← Chapters

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

အခန်း (၁၁၂-၁၁၄)

Vol. 8 Ch. 112-114

အခန်း ၁၁၂ - လွမ်ငှက် အထွတ်အမြတ်ဂိုဏ်း

“မင်းက တကယ့်ကို မောက်မာတာပဲ... ငါကပဲ မင်းနဲ့ အဖော်လုပ်ပေးရမလား...”

မောက်မာသော လူငယ်ထံမှ ဓားဆန္ဒများ ထွက်ပေါ်လာသည်။ သူ၏အကြည့်မှာ ရေပြင်ကဲ့သို့ တည်ငြိမ်နေပုံရသော်လည်း အမှန်စင်စစ်တွင်မူ လှိုင်းတံပိုးများ ပုန်းကွယ်နေသကဲ့သို့ ဖိအားများဖြင့် ပြည့်နှက်နေပေသည်။

“ဘုန်း...”

မိုးကြိုးတစ်ချက်မှာ သူ၏ဘေးတွင် ရုတ်တရက် ပေါက်ကွဲသွားသော်လည်း သူ၏အမူအရာမှာမူ ဘာကိုမျှ သတိမပြုမိသကဲ့သို့ တည်ငြိမ်နေဆဲ ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ လော့လီသည် ထွက်ပြေးသွားကြသော ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များကို လိုက်လံတိုက်ခိုက်ရန် ပြင်ဆင်နေသည်။

“ရှူး...”

ရုတ်တရက် ဓားအလင်းတန်းတစ်ခုမှာ ကောင်းကင်ယံမှ ကျဆင်းလာခဲ့ပြီး မိန်းကလေးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ဤမိန်းကလေးမှာ လော့လီနှင့် အသက်အရွယ်ချင်း တူညီပြီး အလွန်ပင် လှပပေသည်။

သူမသည် လက်များကို နောက်ပစ်လျက် ရင်ကိုကော့ပြီး ခပ်ငယ်ငယ် မျက်နှာတွင် မောက်မာသော အမူအရာဖြင့် လော့လီကို လှောင်ပြောင်လိုက်သည်။

“လိုက်မနေနဲ့တော့... မင်းတို့ရဲ့ ရတနာတွေကို အခုချက်ချင်း ထုတ်ပေးလိုက်စမ်း...”

လော့လီက ရပ်တန့်လိုက်သည်။

“ရတနာတွေ ဟုတ်လား...”

သူမက ရုတ်တရက် ပေါ်လာသော မောက်မာသည့် မိန်းကလေးကို ကြည့်လျက် ဝေခွဲမရသည့် အမူအရာဖြင့် မေးမြန်းလိုက်သည်။

မိန်းကလေးက မျက်လုံးကို မှေးလျက် လော့လီနှင့် ကျွင်းမော့ရှောင်တို့ကို အကဲခတ်လိုက်သည်။

“မင်းတို့နှစ်ယောက်... ဂိုဏ်းကြီးသုံးဂိုဏ်းက တပည့်တွေနဲ့ ဒီလောက်အကြာကြီး တိုက်ခိုက်နေတာတောင် ချီစွမ်းအားနဲ့ ဇွဲလုံ့လတွေ အဆက်မပြတ် ဖြည့်တင်းပေးနေတာ ဘယ်လို ရတနာကို သုံးနေလို့လဲ...”

မိန်းကလေးက အေးစက်စွာ ပြောဆိုလိုက်သည်။

လော့လီနှင့် ကျွင်းမော့ရှောင်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

“မင်းတို့က... ဟားဟားဟား...”

သူတို့မှာ အားရပါးရ ရယ်မောမိကြတော့သည်။ သူတို့တွင် ဘယ်လို ရတနာမျိုး ရှိနိုင်ပါမည်နည်း။

သူတို့၏ ခန္ဓာကိုယ်ထဲတွင် နဂါးဘိုးဘေး အနှစ်သာရသွေး ၂ ရာခိုင်နှုန်း ရှိနေသည့်အတွက် သာမန်ကျင့်ကြံသူများထက် သာလွန်သော ဇွဲလုံ့လနှင့် ချီစွမ်းအားများကို သဘာဝကျစွာ ပိုင်ဆိုင်ထားခြင်းသာ ဖြစ်သည်။

ရယ်စရာကောင်းသည်မှာ ဘယ်ကမှန်းမသိ ပေါ်လာသော ဤလူငယ်နှင့် မိန်းကလေးမှာ သူတို့တွင် တစ်စုံတစ်ရာသော ရတနာရှိသည်ဟု တကယ်ပင် ယုံကြည်နေခြင်း ဖြစ်သည်။

“ဘာကို ရယ်နေတာလဲ...”

လူငယ်၏ ကျောက်စိမ်းကဲ့သို့ ချောမောလှပသော မျက်နှာမှာ ဒေါသကြောင့် ရုတ်တရက် နီမြန်းသွားသည်။ သူသည် ဓားကို ဆွဲထုတ်လိုက်ပြီး ဓားဦးကို လော့လီနှင့် ကျွင်းမော့ရှောင်တို့ထံ ချိန်ရွယ်လိုက်ရာ သူ၏အရှိန်အဝါမှာ ပိုမိုပြင်းထန်လာခဲ့သည်။

“အစ်ကိုကြီး... ဒီနှစ်ယောက်က အရမ်းမောက်မာလွန်းတယ်... သူတို့ရဲ့ မာန်မာနတွေကို ချိုးနှိမ်ဖို့နဲ့ ရှန်ဖုန်းမင်းဆက် ဂိုဏ်းကြီးသုံးဂိုဏ်းကိုယ်စား သူတို့ကို သင်ခန်းစာပေးလိုက်ကြရအောင်...”

လှပသော မိန်းကလေးမှာလည်း ဓားကို ဆွဲထုတ်လိုက်ပြီး ခက်ထန်မောက်မာသော အမူအရာဖြင့် ပြောဆိုလိုက်သည်။

သူတို့နှစ်ဦးနှင့် ဓားများကို ကြည့်လျက် ကျွင်းမော့ရှောင်က မျက်မှောင်ကြုတ်လိုက်သည်။

‘ဒီ သူစိမ်းနှစ်ယောက်က ဘယ်ကနေ ပေါ်လာတာလဲ...”

သူတို့မှာ သေချာပေါက် ဂိုဏ်းကြီးသုံးဂိုဏ်းမှ လူများ မဟုတ်ကြပေ။

‘တကယ်လို့ သူတို့က အခြားမင်းဆက်တွေက ပါရမီရှင်တပည့်တွေများ ဖြစ်နေမလား...’

ဤနှစ်ဦးမှာ ကောင်းကင်ယံမှ ကျဆင်းလာခြင်း ဖြစ်သော်လည်း အနီးအနားမှနေ၍ တိုက်ပွဲကို စောင့်ကြည့်နေပုံရသည်။ ထို့ကြောင့်လည်း သူနှင့် စီနီယာအစ်မ၏ အံ့သြဖွယ်ကောင်းသော ဇွဲလုံ့လကို သတိပြုမိသွားခြင်း ဖြစ်ရပေမည်။

ဤလူငယ်နှင့် မိန်းကလေးမှာ သာမန်မဟုတ်သော ကျင့်ကြံမှုကို ပိုင်ဆိုင်ထားကြပြီး ကောင်းကင်တံတားနယ်ပယ် အဆင့် ၁၀ သို့ ရောက်ရှိနေကြသည်။ သူနှင့် စီနီယာအစ်မကို စိန်ခေါ်ဝံ့သည့် သူတို့၏ ရဲတင်းမှုကို ကြည့်လျှင် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်ပင် မြင့်မားလိမ့်မည် ဖြစ်သည်။

ကျွင်းမော့ရှောင်က မျက်လုံးကို မှေးလိုက်ပြီး သူ၏အမူအရာမှာ တဖြည်းဖြည်း တည်ကြည်သွားသည်။ သူတို့သည် အချိန်အတော်ကြာ ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲထားရသည့်အတွက် ကိုယ်ခန္ဓာနှင့် ချီစွမ်းအားများစွာ ကုန်ခမ်းနေပြီ ဖြစ်သည်။ အကယ်၍ ယခု နောက်ထပ် တိုက်ပွဲတစ်ခုကို ဆင်နွှဲရမည်ဆိုလျှင် ရလဒ်မှာ မရေမရာ ဖြစ်ပေသည်။

နဂါးနောက်ပြန်လှည့်စွမ်းရည်ကို ထပ်မံအသုံးပြုပြီး အနှစ်သာရသွေးများကို မီးရှို့မှသာ ဖြစ်ပေလိမ့်မည်။

ထိုအကြောင်းကို တွေးမိသည့်အခါ ကျွင်းမော့ရှောင်နှင့် လော့လီတို့မှာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထိုခဏမှာပင် သူတို့ကြား၌ စကားပြောစရာမလိုဘဲ နားလည်မှုတစ်ခု ရရှိသွားပြီး ဆုံးဖြတ်ချက် ချလိုက်ကြသည်။

“ငါ့ရဲ့ဓားက နာမည်မရှိတဲ့သူတွေကို ဘယ်တော့မှ မသတ်ဘူး...”

ကျွင်းမော့ရှောင်က ဓားကို ရင်ဘတ်ရှေ့တွင် ကန့်လန့်ဖြတ်ကိုင်လျက် အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့ ဘယ်ကလာသလဲဆိုတာ သိပါရစေဦး...”

ဓားချင်း မယှဉ်မီတွင် သူတို့၏ ဇစ်မြစ်ကို သူ အတည်ပြုလိုသည်။ နောင်တစ်ချိန်တွင် သူနှင့် စီနီယာအစ်မ၏ အင်အားကြီးမားလာသည့်အခါ ယနေ့ ရင်ဆိုင်မှုကို လက်စားချေရန်အတွက် ရန်သူ၏ဂိုဏ်းသို့ ချီတက်ပြီး ရတနာနန်းဆောင်ကို လုယက်ရန် ဖြစ်သည်။

ထိုလူငယ်နှင့် မိန်းကလေးမှာ အလိုလိုက်ခံထားရပြီး မောက်မာလှသူ ဖြစ်ပုံရသည်။ သူတို့မှာ ကျွင်းမော့ရှောင်၏ ပါးနပ်သော ရည်ရွယ်ချက်ကို မည်သို့ နားလည်နိုင်ပါမည်နည်း။ မည်သို့ပင်ဆိုစေ သူတို့မှာ ငယ်စဉ်ကတည်းက ဂိုဏ်း၏ အကာအကွယ်အောက်တွင် ကြီးပြင်းလာရသည့် ကောင်းကင်၏ မျက်နှာသာပေးမှုကို ခံရသော ပါရမီရှင်များ ဖြစ်ကြပြီး လောကကြီး၏ အန္တရာယ်များကို မကြုံတွေ့ဖူးကြချေ။ အတွေ့အကြုံပိုင်းတွင်မူ ကျွင်းမော့ရှောင်က သူတို့ကို အဆပေါင်းများစွာ သာလွန်ပေသည်။

“မင်းတို့နှစ်ယောက်လုံးက ဘယ်လိုပဲဖြစ်ဖြစ် သေရမှာဆိုတော့ ဒါကို သေချာမှတ်ထားလိုက်ဦး... ငါတို့က ထျန်းယွဲ့မင်းဆက်ရဲ့ လွမ်ငှက်အထွတ်အမြတ်ဂိုဏ်းကပဲ...”

လူငယ်က နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

‘ထျန်းယွဲ့မင်းဆက် တဲ့လား... လွမ်ငှက် အထွတ်အမြတ်ဂိုဏ်း ဟုတ်လား...’

ကျွင်းမော့ရှောင်မှာ အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။ သူသည် ရှန်ဖုန်းမင်းဆက်အကြောင်းကိုပင် သေချာမသိသေးရာ ဤထျန်းယွဲ့မင်းဆက်က ဘယ်ကနေ ပေါ်လာရပြန်သနည်း။

ကျွင်းမော့ရှောင်က လော့လီကို လှမ်းကြည့်လိုက်သည်။

လော့လီက သူမလည်း မသိကြောင်း ပုခုံးတွန့်ပြလိုက်သည်။ သူတို့ သုံးဦးမှာ ဘိုးဘေး၏နောက်သို့ လိုက်ပါလျက် ရှေးဟောင်းလမင်းမင်းဆက်မှ ရှန်ဖုန်းမင်းဆက်သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး ချန်းနန်ကုန်းမြေကြီး၏ သမိုင်းနှင့် ယဉ်ကျေးမှုများကို လေ့လာရန် အခွင့်အရေး မရှိခဲ့ကြပေ။ ဤကိစ္စတွင် သူတို့မှာ လုံးဝ လူသစ်များသာ ဖြစ်ကြသည်။

လှပသော မိန်းကလေး၏ မျက်ဝန်းထဲတွင် လှောင်ပြောင်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သူမသည် မျက်နှာချင်းဆိုင်ရှိ နှစ်ဦးမှာ ထျန်းယွဲ့မင်းဆက်အကြောင်းကိုပင် မကြားဖူးသော တောသားများကဲ့သို့ ဖြစ်နေသည်ကို သိလိုက်ရသည်။

မိန်းကလေးက မျက်လုံးကို ဝေ့ယမ်းလျက် လှောင်ပြောင်လိုက်သည်။

“မင်းတို့နေတဲ့ ဒီသေးငယ်တဲ့ ရှန်ဖုန်းမင်းဆက်က ဖလောင်ထျန်းမင်းဆက်ရဲ့ လက်အောက်မှာ သာမန်အဆင့်ပဲ ရှိတာ... အဲ့ဒီအထက်မှာ ကြယ်၊ လ၊ နေ ဆိုတဲ့ မင်းဆက်ကြီး သုံးခု ရှိတယ်... အဲ့ဒါတွေကတော့ ထျန်းရှင်းမင်းဆက်၊ ထျန်းယွဲ့မင်းဆက်နဲ့ ထျန်းယန်မင်းဆက်တွေပဲ... ငါတို့ရဲ့ လွမ်ငှက် အထွတ်အမြတ်ဂိုဏ်းက ထျန်းယွဲ့မင်းဆက်ရဲ့ ဂိုဏ်းကြီးလေးဂိုဏ်းထဲက တစ်ခုပဲ... အခုတော့ နားလည်ပြီလား...”

ကျွင်းမော့ရှောင်က ခေါင်းညိတ်လိုက်သည်။

“နားလည်ပါပြီ...”

သူ၏မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

“ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ဒီလိုဆိုတော့ရော ငါတို့ကတော့ သက်ညှာပေးမှာမဟုတ်ဘူးနော်... ဘယ်သူသိမှာလဲ... ဒီနေ့ဟာ မင်းတို့အတွက် နောက်ဆုံးနေ့ဆိုတာ... ကဲ အချိန်ကြာတယ် အနားယူလိုက်ကြာတော့...”

ပြောပြီးသည်နှင့် ကျွင်းမော့ရှောင်မှာ နဂါးနတ်ဘုရားပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဓားကိုကိုင်လျက် လူငယ်ထံသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။ အဆုံးမရှိသော နဂါးနတ်ဘုရား ဓားအလင်းတန်းများမှာ မြစ်ကြီးတစ်စင်းပမာ ရှေ့သို့ တဟုန်ထိုး စီးဆင်းသွားတော့သည်။

လော့လီသည်လည်း နဂါးနတ်ဘုရားပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားပြီး မိန်းကလေးကို တိုက်ခိုက်လိုက်သည်။

ဤလူငယ်နှစ်ဦးမှာ မောက်မာလှသော်လည်း ထိပ်တန်းပါရမီရှင်များ ဖြစ်ကြပေသည်။ ဓားအလင်းတန်းများ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည့်အခါ သူတို့နှစ်ဦးလုံး လှုပ်ရှားလိုက်ကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာများစွာ နောက်သို့ ဆုတ်ခွာသွားကြသည်။

လော့လီနှင့် ကျွင်းမော့ရှောင်တို့၏ တိုက်ကွက်များမှာ လွဲချော်သွားခဲ့ရသည်။

သူတို့နှစ်ဦးလုံး စိတ်ထဲမှနေ၍ အံ့သြသွားကြသည်။ ဤမျှအထိ အံ့သြဖွယ်ကောင်းသော လှုပ်ရှားမှုစွမ်းရည်ရှိသည့် ကျင့်ကြံသူများကို သူတို့ ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်း ဖြစ်သည်။

“ငါတို့ လွမ်ငှက် အထွတ်အမြတ်ဂိုဏ်းရဲ့ ကိုးပါးကောင်းကင် လွမ်ငှက်ခန္ဓာကျင့်စဉ်က ထျန်းယွဲ့မင်းဆက်မှာ နံပါတ်တစ် လှုပ်ရှားမှုစွမ်းရည်လို့ ကျော်ကြားတာပဲ... မင်းတို့က ဒါကို ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ...”

လူငယ်က နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။ သူ၏အသံမှာ ကြည်လင်ပြတ်သားလှပြီး တိမ်တိုက်များကိုပင် ဖောက်ထွင်းသွားနိုင်သည်။

သူ၏ရယ်သံအပြီးတွင် သူနှင့် မိန်းကလေးမှာ အနည်းငယ် ယိမ်းယိုင်သွားပြီးနောက် ခဏချင်းအတွင်းမှာပင် ပျောက်ကွယ်သွားကြတော့သည်။

“ရှူး... ရှူး...”

ဓားအလင်းတန်း သမုဒ္ဒရာကြီးတစ်ခုမှာ အဝေးမှနေ၍ ကျယ်ပြန့်ပြီး လှိုင်းထန်လှသော ပင်လယ်ပြင်ကြီးတစ်ခုပမာ တဟုန်ထိုး စီးဆင်းလာခဲ့ပြီး လော့လီနှင့် ကျွင်းမော့ရှောင်တို့ကို ချက်ချင်းပင် ဝန်းရံလိုက်သည်။

“ဒီလောက် မြန်လှချေလား... တကယ်ကို အံ့သြဖို့ကောင်းတဲ့ ဓားကျင့်စဉ်ပဲ...”

လော့လီနှင့် ကျွင်းမော့ရှောင်တို့မှာ လှိုင်းထန်နေသော ဓားအလင်းတန်းများကို ကြည့်လျက် ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။

ဤလူငယ်နှင့် မိန်းကလေး၏ အင်အားမှာ သူတို့ထက် တစ်ဆင့် ပိုမြင့်နေပုံရပေသည်။

သူတို့နှစ်ဦးလုံးမှာ ချက်ချင်းပင် နဂါးနတ်ဘုရားပုံရိပ်ယောင်များစွာအဖြစ် ပြောင်းလဲသွားကြပြီး တိုက်ကွက်များကို ရှောင်ကွင်းလျက် နဂါးနတ်ဘုရားဓားပညာကို ထုတ်ဖော်လိုက်ကြသည်။

သူတို့ လေးဦးမှာ မျက်စိတစ်မှိတ်အတွင်း တိုက်ခိုက်ကြတော့သည်။ ဤတိုက်ပွဲမှာ ယခင်တိုက်ပွဲထက်ပင် ပိုမိုပြင်းထန်လှပေသည်။ ထိုလူငယ်နှစ်ဦး၏ ဓားပညာမှာ အလွန်ပင် မြန်ဆန်လှသည်။ သူတို့သည် မျက်စိတစ်မှိတ်အတွင်း ဓားအလင်းတန်း ရာပေါင်းများစွာကို ထုတ်လွှတ်နိုင်ပုံရပြီး လော့လီနှင့် ကျွင်းမော့ရှောင်တို့ကို လုံးဝ ဖိနှိပ်ထားကြသည်။

အဝေးမှ ဟင်းလင်းပြင်တွင် တိုက်ပွဲကို စောင့်ကြည့်နေသော ဆံပင်နက်နှင့် သူအိုကြီး၏ မျက်နှာတွင် ကျေနပ်အားရသော အပြုံးတစ်ခု ရှိနေသည်။ ဤနှစ်ဦးမှာ သူ၏ အဖိုးတန်ဆုံး တပည့်များဖြစ်ကြသလို ထျန်းယွဲ့မင်းဆက်၏ ကောင်းကင်တံတားနယ်ပယ် ကောင်းကင်စာရင်းတွင် ထိပ်ဆုံးသုံးဦးစာရင်းဝင်သူများလည်း ဖြစ်ကြသည်။ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ သဘာဝကျစွာပင် ထူးခြားလှပေသည်။ အကယ်၍ ပြန်လည်မွေးဖွားခြင်းနယ်ပယ်သို့ အဆင့်တက်ရန် ရည်ရွယ်ချက်သာ မရှိခဲ့လျှင် သူတို့သည် ရှန်ဖုန်းမင်းဆက်ရှိ လျှပ်စီးတောင်တန်းသို့ လီထောင်ပေါင်းများစွာ ခရီးနှင်လာကြလိမ့်မည် မဟုတ်ချေ။

လျှပ်စီးတောင်တန်း၏ အတွင်းပိုင်းတွင် အလွန်ပင် ပြင်းထန်သော မိုးကြိုးစွမ်းအင်များရှိသည့် မိုးကြိုးကန်တစ်ခု ရှိပေသည်။ အကယ်၍ သူ၏တပည့်နှစ်ဦးသာ ထိုနေရာတွင် ခဏမျှ ကျင့်ကြံနိုင်မည်ဆိုလျှင် သူတို့သည် သေချာပေါက် ပြန်လည်မွေးဖွားခြင်းနယ်ပယ်သို့ အဆင့်တက်နိုင်ကြလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် ထျန်းယွဲ့မင်းဆက်တွင် မကြာမီ ကျင်းပတော့မည့် နယ်မြေလျှို့ဝှက်ချက် စစ်ပွဲအတွင်းသို့ သူ၏တပည့်နှစ်ဦးမှာ ပြန်လည်မွေးဖွားခြင်းနယ်ပယ် ကျင့်ကြံသူများအဖြစ် ဝင်ရောက်နိုင်ကြလိမ့်မည် ဖြစ်သည်။

ထိုအချိန်တွင် ရီယွင်သည်လည်း တိုက်ပွဲကို စောင့်ကြည့်နေပေသည်။

လူငယ်နှင့် မိန်းကလေးတို့ ထုတ်ဖော်ပြသလိုက်သော လှုပ်ရှားမှုစွမ်းရည်နှင့် ဓားပညာကို မြင်လိုက်ရသည့်အခါ သူ၏မျက်ဝန်းထဲတွင် မှတ်မိသွားသော အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့သည်။

‘ဘယ်သူက ထင်ထားမှာလဲ... တစ်ခါက နဂါးနတ်ဘုရားဂိုဏ်းရဲ့ လက်အောက်ခံ ဂိုဏ်းငယ်လေးတစ်ခုဖြစ်ခဲ့တဲ့ လွမ်ငှက်ဂိုဏ်းက အနှစ်တစ်သိန်းတိုင်အောင် တည်တံ့နေရုံတင်မကဘဲ အခုတော့ လွမ်ငှက် အထွတ်အမြတ်ဂိုဏ်းဆိုတဲ့ ကျော်ကြားလှတဲ့ နာမည်တစ်ခုကိုပါ ရရှိထားတာပဲ...’

ရီယွင်၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း သူ၏မျက်ဝန်းအနက်ပိုင်းတွင်မူ ခပ်ဖျော့ဖျော့ လှောင်ပြောင်လိုသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။

အခန်း ၁၁၂ ပြီးပါပြီ။

အခန်း ၁၁၃ - ငါးဆတိုက်ခိုက်ရေးစွမ်းအားနှင့် ကမ္ဘာပျက်မတတ် တိုက်ကွက်

လွန်ခဲ့သော အနှစ်တစ်သိန်းခန့်က ဖြစ်သည်။

ထိုစဉ်က ထာဝရအဆင့်ရှိ နဂါးနတ်ဘုရားဂိုဏ်းသည် ချန်းနန်ကုန်းမြေကြီးပေါ်တွင် ဧရာမအင်အားစုကြီးတစ်ခုအဖြစ် ထည်ဝါစွာ တည်ရှိနေခဲ့သည်။

ဂိုဏ်းပေါင်းများစွာမှာ နဂါးနတ်ဘုရားဂိုဏ်း၏ လက်အောက်ခံများ ဖြစ်ကြသည်။ သူလက်အောက်ခံဂိုဏ်းများထဲတွင် ကောင်းကင်အဆင့်ဂိုဏ်းများ၊ အထူးဂိုဏ်းများ၊ ဂိုဏ်းကြီးများနှင့် သာမန်ဂိုဏ်းများ ပါဝင်သည်။ လက်အောက်ခံဂိုဏ်းအရေအတွက်မှာ အလွန်ပင်များပြားပြီး ကုန်းမြေကြီးတစ်ခုလုံးတွင် ပျံ့နှံ့နေကာ ရေတွက်၍ပင် မရနိုင်ပေ။

ထိုဂိုဏ်းများအားလုံးကို အဆင့်အတန်းအလိုက် ခွဲခြားသတ်မှတ်ထားသည်။ ယခု လွမ်ငှက်ဂိုဏ်းဟု ခေါ်ဆိုသည့်အဖွဲ့နှင့် ပတ်သက်၍ ရီယွင်မှာ တစ်စုံတစ်ရာ မှတ်မိနေခြင်းရှိပြီး ထိုစဉ်က သူကို ဂိုဏ်းကြီးတစ်ခုအဖြစ် သတ်မှတ်ထားခဲ့သည်။

သူမှတ်မိနေရသည့် အကြောင်းရင်းမှာ ထိုဂိုဏ်း၏ ဘိုးဘေးဖြစ်သူက ရီယွင်ထံသို့ အလွန်လှပသော မိန်းကလေး ၁၀ ဦးကို တစ်ခါက လာရောက်ဆက်သခဲ့သောကြောင့် ဖြစ်သည်။ သို့သော်လည်း ကြည့်ရှုပြီးနောက် ရီယွင်က သူတို့အနက် တစ်ဦးကိုမျှ သဘောမကျသဖြင့် အားလုံးကို ပြန်လွှတ်ခဲ့သည်။

ဤဖြစ်ရပ်မှာ အလွန်ကြီးကျယ်သည်မဟုတ်သလို သေးငယ်သည်လည်း မဟုတ်ချေ။ သို့သော် ရီယွင်အနေဖြင့် လွမ်ငှက်ဂိုဏ်းဟူသော အမည်ကို မှတ်မိနေရန်အတွက်မူ လုံလောက်ပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်များတစ်လျှောက်တွင် ရီယွင်ထံသို့ မိန်းကလေးများ လာရောက်ဆက်သသည့် ဂိုဏ်းမှာ အလွန်နည်းပါးသောကြောင့် ဖြစ်သည်။ ရီယွင်သည် ချန်းနန်ကုန်းမြေကြီး၏ နံပါတ်တစ် အာဏာရှင်ဖြစ်ကြောင်းနှင့် မိန်းကလေးများကို သဘောကျကြောင်း သိရှိကာ မျက်နှာသာရရန် ကြိုးပမ်းသည့် လွမ်ငှက်ဂိုဏ်းတစ်ခုသာလျှင် ရှိခဲ့သည်။

ထိုအကြောင်းကို တွေးမိသည့်အခါ ရီယွင်၏ နှုတ်ခမ်းဖျားတွင် ခပ်ဖွဖွအပြုံးတစ်ခု ထွက်ပေါ်လာသည်။ အမှန်ပင် ထိုစဉ်က သူသည် မိန်းကလေးများကို သဘောကျခဲ့သည်။ သို့သော်လည်း သူသည် သူတို့၏ အလှအပကိုသာ အသိအမှတ်ပြုလေ့ရှိပြီး လက်ဖျားနှင့်ပင် ထိတွေ့ခြင်းမှာ အလွန်ပင် ရှားပါးလှသည်။ သူ ပို၍သဘောကျသည်မှာ တိုက်ခိုက်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ထာဝရနယ်ပယ်၏ နံပါတ်တစ် သန်မာသူကြီးမှာ ထိုခေတ်အခါက လူပေါင်းများစွာ၏ ခေါင်းများကို ဖြတ်ခဲ့ပြီး လူများစွာ၏ ပါးများကို ရိုက်ခဲ့သည့်အတွက် လူအများအတွက် အဆိုးရွားဆုံးသော အိပ်မက်ဆိုးကြီး ဖြစ်ခဲ့ရသည်။

အတိတ်က ဖြစ်ရပ်များကို ပြန်လည်စဉ်းစားမိသည့်အခါ ရီယွင်မှာ လွမ်းဆွတ်မှုကို ခံစားလိုက်ရသည်။ ယခု ရှန်ဖုန်းမင်းဆက်တွင် လွမ်ငှက်ဂိုဏ်း၏ ဆက်ခံသူများနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေ။ သို့သော်လည်း ယနေ့ခေတ် လွမ်ငှက်ဂိုဏ်းမှာ လုံးဝအသွင်ပြောင်းလဲသွားပြီး လွမ်ငှက် အထွတ်အမြတ်ဂိုဏ်း ဖြစ်လာကာ အဆင့်အတန်းမှာလည်း သိသိသာသာ မြင့်မားလာချေပြီ။ သူတို့သည် ထျန်းယွဲ့မင်းဆက်တွင် အတော်လေး အဆင်ပြေနေပုံရသည်။ သို့သော်လည်း ဤလွမ်ငှက် အထွတ်အမြတ်ဂိုဏ်းမှာ လွန်ခဲ့သော အနှစ်တစ်သိန်းက နဂါးနတ်ဘုရားဂိုဏ်းအပေါ် သစ္စာစောင့်သိရမည်ကို မေ့လျော့နေခဲ့ချေပြီ။ ထို့ကြောင့်လည်း သူတို့သည် နဂါးနတ်ဘုရားဓားပညာနှင့် နဂါးနတ်ဘုရားခန္ဓာကျင့်စဉ်ကိုပင် မှတ်မိခြင်း မရှိကြတော့ခြင်း ဖြစ်သည်။

ထိုအတွေးနှင့်အတူ ရီယွင်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။ ယခင်ခေတ်ကဆိုလျှင် နဂါးနတ်ဘုရားဂိုဏ်း၏ မည်သည့်တပည့်မဆို ကောင်းကင်အဆင့်ဂိုဏ်းများကပင် အလွန်အမင်း ရိုသေစွာ ဧည့်ခံရသည်ဖြစ်ရာ အရေးမပါသော လွမ်ငှက်ဂိုဏ်းအဖို့ ပြောနေစရာပင် မလိုတော့ချေ။ အခုတော့ ဤလွမ်ငှက်ဂိုဏ်း၏ ဆက်ခံသူများမှာ အမှိုက်များဖြစ်ကြပြီး သူ၏တပည့်များကို အနိုင်ကျင့်ဝံ့နေကြသည်တကား။ သူ့စိတ်ထဲတွင်မူ ဤသုံးယောက်လုံးမှာ သေပြီးသားလူများပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိတိုက်ပွဲမှာ လော့လီနှင့် ကျွင်းမော့ရှောင်တို့အတွက် ကောင်းမွန်သော စမ်းသပ်မှုတစ်ခု ဖြစ်စေနိုင်သည်။ မည်သို့ပင်ဆိုစေ သူတို့နှစ်ဦးမှာ ဤကဲ့သို့သော ပါရမီရှင်တပည့်များနှင့် တစ်ခါမျှ မတိုက်ခိုက်ဖူးကြချေ။ ဤအတွေ့အကြုံက သူတို့၏ အမြင်ကို သေချာပေါက် ကျယ်ပြန့်စေမည်ဖြစ်ပြီး အကျိုးကျေးဇူးများစွာ ရှိလိမ့်မည် ဖြစ်သည်။

နောင်တွင် သူတို့အနေဖြင့် အနှစ်သာရသွေးများကို မီးရှို့ပြီး နဂါးနောက်ပြန်လှည့်စွမ်းရည်ကို အသုံးပြုမည်ဆိုလျှင်လည်း ရီယွင်က သူတို့ကို ခွင့်ပြုထားရန် ဆုံးဖြတ်လိုက်သည်။ သူတို့၏ ဘိုးဘေးတစ်ဦးအနေဖြင့် သူတို့၏ ဆုံးရှုံးမှုများကို ပြန်လည်ဖြည့်တင်းပေးရန် နည်းလမ်းများစွာ သူ့တွင် ရှိနေပေသည်။ အနှစ်တစ်သိန်းတိုင်အောင် ဝင်ရောက်ခြင်းမှ စိတ်ကူးမယဉ်နိုင်သော ရတနာစွမ်းအားများကို ရရှိထားသည့် သူကဲ့သို့သောသူအတွက် ဤကမ္ဘာပေါ်တွင် ခက်ခဲသောအရာဟူ၍ မရှိပေ။

...

လျှပ်စီးနန်းတော်အတွင်း၌ ဖြစ်သည်။

ယခုအခါ ဝိုင်သောက်နေသော ဦးလေးမြင်းသည်လည်း အဝေးမှ တိုက်ပွဲကို သတိပြုမိသွားသဖြင့် သူ၏မျက်ဝန်းများမှာ လင်းလက်သွားသည်။

“ဟဲဟဲဟဲ...”

သူသည် သူ၏ဖြူဖွေးသော သွားကြီးများကို ဖော်ပြလျက် နှာခေါင်းရှုံ့လိုက်သည်။ သခင်ကြီး၏ တပည့်များကို အနိုင်ကျင့်ဝံ့ရုံတင်မကဘဲ သူတို့၏ ရတနာများကို လုယူရန် သတ်ဖြတ်ဖို့ပါ ကြံစည်နေကြသည်တကား။ ဤလွမ်ငှက် အထွတ်အမြတ်ဂိုဏ်းမှာ တကယ်ပင် ဆက်လက်တည်ရှိနေရန် အကြောင်းမရှိတော့ချေ။ သခင်ကြီးက အမိန့်တစ်ခုသာ ပေးလိုက်မည်ဆိုလျှင် သူသည် ဟင်းလင်းပြင်ကို ချက်ချင်းဖြတ်ကျော်ပြီး ထျန်းယွဲ့မင်းဆက်သို့ တိုက်ရိုက်သွားကာ ဤလွမ်ငှက် အထွတ်အမြတ်ဂိုဏ်းကို လက်ဝါးတစ်ချက်တည်းနှင့် အမှုန့်ကြိတ်ပစ်ရပေလိမ့်မည်။

“ဦးလေးမြင်း... ဘာဖြစ်လို့လဲ...”

ဦးလေးမြင်းနှင့် အချိန်အတော်ကြာ အတူနေခဲ့ဖူးသော ကြောင်နက်ကြီးမှာ ဦးလေးမြင်း၏ စိတ်ခံစားချက် ပြောင်းလဲသွားသည်ကို သတိပြုမိသွားသဖြင့် စိတ်ချင်းဆက်သွယ်ပြီး အသံပို့လွှတ်ကာ မေးမြန်းလိုက်သည်။

“ဘာမှမဟုတ်ပါဘူး... သခင်လေးနှစ်ယောက်က အတွေ့အကြုံအချို့ ရယူနေတာပါ... အရာအားလုံးက သခင်ကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်...”

ဦးလေးမြင်းက ခပ်ဖျော့ဖျော့ ပြုံးလျက် ပြန်ဖြေလိုက်ပြီး ဝိုင်ကို ဆက်သောက်နေသည်။ ကြောင်နက်ကြီးက တည်ကြည်သော အမူအရာဖြင့် သူ၏ရင်ဘတ်ကို ပုတ်လျက် ကတိပေးလိုက်သည်။

“ဟုတ်ကဲ့... တကယ်လို့ သခင်ကြီးက ကြောင်လေးကို လှုပ်ရှားဖို့ လိုအပ်တယ်ဆိုရင် ကြောင်လေးက မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ၊ ဓားတောင်ကိုပဲကျော်ရကျော်ရ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး...”

“တောက်...”

ဦးလေးမြင်းက သူ့ကို မကျေနပ်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး ရယ်မောပြောဆိုလိုက်သည်။

“မင်းရဲ့ ကျင့်ကြံမှုအဆင့်က မလုံလောက်သေးဘူး... အဲ့ဒီလူသားတွေက ကံကြမ္မာနယ်ပယ် အဆင့် ၁၀ ကို ရောက်နေကြပြီ...”

“အော်...”

ကြောင်နက်ကြီး၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားခဲ့သည်။ သူသည် မျက်နှာသာရအောင် ကြိုးပမ်းခဲ့သော်လည်း သူ၏ကြိုးစားမှုမှာ ကျရှုံးသွားခဲ့ချေပြီ။ သူသည် ချက်ချင်းပင် စိတ်ဓာတ်ကျသွားတော့ သည်။

“သွားပြီး ကျင့်ကြံမှုမှာ ကြိုးစားစမ်းပါ... ငါနဲ့ ဒီမှာ ထိုင်ပြီး ဝိုင်သောက်မနေနဲ့တော့...”

ဦးလေးမြင်းက ရုတ်တရက် ကြောင်နက်ကြီးကို ဖမ်းယူလိုက်ပြီး အပြင်သို့ ကန်ထုတ်လိုက်သည်။ သူတို့ရှေ့ရှိ ဟင်းလင်းပြင်မှာ ကွဲအက်သွားပြီး ကြောင်နက်ကြီးမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

နောက်တစ်ခဏတွင် ကြောင်နက်ကြီးမှာ မိုးကြိုးကန်၏ အထက်တွင် ပေါ်လာခဲ့သည်။

“အဲ့ဒီမှာ ကျင့်ကြံနေလိုက် ကြောင်လေး...”

ရီယွင်၏ အသံက ညွှန်ကြားလိုက်သည်။ သူက လက်ညှိုးညွှန်လိုက်ရာ မိုးကြိုးကန်၏ ဧရိယာတစ်ခုတွင် စက်ဝိုင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

“သခင်ကြီးကို အများကြီး ကျေးဇူးတင်ပါတယ်...”

ကြောင်နက်ကြီးမှာ ချက်ချင်းပင် ပျပ်ဝပ်လိုက်ပြီး ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်များပင် ကျလာခဲ့သည်။ သူသည် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိုးကြိုးကန်အတွင်းသို့ ခုန်ဝင်လိုက်ကာ မိုးကြိုးကန်ရေဖြင့် သူ၏ခန္ဓာကိုယ်ကို စတင်သန့်စင်လျက် ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

...

လျှပ်စီးတောင်တန်း၏ အတွင်းပိုင်းတွင် ဖြစ်သည်။

လူငယ်လေးဦးကြားမှ တိုက်ပွဲမှာ သေခြင်းရှင်ခြင်းတိုက်ပွဲအဖြစ်သို့ ရောက်ရှိလာခဲ့ချေပြီ။

“ပေါက်ကွဲစမ်း...”

ကျွင်းမော့ရှောင်က ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ သူ၏ သွေးစွမ်းအင်များမှာ ဆူပွက်လာပြီး သူ၏အရှိန်အဝါမှာလည်း ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ ထိုအချိန်တွင် ကျွင်းမော့ရှောင်သည် နဂါးနောက်ပြန်လှည့်စွမ်းရည်ကို နောက်ဆုံး၌ အသက်သွင်းလိုက်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားကို ၅ ဆအထိ မြှင့်တင်လိုက်သည်။

လော့လီသည်လည်း သူမ၏ အနှစ်သာရသွေးများကို မီးရှို့လိုက်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လျက် နဂါးနောက်ပြန်လှည့်စွမ်းရည်ကို အသက်သွင်းလိုက်သည်။ လူငယ်နှင့် မိန်းကလေး၏ အရှိန်အဝါများမှာ ရုတ်တရက် ပြင်းထန်လာသည်ကို မြင်လိုက်ရသည့်အခါ လွမ်ငှက် အထွတ်အမြတ်ဂိုဏ်းမှ ပါရမီရှင်တပည့်နှစ်ဦး၏ မျက်နှာများမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ လူငယ်၏ ဓားအလင်းတန်းမှာ ယိမ်းယိုင်သွားခဲ့ပြီး သူ၏မျက်နှာတွင် ထိတ်လန့်သွားသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။ ခပ်ငယ်ငယ် မျက်နှာရှိသည့် မိန်းကလေးက တည်ကြည်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။

“အစ်ကိုကြီး... ငါတို့ ယင်ယန်လွမ်ငှက်စွမ်းရည်ကို သုံးမှဖြစ်မယ်...”

“ကောင်းပြီ...”

လူငယ်က ခေါင်းညိတ်လိုက်သည်။ သူတို့၏ ဓားအလင်းတန်းများမှာ ချက်ချင်းပင် တစ်ခုနှင့်တစ်ခု ရောယှက်သွားကြပြီး ဟင်းလင်းပြင်တွင် ဓားအလင်းတန်းများဖြင့် ဖွဲ့စည်းထားသော ဧရာမ အနက်ရောင် လွမ်ငှက်ကြီးတစ်ကောင် ပေါ်ထွက်လာခဲ့သည်။

“ရှူး...”

ကြီးမားလှသော အနက်ရောင်လွမ်ငှက်ကြီးမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး ကျယ်လောင်စွာ ဟစ်အော်လျက် လော့လီနှင့် ကျွင်းမော့ရှောင်တို့ထံသို့ ပြေးဝင်တိုက်ခိုက်လိုက်တော့သည်။

အနက်ရောင်ထီးကြီးအောက်တွင် ရပ်နေသော ဆံပင်နက်နှင့် သူအိုကြီးသည် တိုက်ပွဲကို သေချာစွာ စောင့်ကြည့်နေပြီး သူ၏မျက်ဝန်းများမှာ လင်းလက်နေပေသည်။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလျက် ချဉ်းကပ်လာသော ဧရာမ အနက်ရောင် လွမ်ငှက်ကြီးကို ကြည့်လျက် ကျွင်းမော့ရှောင်နှင့် လော့လီတို့မှာ တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြသည်။

“သတ်စမ်း...”

သူတို့၏ သွေးစွမ်းအင်များမှာ ဧရာမနဂါးကြီးများပမာ ဆူပွက်လာခဲ့ပြီး ခန္ဓာကိုယ်များတွင်လည်း အဆုံးမရှိသော နတ်ဘုရားစွမ်းအားများ ပြည့်နှက်သွားခဲ့သည်။

“ရှူး...”

နှစ်ဦးလုံး ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ ထိုခဏမှာပင် သူတို့သည် နဂါးနတ်ဘုရား ဓားအလင်းတန်းပေါင်း ထောင်ချီကို ထုတ်ဖော်လိုက်ကြသည်။ မရေမတွက်နိုင်သော နဂါးနတ်ဘုရားကြီးများမှာ ဟောက်လျက် ကောင်းကင်နှင့် မြေကြီးကြားတွင် သောင်းကျန်းနေကြတော့သည်။ ဓားအလင်းတန်းများအတွင်းရှိ နဂါးနတ်ဘုရား တစ်ကောင်ချင်းစီမှာ အံ့သြဖွယ်ကောင်းလောက်အောင် သဘာဝကျလှပြီး နဂါးမျက်ဝန်းတစ်စုံမှာလည်း အေးစက်ကာ ရက်စက်သော အလင်းတန်းများကို ထုတ်လွှတ်နေပေသည်။

‘နဂါးနောက်ပြန်လှည့်စွမ်းရည်... ၅ ဆ တိုက်ခိုက်ရေးစွမ်းအား...’

ထိုအချိန်တွင် ကျွင်းမော့ရှောင်နှင့် လော့လီတို့မှာ ဘာကိုမျှ ချန်မထားတော့ဘဲ ကမ္ဘာပျက်မတတ် ပြင်းထန်သော တိုက်ကွက်ကို ဖော်ဆောင်ရန် သူတို့၏ အစွမ်းကုန်အားကို ထုတ်သုံးလိုက်ကြသည်။ နှစ်ဖက်စလုံး၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်ပင် ကြီးမားလှပေသည်။ ဤအဆုံးအဖြတ်ပေးမည့် အခြေအနေတွင် တိမ်တိုက်များအတွင်းရှိ မိုးကြိုးများပင်လျှင် ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ပျက်ယွင်းသွားခဲ့ပြီး မိုးကြိုးတစ်ချက်မျှပင် ကျဆင်းခြင်း မရှိတော့ပေ။

“ဘုန်း...”

စီးဆင်းလာသော နဂါးနတ်ဘုရား ဓားအလင်းတန်း ထောင်ပေါင်းများစွာမှာ အနက်ရောင်လွမ်ငှက်ကြီးနှင့် တိုက်မိသွားခဲ့ရာ ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ မရေမတွက်နိုင်သော ပျက်စီးသွားသည့် ဓားအလင်းတန်း အပိုင်းအစများကို သယ်ဆောင်ထားသည့် ကြီးမားသော စွမ်းအင်လှိုင်းကြီးမှာ အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

“ဂျုန်း... ဂျုန်း...”

ထိုခဏမှာပင် ပတ်ဝန်းကျင်ရှိ ခိုင်ခံ့သော သစ်ပင်များအားလုံးမှာ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။ လူရိပ်လေးခုမှာ နောက်သို့ လွင့်ထွက်သွားခဲ့ကြပြီး တစ်ဦးစီမှာ မတူညီသော အရပ်မျက်နှာများသို့ ကျရောက်သွားခဲ့ကြသည်။

ကျွင်းမော့ရှောင်နှင့် လော့လီတို့မှာ ဓားများကိုကိုင်လျက် မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်နိုင်ခဲ့ကြသည်။ သူတို့၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ အေးစက်ကာ ရက်စက်နေဆဲ ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် လွမ်ငှက် အထွတ်အမြတ်ဂိုဏ်းမှ လူငယ်နှင့် မိန်းကလေးမှာမူ တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေပြီး အရှိန်အဝါများမှာလည်း အားနည်းနေ၏။ ထိုသူတို့ အကြီးအကျယ် ဒဏ်ရာရသွားခဲ့သည်မှာ ထင်ရှားလှပေသည်။

အခန်း ၁၁၃ ပြီးပါပြီ။

အခန်း ၁၁၄ - ကျင့်ကြံမှုနယ်ပယ်များ အကြီးအကျယ် ကျဆင်းခြင်းနှင့် အလွန်အမင်း ထိတ်လန့်ခြင်း

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

အဝေးမှ ဟင်းလင်းပြင်တွင် ဆံပင်နက်နှင့် သူအိုကြီးက ကျယ်လောင်စွာ ရေရွတ်လိုက်သည်။

သူ၏ တိုက်ရိုက်တပည့်နှစ်ဦးမှာ ထိုလူငယ်နှစ်ဦးထက် အဆင့်ငါးခုတိတိ ပိုမြင့်မားပြီး ပြန်လည်မွေးဖွားခြင်းနယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့်သူများ ဖြစ်ကြသည်။

ပြန်လည်မွေးဖွားခြင်းနယ်ပယ်သို့ ရောက်လုနီးပါးဖြစ်သော ပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ဦးမှာ လွမ်ငှက် အထွတ်အမြတ်ဂိုဏ်း၏ အမြင့်မြတ်ဆုံး လျှို့ဝှက်ကျမ်းသုံးစောင်ထဲမှ တစ်ခုဖြစ်သည့် ယင်ယန်လွမ်ငှက်စွမ်းရည်ကိုပင် ထုတ်ဖော်ခဲ့ကြသည်။

သို့သော်လည်း သူတို့သည် ထိုလူငယ်နှစ်ဦး၏ အနိုင်ယူခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်သည်။

အဆုံးအဖြတ်ပေးမည့် အခိုက်အတန့်တွင် ထိုလူငယ်နှစ်ဦးမှာ တစ်စုံတစ်ရာသော လျှို့ဝှက်စွမ်းရည်ကို အသုံးပြုလိုက်ပုံရပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။

“ဝေါ့... မင်းတို့က... ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သန်မာနေရတာလဲ...”

မောက်မာသော လူငယ်က သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး သူ၏မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခုဖြင့် ပုံပျက်သွားခဲ့သည်။

သူသည် ကျွင်းမော့ရှောင်နှင့် လော့လီတို့ကို အံ့သြတုန်လှုပ်စွာဖြင့် စိုက်ကြည့်နေပေသည်။

ပြင်းထန်သော တိုက်ခိုက်မှုအတွင်း သူနှင့် သူ၏ဂိုဏ်းတူညီမလေးတို့မှာ ယင်ယန်လွမ်ငှက်စွမ်းရည်ကို အတူတကွ ထုတ်ဖော်ခဲ့ကြသည်။ သို့သော်လည်း တစ်ဖက်မှ ထိုနှစ်ဦးမှာမူ လုံးဝ ဘာမှမဖြစ်ဘဲ ရှိနေကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ တကယ်ပင် ဤမျှအထိ သန်မာသည့်အဆင့်သို့ ရောက်ရှိနေကြသည်လား။ ဤကဲ့သို့သော ဖြစ်ရပ်မျိုးမှာ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေချေပြီ။

“အဟွတ်... အဟွတ်...”

ငယ်ရွယ်သောမိန်းကလေးသည်လည်း ချောင်းဆိုးလိုက်ပြီး သူမ၏ပါးစပ်ကို လက်ဖြင့် အလျင်အမြန် ပိတ်လိုက်သည်။

သို့သော်လည်း သူမ၏ လက်ချောင်းများကြားမှ ရဲရဲနီသော သွေးများ စီးကျလာခဲ့သည်။

သူမ ဒဏ်ရာရသွားခဲ့ချေပြီ။ ၎င်းမှာ အလွန်ပြင်းထန်လှပြီး သူမ၏ အရေးကြီးသော ကိုယ်တွင်းအင်္ဂါအားလုံး ပျက်စီးသွားခဲ့သည်။

“အစ်ကိုကြီး... ငါတို့ ရှုံးသွားပြီ...”

မိန်းကလေးက စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် အကြီးအကျယ် စိတ်ပျက်မှုများ ထင်ဟပ်နေသည်။

ထျန်းယွဲ့မင်းဆက်၏ ပြိုင်ဘက်ကင်း ပါရမီရှင်များဖြစ်သော သူတို့မှာ အမည်မသိ လူငယ်နှစ်ဦးကို အရေးနိမ့်သွားရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပါပေ။ သူတို့၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမှာ အကြီးအကျယ် ရိုက်ချခြင်း ခံလိုက်ရသည်။

ကျွင်းမော့ရှောင်သည်လည်း သူ၏မတည်ငြိမ်သော အသက်ရှူသံများကို ထိန်းချုပ်ရန် ကြိုးစားနေရသဖြင့် သူ၏ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

စိတ်ငြိမ်သွားပြီးနောက် သူသည် ဓားကိုမြှောက်လျက် ရှေ့မှ နှစ်ဦးကို အေးစက်စွာ စောင့်ကြည့်နေသည်။

မောက်မာသော လူငယ်နှင့် မိန်းကလေးတို့၏ အမူအရာတွင် မာန်မာနများ လုံးဝ မကျန်တော့ဘဲ သူတို့မှာ တကယ်ပင် ထိတ်လန့်သွားပုံရသည်။

သို့သော်လည်း သူတို့အား ထိတ်လန့်စေရုံဖြင့် လုံလောက်ပါမည်လား။ မည်သို့ပင်ဆိုစေ ဤနှစ်ဦးမှာ သူနှင့် သူ၏စီနီယာအစ်မကို သတ်ဖြတ်ပြီး ရတနာများကို လုယူရန် ကျိန်းဝါးခဲ့ကြသူများ ဖြစ်သည်။ လူသတ်လုယက်မှုပင်။ သူသည် ပြိုင်ဘက်များ၏ ထိုကဲ့သို့သော အပြုအမူမျိုးကို လုံးဝ သည်းခံလိမ့်မည် မဟုတ်ချေ။ သူသည် သူတို့ကို အလျင်အမြန် သတ်ပစ်ရမည် ဖြစ်သည်။

ထိုအချိန်တွင် ကျွင်းမော့ရှောင်မှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ သူသည် ဤနှစ်ဦးကို အသက်ရှင်ခွင့်ပေးရန် လုံးဝ စိတ်ကူးမရှိပါပေ။

“မောင်လေး... သွားကြရအောင်...”

လော့လီက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

‘တကယ်လို့ ဘယ်သူမဆို ငါ့ကို အရင်မတိုက်ခိုက်ရင် ငါလည်း သူတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူး... တကယ်လို့ တစ်စုံတစ်ဦးက ငါ့ကို အရင်တိုက်ခိုက်လာရင်တော့ ငါက သူတို့ကို သေအောင် သတ်ပစ်မှာပဲ...’

အမြဲတမ်း စိတ်ချင်းတူညီနေကြသည့်အတိုင်း လော့လီနှင့် ကျွင်းမော့ရှောင်တို့မှာ လူငယ်နှစ်ဦးထံသို့ တစ်ပြိုင်နက်တည်း ပြေးဝင်တိုက်ခိုက်လိုက်ကြတော့သည်။

“မင်းတို့ကောင်တွေ... ဘယ်လိုတောင် ရဲတင်းနေရတာလဲ...”

ဒေါသတကြီး ဟိန်းဟောက်သံတစ်ခုမှာ မိုးခြိမ်းသံပမာ အဝေးမှနေ၍ လိမ့်ဆင်းလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆံပင်နက်နှင့် သူအိုကြီးမှာ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး လော့လီနှင့် ကျွင်းမော့ရှောင်တို့ကို ရပ်တန့်သွားစေသည့် ပြင်းထန်သော ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။

စွမ်းအားကြီးမားလှသော ကံကြမ္မာနယ်ပယ် ကျင့်ကြံသူကြီး၏ ရှေ့မှောက်တွင် သူတို့မှာ ခြေတစ်လှမ်းမျှပင် ရှေ့သို့ မတိုးနိုင်ကြတော့ပေ။

ဆင်းသက်လာသော ကံကြမ္မာနယ်ပယ် ကျင့်ကြံသူကြီးနှင့် ရင်ဆိုင်ရသည့်အခါ လော့လီနှင့် ကျွင်းမော့ရှောင်တို့၏ အမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူတို့၏ မျက်ခုံးများမှာမူ အနည်းငယ် တွန့်ချိုးသွားခဲ့သည်။

ထိုမောက်မာသော ပါရမီရှင်လူငယ်များတွင် အစောင့်အရှောက်တစ်ခု ရှိနေသည်မှာ ထင်ရှားလှပေသည်။ ထို့ကြောင့်လည်း သူတို့မှာ ဤမျှအထိ ရဲတင်းနေကြခြင်း ဖြစ်ရပေမည်။

“မင်းတို့ ကလေးနှစ်ယောက်က တော်တော်လေး ရက်စက်တာပဲနော်... ပြိုင်ပွဲမှာ အနိုင်ရပြီးတာတောင် သူတို့ကို သတ်ပစ်ဖို့ ကြံစည်နေကြတာလား...”

ဆံပင်နက်နှင့် သူအိုကြီးက လက်များကို နောက်ပစ်လျက် အထက်လူကြီးတစ်ဦး၏ အသွင်ဖြင့် အေးစက်စွာ မေးမြန်းလိုက်သည်။

သူသည် ဤလူငယ်နှစ်ဦးကို သူကိုယ်တိုင် သတ်ပစ်သင့်သလား၊ မသတ်သင့်ဘူးလား ဆိုသည်ကို ဝေခွဲမရဘဲ တုံ့ဆိုင်းနေဆဲ ဖြစ်သည်။

မည်သို့ပင်ဆိုစေ သူ၏ အဆင့်အတန်းမှာ ထျန်းယွဲ့မင်းဆက်တွင် မြင့်မားလှပြီး ကျင့်ကြံမှုမှာလည်း နက်နဲလှပေသည်။ ကောင်းကင်တံတားနယ်ပယ် ကျင့်ကြံသူနှစ်ဦးကို သတ်ဖြတ်ခြင်းမှာ သူ၏ ဂုဏ်သိက္ခာကို အမှန်ပင် ထိခိုက်စေလိမ့်မည် ဖြစ်သည်။

“စီနီယာ... နောက်နေတာလား... စီနီယာ့ရဲ့ တပည့်တွေကပဲ ကျွန်တော်တို့ကို အရင်သတ်ဖို့ ကြိုးစားခဲ့တာလေ... ကျွန်တော်တို့က သေမယ့်ရက်ကိုပဲ ထိုင်စောင့်နေရမှာလား... အခု ကျွန်တော်တို့က ဒီပြိုင်ပွဲမှာ နိုင်သွားပြီဆိုတော့ သူတို့ကို သတ်ပစ်ဖို့ ကြိုးစားတာကရော မမှန်ကန်ဘူးလား...”

လော့လီက အေးစက်စွာ ပြန်လည်ချေပလိုက်သည်။

ကံကြမ္မာနယ်ပယ် ကျင့်ကြံသူကြီး၏ ပြင်းထန်လှသော စွမ်းအားဖိနှိပ်မှုအောက်တွင် သူမနှင့် ကျွင်းမော့ရှောင်တို့မှာ လှံများကဲ့သို့ မတ်မတ်ရပ်နေကြပေသည်။

ဆံပင်နက်နှင့် သူအိုကြီးက မျက်လုံးကို မှေးလိုက်သည်။

ဤမျှအထိ တည်ငြိမ်နေသော လူငယ်နှစ်ဦးမှာ အဘယ်ကဲ့သို့သော သူများဖြစ်ကြသနည်း။ သူတို့အား မည်သူက ဤမျှအထိ သတ္တိများ ပေးထားခြင်းဖြစ်သနည်း။ အကယ်၍ သူတို့အနားတွင် အစောင့်အရှောက်များ ရှိနေခြင်းကြောင့်ဖြစ်သလော။ ဤသေးငယ်သော ရှန်ဖုန်းမင်းဆက်တွင် သူ့ထက်ပို၍ ကျင့်ကြံမှု သန်မာသူ မည်သူရှိနိုင်ဦးမည်နည်း။

“ဆရာ... သူတို့ကို သေချာပေါက် သတ်ပစ်ရမယ်၊ ဒါမှ သူတို့ဆီက ရတနာတွေက ကျွန်တော်တို့အပိုင် ဖြစ်မှာ...”

သူ၏နောက်ကွယ်တွင် ရပ်နေသော မောက်မာသည့် လူငယ်က သူ၏နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လျက် ပြောဆိုလိုက်သည်။ သူ၏မျက်ဝန်းထဲတွင် ရက်စက်သော လှောင်ပြုံးတစ်ခု ရှိနေပေသည်။

သူတို့သည် ယဉ်ကျေးသိမ်မွေ့ဟန်ဆောင်မှုအားလုံးကို ဖယ်ရှားလိုက်ကြချေပြီ။ ယခုမှာမူ သတ်ရန် သို့မဟုတ် အသတ်ခံရန်သာ ရှိတော့သည်။ သူသည် မောက်မာဟန် လုံးဝ မပြတော့ချေ။

“ဆရာ... ကျေးဇူးပြုပြီး လှုပ်ရှားပေးပါ... ဆရာက သူတို့ကို လက်ညှိုးတစ်ချောင်းတည်းနဲ့တင် အမှုန့်ကြိတ်နိုင်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်...”

ငယ်ရွယ်သောမိန်းကလေးက နာကျည်းစွာ ပြောဆိုလိုက်သည်။

သူမ၏ အကြည့်မှာ စူးရှလှသော ဓားနှစ်လက်ကဲ့သို့ တစ်ဖက်မှ နှစ်ဦးကို ပြင်းထန်စွာ ထိုးစိုက်နေပေသည်။

“...”

ဆံပင်နက်နှင့် သူအိုကြီးမှာ အတွေးထဲတွင် နစ်မြောနေသည်။ မည်သို့ပင်ဆိုစေ သူ၏အသက်အရွယ်အရ သူ၏စဉ်းစားတွေးခေါ်မှုများမှာ လူငယ်တပည့်နှစ်ဦးထက် များစွာ ပိုမိုနက်နဲလှပေသည်။

“မင်းတို့ အရှုံးသမားနှစ်ယောက်...”

ကျွင်းမော့ရှောင်က အေးစက်စွာ လှောင်ပြောင်လိုက်သည်။

“တကယ်လို့ မင်းတို့မှာ သတ္တိရှိရင် ငါတို့ကို မင်းတို့ဘာသာ ပြန်တိုက်လေ... လူကြီးကို အားကိုးပြီး တိုက်ခိုက်ခိုင်းနေရအောင် မင်းတို့က ဘယ်လိုမျိုး သူရဲကောင်းတွေလဲ... တကယ့် ငကြောက် နှစ်ယောက်ပဲ...”

ကျွင်းမော့ရှောင်၏ စကားများကြောင့် လူငယ်နှင့် မိန်းကလေးတို့၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားခဲ့သည်။ သူတို့မှာ စကားပြန်မပြောနိုင်လောက်အောင် ဖြစ်သွားကြရသည်။

မည်သို့ပင်ဆိုစေကာမူ နှစ်ဦးလုံးမှာ အလွန်ပင် မောက်မာသော ပါရမီရှင်များ ဖြစ်ကြသည်။ ကျွင်းမော့ရှောင်က ဤသို့ လှောင်ပြောင်လိုက်သည့်အခါ သူတို့မှာ ပြန်လည်ချေပရန် စကားလုံး မရှိတော့ချေ။

အမှန်စင်စစ် သူတို့မှာ စောစောက အရေးနိမ့်ခဲ့သည်မဟုတ်ပါလား။

သူတို့မှာ ဘာမှငြင်းစရာမရှိဘဲ တရားမျှတစွာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

“မင်းတို့ ကလေးနှစ်ယောက်က တော်တော်လေး မောက်မာတာပဲ... မင်းတို့လည်း တစ်စုံတစ်ဦးကို အားကိုးနေတာ သေချာပါတယ်... မင်းတို့ရဲ့ အကြီးအကဲကို ထွက်လာခိုင်းလိုက်စမ်းပါ...”

ဆံပင်နက်နှင့် သူအိုကြီးက နှာခေါင်းရှုံ့လျက် ပြောဆိုလိုက်သည်။

“အကြီးအကဲ ဟုတ်လား...”

ကျွင်းမော့ရှောင်နှင့် လော့လီတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ နှုတ်ခမ်းများတွင် ဆန်းကြယ်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

‘ဒီလူအိုကြီးက ကံကြမ္မာနယ်ပယ် ကျင့်ကြံသူတစ်ဦးမျှသာပဲ၊ သူက ငါတို့ရဲ့ ဘိုးဘေးကြီးနဲ့ ဆုံတွေ့ဖို့ အရည်အချင်းရှိလို့လား။ ငါတို့ရဲ့ ဘိုးဘေးကြီးက နတ်ဧကရာဇ်နယ်ပယ်ကို ရောက်နေတာလေ၊ သူက ဘာလို့ ဒီအရေးမပါတဲ့ ကံကြမ္မာနယ်ပယ် ကျင့်ကြံသူတွေကို ဆုံတွေ့ဖို့ အချိန်ပေးရမှာလဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ငါတို့ရဲ့ ဘိုးဘေးကြီး တစ်ယောက်တည်းနဲ့တင် ချန်းနန်ကုန်းမြေကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်။ မည်သို့ပင်ဆိုစေ နတ်ဧကရာဇ်နယ်ပယ်ဆိုတာ စစ်မှန်သော နတ်ဘုရားနယ်ပယ်ထက်တောင် အဆပေါင်းများစွာ ပိုပြီး သန်မာတာလေ... ချန်းနန်ကုန်းမြေကြီးပေါ်က အသန်မာဆုံးလူတွေတောင်မှ ထာဝရနယ်ပယ်မှာပဲ ရှိကြသေးတာ...’

“အဘိုးကြီး... ခင်ဗျားရဲ့ စကားတွေက တကယ်ကို ရယ်စရာကောင်းလွန်းတယ်၊ ကျွန်တော် ခင်ဗျားကို ဘယ်လိုတောင် ပြန်ပြောရမှန်း မသိတော့ဘူး...”

ကျွင်းမော့ရှောင်က သူ၏မျက်ဝန်းထဲတွင် အထင်မြင်သေးသော အမူအရာများဖြင့် ရယ်မောလိုက်သည်။

သူသည် သူတို့၏ ဘိုးဘေးကြီးအကြောင်းကို သေချာပေါက် ထုတ်ဖော်ပြောပြလိမ့်မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ သူတို့၏ ဘိုးဘေးကြီး၏ အဆင့်အတန်းမှာ အလွန်ပင် မြင့်မားလှပေသည်။ လွန်ခဲ့သော အနှစ်တစ်သိန်းက သူသည် ချန်းနန်ကုန်းမြေကြီး၏ နံပါတ်တစ် ထာဝရနယ်ပယ် သန်မာသူကြီး ဖြစ်ခဲ့သည်။ ထိုအချိန်တုန်းကဆိုလျှင် ဤလူအိုကြီး၏ ဘိုးဘေး ဘီဘင်များပင်လျှင် မွေးဖွားခြင်း ရှိဦးမည်လား ဆိုသည်မှာ သံသယဖြစ်ဖွယ်ရာပင်။

“မင်း...”

ဆံပင်နက်နှင့် သူအိုကြီးမှာ ကျွင်းမော့ရှောင်၏ စကားများ၊ အထူးသဖြင့် သူ၏ အထင်မြင်သေးသော အကြည့်ကြောင့် အကြီးအကျယ် ဒေါသထွက်သွားခဲ့သည်။

သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လက်များကို နောက်ပစ်လျက် ပြင်းထန်သော အရှိန်အဝါတစ်ခုကို ထုတ်ဖော်ကာ ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းလာခဲ့သည်။

သူသည် တိုက်ရိုက် တိုက်ခိုက်ခြင်း မပြုသေးပေ။

ယင်းအစား သူသည် လော့လီနှင့် ကျွင်းမော့ရှောင်တို့ထံသို့ သတိထားလျက် ချဉ်းကပ်လာခြင်း ဖြစ်သည်။ ဤသည်က ဤဆံပင်နက်နှင့် သူအိုကြီးမှာ အလွန်ပင် ဂရုစိုက်တတ်သောသူ ဖြစ်ကြောင်း ဖော်ပြနေပေသည်။

သူ ပထမဆုံး ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ဆံပင်နက်နှင့် သူအိုကြီး၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

သူ၏ ကျင့်ကြံမှုအဆင့်မှာ ကံကြမ္မာနယ်ပယ် အဆင့် ၁၀ မှ ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၁၀ သို့ ရုတ်တရက် ကျဆင်းသွားခဲ့သည်။ ဤသည်မှာ နယ်ပယ်ကြီးတစ်ခုလုံး ကျဆင်းသွားခြင်းပင် ဖြစ်သည်။

အကြီးအကျယ် ထိတ်လန့်သွားသဖြင့် သူ လုံးဝ တုံ့ပြန်နိုင်ခြင်း မရှိသေးမီမှာပင် သူသည် မသိလိုက်ဘဲ ဒုတိယမြောက် ခြေတစ်လှမ်းကို ထပ်မံလှမ်းလိုက်မိသည်။

နောက်တစ်ခဏတွင် သူအိုကြီး၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့ပြီး ပါးစပ်မှာလည်း အဟောင်းသား ဖြစ်သွားခဲ့တော့သည်။ သူ၏မျက်နှာမှာလည်း ကမ္ဘာပေါ်တွင် ကြောက်မက်ဖွယ်အကောင်းဆုံးအရာကို မြင်လိုက်ရသည့်အလား ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

“အား...”

သူသည် အသည်းခိုက်မတတ် အော်ဟစ်လိုက်မိသည်။

ဆံပင်နက်နှင့် သူအိုကြီးမှာ သူ၏ ကျင့်ကြံမှုအဆင့်သည် ပြန်လည်မွေးဖွားခြင်းနယ်ပယ် အဆင့် ၁၀ မှ ကောင်းကင်တံတားနယ်ပယ် အဆင့် ၁၀ သို့ တဟုန်ထိုး ကျဆင်းသွားသည်ကို သိလိုက်ရသဖြင့် အကြီးအကျယ် ထိတ်လန့်သွားခဲ့ရသည်။

ယခုအခါ သူ၏ ကျင့်ကြံမှုအဆင့်မှာ သူ၏တပည့်နှစ်ဦးနှင့် အတူတူပင် ဖြစ်သွားခဲ့ချေပြီ။

“ဆရာ... ဘာဖြစ်လို့လဲ...”

သူတို့၏ ဆရာမှာ ရုတ်တရက် ရူးသွပ်သူတစ်ဦးပမာ အော်ဟစ်လိုက်သည်ကို မြင်လိုက်ရသည့်အခါ သူ၏နောက်ကွယ်မှ လူငယ်နှစ်ဦးမှာ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။

ထို့နောက်တွင် သူတို့၏ ဆရာမှာ ရုတ်တရက် နောက်သို့ လှည့်လိုက်သည်ကို တွေ့လိုက်ရသည်။ သူ၏မျက်လုံးများမှာ သွေးစွန်းနေသကဲ့သို့ ပြူးကျယ်နေပြီး သူ၏မျက်နှာမှာလည်း ပုံပျက်နေလျက် ရူးသွပ်သူတစ်ဦးပမာ သွားကြိတ်ကာ ဟင်းလင်းပြင်ကို လက်သည်းများဖြင့် ကုတ်ခြစ်နေတော့သည်။

အခန်း ၁၁၄ ပြီးပါပြီ။

All Chapters