ရန်ကြွေးဟောင်းနှင့် ရန်ကြွေးသစ်များ စုစည်းခြင်း
Vol. 88 Ch. 874
အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
ချီရှန့်ထောင်၏ မျက်ခွံများမှာ အရူးအမူးတုန်လှုပ်နေပြီး သူ၏ကြီးမားကျယ်ပြန့်သော ဝတ်ရုံအောက်တွင် သူ၏ ခန္ဓာကိုယ်ရှိကြွက်သားတိုင်းမှာ တုန်ယင်နေ၏။
အချိန်အတော်ကြာပြီးနောက် သူသည် လေးလံသော သက်ပြင်းတစ်ချက်ချလိုက်သည်။
"မင်း ပြောနေတာ သူလား။ တစ်ကောင်တည်း ရှိတာလား"
ယင်းကို ကြားသောအခါ အောက်ရှိလူအုပ်ကြီးမှာ သူတို့၏ အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ကြ၏။
ဤနဂါးအိုကြီးသည် သူ၏ ဆင်ခြင်တုံတရားကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ကြောင်း ထင်ရှားသည်။
"ကောင်းကင်ဘုံနယ်ပယ် ပြည့်စုံခြင်းအဆင့်ပါ"
အနောက်ပိုင်း နဂါးဘုရင် ဘာသိချင်သည်ကို ကျစ်ရှန်းက တိတိကျကျ သိနေသည်။
"ဒါဆို သူ့မှာ သခင်ရှိတယ်လို့ သူက ပြောတာလား"
ချီရှန့်ထောင်က သူ၏ အကြည့်ကို တစ်ဖက်တစ်ချက်စီသို့ဖြည်းညှင်းစွာ ဝေ့ကြည့်လိုက်၏။
အနန္တတာအိုအင်ပါယာဂိုဏ်းမှ လူများ၏ မျက်နှာအမူအရာများမှာမှိုင်းညို့နေပြီး မသေချာမရေရာ ဖြစ်နေကြသည်။ သူတို့သည် စစ်ထူကျွင်းလွေ့ကို ရှာဖွေရန် လာခဲ့ကြခြင်းဖြစ်ပြီး အနောက်ပိုင်း နဂါးနန်းတော်အား ဤရေပြင်နှင့် မြေပြင်များကို စောင့်ကြပ်ရာတွင် ကူညီပေးရန်အတွက်မဟုတ်ပေ။
အခြားနှစ်ဦးနှင့် အဆင့်အတန်းအားဖြင့် နီးပါးတူညီသော သခင်ရွှယ်တစ်ဦးတည်းသာလျှင် သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုအရိပ်အယောင် အနည်းငယ်ရှိနေသည်။ ဤကျိန်စာသင့်ရာ နေရာသည် ပျင်းစရာကောင်းလိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း ရောက်ရောက်ချင်းမှာပင် ကောင်းကင်ဘုံနယ်ပယ် နတ်ဆိုးနှစ်ကောင် ကျဆုံးသွားသည်ကို မျက်မြင်တွေ့လိုက်ရ၏။
အာ... နေရာလေးသေးပေမဲ့ ပွဲကြီးပွဲကောင်း ကြည့်ရသေးတာပဲ။
"လူကြီးမင်းတို့၊ ခင်ဗျားတို့အားလုံး ဒီကို လူတစ်ယောက်ကို လာရှာကြတာဆိုပေမဲ့၊ အခု သဲလွန်စက အင်အားကြီးတဲ့ရန်သူတစ်ယောက်ဆီကို ဦးတည်နေပြီ။ ခင်ဗျားတို့ ရှာဖွေတာကို လက်လျှော့လိုက်တော့မှာလား။ ကလဲ့စားချေတာကို စွန့်လွှတ်လိုက်တော့မှာလား။သေချာ စဉ်းစားကြည့်ပါဦး။ အနောက်ပိုင်းဟုန်ရဲ့ ရေပြင်နဲ့ မြေပြင်တွေမှာ ခင်ဗျားတို့အိမ်တော်နှစ်ခုကို တိုက်ခိုက်ဖို့ ဘယ်သူကများ ရဲဝံ့မှာလဲ"
ချီရှန့်ထောင်က ဒေါသကင်းမဲ့စွာ ရယ်မောလိုက်ပြီး၊ အနန္တတာအိုအင်ပါယာဂိုဏ်းကို ဆက်လက် မကြည့်တော့ဘဲ အခြားတစ်ဖက်သို့ အကြည့်လွှဲလိုက်၏။
မှောင်မိုက်သောတိမ်တိုက်များ၏ အကာအကွယ်အောက်တွင် သတိထားမိရန်ခက်ခဲသော အရိပ်များထဲ၌ တောင့်တင်းခိုင်မာသောပုံရိပ်တစ်တန်းသည် ကြမ်းတမ်းစွာ ရပ်နေကြသည်။
သို့သော် အနောက်ပိုင်း နဂါးဘုရင်၏ အကြည့်များ သူတို့အပေါ် ကျရောက်သွားသည့် အခိုက်အတန့်တွင်၊ရှေ့ဆုံးမှ အနည်းငယ်ပိန်ချုံးနေသော အဘိုးအိုသည် ခေါင်းကိုဖြည်းညှင်းစွာ မော့လိုက်၏။
သူ၏ မျက်လုံးများမှာ တည်ငြိမ်နေပြီး နဂါးအိုကြီး၏အချိုးမကျသော ရန်စမြှောက်ပင့်မှုကို မတုံ့ပြန်ပေ။
ခေတ္တမျှအကြည့်ချင်း ဖလှယ်ပြီးနောက် သူသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။
"အဲဒါက တကယ်ပဲ ဒီ နတ်ဆိုးတစ်သောင်းခန်းမရင်တော့ သေတဲ့အထိတိုက်ခိုက်ရပါစေ။ ငါတို့ ယွဲ့မိသားစုက ဘာကိုမှ ကြောက်နေမှာမဟုတ်ဘူး"
ယွဲ့မိသားစုတွင် မျိုးနွယ်စုတစ်ခုလုံးကို နောက်တစ်ဆင့်သို့ ဦးဆောင်နိုင်သည့် ပါရမီရှင်တစ်ဦး ရှိခဲ့ဖူးသော်လည်း ထိုသူမှာရူးသွပ်သွားခဲ့၏။ သူတို့သည် ယွဲ့ထျန်းရှဲ့ဟုခေါ်သော နောက်တစ်ဦးကို မနည်း ပြုစုပျိုးထောင်ခဲ့ရသည်။
သူ၏ အစ်ကိုကြီးလောက် မထက်မြက်သော်လည်း သူသည်လည်း မျိုးစေ့ကောင်းတစ်ခုဖြစ်ခဲ့သည်။
သို့သော်လည်း ထိုညီအစ်ကိုနှစ်ဦးစလုံးသည် အပြင်ဘက်တွင် အတူတူသေဆုံးသွားခဲ့ကြလေ၏။
အရည်အချင်းအသင့်အတင့်သာရှိသော အခြားသူများအတွက်မူ၊ သူတို့၏ သက်တမ်း ကုန်ဆုံးသွားသည်နှင့် ယွဲ့မိသားစုကိုထိန်းသိမ်းရန် မည်သူက အရည်အချင်း ပြည့်မီမည်နည်း။
ယွဲ့မိသားစုသည် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အခြေအနေသို့ ရောက်နေပြီဖြစ်သည်။
ယွဲ့မိသားစုကို စောစောစီးစီးလှုပ်ရှားခြင်းမှ တားဆီးထားသော စွက်ဖက်မှုအရညအချို့သာ မရှိခဲ့ပါက၊ သူတို့သည် ယခုအချိန်အထိစောင့်မနေဘဲ အချိန်ကြာမြင့်စွာကတည်းက ရောက်လာကြပါလိမ့်မည်။
"အကြီးအကဲ ယွဲ့၊ အဖြောင့်မတ်ဆုံးပါဘဲ"
ချီရှန့်ထောင်က သူ၏ ခွက်ကို မြှောက်လိုက်သည်။
ဤအဘိုးအိုသည် ဟော့လင်မျိုးနွယ်စု၏ အစောင့်အရှောက် အကြီးအကဲတစ်ဦးဖြစ်သည်။ သူ၏ အင်အားမှာ ပြောစရာပင် မလိုပေ။
သူ၏ အကူအညီကို ရရှိခြင်းမှာ အမှန်တကယ်ပင် ကံကောင်းခြင်းတစ်ခုဖြစ်လေ၏။
အမှန်တကယ် အရေးကြီးသည်မှာ လူတိုင်းက လူတစ်ယောက်ကိုရှာရန် ဤနေရာသို့ ရောက်နေကြခြင်း ဖြစ်သည်။ ယွဲ့မိသားစုက ပူးပေါင်းပါဝင်နေပြီ ဖြစ်ရာ၊ အကယ်၍ အနန္တတာအိုအင်ပါယာဂိုဏ်းကသာစောင့်ကြည့်နေမည်ဆိုပါက အလွန် သတ္တိကြောင်လွန်းရာ ကျသွားပါလိမ့်မည်။
အသေအချာပင်၊ စစ်ထူဖူဟိုင်က ခေတ္တမျှစဉ်းစားပြီးနောက် သူ၏ ခွက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်၏။
"ဒီဟုန်ကျယ်နယ်မြေတွေမှာ မသေမျိုးတွေရဲ့ လှုပ်ရပ်တာ မဟုတ်ရင်၊ အနန္တတာအိုအင်ပါယာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ဒုက္ခပေးတဲ့အတွက် ပေးဆပ်ရပါလိမ့်မယ်"
"ဒီလိုလုပ်တာ တကယ်ပဲသူတို့ဆိုတာ သေချာခဲ့ရင်ပေါ့"
စကားဆုံးသွားသည်နှင့် တက်ရောက်လာသူ အားလုံးက သူတို့၏ ခွက်များကို တစ်ကျိုက်တည်းနှင့် မော့သောက်လိုက်ကြ၏။
ချီရှန့်ထောင်က နှုတ်ခမ်းကို ဖွဖွလေးသုတ်လိုက်သည်။
"သူတို့ပဲဖြစ်ဖြစ်၊မဟုတ်ဘူးပဲဖြစ်ဖြစ်၊ ဖမ်းပြီးတော့ စစ်မေးလိုက်ရုံပဲ။ မြောက်ပိုင်းဟုန်မှာ ခင်ဗျားတို့ရဲ့ အဆင့်အတန်းကတခြားသူတွေနဲ့ အကြောင်းပြချက်ပေးပြီး တည်ဆောက်ထားတာလို့ ထင်နေတာလား"
ထိုသို့ပြောပြီးနောက် သူ၏ အကြည့်သည် ခန်းမထဲရှိ ကျစ်ရှန်းထံသို့ ရောက်သွားသည်။
သူမကို အခြားသူများကဲ့သို့ သူ မရန်စခဲ့ပေ။
ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူမျိုးနွယ်စုအတွက်၊ နတ်ဆိုးတစ်သောင်းခန်းမကဲ့သို့ တည်ရှိမှု သွေးဆာသော၊ ထိန်းချုပ်၍မရသော၊ ခန့်မှန်း၍မရသော၊ နှင့် သတ်ဖြတ်မှုများကို ဖန်တီးလေ့ရှိသောအရာသည် သူတို့ အမုန်းဆုံးအရာပင်။
ဤစွက်ဖက်တတ်သော လူယုတ်မာများသည် အခြားသူများ၏ တိုက်တွန်းမှုကိုမလိုအပ်ဘဲ သူတို့ကိုယ်တိုင်ဝင်ရောက်စွက်ဖက်ရန် အစပျိုးကြလိမ့်မည်။
နှစ်ပေါင်း သောင်းနှင့်ချီ၍ သူတို့ လုပ်ဆောင်ခဲ့သကဲ့သို့ပင်။ ဤတစ်ကြိမ်တွင်လည်း ချွင်းချက် ဖြစ်မည်မဟုတ်ပေ။
"..."
ကျစ်ရှန်းသည် အနောက်ပိုင်း နဂါးဘုရင်၏ အကြည့်ကို သတိပြုမိပြီး သူ၏ အတွေးများကို အကြမ်းဖျင်းခန့်မှန်းမိလိုက်သည်။
သူမ၏ မကျေမနပ်ဖြစ်နေသော နှလုံးသားမှာ ပို၍ပင် ဝမ်းနည်းသွားရလေသည်။
အခြေအနေများ ထိန်းမနိုင်သိမ်းမရဖြစ်သွားမည်ကို သူမအမှန်တကယ် စိုးရိမ်နေ၏။ မည်သို့ပင်ဆိုစေကာမူ၊ နတ်ဆိုးတစ်သောင်းခန်းမ၏ အရှေ့ပိုင်းခန်းမသခင်က သူမကို မတိုက်ခိုက်ခဲ့သော်လည်း သူ၏ စကားများတွင် ဖော်ရွေသော ရည်ရွယ်ချက်လည်း မပါရှိခဲ့ပေ။
သတ်ဖြတ်ခြင်းကိုသာသိသော မောက်မာသည့် အရူးတစ်စုကဲ့သို့ပင်၊ သူတို့၏ ဒေါသသည် အနောက်ပိုင်းနဂါးနန်းတော်၏ ပိုင်နက်အတွင်း၌သာ ကန့်သတ်ထားမည်ဟု မည်သူက အာမခံနိုင်မည်နည်း။
ထို့ကြောင့် နဂါးဘုရင်နန်းတော်သို့ မလာမီကတည်းက သူမသည် နေရပ်သို့ သတင်းတစ်စောင်ကြိုတင် ပေးပို့ခဲ့ပြီး ဖြစ်သည်။
တကယ်ကို ဒေါသထွက်စရာကောင်းလိုက်တာ။
လောကကြီးမှာ ရည်ရွယ်ချက်မရှိ၊ သူတို့ရဲ့ လုပ်ရပ်တွေကို လုံးဝနားလည်လို့မရတဲ့ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့သတ္တဝါတွေ ဘယ်လိုလုပ်ရှိနေရတာလဲ။
အနောက်ပိုင်းဟုန်အတွင်း ရှုပ်ထွေးသောတိုက်ပွဲသည်ပင်လျှင် အနောက်ပိုင်းနဂါးဘုရင်၏ အထင်အမြင်သေးမှုအပေါ် ကလဲ့စားချေမှု သက်သက်ကြောင့်ဖြစ်ပေါ်လာပုံရသည်။ အနောက်ပိုင်းဟုန်ကို အမှန်တကယ်လိုချင်၍ မဟုတ်ဘဲ မျက်နှာပျက်ရမှုကြောင့် ဖြစ်လိမ့်မည်။
၎င်းမှာ အလွန်တရာ အဓိပ္ပာယ်မဲ့လှသည်။
...
အနောက်ပိုင်းဟုန်၊ ပန်ရှန်းဂိုဏ်း
မှိန်ပျပျလင်းနေသော ပင်မခန်းမကြီးထဲတွင် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်၏။
ဟွမ်ဝမ်ဖာ နှင့် ယန်ချုံကျန်းတို့သည် သူ၏ ဘေးတစ်ဖက်စီတွင် တိတ်ဆိတ်စွာအဖော်ပြုနေကြသော်လည်း သူတို့၏မျက်နှာပေါ်ရှိ အံ့အားရိပ်များကိုမူ ဖုံးကွယ်မထားနိုင်ကြပေ။
အပြင်ဘက် ကောင်းကင်ယံရှိ ကြီးမားသော အပြောင်းအလဲများကို သူတို့ ကြာမြင့်စွာကတည်းက သတိပြုမိခဲ့ပြီး သူတို့ ဆက်နေရသည့် အကြောင်းရင်းမှာ ဤဖြစ်ရပ်သည် သူတို့ရှေ့မှောက်ရှိ ဂိုဏ်းချုပ် ရှန်းနှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိမရှိ သိရှိရန်အတွက်ဖြစ်သည်။
အမှန်တကယ်တွင်၊ ရှန်းယီသည် ပန်ရှန်းဂိုဏ်းမှ မထွက်ခွာဖူးသလို သူ၏ မျက်ခွံများကိုပင် မပင့်ဖူးသော်လည်း၊ထိုသို့သော ကြီးမားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာတိုင်း၊ ဟွမ်ဝမ်ဖာ၏ ပထမဆုံး တုံ့ပြန်မှုမှာ ၎င်းကို ဂိုဏ်းချုပ် ရှန်းနှင့် ဆက်စပ်တွေးတောရန် ဖြစ်လေ၏။
မည်သို့ပင်ဆိုစေကာမူ သူ၏ ရှေ့မှောက်ရှိ ဂိုဏ်းချုပ်မှလွဲ၍ ဤမျှကြမ်းတမ်းကာ ထိုရဲတင်းမှုနှင့် ထိုက်တန်သောစွမ်းအားရှိသူ ဒုတိယမြောက်လူကို သူ အမှန်တကယ် စဉ်းစား၍ မရနိုင်ပေ။
"..."
ခယ်ရှစ်စန်း၏ အစီရင်ခံစာကို နားထောင်ပြီးနောက် ရှန်းယီသည် စာရွက်စာတမ်းများကို ပြန်လည်စတင်ဖတ်ရှုလိုက်၏။
အရာရာက အတော်လေး ချောမွေ့နေသည်။
ဒီတစ်ကြိမ်က အရင်နဲ့ မတူဘူး။ဘာပဲဖြစ်ဖြစ် အနောက်ပိုင်းဟုန်က တောင်ပိုင်းဟုန်လို အပိတ်ခံထားရတာမဟုတ်ဘူး။ အဖြစ်အပျက်လေးတစ်ခုက အရှေ့ပိုင်းနဲ့ မြောက်ပိုင်းကို ချက်ချင်းပြန့်သွားမှာပဲ။
ခြေကုပ်ယူဖို့အတွက် အရင်တုန်းကလို ကိုယ့်ကိုယ်ကိုယ်ပုန်းအောင်းနေလို့ မရတော့ဘူး။ အဲဒီအစား ခွန်အားကို တမင်တကာထုတ်ပြရမယ်။
အခြားသူတွေကို ဟန့်တားထားနိုင်မှ ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖို့ အချိန်ဆွဲနိုင်မှာ။
နဂါးကြင်ယာတော် ကျစ်ရှန်းက တကယ်ကို အရင်ကလိုပဲအသုံးဝင်သေးတယ်လို့ ပြောရမယ်။
သူမက သူ့အတွက် အရှိန်ဖန်တီးပေးဖို့ ကူညီနိုင်ရုံသာမကဘဲ၊ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူတွေရဲ့လုပ်ရပ်တွေအရ သူမက အရှေ့ပိုင်းနဂါးနန်းတော်က လူတွေကိုပါ ခေါ်ယူနိုင်စွမ်း ရှိလောက်မယ်။
ယင်းကို တွေးမိသောအခါ ရှန်းယီသည် သူ၏ လက်ဖဝါးထဲရှိ တာအိုချပ်ပြားကို ကြည့်လိုက်သည်။
စီနီယာကျိ၏ အဆိုအရ၊ အရှေ့ပိုင်း နဂါးနန်းတော်၏ အကြံအစည်များသည် သူ၏ ကိုယ်ပိုင်အစီအစဉ်များနှင့် အမှန်တကယ် ဆန့်ကျင်ဘက် မဖြစ်ပေ။
တူညီသော ရည်မှန်းချက်ကို ရည်ရွယ်ထားသော်လည်း လမ်းကြောင်းနှစ်ခုအဖြစ်သာ ကွဲသွားကြခြင်း ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် ရှန်းယီသည် ထိုမသေမျိုးကို အမှန်တကယ်သတ်နိုင်မည်ဟု ယုံကြည်ချက် မရှိပေ။
ဟုန်လေးမျက်နှာ မသေမျိုးစွမ်းအားကို ခိုးယူစဉ်အတွင်း၊ဟုန်ကျယ် မသေမျိုး၏ အာရုံစိုက်မှုကို ခံရစေမည့် အသေးအမွှာ မတော်တဆမှုလေး တစ်ခုကပင် အလုံးစုံဆုံးရှုံးမှုကို ဆိုလိုပေလိမ့်မည်။
အားထားစရာ အခြားရွေးချယ်စရာလမ်းကြောင်းတစ်ခု ရှိနေခြင်းက သဘာဝကျကျ ပိုကောင်းပေသည်။
သူ လိုအပ်သည့်အရာမှာ နဂါးတံဆိပ်တုံးပင်။
ရှန်းယီသည် လက်စွပ်လေးထဲရှိ တံဆိပ်တုံးငယ်ကို အာရုံခံလိုက်၏။ နဂါးတံဆိပ်တုံး နှစ်ခုကို စုဆောင်းထားပြီးနောက် သူ၏ ကိုယ်ပိုင်အင်အားကိုထုတ်ပြခြင်းဖြင့်၊သူသည် အရှေ့ပိုင်း နဂါးဘုရင်ကို မျက်ကွယ်ပြုထားရန်ဆွဲဆောင်နိုင်လိမ့်မည်။
အကယ်၍ တစ်ဖက်လူက မမြင်ချင်ယောင် ဆောင်ပေးပါက၊ သူသည် ဟုန်သုံးမျက်နှာမှမသေမျိုးစွမ်းအားကို အောင်မြင်စွာခိုးယူနိုင်ပေလိမ့်မည်။
ထိုအချိန်သို့ရောက်လျှင် မသေမျိုးကို လူသိရှင်ကြား စွပ်စွဲသည်ဖြစ်စေ၊ တိုက်ရိုက် သတ်ပစ်သည်ဖြစ်စေ၊ သူ၏ ရွေးချယ်စရာများ ပိုမို များပြားလာပေလိမ့်မည်။
"..."
ဆရာနှင့် တပည့်ဖြစ်သော ဟွမ်ဝမ်ဖာနှင့် ယန်ချုံကျန်းတို့ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ဂိုဏ်းချုပ်ရှန်း မျက်လုံးဖွင့်ပြီးနောက် သူ၏ တည်ငြိမ်မှုတစ်ခုတည်းကို ကြည့်ရုံဖြင့်၊ ကောင်းကင်ဘုံနယ်ပယ် နတ်ဆိုးကျဆုံးခြင်းသည် သူနှင့် ပတ်သက်မှုရှိရန် ရာခိုင်နှုန်း ရှစ်ဆယ်၊ ကိုးဆယ်ခန့် သေချာနေပြီဖြစ်သည်။
ထို့ပြင် ထိုနှစ်ဦးတွင် အခြားသော အတွေးအချို့လည်း ရှိနေသေး၏။
အစပိုင်းတွင် ဂိုဏ်းချုပ်ရှန်းအား အကာအကွယ်ပေးရန်သူတို့လုပ်ကြံဖန်တီးခဲ့သည့် အင်အားစုမှာ အချိန်ကြာလာသည်နှင့်အမျှ အဘယ်ကြောင့်ပိုပိုအစစ်အမှန်နှင့် တူလာရသနည်း။
သတင်းအမှားထုတ်သူဖြစ်သော ယန်ချုံကျန်းပင်လျှင် မိမိကိုယ်ကိုသံသယဝင်လာမိသည်။
ကံကောင်းထောက်မစွာဖြင့် သူသည် အချိန်အတော်ကြာအောင် မစဉ်းစားလိုက်ရပေ။ ရုတ်တရက်ဆင်းသက်လာသော အငွေ့အသက်တစ်ခုက သူ့ကို နှောင့်ယှက်လိုက်၏။
လရောင်များခန်းမအလယ်တွင် စုစည်းသွားပြီးနောက် အေးစက်သောပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။
ကျိကျင့်ရှီး၏ မျက်နှာမှာ အနည်းငယ်အဆင်မပြေဖြစ်နေပုံရပြီး ရှန်းယီ၏ ဘေးသို့ အမြန်လျှောက်သွားကာကိုင်းညွှတ်လျက် ရှုပ်ထွေးသော လေသံဖြင့် ပြောလိုက်သည်။
"နတ်ဆိုးတစ်သောင်းခန်းမ ပြန်ပေါ်လာပြီ၊ ကောင်းကင်ဘုံနယ်ပယ် ပြည့်စုံခြင်းအဆင့် မဟာနတ်ဆိုးကြီးတစ်ကောင်က ကြီးကြပ်နေပြီး အနောက်ပိုင်းနဂါးနန်းတော်နဲ့ လုံးဝ အဆင်မပြေဖြစ်သွားပြီ။ဒါက ငါတို့အတွက် ကောင်းလား ဆိုးလား မသေချာဘူး။ ပြီးတော့ သတင်းဆိုးတစ်ခုလည်း ရှိသေးတယ်"
"ဟင်"
ရှန်းယီက ဘေးတိုက် လှမ်းကြည့်လိုက်၏။
ကျိကျင့်ရှီးက အသက်ပြင်းပြင်းရှူလိုက်ပြီး "အနန္တတာအိုအင်ပါယာဂိုဏ်းနဲ့ ယွဲ့မိသားစုက လူတွေ အနောက်ပိုင်းဟုန်ကိုရောက်နေပြီ၊ နတ်ဆိုးတစ်သောင်းခန်းမကို ဖြေရှင်းဖို့ကူညီပေးမယ်လို့ ပြောနေကြတယ်ဆိုတဲ့ သတင်းကို ကျစ်ရှန်းဆီက အခုလေးတင် ရလိုက်တာ။ ဒါပေမဲ့..."
သူမ စကားမဆုံးသေးပေ။
ယွဲ့မိသားစုမှ ညီအစ်ကိုနှစ်ဦးသည် မည်သည့် နတ်ဆိုးတစ်သောင်းခန်းမ၏ လက်ချက်ဖြင့်မျှ သေဆုံးသွားခြင်းမဟုတ်ဘဲ တောင်ပိုင်းဟုန်ရှိ မသေမျိုးဂူအတွင်းတွင် ဂိုဏ်းချုပ်ရှန်း ကိုယ်တိုင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းကို လူတိုင်း သိကြသည်။
ထင်ရှားသည်မှာ အရှေ့ပိုင်းနဂါးနန်းတော်၏ ဖုံးကွယ်ပေးနိုင်မှုအတိုင်းအတာမှာ အဆုံးစွန်သို့ ရောက်ရှိနေပြီ ဖြစ်လေ၏။
ကောင်းကင်ဘုံနယ်ပယ် နဂါးသားတော်နှစ်ပါး ကျဆုံးသွားသော်လည်း၊ ဤလူများ၏ အကူအညီကြောင့် အနောက်ပိုင်းနဂါးနန်းတော်ကို အင်အားမနည်းသွားစေသည့်အပြင်၊ အမှန်တကယ်တွင် ယခင်ကထက်အဆပေါင်းများစွာ ပိုမိုအင်အားကြီးမားသွားစေသည်။
ထိုအချိန်မှာပင် ကျိကျင့်ရှီး ခေတ္တမျှမှင်တက်သွား၏။
ရှန်းယီ၏ မျက်နှာပေါ်တွင် သူမမျှော်လင့်ထားသည့် စိုးရိမ်ပူပန်မှုများကိုမတွေ့ရပေ။ ထိုအစား သူ၏ ဖြူဖျော့ပြီးချောမောသော မျက်နှာမှာ တောက်ပလာပြီး သူ၏နက်မှောင်သော မျက်လုံးများမှာ ခံစားချက်တစ်ခုဖြင့် ဖြည်းညှင်းစွာ တောက်ပလာသည်။
ထိုခံစားချက်မှာ သူမ မမှားပါကပျော်ရွှင်မှုနှင့် တူနေသည်သိလိုပင်။
"ကျွန်တော် နားလည်ပြီ"
ရှန်းယီက သူ၏ အကြည့်ကို အမြန်ရုပ်သိမ်းလိုက်ပြီး ခေါင်းကိုဖွဖွလေးငြိမ့်ပြလိုက်၏။
မည်သူမျှအလွယ်တကူကျူးကျော်မဝင်ရောက်ဝံ့သော အလွန်စည်းလုံးသည့် မြောက်ပိုင်းဟုန်ကြောင့် သူအခက်တွေ့နေခဲ့ရသည်။ သို့သော် ဤလူများသည် သူတို့ဘာသာ သူတို့ထွက်လာခဲ့ကြပြီဖြစ်၏။
ကျွတ်...သူ့ရဲ့အလယ်ပိုင်းခန်းမသခင်က မြေကမ္ဘာနယ်ပယ်မှာ တိုးတက်မှုမရှိဘဲအကြာကြီးဖြစ်နေတာနဲ့အတော်ဘဲ။