← Chapters

အခန်း (၁၆၆၉-၁၆၇၁)

Vol. 112 Ch. 1669-1671

အခန်း (၁၆၆၉-၁၆၇၁)

Vol. 112 Ch. 1669-1671

အခန်း (၁၆၆၉ )

ရှုကျင့်ရှူး ကိုယ်ဝန်ရှိသွားခြင်း

ဆွဲဆောင်ခြင်း အတတ်ပညာအကြောင်း ယခင်က အတော်အတန် ဖတ်မှတ်ဖူးခဲ့သဖြင့် ကံကောင်းသည်ဟု ရှုကျင့်ရှူး၏ စိတ်ထဲ ခံစားလိုက်ရ၏။ သူမ၏ မှတ်ဉာဏ်ထဲတွင် အချို့သော အကြောင်းအရာများ ကျန်ရှိနေသေးသည်။

ဆွဲဆောင်ခြင်းပညာကို ယခုမှ စတင်ကျင့်ကြံလျှင်လည်း နောက်မကျသေးပေ။ ထို့ပြင် ဆွဲဆောင်ခြင်းပညာ ကျင့်ကြံရာတွင် အမျိုးသားတစ်ဦး လိုအပ်၏။ သူ့ကိုယ်သူ ထိန်းချုပ်ရန်ပင် မတတ်နိုင်သော ထိုသူသည် သူမ၏ ပညာရပ်များ လေ့ကျင့်ရန်အတွက် အသုံးတည့်သည့် ကိရိယာတစ်ခုပင် ဖြစ်နေတော့သည်။

ထိုသို့တွေးတောရင်း မြေအဆင့်ရှိ ဆွဲဆောင်ခြင်းပညာကို ရှုကျင့်ရှူး စတင်ကျင့်ကြံလေတော့၏။ ထိုအခါ သူမ၏ ကိုယ်ထဲမှ ထွက်ပေါ်လာသော ဆွဲဆောင်ခြင်း အငွေ့အသက်များ ပို၍ ပြင်းထန်လာ၏။ သတိလက်လွတ် ဖြစ်နေသည့် လုချန်းကို ထိုဆွဲဆောင်ခြင်း အငွေ့အသက်များက ပို၍ပင် ရူးသွပ်သွားစေသည်။

ရုတ်တရက် ပြင်းထန်ကြမ်းတမ်းလာသော လုချန်းကို ကြည့်ကာ ရှုကျင့်ရှူး၏ မျက်နှာပေါ်တွင် ခါးသီးသော အရိပ်အယောင်များ ပေါ်လာ၏။

“မကောင်းတော့ဘူး...”

ဟု ရှုကျင့်ရှူး ရေရွတ်မိလိုက်သည်။

သို့သော် ရပ်တန့်ရန် နောက်ကျသွားပြီဖြစ်ရာ သူမအနေနှင့် ကြိတ်မှိတ်သည်းခံရုံသာ ရှိတော့၏။ ဆွဲဆောင်ခြင်းပညာကို တတ်မြောက်ပြီးနောက် လုချန်းကို ပြန်လည်ထိန်းချုပ်နိုင်မည့် အခွင့်အရေးကို တွေးတောကာ ဤဒုက္ခကို သူမ သည်းခံရန် ဆုံးဖြတ်လိုက်သည်။

သူ၏ ဝိညာဉ်မူလအစကို ပြန်လည်ရယူကာ လွတ်လပ်ခွင့် ရရှိနိုင်ရန်အတွက်တော့ ဤမျှလောက်သော ပေးဆပ်မှုက ဘာမှမဟုတ်ပေ။

သို့သော် ရှုကျင့်ရှူး မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်လာ၏။ ဆွဲဆောင်ခြင်းပညာကို ဆက်တိုက် ကျင့်ကြံနေစဉ် သူမကိုယ်တိုင်လည်း သတိတဖြည်းဖြည်း လွတ်လာခြင်း ဖြစ်သည်။

ဤအခြေအနေမျိုးတွင် လုချန်းကို ထိန်းချုပ်ကာ ဝိညာဉ်မူလအစကို ပြန်ယူရန် မဆိုထားနှင့် သူမကိုယ်တိုင် သတိပြန်ဝင်လာမလား ဆိုတာပင် မသေချာနိုင်တော့ပေ။

ကံကောင်းသည်က သူတို့၏ နတ်လှေတွင် ဦးတည်ရာကို သတ်မှတ်ထားပြီး ဖြစ်၏။ လှေပေါ်တွင် နတ်ကျောက်တုံးများနှင့် ဝိညာဉ်ကျောက်တုံးများ ရှိနေပါက သတ်မှတ်ထားသော နေရာသို့ အလိုအလျောက် ပျံသန်းသွားမည် ဖြစ်သည်။

ဤခရီးစဉ်တစ်လျှောက် နတ်လှေကို ထိန်းချုပ်ရန် သူတို့နှစ်ဦးလုံးအား မလိုအပ်ပေ။

…..

ငါးနှစ်တာ အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။

အမွေးဖြူမြို့။

လုကျင်၏ ထောက်ပံ့မှုဖြင့် ကစဉ့်ကလျား နယ်မြေသည် ယခင်ကထက် များစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ သို့သော်လည်း ထိုနေရာတွင် နတ်အငွေ့အသက် မရှိသောကြောင့် လုချန်းအနေနှင့် ရေရှည်နေထိုင်ရန်အတွက်တော့ မသင့်တော်ပေ။

ထိုအခိုက်အတန့်တွင် အမွေးဖြူမြို့၏ ကောင်းကင်ယံ၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ လက်ချင်းချိတ်ကာ မြို့တော်ဝန် စံအိမ်ဆီသို့ လျှောက်လှမ်းလာကြ၏။

ထိုသူနှစ်ဦးသည် လွန်ခဲ့သော နှစ်အနည်းငယ်က အဆင့်တက်ရန် ထွက်ခွာသွားကြသော လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ပင် ဖြစ်သည်။ သူတို့သည် လုချန်း ပေးအပ်ခဲ့သော သက်စောင့်ဝိညာဉ်ဆေးလုံးကို သုံးစွဲပြီးနောက် အဆင့်အတားအဆီးကို ကျော်ဖြတ်ကာ စစ်မှန်သောနတ် နယ်ပယ်သို့ ရောက်ရှိခဲ့ကြ၏။

အမွေးဖြူမြို့သို့ ပြန်ရောက်လာပြီးနောက် သူတို့၏ သခင်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ဂါရဝပြုရန် ရည်ရွယ်ထားကြသည်။ သခင်၏ သက်စောင့်ဝိညာဉ်ဆေးလုံးသာ မရှိလျှင် ကောင်းကင်နတ် အဆင့်တွင်သာ သူတို့ တစ်သက်လုံး ရှိနေနိုင်သည်။

ယခုတော့ စစ်မှန်သောနတ် နယ်ပယ်သို့ ရောက်ရှိသွားပြီဖြစ်ရာ သက်တမ်းမှာလည်း နှစ်ပေါင်း သန်းထောင်ချီ၍ ရှည်ကြာသွားနိုင်ပြီ ဖြစ်၏။

အမွေးဖြူမြို့သို့ ပြန်ရောက်သောအခါ လုချန်းကို မတွေ့ရပေ။ လုကျန့်ကျီက မြို့တော်ဝန် စံအိမ်မှ တပ်မှူးကို ခေါ်ကာ

“ဘုရင်ကြီး အခု ဘယ်မှာလဲ။ သူ ဘယ်ကို ရောက်နေတာလဲ။”

ယခုအခါတွင်တော့ လုချန်းကို “ဘုရင်ကြီး” ဟု ခေါ်ဆိုရန် လုကျန့်ကျီ ဝန်မလေးတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ သခင် ပြန်ရောက်ကြောင်း လူတိုင်း သိနေကြပြီ ဖြစ်သောကြောင့်ဖြစ်သည်။

ထို့ပြင် မြို့တော်ဝန် စံအိမ်အတွင်း၌ ထိုသို့ ခေါ်ဆိုခြင်းကလည်း မှားယွင်းမှု မရှိပေ။

မြို့တော်ဝန် စံအိမ် တပ်မှူးက

“ဘုရင်ကြီးက လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက တံခါးပိတ် ကျင့်စဉ်ဝင်သွားတာပါ။ သခင်တို့ ပြန်ရောက်လာရင် ကစဉ့်ကလျား နယ်မြေကို တာဝန်ယူဖို့နဲ့ အရေးကြီးတဲ့ ကိစ္စမရှိရင် သူ့ကို အနှောင့်အယှက် မပေးဖို့ မှာသွားပါတယ်။”

လုကျန့်ကျီမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။

ထိုသူသည် သခင်၏ ကိုယ်ပွားတစ်ခု မဟုတ်ပါလား။

သခင်၏ ကိုယ်ပွားကလည်း ကျင့်စဉ် ကျင့်ကြံလား။

လုချန်းသည် မြို့တော်ဝန် စံအိမ်ရှိ လျှို့ဝှက်အခန်းတစ်ခုအတွင်း မျက်လုံးများကို မှိတ်ကာ အိပ်ပျော်နေသကဲ့သို့ အခြေအနေတစ်ခုဖြင့် ထိုင်နေ၏။

ရှုကျင့်ရှူးနှင့် နီးကပ်စွာ ထိတွေ့မိသည့် အချိန်မှစ၍ လုချန်း၏ အာရုံအားလုံးသည် သူမထံသို့သာ ရောက်ရှိနေခဲ့သည်။ ထို့ကြောင့် အခြားသော ကိုယ်ပွားများကို ထိန်းချုပ်ရန် ခက်ခဲနေခြင်း ဖြစ်၏။

အထူးသဖြင့် ရှုကျင့်ရှူးက ဆွဲဆောင်ခြင်းပညာကို စတင်ကျင့်ကြံပြီးနောက် လုချန်း၏ နတ်ဝိညာဉ်လည်း ထိန်းချုပ်မှု ကင်းမဲ့သွားခဲ့သည်။ ယခုအခါတွင်တော့ ရှုကျင့်ရှူး သူ၏ ရင်သွေးကို လွယ်ရမည်ဟူသော အတွေးတစ်ခုသာ သူ၏ ခေါင်းထဲ၌ ပဲ့တင်ထပ်နေတော့သည်။

…..

ထိုအချိန်။

အလယ်ပိုင်း နယ်မြေသို့ ဦးတည်ပျံသန်းနေသော နတ်လှေတစ်စင်းပေါ်တွင် သတိလက်လွတ် ဖြစ်နေသည့် လုချန်းသည် သူ၏ ကိစ္စရပ်များကို ဆက်လက် လုပ်ဆောင်နေ၏။

ရှုကျင့်ရှူး၏ ကိုယ်မှ ဆွဲဆောင်ခြင်း အငွေ့အသက်များ ဆက်တိုက် ထွက်ပေါ်နေပြီး သူမ၏ ဆွဲဆောင်ခြင်းပညာမှာလည်း အလိုအလျောက် လည်ပတ်နေသည်။

ရှုကျင့်ရှူးသည် သူမကိုယ်သူမ အထင်ကြီးလွန်းခဲ့၏။

သူမအနေနှင့် သည်းခံနိုင်မည်ဟု ထင်မှတ်ကာ ဆွဲဆောင်ခြင်းပညာဖြင့် လုချန်းကို ထိန်းချုပ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမသည် ပင်ကိုယ်အားဖြင့် မိစ္ဆာနတ်တစ်ဦး ဖြစ်ကာ အကျင့်ပျက် ညစ်နွမ်းမှုထဲသို့ ကျရောက်ရန် ကံပါလာသူဖြစ်ကြောင်း မေ့လျော့နေခဲ့၏။

ထိုသို့သော ကိစ္စများကို မလုပ်ဆောင်မီတွင်တော့ သူမသည် သတ်ဖြတ်ခြင်းဖြင့် အာရုံလွှဲနိုင်သော်လည်း ဤစိတ်အညစ်အကြေးနှင့် ထိတွေ့မိသွားသည့် အခါတွင်တော့ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ပဲ နက်ရှိုင်းစွာ နစ်မွန်းသွားရတော့သည်။

ထိုခဏ၌ သတိလက်လွတ် ဖြစ်နေသော လုချန်းသည် စနစ်၏ အသံကို ရုတ်တရက် ကြားလိုက်ရ၏။

စနစ်က

“ဂုဏ်ယူပါတယ် သခင်။ ဇနီးကို ကိုယ်ဝန်ရရှိအောင် ကူညီပေးခဲ့တဲ့အတွက် ဆုလာဘ်အဖြစ် ထိုက်ချူး အနန္တကျမ်းစာကို ရရှိပါတယ်။”

လုချန်း၏ စိတ်ထဲ စနစ်၏ အသံ ပဲ့တင်ထပ်သွားသည့် အခိုက်အတန့်တွင် သူ၏ မျက်လုံးများထဲမှ နီရဲနေသော အရောင်များ တဖြည်းဖြည်း မှေးမှိန်သွားကာ သတိပြန်ဝင်လာခဲ့၏။

သတိလွတ်နေသော ရှုကျင့်ရှူးကို လုချန်း ငုံ့ကြည့်ကာ သက်ပြင်းတစ်ချက် အသာအယာ ချလိုက်မိသည်။ သူသတိလက်လွတ်ဖြစ်နေချိန် သူမ တိုက်ခိုက်တာ ခံရနိုင်ခဲ့သော်လည်း ကံကောင်းစွာဖြင့် ထိုသို့ ဖြစ်မလာခဲ့ပေ။

ထို့နောက် စနစ်၏ မျက်နှာပြင်ကို လုချန်း ကြည့်လိုက်၏။

[ဇနီးတစ်ဦး ရရှိသဖြင့် ဆုလာဘ်အဖြစ် လျှို့ဝှက်ဆန်းကြယ် မြက်ပင်ကို ရရှိသည်။]

သူ၏ ကိုယ်ထဲ၌ လှုပ်ရှားနေသော နတ်အငွေ့အသက်များကို တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကို လုချန်း ပြန်လည် ထိန်းချုပ်လိုက်၏။ ထို့နောက် ရရှိထားသော ဆုလာဘ်နှစ်ခုကို စစ်ဆေးကြည့်လိုက်သည်။

[လျှို့ဝှက်ဆန်းကြယ် မြက်ပင် : သူတော်စင် အဆင့်ရှိ နတ်မြက်ဖြစ်ပြီး သုံးစွဲပါက နတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးသည်။]

[ထိုက်ချူး အနန္တကျမ်းစာ: ကောင်းကင်အဆင့်ရှိ နတ်နိယာမ ဖြစ်ပြီး ကျင့်ကြံပါက ရန်သူ၏ တိုက်ကွက်များကို တစ်စိတ်တစ်ပိုင်း စုပ်ယူကာ ပြန်လည် ရောင်ပြန်ဟပ် စေနိုင်သည်။]

လျှို့ဝှက်ဆန်းကြယ် မြက်ကို မြင်လျှင် လွန်ခဲ့သော ငါးနှစ်အတွင်း သူ ဖြစ်ပျက်ခဲ့သည်များကို လုချန်း သတိရသွား၏။ ရှုကျင့်ရှူးနှင့် စတင်ထိတွေ့စဉ်ကပင် ဤမြက်ကို စားသုံးခဲ့လျှင် သူ သတိလွတ်သွားခဲ့လိမ့်မည် မဟုတ်ပေ။

စနစ်၏ ဆုလာဘ်များကို သူ စောစောစီးစီး စစ်ဆေးခဲ့သင့်သည်။ သို့သော် ထိုစဉ်က မိစ္ဆာမ ရှုကျင့်ရှူးကို ရရှိခဲ့သည့် ပျော်ရွှင်မှုတွင် နစ်မွန်းနေခဲ့ရာ စနစ်၏ မျက်နှာပြင်ကို ကြည့်ရန် သို့မဟုတ် မည်သည့် ဆုလာဘ်များ ရရှိသည်ကို စစ်ဆေးရန် လုံးဝ မေ့လျော့နေခဲ့ခြင်း ဖြစ်၏။

ထိုအကျိုးဆက်က ပျက်စီးခြင်းသို့ နီးကပ်သွားခဲ့သည်။ လွန်ခဲ့သော ငါးနှစ်အတွင်း အတိုင်းအထက်အလွန် ပျော်ရွှင်ခဲ့ရသော်လည်း ပြန်လည် စဉ်းစားကြည့်ပါက ရှုကျင့်ရှူးသာ ကာမဂုဏ်များ၏ သက်ရောက်မှုကို မခံရသော မိစ္ဆာနတ်တစ်ဦး မဟုတ်ခဲ့လျှင် သူကိုယ်တိုင် သူမ၏ ထိန်းချုပ်မှုကို ခံရနိုင်ပေသည်။

တကယ့်ကို ရင်ထိတ်စရာပင်။

ထိုသို့ သိ သွားပြီးနောက် လုချန်းလည်း ဝေခွဲမနေတော့ပဲ စနစ်အတွင်းမှ လျှို့ဝှက်ဆန်းကြယ် မြက်ကို ထုတ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်၏။

လျှို့ဝှက်ဆန်းကြယ် မြက်ပင် ပါးစပ်ထဲသို့ ရောက်သည်နှင့် အေးမြသော ခံစားချက်များ သူ၏ နတ်ဝိညာဉ်ထဲသို့ စီးဝင်သွားခဲ့သည်။ မကြာမီမှာပင် သူ၏ နတ်ဝိညာဉ် ပြန်လည် ကောင်းမွန်လာကာ အချို့သော မှတ်ဉာဏ်ဟောင်းများလည်း တဖြည်းဖြည်း ပြန်ပေါ်လာခဲ့၏။

သို့သော် ကစဉ့်ကလျား ပင်လယ်အတွင်း နှစ်သန်းထောင်ချီ နေထိုင်ခဲ့ရသဖြင့် သူ၏ နတ်ဝိညာဉ်သည် ကစဉ့်ကလျား အငွေ့အသက်များ၏ တိုက်စားမှုကို ပြင်းထန်စွာ ခံထားရသည်။ ထို့ကြောင့် ကောင်းကင်အဆင့်ရှိ နတ်မြက် တစ်မျိုးတည်းဖြင့်တော့ အပြည့်အဝ ပြန်လည် ကောင်းမွန်ရန် မလုံလောက်သေးပေ။

လုချန်း သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်လျှင် ရှုကျင့်ရှူးလည်း သတိတဖြည်းဖြည်း ပြန်ဝင်လာ၏။ သူမကို စိုက်ကြည့်နေသော လုချန်း၏ မျက်လုံးများကို မြင်လျှင် ရှုကျင့်ရှူး ချက်ချင်း ထိတ်လန့်သွားတော့သည်။

သူမအနေနှင့် လုချန်းကို ထိန်းချုပ်ရမည် မဟုတ်ပါလား။

သို့သော် အဘယ်ကြောင့် သူမကိုယ်တိုင် နစ်မွန်းသွားရသနည်း...

ရှုကျင့်ရှူး နိုးလာသည်ကို မြင်လျှင် လုချန်း၏ နှုတ်ခမ်းအစုံသည် လှောင်ပြောင်လိုသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွား၏။

ရှုကျင့်ရှူး၏ အခြေအနေကို ကြည့်ကာ သူမ ဆွဲဆောင်ခြင်းပညာ ကျင့်ကြံရခြင်း အကြောင်းရင်းကို ရိပ်မိသွားပြီး လုချန်းက

“ဆွဲဆောင်ခြင်းပညာနဲ့ ကျုပ်ကို ထိန်းချုပ်ပြီး ဝိညာဉ်မူလအစကို ပြန်တောင်းမယ်။ ပြီးရင် ကျုပ်ကို သတ်ပစ်မယ်လို့ ခင်ဗျား တွေးထားတာလား။”

လုချန်းက

“ကံဆိုးတာက ခင်ဗျား ဟာ မိစ္ဆာနတ်တစ်ဦး ဖြစ်နေတာပဲ။ မိစ္ဆာနတ်တွေအတွက်တော့ ကာမဂုဏ်ဟာ ပျက်စီးခြင်းရဲ့ အစပဲ။ အဲဒီ အညစ်အကြေးနဲ့ ထိတွေ့မိတာနဲ့ ခင်ဗျားကိုယ်ခင်ဗျားတောင် ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။”

သူမ၏ အကြံအစည်များကို လုချန်း ရိပ်မိသွားကြောင်း ကြားလျှင် ရှုကျင့်ရှူး၏ နီမြန်းနေသော ပါးပြင်များ ဖြူလျော်သွားတော့၏။

သူမ၏ ရည်ရွယ်ချက်များ ပေါ်သွားခဲ့ပြီ ဖြစ်ရာ ယခု သူက သူမကို သုတ်သင်ပစ်တော့မှာလား။

……………

အခန်း (၁၆၇၀ )

ဒီလောက် ရက်စက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး

လုချန်း၏ နက်ရှိုင်းသော မျက်ဝန်းများကို ရှုကျင့်ရှူး ကြည့်လိုက်ကာ အားနည်းသောအသံဖြင့်

“ရှင် ကျွန်မကို သတ်ချင်ရင် သတ်လိုက်ပါတော့”

သူမ သတိလွတ်နေခဲ့သည့်တိုင် လွန်ခဲ့သော ငါးနှစ်တာ၏ အတိုင်းအထက်အလွန် သာယာမှုများကို ခံစားနေရဆဲ ဖြစ်၏။ ဆွဲဆောင်ခြင်းပညာဖြင့် လုချန်းကို ထိန်းချုပ်ရန် မဖြစ်နိုင်ကြောင်းလည်း သူမ သိနားလည်သွားခဲ့သည်။

ဤအခြေအနေတွင် လုချန်းကို ထိန်းချုပ်ရန် သူမ၏ ဆွဲဆောင်ခြင်းပညာကို မသုံးနိုင်မီမှာပင် သူမကိုယ်တိုင် ထိုသာယာမှုထဲ နစ်မြောသွားခဲ့ရာ သူ့ကို ထိန်းချုပ်ရန် သတိတရားကို စုစည်းနိုင်စွမ်း မရှိတော့ချေ။

ယခုတော့ အားကိုးရာမဲ့မှုကိုသာ သူမ ခံစားနေရ၏။ မိစ္ဆာနတ် လမ်းစဉ်ကို ရွေးချယ်ခဲ့မိခြင်းက နောက်ဆုံးတွင် လုချန်း၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရန် အခွင့်အရေးကို ဆုံးရှုံးစေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

သူမသာ မိစ္ဆာနတ်တစ်ဦး မဟုတ်ခဲ့လျှင် ဤကဲ့သို့ ဖိုမဆက်ဆံရေး ချောက်နက်ထဲသို့ ကျဆင်းသွားခဲ့မည် မဟုတ်ပေ။ ကြည်လင်သော စိတ်အသိရှိနေပါက လုချန်း၏ နတ်ဝိညာဉ် သတိလက်လွတ်ဖြစ်နေချိန်တွင် သူ့ကို ထိန်းချုပ်နိုင်စွမ်း ရှိပေလိမ့်မည်။

သို့သော် မိစ္ဆာနတ်တစ်ဦး ဖြစ်နေပါက ကာမဂုဏ်သာယာမှုများ ခံစားနေချိန်တွင် သတိကပ်နေရန် မဖြစ်နိုင်ကြောင်းကို ယခုမှ သူမ နားလည်သွားတော့သည်။ အထူးသဖြင့် လုချန်းကို ပို၍ ကြမ်းတမ်းလာစေရန် သူမ၏ ဆွဲဆောင်ခြင်းပညာဖြင့် ဆွပေးခဲ့ပြီးနောက်တွင် ထိုအကျိုးဆက်ကို သူမကိုယ်တိုင် ပြန်လည်ရင်ဆိုင်ရကာ သူနှင့်အတူ ကာမဂုဏ် သံသရာလည်နေခဲ့ရ၏။

လုချန်းကို နှိုးဆွရန် ဆွဲဆောင်ခြင်းပညာကို သူမ အသုံးပြုခဲ့သော်လည်း လုချန်းက သူမကို ပြင်းပြင်းထန်ထန် ပြန်လည်နှိပ်စက်ခဲ့ရာ နှစ်ဦးစလုံး လွတ်မြောက်နိုင်ခြင်း မရှိတော့‌ပေ။

ရှုကျင့်ရှူး၏ ပြတ်သားနေသော အမူအရာကို ကြည့်ကာ လုချန်း ခပ်တိုးတိုး ရယ်မောလိုက်၏။

လုချန်းက

“ခင်ဗျားကို သတ်ရမယ် ဟုတ်လား။ ကျုပ်က ဘာလို့ သတ်ရမှာလဲ။ ခင်ဗျားက ကျုပ်ရင်သွေးရဲ့ မိခင်ပဲဟာ။”

ထိုအရာကို ကြားလျှင် ရှုကျင့်ရှူး ထိတ်လန့်သွားကာ တစ်စုံတစ်ခုကို သတိပြုမိသွားပြီးနောက် သူမ၏ နတ်အာရုံကို သုံး၍ ခန္ဓာကိုယ်ကို အမြန်စစ်ဆေးလိုက်၏။ မျှော်လင့်ထားသည့်အတိုင်းပင် သူမ၏ ခန္ဓာကိုယ်အတွင်း၌ အသက်ဓာတ်များ ကိန်းအောင်းနေသော အစုအဝေးတစ်ခုကို တွေ့ရှိလိုက်ရသည်။

ရှုကျင့်ရှူး၏ မျက်နှာ ချက်ချင်း ပျက်ယွင်းသွား၏။

ဤလူ၏ ကစားစရာအဖြစ် အပြုမူခံရရုံသာမက သူမ၏ ဝမ်းဗိုက်ထဲတွင် သူ့မျိုးစေ့ကိုပါ လွယ်ထားရသည် မဟုတ်ပါလား။

ဤအရာက သူမအတွက် အလွန်ကြီးမားသော အရှက်ရမှုပင်။

ချက်ချင်းပင် ထိုအသက်ဓာတ်ကို ချေဖျက်ရန် သူမအတွင်းရှိ နတ်စွမ်းအားများကို ရှုကျင့်ရှူး ချက်ချင်း စုစည်းလိုက်၏။

အသက်ဓာတ်ထံသို့ ရှုကျင့်ရှူး နတ်စွမ်းအားများ စုစည်းပို့လွှတ်နေသည်ကို ခံစားမိသည်နှင့် လုချန်း မျက်မှောင်ကြုတ်လိုက်ကာ အေးစက်စွာ ဆိုလိုက်၏။

“ကျုပ်ရင်သွေးကို ချေဖျက်ဖို့ ကြိုးစားနေတယ်ပေါ့။ခင်ဗျား ဒီလောက် ရက်စက်လိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး။”

လုချန်း၏ ဒေါသထွက်နေသော အမူအရာကို မြင်သောအခါ ရှုကျင့်ရှူး ခဏခန့် မှင်တက်သွားကာ ဘာလုပ်ရမှန်းမသိ ဖြစ်သွား၏။ အမှန်အတိုင်းဆိုရလျှင် သူမ အသက်ရှင်ချင်သေးသည်။

သူမက သူ့ကို ထိန်းချုပ်ရန် ကြိုးစားနေခဲ့ကြောင်း သိသွားခဲ့သဖြင့် သူမအား အန္တရာယ်တစ်ခုအဖြစ် သတ်မှတ်ကာ သတ်ပစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သဖြင့် အစောပိုင်းက စိတ်ပျက်အားငယ်နေခဲ့မိခြင်း ဖြစ်သည်။ သို့သော် အသက်ရှင်နိုင်ခွင့် ရှိမည်ဆိုပါက သူမ သေချင်မည် မဟုတ်ပေ။

မိစ္ဆာနတ်တစ်ဦးအနေနှင့် သူမ၏ အသက်ရှင်လိုစိတ်သည် ဖြောင့်မတ်သောနတ်များထက်ပင် ပို၍ ပြင်းပြ၏။

တစ်စုံတစ်ခုကို လုချန်း ရုတ်တရက် စဉ်းစားမိသွားကာ

“ခင်ဗျားသာ ကျုပ်ရင်သွေးကို မွေးဖွားပေးမယ်ဆိုရင် ကျုပ် ခင်ဗျားကို လွတ်လပ်ခွင့် ပေးမယ်။”

ထိုအရာကို ကြားလျှင် ရှုကျင့်ရှူးက သံသယဖြင့်

“တကယ်လား”

လုချန်း၏ တင်းမာနေသော မျက်နှာအမူအရာ ပျောက်ကွယ်သွားပြီး အပြုံးဖွဖွ တစ်ခု ပေါ်လာ၏။

လုချန်းက

“တကယ်ပေါ့”

လုချန်း၏ စကားကို ရှုကျင့်ရှူး သံသယရှိနေသော်လည်း သူမအတွက် အခြား လွတ်မြောက်နိုင်မည့် နည်းလမ်း မရှိသလို ဖြစ်နေသည်။

ကောင်းပြီ။

ဤကလေးကို သူမ မွေးပေးလိုက်မည်။

နောင်တစ်ချိန်တွင် ဤကလေးကို သုံးပြီး သူ့ကို ပြန်ခြိမ်းခြောက်လို့ပင် ရနိုင်သည်။

မည်သို့ပင်ဆိုစေ နတ်တစ်ဦးအတွက် ရင်သွေးရရှိရန် အလွန် ခက်ခဲလှသည်။ သူ့အတွက်တော့ ဤရင်သွေးက အလွန် အရေးကြီးလိမ့်မည်။

သူမသာ ထိုကလေးကို ထိန်းချုပ်နိုင်ခဲ့လျှင် သူမအား လွှတ်ပေးရန်မှတစ်ပါး သူ့မှာ အခြား ရွေးချယ်စရာ ရှိမည်မဟုတ်ပေ။

ထိုသို့ တွေးတောရင်း ရှုကျင့်ရှူး အလျှော့ပေးလိုက်ကာ

“ကောင်းပါပြီ။ ကျွန်မ သူ့ကို မွေးပါ့မယ်။”

ရှုကျင့်ရှူး သဘောတူလိုက်သည်ကို မြင်သောအခါ နတ်တစ်ပါးအတွက် ရင်သွေး မွေးဖွားရန် နှစ်ပေါင်း သောင်းချီ ကြာနိုင်ကြောင်း လုချန်း တွေးလိုက်မိသည်။ အချိန်ကြာလာသည်နှင့်အမျှ သူမ၏ စိတ်ကို ပြောင်းလဲအောင် လုပ်ပြီး သူ့ကို ချစ်ခင်လာအောင် မလုပ်နိုင်ဘူးဟု လုချန်း မယုံကြည်ချေ။ ထိုအတွက် နှစ်ပေါင်း ထောင်ချီကြာသွားလျှင်တောင် သူ့စိတ်ရှည်နိုင်သည်။

သူမ၏ စိတ်နှလုံးကို မရရှိခဲ့လျှင်တောင် မိစ္ဆာနတ်တစ်ဦးအနေဖြင့် သူမသည် သာယာမှုနောက်သို့ လိုက်ပါရန် အဆင်သင့်ရှိနေပြီးသား ဖြစ်၏။ သူမကို ထိုသာယာမှုဖြင့်သာ ထိန်းချုပ်ထားနိုင်ပါက သူမ သူ့ထံမှ ထွက်ခွာသွားနိုင်မည် မဟုတ်ပေ။

လုချန်း ထိုသို့ တွေးနေစဉ်မှာပင် ဖြူဖျော့နေသော ရှုကျင့်ရှူး၏ မျက်နှာ၌ ဆွဲဆောင်မှုရှိသော နီမြန်းသည့် အရောင်အသွေးများ ယှက်သန်းလာကာ အသက်ရှူသံများလည်း ပြင်းထန်လာပြီး သူမ၏ မျက်ဝန်းများတွင် တောင့်တမှုများဖြင့် ပြည့်နှက်လာသည်ကို သတိပြုမိလိုက်သည်။

လုချန်းက

“ဒါဟာ ခင်ဗျားလုပ်တဲ့ကံ ခင်ဗျားပြန်ခံရတာပဲ။ ကျုပ်ရှေ့မှာ လာပြီး လှည့်ကွက်သုံးဖို့ ကြိုးစားတာရယ်...ဆွဲဆောင်ခြင်းပညာနဲ့ ကျုပ်ကို ထိန်းချုပ်ဖို့ မျှော်လင့်နေတာရယ်က ရယ်စရာကောင်းလွန်းတယ်။”

လုချန်း၏ စကားကို ကြားသောအခါ ရှုကျင့်ရှူး အလွန် အရှက်ရသွား၏။ တစ်ချိန်က သူမ၏ အားသာချက်ဖြစ်ခဲ့သော ဆွဲဆောင်ခြင်း ကိုယ်ထည်သည် ယခုတော့ သူမ၏ အားနည်းချက် ဖြစ်နေပြီ။

ဤဆွဲဆောင်ခြင်းပညာသည် လေ့ကျင့်ရန် မသင့်တော်သော ပညာရပ်ဖြစ်ကြောင်း သူမ၏ အရင်က အတွေးများ မှန်ကန်နေခဲ့သည်။

သို့သော် သူမ၏ ထိုအကြံအစည်က ပြဿနာမဟုတ်ကြောင်းကို ရှုကျင့်ရှူး သတိမထားမိခဲ့ပေ။ သာမန်နတ်တစ်ဦးသာ ဖြစ်ပါက သူမ၏ ထိန်းချုပ်မှုကို ခံရနိုင်သော်လည်း လုချန်းကတော့ သာမန်မဟုတ်ပေ။

လုချန်းတွင် သူမ၏ ဆွဲဆောင်ခြင်း စွမ်းအားကို ခုခံနိုင်စွမ်း ရှိရုံသာမက ပို၍ အရေးကြီးသည်မှာ သူမကိုယ်တိုင် သတိမကပ်နိုင်အောင် သူက ပြုလုပ်နိုင်ခြင်း ဖြစ်၏။ သူမ၏ ဆွဲဆောင်ခြင်းပညာ အထွတ်အထိပ်သို့ ရောက်နေလျှင်တောင် ထိုပညာကို အသုံးပြုနေချိန်တွင် သူမကိုယ်တိုင် သတိမကပ်နိုင်ပါက အခြားသူကို မည်သို့ ဆွဲဆောင်နိုင်ပါမည်နည်း။

သူတို့ရှိနေသော နေရာကို နတ်အာရုံဖြင့် လုချန်း စစ်ဆေးကြည့်ရာ သူတို့၏ နတ်လှေသည် လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်း၌ ရှိနေဆဲ ဖြစ်သော်လည်း ချီယန်ဂိုဏ်း၏ နယ်မြေနှင့် နီးကပ်နေသည်ကို တွေ့ရှိလိုက်သည်။ ထိုအခိုက်အတန့်တွင် လျှို့ဝှက်လဝန်းနန်းတော်မှ အားကောင်းသော အငွေ့အသက်တစ်ခု ထွက်ခွာသွားသည်ကို လုချန်း ရုတ်တရက် ခံစားလိုက်ရ၏။

ဤအငွေ့အသက်က...

ထိုအငွေ့အသက်သည် ယွမ်ယုတိ၏ အငွေ့အသက်ဖြစ်ကြောင်း လုချန်း လျင်မြန်စွာ သိလိုက်သဖြင့် ဇဝေဇဝါ ဖြစ်သွားသည်။

ယခုကဲ့သို့ အချိန်မျိုးတွင် ယွမ်ယုတိက လျှို့ဝှက်လဝန်းနန်းတော်မှ အဘယ်ကြောင့် ထွက်ခွာသွားရသနည်း။

သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို ချောင်းမြောင်းနေချိန်တွင် နတ်ဘုရင်တစ်ဦးဖြစ်သော သူမသာ စောင့်ကြပ်ခြင်း မရှိပါက သွေးလင်းယုန်ခန်းမက အခွင့်ကောင်းယူ၍ လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေကို လာရောက် ဖျက်ဆီးနိုင်သည်။

သို့သော် ယွမ်ယုတိ၏ ဦးတည်ရာက ချီယန်ဂိုဏ်းသို့ ဖြစ်ကြောင်း လုချန်း မကြာမီ သိလိုက်ရ၏။ သွေးလင်းယုန်ခန်းမကို ရင်ဆိုင်ဖို့ ချီယန်ဂိုဏ်းနှင့် ဆွေးနွေးရန် သွားခြင်း ဖြစ်နိုင်သည်။

လုချန်း ထိုအကြောင်းကို အများကြီး မတွေးတော့ပေ။ ယွမ်ယုတိ ဘာပဲလုပ်လုပ် ဤခန္ဓာကိုယ်နှင့် သိပ်ပတ်သက်မှု မရှိလှပေ။

သူ့ဘေးရှိ ဆွဲဆောင်မှုရှိသော နူးညံ့သည့် အလှတရားကို လုချန်း တစ်ချက် ကြည့်လိုက်သည်။

လုချန်းက ရှုကျင့်ရှူးကို

“ဝန်ခံရမယ်ဆိုရင် မိစ္ဆာနတ်တစ်ယောက်ရဲ့ အရသာက တကယ်ကို ထူးခြားတာပဲ။ ခင်ဗျားရဲ့ ဆွဲဆောင်ခြင်းပညာကို ဆက်ပြီး လေ့ကျင့်လို့ ရပါတယ်။ အဲ့ဒါက ကျုပ်အတွက်တော့ အကောင်းဆုံး ဟင်းခတ်အမွှေးအကြိုင်ပဲ။”

ရှုကျင့်ရှူးက လုချန်းကို

“ကောင်းပါပြီ သခင်”

ဆွဲဆောင်ခြင်းပညာကို ဆက်လက် လေ့ကျင့်ရန် လုချန်း၏ တောင်းဆိုမှုကို သူမ၏ နှုတ်မှ သဘောတူလိုက်သော်လည်း စိတ်ထဲတွင်တော့ အခြားအတွေးများ ရှိနေ၏။ အသုံးမကျသော ထိုဆွဲဆောင်ခြင်းပညာကို သူမ ဆက်လက် လေ့ကျင့်တော့မည် မဟုတ်ပေ။

လေ့ကျင့်လေလေ သူမ ပို၍ ခံစားရလေလေ ဖြစ်သဖြင့် ဤကဲ့သို့သော အမှားမျိုးကို သူမ နောက်တစ်ကြိမ် ထပ်မှားမည် မဟုတ်တော့ပေ။

လုချန်းက နောက်တစ်ကြိမ် ကိုင်းညွတ်လိုက်ကာ ရှုကျင့်ရှူး၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းများဖြင့် ပိတ်ဆို့လိုက်ရင်း ဆက်လက် သာယာနေခဲ့သည်။

ကံကောင်းသည်က ယခု လုချန်း၏ နတ်ဝိညာဉ်မှာ ပို၍ အားကောင်းလာသဖြင့် ရှုကျင့်ရှူး၏ ဆွဲဆောင်ခြင်း စွမ်းအား၏ သက်ရောက်မှုကို အပြည့်အဝ မခံရတော့ပေ။ အခြားသော ခန္ဓာကိုယ်များကိုလည်း တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။

…….

ထိုအတောအတွင်း...။

လျှို့ဝှက်လဝန်းနန်းတော်။

ဂူအတွင်း၌ တရားထိုင်နေသော လုချန်း မျက်လုံးများ ဖွင့်လိုက်၏။ သူ၏ နတ်ဝိညာဉ် ပိုမို အားကောင်းလာပြီး ခန္ဓာကိုယ်တစ်ခုက ကောင်းကင်နတ် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ ယခုအခါ သူ့ကိုယ်သူ ကောင်းကင်နတ် တစ်ဦးအဖြစ် သတ်မှတ်နိုင်ပြီး ကောင်းကင်နတ် ကိုယ်ပွားတစ်ခုကိုလည်း ဖန်တီးနိုင်စွမ်း ရှိလာပြီ ဖြစ်၏။

ထို့ကြောင့် သူ၏ အဆင့်ကို ဆက်လက် မြှင့်တင်နေရန် မလိုအပ်တော့ချေ။ ထို့နောက် ကောင်းကင်နတ် ခန္ဓာကိုယ်တစ်ခုကို တည်ဆောက်ရန် သူ၏ ဖန်တီးခြင်း စွမ်းအားများကို စုစည်းလိုက်၏။

သို့သော် သူ၏ နတ်ဝိညာဉ် အတန်ငယ် ပြန်လည် ကောင်းမွန်လာခဲ့သော်လည်း ကောင်းကင်နတ် ကိုယ်ပွားတစ်ခုကို ဖန်တီးရန်က စိန်ခေါ်မှု တစ်ခု ဖြစ်နေဆဲ ဖြစ်၏။ အထူးသဖြင့် တစ်ချိန်တည်းတွင် အလုပ်များစွာ လုပ်ဆောင်နေရချိန်တွင် ပို၍ ခက်ခဲသည်။

…………….

အခန်း( ၁၆၇၁ )

ခမ်းနားသော ကောင်းကင်ခန်းမ၏ သံတမန်

ကောင်းကင်နတ်အဆင့်ရှိသော ခန္ဓာကိုယ်တစ်ခုကို ဖန်တီးရခြင်းမှာ မြေနတ်အဆင့် ခန္ဓာကိုယ်တစ်ခုကို ဖန်တီးရခြင်းထက် အဆတစ်ရာမက ပိုခက်ခဲကြောင်း လုချန်း အထင်အရှား ခံစားမိ၏။

သို့သော်လည်း အဆင့်တက်လှမ်းခြင်းနှင့် နှိုင်းယှဉ်ပါက မူလအစစွမ်းအားကို အသုံးပြု၍ ကောင်းကင်နတ်အဆင့် ခန္ဓာကိုယ်တစ်ခု ဖန်တီးရခြင်းမှာ ကောင်းကင်နတ်အဆင့်သို့ ကိုယ်တိုင်တက်လှမ်းခြင်းထက် များစွာပို၍ လွယ်ကူ၏။

အထူးသဖြင့် လုချန်း၏ နတ်ဝိညာဉ်မှာ တစ်စိတ်တစ်ပိုင်း ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်ရာ ကောင်းကင်နတ်နယ်ပယ်အဆင့် ခန္ဓာကိုယ်တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ရန် တစ်ရက်ခန့်သာ အချိန်ယူခဲ့ရ၏။

ထိုကောင်းကင်နတ်ခန္ဓာကိုယ်မှတစ်ဆင့် ရှေ့ရှိ မြေနတ်ခန္ဓာကိုယ်ကို လုချန်း ကြည့်လိုက်၏။ အကယ်၍ ဤခန္ဓာကိုယ်သာ လျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ခွာသွားပါက အခြားသူများ ရိပ်မိသွားနိုင်သည်ဟုလည်း သူ တွေးတောနေမိပြန်၏။

ဤခန္ဓာကိုယ်ကို သူ ပြန်လည်သိမ်းဆည်းရန်သာ ရှိတော့သည်။

ယခုအချိန်တွင် သူ့အတွက် မြေနတ်ခန္ဓာကိုယ်တစ်ခု ဖန်တီးရခြင်းက အလွန်လွယ်ကူသွားပြီ ဖြစ်သောကြောင့် မြေနတ်ခန္ဓာကိုယ်တစ်ခု ဆုံးရှုံးသွားခြင်းမှာ ကိစ္စကြီးတစ်ခု မဟုတ်တော့ပေ။

မဆိုင်းမတွပင် ရှေ့ရှိ မြေနတ်ခန္ဓာကိုယ်ကို လုချန်း ဖျက်ဆီးပစ်လိုက်၏။ ထို့နောက် ကျင့်ကြံခြင်းဂူအတွင်းမှ ထွက်ခွာရန် သူ ပြင်ဆင်လိုက်၏။

ထိုအခိုက်အတန့်တွင် လျှို့ဝှက်လဝန်းနန်းတော်၏ အထက်ကောင်းကင်၌ အားကောင်းသော အငွေ့အသက်တစ်ခု ပေါ်ပေါက်လာသည်ကို လုချန်း ရုတ်တရက် အာရုံရလိုက်၏။

လုချန်း မှင်တက်သွား၏။ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး လျှို့ဝှက်လဝန်းနန်းတော်သို့ ရောက်ရှိလာခြင်းလား။

လုချန်း သေချာစွာ အာရုံခံကြည့်လိုက်ရာ ထိုဖိအားမှာ နတ်ဘုရင်ခံအဆင့်မျှသာ ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။ သို့သော် လျှို့ဝှက်လဝန်းနန်းတော်အတွင်း၌ မည်သည့်နတ်ဘုရင်ခံက အကြောင်းမဲ့သက်သက် ဖိအားများ ထုတ်ဖော်နေပါသနည်း။ ထိုဖိအားမှာ လျှို့ဝှက်လဝန်းနန်းတော်ကို သိသိသာသာ ပစ်မှတ်ထားနေခြင်း ဖြစ်၏။

လုချန်း ဇဝေဇဝါဖြစ်သွားသည်။ ၎င်းသည် ပြင်ပမှ ရောက်လာသော နတ်ဘုရင်ခံတစ်ဦးသာ ဖြစ်သင့်သည်။ နတ်ဘုရင်တစ်ပါး တည်ရှိနေသော နတ်ဂိုဏ်းတစ်ခုအတွင်း၌ နတ်ဘုရင်ခံတစ်ဦးက အဘယ့်‌ကြောင့် ရဲတင်းစွာ ပြုမူရဲ နေသနည်း။ သူ့ကို မည်သူက သတ္တိများ ပေးထားသနည်း။

လျှို့ဝှက်လဝန်းနန်းတော်၌ မည်သူက ထိုမျှ အတင့်ရဲသလဲဆိုသည်ကို သိလိုသဖြင့် လုချန်း ဂူအတွင်းမှ ချက်ချင်း ထွက်လာခဲ့၏။

ထိုအခိုက်အတန့်တွင် အကြီးအကဲတစ်စုသည် လျှို့ဝှက်လဝန်းနန်းတော်၏ ရင်ပြင်ပေါ်၌ စု‌ဝေးနေကြပြီး ကောင်းကင်ထက်မှ ခမ်းနားလှသော နတ်လှေကြီးကို မော့ကြည့်နေကြ၏။ ထို့နောက် ဆံပင်ဝါကျင်ကျင်နှင့် အမျိုးသားတစ်ဦး နတ်လှေပေါ်မှ ခုန်ဆင်းလာခဲ့သည်။

နတ်ဘုရင်ခံတစ်စု ရှေ့သို့ တိုးထွက်လာကြပြီး ရှေ့ရှိ ဆံပင်ဝါနှင့် အမျိုးသားကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြ၏။

ထိုအမျိုးသားက သက်သေခံတံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်ရင်း

“ကျုပ်က ခမ်းနားသော ကောင်းကင်ခန်းမရဲ့ သံတမန်ပဲ။”

ယဲ့ချူယောင်က ရှေ့သို့ လှမ်းတက်လာရင်း

“သံတမန် လျှို့ဝှက်လဝန်းနန်းတော်ကို ဘာကိစ္စနဲ့ ကြွမြန်းလာတာလဲဆိုတာ သိပါရစေ။”

ရှေ့ရှိ ယဲ့ချူယောင်ကို မြင်လိုက်ရသောအခါ ရွှေဦးထုပ် နတ်ဘုရင်ခံ မျက်မှောင်ကြုတ်သွားသော်လည်း မကြာမီမှာပင် မျက်နှာပြန်လည်ပြေလျော့သွားပြီး ယုတ်မာသော အပြုံးတစ်ခုကို ဖော်ပြလိုက်၏။

ရွှေဦးထုပ် နတ်ဘုရင်ခံက

“ကျုပ်က ခင်ဗျားတို့ကို ကြီးကြပ်ဖို့ ရောက်လာတာ။ အခု နတ်ဆိုးဧကရာဇ် ပြန်လည်နိုးထလာပြီ ဖြစ်လို့ ဘယ်နတ်ဂိုဏ်းမှ လျှို့ဝှက်ချက်တွေ မထားဖို့ ဝူယာနတ်သခင်က အမိန့်ထုတ်ထားတယ်။ ပြီးတော့ နတ်ဂိုဏ်းတွေရဲ့ တိုက်ခိုက်ရေးစွမ်းအား ထက်ဝက်ကို ခမ်းနားသော ကောင်းကင်ခန်းမဆီ စေလွှတ်ရမယ်။”

ထိုအရာကို ကြားလျှင် အနားရှိ အကြီးအကဲများ မျက်နှာပျက်သွားကြ၏။

တိုက်ခိုက်ရေးစွမ်းအား ထက်ဝက်ကို စေလွှတ်ရမယ် ဟုတ်လား။

ဤအရာက မည်သို့သော ဟာသပြက်လုံးမျိုနည်း။

သွေးလင်းယုန်ခန်းမသည် လျှို့ဝှက်လဝန်းနန်းတော်ကို သိန်းငှက်တစ်ကောင်ကဲ့သို့ အကဲခတ်နေခဲ့သည်မှာ ကြာပြီဖြစ်၏။ အကယ်၍ တိုက်ခိုက်ရေးစွမ်းအား ထက်ဝက်သာ လျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ခွာသွားပါက သွေးလင်းယုန်ခန်းမက တိုက်ခိုက်လာလျှင် လျှို့ဝှက်လဝန်းနန်းတော်က မည်သို့ ခုခံနိုင်မည်နည်း။

ယဲ့ချူယောင်က

“သံတမန်... အခုအချိန်မှာ သွေးလင်းယုန်ခန်းမက ကျွန်မတို့ နတ်ဂိုဏ်းကို ဝိုင်းရံပိတ်ဆို့ဖို့ ကြိုးစားနေတာပါ။ အကယ်၍ တိုက်ခိုက်ရေးစွမ်းအား ထက်ဝက်ကိုသာ ခမ်းနားသော ကောင်းကင်ခန်းမဆီ စေလွှတ်လိုက်မယ်ဆိုရင် ကျွန်မတို့ နတ်ဂိုဏ်း ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ ခက်ခဲသွားပါလိမ့်မယ်။”

ရွှေဦးထုပ် နတ်ဘုရင်ခံက နှာခေါင်းရှုံ့လိုက်ရင်း

“ဒါက ကျုပ်နဲ့ ဘာဆိုင်လို့လဲ။ ခင်ဗျားတို့က နတ်သခင်ရဲ့ အမိန့်ကို နာခံဖို့ပဲ လိုတယ်။ ခင်ဗျားတို့ရဲ့ အခက်အခဲတွေကတော့ ခင်ဗျားတို့ကိစ္စပဲ။”

တောင်ပိုင်း၏ အကြီးဆုံး နတ်ဂိုဏ်းဖြစ်သည့်အလျောက် ခမ်းနားသော ကောင်းကင်ခန်းမသည် အမြဲတမ်း ဗိုလ်ကျစိုးမိုးတတ်၏။

တစ်ခဏအတွင်းမှာပင် လျှို့ဝှက်လဝန်းနန်းတော်မှ လူတိုင်း စိုးရိမ်ပူပန်သွားကြ၏။ ထိုစဉ် ရွှေဦးထုပ် နတ်ဘုရင်ခံက ယဲ့ချူယောင်ကို ကြည့်ကာ ပြုံးလျက်

“ခင်ဗျားက ဘယ်သူလဲ။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်က နတ်ဘုရင်တစ်ပါးလို့ ကျုပ်မှတ်မိထားတယ်။ ကောင်းကင်နတ်အဆင့်လေးက ဘာလို့ ကျုပ်ကို စကားပြောရဲနေတာလဲ။”

ယဲ့ချူယောင်က

“သံတမန်... ကျွန်မက လျှို့ဝှက်လဝန်းနတ်ဘုရင်ရဲ့ တပည့်ရင်းပါ။ ကျွန်မရဲ့ ဆရာက လျှို့ဝှက်လဝန်းနန်းတော်မှာ မရှိတာကြောင့် ကျွန်မကပဲ ယာယီ စီမံခန့်ခွဲနေတာပါ။”

ယဲ့ချူယောင်၏ စကားကို ကြားလျှင် ရွှေဦးထုပ် နတ်ဘုရင်ခံ၏ မျက်လုံးများ အရောင်တောက်သွားပြီး သူ၏ အကြည့်များထဲတွင် ရမ္မက်ဇောများမှာ ပို၍ ထင်ရှားလာ၏။

ရွှေဦးထုပ် နတ်ဘုရင်ခံက

“လျှို့ဝှက်လဝန်းနတ်ဘုရင်က ဒီမှာ မရှိဘူးပေါ့”

ယဲ့ချူယောင်ကို စိုက်ကြည့်ရင်း ရွှေဦးထုပ် နတ်ဘုရင်ခံက

“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တကယ့်အင်အားကို ကျုပ်တစ်ယောက်ပဲ သိမှာ။”

“ဒါ့ကြောင့် လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တိုက်ခိုက်ရေးစွမ်းအား ထက်ဝက်ဆိုတာ နတ်ဘုရင်ခံ ငါးပါးလည်း ဖြစ်နိုင်သလို၊ နတ်ဘုရင်ခံ တစ်ပါးတည်းလည်း ဖြစ်နိုင်တယ်။”

ထိုစကားများကို ကြားရသောအခါ နတ်ဘုရင်ခံ လင်ရင်က

“သံတမန် ဘာကို ဆိုလိုတာလဲဆိုတာ ကျွန််မတို့ကို ရှင်းပြပေးလို့ ရမလား။”

ရွှေဦးထုပ် နတ်ဘုရင်ခံက လာဘ်ထိုး စေချင်နေခြင်းဖြစ်ကြောင်း လူတိုင်း ရိပ်မိလိုက်ကြ၏။ အကယ်၍ သူ့ကို လာဘ်ထိုး၍ ရမည်ဆိုပါက လျှို့ဝှက်လဝန်းနန်းတော်အနေနှင့် တန်ဖိုးတစ်ခု ပေးဆောင်ရန် ဆန္ဒရှိသည်။

မည်သို့ပင်ဖြစ်စေ နတ်ကျောက်တုံးများဆိုသည်မှာ ပြင်ပပစ္စည်းများသာ ဖြစ်၏။ သူတို့၏ လူများသာ ကျန်ရှိနေမည်ဆိုပါက ဆုံးရှုံးသွားသော စည်းစိမ်ဥစ္စာများနှင့် ကျင့်စဉ်အရင်းအမြစ်များကို တစ်နေ့နေ့တွင် ပြန်လည်ရှာဖွေနိုင်သည်။

အကယ်၍ လျှို့ဝှက်လဝန်းနန်းတော်မှ လူအင်အားထက်ဝက်ကို တကယ် စေလွှတ်လိုက်ရပါက သူတို့ အသက်ရှင်လျက် ပြန်လာနိုင်မလားဆိုတာ မသေချာပေ။

မည်သို့ပင်ဆိုစေ ပြိုင်ဘက်သည် နတ်ဆိုးဧကရာဇ် ဖြစ်၏။ အလုံးစုံ စစ်ပွဲသာ ဖြစ်ပွားခဲ့လျှင် နတ်ဘုရင်ခံတစ်ပါးပင်လျှင် အမြောက်စာ ဖြစ်သွားနိုင်ခြေ များသည်။

ထို့ပြင် လူစွမ်းအား ထက်ဝက်သာ ထွက်ခွာသွားပါက လျှို့ဝှက်လဝန်းနန်းတော် အနေနှင့် သွေးလင်းယုန်ခန်းမ၏ တိုက်ခိုက်မှုကို ခုခံနိုင်မည် မဟုတ်ပေ။ သူတို့ရရှိထားသော သတင်းများအရ သွေးလင်းယုန်ခန်းမ၌ နတ်ဘုရင် သုံးပါး ရှိနေပြီး အရေးကြီးဆုံးအချက်မှာ သွေးလင်းယုန်ခန်းမသည် ခမ်းနားသော ကောင်းကင်ခန်းမ၏ အမိန့်ကို နာခံခြင်း မရှိခြင်းပင်။

ရွှေဦးထုပ် နတ်ဘုရင်ခံက ယဲ့ချူယောင်ကို ကြည့်ကာ ပြုံးလျက်

“ကျုပ် လျှို့ဝှက်လဝန်းနန်းတော်မှာ ခဏလောက် နေဦးမယ်။ ဒီအတောအတွင်းမှာ ခင်ဗျားက ကျုပ်ရဲ့ ကျင့်စဉ်မီးဖို ဖြစ်ရမယ်။”

ထိုစကားများကို ကြားလျှင် ယဲ့ချူယောင်နှင့် အကြီးအကဲများ၏ မျက်နှာများ ချက်ချင်းပင် အေးစက်သွားကြ၏။

ယဲ့ချူယောင်သည် သူတို့ နန်းတော်သခင်၏ တပည့်ရင်း ဖြစ်သည်။ သူမကို ကျင့်စဉ်မီးဖိုအဖြစ် အတင်းအကျပ် ပြုလုပ်ခြင်းက လျှို့ဝှက်လဝန်းနန်းတော်တစ်ခုလုံး၏ ဂုဏ်သိက္ခာကို နင်းခြေလိုက်ခြင်း ဖြစ်၏။

လျှို့ဝှက်လဝန်းနန်းတော်မှ လူများ၏ တုံ့ပြန်မှုကို ရွှေဦးထုပ် နတ်ဘုရင်ခံက ဂရုမစိုက်ပေ။ သူ၏ အတွေ့အကြုံအရ ဤလူများ မည်မျှ ဒေါသထွက်နေစေကာမူ သူ့နောက်ကွယ်တွင် ခမ်းနားသော ကောင်းကင်ခန်းမ ရှိနေသောကြောင့် သူ့ကို ဘာမှလုပ်ရဲမည် မဟုတ်ပေ။

ထို့ပြင် ခမ်းနားသော ကောင်းကင်ခန်းမဆီသို့ လူအင်အား နည်းနည်းသာ စေလွှတ်လိုပါက သူတို့အနေနှင့် သူ့ကို စိတ်ကျေနပ်အောင် ထားရမည်သာ ဖြစ်၏။

သူမက လျှို့ဝှက်လဝန်းနန်းတော်သခင်၏ တပည့်ရင်း ဖြစ်နေလျှင်ကော ဘာဖြစ်သနည်း။ သူသည် ဂိုဏ်းပေါင်းများစွာမှ သူတော်စင်မများနှင့် အတူအိပ်ခဲ့ဖူးသူ ဖြစ်၏။

ရွှေဦးထုပ် နတ်ဘုရင်ခံက တည်ငြိမ်စွာပင်

“ကျုပ်က ခင်ဗျားတို့အတွက် လျှို့ဝှက်ထားပေးဖို့ အန္တရာယ်အကြီးကြီးနဲ့ ရင်ဆိုင်ရမှာ။ ဘာလဲ... ခင်ဗျားတို့က ဘာတန်ဖိုးမှ မပေးပဲ ကျုပ်အကူအညီကို လိုချင်နေတာလား။”

နတ်ဘုရင်ခံ လင်ရင်က

“သံတမန်... သူက ကျွန်မတို့ နန်းတော်သခင်ရဲ့ တပည့်ရင်း ဖြစ်နေလို့ပါ။ အဲ့ဒီ အမျိုးသမီးကလွဲလို့ ကျန်တဲ့ ဘယ်အရာကိုမဆို သံတမန် လိုချင်တာရှိရင် လျှို့ဝှက်လဝန်းနန်းတော်က အစွမ်းကုန် ဖြည့်ဆည်းပေးပါ့မယ်။”

ရွှေဦးထုပ်ဆောင်းထားသည့် နတ်ဘုရင်ခံက ရယ်မောလိုက်ရင်း

“ကျုပ်က ခမ်းနားသော ကောင်းကင်ခန်းမရဲ့ စီမံခန့်ခွဲသူတစ်ယောက်။ ကျုပ်မမြင်ဖူးတဲ့ ဘယ်လို ရတနာမျိုးကို ရှိနိုင်မှာလဲ။ ဒါက ကျုပ်ရဲ့ ဝါသနာလေး တစ်ခုသက်သက်ပါ။”

ထိုသို့ ပြောဆိုနေသော်လည်း ရွှေဦးထုပ် နတ်ဘုရင်ခံက နတ်ကျောက်တုံးရော၊ အမျိုးသမီးကိုပါ လိုချင်နေခြင်း ဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူသည် လျှို့ဝှက်လဝန်းနန်းတော်တွင် ခဏတာ နေထိုင်မည် ဖြစ်ရာ ထိုအတောအတွင်း

အခြားလုပ်စရာ အလုပ်လည်း မရှိပေ။

ယဲ့ချူယောင်ကို ကျင့်စဉ်မီးဖိုအဖြစ် ပြုလုပ်ရန် ရွှေဦးထုပ် နတ်ဘုရင်ခံက ဇွတ်အတင်း ပြုလုပ်နေသည်ကို မြင်သောအခါ အခြေအနေ အလွန် တင်းမာလာခဲ့၏။

သူတို့၏ နန်းတော်သခင်သည် အကျိုးအမြတ်တစ်ခုအတွက် နတ်ဂိုဏ်းမှ အမျိုးသမီးတပည့်များကို စတေးရခြင်းအား အမုန်းဆုံး ဖြစ်၏။ အကယ်၍ သူတို့ နန်းတော်သခင်သာ ဤနေရာ၌ ရှိနေပါက ဧကန်မုချ သဘောတူမည် မဟုတ်ပေ။

လျှို့ဝှက်လဝန်းနန်းတော်မှ လူများက သဘောမတူသလို ဖြစ်နေသည်ကို မြင်သောအခါ ရွှေဦးထုပ် နတ်ဘုရင်ခံ၏ မျက်နှာ ပျက်ယွင်းသွားပြီး ယဲ့ချူယောင်ကို အေးစက်စွာ ကြည့်ကာ

“ကျုပ်ရဲ့ ကျင့်စဉ်မီးဖို ဖြစ်ခွင့်ရတာက ခင်ဗျားရဲ့ ကံကောင်းမှုပါ။ ခင်ဗျားက ဒါကိုတောင် တွေဝေနေတာလား။ နတ်ဂိုဏ်း တော်တော်များများက သူတော်စင်မတွေကို ကျုပ်ဆီ ပို့ချင်ကြပေမဲ့ အခွင့်အရေး မရကြဘူး။”

ယဲ့ချူယောင်၏ မျက်နှာ အလွန် အေးစက်သွား၏။ သူမသည် အပျိုစင်ဘဝကို အလွန် တန်ဖိုးထားသူ မဟုတ်သော်လည်း အကျိုးအမြတ်အတွက်နှင့် သူမ၏ ခန္ဓာကိုယ်ကို လဲလှယ်ရခြင်းက သူမအတွက် အစော်ကားခံရခြင်းပင် ဖြစ်၏။ အထူးသဖြင့် ဤလူအတွက် ကျင့်စဉ်မီးဖို ဖြစ်လာရခြင်းက သူမ၏ ကျင့်စဉ်နှလုံးသားကို ပျက်စီးစေရုံသာမက နောင်အနာဂတ်တွင် သူမ၏ စွမ်းအား တိုးတက်လာရန်လည်း ခက်ခဲသွားစေမည် ဖြစ်ပြီး သူမ၏ ကျင့်စဉ်အဆင့်ပင် ကျဆင်းသွားနိုင်သည်။

ကျင့်စဉ်မီးဖို ဖြစ်လာရခြင်းက လွယ်ကူသော ကိစ္စမဟုတ်ပေ။ သူမသာ ကျင့်စဉ်မီးဖို ဖြစ်သွားခဲ့ပါက သူမ၏ စွမ်းအားများကို ဤလူက မလွဲမသွေ စုပ်ယူသွားမည် ဖြစ်ရာ သူမ၏ စွမ်းအားများလည်း သဘာဝအတိုင်း ဆုတ်ယုတ်သွားမည် ဖြစ်၏။

လက်ရှိတွင် သူမသည် စစ်မှန်သောနတ် အဆင့် နားသို့ ရောက်ရှိနေပြီ ဖြစ်၏။ ဤအချိန်တွင် ကျင့်စဉ်မီးဖိုအဖြစ် အပြုခံရခြင်းက သူမ၏ ကျင့်ကြံခြင်း လမ်းစဉ်ကို ဖျက်ဆီးလိုက်ခြင်းပင် ဖြစ်သည်။

All Chapters