← Chapters

အခန်း (၁၆၇၈-၁၆၈၀)

Vol. 112 Ch. 1678-1680

အခန်း (၁၆၇၈-၁၆၈၀)

Vol. 112 Ch. 1678-1680

အခန်း (၁၆၇၈)

နတ်ဘုရင် ချင်းယွမ်

ယဲ့ချူယောင်၏ စကားများကို ကြားလျှင် သူမ ထိုမျှအထိ စိတ်လောနေတာလားဟုတွေးရင်း လုချန်း အနည်းငယ် အံ့အားသင့်သွား၏။

လက်စားချေနိုင်ဖို့အတွက်ဆိုလျှင် သူမ၏ စင်ကြယ်မှုကိုပင် သူမ တကယ် ဂရုမစိုက်တော့ပေ။

သို့သော် ဤအရာက ကောင်းမွန်သည့်အချက်ဖြစ်ပြီး သူ့အတွက် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်လာ၏။ သူမ သာ သူ့ရင်သွေးကို လွယ်ထားရပြီဆိုလျှင် ဖခင်မဲ့ကလေးတစ်ယောက် မွေးဖွားလာခြင်းကို သူမ ခွင့်ပြုနိုင်မလားဆိုတာကို သူ မြင်ချင်မိ၏။

ထိုသို့တွေးတောရင်း အခက်တွေ့နေသည့် ဟန်ဖြင့် လုချန်းက

“အစ်မ...ဒီကိစ္စက မဖြစ်နိုင်လောက်ဘူးထင်တယ်”

ယဲ့ချူယောင်က သက်ပြင်းအနည်းငယ် ချလိုက်ကာ

“ကျွန်မ စိတ်လောသွားပြီထင်တယ်... မောင်လေး ကျွန်မကို ခွင့်လွှတ်ဖို့အတွက် အချိန်နည်းနည်း လိုဦးမှာပဲ။”

ထိုအရာကို ကြားလျှင် လုချန်းက ပြုံးလိုက်ကာ

“အစ်မ အထင်လွဲနေပါပြီ... ကျုပ် အစ်မအပေါ် ဘယ်တုန်းကမှ အာဃာတ မထားခဲ့ပါဘူး... ဒါပေမဲ့ အစ်မကို အဆင့်တက်နိုင်အောင် ကျုပ်ကူညီရမယ်ဆိုရင် စုံတွဲကျင့်စဉ်ကို သုံးဖို့လိုလိမ့်မယ်... အစ်မက အင်မတန် စင်ကြယ်ပြီး အဖော်လည်း မရှိခဲ့ဖူးဘူးမဟုတ်လား... အစ်မနဲ့ကျုပ် ဘယ်လိုလုပ်ပြီး စုံတွဲကျင့်စဉ်ကို အတူကျင့်ကြမလဲ... အကယ်၍ ကျုပ်က အစ်မရဲ့ နာမည်ကောင်းကို ဖျက်ဆီးမိသွားရင် နောက်နောင် အစ်မ အဖော်ဘယ်လိုရှာတော့မလဲ။”

ယဲ့ချူယောင်က

“မောင်လေး ပြန်လာတဲ့နေ့ကပဲ ညီမလေး ကောက်နဲ့ ညီမလေး ရှောင်တို့က ကျွန်မကို ပြောပြထားပြီးသားပါ... အကယ်၍ မောင်လေးသာ စိတ်မရှိဘူးဆိုရင် မောင်လေးနဲ့အတူ စုံတွဲကျင့်စဉ်ကို ကျင့်ကြံဖို့ ကျွန်မ အသင့်ပါပဲ။”

ထိုအခိုက်အတန့်တွင် ယဲ့ချူယောင်က စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ပုံစံကို ပြလိုက်ကာ

“အခုတော့ ကျွန်မ နားလည်ပါပြီ... ကျွန်မက ရုပ်မလှလို့ မောင်လေးက ကျွန်မနဲ့ စုံတွဲကျင့်စဉ် မကျင့်ချင်တာပဲ ဖြစ်ရမယ်။”

“အဲ့ဒီလိုဆိုရင်လည်း မောင်လေးကို ကျွန်မ အတင်းအကျပ် မတိုက်တွန်းတော့ပါဘူး။”

လုချန်းကဲ့သို့ ကာမဂုဏ်လိုက်စားသည့်သူတစ်ဦးက သူမနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံခွင့်ရမည့် အခွင့်အရေးကို လက်လွှတ်ခံလိမ့်မည်ဟု ယဲ့ချူယောင် စိတ်ထဲ နည်းနည်းမှ မယုံကြည်ပေ။ ထျန်းရန် နတ်ဘုရားနယ်မြေရှိ နတ်မိမယ်လေးများ အားလုံး အလွန်လှပကြသော်လည်း သူမ၏ ရုပ်ရည်သည် သူတို့ကြားတွင်ပင် ထူးထူးခြားခြား ထင်ပေါ်နေသည် မဟုတ်ပါလား။

ဤမျှ ဆွဲဆောင်မှုရှိသော အစာကို လွှတ်ပေးလိုက်ခြင်းက လုချန်း၏ သဘာဝမဟုတ်ပေ။

ယဲ့ချူယောင်၏ စကားထဲမှ စိန်ခေါ်သံကို ကြားသောအခါ လုချန်း စိတ်ထဲ နှာခေါင်းရှုံ့လိုက်၏။ သူမသာ အတင်းတိုးဝင်လာမည်ဆိုလျှင်တော့ သူ့ကို အပြစ်မတင်သင့်ပေ။

ထိုသို့တွေးတောရင်း လုချန်းက

“ကောင်းပါပြီ... အစ်မ ဆုံးဖြတ်ပြီးပြီဆိုမှတော့ ဒီတစ်ကြိမ်တော့ အစ်မကို ကျုပ် ကူညီပါ့မယ်။”

“ဒါပေမဲ့ ဒီအကြောင်းကို ဆရာ မသိအောင် လျှို့ဝှက်ထားပေးဖို့ အစ်မကို ကျုပ်တောင်းဆိုချင်တယ်... အကယ်၍ အစ်မနဲ့ကျုပ် ဆရာ့ နောက်ကွယ်မှာ စုံတွဲကျင့်စဉ် ကျင့်ကြံတာကို သူသိသွားရင် ကျုပ်ကို ကာမဂုဏ်လိုက်စားတဲ့သူလို့ ထင်သွားပါလိမ့်မယ်။”

ယဲ့ချူယောင်က

“စိတ်ချပါ မောင်လေး... ကျွန်မတို့ စုံတွဲကျင့်စဉ် ကျင့်တဲ့အကြောင်းကို ဆရာ သိအောင် ကျွန်မ ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။”

လုချန်းက

“ဒါဆို အစ်မ... စစ်မှန်သောနတ် အဆင့်ကို တက်လှမ်းဖို့အတွက် ဘယ်အချိန်မှာ ကြိုးစားဖို့ စိတ်ကူးထားလဲ။”

ယဲ့ချူယောင်က

“အခုချက်ချင်းပဲ လုပ်လို့ရမလား”

သူ့နောက်ရှိ အပျက်အစီးများကို လုချန်း တစ်ချက်ကြည့်လိုက်ကာ

“ဒါပေမဲ့ ကျုပ်ရဲ့ အဆောင်ကတော့ အပျက်အစီးပုံတွေ ဖြစ်ကုန်ပြီ”

ယဲ့ချူယောင်က

“ကိစ္စမရှိပါဘူး... ကျွန်မရဲ့ အဆောင်ကိုပဲ သွားကြတာပေါ့”

လုချန်းက

“ကောင်းပါပြီ”

ယဲ့ချူယောင်က တစ်ဖက်သို့ လှည့်လိုက်ကာ

“မောင်လေး... ကျွန်မနောက်ကို လိုက်ခဲ့ပါ”

ထို့နောက် ယဲ့ချူယောင်က လုချန်းကို သူမ၏ ကိုယ်ပိုင်အဆောင်ဆီသို့ ခေါ်ဆောင်သွား၏။

သူတို့နှစ်ဦး ဆောင်အတွင်းသို့ ရောက်သည်နှင့်တစ်ပြိုင်နက် အသံလုံရန်နှင့် နတ်အာရုံဖြင့် ထောက်လှမ်းမှုကို တားဆီးရန်အတွက် နည်းဗျူဟာ ပုံစံတစ်ခုကို ယဲ့ချူယောင် ချက်ချင်းပင် အသက်သွင်းလိုက်၏။

ယဲ့ချူယောင်၏ ဦးဆောင်မှုဖြင့် သူမ၏ အိပ်ဆောင်အတွင်းသို့ သူတို့ အမြန်ရောက်ရှိသွားကြ၏။

ယဲ့ချူယောင်၏ အခန်းထဲသို့ ဝင်လိုက်သည်နှင့် သင်းပျံ့သော ရနံ့တစ်ခုကို လုချန်း ရရှိလိုက်၏။ ထိုမသိမသာ ရနံ့လေးက အခန်းအတွင်းရှိ အပြင်အဆင်များကို ကြည့်ရှုနေသော လုချန်း၏ စိတ်ဝင်စားမှုကို အဆက်မပြတ် ဆွဲဆောင်နေသည်။

ယဲ့ချူယောင်၏ အခန်းထဲတွင် ပန်းချီကားများစွာ ချိတ်ဆွဲထားပြီး ထိုပန်းချီကားများအားလုံးက ဝူကျန်းဝမ်၏ ပုံများပင် ဖြစ်၏။

လုချန်းက စူးစမ်းလိုသည့်ပုံစံ ဟန်ဆောင်လိုက်ကာ

“အစ်မ... ဒီပန်းချီကားတွေထဲက အမျိုးသမီးက ဘယ်သူလဲ။”

လုချန်း၏ မေးခွန်းကို ကြားလျှင် ယဲ့ချူယောင် စိတ်ထဲ လှောင်ပြုံး ပြုံးလိုက်၏။

တကယ့်ကို သရုပ်ဆောင်ကောင်းလှပေသည်။

ဝူကျန်းဝမ်၏ ရုပ်သွင်ကို လုချန်း မေ့သွားလိမ့်မည်ဟု သူမ မယုံကြည်ပေ။ အဆုံးတွင်တော့ လုချန်းသည် တစ်ချိန်က နတ်ဘုရင် တစ်ဦးဖြစ်ခဲ့ဖူးရာ ထိုကဲ့သို့သော အရာများကို အလွယ်တကူ မေ့လျော့နိုင်မည် မဟုတ်ပါ။

ယဲ့ချူယောင်က လုချန်း၏ လိမ်ညာမှုကို မဖော်ထုတ်ပဲ

“ဒါက ကျွန်မရဲ့ အစ်မပါ”

လုချန်းက ဇဝေဇဝါဖြစ်သွားသည့် ပုံစံဖြင့်

“အစ်မရဲ့ အစ်မလား... ဒါနဲ့ ဘာလို့ သူ့ရဲ့ ပန်းချီကားတွေ ဒီလောက်တောင် အများကြီး ရှိနေရတာလဲ။”

ယဲ့ချူယောင်က

“သူက ဒီမှာ မရှိတော့ဘူး... အခုဆိုရင် ပန်းချီကားတွေကို ကြည့်ပြီးတော့ပဲ သူ့ကို လွမ်းဆွတ်နေရတော့တယ်။”

လုချန်းက

“တောင်းပန်ပါတယ် အစ်မ... ကျုပ် ဒါကို မမေးခဲ့သင့်ဘူး။”

လုချန်းကို ရိုက်နှက်ချင်သည့် စိတ်ကို အောင့်အီးလိုက်ကာ ယဲ့ချူယောင်က

“ရပါတယ်... သူ မရှိတဲ့ ဘဝကို ကျွန်မ နေသားကျနေပါပြီ။”

“ကဲ... စကားတွေ အများကြီး မပြောတော့ဘူး... ဆရာလည်း မကြာခင် ပြန်လာတော့မှာဆိုတော့ ကျင့်စဉ်အပေါ်မှာပဲ အာရုံစိုက်ကြရအောင်။”

ထိုသို့ ပြောဆိုရင်း ယဲ့ချူယောင်က သူမ၏ ခါးပတ်ကို ဖြည်းညှင်းစွာ ဖြည်လိုက်ရာ နောက်တစ်ခဏတွင် သူမ၏ အစိမ်းရောင် ဝတ်ရုံလည်း မွှေးပျံ့သော ပခုံးသားများပေါ်မှ လျောကျသွားသည်။

ယဲ့ချူယောင်၏ တက်ကြွသော အပြုအမူကို မြင်လျှင် လုချန်းလည်း သူမအနီးသို့ ဖြည်းဖြည်းချင်း တိုးသွားကာ ခါးကို ဖက်လိုက်၏။ သူမကို သူ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ ပါးပြင်ကို ငုံ့ကြည့်ရင်း

“အစ်မ... ဒီအတွက် နောင်တမရဖို့ ကျုပ် မျှော်လင့်ပါတယ်။”

လုချန်းက သူမကို ဖက်လိုက်သည့်အခါ ယဲ့ချူယောင်၏ ခန္ဓာကိုယ် မသိမသာ တုန်ယင်သွား၏။ သို့သော် ဝူကျန်းဝမ်ကို လုချန်းက ဒုက္ခပေးခဲ့ကြောင်း သတိရသွားကာ စိတ်ထဲမှ ရွံရှာမှုကို အတင်းအကျပ် နှိမ်နင်းလိုက်သည်။

ကစဉ့်ကလျား ပင်လယ်အတွင်းရှိ ကစဉ့်ကလျား စွမ်းအားများကြားတွင် ဝူကျန်းဝမ် ခံစားခဲ့ရသည့် စိတ်ပျက်အားငယ်မှုနှင့် နှိုင်းယှဉ်လျှင် သူမ၏ စတေးမှုက ဘာမှမဟုတ်ပေ။

စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီးနောက် အေးစက်သော မျက်လုံးများဖြင့် လုချန်း၏ အကြည့်ကို ယဲ့ချူယောင် ရင်ဆိုင်လိုက်၏။ သူမ၏ ခန္ဓာကိုယ်က သူ့ကို ငြင်းဆန်နေသော်လည်း ဘာမှမဖြစ်သကဲ့သို့ သူမ အတင်းဟန်ဆောင်ထားသည်။

ယဲ့ချူယောင်၏ စိတ်ထဲမှ ငြင်းဆန်နေမှုကို လုချန်း အလိုအလျောက် ခံစားမိလိုက်၏။ အထူးသဖြင့် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ပါဝင်နေသော သူမ၏ အေးစက်သည့် မျက်လုံးများဖြစ်၏။

သို့သော် ထိုအရာက ကိစ္စမရှိပေ။ အကယ်၍ သူမကသာ မထီမဲ့မြင် မပြုဘူးဆိုလျှင် သူ့အတွက် သိပ်ပြီး စိတ်ဝင်စားစရာ ကောင်းတော့မည် မဟုတ်ပေ။

ကနဦးတွင် မထီမဲ့မြင် ပြုနေသော်လည်း အဆုံးတွင်တော့ ယဲ့ချူယောင်တစ်ယောက် လက်လျှော့အရှုံးပေးသွားမည့် အဖြစ်ကို စိတ်ကူးကြည့်မိရင်း လုချန်း၏ နတ်အငွေ့အသက်များ ပို၍ပင် နိုးကြားလာသည်။

နောက်ထပ် တုံ့ဆိုင်းမနေတော့ပဲ လုချန်း ခေါင်းငုံ့လိုက်ကာ သူတို့နှစ်ဦး၏ နှုတ်ခမ်းများ ထိတွေ့သွားကြ၏။

ယဲ့ချူယောင်ကို နမ်းနေစဉ် လုချန်း၏ လက်များက သူမ၏ ခန္ဓာကိုယ်အနှံ့ လှုပ်ရှားနေသည်။ သူ၏ ပူလောင်သော အထိအတွေ့ကို ခံစားမိသည့်အခါ ယဲ့ချူယောင်၏ ခန္ဓာကိုယ်လည်း မသိမသာ တုန်ယင်သွားရပြန်၏။

သူမ၏ စိတ်လှုပ်ရှားမှုကို မည်သို့ပင် ထိန်းချုပ်ရန် ကြိုးစားသော်လည်း အလိုအလျောက် ဖြစ်ပေါ်လာသည့် ထိုတုံ့ပြန်မှုကိုတော့ သူမ မတားဆီးနိုင်ခဲ့ပေ။

အချိန်မည်မျှကြာသွားသည်မသိ... အချိန်တန်ပြီဟု ခံစားမိလျှင် ယဲ့ချူယောင်ကို ကုတင်ပေါ်သို့ လုချန်း ဖြည်းညှင်းစွာ တင်လိုက်၏။ ထိုအခိုက်အတန့်တွင် ယဲ့ချူယောင်သည် ဖရိုဖရဲဖြစ်နေသော သူမ၏ နတ်အငွေ့အသက်များကို ထိန်းချုပ်ရန် ကြိုးစားနေဆဲဖြစ်ပြီး သူမ၏ ကိုယ်ပေါ်သို့ ဖိကပ်လာသည့် အလေးချိန်ကို ခံစားမိမှသာ လုချန်း စတင်တော့မည်ကို သူမ သိလိုက်ရသည်။

လုချန်း၏ မျက်နှာကို မကြည့်ချင်သဖြင့် သူမ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်၏။ လုချန်းကတော့ ထိုအရာကို ဂရုမစိုက်ပဲ သူလုပ်စရာရှိသည်ကိုသာ ဆက်လုပ်နေသည်။

…

ထိုစဉ်အတွင်း...

ခမ်းနားသော ကောင်းကင်ခန်းမ။

ကောင်းကင်ရတနာတောင်ထိပ်။

တောင်ထိပ်ရှိ အဆောင်ငယ် တစ်ခုထဲတွင် ဝတ်ရုံဝါဝတ်ထားသော အဖိုးအိုတစ်ဦးသည် လက်ဖက်ရည်ကို အရသာခံ သောက်နေ၏။ ထိုစဉ် တပည့်ဖြစ်သူတစ်ဦး သူ့ရှေ့တွင် ဒယိမ်းဒယိုင်ဖြင့် ပေါ်လာသည်။

“အကြီးအကဲ ချင်းယွမ်... ကိစ္စတစ်ခု ဖြစ်ပွားနေပါပြီ။”

တပည့်ဖြစ်သူ၏ ထိတ်လန့်နေသော ပုံစံကို မြင်လျှင် နတ်ဘုရင်ချင်းယွမ် မကျေမနပ် ဖြစ်သွားကာ

“ထိတ်ထိတ်ပြာပြာနဲ့ ... ဘာတွေဖြစ်နေလို့လဲ။”

တောင်ပိုင်းနယ်မြေရှိ ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်ဘုရင် ချင်းယွမ်၏ အမြင်တွင် တောင်ပိုင်းနယ်မြေအတွင်း ဖြစ်ပျက်သမျှ အရာတစ်ခုချင်းစီကို လိုက်၍ အာရုံစိုက်နေစရာ မလိုပေ။

အပြင်စည်းဂိုဏ်း အကြီးအကဲတစ်ဦးအနေနှင့် သူသည် တောင်ပိုင်းနယ်မြေအတွင်းရှိ အမျိုးမျိုးသော နတ်ဂိုဏ်းများနှင့် ဆက်ဆံရေးကို အဓိက ကိုင်တွယ်ရသူဖြစ်ပြီး ထိုတာဝန်က သူ့အတွက် အမြဲတမ်း လွယ်ကူနေခဲ့၏။

ဤတာဝန်ကို စတင်ယူခဲ့စဉ်ကတည်းက မည်သည့်အခက်အခဲနှင့်မှ သူ မကြုံတွေ့ခဲ့ဖူးပေ။

ခမ်းနားသော ကောင်းကင်ခန်းမ၏ အင်အားကြောင့် တောင်ပိုင်းနယ်မြေရှိ နတ်ဂိုဏ်းများသည် သူတို့ကို ဆန့်ကျင် စကားတစ်ခွန်းပင် မပြောဝံ့ကြပေ။

သတင်းလာပို့သည့် တပည့်ဖြစ်သူက စိတ်ကို အမြန်ပြန်ထိန်းလိုက်ကာ

“ရွှေဦးထုပ် နတ်ဘုရင်ခံရဲ့ ဝိညာဉ်မီးအိမ် ငြိမ်းသွားပါပြီ။”

……………

အခန်း (၁၆၇၉)

နတ်ဘုရင် ချင်းယွမ်၏ စိုးရိမ်ပူပန်မှုများ

တပည့်ဖြစ်သူ၏ စကားများကို ကြားလျှင် လက်ဖက်ရည်သောက်ရန် ပြင်နေသော နတ်ဘုရင် ချင်းယွမ် အံ့အားသင့်သွားကာ လက်ဖက်ရည်ခွက်လည်း သူ၏ နှုတ်ခမ်းနားတွင်ပင် ရပ်တန့်သွား၏။

နတ်ဘုရင် ချင်းယွမ်က

“ဘာ...”

သူ ယခုလေးတင် ကြားလိုက်ရသည့် အရာကို နတ်ဘုရင် ချင်းယွမ် အတော်ပင် မယုံနိုင်ပဲ ရှိနေသည်။

ရွှေဦးထုပ် နတ်ဘုရင်ခံသည် ခမ်းနားသော ကောင်းကင်ခန်းမ၏ အပြင်စည်းဂိုဏ်း အမှုဆောင်တစ်ဦးမျှသာ ဖြစ်သော်လည်း သူသည် နတ်ဘုရင် ချင်းယွမ်၏ အုပ်စုဝင်တစ်ဦး ဖြစ်သေး၏။

ခမ်းနားသော ကောင်းကင်ခန်းမမှ လူတစ်ယောက်ကို မည်သူက လက်ရဲဇက်ရဲ လုပ်ဝံ့ပါသနည်း။

ထိုအခိုက်အတန့်တွင် တုန်တုန်ရီရီဖြစ်နေသော ထိုတပည့်က

“ရွှေ... ရွှေဦးထုပ် နတ်ဘုရင်ခံရဲ့ ဝိညာဉ်မီးအိမ်... ငြိမ်းသွားပါပြီ”

တပည့်ဖြစ်သူ၏ အဖြေကို ထပ်မံကြားရလျှင် သူ နားကြားမှားခြင်း မဟုတ်ကြောင်း နတ်ဘုရင် ချင်းယွမ် နောက်ဆုံးတွင် အတည်ပြုနိုင်သွား၏။

နောက်တစ်ခဏတွင် နတ်ဘုရင် ချင်းယွမ်၏ ကိုယ်ပေါ်မှ နတ်ဘုရင်တစ်ဦး၏ အငွေ့အသက်များ ပေါက်ကွဲထွက်လာကာ

“ခမ်းနားတဲ့ ကောင်းကင်ခန်းမက လူကို ထိဝံ့တယ်ဆိုတော့ တကယ်ပဲ သတ္တိကောင်းတာပဲ။”

နတ်ဘုရင် ချင်းယွမ်က သူ၏ တပည့်ဖြစ်သူကို

“သူ ဘယ်နတ်ဂိုဏ်းကို သွားပြီး ကြီးကြပ်နေတာလဲ”

တပည့်ဖြစ်သူက လှုပ်ပင်မလှုပ်ဝံ့ပဲ ကြမ်းပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်လိုက်၏။

“အဲ့ဒါ... အဲ့ဒါ လျှို့ဝှက်လဝန်းနန်းတော်ပါ”

ထိုအရာကို ကြားလျှင် နတ်ဘုရင် ချင်းယွမ် မျက်မှောင်ကြုတ်သွား၏။

လျှို့ဝှက်လဝန်းနန်းတော်လား။

လျှို့ဝှက်လဝန်းနန်းတော်နှင့် ပတ်သက်၍ နတ်ဘုရင် ချင်းယွမ်၌ အမှတ်ရစရာ အချို့ရှိနေပြီး ထိုနန်းတော်ကို စတင်တည်ထောင်စဉ်က သူကိုယ်တိုင်ပင် သွားရောက်ခဲ့ဖူး၏။

အဓိကအားဖြင့် လျှို့ဝှက်လဝန်းနန်းတော်ကို တည်ထောင်သူသည် ယခင် လျှို့ဝှက်လန်း ကျောင်းတော်နှင့် ပတ်သက်မှုအချို့ ရှိခဲ့သောကြောင့်ပင် ဖြစ်၏။

သို့သော် ယွမ်ယုတိသည် လျှို့ဝှက်လဝန်း ကျောင်းတော်နှင့် ကင်းကွာခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သလို ယခုအခါ လျှို့ဝှက်လဝန်း ကျောင်းတော်၌ အခြားသော သူတော်စင်မများလည်း ရှိနေခဲ့ပြီ ဖြစ်၏။

လျှို့ဝှက်လဝန်းနန်းတော်၏ သစ္စာဖောက်များအပေါ် ဆက်ဆံပုံအရဆိုလျှင် ယွမ်ယုတိ၏ သေခြင်းရှင်ခြင်းကို လျှို့ဝှက်လဝန်း ကျောင်းတော်က ဂရုစိုက်တော့မည် မဟုတ်ပေ။

အတိတ်ကာလက လျှို့ဝှက်လဝန်းကျောင်းတော်မှ ပါရမီ အရှိဆုံး သူတော်စင်မတစ်ဦးပင် လျှို့ဝှက်နယ်မြေတစ်ခုအတွင်း ဂုဏ်သိက္ခာ ညှိုးနွမ်းခဲ့ရသောကြောင့် လျှို့ဝှက်လဝန်းကျောင်းတော်က သူမကို တိုက်ရိုက် နှင်ထုတ်ခဲ့ဖူးသည်ကို သူ သတိရသွား၏။ နောက်ဆုံးတွင် ထိုသူတော်စင်မသည် ချန်ဘုရင်၏ နောက်သို့လိုက်ကာ ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ထိုသူတော်စင်မ နှင်ထုတ်ခံရပြီးကတည်းက သူမ၏ သေရေးရှင်ရေးကို လျှို့ဝှက်လဝန်း ကျောင်းတော်က လုံးဝ ဂရုမစိုက်ခဲ့တော့ပေ။

ယခု လျှို့ဝှက်လဝန်း ကျောင်းတော်၏ သစ္စာဖောက်တစ်ဦးမျှသာ ဖြစ်သော ယွမ်ယုတိက ခမ်းနားသော ကောင်းကင်ခန်းမ၏ အမှုဆောင်ကို ထိဝံ့သည်အထိ အတင့်ရဲ နေသည်။

နတ်ဘုရင် ချင်းယွမ်က

“ရွှေဦးထုပ် နတ်ဘုရင်ခံက လျှို့ဝှက်လဝန်းနန်းတော်မှာ ရှိနေတုန်း သေဆုံးသွားတာလားဆိုတာကို ချက်ချင်း စုံစမ်းစမ်း။”

ရွှေဦးထုပ် နတ်ဘုရင်ခံ လျှို့ဝှက်လဝန်းနန်းတော်အတွင်း၌ အသတ်ခံရခြင်း ဟုတ်၊ မဟုတ် မသေချာသေးပေ။

ထိုအရာကို အတည်ပြုနိုင်လျှင် ထိုကိစ္စကို နတ်သခင်ထံသို့ သူ အစီရင်ခံနိုင်မည်ဖြစ်ပြီး ထိုအချိန်ကျလျှင် လျှို့ဝှက်လဝန်းနန်းတော်လည်း တောင်ပိုင်းနယ်မြေမှ လုံးဝ ပျောက်ကွယ်သွားနိုင်ခြေရှိ၏။

တပည့်ဖြစ်သူက

“ရွှေဦးထုပ် နတ်ဘုရင်ခံရဲ့ ဝိညာဉ်မီးအိမ် မငြိမ်းခင်မှာ သူ သတင်းစကား တစ်ခု ပို့ခဲ့တယ်ဆိုတာကို ကျုပ်တို့ အတည်ပြုပြီးပါပြီ။”

ခမ်းနားသော ကောင်းကင်ခန်းမမှ စွမ်းအားကြီး နတ်ဂိုဏ်းများသို့ ကြီးကြပ်ရန် စေလွှတ်လိုက်သော သံတမန်များသည် သတ်မှတ်ထားသည့် နတ်ဂိုဏ်းသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် သူတို့ ရောက်ရှိကြောင်း သတင်းစကားကို ခမ်းနားသော ကောင်းကင်ခန်းမဆီသို့ ချက်ချင်း ပေးပို့ရစမြဲ ဖြစ်၏။

နတ်ဘုရင် ချင်းယွမ် မျက်နှာ ပျက်သွားကာ

“ဒါဆိုရင်တော့ ရွှေဦးထုပ် နတ်ဘုရင်ခံ သေတာက လျှို့ဝှက်လဝန်းနန်းတော်နဲ့ တကယ်ပဲ ပတ်သက်နေတာပေါ့”

“ကောင်းတယ်... သိပ်ကောင်းတယ်”

ထိုသို့ပြောပြီးနောက် နတ်ဘုရင် ချင်းယွမ် ထိုနေရာမှ ပျောက်ကွယ်သွားပြီး ရွှေရောင်ဝင်းပနေသော ခမ်းနားသည့် ခန်းမကြီးတစ်ခု၏ အပြင်ဘက်၌ ပြန်လည် ပေါ်လာ၏။

နတ်ဘုရင် ချင်းယွမ်က

“နတ်သခင်ကို တွေ့ခွင့် တောင်းခံပါတယ်... အရေးကြီးတဲ့ ကိစ္စတစ်ခု အစီရင်ခံစရာ ရှိလို့ပါ။”

ခန်းမကြီးအတွင်းမှ အကြီးအကဲတစ်ဦး၏ အသံ ပေါ်ထွက်လာကာ

“ပြောပါ”

နတ်ဘုရင် ချင်းယွမ်က

“လျှို့ဝှက်လဝန်းနန်းတော်ကို ကြီးကြပ်ဖို့ စေလွှတ်လိုက်တဲ့ နတ်ဘုရင်ခံ အဲ့ဒီမှာ သေဆုံးသွားပါပြီ။”

ခန်းမကြီးအတွင်းမှ အကြီးအကဲ၏ အသံ ထပ်မံ ထွက်ပေါ်လာ၏။

“အခုက နတ်ဆိုးဧကရာဇ်ကို ရင်ဆိုင်ဖို့ အရေးကြီးတဲ့ အချိန်ပဲ... ဒီကိစ္စကို ခင်ဗျားဘာသာခင်ဗျား ကိုင်တွယ်လိုက်တော့။”

“ခမ်းနားတဲ့ ကောင်းကင်ခန်းမကို ဆန့်ကျင်ဝံ့တဲ့ ဘယ်နတ်ဂိုဏ်းမဆို တောင်ပိုင်းနယ်မြေမှာ ဆက်ပြီး မတည်ရှိသင့်ဘူး။”

ထိုအရာကို ကြားလျှင် နတ်ဘုရင် ချင်းယွမ် အံ့အားသင့်သွား၏။

နတ်သခင်သာ ကိုယ်တိုင် ပါဝင်ပတ်သက်မည်ဆိုလျှင် နတ်ဘုရင်တစ်ဦး အ‌နေနှင့် မည်သို့မှ ခုခံနိုင်မည် မဟုတ်ဟု တွေးတောကာ နတ်သခင် ကိုယ်တိုင် ကိုင်တွယ်ပေးရန် သူ တောင်းဆိုချင်နေခဲ့ခြင်း ဖြစ်၏။

သတိပြန်ဝင်လာလျှင် နတ်ဘုရင် ချင်းယွမ်က

“ဟုတ်ကဲ့ပါ နတ်သခင်”

“ကျုပ်ကို ခွင့်ပြုပါဦး”

ထိုသို့ပြောပြီးနောက် နတ်ဘုရင် ချင်းယွမ် လှည့်ထွက်လာခဲ့၏။

သူ၏ တောင်ထိပ်ဆီသို့ ပြန်ရောက်သောအခါ ထိုကိစ္စနှင့် ပတ်သက်၍ နတ်ဘုရင် ချင်းယွမ် စိတ်ထဲ ပို၍ ပို၍ ဂဏာမငြိမ် ဖြစ်လာသည်။

ခမ်းနားသော ကောင်းကင်ခန်းမသည် နတ်ဆိုးဧကရာဇ်နှင့် စစ်ဖြစ်ရန် တက်တက်ကြွကြွ ပြင်ဆင်နေသော်လည်း နတ်သခင် တစ်ဦးအနေနှင့် နတ်ဘုရင်တစ်ဦးကို ကိုင်တွယ်ရန်က အားစိုက်စရာပင် မလိုပေ။ ထို့ပြင် လောလောဆယ်တွင် နတ်ဆိုးဧကရာဇ်သည် မြောက်ပိုင်းနယ်မြေတွင်သာ ရှိနေဦးမည် ဖြစ်၏။ သူတို့၏ ကြားတွင် အလယ်ပိုင်းနယ်မြေတစ်ခုလုံး ခြားနားနေသေးသည်။

နတ်ဆိုးဧကရာဇ် တောင်ပိုင်းနယ်မြေဆီသို့ ရောက်လာဦးမည် မဟုတ်သဖြင့် နတ်သခင်အနေနှင့် ဤကိစ္စကို ဖြေရှင်းရန် အချိန်အလုံအလောက် ရှိနေသည်။

ထိုက်ဟွာ နတ်သခင်၏ စရိုက်အရဆိုလျှင် ခမ်းနားသော ကောင်းကင်ခန်းမကို ဆန့်ကျင်ဝံ့သူ ရှိနေကြောင်း ကြားသည်နှင့် သူကိုယ်တိုင် ပြတ်ပြတ်သားသား အရေးယူသင့်သည်။

အဘယ်ကြောင့် သူ့ကိုသာ ဤကိစ္စကို ကိုင်တွယ်ခိုင်းရပါသနည်း။

သူနှင့် ယွမ်ယုတိတို့ နှစ်ဦးစလုံးသည် နတ်ဘုရင်အဆင့်များ ဖြစ်ကြရာ ဤကိစ္စကို တစ်ယောက်တည်း ကိုင်တွယ်ရမည်ဆိုလျှင် သူသည် ယွမ်ယုတိ၏ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်လိမ့်မည်။

ယွမ်ယုတိသည် လျှို့ဝှက်လဝန်း ကျောင်းတော်မှ လာသူဖြစ်သလို တစ်ချိန်က ကျောင်းတော်၏ သူတော်စင်မလည်း ဖြစ်ခဲ့ဖူးသဖြင့် သာမန်နတ်ဘုရင်များထက် သာလွန်သော စွမ်းအားကို ပိုင်ဆိုင်ထားမည်မှာ ဧကန်မုချပင်။

ထိုအခိုက်အတန့်တွင် နတ်ဘုရင် ချင်းယွမ် တစ်စုံတစ်ခုကို သဘောပေါက်သွား၏။

တကယ်တော့ ယွမ်ယုတိသည် လျှို့ဝှက်လဝန်း ကျောင်းတော်မှ လာသူဖြစ်၏။ သူမကိုယ်တိုင် ထိုကျောင်းတော်မှ ထွက်ခွာသွားခဲ့သော်လည်း ကျောင်းတော်နှင့် ပတ်သက်မှု အချို့တော့ ရှိနေဆဲပင်။

ယွမ်ယုတိကို သတ်ပြီးနောက် လျှို့ဝှက်လဝန်း ကျောင်းတော်က ခမ်းနားသော ကောင်းကင်ခန်းမကို လာရောက် ပြဿနာရှာမည် မဟုတ်ဟု မည်သူမှ အာမမခံနိုင်ပေ။

ထို့ပြင် လျှို့ဝှက်လဝန်း ကျောင်းတော်၏ စွမ်းအားသည် ခမ်းနားသော ကောင်းကင်ခန်းမနှင့် ရင်ပေါင်တန်းနိုင်ရာ အကယ်၍သာ သူတို့ လာရောက် ပြဿနာရှာခဲ့လျှင် ခမ်းနားသော ကောင်းကင်ခန်းမအနေနှင့် နတ်ဆိုးဧကရာဇ်ကို ကိုင်တွယ်ရန် အာရုံစိုက်နိုင်တော့မည် မဟုတ်ပေ။

သို့သော် နတ်သခင်ကိုယ်တိုင် ပါဝင်ပတ်သက်ခြင်း မရှိသရွေ့ လျှို့ဝှက်လဝန်းနန်းတော်က ယွမ်ယုတိအတွက် ဖြေရှင်းချက်တောင်းရန် ရောက်လာခဲ့လျှင်ပင် ခမ်းနားသော ကောင်းကင်ခန်းမအနေနှင့် နတ်ဘုရင် ချင်းယွမ်ကို တရားခံအဖြစ် ထိုးကျွေးနိုင်၏။

ထိုသို့ တွေးတောမိလျှင် နတ်ဘုရင် ချင်းယွမ်၏ နဖူးပေါ်၌ ချွေးအေးများ ပျံလာသည်။

လျှို့ဝှက်လဝန်းနန်းတော်နှင့် ပတ်သက်သည့် အခြေအနေက အလွယ်တကူ ဖြေရှင်းနိုင်မည့် ကိစ္စ မဟုတ်တော့ပေ။

လျှို့ဝှက်လဝန်းနန်းတော်က ခမ်းနားသော ကောင်းကင်ခန်းမ၏ သံတမန်ကို သတ်လိုက်ခြင်းက ဂိုဏ်း၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေခဲ့၏။

ဤကိစ္စကို မဖြေရှင်းပဲ ထား၍လည်း မဖြစ်ပေ။

အကယ်၍ တောင်ပိုင်းနယ်မြေရှိ အခြားသော နတ်ဂိုဏ်းများ ဤအကြောင်းကို ကြားသွားခဲ့လျှင် သူတို့လည်း လိုက်လုပ်လာနိုင်ပြီး ခမ်းနားသော ကောင်းကင်ခန်းမ၏ လွှမ်းမိုးမှုကို ထိန်းသိမ်းရန် ခက်ခဲသွားပေလိမ့်မည်။

သို့သော် ဤကိစ္စကို ကိုယ်တိုင် ကိုင်တွယ်ရန်ကလည်း အလားတူပင် အခက်အခဲရှိ‌နေသည်။

အကယ်၍ လျှို့ဝှက်လဝန်းနန်းတော်က ယွမ်ယုတိကို သူတို့လူအဖြစ် သတ်မှတ်ထားဆဲဆိုလျှင် သူမကို ထိခိုက်စေခြင်းက လက်စားချေမှုများကို ဖြစ်ပေါ်လာစေနိုင်သည်။ ထိုအခါ သူလည်း စတေးခံ နယ်ရုပ်တစ်ရုပ်အဖြစ် ပြောင်းလဲသွားရနိုင်၏။

ခမ်းနားသော ကောင်းကင်ခန်းမကဲ့သို့ နတ်သခင်အဆင့်ရှိသော နတ်ဂိုဏ်းကြီးတစ်ခုအတွက် နတ်ဘုရင်တစ်ဦးကို စတေးရခြင်းက ဘာမှမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းအတွင်း၌ နတ်ဘုရင်များ လိုအပ်သည်ထက်ပင် ပိုနေသောကြောင့် ဖြစ်၏။

ဤကိစ္စကို လျှို့ဝှက်လဝန်းနန်းတော်နှင့် တိုက်ရိုက် မဖြေရှင်းနိုင်သဖြင့် အခြားသော နည်းလမ်းတစ်ခုကို ရှာဖွေရမည်ဟု နတ်ဘုရင် ချင်းယွမ် ဆုံးဖြတ်လိုက်၏။

ထိုအခိုက်အတန့်တွင် နတ်ဘုရင် ချင်းယွမ် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွား၏။

တောင်ပိုင်းနယ်မြေ၌ အသစ်တည်ထောင်ထားသော နတ်ဂိုဏ်းတစ်ဂိုဏ်း ရှိနေပြီး ထိုဂိုဏ်းကို မိစ္ဆာနတ်တစ်ဦးက တည်ထောင်ခဲ့သည်ဟု ကောလာဟလများကို သူ ကြားဖူးထား၏။

ထိုသို့ တွေးတောမိလျှင် နတ်ဘုရင် ချင်းယွမ်၏ နှုတ်ခမ်းထောင့်၌ အပြုံးစတစ်ခု ပေါ်လာသည်။

အကယ်၍သာ ထိုမိစ္ဆာနတ်များ၏ လက်ချက်ဖြင့် ယွမ်ယုတိ သေဆုံးသွားခဲ့လျှင် သူနှင့် မည်သို့မျှ ပတ်သက်တော့မည် မဟုတ်ပေ။ ထို့ပြင် လျှို့ဝှက်လဝန်း ကျောင်းတော်က ပြဿနာ လာရှာခဲ့လျှင်ပင် ထိုမိစ္ဆာနတ်များအပေါ်သို့ အပြစ်လွှဲချနိုင်ပေလိမ့်မည်။

ထိုအချိန်ကျလျှင် သွေးလင်းယုန်ခန်းမကို နှိမ်နင်းရန်အတွက် ၎င်းကို အကြောင်းပြချက်အဖြစ်ပင် သူ အသုံးချနိုင်၏။

ထိုသို့ တွေးတောရင်း နတ်ဘုရင် ချင်းယွမ်က နတ်ဘုရင်ခံတစ်ဦးကို ခေါ်ယူလိုက်ကာ သွေးလင်းယုန်ခန်းမဆီသို့ ကိုယ်တိုင် သွားရောက်ရန် ညွှန်ကြားလိုက်၏။

……

ထိုအတောအတွင်း...

ယဲ့ချူယောင်၏ အခန်းအတွင်း၌...

လုချန်းသည် စိတ်ထိန်းနိုင်စွမ်း ကင်းမဲ့နေသည့်ပုံစံဖြင့် သူ၏ မျက်လုံးများ တောက်လောင်နေပြီး အားသွန်ခွန်စိုက် ကြိုးပမ်းနေသည်။

ဤလူယုတ်မာက သူမအပေါ် လက်စားချေနေခြင်း ဖြစ်နိုင်သည်ဟု အပြင်းအထန် သံသယဝင်နေသော ယဲ့ချူယောင်လည်း သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိ၏။

အင်မတန် အရှက်ရနေသည်ဟု ခံစားနေရသော်လည်း သူမ၏ စိတ်လှုပ်ရှားမှုကို ငြိမ်သက်အောင် ယဲ့ချူယောင် ကြိုးစားရင်း တည်ငြိမ်မှုကို ထိန်းသိမ်းထားသည်။

လုချန်းစိတ်ထဲ လုံခြုံစိတ်ချရသည်ဟု ထင်မြင်အောင် ပြုလုပ်နိုင်မှသာ သူ မည်သူ ဖြစ်ကြောင်းကို ဖော်ထုတ်နိုင်မည့် အခွင့်အရေး ရရှိမည် ဖြစ်ရာ ယခုအချိန်တွင်ဤစတေးမှုက လုံးဝ လိုအပ်သည်။

……………

အခန်း (၁၆၈၀)

ယဲ့ချူယောင် အဆင့်တက်ခြင်း

ယဲ့ချူယောင် အရှက်ရနေသည်ကို လုချန်း သိသော်လည်း သူမ ပို၍ အရှက်ရလေလေ၊ လုချန်း ပို၍ ပျော်ရွှင်လေလေ ဖြစ်၏။ လုချန်းသည် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ပြီး အနည်းငယ်မျှပင် ညှာတာခြင်း မရှိပေ။

ယဲ့ချူယောင် ကိုယ်တိုင်က လုချန်းထံသို့ လိုလိုလားလား ရောက်ရှိလာခြင်းဖြစ်ရာ သူ၏ ရက်စက်မှုကို အပြစ်ဆို၍ မရနိုင်ပေ။

ရက်အနည်းငယ်အတွင်း၌ပင် ယဲ့ချူယောင်၏ အသိစိတ်များ ဝေဝေဝါးဝါး ဖြစ်လာ၏။ သူမ သတိပြန်ဝင်လာတိုင်း လုချန်းက ပြင်းထန်စွာ တိုက်စစ်ဆင်သဖြင့် သူမ တစ်ဖန် မိန်းမောသွားရပြန်သည်။

ထိုသို့ စိတ်ကူးယဉ် အိမ်မက်ထဲတွင် ဝူကျန်းဝမ်၏ ပုံရိပ်ကို သူမ မြင်ယောင်နေမိ၏။ ဤလူယုတ်မာနှင့် ဝူကျန်းဝမ်လည်း ဤကဲ့သို့ပင် ပြုမူခဲ့ဖူးသည်ဟူသော အတွေးတစ်ခု ယဲ့ချူယောင်၏ စိတ်ထဲ ပေါ်ပေါက်လာသည်။ ထို့ကြောင့် သူမ လုချန်းနှင့် အတူရှိနေခြင်းမှာ ဝူကျန်းဝမ်နှင့် သွယ်ဝိုက်၍ အတူရှိနေသကဲ့သို့ ဖြစ်နေသည်ဟု သူမ ယူဆမိ၏။

ကောင်းကင်တစ်ခုအောက် ဝေးကွာနေသည့် နေရသော်လည်း ဤဘဝတွင် အတူအိုမင်းခွင့်ရသည်ဟု မှတ်ယူလိုက်မည်။

အတူရှိမနေကြသော်လည်း သူမတို့ နှစ်ဦးစလုံးသည် ယခု တူညီသော အတွေ့အကြုံကို ပိုင်ဆိုင်ထားကြ၏။ ယဲ့ချူယောင်၏ အတွေးကို လုချန်း မသိသော်လည်း သူမ၏ နှုတ်ခမ်းထောင့်ရှိ အပြုံးကို မြင်သောအခါ လုချန်း ဇဝေဇဝါ ဖြစ်သွားရသည်။

ဤမိန်းမမှာ ဦးနှောက်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုခု ရှိနေသလား။

လုချန်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ယဲ့ချူယောင်က

“ကျန်းဝမ်...”

ဟု တိုးတိုးလေး ရေရွတ်လိုက်သံကို ကြားလိုက်ရ၏။

ယဲ့ချူယောင်က ဝူကျန်းဝမ်၏ နာမည်ကို ခေါ်လိုက်သဖြင့် လုချန်း ဆွံ့အသွားရသည်။

ဘုရားရေ...

သူမက သူ့ကို ဝူကျန်းဝမ်ဟု ထင်မှတ်နေခြင်းလား။

ဝူကျန်းဝမ်အပေါ် ယဲ့ချူယောင်၏ သစ္စာရှိမှုကို တွေးတောရင်း လုချန်း သူမကို အနည်းငယ် သနားမိသွား၏။ သူမတို့၏ ရပ်တည်ချက်များ ကွဲပြားသော်လည်း ဝူကျန်းဝမ်အတွက် လက်စားချေရန် သူမ၏ အပျိုစင်ဘဝကို စတေးရန် ဝန်မလေးခဲ့ခြင်းမှာ သူမအတွက် ဝူကျန်းဝမ် မည်မျှအရေးကြီးကြောင်း ပြသနေသည်။

ယဲ့ချူယောင်၏ ချောမွတ်သည့် ပါးပြင်ကို လုချန်း အသာအယာ ပွတ်သပ်လိုက်ရင်း

“ဝူကျန်းဝမ်ရဲ့ နာမည်နဲ့ပဲ သူ့ကို အဆင့်တက်အောင် ကူညီပေးလိုက်တော့မယ်”

ဟု တွေးလိုက်၏။

ထို့နောက် သက်စောင့်ဝိညာဉ်ဆေးလုံး တစ်လုံးကို လုချန်း ထုတ်ယူလိုက်ပြီး ပါးစပ်ထဲ ငုံလိုက်၏။ ထို့နောက် ယဲ့ချူယောင်၏ နှုတ်ခမ်းများကို လုချန်း နမ်းရှုံ့ကာ ဆေးစွမ်းများကို သူမ၏ ပါးစပ်အတွင်းသို့ ပို့လွှတ်လိုက်သည်။

ဆေးစွမ်းများ ခန္ဓာကိုယ်အတွင်း စီးဝင်သွားသည်နှင့် ယဲ့ချူယောင် ချက်ချင်း သတိပြန်ဝင်လာပြီး သူမ၏ နတ်စွမ်းအားများ အရူးအမူး တိုးပွားလာသည်ကို ခံစားလိုက်ရ၏။ တစ်ဆောင်လုံးရှိ နတ်အငွေ့အသက်များကလည်း သူမ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်လာကြသည်။

ယဲ့ချူယောင် အလွန် အံ့အားသင့်သွားပြီး “ငါ အဆင့်တက်တော့မှာလား”

ဟု တွေးနေမိ၏။

မည်သို့ကြောင့် ဤမျှ မြန်ဆန်နေရသနည်း။ လုချန်းက သူမကို ရုပ်ပိုင်းဆိုင်ရာအရသာ တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။

စုံတွဲကျင့်စဉ်ကို မကျင့်ကြံပဲ ဘယ်လိုလုပ် ရုတ်တရက် အဆင့်တက်နိုင်ရသနည်း။

ယဲ့ချူယောင် အံ့အားသင့်နေစဉ်မှာပင် သူမ၏ အဆောင်ပေါ်၌ တိမ်မည်းများ အုံ့မှိုင်းလာပြီး ခရမ်းရောင် လျှပ်စီးများ လက်လာသည်။ သူမ၏ အဆင့်တက်မှုမှာ နတ်ဘုရင်ခံ လင်ရင်ကဲ့သို့ ခမ်းနားကြီးကျယ်ခြင်း မရှိသော်လည်း ကောင်းကင်ဘုံ ကပ်ဘဘေးဒုက္ခကိုတော့ လျစ်လျူရှု၍ မရနိုင်ပေ။

လုချန်း၏ ရင်ဘတ်ကို ယဲ့ချူယောင် အလျင်အမြန် တွန်းထုတ်လိုက်ပြီး

“မောင်လေး... မောင်လေး... ကျွန်မ အရင်ဆုံး ကပ်ဘေးကို ရင်ဆိုင်ပါရစေဦး”

လုချန်းက မခွာပဲ ပြုံးလျက်

“အစ်မ... စိတ်မပူပါနဲ့၊။ ဒီကပ်ဘေးက ခဏလေးအတွင်း ပြီးသွားမှာပါ”

သူပြောနေစဉ်မှာပင် ခရမ်းရောင်လျှပ်စီး တစ်စင်း ကောင်းကင်မှ ကျဆင်းလာသော်လည်း လုချန်းကို ထိမှန်သည့်အခါတွင်တော့ အံ့ဩဖွယ်ကောင်းစွာ ပျောက်ကွယ်သွား၏။

သူတို့နှစ်ဦး ရင်းနှီးစွာ ရှိနေချိန်တွင် ဆေးစွမ်းများသည် လုချန်း၏ ခန္ဓာကိုယ်အတွင်း၌လည်း ကျန်ရှိနေသေးသဖြင့် သက်စောင့်ဝိညာဉ်ဆေးလုံးက လုချန်းကို ကပ်ဘေးမှ ကာကွယ်ပေးလိုက်ခြင်းဖြစ်သည်။

ခရမ်းရောင်လျှပ်စီး စွမ်းအားသည် လုချန်း၏ ခန္ဓာကိုယ်ကို အန္တရာယ် မပြုပဲ ပိုကြံ့ခိုင်အောင်သာ ပြုလုပ်ပေးလိုက်၏။ ခရမ်းရောင်လျှပ်စီး လုချန်းကို ထိမှန်တိုင်း သူ၏ ခန္ဓာကိုယ် ပိုသန်မာလာသည်ကို ယဲ့ချူယောင် ရှင်းရှင်းလင်းလင်း ခံစားမိ၏။

မကြာမီ တိမ်မည်းများ ကွယ်ပျောက်သွားပြီး စစ်မှန်သောနတ်အဆင့်သို့ ယဲ့ချူယောင် တရားဝင် ရောက်ရှိသွားသည်။ ခန္ဓာကိုယ်အတွင်းရှိ အတိုင်းအဆမရှိသော နတ်စွမ်းအားများကို ခံစားမိသည့်အခါ ယဲ့ချူယောင်၏ စိတ်ထဲ ဝေခွဲမရ ဖြစ်နေ၏။

သူမ၏ မူလ ရည်ရွယ်ချက်က လုချန်းကို ဆွဲဆောင်ရန်သာဖြစ်ပြီး သူ့ကို သတိလက်လွတ်ဖြစ်စေကာ သူ၏ မည်သူဖြစ်ကြောင်းကို ဖော်ထုတ်ရန် ဖြစ်သည်။ မထင်မှတ်ပဲ လုချန်းက သူမကို အဆင့်တက်အောင် ကူညီပေးခဲ့ပေသည်။

လုချန်း မည်သို့လုပ်ခဲ့သည်ကို သူမ မသိသော်လည်း သူမ၏ မြန်ဆန်သော အဆင့်တက်မှုက လုချန်းနှင့် ပတ်သက်နေသည်မှာ အမှန်ပင် ဖြစ်၏။

ယဲ့ချူယောင်၏ စိတ်အခြေအနေ မတည်ငြိမ်သေးပေ။ သူမဘာသာ အဆင့်တက်ရန် ကြိုးစားခဲ့ပါက အနည်းဆုံး ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်များစွာ ကြာမြင့်မည်ဖြစ်၏။ ထို့ပြင် ကပ်ဘေးကို ရင်ဆိုင်ရချိန်တွင် မတည်ငြိမ်သော စိတ်အခြေအနေက အလွန် အန္တရာယ်ကြီးလှသည်။

သို့သော် ယနေ့တွင် ကောင်းကင်ဘုံ ကပ်ဘေးက သူမကို အန္တရာယ် မပြုခဲ့ပဲ လုချန်းကိုသာ ထိမှန်ခဲ့သည်။ ထိုလျှပ်စီးများက လုချန်း၏ ခန္ဓာကိုယ်ကိုပင် စွမ်းအားများပေးလိုက်သေး၏။

သို့သော်လည်း ဤကဲ့သို့ ဖြစ်လာပြီးနောက် သူမနှင့် လုချန်းကြားမှ ကိစ္စများ ရပ်တန့်သွားသင့်သလား။

လုချန်းထံ ချဉ်းကပ်ရန် သူမပြခဲ့သော အကြောင်းပြချက်မှာ အဆင့်တက်ရန် ဖြစ်ပြီး ယခု အောင်မြင်သွားပြီဖြစ်ရာ သူမတို့၏ ဆက်ဆံရေး ပြီးဆုံးရမည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ လုချန်းကို ဆက်လက် ဆွဲထားရန် အကြောင်းပြချက်အသစ် ရှာဖွေနေစဉ်မှာပင် လုချန်းက စတင်၍ စကားပြောလာ၏။

လုချန်းက သူမကို

“အစ်မ... ကျုပ် ခုနက လျှပ်စီးစွမ်းအားတွေ အများကြီးကို စုပ်ယူလိုက်ရတယ်။ အဲဒီစွမ်းအားတွေက ကျုပ်ခန္ဓာကိုယ်ထဲမှာ သောင်းကျန်းနေလို့ တော်တော်လေး နေရခက်နေတယ်။ ဒါကို ပြန်ညှိယူဖို့ လိုအပ်တယ်။”

“အစ်မ ကျုပ်ကို ကူညီပြီး ညှိပေးနိုင်မလား။”

ထိုအရာကို ကြားလျှင် ယဲ့ချူယောင် စိတ်ထဲ၌ လှောင်ပြုံး ပြုံးလိုက်၏။ သူမက လုချန်းကို မည်သို့ ဆွဲထားရမည်ဟု တွေးနေစဉ်မှာပင် သူကိုယ်တိုင် အကြောင်းပြချက်အသစ်ကို ပေးလာခဲ့သည်။

အကောင်းဆုံးပင်ဖြစ်သည်။

ယခုတော့ သူမ အကြောင်းပြချက် စဉ်းစားနေစရာ မလိုတော့ပေ။

ယဲ့ချူယောင်က

“ကောင်းပါပြီ”

လုချန်းက ပြုံးလျက်

“ကျေးဇူးတင်ပါတယ် အစ်မ”

ယဲ့ချူယောင်က

“မောင်လေးက ကျွန်မကို စစ်မှန်သောနတ်အဆင့် ရောက်အောင် ကူညီပေးခဲ့တာပဲ။ ဒီလောက် ကိစ္စလေးကတော့ ကျွန်မရဲ့ တာဝန်ပါ။”

လုချန်းက

“ဒါဆိုရင်... ဆက်ကြရအောင်”

ထိုစကားအဆုံးတွင် လုချန်း ပြန်လည်၍ အလုပ်ရှုပ်သွားရပြန်သည်။

…….

သွေးလင်းယုန်ခန်းမ။

ဝိညာဉ်ဆိုး နတ်ဘုရင်၏ စံအိမ်ဖြစ်၏။

ကျယ်ဝန်းလှသော ဂူအတွင်း၌ ပြင်းထန်သော သွေးမြူများနှင့် စိုထိုင်းဆများ ရောယှက်ကာ သွေးမြူတိမ်တိုက်များ ဖြစ်ပေါ်နေပြီး တစ်ဂူလုံးကို မှောင်အတိ ကျနေစေသည်။ ဂူတစ်ခုလုံးတွင် အရိုးများ ပြန့်ကျဲနေပြီး ထိုအရိုးများသည် အမျိုးသမီးများ၏ အရိုးများသာ ဖြစ်ကြ၏။

ဂူ၏ အတွင်းပိုင်း၏ ဝိညာဉ်ဆိုးနတ်ဘုရင်သည် သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ လက်ပေါ်ရှိ အမှတ်အသားကို ဇဝေဇဝါဖြင့် ကြည့်နေမိ၏။

ရှုကျင့်ရှူးထံတွင် ထားခဲ့သော အသံလွှင့်ကျောက်စိမ်းပြားမှတစ်ဆင့် သူမကို ဆက်သွယ်ရန် ဝိညာဉ်ဆိုး နတ်ဘုရင် ကြိုးစားခဲ့သော်လည်း ရှုကျင့်ရှူး၏ ကျောက်စိမ်းပြားမှ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ ထို့ကြောင့် ရှုကျင့်ရှူးထံတွင် ထားခဲ့သော သွေးတံဆိပ်ကို အသုံးပြု၍ သူမနှင့် ဆက်သွယ်ရန် သူ တွေးတောလိုက်၏။

ဤသို့ ပြုလုပ်ခြင်းက သူထားခဲ့သော သွေးတံဆိပ်ကို ပေါ်သွားစေနိုင်သော်လည်း ဤကျင့်စဉ်မီးဖိုကို ဆုံးရှုံးရသည်ထက်တော့ ပို၍ တန်ပေသည်။

သို့သော် ဝိညာဉ်ဆိုး နတ်ဘုရင် အံ့ဩသွားရသည်က သွေးတံဆိပ်ကလည်း မတုံ့ပြန်ခဲ့ခြင်း ဖြစ်၏။ တစ်စုံတစ်ယောက်က ရှုကျင့်ရှူးထံမှ သွေးတံဆိပ်ကို ဖျက်ဆီးလိုက်ပုံ ရပေသည်။

ဘာတွေ ဖြစ်ပျက်နေတာလဲ။

သူထားခဲ့သော သွေးတံဆိပ်ကို မည်သူက ဖျက်ဆီးနိုင်မည်နည်း။

ဝိညာဉ်ဆိုး နတ်ဘုရင်၏ မျက်နှာ အလွန် ခက်ထန်သွားပြီး နတ်ဘုရင်ခံ တစ်ဦးထံသို့ ချက်ချင်း သတင်းပေးပို့လိုက်၏။ လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်း၌ ရှုကျင့်ရှူး၏ သဲလွန်စကို ရှာဖွေရန် လူလွှတ်ခိုင်းလိုက်ခြင်းဖြစ်သည်။

သူမကို လျှို့ဝှက်လဝန်းနန်းတော်မှ လူများ တွေ့ရှိသွားပြီလားဟု သူ သံသယဝင်မိသည်။ ရှုကျင့်ရှူးသည် သူ နတ်သခင်အဆင့်သို့ တက်လှမ်းရန်အတွက် သော့ချက်ဖြစ်၏။

သူ၏ ကျင့်စဉ်မီးဖိုကို အထိခိုက်မခံနိုင်ပေ။

ရှုကျင့်ရှူးကို ရှာဖွေရန် လူများ လွှတ်လိုက်ပြီးနောက် ဝိညာဉ်ဆိုး နတ်ဘုရင် စိတ်ပြန်ငြိမ်သွားသော်လည်း တစ်ခုခု မှားယွင်းနေသည်ကို မသဲမကွဲ ခံစားနေရ၏။

ရှုကျင့်ရှူးထံတွင် အသက်ကယ်ရတနာ အမြောက်အမြား သူ ပေးထားခဲ့သည်။ နတ်ဘုရင် တစ်ပါး ဆိုလျှင်ပင် သူမကို သတ်ရန် မလွယ်ကူပေ။ သူမက အဘယ်ကြောင့် ထိုရတနာများကို အသုံးမပြုခဲ့သနည်း။

ထို့ပြင် သူမ တကယ်တမ်း အခက်အခဲနှင့် တွေ့ကြုံခဲ့ပါက သူမ၏ သွေးတံဆိပ် ချက်ချင်း အလုပ်လုပ်မည်ဖြစ်၏။ ထိုအခါ သူ ချက်ချင်း သိနိုင်မည် ဖြစ်သည်။

သူမအနေနှင့် ဤမျှ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားရန် မဖြစ်နိုင်ပေ။ အဓိကအချက်မှာ သွေးတံဆိပ် ပျောက်ကွယ်သွားခြင်းအား သူ့ကို မသိနိုင်ခဲ့ခြင်းပင်။

ဒါကို ဘယ်သူ လုပ်လိုက်တာလဲ။

သူ၏ ကျင့်စဉ်မီးဖိုကို ပစ်မှတ်ထားဝံ့သူ မည်သူမဆို ထိုက်တန်သော တန်ဖိုးကို ပေးဆောင်ရမည်။

All Chapters