← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း(49)အလှလေး၏ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါ

ရဲများ၏ လုပ်ဆောင်မှုမှာ မြန်ဆန်လှပေသည်။

လုကျစ်အန်း ဝေခွဲမရဖြစ်နေချိန်မှာပင် သူတို့သည် နာရီပေါ်မှ လက်ဗွေများကို သိမ်းဆည်းပြီးသွားပြီ ဖြစ်ပေသည်။ နောက်တစ်ဆင့်မှာတော့

သူတို့နှစ်ဦးလုံး၏ စားပွဲအံဆွဲများမှ လက်ဗွေများကို သိမ်းဆည်းတော့မည်ပင်။

အချိန်များက ကုန်ဆုံးနေခဲ့လေပြီ။

ထိုအချိန်မှာပင် တံခါးဝမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပေသည်။

“ဘယ်သူက ယောင်ပင်း သူ့နာရီကို ခိုးတယ်လို့ ပြောတာလဲ”

တံခါးဝမှ အသံမှာ ချိုမြိန်လွန်းပြီး သာယာနာပျော်ဖွယ်ရှိသော်လည်း ဒေါသအရိပ်အယောင်များ ရောနှောနေပေသည်။

ထို့နောက်တွင် အတန်း (6)၏ တံခါးဝ၌ မိန်းကလေးတစ်ဦး ပေါ်လာတော့သည်။

ထိုမိန်းကလေးမှာ မျက်လုံးများ တောက်ပပြီး သွားများမှာလည်း ဖြူဖွေးလှပသည်။ သူမ၏ ရုပ်သွင်မှာ ကျောက်စိမ်းကို ထုဆစ်ထားသကဲ့သို့ပင်။

သူမ၏ မျက်လုံးများမှာ အလွန်ပသ့ လှုပ်ရှားသက်ဝင်ပြီး ကြည်လင်နေကာ အကြည့်လွှဲရန်ပင် မဖြစ်နိုင်လောက်အောင် လှပလွန်းပေသည်။

သို့သော် ထိုမိန်းကလေး၏ လှပသော မျက်လုံးများထဲတွင်မူ ဒေါသများ ပြည့်နှက်နေပြီး လုကျစ်အန်းကို စိုက်ကြည့်နေခဲ့သည်။

လုကျစ်အန်းသည်ကား ထိုမိန်းကလေးကို မြင်လိုက်သည့်ခဏမှာပင် သူ၏မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ချက်ချင်း ပေါ်လာတော့သည်။

ယောင်ပင်းမှာလည်း အနည်းငယ် အံ့သြသွားရပေသည်။

အဘယ်ကြောင့်ဆိုသော် တံခါးဝတွင် ရပ်နေသော မိန်းကလေးမှာ အခြားသူမဟုတ်ဘဲ မိုရှောက်ယောင် ဖြစ်နေသောကြောင့်ပင်။

မိုရှောက်ယောင်သည်က ယနေ့ ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းသို့ လာရောက်ရခြင်းမှာ နောက်သုံးရက်တွင် ကျရောက်မည့် သူမ၏ မွေးနေ့ပါတီသို့ ယောင်ပင်းထံသို့ ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားရန်အတွက် ဖြစ်ပေသည်။

သို့သော် သူမ တံခါးဝသို့ ရောက်သည်နှင့် အတန်းထဲတွင် လုကျစ်အန်းက ယောင်ပင်းကို နာရီခိုးသည်ဟု စွပ်စွဲနေသည့် တိုးတိုးတိတ်တိတ် စကားသံများကို ကြားလိုက်ရသည်။

သူမက ယောင်ပင်းအတွက် သည်းမခံနိုင်ဖြစ်သွားသဖြင့် ချက်ချင်းပင် မေးခွန်းထုတ်လိုက်ခြင်း ဖြစ်၏။

“ယောင်ယောင်၊ မင်း.. မင်း ဘာလို့ ဒီကို ရောက်နေတာလဲ”

လုကျစ်အန်းက စိတ်ကို ထိန်းလိုက်ပြီး ဖြစ်ညှစ်၍ပြုံးကာ မိုရှောက်ယောင်ကို နှုတ်ဆက်လိုက်သည်။

သို့သော် သူ၏ အသံမှာ အပြစ်ရှိစိတ်ကြောင့် အနည်းငယ် တုန်ရီနေခဲ့သည်။

ပုံမှန်ဆိုလျှင် လုကျစ်အန်းအနေဖြင့် မိုရှောက်ယောင်ကို တွေ့ရသဖြင့် အလွန်ပင် ဝမ်းသာနေလိမ့်မည်။

သို့သော် ဤအခြေအနေမျိုးတွင် သူ မတွေ့ချင်ဆုံးသော လူမှာ မိုရှောက်ယောင် ဖြစ်ပေသည်။

မိုရှောက်ယောင်က လုကျစ်အန်းကို အေးစက်စွာ စိုက်ကြည့်ပြီး မေးလိုက်သည်။

“ယောင်ပင်းက ရှင့်ရဲ့ နာရီကို ခိုးတယ်လို့ ပြောတာလား”

“မဟုတ်ပါဘူး၊ အဲဒါက..”

“ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းမှာ ခိုးမှုကျူးလွန်ရင် ကျောင်းထုတ်ခံရမယ်ဆိုတာ ရှင်သိတယ်မလား”

“ငါ.. ငါ သိပါတယ်”

“ဒါဆိုရင်၊ တကယ်လို့ ယောင်ပင်းက ရှင့်ရဲ့ ပစ္စည်းကို မခိုးခဲ့ဘူးဆိုရင်ရော”

“ဒါက..”

မိုရှောက်ယောင်က သူ့ကို အတင်းအကျပ် မေးမြန်းနေသဖြင့် လုကျစ်အန်းမှာ ချွေးများ ပြန်လာပြီး စကားပင် ဆက်မပြောဝံ့တော့ချေ။

မိုရှောက်ယောင်က သူ့ကို ထပ်မမေးတော့ဘဲ ကျောင်းအုပ်ကြီးဘက်သို့ လှည့်လိုက်သည်။

“ကျောင်းအုပ်ကြီး၊ တကယ်လို့ ရှင့်ရဲ့ ကျောင်းသားတစ်ယောက်က မကောင်းတဲ့ စိတ်ထားနဲ့ တစ်ပါးသူကို မဟုတ်မမှန် စွပ်စွဲခဲ့ရင် ရှင့်အနေနဲ့ ဘယ်လို ကိုင်တွယ်မလဲ”

ကျောင်းအုပ်ကြီးမှာလည်း ငတုံးမဟုတ်ပေ။

မိုရှောက်ယောင်ာ ယောင်ပင်းကို ကာကွယ်ပေးနေခြင်းဖြစ်ကြောင်း သူ သိသည်။

ထို့ကြောင့် မိုရှောက်ယောင်က မေးမြန်းသည့်အခါ ကျောင်းအုပ်ကြီးက အလျင်အမြန်ပင် ဖြေလိုက်ပေသည်။

“အမှုကြီးရင်တော့ ကျောင်းထုတ်ပစ်ရမှာပေါ့”

“ကောင်းပြီ”

မိုရှောက်ယောင်က ခေါင်းညိတ်လိုက်ပြီး လုကျစ်အန်းဘက်သို့ လှည့်လိုက်သည်။

“လုကျစ်အန်း၊ ကျောင်းအုပ်ကြီး ပြောတာကို ကြားတယ်မလား”

လုကျစ်အန်းက အေးစက်သော ချွေးများကို သုတ်လိုက်ပြီး အမြန်ပင် ခေါင်းညိတ်လိုက်ရပေသည်။

မိုရှောက်ယောင်သည်က လုကျစ်အန်းကို လျစ်လျူရှုကာ ကပ္ပတိန်ကောင်းထံသို့ တိုက်ရိုက်သွားပြီး မေးမြန်းလိုက်၏။

“ကပ္ပတိန်ကောင်း၊ နောက်ထပ် လုပ်ထုံးလုပ်နည်းက ဘာလဲ”

“သူတို့ နှစ်ယောက်လုံးကို ရဲစခန်းကို ခေါ်သွားပြီး ထွက်ဆိုချက်ယူမယ်၊ ပြီးရင် လက်ဗွေတွေကို နှိုင်းယှဉ်စစ်ဆေးရမှာပါ”

“ကောင်းပြီ၊ ကျွန်မလည်း ယောင်ပင်းနဲ့အတူ လိုက်ခဲ့မယ်”

“သခင်မလေး၊ ဒါက မဖြစ်သင့်ဘူးလေ”

ကပ္ပတိန်ကောင်းက အံ့အားသင့်သွားပြီး သူမကို အမြန်ပင် တားဆီးလိုက်ပေသည်။

မိုရှောက်ယောင်က ယောင်ပင်းထံသို့ လျှောက်သွားပြီး သူ၏ လက်မောင်းကို တိုက်ရိုက်ပင် ဆွဲကိုင်လိုက်လေသည်။

“သွားရအောင်.. ကျွန်မ ရှင်နဲ့အတူ ရဲစခန်းကို လိုက်ခဲ့မယ်”

အတန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ လူတိုင်းလည်း ကြောင်အမ်းသွားကြလေ၏။

အထူးသဖြင့် ကျောင်းအုပ်ကြီးပင် ဖြစ်ပေသည်။

သူသည်က မိုရှောက်ယောင်နှင့် ယခင်က တွေ့ဖူးသည်။ သို့သော် မိုရှောက်ယောင်သည်က သူတို့ကျောင်းသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။

ထို့အပြင် သူမက ယောင်ပင်းအတွက် လာခဲ့ခြင်း ဖြစ်ပေသည်။

ပြီးတော့ သူမက ယောင်ပင်းနဲ့အတူ ရဲစခန်းကိုတောင် လိုက်သွားချင်နေတယ်တဲ့လား။

ဒါက ဘာကို ဆိုလိုတာလဲ။ ဒါက ယောင်ပင်းက မိုရှောက်ယောင်အတွက် အရမ်းကို အရေးကြီးတဲ့သူ ဖြစ်နေတာကို ဆိုလိုတာပဲ။

သူ့၏ မျှော်လင့်ချက်များကို ယောင်ပင်းအပေါ် ထားခဲ့ခြင်းက မှန်ကန်ပုံရသည်။

တစ်ဖက်တွင်လည်း လုကျစ်အန်းသည်က ယောင်ပင်း၏ လက်မောင်းကို ဆွဲကိုင်ထားသော မိုရှောက်ယောင်၏ လက်ကို စိုက်ကြည့်ရင်း နာကျည်းမှုကြောင့် အံကြိတ်နေမိတော့သည်။

သူ၏ အေးစက်မြင့်မြတ်ပြီး မည်သူ့ကိုမျှ အဖက်မလုပ်သော နတ်သမီးလေးက ယောင်ပင်း၏ လက်မောင်းကို တက်တက်ကြွကြွ ဆွဲကိုင်လိုက်သည်တဲ့လား။

သူ့ရဲ့မျက်စိရှေ့မှာလေ..

သို့သော် သူ့ဘက်မှ မည်သည့်အရာကိုမှ မတတ်နိုင်ဘဲ ကြည့်နေခဲ့ရသည်။

“ရှောက်ယောင်၊ မင်း တကယ်ပဲ လိုက်ခဲ့ဖို့ မလိုပါဘူး၊ ကိစ္စမရှိပါဘူး”

ယောင်ပင်းက မိုရှောက်ယောင်ကို တိုးတိုးလေး ပြောလိုက်ပေသည်။

“ကျွန်တော် ခဏနေရင် ပြန်လာခဲ့ပါ့မယ်”

ယောင်ပင်းက မိုရှောက်ယောင်နှင့် စကားပြောသည့်အချိန်တွင် အသံက မသိမသာ နူးညံ့သွားခဲ့သည်။

လုကျစ်အန်းက သူ့ကို နာရီခိုးသည်ဟု စွပ်စွဲခဲ့ပြီး သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းနီးပါးက သူ့ကို သံသယဝင်နေကြသော်လည်း မိုရှောက်ယောင် တစ်ဦးတည်းသာလျှင် တွေဝေခြင်းမရှိဘဲ သူ၏ဘေး၌ ရပ်တည်ပေးကာ သူ့ကို အခိုင်အမာ ယုံကြည်ပေးခဲ့သည်။

ယောင်ပင်း၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်လျှံလာတော့သည်။

သူ စိတ်ထဲမှ ကတိတစ်ခုကို တိတ်တဆိတ် ပြုလိုက်ပေသည်။

သူ့အနေဖြင့် မိုရှောက်ယောင်ကို သူ၏ တစ်သက်လုံး ကောင်းကောင်း စောင့်ရှောက်သွားမည်။

မိုရှောက်ယောင်ကတော့ သူနှင့်လိုက်ရန်သာ အတင်းအကျပ် ပြောနေပေသည်။

“ဟင့်အင်း၊ ရှင် ဘယ်ကိုပဲသွားသွား ကျွန်မ ရှင်နဲ့အတူ လိုက်မယ်”

“ကျွန်တော် တကယ်ပဲ အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့..”

လူတိုင်း၏ အကြည့်များအောက်တွင် ယောင်ပင်းနှင့် မိုရှောက်ယောင်တို့မှာ တစ်ဦးကိုတစ်ဦး ငြင်းခုံနေခဲ့ကြသည်။

တစ်ဦးက လိုက်မည်ဟု ပြောကာ အခြားတစ်ဦးက လိုက်ခွင့်မပြုချေ။

ကျောင်းအုပ်ကြီးက ပြုံးရွှင်စွာဖြင့် ကြည့်နေပြီး၊ အတန်းထဲမှ ကျောင်းသားများမှာလည်း အားကျသည့် အကြည့်များဖြင့် ကြည့်နေခဲ့ကြလေ၏။

လုကျစ်အန်းမှာတော့ သူ၏ သွားများကို အမှုန့်ဖြစ်မတတ် ကြိတ်နေမိတော့သည်။

ဤမြင်ကွင်းမှာ သူ့အတွက်တော့ လုံးဝ သည်းမခံနိုင်စရာဖြစ်နေသည်။

သူတို့နှစ်ဦး သဘောထား မတိုက်ဆိုင်ဖြစ်နေသည်ကို မြင်သောအခါ ကျောင်းအုပ်ကြီးက ကပ္ပတိန်ကောင်းအား တိုးတိုးလေး ပြောလိုက်သည်။

“ကပ္ပတိန်ကောင်း၊ ကျွန်တော့်ရဲ့ ရုံးခန်းထဲမှာပဲ ထွက်ဆိုချက်ယူရင် ဘယ်လိုလဲ”

အကယ်၍ သူသာ မိုမိသားစုမှ သခင်မလေးကို ရဲစခန်းအထိ လိုက်သွားပြီး အလုပ်ရှုပ်အောင် လုပ်လိုက်မည်ဆိုလျှင် သူ၏ အနာဂတ်မှာ ကုန်ဆုံးသွားပေလိမ့်မည်။

“ကောင်းပြီ၊ ကောင်းပြီ .. ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းကို သွားကြရအောင်”

ကပ္ပတိန်ကောင်းသည်လည်း ထိုကဲ့သို့ပင် တွေးနေသဖြင့် အလျင်အမြန်ပင် သဘောတူလိုက်ပေသည်။

သူကဲ့သို့ ကပ္ပတိန်တစ်ဦးအနေဖြင့် မိုမိသားစုမှ သခင်မလေးကို ရဲကားဖြင့် ရဲစခန်းသို့ ခေါ်သွားရန် မည်သို့ ဝံ့ရဲပါ့မည်နည်း။ အကယ်၍ အပြင်လောကကသာ မိုသခင်မလေး၏ ဂုဏ်သိက္ခာကို သံသယဝင်သွားမည်ဆိုလျှင် သူ့အနေဖြင့် ရာထူးမှ ပြုတ်သွားနိုင်ပေသည်။

ကပ္ပတိန်ကောင်း သဘောတူလိုက်သဖြင့် ကျောင်းအုပ်ကြီးလည်း စိတ်သက်သာရာရသွားတော့သည်။

ဤသို့ဖြင့် သူတို့အဖွဲ့က ကျောင်းအုပ်ကြီး၏ ရုံးခန်းသို့ ရောက်ရှိလာကြ၏။ ရုံးခန်းထဲရောက်သည်နှင့် ရဲအရာရှိတစ်ဦးက လုကျစ်အန်း၏ ထွက်ဆိုချက်ကို ယူပြီး၊ ကပ္ပတိန်ကောင်း ကိုယ်တိုင်ကတော့ ယောင်ပင်း၏ ထွက်ဆိုချက်ကို ယူလိုက်သည်။

မိုရှောက်ယောင်ကတော့ ယောင်ပင်း၏ နောက်ကွယ်တွင် မတ်မတ်ရပ်ကာ သူ ထွက်ဆိုချက်ပေးနေသည်ကို ကြည့်နေခဲ့သည်

ကျောင်းအုပ်ကြီးက မျက်နှာချိုသွေးကာ သူမအား ဖိတ်ခေါ်လိုက်သေးသည်။

“သခင်မလေး၊ ဆိုဖာပေါ်မှာ ထိုင်ပြီး စောင့်ပါလား မတ်တပ်ရပ်နေရတာ ပင်ပန်းပါလိမ့်မယ်”

“သူ မတ်တပ်ရပ်နေရင် ကျွန်မလည်း မတ်တပ်ရပ်မယ်”

မိုရှောက်ယောင်က ချက်ချင်းပင် ငြင်းဆိုလိုက်သည်။

“ကျွန်မ သူ့ဘေးမှာပဲ နေမယ်”

“ဒါက..”

ကျောင်းအုပ်ကြီး ဝေခွဲမရဖြစ်သွားပြန်သည်။

သူသည်က ကပ္ပတိန်ကောင်းကို ထပ်မံ၍ တောင်းဆိုလိုက်ရသည်။

“ကပ္ပတိန်ကောင်း၊ ယောင်ပင်းကို ထိုင်ပြီး ထွက်ဆိုချက်ပေးခွင့် ပြုပါလား၊ ဒါက ကျောင်းမှာပဲလေ.. ကိစ္စကြီးကြီးမားမားလည်း မဟုတ်ပါဘူး၊ အဲဒီလောက်အထိ အလေးအနက်ထားဖို့ မလိုပါဘူး..”

“စိတ်မပူပါနဲ့၊ ဘာတွေပဲ ဖြစ်လာလာ ကျွန်တော် တာဝန်ယူပါတယ်”

ကျောင်းအုပ်ကြီးသည် မိုရှောက်ယောင်ကို နှစ်သိမ့်ရန် ကြိုးပမ်းနေချိန်မှာပင် ရန်ပိုင်ရှင်းနှင့် လုကျစ်အန်းတို့မှာ ဒေါသကြောင့် သွေးအန်မတတ် ခံစားနေရတော့သည်။

အရင်တုန်းက ကျောင်းသားတစ်ယောက်က အတန်းဖော်ဆီကနေ ယွမ်(100)လောက် ခိုးလိုက်တုန်းက ကျောင်းအုပ်ကြီးက ကျောင်းရှေ့မှာပဲ အပြစ်တင်ပြီး ကျောင်းထုတ်ပစ်ခဲ့တာလေ။

အခု လုကျစ်အန်းရဲ့ ငါးသောင်းနီးပါး တန်တဲ့နာရီကို ယောင်ပင်းရဲ့ အံဆွဲထဲမှာ တွေ့ခဲ့တာတောင် ဒါက ကိစ္စမကြီးဘူးတဲ့လား။

ဒီနှစ်ခွစံနှုန်းကတော့ တကယ်ကို သိသာလွန်းတယ်။

သို့သော်လည်း သူတို့အထဲမှ မည်သူမျှ တစ်ခွန်းမျှပင် ကန့်ကွက်စကား မပြောဝံ့ကြချေ။

အထူးသဖြင့် ရန်ပိုင်ရှင်းပင် ဖြစ်ပေသည်။

ပထမတော့ သူသည်က မိုရှောက်ယောင်၏ အဆင့်အတန်းကို မသိခဲ့ချေ။ သို့သော် ကျောင်းအုပ်ကြီးနှင့် ကပ္ပတိန်ကောင်းတို့က မိုရှောက်ယောင်ကို ဤမျှအထိ ရိုသေလေးစားနေသည်ကို မြင်သောအခါ သူ ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

မိုရှောက်ယောင်၏ အဆင့်အတန်းမှာ ကပ္ပတိန်ကောင်းထက် များစွာ သာလွန်ပေသည်။

ထိုအကြောင်းကို သိလိုက်ရပြီးနောက် ရန်ပိုင်ရှင်းမှာ ချွေးအေးစိုစွတ်လာတော့သည်။

ယောင်ပင်း၏ ဖုန်းတစ်ချက်နှင့် ကပ္ပတိန်ကောင်းတို့ အဖွဲ့ ချက်ချင်းရောက်လာခြင်းကပင် ရန်ပိုင်ရှင်းကို အံ့အားသင့်စေခဲ့ပြီးဖြစ်သည်။

သို့သော် ယခုတွင် ကပ္ပတိန်ကောင်းထက်ပင် အဆင့်အတန်းမြင့်သော မိုရှောက်ယောင် ပေါ်လာပြန်ပြီဖြစ်၍ ရန်ပိုင်ရှင်းအနေဖြင့် မထိတ်လန့်ဘဲ မနေနိုင်ပါချေ။

ယောင်ပင်းက ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး အင်အားကြီးတဲ့ နောက်ခံတွေကို ရှာတွေ့သွားရတာလဲ။ ပြီးတော့ သူ့နောက်ခံတွေက တစ်ယောက်ထက်တစ်ယောက် ပိုပြီး အင်အားကြီးနေကြသေးတယ်။

ကျောင်းအုပ်ကြီး၏ အကြံပြုချက်ကို ကြားသောအခါ ကပ္ပတိန်ကောင်းက ချက်ချင်းပင် ပြောလိုက်သည်။

“ယောင်ပင်း၊ မင်း ခုံမှာ ထိုင်ပြီး ထွက်ဆိုချက်ပေးလို့ ရပါတယ်၊ ကျောင်းအုပ်ကြီး ပြောတာ မှန်တယ်၊ ဒါက ကျောင်းထဲမှာပဲလေ၊ အဲဒီလောက်အထိ တရားဝင်ဖြစ်နေဖို့ မလိုပါဘူး”

ကပ္ပတိန်ကောင်း စကားပြောပြီးသည်နှင့် နောက်ထပ်ရဲတစ်ဦးက ယောင်ပင်း ထိုင်ရန်အတွက် ထိုင်ခုံတစ်ခုကို ချက်ချင်း ယူလာပေးတော့သည်။

လုကျစ်အန်းမှာတော့ မျက်လုံးပြူးကာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။

သူသည်က သိသိသာသာပင် “နစ်နာသူ” ဖြစ်သော်လည်း ထွက်ဆိုချက်ပေးရန်အတွက် မြေးတစ်ယောက်ကဲ့သို့ မတ်တပ်ရပ်နေရပြီး၊ “သံသယတရားခံ” ယောင်ပင်းက‌တော့ သက်သောင့်သက်သာထိုင်ကာ ထွက်ဆိုချက်ပေးနိုင်သည်တဲ့လား။

*

အခန်း(50) ကျောင်းနတ်ဘုရား၏ ရောဂါ

ကျောင်းအုပ်ကြီးနှင့် ကပ္ပတိန်ကောင်းတို့၏ ဘက်လိုက်မှုမှာ အလွန်ပင် သိသာလွန်းပေသည်။

သူ မွေးဖွားလာချိန်မှ ယခုအချိန်ထိ သူသည်က အမြဲတစေ အလိုလိုက်ခံခဲ့ရသူ ဖြစ်ပေသည်။

ထို့ကြောင့် ဤအခြေအနေတွင် ယောင်ပင်းနှင့် နှိုင်းယှဉ်လိုက်သောအခါ လုကျစ်အန်းက မကျေမနပ်ဖြစ်လာရပြီး ပြောလိုက်၏။

“အရာရှိကြီး၊ ကျွန်တော်လည်း ထိုင်ပြီး ထွက်ဆိုချက်ပေးလို့ ရမလား”

ယောင်ပင်း ထိုင်လို့ရရင် သူလည်း ထိုင်လို့ ရမှာပေါ့။

မမျှော်လင့်ဘဲ သူ စကားပြောပြီးသည်နှင့် ကပ္ပတိန်ကောင်းက သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“မင်း ဘာတွေ စဉ်းစားနေတာလဲ! မတ်တပ်ပဲ ရပ်နေစမ်း”

“အဟွတ် အဟွတ်.. ဟွတ်”

လုကျစ်အန်းမှာ အသက်ရှူပင် မှားသွားပြီး ချောင်းဆိုးသွားခဲ့ရသည်။

ရုံးခန်းအတွင်းရှိ လေထုမှာ ရုတ်တရက် အလွန်ပင် တိတ်ဆိတ်သွားတော့သည်။ ရန်ပိုင်ရှင်းမှာတော့ ပညာရှိစွာဖြင့် တိတ်ဆိတ်၍သာ နေခဲ့သည်။

သူသည်က လုကျစ်အန်း၏ ကိစ္စကို ဂရုမစိုက်နိုင်တော့ချေ။ သူ၏ အနာဂတ်ကို ဆက်လက် ထိန်းသိမ်းထားနိုင်လျှင်ပင် ကံကောင်းလှပြီမဟုတ်ပါလား။

၁၀ မိနစ်ခန့် ကြာပြီးနောက် ထွက်ဆိုချက်ပေးခြင်း ပြီးဆုံးသွားလေသည်။

ကပ္ပတိန်ကောင်းနှင့် ရဲအရာရှိနှစ်ဦးတို့သည်လည်း ထွက်ခွာရန် ပြင်လိုက်ကြ၏။

မိုရှောက်ယောင်က ချက်ချင်းပင် မေးလိုက်သည်။

“ကပ္ပတိန်ကောင်း၊ လက်ဗွေနှိုင်းယှဉ်ချက်ရလဒ်က ဘယ်တော့လောက် ရနိုင်မလဲ”

“နှစ်ရက်လောက်တော့ ကြာမှာပါ၊ ပြီးရင်တော့ အကြောင်းကြားစာကို စောင့်ရမှာပေါ့”

“အမြန်ဆုံးဆိုရင်ရော”

“အမြန်ဆုံးဆိုရင်တော့ တစ်နာရီလောက်ပေါ့”

“ကောင်းပြီ၊ ကျွန်မတို့ စောင့်မယ်”

လူတိုင်း၏ မျက်လုံးများမှာ တစ်ဖန် ပြူးကျယ်သွားပြန်သည်။

လက်ဗွေတွေကို ယူသွားပြီလေ။

မိုရှောက်ယောင်က နှစ်ရက်တောင် မစောင့်နိုင်ဘူးလား။

ကျောင်းအုပ်ကြီးက သတိကြီးစွာဖြင့် အကြံပြုလိုက်သည်။

“နှစ်ရက်ဆိုတာ သိပ်မကြာပါဘူး ရလဒ်ထွက်လာတာနဲ့ ကပ္ပတိန်ကောင်းက ကျောင်းကို ချက်ချင်း အကြောင်းကြားမှာပါ”

မိုရှောက်ယောင်က ခေါင်းခါလိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

“တကယ်လို့ ကျွန်မသာ မဟုတ်မမှန် စွပ်စွဲခံရမယ်ဆိုရင် နှစ်မိနစ်ဆိုတာတောင် ကျွန်မအတွက် အရမ်းကို ကြာလွန်းနေပြီ”

သူမက ရလဒ်ကို ဤရုံးခန်းထဲတွင်ပင် စောင့်နေမည်ဟု ဆိုလိုပင်။

ကျောင်းအုပ်ကြီးနှင့် ကပ္ပတိန်ကောင်းတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေ၏။

ကပ္ပတိန်ကောင်းက ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။

“ရှောင်တင်၊ သိမ်းထားတဲ့ လက်ဗွေတွေကို အခုပဲ စခန်းကို ယူသွားလိုက်၊ နှိုင်းယှဉ်ချက်ရလဒ် ထွက်လာတာနဲ့ ချက်ချင်း ပြန်လာခဲ့”

ရှောင်တင်ဟု ခေါ်သော ရဲအရာရှိက ခေါင်းညိတ်၍ သဘောတူလိုက်ပြီး မေးလိုက်သည်။

“ကပ္ပတိန်၊ ကပ္ပတိန်ကရော”

ကပ္ပတိန်ကောင်းက မြန်မြန်သွားရန် လက်ဝှေ့ယမ်းပြလိုက်သည်။

“ငါ ဒီမှာပဲ စောင့်နေမယ်၊ မင်း မြန်မြန်သွားတော့”

မိုမိသားစုမှ သခင်မလေးတောင် ယောင်ပင်းနှင့်အတူ စောင့်နိုင်သေးတယ်ဆိုရင် သူက ဘာလို့ မစောင့်နိုင်ရမှာလဲ။

ရုံးခန်းအတွင်း တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ ရန်ပိုင်ရှင်းနှင့် လုကျစ်အန်းတို့မှာ ချွေးများချွဲနစ်နေကြတော့သည်။

မိုရှောက်ယောင်နှင့် ကပ္ပတိန်ကောင်းတို့က စစ်ဆေးချက်ရလဒ်ကို ကိုယ်တိုင်ကိုယ်ကျ စောင့်ဆိုင်းနေကြပေသည်။

ဒါက ဘာကို ဆိုလိုတာလဲ။

ယောင်ပင်းက သူတို့ ထိပါး၍ ရနိုင်သော လူတစ်ဦး မဟုတ်တော့ကြောင်း ဆိုလိုခြင်း ဖြစ်ပေသည်။

လုကျစ်အန်းမှာ ပို၍ပင် စိတ်မအေးနိုင်ဖြစ်နေခဲ့သည်။ ယခင်ကဆိုလျှင် သူသည်က အဆက်အသွယ်များကို အသုံးချကာ လက်ဗွေနှိုင်းယှဉ်ချက်ရလဒ်ကို ပြောင်းလဲနိုင်ပေလိမ့်မည်။

သို့သော် ယခုတွင်တော့ ကပ္ပတိန်ကောင်းက နှိုင်းယှဉ်စစ်ဆေးချိန်ကို တစ်နာရီကျော်ခန့်သာ သတ်မှတ်လိုက်ပြီး လူတိုင်းကလည်း ကျောင်းအုပ်ကြီး၏ ရုံးခန်းတွင် စောင့်ကြည့်နေကြသဖြင့် သူ့အနေဖြင့် တစ်ခုခုကို ပြုပြင်ပြောင်းလဲရန် အချိန်မရှိတော့ချေ။

သူ ယောင်ပင်းကို မဟုတ်မမှန် စွပ်စွဲခဲ့သည်မှာ မကြာမီ ပေါ်ပေါက်တော့မည်ပင်။

သို့သော် ယနေ့တွင် မိုရှောက်ယောင်လရ်း ရှိနေသေးသည်။

အကယ်၍ သူ၏ နတ်သမီးလေးသာ သူ့ဘက်မှ ယောင်ပင်းကို မဟုတ်မမှန် စွပ်စွဲခဲ့သည်ကို သိသွားခဲ့လျှင် သူသည်က သူမနှင့် ပတ်သက်၍ နောက်ထပ် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။

သူ ဘာလုပ်သင့်လဲ။

လုကျစ်အန်းမှာ အလွန်ပင်ပျာယာခတ်နေတော့သည်။

အချိန်များက ကုန်ဆုံးသွားခဲ့လေသည်။

လုကျစ်အန်းက စိတ်ကို တင်းလိုက်ပြီး နောက်ဆုံး၌ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။

*

ရလဒ်ထွက်ရန် ဆယ်မိနစ်ခန့်သာ လိုတော့သဖြင့် ရဲအရာရှိ ရှောင်တင်က မကြာမီ ပြန်ရောက်လာတော့မည်ပင်။

လုကျစ်အန်းက ပို၍ပင် ပျာယာခတ်လျက် စိတ်မအေးနိုင်ဖြစ်နေခဲ့သည်။

ထို့နောက်တွင်တော့ သူသည် သူ၏ဘဝတွင် အရှက်အရဆုံးနှင့် သိက္ခာအကျဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။

သူက အံကိုတင်းတင်းကြိတ်ကာ ခန္ဓာကိုယ်ကို တမင်တကာ ယိမ်းထိုးပြလိုက်ပြီးနောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

လဲကျသွားပြီးနောက် လုကျစ်အန်း၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး ခြေလက်များမှာ ထိန်းမနိုင်သိမ်းမရ တုန်ခါလာကာ မျက်လုံးများ လန်တက်သွားပြီး ပါးစပ်မှလည်း အမြှုပ်များ ထွက်လာတော့သည်။

အစစ်အမှန်နှင့် တူစေရန်အတွက် လုကျစ်အန်းသည် ကြမ်းပြင်ပေါ်သို့ တည့်တည့်ကြီး အားဖြင့်လဲချလိုက်ခြင်း ဖြစ်ပေသည်။

ဒုန်း..

သူ၏ နောက်ကျောက ကြမ်းပြင်နှင့် ရိုက်မိသံတို့က ပြင်းပြင်းထန်ထန် ထွက်ပေါ်လာ၏။

လုကျစ်အန်းမှာ ထိုဒဏ်ကြောင့် မူးမေ့လုနီးပါးဖြစ်သွားပြီး နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံးရှုံ့မဲ့သွားကာ မျက်စိထဲတွင် ကြယ်များ လွင့်ပျံနေသော်လည်း အသံမထွက်ဝံ့ဘဲ အောင့်အည်းထားခဲ့ရသည်။

လုကျစ်အန်းာ လူတိုင်း၏ အာရုံစိုက်မှုကို အောင်မြင်စွာ ရရှိလိုက်ပေသည်။

သူ၏ဘေးတွင် ရပ်နေသော ရဲအရာရှိမှာ သူရုတ်တရက် လဲကျသွားသည်ကို မြင်သဖြင့် လန့်သွားပြီး သူ့ကို စစ်ဆေးရန် အမြန်ပင် ဆောင့်ကြောင့်ထိုင်လိုက်သည်။

“ဟေး.. ကျောင်းသား၊ ဘာဖြစ်တာလဲ”

ကျိုးဟိုင်ပေါ်လည်း ထိတ်လန့်သွားတော့သည်။

“ကျစ်အန်း.. ကျစ်အန်း ဆရာပြောတာ ကြားရလား၊ ခုနတင်က ကောင်းနေတာပဲကို ဘယ်လိုဖြစ်ပြီး ဒီလို လဲကျသွားရတာလဲ”

လုကျစ်အန်းသည်က သူ၏ အချစ်ဆုံး ကျောင်းသား ဖြစ်ပေ၏။ ထို့ကြောင့် သူ ရုတ်တရက် လဲကျကာ အကြောဆွဲနေသည်ကို မြင်သောအခါ ကျိုးဟိုင်ပေါ်မှာ ထိတ်လန့်သွားသလို စိတ်မကောင်းလည်း ဖြစ်မိပေသည်။

“ဒါ.. ဒါက ဝက်ရူးပြန်ရောဂါပဲ!”

ရန်ပိုင်ရှင်းက အော်လိုက်သည်။

“ကျောင်းသားလုက ဝက်ရူးပြန်ရောဂါ ထဖောက်နေတာပဲ”

ကျောင်းအုပ်ကြီးလည်း ကြောက်လန့်သွားတော့သည်။

“ဝက်ရူးပြန်ရောဂါ ဟုတ်လား၊ မင်းတို့ ဘာရပ်ကြည့်နေကြတာလဲ၊ သူ့ကို အခုချက်ချင်း ဆေးပေးခန်းကို ပို့ကြစမ်း”

လုကျစ်အန်း၏ မိသားစုမှာ မိုမိသားစုလောက် မချမ်းသာသော်လည်း ပင်းဟိုင်၏ အထက်တန်းလွှာထဲတွင် ပါဝင်ပေသည်။

အကယ်၍ လုကျစ်အန်းသာ ကျောင်းတွင် တစ်ခုခုဖြစ်သွားလျှင် ကျောင်းအနေဖြင့် ထိုအတွက် တာဝန်မယူနိုင်ပါချေ။

ကျိုးဟိုင်ပေါ် သတိပြန်ဝင်လာသည်။

“ကျွန်တော် ကျောင်းသားအချို့ကို သွားခေါ်ပြီး ကျစ်အန်းကို ဆေးပေးခန်း အရင်ပို့လိုက်ပါ့မယ်”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ကျောင်းသားတွေ သွားခေါ်”

“မြန်မြန်လုပ်!”

ကျိုးဟိုင်ပေါ်သည်က လုကျစ်အန်းကို သယ်,ယူရန်အတွက် ကျောင်းသားများခေါ်ရန် အပြင်သို့ ပြေးထွက်သွားတော့သည်။

ထိုအချိန်တွင် ယောင်ပင်းက အရှေ့သို့ လှမ်းလာပြီး ဆောင့်ကြောင့်ထိုင်ကာ ပြောလိုက်သည်။

“ကျောင်းအုပ်ကြီး၊ ဝက်ရူးပြန်ရောဂါ ရုတ်တရက် ထဖောက်တာက အရမ်း အန္တရာယ်များတယ်၊ လူနာက သတိမေ့နေတုန်းမှာ သူ့ရဲ့ လျှာကို ကိုက်မိနိုင်တယ်”

“ဒါဆို.. ဘာလုပ်ရမလဲ”

“ကျေးဇူးပြုပြီး စားပွဲပေါ်က ခွက်ကို ယူပေးပါ”

“ဟုတ်ပြီ၊ ဟုတ်ပြီ!”

ကျောင်းအုပ်ကြီးက ခွက်ကို အမြန်ဆွဲယူကာ ယောင်ပင်းထံ ပေးလိုက်သည်။

ယောင်ပင်းက မည်သည်ကိုမှ မစဉ်းစားတော့ဘဲ လုကျစ်အန်း၏ ပါးစပ်ကို ဖြဲဟလိုက်ပြီး ထိုခွက်၏ အစိတ်အပိုင်းတစ်ခုကို ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်တော့သည်။

လုကျစ်အန်းမှာ ထိုခွက်ကြောင့် ပျို့အန်မတတ် ဖြစ်သွားသော်လည်း အသံမထွက်ဝံ့ဘဲ အောင့်အည်းထားခဲ့ရလေ၏။

“ပြီးတော့ရော”

“သူ့ရဲ့ နှာခေါက်အောက်က အမှတ်ကို ဖိပေးရမယ်၊ အားပြင်းပြင်းနဲ့ ဖိလေ ပိုကောင်းလေပဲ”

ယောင်ပင်းက ကျောင်းအုပ်ကြီးကို လုပ်ခိုင်းခြင်းမရှိဘဲ သူကိုယ်တိုင်ပင် ဖိပေးလိုက်သည်။

သူာ လုကျစ်အန်း၏ နှာခေါင်းအောက်ကို အတော်လေး အားထည့်၍ ဖိလိုက်လေသည်။

နာကျင်မှုကြောင့် လုကျစ်အန်း၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသော်လည်း သူသည်က မအော်ရဲဘဲ ဆက်လက် အောင့်အည်းနေရသည်။

လုကျစ်အန်းက မအော်နိုင်ဘဲ နာကျင်မှုကို တောင့်ခံနေသည်ကို မြင်သောအခါ ယောင်ပင်းက အားကို အနည်းငယ် ထပ်တိုးလိုက်ပြန်သည်။

စွမ်းအားတစ်ခုမှာ လုကျစ်အန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ချက်ချင်း ပြန့်နှံ့သွားတော့၏။

တုန်ခါနေသော လုကျစ်အန်းမှာလည်း ရုတ်တရက် ငြိမ်ကျသွားလေသည်။

“တကယ် အလုပ်ဖြစ်တာပဲ!”

ကျောင်းအုပ်ကြီးက အံ့အားသင့်တကြီး အော်လိုက်သည်။

“ဟုတ်တယာ၊ ဒါပေမဲ့ ဆေးပေးခန်းမှာတော့ ဆက်ပြီး စစ်ဆေးဖို့ လိုပါသေးတယ်”

ယောင်ပင်းက ထရပ်လိုက်ပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

သူ အသုံးပြုလိုက်သော အားက လုကျစ်အန်းကို တစ်ပတ်ခန့် လေဖြတ်နေစေရန် လုံလောက်ပေသည်။

ဒါက လုကျစ်အန်းအတွက် သူပေးတဲ့ အပြစ်ဒဏ်ပဲ။

လုကျစ်အန်းက ဟန်ဆောင်နေခြင်းဖြစ်ပြီး သူကလည်း မဖော်ထုတ်ခဲ့ဘဲ ပူးပေါင်းဆောင်ရွက်ပေးကာ ကုသပေးလိုက်သည်။

ယောင်ပင်း ထရပ်လိုက်ပြီးနောက်တွက် ကျောင်းအုပ်ကြီးက ဖြစ်ပျက်နေသောအခြေအနေကို ရုတ်တရက် သတိရသွားပြီး ကပ္ပတိန်ကောင်းဘက်သို့ မျက်နှာချိုသွေးကာ လှည့်၍ ရှင်းပြလေသည်။

“ကပ္ပတိန်ကောင်း၊ ဒါက..”

“ရပါတယ်၊ လူနာက ပိုအရေးကြီးတယ်လေ”

ကပ္ပတိန်ကောင်း၏ မျက်လုံးများထဲတွင် အဓိပ္ပာယ်တစ်ခု ပါဝင်နေပေသည်။

“ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ယောင်ပင်းရဲ့ အရေးပေါ် ကူညီပေးမှုကို ကျေးဇူးတင်ရမှာပဲ”

သူသည်က ရဲအရာရှိအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်လာသူ ဖြစ်ရာ ရာဇဝတ်ကောင်မျိုးစုံကို မြင်ဖူးပြီးသား ဖြစ်ပေသည်။

ဤကဲ့သို့သော လှည့်ကွက်လေးဖြင့် သူ့ကို လှည့်စားနိုင်မည်ဟု ထင်နေသည်လား။

သူသည်က ကျောင်းအုပ်ကြီး၏ရှေ့တွင် ယောင်ပင်းကို ချီးကျူးရန် အခွင့်အရေး ယူလိုက်ခြင်းသာ ဖြစ်ပေသည်။

ကျောင်းအုပ်ကြီးကလည်း မြှောက်ပင့်ကာ ပြုံးလိုက်သည်။

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဒီတစ်ကြိမ်မှာတော့ ယောင်ပင်းကို တကယ်ပဲ ကျေးဇူးတင်ရမှာပါ၊ လုကျစ်အန်းသာ သူ့လျှာကို သူ ကိုက်လိုက်မိရင်တော့ ခက်ကုန်တော့မှာပဲ”

ကျောင်းအုပ်ကြီးမှာလည်း ပါးနပ်သော လူတစ်ဦးသာ ဖြစ်ပေသည်။

လုကျစ်အန်းက ဟန်ဆောင်နေခြင်းဖြစ်ပြီး ယောင်ပင်းက တမင်တကာ ကလဲ့စားချေနေခြင်းဖြစ်ကြောင်းကို သူ အဘယ်ကြောင့် မသိဘဲ နေပါမည်နည်း။

သို့သော်လည်း အချို့အရာများကိုတော့ ထုတ်မပြောဘဲ ထားခြင်းက ပို၍ ကောင်းပေသည်။

အဘယ်ကြောင့် အရာအားလုံးကို ရှင်းလင်းနေရန် လိုအပ်မည်လဲ။

မိုသခင်မလေး စိတ်ချမ်းသာနေလျှင်ပင် လုံလောက်ပြီ မဟုတ်ပါလား။

လုကျစ်အန်း ဒုက္ခရောက်ရခြင်းမှာတော့ သူကိုယ်တိုင် ရှာခဲ့ခြင်းသာ ဖြစ်ပေသည်။

သူက ဘာလို့ ယောင်ပင်းကို သွားပြီး ရန်စခဲ့တာလဲ။

လုကျစ်အန်းကို ဆုံးမပြီးနောက် ယောင်ပင်းက မိုရှောက်ယောင်၏ ဘေးသို့ ပြုံးလျက် ပြန်ရောက်လာခဲ့သည်။

မိုရှောက်ယောင်က ယောင်ပင်းကို ကြည့်လိုက်ကာ သူမ၏ မျက်လုံးများမှာလည်း တောက်ပသော ကြယ်ပွင့်များကဲ့သို့ဖြစ်နေခဲ့သည်။

သူမသည်က ယောင်ပင်းနှင့် အချိန်ကုန်ဆုံးလေလေ သူ့ကို ပို၍ စိတ်ဝင်စားစရာ ကောင်းသည်ဟုထင်လာလေလေ ဖြစ်ပေသည်။

သူ လုကျစ်အန်းကို ဆုံးမပုံကပင် ထူးခြားပြီး ရယ်စရာကောင်းလွန်းသည်။ လုကျစ်အန်း နာကျင်သော်လည်း ထုတ်မပြောနိုင် ဖြစ်နေရရှာသည်။

ခေတ္တမျှကြာပြီးနောက် ကျိုးဟိုင်ပေါ်က ကျောင်းသားအချို့နှင့်အတူ အမောတကော ပြေးဝင်လာခဲ့သည်။

“မင်းတို့တွေ.. မြန်မြန်လေး ကျစ်အန်းကို ဆေးပေးခန်းဆီ သယ်သွားကြစမ်း”

ကျောင်းသားများသည်လည်း လုကျစ်အန်း၏ မျက်လုံးများ လန်တက်နေပြီး ခန္ဓာကိုယ်မှာ တုန်ခါနေကာ ပါးစပ်မှ အမြှုပ်များ စဉ်ဆက်မပြတ် ထွက်နေသည်ကို မြင်သောအခါ ထိတ်လန့်သွားကြတော့သည်။

“ဆရာ၊ အတန်းခေါင်းဆောင် ဘာဖြစ်တာလဲ”

“မင်းတို့ နားမလည်ပါဘူး၊ ဒါက ဝက်ရူးပြန်ရောဂါလေ၊ အကြောဆွဲတယ်လို့လည်း ခေါ်တယ်၊ ငါ အရင်က မြင်ဖူးတယ်၊ ဝက်ရူးပြန်ရောဂါ ထဖောက်ရင် ဒီလိုပုံစံပဲ၊ အရမ်း ကြောက်စရာကောင်းတာ”

“ဒါဆို.. ငါတို့ အတန်းခေါင်းဆောင်မှာ တကယ်ပဲ ဝက်ရူးပြန်ရောဂါ ရှိနေတာပေါ့ ဟုတ်လား”

All Chapters