နတ်ဆိုးတစ်သောင်းခန်းမကို ချေမှုန်းရန် ခန်းမသခင်ကို ပြန်လည်ခိုင်းခြင်း ၂
Vol. 88 Ch. 876
ယခုတစ်ကြိမ် သူတို့၏ အပြုအမူမှာ ယခင်အကြိမ်နှင့် လုံးဝကွာခြားနေခဲ့သည်။
နှိမ့်ချလွန်းသည်ဟု မဆိုနိုင်သော်ငြား၊ ယဉ်ကျေးမှုတော့ရှိနေခဲ့လေ၏။ ပန်ရှန်းဂိုဏ်းထံမှ ခွင့်ပြုချက်ရရှိပြီးနောက်၊ တော်ဝင်အမိန့်စာကို ကိုင်ဆောင်ထားသော နတ်ဆိုးစစ်သူကြီးသည် ရတနာနယ်မြေအတွင်းသို့ တဖြည်းဖြည်းဝင်ရောက်လာခဲ့သည်။
တပည့်အနည်းငယ်၏ လမ်းညွှန်မှုဖြင့်၊ သူတို့သည် ပင်မခန်းမကြီး၏ အဝင်ဝတွင် ရပ်တန့်လိုက်ကြပြီးနောက်ကျယ်လောင်စွာ ကြေညာလိုက်၏။
"နဂါးဘုရင်ရဲ့ အမိန့်တော်အရ၊ အခု အနောက်ပိုင်းဟုန်မှာ ဆိုးယုတ်တဲ့အင်အားစုတွေက ဆူပူသောင်းကျန်းနေပြီး သာမန်ပြည်သူတွေကို ဘေးဒုက္ခပေးနေပါတယ်။ ဒါကြောင့် အနောက်ပိုင်းဟုန်က ကျင့်ကြံသူတွေအနေနဲ့ ဒီဆိုးယုတ်မှုတွေကို ဖယ်ရှားရာမှာ ကိုယ့်ရဲ့ သေးငယ်တဲ့ခွန်အားလေးတွေနဲ့ ပါဝင်ကူညီပေးကြဖို့မျှော်လင့်ပါတယ်"
"ဟွန့်"
ဟွမ်ဝမ်ဖာ၏ မျက်နှာအိုကြီးမှာ မှောင်မည်းသွားခဲ့လေ၏။
သေးငယ်တဲ့ ခွန်အားလေးတွေဆိုတဲ့ အသုံးအနှုန်းက ဒီလိုနေရာမှာသုံးရတာလား။
ဒီငါးရှည့်အိုကြီးက အကူအညီတောင်းနေတာတောင် မာနထောင်လွှားတဲ့ဟန်ပန်ကို ဖမ်းနေသေးတယ် သူတို့မျိုးနွယ်တစ်ခုလုံးမျိုးဖြုတ်ခံလိုက်ရသင့်တယ်။
နတ်ဆိုးစစ်သည်အနည်းငယ်မှာ ဂိုဏ်းချုပ်ကို ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံရန် ပင်မခန်းမအတွင်းသို့ မဝင်ရောက်လာရဲကြပေ။ သူတို့က လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်ခံရမည်ကို ကြောက်ရွံ့နေပုံရလေသည်။
ထိုအချိန်တွင်၊ သူတို့သည် ခေါင်းများကို နှိမ့်ချကာ ဆက်လက်ပြောဆိုလာခဲ့သည်။
"တာအိုပေါင်းစည်းခြင်းနယ်ပယ်က စီနီယာတွေအနေနဲ့ ကျွန်တော်တို့နဲ့အတူ ရေပြင်နယ်မြေကို လိုက်ပါခဲ့ပြီး တိုက်ခိုက်မဲ့အစီအရင်တွေကိုဆွေးနွေးပေးကြပါ။ ဂိုဏ်းအတွင်းမှာ ကျန်ရစ်ခဲ့တဲ့ တပည့်တွေအတွက်ကတော့၊ နေ့ရောညပါ အလှည့်ကျစနစ်နဲ့ ပတ်ဝန်းကျင် လီတစ်ထောင်အတွင်းကို ကင်းလှည့်ပေးဖို့အထူးလိုအပ်ပါတယ်။ တစ်ခုခုထူးခြားတာရှိရင် နဂါးနန်းတော်ကို ချက်ချင်း သတင်းပို့ပေးပါ"
ခန်းမပြင်ပမှ စကားသံများ အဆုံးသတ်သွားသော်လည်း၊ ဟွမ်ဝမ်ဖာသည် မည်သို့မျှတုံ့ပြန်ခြင်းမပြုဘဲ ရှန်းယီအား တစ်ဖန်လှည့်ကြည့်လိုက်လေသည်။
"..."
တောက်၊ အနောက်ပိုင်းနဂါးနန်းတော်သည် တိုက်ခိုက်ခံရမှုကြောင့် အနည်းငယ်ကြောင်တောင်တောင်ဖြစ်သွားသည်မှာ သေချာလှ၏။ နတ်ဆိုးတစ်သောင်းခန်းမသည် နဂါးနန်းတော်အပေါ် ဤမျှကြီးမားသော ဖိအားများ သက်ရောက်စေလောက်အောင် အစွမ်းထက်လှပေသည်။
သူတို့က မသေမျိုးဂိုဏ်းများ၏ အကူအညီကို စတင်ရှာဖွေလာရုံသာမကဘဲ၊ အနောက်ပိုင်းဟုန်အပေါ် သူတို့၏ထိန်းချုပ်နိုင်စွမ်း လျော့ကျသွားမှုကြောင့် ဂိုဏ်းများက တစ်ခုခုကြံစည်လာမည်ကို စိုးရိမ်နေခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။
တိုက်ပွဲမစတင်မီ ဤကဲ့သို့ သတ္တိကြောင်နေမှုများက၊နှစ်ပေါင်းတစ်သိန်းတိုင်တိုင် သက်ောင့်သက်သာနေထိုင်လာခဲ့သော အနောက်ပိုင်းနဂါးနန်းတော်၏ ဧရာမအင်အားစုကြီးသည် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အရွယ်အစားနှင့် မလိုက်ဖက်လောက်အောင် အခြားသူများထင်မှတ်ထားသလို ခိုင်မာစွမ်းအားကြီးနေခြင်း မရှိကြောင်း ဟွမ်ဝမ်ဖာအား မြင်တွေ့သွားစေခဲ့လေသည်။
သို့သော်လည်း ယခုအချိန်တွင် ဘာဆက်လုပ်ရမည်နည်း။
"သွားကြတာပေါ့"
ရှန်းယီသည် မတ်တတ်ရပ်လိုက်ပြီး ခန်းမအပြင်ဘက်သို့ လျှောက်သွားလိုက်၏။
"ကောင်းပြီလေ... ဟင်"
ဟွမ်ဝမ်ဖာသည် အတွေးများထဲမှ ရုတ်တရက်နိုးထလာခဲ့ပြီး၊ သူ၏ဘေးမှ လူငယ်လေးကို မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်လျက် ကြည့်လိုက်လေသည်။
"ဘာဖြစ်လို့လဲ"
ရှန်းယီက ဘေးသို့ တစ်ချက်စောင်းကြည့်ကာ အေးတိအေးစက် ပြောလိုက်၏။
"ကျွန်တော်က တာအိုပေါင်းစည်းခြင်းနယ်ပယ်က ကျင့်ကြံသူ မဟုတ်လို့လား"
ထိုစကားများကြောင့်၊ ဟွမ်ဝမ်ဖာသည် စီနီယာတစ်ဦး၏ ဟန်ပန်များ လုံးဝပျောက်ကွယ်သွားပြီး သူ၏ မျက်နှာအိုကြီးကို ပြင်းပြင်းထန်ထန်ပွတ်သပ်လိုက်မိလေသည်။
ဘုရားရေ၊ နန်ယန်ဂိုဏ်းချုပ်ကို နဂါးနန်းတော်ထဲ ဖိတ်ခေါ်ထားတယ်ဆိုတာကိုသာ အနောက်ပိုင်းနဂါးဘုရင်သိသွားရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ။
မဖြစ်နိုင်ဘူး။ဒီလောက်ကျယ်ပြန့်တဲ့ အနောက်ပိုင်းဟုန်က ဂိုဏ်းချုပ်ရှန်းအပေါ် ဖိအားနည်းနည်းလေးတောင်မပေးနိုင်ဘူးလား။
မည်သို့ပင်ဆိုစေကာမူ၊ ဤလူက ချီကျောက်ယီကို ကိုယ်တိုင်သတ်ဖြတ်ခဲ့သူ ဖြစ်လေ၏။
တစ်နည်းအားဖြင့်၊ အနောက်ပိုင်းနဂါးဘုရင်သည် သူ၏ သားအကြီးဆုံး ကျဆုံးသွားပြီဟု တွေးမိကာ နဂါးမျိုးနွယ်၏ လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြု၍ ဆက်သွယ်ရန်ကြိုးစားလိုက်သည်နှင့် တစ်ပြိုင်နက်၊ ဂိုဏ်းချုပ်ရှန်း၏ ကိုယ်ပေါ်ရှိ သွေးသင်္ကေတကို ချက်ချင်း အာရုံခံမိသွားမည်သာ ဖြစ်လေသည်။
ယခုကဲ့သို့သော အခြေအနေမျိုးတွင်ပင်၊ ဂိုဏ်းချုပ်ရှန်းသည် အနောက်ပိုင်းနဂါးဘုရင်၏ နှာခေါင်းအောက်တည့်တည့်သို့ ရဲရဲဝံ့ဝံ့သွားရောက်လည်ပတ်ရန် ပြင်ဆင်နေခြင်း ဖြစ်လေ၏။
ထိုအရာက လုံးဝ နားလည်၍မရနိုင်လောက်အောင် ဖြစ်နေလေသည်။
"ဟုတ်တာပေါ့၊ မင်းက ဟုတ်တာပေါ့"
ဟွမ်ဝမ်ဖာသည် ခါးသက်သက် အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး သူ၏အသက်ရှူနှုန်းကို ညှိကာ ခန်းမတံခါးများကို တွန်းဖွင့်ရန် သူ၏ အင်္ကျီလက်ကို ခါယမ်းလိုက်၏။
ထို့နောက် တပ်သားများကို လှမ်းပြောလိုက်လေ၏။
"အနောက်ပိုင်းဟုန်က ဒုက္ခရောက်နေတယ်ဆိုမှတော့၊ ငါတို့က သေချာပေါက်ငြင်းဆန်လို့ မရပါဘူး။ ရှေ့ကနေ လမ်းပြပါ"
နဂါးနန်းတော် ရေတပ်သားများသည် ပန်ရှန်းဂိုဏ်းက ဤမျှ သဘောတူရလွယ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပုံရပေ။ အဘယ်ကြောင့်ဆိုသော် ယခင်က သူတို့သည် ဤမသေမျိုးဂိုဏ်းအပေါ် ယဉ်ကျေးပျူငှာမှု သိပ်မရှိခဲ့သောကြောင့်ဖြစ်လေသည်။
ယခုအခါတွင်မူ အလွန် ဝမ်းသာသွားကြပြီး၊ သူတို့ ထပ်မမေးဝံ့ကြတော့ပေ။
"ပန်ရှန်းဂိုဏ်းချုပ်ရဲ့ မြင့်မြတ်တဲ့လုပ်ရပ်က ကောင်းကင်ကြီးလို ကျယ်ပြန့်လှပါတယ်။ နဂါးဘုရင်က ဒီကျေးဇူးကြီးကို သေချာပေါက် မှတ်သားထားမှာပါ"
ထို့နောက် သူတို့သည် လှည့်ကာ ပန်ရှန်းဂိုဏ်း၏ အပြင်ဘက်သို့ လမ်းပြခေါ်ဆောင်သွားကြလေ၏။
ရှန်းယီသည် အနောက်မှ တည်ငြိမ်စွာလိုက်ပါသွားခဲ့လေသည်။ စီနီယာဟွမ် ဘာကို စိတ်ပူနေသလဲဆိုတာကို သူ သေချာပေါက်သိထားသော်လည်း၊ အနောက်ပိုင်းနဂါးဘုရင် အိမ်တွင်မရှိကြောင်း သူ သိနေသည်ဟု ပွင့်ပွင့်လင်းလင်း ပြောပြ၍တော့ မဖြစ်နိုင်ချေ။
မည်သို့ပင်ဆိုစေ သူ ပြောလျှင်လည်း မည်သူကမျှ ယုံကြည်မည် မဟုတ်ပေ။
အနောက်ပိုင်းဟုန်တစ်ခွင် အနှံ့အပြားတွင် ဖြန့်ကြက်ထားသော နတ်ဆိုးကျောက်တုံးများများပြားလှသဖြင့်၊ သူ၏ အမြင်အာရုံမှ လွတ်ကင်းသွားရန် မည်သည့်အရာအတွက်မဆို ခက်ခဲနေပြီ ဖြစ်လေသည်။
...
အနောက်ပိုင်းဟုန်၊ နဂါးဘုရင်နန်းတော်
တစ်ချိန်က လူများဖြင့်ပြည့်နှက်နေသော ခန်းမဆောင်ကြီးတွင် ယခုအခါ လူအနည်းငယ်မျှသာ ရှိနေတော့လေသည်။
ချီရှန့်ထောင်နှင့် အနန္တတာအိုအင်ပါယာဂိုဏ်း၏ ဂိုဏ်းချုပ်နှစ်ဦးတို့သည် ဝမ်ရှန်းစံအိမ်ရတနာနယ်မြေကို စုံစမ်းစစ်ဆေးရန် ရေပြင်နယ်မြေ၏ အပြင်ဘက်ဒေသများဆီသို့ ထွက်ခွာသွားခဲ့ကြပြီ ဖြစ်လေ၏။
အနောက်ပိုင်းနဂါးနန်းတော်က လက်ရှိ ရရှိထားသောတစ်ခုတည်းသော သတင်းအချက်အလက်မှာ ဝမ်ရှန်းစံအိမ်ရတနာနယ်မြေအတွင်းတွင် ကောင်းကင်ဘုံနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ရှိ နတ်ဆိုးတစ်သောင်းခန်းမ၏ အရှေ့ခန်းမသခင်တစ်ဦး ရှိနေသည်ဆိုသောအချက်ပင်။
ထိုမျှလောက် အစွမ်းထက်မှုကြောင့် အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် အနောက်ပိုင်းဟုန်တစ်ခုလုံးကို လှုပ်ခါသွားစေနိုင်ပြီး၊ သတိထား ကာကွယ်ရမည့် တည်ရှိမှုတစ်ခုပင် ဖြစ်လေ၏။
သို့သော်လည်း၊ စုံစမ်းစစ်ဆေးခြင်းက စုံစမ်းစစ်ဆေးခြင်းဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရန်မလိုအပ်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော အဆင့်အတန်းရှိသည့်တိုက်ပွဲတွင် ပါဝင်ပတ်သက်ရာ၌ခြေတစ်လှမ်းမှားယွင်းသွားသည်နှင့် အရာအားလုံး ရှုံးနိမ့်သွားနိုင်သောကြောင့် ဖြစ်လေသည်။
အနောက်ပိုင်းနဂါးနန်းတော်သည် နတ်ဆိုးတစ်သောင်းခန်းမနှင့် ပတ်သက်၍ သိရှိထားမှုမှာ အလွန်နညိးပါးပြီး၊ ထို့ပြင် စစ်ကူများစွာ မရောက်ရှိသေးသည့် အခြေအနေတွင်၊ ဤကဲ့သို့ အသည်းအသန်လုပ်ဆောင်ရန် လုံးဝ မလိုအပ်သေးချေ။
ထို့ကြောင့် သတင်းအချက်အလက်များ စုဆောင်းရန် တာဝန်မှာခန်းမအတွင်း ကျန်ရစ်နေသူများ၏ ပခုံးပေါ်သို့ ကျရောက်သွားခဲ့၏။
ချီမိသားစု၏ မင်းသားငါး သည် ဧည့်သည်များကို ဧည့်ခံရန်ဖခင်ဖြစ်သူ၏ ကိုယ်စား ယာယီ တာဝန်ယူထားရလေသည်။
သူ၏ အကြည့်များက ခန်းမတစ်ခွင်သို့ ဝေ့ဝဲသွားပြီး၊ စွမ်းအားအနည်းငယ်နိမ့်ကျသော်လည်း ဂုဏ်သိက္ခာရှိသောဟန်ပန်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည့် အဓိကနေရာတွင် ထိုင်နေသော ပုံရိပ်ပေါ်သို့ ကျရောက်သွားခဲ့၏။
"မြောက်ပိုင်းဟုန်မှာ ရွှမ်ချင်းနဲ့ထက်လျော့တဲ့ အတုမရှိပါရမီရှင်တစ်ယောက် ရှိတယ်လို့ ကျွန်တော် ကြားနေရတာ ကြာပါပြီ။ ဒီနေ့တော့ နောက်ဆုံးမှာ ခင်ဗျားနဲ့ တွေ့ဆုံခွင့်ရလို့ ကံကောင်းလှပါတယ်။ သခင်ရွှယ်တွေ့ရတာ ဝမ်းသာပါတယ်"
ချီမိသားစု၏ မင်းသားငါးသည် သွက်လက်စွာ လျှောက်သွားပြီး တစ်ဖက်လူအတွက် အကောင်းစားစပျစ်ရည်တစ်ခွက်ကို ငှဲ့ပေးလိုက်၏။
ရွှယ်ယန် စပျစ်ရည်ခွက်ကို တစ်ချက်မျှကြည့်လိုက်သော်လည်း သောက်မည့်ဟန် မပြခဲ့ချေ။
ချီမိသားစု၏ မင်းသားငါး မျက်နှာပေါ်ရှိ အပြုံးမှာ တဖြည်းဖြည်းတင်းမာသွားချိန်တွင်၊ ယွဲ့မိသားစုမှ လူများက အခြေအနေကို ပြေလည်စေရန် ပေါ့ပါးစွာ ရယ်မောလျက် ဝင်ရောက်ပြောဆိုလာခဲ့လေ၏။
"နာမည်ကြီးနေပေမယ့် အလကားဖြစ်နေတဲ့ ကျောက်စိမ်းဖြူမြို့တော်က ကျင့်ကြံသူတစ်ယောက်ကို သခင်ရွှယ်နဲ့ နှိုင်းယှဉ်တာက နည်းနည်း မသင့်တော်ဘူးလို့ မထင်ဘူးလား"
"တောက်"
ချီမိသားစု၏ မင်းသားငါးသည် သူ၏ အမှားကို ချက်ချင်းသတိပြုမိသွားပြီး၊ အလျင်အမြန်ပင် မိမိကိုယ်ကို ပါးရိုက်ချင်ဟန်ဆောင်လိုက်၏။
"ကျွန်တော့်ရဲ့ ဒီပါးစပ်ကြီးကိုပဲ ကြည့်ပါဦး။ သခင်ရွှယ်၊ကျေးဇူးပြုပြီး အပြစ်မယူပါနဲ့"
ရွှယ်ယန်သည် နောက်ဆုံးတွင် စပျစ်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး နှုတ်ခမ်းနားသို့ တေ့ကာ အေးတိအေးစက် ပြောလိုက်၏။
"သူက ကျုပ်ထက် အရင်မွေးဖွားခဲ့တာပါ။ သူ့ကို ကျုပ် တစ်ခါမှမတွေ့ဖူးပါဘူး။ ကောလာဟလတချို့ကြားဖူးပေမယ့်၊ နာမည်ဒီလောက်ကြီးမှတော့ အလကားသက်သက်မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကောက်ရိုးမီးလိုအရာတစ်ခုကဒီလိုပါပဲ"
"သခင်ရွှယ် ပြောတာ မှန်ပါတယ်"
ချီမိသားစု၏ မင်းသားငါးက ခေါင်းကို ထပ်တလဲလ် ညိတ်လိုက်၏။ ဟုန်ကျယ်တစ်ခွင်တွင် ကောင်းကင်ဘုံနယ်ပယ် နတ်ဆိုးတစ်ပါးက မြေကမ္ဘာနယ်ပယ်ကျင့်ကြံသူတစ်ဦးအပေါ် ဤမျှဖားယားနေခြင်းကိုတွေ့ရရန်မှာ အလွန်ရှားပါးလှပေသည်။
သို့သော်၊ ရွှယ်ယန်သည် ထိုစပျစ်ရည်ခွက်ကို တစ်ငုံသောက်လိုက်ပြီးနောက် သူ၏ အသံကို ပြောင်းကာ ပေါ့ပါးစွာရယ်မောလိုက်မည်ကိုမူ သူတို့ တွေးထင်ထားမည် မဟုတ်ချေ။
"ဒါပေမယ့် ကျုပ်တို့ရဲ့ ဆွေးနွေးမှုဘက်ကို ပြန်လှည့်ရရင်၊အရှေ့ပိုင်းနဂါးနန်းတော်ရဲ့ အပြည့်အဝ ထောက်ပံ့မှုနဲ့ဆိုရင် ဝက်တစ်ကောင်တောင်မှ အခုလောက်ဆို တာအိုပေါင်းစည်းခြင်းနယ်ပယ်ကို ရောက်နေလောက်ပြီလေ"