← Chapters

ပေါက်ကွဲကြခြင်း

Vol. 57 Ch. 787

ပေါက်ကွဲကြခြင်း

Vol. 57 Ch. 787

ဝေါင်း.....

အဖြူရောင် ခြင်္သေ့ကြီး၏ ဟိန်းဟောက်သံမှာ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။

အကြည့်များစွာ၏အောက်၌ပင် ပုံရိပ်သုံးခု ရထားလုံးအတွင်းမှ ထွက်ခွာလာသည်။

ရိယန်မှာ လူအုပ်အတွင်းမှ ချန်းပိုင်ဖန်းနှင့် ရဲ့ပင်းလင်တို့ကို တွေ့ရှိလိုက်သည်။

"အကြီးအကဲ ရိယန်..." ချန်းပိုင်ဖန်းနှင့် ရဲ့ပင်းလင်တို့မှ အရိုအသေပြု နှုတ်ဆက်လိုက်ကြသည်။

ရိယန်မှ ခေါင်းညိတ်ကာ ပြန်လည်နှုတ်ဆက်လိုက်သည်။

ရဲ့ပင်းလင်မှာ ရိယန်နောက်တွင်ပါလာသော လူငယ်လေးအား စူးစိုက်ကြည့်ရှုနေပြီးနောက် ရိချိုးရွှယ်အား ကြည့်ရှုလိုက်သည်။

"သူမက လက်ထောက်ခေါင်းဆောင် အသစ်များလား။ သူမက လက်ထောက်ခေါင်းဆောင်ဖြစ်ဖို့တော့မလုံလောက်သေးလောက်ဘူး။" ရဲ့ပင်းလင် တိုးညင်းစွာ ရေရွတ်နေမိသည်။

ဇူယွမ်မှာလည်း ကွင်းပြင်းအတွင်းရှိ များပြားလှသော လူအုပ်ကြီးကိုကြည့်ကာ အံ့အားသင့်နေမိသည်။

"အဟမ်း...."

ရိယန်မှာ ချောင်းဟန့်လိုက်ပြီးနောက် ပြုံးကာစကားဆိုလိုက်သည်။ "ဒီနေ့ လက်ထောက်ခေါင်းဆောင် အသစ်လာမယ်ဆိုတာ အားလုံးလည်း သိထားကြတယ်မလား။"

ကျင်းထျန်းမှာ ပြုံးရွှင်စွာဖြင့် ရိယန်နောက်တွင် ပါလာသော လူငယ်နှစ်ဦးကို ကြည့်ရှုလိုက်သည်။ သို့သော် နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာ ရှိသေးသော ဇူယွမ်ထက် နတ်ဘုံခန်းဝါ မဟာအဆင့်ရှိသော ရိချိုးရွှယ်အား ပို၍အာရုံစိုက်နေမိသည်။

မည်သို့ပင်ဆိုစေကာမူ ရိချိုးရွှယ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ သူ့ထက်အားနည်းနေသဖြင့် စိုးရိမ်ပူပန်ခြင်းများ ပျောက်ကွယ်သွားရသည်။ ရိချိုးရွှယ်သည် လေနန်းဆောင်၏ လက်ထောက်ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်သူ မဟုတ်ချေ။

ထို့ကြောင့် သူကိုယ်တိုင်မှလွဲ၍ မည်သူမှ မဖြစ်နိုင်တော့ပေ။

ထိုအချိန်မှာပင် ရိယန်မှ စကားဆက်လိုက်သည်။

"အဲ့ဒါကြောင့် အားလုံးနဲ့ မိတ်ဆက်ပေးစရာရှိလို့..."

ဇူယွမ်မှာ အရှေ့သို့ ထွက်လာလိုက်သည်။

ကွင်းပြင်းအတွင်း တီတိုးသံများ စတင်ထွက်ပေါ်လာသည်။

"ဒါက တတိယမြောက် လက်ထောက်ခေါင်းဆောင် ဇူယွမ်ပဲ။ ချီကျင့်သခင်မကိုယ်တိုင် သူ့ကိုထောက်ခံပေးလိုက်တာ။" ရိယန်မှ ပြောလိုက်သည်။

ကျင်းထျန်း၏ အပြုံးများ ပျောက်ကွယ်သွားရတော့သည်။

ဝေဖန်စကားသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။

ရိချိုးရွှယ်အား ကြည့်ရှုနေသော ရဲ့ပင်းလင်၏ မျက်ဝန်းများမှာ ဇူယွမ်ထံသို့ ရောက်ရှိသွားရသည်။

နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာရှိသောသူတစ်ဦးမှာ လက်ထောက်ခေါင်းဆောင်နေရာ ရရှိသွားသည်တဲ့လား။

ချန်းပိုင်ဖန်းမှာလည်း မထီမဲ့မြင် မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်သည်။

ချီကျင့်သခင်မ၏လုပ်ရပ်မှာ လေနန်းဆောင်အား ဖျက်စီးနေသကဲ့သို့ပင်။

ဇူယွမ်မှာ တည်ငြိမ်စွာဖြင့် လူအုပ်ကြီးအား ကြည့်ရှုနေလျက် ရှိသည်။ ရိချိုးရွှယ်မှာမူ လေနန်းဆောင်အကြောင်း သိရှိနေသဖြင့် စိုးရိမ်ပူပန်လာရသည်။

ဇူယွမ် လက်ထောက်ခေါင်းဆောင် ဖြစ်လာခြင်းသည် လူအတော်များများအား ပေါက်ကွဲသွားစေဟန် ရှိသည်။

နားကွဲမတက် ကျယ်လောင်နေသော ဝေဖန်သံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

"ဟာသတွေ မပြောပါနဲ့။ နတ်ဘုံခန်းဝါ ဗဟိုအဆင့်တစ်ယောက်က ဘယ်လိုလုပ် လက်ထောက်ခေါင်းဆောင် ဖြစ်နိုင်မှာလဲ။"

"လေနန်းဆောင်ကို ဘာများထင်နေတာလဲ။"

"ဒါဘယ်လိုမှ ချီကျင့်သခင်မ အမိန့်မဖြစ်နိုင်ဘူး။ တစ်ယောက်ယောက်က အမိန့်ကို ပြောင်းလိုက်တာပဲ ဖြစ်ရမယ်။"

"ဟုတ်တယ်။ လေနန်းဆောင်ကို လာလိမ်နေတာပဲ။"

"......."

လေနန်းဆောင် အဖွဲ့ဝင်များမှာ ဒေါသထွက်စွာဖြင့် အော်ဟစ်နေကြသည်။ နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာရှိသူတစ်ဦးအား လက်ထောက်ခေါင်းဆောင်နေရာပေးခြင်းမှာ ၎င်းတို့ကို စော်ကားနေသည်နှင့် အတူတူပင်။

"ချီကျင့်သခင်မ အသက်ကြီးလာလို့များ ဆုံးဖြတ်ချက်မှားကုန်တာလား။"

ထိုစကားကို ကြားလိုက်ရသည်နှင့် ရဲ့ပင်းလင်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "တိတ်ကြစမ်း။"

သူမသည် ခြေထောက်အားဆောင့်လျက် အေးစက်နေသော ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။

လူတိုင်းမှာ တောင့်တင်းဖြူရော်သွားရသည်။

"ချီကျင့်သခင်မကို စော်ကားရဲတဲ့သူရှိရင် ငါ့ကိုအဆိုးမဆိုနဲ့။" ရဲ့ပင်းလင်မှ အေးစက်စွာ ပြောလိုက်သည်။

ရဲ့ပင်းလင် ဒေါသထွက်နေသည်ကို မြင်တွေ့လိုက်ရသောကြောင့် လူအတော်များများမှာ တိတ်ဆိတ်ငြိမ်သက်သွားရသည်။

"ဒေါသမထွက်ပါနဲ့ လက်ထောက်ခေါင်းဆောင် ရဲ့ပင်းလင်။ သူတို့တွေက ရုတ်တရက်မို့ စိတ်ခံစားချက်ကို မထိန်းလိုက်နိုင်တာပါ။ ပုံမှန်ဆို အားလုံးက ချီကျင့်သခင်မအပေါ် လေးစားမှု အပြည့်ရှိပြီးသားပါ။ ဘယ်သူက သခင်မကို စော်ကားရဲပါ့မလဲ။" ကျင်းထျန်းမှ တည်ငြိမ်စွာ စကားဆိုလိုက်သည်။

သူသည် ဇူယွမ်အား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။ "ဒါပေမယ့် ဒီကိစ္စက ထူးဆန်းတာတော့ အမှန်ပဲ။ နတ်ဘုံခန်းဝါ ဗဟိုအဆင့်ပဲ ရှိသေးတဲ့သူတစ်ယောက်က ဘယ်လိုလုပ် လက်ထောက်ခေါင်းဆောင် ဖြစ်နိုင်မှာလဲ။"

"ဒီကိစ္စသာ တခြားနန်းဆောင်သုံးခုဆီ ပျံ့သွားရင် ရယ်စရာ ဖြစ်ကုန်လိမ့်မယ်။"

"အနာဂတ်မှာ လေနန်းဆောင်က ခေါင်းတောင်ဖော်ရဲတော့မှာ မဟုတ်ဘူး။"

ရိယန်မှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "ဇူယွမ်က နတ်ဘုံခန်းဝါ ဗဟိုအဆင့်ပဲ ရှိသေးတာဆိုပေမယ့် မဟာအဆင့်ရှိတဲ့ မို့ယွမ်ကိုတောင် နိုင်ခဲ့ပြီးသားပါ။ ကျင့်ကြံခြင်းအဆင့်နဲ့ အရည်အချင်းက သိပ်တော့မပက်သက်ဘူး ထင်တာပဲ။"

လူတိုင်းမှာ မျက်လုံးများ ပြူးကျယ်သွားရသည်။

မို့ယွမ်သည် နတ်ဘုံခန်းဝါ မဟာအဆင့်ရှိပြီး နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းအတွင်း ပါဝင်သူဖြစ်ကြောင်း လူတိုင်းမှ သိရှိထားကြသည်။

ရဲ့ပင်းလင်သည်ပင် အနည်းငယ် အံ့အားသင့်သွားရသည်။

ဇူယွမ်မှာ နတ်ဘုံခန်းဝါ ဗဟိုအဆင့်ဖြင့် မဟာအဆင့်ရှိသော မို့ယွမ်အား အနိုင်ယူခဲ့သည်ဆိုသောကြောင့် တိုက်ပွဲစွမ်းရည် ကောင်းမွန်သူတစ်ဦး ဖြစ်နိုင်ပေသည်။

ကျင်းထျန်းမှ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "မို့ယွမ်ကို နိုင်တယ်ဆိုတော့ အထင်ကြီးစရာပဲ။"

သူသည် မထီမဲ့မြင်လေသံဖြင့် စကားဆိုလိုက်ခြင်း ဖြစ်သည်။

"ဒါပေမယ့် မို့ယွမ်ကို နိုင်ရုံလေးနဲ့ လက်ထောက်ခေါင်းဆောင်အဖြစ် လက်ခံရမှာတဲ့လား။ အဲ့လိုသာဆို လေနန်းဆောင်မှာ လက်ထောက်ခေါင်းဆောင်တွေ ပေါသောနေတော့မှာပဲ။"

ကျင်းထျန်းမှာ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းတွင် မို့ယွမ်ထက်ပို၍ အဆင့်မြင့်သူ ဖြစ်သည်။

ရိယန်မှ ခက်ထန်စွာ စကားဆိုလိုက်သည်။ "အဲ့ဒါဆိုမင်းက ချီကျင့်သခင်မ အမိန့်ကို လက်မခံချင်တာလား။"

"မဟုတ်ပါဘူး။ ချီကျင့်သခင်မကို လေးစားလို့ပဲ ဒီလိုစကားတွေ ပြောနေရတာပါ။" ကျင်းထျန်းမှ လေးစားမှုအပြည့်ရှိဟန် ပြောလိုက်သည်။

"လေနန်းဆောင်မှာ ရှိတဲ့သူတိုင်းက ချီကျင့်သခင်မကို လေးစားကြတာချည်းပဲ။ ဒါပေမယ့် လူတိုင်း မကျေမနပ် ဖြစ်နေတာကို လက်ခံပေးလိုက်ဖို့ မဖြစ်နိုင်ဘူးလေ။ အဲ့ဒါက ရေရှည်မှာ လေနန်းဆောင်ကို ထိခိုက်စေလိမ့်မယ်။"

ရိယန်မှ ပြန်၍ပြောတော့မည့် အချိန်မှာပင် ဇူယွမ်မှ ရှေ့သို့ထွက်လာကာ စကားဆိုလိုက်သည်။ "အဲ့ဒါဆို ငါက လက်ထောက်ခေါင်းဆောင်နေရာနဲ့ ထိုက်တန်တယ်ဆိုတာ ဘယ်လိုသက်သေပြရမလဲ။"

ကျင်းထျန်းမှာ သူ့ကိုအတော်ပင် အလိုမကျဖြစ်နေကြောင်း ဇူယွမ်မှ သိရှိနေသည်။

ကျင်းထျန်းမှ လျှို့ဝှက်စွာပြုံးကာ ပြောလိုက်သည်။ "ဒါက လွယ်ပါတယ်။ လေနန်းဆောင်မှာက နောက်ခံအင်အားက အဓိက မဟုတ်ဘူး။ အရည်အချင်းက အဓိကပဲ။"

ဇူယွမ်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် မျက်ဝန်းများ အေးစက်သွားသည်။

ဝုန်း....

ပြင်းထန်လှသော ချီစွမ်းအင်များနှင့်အတူ ရောင်စဉ်များ ရောယှက်နေသော စကြာဝဠာရောင်လျှံဝန်းနှစ်ခု ဇူယွမ်၏နောက်မှ ထွက်ပေါ်လာသည်။

ဝုန်း....

ဆန်းကြယ်လှသော အတောင်ပံတစ်စုံလည်း ဖြစ်ပေါ်လာသည်။

"ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်..."

လက်ဝါးထက်၌ စွမ်းအင်စက်ဝန်းတစ်ခု ပေါ်ပေါက်လာသည်။

"မိစ္ဆာသတ်ဓားစက်ဝန်း...."

ကွင်းပြင်းအတွင်းရှိ လူများမှာ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်ဖိအားများကြောင့် ဖြူရော်နေကြလေပြီ။

ဝုန်း....

ဓားစက်ဝန်းမှာ ဓားအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ကမ္ဘာဖျက်စီးခြင်း ကောင်းကင်မြွေနဂါးချီများ ထွက်ပေါ်လာကာ ဇူယွမ်၏ခန္ဓာကိုယ် တစ်ခုလုံးအား မိုးပြာရောင် မြွေနဂါးကြေးခွံများအဖြစ် ဖုံးအုပ်သွားသည်။

ဇူယွမ်မှာ ကျင်းထျန်းအား အေးစက်စွာ ကြည့်ရှုလိုက်ပြီးနောက် ဓားအလင်းတန်းဖြင့် ချိန်ရွယ်ထားလိုက်သည်။

"မင်းဒီဓားကိုယူနိုင်ရင် လက်ထောက်ခေါင်းဆောင်နေရာ မင်းကိုပေးလိုက်မယ်။"

All Chapters