အခန်း (၁၆၇၅-၁၆၇၇)
Vol. 112 Ch. 1675-1677
အခန်း (၁၆၇၅)
ချန်းလု အခန်းထဲ ဘယ်သူလဲ
နတ်ဘုရင်ခံ လင်ရင်၏ စကားများကို ကြားလျှင် လုချန်း အနည်းငယ် အံ့အားသင့်သွား၏။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုကဲ့သို့သော ကိစ္စရပ်များသည် သူတို့အတွက် များစွာ အဓိပ္ပာယ်မရှိပေ။
အမှန်စင်စစ် နတ်ဘုရင်ခံ လင်ရင်သည် လုချန်း၏ အစေခံတစ်ဦးသာ ဖြစ်ပြီး သူသည် သူမ၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းခဲ့ရခြင်း ဖြစ်သည်။
နတ်ဘုရင်ခံ လင်ရင်သည် စနစ်၏ စည်းကမ်းချက်များနှင့် မကိုက်ညီသော်လည်း သူမ အလိုရှိနေပါက သူမ၏ ဆန္ဒများကို လုချန်း ဖြည့်ဆည်းပေးနိုင်သေးသည်။
သို့သော် နတ်ဘုရင်ခံ လင်ရင်က ယခုကဲ့သို့ တောင်းဆိုလာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိပေ။ လင်ရင်အတွက် ယောက်ျားနှင့် မိန်းမကြားရှိ သာယာမှုများသည် မည်သည့် ဆွဲဆောင်မှုမှ ရှိတော့မည်မဟုတ်ပေ။
ဇဝေဇဝါဖြစ်နေသည့် လုချန်းက
“ဒီလိုကိစ္စမျိုးက ခင်ဗျားကို ဆွဲဆောင်နိုင်စွမ်း မရှိတော့ဘူး မဟုတ်လား။ ဘာလို့ ဒီလို စိတ်ကူးမျိုး ရလာတာလဲ။”
နတ်ဘုရင်ခံ လင်ရင်က
“ကျွန်မလည်း ဘာကြောင့်မှန်းတော့ မသိပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ စိတ်အခြေအနေထဲမှာ တစ်ခုခု လိုအပ်နေသလို အမြဲ ခံစားနေရတယ်။ အဆင့်တက်ဖို့ တံခါးဝအနားကို ရောက်နေပြီဆိုပေမဲ့ ကျော်ဖြတ်လို့ မရနိုင်သေးဘူး ဖြစ်နေတယ်။”
“ဒါဟာ သခင်နဲ့ ပတ်သက်မှု ရှိမရှိ ကျွန်မ သိချင်ပါတယ်။”
သူမသည် လုချန်းအတွက် အရေးမပါနိုင်ကြောင်း နတ်ဘုရင်ခံ လင်ရင် နားလည်ထား၏။ သူမသည် လုချန်းကို ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့သော်လည်း လုချန်းတွင် သူမအပေါ် ထိုကဲ့သို့ ချစ်ခြင်းမေတ္တာမျိုး မရှိခဲ့ပေ။
သူတို့ကြားတွင် သခင်နှင့် အစေခံဟူသော သံယောဇဉ်ကသာ ပို၍ ကြီးစိုးနေသည်။
သို့သော် သူမ၏ ရင်ထဲတွင်တော့ လုချန်းသည် အလွန်အရေးကြီးသော တည်ရှိမှုတစ်ခု ဖြစ်သည်။ ထိုစဉ်က လုချန်းကို ပြုစုရန် လုချန်း၏ မိခင်က သူမကို စီစဉ်ပေးခဲ့ချိန်တွင် သူမသည် ကံကြမ္မာကို ဖြတ်ကျော်ခြင်း အဆင့်မှ လူနတ်အဆင့်သို့ ကူးပြောင်းနိုင်ကာစ လူနတ်တစ်ဦးမျှသာ ဖြစ်သော်လည်း လုချန်း၏ အဆင့်အတန်းကတော့ မြင့်မြတ်လှ၏။ သူမသည် နတ်တစ်ပါး ဖြစ်သော်လည်း လုချန်း၏ ရှေ့မှောက်တွင်တော့ ဘာမှ မဟုတ်ခဲ့ချေ။
ထို့ပြင် သူမသည် နတ်တစ်ပါးအဖြစ် မွေးဖွားလာခြင်း မဟုတ်ပဲ လူသားဘဝမှ ကပ်ဘေးများကို ကျော်ဖြတ်ကာ နတ်ဖြစ်လာသူသာ ဖြစ်သည်။ နတ်များကို အဆင့်အတန်း အမျိုးမျိုး ခွဲခြားထားရာ လူသားဘဝမှ ကပ်ဘေးဒုက္ခကျော်ဖြတ်ပြီး နတ်ဖြစ်လာသူများသည် ထျန်းရန် နတ်ဘုရား နယ်မြေတွင် အနိမ့်ဆုံး အဆင့်၌ ရှိကြသည်။
သို့သော် လုချန်းသည် မြင့်မြတ်သော အဆင့်အတန်းတွင် ရှိနေသော်လည်း သူမကို နိမ့်ကျသူတစ်ဦးကဲ့သို့ ဘယ်သောအခါကမှ မဆက်ဆံခဲ့ပေ။ လုချန်းသည် သူမအပေါ် အမြဲတစေ ကောင်းမွန်ခဲ့ပြီး သူ ကြီးပြင်းလာကာ အင်အားတောင့်တင်းလာသည်ကို သူမ စောင့်ကြည့်ခဲ့ရသည်။
လုချန်း နတ်ဘုရင် ဖြစ်လာပြီးနောက်တွင်ပင် သူမကို အထင်မသေးခဲ့သဖြင့် သူမ၏ စိတ်ထဲတွင် သူ၏အပေါ် ရှင်းပြ၍မရသော ခံစားချက်အချို့ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
လုချန်းက
“ကောင်းပြီလေ။ဒါဆို စမ်းကြည့်ကြတာပေါ့”
လုချန်း သဘောတူသည်ကို မြင်လျှင် နတ်ဘုရင်ခံ လင်ရင် သက်ပြင်းချလိုက်မိ၏။ လုချန်း ငြင်းပယ်မည်ကို သူမ တကယ် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
အမှန်စင်စစ် သူတို့သည် နှစ်ပေါင်းများစွာ ထိုကဲ့သို့ ကိစ္စမျိုး မပြုလုပ်ခဲ့ကြပေ။ ထို့ပြင် သူမမှာ လုချန်း၏ အစေခံတစ်ဦးမျှသာ ဖြစ်ရာ ထိုသို့ တောင်းဆိုပိုင်ခွင့်လည်း မရှိပေ။
ထိုစဉ် နတ်ဘုရင်ခံ လင်ရင်၏ နောက်ကျောဘက်သို့ လုချန်း ချဉ်းကပ်သွားကာ သူမ၏ ပုခုံးပေါ်သို့ သူ၏လက်များကို ညင်သာစွာ တင်လိုက်၏။
လုချန်း အနားသို့ ရောက်ရှိလာသည့် ခဏတွင် နှစ်ပေါင်း ကုဋေနှင့်ချီ၍ ပိတ်လှောင်ထားသော နတ်ဘုရင်ခံ လင်ရင်၏ စိတ်ခံစားချက်များ နိုးထလာခဲ့သည်။ လုချန်း အနားတွင် မရှိချိန်၌ ယောက်ျားနှင့် မိန်းမကြားရှိ ကိစ္စရပ်များကို သူမ တွေးတောမိခြင်း မရှိသော်လည်း လုချန်းက သူမကို ထိတွေ့လိုက်ချိန်တွင်တော့ အတိတ်မှ ရင်းနှီးကျွမ်းဝင်ခဲ့မှုများ နတ်ဘုရင်ခံ လင်ရင်၏ စိတ်ထဲသို့ တမဟုတ်ချင်း တိုးဝင်လာကာ သူမ၏ စိတ်လှုပ်ရှားမှုကို နှိုးဆွလိုက်၏။
နတ်ဘုရင်ခံ လင်ရင်၏ ပါးပြင်များ အနည်းငယ် နီမြန်းလာသည်။ လုချန်း၏ အစေခံတစ်ဦးအနေနှင့် သူ၏ ဘေးနားတွင် မရေမတွက်နိုင်သော ညပေါင်းများစွာကို သူမ ကုန်ဆုံးခဲ့ဖူး၏။
သူတို့သည် တစ်ဦး၏ ခန္ဓာကိုယ်ကို တစ်ဦးက ရင်းနှီးနေကြသော်လည်း ထိုကဲ့သို့ ကိစ္စမျိုး ပြုလုပ်ခဲ့ခြင်း မရှိတာ နှစ်သန်းထောင်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
လုချန်းကို ပထမဆုံးအကြိမ် ပြုစုခဲ့စဉ်က အချိန်ကို နတ်ဘုရင်ခံ လင်ရင် ပြန်လည် အမှတ်ရနေမိသည်။ ထိုစဉ်က သူသည် လူလားမြောက်ခါစသာ ရှိသေး၏။
လုချန်း၏ မိခင်၏ ဆန္ဒအရ ယောက်ျားနှင့် မိန်းမကြားရှိ ကိစ္စရပ်များကို လုချန်းအား သင်ကြားပေးရန်မှာ သူမ၏ တာဝန် ဖြစ်ခဲ့သည်။
ထိုအချိန်က သူမသည် ထိုအကြောင်းအရာများနှင့် ပတ်သက်၍ အတော်အတန် သိနားလည်ထားသော်လည်း ယောက်ျားတစ်ဦးနှင့် မကြုံဖူးသေးသဖြင့် လုချန်းကို ပထမဆုံးအကြိမ် ပြုစုရချိန်တွင် အလွန် စိတ်လှုပ်ရှားခဲ့ရသည်။ လုချန်းမှာလည်း ထိုနည်းတူပင် ဖြစ်ရာ သူတို့နှစ်ဦးစလုံး၏ ပထမဆုံးအကြိမ် ဖြစ်သဖြင့် အလွန် စိတ်လှုပ်ရှားနေခဲ့ကြ၏။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူမသည် သင်ကြားရေး တာဝန်ကို အဆုံးအထိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
ယခုအခါတွင်တော့ လုချန်းသည် ယခင်ကဲ့သို့ အတွေ့အကြုံမရှိသော လူငယ်လေး မဟုတ်တော့ပေ။ ထိုအတွေးနှင့်အတူ လုချန်းကို သင်ကြားပေးခဲ့ဖူးသော ညများအား နတ်ဘုရင်ခံ လင်ရင် ရုတ်တရက် လွမ်းဆွတ်တမ်းတမိသွား၏။
ထိုအခိုက်အတန့်တွင် အာကာသ တည်နေရာရွှေ့ပြောင်းခြင်းကို အသုံးပြု၍ လုချန်းက သူ၏ အခန်းအတွင်းသို့ ရွှေ့ပြောင်းသွားကာ နတ်ဘုရင်ခံ လင်ရင်၏ ခန္ဓာကိုယ်ကို ကုတင်ပေါ်သို့ ညင်သာစွာ တင်လိုက်၏။
ချောမောသော နတ်ဘုရင်ခံ လင်ရင်၏ မျက်နှာကို ငုံ့ကြည့်ရင်း လုချန်းက ခပ်တိုးတိုး ရယ်မောကာ
“ဒီကိစ္စမှာ ခင်ဗျားက ကျုပ်ရဲ့ ဆရာမပဲ။ ကျုပ် ကျောင်းဆင်းခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ ကျုပ်ရဲ့ သင်ယူမှု ရလဒ်တွေကို စမ်းသပ်ဖို့ အချိန်တန်ပြီ။ ဒါကြောင့် ဒီနေ့တော့ ခင်ဗျားက ကျုပ်ကို ပြုစုပေးဖို့ မလိုဘူး။ ကျုပ်ပဲ လုပ်ပါရစေ။”
ထိုစကားကို ကြားလျှင် နတ်ဘုရင်ခံ လင်ရင် အနည်းငယ် အံ့အားသင့်သွားပြီးမှ
“ကျွန်မ နားလည်ပါပြီ”
လုချန်းက
“သက်စောင့်ဝိညာဉ်ဆေးလုံးကို အရင် သောက်လိုက်ပါ။ ဒီအခွင့်အရေးကို အသုံးချပြီး စုံတွဲကျင့်စဉ် ကျင့်ကြံကြတာပေါ့။ ဒါက ခင်ဗျားကို အဆင့်တက်ဖို့ ကူညီပေးနိုင်မလားဆိုတာ ကြည့်ရမယ်။”
လုချန်း၏ အကြံပြုချက်ကို ကြားလျှင် နတ်ဘုရင်ခံ လင်ရင်လည်း မဆိုင်းမတွပင် သက်စောင့်ဝိညာဉ်ဆေးလုံးကို ချက်ချင်း မျိုချလိုက်၏။ ထိုအရာကို မြင်ပြီးနောက် လုချန်းက ကိုယ်ကို ကိုင်းညွတ်ကာ နတ်ဘုရင်ခံ လင်ရင်၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။
လုချန်းသည် နတ်ဘုရင်ခံ လင်ရင်ကို ရှုကျင့်ရှူးကဲ့သို့ မဆက်ဆံခဲ့ပေ။ လင်ရင်၏ စိတ်ဝင်စားမှုကို ညင်သာစွာ နှိုးဆွပေးကာ အချိန်တန်ပြီဟု ခံစားရသော အခါမှ သူမ နှင့်အတူ စုံတွဲကျင့်စဉ်ကို စတင်လိုက်၏။
အချိန်ကုန်လွန်လာသည်နှင့်အမျှ လင်ရင်၏ ခံနိုင်ရည်က သူ၏ အခြားသော ဇနီးများထက် ပိုမြင့်မားကြောင်း လုချန်း တွေ့ရှိခဲ့သည်။ နတ်ဘုရင်ခံ တစ်ဦးအနေနှင့် ထိုကဲ့သို့သော ကိစ္စရပ်များက သူမအတွက် စိုးရိမ်စရာ မဟုတ်ကြောင်း သဘောပေါက်သွားပြီး သူ စိတ်ချထားလိုက်၏။
သို့သော် လုချန်းက အရှိန်မြှင့်လိုက်ချိန်တွင်တော့ သူမ၏ စိတ်နှလုံးကို လေးလံသော တူဖြင့် ထုနှက်လိုက်သကဲ့သို့ နတ်ဘုရင်ခံ လင်ရင် ခံစားလိုက်ရကာ သူမ၏ စိတ်အာရုံထဲမှ အတားအဆီးများ စတင် ပွင့်ထွက်ကျယ်ပြန့်လာ၏။
၎င်းသည် တကယ်ပင် ချန်ဘုရင်နှင့် ပတ်သက်နေကြောင်း နတ်ဘုရင်ခံ လင်ရင် တွေးတောမိလိုက်၏။ သူမ၏ အဆင့်နယ်ပယ်ကို ကျော်ဖြတ်ရန် လုချန်းကို လိုအပ်နိုင်ကြောင်း သူမ အစကတည်းက သံသယရှိခဲ့သဖြင့် အံ့အားသင့်ခြင်းတော့ မရှိပေ။
ထို့နောက် နတ်ဘုရင်ခံ လင်ရင်သည် နတ်ဘုရင်အဆင့်သို့ တက်လှမ်းရန် ပြင်ဆင်ရင်း သူမ၏ နတ်စွမ်းအားများကို စတင် လှည့်ပတ်လိုက်၏။
ထိုအချိန်တွင် လျှို့ဝှက်လဝန်းနန်းတော်၏ အထက် ကောင်းကင်ယံ တစ်ခွင်လုံး မှောင်မည်းလာကာ မရေမတွက်နိုင်သော အနက်ရောင် လျှပ်စီးတန်းများ ပေါ်ပေါက်လာခဲ့သည်။ ကောင်းကင်ယံမှ ထူးခြားသော ဖြစ်စဉ်ကို မြင်လျှင် လျှို့ဝှက်လဝန်းနန်းတော်အတွင်းရှိ လူတိုင်း ပျာပျာသလဲလဲ ဖြစ်သွားကြကာ အကြီးအကဲများလည်း ထိုဖြစ်ရပ်ကို ဖြစ်ပေါ်စေသူကို အလျင်အမြန် လိုက်လံ ရှာဖွေကြတော့သည်။
“ဒါ နတ်ဘုရင် ကပ်ဘေးပဲ”
“တစ်ယောက်ယောက်က နတ်ဘုရင်အဆင့်ကို တက်တော့မှာပဲ။”
“ကပ်ဘေး ကျော်ဖြတ်နေတဲ့သူက ဘယ်သူလဲဆိုတာ မြန်မြန် စုံစမ်းကြစမ်း။”
အကယ်၍ ထိုသူ အောင်မြင်သွားပါက လျှို့ဝှက်လဝန်းနန်းတော်တွင် နောက်ထပ် နတ်ဘုရင်တစ်ပါး တိုးလာမည်ဖြစ်ပြီး သွေးလင်းယုန်ခန်းမကို ရင်ဆိုင်ရန် အခွင့်အရေး ပိုများလာပေလိမ့်မည်။ ထိုမျှော်လင့်ချက်ကြောင့် လျှို့ဝှက်လဝန်းနန်းတော်ရှိ လူတိုင်း သဘာဝအတိုင်း စိတ်လှုပ်ရှားနေကြ၏။
မကြာမီမှာပင် ထူးခြား ဖြစ်စဉ် ဖြစ်ပေါ်ရာနေရာကို ယဲ့ချူယောင် ရှာဖွေတွေ့ရှိသွားသော်လည်း ၎င်းသည် လုချန်း၏ စံအိမ်မှ မြစ်ဖျားခံနေခြင်း ဖြစ်ကြောင်း သိလိုက်ရလျှင် စံအိမ်အပြင်ဘက်တွင် ရပ်ရင်း သူမ အတွေးနက်သွားခဲ့သည်။ သူမသည် မျက်မှောင်ကို ကြုတ်ထားပြီး မျက်နှာလည်း အနည်းငယ် ညှိုးငယ်နေ၏။
လုချန်း၏ စွမ်းအား နတ်ဘုရင်အဆင့်သို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်နိုင်ပါသလား။
ထိုသို့သာ ဖြစ်ပါက ကောင်းကင်နတ် အဆင့်သာ ရှိသေးသော သူမ အနေနှင့် နတ်ဘုရင်တစ်ပါးကို ယှဉ်နိုင်စရာ အကြောင်း မရှိတော့ပေ။ ထိုအခါ ဝူကျန်းဝမ်အတွက် ကလဲ့စားချေရန် ပို၍ ခက်ခဲသွားပေလိမ့်မည်။
မကြာမီ လျှို့ဝှက်လဝန်းနန်းတော်မှ အခြားသော အကြီးအကဲများလည်း ထူးခြား ဖြစ်စဉ်သည် လုချန်း၏ စံအိမ်မှ ပေါ်ထွက်နေခြင်း ဖြစ်ကြောင်း သိသွားကြကာ စံအိမ်အပြင်ဘက်သို့ အားလုံး စုရုံးရောက်ရှိလာကြသည်။
သို့သော် ကပ်ဘေးကို ကျော်ဖြတ်နေသူကို မနှောင့်ယှက်မိစေရန် အပြင်ဘက်တွင်သာ သူတို့ ရပ်နေကြ၏။ နတ်အာရုံကို အသုံးပြု၍ စုံစမ်းခြင်းလည်း မပြုကြသဖြင့် အခန်းအတွင်း၌ ဖြစ်ပျက်နေသည်များကို မသိကြချေ။
အကြီးအကဲတစ်ဦးက လုချန်း၏ အဆောင်ကို ဇဝေဇဝါဖြင့် ကြည့်ရင်း
“ဒါ ချန်းလုရဲ့ အဆောင် မဟုတ်ဘူးလား။ ချန်းလုရဲ့ အခန်းထဲမှာ ဘယ်လိုလုပ်ပြီး တစ်ယောက်ယောက်က အဆင့်တက်နေတာလဲ။”
“ချန်းလုရဲ့ အခန်းထဲမှာ ဘယ်သူ ရှိနေတာလဲ”
နတ်ဘုရင် ကပ်ဘေးဒုက္ခသည် ကျော်ဖြတ်ရန် အလွန် ခက်ခဲလှ၏။ နတ်ဘုရင်ခံများသည် အဆင့်တက်တော့မည့် အရိပ်အယောင်ကို ခံစားရလျှင် မတော်တဆမှုများ မဖြစ်ပေါ်စေရန် အသေအချာ ပြင်ဆင်လေ့ ရှိကြသည်။ သို့သော် ယခု နတ်ဘုရင်ခံကတော့ တပည့်တစ်ဦး၏ အခန်းအတွင်း၌သာ အဆင့်တက်ရန် ရွေးချယ်ခဲ့ပုံရ၏။
………..
အခန်း (၁၆၇၆)
နတ်ဘုရင် လင်ရင်
ခြံဝင်းအပြင်ဘက်သို့ ယဲ့ချူယောင်နှင့် အခြားသူများ ရောက်ရှိလာခြင်းကို လုချန်းနှင့် နတ်ဘုရင်ခံ လင်ရင်တို့ သတိပြုမိလိုက်ကြ၏။ သို့သော် လုချန်းကတော့ အရေးတယူ မရှိလှပေ။
ဤအချိန်သည် နတ်ဘုရင်ခံ လင်ရင်အတွက် အဆင့်တက်လှမ်းရန် အလွန်အရေးကြီးသော အချိန်အခါ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် အနှောင့်အယှက် ခံရ၍မဖြစ်ပေ။ လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများနှင့် တပည့်များ တွေ့ရှိသွားမည်ကိုလည်း သူ ဂရုမစိုက်နိုင်တော့ပေ။
အမှန်စင်စစ် နတ်ဘုရင်ခံ လင်ရင် နတ်ဘုရင်အဆင့်သို့ တက်လှမ်းအောင်မြင်သွားပါက ၎င်းတို့၏ ပတ်သက်မှုကို လျှို့ဝှက်လဝန်းနန်းတော်က သိသွားလျှင်ပင် မည်သူမှ စောဒကတက်ဝံ့မည် မဟုတ်ပေ။
ခြံဝင်းအပြင်ဘက်တွင် ယဲ့ချူယောင်သည် သူမ၏ လက်သီးများကို တင်းတင်းဆုပ်ထား၏။ အဆင့်တက်နေသူ လုချန်းဖြစ်မည်ဟု သူမ ထင်မှတ်နေသဖြင့် အလွန်စိုးရိမ်ပူပန်နေကာ သူ ကျရှုံးသွားပါစေဟုသာ ဆုတောင်းနေမိသည်။
သို့သော် မကြာသေးမီက ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် လုချန်းကို လက်စားချေရမလားဆိုတာကိုလည်း သူမ ဝေခွဲမရ ဖြစ်နေဆဲပင်။
သို့သော် ၎င်းတို့နှစ်ဦးစလုံးသည် ကောင်းကင်နတ် အဆင့်မှာပင် ရှိနေသေးသဖြင့် သူမ အလိုရှိပါက လုချန်းကို တုံ့ပြန်နိုင်စွမ်း ရှိသေးသည်။ အကယ်၍ လုချန်းသာ သူ၏ စွမ်းအားများကို အောင်မြင်စွာ ပြန်လည်ရရှိသွားပါက သူမ မည်မျှပင် ဆန္ဒရှိစေကာမူ လက်စားချေနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ကောင်းကင်ယံမှ အနက်ရောင် လျှပ်စီးတန်းများ ပိုမိုများပြားလာပြီး လုချန်း၏ အခန်းကို ရူးသွပ်စွာ ထုနှက်တော့သည်။ အနက်ရောင် လျှပ်စီးများကြောင့် ခြံဝင်းတစ်ခုလုံး အပျက်အစီးပုံဘဝသို့ ရောက်ရှိသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် လုချန်း၏ အခန်းအတွင်း၌ ခရမ်းရောင် အလင်းလုံးကြီးတစ်ခု ပေါ်ပေါက်လာကာ လုချန်းနှင့် နတ်ဘုရင်ခံ လင်ရင်ကို ကာကွယ်ပေးထား၏။
လုချန်း၏ အိမ်နှင့် ခြံဝင်းတို့ အပျက်အစီးများ ဖြစ်သွားခဲ့သော်လည်း လုချန်းနှင့် နတ်ဘုရင်ခံ လင်ရင်၏ ခန္ဓာကိုယ်များကိုတော့ အပြင်မှလူများ မမြင်တွေ့နိုင်ပေ။
ခရမ်းရောင် အလင်းလုံးအတွင်း၌ သူ၏ ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားများကို ရူးသွပ်စွာ စုပ်ယူနေသည့် ကြောက်မက်ဖွယ်ကောင်းသော စုပ်အားတစ်ခုကို လုချန်း ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်နတ် ကိုယ်ထည်မျှသာ ဖြစ်သဖြင့် ထိုဒဏ်ကို မခံနိုင်တော့ကြောင်း လုချန်း အသေအချာ သိလိုက်၏။
သို့သော် သူ ဂရုမစိုက်ပေ။ အမှန်စင်စစ် ဤခန္ဓာကိုယ်သည် ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သည်။
တစ်စုံတစ်ခု ဖြစ်ပျက်သွားလျှင်ပင် သူ၏ နတ်ဝိညာဉ်ကို မထိခိုက်ပါက အခြားသော ခန္ဓာကိုယ်တစ်ခုကို သူ ချက်ချင်း ဖန်တီးနိုင်စွမ်း ရှိသည်။
သို့သော် ထိုကြောက်မက်ဖွယ် စုပ်အားကြောင့် လုချန်း အနည်းငယ် မူးဝေသွားရ၏။ ကံကောင်းသည်က ရှုကျင့်ရှူး၏ ဆွဲဆောင်ခြင်းပညာ သက်ရောက်ခံရစဉ်ကကဲ့သို့ မဟုတ်ပဲ သူ၏ အသိစိတ်များ ရှင်းလင်းနေဆဲ ဖြစ်သည်။
နှစ်နာရီခန့် ကြာပြီးနောက် နတ်ဘုရင်ခံ လင်ရင်ထံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာ၏။ ချက်ချင်းပင် ကောင်းကင်ယံမှ အနက်ရောင် ကပ်ဘေးလျှပ်စီးများ ပျောက်ကွယ်သွားတော့သည်။
နတ်ဘုရင်ခံ လင်ရင်သည် နတ်ဘုရင် အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် လုချန်းနှင့် နတ်ဘုရင် လင်ရင်ကို ဝန်းရံထားသော ခရမ်းရောင် အလင်းလုံးကတော့ ပျောက်ကွယ်မသွားသေးပေ။ သူတို့နှစ်ဦးသည်လည်း ရင်းနှီးကျွမ်းဝင်သော အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။
လုချန်း၏ အငွေ့အသက်များ ရုတ်တရက် အားနည်းသွားသည်ကို ခံစားလိုက်ရသဖြင့် နတ်ဘုရင် လင်ရင် စိတ်ထဲ အလွန် အားနာသွားမိသည်။ သူမ အဆင့်တက်နေစဉ်အတွင်း လုချန်းထံမှ နတ်စွမ်းအားများကို ရူးသွပ်စွာ စုပ်ယူခဲ့မိသဖြင့် ယခု လုချန်း အားနည်းသွားရခြင်း ဖြစ်ကြောင်း သူမ သိလိုက်၏။
လုချန်း၏ ရင်ခွင်ထဲတွင် မှီရင်း နတ်ဘုရင် လင်ရင်က
“ကျေးဇူးတင်ပါတယ် သခင်”
ထိုအခိုက်အတန့်တွင် နတ်ဘုရင် လင်ရင် တစ်စုံတစ်ခုကို သတိရသွားကာ
“သခင်က ကျွန်မအပေါ် ချစ်စိတ်မရှိတာကို ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မက သခင့်ရဲ့ အစေခံတစ်ယောက် ဖြစ်တာကြောင့် နောင်မှာလည်း သခင့်ကို ပြုစုခွင့် ရဦးမလား။”
သူမ၏ နေရာကို နတ်ဘုရင် လင်ရင် ကောင်းစွာသိ၏။ လုချန်းက သူမကို နှစ်သက်သည်ဟု သူမ မယုံကြည်ပေ။
သူ၏ ဇနီးမယားများကို ကြည့်သည့် အကြည့်နှင့် သူမကို ကြည့်သည့် လုချန်း၏ အကြည့်က မတူပေ။
သို့သော် ထိုသို့ဖြစ်ပါစေဦးတော့ သူမသည် လုချန်းနှင့် နီးနီးကပ်ကပ် ရှိနေလိုဆဲ ဖြစ်သည်။ လုချန်း၌ သူမအပေါ် ချစ်စိတ်မရှိလျှင်ပင် သူ သူမကို ထိတွေ့ရန် လိုလားနေပါက သူမ အလွန် ကျေနပ်မိပေလိမ့်မည်။
အစေခံမလေး၏ ပါးပြင်ကို သူ၏လက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးရင်း လုချန်းက ပြုံးကာ
“ကျုပ်ရဲ့ မိန်းမ တစ်ခါဖြစ်ဖူးရင် ထာဝရ ကျုပ်မိန်းမပဲ။ ကျုပ် ကြီးပြင်းလာသည်ကို ခင်ဗျား စောင့်ကြည့်ခဲ့တာပဲ။ ကျုပ် ဘယ်လိုလူလဲဆိုတာ ခင်ဗျား သိသင့်ပါတယ်။”
“ဒီလို ကိစ္စလေးလောက်ကိုတော့ ကျုပ်ရဲ့ သဘာဝအတိုင်း ဖြည့်ဆည်းပေးမှာပါ။”
လုချန်း သဘောတူသည်ကို မြင်လျှင် နတ်ဘုရင် လင်ရင်၏ ပါးပြင်များ ပိုနီမြန်းလာကာ သူမ၏ ခန္ဓာကိုယ် အပူချိန်လည်း သိသိသာသာ မြင့်တက်လာ၏။
လုချန်း၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် နတ်ဘုရင် လင်ရင်က
“သခင်... သခင့်ရဲ့ စွမ်းအားတွေကို ကျွန်မ နည်းနည်း ပြန်ဖြည့်ပေးပါရစေ”
ထိုသို့ပြောရင်း လင်ရင်က လုချန်းနှင့် နှုတ်ခမ်းချင်း တေ့ကာ နတ်စွမ်းအားအချို့ကို လွှဲပြောင်းပေးတော့သည်။နတ်စွမ်းအားများကို လွှဲပြောင်းပေးနေစဉ်အတွင်း နတ်ဘုအခြားသော ကိစ္စတစ်ခုကိုလည်း လင်ရင် ပြုလုပ်နေသေး၏။
ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအားများ ပြန်လည် ပြည့်ဝလာသဖြင့် လုချန်း ပိုမိုလန်းဆန်းသွားသည်။ သို့သော် အပြင်ဘက်တွင် လူအမြောက်အမြား စောင့်ကြည့်နေခြင်းက ပြဿနာ တစ်ခု ဖြစ်နေ၏။
ယခု သူတို့ အပြင်သို့ ထွက်သွားပါက သူတို့၏ ပတ်သက်မှု ပေါ်ပေါက်သွားပေလိမ့်မည်။
အာကာသ တည်နေရာရွှေ့ပြောင်းခြင်းကို အသုံးပြု၍ ထွက်ခွာသွားသင့်သလား။ အာကာသ စွမ်းအားကို အသုံးပြုလျှင် အပြင်ဘက်ရှိ နတ်ဘုရင်ခံများ ဧကန်မုချ သတိပြုမိသွားကြမည်ဖြစ်၏။ လုံအောင်ဖုံးကာမှ အားလုံးပေါ် သွားနိုင်သည်။
ထိုစဉ် ခြံဝင်းအပြင်ဘက်ရှိ လူများသည် သူတို့ရှေ့မှ ခရမ်းရောင် အလင်းလုံးကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြ၏။
ရွှေနတ် အဆင့် အကြီးအကဲ တစ်ဦးက
“ဒါ အောင်မြင်သွားတာ မဟုတ်လား။ ဘာလို့ အထဲကလူတွေ အခုထိ ထွက်မလာသေးတာလဲ။”
ထိုအခိုက်အတန့်တွင် အခြားသော အကြီးအကဲ တစ်ဦးက
“သူတို့ အသက်ရှူနှုန်းကို ပြန်ညှိနေတာ ဖြစ်နိုင်ပါတယ်။”
ထိုစဉ် နတ်ဘုရင်ခံ အဆင့် အကြီးအကဲ တစ်ဦးက
“အခု နတ်ဘုရင်ခံ လင်ရင် တစ်ယောက်ပဲ ပျောက်နေတာဆိုတော့ အခု အဆင့်တက်သွားတာ သူ ဖြစ်ပုံရတယ်။”
နတ်ဘုရင်ခံ အကြီးအကဲ၏ စကားဆုံးလျှင် အခြားသော အကြီးအကဲက
“သူ့ကို နတ်ဘုရင်ခံလို့ ခေါ်လို့ မရတော့ဘူး ထင်တယ်။”
အကြီးအကဲလည်း ချက်ချင်း သဘောပေါက်သွားကာ
“ဟုတ်သားပဲ... ဟုတ်တယ်... သူ အဆင့်တက်သွားပြီဆိုတော့ အခု နတ်ဘုရင် လင်ရင်လို့ ခေါ်ရတော့မှာပေါ့။”
ယဲ့ချူယောင်တစ်ယောက်ကတော့ အထဲတွင် ဘာမှ မမြင်ရသော ခရမ်းရောင် အလင်းလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေမိသည်။ အထဲတွင် မည်သူ ရှိနေသည်ကို သိရန် နတ်အာရုံကို အသုံးပြု၍ သူမ စုံစမ်းလိုစိတ် ပြင်းပြနေ၏။
နတ်ဘုရင်ခံ လင်ရင်သည် သူမတို့နှင့်အတူ မရှိသော်လည်း ခရမ်းရောင် အလင်းလုံးအတွင်း၌ လုချန်း ရှိနေမည်ဟု သူမ ခံစားနေရဆဲ ဖြစ်သည်။ လုချန်း သူ၏ စွမ်းအားများကို ပြန်လည် ရရှိသွားခြင်း ရှိမရှိကိုသာ သူမ အတည်ပြုလိုခြင်း ဖြစ်သည်။
ဤအချိန်တွင် ခရမ်းရောင် အလင်းလုံးအတွင်း၌ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ နတ်ဘုရင် လင်ရင်ကို ပွေ့ဖက်ရင်း သူမ၏ နှစ်သန်းပေါင်း ထောင်နှင့်ချီသော တမ်းတမှုများကို လုချန်း ဖြေဖျောက်ပေးနေ၏။
နတ်ဘုရင် လင်ရင်သည် နတ်ဘုရင် တစ်ပါးဖြစ်ပြီး အထူး ခံနိုင်ရည်ရှိသူ ဖြစ်သဖြင့် လုချန်းလည်း မည်သည်စွမ်းအားကိုမှ ချန်မထားပဲ သူ၏ စွမ်းအားအပြည့်ကို ထုတ်ဖော်လိုက်သည်။ ဤအစေခံမလေးဖြစ်သော နတ်ဘုရင် လင်ရင်သည် စနစ်၏ စည်းကမ်းချက်များနှင့် မကိုက်ညီသော်လည်း သူမ၏ အလှအပသည် လုချန်း၏ မျက်လုံးထဲတွင် ထိပ်တန်းအဆင့်၌ ရှိနေဆဲပင်။
လုချန်းသည် စနစ်ကို ရရှိပြီးကတည်းက စနစ်နှင့် မကိုက်ညီသော အမျိုးသမီးတစ်ဦးနှင့် ယခုကဲ့သို့ ရင်းနှီးခြင်းမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။ ဤအခိုက်အတန့်တွင် အစေခံမလေး နတ်ဘုရင် လင်ရင်ကတော့ အလွန် ပျော်ရွှင်နေ၏။ နှစ်သန်းထောင်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပြီးနောက် နောက်ဆုံးတွင် သူမ၏ သခင် ပြန်လာပြီဖြစ်သည်။
တစ်ရက်တာ အချိန်က လျင်မြန်စွာ ကုန်လွန်သွားခဲ့သော်လည်း လုချန်းနှင့် နတ်ဘုရင် လင်ရင်တို့သည် ခရမ်းရောင် အလင်းလုံးအတွင်း၌ ရှိနေဆဲ ဖြစ်သည်။ ဤခရမ်းရောင် အလင်းလုံးသည် အသံကိုသာမက နတ်အာရုံ စုံစမ်းခြင်းကိုလည်း တားဆီးထားသဖြင့် အတွင်း၌ မည်သည့် ကန့်သတ်ချက်မရှိပဲ သူတို့နှစ်ဦး လွတ်လပ်စွာ ရှိနေနိုင်ခဲ့ကြသည်။
တစ်ရက်ကြာပြီးနောက် လုချန်း ထရပ်လိုက်ကာ နတ်ဘုရင် လင်ရင်ကို
“ရှေ့လျှောက် ရက်တွေက အများကြီး ကျန်ပါသေးတယ်။ နောင်မှာ အချိန်တွေ အများကြီး ရဦးမှာပါ။”
အပြင်ဘက်တွင် လူအမြောက်အမြား စုရုံးနေသဖြင့် အထဲတွင် ဆက်နေခြင်းက ကောင်းသော စိတ်ကူးတော့ မဟုတ်တော့ပေ။
နတ်ဘုရင် လင်ရင်လည်း မျက်နှာ နီမြန်းသွားကာ
“သခင် ပြောတာ မှန်ပါတယ်”
သူတို့၏ လက်များကို ဝေ့ယမ်းလိုက်သည်နှင့် နှစ်ဦးစလုံးပေါ်တွင် သန့်ရှင်းသော အဝတ်အစားများ ပေါ်လာကာ ရှုပ်ပွနေသော ဆံပင်များလည်း ချက်ချင်းပင် သပ်ရပ်သွားတော့သည်။ သူတို့၏ ရုပ်ရည်များ သပ်ရပ်သွားသည်နှင့် နတ်ဘုရင် လင်ရင်က ခရမ်းရောင် အလင်းလုံးကို တိုက်ရိုက် ဖယ်ရှားလိုက်၏။
ခရမ်းရောင် အလင်းလုံး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့် အပြင်ဘက်ရှိ စောင့်ကြည့်နေသူများ၏ မျက်လုံးများ ပြူးသွားကာ အလင်းလုံးရှိရာသို့ စိုက်ကြည့်လိုက်ကြ၏။ နောက်တစ်ခဏတွင် အလင်းလုံး လုံးဝ ပျောက်ကွယ်သွားပြီး အထဲတွင် ရှိနေသူက နတ်ဘုရင်ခံ လင်ရင် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲများ အလွန် စိတ်လှုပ်ရှားသွားကြသည်။
“တကယ်ကြီး နတ်ဘုရင်ခံ လင်ရင်ပဲ... မဟုတ်ပါဘူး... နတ်ဘုရင် လင်ရင် ဖြစ်သွားပြီ။”
“ဒါ တကယ် ကောင်းတာပဲ။ အခုကစပြီး ငါတို့ရဲ့ လျှို့ဝှက်လဝန်းနန်းတော်မှာ နောက်ထပ် နတ်ဘုရင်တစ်ပါး တိုးလာပြီ။”
“အခုဆို သွေးလင်းယုန်ခန်းမကို ကြောက်နေဖို့ မလိုတော့ဘူး။”
လင်ရင် အဆင့်တက်သွားခြင်းအတွက် လူတိုင်း စိတ်လှုပ်ရှားနေကြသော်လည်း ယဲ့ချူယောင်ကတော့ နတ်ဘုရင် လင်ရင်နှင့် လုချန်းကို သံသယဖြင့် ကြည့်နေမိသည်။
ယဲ့ချူယောင်က
“ဂျူနီယာမောင်လေး... ရှင်ကရော ဘာလို့ အထဲမှာ ရှိနေရတာလဲ”
…………….
အခန်း (၁၆၇၇)
ယဲ့ချုယောင်၏ အကြံအစည်
နတ်ဘုရင်အဆင့် တက်လှမ်းခြင်း ကပ်ဘေးသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး နတ်ဘုရင်ခံ တစ်ဦး အနေနှင့် အနည်းငယ်မျှ မှားယွင်းသွားပါက သေဆုံးခြင်းနှင့် လမ်းစဉ်ပျောက်ကွယ်ခြင်းတို့အထိ ဖြစ်သွားနိုင်သည်။
ဘေးဒုက္ခကို ကျော်ဖြတ်နေစဉ်အတွင်း အကြီးအကဲများ အားလုံး အနီးသို့ မကပ်ဝံ့ကြသော်လည်း လုချန်းကတော့ နတ်ဘုရင် လင်ရင်နှင့်အတူ အခန်းတစ်ခန်းတည်းတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။
ယဲ့ချူယောင်၏ အသံကို ကြားလိုက်ရလျှင်မှသာ ထိုနေရာရှိ လူအားလုံး သတိပြန်ဝင်လာကြပြီး လုချန်းကို ဇဝေဇဝါ ဖြစ်နေသော အမူအရာများဖြင့် ကြည့်လိုက်ကြ၏။
နတ်ဘုရင်ခံ လင်ရင်က သူတို့၏ နန်းတော်သခင်၏ တပည့်ရင်း စံအိမ်ဆီသို့ လာရောက်ကာ အဆင့်တက်လှမ်းခြင်းကပင် ထူးဆန်းနေပြီဖြစ်၏။ ယခု ထိုနှစ်ဦးသည် ဘေးဒုက္ခအတွင်းပင် အတူတူရှိနေခဲ့ကြသဖြင့် ပို၍ပင် ထူးဆန်းနေတော့သည်။
ယဲ့ချူယောင်၏ မေးခွန်းကို ရင်ဆိုင်ရလျှင် နတ်ဘုရင် လင်ရင်က တည်ငြိမ်စွာဖြင့်
“ကျွန်မက အစက ချန်းလုဆီကို ကိစ္စတစ်ခုနဲ့ လာခဲ့တာပါ။ ဒါပေမဲ့ ရုတ်တရက် ခန္ဓာကိုယ်ထဲက အတားအဆီး လျော့ရဲသွားတာကို ခံစားလိုက်ရပြီး မထိန်းချုပ်နိုင်တော့ပဲ တိုက်ရိုက် အဆင့်တက်လိုက်ရတာပါ။”
“အဲ့ဒီအချိန်က ခြံဝင်းတစ်ခုလုံးကို နတ်ဘုရင် ကပ်ဘေးက ပိတ်ဆို့ထားခဲ့တာပါ။ အကယ်၍ ချန်းလုသာ အပြင်ကို ပြေးထွက်သွားရင် သူ သေမှာ အသေအချာပဲ။ ဒါကြောင့် ကျွန်မလည်း တခြားရွေးချယ်စရာ မရှိပဲ သူ့ကို ဘေးမှာထားပြီး သူ့ကို ကာကွယ်ပေးရင်း ဘေးဒုက္ခကို ကျော်ဖြတ်ခဲ့ရတာပါ။”
နတ်ဘုရင် လင်ရင်၏ ရှင်းပြချက်ကို ကြားရလျှင် ထိုနေရာရှိ လူတိုင်း တုန်လှုပ်သွားကြ၏။ ဘေးဒုက္ခကို ကျော်ဖြတ်နေစဉ်အတွင်း ချန်းလုကိုပါ ကာကွယ်ပေးနိုင်သည့် စွမ်းအား ရှိနေတာ မယုံနိုင်စရာပင်။
နတ်ဘုရင် လင်ရင်သည် တကယ်ကို အစွမ်းထက်လွန်းလှပါတကား...
နတ်ဘုရင် လင်ရင်၏ ရှင်းပြချက်က ယုတ္တိရှိလှသော်လည်း ယဲ့ချူယောင်ကတော့ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားနေရကာ လုချန်းနှင့် နတ်ဘုရင် လင်ရင်ကို သံသယဖြင့် ကြည့်နေမိသည်။
သူမ၏ အလိုလို သိစိတ်က လုချန်းနှင့် နတ်ဘုရင် လင်ရင်တို့ကြားတွင် ထူးခြားသော ပတ်သက်မှု တစ်ခုခု ရှိရမည်ဟု ပြောနေ၏။
သေချာစဉ်းစားကြည့်လျှင် နတ်ဘုရင် လင်ရင်သည် လုချန်းကို လာမရှာမီက နတ်ဘုရင်ခံ အဆင့်မျှသာ ဖြစ်ပြီး လျှို့ဝှက်လဝန်းနန်းတော်တွင် လုချန်းနှင့် သူမကြား မည်သည့် ဆက်ဆံရေးမှလည်း မရှိခဲ့ဖူးပေ။ သူမ လုချန်းကို လာရှာခြင်းမှာ အလွန် သံသယဖြစ်ဖွယ် ကောင်းလှသည်။
ဒါမှမဟုတ် နတ်ဘုရင် လင်ရင်ကလည်း...
ဤဖြစ်နိုင်ခြေကို တွေးမိသွားရင်း ယဲ့ချူယောင်၏ မျက်ခုံးများ တွန့်သွား၏။ လက်ရှိတွင် ဤဖြစ်နိုင်ခြေက အတော်လေး ခိုင်မာနေပုံရသည်။
လုချန်းသည် သူ၏ စွမ်းအားများကို ပြန်မရသေးသော်လည်း အမျိုးသမီးများကို လှည့်စားရန်တော့ နည်းလမ်းမျိုးစုံ ရှိနေသူ ဖြစ်၏။ နတ်ဘုရင် လင်ရင်အပေါ် သူ မည်သည့် အကွက်ကို အသုံးပြုထားမှန်း မည်သူမှ မသိနိုင်ပေ။
အကယ်၍ လုချန်းသာ နတ်ဘုရင် လင်ရင်ကို တကယ် ဖြားယောင်းခဲ့သည်ဆိုပါက သူမအနေနှင့် လက်စားချေနိုင်ရန် ပို၍ခက်ခဲသွားပေလိမ့်မည်။ နတ်ဘုရင် လင်ရင်က သူ့ကို ကာကွယ်ပေးထားပါက သူမ လုချန်းကို ဘာမှ လုပ်နိုင်မည် မဟုတ်ချေ။
ယခု သူမ ဘာလုပ်သင့်သနည်း။
တစ်ခုတည်းသော နည်းလမ်းက သူမ ဆရာ၏ စွမ်းအားကို အသုံးပြုရန်သာ ကျန်တော့သည်ဟု ထင်ရသည်။ သူမ၏ ဆရာတွင်လည်း လုချန်းအပေါ် ရန်ငြိုးရှိပုံရ၏။
အကယ်၍ ချန်းလုသည် တကယ်တော့ လုချန်း ဖြစ်နေကြောင်း သိသွားပါက သူမ၏ ဆရာကိုယ်တိုင် ထိုလူကို ကိုင်တွယ်ဖြေရှင်းပေလိမ့်မည်။
သို့သော် ချန်းလု လုချန်း ဖြစ်ကြောင်း အစက သူမ၏ ဆရာကို ပြောခဲ့သော်လည်း ဆရာက သူမကို မယုံကြည်ခဲ့ပေ။ ချန်းလု လုချန်း ဖြစ်ကြောင်း သက်သေပြရန် သူမ အစီအစဉ်တစ်ခု ဆွဲရပေလိမ့်မည်။
ယဲ့ချူယောင် အကြာကြီး စဉ်းစားခဲ့သော်လည်း ကောင်းမွန်သော အစီအစဉ်တစ်ခု မထွက်လာပေ။ လုချန်းသည် သူ၏ သရုပ်မှန်ကို အလွန် ပိရိကောင်းမွန်စွာ ဖုံးကွယ်ထားပြီး သူ၏ ရှုပ်ပွေတတ်သော သဘာဝ ပေါ်ပေါက်လာကာ အမျိုးသမီး အမြောက်အမြားကို ဖြားယောင်းနေလျှင်ပင် သူသည် လုချန်း ဖြစ်ကြောင်း သက်သေပြ၍ မရနိုင်သေးပေ။
တကယ်တော့ ရှုပ်ပွေတတ်သော နတ်များ မရှိတာလည်း မဟုတ်ချေ။ ခမ်းနားသော ကောင်းကင်ခန်းမမှ သံတမန်ဖြစ်သူ နတ်ဘုရင်ခံအဆင့် တည်ရှိမှုကြီးပင်လျှင် သူမ၏ အလှအပအပေါ် စွဲလန်းနေခဲ့သေးသည်။
နတ်ဘုရင်ခံများပင် ရှုပ်ပွေနိုင်ပါက ကောင်းကင်နတ် တစ်ဦးအတွက်ဆို ဆိုဖွယ်ရာ မရှိတော့ပေ။
ခဏလေး...
ရှုပ်ပွေခြင်းအကြောင်း ဝင်လာတော့မှ ယဲ့ချူယောင် ရုတ်တရက် အစီအစဉ်တစ်ခုကို စဉ်းစားမိသွား၏။
အကယ်၍ လုချန်း ဤမျှ ရှုပ်ပွေတတ်သည်ဆိုပါက သူမအနေနှင့် အလှအပ ထောင်ချောက် ကို အသုံးပြုကာ သူ၏ ယုံကြည်မှုကို ရယူနိုင်လျှင် သူ မည်သူဖြစ်ကြောင်းကို သူကိုယ်တိုင် ထုတ်ပြောလာနိုင်သည်။
လုချန်းက သူမကို သူ မည်သူဖြစ်ကြောင်း အမှန်အတိုင်းကို ဝန်ခံလာသည်နှင့် သူမ၏ ဆရာထံသို့ ချက်ချင်း သတင်းပို့နိုင်မည်ဖြစ်၏။ ထိုအခါ လုချန်း အနေနှင့် ငြင်းချက်ထုတ်ရန် မဖြစ်နိုင်တော့ပေ။
သို့သော် ထိုသို့ပြုလုပ်ရန်အတွက် သူမ၏ စင်ကြယ်မှုကို စတေးရပေလိမ့်မည်။
သို့သော် နတ်တစ်ပါးအတွက် စင်ကြယ်မှုက အရေးမကြီးလှပေ။ လက်စားချေရန်အတွက်ဆိုပါက ထိုကဲ့သို့ စတေးခြင်းက ထိုက်တန်လှသည်။
ထိုသို့ တွေးတောရင်း ယဲ့ချူယောင် ဆုံးဖြတ်ချက် ချလိုက်ပြီး နောက်ရက်အနည်းငယ်အတွင်း သူမ၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်၏။
ထိုစဉ် နတ်ဘုရင် လင်ရင်က စကားပြောလာ၏။
“ကဲ... အားလုံးပဲ... ကိုယ့်နေရာကိုယ် ပြန်ကြရအောင်”
ထိုသို့ပြောပြီးနောက် နတ်ဘုရင် လင်ရင်က ယဲ့ချူယောင်ကို ပြုံး၍ ကြည့်ကာ
“ချူယောင်... ကျွန်မ အဆင့်တက်နေတုန်း ချန်းလုရဲ့ ခြံဝင်းကို မတော်တဆ ဖျက်ဆီးမိသွားတယ်။ သူ့အတွက် တခြား နေစရာတစ်ခု စီစဉ်ပေးလိုက်ပါဦး။”
ယဲ့ချူယောင် အနည်းငယ် အံ့အားသင့်သွား၏။ သူမ၏ အစီအစဉ်ကို နောက်ရက်အနည်းငယ်ကြာမှ စတင်ရန် တွေးထားသော်လည်း ယခုကဲ့သို့ အခွင့်အရေးမျိုးကို ချက်ချင်း ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမက ချက်ချင်းပင်
“ကောင်းပါပြီ”
ဟု တုံ့ပြန်လိုက်သည်။
မကြာမီပင် နတ်ဘုရင် လင်ရင်နှင့် အခြားသူများလည်း သူတို့၏ နေရာများသို့ လျင်မြန်စွာ ထွက်ခွာသွားကြ၏။
သူတို့ ထွက်သွားပြီးနောက် ယဲ့ချူယောင်က လုချန်းကို တစ်ချက်ကြည့်လိုက်ပြီး
“ဂျူနီယာမောင်လေး... ရှင့်ကို ပြောစရာ ရှိတယ်”
ယဲ့ချူယောင်၏ တည်ကြည်သော အမူအရာကို ကြည့်ရင်း လုချန်းက စူးစမ်းလိုစိတ်ဖြင့်
“စီနီယာအစ်မ ဘာပြောချင်လို့လဲ”
ယဲ့ချူယောင် သူမ၏လက်ကို မြှောက်ကာ အသံလုံ နည်းဗျူဟာ ပုံစံတစ်ခုကို ဖန်တီးလိုက်ပြီး
“ဂျူနီယာမောင်လေး... အရင်က ကျွန်မ မှားခဲ့ပါတယ်။ ရှင့်ကို အမြဲတမ်း အထင်လွဲ မနေခဲ့သင့်ဘူး။”
“ကျွန်မ အရင်က ရှင့်ကို အခက်တွေ့အောင် လုပ်ခဲ့ပေမဲ့ ရှင်က ကျွန်မကို ကူညီဖို့ ရပ်တည်ပေးခဲ့တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ရှင်က ကျွန်မ ထင်သလို လူမျိုး မဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်။”
လုချန်းက ပြုံးပြီး
“စီနီယာအစ်မ... အတိတ်က ကိစ္စတွေက အတိတ်မှာပဲ ထားလိုက်ပါတော့။ ပြီးခဲ့တာတွေ ပြီးပါပြီ”
ထို့နောက် လုချန်းက ယဲ့ချူယောင်၏ ကိုယ်ရေးအချက်အလက်ကို စစ်ဆေးရန် စနစ်ကို ဖွင့်ကြည့်လိုက်၏။
[အမည် : ယဲ့ချူယောင်]
[အချက်အလက်: လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်း။ ဝိညာဉ်စစ်သည် နတ်ဘုရားနိုင်ငံတော်မှ မင်းသမီး ဝူကျန်းဝမ်၏ ကိုယ်ရံတော် အစေခံ။ ဝူကျန်းဝမ်ကို သခင်က ပြန်ပေးဆွဲသွားကတည်းက သူမသည် ဝိညာဉ်စစ်သည် နတ်ဘုရားနိုင်ငံတော်မှ ထွက်ခွာလာခဲ့ပြီး ယွမ်ယုတိနှင့် ဆုံတွေ့ကာ သူမ၏ တပည့်ရင်း ဖြစ်လာခဲ့သည်။ သူမ၌ သခင့်အပေါ် နက်ရှိုင်းသော နာကျည်းမှုများ ရှိနေပြီး အကယ်၍ သခင်သာ မရှိခဲ့ပါက ဝူကျန်းဝမ်သည် ယခုအချိန်တွင် ဝိညာဉ်စစ်သည် နတ်ဘုရားနိုင်ငံတော်၏ ဧကရီ ဖြစ်နေမည်ဖြစ်ပြီး ကစဉ့်ကလျား ပင်လယ်တွင် သေဆုံးသွားလိမ့်မည် မဟုတ်ဟု ယုံကြည်ထားသည်။ သို့သော် သခင်သည် သူမ၏ ဂျူနီယာညီမ နှစ်ယောက်၏ အဖော်ဖြစ်နေပြီး ၎င်းတို့တွင် သခင်၏ရင်သွေး ရှိနေသည်ကို ထောက်ချင့်ခြင်း၊ ထို့ပြင် သခင်က သူမ၏ အခက်အခဲကို ကူညီဖြေရှင်းပေးခဲ့ခြင်းတို့ကြောင့် ယခုအခါ လက်စားချေရန် သူမ ဝေခွဲမရ ဖြစ်နေသည်။]
[လက်စားချေရန်အတွက် စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေသော်လည်း အနာဂတ်တွင် လက်စားချေနိုင်ရန်အတွက် ပြင်ဆင်ရန် သခင်၏ သရုပ်မှန်ကို ဖော်ထုတ်ဖို့ သူမ ဆုံးဖြတ်ထားဆဲ ဖြစ်သည်။ သူမသည် သခင်၏ ရှုပ်ပွေတတ်သော သဘာဝကို အခွင့်ကောင်းယူကာ အလှအတရားထောင်ချောက်ဖြင့် ဖြားယောင်းခြင်းပြီး သခင် သတိလက်လွတ် ဖြစ်စေချိန် သခင်၏ သရုပ်မှန်ကို သခင်ကိုယ်တိုင် ထုတ်ပြောလာအောင် ကြံစည်နေသေည်။ ထို့နောက်မှ ယွမ်ယုတိထံ သတင်းပို့ရန် ဖြစ်သည်။]
[ရမှတ် : ၉၃]
[နှစ်သက်မှု : ၄၀]
ယဲ့ချူယောင်၏ အချက်အလက်ကို မြင်လျှင် သူမ၏ အကြံအစည်ကို လုချန်း သိသွားပြီး စိတ်ထဲ၌ ရယ်မောလိုက်၏။
အလှတရား လှထောင်ချောက် ဟုတ်လား။
ဒါက သူ၏ အားနည်းချက် အတိအကျပင် ဖြစ်သည်။
ယဲ့ချူယောင်က
“ရှင်ပြောတာ မှန်ပါတယ် ဂျူနီယာမောင်လေး။ အတိတ်ကို ထားခဲ့ကြစို့။ ကျွန်မ ရှင့်ကို ပြန်ပြီး တောင်းပန်တဲ့အနေနဲ့ လိုအပ်တာ ဘာမဆို ကူညီပါ့မယ်။ တစ်ခုခု လိုအပ်ရင် ကျွန်မဆီ လာခဲ့ပါ။ ကျွန်မ တတ်နိုင်သမျှ အစွမ်းကုန် ကူညီပါ့မယ်။”
လုချန်းက
“ကောင်းပါပြီ... ကျေးဇူးတင်ပါတယ်”
ထို့နောက် ယဲ့ချူယောင်က
“ဪ... ဂျူနီယာမောင်လေး... ဂျူနီယာညီမလေး ကောက်နဲ့ ရှောင်တို့ကို အဆင့်တက်ဖို့ ရှင် ကူညီပေးခဲ့တာ တကယ်လား။”
လုချန်းက ပြုံးပြီး
“ကျုပ်မှာ အဲ့လို အစွမ်းတွေ မရှိပါဘူး။ စီနီယာအစ်မ နှစ်ယောက်က အဆင့်တက်ဖို့ နီးစပ်နေလို့ ကျုပ်က နည်းနည်းပါးပါး ကူညီပေးလိုက်တာပါ။”
ယဲ့ချူယောင်က
“ဒါဆို နတ်ဘုရင် လင်ရင် အဆင့်တက်တာကလည်း ဂျူနီယာမောင်လေး ကူညီပေးလို့လား။”
ယဲ့ချူယောင်၏ မေးခွန်းကို ကြားလျှင် လုချန်းလည်း
“ဒီမိန်းမရဲ့ အလိုလိုသိစိတ်က တကယ် စူးရှတာပဲ။ ဒါပေမဲ့ ယဲ့ချူယောင်က ငါ့သဘာဝကို သိနေပြီးသားဆိုတော့ နတ်ဘုရင် လင်ရင်နဲ့ ငါနဲ့ အတူတူ အချိန်အကြာကြီး ဖြတ်သန်းခဲ့တာကို ကြည့်ပြီး ဘာဖြစ်ခဲ့လဲဆိုတာ သူခန့်မှန်းမိတာ သဘာဝကျပါတယ်”
ဟု တွေးလိုက်သည်။
လုချန်းက မငြင်းတော့ပဲ
“ဟုတ်ပါတယ်။ ကျုပ် နည်းနည်း ကူညီပေးခဲ့တာပါ။”
ယဲ့ချူယောင်က အံ့သြသွားသည့် အမူအရာကို ပြလိုက်ကာ
“ဒါ တကယ်ပဲ ဂျူနီယာမောင်လေးရဲ့ ကျေးဇူးကြောင့်ပေါ့။”
“ဂျူနီယာမောင်လေးမှာ နတ်ဘုရင်ခံတစ်ဦးကို အဆင့်တက်ဖို့ ကူညီပေးနိုင်တဲ့အထိ အစွမ်းတွေ ရှိလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။”
ထို့နောက် ယဲ့ချူယောင်က အခွင့်အရေးကို အရယူကာ
“ဂျူနီယာမောင်လေး... ကျွန်မလည်း အဆင့်တက်ဖို့ နီးစပ်နေပါပြီ။ ဒါပေမဲ့ မကြာသေးခင်က ကျွန်မရဲ့ စိတ်အခြေအနေက မတည်မငြိမ် ဖြစ်နေလို့ ရှေ့မတိုးနိုင် ဖြစ်နေတာ။”
“ဂျူနီယာမောင်လေးက နတ်ဘုရင်ခံတစ်ယောက်ကိုတောင် ကူညီပေးနိုင်ရင် ကျွန်မကိုလည်း အဆင့်တက်ဖို့ ကူညီပေးနိုင်မယ် ထင်တယ်။”
“ဂျူနီယာမောင်လေး... ကျွန်မကို ကူညီနိုင်မလား။”