← Chapters

အတုခိုးကောင်းသော နတ်ဆိုး

Vol. 88 Ch. 872

အတုခိုးကောင်းသော နတ်ဆိုး

Vol. 88 Ch. 872

"ခင်ဗျား..ခင်ဗျား ကျုပ်အစ်ကိုကို အရင်လွှတ်ပေးစမ်း"

ချီမိသားစု၏ မင်းသားခြောက်မှာ မျက်လုံးများ ပြူးကျယ်နေပြီး၊သူ၏ အသံမှာ အက်ကွဲနေလေ၏။

"ငါတို့က အနောက်ပိုင်းနဂါးနန်းတော်က မင်းသားတွေ..."

"အသစ်အဆန်းလေး ဘာမှ မတွေးတတ်တော့ဘူးလား"

ခယ်ရှစ်စန်းက သူ၏ ဘယ်ဘက်လက်ညိုးထိပ်ဖြင့် သူ၏နားကို ညင်သာစွာကလော်လိုက်ပြီး၊ အနည်းငယ်စိတ်ရှုပ်နေဟန်ဖြင့် ကြည့်လိုက်ပါသည်။

"ဒါနဲ့ဆို သုံးကြိမ်ရှိပြီ"

သူက ခေါင်းကို တဖြည်းဖြည်းမော့လိုက်လေသည်။

"ပထမအကြိမ်က ငါ့သခင်ရဲ့ သဘောထားကြီးမှုကို မင်းတို့ မြင်တွေ့ခဲ့ရတယ်။ ဒုတိယအကြိမ်က ငါ့သခင်ရဲ့ ကြင်နာမှုကို မင်းတို့မြင်တွေ့ခဲ့ရတယ်။ ဒီတတိယအကြိမ်မှာတော့... ငါ့သခင်ရဲ့ ဂုဏ်သိက္ခာကိုဘယ်လြိမျိုးထိပါးလို့ မရဘူးဆိုတာကို မင်းတို့ မြင်တွေ့ရလိမ့်မယ်"

အလွန် အလေးအနက်ထားကာပြောဆိုနေသော ဤစကားများကို နားထောင်ရင်း၊ကျစ်ရှန်းပင်လျှင် ကျိကျင့်ရှီးရှိရာဘက်သို့ မကြည့်ဘဲမနေနိုင်အောင် ဖြစ်သွားခဲ့လေသည်။

ဤနတ်ဆိုး ပြောဆိုနေသော သခင်ဆိုသူ၏ သဘောထားကြီးမှုဆိုသည်မှာ နဂါးသားတော်များ၏ လက်အောက်ငယ်သားများအားလုံးကို လုံးဝ အပြတ်ရှင်းလင်းခြင်းကိုဆိုလိုပြီး၊ သူ၏ ကြင်နာမှုဆိုသည်မှာ နဂါးသားတော်နှစ်ဦးစလုံးကို ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကို ဆိုလိုလေ၏။

မည်သို့ပင် နားထောင်ကြည့်စေကာမူ၊ မှန်ကန်နေပုံမရချေ။

ယခုအခါတွင်မူ နတ်ဆိုးတစ်သောင်းခန်းသည် အမှန်တကယ်ပြင်းပြင်းထန်ထန် လုပ်ဆောင်တော့မည် ဖြစ်လေ၏။ သူတို့ ဘာလုပ်ကြမည်နည်း။

ထိုနေရာတွင် ရှိနေသူ လေးဦးစလုံး၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု ပေါ်ထွက်လာခဲ့လေသည်။

ထိုသို့တွေးမိသည်နှင့်၊ ညီအစ်ကိုနှစ်ဦး၏ မျက်နှာများမှာ ပြင်းထန်စွာတုန်ယင်လာခဲ့ပါသည်။

ခယ်ရှစ်စန်းသည် သူ၏ ခေါင်းစွပ်ကို တဖြည်းဖြည်းဖယ်ရှားလိုက်ရာ၊ ထက်ရှပြီး ရက်စက်ကြမ်းကြုတ်သော နဂါးခေါင်းတစ်ခု ထွက်ပေါ်လာခဲ့ပါသည်။ ရွှေဖြင့်သွန်းလုပ်ထားသကဲ့သို့ တောက်ပနေသောဦးချိုများမှာ မှောင်မိုက်နေသော မိုးပြာကောင်းကင်အောက်တွင် လင်းလက်နေခဲ့လေသည်။

သူက ကြည်စယ်ချင်ဟန်ရှိသောအပြုံးတစ်ခုဖြင့် ပြုံးလိုကသည်။

"အရမ်းတော်တယ်၊ မင်းတို့ ခန့်မှန်းတာမှန်တယ်"

သူ၏ စကားပင် မဆုံးလိုက်ရသေးခင်၊ ဤအတုမရှိသော မဟာနတ်ဆိုးကြီးသည် မင်းသားသုံးကိုလွှတ်ပေးလိုက်ပြီး၊ တည်ငြိမ်သော ဟန်ပန်ဖြင့် မတ်တတ်ရပ်လိုက်ချိန်တွင် သူ၏ အမူအရာမှာ ချက်ချင်း အေးစက်သွားခဲ့လေ၏။

"မင်းတို့လိုအနောက်ပိုင်းဟုန်က အမှိုက်ကောင်တွေ အသက်ရှင်နေတာ လုံလောက်သွားပြီ"

နောက်ဆုံးတွင်၊ ချီမိသားစု၏ မင်းသားသုံးမှာ ချုပ်နှောင်ထားမှုများမှ လွတ်မြောက်သွားခဲ့လေသည်။ ယခင်က လက်သည်းဖြင့်ဖမ်းဆုပ်ခံရမှုမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို စဉ်းစားရန် အချိန်မရှိတော့ဘဲ၊ အလိုအလျောက်တုံ့ပြန်မှုဖြင့် သူ၏ ပေတစ်ထောင်နီးပါး ရှည်လျားသော အစစ်အမှန်အသွင်အပြင်အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။

သူ၏ ဧရာမ နဂါးခန္ဓာကိုယ်ကြီးမှာ ပင်လယ်နှင့် မြစ်များကိုပါ မှောက်လှန်နိုင်စွမ်းရှိပုံပေါ်ပြီး ကောင်းကင်ယံသို့ ဟိန်းဟောက်ပျံတက်သွားခဲ့လေတော့သည်။

"ဂရား"

ကောင်းကင်ဘုံနယ်ပယ် နဂါးနတ်ဆိုး၏ နှိုင်းယှဉ်၍မရနိုင်ဖွယ်ခမ်းနားထည်ဝါလှသည့် ဟိန်းဟောက်သံကြီးမှာကြားရသူ သက်ရှိအားလုံး၏ဝိညာဉ်များကို တုန်လှုပ်သွားစေရုံသာမက၊ သူတို့၏ အသည်းနှလုံးများပါ ကွဲထွက်သွားမတတ်ခံစားရစေရန် လုံလောက်ပေသည်။

သို့သော်လည်း ခယ်ရှစ်စန်းသည် အဝေးမှ ကောင်းကင်ကို တိတ်ဆိတ်စွာကြည့်နေခဲ့လေ၏။

သူ တစ်ခုခုကို သက်သေပြနေပုံပင်။

အနောက်ပိုင်းနဂါးနန်းတော်မှ မျိုးနွယ်များကို သူက အမှိုက်ကောင်များဟုခေါ်ဝေါ်ခဲ့ပြီးဖြစ်ရာ၊ သူ၏ရှေ့တွင် ဤနဂါးသားတော်များနှင့် နဂါးမျိုးဆက်များသည် ပိုးကောင်များနှင့် ဘာမျှမကွာခြားကြောင်း အမှန်တကယ်သက်သေပြနေခြင်းပင် ဖြစ်လေသည်။

အကယ်၍ သူ လွှတ်ပေးချင်လျှင် လွှတ်ပေးမည်ဖြစ်ပြီး၊ချေမွပစ်ချင်လျှင်လည်း ချေမွပစ်မည်။

ခယ်ရှစ်စန်း၏ လက်ကို တဖြည်းဖြည်းမြှောက်လိုက်ချိန်တွင်၊ မှုန်မှိုင်းနေသော ကောင်းကင်ယံမှ တိမ်တိုက်များစတင်လည်ပတ်လာပြီး၊ တောက်ပနေသော ပေတစ်ထောင်ခန့်ရှိနဂါးလက်သည်းကြီးတစ်ခုက လေနှင့် တိမ်တိုက်များ၏ဝဲဂယက်ထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့၏။

နောက်တစ်ခဏတွင်၊ ဤဧရာမနဂါးလက်သည်းကြီးသည် ကောင်းကင်ယံ၌ပျံသန်းနေသော ကျောက်စိမ်းဦးချိုငွေရောင်နဂါးအား သူ၏ လက်ဖဝါးဖြင့် ဖမ်းဆုပ်လိုက်လေတော့သည်။

"ငါ့ကို လွှတ်"

ချီမိသားစု၏ မင်းသားသုံးမှာ စူးရှသောအော်ဟစ်သံကြီးကို ထုတ်ဖော်လိုက်ပြီးနောက်၊ လက်သည်းကြီး တဖြည်းဖြည်းပိတ်ကျလာချိန်တွင် ၎င်းအတွင်း၌ နစ်မြုပ်သွားခဲ့လေတော့သည်။

တောက်ပနေသော နဂါးလက်သည်းကြီး လုံးဝ ဆုပ်ကိုင်မိသွားချိန်အထိ၊ လောကကြီးတွင် မည်သည့် အသံမျှမကျန်ရှိတော့ဘဲ၊ လက်ချောင်းများကြားမှ စီးကျလာသောသွေးရေများကသာ ထိုနေရာရှိ လူအားလုံး၏မျက်လုံးများကို နီရဲသွားစေခဲ့၏။

"ငါ မင်းကို သေတဲ့အထိ တိုက်ခိုက်မယ်"

အစ်ကိုဖြစ်သူ သေဆုံးသွားခြင်းကြောင့် ထိတ်လန့်သွားခြင်းကြောင့်လော၊သို့တည်းမဟုတ် သူ၏ အစ်ကိုဖြစ်သူ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ထောက်ရှု၍ ထွက်ပြေးလွတ်မြောက်ရန် မျှော်လင့်ချက်မရှိတော့ကြောင်း သိသွားခြင်းကြောင့်လောဆိုသည်မှာ မသေချာချေ။

မည်သို့ပင်ဖြစ်စေ၊ ချီမိသားစု၏ မင်းသားခြောက်သည် နောက်ဆုံးတွင် ယခင်ကတစ်ခါမှမကြုံစဖူးသော သတ်ဖြတ်လိုစိတ်များပေါက်ကွဲထွက်ပေါ်လာခဲ့လေ၏။

သူ ခုန်တက်လိုက်ပြီး၊ သန်မာထွားကြိုင်းသော ဧရာမကျောက်စိမ်းဦးချိုငွေနဂါးတစ်ကောင်အဖြစ်သို့လည်း ပြောင်းလဲသွားခဲ့၏။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများမှာ သံမဏိစစ်စစ်ဖြင့် သွန်းလုပ်ထားသကဲ့သို့ တချွင်ချွင်မြည်သံများ ထွက်ပေါ်နေခဲ့လေသည်။

ချီမိသားစု၏ မင်းသားသုံးနှင့် မတူဘဲ၊ ဤဧရာမနဂါးကြီးမှာပျံသန်းလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ကို ရုတ်တရက်လှည့်ပတ်လိုက်ပြီး၊ သူ၏ နဖူးပေါ်ရှိ ဦးချိုနှစ်ခုမှာ ကောင်းကင်ဘုံမှသွန်းလုပ်ထားသော ဓားတစ်လက်ကဲ့သို့ပြတ်သားစွာ ထွက်ပေါ်လာခဲ့လေသည်။

ကြမ်းတမ်းသော နတ်ဆိုးစွမ်းအားများနှင့် ဤစွမ်းအားကြီးမားသောနဂါးခန္ဓာကိုယ်၏ ပံ့ပိုးမှုဖြင့်၊ ၎င်းသည် ဓားအဖြစ်ပြောင်းလဲသကဲ့သို့ ပေဆယ်ဂဏန်းကျော်မြင့်မားသောဧရာမပုံရိပ်ကြီးဆီသို့ ရဲရင့်စွာ တိုက်ခိုက်လိုက်လေတော့သည်။

ကျောက်စိမ်းရောင်အလင်းတန်းတသ်ချက်လက်လိုက်ရင်း အရိပ်တစ်ခုကဲ့သို့မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့လေသည်။

ဤဓားချက်ကိုသာ မတားဆီးနိုင်ခဲ့ပါက၊ ဝမ်ရှန်းရတနာနယ်မြေ၏ တစ်ဝက်ခန့်မှာ ပျက်စီးသွားလောက်ပေမည်။

"..."

ခယ်ရှစ်စန်းသည် သူ၏ အကြည့်ကို အနည်းငယ် လွှဲလိုက်ပြီး၊ရှောင်တိမ်းခြင်းလည်း မရှိဘဲ၊ သူ၏ ညာဘက်လက်မောင်းကို တဖြည်းဖြည်းမြှောက်ကာ လက်ချောင်းနှစ်ချောင်းကိုကွေးလိုက်ပြီးနောက်၊ ဝင်ရောက်လာသော ပေတစ်ထောင် ကျောက်စိမ်းဓားခန့် ဓားသွားပေါ်သို့ညင်သာစွာ ပုတ်လိုက်၏။

ထန်.

ပြတ်သားသောအသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ထိုမျှခမ်းနားကြီးကျယ်လှသော ဓားချက်သည် ခယ်ရှစ်စန်း၏ အင်္ကျီလက်စများကိုသာ လှုပ်ခါသွားစေပြီး၊ သူ့ကို ခြေတစ်ဝက်မျှပင် နောက်ဆုတ်သွားစေရန် မစွမ်းဆောင်နိုင်ခဲ့ချေ။

သို့သော်လည်း ထိုကျောက်စိမ်းဦးချိုနှစ်ခုမှာ ချက်ချင်းဆိုသလိုအက်ကွဲကြောင်းများ ပြည့်နှက်သွားပြီး၊ ၎င်းတို့သည် ကျောက်စိမ်းဦးချိုငွေနဂါး၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် ပျံ့နှံ့သွားခဲ့လေသည်။

၎င်း၏ ကြက်သေသေနေသော အကြည့်အောက်တွင်၊ ပြင်းထန်သောနတ်ဆိုးစွမ်းအားများက သူ၏ အတွင်းကလီစာများကို ရက်စက်စွာဖျက်ဆီးပစ်လိုက်လေတော့သည်။

ခယ်ရှစ်စန်းသည် သူ၏လက်ကိုချလိုက်ပြီး၊ နေရာတွင်ပင်မှင်သက်နေသော ကျစ်ရှန်းဘက်သို့ ကြည့်လိုက်၏။

"မင်းတို့ နှစ်ယောက်မှာ တခြားကိစ္စများ ရှိသေးလား"

ကြောက်မက်ဖွယ်ကောင်းသော မဟာနတ်ဆိုးကြီးက သူမတို့ကို ရည်ညွှန်းပြောဆိုလိုက်သည်ကို ကြားသောအခါ ကျစ်ရှန်း တုန်လှုပ်သွားပြီး၊ လက်နှစ်ဖက်ကိုချလျက် အလားတူမှင်သက်နေသော ကျိကျင့်ရှီး ရှိရာတိမ်တိုက်များဆီသို့ ကြည့်လိုက်ရာ သူမ၏ အသက်ရှူနှုန်းများမှာ စိုးရိမ်ပူပန်မှုကြောင့် မြန်ဆန်နေခဲ့လေသည်။

အမှန်တကယ်ပင်

ဤနတ်ဆိုးကြီးမှာ ကောင်းကင်ဘုံနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှ ဖြစ်နေလေသည်။

အမျိုးသမီးနှစ်ဦးမှာ အချိန်အတော်ကြာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ၊ ခယ်ရှစ်စန်းသည် သူ၏ မျက်နှာကို ခေါင်းစွပ်ဖြင့် တစ်ဖန်ပြန်ဖုံးလိုက်ပြီး၊ လှည့်ကာ ဝမ်ရှန်းစံအိမ်ရတနာနယ်မြေ၏ အစီအရင်ဆီသို့ လျှောက်သွားခဲ့ပြီး၊ ပြတ်သားသော သတင်းစကားတစ်ခုကို ချန်ထားရစ်ခဲ့၏။

"အနောက်ပိုင်းနဂါးဘုရင်ကို ငါ့အတွက် ပြောလိုက်ပါ၊ငါ သူ့ရဲ့ စက်ဆုပ်စရာကောင်းတဲ့ အသက်ကို လိုချင်တယ်လို့"

"ပြီးတော့ သူ့ရဲ့ အနောက်ပိုင်းဟုန်က အခုကစပြီး ငါ့ရဲ့ နတ်ဆိုးတစ်သောင်းခန်းမပိုင်ဆိုင်မှု ဖြစ်သွားပြီလို့"

သူ၏ အသံ မဆုံးသေးခင်မှာပင် အရပ်ရှည်ရှည်ပုံရိပ်ကြီးမှာ အစီအရင်အတွင်းသို့ ပျောက်ကွယ်သွားခဲ့လေတော့သည်။

အမျိုးသမီးနှစ်ဦးကိုသာ အချင်းချင်း ကြည့်နေရင်း ကျန်ရစ်ခဲ့စေလေသည်။

ဟုန်ကျယ်တစ်ခုလုံးတွင် အရှေ့ဘက်နှင့် မြောက်ဘက်ရှိ နဂါးဘုရင်အနည်းငယ်နှင့် အနန္တတာအိုအင်ပါယာဂိုဏ်း၏ ဂိုဏ်းချုပ်တို့မှလွဲ၍ ထိုကဲ့သို့သော ကောင်းကင်ဘုံနယ်ပယ် ပြီးပြည့်စုံခြင်းသတ္တဝါများသည် ကြောက်မက်ဖွယ်ကောင်းသောတည်ရှိမှုများ၏ ထိပ်ဆုံးတွင်ရှိနေကြသည်ဖြစ်ရာ သူတို့ စိတ်ကူးကြည့်ရန်ပင် ခက်ခဲနေခဲ့ကြ၏။

သို့တိုင် သူတို့က အခြားသူတစ်ဦးကို သခင်အဖြစ် ခစားနေပြီး ထိုအကြောင်းကို အမြဲတမ်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနေကြလေသည်။

နတ်ဆိုးတစ်သောင်းခန်းမ၏ သခင်ဆိုသူမှာ မည်သည့်နယ်ပယ်တွင် ရှိနေပြီး၊ မည်မျှအံ့မခန်းဖွယ်ကောင်းသောနောက်ခံသမိုင်းကြောင်းများရှိနေမည်နည်း။

သေချာသည်မှာ အရေးအကြီးဆုံးအချက်က... သူတို့က အနောက်ပိုင်းဟုန်ကို အမှန်တကယ်စတင် လှုပ်ရှားပါတော့မည်။

ယခင် အခြေအနေများနှင့် မတူတော့ချေ။

ယခုတစ်ကြိမ်တွင် နဂါးသားတော်နှစ်ပါးကို သတ်ဖြတ်ပြီးနောက် သူတို့သည်လုံးဝတုန်လှုပ်ခြင်းမရှိသလို ထွက်ပြေးရန်ရည်ရွယ်ချက်လည်း မရှိကြဘဲ၊ ဤကဲ့သို့ ပေါ်ပေါ်တင်တင်ပင်ပြန်သွားခဲ့ကြလေသည်။

အနောက်ပိုင်းနဂါးဘုရင် သူတို့ မည်သည့်နေရာတွင်ရှိနေကြောင်းကိုမသိမည်ကို စိုးရိမ်နေသကဲ့သို့ သတင်းစကားပါးရန် သူတို့၏အသက်များကိုပင် ချန်ထားခဲ့ကြသေး၏။

"အားလုံး ပြီးသွားပြီ၊ အားလုံး ပြီးသွားပြီ"

ကျစ်ရှန်းသည် ခေါင်းအနည်းငယ် မူးဝေနေသလို ခံစားလိုက်ရပြီး၊ နောက်ဆုံးတွင် ပြန်လည်သတိရလာသောအခါတွင် ကျိကျင့်ရှီးမှာ ထိုနေရာတွင် မှင်သက်စွာရပ်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

"ဘာဖြစ်လို့လဲ၊ ရှင် ကြောက်လွန်းလို့ထုံအသွားတာလား။ မဖြစ်သင့်ပါဘူး မဖြစ်သင့်ဘူး၊ ရှင့်ရဲ့ စီနီယာအစ်ကိုကလည်း တစ်ချိန်က ဒီနယ်ပယ်မှာ ရှိခဲ့ဖူးသလို ရှင့်အဖေကိုလည်း ရှင် မြင်ဖူးတာပဲ"

"အဲဒီလို မဟုတ်ပါဘူး... ကျွန်မ ခံစားမိတာက... သူက"

ကျိကျင့်ရှီးသည် အချိန်အတော်ကြာ စဉ်းစားနေပြီးမှ နောက်ဆုံးတွင် စိတ်မပါတပါဖြင့် စကားပြောလာခဲ့လေ၏။

"ဘာဖြစ်လဲ"

ကျစ်ရှန်းက သူမကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

ကျိကျင့်ရှီးက နဖူးကို ပွတ်လိုက်ပြီး ခေါင်းခါလိုက်ကာ ဘာမျှပြန်မပြောခဲ့ချေ။

ယခုလေးတင် မြင်တွေ့ခဲ့ရသော ရက်စက်ကြမ်းကြုတ်သည့် နဂါးနတ်ဆိုးသည်၊ သူ၏ စကားပြောဆိုမှု ပြတ်တောင်းခြင်းဖြစ်စေ၊ သူ၏ လုပ်ရပ်များ ပြတ်သားရက်စက်ခြင်းဖြစ်စေ၊ သို့မဟုတ် သူ၏ အမူအရာ အနည်းငယ်ပြောင်းလဲမှုများဖြစ်စေ၊အရာအားလုံးက တစ်စုံတစ်ဦးကို တမင်တကာတုပနေသကဲ့သို့ ဖြစ်နေလေသည်။

သူမအနေဖြင့် ရှန်းယီကို မြင်တွေ့လိုက်ရသကဲ့သို့ပင် ခံစားလိုက်ရခဲ့လေ၏။

All Chapters