အခန်း (၄၉၁-၄၉၂)
Vol. 36 Ch. 491-492
အခန်း ၄၉၁ - ကွန်ဖြူးရှပ်ဝါဒ၏ မြစ်ဖျားခံရာ ၂
စာကြွင်း : ဤအပိုင်းမှ စ၍ ထိုက်ရွှီရှေးဟောင်းမြေအား ထိုက်ချူရှေးဟောင်းမြေအဖြစ် ပြောင်းလဲရေးသားထားပါသည်။
ထို့ကြောင့် ကုပန်သည် ကုချင်းဖန်နောက်သို့ အနီးကပ်လိုက်ပါရန်နှင့် သူ၏ လိုအပ်ချက်များကို ဂရုတစိုက် ပြုစုစောင့်ရှောက်ရန် သဘာဝအလျောက် မျှော်လင့်နေခဲ့သည်။
တစ်ဖက်တွင်လည်း ဤကိစ္စရပ်တွင် အခြားသော အချက်တစ်ချက် ရှိနေသေးသည်။
ယင်းမှာ ကုမိသားစုအိမ်တော်၏ လက်ရှိ အနေအထားမှာ အလွန်ပင် သိမ်မွေ့လှခြင်းပင်။ အကယ်၍ ၎င်းမှာ ကုချင်းဖန်၏ လက်ထဲတွင် ရှိနေပါက ပြဿနာမရှိနိုင်သော်လည်း အခြားသူတစ်ဦးထံသို့ ရောက်ရှိသွားပါက အခြေအနေမှာ ကွဲပြားသွားပေလိမ့်မည်။
ကုပန်၏ စိုးရိမ်ထိတ်လန့်နေသော အမူအရာကို မြင်သောအခါ ကုချင်းဖန် ခေါင်းခါရင်း ရယ်မောလိုက်သည်။
"မင်း မလုပ်ချင်ဘူးဆိုရင်လည်း မလုပ်ပါနဲ့၊ ဒီလိုမျိုး ဖြစ်နေစရာ မလိုပါဘူး။ ကောင်းပြီ... အခုတော့ မင်း သွားလို့ရပြီ။ ပြီးတော့ ရှန့်ရှင်း နဲ့ ရှန့်အန်းကို ငါ့ဆီ လာခဲ့ဖို့ ပြောလိုက်ပါဦး။"
"ဟုတ်ကဲ့ပါ"
ကုပန်သည် ချက်ချင်းပင် ဦးညွှတ်၍ အမိန့်ကို နာခံခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက်။
ကုရှန့်ရှင်းနှင့် ကုရှန့်အန်းတို့ အတူတူ ရောက်ရှိလာကြသည်။
၎င်းတို့အထဲတွင် ကုရှန့်ရှင်းမှာ အပြာနုရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ယခင်ကထက် ပို၍ တည်ငြိမ်အေးဆေးကာ ယဉ်ကျေးသိမ်မွေ့သော အရှိန်အဝါတစ်ခု ရှိနေသည်။ သူ၏ ထံမှ ဖော်ပြ၍မရသော ငြိမ်းချမ်းသည့် လှိုင်းရိုက်ခတ်မှုများ ထွက်ပေါ်နေသဖြင့် အခြားသူများကို အကြောင်းရင်းမရှိဘဲ စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်သည်။
ကုရှန့်အန်းမှာမူ သံမဏိနှင့် သွေးကဲ့သို့သော အရှိန်အဝါတစ်ခု ရှိနေပြီး ဤနှစ်များအတွင်း တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရသည်မှာ သိသာလှသည်။
မည်သို့ပင်ဖြစ်စေ ၎င်းတို့နှစ်ဦးစလုံးမှာ ကုချင်းဖန်ကို မြင်သောအခါ အလွန်အမင်း ရိုသေလေးစားမှုကို ပြသကြပြီး အရိုအသေ ပေးခဲ့ကြသည်။
"အဖိုးကို ဂါရဝပြုပါတယ်"
"ရောက်လာကြပြီလား... ထိုင်ကြဦး"
ကုချင်းဖန် အသာအယာ ပြောလိုက်သည်။
၎င်းတို့နှစ်ဦးမှာ ဤစကားကို ကြားသောအခါ နောက်ထပ် စကားမဆိုဝံ့တော့ဘဲ ထိုင်စရာနေရာကို အမြန်ရှာ၍ ထိုင်လိုက်ကြသည်။
ခဏအကြာတွင် ကုချင်းဖန်၏ အကြည့်မှာ ၎င်းတို့နှစ်ဦးအပေါ် ခေတ္တမျှ ရပ်တန့်နေပြီးနောက် နောက်ဆုံးတွင် ကုရှန့်ရှင်းထံ၌ ရပ်တန့်သွားခဲ့သည်။
"ရှန့်ရှင်း... မင်းရဲ့ အရှိန်အဝါက ထူးခြားလှတယ်၊ မင်း လျှောက်လှမ်းချင်တဲ့ လမ်းစဉ်ကို ရှာတွေ့သွားပြီ ထင်တယ်"
အချက်အလက်ပြဇယားကို အသုံးမပြုဘဲနှင့်ပင် ကုရှန့်ရှင်း၏ မည်သည့်အရာက ကွဲပြားနေသည်ကို ကုချင်းဖန် အလွယ်တကူ မြင်တွေ့နိုင်သည်။
သူ၏ ခန္ဓာကိုယ်အတွင်း၌ သိုင်းသမားများ၏ ချီသွေးတို့နှင့် ကွဲပြားသော မှေးမှိန်ပြီး ဆန်းကြယ်သည့် အရှိန်အဝါတစ်ခု ရှိနေသည်၊ ယင်းမှာ ဒဏ္ဍာရီလာ မြင့်မြတ်သော ဖြောင့်မတ်ခြင်းစွမ်းအင် ပင် ဖြစ်ပေလိမ့်မည်။
ဤကဲ့သို့သော စွမ်းအားမျိုးကို အမှန်အတိုင်း ပြောရလျှင် ကုချင်းဖန်အနေဖြင့် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
ကုချင်းဖန်၏ စကားကို ကြားသောအခါ ကုရှန့်ရှင်းက အမှန်အတိုင်း ဖြေကြားခဲ့သည်။
"အဖိုးကို အစီအရင်ပါတယ်၊ ကျွန်တော် ကံကောင်းထောက်မစွာနဲ့ သိမြင်နားလည်မှု ရရှိခဲ့ပြီး မြင့်မြတ်သော ဖြောင့်မတ်ခြင်းစွမ်းအင်ကို ကျင့်ကြံနိုင်ခဲ့ပါတယ်။ ဒါဟာ အနာဂတ်မှာ ကျွန်တော်လျှောက်လှမ်းချင်တဲ့ လမ်းစဉ်ကို ရှာတွေ့ရုံမျှသာ ရှိပါသေးတယ်"
"သိုင်းပညာကို မင်းရဲ့ ကျင့်ကြံမှုထဲမှာ ပေါင်းစပ်နိုင်တာက တကယ်ကို အံ့အားသင့်စရာပါပဲ၊ ဒါပေမယ့် ငါ သိသလောက်တော့ မြင့်မြတ်သော ဖြောင့်မတ်ခြင်းစွမ်းအင် လမ်းစဉ်ဟာ လက်ရှိ ကျင့်ကြံခြင်းလောကမှာ မရှိသေးဘူး။
အကယ်၍ မင်းက ဒီလမ်းစဉ်ကို ဆက်ပြီး လျှောက်လှမ်းချင်တယ်ဆိုရင် ဒါဟာ အလွန်ကို စိန်ခေါ်မှုကြီးမားလိမ့်မယ်"
ကုချင်းဖန်က သတိပေးလိုက်သည်။
မည်သူမျှ မြင့်မြတ်သော ဖြောင့်မတ်ခြင်းစွမ်းအင်ကို မကျင့်ကြံကြသဖြင့် ကုရှန့်ရှင်းအနေဖြင့် ဤလမ်းစဉ်ကို မိမိဘာသာ တစ်ဆင့်ချင်းစီ ရှာဖွေရပေလိမ့်မည်။
ရှေ့ဆောင်လမ်းပြမည့်သူ မရှိဘဲ သူသည် မိမိ၏ ကိုယ်ပိုင်အသိဉာဏ်ဖြင့်သာ လမ်းသစ်ထွင်ရပေလိမ့်မည်။
ဤကဲ့သို့သော ချဉ်းကပ်မှုမျိုးမှာ ကျင့်ကြံသူတစ်ဦး၏ ထိုးထွင်းသိမြင်မှုနှင့် ကံတရားအတွက် ကြီးမားသော စမ်းသပ်ချက်တစ်ခုပင်။
အမှားတစ်ချက်တည်းနှင့်ပင် ဘဝတစ်လျှောက်လုံး အဆင့်တစ်ခုမှာတင် တစ်နေပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်သွားနိုင်သည်။
ကုရှန့်ရှင်းက "ကျွန်တော်ကတစ်ခါက ရှေးဟောင်းခေတ်က လျှို့ဝှက်နယ်မြေတစ်ခုထဲကို ဝင်ရောက်ခဲ့ဖူးပြီး အဲ့ဒီခေတ်တုန်းက ကွန်ဖြူးရှပ်ဝါဒထွန်းကားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်၊ ဒါကြောင့် ကွန်ဖြူးရှပ်ဝါဒရဲ့ အမွေအနှစ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။"
"အဲ့ဒီလိုကိုး"
ကုချင်းဖန် နားလည်သလို ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူသည် အချက်အလက်ပြဇယားကို လှမ်းကြည့်လိုက်ပြီး သက်ဆိုင်ရာ မှတ်တမ်းများကို အမြန်ရှာဖွေလိုက်သည်။
သိသာလှသည်မှာ ကုချင်းဖန်ထံ၌ ယခင်က သတင်းအချက်အလက်များ အလွန်များပြားနေသဖြင့် အချို့သော အစိတ်အပိုင်းများကို မတော်တဆ လွတ်သွားခဲ့ခြင်းပင်။
ယင်းနောက်တွင် ကုရှန့်ရှင်းသည် ကွန်ဖြူးရှပ်ဝါဒနှင့် ပတ်သက်သော ကိစ္စရပ်များကို ဆက်လက်ပြောကြားခဲ့ပြီး ကုချင်းဖန်က တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။
ကွန်ဖြူးရှပ်ဝါဒဟု ခေါ်ဆိုသည့်အရာမှာ စာပေကျမ်းဂန်များကို ကျွမ်းကျင်ပိုင်နိုင်စေရန်၊ လူအများကို အသိပညာပေးရန်၊ ကြီးမြတ်သော တာအိုကို နားလည်ရန်နှင့် နှလုံးသားထဲတွင် မြင့်မြတ်သော ဖြောင့်မတ်ခြင်းစွမ်းအင်ကို မွေးမြူရန်ပင် ဖြစ်သည်။
ကွဲပြားခြားနားချက်မှာ အခြားသော ကျင့်ကြံသူများက ခန္ဓာကိုယ်နှင့် သွေးကို သန့်စင်ရန် အလေးထားကြသော်လည်း ကွန်ဖြူးရှပ် ကျင့်ကြံသူများမှာမူ မြင့်မြတ်သော ဖြောင့်မတ်ခြင်းစွမ်းအင်ကို မွေးမြူရန် အာရုံစိုက်ကြသည်။
သို့သော်လည်း တိတိကျကျ ပြောရလျှင် လမ်းစဉ်နှစ်ခုစလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင်ထူးခြားချက်များ ရှိသော်လည်း အခြေခံသဘောတရားများမှာ ဆင်တူကြပြီး အာုံစိုက်မှုသာ ကွဲပြားခြင်း ဖြစ်သည်။
သို့သော် လမ်းစဉ်ပေါင်း သုံးထောင်မှာ နောက်ဆုံးတွင် ပန်းတိုင်တစ်ခုတည်းသို့သာ ဦးတည်ကြသည်။
အဆုံးသတ်မှာတော့ လမ်းစဉ်နှစ်ခုစလုံးမှာ အတူတူပင် ဖြစ်သည်။
နတ်ဘုရားအသွင်ပြောင်းလဲခြင်းနယ်ပယ်တွင် ကျင့်ကြံသူများက ၎င်းတို့၏ သွေးနှင့် အားအင်ကို ပြောင်းလဲကြသော်လည်း ပညာရှိများမှာမူ စာပေစိတ်နှလုံးကို ပေါင်းစည်းကြသည်။
တာအိုနန်းတော်အဆင့်တွင် ကျင့်ကြံသူများက တာအိုနန်းတော် ရှေးဦးဝိဉာဉ်ကို တည်ဆောက်ကြသလို ကွန်ဖြူးရှပ်ဝါဒတွင်လည်း ရှေးဦးဝိဉာဉ်ကို တည်ဆောက်ကြသည်။
ကွဲပြားခြားနားချက်မှာ ကွန်ဖြူးရှပ်ဝါဒ၏ တာအိုနန်းတော်ကို စာပေနန်းတော်ဟု ခေါ်ဆိုခြင်းပင်။
တစ်ဖက်မှာ သွေးစွမ်းအားနှင့် စစ်မှန်သော ရည်ရွယ်ချက်တို့ဖြင့် ဖွင့်လှစ်သော်လည်း အခြားတစ်ဖက်မှာမူ မြင့်မြတ်သော ဖြောင့်မတ်ခြင်းစွမ်းအင်နှင့် ကြီးမြတ်သော တာအိုအပေါ် ကိုယ်ပိုင်နားလည်မှုတို့ဖြင့် ဖွင့်လှစ်ခြင်း ဖြစ်သည်။
နယ်ပယ်တူညီသော်လည်း ဘယ်သူက ပိုပြီး အစွမ်းထက်သလဲ သို့မဟုတ် ပိုပြီး အားနည်းသလဲ ဆိုသည်ကို ပြောရန် ခက်ခဲလှသေးသည်။
တစ်ချိန်တည်းမှာပင် ကုရှန့်အန်းသည်လည်း စကားဝိုင်းကို နားထောင်ရင်း ကွန်ဖြူးရှပ်ဝါဒအပေါ် ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။
ကုရှန့်ရှင်း စကားပြောပြီးသောအခါ ကုချင်းဖန် ခေါင်းညိတ်လိုက်သည်။
"ကွန်ဖြူးရှပ်ဝါဒရဲ့ ဆန်းကြယ်မှုက တကယ်ကို အံ့အားသင့်စရာပါပဲ။"
"မင်းဟာ ရှေးဟောင်း ကွန်ဖြူးရှပ်လမ်းစဉ်ကို ဆက်ခံထားပြီး စာပေစိတ်နှလုံးကို ပေါင်းစည်းကာ စာပေနန်းတော်ကိုလည်း ဖွင့်လှစ်ထားပြီးပြီဆိုတော့ မင်းဟာ ရှေးဟောင်းခေတ်နောက်ပိုင်း ပထမဆုံးသော ကွန်ဖြူးရှပ် သူတော်စင်ဖြစ်လာနိုင်တယ်"
ကုရှန့်ရှင်း၏ စကားများအရ ကွန်ဖြူးရှပ်ဝါဒသည် ရှေးဟောင်းခေတ်မှ မြစ်ဖျားခံခဲ့ပြီး ရှေးကျသော ကျင့်ကြံခြင်းနည်းလမ်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြကြောင်း ကုချင်းဖန် နားလည်ခဲ့သည်။
သို့သော်လည်း ရှေးဟောင်းကပ်ဘေးကြီးဖြစ်ပွားပြီးကတည်းက မြောက်မြားစွာသော အမွေအနှစ်များမှာ ပြတ်တောက်သွားခဲ့ပြီး ကွန်ဖြူးရှပ်ဝါဒသည်လည်း သမိုင်း၏ ဖုန်မှုန့်များကြားတွင် သဘာဝအလျောက် ပျောက်ကွယ်သွားခဲ့သည်။
ကုရှန့်ရှင်း ရရှိခဲ့သော ကွန်ဖြူးရှပ် အမွေအနှစ်မှာ ထိုက်ရိနတ်ဘုရားမင်းဆက်နှင့် ဆက်စပ်နေသည်။
ပို၍ တိတိကျကျ ပြောရလျှင် ထိုရှေးဟောင်း လျှို့ဝှက်နယ်မြေမှာ ထိုက်ရိနတ်ဘုရားမင်းဆက်က ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။
ဤအချက်နှင့် ပတ်သက်၍ ကုချင်းဖန်အနေဖြင့် သံသယမဖြစ်ဘဲ မနေနိုင်ပေ။
ထိုက်ရိနတ်ဘုရားမင်းဆက်က ဘယ်လောက်တောင် များပြားတဲ့ အရာတွေကို ချန်ထားရစ်ခဲ့တာလဲ။
သို့သော်လည်း ထိုက်ရိနတ်ဘုရားမင်းဆက်သည် ရှေးဟောင်းသီးခြားကမ္ဘာတစ်ခုလုံးကို ဖိနှိပ်အုပ်ချုပ်ခဲ့သည့် ရှေးဟောင်းခေတ်ကာလကို တွေးတောမိလိုက်သောအခါ ကုချင်းဖန်၏ စိတ်မှာ မကြာမီမှာပင် ပြန်လည်တည်ငြိမ်သွားခဲ့သည်။
ထိုက်ရိနတ်ဘုရားမင်းဆက်သည် အလွန်တရာ အစွမ်းထက်ခဲ့သဖြင့် ရှေးဟောင်းသီးခြားကမ္ဘာတွင် မြောက်မြားစွာသော အမွေအနှစ်များကို ချန်ထားရစ်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။
ယင်းနောက်တွင် ကုချင်းဖန်သည် ၎င်းတို့နှစ်ဦးကို ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည် "ငါ ဒီနေ့ မင်းတို့နှစ်ယောက်ကို ဒီကို ခေါ်လိုက်ရတဲ့ အကြောင်းရင်းကတော့ မင်းတို့ထဲက တစ်ယောက်ကို ကုမိသားစုအိမ်တော်ရဲ့ အိမ်တော်သခင်အဖြစ် ခန့်အပ်ဖို့ပဲ"
"အိမ်တော်သခင် ရာထူးလား"
၎င်းတို့နှစ်ဦးစလုံး၏ အမူအရာများ ပြောင်းလဲသွားကြသည်။
ကုရှန့်အန်းက စိုးရိမ်တကြီး မေးမြန်းခဲ့သည် "အဖိုးက ထွက်သွားတော့မလို့လား"
"ထွက်မသွားပါဘူး။" ကုချင်းဖန် ခေါင်းခါလိုက်သည်။
"အဲ့ဒီအစား ကုမိသားစု သွေးချင်းမျိုးနွယ်တွေဟာ တိုးပွားလာနေပြီ ဖြစ်တဲ့အတွက် ကုမိသားစုအိမ်တော်ကို အခြားသော တပည့်တွေကို လေ့ကျင့်ပေးဖို့အတွက် သီးသန့်ခွဲထုတ်ဖို့ ရည်ရွယ်ထားတယ်၊ ကုမိသားစု သွေးချင်းမျိုးနွယ်ဝင်တွေ အားလုံးကိုတော့ ကုမိသားစုထဲမှာပဲ ထည့်သွင်းထားမှာ ဖြစ်တယ်။"
"ထို့အပြင် မကြာသေးမီ နှစ်တွေအတွင်းမှာ ငါဟာ အချိန်အတော်များများကို တံခါးပိတ်ကျင့်ကြံရာမှာပဲ ကုန်ဆုံးစေခဲ့ပြီး အိမ်တော်ရဲ့ ကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်တာမျိုး ရှားပါတယ်။"
"ဒါကြောင့် မင်းတို့ထဲက တစ်ယောက်ကို ကုမိသားစုအိမ်တော်ကို တာဝန်ယူခိုင်းဖို့ ငါ စီစဉ်ထားတာ။"
စကားပြောပြီးသောအခါ ၎င်းတို့နှစ်ဦးစလုံးမှာ သိသိသာသာပင် သက်ပြင်းချလိုက်ကြသည်။
ယင်းနောက်တွင် ကုရှန့်အန်းက ပထမဆုံး ငြင်းပယ်ခဲ့သည်။
"ကျွန်တော်ကဥပဒေစိုးမိုးရေးဆောင်ရဲ့ အဆောင်မှူး ဖြစ်ပေမယ့် သတ်ဖြတ်ခြင်းမှာသာ ကျွမ်းကျင်ပြီး စီမံခန့်ခွဲခြင်းမှာ မကျွမ်းကျင်ပါဘူး၊ ဒါကြောင့် မြေးရဲ့ အမြင်အရဆိုရင် ဒုတိယအစ်ကိုကိုပဲ လုပ်ခိုင်းတာ ပိုကောင်းပါလိမ့်မယ်"
မျက်စိရှိသူ မည်သူမဆို မြင်တွေ့နိုင်သည်မှာ ကုမိသားစုအိမ်တော်၏ အိမ်တော်သခင် ရာထူးမှာ အလွန်ပင် ထူးခြားလှပြီး ကုမိသားစုအိမ်တော်ကို စီမံခန့်ခွဲနိုင်ခြင်းက အနာဂတ်တွင် ကြီးမားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးလိမ့်မည် ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် အကယ်၍ တစ်နေ့တွင် ကုယန် ရာထူးမှ ဆင်းသွားခဲ့လျှင် ကုမိသားစုအိမ်တော်ကို စီမံခန့်ခွဲနိုင်သော မင်းသားမှာ ထီးနန်းကို ဆက်ခံနိုင်ရန် အခွင့်အလမ်း ပိုမိုများပြားပေလိမ့်မည်။
ဤအချက်ကို ကုရှန့်အန်း သဘာဝကျကျပင် နားလည်ထားသည်။
သို့သော်လည်း သူသည် မဆိုင်းမတွပင် ငြင်းပယ်ခဲ့သည်။
ကုရှန့်အန်း၏ အမြင်အရ ထီးနန်းဆိုသည်မှာ အလွန်အမင်း ဆွဲဆောင်မှု မရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် စစ်တပ်ကို ဦးဆောင်၍ တိုက်ပွဲဝင်ခြင်း။
ရှင်ခြင်း၊ သေခြင်းကြားတွင် တိုက်ခိုက်ခြင်း။
ဒါဟာ ကုရှန့်အန်း အမှန်တကယ် လိုလားတောင့်တသော ဘဝပင် ဖြစ်သည်။
နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ခြင်းနှင့် ရှင်တစ်လှည့် သေတစ်လှည့် အခြေအနေများမှာ သူ့ကို သူ ဘာလိုချင်သလဲဆိုသည်ကို သေချာပေါက် နားလည်သွားစေခဲ့သဖြင့် သူသည် ပြတ်ပြတ်သားသားပင် ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။
ကုရှန့်ရှင်းမှာ စကားပြောရန် အခွင့်အရေး မရသေးသော်လည်း ကုချင်းဖန်၏ အကြည့်မှာ သူ၏အပေါ်သို့ ကျရောက်နေသည်ကို သတိပြုမိလိုက်သည်။
မကြာမီ သူ ခါးသီးစွာ ပြုံးလိုက်သည်။
"အဖိုးရဲ့ အမိန့်အတိုင်းဆိုရင်တော့ မြေးအနေနဲ့ နာခံရမှာပါပဲ"
"ကောင်းပြီ... ဒီနေ့ကစပြီး မင်းဟာ ကုမိသားစုအိမ်တော်ရဲ့ အိမ်တော်သခင် ဖြစ်လာပြီ"
"မြေး နာခံပါတယ်"
ကုရှန့်ရှင်း အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး လက်အုပ်ချီ၍ လက်ခံလိုက်သည်။
အမှန်စင်စစ် သူသည် ကုမိသားစုအိမ်တော်၏ အိမ်တော်သခင် ရာထူးအပေါ် စိတ်ဝင်စားမှု များစွာ မရှိပေ။
သို့သော်လည်း ကုရှန့်ရှင်း နားလည်ထားသည်။
သူမှလွဲ၍ အခြားမည်သူမျှ ကုမိသားစုအိမ်တော်ကို စီမံခန့်ခွဲရန် မသင့်တော်ပေ။
မူလကမူ ကုရှန့်အန်းသည် ဤရာထူးကို ရယူနိုင်သော်လည်း သူက ငြင်းပယ်ခဲ့သည်။
ထို့ကြောင့် ဤရာထူးကို သူသာလျှင် စီမံခန့်ခွဲရမည် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ကုမိသားစုအိမ်တော်အတွင်းရှိ အင်အားစုများမှာ ရှုပ်ထွေးလှပြီး နန်းတွင်းအပေါ်၌ပင် သက်ရောက်မှု ရှိနေသဖြင့် အခြားသူတစ်ဦးကို စီမံခန့်ခွဲခိုင်းပါက မငြိမ်မသက်မှုများစွာကို သေချာပေါက် ဖြစ်ပေါ်စေပေလိမ့်မည်။
ကုယန်၏ မျိုးဆက်ဖြစ်ပြီး မင်းသားတစ်ပါး ဖြစ်နေသဖြင့် ကုမိသားစုအိမ်တော်ကို စီမံခန့်ခွဲရန်မှာ ပြဿနာ မရှိပေ။
"အိမ်တော်သခင် အပြောင်းအလဲနဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ ငါ ကြေညာပေးမယ်၊ ပြီးရင် ရာထူးဆက်ခံပွဲ အခမ်းအနားကို ကျင်းပမယ်"
"ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ ကုမိသားစုအိမ်တော်ဟာ ဒီနေ့မှာ တတိယတန်းစား အင်အားစု မဟုတ်တော့ဘူး၊ အိမ်တော်သခင် အပြောင်းအလဲလို အရေးကြီးတဲ့ ကိစ္စရပ်တွေအတွက် သင့်တင့်လျောက်ပတ်တဲ့ အဆင့်အတန်းမျိုး ရှိဖို့ လိုအပ်တယ်လေ။"
ကုချင်းဖန် အသာအယာ ပြုံးလိုက်သည်။
ကုမိသားစုအိမ်တော်၏ အိမ်တော်သခင် ရာထူးကို ကုရှန့်ရှင်းထံသို့ လွှဲပြောင်းပေးလိုက်ပြီးနောက် သူသည်လည်း စိတ်သက်သာရာ ရသွားခဲ့သည်။
ကုချင်းဖန် အစောပိုင်းက ပြောခဲ့သလိုပင် သူသည် အိမ်တော်သခင် ဖြစ်သော်လည်း အိမ်တော်၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း ရှားလှသည်။
ရာထူးကို အမည်ခံထားရုံထက်စာလျှင် အခြားသူတစ်ဦးကို ပေးအပ်လိုက်ခြင်းက ပို၍ ကောင်းမွန်လှသည်။
ကံကောင်းထောက်မစွာဖြင့် ကုရှန့်ရှင်းသည် တာအိုနန်းတော်နယ်ပယ် ပဉ္စမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ကွန်ဖြူးရှပ်ဝါဒတွင်လည်း ထိပ်တန်းပုဂ္ဂိုလ် ဖြစ်နေသဖြင့် သူသည် ကုမိသားစုအိမ်တော်ကို စီမံခန့်ခွဲရန်မှာ ကုရှန့်အန်းထက် ပို၍ပင် သင့်တော်လှသည်။
ဤစကားကို ကြားသောအခါ ကုရှန့်ရှင်း လက်အုပ်ချီလိုက်ပြီး "မြေးအနေနဲ့ အဖိုးရဲ့ ညွှန်ကြားချက်တွေကို အပြည့်အဝ နာခံပါတယ်" ဟု ပြောကြားခဲ့သည်။
အခန်း ၄၉၂ - အရှေ့ပိုင်းဒေသ မြေပုံ
ကုချင်းဖန်သည် ကုမိသားစုအိမ်တော်၏ အိမ်တော်သခင်ရာထူးမှ အနားယူပြီး ကုရှန့်ရှင်းက ဆက်ခံလိုက်သည်ဟူသော သတင်းမှာ အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့သည်။
တိုတောင်းသော အချိန်အတွင်းမှာပင် ကိုးပြည်နယ်တစ်ခုလုံး လှုပ်ခတ်သွားခဲ့သည်။
လက်ရှိ ကုမိသားစုအိမ်တော်သည် ယခင်နှင့် မတူတော့ပေ။
အိမ်တော်သခင် အပြောင်းအလဲမှာ ဧကရာဇ်အာဏာ လွှဲပြောင်းမှုနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
နန်းတွင်းရှိ ဝန်ကြီးအများအပြားမှာ ဤလှုပ်ရှားမှုနောက်ကွယ်တွင် ပုံမှန်မဟုတ်သော အငွေ့အသက်တစ်ခုခု ရှိနေသည်ဟု ခံစားမိပုံရသည်။
မတတ်နိုင်ပေ ကုမိသားစုအိမ်တော် အိမ်တော်သခင်ရာထူးမှာ အလွန်ပင် သိမ်မွေ့လွန်းလှသည်။
ယခု ကုရှန့်ရှင်းက အိမ်တော်သခင်ရာထူးကို ရယူလိုက်ပြီ ဖြစ်သဖြင့် အခြားသူများအနေဖြင့် အမျိုးမျိုး တွေးတောမိကြမည်မှာ မလွဲပေ။
"ခမည်းတော်က ရှန့်ရှင်းကို ကုမိသားစုအိမ်တော်ရဲ့ အိမ်တော်သခင်အဖြစ် တာဝန်ပေးလိုက်တာ... တစ်စုံတစ်ရာကို ရည်ရွယ်တာများလား"
ဧကရာဇ်၏ စာကြည့်ဆောင်အတွင်း၌ ကုယန်သည် သူ၏လက်ထဲရှိ သတင်းအချက်အလက်များကို ကြည့်ရင်း အံ့အားသင့်နေသော အမူအရာ ရှိနေသည်။
သူ့ရှေ့တွင်မူ မှောင်မိုက်အစောင့်တပ်မှူးနှင့် ကျင်ယီအစောင့်တပ်မှူး ဖြစ်သူ ကုယီမှာ နှာခေါင်းကို အာရုံစိုက်ကာ တိတ်ဆိတ်စွာ ရပ်နေပြီး ကုယန်၏ စကားကို မကြားချင်ယောင် ဆောင်နေခဲ့သည်။
ဤကဲ့သို့သော အကြောင်းအရာများမှာ အလွန်ပင် ထိရှလွယ်လှသဖြင့် လူတိုင်း ဝင်ရောက်စွက်ဖက်ရန် အရည်အချင်း မရှိကြပေ။
ကုယီသည် ဤအချက်ကို သဘာဝကျကျပင် နားလည်ထားသည်။
ကုယန်သည်လည်း ကုယီထံမှ အဖြေတစ်ခု ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
သူ၏ လက်ထဲရှိ သတင်းအချက်အလက်များကို ကြည့်ရင်း ကုယန် ခေတ္တမျှ စဉ်းစားလိုက်ရာ သူ၏ စိတ်ထဲတွင် အကြံအစည်အချို့ ပေါ်ပေါက်လာခဲ့သည်။
"ဒီနှစ်တွေအတွင်းမှာ အိမ်ရှေ့မင်းသား ရာထူးကို လစ်လပ်ထားခဲ့တာကြောင့် နန်းတွင်းမှာ မကျေမနပ် ပြောဆိုသံတွေ တော်တော်များများ ထွက်နေခဲ့တယ်။"
"အခု ကြည့်ရတာတော့ ဒီကိစ္စကို တတ်နိုင်သမျှ မြန်မြန် ဆုံးဖြတ်ဖို့ လိုအပ်နေပြီ ထင်တယ်"
အိမ်ရှေ့မင်းသားကို ခန့်အပ်ခြင်းက ဧကရာဇ်အာဏာကို ခိုင်မာစေပြီး မင်းဆက်၏ သက်တမ်းကို ရှည်ကြာစေရန်လည်း အထောက်အကူ ဖြစ်စေသည်။
သို့သော်လည်း မူလက ကုယန်သည် လျှို့ဝှက်စွာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခဲ့ခြင်း ဖြစ်ပြီး မဆင်မခြင် ဆုံးဖြတ်ချက်ချရန် ရှောင်ကြဉ်နေခဲ့သည်။
ကျင့်ကြံသူတစ်ဦး၏ သက်တမ်းမှာ ရှည်လျားလှသည်ကို သိထားရမည်။
အိမ်ရှေ့မင်းသားကို စောစီးစွာ ခန့်အပ်ခြင်းမှာလည်း ကောင်းမွန်သည့် အချက် မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် အိမ်ရှေ့မင်းသား ရာထူးမှာ နှစ်ပေါင်း ထောင်နှင့်ချီ၍ နေထိုင်ရခြင်းမှာ မည်သူ့အတွက်မဆို သည်းမခံနိုင်စရာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း အိမ်ရှေ့မင်းသားကို သေချာပေါက် ခန့်အပ်ရမည် ဖြစ်သည်။
အိမ်ရှေ့မင်းသားရာထူး မတည်မြဲသရွေ့ အချို့သော မင်းသားများနှင့် မြေးတော်များအကြား မသင့်လျော်သော အတွေးအခေါ်များ ဖြစ်ပေါ်လာရန်မှာ မလွဲပေ။
ထိုအခါတွင် ပေါ်ပေါ်ထင်ထင်နှင့် လျှို့ဝှက် တိုက်ခိုက်မှုများ ဖြစ်ပွားလာပေလိမ့်မည်။
အမှန်စင်စစ် ဧကရာဇ် သွေးချင်းမျိုးနွယ်ဝင်များ တိုးပွားလာသည်နှင့်အမျှ ဤပြဿနာမှာ တဖြည်းဖြည်း ပေါ်လွင်လာနေပြီ ဖြစ်သည်။
လောလောဆယ်တွင် ကုယန်က လောကကြီးကို ဖိနှိပ်အုပ်ချုပ်နေပြီး ကုချင်းဖန်မှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေသဖြင့်သာ မည်သည့် ရုန်းရင်းဆန်ခတ်မှုမျှ မဖြစ်ပွားသေးခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ကုချင်းဖန်နှင့် ကုယန်တို့ သက်ရှိထင်ရှား ရှိနေသရွေ့ မည်သူမျှ ဧကရာဇ်ပလ္လင်ကို လုယူရန် အရည်အချင်း မရှိကြောင်း လူတိုင်း သိရှိထားကြသည်။
ယခုအချိန်တွင် ကုမိသားစုအိမ်တော်နှင့် ပတ်သက်သော ကိစ္စရပ်များကို သိရှိလိုက်ရသောအခါ ကုယန်သည် ဤကိစ္စကို လုပ်ငန်းစဉ်ထဲသို့ ထည့်သွင်းရန် ဆုံးဖြတ်လိုက်သည်။
"ရှန့်ရှင်း... သိုင်းပညာကတစ်ဆင့် တာအိုထဲကို ဝင်ရောက်ခဲ့ပြီး ရှေးဟောင်းခေတ်က ပညာရှိကြီးတွေရဲ့ အစဉ်အလာကို ဆက်ခံထားတယ်။ အမူအကျင့်ပိုင်းမှာတော့ ပြတ်သားမှုနဲ့ ရက်စက်မှု အနည်းငယ် လိုအပ်နေပေမယ့် ကြင်နာသနားတတ်တဲ့ စိတ်ထားတော့ ရှိတယ်။"
"ဧကရာဇ်တစ်ပါးအနေနဲ့ နိုင်ငံကို ပြန်လည် ထူထောင်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် လက်ရှိ အခြေအနေကို ထိန်းသိမ်းစောင့်ရှောက်မယ့် ဧကရာဇ်တစ်ပါး ဖြစ်ဖို့ကတော့ ပြဿနာ မဟုတ်ပါဘူး။"
တစ်လအကြာတွင် ဂိုဏ်းအသီးသီးမှ ကိုယ်စားလှယ်များသည် ကုမိသားစုအိမ်တော်သို့ လာရောက် ဂါရဝပြုကြပြီး ကုရှန့်ရှင်းအား ကုမိသားစုအိမ်တော်၏ တတိယမြောက် အိမ်တော်သခင် ဖြစ်လာသည့်အတွက် ဂုဏ်ပြုခဲ့ကြသည်။
ပထမဆုံး အိမ်တော်သခင်မှာ ကုချင်းဖန် ဖြစ်သည်။
ဒုတိယမြောက် အိမ်တော်သခင်မှာ ကုယန် ဖြစ်သည်။
တတိယမြောက် အိမ်တော်သခင်မှာ ကုရှန့်ရှင်း ဖြစ်သည်။
၎င်းတို့မှာ ကုမိသားစုအိမ်တော်၏ လက်ရှိ အိမ်တော်သခင် သုံးဦးပင် ဖြစ်သည်။
ပထမဆုံး အိမ်တော်သခင်အကြောင်းကိုမူ အထူးတလည် ပြောစရာ မလိုပေ။
သူသည် ဓမ္မဆုတ်ယုတ်သောခေတ်၏ နံပါတ်တစ် အစွမ်းထက်သူအဖြစ် ချီးကျူးခံခဲ့ရပြီး ချင်ဧကရာဇ်မြို့တော်တွင် မဟာဧကရာဇ်၏ ပုံရိပ်ယောင်ကို ပေါ်လာစေခဲ့ကာ ရှေးဟောင်းချင်မိသားစုကပင် အနာဂတ် ဧကရာဇ်တစ်ပါးအဖြစ် ရည်ညွှန်းခြင်း ခံခဲ့ရသူ ဖြစ်သည်။
မတော်တဆ ကျဆုံးခြင်း မရှိသရွေ့ နောက်ထပ် ထိပ်သီးမဟာခေတ်တွင် သူသည် တာအိုကို ရရှိပြီး ဧကရာဇ်တစ်ပါး ဖြစ်လာလိမ့်မည်ဟု ယုံကြည်ရသည်။
ကုယန်နှင့် ပတ်သက်၍မူ သူသည် ကုချင်းဖန်ကဲ့သို့ မဟုတ်သော်လည်း ထိပ်တန်း မင်းဆက်တစ်ခုကို တည်ထောင်နိုင်ခဲ့သည်။
နှစ်ပေါင်း တစ်ရာပင် မပြည့်သေးသော အချိန်အတွင်းမှာပင် သိုင်းနတ်ဘုရားမင်းဆက်သည် အရှေ့ပိုင်းဒေသတွင် နာမည်ကျော်ကြားလာခဲ့သည်။
လောလောဆယ်တွင် ကုရှန့်ရှင်းသည်လည်း အံ့အားသင့်ဖွယ် ကောင်းလှသည်။
သိုင်းပညာမှတစ်ဆင့် တာအိုသို့ ဝင်ရောက်ခြင်း၊ စာပေစိတ်နှလုံးကို ပေါင်းစည်းခြင်းတို့ဖြင့် ရှေးဟောင်း ကွန်ဖြူးရှပ်ဝါဒ၏ ဂုဏ်သိက္ခာကို ပြန်လည် အသက်သွင်းနိုင်ခဲ့ပြီး အသက် တစ်ရာ မပြည့်မီမှာပင် တာအိုနန်းတော်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိခဲ့သည်။
ဤကဲ့သို့သော ပါရမီမျိုးမှာ ရှေးဟောင်း မျိုးရိုးကြီးများမှ ထိပ်တန်း ပါရမီရှင်များနှင့် တန်းတူပင် ဖြစ်သည်။
ပြောရမည်ဆိုလျှင် ကုမိသားစုအိမ်တော်၏ အိမ်တော်သခင် သုံးဦးစလုံးမှာ စစ်မှန်သော သူရဲကောင်းများပင် ဖြစ်သည်။
ထို့ပြင် ကုမိသားစုအိမ်တော်၏ နောက်ကွယ်မှ ကုမိသားစုကိုလည်း အသိဉာဏ်ရှိသူတိုင်း ရှင်းလင်းစွာ မြင်တွေ့နိုင်သည်၊ ကုချင်းဖန် သက်ရှိထင်ရှား ရှိနေသရွေ့ ကုမိသားစုသည် ဧကရာဇ်မိသားစု ဖြစ်လာရန်မှာ သေချာသလောက်ပင်။
ကုမိသားစုအိမ်တော်နှင့် စောစီးစွာ ဆက်ဆံရေး တည်ဆောက်ထားခြင်းက ကုမိသားစုအပေါ် စေတနာပြသခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဤချဉ်းကပ်မှုမျိုးမှာ အကျိုးရှိပြီး အန္တရာယ် မရှိသည့် လုပ်ရပ်ပင်။
ဤကြီးကျယ်ခမ်းနားသော အခမ်းအနားသို့ ကုယန်ကိုယ်တိုင် တက်ရောက်ခဲ့ရုံတင်မကဘဲ ကုချင်းဖန်ပင်လျှင် လူမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့သည်။
ခရီးသွားများ ပြန်လည် ထွက်ခွာသွားပြီးနောက် နှစ်ပတ်အကြာတွင် စိတ်လှုပ်ရှားမှုများမှာ ပြန်လည် ငြိမ်သက်သွားခဲ့သည်။
ဧကရာဇ်၏ စာကြည့်ဆောင်အတွင်း၌ ကုချင်းဖန်နှင့် ကုယန်တို့ ဤနေရာတွင် ရှိနေကြသည်။
"အဖေက တစ်ဆယ့်ရှစ်နှစ်တောင် တံခါးပိတ်ကျင့်ကြံခဲ့တာဆိုတော့ သေချာပေါက် ကျင့်ကြံမှုတွေ အများကြီး တိုးတက်လာမှာပဲ။"
ကုယန်က စမ်းသပ်မေးမြန်းလိုက်သည်။
ကုချင်းဖန်က "တိုးတက်မှုအချို့တော့ ရှိခဲ့ပါတယ်၊ ထိုက်ချူရှေးဟောင်းမြေက ရှေးဟောင်းတည်ရှိမှုတွေသာ ထွက်မလာဘူးဆိုရင် ငါ ကိုင်တွယ်နိုင်မှာပါ။"
"ထိုက်ချူရှေးဟောင်းမြေထဲမှာ အတိအကျ ဘာတွေ ရှိနေတာလဲ"
ကုယန် မမေးဘဲ မနေနိုင်တော့ပေ။
ကုချင်းဖန်သည် ထိုက်ချူရှေးဟောင်းမြေမှ မသေမျိုးနတ်ဆေးကို ရရှိခဲ့သော်လည်း ၎င်းအတွင်း၌ အတိအကျ ဘာတွေ ရှိနေသလဲ ဆိုသည်ကိုမူ ကုယန် မသိသေးပေ။
သူ သိထားသည်မှာ ထိုက်ချူရှေးဟောင်းမြေနှင့် ဧကရာဇ်မျိုးနွယ်စု တစ်ခုအကြား ဆက်နွယ်မှု ရှိနေသည်ဟူ၍သာ ဖြစ်သည်။
၎င်းအပြင် အခြားသော သတင်းအချက်အလက် မရှိပေ။
ဤစကားကို ကြားသောအခါ ကုချင်းဖန်က စကားလုံး နှစ်လုံးတည်းကိုသာ ပြောလိုက်သည်။
"မဟာဧကရာဇ်"
"မဟာဧကရာဇ်"
ကုယန်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
"ထိုက်ချူရှေးဟောင်းမြေထဲမှာ သက်ရှိထင်ရှား မဟာဧကရာဇ် ရှိနေတာလား"
ဤသတင်းက သူ့ကို လုံးဝ အံ့အားသင့်သွားစေခဲ့သည်။
ကုချင်းဖန်က ပြောသည် "ထိုက်ချူရှေးဟောင်းမြေထဲမှာ အိပ်ပျော်နေတဲ့ ရှေးဟောင်း မဟာဧကရာဇ်တွေ ရှိတယ်၊ တစ်ပါးတည်းလည်း မဟုတ်ဘူး။ ထိုက်ချူရှေးဟောင်းမြေထဲမှာ မဟာဧကရာဇ် ဘယ်နှစ်ပါး ရှိနေလဲ ဆိုတာကိုတော့ ငါ မင်းကို မပြောနိုင်ဘူး။"
"ဒါပေမယ့် ဒီမဟာဧကရာဇ်တွေ အားလုံးက သက်ရှိရှေးဟောင်းမြို့တော်ထဲမှာ အိပ်ပျော်နေကြတာ၊ တစ်စုံတစ်ရာသော အခွင့်အရေးကို စောင့်ဆိုင်းနေပုံရပြီး လောကထဲကို အလွယ်တကူ နိုးထလာမှာ မဟုတ်ဘူး။"
"ဒါပေမယ့် ဒီမဟာဧကရာဇ်တွေသာ အပြင်ကို ထွက်လာခဲ့ရင် ရှေးဟောင်းသီးခြားကမ္ဘာဟာ မမျှော်လင့်ထားတဲ့ မငြိမ်မသက်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်"
ထိုက်ချူရှေးဟောင်းမြေတွင် အိပ်ပျော်နေသော ထိုမဟာဧကရာဇ်များနှင့် ပတ်သက်၍ ကုချင်းဖန်သည် ၎င်းတို့ကို သာမန်မျှသာ မဟုတ်ဟု သတ်မှတ်ထားသည်။
သို့သော် သူ၏ လက်ရှိ အရည်အချင်းဖြင့်မူ ထိုကဲ့သို့သော လျှို့ဝှက်ချက်များကို အပြည့်အဝ နားလည်နိုင်ရန် လမ်းစ မရှိသေးပေ။
ဤစကားကို ကြားလိုက်ရသောအခါ ကုယန် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။
အချိန်အတော်ကြာပြီးမှ သူ ထပ်မံ၍ မေးမြန်းခဲ့သည်။
"အကယ်၍ ထိုက်ချူရှေးဟောင်းမြေမှာ အိပ်ပျော်နေတဲ့ မဟာဧကရာဇ်တွေ ရှိတယ်ဆိုရင်... အခြားသော တားမြစ်နယ်မြေတွေ ဒါမှမဟုတ် ရှေးဟောင်းမြေတွေမှာရော ရှိနေနိုင်မလား"
"ရှိရင်လည်း ရှိမယ်၊ မရှိရင်လည်း မရှိဘူးပေါ့၊ ဒါပေမယ့် မင်း အများကြီး စိုးရိမ်စရာ မလိုပါဘူး။ ဒီရှေးဟောင်း မဟာဧကရာဇ်တွေဟာ ထိပ်သီးမဟာခေတ် မရောက်မချင်း ဘယ်တော့မှ ထွက်လာမှာ မဟုတ်ဘူး။"