အခန်း (၁၆၆၆-၁၆၆၈)
Vol. 112 Ch. 1666-1668
အခန်း (၁၆၆၆)
ရှုကျင့်ရှူး
[အမည် : ရှုကျင့်ရှူး]
[အချက်အလက် : သွေးလင်းယုန်ခန်းမ၏ သူတော်စင်မ။ စစ်မှန်သောနတ်နယ်ပယ်အဆင့်။ ချီယန်ဂိုဏ်းနှင့် လျှို့ဝှက်လဝန်းနန်းတော်တို့ကြား စစ်ပွဲအတွင်း သေဆုံးသွားသော နတ်များ၏ သွေးစွမ်းအားကို စုပ်ယူရန်အတွက် ကောင်းကင်ဝံပုလွေမြို့သို့ သွားခဲ့သည်။ သို့သော် သွေးလင်းယုန်ခန်းမ၏ ကြံစည်မှုကို သခင်က ကြိုတင်ရိပ်မိသွားခဲ့သဖြင့် စစ်ပွဲမဖြစ်ပွားအောင် တားဆီးနိုင်ခဲ့သည်။ ထို့နောက်တွင်တော့ လျှို့ဝှက်လဝန်းနန်းတော်၏ အုပ်ချုပ်မှုအောက်ရှိ နယ်မြေအတွင်း နေထိုင်ကာ ထိုဂိုဏ်းများကို သစ္စာဖောက်လာအောင် သွေးထိုးလှုံ့ဆော်ရန်၊ နတ်ဂိုဏ်း၏ ကံစွမ်းအားကို အားနည်းသွားစေရန်နှင့် နောင်တစ်ချိန်တွင် လျှို့ဝှက်လဝန်းနန်းတော်ကို အလုံးစုံ ကျူးကျော်နိုင်စေရန် နန်းတော်၏ နယ်မြေအတွင်း တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံများ တည်ဆောက်ဖို့ သွေးလင်းယုန်ခန်းမက အမိန့်ပေးခဲ့သည်။]
[ရမှတ် : ၉၉]
[နှစ်သက်မှု : ၀]
ရှုကျင့်ရှူး၏ သွေးကဲ့သို့ နီရဲနေသည့် ဆံနွယ်များနှင့် သူမ၏ နီမြန်းသော မျက်ဝန်းအိမ်မှ ထွက်ပေါ်လာသည့် အေးစက်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို မြင်လျှင် လုချန်း၏ စိတ်အတွင်း၌ သိမ်းပိုက်လိုသည့် ဆန္ဒများ ချက်ချင်းပင် နိုးထလာ၏။
နေပါဦး.....
တစ်ခုခုတော့ မှားနေသလိုပဲ...
လုချန်း ချက်ချင်း သတိပြန်ဝင်လာ၏။ ရှုကျင့်ရှူးကို မြင်သည်နှင့် အဘယ်ကြောင့် ဤသို့သော အတွေးများ ရုတ်တရက် ပေါ်လာရသနည်းဟု သူ တွေးတောမိသွားသည်။
ရှုကျင့်ရှူး၏ ထူးခြားသော ကိုယ်ထည်ဖွဲ့စည်းတည်ဆောက်ပုံကို လုချန်း သတိထားမိသွားခြင်းဖြစ်သည်။ သူမ၏ ကိုယ်ထည်သည် ဆွဲဆောင်ခြင်း ကိုယ်ထည်နှင့် ဆင်တူသော်လည်း သူမသည် ဆွဲဆောင်ခြင်း ပညာကို အားထုတ်ကျင့်ကြံထားခြင်း မဟုတ်ကြောင်း ယခုမှပင် သူ သတိထားမိတော့၏။
သူမသည် မိစ္ဆာကျင့်စဉ်ကိုသာ ကျင့်ကြံထားခြင်းကြောင့် တစ်ကိုယ်လုံးမှ အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များသာ ထွက်ပေါ်နေခြင်း ဖြစ်သည်။
သို့သော် သူမထံမှ ထွက်ပေါ်နေသော အေးစက်သည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များသည် သူမ၏ ဆွဲဆောင်ခြင်း ကိုယ်ထည်မှ ထွက်ပေါ်နေသော အငွေ့အသက်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိရာ သူမ၏ ပုံစံနှင့် အငွေ့အသက်တို့က အနည်းငယ် ဆန့်ကျင်ဘက် ဖြစ်နေသကဲ့သို့ ခံစားရစေ၏။
ဝမ်ချင်းစီကို လုချန်း တွေးမိသွားသည်။ ဝမ်ချင်းစီ၏ ဆွဲဆောင်မှုမှာ နတ်ဆိုးငယ်လေးတစ်ဦး၏ ဆွဲဆောင်မှုကဲ့သို့ သိသာသော ဆွဲဆောင်နိုင်မှုမျိုး ဖြစ်သော်လည်း ရှုကျင့်ရှူး၏ ဆွဲဆောင်မှုကတော့ အလိုအလျောက် ဖြစ်ပေါ်နေခြင်းမျိုး ဖြစ်၏။ သူမ၏ ဆွဲဆောင်မှုက အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်နှင့် ပေါင်းစပ်သွားကာ ဝမ်ချင်းစီနှင့် မတူသော ဆွဲဆောင်မှုတစ်မျိုးကို ဖြစ်ပေါ်စေသည်။
နှစ်ဦးစလုံးသည် ဆွဲဆောင်မှုရှိကြပြီး တစ်ယောက်ချင်းစီ၌ ကိုယ်ပိုင် ထူးခြားချက်များ ရှိကြ၏။
ထိုအခိုက်အတန့်တွင် ရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ ရှုကျင့်ရှူးက လုချန်းကို စူးစိုက်ကြည့်ကာ
“ရှင်က ဘယ်သူလဲ”
သူမရှေ့ရှိ လူ၏ အငွေ့အသက်သည် ရွှေနတ်နယ်ပယ်ထက် သိသိသာသာ သာလွန်နေ၏။ တစ်ဖက်လူသည် နတ်ဘုရင်ခံ ဖြစ်နိုင်သလို နတ်ဘုရင်ပင် ဖြစ်နိုင်ခြေ ရှိသည်။
ဤကဲ့သို့သော အငွေ့အသက်မျိုးကို သွေးလင်းယုန်ခန်းမရှိ နတ်ဘုရင်သုံးပါးထံမှသာ သူမ ခံစားဖူးခဲ့ခြင်း ဖြစ်၏။
သူမရှေ့ရှိ လူက နတ်ဘုရင်တစ်ပါး ဖြစ်နေနိုင်သလား။
ပတ်ဝန်းကျင်ကို မျက်လုံးထောင့်မှ တိတ်တဆိတ် အကဲခတ်ကြည့်ရင်း သူမ ခရမ်းရောင် ပုံရိပ် ဂိုဏ်း၏ အပြင်ဘက်သို့သာ ရောက်ရှိနေသေးပြီး ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိသေးသည်ကို ရှုကျင့်ရှုး သိလိုက်၏။
သူမသည် လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်း ရှိနေဆဲပင် ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်း အခြားနတ်ဘုရင်တစ်ပါး မည်သို့ ရှိနေနိုင်မည်နည်း။
ရှုကျင့်ရှူးက သူကို သတိကြီးစွာဖြင့် ကြည့်နေကြောင်း လုချန်း သတိထားမိလိုက်၏။ သူမ၏ နှစ်သက်မှုမှာ သုညဖြစ်နေသဖြင့် သာမန်နည်းလမ်းများဖြင့် စည်းရုံးရန်က မဖြစ်နိုင်သလောက်ပင်။
လုချန်း သက်ပြင်းချလိုက်မိသည်။ လူဆိုးတစ်ယောက် မဖြစ်ချင်သော်လည်း တစ်ဖက်လူသည် မိစ္ဆာနတ်တစ်ဦး ဖြစ်နေသဖြင့် အထူးနည်းလမ်းအချို့ကို သုံးရန်မှတစ်ပါး အခြား ရွေးစရာ မရှိတော့ချေ။
ထိုသို့ တွေးတောရင်း လုချန်းက
“သွေးလင်းယုန်ခန်းမရဲ့ သူတော်စင်မနဲ့ တွေ့ရတဲ့အထိ ကျုပ်ရဲ့ကံက ဒီလောက်တောင် ကောင်းလိမ့်မယ်လို့ မထင်ထားဘူး။”
ထိုအရာကို ကြားလျှင် ရှုကျင့်ရှူး၏ အေးစက်သော မျက်ဝန်းများအတွင်း ဇဝေဇဝါဖြစ်မှုများ ဖြတ်ပြေးသွား၏။
သူမ၏ မည်သူဖြစ်ကြောင်းကို ဘယ်သူက သိနိုင်မည်နည်း။
သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သွေးလင်းယုန်ခန်းမမှ လူများသာ သိကြပြီး သူမ၏ မျက်နှာအစစ်ကို မြင်ဖူးသူဆိုလျှင် ပို၍ပင် နည်းသည်။ သို့သော် ဤလူက သူမကို မှတ်မိနေ၏။
ရှုကျင့်ရှူးက
“ရှင် ဘာကို ပြောနေတာလဲဆိုတာ ကျွန်မ မသိပါဘူး”
ဤနေရာသည် လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေ ဖြစ်သည်။ သူတော်စင်မ ဟူသည့် သူမ၏ တကယ့်အဆင့်အတန်းကို ဝန်ခံ၍ မရပေ။ မဟုတ်ပါက သူမ မည်သို့ သေဆုံးသွားမည်ကိုပင် သူမ သိနိုင်မည် မဟုတ်ပေ။
လုချန်းက
“ဟန်ဆောင်မနေပါနဲ့တော့။ ခင်ဗျားက သွေးလင်းယုန်ခန်းမရဲ့ သူတော်စင်မဆိုတာ သိရုံတင်မကပဲ ခင်ဗျားရဲ့နာမည်က ရှုကျင့်ရှူးဆိုတာကိုလည်း ကျုပ်သိတယ်။”
ရှုကျင့်ရှူး၏ ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအားများ မငြိမ်မသက် ဖြစ်သွား၏။ ဤလူက သူမနှင့် သွေးလင်းယုန်ခန်းမ၏ ပတ်သက်မှုကို သိရုံတင်မကပဲ သူမ၏ နာမည်ရင်းကိုပါ ခေါ်နိုင်နေသည်။
လုချန်းထံမှ ထွက်ပေါ်နေသော ထိတ်လန့်ဖွယ် အငွေ့အသက်ကို ခံစားမိသည်နှင့် ထွက်ပြေးရန် မလွယ်ကူကြောင်း ရှုကျင့်ရှူး သိလိုက်သည်။ ထို့ကြောင့် အချိန်ဆွဲပြီးနောက် သွေးလင်းယုန်ခန်းမရှိ နတ်ဘုရင်များထံမှ အကူအညီတောင်းရန်သာ သူမ ကြံစည်လိုက်၏။
ထိုအတွေးနှင့်အတူ ရှုကျင့်ရှူးက
“ကျွန်မရဲ့ အဆင့်အတန်းကို ရှင် သိနေပြီဆိုရင် ကျွန်မဟာ သွေးလင်းယုန်ခန်းမအတွက် ဘယ်လောက်အရေးပါလဲဆိုတာကိုလည်း ရှင် နားလည်မှာပါ။”
သူမသည် သွေးလင်းယုန်ခန်းမ၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူမအား တစ်ခုခုလုပ်လျှင် သွေးလင်းယုန်ခန်းမက ငြိမ်နေမည်မဟုတ်ကြောင်း ရှုကျင့်ရှူးက သွယ်ဝိုက်၍ ခြိမ်းခြောက်လိုက်ခြင်း ဖြစ်၏။
လုချန်း ခပ်ဖွဖွ ရယ်မောလိုက်ပြီး
“တိုက်ဆိုင်လိုက်တာ။ ခင်ဗျားက ကျုပ်အတွက်လည်း အရေးပါတယ်။”
ရှုကျင့်ရှူး မှင်တက်သွား၏။ သူမက ဤလူ့အတွက်လည်း အရေးပါတယ်တဲ့လား။
ဘာကို ဆိုလိုတာလဲ။
ရှုကျင့်ရှူးကို လုချန်း တိုက်ရိုက် မေးလိုက်၏။
“ခင်ဗျား အသက်ရှင်ချင်တာလား။ သေချင်တာလား”
“ခင်ဗျားလို မိစ္ဆာနတ်တစ်ယောက်ကို လူတိုင်းက ရွံရှာကြတယ်။ ခင်ဗျားကိုသာ ချီယန်ဂိုဏ်း ဒါမှမဟုတ် လျှို့ဝှက်လဝန်းနန်းတော်ဆီ အပ်လိုက်ရင် ခင်ဗျားရဲ့အဆုံးသတ်က ကောင်းမှာမဟုတ်ဘူး။”
“သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်နဲ့ ချီယန်ဂိုဏ်းကို စစ်ကြေညာဖို့ ပြင်ဆင်နေတာကိုလည်း ကျုပ် သိပြီးသားပါ။ ရန်သူ့နယ်မြေထဲက သူတော်စင်မတစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်နိုင်မလဲဆိုတာ ခင်ဗျား သိသင့်ပါတယ်။”
ထိုစကားများကြောင့် ရှုကျင့်ရှူး ကြောက်လန့်သွားခြင်း မရှိပေ။ ထိုအစား အသက်ရှင်သန်နိုင်မည့် အခွင့်အရေးကိုသာ သူမ မြင်လိုက်၏။
အကယ်၍ ဤလူတွင် သူမကို သတ်လိုစိတ် ရှိပါက ယခုလို စကားများကို ပြောနေမည့်အစား သူမကို လျှို့ဝှက်လဝန်းနန်းတော် သို့မဟုတ် ချီယန်ဂိုဏ်းသို့ တိုက်ရိုက် ပေးအပ်လိုက်ပြီး ဖြစ်လိမ့်မည်။
သူ ဘာမှ မလုပ်သေးတာက သူမ၏ အသက်ကို စီရင်ရန် ဆုံးဖြတ်ချက် မချရသေးကြောင်း သက်သေပြနေခြင်းပင်။
ရှုကျင့်ရှူး ချက်ချင်းပင် ရိုသေစွာဖြင့်
“ကျွန်မကို လွှတ်ပေးမယ်ဆိုရင် သွေးလင်းယုန်ခန်းမက နောင်တစ်ချိန်မှာ ကြီးမားတဲ့ ဆုလာဘ်တွေ ဧကန်မုချ ပေးမှာပါ။”
ဤလူသည် သူမ၏ အမည်နှင့် မည်သူမည်ဝါဖြစ်ကြောင်းကို သိရုံတင်မကပဲ သွေးလင်းယုန်ခန်းမ၏ အစီအစဉ်များကိုပါ သိနေသဖြင့် ထိုသူ သာမန်မဟုတ်တာ သေချာလှ၏။ ယခင်ကကဲ့သို့ လေသံဖြင့် ရှုကျင့်ရှူး စကားမပြောရဲတော့ချေ။
လုချန်းက ခပ်ဖွဖွ ရယ်မောကာ
“ခုနက ကျုပ်ပြောတာကို ခင်ဗျား မေ့သွားပုံပဲ။ ခင်ဗျားက ကျုပ်အတွက်လည်း အရေးပါတယ်လို့။”
“ခင်ဗျားကို လျှို့ဝှက်လဝန်းနန်းတော်နဲ့ ချီယန်ဂိုဏ်း ဆီအပ်မှာ မဟုတ်သလို သွေးလင်းယုန်ခန်းမဆီလည်း ကျုပ် အပ်မှာမဟုတ်ဘူး။”
ရှုကျင့်ရှူး၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ ဤကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးက သူမသည် သူ့အတွက် အရေးပါသည်ဟု ပြောရလောက်အောင် သူမ၌ မည်သည့် ထူးခြားချက် ရှိနေသနည်းဟု ရှုကျင့်ရှူး မတွေးတောနိုင်တော့ချေ။
လုချန်း ဆက်ပြောလိုက်၏။
“ခင်ဗျား အသက်ရှင်ချင်တယ်ဆိုရင် ခင်ဗျားရဲ့ ဝိညာဉ်မူလအစကို ကျုပ်ဆီ အပ်လိုက်ပါ။”
ရှုကျင့်ရှူး တစ်ဖန် မှင်တက်သွားရပြန်၏။
နတ်တစ်ဦး၏ ဝိညာဉ်မူလအစသည် ကျင့်ကြံသူတစ်ဦး၏ သွေးအနှစ်သာရနှင့် ဆင်တူလှ၏။ ဝိညာဉ်မူလအစကို ပေးအပ်လိုက်သည်နှင့် သူမ၏ အသက်သည် အခြားသူ၏ လက်ထဲသို့ ရောက်ရှိသွားမည် ဖြစ်သည်။
ရှုကျင့်ရှူး တုံ့ဆိုင်းနေစဉ်မှာပင် လုချန်းက တွေဝေခြင်းမရှိပဲ နတ်ဘုရင်အဆင့်၏ ဖိအားကို တိုက်ရိုက် ထုတ်ဖော်လိုက်ရာ ရှုကျင့်ရှူး၏ နောက်ကွယ်ရှိ ခရမ်းရောင် ပုံရိပ် ဂိုဏ်း၏ ကာကွယ်ရေး နည်းဗျူဟာ ပုံစံ ချက်ချင်းပင် ကြေမွသွားပြီး သူမကိုလည်း ဒူးထောက်ကျသွားစေ၏။
ယခုမှပင် သူမရှေ့ရှိ လူသည် တကယ့် နတ်ဘုရင်တစ်ပါး ဖြစ်ကြောင်း ရှုကျင့်ရှူး အသေအချာ သိလိုက်ရတော့သည်။
သူမကိုယ်သူမ ကံဆိုးလှသည်ဟုသာ ရှုကျင့်ရှုး ခံစားလိုက်ရ၏။
သွေးလင်းယုန်ခန်းမမှ ပေးအပ်သော တာဝန်ကို စတင်ရုံရှိသေးသော်လည်း နတ်ဘုရင်အဆင့် ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံရခြင်းက ကံဆိုးလွန်းလှသည်။
ထျန်းရန် နတ်ဘုရား နယ်မြေအတွင်း၌ အားကြီးသူက အနိုင်ယူသည့် သဘာဝတရားက ထင်ရှားပြီးဖြစ်ပြီး သွေးလင်းယုန်ခန်းမအတွင်း၌ဆိုလျှင် ထိုဘဘာဝတရားက ပို၍ပင် သိသာ၏။
ရှုကျင့်ရှူးလည်း အံကို တင်းတင်းကြိတ်ကာ နောက်ဆုံး၌
“ကျွန်မရဲ့ ဝိညာဉ်မူလအစကို အပ်နှံဖို့ သဘောတူပါတယ်။”
အသက်ရှင်နေရခြင်းနှင့် နှိုင်းယှဉ်လျှင် အခြားသူ၏ ထိန်းချုပ်မှုကို ခံရခြင်းက နတ်အမြောက်အမြားအတွက် ဘာမှမဟုတ်ချေ။ သေဆုံးသွားသော သူရဲကောင်းတစ်ယောက် ဖြစ်ရသည်ထက် အသက်ရှင်နေသော လူဖျင်းတစ်ယောက် ဖြစ်ရသည်က ပို၍ ကောင်း၏။
အထူးသဖြင့် ရှုကျင့်ရှူးသည် မိစ္ဆာနတ်တစ်ဦး ဖြစ်သဖြင့် အားကြီးသူက အနိုင်ယူစတမ်းဟူသေည့် သဘာဝတရား အကြောင်းကို သူမ အကောင်းဆုံး နားလည်ထား၏။
ထို့နောက် ရှုကျင့်ရှူးက သူမ၏ ဝိညာဉ်မူလအစကို ထုတ်ယူလိုက်ရာ လုချန်းကလည်း တွေဝေခြင်းမရှိပဲ ထိန်းချုပ်လိုက်၏။
ရှုကျင့်ရှူး၏ ဝိညာဉ်မူလအစကို ထိန်းချုပ်ပြီးနောက် သူမ၏ နောက်ကွယ်ရှိ ခရမ်းရောင် ပုံရိပ် ဂိုဏ်းဘက်သို့ ကြည့်ကာ
“ခရမ်းရောင် ပုံရိပ် ဂိုဏ်းဟာ လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ပြီး သွေးလင်းယုန်ခန်းမဘက်က ရပ်တည်ခဲ့တယ်။ ခင်ဗျားတို့ရဲ့ ရက်စက်ယုတ်မာမှုဟာ ခွင့်လွှတ်နိုင်စရာ မရှိဘူး။”
ထိုသို့ပြောပြီးနောက် နတ်ဘုရင်၏ စွမ်းအားကို လုချန်း အသုံးပြုကာ လက်ဝါးတစ်ချက်တည်းဖြင့် ခရမ်းရောင် ပုံရိပ် ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တော့သည်။
………….
အခန်း (၁၆၆၇)
အိပ်မက်ပင် မမက်ဖူးသော ဘဝအခြေအနေ
ခရမ်းရောင် ပုံရိပ် ဂိုဏ်းတစ်ခုလုံးကို လုချန်း ဖျက်ဆီးပြီးနောက် သူ၏ စွမ်းအားမှာ မြေနတ်နယ်ပယ်သို့ ချက်ချင်း ပြန်လည်ကျဆင်းသွား၏။ သူမထက်ပင် လုချန်း၏ အငွေ့အသက်က ရုတ်တရက် အားနည်းသွားသည်ကို အာရုံခံမိလိုက်သဖြင့် ရှုကျင့်ရှူး အနည်းငယ် အံ့အားသင့်သွားသည်။
“ဒီလူက ဘာလို့ ငါ့ထက်တောင် ရုတ်တရက် အားနည်းသွားရတာလဲ”
“ဒဏ်ရာရထားတဲ့ နတ်ဘုရင်တစ်ပါးလား”
လုချန်းထံမှ သူမ၏ ဝိညာဉ်မူလအစကို မည်သို့ပြန်ယူရမည်နည်းဟု ရှုကျင့်ရှူး တွေးတောနေစဉ်မှာပင် လုချန်းက
“ကျုပ် အဆင့်တက်ဖို့ ပြင်ဆင်တော့မယ်။ ခင်ဗျားက ကျုပ်ကို စောင့်ပေးပါ။”
ခရမ်းရောင် ပုံရိပ် ဂိုဏ်း၌ နတ်အငွေ့အသက်များ အလွန်ပင် ပေါများလှရာ အဆင့်တက်ရန် အကောင်းဆုံး အခြေအနေ ဖြစ်သည်။
“အဆင့်တက်မယ် ဟုတ်လား”
ရှုကျင့်ရှူး မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။
ဤလူက နတ်ဘုရင်အဆင့်သို့ ရောက်ရှိနေပြီးသား မဟုတ်လား။
ထပ်မံ၍ အဆင့်တက်မည်ဆိုပါက သူ နတ်သခင်တစ်ပါး ဖြစ်လာတော့မှာ မဟုတ်လား။
စိတ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ရှုကျင့်ရှူးက
“ဟုတ်ကဲ့ပါ သခင်”
သူအား သခင်ဟု ခေါ်ဆိုလိုက်သော ရှုကျင့်ရှူး၏ စကားကို ကြားလျှင် လုချန်း ခပ်ဖွဖွ ရယ်မောလိုက်ပြီး
“ခင်ဗျားကတော့ အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် တကယ် နေတာပဲ။ ဝိညာဉ်မူလအစကို အပ်ပြီးတာနဲ့ ကျုပ်ကို သခင်လို့တောင် ခေါ်နေပြီပေါ့။”
စကားအဆုံးတွင် လုချန်း၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ခရမ်းရောင် ပုံရိပ် ဂိုဏ်း၏ အထက်သို့ တိုက်ရိုက် ပျံသန်းသွားပြီးနောက် လေထုအတွင်းရှိ နတ်အငွေ့အသက်များကို အငမ်းမရ စုပ်ယူတော့၏။
နတ်အငွေ့အသက်များ လုချန်း၏ ခန္ဓာကိုယ်အတွင်းသို့ စဉ်ဆက်မပြတ် စီးဝင်လာသည်နှင့်အမျှ ကောင်းကင်နတ်နယ်ပယ်၏ တံခါးဝသို့ ရောက်ရှိရန် ပိုနီးကပ်လာသည်ဟု ခံစားရသော်လည်း တစ်ခုခု လိုအပ်နေသေးကြောင်း သူ သိလိုက်သည်။
ကစဉ့်ကလျား နယ်မြေရှိ သူ၏ ကိုယ်ပွားအား သက်စောင့်ဝိညာဉ်ဆေးလုံး တစ်လုံးကို စနစ်အာကာသအတွင်းသို့ ထည့်ခိုင်းလိုက်ပြီးနောက် ထိုမှတစ်ဆင့် ပြန်လည်ထုတ်ယူကာ သူ၏ ပါးစပ်အတွင်းသို့ တိုက်ရိုက် ထည့်လိုက်၏။ သက်စောင့်ဝိညာဉ်ဆေးလုံးကို မျိုချလိုက်သည်နှင့် လုချန်း၏ ခန္ဓာကိုယ်အတွင်း၌ ကြီးမားလှသော စွမ်းအားများ တိုးဝှေ့လာကာ ကောင်းကင်နတ်နယ်ပယ်၏ တံခါးဝကို အရှိန်အဟုန်ဖြင့် အတင်းအဓမ္မ ထိုးဖောက်တော့သည်။
ခဏခန့်တွင် သူ၏အတွင်းရှိ တံခါး ပွင့်ထွက်သွားကာ ကျင့်စဉ်အဆင့်သည်လည်း ကောင်းကင်နတ်နယ်ပယ်သို့ တိုက်ရိုက် ရောက်ရှိသွား၏။
လုချန်းထံမှ ထွက်ပေါ်လာသည့် ကောင်းကင်နတ်အငွေ့အသက်ကို ခံစားမိလိုက်လျှင် ရှုကျင့်ရှူး အနည်းငယ် မှင်တက်သွားသည်။
သူက ကောင်းကင်နတ်လား။
သူပြောတဲ့ အဆင့်တက်တာက ကောင်းကင်နတ်အဆင့်ကိုပဲလား။
ဒါက ဟန်ဆောင်ထားတာလား။
သို့သော် အဆင့်တက်သည့်အခါ ကျင့်စဉ်အဆင့်ကို ဟန်ဆောင်၍ မရနိုင်ဘူး မဟုတ်လား။
မြေနတ်အဆင့်မှ တက်လှမ်းစဉ် ကြုံတွေ့ရသည့် စိတ်ဝိညာဉ် ဘေးဒုက္ခ၏ စွမ်းအားကို သူမ ရှင်းရှင်းလင်းလင်း ခံစားမိသော်လည်း တစ်ဖက်လူကတော့ ထိုစွမ်းအားကို ဘာမှမဟုတ်သကဲ့သို့ လျစ်လျူရှုထား၏။ စိတ်ဝိညာဉ် ဘေးဒုက္ခပင် မရှိသည့်အတိုင်း ဖြစ်နေ၏။
သူ ဘာလို့ ကောင်းကင်နတ်နယ်ပယ်မှာပဲ ဖြစ်နေရလဲ။
ဤလူ၏ အငွေ့အသက်နှင့် ခရမ်းရောင် ပုံရိပ် ဂိုဏ်းကို မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးပစ်နိုင်သည့် အစွမ်းအရ သူ၏စွမ်းအားသည် နတ်ဘုရင်အဆင့်တွင် ရှိသင့်ကြောင်း သက်သေပြနေခဲ့သည်။
တစ်စုံတစ်ရာသော ရတနာကို အသုံးပြုကာ သူ၏အစွမ်းကို နတ်ဘုရင်အဆင့်ကဲ့သို့ ပြသခဲ့ခြင်း ဖြစ်နိုင်လား။
ထိုရတနာကို သုံးပြီးနောက်တွင်တော့ သူ၏စွမ်းအားက မြေနတ်နယ်ပယ်သို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားခြင်းလား။
ဤအရာက မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ အဆုံးမဲ့လှသော ထျန်းရန် နတ်ဘုရား နယ်မြေအတွင်း၌ လူတစ်ဦး၏ အစွမ်း သို့မဟုတ် အငွေ့အသက်ကို ခဏခန့် မြှင့်တင်ပေးနိုင်သည့် ရတနာများ ရှိနေနိုင်သည် မဟုတ်ပါလား။
ထိုသို့ ဖြစ်နိုင်ခြေကို တွေးမိသည်နှင့် သူမ၏ ဝိညာဉ်မူလအစကို စောစောစီးစီး အပ်နှံမိခဲ့သည့်အတွက် ရှုကျင့်ရှူး ရုတ်တရက် နောင်တရလာ၏။
နတ်ဘုရင်တစ်ပါး၏ ထိန်းချုပ်မှုကို ခံရခြင်းကို သူမ စိတ်ဖြေနိုင်သော်လည်း တစ်ဖက်လူသည် နတ်ဘုရင်အဖြစ် ဟန်ဆောင်ထားသည့် မြေနတ်တစ်ဦးသာ ဖြစ်နေခဲ့၏။ ယခုတောင် သူမထက်ပင် ကျင့်စဉ်အဆင့် နိမ့်ကျသည့် ကောင်းကင်နတ်တစ်ဦးသာ ဖြစ်နေ သေးသည်။
သူမသည် သူမထက် ကျင့်စဉ်အဆင့် နိမ့်သော နတ်တစ်ပါး၏ ထိန်းချုပ်မှုကို ခံလိုက်ရခြင်းပင်။
အဆင့်တက်ပြီးနောက် ရှုကျင့်ရှူး၏ ရှေ့မှောက်သို့ လုချန်း ချက်ချင်းပင် ရောက်ရှိလာ၏။ သူမထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသော အငွေ့အသက် အနည်းငယ်ကို မြင်လျှင် လုချန်း ပြုံးလိုက်ပြီး
“ခင်ဗျားက စိတ်မပါသလိုပဲနော်”
ရှုကျင့်ရှူးက အေးစက်စွာဖြင့်
“ကျွန်မ မဝံ့ရဲပါဘူး”
သူမ၏ မေးစေ့ကို လုချန်းက တိုက်ရိုက်ပင် လက်ဖြင့် မလိုက်ပြီး လှပသော မျက်နှာကို စိုက်ကြည့်ကာ
“ခင်ဗျားရဲ့ စကားသံက ကြောက်နေတဲ့သူနဲ့တော့ မတူဘူးနော်။”
ရှုကျင့်ရှူး ဘာမှထပ်မပြောတော့ပေ။ ယခုတစ်ကြိမ်တွင် သူမ အဖမ်းခံလိုက်ရပြီဖြစ်ကြောင်း နားလည်ထားသော်လည်း အခွင့်အရေး ရသည်နှင့် ဤလူကို အပိုင်းပိုင်း ခုတ်ထစ်ပစ်မည်ဟု ဆုံးဖြတ်ထား၏။
မိစ္ဆာနတ်များသည် သည်းခံခြင်း၌ ကျွမ်းကျင်ကြ၏။ နှစ်သန်းပေါင်းများစွာ သို့မဟုတ် သန်းထောင်ပေါင်းများစွာ ကြာပါစေဦးတော့ ဤလူ့လက်ထဲမှ သူမ၏ ဝိညာဉ်မူလအစကို ပြန်ယူရန် အခွင့်အရေးကို သူမ သေချာပေါက် ရှာဖွေသွားမည် ဖြစ်သည်။
ရှုကျင့်ရှူး ထိုသို့တွေးတောနေစဉ်မှာပင် လုချန်းက သူ၏ မူလ ရုပ်သွင်သို့ ရုတ်တရက် ပြန်လည်ပြောင်းလဲလိုက်၏။ လုချန်း၏ ရုပ်သွင်ကို မြင်လိုက်ရလျှင် ဤမျက်နှာကို တစ်နေရာရာ၌ မြင်ဖူးသကဲ့သို့ ခံစားရသဖြင့် ရှုကျင့်ရှူး အနည်းငယ် မှင်တက်သွားသည်။
ထိုအခိုက်အတန့်တွင် လုချန်းက
“ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပါရစေဦး။ ကျုပ်က လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်ရဲ့ တပည့်ရင်းဖြစ်တဲ့ ချန်းလုပါ။”
ထိုအရာကို ကြားလျှင် ရှုကျင့်ရှူး တုန်လှုပ်သွား၏။
ချန်းလု...
လက်စသပ်တော့ သူပါလား။
သူ့ကို သတ်ရန် သွေးလင်းယုန်ခန်းမမှ စေလွှတ်လိုက်သော နတ်ဘုရင်ခံ အဘယ်ကြောင့် သေဆုံးသွားရလဲ ဆိုတာကို သူမ ယခုမှ နားလည်လိုက်တော့သည်။ ထိုစဉ်က နတ်ဘုရင်တစ်ပါးက ဝင်ရောက်ကူညီခဲ့ခြင်း ဖြစ်မည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း ယခုကြည့်ရသည်က ချန်းလုကိုယ်တိုင်က ထိုသူကို ပြန်သတ်လိုက်ခြင်း ဖြစ်သည်။
ရှုကျင့်ရှူးက အေးစက်စွာဖြင့်
“ကျွန်မကို အစေခံအဖြစ် ထားရင်
နန်းတော်သခင်က ရှင့်ကို သွေးလင်းယုန်ခန်းမရဲ့ သူလျှိုလို့ သံသယဝင်သွားမှာကို မကြောက်ဘူးလား။”
လုချန်းက
“ဒါက ကျုပ်ရဲ့ ကိုယ်ပွားတွေထဲက တစ်ခုပဲ။ ကျုပ်က လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်သွားမှာမှ မဟုတ်တာ။ ဒီလိုကိစ္စတွေကို ဘာလို့ စိတ်ပူနေရမှာလဲ။”
ရှုကျင့်ရှူးလည်း ဘာပြန်ပြောရမှန်း မသိပဲ တုံ့ဆိုင်းသွား၏။
လုချန်း
“ကဲ... အချိန်တွေ အတော်လေး ဖြုန်းတီးမိသွားပြီ။ အခု အလယ်ပိုင်းနယ်မြေကို သွားကြရအောင်။”
စကားအဆုံးတွင် နတ်လှေတစ်စင်းကို လုချန်း ထုတ်ယူလိုက်ပြီး ရှုကျင့်ရှူးနှင့်အတူ တိုက်ရိုက်ပင် တက်လိုက်၏။
ရှုကျင့်ရှူးတစ်ယောက် ဘာလုပ်ရမှန်း မသိဖြစ်သွားရသည်။
သူမက ချန်းလုနောက်သို့ လိုက်ကာ အလယ်ပိုင်းနယ်မြေသို့ တကယ်ပဲ သွားရတော့မှာလား။
သူမ၏ တာဝန်က မပြီးမြောက်သေးပေ။ အကယ်၍ အလယ်ပိုင်းနယ်မြေသို့ သွားမည်ဆိုပါက သွေးလင်းယုန်ခန်းမ ပေးထားသည့် တာဝန် မည်သို့ ဖြစ်သွားမည်နည်း။
ဝိညာဉ်မူလအစ ကိစ္စကိုလည်း သွေးလင်းယုန်ခန်းမသို့ သူမ မတင်ပြရဲပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဝိညာဉ်မူလအစသည် အခြားသူ တစ်ဦး၏ လက်ထဲ၌ ရှိနေပြီး ထိုသူကလည်း သူ၏ ကိုယ်ပွားတစ်ခုသာ ဖြစ်နေသောကြောင့်ပင်။
သူမကို ကယ်ဆယ်ရန် သွေးလင်းယုန်ခန်းမမှ နတ်ဘုရင်တစ်ပါးကို တကယ်ပင် ခေါ်ဆောင်လာခဲ့ပါက ဤလူက သူမ၏ အသက်အတွက် သူ၏ ကိုယ်ပွားကို စတေးရန် ဝန်လေးမည်မဟုတ်ရာ သူမ ဧကန်မုချ သေဆုံးရမည် မဟုတ်ပါလား။
အကယ်၍ ဤအရာက ချန်းလု၏ ပင်မကိုယ်သာ ဖြစ်ခဲ့ပါက သူမ တင်ပြခဲ့ပေလိမ့်မည်။ ထိုအခါ သွေးလင်းယုန်ခန်းမမှ နတ်ဘုရင်တစ်ပါး ဆင်းသက်လာကာ အသက် အန္တရာယ်ပြုရန် ခြိမ်းခြောက်လိုက်သည်နှင့် ချန်းလုအနေဖြင့် သူမ၏ ဝိညာဉ်မူလအစကို မအပ်ပဲ နေရဲမည်မဟုတ်ချေ။
ရှုကျင့်ရှူး စိတ်ထဲ အားကိုးရာမဲ့သကဲ့သို့ ခံစားလိုက်ရ၏။
ဤလူသည် ကိုယ်ပွားတစ်ခုဖြင့် သူမကို ထိန်းချုပ်ထားခဲ့သည်။ ထိုအရာကိုလည်း မည်သည့်အမှားအယွင်း ဟာကွက်မှ မရှိအောင် လုပ်ဆောင်နိုင်ခဲ့သည်။
ယခုတော့ သူမအနေနှင့် အလယ်ပိုင်းနယ်မြေသို့ လိုက်သွားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ သို့သော် ဤလူက သူမကို မည်သို့ကိုင်တွယ်မလဲ ဟုတော့ သူမ တွေးတောနေမိဆဲပင်။
နတ်လှေပေါ်သို့ ရောက်သည်နှင့် ရှုကျင့်ရှူး၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ပေါ်သို့ လုချန်း၏ အကြည့်များ စွဲမြဲစွာ ကျရောက်လာ၏။ လုချန်း၏ ပြင်းပြသော အကြည့်များကို သတိပြုမိလိုက်လျှင် ရှုကျင့်ရှူး မျက်မှောင်ကြုတ်လိုက်မိသည်။
သူမကဲ့သို့သော မိစ္ဆာနတ်များအတွက် အပျိုစင်ဘဝ သို့မဟုတ် ကိုယ်ကျင့်တရားက အဓိပ္ပာယ် သိပ်မရှိလှပေ။ သူတို့သည် စိတ်မဝင်စား၍ ကာမဆက်ဆံရေးကို ရှောင်ကြဉ်ကြခြင်း မဟုတ်ပေ။ သူတို့၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ငဲ့ကွက်၍သာ ဖြစ်သည်။
ရှုကျင့်ရှူးကို ဥပမာထားကြည့်လျှင် သူမအနေနှင့် မည်သူနှင့်မှ ထိတွေ့ဖူးသေးခြင်း မရှိခြင်းက သိက္ခာတရားကို တန်ဖိုးထား၍ မဟုတ်ပဲ သူမ၏ မြင့်မားသော အဆင့်အတန်းကြောင့်သာ ဖြစ်၏။
အခြားသူ၏ စိတ်ဖြေဖျောက်ရာ ကိရိယာတစ်ခုကဲ့သို့ အသုံးချခံရပြီး အနှိမ်ခံရခြင်းကို သူမ မလိုလားပေ။
နတ်တစ်ပါး၏ ဂုဏ်သိက္ခာသည် အစော်ကား ခံ၍ မရနိုင်သည့် အရာတစ်ခု မဟုတ်ပါလား။
တိရစ္ဆာန်လောကတွင်ပင် ထိုသို့သော သဘောတရာမျိုး ရှိတတ်၏။ မျိုးပွားရန်အတွက် မဟုတ်လျှင်ပင် အချို့သော တိရစ္ဆာန်များသည် သူတို့၏ အသာစီးရမှုကို ပြသရန်နှင့် အဆင့်အတန်းကို သတ်မှတ်ရန်အတွက် အခြားတစ်ကောင်ကို ခွစီးလေ့ ရှိကြသည်။
ရှုကျင့်ရှူးအတွက်တော့ ယောက်ျားနှင့် မိန်းမကြား ဆက်ဆံရေးအပေါ် မည်သည့်အတွေးမှ မရှိခဲ့သဖြင့် ယခုတိုင် မည်သူနှင့်မှ မထိတွေ့ဖူးသေးခြင်း ဖြစ်သည်။ လုချန်း၏ အကြည့်များကို မြင်သည်နှင့် သူ၏ ရည်ရွယ်ချက်ကို ရှုကျင့်ရှူး ချက်ချင်း နားလည်လိုက်၏။
သူမကို ဤကဲ့သို့သော အကြည့်ဖြင့် ကြည့်ဝံ့သည့်သူ မရှိသည်မှာ အတော်ပင် ကြာခဲ့ပြီ ဖြစ်၏။ သွေးလင်းယုန်ခန်းမအတွင်း သူမကို ဤသို့ ကြည့်ဝံ့သော အမျိုးသားများသည် သူမ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ကြရပြီး သူတို့၏ ဝိညာဉ်များနှင့် သွေးများကိုလည်း သူမက စုပ်ယူပစ်လေ့ရှိသည်။
ထိုအခိုက်အတန့်တွင် ရှုကျင့်ရှူး အလွန်ပင် အရှက်ရသွားရ၏။ ဂုဏ်သိက္ခာကြီးမားလှသော သွေးလင်းယုန်ခန်းမ၏ သူတော်စင်မဖြစ်သူ သူမသည် ဤကဲ့သို့သော အခြေအနေသို့ ကျရောက်ရလိမ့်မည်ဟု အိပ်မက်မင် မမက်ဖူးခဲ့ပေ။
……………
အခန်း (၁၆၆၈)
ရှုကျင့်ရှူး၏ အစီအစဉ်
ရှုကျင့်ရှူးက သတိကြီးစွာထားသော မျက်နှာဖြင့် လုချန်းကို ကြည့်ပြီး
“ရှင် ဘာလိုချင်တာလဲ”
လုချန်းက
“ခင်ဗျားတို့လို မိစ္ဆာနတ်တွေမှာ သိက္ခာတရားတို့ ဘာတို့ဆိုတာမျိုး မရှိဘူးမဟုတ်လား။”
ရှုကျင့်ရှူး၏ မျက်နှာမှာ ပို၍ပင် အေးစက်သွားပြီး သူမ၏ ခန္ဓာကိုယ်ပေါ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များ ရူးသွပ်စွာ ထွက်ပေါ်လာကာ သွေးရောင်အငွေ့အသက်များမှာလည်း အဆက်မပြတ် ပျံ့နှံ့လာတော့သည်။
ရှုကျင့်ရှူး၏ ဒေါသနှင့် ရင်ဆိုင်ရသော်လည်း လုချန်းကတော့ လုံးဝ ဂရုမစိုက်ပဲ အေးဆေးနေလေသည်။ သူသည်လည်း ဤနည်းလမ်းကို မသုံးချင်သော်လည်း ကံမကောင်းစွာဖြင့် တစ်ဖက်လူမှာ မိစ္ဆာနတ်တစ်ဦး ဖြစ်နေ၏။
မိစ္ဆာနတ်များကို သာမန်နည်းလမ်းများဖြင့် ကိုင်တွယ်၍ မရနိုင်ပေ။
ရှုကျင့်ရှူး၏ အေးစက်သော နှလုံးသားကို သူ နွေးထွေးအောင် လုပ်နိုင်မည်ဟုလည်း လုချန်း မထင်ထားပေ။ အကယ်၍ မိစ္ဆာနတ်များ၏ နှလုံးသားကို ထိုမျှလွယ်လွယ်ကူကူ နွေးထွေးစေနိုင်ပါက သူတို့သည် မိစ္ဆာနတ်များ ဖြစ်လာကြမည်လည်း မဟုတ်ပေ။
ရှုကျင့်ရှူး၏ တုံ့ပြန်မှုက ပြင်းထန်ပုံရသော်လည်း သူမ၏ ဝိညာဉ်မူလအစကို သူ ထိန်းချုပ်ထားပါက သူမ အနေနှင့် လိုက်နာရမည်သာဖြစ်ကြောင်း လုချန်း နားလည်ထားသည်။
ထို့နောက် လုချန်းက ရှုကျင့်ရှူး၏ အနောက်သို့ တိုက်ရိုက်သွားကာ သူ၏ လက်ကို သူမ၏ ပခုံးအထက်တွင် အသာအယာ တင်လိုက်ပြီး
“ကျုပ်အတွက် ကျင့်စဉ်မီးဖိုတစ်ခု လိုအပ်နေတဲ့ အချိန်မှာ ခင်ဗျား ပေါ်လာတာပဲ။ ကောင်းကင်ဘုံကတော့ ကျုပ်အပေါ် တကယ် ရက်ရောတာပဲ။”
ရှုကျင့်ရှူးနှင့် နီးကပ်သွားသည်နှင့် ဆွဲဆောင်မှုရှိသော ရနံ့တစ်ခုကို လုချန်း သဲ့သဲ့လေး ရလိုက်ရာ ချက်ချင်းပင် စိတ်မငြိမ်မသက် ဖြစ်သွားရ၏။
ရှုကျင့်ရှူး၌ ဆွဲဆောင်ခြင်း ကိုယ်ထည် ရှိသည်ဆိုတာက ငြင်း၍မရပေ။
သူမအနားတွင် ရှိရုံမျှဖြင့် အတွင်းစိတ်မှ အတွေးများကို ထိန်းချုပ်ရန် ခက်ခဲစေသည်။
ရှုကျင့်ရှူးသည် သွေးလင်းယုန်ခန်းမ၌ ရှိစဉ်ကပင် သူမ၏ ကိုယ်ထည်ဖွဲ့စည်းတည်ဆောက်ပုံ ထူးခြားကြောင်း သိထားသဖြင့် များသောအားဖြင့် သတ်ဖြတ်လိုသော အငွေ့အသက်များကို သုံးကာ ဖုံးကွယ်ထားလေ့ရှိသည်။
ထိုသို့ သတ်ဖြတ်လိုသော အငွေ့အသက်များ ရှိနေခြင်းကြောင့် သူမကို ချဉ်းကပ်ရန် ခက်ခဲပုံပေါ်စေပြီး သူမ၏ ဆွဲဆောင်ခြင်း ကိုယ်ထည်အပေါ် လောဘတကြီး ကြည့်လာမည့် မျက်လုံးများကို တားဆီးပေးထားခြင်း ဖြစ်သည်။
သို့သော် ယခုတော့ သူမ၏ ဝိညာဉ်မူလအစက ဤလူ၏ လက်ထဲတွင် ရှိနေ၏။ သူမအနေနှင့် သူ့ကို မတိုက်ခိုက်နိုင်ပေ။
သူမ၏ လက်သီးများကို ရှုကျင့်ရှူး ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။ လုချန်း၏ လက်သည် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် စိတ်ရှိလက်ရှိ သွားလာနေသည်ကို လွှတ်ထားလိုက်ရ၏။
လုချန်းက
“အလယ်ပိုင်းနယ်မြေကို သွားဖို့ လမ်းက အဝေးကြီး ကျန်သေးတယ်။ ခရီးက ရှည်သေးတယ်။ အခန်းထဲဝင်ပြီး ကောင်းကောင်း စကားပြောကြရအောင်။”
ထိုသို့ပြောပြီး လုချန်းက ရှုကျင့်ရှူး၏ ခါးကို ဖက်ကာ နတ်လှေ၏ အခန်းထဲသို့ ဝင်သွားသည်။
ရှုကျင့်ရှူး၏ စိတ်ထဲတွင်တော့ နောင်တစ်ချိန်တွင် ဤလူကို ဆီပူအိုးထဲ ထည့်ကြော်ရမလား သို့မဟုတ် အရေခွံခွာပြီး အကြောများကို ထုတ်ပစ်ရင် ကောင်းမလား စသည်ဖြင့် သူ့ကို ရက်ရက်စက်စက် သတ်ဖြတ်မည့် နည်းလမ်းများကိုသာ အဆက်မပြတ် တွေးတောနေတော့၏။
မကြာမီမှာပင် ရှုကျင့်ရှူးလည်း လုချန်းနှင့်အတူ နတ်လှေ၏ အခန်းထဲသို့ ရောက်သွား၏။ လုချန်းက မဆိုင်းမတွပင် သူမကို ကုတင်ပေါ်သို့ တင်လိုက်ပြီး သူမ၏ နှုတ်ခမ်းများကို ပိတ်ဆို့လိုက်တော့သည်။
သူမ၏ ဆွဲဆောင်ခြင်း ကိုယ်ထည်ကြောင့်လား သို့မဟုတ် လုချန်း၏ ကျွမ်းကျင်လှသော နည်းစနစ်များကြောင့်လား မသိ ရှုကျင့်ရှူးလည်း သူမ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်အငွေ့အသက်များ မငြိမ်မသက် ဖြစ်လာသည်ကို မကြာမီ ခံစားလိုက်ရသည်။
သူမ၏ ဆွဲဆောင်ခြင်း ကိုယ်ထည် လုံးဝ နိုးကြားလာပြီ ဖြစ်ကြောင်း သူမ ခပ်သဲ့သဲ့ အာရုံခံမိလိုက်၏။
ဆွဲဆောင်ခြင်း ကိုယ်ထည်မှ ထွက်ပေါ်လာသည့် မြူဆွယ်နိုင်စွမ်းကို သူမ နှိမ်နင်းလို၏။ ဤအစွမ်း ပေါက်ကွဲထွက်သွားပါက သူမ၏ အနားမှ အမျိုးသား လုံးဝ ထိန်းချုပ်မှု ကင်းမဲ့သွားကာ သူ၏ စိတ်များကို ကာမဆန္ဒများဖြင့် လွှမ်းမိုးသွားမည်ဖြစ်ကြောင်း သူမ သိထား၏။
ထိုအချိန်ကျလျှင် သူမသည် ဤလူ၏ ကစားစရာ သက်သက် ဖြစ်သွားပေလိမ့်မည်။
သို့သော် သူမအတွင်းရှိ မြူဆွယ်နိုင်စွမ်းကို မမည်သို့ပင် နှိမ်နင်းရန် ကြိုးစားသော်လည်း အောင်မြင်ရန် ခက်ခဲနေသည်။
ပုံမှန်အချိန်များကဲ့သို့ အမျိုးသားတစ်ဦးနှင့် ထိတွေ့မှု မရှိခဲ့ပါက သူမအနေနှင့် ယောက်ျားနှင့် မိန်းမကြား ရင်းနှီးမှုအပေါ် အတွေးရှိမည် မဟုတ်ပေ။
သို့သော် ဤလူ၏ အမျိုးမျိုးသော နည်းလမ်းများအောက်တွင် သူမအတွင်းရှိ မကောင်းသော အတွေးများကို နှိမ်နင်းရန် နတ်အငွေ့အသက်ကို သုံးနေသော်လည်း ထိန်းချုပ်ရန် ရုန်းကန်နေရ၏။
ထို့ပြင် သူမသည် အခြေခံအားဖြင့် မိစ္ဆာနတ်တစ်ဦး ဖြစ်ကာ မကောင်းသော အတွေးများကို ကျင့်စဉ်အတွက် အသုံးပြုသူ ဖြစ်၏။ ထို့ကြောင့် သူမအတွင်းရှိ မကောင်းသော အတွေးများကို ထိန်းချုပ်ရန်က သဘာဝအရပင် ခက်ခဲလှသည်။
မကြာမီမှာပင် သူမ၏ စိတ်ကို မကောင်းသော အတွေးများက လွှမ်းမိုးသွားသည်ကို ရှုကျင့်ရှူး တွေ့လိုက်ရသည်။
သူမ အကူအညီမဲ့နေပြီ ဖြစ်ကြောင်း သိထားကာ လုချန်း စိတ်ကြိုက် လုပ်သမျှကို ခွင့်ပြုထားရသော်လည်း နောင်တစ်ချိန်တွင် ဤလူကို မည်သို့ သတ်ပစ်ပစ်ဟုတော့ တွေးတောနေဆဲ ဖြစ်သည်။
ထို့နောက် အလယ်ပိုင်းနယ်မြေသို့ သွားသည့် ခရီးစဉ်အတွင်း လုချန်းသည် ဤသာယာသော အခြေအနေတွင် နစ်မွန်းနေခဲ့ပြီး ရှုကျင့်ရှူး၏ မြူဆွယ်နိုင်စွမ်းတွင် စွဲလန်းကာ ပင်ပန်းနွမ်းနယ်ခြင်းကိုပင် မေ့လျော့နေတော့သည်။
…….
ထိုအတောအတွင်း။
ခရမ်းရောင် ပုံရိပ် ဂိုဏ်း၏ အထက်တွင်။
အာကာသ လှိုင်းထန်မှု တစ်ခု ဖြစ်ပေါ်ပြီးနောက် မိုးပြာရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် ယွမ်ယုတိ ကောင်းကင်ယံ၌ ပေါ်လာ၏။
သူမ၏ ရှေ့မှ ပျက်စီးယိုယွင်းမှုများကို ကြည့်ပြီး ယွမ်ယုတိ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
လျှို့ဝှက်လဝန်းနန်းတော်အတွက်တော့ ဤ ခရမ်းရောင် ပုံရိပ် ဂိုဏ်းသည် သာမန် ဂိုဏ်းငယ်လေးတစ်ခုသာ ဖြစ်သည်။
ခရမ်းရောင် ပုံရိပ် ဂိုဏ်း အရှင်းလင်းခံရရုံ သက်သက်ဆိုပါက ယွမ်ယုတိအနေနှင့် ဂရုစိုက်နေမည် မဟုတ်ပေ။
သို့သော် ခရမ်းရောင် ပုံရိပ်ဂိုဏ်း ပျက်စီးသွားချိန်တွင် နတ်ဘုရင်၏ အငွေ့အသက် အနည်းငယ်ကို ယွမ်ယုတိ အာရုံခံမိလိုက်သည်။
သူမ ခရမ်းရောင် ပုံရိပ် ဂိုဏ်းသို့ ရောက်လာ သောအခါ ထိုနတ်ဘုရင်၏ နတ်စွမ်းအား အကြွင်းအကျန်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။
နတ်ဘုရင်တစ်ပါး၏ နတ်စွမ်းအားသည် သာမန်နတ်များ၏ စွမ်းအားနှင့် သိသိသာသာ ကွဲပြားသည်။
နတ်ဘုရင်၏ နတ်စွမ်းအားသည် များစွာပို၍ လွှမ်းမိုးနိုင်စွမ်းရှိ၏။ ယခုကြည့်ရတာ တစ်ဖက်လူက လက်ဝါးချက်တစ်ချက်တည်းဖြင့် ခရမ်းရောင် ပုံရိပ် ဂိုဏ်းကို အမှုန့်ပြုပစ်ခဲ့ခြင်း ဖြစ်သည်။
ထိုသူ၏ စွမ်းအားသည် နတ်ဘုရင်ခံ အဆင့် သို့မဟုတ် ထိုထက်ပိုမြင့်သည့် အဆင့်တွင် ရှိနေမည်မှာ ထင်ရှားသည်။
ခရမ်းရောင် ပုံရိပ် ဂိုဏ်း၏ အပျက်အစီးများကို စိုက်ကြည့်ရင်း ယွမ်ယုတိ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။
မည်သည့် နတ်ဘုရင်က သူမ၏ နယ်မြေအတွင်းသို့ လာရောက်ကာ ဤကဲ့သို့သော ဂိုဏ်းငယ်လေးကို အမြစ်ပြတ် သုတ်သင်သွားသနည်း။
ပုံမှန်အားဖြင့် နတ်ဘုရင်များသည် သူတပါး၏ နယ်မြေများကို ဖြတ်သန်းသွားရင်း ပြဿနာ ရှာလေ့မရှိကြပေ။
သို့သော် ဤနတ်ဘုရင်ကတော့ သူမ၏ နတ်ဂိုဏ်း၏ လက်အောက်ခံ အဖွဲ့အစည်းကို အရေးယူခဲ့သည်။
လျှို့ဝှက်လဝန်းနန်းတော်၏ အင်အားသည် အရေးမပါပဲ အနိုင်ကျင့်ရန် လွယ်ကူသည်ဟု တစ်ဖက်လူက ထင်နေ၍လား။
ထိုသို့ တွေးမိသည်နှင့် ယွမ်ယုတိ၏ နတ်အငွေ့အသက်များ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး နတ်ဘုရင်၏ ဖိအားလည်း လျှို့ဝှက်လဝန်းနန်းတော် အုပ်ချုပ်မှု နယ်မြေတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
ထိုအခိုက်အတန့်တွင် သူ၏ ကိစ္စများကို လုပ်ဆောင်နေသော လုချန်းသည်လည်း ဤဖိအားကို အာရုံခံမိလိုက်၏။
သို့သော် ထိုနတ်ဘုရင်ကို အရေးယူရန်တော့ ယွမ်ယုတိ မစဉ်းစားထားသေးပေ။
ယခုအချိန်သည် သွေးလင်းယုန်ခန်းမ၏ ကျူးကျော်မှုကို တုံ့ပြန်ရန် အရေးကြီးသော အချိန်ဖြစ်နေသဖြင့် သူမအနေနှင့် နောက်ထပ် ရန်သူတစ်ဦးကို မဖိတ်ခေါ်လိုပေ။
သို့သော် ခရမ်းရောင် ပုံရိပ် ဂိုဏ်းသည် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အဖွဲ့အစည်း ဖြစ်နေ၏။
အကယ်၍ သူမဘက်မှ မည်သည့် တုံ့ပြန်မှုမှ မပြပါက ထိုဖြတ်သန်းသွားသော နတ်ဘုရင်က နောက်ထပ် ဘာများ လုပ်ဦးမည်ကို မည်သူ သိနိုင်မည်နည်း။
နတ်ဘုရင်၏ ဖိအားကို ထုတ်လွှတ်ခြင်းဖြင့် ထိုနတ်ဘုရင်အား ဤနေရာသည် သူမ၏ နယ်မြေဖြစ်ကြောင်း သတိပေးကာ အမြန်ဆုံး ထွက်ခွာသွားရန် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
ယွမ်ယုတိ ထုတ်လွှတ်လိုက်သော နတ်ဘုရင် ဖိအားကို အာရုံခံမိလိုက်လျှင် ရှုကျင့်ရှူးအပေါ် လုံးဝ စွဲလန်းနေသည့် လုချန်း သတိပြန်ဝင်လာ၏။
သူက ဆွဲဆောင်ခြင်း လှိုင်းလုံးများဖြင့် မျက်ဝန်းများ တောက်ပနေသည့် ရှုကျင့်ရှူးကို ကြည့်ကာ ပြုံးလျက်
“ထင်ထားတဲ့အတိုင်းပဲ။ ခင်ဗျားက တကယ်ကို ထူးချွန်တဲ့ ကျင့်စဉ်မီးဖိုတစ်ခုပဲ။”
လုချန်း၏ စကားကို ကြားလျှင် ဝေဝေဝါးဝါး ဖြစ်နေသော ရှုကျင့်ရှူးလည်း အတန်ငယ် သတိပြန်ဝင်လာကာ လုချန်း သူမအပေါ် လုပ်ဆောင်ခဲ့သည်များကို တွေးတောရင်း အံကို ခါးသီးစွာ ကြိတ်လိုက်မိသည်။
လုချန်းနှင့် ပတ်သက်မိ၍ သူမ၏ သိက္ခာတရား ဆုံးရှုံးရသည်ကို သူမ ဂရုမစိုက်သော်လည်း သူမကို အနှိမ်ခံ ကစားစရာ တစ်ခုကဲ့သို့ ဤလူက ဆက်ဆံခဲ့ခြင်းကိုတော့ သူမ သည်းမခံနိုင်ဆုံး ဖြစ်နေရသည်။
လုချန်းသည် သူမ လက်ခံနိုင်သည် မခံနိုင်သည်ကို ဂရုမစိုက်ပဲ သူ၏ လုပ်ဆောင်မှုများကို အဆက်မပြတ် ဆက်လုပ်နေသည်။
ထိုစဉ်မှာပင် ရှုကျင့်ရှူး ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွား၏။
ယခင်က သူမသည် သူမ၏ ဆွဲဆောင်ခြင်း ကိုယ်ထည်ကြောင့် ဖြစ်လာနိုင်သည့် ဒုက္ခများကို ကြောက်ရွံ့ခဲ့သဖြင့် သူမ၏ ဆွဲဆောင်ခြင်း ကိုယ်ထည် အပါ်၌ လေ့ကျင့်ရန် ကျင့်စဉ်အရင်းအမြစ်များကို တစ်ခါမှ မသုံးစွဲခဲ့ပေ။
ထို့အစား သူမသည် သူမ၏ ဆွဲဆောင်ခြင်း ကိုယ်ထည်မှ ထွက်ပေါ်လာသည့် အငွေ့အသက်ကို ဖုံးကွယ်ရန် သတ်ဖြတ်လိုသော အငွေ့အသက်ကိုသာ အသုံးပြုခဲ့သည်။
သူမ၏ ဆွဲဆောင်မှုခြင်း ကိုယ်ထည်သည် သဘာဝအတိုင်း ဖြစ်သော်လည်း ၎င်း၏ အစွမ်းများကို အပြည့်အဝ ထုတ်ဖော်ရန်အတွက် လေ့ကျင့်ရန် လိုအပ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ၏ ခန္ဓာကိုယ်အပေါ် လုချန်း စွဲလန်းနေမှုနှင့် သူ၏ ပြင်းထန်သော အမူအရာများကို ပြန်လည်စဉ်းစားကြည့်ရင်း ဖြစ်နိုင်ခြေတစ်ခုကို တွေ့ရှိသွားသည်။
အကယ်၍ သူမသာ ဆွဲဆောင်ခြင်းပညာကို တက်ကြွစွာ လေ့ကျင့်ပြီး သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်ထည်၏ အစွမ်းကို အပြည့်အဝ ထုတ်ဖော်နိုင်ပါက ထိုဆွဲဆောင်ခြင်းပညာမှတစ်ဆင့် ဤလူကို ပြန်လည် ထိန်းချုပ်နိုင်မည် မဟုတ်ပါလား။
ထိုသို့လုပ်ဆောင်ခြင်းဖြင့် သူ့ကို သူမ ဖြစ်စေချင်သမျှ အရာအားလုံးကို ခိုင်းစေနိုင်မည် ဖြစ်သည်။
သူမ၏ ဝိညာဉ်မူလအစကို ပြန်ပေးရန် ခိုင်းလျှင်ပင် သူက မဆိုင်းမတွ ဧကန်မုချ လုပ်ဆောင်ပေလိမ့်မည်။
ထိုအရာကို နားလည်သွားသည်နှင့် ရှုကျင့်ရှူးလည်း သူမ၏ ခန္ဓာကိုယ်မှ ခံစားချက်များကို ဖိနှိပ်ထားလိုက်ပြီး သူမ ယခင်က မြင်ဖူးခဲ့သော ဆွဲဆောင်ခြင်း ပညာရပ်များကို သူမ၏ စိတ်ထဲတွင် စတင် ရှာဖွေတော့သည်။
သူမ သွေးလင်းယုန်ခန်းမ၏ သူတော်စင်မ မဖြစ်လာခင်က သူမတွင် ဆွဲဆောင်ခြင်း ကိုယ်ထည် ရှိကြောင်း သိထားသဖြင့်
ဆွဲဆောင်ခြင်း ပညာကို လေ့ကျင့်ရန် တစ်ခါ စဉ်းစားခဲ့ဖူးသည်။
သို့သော် သွေးလင်းယုန်ခန်းမ ကဲ့သို့သော နေရာအကြောင်း သူမ ကောင်းကောင်းသိ၏။ ထိုနေရာ၌ ပို၍ အားကြီးသူတစ်ဦး၏ ဖမ်းဆီးခြင်းကို ခံရပြီး ကျင့်စဉ်မီးဖိုတစ်ခုသာ ဖြစ်သွားမည်ကို သူမ စိုးရိမ်ခဲ့သဖြင့်
ဆွဲဆောင်ခြင်း ပညာကို လေ့ကျင့်ရန် အကြံကို စွန့်လွှတ်ခဲ့ကာ ထိုအစား ပို၍ ဆိုးယုတ်သော မိစ္ဆာကျင့်စဉ်များကိုသာ လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။