အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
အခန်း ၉၃ - နဂါးကတ်ပြား·ချမ်းသာကြွယ်ဝမှု
နဂါးကြီး သေဆုံးသွားပြီဖြစ်သဖြင့် အတားအဆီးများ မရှိတော့ပေ။
ရဲချီယန်က လုပ်ငန်းစဉ်ခုံကို ဆင့်ခေါ်လိုက်လေ၏။ သူ၏ရှေ့မှောက်ရှိ သတ္တုအရောအနှောများကို လုပ်ငန်းစဉ်ပြုလုပ်ကာ ပြန်လည်အသုံးပြုရန် စတင်ဆောင်ရွက်လေတော့သည်။
"မှော်ဝင်ငွေ၊ ရွှေ၊ သာမန်သတ္တုတွေ... မဆိုးဘူး၊ အားလုံးက အသုံးဝင်တဲ့ပစ္စည်းတွေချည်းပဲ"
အမဲလိုက် စက်ယန္တရားနဂါးပေါ်သို့ တက်စီးလိုက်ကာ အချိန်မကုန်ဆုံးမီ လေထဲသို့ ပျံသန်းရင်း လေဟုန်စီးရသည့် အရသာကို ခံစားလိုက်လေ၏။ ထိုစဉ် သူ၏မျက်စိရှေ့၌ အထူးအချက်ပြ မျက်နှာပြင်တစ်ခု ထွက်ပေါ်လာပေသည်။
"ဟင်... ဒါက ဘာလဲ"
"နိုးကြားသော ကင်းစောင့်က ကျူးကျော်သူတစ်ဦးကို ထောက်လှမ်းမိပါသည်၊ မှော်ဝင်၊ စိတ်အာရုံချောက်ချားစေသော စောင့်ကြည့်ရေးစက်က ရထားပေါ်သို့ ခိုးဝင်ရန် ကြိုးစားနေသူအား စိတ်ရှုပ်ထွေးသွားစေပါပြီ၊ ရထားမောင်းနှင်သူ ကျေးဇူးပြု၍ အမြန်ဆုံး ဖြေရှင်းပါ"
စောင့်ကြည့်ကင်မရာမှတ်တမ်းတွင် စစ်သည်တော်ဝတ်စုံဝတ်ဆင်ထားသူတစ်ဦးက အလောင်းတစ်လောင်းကို ပွေ့ဖက်လျက် ရထားအဝင်ဝ၌ လဲကျနေသည်ကို ပြသနေပေသည်။ အတူးရှ်ပင်ဖြစ်၏။ ထိုလူက ရေစီးကြောင်းကို ဆန်တက်ပြီး သူ၏ရထားဆီသို့ တကယ်ရောက်လာခဲ့တာလား။ ပြီးတော့ ရထားပေါ်ကို ဝင်ချင်နေသေးတာလား။
တကယ့်ကို ကိုယ့်အသက်ကို တန်ဖိုးမထားတဲ့ကောင်ပဲ။ ရိုးရိုးသားသားပြောရလျှင် ဤဘူတာရုံက အလွန်ရိုးရှင်းလွန်းလှသဖြင့် အတူးရှ်က ထိုအလောင်းကို သယ်လာခြင်းဖြင့် အခြားမစ်ရှင်များကို လှုံ့ဆော်နိုင်ခြင်း ရှိမရှိ သူ သိချင်နေမိပေသည်။ သို့သော် ထိုလူက ကျေးဇူးကန်းလွန်းလှကာ သူ၏ရထားပေါ်သို့ပင် ခိုးဝင်ရန် ကြိုးစားနေချေပြီ။ သို့ဆိုလျှင်တော့ သူ့ကို အပြစ်တင်၍မရနိုင်တော့ပေ။
နိုးကြားသော ကင်းစောင့်က သူပေးထားခဲ့သော ကနဦးအမိန့်ကြောင့် ချက်ချင်း တိုက်ခိုက်ခြင်းမပြုခဲ့ခြင်း ဖြစ်လေသည်။ ရဲချီယန်က တိုက်ခိုက်ရန်တောင်းဆိုမှုကို ခွင့်ပြုလိုက်ပြီးနောက် အလင်းမျက်နှာပြင် ပျောက်ကွယ်သွားကာ သတ္တုများကို ဆက်လက်၍ လုပ်ငန်းစဉ်ပြုလုပ်နေလေတော့သည်။
တစ်နာရီခန့် အကြာတွင်။
ရဲချီယန်က အမဲလိုက် စက်ယန္တရားနဂါးကို စီးနင်း၍ ရထားပေါ်သို့ ပြန်လာခဲ့လေ၏။ မြေပြင်ပေါ်ရှိ အနီရောင် သွေးကွက်များကို ကြည့်ကာ နှုတ်ခမ်းမဲ့လိုက်ပေသည်။
"မှတ်ကရော"
ဆိုရလျှင် ၎င်းက မှော်ဝင်၊ စိတ်အာရုံချောက်ချားစေသော စောင့်ကြည့်ရေးစက်ကို ပထမဆုံးအကြိမ် လှုံ့ဆော်လိုက်ခြင်းပင်ဖြစ်၏။ ဆယ့်နှစ်ခုမြောက် ဘူတာရုံရောက်သည်အထိ သူ၏ရထားပေါ်သို့ တစ်စုံတစ်ယောက်က ခိုးဝင်ရန် ကြိုးစားသည်မှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။
သူက အမဲလိုက် စက်ယန္တရားနဂါးပေါ်မှ ဆင်းလိုက်သည်။ ၎င်း၏ ပုံမှန်မုဒ် မကုန်ဆုံးမီတွင် သယ်ဆောင်လာသော သတ္တုအမျိုးမျိုးကို သိုလှောင်ခန်း ရထားတွဲထဲသို့ ထည့်သွင်းလိုက်လေ၏။
ဤနေရာက နဂါး၏ ရတနာဂူနှင့် အနည်းငယ် ဝေးကွာနေဆဲဖြစ်ကာ အသွားအပြန်ဆိုလျှင် နှစ်နာရီခန့် ကြာမြင့်မည်ဖြစ်ပေသည်။ အမဲလိုက် စက်ယန္တရားနဂါးကို စီးနင်းပါက အချိန်တစ်ဝက်ခန့် လျှော့ချနိုင်သော်လည်း ၎င်းက ရထားဒင်္ဂါးများကို စားသုံးသဖြင့် သူက ထိုမျှအထိ ဖြုန်းတီးနိုင်စွမ်း မရှိသေးပေ။
"မင်း ပင်ပန်းသွားပြီ"
ဝေါလီကဲ့သို့ပင် ကိုယ်ပိုင်အသိစိတ်မရှိသော စက်ယန္တရားနဂါးကြီး၏ သတ္တုခေါင်းကို ပုတ်ပေးလိုက်လေ၏။ သက်ဝင်လှုပ်ရှားချိန် ကုန်ဆုံးသွားပြီးနောက် အမဲလိုက် စက်ယန္တရားနဂါးမှာ ငြိမ်သက်သောအခြေအနေသို့ ရောက်ရှိသွားချေပြီ။
ရဲချီယန်က ၎င်းကို အားသွင်းရန်အတွက် စွမ်းအင် ဂျင်နရေတာ ပြင်ဆင်ထားပြီးဖြစ်သော ခေါင်မိုးပေါ်၌ ဆင်းသက်စေလိုက်သည်။ သူနှင့်တစ်သုတ်တည်းဖြစ်သော အခြားရထားမောင်းနှင်သူများသာဆိုလျှင် အမဲလိုက် စက်ယန္တရားနဂါးကို ပိုင်ဆိုင်ထားပါကတောင်မှ ထိန်းသိမ်းရန် တတ်နိုင်မည်မဟုတ်ပေ။ ၎င်းက လျှပ်စစ်နှင့် ရထားဒင်္ဂါးများကို စားသုံးလေသည်။
"ရွှေစားသော စက်ယန္တရားသားရဲ" ဟူသော ဂုဏ်ပုဒ်က ၎င်းနှင့် အကိုက်ညီဆုံးပင်ဖြစ်၏။ မည်သို့ပင်ဆိုစေ အမဲလိုက် စက်ယန္တရားနဂါးကို ပြန်လွှတ်ပြီးနောက်တွင် အချိန်လုံလောက်စွာ ကျန်ရှိနေသေးပေသည်။
သူက လမ်းသရဲကို မောင်းနှင်ကာ ဂူဆီသို့ တစ်ဖန် ပြန်သွားလေတော့သည်။ ထိုဧရာမသတ္တုတုံးကြီး၏ဘေးတွင် ဆင့်ခေါ်ထားသော လုပ်ငန်းစဉ်ခုံက အလုပ်လုပ်မြဲ လုပ်နေလေ၏။ လမ်းသရဲ၏ သယ်ဆောင်နိုင်စွမ်းက ကန့်သတ်ချက်ရှိနေသဖြင့် အသွားအပြန် သယ်ယူပို့ဆောင်ရန် ၎င်းကို အားကိုးနေ၍မရနိုင်ပေ။ ထို့ကြောင့် ရဲချီယန်က မီးခံသေတ္တာထဲတွင် ပြန်လည်အသုံးပြုထားသော သတ္တုများ၊ မှော်ဝင်ငွေများနှင့် ရွှေများကို သိမ်းဆည်းရန် ယာယီနေရာသုံးခုကို ရှင်းလင်းလိုက်လေသည်။
သို့သော် စုဆောင်းခြင်းနှင့် ခွဲခြားခြင်းကလည်း လူအင်အား လိုအပ်ပေသည်။ ထို့ကြောင့် ရဲချီယန်က ကျီးကန်းနတ်ဆိုးကို အလုပ်သမားအဖြစ် လုပ်ကိုင်ရန် ဆင့်ခေါ်လိုက်လေ၏။
"နတ်ဆိုးကို အလုပ်သမားအဖြစ် အသုံးပြုတာ ငါက ပထမဆုံးပဲဖြစ်ရမယ်... ဟီးဟီး"
ကျီးကန်းနတ်ဆိုး၏ တိတ်ဆိတ်သော အားထုတ်မှုများအောက်တွင် နာရီပေါင်းများစွာကြာပြီးနောက် သတ္တု ကီလိုဂရမ် ၂၃၀၀၊ မှော်ဝင်ငွေ ၁၅၀ ကီလိုဂရမ်ကျော်နှင့် ရွှေ ၈၉ ကီလိုဂရမ်ကို စုဆောင်းနိုင်ခဲ့လေသည်။ သူက ပို၍ မစုဆောင်းချင်၍မဟုတ်ဘဲ လုပ်ငန်းစဉ်ခုံ၏ ပြန်လည်အသုံးပြုနိုင်စွမ်း အမြန်နှုန်းကြောင့်သာ ဖြစ်ပေသည်။
ထို့အပြင် အခြားအရေးကြီးသော သယံဇာတတစ်ခုကိုလည်း သူ လုံးဝမေ့လျော့မနေခဲ့ပေ။ အမဲလိုက် စက်ယန္တရားနဂါး၏ ဆွဲဖြဲမှုကြောင့် နဂါးကြီးမှာ အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သော်လည်း ၎င်း၏အရိုးများနှင့် အသားများကို စုဆောင်းလိုက်ပါက တော်တော်လေး လေးလံလှပေသည်။ ၎င်းတို့ကို မီးခံသေတ္တာဖြင့် သယ်ဆောင်၍မရနိုင်သဖြင့် ရဲချီယန် ကိုယ်တိုင်ပင် လမ်းသရဲကိုမောင်းကာ ရထားဆီသို့ အကြိမ်အနည်းငယ် အသွားအပြန်ပြုလုပ်၍ သယ်ယူခဲ့ရလေ၏။
သူက အရိုးစုကို မရွှေ့ပြောင်းနိုင်သော်လည်း ကျီးကန်းနတ်ဆိုးကမူ ပြုလုပ်နိုင်ပေသည်။ ထို့ကြောင့် ၎င်းကပင် သယ်ဆောင်ပေးခဲ့ရလေသည်။ စိတ်ထင်၍လားတော့ မသိသော်လည်း ဉာဏ်ရည်မရှိသော ကျီးကန်းနတ်ဆိုး၏ မျက်လုံးများထဲတွင် ရဲချီယန်က မကျေနပ်မှုအရိပ်အယောင်အချို့ကို မြင်လိုက်ရသလို ခံစားလိုက်ရ၏။
ဟင်း... စိတ်ထင်လို့ဖြစ်မှာပါလေ။
၎င်းက စကားမပြောနိုင်ဘဲ ကိုယ်ပိုင်ဉာဏ်ရည် မရှိသောကြောင့်သာ ဖြစ်၏၊ သို့မဟုတ်ပါက အထက်တန်းကျသော နတ်ဆိုးတစ်ကောင်ကို အထမ်းသမားအဖြစ် ဆက်ဆံခြင်းက ၎င်း၏ နတ်ဆိုးဘဝအတွက် လုံးဝ အရှက်ရစရာပင် ဖြစ်ပေလိမ့်မည်။
နဂါး၏အသားများနှင့် အရိုးစုကို ပြန်လည်ပို့ဆောင်ပြီးနောက် ရဲချီယန်က ရတနာဂူဆီသို့ ထပ်မံရောက်ရှိလာခဲ့လေသည်။ သို့သော် ဤတစ်ကြိမ်တွင် ထောင့်တစ်နေရာမှ ဖုန်တလိမ့်လိမ့်ဖြင့် သေးငယ်သော အတုံးအခဲပုံစံလေးတစ်ခု ထွက်ပေါ်လာချေပြီ။
"ဝေါလီ... ဪ ဟုတ်သားပဲ၊ ဒီတစ်ခါ ဘာလို့ ဒီလောက်ကြာနေရတာလဲ၊ ဘယ်တွေများ သွားရှာနေတာလဲ၊ ဒီဘူတာရုံက အဖိုးတန်ဆုံးအရာက ဒီရတနာဂူထဲမှာ မရှိဘူးလား"
ဝေါလီ၏ ကိုယ်ပေါ်မှ ဖုန်များကို ခါချပေးလိုက်ရင်း ၎င်း၏ စက်ယန္တရားလက်တံလေးကို ဆန့်ထုတ်ကာ ဦးတည်ရာတစ်ခုသို့ ညွှန်ပြနေသည်ကို ကြည့်လိုက်လေ၏။ ထို့နောက် ဝေါလီက သူ၏ဘောင်းဘီစကို ဖမ်းဆွဲကာ ညင်သာစွာ နှစ်ချက်ခန့် ဆွဲလိုက်ပေသည်။
"ရတနာက ဟိုဘက်မှာရှိပြီး မင်းက ယူလို့မရဘူးပေါ့"
ဝေါလီက ခေါင်းညိတ်ပြလေသည်။
"ကောင်းပြီ... သွားကြတာပေါ့"
ပြန်လည်အသုံးပြုခြင်းကို လက်လျှော့လိုက်ကာ ရဲချီယန်က ဝေါလီကိုကောက်ယူပြီး လမ်းသရဲ၏ ရှေ့ပိုင်းတွင် တင်ထားလိုက်လေ၏။ ဝေါလီ၏ လမ်းညွှန်မှုအောက်တွင် ၎င်းတို့က ကျဉ်းမြောင်းသော လမ်းကြောင်းတစ်ခုမှဖြတ်သန်းကာ ကွေ့ကောက်သွားလာရင်း နောက်ဆုံးတွင် အခြားဂူတစ်ခုသို့ ရောက်ရှိသွားကြလေတော့သည်။
ဂူထဲတွင် မှောင်မိုက်မနေခဲ့ပေ။ ပတ်ပတ်လည် နံရံများတွင် တောက်ပနေသော ကျောက်မျက်ရတနာများ ရှိနေလေသည်။ ရဲချီယန်က နှစ်တုံးခန့်ကို ခွာယူကာ ညမီးအိမ်အဖြစ် ပြန်ယူရန်ရည်ရွယ်လျက် လမ်းသရဲပေါ်သို့ ပစ်တင်လိုက်၏။ သို့သော် ၎င်းက အရေးမကြီးပေ၊ ဤဂူထဲတွင် ဝပ်တွားနေသော နဂါးပုံစံ ဧရာမယဇ်ပလ္လင်ကြီးတစ်ခု ရှိနေလေသည်။
ဆင်တူသော ယဇ်ပလ္လင်မျိုးကို သူ မြင်ဖူးသလိုရှိပေသည်။ ဘာပါလိမ့်။
ရဲချီယန်က သူ၏စိတ်ထဲတွင် ခဏမျှ ပြန်လည်စဉ်းစားလိုက်လေ၏။
"နေပါဦး... သွေးဆောင်ဖြားယောင်းခြင်းကို ငါရတုန်းကလည်း ဒီလိုယဇ်ပလ္လင်မျိုး မဟုတ်ဘူးလား"
ထိုစဉ်က နတ်ဆိုး ကတ်ပြား၊ သွေးဆောင်ဖြားယောင်းခြင်းကို ပြောင်းပြန်လှန်ထားသော ကြက်ခြေခတ် ယဇ်ပလ္လင်တစ်ခုပေါ်တွင် ထားရှိခဲ့ခြင်းဖြစ်ပေသည်။ ယခု ဤနဂါးယဇ်ပလ္လင်ပေါ်တွင်ဆိုလျှင်ရော... ဖြစ်နိုင်ပါ့မလား။
ရဲချီယန်၏ နှလုံးသားက အနည်းငယ် ပူနွေးလာလေ၏။ သူက ရှေ့သို့ ခြေနှစ်လှမ်းလှမ်းလိုက်ကာ လှမ်းကိုင်ကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် ထိုစဉ်က နတ်ဆိုး ကတ်ပြား ယဇ်ပလ္လင်နှင့် တူညီနေပေသည်။
အရှေ့ဘက်တွင် မျက်စိဖြင့်မမြင်နိုင်သော အလင်းလွှာတစ်ခု ရှိနေလေသည်။ ယဇ်ပလ္လင်ကို ဖွင့်ရန်အတွက် သော့တစ်ချောင်း လိုအပ်ပုံရပေသည်။ သေချာသည်ကတော့ သူ့တွင် သော့မရှိပေ။ သို့သော် ၎င်းက သူ့ကို ဝင်ခွင့်မရစေဘူးဟု မဆိုလိုပေ။
ဘုရားစူး ကတ်ပြား ထွက်ပေါ်လာလေ၏။
ပစ်မှတ် - အရှေ့ဘက်။
"နေရာရွှေ့ပြောင်းအမှတ်အသား"
စိတ်စွမ်းအား စားသုံးမှု၊ တည်နေရာ သတ်မှတ်ခြင်း။ ချက်ချင်းဆိုသလိုပင် ရေနစ်ခြင်းက ဝင်ရောက်ရိုက်ခတ်လာလေ၏။
"ရွက်လွှင့်စမ်း"
ဂလုံ... ဂလုံ...
သူ၏နားထဲရှိ အသံများက ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေကာ မျက်လုံးများ ဖွင့်ကြည့်လိုက်သောအခါတွင် ယဇ်ပလ္လင်ထဲသို့ ရောက်ရှိနေပြီဖြစ်လေသည်။
"ဟူး..."
သူက ယဇ်ပလ္လင်ပေါ်သို့ တက်သွားလေ၏။ ဆယ်ထပ်တိုက်ခန့် မြင့်မားသော လှေကားများကို သူ ဆက်တိုက် တက်သွားခဲ့သည်။ အပေါ်ဆုံးရှိ ဧရာမပလက်ဖောင်းကြီးပေါ်သို့ ရောက်ရှိသွားသည်အထိပင်။
ဤနေရာ၏ ဗဟိုတွင် ပိုမိုသေးငယ်သော နဂါးပုံစံ ယဇ်ပလ္လင်တစ်ခု ရှိနေလေသည်။
"အဲဒီအချိန်တုန်းကလိုပဲ"
ရဲချီယန်၏ နှလုံးသားက အရှိန်အဟုန်ဖြင့် ခုန်ပေါက်နေချေပြီ။ အရာအားလုံးက ကိုက်ညီနေပေသည်။ ထို့နောက်... သူ ရှေ့သို့လျှောက်သွားလိုက်ရာ သေးငယ်သော ယဇ်ပလ္လင်၏အစွန်းသို့ ရောက်ရှိသွားလေ၏။
၎င်း၏အပေါ်တွင် ဒင်္ဂါးပြားတစ်ခုဖြင့် ရေးထွင်းထားသော နဂါးပုံစံ ရွှေရောင်ရင့်ရင့် ကတ်ပြားတစ်ခုက တိတ်ဆိတ်စွာ လွင့်မျောနေပေသည်။
"ဟုတ်တယ်... ဒါ တကယ့် ကတ်ပြား အစီအစဉ်ပဲ"
ရဲချီယန်၏ မျက်လုံးများက တောက်ပသွားကာ ယဇ်ပလ္လင်ပေါ်မှ ကောက်ယူရန် လက်လှမ်းလိုက်လေသည်။ အလင်းမျက်နှာပြင်ကို ခေါ်ထုတ်လိုက်ပြီး စတင်၍ အကဲဖြတ်လိုက်လေ၏။
"နဂါးကတ်ပြား · ချမ်းသာကြွယ်ဝမှု"
"ချမ်းသာကြွယ်ဝမှု - နေ့စဉ် ရထားဒင်္ဂါး ၅ ပြား ရရှိနိုင်သည်။"
"နဂါး - အဆင့်နိမ့် မကောင်းဆိုးဝါးများက သင့်ကို အန္တရာယ်ပြုနိုင်မည် မဟုတ်ပါ။"
ရိုးရှင်းပြီး ကြမ်းတမ်းသော အကျိုးသက်ရောက်မှုများ။ သို့သော် လုံလောက်စွာ စွမ်းအားကြီးမားပေသည်။
နေ့စဉ် ရထားဒင်္ဂါး ၅ ပြားက သိပ်မများလှသော်လည်း ၎င်းက တည်ငြိမ်မှုရှိကာ နောက်ပိုင်းတွင် မြို့တော်တစ်ခုသို့သွား၍ ဘူတာရုံတစ်ခုသို့ မဝင်ရောက်ခဲ့လျှင်တောင်မှ ဤရထားဒင်္ဂါး ၅ ပြားကို ရရှိနေမည်ဖြစ်လေသည်။ တဖြည်းဖြည်း စုဆောင်းခြင်း၊ ဘေးကင်းပြီး ယုံကြည်စိတ်ချရမှုရှိခြင်း။
အကယ်၍ တည်ငြိမ်မှုကို ရှာဖွေသူအချို့သာ ဤနဂါးကတ်ပြားနှင့် သူ၏နတ်ဆိုး ကတ်ပြားကို ရွေးချယ်ရမည်ဆိုလျှင်၊ သံသယဝင်စရာမလိုဘဲ ထိုသူက ဤကတ်ပြားကိုသာ သေချာပေါက် ရွေးချယ်မည်ဖြစ်ပေသည်။
ရဲချီယန်ကတော့ ရွေးချယ်ရန် မလိုအပ်ပေ။ အကြောင်းမှာ ဤအရာအားလုံးက သူနှင့်သာ သက်ဆိုင်နေသောကြောင့်ပင် ဖြစ်လေတော့သည်။
အခန်း ၉၄ - ဤဘူတာရုံမှ ရရှိသော အကျိုးအမြတ်များ
"ငါတော့ မြတ်ပြီ... တကယ် မြတ်သွားပြီ"
ရဲချီယန်၏ စိတ်အခြေအနေက အလွန်ကောင်းမွန်နေလေ၏ ။
ယဇ်ပလ္လင်ပေါ်မှ ဆင်းလာပြီးနောက် အပြင်ဘက်တွင် စောင့်ဆိုင်းနေဆဲဖြစ်သော ဝေါလီကို လက်ယမ်းပြလိုက်ပေသည် ။
"ပြန်ကြစို့၊ ရထားပေါ်ကနေ မင်းကို စောင့်နေမယ်"
ဝေါလီက နားလည်သည့်အလား ခေါင်းညိတ်ပြကာ လှည့်ထွက်သွားလေတော့သည် ။
၎င်း၏ ပုံရိပ်လေး ပျောက်ကွယ်သွားပြီးမှသာ ရဲချီယန်က နေရာရွှေ့ပြောင်းအမှတ်အသားကို ထပ်မံထုတ်ယူလိုက်ကာ စောင့်ဆိုင်းချိန် ကုန်ဆုံးမည့်အချိန်ကို စောင့်နေလိုက်လေ၏ ။
"ရွက်လွှင့်စမ်း"
ရေနစ်နေသည့် ခံစားချက်က ထွက်ပေါ်လာချေပြီ။ သူ၏နားထဲမှ တီးတိုးရေရွတ်သံများက အနည်းငယ် ပိုမိုရှင်းလင်းလာသလို ခံစားလိုက်ရပေသည်။
— — — —
တောက်... တောက်...
RUN ကုမ္ပဏီ၏ အထက်တန်းလွှာ ။
မျက်ကွင်းညိုကြီးများရှိနေသော အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်ကာ သူမလက်ထဲရှိ ကြယ်အိမ်မြှောင်ပေါ်မှ ကြယ်လင်းပွင့်လေးတစ်ခုက တဖြည်းဖြည်း မှေးမှိန်သွားလေ၏။
"နောက်ထပ် ကတ်ပြား အစီအစဉ်တစ်ခု အယူခံလိုက်ရပြန်ပြီလား၊ တော်တော်မြန်တဲ့ လှုပ်ရှားမှုပဲ... ထူးဆန်းတယ်၊ အရင်တုန်းကဆို အဲဒီကောင်တွေက ဒီလိုအဆင့်နိမ့် ဘူတာတွေမှာ ကတ်ပြား အစီအစဉ်တွေကို တွေ့ရခဲပါတယ်၊ အဆင့်မြင့် ရထားမောင်းနှင်သူတွေက ဒီလိုအဆင့်နိမ့် ဘူတာတွေကို လုံးဝမသွားသင့်ဘူးလေ၊ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဘယ်လိုလုပ်ပြီး တစ်ပြိုင်နက်တည်း နှစ်ခုတောင် ပျောက်သွားရတာလဲ"
သူမက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ကော်ဖီခွက်ကိုကောက်ကိုင်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။
"ငါ စုံစမ်းခိုင်းထားတာတွေ ဘယ်လိုနေလဲ၊ အဲဒီဘူတာကို အဆင့် ၃၀ အထက် ရထားမောင်းနှင်သူ တစ်ယောက်ယောက်များ ရောက်သွားခဲ့သေးလား"
မှောင်ရိပ်ထဲမှ ဩရှရှအသံတစ်သံက တုံ့ပြန်လာပေသည်။
"ဘယ်အဆင့်မြင့် ရထားမောင်းနှင်သူမှ ဝင်ရောက်လာတဲ့ အရိပ်အယောင်မတွေ့ရပါဘူး၊ လွန်ခဲ့တဲ့ဆယ်ရက်အတွင်းမှာ အဲဒီဘူတာကမ္ဘာကို လူသစ် တစ်ရာ့သုံးဆယ့်ငါးယောက် ဒါမှမဟုတ် လူသစ် အဆင့်ကို ကျော်ဖြတ်ပြီးကာစ ရထားမောင်းနှင်သူတွေလောက်ပဲ ရပ်နားခဲ့တာပါ၊ သူတို့တွေက ကတ်ပြား အစီအစဉ် ယဇ်ပလ္လင်ကို လှုံ့ဆော်နိုင်တဲ့ စွမ်းရည်မရှိကြပါဘူး"
"ကျစ်" အမျိုးသမီးက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် စုပ်သပ်လိုက်လေ၏။
"ဒါဆို အခု ယဇ်ပလ္လင်တွေက ကတ်ပြား အစီအစဉ်မပါဘဲ ထွက်ပေါ်လာနိုင်တယ်ပေါ့"
"မှန်ပါတယ်၊ ကတ်ပြား အစီအစဉ်တွေက ကျွန်တော်တို့မသိနိုင်တဲ့ အပြောင်းအလဲအချို့ ဖြစ်ပေါ်သွားတာလည်း ဖြစ်နိုင်တယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က အစကတည်းက သူတို့အကြောင်းကို လုံလုံလောက်လောက်မှ မသိခဲ့တာပဲ၊ ဒီအရာတွေကို တကယ်နားလည်တဲ့သူတွေက အတိတ်ကာလကတည်းက တည်ရှိလာခဲ့တဲ့ အဲဒီအဖွဲ့အစည်းတွေပဲလေ"
"ဟွန့်... ဒါနဲ့ ဒီရွှီ(အင်ပါယာအမိန့်တော်) (အင်ပါယာအမိန့်တော်) အဖွဲ့အစည်းကရော လတ်တလော ဘယ်လိုနေလဲ၊ အဲဒီကောင်တွေက ဘာလို့ ငါတို့ကို ရုတ်တရက် လိုက်စုံစမ်းနေရတာလဲ"
အမျိုးသမီးက သကြားမပါသော နောက်ထပ် ကော်ဖီတစ်ခွက်ကို သူမကိုယ်တိုင် ဖျော်လိုက်ပေသည်။
"ဒီရွှီ(အင်ပါယာအမိန့်တော်) (အင်ပါယာအမိန့်တော်) အဖွဲ့အစည်းရဲ့ ကောင်းကင်တမန်က မကြာသေးခင်ကမှ သူမရဲ့ ချိတ်ပိတ်ခံထားရတာကနေ လွတ်မြောက်လာခဲ့တယ်၊ သူမက ကြယ်တစ်ထောင်မြို့တော်ကိုသွားပြီး သူတို့ဆီက အလုခံလိုက်ရတဲ့ ကောင်းကင်တမန် ကတ်ပြားကို ပြန်ယူသွားပြီး အဆင့်မြင့် အစိုးရရှေ့နေ သုံးဆယ့်ခုနစ်ယောက်နဲ့ အဆင့်အမြင့်ဆုံး အစိုးရရှေ့နေကြီး တစ်ယောက်ကို ရှင်းပစ်ခဲ့တယ်၊ ကြယ်တစ်ထောင်မြို့တော်က တော်တော်လေး ဒေါသထွက်နေပြီး သူမကို ရထားဒင်္ဂါး တစ်သိန်းနဲ့ ဆုငွေထုတ်ထားတယ်၊ သူဌေး... ကျွန်တော်တို့ရော..."
"မေ့လိုက်တော့၊ ငါက အဲဒီ တစ်သိန်းကို မလိုအပ်ပါဘူး... အဟမ်း... ငါက အဲဒီအရူးမကို ကြောက်နေလို့တော့ မဟုတ်ဘူးနော်"
"ဟုတ်ကဲ့ပါ သူဌေး၊ ကျွန်တော်တို့က မကြောက်ပါဘူး"
ရုံးခန်းထဲတွင် တိတ်ဆိတ်မှုက လွှမ်းမိုးသွားလေ၏။ အမျိုးသမီးက သူမ၏ ကော်ဖီကို ထပ်မံ၍ တစ်ကျိုက်တည်း မော့သောက်လိုက်ပြန်သည်။
"ဒါနဲ့ လတ်တလော ဘုရားစူး ကတ်ပြားရဲ့ အရိပ်အယောင်များ တွေ့ရသေးလား"
မှောင်ရိပ်ထဲမှအသံက ခဏမျှ တိတ်ဆိတ်သွားချေပြီ။
"သူဌေးသိတဲ့အတိုင်းပဲ RUN ကုမ္ပဏီက အဆင့်နိမ့် ဘူတာကမ္ဘာများစွာကို လွှမ်းမိုးထားနိုင်ပေမဲ့ ဘုရားစူး ကတ်ပြားတွေ ပေါ်လာနိုင်ချေပိုများတဲ့ အဆင့်မြင့်ကမ္ဘာတွေကိုတော့ ကျွန်တော်တို့ လွှမ်းမိုးထားနိုင်စွမ်း မရှိဘူးလေ... ဒါကြောင့်..."
"ဘာလို့ အဲဒီလောက်စကားများနေရတာလဲ၊ ဒါဆို ဘုရားစူး ကတ်ပြားရဲ့ အရိပ်အယောင် လုံးဝမရှိဘူးပေါ့"
"ဟုတ်ပါတယ်"
အမျိုးသမီးက သူမ၏ နဖူးကို ပွတ်သပ်လိုက်လေ၏။ ကော်ဖီကိုမသောက်ဘဲ ကော်ဖီခွက်ကို အချိန်အတော်ကြာ ကိုင်ထားပြီးနောက် ခဏအကြာတွင် ကော်ဖီခွက်ကို တိတ်ဆိတ်စွာ ပြန်ချထားလိုက်ပေသည်။ သူမ၏ ရင်ဘတ်ထဲမှ တြိဂံပုံစံ အပိုင်းအစလေးတစ်ခုကို ထုတ်ယူလိုက်လေသည်။
"ဒီအပိုင်းအစလေးကို ငါရခဲ့တာ ဆယ့်နှစ်နှစ်တောင် ရှိသွားပြီဆိုတာ မင်းသိလား၊ အဲဒီလူတွေအားလုံးက ဘုရားစူး ကတ်ပြားတွေဟာ သူတို့ရဲ့ သခင်တွေဆီကို ကိုယ်တိုင်လာရှာကြလိမ့်မယ်လို့ ပြောကြပေမဲ့ ဘာလို့ ငါ့ရဲ့ ဘုရားစူး ကတ်ပြားက ငါ့ကို လာမရှာသေးတာလဲ"
"..." မှောင်ရိပ်ထဲမှလူက ဘာမျှတုံ့ပြန်မလာခဲ့ပေ။
"ရှာဖွေမှုကို ဆက်ပြီး အရှိန်မြှင့်ထားစမ်း၊ ငါ့ရဲ့ ဒီအပိုင်းအစလေးကိုတောင် အဆင့်နိမ့် ဘူတာတစ်ခုကနေ ရှာတွေ့ခဲ့တာလေ၊ ဘာကို ဖြစ်နိုင်ချေပိုများတယ်လို့ ပြောချင်နေတာလဲ၊ ငါတော့ မယုံဘူး၊ ပြီးတော့ နှစ်ပေါင်းများစွာကြာတဲ့အထိ ဘာလို့ အပိုင်းအစတစ်ခုလေးတောင် ထွက်မလာခဲ့ရတာလဲ၊ မကြာသေးခင်ကမှ ဘုရားစူး ကတ်ပြား ကိုင်ဆောင်သူတစ်ယောက် ပေါ်လာသေးတယ်၊ တခြားသူတွေက စုဆောင်းနိုင်မှတော့ ငါကရော ဘာလို့ မလုပ်နိုင်ရမှာလဲ"
"ဟုတ်ကဲ့ပါ"
ရုံးခန်းထဲတွင် ကော်ဖီသောက်သံသာ ကျန်ရစ်နေလေတော့သည်။
— — — —
ရထားပေါ်သို့ ပြန်ရောက်သောအခါ ။
ရဲချီယန်က ရထား၏ အရှေ့ပိုင်း စနစ်နှင့် ချိတ်ဆက်ထားသော စက်ပစ္စည်းပေါ်တွင် နဂါးကတ်ပြားကို တင်လိုက်လေ၏ ။ ရွှေရောင်ရင့်ရင့် အလင်းမှုန်လေးများက လေဟာနယ်ထဲမှ စုစည်းလာကာ ရထားဒင်္ဂါး ၅ ပြားက တဖြည်းဖြည်း ပေါ်လာပေသည် ။
"အသေအချာ အကျိုးအမြတ်ပဲ... တကယ့်ကို ကြည်နူးစရာကောင်းလိုက်တာ"
သူ၏ အခြားပစ္စည်းများကို တွေးကြည့်လိုက်ပါက ၎င်းတို့သည် စိတ်စွမ်းအား၊ ကိုယ်ခံစွမ်းအား သို့မဟုတ် ရထားဒင်္ဂါးများကို စားသုံးကြလေသည် ။ မည်သည့်အရာကမျှ ဤနဂါးကတ်ပြားကဲ့သို့ ပြဿနာကင်းကင်း မရှိခဲ့ပေ။
စနစ်ကို ခေါ်ထုတ်လိုက်ပြီး ရပ်နားချိန် ရေတွက်မှုကို အကဲခတ်ကြည့်လိုက်လေ၏ ။
【၁:၃၃:၃၃】
"ဒီဘူတာရုံက တကယ်ပဲ အချိန်ဒီလောက် ကြာသွားခဲ့တာလား"
ရဲချီယန်က သူ၏မေးစေ့ကို ပွတ်သပ်လိုက်လေသည်။ ဘာပဲဖြစ်ဖြစ် သူ့တွင် အချိန် ၁၅ နာရီ အပြည့်ရထားခဲ့သည် မဟုတ်ပါလော ။ ပြီးခဲ့သည့် ရထားအဆင့်မြှင့်တင်မှုအပြီးတွင် သူရရှိခဲ့သော ၅ နာရီ ရပ်နားချိန် တိုးမြှင့်ခြင်းသာ မရှိခဲ့ပါက လုံလောက်မည်မဟုတ်သည်မှာ သေချာပေသည် ။
"အချိန်ကျပြီ ထင်တယ်"
ဝေါလီသည် ရတနာသေတ္တာကို မရှာဖွေနိုင်ခဲ့သော်လည်း တစ်နည်းအားဖြင့်ဆိုရသော် ရတနာသေတ္တာထက်ပင် ပို၍အဖိုးတန်သောအရာကို ရှာတွေ့ခဲ့ခြင်းဖြစ်လေ၏ ။ ယင်းအတွက် သံသယဝင်စရာ မရှိပေ။
အဆင့် ၆ ဘူတာ၏ ရတနာသေတ္တာပင်လျှင် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ပြီးနောက်တွင် အဆင့် ၇ သာ ဖြစ်လာမည်ဖြစ်ပေသည် ။ ပြီးတော့ ဤအဆင့်သတ်မှတ်ချက်မရှိသော ကတ်ပြား အစီအစဉ်များတွင် ပါဝင်သည့် စွမ်းအားနှင့် အထူးစွမ်းရည်များက ရတနာသေတ္တာထဲရှိ မည်သည့်အရာထက်မဆို သေချာပေါက် ပို၍အဖိုးတန်ပေသည် ။
ဝေါလီ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း ရဲချီယန်က ဤဘူတာရုံမှ နောက်ဆုံးရရှိလာသော အကျိုးအမြတ်များကို စီမံခန့်ခွဲလိုက်လေ၏ ။ သတ္တု၊ မှော်ဝင်ငွေနှင့် ရွှေများကို ခွဲခြားပြီးဖြစ်လေသည် ။
ဤဘူတာရုံတွင် ရတနာသေတ္တာကို မဖွင့်ခဲ့ရလျှင်တောင်မှ သူက ရထားဒင်္ဂါး တော်တော်များများကို ရရှိခဲ့ပေသည် ။ နဂါးပူးကပ်ခံထားရသော မင်းသမီးထံမှ ၁၅ ပြား ရရှိခဲ့ပြီး နဂါးကတ်ပြား၏ နေ့စဉ် ရထားဒင်္ဂါး ရရှိမှုက နောက်ထပ် ၅ ပြားဖြစ်လေသည်။ သုံးစွဲထားသည်များကို နုတ်လိုက်ပြီးနောက် ယခုအခါ သူ့တွင် ရထားဒင်္ဂါး ၃၈ ပြား ကျန်ရှိနေချေပြီ ။
ယခု သူက ကျန်ရှိနေသော အဆင့်မြှင့် ရွေးချယ်စရာနှစ်ခုကိုလည်း ဝယ်ယူနိုင်ပြီဖြစ်ပေသည် ။ အဝတ်လျှော်စက်နှင့် ရထား လက်နက်ကိရိယာ · ချမ်းသာကြွယ်ဝမှု ဒိုင်းလွှာတို့ပင်ဖြစ်၏ ။ ရထားဒင်္ဂါး ၂၅ ပြားကို နှမြောတသစွာဖြင့် သုံးစွဲလိုက်ရာ သူ့တွင် ၁၃ ပြားသာ ကျန်ရစ်လေတော့သည် ။
"သုံးဖို့ကတော့ လုံးဝမလောက်ငဘူးပဲ... ဒါပေမဲ့လည်း ကောင်းပါတယ်၊ အနည်းဆုံးတော့ အခု တည်ငြိမ်တဲ့ ဝင်ငွေတစ်ခု ရနေပြီလေ"
နဂါးကတ်ပြား ထွက်ပေါ်လာမှုက သံသယဖြစ်ဖွယ်မရှိ အားတက်စရာတစ်ခုပင် ဖြစ်ပေသည်။ အနည်းဆုံးတော့ ရတနာသေတ္တာ မတွေ့ရခြင်း သို့မဟုတ် အခြားအကြောင်းပြချက်အချို့ကြောင့် ဘူတာရုံတစ်ခုခုတွင် ရထားဒင်္ဂါးများ မရရှိတော့မည်ကို သူ စိတ်ပူစရာမလိုတော့ပေ ။
ထို့အပြင်။
နဂါး၏ အလောင်းကို ပြန်လည်အသုံးပြုပြီးနောက် နဂါးအသား ကီလိုဂရမ် ငါးရာ၊ နဂါးအရိုးစု တစ်ခုလုံးနှင့် နဂါးသွေးအချို့ကိုလည်း ရရှိခဲ့လေ၏။ အမဲလိုက် စက်ယန္တရားနဂါး၏ တိုက်ခိုက်ရေးစွမ်းအားက ပြင်းထန်လွန်းလှသဖြင့် အသားနှင့် သွေးများစွာ ဆုံးရှုံးသွားရခြင်းဖြစ်ပေသည် ။
သို့သော် ယင်းကလည်း နှမြောစရာတော့ မဟုတ်ခဲ့ပေ။
ယင်းအပြင် ရထားအတွက် အလှဆင်ရန်သက်သက် နဂါး၏ ရတနာဂူထဲမှ အသုံးမဝင်သော ကျောက်မျက်အချို့ကိုလည်း သူ ကောက်ယူလာခဲ့သေး၏ ။
အချိန်လုံလောက်စွာ ရရှိသော်လည်း သူက နောက်ထပ် အသွားအပြန် တစ်ခေါက် မပြုလုပ်တော့ပေ။
ဝေါလီက ယိမ်းထိုးလျက် ပြန်ရောက်လာသောအခါ ။
ရဲချီယန်က ၎င်း၏ခေါင်းကို ပွတ်သပ်လိုက်လေ၏ ။
"မင်း ပင်ပန်းသွားပြီ၊ ဒီဘူတာရုံကလည်း မင်းကျေးဇူးကြောင့်ပါပဲ"
ဝေါလီက ပျော်ရွှင်စွာဖြင့် အကြိမ်အနည်းငယ် လှည့်ပတ်သွားကာ အားသွင်းစက်ဆီသို့ လက်ညှိုးထိုးပြလေသည် ။
"သွားပါ... မင်းကြိုက်သလောက် အားသွင်းလို့ရတယ်"
၎င်း၏ ပျော်ရွှင်စရာများက ဤမျှသာဖြစ်၏။ သူ၏သခင်ထံမှ ဆုလာဘ်နှင့် အားသွင်းခြင်းပင်ဖြစ်ပေသည်။
အမဲလိုက် စက်ယန္တရားနဂါး၏ အားသွင်းမှုကလည်း ပြီးဆုံးသွားချေပြီ ။ ၎င်းကို ပုံမှန် မုဒ်ဖြင့် တစ်ကြိမ်အသုံးပြုခြင်းက များစွာ ပျက်စီးဆုံးရှုံးမှု ဖြစ်စေမည်မဟုတ်ပေ ။
သို့သော် ပြဿနာအနည်းငယ်တော့ ရှိနေဆဲဖြစ်၏။ ဤပြဿနာကို ဖယ်ရှားရန်အတွက် သူက ရထားဒင်္ဂါးများကို ဆက်လက်သုံးစွဲရန် သို့မဟုတ် စက်ယန္တရားနဂါးပေါ်တွင် စွမ်းအင်အရင်းအမြစ်အဖြစ် တိုက်ရိုက်အသုံးပြုနိုင်မည့် ပစ္စည်းတစ်ခုခုရရှိရန် နည်းလမ်းရှာရမည်ဖြစ်လေသည် ။
"လောစရာမလိုပါဘူး... နောက်ဆုံးကျရင် ရလာမှာပါ"
အမဲလိုက် စက်ယန္တရားနဂါးကို လက်နက်တပ်ဆင်မှုနေရာထဲသို့ ပြန်လည်သိမ်းဆည်းလိုက်လေ၏ ။
ကျန်ရှိနေသော မိနစ် ၃၀ ရေတွက်မှုကို ကြည့်လိုက်ပေသည်။
ဤဘူတာရုံက ဤနေရာတွင်ပင် ပြီးဆုံးသွားချေပြီ။
"ထွက်ခွာမယ်"