← Chapters

အခန်း (၁၆၇၂-၁၆၇၄)

Vol. 112 Ch. 1672-1674

အခန်း (၁၆၇၂-၁၆၇၄)

Vol. 112 Ch. 1672-1674

အခန်း (၁၆၇၂ )

ရှေ့ထွက်လာသော လုချန်း

ထိုအခိုက်အတန့်တွင် ယဲ့ချူယောင်က “သံတမန်... ကျွန်မ ရှင်ရဲ့ ကျင့်စဉ်မီးဖို လုပ်မှာမဟုတ်ဘူး”

ဟုတိုက်ရိုက်ပင် ငြင်းဆိုလိုက်၏။

ကောင်းကင်နတ်အဆင့်မျှသာ ရှိသော ယဲ့ချူယောင်က သူကို ငြင်းဆန်ရဲသည်ကို မြင်လျှင် ရွှေဦးထုပ် နတ်ဘုရင်ခံက နတ်ဘုရင်ခံအဆင့် ဖိအားများကို ရုတ်တရက် ထုတ်လွှတ်လိုက်၏။

ရွှေဦးထုပ် နတ်ဘုရင်ခံက ယဲ့ချူယောင်ကို

“ခင်ဗျားက ကျုပ်ကို ငြင်းရဲတယ်ပေါ့... ခင်ဗျားကိုယ်ခင်ဗျား ဘာမှတ်နေလဲ။”

ထိုဖိအားကြောင့် ယဲ့ချူယောင် ချက်ချင်းပင် ဒူးထောက်ကျသွားသည်။ ယဲ့ချူယောင်ကို ခြိမ်းခြောက်ရန် ရွှေဦးထုပ် နတ်ဘုရင်ခံက ဖိအားများ ထုတ်လွှတ်နေသည်ကို မြင်လျှင် လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများလည်း ဆက်၍ ကြည့်မနေနိုင်ကြတော့ပေ။

မည်သို့ဆိုစေ ယဲ့ချူယောင်သည် နန်းတော်သခင်၏ တပည့်ရင်းဖြစ်ပြီး နောင်အနာဂတ်၏ နန်းတော်သခင်လောင်းလည်း ဖြစ်ရာ ပြင်ပလူတစ်ယောက်က သူတို့၏ နန်းတော်အတွင်း၌ ဤကဲ့သို့ ပြုမူနေခြင်းကို လက်မခံနိုင်ကြခြင်း ဖြစ်၏။

နတ်ဘုရင်ခံ လင်ရင်ကလည်း ရွှေဦးထုပ် နတ်ဘုရင်ခံ၏ ဖိအားကို ပြန်လည်ခုခံရန် သူမ၏ ဖိအားများကို ထုတ်ဖော်လိုက်၏။

နတ်ဘုရင်ခံ လင်ရင်က

“သံတမန်... ဒါက ဘာသဘောလဲ”

ရွှေဦးထုပ် နတ်ဘုရင်ခံက လှောင်ပြုံးပြုံးရင်း

“ဘာသဘောရမှာလဲ... ဒီကျင့်စဉ်မီးဖိုကို ကျုပ် ဧကန်မုချ ရယူမှာပဲ။ ခင်ဗျားတို့ ကျုပ်ကို ပြန်တိုက်ချင်ရင် တိုက်ကြည့်လေ... ဒါပေမဲ့ နောက်ဆက်တွဲ အကျိုးဆက်ကိုတော့ ထည့်တွက်ထားကြပေါ့။”

သူသည် အနည်းဆုံးတော့ ခမ်းနားသော ကောင်းကင်ခန်းမ၏ အရာရှိတစ်ဦးဖြစ်ပြီး လျှို့ဝှက်လဝန်းနန်းတော်မှာတော့ နတ်ဘုရင် တစ်ပါးတည်းသာရှိသော အင်အားမကြီးသည့် နတ်ဂိုဏ်းတစ်ခုမျှသာ ဖြစ်သည်ဟု ရွှေဦးထုပ် နတ်ဘုရင်ခံက ယူဆထား၏။ ကောင်းကင်နတ်တစ်ဦးအတွက်နှင့် ဤလူများက သူကို ပြန်လည်တိုက်ခိုက်လိမ့်မည်ဟု သူ မယုံကြည်ပေ။

သို့သော်လည်း ရွှေဦးထုပ် နတ်ဘုရင်ခံ ထိုသို့ တွေးနေစဉ်မှာပင် နတ်ဘုရင်ခံ လင်ရင်က သူမ၏ ဖိအားများကို ပြန်မရုပ်သိမ်းသေးသည်ကို တွေ့လိုက်ရ၏။

နတ်ဘုရင်ခံ လင်ရင်က အေးစက်စွာပင်

“သံတမန်... ရှင်က ခမ်းနားသော ကောင်းကင်ခန်းမက စေလွှတ်လိုက်တဲ့ သံတမန် ဖြစ်နေရင်တောင် ကျွန်မတို့ကို ဒီလိုမျိုး အရှက်မခွဲသင့်ဘူး။”

“ခမ်းနားသော ကောင်းကင်ခန်းမဟာ တောင်ပိုင်းရဲ့ အကြီးဆုံး နတ်ဂိုဏ်း ဖြစ်ပေမဲ့ တောင်ပိုင်းက ခမ်းနားသော ကောင်းကင်ခန်းမ တစ်ခုတည်း ပိုင်တာ မဟုတ်ဘူး။ နတ်ဆိုးဧကရာဇ်ကို တိုက်ခိုက်တဲ့နေရာမှာ ကျွန်မတို့ ကူညီနိုင်ပေမဲ့ ခမ်းနားသော ကောင်းကင်ခန်းမက ဒါကို အသုံးချပြီး ကျွန်မတို့ကို နှိပ်စက်ချင်တယ်ဆိုရင်တော့ ကျွန်မတို့ကလည်း အစွမ်းကုန် ပြန်ခုခံသွားမှာပဲ။”

ထိုသို့ ပြောပြီးနောက် နတ်ဘုရင်ခံ လင်ရင်က သူမ၏ အငွေ့အသက်များကို အပြည့်အဝ ထုတ်ဖော်လိုက်ရာ ရွှေဦးထုပ် နတ်ဘုရင်ခံလည်း ချက်ချင်းပင် မှင်တက်သွား၏။ လျှို့ဝှက်လဝန်းနန်းတော်က ဤမျှအထိ စိတ်ဓာတ်ခိုင်မာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

အခြားနတ်ဂိုဏ်းတစ်ခုသာဆိုလျှင် ကောင်းကင်နတ်တစ်ဦးအတွက် မဆိုထားနှင့် သူက ရွှေရောင်နတ်တစ်ပါးကို သဘောကျသည်ဆိုလျှင်ပင် ထိုဂိုဏ်းများက သူ့ကုတင်ပေါ်သို့ ပို့ပေးကြမည်သာ ဖြစ်၏။

ဤအရာက ရွှေဦးထုပ် နတ်ဘုရင်ခံကို အလွန် ဒေါသထွက်သွားစေ၏။ ဤလူများက သူ့ကို တကယ် ငြင်းဆန်ရဲနေကြသဖြင့် ကောင်းကင်အဆင့် နတ်လက်နက်ဖြစ်သော နဂါးအကြေးခွံ ဓားကို ချက်ချင်း ထုတ်ယူလိုက်၏။

နဂါးအကြေးခွံ ဓား ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး အနားရှိ လူတိုင်းကို ချက်ချင်းပင် ထိတ်လန့်သွားစေ၏။

နတ်ဘုရင်ခံ လင်ရင်နှင့် အခြားအကြီးအကဲများလည်း နဂါးအကြေးခွံ ဓား၏ အဆင့်အတန်းကို ချက်ချင်း သိလိုက်ကြ၏။

ကောင်းကင်အဆင့် နတ်လက်နက်...

၎င်းသည် ကောင်းကင်အဆင့် နတ်လက်နက်အစစ်ပင်။

အနားရှိ အကြီးအကဲများကို ရွှေဦးထုပ် နတ်ဘုရင်ခံက တစ်ချက်ကြည့်လိုက်ပြီး

“ဒီကျင့်စဉ်မီးဖိုကို ကျုပ်က ဧကန်မုချ ရယူမှာပဲ... ဒီနေ့ ဘယ်သူက ကျုပ်လမ်းကို ပိတ်ရဲသလဲ ကြည့်ကြသေးတာပေါ့။”

သူ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် နဂါးအကြေးခွံဓား၏ သတ်ဖြတ်လိုသော အငွေ့အသက်များက ထပ်မံ ထွက်ပေါ်လာပြန်ရာ လူတိုင်း၏ ကိုယ်ပေါ်တွင် ချွေးစေးများ ပျံလာသည်။ ဤသတ်ဖြတ်လိုသော အငွေ့အသက်မျိုးသည် လူအမြောက်အမြားကို သတ်ဖြတ်ခဲ့ဖူးမှသာ စုဆောင်းနိုင်သည့် အမျိုးအစားဖြစ်ပြီး ၎င်းမှာ ရွှေဦးထုပ် နတ်ဘုရင်ခံထံမှ ထွက်ပေါ်လာခြင်းမဟုတ်ပဲ နဂါးအကြေးခွံ ဓားကိုယ်တိုင်ထံမှ ထွက်ပေါ်နေခြင်း ဖြစ်၏။

ဤနဂါးအကြေးခွံ ဓားအတွင်း၌ လက်နက်ဝိညာဉ်တစ်ခု ကိန်းအောင်းနေပြီဖြစ်ကြောင်း ထင်ရှားလှသည်။

လက်နက်ဝိညာဉ်ရှိသော ကောင်းကင်အဆင့် နတ်လက်နက်တစ်ခုသည် ရိုးရိုး ကောင်းကင်အဆင့် လက်နက်ထက် ရင်ဆိုင်ရန် ပို၍ ခက်ခဲမည်ဖြစ်ပြီး ရွှေဦးထုပ် နတ်ဘုရင်ခံ၏ စွမ်းအားမှာလည်း ဤနေရာရှိ နတ်ဘုရင်ခံအားလုံးထက် သာလွန်နေနိုင်သည်။

ယခု သူတို့ ဘာဆက်လုပ်သင့်သနည်း။

သူတို့၏ နန်းတော်သခင်ကလည်း ချီယန် နတ်ဘုရင်နှင့် မဟာမိတ်ကိစ္စ ဆွေးနွေးရန် ချီယန်ဂိုဏ်းသို့ သွားရောက်နေသည်။ သူတို့အနေနှင့် ရွှေဦးထုပ် နတ်ဘုရင်ခံကို အနိုင်ယူနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ယဲ့ချူယောင်ကို ရွှေဦးထုပ် နတ်ဘုရင်ခံက ကျင့်စဉ်မီးဖိုအဖြစ် အသုံးချသွားသည်ကို သူတို့ ဒီအတိုင်း ငေးကြည့်နေကြရုံသာ ရှိတော့မှာလား။

ထိုအခိုက်အတန့်တွင် ယဲ့ချူယောင်၏ မျက်နှာ ဖြူလျော်နေ၏။ သူမ၏ ဘဝတစ်လျှောက်တွင် သူမ၏ ကိုယ်ခန္ဓာကို မက်မောသူများစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်း သူမ အမြဲတမ်း လွတ်မြောက်နိုင်ခဲ့သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ သူမ လွတ်မြောက်နိုင်စွမ်း မရှိတော့သလို ဖြစ်နေ၏။

ဤနတ်ဘုရင်ခံ၏ စွမ်းအားသည် လျှို့ဝှက်လဝန်းနန်းတော်မှ နတ်ဘုရင်ခံများထက် သိသိသာသာ သာလွန်နေကြောင်း ထင်ရှားလှသည်။ အရေးကြီးဆုံးအချက်မှာ သူ၏ ထူးခြားသော အဆင့်အတန်း ဖြစ်၏။

လျှို့ဝှက်လဝန်းနန်းတော်က သူ့ကို တကယ် တိုက်ခိုက်လိုက်ပြီး ဤကိစ္စ ခမ်းနားသော ကောင်းကင်ခန်းမဆီသို့ ရောက်သွားပါက သူတို့က ပိုမိုအစွမ်းထက်သော ပုဂ္ဂိုလ်များကို စေလွှတ်ကာ လျှို့ဝှက်လဝန်းနန်းတော်ကို ဒုက္ခပေးလာနိုင်သည်။

ယနေ့တွင်တော့ အရှက်ခွဲခံရမည့် ကံကြမ္မာမှ သူမ လွတ်မြောက်နိုင်စွမ်း မရှိတော့တာ သေချာနေပြီလား။

မည်သူမှ ရှေ့သို့ မတိုးရဲသည်ကို မြင်လျှင် ရွှေဦးထုပ် နတ်ဘုရင်ခံက မထီမဲ့မြင် အပြုံးတစ်ခုကို ဖော်ပြလိုက်၏။ ထို့နောက် သူ၏ အကြည့်များက ယဲ့ချူယောင်ထံသို့ ပြန်လည်ရောက်ရှိသွား၏။

ရွှေဦးထုပ် နတ်ဘုရင်ခံက ယဲ့ချူယောင်ကို

“အလှလေး... လိမ်လိမ်မာမာနဲ့ ကျုပ်ရဲ့ ကျင့်စဉ်မီးဖို လုပ်စမ်းပါ။ စိတ်မပူပါနဲ့... ခင်ဗျားရဲ့ ကျင့်စဉ်အဆင့် နည်းနည်း ဆုံးရှုံးသွားရုံတင်ပါ... ကျုပ် ခင်ဗျားအသက်ကိုတော့ မသတ်ပါဘူး။”

ထိုသို့ ပြောပြီးသည်နှင့်တစ်ပြိုင်နက် ရွှေဦးထုပ် နတ်ဘုရင်ခံသည် ယဲ့ချူယောင်ထံသို့ ခြေတစ်လှမ်းချင်း လှမ်းလာ၏။ သူ နီးကပ်လာသည်ကို မြင်လျှင် ယဲ့ချူယောင်၏ မျက်နှာ ပို၍ပင် ဖြူလျော်လာသည်။

သူမသာ ကျင့်စဉ်မီးဖို ဖြစ်သွားခဲ့ပါက သူမ၏ ကျင့်စဉ်တစ်ခုလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။

ဝူကျန်းဝမ်အတွက် လက်စားမချေရသေးမီ ဤကဲ့သို့ အသုံးမကျသူတစ်ယောက် ဖြစ်သွားရတော့မှာလား။

ရွှေဦးထုပ် နတ်ဘုရင်ခံ ယဲ့ချူယောင်အနားသို့ ရောက်ခါနီးအချိန်မှာပင် နတ်ဘုရင်ခံ လင်ရင် ရုတ်တရက် ပေါ်လာပြီး ယဲ့ချူယောင်၏ ရှေ့တွင် ပိတ်ရပ်လိုက်၏။ မည်သို့ပင်ဖြစ်စေ နန်းတော်သခင်၏ တပည့်ရင်းဖြစ်သော ယဲ့ချူယောင်ကို အထိခိုက်မခံနိုင်ပေ။

သူ့လမ်းကို ပိတ်ရပ်ရဲသူ ရှိနေသည်ကို မြင်လျှင် ရွှေဦးထုပ် နတ်ဘုရင်ခံ၏ မျက်နှာ အလွန် အုံ့မှိုင်းသွား၏။

ရွှေဦးထုပ် နတ်ဘုရင်ခံက နတ်ဘုရင်ခံ လင်ရင်ကို

“ခင်ဗျားက သေတွင်းထဲ ရောက်မှ မျက်ရည်ကျချင်တာ ထင်တယ်။”

ပြောပြီးသည်နှင့်တစ်ပြိုင်နက် ရွှေဦးထုပ် နတ်ဘုရင်ခံသည် သူ၏ နဂါးအကြေးခွံ ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး နတ်ဘုရင်ခံ လင်ရင်ကို ခုတ်ပိုင်းလိုက်၏။

နတ်ဘုရင်ခံ လင်ရင် အနည်းငယ် ထိတ်လန့်သွား၏။ လျှို့ဝှက်လဝန်းနန်းတော် ဧရိယာအတွင်း ရွှေဦးထုပ် နတ်ဘုရင်ခံက ဤမျှအထိ ရဲတင်းစွာ တိုက်ခိုက်ရဲလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

မည်သို့ပင်ဖြစ်စေ လျှို့ဝှက်လဝန်းနန်းတော်သည် နတ်ဘုရင်အဆင့်ရှိသော အင်အားစုတစ်ခု ဖြစ်သည်။ သူတို့၏ နည်းဗျူဟာ ပုံစံကို အသုံးပြုလျှင် နတ်ဘုရင်ခံတစ်ဦးကို ကိုင်တွယ်ရန်က ပြဿနာ မဟုတ်ပေ။

ရွှေဦးထုပ် နတ်ဘုရင်ခံက ခမ်းနားသော ကောင်းကင်ခန်းမမှ သံတမန်တစ်ဦး ဖြစ်နေသည်ကို ထည့်သွင်းစဉ်းစားနေသဖြင့် နည်းဗျူဟာ ပုံစံကို သူတို့ အသုံးမပြု သေးခြင်း ဖြစ်၏။ ထိုလူ တစ်ခုခု ဖြစ်သွားခဲ့လျှင် နောက်ပိုင်းတွင် လျှို့ဝှက်လဝန်းနန်းတော်အတွက် ပိုမိုကြီးမားသော ဒုက္ခများနှင့် ရင်ဆိုင်ရနိုင်သည်။

သို့သော်လည်း လျှို့ဝှက်လဝန်းနန်းတော်၏ အစဉ်တစိုက် သည်းခံမှုက ရွှေဦးထုပ် နတ်ဘုရင်ခံကို ပို၍ ရဲတင်းလာစေခဲ့သည်။

ထိုစဉ် နတ်ဘုရင်ခံ လင်ရင်က ရှေးဟောင်း စောင်းတစ်လက်ကို ချက်ချင်း ထုတ်ယူလိုက်ပြီး အမြန် တီးခတ်လိုက်၏။ နောက်တစ်ခဏတွင် မြောက်မြားစွာသော အသံလှိုင်းများ ရွှေဦးထုပ် နတ်ဘုရင်ခံထံသို့ ပျံသန်းသွားကြ၏။

ရွှေဦးထုပ် နတ်ဘုရင်ခံက နှာခေါင်းရှုံ့လိုက်ပြီး ဓားဖြင့် ထပ်မံခုတ်ပိုင်းလိုက်ရာ ဓားစွမ်းအား တစ်ခုက အသံလှိုင်းများဖြင့် ဖွဲ့စည်းထားသော စွမ်းအားများကို တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်၏။

ရွှေဦးထုပ် နတ်ဘုရင်ခံက

“ခင်ဗျားက ကျုပ်ကို တားနိုင်မယ် ထင်နေတာလား”

နတ်ဘုရင်ခံ လင်ရင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ ထို့နောက် သူမက အခြားအကြီးအကဲများကို

“နည်းဗျူဟာ ပုံစံကြီးကို ဖွင့်လိုက်ကြတော့”

ဒါက...

နတ်ဘုရင်ခံ လင်ရင်၏ စကားကို ကြားလျှင် အခြားအကြီးအကဲများ တွေဝေသွားကြ၏။

ဤလူသည် ခမ်းနားသော ကောင်းကင်ခန်းမက စေလွှတ်လိုက်သည့် သံတမန်တစ်ဦး ဖြစ်သည်။ အကယ်၍ သူတစ်ခုခု ဖြစ်သွားခဲ့ပြီး နောက်ပိုင်းတွင် ခမ်းနားသော ကောင်းကင်ခန်းမက သူတို့ကို အပြစ်ရှာလာပါက မည်သို့လုပ်မည်နည်း။

သူတို့ ရှေ့သို့ မတိုးရဲသည်ကို မြင်လျှင် နတ်ဘုရင်ခံ လင်ရင် မျက်မှောင်ကြုတ်သွားသည်။ သူမ၏ ကိုယ်ပိုင်စွမ်းအားနှင့်ဆိုလျှင် ရွှေဦးထုပ် နတ်ဘုရင်ခံကို ယှဉ်နိုင်စွမ်း မရှိ‌ကြောင်း သူမ သိ၏။

လျှို့ဝှက်လဝန်းနန်းတော်မှ အခြားအကြီးအကဲများက သူကို မတိုက်ခိုက်ရဲသည်ကို မြင်လျှင် ရွှေဦးထုပ် နတ်ဘုရင်ခံလည်း ပို၍ပင် အတင့်ရဲလာ၏။

ရွှေဦးထုပ် နတ်ဘုရင်ခံက အေးစက်စွာပင်

“ဘေးကို ဖယ်လိုက်ကြ... ဒါဆိုရင် ဒီနေ့ကိစ္စကို ကျုပ် မေ့ထားလိုက်မယ်။ ခင်ဗျားတို့ မဖယ်ဘူးဆိုရင်တော့ ခင်ဗျားတို့ ကျုပ်ကို တိုက်ခိုက်တဲ့အကြောင်း နတ်သခင်ဆီ အစီရင်ခံရလိမ့်မယ်... အဲ့ဒီအခါကျရင်တော့ လျှို့ဝှက်လဝန်းနန်းတော်ဟာ တောင်ပိုင်းနယ်ပယ်မှာ ခြေချစရာ နေရာ ရှိတော့မှာ မဟုတ်ဘူး။”

နတ်ဘုရင်ခံ လင်ရင် ဘာလုပ်ရမှန်း မသိဖြစ်နေစဉ်မှာပင် အဝေးမှ လုချန်း လျှောက်လာခဲ့၏။

လုချန်းကို မြင်လိုက်တော့မှ ချန်ဘုရင် ပြန်ရောက်လာခဲ့ပြီဖြစ်ပြီး သူမအနေနှင့် ချန်ဘုရင်၏ ဘေးကင်းမှုကိုသာ သေချာစေရန် လိုအပ်ကြောင်း နတ်ဘုရင်ခံ လင်ရင် ချက်ချင်း သတိရသွား၏။ အကယ်၍ လျှို့ဝှက်လဝန်းနန်းတော် တကယ် ဒုက္ခရောက်သွားမည်ဆိုလျှင် သူမသည် ချန်ဘုရင်နှင့်အတူ လျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ခွာသွားမည် ဖြစ်၏။ ယဲ့ချူယောင်ကိုတော့ သူမအနေနှင့် တကယ်ပင် ကာကွယ်ပေးနိုင်စွမ်း မရှိတော့ပေ။

သူမ ဘေးသို့ ဖယ်ပေးရန် ပြင်လိုက်စဉ်မှာပင် ယဲ့ချူယောင်၏ ရှေ့သို့ လုချန်း လှမ်းတက်လာခဲ့သည်။ စစ်မှန်သောနတ် အဆင့်မျှသာ ရှိသော လုချန်းက သူလမ်းကို ပိတ်ရပ်ရဲသည်ကို မြင်လျှင် ရွှေဦးထုပ် နတ်ဘုရင်ခံ ပို၍ပင် ဒေါသထွက်သွား တော့သည်။

အခန်း (၁၆၇၃)

ယွမ်ယုတိ၏ ဝိညာဉ် အပိုင်းအစတစ်ခု

ယဲ့ချူယောင် စိတ်ပျက်အားငယ်နေစဉ်မှာပင် သူမ၏ရှေ့တွင် ကာကွယ်ရပ်တည်ပေးနေသည့် လုချန်းကို တွေ့လိုက်ရသဖြင့် သူမ ခဏခန့် မှင်တက်သွား၏။

အမှန်တော့ ချန်းလုသည် လုချန်းဖြစ်ကြောင်း သူမ၏ စိတ်ထဲ ယူဆထားပြီးသားဖြစ်၏။ သို့သော်လည်း ထိုလူယုတ်မာက ယခုကဲ့သို့ အခြေအနေမျိုးတွင် သူမကို ကာကွယ်ရန် ရှေ့ထွက်လာခဲ့သည်။ သူ၏ အငွေ့အသက်ကို ကြည့်ရသလောက် ကျင့်စဉ်အဆင့်က ကောင်းကင်နတ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။

သို့သော်လည်း ကောင်းကင်နတ်တစ်ဦးအနေနှင့် ပြိုင်ဘက်ကို တားဆီးနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် ကောင်းကင်အဆင့် နတ်လက်နက်ကို ပိုင်ဆိုင်ထားသည့် နတ်ဘုရင်ခံတစ်ဦး ဖြစ်နေသောကြောင့်ပင်။

သူလမ်းကို ပိတ်ဆို့ရန် ထွက်လာသည့် ကောင်းကင်နတ်တစ်ဦးကို မြင်လိုက်လျှင် ရွှေဦးထုပ် နတ်ဘုရင်ခံ ဒေါသအလွန် ထွက်သွား၏။

ရွှေဦးထုပ် နတ်ဘုရင်ခံက

“ခင်ဗျားက ဘယ်သူလဲ... ကောင်းကင်နတ် အဆင့်လေးနဲ့ ကျုပ်ကို ဘယ်လိုများ တားဆီးရဲတာလဲ။”

ထိုသို့ပြောပြီးနောက် ရွှေဦးထုပ် နတ်ဘုရင်ခံ၏ အငွေ့အသက်များ ထပ်မံပေါက်ကွဲထွက်လာပြီး ထိတ်လန့်ဖွယ် ဖိအားများ လုချန်းထံသို့ ချက်ချင်း ကျရောက်သွား၏။ လုချန်းလည်း ဒူးမထောက်မိစေရန် ခက်ခဲစွာ တောင့်ခံထားရသည်။

ထိုအခိုက်အတန့်တွင် နတ်ဘုရင်ခံ လင်ရင်က ရွှေဦးထုပ် နတ်ဘုရင်ခံ၏ ဖိအားကို ခုခံနိုင်ရန် လုချန်းကို ချက်ချင်း ကူညီပေးလိုက်၏။

နတ်ဘုရင်ခံ လင်ရင် ဝင်ရောက်စွက်ဖက်သည်ကို မြင်လျှင် ရွှေဦးထုပ် နတ်ဘုရင်ခံက အေးစက်စွာဖြင့်

“ခင်ဗျားက ကျုပ်ကို ပြန်တိုက်ခိုက်ရဲသေးတယ်ပေါ့... အကျိုးဆက်ကိုရော စဉ်းစားပြီးပြီလား။”

နတ်ဘုရင်ခံ လင်ရင်က အေးစက်စွာ တုံ့ပြန်လိုက်၏။

“သူက ကျွန်မတို့ နန်းတော်သခင်ရဲ့ တပည့်ရင်းဖြစ်သလို အနာဂတ် နန်းတော်သခင် ရာထူးကို ဆက်ခံသူလည်း ဖြစ်တယ်။ လျှို့ဝှက်လဝန်းနန်းတော်က သူ့ကိုတောင် မကာကွယ်နိုင်ဘူးဆိုရင် ဒီနန်းတော် တည်ရှိနေဖို့ အကြောင်းမရှိတော့ဘူး။”

နတ်ဘုရင်ခံ လင်ရင်၏ စကားကို ကြားလျှင် ရောက်ရှိနေသည့် အကြီးအကဲများအားလုံး ရှက်စိတ်ကြောင့် မျက်နှာများ ထူပူသွားကြသော်လည်း တိုက်ခိုက်ရန်တော့ မဝံ့ရဲကြသေးပေ။

ထိုအကြီးအကဲ အများစုသည် လျှို့ဝှက်လဝန်းနန်းတော်သို့ နောက်မှ ဝင်ရောက်လာသူများ ဖြစ်သဖြင့် နန်းတော်အပေါ် သံယောဇဉ် မရှိကြပေ။ ထို့ကြောင့် နန်းတော်အတွက် အသက်စွန့် တိုက်ခိုက်ရန် ခက်ခဲနေခြင်း ဖြစ်၏။

လျှို့ဝှက်လဝန်းနန်းတော်မှ အခြားအကြီးအကဲများက သူ့ကို မတိုက်ခိုက်ရဲသည်ကို မြင်လျှင် ရွှေဦးထုပ် နတ်ဘုရင်ခံလည်း ပို၍ပင် မောက်မာလာတော့သည်။ ထိုသူများ မလှုပ်ရှားရဲသဖြင့် သူလည်း လက်တွန့်နေစရာ မလိုတော့ပေ။

ရွှေဦးထုပ် နတ်ဘုရင်ခံက

“ကျုပ်ကို တားဆီးရဲမှတော့ ခင်ဗျားတို့ ပေးဆပ်ဖို့ ပြင်ထားပေတော့။”

ထိုသို့ပြောပြီးနောက် ရွှေဦးထုပ် နတ်ဘုရင်ခံက သူ၏စွမ်းအားများကို နဂါးအကြေးခွံ ဓားပေါ်သို့ စုစည်းလိုက်ပြီး ချက်ချင်းပင် လွှဲယမ်းလိုက်ရာ ရွှေရောင်နဂါးကြီးတစ်ကောင် ထွက်ပေါ်လာပြီး နတ်ဘုရင်ခံ လင်ရင်ထံသို့ ပြေးဝင်သွားတော့၏။

နတ်ဘုရင်ခံ လင်ရင်ကလည်း စောင်းကို အလျင်အမြန် တီးခတ်ကာ နတ်နိယာမကို ချက်ချင်း အသုံးပြုလိုက်၏။

လေပြင်းရူး ကခုန်ခြင်း...

နောက်တစ်ခဏတွင် စောင်းထံမှ လေဆင်နှာမောင်းပေါင်းများစွာ ထွက်ပေါ်လာပြီး ရွှေရောင်နဂါးကြီးနှင့် ထိတွေ့မိလျှင် ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပွားသွားသည်။

လျှို့ဝှက်လဝန်းနန်းတော်၏ ဂိုဏ်းကာကွယ်ရေး နည်းဗျူဟာ ပုံစံသာ မရှိခဲ့လျှင် ထိုနတ်ဘုရင်ခံနှစ်ဦး၏ အားကုန်ထုတ်တိုက်ကွက်ကြောင့် လျှို့ဝှက်လဝန်းနန်းတော် ပျက်စီးသွားလောက်ပြီ ဖြစ်၏။

ထိုအခိုက်အတန့်တွင် နည်းဗျူဟာ ပုံစံထံမှ အပြာရင့်ရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး နန်းတော်အဆောက်အအုံများလည်း အပြာရောင် တောက်ပလာ၏။ တိုက်ကွက်များ၏ ဖျက်ဆီးအား ပြင်းထန်လှသော်လည်း လျှို့ဝှက်လဝန်းနန်းတော်၏ အဆောက်အအုံများကိုတော့ ဖျက်ဆီးနိုင်ခြင်း မရှိပေ။

လျှို့ဝှက်လဝန်းနန်းတော်၏ အဆောက်အအုံများသည် ခိုင်ခံ့လွန်းလှသဖြင့် ရွှေဦးထုပ် နတ်ဘုရင်ခံ မယုံနိုင်အောင် ဖြစ်သွား၏။

နတ်ဘုရင်ခံ အဆင့်၏ အားကုန်ထုတ်တိုက်ကွက်ကို ခုခံနိုင်ပါက ဤလျှို့ဝှက်လဝန်းနန်းတော်သည် နတ်ဘုရင်အဆင့် ဂိုဏ်းတစ်ခုမျှသာ မဟုတ်လောက်ပေ။ နတ်ဘုရင်အဆင့် ဂိုဏ်းဆိုလျှင် ယခုကဲ့သို့ အဆင့်မြင့် နည်းဗျူဟာ ပုံစံမျိုး ပိုင်ဆိုင်နိုင်မည် မဟုတ်သောကြောင့်ဖြစ်၏။

ဤလျှို့ဝှက်လဝန်း နတ်ဘုရင်၌ နောက်ခံ တစ်စုံတစ်ရာ ရှိကောင်းရှိနိုင်သော်လည်း သူ ဂရုမစိုက်နိုင်တော့ပေ။ စတင် တိုက်ခိုက်ပြီးမှတော့ သူ ဆုံးခန်းတိုင်အောင် ဆက်သွားရမည်သာ ဖြစ်၏။

ယနေ့တွင် သူ အသုံးပြုလိုက်ရသည့် စွမ်းအားများအတွက် အစားထိုးနိုင်ရန် ထိုအလှလေးကို သူ၏ ကျင့်စဉ်မီးဖိုအဖြစ် ဧကန်မုချ ပြုလုပ်ရပေမည်။

ထိုစဉ်တွင် လင်ရင်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီး သူမ၏ မျက်နှာလည်း အနည်းငယ် ဖြူလျော့နေ၏။ ထို့နောက် သူမ၏ လက်ထဲမှ စောင်းလည်း ကျိုးပျက်သွားတော့သည်။

ရွှေဦးထုပ် နတ်ဘုရင်ခံ၏ တိုက်ကွက်ကို ခက်ခဲစွာ ခုခံနိုင်ခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်ကတော့ ဒဏ်ရာ အပြင်းအထန် ရရှိသွား၏။

ယခုသူ၏ စွမ်းအားကို ထုတ်ဖော်ပြရန် လိုအပ်နေပြီလားဟု လုချန်း သူ့ဘာသူ မေးခွန်းထုတ်နေမိ၏။

ထိုအချိန်တွင် ကျင့်စဉ်ခရီး ထွက်ခွာစဉ်က ယွမ်ယုတိ ပေးထားခဲ့သည့် အသုံးမပြုရသေးသော ကျောက်စိမ်းလိပ်များကို သူ သတိရလိုက်၏။

နတ်ဘုရင် အဆင့်ရှိသည့် ယွမ်ယုတိ၏ စွမ်းအားဖြင့်ဆိုလျှင် ချီယန်ဂိုဏ်းမှ လျှို့ဝှက်လဝန်းနန်းတော်သို့ ချက်ချင်း ပြန်လာရန်က ပြဿနာ မဟုတ်ပေ။

နတ်ဘုရင်ခံ လင်ရင် ဒဏ်ရာရရှိသွားပြီး လက်ထဲမှ စောင်းပင် ကျိုးပျက်သွားသည်ကို မြင်လျှင် ရွှေဦးထုပ် နတ်ဘုရင်ခံက လှောင်ပြုံးပြုံးလျက်

“ဒီလောက် စွမ်းအားလေးနဲ့ ကျုပ်ကို တားဆီးရဲတယ်ပေါ့... ခင်ဗျား တကယ်ပဲ အသေခံချင်နေတာပဲ။”

ရွှေဦးထုပ် နတ်ဘုရင်ခံက နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။ ထိုအရာကို မြင်လျှင် လုချန်းက ကျောက်စိမ်းလိပ်ကို အလျင်အမြန် ထုတ်ယူကာ နတ်စွမ်းအားများ ထည့်သွင်းပြီး ချက်ချင်း အသက်သွင်းလိုက်တော့သည်။

ကျောက်စိမ်းလိပ် အသက်ဝင်လာသည်နှင့် တပြိုင်နက် ကောင်းကင်ယံမှ ပြင်းထန်သော ဖိအားများ ကျရောက်လာပြီး ရွှေဦးထုပ် နတ်ဘုရင်ခံကို လုံးဝ မလှုပ်ရှားနိုင်အောင် ပြုလုပ်လိုက်၏။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်အငွေ့အသက်များကိုပင် အသုံးပြု၍ မရတော့ပေ။

တစ်ခဏချင်းမှာပင် အေးစက်လှသော နတ်အငွေ့အသက်များက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ရွှေဦးထုပ် နတ်ဘုရင်ခံ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ခဲသွားစေ၏။ ရွှေဦးထုပ် နတ်ဘုရင်ခံသည်လည်း သူ၏ ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိတော့သည်။

ဘာတွေ ဖြစ်နေတာလဲ။

သူ ဘာလို့ မလှုပ်ရှားနိုင်တာလဲ။

ထိုအခိုက်တွင် လျှို့ဝှက်လဝန်းနန်းတော်အတွင်း၌ ရေခဲလိပ်ပြာပေါင်းများစွာ ထွက်ပေါ်လာပြီး နေရာအနှံ့ ပျံသန်းနေကြ၏။ ထိုရေခဲလိပ်ပြာများထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များကို ရွှေဦးထုပ် နတ်ဘုရင်ခံ ထင်ရှားစွာ ခံစားနေရသည်။

သူက သူ၏ ဦးခေါင်းပေါ်မှ နတ်အငွေ့အသက်များကို ချေဖျက်ရန် အလျင်အမြန် ကြိုးစားရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ကျုပ်က ခမ်းနားသော ကောင်းကင်ခန်းမရဲ့ အရာရှိ တစ်ယောက်ပဲ...ဒါတောင် ခင်ဗျားတို့က ကျုပ်ကို တိုက်ခိုက်ရဲတယ်ပေါ့။ ဒီအကြောင်းကို ခမ်းနားသော ကောင်းကင်ခန်းမဆီ ကျုပ် ဧကန်မုချ အစီရင်ခံပြီး လျှို့ဝှက်လဝန်းနန်းတော်ကို တောင်ပိုင်းနယ်မြေကနေ အမြစ်ပြတ်အောင် ဖယ်ရှားပစ်မယ်။”

ရွှေဦးထုပ် နတ်ဘုရင်ခံ၏ စကား မဆုံးသေးမီမှာပင် လျှို့ဝှက်လဝန်းနန်းတော်၏ အထက်ကောင်းကင်ယံ၌ အေးစက်သော်လည်း ရင်သပ်ရှုမောဖွယ်ကောင်းသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုသူကို မြင်လိုက်လျှင် ရွှေဦးထုပ် နတ်ဘုရင်ခံက

“ခင်ဗျားက ဘယ်သူလဲ”

ယွမ်ယုတိက တစ်ခွန်းမျှ ပြန်မပြောပေ။ ထိုအခိုက်တွင် လျှို့ဝှက်လဝန်းနန်းတော်မှ လူများအားလုံးက

“နန်းတော်သခင်ကို ဂါရဝပြုပါတယ်”

ဟု ညီညာစွာ နှုတ်ဆက်လိုက်ကြ၏။

ရွှေဦးထုပ် နတ်ဘုရင်ခံ၏ မျက်နှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး

“ဒါဆို ခင်ဗျားက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်ပေါ့... ခင်ဗျားက ကျုပ်ကို တိုက်ခိုက်ရဲတယ်လား။”

ယွမ်ယုတိက ရောက်ရှိနေသူများကို ခပ်အေးအေးပင် တစ်ချက်ကြည့်လိုက်ပြီး

“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ”

ဟု တည်ငြိမ်စွာ မေးလိုက်၏။

ယွမ်ယုတိ၏ ပင်မကိုယ်သည် သွေးလင်းယုန်ခန်းမကို ရင်ဆိုင်တိုက်ခိုက်ရန် ချီယန်ဂိုဏ်း၌ မဟာမိတ်ကိစ္စများကို ဆွေးနွေးနေခြင်းဖြစ်သဖြင့် ဤနေရာတွင် ဖြစ်ပျက်ခဲ့သည်များကို သိထားခြင်း မရှိပေ။

သို့သော်လည်း သူမ၏ ဝိညာဉ် အပိုင်းအစတစ်ခုကို ဆင့်ခေါ်ရန် လုချန်းက ကျောက်စိမ်းလိပ်ကို အသုံးပြုခဲ့သဖြင့် လျှို့ဝှက်လဝန်းနန်းတော်၌ ကြီးမားသည့် အရေးကိစ္စတစ်ခု ဖြစ်ပျက်နေကြောင်း ထင်ရှားသည်။

ထိုအချိန်တွင် နတ်ဘုရင်ခံ လင်ရင်က သူမ၏ မှတ်ဉာဏ်များကို မှတ်ဉာဏ်ပုလဲတစ်ခုအဖြစ် ဖန်တီးကာ ယွမ်ယုတိ၏ ဝိညာဉ် အပိုင်းအစထံသို့ ပေးပို့လိုက်၏။

မှတ်ဉာဏ်ပုလဲအတွင်းရှိ အကြောင်းအရာများကို ယွမ်ယုတိ ဖတ်ရှုပြီးနောက် သူမ၏ ဖိအားများ ပေါက်ကွဲထွက်လာပြီး လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးကို အေးစက်လှသော အငွေ့အသက်များက လွှမ်းခြုံအေးခဲသွားစေတော့သည်။

သူမ ထွက်ခွာသွားပြီး မကြာမီမှာပင် လျှို့ဝှက်လဝန်းနန်းတော်သို့ တစ်စုံတစ်ယောက် လာရောက် ကျူးကျော်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ယွမ်ယုတိ အလွန် ဒေါသထွက်နေကြောင်း ထင်ရှားလှ၏။

သူမကို ပို၍ စိတ်ဆိုးစေသည့် အချက်က အကြီးအကဲများက ဘေးမှ ရပ်ကြည့်နေစဉ်မှာပင် သူမ၏ တပည့်ရင်း ကျင့်စဉ်မီးဖိုအဖြစ် ပြုလုပ်ခံရလုနီးပါး ဖြစ်ခဲ့ရခြင်းဖြစ်၏။ နတ်ဘုရင်ခံ လင်ရင်နှင့် လုချန်းတို့နှစ်ဦးသာ သူမအတွက် ကာကွယ်ရပ်တည်ပေးဝံ့ကြသည်။

ယွမ်ယုတိ ထုတ်လွှတ်လိုက်သည့် အေးစက်သော အငွေ့အသက်များကြောင့် ရောက်ရှိနေသူတိုင်း တုန်လှုပ်နေကြရ၏။ ရှေ့မှ ယွမ်ယုတိသည် ဝိညာဉ် အပိုင်းအစတစ်ခုသာ ဖြစ်သော်လည်း ယခုကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားခြင်းက မယုံနိုင်စရာ ကောင်းလှသည်ဟု ရွှေဦးထုပ် နတ်ဘုရင်ခံ ‌တွေးမိလိုက်သည်။

ထိုနတ်ဘုရင်သည် အဆင့်တက်ရန် အလွန်နီးစပ်နေတာ ဖြစ်နိုင်၏။

နတ်ဘုရင်မှ အဆင့်တက်သွားသည်ဆိုလျှင် နတ်သခင် အဆင့်ပင် မဟုတ်ပါလား။

ထိုသို့တွေးမိသည်နှင့် ရွှေဦးထုပ် နတ်ဘုရင်ခံ၏ မျက်နှာ ချက်ချင်းပင် ဖြူလျော့သွားပြီး အလျင်အမြန်ပင်

“စီနီယာ... ကျုပ်...”

ရွှေဦးထုပ် နတ်ဘုရင်ခံ၏ စကားမဆုံးမီမှာပင် ယွမ်ယုတိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ရေခဲလိပ်ပြာပေါင်းများစွာက သူ့ကို ရစ်ပတ်သွားတော့၏။ နောက်တစ်ခဏ၌ လျှို့ဝှက်လဝန်းနန်းတော်၏ ရင်ပြင်တစ်ခုလုံးတွင် ရွှေဦးထုပ် နတ်ဘုရင်ခံ၏ နာကျင်စွာ အော်ဟစ်သံများသာ စိတ်မသက်သာဖွယ် ထွက်ပေါ်လာ တော့သည်။

………….

အခန်း (၁၆၇၄)

တောင်းဆိုချက်

ယွမ်ယုတိသည် တိုက်ကွက် တစ်ကွက်တည်းဖြင့် ရွှေဦးထုပ် နတ်ဘုရင်ခံ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အေးခဲစေလိုက်၏။ ထိုရေခဲလိပ်ပြာများ ပျောက်ကွယ်သွားချိန်တွင် ရွှေဦးထုပ် နတ်ဘုရင်ခံလည်း ရေခဲရုပ်ထုကြီးတစ်ခုအဖြစ် လုံးဝ ပြောင်းလဲသွား တော့သည်။

ဤမြင်ကွင်းကို ကြည့်ပြီး ရောက်ရှိနေသည့် အကြီးအကဲများ မှင်တက်သွားကြ၏။ ရွှေဦးထုပ် နတ်ဘုရင်ခံကို စောစောစီးစီး မတားဆီးခဲ့မိသည့်အတွက် သူတို့အားလုံး အလွန် စိုးရိမ်ထိတ်လန့်သွားကြသည်။

သူတို့အပေါ် ယွမ်ယုတိ အရေးယူမည်ကို ထိုသူများ အလွန် ကြောက်လန့်နေကြသော်လည်း ယွမ်ယုတိကတော့ ဘာမှ မလုပ်ခဲ့ပေ။ ယွမ်ယုတိက လက်ကို ဝှေ့ယမ်းလိုက်ရာ အေးခဲနေသည့် ရွှေဦးထုပ် နတ်ဘုရင်ခံလည်း ရေခဲမှုန်များအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး လေထုထဲတွင် ပျောက်ကွယ်သွား၏။

ယွမ်ယုတိက အေးစက်စွာဖြင့်

“ဒါက နောက်ဆုံးအကြိမ်ပဲ”

ယခုအခါ သွေးလင်းယုန်ခန်းမ၏ လှုပ်ရှားမှုများသည် ပိုစိပ်လာနေပြီး မကြာမီအချိန်အတွင်း လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်လာနိုင်သည်။ ယခုအချိန်သည် လူစွမ်းအား လိုအပ်နေသည့် အချိန်ဖြစ်၏။

လျှို့ဝှက်လဝန်းနန်းတော်သို့ နောက်မှ ဝင်ရောက်လာသည့် ထိုအကြီးအကဲများကို သူမ အနည်းငယ် မကျေနပ်သော်လည်း ၎င်းတို့ အသုံးတည့်နေသေးသည်ကို ထည့်တွက်ကာ သူတို့ကို အရေးယူရန် ယွမ်ယုတိ၌ အစီအစဉ် မရှိပေ။

ထိုအခိုက်တွင် လုချန်းကို ယွမ်ယုတိ၏ ဝိညာဉ်အပိုင်းအစက ကြည့်လိုက်၏။ လုချန်းသည် ကောင်းကင်နတ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ယွမ်ယုတိ သိသိသာသာ ခံစားမိလိုက်သဖြင့် သူမ အနည်းငယ် အံ့အားသင့်သွားရ၏။ သူ၏ တပည့်ရင်းသည် တံခါးပိတ် ကျင့်စဉ်စခန်းမှ ထွက်လာပြီး မကြာမီမှာပင် ဤမျှ မြန်ဆန်စွာ အဆင့်တက်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

သူသည် တကယ်ပင် ကံစွမ်းအား ကြီးမားသူတစ်ဦး ဖြစ်ပေသည်။

လုချန်း၏ လုပ်ဆောင်ချက်ကို ယွမ်ယုတိ အလွန်ကျေနပ်မိ၏။ အခြားအကြီးအကဲများ ရှေ့မထွက်ဝံ့သည့် အရေးကြီးသော အချိန်တွင် သူမ၏ တပည့်ရင်းဖြစ်သူက စွမ်းအားကြီးသူကို မကြောက်ပဲ ယဲ့ချူယောင်ကို ကာကွယ်ရန် ရှေ့ထွက်လာခဲ့သည်။ နတ်ဘုရင်ခံတစ်ဦး၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရချိန်တွင်ပင် သူ အနည်းငယ်မှ တွန့်ဆုတ်ခြင်း မရှိခဲ့ပေ။

သူမ လက်ခံခဲ့သည့် တပည့်ဖြစ်သူက စိတ်ဓာတ်ကြံ့ခိုင်မှု ရှိပုံရသည်။ သူသည် အမျိုးသမီးများကို အဖော်ပြုတတ်သည့် တဏှာသမားတစ်ဦး ဖြစ်သော်လည်း ယခုကြည့်ရသလောက် ကောက်ရှီယွမ်နှင့် ရှောင်ရွှီရင်တို့ နှစ်ဦးလုံးက တကယ်ပင် ကြည်ဖြူနေကြပုံရ၏။

ထိုသို့ တွေးမိပြီးနောက် လုချန်းကို ယွမ်ယုတိက

“ဒီနေ့ကစပြီး မင်းဂူအောင်းပြီး အပြစ်ဒဏ်ခံနေစရာ မလိုတော့ဘူး”

လုချန်းက ချက်ချင်းပင်

“ကျေးဇူးတင်ပါတယ် ဆရာ”

ယွမ်ယုတိက

“ဒါဆို ဒါပဲ... ငါ အခု ချီယန်နတ်ဘုရင်နဲ့ မဟာမိတ် ကိစ္စဆွေးနွေးနေတုန်းမို့လို့။”

ထိုသို့ ပြောပြီးနောက် ယွမ်ယုတိ၏ ဝိညာဉ်အပိုင်းအစ ပျောက်ကွယ်သွား၏။

ယွမ်ယုတိ ထွက်ခွာသွားပြီးနောက် ယဲ့ချူယောင်က လုချန်းကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေမိ၏။ ယခုကဲ့သို့ အခြေအနေမျိုးတွင် လုချန်းက သူမကို ကူညီရန် ရှေ့ထွက်လာလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။

သူမက လုချန်းအပေါ်တွင် မကောင်းကြံလိုစိတ်အမျိုးမျိုး ထားခဲ့ပြီး စောင့်ကြည့်ရန် လူများပင် လွှတ်ခဲ့သော်လည်း လုချန်းကတော့ သူမကို ကာကွယ်ပေးရန် ဆန္ဒရှိနေဆဲပင်။

ထိုအရာကို တွေးမိသောအခါ ယဲ့ချူယောင်၏ စိတ်ထဲ အပြစ်မကင်းသလို ခံစားလိုက်ရသော်လည်း ဤနှာဗူးလူယုတ်မာ၏ လှည့်ဖြားမှုကို မခံရစေရန် သူမကိုယ်သူမချက်ချင်း သတိပေးလိုက်၏။

ဤလူယုတ်မာက ဝူကျန်းဝမ်ကို လုယူသွားခဲ့ပြီး ဝူကျန်းဝမ်၏ ဘဝတက်လမ်းကို ဖျက်ဆီးခဲ့သည်။ သူမအနေနှင့် သူ့ကို အလွယ်တကူ မည်သို့ ခွင့်လွှတ်နိုင်ပါမည်နည်း။

ထိုအခိုက်တွင် လုချန်းက ပြုံးလျက် ယဲ့ချူယောင်ကို ကြည့်ကာ

“စီနီယာမ ယဲ့... အဆင်ပြေရဲ့လား”

ယဲ့ချူယောင်က တည်ငြိမ်စွာဖြင့်

“ကျွန်မ အဆင်ပြေပါတယ်... ကူညီပေးလို့ ကျေးဇူးတင်ပါတယ် ဂျူနီယာမောင်လေး။ ရှင့်အကူအညီသာ မပါရင် ကျွန်မ တခြားသူရဲ့ ကျင့်စဉ်မီးဖို ဖြစ်သွားလောက်ပြီ။”

လုချန်းအပေါ် သူမ၏ စိတ်ထဲတွင် ရွံရှာမှုများ ရှိနေသော်လည်း လုချန်းက သူမကို ကယ်တင်ပေးခဲ့သဖြင့် တစ်ဖက်က သူမ အလွန်ကျေးဇူးတင်မိ၏။ ယခု သူမ စိတ်ထဲတွင် ဆန့်ကျင်ဘက် ခံစားချက်နှစ်မျိုး ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

တစ်ဖက်တွင် ဝူကျန်းဝမ်အတွက် လက်စားချေပေးရန် ရှိနေပြီး အခြားတစ်ဖက်တွင်တော့ လုချန်းသည် သူမ၏ ဂျူနီယာ ညီမငယ်နှစ်ဦး၏ ‌အဖော်ဖြစ်နေသည်။ ယခုလည်း သူက သူမကို ကယ်တင်ပေးကာ သူမ၏ ကျင့်စဉ်အဆင့်ကိုလည်း ထိန်းသိမ်းပေးခဲ့သည်။

လုချန်းအပေါ် မည်သည့် သဘောထားနှင့် ဆက်ဆံရမည်မှန်း သူမ မသိတော့ပေ။

ယဲ့ချူယောင်က သူမ၏ လက်သီးများကို ခပ်ဖွဖွ ဆုပ်ကိုင်ရင်း

“လုချန်းရဲ့ အမျိုးသမီးတွေက ဘာလို့ ဒီလူယုတ်မာနောက်ကို သေအတူ ရှင်မကွာ လိုက်နေကြတာလဲဆိုတာ မဆန်းတော့ဘူးပဲ။ သူက နှာဗူးဖြစ်တာကလွဲရင် တခြားအားနည်းချက် ရှိပုံမရဘူး”

ဟု သူမဘာသာ တွေးနေမိ၏။

ဤအတိုင်းပဲ အဆုံးသတ်သွားသင့်တာလား။

ယဲ့ချူယောင်၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေမိသည်။

ဝူကျန်းဝမ်သည် သူမ အလေးထားရဆုံးသူ ဖြစ်ပြီး လုချန်းကြောင့် ထိခိုက်ခဲ့ရသော်လည်း သူမကိုယ်တိုင် ဘာမှ မလုပ်နိုင်သည့်အတွက် စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေရ၏။

ယဲ့ချူယောင်၏ မျက်နှာအမူအရာ မကောင်းသည်ကို မြင်လျှင် ယဲ့ချူယောင်၏ စိတ်နှလုံး တုန်လှုပ်နေပြီဖြစ်ကြောင်း လုချန်း နားလည်လိုက်၏။

တစ်ကြိမ် တုန်လှုပ်သွားပြီဆိုလျှင် ကိုင်တွယ်ရ ပိုလွယ်ကူသွားပေလိမ့်မည်။

လုချန်းက ဘာမှ ထပ်မပြောတော့ပဲ ရင်ပြင်မှ ထွက်ခွာကာ သူ၏ အဆောင်သို့ ပြန်လာခဲ့၏။

လုချန်း သူ၏ ဆောင်သို့ ပြန်ရောက်ပြီး မကြာမီမှာပင် နတ်ဘုရင်ခံ လင်ရင်လည်း ရောက်ရှိလာ၏။ အဆောင်အတွင်းသို့ ဝင်လာသည်နှင့် သူမက အသံလုံ နည်းဗျူဟာ ပုံစံတစ်ခုကို ချက်ချင်း တပ်ဆင်လိုက်၏။

“သခင်... သွေးလင်းယုန်ခန်းမရဲ့ လှုပ်ရှားမှုတွေက ပိုစိပ်လာပြီ။ အခုလည်း လျှို့ဝှက်လဝန်းနန်းတော်က ခမ်းနားသော ကောင်းကင်ခန်းမကို အပြစ်ပြုမိသွားပြီဆိုတော့ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို ခမ်းနားသော ကောင်းကင်ခန်းမက သိသွားရင် လျှို့ဝှက်လဝန်းနန်းတော်လည်း သူတို့လက်စားချေတာကို မကြာခင် ခံရလိမ့်မယ်လို့ ကျွန်မ စိုးရိမ်မိတယ်။ သခင် ဘေးကင်းဖို့အတွက် လျှို့ဝှက်လဝန်းနန်းတော်ကနေ ထွက်သွားကြရင် မကောင်းဘူးလား။”

နတ်ဘုရင်ခံ လင်ရင်၏ အဓိကတာဝန်မှာ လုချန်း၏ ဘေးကင်းရေးကို သေချာစေရန်ဖြစ်၏။ အခြားသူများကို သူမ ဂရုမစိုက်သော်လည်း လုချန်းကိုတော့ ဘာမှ မဖြစ်စေရပေ။ ဤသည်က လုချန်း၏ အဓိကအစေခံတစ်ဦး၏ တာဝန်ဖြစ်၏။

လုချန်းက

“ဒါက ကိုယ်ပွားတစ်ခုပဲလေ... ပျက်စီးသွားရင်တောင် ကျုပ်ကို မထိခိုက်နိုင်ပါဘူး။ ခင်ဗျား စိုးရိမ်စရာ မလိုပါဘူး။”

ထိုစကားကို ကြားသောအခါ လုချန်း၏ ဤခန္ဓာသည် ကိုယ်ပွားတစ်ခုသာ ဖြစ်ပါက ပျက်စီးသွားလျှင် ပင်မကိုယ်အပေါ် သက်ရောက်မှု အနည်းငယ် ရှိနိုင်သော်လည်း ကိုယ်ပွားအတွင်း၌ ဝိညာဉ်စွမ်းအား အနည်းငယ်သာ ပါဝင်သဖြင့် တန်ပြန်သက်ရောက်မှုက ပြင်းထန်လိမ့်မည် မဟုတ်ကြောင်း နတ်ဘုရင်ခံ လင်ရင် ချက်ချင်း သဘောပေါက်သွား၏။

နတ်ဘုရင်ခံ လင်ရင် အနည်းငယ် စိတ်အေးသွား၏။

ထိုစဉ် လုချန်းက တစ်စုံတစ်ခုကို သတိရသွားပြီး

“ခင်ဗျား နတ်ဘုရင် အဆင့်ကို ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ။”

နတ်ဘုရင်ခံ လင်ရင်က အနည်းငယ် သက်ပြင်းချလျက်

“ကျွန်မ နတ်ဘုရင်အဆင့်တက်မယ့် အခြေအနေကို ခံစားနေရတာ ကြာပါပြီ သခင်... အထူးသဖြင့် သခင်နဲ့ တွေ့ပြီးနောက်ပိုင်းမှာပေါ့။ ဒါပေမဲ့ တစ်ခုခု လိုအပ်နေသလို ခံစားနေရလို့ အဲ့ဒီခြေလှမ်းကို မလှမ်းနိုင်သေးတာပါ။”

လုချန်းက သက်စောင့်ဝိညာဉ်ဆေးလုံးတစ်လုံးကို ချက်ချင်း ထုတ်ပေးလိုက်ပြီး

“ဒါက သက်စောင့်ဝိညာဉ်ဆေးလုံးပဲ။ ဒါကို သုံးစွဲပြီးရင် ခင်ဗျားကို နတ်ဘုရင် အဆင့် ရောက်အောင် ကူညီပေးလိမ့်မယ်။ အကယ်၍ အဆင့်မတက်နိုင်ခဲ့ရင်တောင် ဒီဆေးလုံးက ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ကာကွယ်ပေးပြီး ကောင်းကင်ဘုံရဲ့ စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်အောင် ကူညီပေးလိမ့်မယ်။”

သွေးလင်းယုန်ခန်းမသည် အမှောင်ရိပ်ထဲတွင် ကြံစည်နေပြီး လျှို့ဝှက်လဝန်းနန်းတော်၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် ၎င်းတို့ကို ယှဉ်ပြိုင်ရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် လျှို့ဝှက်လဝန်းနန်းတော်၏ အင်အားကို မြှင့်တင်ရန် လုချန်း လိုလားနေ၏။

နတ်ဘုရင်ခံ လင်ရင်သည် သူ့ လူများထဲမှ တစ်ဦးဖြစ်သဖြင့် သူမအား နတ်ဘုရင် အဆင့်သို့ ရောက်ရှိစေရန် ကူညီပေးခြင်းက အသင့်တော်ဆုံး ဖြစ်၏။ သူမသာ နတ်ဘုရင် အဆင့်သို့ ရောက်သွားပါက အနာဂတ်တွင် သူ၏ အသေးအဖွဲ ပြဿနာပေါင်းများစွာကို ဖြေရှင်းပေးနိုင်ပေလိမ့်မည်။

လုချန်း၏ လက်ထဲရှိ ဆေးလုံးကို မြင်လျှင် နတ်ဘုရင်ခံ လင်ရင် အနည်းငယ် မှင်တက်သွား၏။ သူမကို အဆင့်တက်အောင် ကူညီပေးနိုင်သည်ဆိုလျှင် ဤဆေးလုံးက မည်သည့်အဆင့် ရှိမည်နည်း။

သူတော်စင် အဆင့် ဆေးလုံးလား။

သူတော်စင် အဆင့် ဆေးလုံးများ ဆိုသည်က အလွန်တန်ဖိုးကြီးလှ၏။ အထူးသဖြင့် အဆင့်တက်ရန် ကူညီပေးနိုင်သည့် ဆေးလုံးများက ပို၍ တန်ဖိုးရှိ၏။

ထို့ပြင် ဤဆေးလုံးက ကောင်းကင်ဘုံ၏ စမ်းသပ်မှုများကိုပင် ခုခံပေးနိုင်သဖြင့် ပို၍ပင် တန်ဖိုးဖြတ်မရနိုင်ပေ။

ဆေးလုံး၏ တန်ဖိုးကြီးမားမှုကို ထည့်တွက်ပြီး နတ်ဘုရင်ခံ လင်ရင်က အလျင်အမြန်ပင်

“သခင်... သခင့်ရဲ့ စွမ်းအားတွေက အပြည့်အဝ ပြန်မရသေးဘူးဆိုတော့ ဒီဆေးလုံးကို သခင့်အတွက်ပဲ သိမ်းထားပါ။”

လုချန်းက ခပ်အေးအေးပင်

“ကျုပ်မှာ ဒီလိုဆေးလုံးတွေ အများကြီး ရှိပါတယ်”

ဒါက...

လုချန်းက ထိုသို့ ပြောလာသဖြင့် နတ်ဘုရင်ခံ လင်ရင်လည်း မငြင်းတော့ပဲ လုချန်း၏ လက်ထဲမှ သက်စောင့်ဝိညာဉ်ဆေးလုံးကို လှမ်းယူလိုက်၏။

ဆေးလုံးကို ယူပြီးနောက် နတ်ဘုရင်ခံ လင်ရင်က ချက်ချင်း မသောက်သေးပဲ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်

“သခင်... ကျွန်မမှာ တောင်းဆိုချက်တစ်ခု ရှိပါတယ်။ သခင် ခွင့်ပြုပေးနိုင်မလားဆိုတာ သိချင်မိလို့ပါ။”

သူမ၏ တောင်းဆိုချက်ကို တွေးမိသည်နှင့် နတ်ဘုရင်ခံ လင်ရင်၏ မျက်နှာပေါ်တွင် ရှက်သွေးများဖြာသွား၏။ သူမ၏ စိတ်အခြေအနေက တစ်ခုခု လိုအပ်နေသည်ဟု ခံစားနေရပြီး ထိုအရာက လုချန်းနှင့် ပတ်သက်နေနိုင်သည်ဟု သူမ ယုံကြည်နေခြင်း ဖြစ်၏။

လုချန်းက စူးစမ်းလိုစိတ်ဖြင့်

“ဘာတောင်းဆိုချက်လဲ... ပြောပါဦး”

နတ်ဘုရင်ခံ လင်ရင်က သူ့ကို တစ်ခုခု တောင်းဆိုသည်မှာ ယခု ပထမဆုံးအကြိမ် ဖြစ်၏။ ယခင်က သူ၏ အစေခံအဖြစ် သူမ တာဝန်ထမ်းဆောင်စဉ် တစ်လျှောက်လုံး မည်သည့်အရာကိုမှ မတောင်းဆိုခဲ့ဖူးသဖြင့် သူမ၏ တောင်းဆိုချက် ဘာဖြစ်မလဲဆိုသည်ကို လုချန်း စိတ်ဝင်စားသွား၏။

နတ်ဘုရင်ခံ လင်ရင်သည် အနည်းငယ် ရှက်ရွံ့နေသော်လည်း ရဲရဲဝံ့ဝံ့ပင် သူမ၏ တောင်းဆိုချက်ကို ပြောလိုက်၏။

“ကျွန်မ သခင်ကို တစ်ကြိမ်လောက် ပြုစုခွင့် ရချင်ပါတယ်။”

All Chapters