← Chapters

နတ်ဆိုးတစ်သောင်းခန်းမကို ဖမ်းစီးမည့်အစီအရင်

Vol. 88 Ch. 879

နတ်ဆိုးတစ်သောင်းခန်းမကို ဖမ်းစီးမည့်အစီအရင်

Vol. 88 Ch. 879

"နင် ရူးနေတာလား"

နဂါးဘုရင်နန်းတော်၏ အနီးအနားမှ ထွက်ခွာလာပြီးနောက်၊ ကျစ်ရှန်း သည် နောက်ဆုံးတွင် ရှန်းယီ၏အင်္ကျီလက်စကို လွှတ်ပေးလိုက်ပြီး သူ့ကို စိတ်တိုတိုဖြင့် ကြည့်လိုက်သည်။

ဤလူငယ်၏ အရင်းအမြစ်ကြွယ်ဝမှုနှင့် သတိကြီးမှုကို ထောက်ရှုလျှင်၊ သူသည် ဤပြဿနာထဲသို့ မတော်တဆရောက်ရှိသွားခြင်းမှာ မဖြစ်နိုင်ပေ။

ဖြစ်နိုင်သည်မှာ သူကိုယ်တိုင်က တမင်တကာ ပါဝင်ပတ်သက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ယင်းကို တွေးမိသောအခါ သူမ အနည်းငယ် ကြောက်လန့်သွားမိသည်။

အကယ်၍ သူမသာ ယနေ့ လာရောက်စစ်ဆေးရန် အစီအစဉ်မရှိခဲ့ပါက၊ ဤလူငယ်မှာ တကယ်ပင် ရောနှောပါဝင်သွားပေတော့မည်။

"ကျွန်မရဲ့ဂိုဏ်းချုပ်ကြီး ရှန်း၊ တစ်ခုခုကို မေ့နေတာလား"

ကျစ်ရှန်း သူမ၏ အသက်ရှူနှုန်းကို ပြန်ညှိလိုက်၏။ ယနေ့ ယွဲ့မိသားစုသည် နတ်ဆိုးတစ်သောင်းခန်းမကို ဝိုင်းရံရန် ရည်ရွယ်ထားခြင်းမှာ ထိုညီအစ်ကိုနှစ်ဦးအပြင်ဘက်တွင် သေဆုံးသွားခဲ့သောကြောင့် ဖြစ်ပြီး၊ လူတိုင်းက လူသတ်သမားကို ရှာဖွေနေကြခြင်းဖြစ်သည်။

ကြည့်ရသည်မှာ ရှာနေစရာပင် မလိုတော့ပေ။ လူသတ်သမားမှာ သူတို့၏ အိမ်တံခါးဝသို့ ရောက်ရှိနေပြီး၊ အခြားသူများထက်ပင် ပို၍ အေးအေးလူလူ ရှိနေလေ၏။

ယွဲ့မိသားစုအပြင်၊ ရှန်းယီသည် အခြားတစ်ဖက်ဖြစ်သော နတ်ဆိုးတစ်သောင်းခန်းမကိုလည်း ရန်စထားပြီးဖြစ်သည်။

ဆိုလိုသည်မှာ နှစ်ဖက်စလုံးက သူ့ခေါင်းကို လိုချင်နေကြခြင်းပင်။

"ကျွန်တော် မမေ့ပါဘူး၊ ဒီအတိုင်း လာကြည့်တာပါ"

ရှန်းယီ ပတ်ဝန်းကျင်ကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။ သူနှင့် နဂါးကြင်ယာတော်မှာ သိပ်ပြီး ရင်းနှီးကြသည်မဟုတ်ရာ၊ သူ ပူးပေါင်းဆောင်ရွက်ချင်သည်ဆိုလျှင်ပင် ၎င်းမှာ ညှိနှိုင်းရမည့် အခြေအနေမျိုး မဟုတ်ပေ။

သို့သော် သူယခင်က မြင်ခဲ့ရသော၊ အင်အားကို ခန့်မှန်းရခက်သည့် ထိုပိန်လှီလှီ အဘိုးအိုနှင့် အစီအရင် မြေပုံထဲတွင် ပါဝင်နေမှုမှာ အခြားသော လှည့်ကွက်များ ရှိနေနိုင်သည်မှာ မသေချာပေ။

မတော်တဆမှုများ မဖြစ်ပေါ်စေရန်အတွက်၊ သူသည် ဤအခွင့်အရေးကို အသုံးချကာ သူရရှိထားသည်များကို စစ်ဆေးရန် ထွက်လာခဲ့ခြင်းဖြစ်သည်။

"လာကြည့်တာ ဟုတ်လား"

ကျစ်ရှန်း ဒေါသထွက်လွန်း၍ ရယ်ပင်ရယ်ချင်သွား၏။ သို့သော် သူယခင်က လုပ်ခဲ့သည်များနှင့် ကျိကျင့်ရှီးနောက်ဆုံးအကြိမ်က ပြောခဲ့သည်များကို ပြန်တွေးမိသောအခါ၊ သူမ ခေတ္တမျှတုံ့ဆိုင်းသွားပြီး စီနီယာတစ်ဦး၏ အမူအရာကို လျှော့ချလိုက်သည်။

"နင်ဘာတွေးနေလဲဆိုတာ ငါမသိဘူး၊ ဒါပေမဲ့ နင် အန္တရာယ်ကြားထဲတိုးဝင်နေတာကို မြင်နေရက်နဲ့ ငါ ဘာမှမလုပ်ဘဲနေလို့တစ်ခုခုဖြစ်သွားရင် ကျင့်ရှီးက ငါ့ကို တစ်သက်လုံး မုန်းသွားလိမ့်မယ်"

"မြောက်ပိုင်းဟုန်က လူတွေက နင်အရင်က ကြုံခဲ့ဖူးတဲ့လူတွေနဲ့ မတူဘူး။သူတို့က နက်ရှိုင်းတဲ့ အခြေခံတွေရှိပြီး မသေမျိုးတွေနဲ့ တွေ့ဆုံခွင့် ရနိုင်တဲ့သူတွေပဲ။ အပြည့်အဝပြင်ဆင်မှုမရှိဘဲ သူတို့ကို ထိပ်တိုက် မရင်ဆိုင်နဲ့"

ဤစကားများကို တစ်ဆက်တည်း ပြောပြီးနောက် ကျစ်ရှန်း အနည်းငယ် သက်ပြင်းချလိုက်၏။

"ကဲ၊ ဘာပဲဖြစ်ဖြစ် ငါ နင့်ကို အပြင်ထုတ်လာပေးပြီးပြီ၊ သေချာစဉ်းစားပြီး နင်သဘောရှိသလိုသာ လုပ်တော့"

"ကျေးဇူးတင်ပါတယ်"

ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူမျိုးနွယ်မှာ သူ့ကိုကောင်းစေချင်ကြောင်းကို အမှန်တကယ်လိုလားသည်ကို ရှန်းယီအာရုံခံမိသောကြောင့် လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်၏။

"တခြားကိစ္စ မရှိရင် ကျွန်တော် သွားတော့မယ်"

"ဘယ်ကို သွားမလို့လဲ"

ရှန်းယီ ထွက်ခွာသွားသည်ကို ကျစ်ရှန်း ကြည့်နေမိသည်။

ရှန်းယီ ပျင်းရိစွာအကြောဆန့်လိုက်ရင်း "သေသေချာချာ ပြင်ဆင်မှုတွေလုပ်ဖို့လေ"

"ငါကတော့လေ"

ကျစ်ရှန်း ရင်ထဲတွင် တင်းကျပ်သွားရသည်။ သူမ အာများခြောက်အောင်ပြောခဲ့သော်လည်း သူ လုံးဝ နားမထောင်ခဲ့သည်ကို သိလိုက်ရ၍ဖြစ်သည်။

ရှန်းယီ၏ ပုံရိပ်မှာ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားမှသာ သူမ ခြေထောက်ကို ပြင်းပြင်းထန်ထန် စောင့်လိုက်ပြီး တိုးတိုးလေးရေရွတ်လိုက်၏။

"နင့်ဆန္ဒရှိသလိုသာ လုပ်တော့၊ ငါက ဂိုဏ်းခုနစ်ဂိုဏ်းဝင်လည်း မဟုတ်ဘူး၊ နင် သေသေရှင်ရှင် ငါ ဘာလို့ ဂရုစိုက်နေရမှာလဲ"

"ဟူး။"

ရှန်းယီ ဖြည်းညှင်းစွာ လျှောက်သွားရင်း၊ သူ၏ ပုံရိပ်မှာတဖြည်းဖြည်းနှင့် ဝေဝါးလာကာ မိုးပြာကောင်းကင်ယံထဲသို့ ပျော်ဝင်သွားသည်။

ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူမျိုးနွယ်၏ လုပ်ရပ်များကြောင့် သူသည် အရှေ့ပိုင်းနဂါးနန်းတော်ကို တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ခိုက်ရန်ခက်ခဲစေခဲ့သည်။ ဤသည်မှာ သူ၏ ကျင့်ကြံခြင်းနှင့် သတ်ဖြတ်ခြင်းခရီးလမ်းတွင် ပထမဆုံးအကြိမ် ကြုံတွေ့ရသော အခြေအနေပင်။

ထားလိုက်ပါ၊ ယခုလောလောဆယ်တွင် သူ မကြုံတွေသေးသည်မို့ များစွာတွေးနေသည်မှာ အဓိပ္ပာယ်မရှိပေ။

ရှန်းယီ စိတ်ကိုပြန်လည်စုစည်းကာ ရေမျက်နှာပြင်ပေါ်သို့ မော့ကြည့်လိုက်၏။ ကြီးမားသော အရိပ်တစ်ခုက ထိုနယ်မြေကိုဖြည်းဖြည်းချင်း လွှမ်းမိုးသွားပြီး၊အရပ်မျက်နှာအသီးသီးမှ မရေမတွက်နိုင်သောနတ်ဆိုးဖိနှိပ်ကျောက်တုံးများ စုဝေးလာကာ သူ၏လက်စွပ်ထဲသို့ ရရှိသမျှအရာအားလုံးကို ပေးအပ်လိုက်ကြသည်။

"လောဘဝံပုလွေကြယ်တာရာမြေပုံ လား"

သူသည် ဤအမည်ကို တိတ်တဆိတ်တွေးတောနေရင်း၊ သူ၏ အကြည့်မှာ များပြားလှသော နတ်ဆိုးဖိနှိပ်ကျောက်တုံးများပေါ်သို့ ကျရောက်သွားသည်။

ထိုမြောက်ပိုင်းဟုန် ကျင့်ကြံသူများသည် သူ့အတွက် ကောင်းမွန်သောအရာများကို မည်သို့ ယူဆောင်လာရမည်ကို တကယ်ပင်သိကြပေသည်။

နတ်ဆိုးတစ်သောင်းခန်းမတွင်၊ ယခုအခါ တာအိူပေါင်းစည်းခြင်းနယ်ပယ်ရှိ နတ်ဆိုးဖိနှိပ်ကျောက်တုံးပေါင်း ၂၀ ကျော် ရှိနေပြီး၊ ကောင်းကင်ဘုံနယ်ပယ် ကျင့်ကြံခြင်းရှိသော အေးစိမ့်တောင် ဘိုးဘေး နှင့် ခယ်ရှစ်စန်းကဲ့သို့သော ခန်းမသခင်များလည်း ရှိနေသည်။

ဤအစီအရင်၏ အကျိုးသက်ရောက်မှုမှာ သူ၏ မျှော်လင့်ချက်များကို ကျော်လွန်သွားနိုင်ဖွယ် ရှိသည်။

"သွားတော့"

ရှန်းယီသည် အန်းယီကို လွှတ်ပေးလိုက်ပြီး ထိုကောင်မလေး၏ ပုခုံးကို ညင်သာစွာ ပုတ်လိုက်၏။

အနောက်ပိုင်း နဂါးနန်းတော်က ငါးစာသုံးချင်နေမှတော့၊သူ ငါးစာအဖြစ် ခံယူရန်ဝန်မလေးပေ။ ခန်းမသခင်တစ်ဦးဆိုလျှင် သူတို့ကို ဆွဲဆောင်ရန် လုံလောက်ပေလိမ့်မည်။

"အမိန့်တော်အတိုင်းပါ"

ဤနတ်ဆိုးကျားမလေး၏ မျက်နှာတွင် ယခင်ကကဲ့သို့ ရိုးအခြင်းများမရှိတော့ပေ။ နတ်ဆိုးတစ်သောင်းအနောက်ခန်းမ၏နတ်ဘုရားစွမ်းရည်များကို ပျိုးထောင်ပေးပြီးနောက်၊နတ်ဆိုးဖိနှိပ်ကျောက်တုံးများ အားလုံးနှင့် အန်းယီတို့မှာဆက်နွယ်သွားကြပြီး၊ အထွတ်အထိပ် မရဏကမ္ဘာ နှင့် ဆင်တူသောအငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက်။

ရှန်းယီ နောက်ဆုံးတွင် သူ၏ လက်စွပ်ဆီသို့ အကြည့်လွှဲလိုက်၏။

ချက်ချင်းပင်၊နတ်ဆိုးသက်တမ်းများမှာ လျင်မြန်စွာ လျော့နည်းသွားပြီး၊ များပြားလှသော နတ်ဆိုးဝိညာဉ်များသည် ဘာမှမရှိရာမှ အလိုအလျောက် မွေးဖွားလာကြသည်။

သူတို့၏ အသိစိတ်များ မပြည့်စုံမီမှာပင်၊ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော ဤပုံရိပ်ယောင်ကို အလိုလို ဦးညွှတ်လိုက်ကြ၏။

သိပ်သည်းလှသော နတ်ဆိုးဖိနှိပ်ကျောက်တုံးများသည် နတ်ဆိုးတစ်သောင်း အရှေ့ဘက်ခန်းမထဲသို့ကျရောက်သွားပြီး၊ သူတို့၏ ကျောက်အရေခွံများမှာ သေသပ်စွာကွာကျသွားကာ အမျိုးမျိုးသော ကြောက်မက်ဖွယ် ပုံသဏ္ဌာန်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။

တစ်ချိန်တည်းမှာပင်၊ ဝမ်ရှန်းစံအိမ်ရှိ ခယ်ရှစ်စန်းမှာ တစ်စုံတစ်ခုကို အာရုံခံမိပုံရပြီး ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။

မှောင်မည်းသောမြူခိုးများက နတ်ဆိုးတစ်သောင်း အရှေ့ခန်းမ တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး၊ အတွင်းရှိအရာတစ်ခုက ပိုမိုထင်ရှားစွာထွက်ပေါ်လာသည်နှင့်အမျှ မိုးခြိမ်းသံကဲ့သို့သော နှလုံးခုန်သံများ မြည်ဟီးလာခဲ့သည်။

ဘုန်း ဘုန်း ဘုန်း

ရှန်းယီသည် နတ်ဆိုးအလောင်းများကို တည်ငြိမ်စွာ စီစစ်နေပြီး၊တာအိုပေါင်းစည်းခြင်းနယ်ပယ် အဆင့်ရှိ နတ်ဆိုးဖိနှိပ်ကျောက်တုံးများကို တတ်နိုင်သမျှ များများစုဆောင်းရန် ကြိုးစားနေသည်။

သွေးမြစ်သည် သူ၏ လက်ဖဝါးထဲတွင် အဆက်မပြတ်ဝေ့ဝဲနေပြီး၊ ကောင်းကင်ဘုံနယ်ပယ် အလယ်အလတ်အဆင့်ဆီသို့ လမ်းကြောင်းတစ်ခုကို တဖြည်းဖြည်းတည်ဆောက်နေလေသည်။

...

အနောက်ပိုင်းဟုန်၊ နဂါးဘုရင်နန်းတော်

ယွဲ့ကုန်းကွေ့သည် မျက်လုံးများကို မှိတ်ထားလျက် သူ၏ စွမ်းအင်များကို ထိန်းသိမ်းထားပြီး၊ ချီမိသားစု၏ ပဉ္စမမြောက် သားတော်နှင့်အတူ ရှိနေသည်။

ရွှယ်ယန်မှာ ပင်မထိုင်ခုံပေါ်တွင် ပျင်းရိစွာမှီထားပြီး၊ သူ၏ အကြည့်မှာ အောက်ရှိကျင့်ကြံသူများစွာပေါ်သို့ ဝေ့ဝဲနေခဲ့၏။

၎င်းတို့မှာ နားလည်ရန်မလိုအပ်ဘဲ အစီအရင် မြေပုံ၏အစိတ်အပိုင်းများကိုသာ အလွတ်ကျက်မှတ်နေကြခြင်းဖြစ်သော်လည်း၊ ယင်းမှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သည်။

ဒီလောက် ဦးနှောက်မကောင်းတဲ့သူတွေဖြစ်နေရက်နဲ့၊ဒီလို ရှားပါးတဲ့ ရတနာမျိုးကို ပိုင်ဆိုင်ရဲကြသေးတယ်။

ယခုတော့၊ နတ်ဆိုးတစ်သောင်းခန်းမဆိုသည်မှာ သူ့အတွက် စိတ်ကျေနပ်စရာကောင်းသည့် အံ့အားသင့်စရာတစ်ခုသာယူဆောင်လာပေးဖို့ သူမျှော်လင့်တော့သည်။

"အကြီးအကဲ ယွဲ့"

ချီပဉ္စမမြောက်သားတော်သည် အဘိုးအို ရုတ်တရက်မျက်လုံးဖွင့်လာသည်ကို သတိပြုမိလိုက်၏။

"သတင်းရပြီ"

ယွဲ့ကုန်းကွေ့သည် နဂါးသားတော်ကို ပြန်မဖြေဘဲ ရွှယ်ယန်ဆီသို့သာ အကြည့်လွှဲလိုက်၏။

All Chapters