← Chapters

နတ်ဆိုးတစ်သောင်းခန်းမကို ဖမ်းစီးမည့်အစီအရင် ၂

Vol. 88 Ch. 880

နတ်ဆိုးတစ်သောင်းခန်းမကို ဖမ်းစီးမည့်အစီအရင် ၂

Vol. 88 Ch. 880

သူသည် ကောလာဟလများပြောဆိုနေကြသည့်အတိုင်း နတ်ဆိုးတစ်သောင်းခန်းမသည် မဟာနတ်ဆိုးအမျိုးမျိုးကို စုဆောင်းရန် အမှန်တကယ် ဝါသနာပါခြင်း ရှိမရှိ သိမြင်လို၍၊ ကပ်ဘေးဒုက္ခချီလင်၏ အစစ်အမှန်ပုံစံဖြစ် အနောက်ပိုင်းဟုန်တစ်ဝိုက်တွင် လှည့်လည်သွားလာစေရန် မျိုးနွယ်ဝင်တစ်ဦးကို စေလွှတ်ခဲ့သည်။

"နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းသားပဲ။"

ရွှယ်ယန်က မတ်မတ်ထိုင်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် စိတ်ဝင်စားမှုအနည်းငယ် ပိုမိုပေါ်လွင်လာ၏။

သူတို့ ဤမျှမြန်ဆန်စွာတုံ့ပြန်နိုင်စွမ်းရှိခြင်းက နတ်ဆိုးတစ်သောင်းခန်းမ၏ အနောက်ပိုင်းဟုန်အပေါ်ထိန်းချုပ်နိုင်စွမ်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် နက်ရှိုင်းသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဆိုလိုနေသည်။

မဆိုးပါဘူး၊ အနည်းဆုံးတော့ အားလုံးက ဟန်ပြသက်သက် မဟုတ်ဘူးပဲ။ သူတို့က အနောက်ပိုင်း နဂါးနန်းတော်ကို စိန်ခေါ်ရဲတာ အံ့သြစရာတော့ မဟုတ်တော့ဘူး။

"အကြီးအကဲ ယွဲ့ ၊ ကျွန်တော့်ကို စိတ်ပျက်အောင် မလုပ်ပါနဲ့။အရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ ဒီသတ္တဝါတွေနဲ့ တကယ်တွေ့ချင်ပြီး သူတို့ ဘယ်လောက်တောင်ရုပ်ဆိုးအကျည်းတန်လဲဆိုတာ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ချင်တယ်၊ ဘာကြောင့် သူတို့ မျက်နှာမပြရဲတာလဲဆိုတာ နားလည်ချင်လို့ပါ။"

"စိတ်ချပါ၊ သခင်ရွှယ် "

ယွဲ့ကုန်းကွေ့ သည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ ခံစားချက် ကင်းမဲ့နေသည်။

ထိုတိရစ္ဆာန် ယွဲ့ထျန်းကျီကြောင့်သာ မဟုတ်လျှင်၊ ယွဲ့မိသားစုသည် တာအိုအင်ပါယာဂိုဏ်း၏ မျိုးဆက်သစ်များအထင်အမြင်သေးမှုနှင့် လှောင်ပြောင်မှုများကို ခံရပ်ရမည် မဟုတ်ကောင်းပေ။

ထိုတိရစ္ဆာန်မှာ သေသင့်သေထိုက်ပြီး၊ သူ သေသွားခြင်းက ပို၍ကောင်းသည်။

သို့သော်လည်း ခွင့်လွှတ်၍မရသော တစ်ခုတည်းသောအမှားမှာ ဤနယ်မြေမှ လူရိုင်းများသည် ယွဲ့မိသားစု၏နောက်ဆုံးမျှော်လင့်ချက်ဖြစ်သော ယွဲ့ထျန်းရှဲ့ အပေါ် လက်ပါခဲ့ခြင်းပင်။

"သွားကြစို့။ နတ်ဆိုးတစ်သောင်းခန်းမက သတင်းအချက်အလက် ဒီလောက်ပြည့်စုံနေမှတော့၊ သူတို့က တရားခံတွေမဟုတ်ရင်တောင် ကျုပ်ကို ကျေနပ်လောက်တဲ့ အဖြေတစ်ခုတော့ ပေးနိုင်လိမ့်မယ်။"

သူသည် ခန်းမဝင်ပေါက်ဆီသို့ ခြေလှမ်းလှမ်းလိုက်ရင်း တိုးတိုးလေးရေရွတ်လိုက်သည်။

ယွဲ့မိသားစုသည် မြောက်ပိုင်းဟုန်တွင် အကြောင်းပြချက်များဖြင့် ပြောဆိုရကောင်း ပြောဆိုရနိုင်သော်လည်း၊ ဤသည်မှာ အနောက်ပိုင်းဟုန် ဖြစ်သည်။ ဤနေရာရှိ သတ္တဝါများသည် အကြောင်းပြချက်များကို နားလည်ရန် မိုက်မဲလွန်းလှပြီးအင်အားကိုသာ အသိအမှတ်ပြုမှုရန်လိုအပ်လေ၏။

ယွဲ့မိသားစုမှ တပည့်များစွာ မတ်တတ်ရပ်လိုက်ကြပြီး၊ သူတို့ နောက်သို့ လိုက်ပါလာစဉ် သတ်ဖြတ်လိုသောရည်ရွယ်ချက်များကို ထုတ်လွှင့်နေကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မှောင်မည်းသော တိမ်တိုက်များသည် ဟိန်းဟောက်ဝင်ရောက်လာပြီး သူတို့၏ သိပ်သည်းမှုမှာ အသက်ရှူကျပ်စေလောက်သည်။

"..."

အနောက်ပိုင်းဟုန်မှ ဂိုဏ်းချုပ်အမျိုးမျိုး၏ မျက်နှာအမူအရာများမှာ မှောင်မိုက်နေကြပြီး သူတို့၏ မျက်လုံးများထဲရှိ အထိတ်တလန့်ဖြစ်မှုများကို ဖုံးကွယ်၍မရနိုင်ကြပေ။

နတ်ဆိုးတစ်စုကို နောက်ယောင်ခံလိုက်ပြီး နောက်ထပ်နတ်ဆိုးတစ်စုကို ရင်ဆိုင်ရန် သွားနေကြခြင်းဖြစ်သည်။

လုပ်ငန်းစဉ်တစ်လျှောက်လုံး၊ သူတို့သည် အကူအညီပေးရန် ဖိတ်ကြားခံရသူများနှင့် လုံးဝ မတူကြပေ။

ယင်းအစား၊ သူတို့သည် အစေခံတစ်စုနှင့် ပိုတူနေပြီး ယဉ်ကျေးမှုဆိုသည်ကို မေ့ထားလိုက်ပါမြောက်ပိုင်းဟုန်မှ လူများသည် သူတို့ကို တန်းတူအဖြစ်ပင် မသတ်မှတ်ကြပေ။

"သခင်ရွှယ်၊ ခင်ဗျားက ကျွန်တော်တို့ရဲ့ လုံခြုံရေးကို ဘယ်လိုများအာမခံပေးနိုင်မလဲဆိုတာ မေးခွင့်ပြုပါ။"

နောက်ဆုံးတွင်၊ တစ်စုံတစ်ယောက်က မနေနိုင်ဘဲ မေးလိုက်၏။

၎င်းမှာ သူတို့ သေရမည်ကို ကြောက်ရွံ့နေကြခြင်း မဟုတ်ပေ။ သူတို့ လာခဲ့ကြသည်ဖြစ်ရာ အန္တရာယ်များကို ရင်ဆိုင်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့အားလုံးမှာ တာအိုပေါင်းစည်းခြင်းနယ်ပယ် ဂိုဏ်းချုပ်များဖြစ်ကြပြီး၊ ဤထူးဆန်းသော အင်အားစုများ၏ ဖြိုခွဲမှုကိုခံရကာ အနောက်ပိုင်းဟုန်ငရဲတွင်းသို့ ကျဆင်းသွားသည်ကို မည်သူမျှမမြင်တွေ့ချင်ကြပေ။

သို့သော်လည်း အနန္တတာအိုအင်ပါယာဂိုဏ်း၏ သဘောထားမှာ အလွန်အမင်း မောက်မာလွန်းနေသည်။

"အနန္တတာအိုအင်ပါယာဂိုဏ်းရဲ့ နာမည်နဲ့ပါ။"

ရွှယ်ယန်သည် သူတို့ကို လျစ်လျူရှုစွာဖြင့် အကဲခတ်လိုက်၏။

"နတ်ဆိုးတစ်သောင်းခန်းမက အနန္တတာအိုအင်ပါယာဂိုဏ်းကိုစိုးရိမ်လိမ့်မယ်လို့ ခင်ဗျား အဲဒီလောက်တောင် သေချာနေတာလား။ ခင်ဗျား သိထားသင့်တယ်..."

ထိုဂိုဏ်းချုပ်က အံကြိတ်လိုက်၏။ နတ်ဆိုးတစ်သောင်းခန်းမ ပထမဆုံးနာမည်ကြီးလာရခြင်းမှာ အနန္တတာအိုအင်ပါယာဂိုဏ်းမှ တပည့်တစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းကြောင့်ပင်။

"အဲဒီအကြောင်းကိုတော့ ကျုပ်မသေချာဘူး။"

ရွှယ်ယန် ခေါင်းခါလိုက်ပြီး သူ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု တွဲခိုနေလျက်ဖြင့် "ဒါပေမဲ့ ဒီနာမည်တစ်ခုတည်းနဲ့တင် ခင်ဗျားတို့ အာခံရဲမှာ မဟုတ်ဘူးဆိုတာကိုတော့ ကျုပ် အရမ်းသေချာတယ်။ခင်ဗျားတို့မှာ ရွေးချယ်စရာ မရှိမှတော့ ဒီနေရာမှာ အပိုစကားတွေ ပြောနေစရာ မလိုတော့ပါဘူး။"

ဤစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းက လှမ်းကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် ဒေါသများ ရှိနေသော်လည်း မည်သူမျှ ဝင်မပြောရဲကြပေ။

"အဲဒီစကားနဲ့ဆိုရင် အရူးပဲ မင်းအတွက် အားထုတ်ပေးလိမ့်မယ်။"

ဟွမ်ဝမ်ဖာ သည် မျက်လုံးလှန်လိုက်ရင်း သူ့ဟာသူ တိုးတိုးလေး ရေရွတ်လိုက်၏။ သို့သော်လည်း၊ အခြားသူများမတုံ့ပြန်နိုင်မီမှာပင် တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ သူ၏ ပါးကိုသူ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်၏။

"စကားမှားသွားတာ..စကားမှားသွားတာ"

"..."

ကြီးမားသော ခန်းမကြီး၏ ဟာလာဟင်းလင်းဖြစ်နေသောဝင်ပေါက်တွင်၊ အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုသည် လက်များကိုဘေးချလျက် ရပ်နေသည်။

ဖြူဖျော့ချောမောသော မျက်နှာပေါ်တွင် ခံစားချက်များကဲ့မဲ့နေကာ သူသည် ပေါ့ပေါ့ပါးပါးလှမ်းလျှောက်ထွက်လာသည့်အလားပင်။

သူက လက်ချောင်းများကြားတွင် ကိုင်ထားသော ဝိညာဉ်ကျောက်စိမ်းအပိုင်းအစလေးကို ပစ်လိုက်ပြီးနောက် လူအုပ်ထဲသို့ တိတ်တဆိတ် တိုးဝင်သွားသည်။

ရှန်းယီ၏ လုပ်ရပ်များသည် ထိုနေရာရှိ လူတိုင်းကို မလွဲမသွေ အံ့အားသင့်သွားစေခဲ့၏။

ယွီတောင်၏ နဂါးကြင်ယာတော် ကယ်တင်ခြင်းကို ခံခဲ့ရသည်မှာ ထင်ရှားနေသော်လည်း အလိုအလျောက်ပြန်ရောက်လာသည့် သူတစ်ယောက်ကို အနောက်ပိုင်းဟုန်က တစ်ယောက်ယောက်များ တကယ်ဂရုစိုက်ကြမည်လော။

ယွဲ့ကုန်းကွေ့သည် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးကို လှမ်းကြည့်လိုက်ပြီးဘာမျှမပြောပေ။ လတ်တလောတွင် အခြားကိစ္စများကို ဂရုစိုက်ရန် သူ့တွင် စိတ်အခြေအနေ မရှိပေ။

ရွှယ်ယန်မှာမူ ခေတ္တမျှတုံ့ဆိုင်းသွားပြီးနောက် ရယ်စရာကောင်းသည်ဟု ထင်ရသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။

ဤအရာကြောင့် ရှန်းယီ၏ အပေါ်တွင် သူ ပို၍ အထင်ကြီးသွားခြင်း မရှိပေ။

ယင်းအစား သူက "ငတုံး။" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

လွတ်လပ်သောလေပြေများက သူတို့၏ စွမ်းအားဖြင့် ပံ့ပိုးပေးပြီး၊ မိုးပြာကောင်းကင်ယံသို့ တက်လှမ်းရန် သူ့ကို ကူညီပေးလိမ့်မည်။

သူ၏ တိုးတက်မှုသည် ပြင်ပအင်အားများကို မှီခိုခြင်းမရှိဘဲ သူ၏ကိုယ်ပိုင်ကြိုးစားမှုသာဖြစ်ကြောင်း လူတိုင်းကို သက်သေပြရန် စိတ်ပိုင်းဖြတ်ထားသော၊ ထိုသို့လုပ်ခြင်းက ပို၍ မွန်မြတ်သည်ဟု ထင်မှတ်နေသည်မှာ အလွန် ခေါင်းမာလှသည့်မြည်းတစ်ကောင်သာဖြစ်လိမ့်မည်။

ရွှယ်ယန်သည် သူ၏ ဘဝတစ်လျှောက်လုံးပြင်ပအင်အားများကိုသာ မှီခိုခဲ့သော်လည်း ကိုယ့်ကိုယ်ကိုယ်အမြဲတစေအလွန်ထူးချွန်သည်ဟု ယူဆထားသော အခြားငတုံးတစ်ယောက်ကို အလွယ်တကူ စဉ်းစားမိလိုက်သည်။

တကယ်ကို၊ဒီတစ်ယောက်နဲ့ တော်တော်လေး တူတာပဲ..

ကျွတ်..

All Chapters