← Chapters

ငါက အရှေ့ခန်းမသခင်

Vol. 88 Ch. 871

ငါက အရှေ့ခန်းမသခင်

Vol. 88 Ch. 871

ကြည်လင်ပြတ်သားသော အသံကရယ်မောလိုက်ပြီး၊ ထိုအသံထဲတွင် ခန့်မှန်းရခက်သော ဒေါသများ ပါဝင်နေကာ၊ ဆက်တိုက်မေးလိုက်သော မေးခွန်းသုံးခုက ဝမ်ရှန်းရတနာနယ်မြေတစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့လေသည်။

နောက်တစ်ခဏတွင်၊ဝတ်ရုံရှည်ကို ဆင်မြန်းထားသော ထိုပုံရိပ်က ဟင်းလင်းပြင်ထဲမှရုတ်တရက် ထွက်ပေါ်လာခဲ့၏။

ကျစ်ရှန်းသည် လေထဲတွင် ဝဲပျံနေပြီး၊ အထက်စီးမှနေ၍ အောက်သို့ငုံ့ကြည့်နေခဲ့လေသည်။

"..."

မင်းသားသုံးသည် ကျစ်ရှန်း ဤမျှလျင်မြန်စွာ ရောက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့သည်မှာ ထင်ရှားလှပေသည်။ ဤသည်က ထိုမိန်းမက သတင်းကြားကြားချင်း မည်သို့မျှတွေဝေခြင်းမရှိဘဲ အမြန်ဆုံးလာရောက်ခဲ့ခြင်းဖြစ်ကြောင်းကို ညွှန်ပြနေပါသည်။

သူ ကြိုတင်ခန့်မှန်းထားခဲ့သော်ငြားလည်း၊ ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူမျိုးနွယ်များ၏ ရူးသွပ်မှုကိုမူ လျှော့တွက်မိခဲ့ဆဲပင်။

ပိုင်ရှင်မဲ့နယ်မြေတစ်ခု၊ သူတို့အတွက် တန်ဖိုးမရှိသောအရာတစ်ခုအတွက်၊ တစ်ဖက်လူထံမှ ဤမျှပြင်းထန်သောတုံ့ပြန်မှုမျိုးကို ရရှိရန် ထိုက်တန်နေဆဲဖြစ်လေသည်။

"မရီးတော်၊ ကျွန်တော် အဲဒီလို သဘောမျိုးပြောတာ မဟုတ်ပါဘူး"

မင်းသားသုံးသည် သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်၏။ သူသည် ဘက်ပြောင်းရန် ဆုံးဖြတ်ထားပြီးဖြစ်သဖြင့် ဆက်လက်၍ ဝေခွဲမရဖြစ်နေ၍ မရနိုင်တော့ချေ။

ဤသည်မှာ ဒုတိယအစ်ကိုမြင်တွေ့ချင်နေသော မြင်ကွင်းမျိုးပင်။

အနောက်ပိုင်းဟုန်တွင် ဤမိန်းမက သူ့ကိုဖြစ်စေ၊ သူ၏ညီကိုဖြစ်စေ အရေးယူရဲလိမ့်မည်ဟု သူ မယုံကြည်ပါဘူး။

အကယ်၍ ကျစ်ရှန်းသာ သူ့ကို အနည်းငယ်မျှ အနာတရဖြစ်အောင် လုပ်ရဲမည်ဆိုပါက၊ အခြားအရာများကို ထည့်ပြောစရာပင်မလိုတော့ဘဲ၊ သူတို့၏ ခမည်းတော်အနေဖြင့် သူမကို အရှေ့ဘက်သို့ ပြန်ပို့ရန်အကြောင်းပြချက်ကောင်းကောင်း ရရှိသွားမည် ဖြစ်လေသည်။

ထိုသို့ တွေးတောရင်း၊ ချီမိသားစု၏ မင်းသားသုံးသည် ရတနာနယ်မြေအတွင်းရှိ အစီအရင်ဆီသို့ လျှောက်သွားလိုက်လေသည်။

"မရီးတော်၊ ယွီတောင်က လူတွေကို ခေါ်သွားလိုက်ပါ။ ဒါပေမဲ့ ဒီဝမ်ရှန်းစံအိမ်က ကျွန်တော့်ရဲ့ အစ်ကိုတော်နှစ်ပါး သေဆုံးခဲ့တဲ့နေရာဖြစ်လို့၊ ကျွန်တော်က အမိန့်အရစုံစမ်းစစ်ဆေးဖို့ ရောက်လာတာပါ။ အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်၊ သံယောဇဉ်အရပဲဖြစ်ဖြစ် မရီးတော် ကျွန်တော့်ကို တားဆီးစရာ အကြောင်းမရှိပါဘူး"

မင်းသားခြောက်မှာ အနည်းငယ် အပြစ်ရှိသလို ခံစားနေရသဖြင့် ကျစ်ရှန်းကို မကြည့်ရဲသော်လည်း၊ အံကိုတင်းတင်းကြိတ်ကာ သူ၏ အစ်ကိုတော်နောက်သို့ လိုက်ပါသွားခဲ့လေသည်။

"ဟူး"

ကျစ်ရှန်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး၊ သူမ၏ မျက်လုံးများထဲမှ အေးစက်မှုတို့က ပိုမို ပြင်းထန်လာခဲ့၏။

သူမ၏ လက်ချောင်းများ အင်္ကျီလက်စထဲမှ ထွက်ပေါ်လာချိန်တွင်ပင်၊ ကျိကျင့်ရှီး၏ အသံကို နားနားတွင် ရုတ်တရက်ကြားလိုက်ရပေသည်။

"စိတ်အေးအေးထားပါ၊ လူတွေကို ကယ်တင်ဖို့က အဓိကပဲ။ ခဏတာ ဒေါသအတွက်နဲ့ တိုက်ခိုက်ပြီး အရှေ့ပိုင်းနဂါးဘုရင်ရဲ့ အစီအစဉ်ကို မဖျက်ဆီးပါနဲ့"

"..."

ကျစ်ရှန်းသည် သူမ၏ မျက်လုံးများကို မှိတ်လိုက်ပြီး၊ သူမ၏ စိတ်ပျက်ဒေါသထွက်မှုကို အတင်းအကျပ် မျိုသိပ်ကာလက်ဖဝါးကို ပြန်လည်ရုပ်သိမ်းလိုက်ပေသည်။

"ယွီတောင်က စစ်သည်တွေ အားလုံး၊ ငါ့အမိန့်ကို နာခံပြီး အရင်ပြန်ကြတော့"

စစ်သည်များစွာသည် ကြင်ယာတော်အားရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်လိုက်ကြလေသည်။ ယနေ့ဖြစ်ရပ်မှာ နှစ်ကာလများစွာအတွင်း သူမ၏ လုပ်ရပ်များအတွက် အနောက်ပိုင်းနဂါးနန်းတော်မှ ဖြေရှင်းမှုတစ်ခုဖြစ်ကြောင်းကို သူတို့ နားလည်ထားကြပါသည်။

သူတို့သည် သူမ၏ အသက်ကို ရန်ရှာလိုခြင်း မဟုတ်ဘဲ၊ သူမကို အရှက်ခွဲရန်သာရည်ရွယ်ခြင်း ဖြစ်လေ၏။

သူတို့ သက်ပြင်းချလိုက်ကြပြီး အတူတကွ အရိုအသေပေးလိုက်ကြသည်။

"ကျွန်တော်တို့ နာခံပါ့မယ်"

ထိုသို့ပြောပြီးနောက် ယွီတောင်စစ်သည်တစ်စုမှာ လျင်မြန်စွာ ဆုတ်ခွာသွားကြပြီး ရေပြင်အတွင်းသို့ ပျောက်ကွယ်သွားကြလေတော့သည်။

ထိုအချိန်မှသာ ကျစ်ရှန်းသည် မျက်လုံးများကို ဖွင့်ကာ ညီအစ်ကိုနှစ်ဦးကို ကြည့်လိုက်၏။

"ရှင်တို့နှစ်ယောက် ရပ်လိုက်ဦး၊ ဒါကို ဆက်ပြီး ဆွေးနွေးကြတာပေါ့"

ဤစကားကို ပြောရန် သူမအတွက် အလွန်ခက်ခဲနေကြောင်း သိသာထင်ရှားလှပေသည်။ ဂုဏ်ယူဝင့်ကြွားလှသော အရှေ့ပိုင်းဟုန်၏နဂါးသမီးတော်တစ်ပါး ဖြစ်ပါလျက်နှင့်၊ သူမကို ယခုလေးတင် သစ္စာဖောက်သွားသော နဂါးသားတော်နှစ်ပါးအား ခေါင်းငုံ့ပေးရခြင်းမှာ မည်သူ့အတွက်မဆို လက်ခံရန် ခက်ခဲပေလိမ့်မည်။

"မရီးတော်၊ ကျွန်တော်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့။ ဒါက ဒုတိယအစ်ကိုတော်ရဲ့ ဆန္ဒပါ"

ချီမိသားစု၏ မင်းသားသုံးသည် နောက်သို့ လှည့်မကြည့်ခဲ့သလို၊ သူ၏ ခြေလှမ်းများပင် ရပ်တန့်မသွားခဲ့ချေ။ မင်းသားခြောက်၏ ရင်ထဲတွင်မူ အနည်းငယ် သက်သာရာရသွားခဲ့လေသည်။

ဤမိန်းမသည် ထိုမျှအဓိပ္ပာယ်မရှိသော အကြောင်းပြချက်အတွက်ပင် ခေါင်းငုံ့ပေးနိုင်စွမ်း ရှိနေသောကြောင့်၊ သူ ထင်ထားသလောက် ကြောက်စရာမကောင်းကြောင်း တွေးမိလိုက်လေသည်။

"နတ်ဆိုးတစ်သောင်းခန်းမရဲ့ ခြေရာလက်ရာတွေကို ရှာမတွေ့နိုင်ဖြစ်နေတာကြာပြီ။ အများကြီး စဉ်းစားပြီးတဲ့နောက်၊ ဒီဝမ်ရှန်းရတနာနယ်မြေက ကျွန်တော်တို့ စစ်ဆေးဖို့ကျန်နေသေးတဲ့ တစ်ခုတည်းသော နေရာပဲ။ အဲဒီ လူအုပ်စုကို ဆွဲထုတ်နိုင်ဖို့ သဲလွန်စတချို့များတွေ့မလားလို့ပါ။ ဒါမှ ခမည်းတော်လည်း စိတ်အေးရမှာလေ"

ယွီတောင်၏နဂါးကြင်ယာတော်ကို မည်သို့ ကိုင်တွယ်ရမည်ကို သိသွားပြီဖြစ်သောကြောင့် ချီမိသားစု၏ မင်းသားသုံးသည် ပို၍ တည်ငြိမ်လာပုံရကာ၊ သူ၏ စကားများတွင် မည်သည့် ဟာကွက်မျှ ချန်မထားခဲ့ချေ။

ဤအချက်က ကျစ်ရှန်းအား စကားမပြောနိုင်အောင်ပင် ဖြစ်သွားစေခဲ့လေ၏။

ထပ်မံ၍ တားဆီးနေမည်ဆိုပါက သူမကိုယ်တိုင်ပင် နတ်ဆိုးခန်းမနှင့် ပူးပေါင်းကြံစည်နေသူအဖြစ် ထင်မြင်သွားစေနိုင်ပေသည်။

သူမ တန်ပြန်တိုက်ခိုက်ရန် စဉ်းစားနေစဉ်၊ သူမ၏ နားထဲတွင် အခြားအသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ကျိကျင့်ရှီး၏ အသံ မဟုတ်သလို၊ အသံလွှင့်စနစ်ဖြင့် ပို့လာသော သတင်းစကားလည်း မဟုတ်ချေ။

ထိုအသံမှာ ကြမ်းတမ်းအက်ကွဲနေပြီး အနည်းငယ် ပျင်းရိနေဟန်ရှိကာ၊ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်က သူ၏မျက်လုံးများဖွင့်လိုက်သကဲ့သို့ပင်။

"မင်း ခုနကဘာပြောလိုက်တယ်။ ဘယ်လူအုပ်စုလို့ ပြောလိုက်တာလဲ"

"..."

ချီညီအစ်ကိုနှစ်ဦးမှာ သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး၊ သူတို့၏ မျက်နှာများမှာ ချက်ချင်း အနည်းငယ်ပြောင်းလဲသွားကာ၊ အဝေးရှိ အစီအရင်ဆီသို့ ကြည့်လိုက်ကြသည်။

ထိုခဏ၌ပင်၊ ပတ်ဝန်းကျင် မိုင်တစ်ထောင်ခန့်မှာ မှောင်မိုက်သွားပြီး၊ ယခင်က လှိုင်းထန်နေသော ရေပြင်မှာ ရုတ်တရက်ကြေးမုံပြင်ကဲ့သို့ ငြိမ်သက်သွားကာ၊လေတိုက်ခတ်မှုများ ရုတ်ခြည်း ရပ်တန့်သွားပြီး နေနှင့်လတို့မှာလည်း အလင်းရောင် ကင်းမဲ့သွားကြလေတော့သည်။

ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်မှုမျိုးတွင်၊ကျစ်ရှန်းဖြစ်စေ၊ ညီအစ်ကိုနှစ်ဦးဖြစ်စေ၊ သို့မဟုတ် တိမ်တိုက်များကြားတွင် ပုန်းအောင်းနေသော ကျိကျင့်ရှီးပင်ဖြစ်စေ၊ သူတို့အားလုံးသည် နှေးကွေးလေးလံသော ခြေသံများကို ကြားလိုက်ကြ၏။

ဘန်း..ဘန်း

အကြည့်လေးခုမှာ အစီအရင်အတွင်းရှိ နေရာလွတ်တစ်ခုဆီသို့ တစ်ချိန်တည်းတွင်စုဆုံသွားကြလေသည်။

မီတာဆယ်ဂဏန်းကျော် မြင့်မားသောဧရာမပုံရိပ်ကြီးတစ်ခု တဖြည်းဖြည်းထွက်ပေါ်လာသည်အထိပင်။ ရွှေရောင်ချည်မျှင်များချယ်မှုန်းထားသော နက်မှောင်နေသည့်ဝတ်ရုံကြီးမှာ လေမတိုက်ဘဲ လွင့်ဝဲနေလေသည်။

ကျယ်ဝန်းသော ခေါင်းစွပ်အောက်တွင်မူ၊ တောက်ပနေသော ရွှေရောင်မျက်လုံးတစ်စုံက ကြောက်မက်ဖွယ်ကောင်းအောင် လင်းလက်နေခဲ့၏။

ထိုအရာက ပျင်းရိပျင်းတွဲစွာရပ်နေပြီး၊ မည်သည့် ကာကွယ်မှုမျိုးမျှမရှိဘဲ ၎င်း၏ရှေ့ရှိ လူနှစ်ဦးကို တည်ငြိမ်စွာ အကဲခတ်နေခဲ့လေသည်။

နောက်တစ်ခဏတွင်၊ ဤကြောက်မက်ဖွယ်ကောင်းသော ဧရာမသတ္တဝါကြီးသည် အနည်းငယ် ကိုင်းညွတ်လိုက်ပြီး ပြုံးလိုက်သည်။

"မင်းတို့ ပြောနေတာ ဒီခန်းမသခင်ကို မဟုတ်ပါဘူးနော်... ဟုတ်လား"

နက်ရှိုင်းသော အသံကြီးမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်သွားလေသည်။

ဤသည်က ချီမိသားစုမှ ကောင်းကင်ဘုံနယ်ပယ် နဂါးနတ်ဆိုးနှစ်ဦး၏ မျက်နှာများကို ပို၍ အကျည်းတန်သွားစေခဲ့လေသည်။ မင်းသားသုံးသည် စိုးရိမ်တကြီး တံတွေးမျိုချလိုက်ပြီး၊ သူ့ကိုယ်သူမနည်းတည်ငြိမ်အောင် ထိန်းထားရင်း မေးလိုက်၏။

"ခင်ဗျားက ဘယ်သူလဲ"

စကားပင် မဆုံးလိုက်ရချေ။

သူ၏ မျက်လုံးအိမ်များ ကျယ်လာပြီး၊ သူ၏ မြင်ကွင်းမှာ အရိပ်တစ်ခု၏ လွှမ်းမိုးခြင်းကို ခံလိုက်ရလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ကြမ်းတမ်းပြီး ထက်မြက်သော လက်သည်းတစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဆုပ်ကိုင်လိုက်ပြီး၊ သူ၏ ဘက်မှ မည်သည့်ခုခံမှုမျှ မရှိနိုင်ဘဲ၊ ကြီးမားလှသော နတ်ဆိုးစွမ်းအားကြီးထွက်ပေါ်လာကာ မင်းသားကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်လေတော့သည်။

နတ်ဆိုးစွမ်းအားများ လည်ပတ်မှုအောက်တွင်၊ ကျယ်ဝန်းသောခေါင်းစွပ်မှာ အနည်းငယ် လှုပ်ခါသွားပြီး အတော်အတန်ရက်စက်ကြမ်းကြုတ်သော မျက်နှာတစ်ခုကို ဖော်ပြလိုက်၏။

ထိုသားရဲသည် အပြုံးကိုရုပ်သိမ်းလိုက်ပြီး၊ ဒေါသတကြီးရုန်းကန်နေသော မင်းသားကို အသက်မဲ့နေသောအရာဝတ္ထုတစ်ခုကို ကြည့်နေသကဲ့သို့ လျစ်လျူရှုစွာ အကဲခတ်နေရင်း တိုးတိုးလေး ကြေညာလိုက်သည်။

"နတ်ဆိုးတစ်သောင်းခန်းမ၊ အရှေ့ခန်းမသခင်"

ဤရိုးရှင်းသော စကားလုံးအနည်းငယ်သည် ထိုနေရာတွင် ရှိနေသူအားလုံးကို ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်စေခဲ့လေသည်။

ထိုအမည်နာမမှာ မစိမ်းသက်တော့သော်လည်း၊ ဤအင်အားစုအတွင်းရှိ တည်ရှိမှုကို ညီအစ်ကိုနှစ်ဦးနှင့် ကျစ်ရှန်းတို့ ကိုယ်တိုင်ကိုယ်ကျ ပထမဆုံးအကြိမ်တွေ့မြင်ရခြင်းဖြစ်ပြီး၊ အသစ်ရောက်လာသူကလည်း လက်တွေ့လုပ်ရပ်များဖြင့် သက်သေပြလိုက်ပေ၏။

၎င်းတို့၏ အကြောင်းအရာများမှာ ကောလာဟလသက်သက် မဟုတ်ချေ။

သူတို့၏ လုပ်ရပ်များသည် အမှန်တကယ်ပင် မဆင်မခြင်ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းအောင် စွမ်းအားကြီးမားလှပေသည်။

ကျိကျင့်ရှီးအတွက်မူ၊ သူမရှေ့ရှိ ဤကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးကြီးမှာ ယခင်က သေးသွယ်သောပုံရိပ်လေးထက် အဆမတန်ပို၍ ကြောက်မက်ဖွယ် ကောင်းနေခဲ့လေတော့သည်။

All Chapters