← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း(43)

“အန်တီ.. အမြန်ဆုံး ဆုံးဖြတ်ချက်ချတော့”

ကောရွှေက ကျန်းရှောင်ပေအမေနှင့် ယောင်ပင်းတို့၏ စကားဝိုင်းကို အေးစက်စွာ ဖြတ်ပြောလိုက်သည်။

“သူတို့က အန်တီ့အိမ်ကို ကြိုက်တောင် မကြိုက်ဘူး.. ကျွန်တော်က ဒီအိမ်ကို ဝယ်ပေးဖို့ သူတို့ကို အတင်းတောင်းပန်ထားရတာ.. အန်တီ ရောင်းမှာလား၊ မရောင်းဘူးလား.. ဒါက တစ်သက်မှာ တစ်ခါပဲရမဲ့ အခွင့်အရေးနော်”

ကျန်းရှောင်ပေ အမေ၏ မျက်နှာပေါ်တွင် ယခုလေးတင် ပေါ်လာသော အပြုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

“ကောရွှေ.. မင်းနဲ့ ရှောင်ပေက အတန်းဖော်တွေပဲလေ.. သူတို့နဲ့ ထပ်စကားပြောပေးပြီး ဈေးလေး နည်းနည်းလောက် ထပ်တိုးပေးလို့ မရဘူးလား.. ဒီအိမ်ကို တစ်သိန်းဆိုတာ တကယ်ကို နည်းလွန်းပါတယ်”

ကျန်းရှောင်ပေ၏ အမေသည်က ယောင်ပင်း မဝင်လာမီကကဲ့သို့ပင် ကောရွှေကို ဦးညွတ်တောင်းပန်သည့် အမူအရာသို့ ပြန်ပြောင်းသွားပြန်သည်။

ကောရွှေ စိတ်မရှည်သကဲ့သို့ ကြည့်လိုက်၏။

“ဒီလိုလုပ်.. ကျွန်တော် ကိုယ်တိုင် တစ်သောင်း ထပ်စိုက်ပေးမယ်.. တစ် သိန်း တစ်သောင်း.. ဒါက ကျွန်တော် ပေးနိုင်တဲ့ အများဆုံးပဲ.. အန်တီ သဘောကျရင် ရောင်း၊ မကျရင်လည်း နေတော့..”

ကောရွှေက သူတောင်းစားကို စွန့်ကြဲနေသကဲ့သို့ ပြုမူနေခဲ့သည်။

ကျန်းရှောင်ပေ၏ အမေက အိမ်ကို ရောင်းလိမ့်မည်ဟု သူက သေချာပေါက် ယုံကြည်ထားပေသည်။

ထို့အပြင်သူခေါ်လာသည့် လူနှစ်ယောက်ကိုသာ ရောင်းရလိမ့်မည်။

သူကလွဲပြီး တခြားပိုကောင်းတဲ့ ဝယ်သူကို သူမက အချိန်တိုအတွင်း ရှာတွေ့နိုင်မှာ မဟုတ်ဘူး။

နောက်ဆုံးတော့ သူမက ပိုက်ဆံကို အပူတပြင်း လိုအပ်နေတာပဲလေ။

ယောင်ပင်းက ဝင်မပြောဘဲ အေးစက်စွာ ကြည့်နေခဲ့သည်။

ကျန်းရှောင်ပေအမေ၏ ဝါဖန့်ဖန့် မျက်နှာပေါ်တွင် စိတ်ဆင်းရဲသည့် အမူအရာတစ်ခု ချက်ချင်း ပေါ်လာတော့သည်။

“ကောရွှေ.. အန်တီ တောင်းပန်ပါတယ်.. သူတို့နဲ့ ထပ်စကားပြောပေးပါဦး၊ ဈေးလေး နည်းနည်းလောက် ထပ်တိုးပေးဖို့ ပြောပေးပါဦးနော်.. ဒီအိမ်က ကျန်းရှောင်ပေရဲ့ အသက်ကို ကယ်ဖို့အတွက်ပါ”

ကျန်းရှောင်ပေ၏ အမေမှာ ကောရွှေနှင့် သူ၏ သူငယ်ချင်းများရှေ့တွင် ဒူးထောက်လုနီးပါး ဖြစ်အောင်ပင် တောင်းပန်နေရပေသည်။

မမျှော်လင့်ဘဲ အခြားလူငယ်နှစ်ဦးမှာ ဂရုမစိုက်သကဲ့သို့ တံခါးဆီသို့ လှည့်ထွက်သွားပြီး လှောင်ပြောင်စွာ ပြောလိုက်ကြကုန်၏။

“သခင်လေးကော.. သူ မရောင်းချင်ရင်လည်း ထားလိုက်ပါတော့”

“ဟုတ်တယ်.. ငါတို့ ဒီမှာ အချိန်နေ့ဝက်လောက် ဖြုန်းလိုက်ရပြီ.. ကောရွှေ မင်းကြောင့်သာ မဟုတ်ရင် ငါတို့ လာတောင် မလာဘူး.. ဒီလို စုတ်ပြတ်နေတဲ့ အိမ်ကိုမှ သူက ပိုက်ဆံပိုလိုချင်နေသေးတယ်”

…

ကောရွှေသည်လည်း ကူကယ်ရာမဲ့သကဲ့သို့ ကြည့်လိုက်ပေသည်။

“အန်တီ.. ကျွန်တော် အစွမ်းကုန် လုပ်ပေးပြီးပြီ.. အန်တီ မရောင်းတာကတော့ အန်တီ့အပြစ်ပဲ.. ရှောင်ပေရဲ့ အတန်းဖော်တစ်ယောက်အနေနဲ့ ကျွန်တော် လုပ်ပေးနိုင်တာထက် ပိုလုပ်ပေးပြီးသွားပြီ”

ထိုစကားများကို ကျန်းရှောင်ပေ အမေထံသို့ ပစ်ပေါက်ပြီးနောက် ကောရွှေသည် ထွက်ခွာရန် လှည့်လိုက်ပေသည်။

ကျန်းရှောင်ပေ၏ အမေက သူ့ကို တောင်းပန်လိမ့်မည်ဟု သူက သေချာပေါက် ယုံကြည်ထားပေသည်။

သူသည် တောင်းပန်ခံရသည့် ခံစားချက်ကို အလွန်ကြိုက်နှစ်သက်ဖြစ်ပေသည်။

“ကောရွှေ.. အန်တီ တောင်းပန်ပါတယ်..”

ကောရွှေ မျှော်လင့်ထားသည့်အတိုင်းပင် သူ အိမ်အပြင်သို့ မထွက်မီမှာပင် ကျန်းရှောင်ပေအမေ၏ တောင်းပန်သံကို နောက်ကွယ်မှ ကြားလိုက်ရလေသည်။

ကောရွှေသည် အခြေအနေကို ဆက်ထိန်းရန် အေးစက်စွာ ပြုံးလိုက်ပေသည်။

ထိုစဉ်မှာပင် အတွင်းဘက်မှ အသံတစ်ခု ထွက်ပေါ်လာ၏။

“ဒီအိမ်ကို ကျွန်တော် ဝယ်မယ်.. ကျွန်တော် ၃ သိန်း ပေးမယ်”

တံခါးဆီသို့ လျှောက်သွားနေသော ကောရွှေနှင့် လူငယ်နှစ်ဦးမှာ ရုတ်တရက် ရပ်တန့်သွားကြတော့သည်။

ကောရွှေမှာ သူကိုယ်တိုင် စိတ်ကူးယဉ်နေသည်လားဟု ထင်မှတ်ကာ နောက်ဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်မိပေသည်။

အိမ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ထွက်ခွာရန် ပြင်နေသည့် ကောရွှေနှင့် သူ၏ သူငယ်ချင်းနှစ်ဦးမှာ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး ဝေခွဲမရသည့် အကြည့်များဖြင့် အိမ်ထဲသို့ ပြန်ကြည့်လိုက်ကြတော့သည်။

ကောရွှေသည်လည့် သူ၏ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး ကျန်းရှောင်ပေ၏ အမေကို တစ်လှည့်၊ ယောင်ပင်းကို တစ်လှည့် ကြည့်ကာ မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“ယောင်ပင်း.. အခု အဲဒီစကားကို မင်းပြောလိုက်တာလား”

ယောင်ပင်းက ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်”

“မင်းက ဒီလို စုတ်ပြတ်နေတဲ့ အိမ်ကို ဝယ်ချင်တယ်ပေါ့ ဟုတ်လား”

“ဟုတ်တယ်”

“၃ သိန်း ပေးမယ် ဟုတ်လား”

“အတိအကျပဲ”

ကောရွှေ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ယောင်ပင်းကို ခေါင်းအစ ခြေအဆုံး သေချာ စိုက်ကြည့်လိုက်ပေသည်။

ယောင်ပင်းသည် သူသိထားသော ယောင်ပင်းအတိုင်းပင် ဖြစ်ပေသည် ။

တစ်ကိုယ်လုံး တန်ဖိုးနည်းအဝတ်အစားများ ဝတ်ဆင်ထားပြီး စုစုပေါင်းတန်ဖိုးမှာ ယွမ်တစ်ရာပင် ကျော်နိုင်မည် မဟုတ်ချေ။

မှန်ပေသည်။ ယောင်ပင်းက ဆင်းရဲသော အရှုံးသမားတစ်ယောက်နှင့် တူနေဆဲပင်။

သို့သော် ဤအရှုံးသမားက ကျန်းရှောင်ပေ၏ အိမ်ကို ဝယ်ရန် သုံးသိန်း ပေးမည်တဲ့လား။ သူတို့ ပေးထားသည့် ဈေးထက် နှစ်သိန်းတောင် ပိုပေးမည်ဟုပြောနေသည်။

သူက ပိုက်ဆံတွေ ဘယ်က ရတာလဲ။

ခေတ္တမျှ မှင်သက်သွားပြီးနောက် ကောရွှေက ယောင်ပင်းက သုံးသိန်း ထုတ်ပေးနိုင်စွမ်း မရှိလောက်ဟု ကောက်ချက်ချလိုက်ပေသည်။

သူ သုံးသိန်းပေးမည်ဟု ပြောရခြင်းမှာ ကျန်းရှောင်ပေ၏ အမေအတွက် ဒေါသဖြေပေးရန်နှင့် သူတို့ရှေ့တွင် ဟန်ရေးပြရန်သာ ဖြစ်ရမည်။

ထိုသို့ တွေးမိပြီးနောက် ကောရွှေသည် ကျန်လူငယ်နှစ်ဦးဘက်သို့ လှည့်ကာ မျက်စိမှိတ်ပြလိုက်၏။

“သခင်လေးကု၊ သခင်လေးလု.. ကြားလိုက်ကြလား.. ဒီဆင်းရဲသားကောင်က အခုပဲ ဒီအိမ်စုတ်ကို သုံးသိန်းပေးပြီး ဝယ်မယ်တဲ့.. ငါတို့ ပေးတဲ့ဈေးထက် နှစ်သိန်းတောင် ပိုပေးမယ်ဆိုပဲ”

သခင်လေးကုနှင့် သခင်လေးလု

ဟု ခေါ်ဝေါ်သော လူငယ်နှစ်ဦးမှာ ယောင်ပင်းကို အထင်အမြင်သေးစွာဖြင့် စစ်ဆေးကြည့်ပြီးမှ ပြောလိုက်ကြသည်။

“၃ သိန်း ဟုတ်လား.. ဒီလို အိမ်စုတ်အတွက်လား.. သူ့အဝတ်အစားကို ကြည့်ရတာ တစ်ရာဖိုးလောက်ပဲ တန်မှာပါ.. သူက သုံးသိန်းကို ဘယ်က ရမှာလဲ”

“ဒီကောင်က လေလုံးထွားနေတာပဲ၊ ကောင်းပြီလေ.. သူက ဝယ်ချင်တယ်ဆိုရင်တော့ ငါတို့က ဖယ်ပေးရမှာပေါ့.. ဒီကောင် တကယ်ပဲ သုံးသိန်း ထုတ်ပေးနိုင်မလားဆိုတာ ငါကြည့်ချင်သေးတယ်”

“သုံးသိန်း ထုတ်ပေးဖို့ နေနေသာသာ.. (၃၀)တောင် ထွက်လာဖို့ မလွယ်လောက်ပါဘူး”

…

သခင်လေးကုနှင့် သခင်လေးလုတို့က တစ်ယောက်တစ်ခွန်း လှောင်ပြောင်လိုက်ကြသည်။

သူတို့သည်က အထက်တန်းကျောင်းသားများသာ ရှိသေးသဖြင့် သခင်လေးကုနှင့် သခင်လေးလုတို့အတွက်ပင် သုံးသိန်းဆိုသည်မှာ အတော်အတန် များပြားသော ပမာဏ ဖြစ်ပေသည်။

တန်ဖိုးနည်း အဝတ်အစားများ ဝတ်ဆင်ထားသော ယောင်ပင်းကဲ့သို့ အရှုံးသမားတစ်ယောက်က တကယ်ပဲ သုံးသိန်း ထုတ်ပေးနိုင်ပါ့မလား။

ဟာသလုပ်မနေစမ်းနဲ့။

ယောင်ပင်း၏ မျက်လုံးထဲတွင်ျော့ ကောရွှေနှင့် သူ၏ အပေါင်းအပါ သုံးဦးမှာ ကလေးကလား ပြုမူနေကြခြင်းသာ ဖြစ်ပေသည်။

ထို့ကြောင့် သူတို့ မည်မျှပင် လှောင်ပြောင်နေပါစေ ယောင်ပင်းက ဝင်မပြောဘဲ သူတို့ကို ငြိမ်သက်စွာသာ ကြည့်နေခဲ့ပေသည်။

ယောင်ပင်း၏ တိတ်ဆိတ်မှုကြောင့် သူ့ဘက်မှ ရည်ရွယ်ချက်ရှိရှိ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်ဟူသော ကောရွှေ၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေခဲ့ပေသည်။

ယောင်ပင်းနှင့် အတန်းဖော်အဖြစ် တစ်နှစ်တာ ပတ်သက်ဖူးသဖြင့် သူ၏ မိသားစု အခြေအနေကို ကောရွှေ အသိဆုံးဖြစ်ပေသည်။

ယောင်ပင်း၏ ကျောင်းလခမှာပင် သူ၏ အမေ ဈေးရောင်း၍ ရသော ငွေလေးဖြင့် ပေးနေရခြင်း ဖြစ်လေ၏။

အိမ်ဝယ်ရန် သုံးသိန်းကို သူက အည်သည့်နေရာက ရမည်နည်း။

“ကောင်းပြီ.. ယောင်ပင်းက အိမ်ဝယ်ချင်တယ်.. ပြီးတော့ ဈေးကောင်းလည်း ပေးတယ်ဆိုတော့လည်း ငါတို့က လွှတ်ပေးရမှာပေါ့”

ကောရွှေသည် သခင်လေးကုနှင့် သခင်လေးလုတို့ကို မျက်စိမှိတ်ပြ၍ တံခါးဆီသို့ ဆွဲခေါ်သွားလေသည်။

ယောင်ပင်း သုံးသိန်း ထုတ်မပေးနိုင်ကြောင်း သူ သေချာပေါက် သိနေသည်။

သူ အိမ်တံခါးဝကို ကျော်လိုက်သည်နှင့် ကျန်းရှောင်ပေ၏ အမေက သူ့ကို တောင်းပန်ရလိမ့်မည်ဟု သူ ပို၍ သေချာနေပေသည်။

ထိုအခါမှ သူက ယောင်ပင်းကိုလည်း တစ်ခါတည်း အရှက်ခွဲပစ်မည်ဖြစ်ပြီး ယခင်က ယောင်ပင်း၏ လှည့်စားခြင်း ခံခဲ့ရသည့် အရှက်ကိုပါ ပြန်ယူမည်ဟု ကြံစည်ထားသည်။

သူ ထင်ထားသည့်အတိုင်းပင် ကောရွှေတို့ ထွက်သွားရန် ပြင်လိုက်သည်နှင့် ကျန်းရှောင်ပေ၏ အမေက အပြေးအလွှား လာရောက်ကာ ကောရွှေ၏ လက်ကို တင်းကျပ်စွာ ဆွဲကိုင်၍ တောင်းပန်တော့သည်။

“ကောရွှေ.. ရှောင်ပင်းက နားမလည်လို့ ပြောတာပါ.. သူ့ကို စိတ်မရှိပါနဲ့.. ဒီလိုလုပ်ပါ.. တစ်သိန်းနဲ့ပဲ ရောင်းပါ့မယ်.. အန်တီ ဒီအိမ်ကို မင်းတို့ကိုပဲ ရောင်းပါ့မယ်”

ကောရွှေနှင့် သူ၏ အဖွဲ့မှာ သူမ၏ စုဆောင်းငွေများကို မျက်စိကျနေပြီး ဈေးကို တမင်နှိမ်ထားခြင်း ဖြစ်ကြောင်း သူမ သိရှိသော်လည်း

တစ်သိန်းနှင့် ရောင်းလိုက်ခြင်းက အနည်းဆုံးတော့ သူမ၏ လက်ငင်းအခက်အခဲကို ဖြေရှင်းပေးနိုင်ပေလိမ့်မည်။

ပိုက်ဆံ လုံးဝ မရှိခြင်းထက်တော့ သာသည် မဟုတ်ပါလား။

“အန်တီ”

ကျန်းရှောင်ပေ၏ အမေက ကောရွှေကို တောင်းပန်နေသည်ကို မြင်သောအခါ ယောင်ပင်း အလွန်ပင် စိတ်မကောင်း ဖြစ်မိပေသည်။

သူ ထရပ်လိုက်ပြီး ကျန်းရှောင်ပေ၏ အမေကို တားဆီးရန် ကြိုးစားလိုက်၏။

သို့သော် သူ လက်လှမ်းလိုက်သည်နှင့် ကျန်းရှောင်ပေ၏ အမေက သူ့ကို တွန်းဖယ်လိုက်ပေသည်။

“ရှောင်ပင်း.. အန်တီက ပိုက်ဆံ တကယ် အပူတပြင်း လိုနေလို့ပါ.. ပြဿနာ မရှာပါနဲ့တော့နော်”

ကျန်းရှောင်ပေ၏ အမေက ယောင်ပင်းကို အလျင်အမြန် ပြောလိုက်ပြီးနောက် ကောရွှေကို ထပ်မံ တောင်းပန်ပြန်သည်။

“မင်း အဲဒီ တစ်သိန်းကို လက်ငင်းငွေသားနဲ့ ပေးနိုင်မလား”

အရာအားလုံးမှာ ကောရွှေ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်ပေသည်။

သူသည်က သခင်လေးကုနှင့် သခင်လေးလုတို့ကို ဂုဏ်ယူဝင့်ကြွားစွာ ပြုံးပြလိုက်ပြီးနောက် မျက်နှာထားကို တင်းမာကာ ပြောလိုက်၏။

“အန်တီ.. ငွေသားပေးလို့ ရပါတယ်၊ ဒါပေမဲ့ ယောင်ပင်းက ကျွန်တော်တို့ကို အရင်ဆုံး တောင်းပန်ရမယ်.. သခင်လေးကုနဲ့ သခင်လေးလုတို့ကို ဒီကို လာဖို့ ကျွန်တော်ဘယ်လောက် အတင်းတောင်းပန်ထားရလဲ သိလား..

သူတို့က ပုံမှန်ဆို ဘယ်လောက် အလုပ်များလဲဆိုတာရော သိလား.. ဒီမှာ သူတို့ အချိန်တွေ ဘယ်လောက် အလဟဿ ဖြစ်သွားရပြီလဲ”

ယောင်ပင်းက လူကောင်းလုပ်ချင်နေတာလား။

ကောရွှေက ကျန်းရှောင်ပေ အမေ၏ ရှေ့မှာပင် ယောင်ပင်းကို အရှက်ခွဲပြီး ယောင်ပင်း၏ မျက်နှာကို ကောင်းကောင်း ရိုက်ပစ်မည်။

ဆင်းရဲသားတွေက သူ့ရှေ့မှာ ချမ်းသာချင်ယောင်ဆောင်နေတာကို သူ အမုန်းဆုံးပဲ။

ကောရွှေ စကားပြောပြီးသည်နှင့် သခင်လေးကုနှင့် သခင်လေးလုတို့ကလည်း ပျင်းရိပျင်းတွဲဖြင့် ဝင်ပြောလိုက်ကြသည်။

“ဟုတ်တယ်.. ဒီကောင်သာ တောင်းပန်ရင်တော့ ကောရွှေ့ရဲ့ မျက်နှာကို ထောက်ပြီး ငါတို့ ငွေသား ပေးနိုင်ပါတယ်”

“ဘာစောင့်နေတာလဲ.. အခုချက်ချင်း တောင်းပန်လိုက်လေ”

*

အခန်း(44) ဘဏ် ကတ် လက်ကျန်ငွေ

ကောရွှေတို့ သုံးဦးလုံးမှာ ယောင်ပင်း အရှက်ရနေသည်ကို မြင်တွေ့ရန် စောင့်ဆိုင်းနေကြသည်။

ကျန်းရှောင်ပေ၏ အမေသည်လည်း ကူကယ်ရာမဲ့စွာဖြင့် ယောင်ပင်းထံသို့ လှည့်ကာ တောင်းပန်ပြန်သည်။

“ရှောင်ပင်း.. အန်တီ့ကို ကူညီတဲ့အနေနဲ့ သူတို့ကို တောင်းပန်လိုက်ပါနော်”

သူမသည်က ပိုက်ဆံအပူတပြင်း လိုအပ်နေသဖြင့် ယောင်ပင်းကို ကောရွှေတို့အား တောင်းပန်ခိုင်းခြင်းမှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ချေ။

“အန်တီ.. သူတို့က တမင် လုပ်နေတာပါ”

ယောင်ပင်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ပြီး ကျန်းရှောင်ပေ၏ အမေကို နားဝင်အောင် ဖျောင်းဖျရန် ကြိုးစားလိုက်သည်။

“ကျွန်တော် ဒီအိမ်ကို ဝယ်မယ်လို့ ပြောပြီးသားပဲလေ”

ကောရွှေက ချက်ချင်းပင် စကားဖြတ်ပြောလိုက်သည်။

“ငါတို့က တမင်လုပ်တယ် ဟုတ်လား.. ဘာကို ဆိုလိုတာလဲ.. ကောင်းပြီလေ.. မင်းက အတော်ဆုံး၊ အမွန်မြတ်ဆုံးပဲ.. ကောင်းပြီ.. ငါတို့ မဝယ်တော့ဘူး.. အိမ်ကို မင်းပဲ ဝယ်လိုက်တော့.. မင်း သုံးသိန်း ပေးမယ်ဆို.. ပေးလေ”

“ဟုတ်တယ်.. ပါးစပ်က ပြောရတာ လွယ်တာပဲ.. မင်း သုံးသိန်း ပေးမယ်ဆိုရင် ငါက ငါးသိန်း ပေးမယ်ကွာ.. ပိုက်ဆံသာ ထုတ်ပြလိုက်”

“ဆင်းရဲသားတွေက ချမ်းသာချင်ယောင်ဆောင်ရတာကို အရမ်းကြိုက်ကြတာပဲ”

…

ယောင်ပင်း သုံးသိန်း မထုတ်ပေးနိုင်ကြောင်း သူတို့ သုံးဦးလုံး သေချာနေကြပေသည်။

သူတို့တင်မက ကျန်းရှောင်ပေ၏ အမေကိုယ်တိုင်လည်း ယောင်ပင်းထံတွင် ထိုမျှလောက် ပိုက်ဆံ မရှိနိုင်ဟု ထင်နေခဲ့လေ၏။

ကောရွှေတို့ မဝယ်တော့ဟု ကြားလိုက်ရသောအခါ သူမ ချက်ချင်း ထိတ်လန့်သွားပြီး ယောင်ပင်း၏ လက်ကို ဆွဲကာ တောင်းပန်တော့သည်။

“ရှောင်ပင်း.. အန်တီ တောင်းပန်ပါတယ်.. ကောရွှေတို့ကို တောင်းပန်လိုက်ပါနော်.. အန်တီ တကယ်ပဲ လမ်းပျောက်နေလို့ပါ.. အန်တီ မင်းကို ဒူးထောက်ပြီး တောင်းပန်ရမလား”

စကားမဆုံးမီမှာပင် ကျန်းရှောင်ပေ အမေ၏ ဒူးများမှာ ခွေကျသွားပြီး ယောင်ပင်းရှေ့တွင် တကယ်ပင် ဒူးထောက်တော့မည့်အမူအရာ ဖြစ်နေခဲ့သည်။

ယောင်ပင်းက သူမကို အမြန်ပင် ဆွဲထူလိုက်ပြီးပြောလာခဲ့သသ်။

“အန်တီ.. ဒီလိုမျိုး မလုပ်ပါနဲ့.. ကျွန်တော် အန်တီ့အိမ်ကို တကယ် ဝယ်ချင်တာ.. ဒါပေမဲ့ ကျွန်တော့်ဆီမှာ လက်ငင်းငွေသား ပါမလာသေးဘူး၊

ဒီလိုလုပ်ပါလား၊ ဘဏ်က ဘယ်မှာလဲဆိုတာ ကျွန်တော့်ကို ပြောပြလေ၊ ကျွန်တော် အန်တီ့အတွက် သုံးသိန်းကို အရင်ဆုံး သွားထုတ်ပေးပါ့မယ်”

သူသည်လည်း ကူကယ်ရာမဲ့နေရပေသည်။

သူက ကျန်းရှောင်ပေ၏ အိမ်ကို ဝယ်မည်ဟု အခိုင်အမာ ပြောနေသော်လည်း ကောရွှေတို့က မယုံသည်ကို ထားဦး၊ ကျန်းရှောင်ပေ၏ အမေကိုယ်တိုင်ကပါ မယုံကြည်ဘဲဖြစ်နေခဲ့သည်။

“ဘဏ်ကို သွားမလို့လား”

ကောရွှေက လှောင်ပြောင်လိုစွာ ပြောလိုက်သည်။

“ဘဏ်ကဘယ်မှာလဲဆိုတာ ငါသိတယ်၊ ငါတို့မှာ ကားလည်း ပါတယ်၊ မင်းကို ဘဏ်ကို လိုက်ပို့ပေးမယ်၊

ယောင်ပင်း.. မင်းမှာ ပိုက်ဆံ တကယ်မရှိဘဲ ဟန်ဆောင်ပြီးမှ ထွက်ပြေးဖို့ အကွက်ဆင်နေတာတော့ မဟုတ်ပါဘူးနော်”

ယောင်ပင်းက သုံးသိန်းရှိသည်ဟု ပြောနေသဖြင့် ကောရွှေက ထိုငွေကို ကိုယ်တိုင်ကိုယ်ကျ ထုတ်ပြရအောင် အတင်းအကျပ် လုပ်ဆောင်တော့မည်ပင်။

သူသည် ဤအငြင်းပွားမှုတွင် အနိုင်ရရန် ဆုံးဖြတ်ထားပေသည်။

သခင်လေးကုနှင့် သခင်လေးလုတို့ကလည်း ယောင်ပင်းကို ဘဏ်သို့ လိုက်ပို့ပေးနိုင်ကြောင်း ဝင်ပြောလိုက်ကြ၏။

သူတို့သည် ယောင်ပင်း သုံးသိန်း ထုတ်ပေးနိုင်မည်ကို လုံးဝ မယုံကြည်ကြချေ။

ယောင်ပင်းသည်လည်း သူတို့၏ စိတ်ကူးယဉ်မှုများကို ဂရုမစိုက်တော့ဘဲ ကောရွှေတို့နှင့်အတူ ဘဏ်ရှာရန် လိုက်ပါသွားတော့သည်။

ယခုအခါ ကားလည်းရှိ၊ လမ်းပြမည့်သူလည်း ရှိသဖြင့် သူသည် အနီးဆုံး ဘဏ်သို့ သွားရန် ဝမ်းမြောက်စွာပင် သဘောတူလိုက်ပေသည်။

ကျန်းရှောင်ပေ၏ အမေမှာ အံ့ဩခြင်းနှင့် သံသယများ ဒွန်တွဲနေပြီး ယောင်ပင်းတွင် ပိုက်ဆံ တကယ်ရှိမရှိကို တိတ်တဆိတ် မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ကောရွှေက ပြောလိုက်သည်။

“အန်တီလည်း အတူတူ လိုက်ခဲ့ပါလား ငွေသား ရတာနဲ့ အန်တီ အဲဒီပိုက်ဆံကို ချက်ချင်း ယူလို့ ရတာပေါ့”

အကယ်၍ ကျန်းရှောင်ပေ၏ အမေသာ မလိုက်ပါခဲ့လျှင် ပွဲကြည့်ပရိသတ် ရှိတော့မည် မဟုတ်ချေ။

ပွဲကြည့်ပရိသတ်မရှိပါက ယောင်ပင်းကို အရှက်ခွဲရခြင်းမှာ အဓိပ္ပာယ် မရှိပါချေ။

ဆုံးဖြတ်ပြီးသည်နှင့် သူတို့အဖွဲ့က အနီးဆုံး ဘဏ်သို့ ကားဖြင့် ထွက်ခွာခဲ့ကြလေသည်။

မကြာမီ ကျန်းရှောင်ပေ၏အိမ်နှင့် ၁၀ မိုင်ခန့်အကွာရှိ ကျေးလက်ချေးငွေ သမဝါယမအသင်း တစ်ခုကို သူတို့ ရှာတွေ့ခဲ့ကြသည်။

သူတို့အဖွဲ့က ထိုနေရာသို့ ဝင်သွားလိုက်ကြ၏။

ယောင်ပင်းက ငွေထုတ်ယူရန် ဘဏ်ကတ်ကို ကိုင်၍ ကောင်တာသို့ သွားလိုက်ပြီး ကောရွှေနှင့် အခြားသုံးဦးမှာ သူ၏နောက်ကွယ်မှ စောင့်ဆိုင်းနေကြသည်။

ယောင်ပင်း ဘဏ်ကတ်ကို ဘဏ်ဝန်ထမ်းထံ ပေးအပ်လိုက်ပြီးနောက်တွင် ဝန်ထမ်းသည်လည်း ငွေလွှဲပြောင်းမှုများကို အလျင်အမြန် ဆောင်ရွက်လိုက်ပြီး မော့ကြည့်ကာ မေးလိုက်သည်။

“ပိုက်ဆံ ထုတ်မလို့လား”

“ဟုတ်တယ်”

“ဘယ်လောက်လဲ”

“သုံးသိန်းပါ”

ဘဏ်ဝန်ထမ်းာ ခေတ္တမျှ တွန့်ဆုတ်သွားပြီးမှ ဘဏ်ကတ်ကို ယောင်ပင်းထံ ပြန်ပေးလိုက်သည်။

“စိတ်မရှိပါနဲ့.. ဒီလောက် မရှိသေးလို့ပါ”

ယောင်ပင်းလည်း ကြောင်အသွားတော့သည်။

“ဘာဖြစ်လို့ မရှိတာလဲ”

နောက်မှ နားထောင်နေကြသော ကောရွှေ၊ သခင်လေးကုနှင့် သခင်လေးလုတို့မှာ တဟားဟား ရယ်မောလိုက်ကြလေ၏။

“ဘာလို့ မရှိရမှာလဲ.. မင်းရဲ့ ဘဏ်အကောင့်ထဲမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲဆိုတာ မင်းကိုယ်မင်း မသိဘူးလား၊ ဝန်ထမ်းကို မေးနေရတယ်လို့.. မင်းကတော့ တကယ်ကို ဟန်ဆောင်ကောင်းတဲ့ကောင်ပဲ၊ မင်းလို ရုပ်နဲ့ သုံးသိန်း ထုတ်လို့ ရမယ် ထင်နေတာလား”

“ဒီကို လာစမ်း.. ဒူးထောက်ပြီး တောင်းပန်လိုက်. ဒါဆိုရင် ငါတို့က တစ်သိန်း ငွေသားထုတ်ပြီး အဲဒီအိမ်စုတ်ကို ဝယ်ပေးမယ်”

“ဟားဟား.. မင်းတို့ သိလား၊ ငါတောင် ယောင်ပင်းဆီမှာ သုံးသိန်း တကယ်ရှိနေပြီလို့ ထင်သွားမိတာ”

…

ဘဏ်ဝန်ထမ်းက မရှိပါဟု ပြောလိုက်သောအခါ ကောရွှေတို့ သုံးဦးလုံးမှာ အလွန်ပင် ပျော်ရွှင်သွားကြတော့သည်။

ယခုအခါ သူတို့သည် ယောင်ပင်းကို အပီအပြင် အရှက်ခွဲနိုင်ချေပြီ။

ကျန်းရှောင်ပေ အမေ၏ မျက်နှာမှာ လူသေတစ်ယောက်ကဲ့သို့ ဖြူလျော်သွားတော့သည်။

ယောင်ပင်း၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် ကောရွှေတို့က ဈေးကို ထပ်မံ နှိမ်ပစ်ကြမည်မှာ သေချာပေသည်။

ယောင်ပင်းက ကောရွှေတို့ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ လေးနက်သော အသံဖြင့် မေးလိုက်၏။

“အစ်မ.. ကျွန်တော့်ရဲ့ ဘဏ်ကတ်ထဲမှာ လက်ကျန်ငွေ ဘယ်လောက်ရှိလို့လဲ”

ယောင်ပင်းက သူ၏ဘဏ်ကတ်အတွင်း၌ ပိုက်ဆံမည်မျှကျန်ရှိကြောင်းကို ဝန်ထမ်းအား မေးမြန်းလိုက်သည်။

သူ မှတ်ထားသလောက်ဆိုလျှင် (1.1)သန်းကျော် ရှိနေသင့်သည် မဟုတ်ပါလား။

ကောရွှော ယောင်ပင်း၏အနီးသို့ တိုးကပ်လာပြီး နှာခေါင်းရှုံ့၍ လှောင်ပြောင်လိုက်၏။

“ဝန်ထမ်းပြောတာကို မကြားဘူးလား.. မင်းရဲ့ကတ်ထဲမှာ ပိုက်ဆံမရှိဘူးတဲ့၊ ယောင်ပင်း.. မင်းကတ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ မင်းကိုယ်မင်း တကယ်ပဲ မသိတာလား

ဘာလို့ ငါတို့နဲ့ လိုက်လာပြီး ကိုယ့်ကိုယ်ကို အရှက်ခွဲနေရတာလဲ၊ ပိုက်ဆံမရှိရင်လည်း မရှိဘူးပြောပေါ့၊ ဟန်ဆောင်မနေစမ်းပါနဲ့.”

“ဟားဟား..”

“အရှုံးသမားတစ်ယောက်က ဟန်ရေးပြဖို့ ကြိုးစားနေတာ ရယ်စရာကောင်းချက်ပဲ”

ကုရှောက်နှင့် လုရှောက်တို့က တဟားဟား ရယ်မောလိုက်ကြလေ၏။

ယောင်ပင်းတွင် ပိုက်ဆံမရှိကြောင်း သူတို့ သေချာပေါက် ယုံကြည်နေသဖြင့် သူနှင့်အတူ ဘဏ်သို့ ငွေထုတ်ရန် လိုက်လာခဲ့ခြင်း ဖြစ်ပေသည်။

သူတို့က သူ၏ လိမ်ညာမှုကို မျက်မြင်ကိုယ်တွေ့ ဖော်ထုတ်နိုင်ခဲ့ချေပြီ။

ပို၍ အရေးကြီးသည်မှာ ကျန်းရှောင်ပေ၏ အမေရှေ့တွင် ယောင်ပင်းကို အရှက်ခွဲနိုခဲ့သည်။

ဤသည်က သူတို့၏ရည်ရွယ်ချက်ပင်။

ယောင်ပင်း စကားမပြောနိုင်မီမှာပင် ကောရွှေက ကျန်းရှောင်ပေ၏ အမေကို နောင်တရသည့် အမူအရာဖြင့် ပြောလိုက်သည်။

“အန်တီ.. ကျွန်တော်တို့ ကောင်းကောင်း ဆွေးနွေးနေတာကို ဒီကောင်က ဝင်နှောက်ယှက်လို့ အချိန်တွေ အများကြီး ကုန်သွားပြီ၊

ကုရှောက်နဲ့ လုရှောက်တို့လည်း စိတ်မချမ်းသာဖြစ်ကုန်ကြပြီ.. ဒီလိုလုပ်ရအောင်၊ အဲဒီအိမ်ဈေးကို ထပ်လျှော့လိုက်မယ်၊ ရှစ်သောင်းပဲထားလိုက်.. ငွေသားပဲပေးမယ်၊ ဘယ်လိုလဲ”

ကုရှောက်ကလည်း ဝင်ပြောလိုက်သည်။

“သေစမ်း.. ဒီကောင် နှောင့်ယှက်လိုက်တာနဲ့ ရှစ်သောင်းဆိုတာတောင် အရမ်းများလွန်းနေပြီလို့ ငါထင်တယ်”

လုရှောက်: “ရှစ်သောင်းဆိုလည်း ရှစ်သောင်းပေါ့၊ ကောရွှေ့မျက်နှာကို ထောက်လိုက်ကြတာပေါ့”

သူတို့ သုံးဦးလုံးက တစ်ယောက်တစ်ခွန်း ပြောဆိုကာ အိမ်ဈေးကို နောက်ထပ် နှစ်သောင်း ထပ်မံ လျှော့ချလိုက်ကြ၏။

ကျန်းရှောင်ပေ အမေ၏ မျက်နှာမှာ လူသေတစ်ယောက်ကဲ့သို့ ဖြူလျော်သွားပြီး ယိုင်နဲ့သွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားတော့သည်။

ဤအိမ်မှာ မူလက နှစ်သိန်းခန့် တန်ဖိုးရှိသည် မဟုတ်ပါလား။ ကောရွှေတို့က ထက်ဝက်ခန့် လျှော့ချထားပြီးဖြစ်ပေ၏။

ယခုအခါ အခွင့်ကောင်းယူ၍ နောက်ထပ် နှစ်သောင်း ထပ်မံ လျှော့ချလိုက်ပြန်ပြီ။

ဒါက သူမရဲ့ ဒုက္ခကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်နေတာပဲ။

“အန်တီ.. အရင် ထိုင်လိုက်ပါဦး”

ယောင်ပင်းက ကျန်းရှောင်ပေ၏ အမေကို စောင့်ဆိုင်းခန်းရှိ ထိုင်ခုံတစ်ခုသို့ အမြန်ပင် တွဲပို့ပေးလိုက်ပေသည်။

ကျန်းရှောင်ပေ၏ အမေကို နေရာချပေးပြီးနောက် ယောင်ပင်းက ကောင်တာထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်၏။

သူ၏ မျက်လုံးများမှာ ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။

ကောရွှေသည် သူ၏အတန်းဖော်များကိုသာ အနိုင်ကျင့်တတ်သည့် ဆိုးသွမ်းသော လူငယ်တစ်ဦးဟု သူ ကနဦးက ထင်မှတ်ခဲ့မိသည်။

ကောရွှေသည် ဤမျှအထိ အကျင့်ပျက်ခြစားနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

သူ ကောင်တာသို့ ရောက်သည်နှင့် ဝန်ထမ်းက စကားပြောလာခဲ့သည်။

“ဘာတွေ ဆူညံနေကြတာလဲ.. ကျွန်မတို့ရဲ့ဘဏ်မှာ ဤမျှ ငွေသားအများကြီးမရှိဘူးလို့ ပြောတာပါ.. ဒီလူကြီးမင်းရဲ့ အကောင့်ထဲမှာ သုံးသိန်း မရှိဘူးလို့ ပြောတာ မဟုတ်ဘူး

တစ်နေ့တာ ငွေထုတ်ယူမှု ကန့်သတ်ချက်က ငါးသောင်းပါ.. အဲဒါထက် ကျော်လွန်ရင်တော့ ကြိုတင် ချိန်းဆိုရပါမယ်၊ ဒါက စည်းကမ်းပဲလေ”

ထိုဝန်ထမ်းသည်က ကောရွှေနှင့် သူ၏ သူငယ်ချင်းများ၏ ရိုင်းစိုင်းသော အမူအရာများကို မြင်တွေ့ခဲ့ပြီးဖြစ်လေ၏။ သူတို့က တစ်ပါးသူကို အနိုင်ကျင့်နေသည်ကို မြင်သောအခါ ယောင်ပင်းဘက်မှ ရှေ့နေလိုက်၍ ပြောပေးလိုက်ခြင်း ဖြစ်ပေသည်။

တိတ်ဆိတ်သွားချေပြီ။

ကောရွှေ၊ ကုရှောက်နှင့် လုရှောက်တို့မှာလည်း ကြောင်အမ်းသွားကြလေ၏။

သူတို့ မြင်တွေ့ကြားသိလိုက်ရသည်ကိုပင် လက်မခံနိုင်ဖြစ်နေကြသည်။

ဝန်ထမ်း ဆိုလိုသည်မှာ ယောင်ပင်း၏ ဘဏ်အကောင့်ထဲတွင် သုံးသိန်း ရှိနေသော်လည်း ကြိုတင်ချိန်းဆိုထားခြင်းမရှိသဖြင့် ဘဏ်တွင် ငွေသားမလောက်၍ ထုတ်မပေးနိုင်ခြင်း ဖြစ်သည်ဟု ဆိုလိုခြင်းပင်လား။

ယောင်ပင်းရဲ့ အကောင့်ထဲမှာ ပိုက်ဆံမရှိတာ မဟုတ်ဘူးလား။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

ဒီငမွဲကောင်က ပုံမှန်ဆို အဝတ်အစားသစ်တစ်စုံတောင် ဝယ်ဝံ့တာ မဟုတ်ဘူးလေ။

ဘယ်လိုဖြစ်လို့ ရုတ်တရက် သုံးသိန်းကြီးများတောင် ထွက်လာရတာလဲ။

All Chapters