လှပတဲ့ အချိန်အခါလေး
Vol. 3 Ch. 32
စုမင် မျက်လုံးများကို ပိတ်လိုက်သည်။ ယခုည သူမြင်ခဲ့ရသည့် မြင်ကွင်းများက ရင်ကိုလေးလံစေပြီး နှလုံးသားကို တင်းကျပ်နေစေ၏။ ဒါကိုက အထီးကျန်ဆန်၍ ဝမ်းနည်းစရာ ခံစားချက် ဖြစ်သည်။
မီးလျှံမာန်မျိုးနွယ်စုမှ လူသေအလောင်းမှာ အဘယ်သူနည်း။ လရဲ့အတောင်ပံအဖြစ် ပြောင်းလဲမသွားခင် ကိုယ့်ဘဝကိုယ် အဆုံးသတ်နိုင်ခဲ့သူလား။ သို့တည်းမဟုတ် မီးလျှံမာန်မျိုးနွယ်စု၏ အစွမ်းထက် မာန်စွမ်းအားရှင် တစ်ယောက်ပင်လော။
စုမင်မှာ ထူးဆန်းလှသည့် အလောင်းအကြောင်းကို ပြန်တွေးပြီး သက်ပြင်းချလိုက်၏။ အတွေးများက မြင်ခဲ့ရသည့် မြင်ကွင်းထက်ပင် ပိုမို ရှုပ်ထွေးနေ၏။
"မာန်ကို ရယူလိုတဲ့ဆန္ဒဟာ
အနယ်နယ် အရပ်ရပ်ကို ပျံ့နှံ့တယ်
သွေးကိုမီးတောက်မှာ လောင်ကျွမ်းခံလို့
စိတ်လိုလက်ရ
မိုးကောင်းကင်ကို ပြာချ
အဆုံးမရှိတဲ့ ဒီလောကမှာ တိမ်တွေကနေ မီးတောက်လ ဖြစ်ပေါ်လာခဲ့တာက အမှန်ဖြစ်ခဲ့လျှင်
ငါ့ကိုယ်ထဲက သွေးတွေကို လောင်ကျွမ်းစေလို့
ငါအသေအချာ တွေးဆပါ့မယ်
အများဆုံး ကိုးခု
ကျန်တစ်ခုဟာ ဥပဒေ
မီးတောက် မာန်သွေးကို ထွန်းညှိလို့
ကိုးကို ကိုးကွယ်
ငါတို့အား မီးတောက်မာန်ရဲ့ အာဏာကုန် ပိုင်ဆိုင်နိုင်စွမ်း ပေးပါ "
အထက်ပါ စာသားတို့၏ အဓိပ္ပာယ်ကို စုမင်လုံးဝ နားမလည်ပေ။ သူ စဉ်းစားနေစဉ် အနားမှာရပ်ကြည့်နေသည့် ပိုင်လင်းကို တွေ့သွား၏။ ပိုင်လင်းက ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်နေသည်။ သူမပုံစံက တခုခုကို စူးစမ်းနေသလို။ သည်နေရာကို မည်သည့် ရည်ရွယ်ချက်နှင့် အသုံးပြုနေကြောင်း ပိုင်လင်း မသိသေးမှန်း သိသာလှသည်။
"သွားကြစို့... ပိုင်မိန်းကလေး"
စုမင်က မပွင့်တပွင့်ပြုံးပြီး ဂူထဲမှ တွားသွားပြီး ထွက်ပေါက်မှ ထွက်လာခဲ့လိုက်သည်။
ပိုင်လင်းက သူ့နောက်မှ ကပျာကယာ လိုက်လာလိုက်၏။ သူမအနေဖြင့် ယခုအရပ်မှ ထွက်ခွာလိုသည်မှာ အတော်ကြာနေပြီ။ သည်နေရာတွင် အသက် တစ်ခါရှူလိုက်တိုင်း စိတ်ကို တစ်ခါ မသက်မသာ ဖြစ်စေ၏။
ဥမင်လိုဏ်ခေါင်းမှ ထွက်လာသည့်အခါ ၎င်းတို့၏အရေပြားအား လေပြင်းတစ်ချက်က ဖြတ်တိုက်သွားရာ မုန်တိုင်းထဲပင် လွင့်ပါ သွားတော့မတတ် ထင်မြင်ရ၏။ နဘေးမှ ကျောက်တုံးကို မြဲမြံစွာ ဆုပ်ကိုင်ထားသည့် ပိုင်လင်း၏ မျက်နှာလေးမှာ ဖြူဖျော့နေလေသည်။
သူမမှာ မျိုးနွယ်စုတွင် ငယ်ငယ်ကတည်းက အလိုလိုက်ခံရပြီး ကြီးပြင်းလာသည်သူဖြစ်၍ ယခုလို တောင်မျိုး တစ်ခါမျှ တက်ခဲ့ဖူးသည် မဟုတ်ပေ။ အံကို တင်းတင်းကြိတ်၍ တောင့်ခံထားသည့်တိုင် သူမ၏ ဖြူဖပ်ဖြူရော် မျက်နှာလေးမှာ အဘယ်မျှအထိ ကြောက်ရွံ့နေကြောင်း အထင်အရှား မြင်နေရလေ၏။
စုမင် ပိုင်လင်းကို ကြည့်လိုက်၏။ ဒီလောက်လှသည့် မိန်းကလေးမျိုး သူ့ဘဝတွင် တစ်ခါမျှ မမြင်ဘူးခဲ့။ သူမ၏ ဖြူဖျော့နေသော မျက်နှာလေးကပင် နူးညံ့သိမ်မွေ့လွန်းနေ၏။
"ကောင်းပြီ။ ငါမင်းကို ကျောပိုးမယ်"
စုမင် ခေါင်းကုတ်လိုက်သော်လည်း သူ့နှလုံးခုန်သံက ပိုပို မြန်ဆန်လာသည်။
“နင် ...”
ပိုင်လင်း ခဏတွေဝေသွားပြီး တောင်ခြေကို ငုံ့ကြည့်လိုက်၏။ အဆုံးမရှိသည့် အသူရာ ချောက်နက်ကြီး အလားပင်။ နောက်ဆုံး သူမ ခေါင်းညိတ်လိုက်သည်။
စုမင် စိတ်ဓာတ်တက်သွားပြီး ပိုင်လင်းရှေ့ ထိုင်ချလိုက်သည်။ ပိုင်လင်းမှာ ရှက်သွေးဖြာနေသော နီတီတီမျက်နှာလေးနှင့် စုမင်ကျောပေါ် တိတ်တဆဆိတ် တက်လိုက်၏။ သူမ လက်မောင်းလေးများမှာ စုမင်၏လည်တိုင်တွင် နေရာယူလိုက်လေတော့၏။
စုမင် မျက်တောင်ကို တဖျတ်ဖျတ် ခတ်လိုက်သည်။ သူ့နောက်ကျောပေါ်မှ သူမရဲ့ အထိအတွေ့မှာ နူးနူးညံ့ညံ့လေး ဖြစ်နေသည်။ သူ့နှာဝသို့ အမွှေးနံ့လေး ပျံ့လွင့်လာ၏။ ရင်ဘတ်ထဲ ပြောပြ၍မတတ်သည့် ခံစားမှုလေး ပွင့်လန်းလာသည်မို့ ရုတ်တရက် အသက်ပြင်းပြင်း ရှူလိုက်မိသည်။
"ဟေး ... တင်းတင်း ကိုင်ထားနော်။ မင်းပြုတ်ကျမှ ငါ့ကိုအပြစ်မတင်နဲ့"
သို့သော် စုမင် နောက်ကျောဘက်က မည်သည့်အသံမှ ထွက်မလာခဲ့။ ခေတ္တ တွေဝေနေပြီးနောက် စုမင်က တောင်တက်ခြင်းပေါ်တွင်သာ အာရုံစိုက်လိုက်လေ၏။
စုမင်၏ သွက်လက်မှုနှင့် တောင်တန်းအပေါ် ရင်းနှီးကျွမ်းဝင်မှုတို့ကြောင့် တစ်စုံတစ်ဦးကို သယ်ဆောင်ထားသည့်တိုင် သူ့အမြန်နှုန်းမှာ များစွာကျဆင်းသွားခြင်း မရှိပေ။ သို့သော် ယနေ့တွင် အကြောင်းရှိနေသည့်အတွက် စုမင်တယောက် မတ်စောက်သည့်လမ်းများကို တမင် ရွေးချယ်ခဲ့၏။ တစ်ခါတလေ သူ ခုန်ချပြီး နောက်ကျောမှလူကို လန့်ဖြန့်သွားပြီး အော်မိအောင် လုပ်၏။ ပြီးမှ ကျောက်တုံးများပေါ် တွဲလဲကျနေသည့် စပျစ်နွယ်ပင်များကို ပြန်ဆွဲဖမ်းလိုက်သည်။
နောက်ကျောပေါ်မှ နူးညံ့သိမ်မွေ့လွန်းသည့် လူသားမကလေးက သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားလေလေ စုမင်မျက်နှာပေါ်တွင် နှစ်သက်သဘောကျသော အရိပ်အယောင်များ ပိုပေါ်လာလေ ဖြစ်၏။
တောင်ထိပ်ပေါ်မှ မဟူရာမီးတောင်ခြေသို့ ဆင်းရသည့်ခရီးမှာ ဘယ်လောက်မှ မကြာသော်လည်း စုမင်က တမင်တကာ နှစ်နာရီကြာအောင် ဆင်းခဲ့၏။ သူ့ကျောပေါ်မှ ပိုင်လင်း ဆင်းလာသည့်အခါ သူမမျက်နှာလေးမှာ နီရဲနေပြီး မျက်ဝန်းများထဲ ကြောက်လန့်မှုများနှင့် ပြည့်နေသည်။ ထိုအချိန်အခိုက်အတန့်လေး ပြီးဆုံးသွားမည်ကို စုမင်မှာ အနည်းငယ် နှမြောတွန့်တိုနေမိသည်။ သူက လက်ကိုကွယ်ပြီး ချောင်းဟန့်ကာ ပိုင်လင်းအား ကြည့်လိုက်၏။
"ငါတို့အခု တောထဲရောက်ပြီ။ ဒီမှာ နှင်းအရမ်းထူတယ်။ ထောင်ချောက်တွေလည်း ပေါတယ်။ နဂါးနက်တောင် ရောက်ဖို့ကလည်း အဝေးကြီး လိုသေးတယ်။ မင်းတစ်ယောက်တည်း ပြန်ဖို့က အန္တရာယ်များလိမ့်မယ်။ ဒီလို လုပ်။ ငါမင်းကို နဂါးနက်တောင် မျိုးနွယ်စုဆီ လိုက်ပို့ပေးမယ်။ ပြီးမှ ငါအိမ်ပြန်မယ်"
"ဒါပေမဲ့ မင်းမျိုးနွယ်စုဆီ ပြန်ဖို့လမ်းက အရမ်းခက်တယ်။ ကြည့် ... မင်းကို ကျောပိုးထားရတာ အဆင်ပြေတယ်၊၊ ဒီလိုဆိုရင် ငါတို့အချိန်ချွေတာရာ ရောက်ပြီး ငါလည်း ငါ့အိမ်ကို မြန်မြန်ပြန်နိုင်ပြီ"
စုမင်က မျက်မှောင်ကြုတ်ပြီး ကောင်းကင်ကို ကြည့်လိုက်၏။
"ဒါဖြင့် ..."
ပိုင်လင်း၏ ပါးလေးများ ရဲတက်လာပြီး နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ မဟူရာမီးတောင်က ဆင်းလာသည့်ခရီးတလျှောက် ဖြစ်ခဲ့သမျှအရာအားလုံး စုမင် ရည်ရွယ်ချက်ရှိရှိနှင့် လုပ်ခဲ့မှန်း ထင်ရှားသည်။ ဒီအတိုင်း ဆက်ဖြစ်နေမည်ဆိုပါက ... ရှက်ရွံ့မှုကြောင့် သူမ မျက်ဝန်းထဲ ဒေါသ အရိပ်အယောင်လေးများ ဖြတ်ပြေးသွားလေ၏။
"ဟေး.... ငါမင်းကို ကယ်ခဲ့တာပါနော် သိရဲ့လား"
စုမင်မျက်လုံးများကို ပြူးကျယ်လိုက်သည်။ ပိုင်လင်း မျက်ဝန်းများထဲ ဒေါသအရိပ်အယောင်ကို မြင်တော့ သူ နည်းနည်း အပြစ်ရှိသလို ခံစားသွားရသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမကို သူကယ်ခဲ့ရသည့် အဖြစ်ကို စဉ်းစားမိသည့်အခါ သူလုပ်မိသမျှ တရားမျှတသည်ဟု စုမင် ခံစားမိလိုက်၏။
"မင်းက မသွားချင်ဘူးလား... ကောင်းပြီလေ မင်းလည်း မာန်စွမ်းအားရှင် တစ်ယောက်ပဲ။ ဒီမှာက သားရဲတိရစ္ဆာန်တွေ၊ ထောင်ချောက်တွေနဲ့ လရဲ့အတောင်ပံတွေ ရှိနိုင်ပေမဲ့ မင်းသတိထားမယ် ဆိုရင် အဆင်ပြေမှာပါ။ ကောင်းပြီလေ ... ဒါဖြင့် ငါသွားလိုက်ဦးမယ်"
စုမင်က သမ်းဝေရင်း သူ့မျိုးနွယ်စုရှိအရာအရပ်သို့ ဦးလှည့်လိုက်၏။ ရှေ့ကို သိပ်မလှမ်းရသေးခင် နောက်ကျောမှ စိုးရိမ်ပူပန်နေသည့် အသံနူးနူးညံ့ညံ့အသံလေးကို ကြားလိုက်ရ၏။
"ဒါဖြင့်လည်း ... ကျေးဇူးတင်ပါတယ် ... ငါ လမ်းမသိဘူး၊၊ ငါ့ကို ငါတို့မျိုးနွယ်စုဆီ ပြန်ပို့ပေးပါနော်''
စုမင် စိတ်ထဲ အတော်ပျော်သွားသော်လည်း မျက်နှာကိုတော့ ခပ်တည်တည်ပဲ ထားလိုက်သည်။ သူမကိုလိုက်ပို့ရမှာ တွန့်ဆုတ်နေသည့်ပုံစံနဲ့ မျက်မှောင်ပင် ကြုတ်ထား လိုက်သေး၏။ သူ ပိုင်လင်းကို တစ်ချက်ကြည့်ကာ ထိုင်ချလိုက်ပြီးမှ စိတ်မရှည်ချင်သည့် ပုံစံမျိုးနှင့် ပြောလိုက်၏။
"မြန်မြန်လုပ်။ ညမမှောင်ခင် ငါတို့ ပြန်ရောက်နိုင်ပါ့မလား ဆိုတာ မသေချာဘူး။ ပြန်မရောက်ရင် တစ်ညနေဖို့ နေရာရှာရလိမ့်မယ်"
ပိုင်လင်း မျက်လုံးပြူးသွားပြီး စုမင်ကို စိုက်ကြည့်လိုက်သည်။ သူမရှေ့မှ လူ ဘယ်လိုလူဖြစ်မှန်း နည်းနည်းတော့ သဘောပေါက်စ ပြုလာပြီ။ ရင်ပြင်တွင် ဖြစ်ပျက်ခဲ့သမျှ ပြန်စဉ်းစားမိသည့်အခါ သူမမှာ ဘာပြန်ပြောရမှန်းမသိအောင် ဆွံအနေမိတော့၏။
ပိုအရေးကြီးသည့်အချက်မှာ သူမ မျှော်လင့်ချက်အားလုံး စွန့်လွှတ်လိုက်သည့်အချိန်မှ သူ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ဂူထဲ၌ရှိနေစဉ် စုမင်မျက်လုံးထဲမှ ပြတ်သားမှုနှင့် တည်ကြည်လေးနက်မှုများကို ယခုတိုင် မမေ့နိုင်သေးပေ။
ရှက်ရွံ့စွာနှင့် ပိုင်လင်းမှာ စုမင်အနား လျှောက်လာပြီး သူ့ သေးသေးကွေးကွေး ကျောကုန်လေးပေါ် နောက်တစ်ဖန် တက်လိုက်၏။ သူမ ရင်ခုန်နေသည်။ သို့သော် သူမ၏ စိတ်ခံစားချက်ကို ဘာမှန်းမသိ ရေရေရာရာ အမျိုးအမည် ခွဲခြားမရဘဲ ရှိနေသည်။
စုမင်က ပိုင်လင်းကိုကျောပိုးပြီး မျောက်တစ်ကောင်လို တောအုပ်ကို ဖြတ်သန်း ပြေးလွှားနေသည်။ သူမထံက ပျံ့လွင့်လာသည့် မွှေးရနံ့ ချိုအီအီလေးများကို သူ နှစ်သက်သည်။ သူပြေးလွှားနေရင်း လမ်းကြောင်း ခဏခဏပြောင်းပြီး တောကို လှည့်ပတ်နေသည်။
ခဏအကြာမှာ ပိုင်လင်းရဲ့မျက်ဝန်းတွေက ထူးဆန်းစွာနဲ့ အရောင်တောက်လာတယ်။ စုမင်ရဲ့လည်တိုင်ကို လက်တွေနဲ့ပိုပြီး တင်းတင်းကျပ်ကျပ် ယှက်နွယ်လိုက်တယ်။
“ငါတို့ဒီနေရာကို သုံးကြိမ်ရောက်ပြီးပြီ”
သူမက မဝေးမနီးမှ ခြောက်သွေ့နေသော အပင်အိုကြီးကိုကြည့်ရင်း နူးညံ့ညင်သာစွာ ပြောလိုက်၏။
"ဟေ ... တကယ်လား ငါလမ်းပျောက်နေတာလား နေဦး ငါစစ်ဆေး ကြည့်လိုက်ဦးမယ်"
စုမင်က သူ့ခြေရာများ သူပြန်ကြည့်ပြီး ခဏတွေဝေသွားသည်။ အံ့ဩနေသည့်ဟန်နှင့် ဘေးပတ်ဝန်းကျင်ကို အသေအချာကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။
"မင်းပြောတာ မှန်တယ်။ ငါဒီနေရာကို အရင်ကမရောက်ဖူးလို့"
စုမင်က မျက်နှာပျက်ယွင်းခြင်း တစိုးတစိမှ မရှိဘဲ နောက်ထပ်လမ်းကြောင်း တစ်ခုပြောင်းကာ စတင်ပြေးလွှားပြန်တော့၏။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာသည်။ ဆည်းဆာချိန်တွင် အမှန်တကယ် ရောက်သင့်သည့်ခရီးထက် တစ်ဝက်လောက်သာ ရောက်သေး၏။ သို့သော် စုမင်က ပိုင်လင်းကို သူမတို့မျိုးနွယ်စုထံ အမှန်တကယ် ပြန်ပို့ပေးနေခဲ့ခြင်း ဖြစ်သည်။ စုမင်က အဝေးကနေ သူ့မျိုးနွယ်စုကိုကြည့်လိုက်၏။ မျိုးနွယ်စုတွင်း ပုံမှန်မဟုတ်သည့် လက္ခဏာများ မတွေ့ရတော့မှ သက်ပြင်းချပြီး ပိုင်လင်းတို့မျိုးနွယ်စုရှိရာထံ ထွက်လာခဲ့ခြင်း ဖြစ်၏။
မှောင်မည်းလာသည့် ကောင်းကင်ကြီးကို ကြည့်ရင်း ပိုင်လင်း၏ မျက်လုံးထဲ ထူးဆန်းသည့်အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
မိုးကောင်ကင်ကြီး လုံးဝ အမှောင်အတိကျသွားသည်နှင့် စုမင်က တောတွင်း တစ်နေရာတွင် ရပ်ပြီး ပိုင်လင်းအား ဘာလုပ်လို့ဘာကိုင်ရမှန်း မသိသည့်ပုံနှင့် ပြောလိုက်၏။
"ကြည့်ရတာ ဒီညတော့ဒီမှာပဲ အချိန်ဖြုန်း ရမယ်ထင်တယ်။ တောထဲမှာ ညဘက်ခရီးသွားတာက အန္တရာယ်များတယ်။ မနက်ဖြန်မနက်မှ ရှေ့ဆက်ကြမယ်"
ပထမဆုံးအကြိမ် ဆုံတွေ့စဉ် စုမင် မြင်ခဲ့ရသည့် ကောက်ကျစ်သော မျက်နှာပေးလေး ပိုင်လင်း၏ မျက်နှာပေါ် ပြန်လည်ရောက်ရှိလာချေပြီ။ သူမက စုမင်ကို ဘာမှမပြောဘဲ ငြိမ်ငြိမ်လေး စောင့်ကြည့်နေ၏။ သူမအကြည့်အောက် စုမင်မှာ အပြစ်ရှိသလိုလို ခံစားလာရသည်။
"ဒါဆို ကောင်းပြီလေ ... ဒီမှာပဲ ညအိပ်လိုက်ကြစို့"
ခဏအကြာ ပိုင်လင်းက ပြုံးလိုက်သည်။ သူမရဲ့အပြုံးမှာ တကယ် လှပပြီး အရိုင်းဆန်လှသည်။
စုမင်လည်း နှာခေါင်းကို ကိုင်ပြီး ပြုံးလိုက်၏။ ယာယီအနားယူရန် ပြင်ဆင်ထားသည့် သစ်ပင်ကြီးတစ်ပင်ပေါ်တွင် သူနှင့် ပိုင်လင်းတို့ အတူထိုင်လိုက်ကြ၏။
သူတို့ နှစ်ဦးစလုံး တိတ်ဆိတ်နေမိသည်။ တစ်ယောက်နှင့်တစ်ယောက် ဘာပြောရမှန်း မသိကြ။
"ငါအခုထိ နင့်နာမည်ကို မသိရသေးဘူး"
ခဏကြာမှာ ပိုင်လင်းက စုမင်ကို ကြည့်ရင်း မေးလိုက်သည်။ သူမမျက်လုံးများက လရောင်အောက်တွင် ပိုမို တောက်ပနေ၏။
"ငါက စုမင်။ မင်းနာမည် ပိုင်လင်း ဆိုတာငါသိတယ်"
စုမင်က ပိုင်လင်းကိုကြည့်ရင်း ပြုံးကာ ပြောလိုက်၏။
“နင် ငါ့ကို ရင်ပြင်မှာတုန်းက လိမ်ခဲ့တာ မဟုတ်လား။ ငါ မျိုးနွယ်စုကို ပြန်ရောက်တဲ့အချိန်မှာ ထူးဆန်းတယ်လို့ ထင်မိသား”
ပိုင်လင်းက မျက်တောင် တဖျတ်ဖျတ်ခတ်ရင်း နှာခေါင်းလေးကို ရှုံ့လိုက်သည်။ အတော်ချစ်ဖို့ကောင်းသည့် အမူအရာကလေး ....။
"ဒါက ... "
"ပြီးတော့ မဟူရာတောင်က သခင်လေးလည်း မဟုတ်ဘူးမှတ်လား"
ပိုင်လင်းက ဘေးပတ်ဝန်းကျင်ကို တောက်ပသည့် မျက်လုံးများနဲ့ လိုက်ကြည့်ပြီး တခစ်ခစ် ရယ်နေသည်။
စုမင် ဘာပြန်ပြောရမှန်း မသိဘဲ ခေါင်းသာ တွင်တွင်ကုတ်နေမိတော့၏။ ထိုအခိုက် နှင်းများ ကျလာသည်။ ကောင်းကင်တစ်ပြင်လုံး ဆီးနှင်းဖြူများနှင့် လှပဆန်းပြားနေတော့၏။
"အို... နှင်းကျနေပြီ"
စုမင်က ခေါင်းကိုမော့ကာ နှင်းဖြူလေးများကိုကြည့်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
ပိုင်လင်း၏ မျက်ဝန်းအစုံမှာ ပြုံးနေသည်။ ထိုအကြောင်းကို စကားမဆက်လိုတော့သည့် အလား သူမလည်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ နှင်းစက်တချို့ သူမမျက်နှာပေါ် ကျလာ၏။ အေးမြပြီး နေ၍ ကောင်းလှသည်။
နှင်းများက ပိုမိုထူထပ်လာသည်။ သစ်တောအတွင်းရှိ လူနှစ်ဦးမှာ လှပဆန်းပြားသော သဘာဝတရား၏ ညှို့ယူခြင်းကို ခံနေရ၏။ သူတို့နှစ်ဦး တိတ်ဆိတ်စွာ ရှိနေကြသည်။
“စုမင် ... ကျေးဇူးတင်ပါတယ်”
ကောင်းကင်မှာ မှောင်မိုက်နေပြီ။ သို့သော် လရောင်မှာ နှင်းလွှာပြင်ပေါ် ကျရောက်ပြီး ရောင်ပြန်ဟပ်စဉ် ပတ်ဝန်းကျင်ကို ငွေမှင်ရောင် အလင်းတန်းများ ဖြန့်ကြက်ထားသလို ဖြစ်နေ၏။ သည့်အတွက် သစ်တောမှာ အစောကလောက် မမှောင်တော့သည့်အလားပင်။
"ငါ့ကိုကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နင့်အကြောင်း ပြောပြပါလား။ နင်ဘာလို့ အဲဒီမှာ ရှိနေရတာလဲဟင်"
ပိုင်လင်းက စုမင် ကိုကြည့်ပြီး နူးညံ့စွာ ပြောလိုက်၏။
"ငါက တောင်တွေမှာ ဆေးဖက်ဝင် အပင်တွေ လိုက်ရှာလေ့ရှိတယ်။ အဲဒီနေရာကို မတော်တဆတွေ့မိပြီး အအေးဒဏ်ရှောင်ဖို့ သုံးနေတာ။ အဲဒီမှာ လရဲ့အတောင်ပံတွေနဲ့ တိုးလိမ့်မယ်လို့ လုံးဝမမျှော်လင့်ခဲ့မိဘူး"
စုမင်က ထိုနေရာတွင် နိုင်စီးငြှိမ်းသတ်ခြင်း အကြောင်းကို ထိမ်ချန်ထားခဲ့သည်။ ထိုအစား သူက တခြား ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြလိုက်၏။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်။ နှင်းဖုံးနေတဲ့ညတွင် စုမင်နှင့်ပိုင်လင်းတို့ စကားတွေ ဖောင်ဖွဲ့ပြောဆိုနေပြီးနောက် တစ်ယောက်အကြောင်းတစ်ယောက် ပိုပို သိလာကြသည်။ သူတို့နှစ်ဦး၏ စကားသံများကို ဆောင်းလေပြင်းများက အဝေးသို့ သယ်ဆောင်သွားလေ၏။
“နဂါးနက်တောင်ရဲ့ အကြီးအကဲက ငါ့အဘွားလေ။ ငါ့အဖေနဲ့အမေက နဂါးနက်တောင်ကနေ ထွက်ခွာခဲ့ကြတာ ကြာပြီ။ သူတို့က လေပြည်စီးကြောင်းထက် ပိုကြီးတဲ့ မျိုးနွယ်စုတစ်ခုဆီကို သွားခဲ့ကြတယ် ဆိုတာကိုတော့ အဘွားဆီက ငါကြားဖူးတယ်။ သူတို့ပြန်မလာခဲ့တာ အရမ်းကြာနေပြီ …”
ပိုင်လင်းက သူမကိုယ်သူမ လက်ကလေး ယှက်ထာရင်း အတိတ်မှအကြောင်းများကို နှင်းပွင့်များအောက် တိုးညင်းလွန်းသည့်အသံလေးနှင့် ပြောပြလိုက်၏။
"ငါ့အဖေနဲ့အမေ ဘယ်သူလဲ ဆိုတာတောင် ငါမသိဘူး။ ငါ့ကို အကြီးအကဲက မျိုးနွယ်စုဆီ ခေါ်လာပေးတာ"
"ဪ လက်စသတ်တော့ ဒီလိုကိုး။ ဒါကြောင့်မို့ နင်ကသူများတွေနဲ့ ယှဉ်လျှင် အများကြီး သေးကွေးနေတာ။ ငါ့လောက်တောင် အရပ်မရှည်ဘူး။ နင့်ရဲ့အကြီးအကဲက နင့်ကိုအရမ်း နှိပ်စက်တာပဲ ဖြစ်ရမယ်"
ပိုင်လင်း မျက်လုံး ပြူးသွား၏။
“ဘယ်ကလာ... အကြီးအကဲက ငါ့အပေါ် အရမ်းကောင်းတာ။ ပြီးတော့ အခုမင်း အရပ်ပိုရှည်နေပေမဲ့ ငါလည်းပဲ နောက်နှစ်တွေထဲမှာ အရပ် ထွက်လာလိမ့်မယ်လို့ အကြီးအကဲက ပြောပြထားတယ်။ ပြီးတော့ မင်းလည်းပဲ မင်းတို့မျိုးနွယ်ထဲက တခြား မိန်းကလေးတွေလောက်မှ လူကောင်မရှိတာ"
စုမင်က ရယ်ပြီး ပြောလိုက်၏။
"အဲဒါက ငါ့ကို အကြီးအကဲက မာန်ပညာ သင်ပေးလို့ပါနော်။ ငါကြီးလာရင် ငါ့ကိုမာန်ပညာသင်ပေးဖို့ အမေက တောင်းဆိုခဲ့လို့တဲ့"
ပိုင်လင်းဟာ ဆီးနှင်းဖြူဖြူများဖြင့် ဖွေးနေသည့် စုမင်ခေါင်းကို ကြည့်လိုက်သည်။ သူမမှာ ပြောနေရင်း စနောက်လှောင်ရယ်ချင်ဟန်နှင့် ပြုံးနေတော့၏။
***