကျင့်သုံးပေးခဲ့သင့်တာ။ ဒီလိုဆိုရင် လူတိုင်းက မျက်လုံး မမြင်ရတဲ့အခါ ကြုံတွေ့ရတဲ့အခြေအနေကို နားလည်သွားပြီး စာနာ သနားတတ်သွားလိမ့်မယ်”
“ဒီလို အတွေ့အကြုံရှိမှပဲ ဒီအထူးလူတွေကို ကူညီပေးနိုင်မှာလေ”
“ဟူး”
ထိုသို့ပြောပြီးနောက် နန်ကုန်းယွမ်က အသက်ပြင်းပြင်း ရှူသည်။ သူသည် ခေါင်းကို လှည့်ပြီး အဝေးရှိ မြက်ခင်းပြင်တွင် ထိုင်နေကြသည့် လူအုပ်ကို ကြည့်ကာ သက်ပြင်းချမိသည်။
“ဒီလူတွေက တကယ် သန်မာကြပါတယ်”
“ငါတို့ပခုံးပေါ် ရောက်နေတဲ့ တာဝန်က လေးသထက် လေးလာပြီ။ ဒါရိုက်တာဆုပိုင် ပြောတာသာ အမှန်ဆိုရင် လမ်းညွှန်ခွေးတစ်ကောင်ချင်းစီတိုင်းက ပိုင်ရှင်တစ်ယောင်ချင်းစီတိုင်းကိုပဲ ပိုင်ဆိုင်နိုင်မှာဆိုတော့။ နောက်ပြီး သူတို့အများဆုံး ဆယ်နှစ်ပဲ အဖော် ပြုပေးနိုင်မှာ”
“ဒါပေမဲ့ ငါတို့က လမ်းညွှန်ခွေးတွေကိုလည်း ကောင်းကောင်း စောင့်ရှောက်ပေးရမယ်။ သူတို့က ဒီလူတွေကို လိုအပ်တာ ကူညီပေးတဲ့အခါ ငါတို့က ရိုးရိုးသားသား ပြန်ပြီး ကူညီပေးသင့်တယ်”
“အားလုံးပဲ ဝင်ပါသင့်တယ်။ မနက်ဖြန်မှာလည်း ကြေညာချက် ထုတ်လိုက်။ တစ်ယောက်ယောက်ကများ လမ်းညွှန်ခွေးတွေရဲ့ အကူအညီယူပြီး ဝင်ပါတဲ့ပွဲမှာ မပါဝင်ဘူးဆိုရင် ဒါမှမဟုတ် လမ်းညွှန်ခွေးတွေကို ခွဲခြားဆက်ဆံတာမျိုး ဆူပူအော်ဟစ်တာမျိုး ဒုက္ခပေးတာမျိုးကို တွေ့ရရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်လို့ အမိန့်ထုတ်လိုက်”
“ဟားဟားဟား”
ထိုအခိုက် လူအုပ်ထဲမှ ရယ်သံများထွက်လာသည်။ နန်ကုန်းယွမ်တို့က ခပ်မြန်မြန် ကြည့်လိုက်ကြသည်။
ထိုအခါ ကောင်းယဲ့လေးက လမ်းညွှန်ခွေးသုန့်သုန့်၏ အကူအညီဖြင့် ရှေ့တွင် ပိတ်ထားသော လမ်းအကာအတုံးလေးများကို တစ်တုံးပြီးတစ်တုံး ကျော်ဖြတ်သွားကြောင်း တွေ့လိုက်ရသည်။
ထို့နောက်။
ခေါင်းပြားတကောနှင့် ကျိုးကျန်းတို့ကမူ ပျောက်ကွယ်နေသည်။
“ဟူး”
ဆုပိုင်က ဒေါသတကြီး ဖြစ်လျက် အဝေးတွင်ရှိသော ဝက်ခြံထဲသို့ ကျသွားသည့် ကျိုးကျန်းကို ကြည့်ပြီး နှုတ်ခမ်းထောင့်များ ကော့တက် သွားသည်။
တကယ်ကို မထင်ထားဘူး။
အဖြူရောင် အစင်းကြောင်းများက ဆက်တိုက် အော်ကြသည်။ ခေါင်းပြားတကောကလည်း ကြောက်လန့်သွားပြီး ရူးသွပ်စွာ ပတ်ပြေးသွားသည်။
ကြိုးဖြင့် ပတ်နေသော ကျိုးကျန်းအတွက်လည်း အလွန်နာကျင်နေလောက်သည်။
ရုတ်တရက် ကြိုးဟာ တောင့်တင်းသွားကြောင်း ခံစားလိုက်ရသဖြင့် သူသည်လည်း ရူးသွပ်စွာ စပြေးသည်။
ထို့နောက်။
“ဟင်”
195 03
သူ၏နားအတွင်း အော်သံများကို ကြားရသဖြင့် ကျိုးကျန်းက မျက်လုံးအကာကိုချွတ်ကာ ကြည့်လိုက်သောအခါ အရှေ့မှ ဝက်များကို မြင်လိုက်ရသည်။
“မျက်လုံး မမြင်ရတော့ ဘယ်လိုခံစားရလဲ”
ဆုပိုင်က အရှေ့မှ ကျိုးကျန်းကို ပြုံးကာ ကြည့်ရင်း မေးလိုက်သည်။
“မပြောပါနဲ့တော့။ တော်တော်လေးကို ခက်ခဲတယ်။ မမြင်ရဘူးဆိုတာလောက် မရိုးရှင်းတော့ဘူးလေ။ မျက်လုံးကို ပိတ်ထားတဲ့အချိန်မှာ ငါလမ်းတောင် မလျှောက်နိုင်ဘူး။ ရှေ့မှာတစ်ခုခုက ငါ့ကို တားလာတော့မယ်။ ဒါမှမဟုတ် တွင်းတစ်တွင်းရှိနေတယ်လို့ ခံစားနေရတာ”
“ပျားရည်ခွေးတူဝက်တူက အရှေ့ကသွားနေပေမဲ့လည်း ငါ စိတ်မအေးနိုင်တုန်းပဲ”
“အိုး ဟုတ်တာပေါ့”
ဆုပိုင်က ခေါင်း အသာညိတ်သည်။
အနားရှိ မိဘများ၏ အမူအယာများကို မြင်သောအခါ ဆုပိုင်က ပြောပြသည်။
“နောက်တစ်တွဲကတော့ လောင်ကျိုးနဲ့ ငါတို့ရဲ့ နိုင်ငံ့ရတနာ တပိုင်ပါပဲ”
အချိန်အတန် ကြာပြီးနောက်။
“အူး”
တပိုင်က ကြိုးကို ခပ်ကြမ်းကြမ်း ကိုက်ကာ ဆွဲသည်။ ထိုသို့ဖြင့် လောင်ကျိုးက မြေပြင်တွင် တရွတ်တိုက် ပါသွားသည်။
“ဝေါင်း”
“ငါ တအားပင်ပန်းနေပြီ။ ဒီလူက ဒီလောက် ရူးမယ်လို့ မထင်ထားဘူး။ မျက်လုံးအု ပ်ထားတော့ လမ်းတောင် မလျှောက်နိုင်တော့ဘူးလား။ တော်တော်လေးကိုပဲ”
သူက ခပ်တိုးတိုး ကျိန်ဆဲသေးသည်။
ထို့နောက် ဘေးဘက်မှ မျက်လုံးမမြင်သည့် လူတစ်အုပ်ကို ကြည့်ပြီး ရှက်ရွံ့သလိုမျိုး ခေါင်းကို ကုတ်လိုက်သည်။
ထိုအချိန်တွင် ကလေးသာသာ ကောင်မလေးတစ်ယေက်က ရွှေရောင်ခွေး၏ လမ်းညွှန်မှုနောက်မှ ဂရုစိုက်လိုက်နေသည်။
လမ်းညွှန်ခွေးက ခြေလှမ်းကျဥ်းကျဥ်းသာလှမ်းပြီး မကြာခဏဆိုသလို ကောင်မလေးကို လှည့်လှည့် ကြည့်သည်။
သူသည် ခြေလှမ်းတိုင်းကို အလွန်ဂရုစိုက်နေကြောင်း မြင်နိုင်သည်။
လှေကားပေါ်သို့ တက်သောအခါတွင်လည်း သူ၏လက်လေးများကို သုံးပြီး ကောင်မလေး၏ ခြေထောက်ကိုပင် ကာထားပေးသေးသည်။ ထို့နောက် တက်နင်းလာလျှင်ပင် တိတ်ဆိတ် နေပေးသည်။
ရှောင်ရုန့်လေးက အနှောင့်အယှက်များကို ကျော်ဖြတ်ပြီးသွားပြီးနောက်မှသာ တဖြောင်းဖြောင်း အသံများက ထွက်ပေါ်လာသည်။ လူတိုင်းက ကောင်မလေး၏ ရဲရင့်မှုအတွက် လက်ခုပ်တီးပေးကြသလို လမ်းညွှန်ခွေး၏ တာဝန်အတွက်လည်း လက်ခုပ် တီးပေးကြသည်။
“ဘယ်လောက် ချစ်ဖို့ကောင်းတဲ့ ကောင်လေးတစ်အုပ်လဲ။ သူတို့ရဲ့ပိုင်ရှင် ဒဏ်ရာမရဖို့ကို ပိုပြီးအလေးထားကြတယ်”
“ငါ ငိုတောင် ငိုမိတော့မယ်။ ဒါရိုက်တာဆုပိုင်ရဲ့ ပွဲက တော်တော်လေး ခံစားရစေတယ်။ အထူးသဖြင့် ဒီလမ်းညွှန်ခွေးတွေ”
“ငါ ဆုံးဖြတ်လိုက်ပြီမား။ ငါလည်း လမ်းညွှန်ခွေး သင်ကြားပေးသူတစ်ယောက် ဖြစ်လာချင်တယ်။ တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနက ဒီတစ်ကြိမ် လူတွေကို ခန့်အပ်တဲ့အခါ ငါလက်မှတ် ထိုးလိုက်မယ်”
“ဟုတ်တယ် ငါလည်း ထောက်ခံတယ် ကောင်လေး။ ဒါက ငါတို့ ချင်တုက လူတွေပဲ လုပ်နိုင်တဲ့ ကောင်းမွန်တဲ့ အလုပ်ပဲ”
“.......”
“ဝူး”
........။
ဆုပိုင်က ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သောအခါ ရှောင်ရုန့်လေးကို ဖက်ပြီး ငိုနေသည့် မျက်လုံးမမြင်ရသော အဖွားကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ အဖွားကြီး၏လက်က ကောင်မလေး၏ ပါးကို ဆက်တိုက်ထိ တွေ့နေသည်။
“ကောင်းတယ် ကောင်းတယ်”
“အခုကစပြီး ဒါလေးက သမီးကို အဖော်ပြုပေးနေရင်း အဖွားလည်း မရှိတော့ရင်တောင်မှ စိတ်အေးနိုင်ပြီပေါ့”
******