← Chapters

အခန်း ၁၀၃-၁၀၄

Vol. 11 Ch. 103-104

အခန်း ၁၀၃-၁၀၄

Vol. 11 Ch. 103-104

အခန်း (၁၀၃)-- ဓားပြတိုက်ခြင်း

ဆယ်မိနစ်ခန့် ကြာပြီးနောက်။

ချန်လော့၏ သတ်ဖြတ်ခြင်းဝင်္ကပါကျိုးပျက်သွားပြီးနောက် အပြင်းအထန် ဒဏ်ရာရနေသော တပည့်နှစ်ယောက်သည် အတွင်းမှ ယိမ်းယိုင်စွာ ထွက်လာကြ၏။

သို့သော် သူတို့သည် စက္ကန့်အနည်းငယ်မျှပင် မတ်တတ်မရပ်နိုင်ခင်မှာပင် မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားကြသည်။

သူတို့၏ ဘေးတွင် အခြားတပည့်တစ်ယောက်၏ အလောင်းရှိနေပြီး သူ၏ ခေါင်းနှင့် ခြေလက်များကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။

ဤသည်ကို မြင်သောအခါ ချန်လော့က ပြုံးလိုက်၏။

“သူ အသက်ရှင်နေသေးတယ် ဆိုတော့ သိပ်တော့ အသုံးမကျတာ မဟုတ်ပါဘူး...”

ထိုသို့ ပြောရင်း သူသည် ထိုလူနှစ်ယောက်ရှိရာသို့ လျှောက်သွားလိုက်သည်။

ထိုတပည့်နှစ်ယောက်သည် မော့ကြည့်လိုက်သော်လည်း သူတို့၏ မျက်နှာများမှာ စုတ်ပြတ်သတ်နေပြီး သူတို့၏ အဝတ်အစားများမှာလည်း သွေးများဖြင့် စွန်းထင်းနေပြီ ဖြစ်၍ မည်သူက မည်သူဖြစ်ကြောင်း ချန်လော့ ခွဲခြားနိုင်ခြင်း မရှိတော့ချေ။

သို့သော် ချန်လော့သည် သူတို့ မည်သူဖြစ်ကြောင်းကို ဂရုမစိုက်ပေ။ သူသည် ဓားရှည်ကို ဆွဲထုတ်၍ သူတို့ထဲမှ တစ်ယောက်၏ ခေါင်းကို ထိုးစိုက်လိုက်သည်။

“ဖူး...”

ဓားသွားက ထိုလူ၏ ခေါင်းနောက်ဘက်ကို ဖောက်ထွက်သွားပြီး သူ၏ အသက်စွမ်းအင်က တစ်မုဟုတ်ချင်း ပျောက်ကွယ်သွား၏။

ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသော အခြားတပည့်မှာ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်တွင် ချန်လော့သည် သူ့ကို တိုက်ခိုက်ရန် ဓားရှည်ကို မြှောက်ထားပြီး ဖြစ်၏။

“မင်း... မင်းက သတ်ဖြတ်ခြင်းဝင်္ကပါထဲကနေ ထွက်လာနိုင်ရင် ငါတို့ အသက်ကို ချမ်းသာပေးမယ်လို့ ပြောခဲ့တယ်လေ...”

ဤသည်ကို ကြားသောအခါ တိုက်ခိုက်တော့မည် ပြင်နေသော ချန်လော့သည် ရုတ်တရက် ရပ်တန့်သွားပြီး ပြုံးလိုက်သည်။

“ငါ အဲဒီလို ပြောခဲ့လို့လား...”

“ပြောခဲ့တယ်လေ...”

တပည့်က အလျင်အမြန် ပြန်ဖြေလိုက်၏။

“မင်း သတ်ဖြတ်ခြင်းဝင်္ကပါထဲမှာ ပြောခဲ့တယ်လေ... မင်းတို့ အသက်ရှင်မယ်၊ မရှင်ဘူး ဆိုတာ မင်းတို့ရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်တယ်လို့...”

“အခု ငါတို့ အသက်ရှင်နေပြီကို မင်းက ငါတို့ကို သတ်ချင်နေတယ်...”

“မင်း... မင်း... မင်း ကတိဖျက်တယ်...”

အချိန်အတော်ကြာ တောင့်ခံထားပြီးနောက် ထိုတပည့်က နောက်ဆုံးတွင် အနှစ်သာရမရှိသော စကားလုံးလေးလုံးကို အနိုင်နိုင် ပြောထွက်သွားသည်။ “ကတိစကားကို ဖျက်တယ်...”

ချန်လော့သည် ထိုစကားကို ကြားပြီးနောက် အသံထွက်၍ပင် ရယ်မောလိုက်ပေမဲ့ သူသည် ဘာကိုမှ မငြင်းဆိုခဲ့ပေ။

“ဟုတ်တယ်... ငါ အဲဒီလို ပြောခဲ့တယ်... မင်းတို့ အသက်ရှင်မယ်၊ မရှင်ဘူး ဆိုတာက မင်းတို့ရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်တယ်လို့...”

သို့သော် ချန်လော့သည် ခေါင်းလှည့်၍ ဆက်ပြောလိုက်၏။

“ဒါပေမဲ့ အဲဒါက အခု ငါ မင်းကို သတ်တာနဲ့ ဘာဆိုင်လို့လဲ...”

ဤစကားကို ကြားသောအခါ ထိုတပည့်မှာ ချက်ချင်းပင် ဆွံ့အသွားပြီး ချန်လော့ ဆိုလိုသည့် အဓိပ္ပာယ်ကို နားမလည်တော့ချေ။

သို့ပေမဲ့ ချန်လော့သည် အလောတကြီး မရှိပေ။ သူ့တွင် အချိန်အများကြီး ရှိနေသဖြင့် ဖြည်းဖြည်းခြင်း ရှင်းပြလိုက်သည်။

“ငါ ပြောတာက မင်းတို့ သတ်ဖြတ်ခြင်းဝင်္ကပါထဲမှာ အသက်ရှင်နိုင်မလား၊ မရှင်နိုင်ဘူးလား ဆိုတာက မင်းတို့ရဲ့ ကံကြမ္မာအပေါ်မှာ မူတည်တယ်လို့...”

“မင်း အသက်ရှင်နေတယ် ဆိုတာ မင်း ကံကောင်းတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ... ဒါပေမဲ့ အဲဒါက မင်းကို ငါကိုယ်တိုင် သတ်စရာ မလိုဘူးလို့ ဘယ်လိုလုပ် အဓိပ္ပာယ်သက်ရောက်သွားတာလဲ...”

“ဥပမာ... မင်းက မုဆိုးရဲ့ ထောင်ချောက်ထဲကနေ လွတ်လာတယ်... မုဆိုးက အဲဒါကို မြင်ပြီး မင်း ဒီလို ထောင်ချောက်မျိုးကနေ လွတ်လာတာ တကယ် ကံကောင်းတာဘဲလို့ ပြောပြီး သူ့လေးနဲ့ မြားကို ထုတ်.. မင်းကို တစ်ချက်တည်း ပစ်သတ်လိုက်သလိုမျိုးပေါ့...”

“မင်း ကံကောင်းတယ်၊ ဘုန်းကံကြီးတယ်လို့ ပြောတာနဲ့ ငါကိုယ်တိုင် မင်းကို သတ်တာနဲ့ ကြားမှာ မလွဲမသွေ ဆက်စပ်နေတဲ့ အကြောင်းပြချက် တစ်ခုခု ရှိလို့လား...”

ချန်လော့၏ ရှင်းပြချက်ကို ကြားပြီးနောက် ထိုတပည့်မှာ နေရာ၌ပင် အေးခဲသွားပြီး သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။

သို့သော် ချန်လော့သည် အလောတကြီး လှုပ်ရှားခြင်းမရှိပေ။ ယင်းအစား သူသည် ထိုတပည့်၏ နားနားသို့ တိတ်တဆိတ် ကပ်သွားပြီး ဆက်ပြောလိုက်သည်။

“အဲဒါအပြင် ငါ ကတိဖျက်တယ်ဆိုရင်တောင် မင်းက ဘာလုပ်နိုင်မှာမို့လို့လဲ...”

ထိုတပည့်၏ မျက်လုံးများသည် အထိတ်တလန့် ပြူးကျယ်သွားပြီး သူ ဘာမှမပြောနိုင်ခင်မှာပင် ဓားရှည်က သူ၏ ခေါင်းကို ဖောက်ထွက်သွားလေပြီ။

“ဖူး...”

ဓားတစ်ချက်တည်းဖြင့် ထိုတပည့်မှာ မျက်လုံးပြူးလျက် ချန်လော့၏ ဓားချက်အောက်တွင် သေဆုံးသွားတော့၏။

“ပြီးပြည့်စုံတယ်...”

ချန်လော့သည် ညင်သာစွာ ရယ်မောလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် ရန်သူများကို ရင်ဆိုင်ရချိန်တွင် မည်သည့်အခါမျှ အနည်းငယ်မျှပင် သနားညှာတာမှု မပြခဲ့ပေ။

သူ၏ ဓားရှည်ကို ဓါးအိမ်ထဲသို့ ပြန်သွင်းလိုက်ပြီးနောက် ချန်လော့သည် ထွက်ခွာရန် လှည့်လိုက်၏။

သို့သော် သူ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ အနောက်တွင် စောင့်ကြည့်နေခဲ့သော တပည့် ခြောက်ဆယ်၊ ခုနစ်ဆယ်ခန့်က အတူတကွ နောက်သို့ တစ်လှမ်း ဆုတ်သွားကြသည်ကို တွေ့လိုက်ရသည်။

ဤသည်ကို မြင်သောအခါ ချန်လော့မှာ အကူအညီမဲ့စွာ ပြုံးရုံသာ တတ်နိုင်တော့၏။

ငါလေးက အဲဒီလောက်တောင် ကြောက်ဖို့ ကောင်းနေလို့လား...

ချန်လော့သည် မဲ့ပြုံးလေးဖြင့် တောင်အောက်သို့ ဆင်းသွားလေသည်။

ချန်လော့ ထွက်ခွာသွားပြီးနောက် ဆေးတောင်ထိပ်မှ တပည့်များမှာ သက်ပြင်းချလိုက်ကြသည်။

ထိုမိစ္ဆာကောင်သည် နောက်ဆုံးတော့ ထွက်သွားခဲ့လေပြီ။

ထို့နောက် လူတိုင်းသည် မြေပြင်ပေါ်ရှိ အတွင်းဂိုဏ်းသားများ၏ အလောင်းများကို ကြည့်လိုက်ကြသည်။

“ဒီအလောင်းတွေကို ငါတို့ ဘယ်လို လုပ်ကြမလဲ...”

“တောင်ထွတ်အသီးသီးက အကြီးအကဲတွေကို အကြောင်းကြားပြီး... သူတို့ တပည့်တွေရဲ့ အလောင်းတွေကို လာယူဖို့ လူလွှတ်ခိုင်းလိုက်...”

လူတိုင်းသည် ခေါင်းညိတ်လိုက်ကြပြီး အကြီးအကဲများကို ရှာဖွေရန် တောင်ထွတ်အသီးသီးသို့ သွားရန် ပြင်လိုက်ကြ၏။

သို့ပေမဲ့ ထိုအချိန်တွင် ချန်လော့က အပြေးအလွှား ပြန်ရောက်လာသည်။

ဤသည်ကို မြင်သောအခါ လူတိုင်းမှာ အလွန် ကြောက်ရွံ့သွားကြသဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြ၏။

သို့သော် ချန်လော့က သူတို့ကို လုံးဝ လျစ်လျူရှု၍ ရှောင်ကွင်းကာ သူ သတ်ဖြတ်ခဲ့သော အတွင်းဂိုဏ်းသားများထံသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

“ငါ အရေးကြီးတာ တစ်ခုခု မေ့တော့မလို့ပဲ...”

ဤကဲ့သို့ပြောရင်းပင် ချန်လော့သည် ဆေးတောင်ထွတ်တပည့်များ၏ အရှေ့တွင် ရပ်ကာ အတွင်းဂိုဏ်းသားများထံမှ သိုလှောင်အိတ် အားလုံးကို ယူ၍ သူ၏ ကိုယ်ပိုင် သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။

ထို့အပြင် ချန်လော့သည် သူတို့၏ အဝတ်အစားများကိုပါ ချွတ်ပစ်လိုက်သေးသည်။

သေချာသည်မှာ ဤလုပ်ရက်က ချန်လော့တွင် မကောင်းသော အကျင့်များ ရှိနေသောကြောင့် မဟုတ်ပေ။ သူက သူတို့၏ အတွင်းခံများအောက်တွင် သံချပ်ကာအပျော့စား သို့မဟုတ် ထိုကဲ့သို့သော အရာများ ရှိနေမလား ဆိုသည်ကို သိချင်ရုံသက်သက်သာ ဖြစ်၏။

သို့သော် တပည့်တို့၏အဝတ်အစားများကို ချွတ်ပြီးနောက် ချန်လော့မှာ အကူအညီမဲ့စွာ သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။

“သူတောင်းစား အုပ်စုပဲ...”

ချန်လော့သည် အလောင်းကို ကန်ရင်း ဆဲရေးတိုင်းထွာလိုက်ပြီးနောက် ထွက်ခွာသွားလေသည်။

အဝတ်အစားချွတ်ခံထားရသော အလောင်းများကို မြင်သောအခါ ဆေးတောင်ထွတ်မှ တပည့်များမှာ တစ်ခဏမျှ ဆွံ့အသွားကြ၏။

“အမ်း... ငါတို့ တောင်ထွတ်အသီးသီးက အကြီးအကဲတွေကို သတင်းပို့ဖို့ လိုသေးလို့လား...”

“ဒီကိစ္စကို မေ့လိုက်ပြီး ငါတို့ ဘာမှ မမြင်ခဲ့ဘူးလို့ပဲ ဟန်ဆောင်လိုက်ရင်ရော ဘယ်လိုလဲ...”

ထိုလူစုက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မပြောမဆိုဘဲ သဘောတူညီချက် ရသွားသည့်အလား ဘာစကားမှ မပြောဘဲ ထွက်ခွာသွားကြတော့သည်။

တပည့်အားလုံးသည် မည်သည့်အရာမှ မမြင်ခဲ့သည့်အလား လှည့်ထွက်သွားခဲ့ကြသဖြင့် နောက်တစ်နေ့ရောက်မှသာ တောင်ထွတ်အသီးသီးမှ အကြီးအကဲများက သတင်းကို ကြားသိရပြီး သူတို့၏ အလောင်းများကို သိမ်းဆည်းရန် အသီးသီးမှ တပည့်များကို စေလွှတ်လိုက်ကြ၏။

သို့သော် ချန်လော့က သူတို့ကို ကိုယ်တုံးလုံး ချွတ်ထားခဲ့ပြီး သူတို့ထဲမှ အများစုမှာ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေကာ အချို့ဆိုလျှင် အသားစိုင်များအဖြစ်ပင် ပြောင်းလဲသွားခဲ့သဖြင့် မည်သူက မည်သူဖြစ်ကြောင်းကို ခွဲခြားရန် မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် သူတို့က မည်သူ့အပိုင်းအစများ ဖြစ်သည်ကို ဂရုမစိုက်ဘဲ ဖြစ်သလို ခွဲဝေယူလိုက်ကြသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းများ အားလုံး စုံလင်နေသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် သူတို့သည် အလျင်စလို အလုပ်သိမ်း၍ ပြန်သွားကြတော့၏။

…

နာရီဝက်ခန့် ကြာပြီးနောက် ချန်လော့သည် ချင်းယန်တောင်ထွတ်၏ တောင်ခြေသို့ ရောက်ရှိလာသည်။

သူသည် တောင်ပေါ်ကို တက်တော့မလို့ ပြင်လိုက်တုန်းမှာပဲ ရုတ်တရက် တစ်ယောက်ယောက်မှ နာမည် ခေါ်လိုက်သည်ကို ကြားလိုက်ရသည်...

“ချန်လော့... မင်း အဲဒီနေရာမှာ ရပ်လိုက်စမ်း...”

အသံကို ကြားလိုက်ရသောအခါ ချန်လော့မှာ အံ့အားသင့်သွား၏။

ဂိုဏ်းထဲတွင် သူ့ကို မကြောက်သောသူ ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့သလို ထိုအသံကလည်း အတော်လေး ရင်းနှီးနေသကဲ့သို့ ခံစားရသည်။

အသံလာရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သောအခါ သူ့ဆီသို့ ပြေးလာနေသော ရင်းနှီးနေသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။

“ကျစ်... ငါ့သိုလှောင်အိတ်ကို ပြန်ပေးစမ်း...”

ထိုသူမှာ ချန်လော့၏ ငွေအိတ်ကို ခိုးယူသွားခြင်းကြောင့် ချင်းယန်တောင်ထွတ်၏ တောင်ခြေတွင် တစ်လကျော်ကြာအောင် ထိုင်စောင့်နေခဲ့သော ပိုင်ဇီချိုးပင် ဖြစ်သည်။

ချန်လော့သည် သူ့ကို ကြည့်လိုက်သောအခါ တစ်ဖက်လူမှာ စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး မျက်နှာမှာလည်း ဖျော့တော့ကာ ညစ်ပတ်နေပြီး အတန်ကြာ ရေမချိုးရသေးသည့်ပုံ ပေါက်နေကြောင်း တွေ့လိုက်ရ၏။

“မင်း ဒီနေရာမှာ ငါ့ကို စောင့်နေတာ တစ်လတောင် ကျော်နေပြီလား...”

ပိုင်ဇီချိုးက ခေါင်းညိတ်လိုက်သည်။

“ဒီအတောအတွင်းမှာ မင်း မထွက်သွားဘူးလား...”

ပိုင်ဇီချိုးက ထပ်၍ ခေါင်းညိတ်လိုက်၏။

ခေတ္တမျှ ချန်လော့သည် ဘာပြောရမည်မှန်း မသိတော့ချေ။

ပိုင်ဇီချိုးတွင် ဤမျှ အံ့မခန်း ဇွဲလုံ့လ ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ဤဇွဲလုံ့လကြောင့် သူကိုယ်တိုင်ပင် စိတ်လှုပ်ရှားသွားမိကြောင်း ဝန်ခံရမည် ဖြစ်၏။

ထို့ကြောင့် ချန်လော့သည် အရာအားလုံးကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် ခါးမှ ဓားရှည်တစ်လက်ကို ဆွဲထုတ်၍ ပိုင်ဇီချိုး၏ လည်ပင်းကို ထောက်လိုက်၏။ ပိုင်ဇီချိုးက မတုံ့ပြန်နိုင်သေးခင်မှာပင် သူက ပြောလိုက်သည်။

“ဓားပြတိုက်တာ... မင်းဆီမှာ ရှိတာတွေ အကုန်ပေးစမ်း...”

ပိုင်ဇီချိုးမှာ ခေတ္တမျှ ဆွံ့အသွားပြီး ခုခံရန် ပြင်လိုက်စဉ်မှာပင် ချန်လော့၏ အသံသည် ထပ်မံ ထွက်ပေါ်လာ၏။

“မင်းကို ငါ အကြံပေးချင်တာက မခုခံနဲ့... ငါက အခု အခြေခံတည်ဆောက်ခြင်း သတ္တမအဆင့် အထွတ်အထိပ်၊ ဒုတိယအဆင့် ဝင်္ကပါဆရာ အထွတ်အထိပ်၊ ခန္ဓာကိုယ်ကျင့်ကြံမှု ကိုးကြိမ်သွန်း သံအရိုး အဆင့်မှာ ရှိနေပြီ... ရွှေမြုတေအဆင့် လာရင်တောင် သတ်ပစ်နိုင်တယ်...”

ဤသည်ကို ကြားပြီးနောက် ပိုင်ဇီချိုးမှာည လုံးဝ ဆွံ့အသွားတော့သည်။

ဘာဖြစ်သွားတာလဲ... သူ တောင်ခြေမှာ နေတာ တစ်လကျော်လေးပဲ ရှိသေးတာ မဟုတ်ဘူးလား... ဘာလို့ ချန်လော့ရဲ့ ကျင့်ကြံမှုအဆင့်က ရုတ်တရက် ဒီလောက်ထိ တက်သွားရတာလဲ...

သူ တောင်ခြေမှာ ထိုင်စောင့်နေတာ အရမ်းကြာသွားလို့ သူရဲ့ ခေါင်းထဲမှာ တစ်ခုခု မှားနေပြီလားလို့တောင် သူ စတင် တွေးတောလာမိ၏။

သူ တောင်ခြေမှာ ထိုင်စောင့်နေတာ ဆယ်နှစ်လောက် ရှိသွားလို့များလား...

အခန်း (၁၀၄) ကြီးမြတ်သော ပါရမီနှင့် အမြော်အမြင

ချန်လော့သည် ပိုင်ဇီချိုး၏ ခန္ဓာကိုယ်ပေါ် တွင် ခေါင်းအစ ခြေအဖျားအထိ မည်သည့်အရာမျှ မကျန်ခဲ့စေရန် အသေးစိတ် ရှာဖွေလိုက်သည်။

သို့ပေမဲ့ ချန်လော့အတွက် လုံးဝ စိတ်ပျက်စရာ ကောင်းသည်မှာ ဤကောင်၏ ကိုယ်ပေါ်တွင် ဝိညာဉ်ကျောက်တုံး တစ်တုံးမျှပင် မရှိခြင်း ဖြစ်၏။

သူ၏ အရှေ့တွင် တုန်ယင်နေသော ပိုင်ဇီချိုးကို ကြည့်ရင်း ချန်လော့သည် သူ့ကို ပိုင်ဇီချိုး တောင်ခြေတွင် တစ်လတိတိ အဘယ်ကြောင့် စောင့်နေရသည်ကို ရုတ်တရက် နားလည်သွားသည်။

သူက အခု အရမ်း ဆင်းရဲနေလို့ သူခိုးတောင် ဆန်နှစ်အိတ်လောက် ချန်ထားပေးခဲ့မယ့်ပုံပဲ...

ကံကောင်းထောက်မစွာဖြင့် ချန်လော့၏ ယုံကြည်မှုသည် သူခိုးထက်ပင် ဆိုးရွားနေသဖြင့် သူ ဘာအရှုံးမှ မပေါ်ခဲ့ပေ။

“ထွက်သွားစမ်း...”

ချန်လော့သည် ထိုသို့ ပြောပြီးနောက် ချင်းယန်တောင်ထွတ်ဆီသို့ လျှောက်သွားလေသည်။

ချန်လော့ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ပိုင်ဇီချိုး၏ မျက်လုံးထောင့်မှ မျက်ရည်တစ်ပေါက် အလိုအလျောက် ကျဆင်းလာ၏။

“ငါ့ရဲ့ ငွေအိတ်... ငါ့ရဲ့ ဝိညာဉ်ကျောက်တုံး... ငါ့ရဲ့ တစ်သက်စာ စုဆောင်းထားတာတွေ...”

ဤကဲ့သို့ပြောရင်း သူသည် တိတ်တဆိတ် စတင် ငိုကြွေးတော့သည်။

အဘယ်ကြောင့်ဆိုသော် ဤကွဲကွာခြင်းက တစ်သက်တာလုံး ကြာရှည်သွားလိမ့်မည် ဖြစ်ကြောင်း သူ သိထားသောကြောင့် ဖြစ်၏။

ဤဘဝတွင် ၎င်းတို့ကို ပြန်လည်ရရှိရန် အခွင့်အရေး သူ ဘယ်တော့မှ ရတော့မည် မဟုတ်ပေ။

…

မကြာမီမှာပင် ချန်လော့သည် ချင်းယန်တောင်ထွတ်ရှိ သူ၏ နေအိမ်သို့ ပြန်ရောက်လာ၏။

တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အတွင်းဘက်တွင် မျက်လုံးမှိတ်၍ တရားထိုင်နေသည့် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။

“မင်း ပြန်ရောက်ပြီလား...”

လောချင်းယွီက မျက်လုံးများကို မှိတ်ထားရင်း တိုးညင်းစွာ မေးလိုက်၏။

“ဆရာ... ကိစ္စ တစ်ခုခု ရှိလို့လား...”

ချန်လော့က လောချင်းယွီကို ကြည့်၍ မေးလိုက်သည်။

လောချင်းယွီသည် ချန်လော့အပေါ် အမြဲတမ်း တစ်ပိုင်း လွှတ်ထားသည့် ချဉ်းကပ်မှုကို အသုံးပြုလေ့ရှိ၏။ ဘာမှမရှိလျှင် ချန်လော့ ဘာလုပ်ချင်သည်ဖြစ်စေ အရမ်းမဆိုးရွားသရွေ့ သူမ ဝင်မစွက်ဖက်ပေ။

လောချင်းယွီသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး သူမ၏ တောက်ပသောမျက်လုံးများဖြင့် ချန်လော့ကို ကြည့်လိုက်၏။

“အဲဒီလူတွေ... အားလုံး အသတ်ခံလိုက်ရပြီလား...”

လောချင်းယွီက တည်ငြိမ်ပြီး တုန်လှုပ်မှုမရှိသော လေသံဖြင့် မေးလိုက်သည်မှာ အာရုံစိုက်စရာ မလိုသည့် အသေးအဖွဲ ကိစ္စတစ်ခုလိုပင်။

ချန်လော့သည် ပြုံး၍ ခေါင်းညိတ်လိုက်၏။

“အားလုံးကို သတ်ပစ်လိုက်တယ်... တစ်ယောက်မှ အသက်မရှင်ဘူး...”

လောချင်းယွီသည် ခေါင်းညိတ်လိုက်ပြီးနောက်တွင်လည်း တည်ငြိမ်ကာ ကျက်သရေရှိနေဆဲပင် ဖြစ်သည်။

သူမသည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး ချန်လော့ကို ကြည့်လိုက်၏။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား သူမက စကားစလိုက်သည်။

“ဒါနဲ့... မိစ္ဆာတာအို ပြိုင်ပွဲကို နောက်နှစ်ပတ်လောက် နေရင် ဂိုဏ်းမှာ ကျင်းပတော့မယ်... မင်း ပါဝင်ဖို့ စိတ်ဝင်စားလား...”

“မိစ္ဆာတာအို ပြိုင်ပွဲ...”

ချန်လော့မှာ အံ့အားသင့်သွား၏။ သူသည် ဤအရာများနှင့် ပတ်သက်၍ သိပ်မသိကြောင်း သိသာလှသည်။

“မိစ္ဆာတာအို ပြိုင်ပွဲ ဆိုတာ မိစ္ဆာဂိုဏ်း အသီးသီးကြားက ပြိုင်ပွဲတစ်ခုပဲ... ဂိုဏ်းတွေက သူတို့ရဲ့ အဖွဲ့ဝင်တွေကို စုစည်းပြီး တပည့်တွေထဲမှာ ဘယ်သူက အတော်ဆုံးလဲ ဆိုတာ ယှဉ်ပြိုင်ကြတာ... သုံးနှစ်တစ်ကြိမ် ကျင်းပတဲ့ ပွဲပေါ့...”

“သေချာပေါက်... တပည့်တွေ စိတ်အားထက်သန်အောင်လဲ ဂိုဏ်းရဲ့ အထက်လူကြီးတွေက သူတို့ကို ဆုလာဘ် တစ်ခုခု ပေးလေ့ရှိတယ်...”

ဤနေရာတွင် လောချင်းယွီသည် ချန်လော့ဘက်သို့ လှည့်၍ မေးလိုက်၏။

“မင်း ပါဝင်ဖို့ စိတ်ဝင်စားလား...”

“အမ်း... ဘယ်လို ဆုလာဘ်မျိုးတွေ ရှိလို့လဲ...”

“ဆေးလုံးတွေ၊ ဝိညာဉ်ကျောက်တုံးတွေ၊ ပြီးတော့ မှော်လက်နက် ဒါမှမဟုတ် လျှို့ဝှက်နက်နဲတဲ့ လက်နက် စတာတွေပေါ့...”

“ပြိုင်ဘက်က ဘယ်လောက် အားကောင်းလဲ...”

“ပြိုင်ပွဲကြီး ဖြစ်သလို သုံးနှစ်တစ်ကြိမ်လည်း ဖြစ်တော့ မိစ္ဆာဂိုဏ်း အသီးသီးက ထိပ်တန်းတပည့်တွေ အားလုံး ဒီကို ရောက်လာကြမှာ သဘာဝပဲ...”

“ချီသန့်စင်ခြင်းအဆင့်၊ အခြေခံတည်ဆောက်ခြင်းအဆင့်၊ ရွှေမြုတေအဆင့်... တပည့်အဆင့် သုံးဆင့်ကို ပြိုင်ပွဲအတွက် ခွဲခြားထားလေ့ရှိတယ်...”

လောချင်းယွီ၏ စကားကို ကြားပြီးနောက် ချန်လော့က တစ်ခဏမျှ စဉ်းစားလိုက်၏။

“ကျွန်တော် ချီသန့်စင်ခြင်းအဆင့်က ကျင့်ကြံသူတွေနဲ့ ယှဉ်ပြိုင်လို့ ရမလား...”

လောချင်းယွီ ချန်လော့ကို ဘာစကားမှ မပြောဘဲ ကြည့်လိုက်သည်။

“ကျွန်တော် နောက်နေတာပါ...”

ချန်လော့သည် ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။

“အဲဒါဆို ကျွန်တော် မပါရင်ရော ပြဿနာ ရှိလား...”

ချန်လော့သည် ဤပြိုင်ပွဲများကို သိပ်စိတ်မဝင်စားပေ။

ဆုလာဘ်များနှင့် ပတ်သက်၍လည်း သူ့အတွက် သိပ်ဆွဲဆောင်မှု မရှိချေ။

သူ့အတွက် ဆေးလုံးများ၊ မှော်လက်နက်များနှင့် လျှို့ဝှက်နက်နဲသော လက်နက်များသည် လတ်တလော မလိုအပ်သဖြင့် ဝိညာဉ်ကျောက်တုံးများကသာ သူ၏ အာရုံကို ဖမ်းစားနိုင်စွမ်း ရှိ၏။

သို့သော် ဤပြိုင်ပွဲသည် အခြေခံတည်ဆောက်ခြင်းအဆင့်တွင်သာ ရှိသေးသဖြင့် ဆုလာဘ်အဖြစ် ဝိညာဉ်ကျောက်တုံး အများအပြား မပေးနိုင်ပေ။ အလွန်ဆုံးမှ ရာဂဏန်း အနည်းငယ်မျှသာ ဖြစ်၏။

ဤအချိန်မျိုးတွင် ချန်လော့အတွက် ဂိုဏ်းအတွင်း စီးပွားရေးလုပ်ငန်းတစ်ခု စတင်၍ ဝိညာဉ်ကျောက်တုံး အချို့ ရှာဖွေခြင်းကတောင် ပို၍ ကောင်းမွန်လိမ့်မည်ဖြစ်သည်။

ချန်လော့သည် ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်၏။ သူ၏ ဂုဏ်သတင်းက ညစ်နွမ်းနေဆဲ ဖြစ်သော်လည်း—မဟုတ်သေး၊ ကျော်ကြားနေဆဲ ဖြစ်သဖြင့်— သူသည် အတိုးကြီးစား ငွေချေးလုပ်ငန်း တစ်ခုကို ဖွင့်လှစ်မည် ဖြစ်သည်။သူသည် ဝိညာဉ်ကျောက်တုံး ၁၀၀ မှ စတင်၍ ချေးငှားမည် ဖြစ်ပြီး နေ့စဉ် အတိုးနှုန်းမှာ ၅၀% မှ စတင်မည် ဖြစ်၏။ ရက်ပေါင်း ဆယ်ရက် ကြာပြီးမှသာ ဝိညာဉ်ကျောက်တုံးများကို ပြန်ဆပ်ခွင့် ရှိမည် ဖြစ်သည်။ တစ်ယောက်လျှင် သူအနည်းဆုံး ပြန်ရမည်မှာ ၅၇၆၆.၅ တုံး ဖြစ်၏။

ချန်လော့တွင် လတ်တလော အရင်းအနှီးအဖြစ် ဝိညာဉ်ကျောက်တုံး ၂,၀၀၀ ရှိပြီး လူ ၂၀ ကို ချေးငှားနိုင်သည်။ ဆယ်ရက်အတွင်း သူက ဝိညာဉ်ကျောက်တုံး ၁၁၀,၀၀၀ ကို ပြန်လည် ရရှိနိုင်မည် ဖြစ်၏။

သေချာသည်မှာ ထိုသို့သော အတိုးကြီးစား ငွေချေးသူများထံမှ ငွေချေးသူများမှာ များသောအားဖြင့် လှည့်ပေါက်မရှိတော့သော သူများသာ ဖြစ်ကြသည်။

ချန်လော့က ထိုလူတွေကို သတ်ပစ်လိုက်လျှင်ပင် ငွေပြန်ရရန် မသေချာလှပေ။

ကံကောင်းထောက်မစွာဖြင့် ချန်လော့သည် ဖြေရှင်းနည်းတစ်ခုကို စဉ်းစားမိပြီးသား ဖြစ်၏...

ချန်လော့၏ မျက်နှာပေါ်မှ အပြုံးကို ကြည့်ရင်း လောချင်းယွီက ချန်လော့ မည်သည်ကို တွေးနေမှန်း သူမ, မသိသော်လည်း အကြံဆိုး တစ်ခုခု ကြံနေသည်မှာ သေချာကြောင်း သူမ သိ၏။

“မင်း သွားသွား၊ မသွားသွား အရေးမကြီးပါဘူး...”

ဤသည်ကို ကြားသောအခါ ချန်လော့မှာ အံ့အားသင့်သွားပြီး လောချင်းယွီကို အံ့သြစွာ ကြည့်လိုက်သည်။

လောချင်းယွီ၏ ယခင် အပြုအမူများအရဆိုလျှင် ယခုအချိန်တွင် သူမက ချန်လော့ကို စတင် ခြိမ်းခြောက်နေသင့်ပြီ မဟုတ်ပါလား။

ဘာလို့ ဒီနေ့ စရိုက်နဲ့ မတူဘဲ ပြုမူနေရတာလဲ...

လောချင်းယွီသည် ချန်လော့၏ ထူးဆန်းသော အကြည့်ကို သတိပြုမိသွားပုံရသဖြင့် တိုးညင်းစွာ ပြောလိုက်၏။

“ဒါက ပြိုင်ပွဲတစ်ခု သက်သက်ပါဘဲ... ပါဝင်တဲ့သူတိုင်းက ကိုယ့်အကန့်အသတ်ကို ကိုယ်သိပြီး မင်းကို သတ်ဖို့ ရည်ရွယ်မှာ မဟုတ်ဘူး... သိပ်တော့ စိတ်ဝင်စားဖို့ မကောင်းပါဘူး...”

ဤသည်ကို ကြားသောအခါ ချန်လော့မှာ တစ်ခဏမျှ ဆွံ့အသွားတော့သည်။

ဆိုတော့ အသက်အန္တရာယ် ရှိတဲ့ အခြေအနေ မဟုတ်ရင် ပါဝင်ဖို့ စိတ်မဝင်စားဘူးပေါ့...

သို့သော် လောချင်းယွီက ဆက်ပြောလိုက်၏...

“ပြီးတော့ မင်းရဲ့ မကြာသေးခင်က တိုးတက်မှုတွေကို ငါ တွေ့ခဲ့တယ်... ငါ မျှော်လင့်ထားတာထက်တောင် ပိုကောင်းနေသေးတာမို့... မင်း ဒီပြိုင်ပွဲမှာ မပါဝင်ချင်ဘူး ဆိုရင်လည်း ကိုယ်ကိုယ်တိုင်တော့ လေ့ကျင့်နေသင့်တယ်...”

“မင်းက အခု အရမ်း အားကောင်းနေပြီ ဆိုပေမယ့် ချိုးယွီနင်ကို ရင်ဆိုင်နိုင်ဖို့က အများကြီး လိုသေးတယ်...”

ဤသည်ကို ကြားသောအခါ ချန်လော့မှာ အံ့အားသင့်သွားပြီး လောချင်းယွီကို အံ့သြစွာ ကြည့်လိုက်သည်။

“ဆရာ... အဲဒီလောက်ထိတော့ မဆိုးလောက်ပါဘူး... ကျွန်တော့်ရဲ့ စွမ်းအားက ရွှေမြုတေအဆင့်ကို..အလယ်အလတ်အဆင့်လောက် လာရင်တောင် ခဏလောက် တောင့်ခံထားနိုင်သေးတာကို... “

လောချင်းယွီက ဘာစကားမှ မပြောဘဲ လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူကာ ပစ်ပေးလိုက်၏။

ထို့နောက် ဝိညာဉ်ကျောက်တုံးက မြင်ကွင်းတစ်ခုကို ပြသလာသည်။

မြင်ကွင်းထဲတွင် အသက် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်ခန့်ရှိသော ကောင်လေးတစ်ယောက်က ဓားရှည်တစ်လက်ကို ကိုင်ဆောင်၍ အမည်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုတစ်ဦးကို ရုတ်တရက် ခုတ်ပိုင်းလိုက်သည်ကို တွေ့ရ၏။

ဓားစွမ်းအင် တစ်ချက် ထွက်ပေါ်လာပြီး အဖိုးအိုမှာ တစ်မုဟုတ်ချင်း နှစ်ပိုင်းပြတ်သွားတော့သည်။

ထို့နောက် ပုံရိပ်များ လုံးဝ ပျောက်ကွယ်သွား၏။

“အဲဒီ ခုတ်ပိုင်းလိုက်တဲ့သူက ချိုးယွီနင်လား...”

ချန်လော့က ဘာဖြစ်နေသည်ကို ခန့်မှန်းမိပြီးသား ဖြစ်သဖြင့် မမေးဘဲ မနေနိုင်တော့ချေ။

လောချင်းယွီက ခေါင်းညိတ်လိုက်သည်။

“သူ သတ်လိုက်တဲ့သူက ရာက္ခသတံခါးဂိုဏ်းရဲ့ အပြင်ဂိုဏ်း အကြီးအကဲ တစ်ယောက်ပဲ... ရွှေမြုတေအဆင့်... အလယ်အလတ်အဆင့် ကျင့်ကြံခြင်း အဆင့် ၅ ရှိသူကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာ...”

ဤစကားများကို ကြားပြီးနောက် ချန်လော့ ချက်ချင်းပင် နောက်ဆုတ်သွား၏။

သူသည် သူ့ကိုယ်သူ အရမ်း အားကောင်းနေပြီဟု အစက ထင်ထားခဲ့သော်လည်း ပြိုင်ဘက်က ဤမျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

“ကျွန်တော်တို့ ထွက်ပြေးဖို့ အခွင့်အရေး ရှာသင့်လား...”

လောချင်းယွီသည် ချန်လော့၏ နောက်ဆုတ်လိုသော ရည်ရွယ်ချက်ကို ခံစားမိသွားပုံရသဖြင့် အလျင်စလို ပြန်ပြောလိုက်၏။

“ချိုးယွီနင်ရဲ့ စွမ်းအားက အံ့မခန်း ဖြစ်နေတာ မှန်ပေမယ့် စိတ်မပူပါနဲ့... သူ့ကို သတ်တာက ပြဿနာကြီးကြီးမားမား ဖြစ်လာမှာ မဟုတ်ပါဘူး...”

ဤသည်ကို ကြားသောအခါ ချန်လော့မှာ တစ်ခဏမျှ အံ့အားသင့်သွားပြီး လောချင်းယွီက သူ့အပေါ်၌ ဤမျှ ယုံကြည်ချက် ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

“ချိုးယွီနင်က နာမည်ကြီးပြီး ဖြောင့်မတ်တဲ့ မိသားစုက ဆင်းသက်လာတဲ့ ပုံမှန်မျိုးဆက် တစ်ယောက်ပေမဲ့ သူက မိစ္ဆာဂိုဏ်းအပေါ် သိပ်ပြီး ရန်လိုမှု မရှိဘူး... မင်း အရမ်း မလွန်ကျူးသရွေ့ သူ မင်းကို ဘာမှ လုပ်မှာ မဟုတ်ဘူး...”

“မင်း လျှို့ဝှက်နယ်မြေကို ရောက်တာနဲ့ မင်းရဲ့ ယုတ်မာပြီး အောက်တန်းကျတဲ့ စရိုက်ကို သုံးပြီး သူ့အဖွဲ့ထဲကို ဝင်... သူ့ရဲ့ ယုံကြည်မှုကို ရယူပြီးတော့ သူ့နောက်ကျောကိုဓါးနဲ့ထိုးလိုက်... သူ့ကို သတ်ရတာ ပြဿနာ မရှိပါဘူး...”

ဤသည်ကို ကြားသောအခါ ချန်လော့မှာ ဆွံ့အသွားတော့သည်။

“ယုတ်မာပြီး အောက်တန်းကျတယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ... အဲဒါကို ကြီးမြတ်တဲ့ ပါရမီနဲ့ အမြော်အမြင်လို့ ခေါ်တာဗျ...”

လောချင်းယွီ “...”

All Chapters