← Chapters

အခန်း (၈၅-၈၇)

Vol. 6 Ch. 85-87

အခန်း (၈၅-၈၇)

Vol. 6 Ch. 85-87

အပိုင်း ( 85 )

မင်းလိုငွေမက်တဲ့လူမျိုးကို ငါတစ်ခါမှ မတွေ့ခဲ့ဖူးဘူး

လုချန်ရှန်းသည် အရှေ့ဘက်သို့ ထွက်ခွာသွားခဲ့သည်။

ဤနေရာသည် လော့ယွမ်တောင်တန်းနှင့် လီနှစ်ထောင်ခန့်(ကီလိုမီတာ ၁၀၀၀)သာ ကွာဝေးပြီး၊ သူသည် ထိုနေရာက အလွန်တရာ ဆန်းကြယ်ကာ၊ သူကိုယ်တိုင် သွားကြည့်ရန် လိုအပ်သည်ဟု ခံစားနေခဲ့ရသည်။

သို့ရာတွင် ရှောင်ဟေးကမူ ထိုလူက ၎င်းကို လျှို့ဝှက်ဆန်းကြယ်သည်ဟု ထင်နေခြင်း မဟုတ်ဘဲ၊ ထိုနေရာရှိ နယ်ပယ်ဖိနှိပ်မှုကြောင့် အစွမ်းထက် ပညာရှင်များကို တွေးပူနေရန် မလိုအပ်ဘူးဆိုသည်ကို သိနေသောကြောင့် သွားနေခြင်းဖြစ်သည်ဟု သိနေခဲ့သည်။

ထိုလူ့အတွက်မူ သူ၏လုံခြုံဘေးကင်းရေးသာလျှင် ဦးစားပေးဖြစ်နေခဲ့သည်၊ အဆင့်တူအတွင်းတွင် သူသည် ပြဿနာတက်ရမည်ကို မည်သို့မျှ ကြောက်ရွံ့မနေခဲ့ပေ၊ အကယ်၍ သူအနိုင်မယူနိုင်သည့် ပါရမီရှင်တစ်ဦးနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ၊ ထွက်ပြေးသွားနိုင်ပေသည်။

ထိုလူ၏ စိတ်ထားအကြောင်းကို တွေးကြည့်လိုက်မည်ဆိုလျှင်တောင်မှ၊ သူသည် သေခြင်းတရားကို မကြောက်ဘူးဟု ဖြောင့်မတ်တည်ကြည်စွာ ပြောဆိုနေခဲ့သော်လည်း၊ အဆိုပါ တောင်တန်းဆီသို့ ခြေချနိုင်သည်နှင့်တစ်ပြိုင်နက်၊ ထိုလူသည် နောက်ဆုံး ၁၀လွှာထံသို့ တိုက်ရိုက်ပြေးဝင်သွားမည် ဖြစ်သည်။

သူတို့သည် လီနှစ်ထောင်ကျော်အထိ ကျော်ဖြတ်လာခဲ့ပြီး၊ အဝေးတွင် တောင်တန်းများ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်ထွက်လာသည်ကို မြင်တွေ့လာခဲ့ရသည်။

လေထုအတွင်းသို့ နတ်အလင်းတန်းများ ထောင်တက်လာခဲ့ပြီး၊ ကောင်းကင်ယံတွင် နတ်စွမ်းအားတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

၎င်းသည် ဤနေရာတွင် နတ်ဘုရားတိုင်းပြည်တစ်ခု ရှိနေသည့်အလား ဖြစ်နေခဲ့ပြီး၊ လူများ၏ စိတ်ထဲတွင် ရိုသေလေးစားမှုများ ပြည့်နှက်သွားစေခဲ့သည်။

“ ဒါက လော့ယွမ်တောင်တန်းလား။ ဒီနေရာမှာ သေသွားခဲ့တဲ့ နတ်ဘုရားနယ်ပယ် ပညာရှင်က လော့ယွမ်လား “ ဟု လုချန်ရှန်းမှ မေးမြန်းလာခဲ့သည်။

ရှောင်ဟေးသည် ထိုမေးခွန်းကို ကြားလိုက်ရသောအခါတွင် မျက်စောင်းထိုး၍ ကြည့်လာခဲ့သည်၊ သို့သော် သူသည် အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ ဒီတောင်တန်းက နဂိုကတည်းက လော့ယွမ်တောင်တန်းလို့ ခေါ်တယ်လို့ စားသောက်ဆိုင်ကလူတွေ ပြောနေကြတာကို မင်းမကြားခဲ့ရဘူးလားဟ။ နတ်ဘုရားနယ်ပယ် ပညာရှင်တစ်ယောက်က ဒီမှာ ဆုံးသွားပြီးတော့၊ အဲ့တာက လျှို့ဝှက်နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားရုံလေးပဲ “

“ ငါက အာရုံစိုက်မနေခဲ့ဘူး “

“ သူတို့က အချိန်အတော်ကြာ စကားပြောနေခဲ့တာလေ၊ မင်းဘာကြားလိုက်ရလဲ “

လုချန်ရှန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ စကားဆက်ပြောလာခဲ့သည် “ အထဲမှာ အခွင့်အလမ်းတွေ အများကြီးရှိပြီးတော့ နတ်ဘုရားနယ်ပယ် မူလအရင်းအမြစ် ဒါမှမဟုတ် တစ်ခြားတစ်ခုခုလည်း ရှိတယ်ဆိုလားပဲ၊ အဲ့တာကို ကြားခဲ့တာ “

ရှောင်ဟေး ဆွံ့အသွားခဲ့သည်၊ ဒီကောင်က ငွေကလွဲပြီး၊ ဘာမှ မကြားနိုင်တဲ့ပုံပဲ

သို့ရာတွင် သူသည် အေးအေးဆေးဆေး ပြန်ပြောလိုက်သည် “ ကိစ္စမရှိပါဘူး၊ အဲ့တာတွေက အရေးမှ မကြီးတာ “

ဟမ်

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် သံသယဖြစ်သွားပြီး၊ မနေနိုင်တော့ဘဲ၊ စကားထပ်ပြောလိုက်သည် “ အနက်လေး၊ မင်းအပြုအမူတွေက မှားနေပြီနော် “

“ ငါက ဘာမှားနေလို့လဲ “

“ ပုံမှန်ဆိုရင်၊ မင်းက ငါ့ကို လှောင်ပြောင်ပြီးတော့ ပေါက်ကရတွေ လျှောက်ပြောနေရမှာလေ၊ ဒါပင်မဲ့ ဒီနေ့တော့ မင်းက တော်တော်လေးကို နူးညံ့ပျော့ပျောင်းနေတယ်။ ငါ့ဆီက ဓားတာအိုလေး သင်ချင်တာကြောင့်ပဲလား “ ဟု လုချန်ရှန်းမှ ပြန်ပြောလိုက်သည်။

“ ဟုတ်တယ် “ ရှောင်ဟေးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ တိုက်ရိုက်ပြန်ပြောလာခဲ့သည်။

“ အာဏာနဲ့ ကြွယ်ဝချမ်းသာမှုရှေ့မှာ ငါက ဘယ်လိုလုပ် ဦးညွတ်ပြီးတော့ အရှုံးပေးလိုက်ရမှာလဲ။ ရှောင်ဟေး၊ ငါမင်းကို တော်တော်လေး စိတ်ပျက်မိတယ်။ အရင်ကလို မင်းရဲ့ ပုန်ကန်တတ်တဲ့ သဘောထားကိုပဲ ငါကြိုက်တယ်၊ ငါက တော်တော်လေးကို စည်းကမ်းကြီးတဲ့ လူတစ်ယောက်ကွ “

“ ဘာကိုဆိုလိုတာလဲ “

“ တကယ်လို့ မင်းရဲ့ စိတ်သဘောထားက တိုးတက်လာမယ်ဆိုရင်တောင်မှ၊ မင်းရဲ့သင်တန်းကြေးကို ငါလျှော့ပေးမှာ မဟုတ်ဘူး။ စည်းကမ်းတင်းကြပ်တဲ့ ဆရာတစ်ယောက်က ထူးချွန်ထက်မြက်တဲ့ တပည့်တစ်ယောက်မွေးထုတ်ပေးနိုင်တယ်ဆိုတာကို မင်းနားလည်သင့်တယ်လေ၊ ဟုတ်တယ်မလား “

ရှောင်ဟေးသည် ထပ်မံ၍ ဆွံ့အသွားခဲ့ရပြန်သည်၊ ထို့နောက်တွင် သူသည် စကားထပ်ပြောလာခဲ့သည် “ ဈေးကြီးတဲ့ ပစ္စည်းတွေမှာ ကိုယ်ပိုင်အကြောင်းအရင်းတွေ ရှိတယ်လို့ ပြောချင်နေတာလား “

“ အနည်းနဲ့အများဆိုသလိုပေါ့။ ဘာပဲဖြစ်ဖြစ်ပါလေ ဝိညာဥ်ကျောက်တုံး တစ်တုံးလေးတောင် မလျှော့ပေးနိုင်ဘူးနော် “

“ ဒီလောက်ငွေမက်တဲ့ လူမျိုးကို ငါတစ်ခါမှ မတွေ့ခဲ့ဖူးဘူး “

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ လူသားတွေနဲ့ ငှက်တွေရဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေဆိုတာက ဘယ်လိုမှဆက်စပ်မနေဘူး “

ရှောင်ဟေးသည် ထိုလူနှင့် ထပ်မံ၍ မငြင်းခုန်ချင်တော့ပေ။

သိပ်မကြာခင် အချိန်မှာပင် သူတို့သည် တောင်တန်းဒေသ၏ ဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။

ဤနေရာတွင် များပြားလွန်းလှသော လူအုပ်ကြီးတစ်အုပ်ရှိနေခဲ့ပြီး၊ သူတို့သည် အပြင်ဘက်တွင် စောင့်ဆိုင်းကာ အရှေ့သို့ ငေးကြည့်နေကြသည်။

လျှို့ဝှက်နယ်မြေ စတင်နေပြီဖြစ်သော်လည်း၊ ထိုလူများသည် ဤနေရာတွင်သာ စောင့်ဆိုင်းနေကြသေးသည်။

သူသည် နတ်ကောင်းကင်ဂိုဏ်း၏ အကြီးအကဲများနှင့် လအရှင်သခင်ကပါ ဤနေရာတွင် ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်၊ သို့သော် ကူချန်ကျွင်းနှင့် ကျိုးချင်ယုတို့ကိုမူ မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ပေ။

ထိုလူများ၏ ဘေးဘက်တွင် နတ်ကောင်းကင်ဂိုဏ်း၏ ပိုက်နက်အပြင်ဘက်မှ အင်အားစုများလည်း ရှိနေခဲ့သည်။

မုတ်ဆိတ်ဖြူနှင့် ဆံဖြူလူအိုကြီးတစ်ဦးသည် သူ၏မုတ်ဆိတ်ကို ပွတ်သပ်ကာ တောင်တန်းဒေသကို အေးအေးလူလူ ငေးကြည့်ကာ၊ အသာအယာ ပြုံးနေလျက်ရှိသည်။

“ ကောင်းကင်တံခါး/ထျန်ရှင်းလား “ ဟု ရှောင်ဟေးမှ ရေရွတ်ပြောဆိုနေခဲ့သည်။

“ မင်းက သူတို့ကို သိတာလား “ လုချန်ရှန်း အံ့အားသင့်သွားခဲ့သည်။

ရှောင်ဟေးမှ ပြန်ပြောလာခဲ့သည် “ အဲ့တာက နတ်ကောင်းကင်ဂိုဏ်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဂိုဏ်းတစ်ခုပဲ၊ တောင်ပိုင်းပြည်နယ်ရဲ့ အဓိက အင်အားစုတစ်ခုဆိုလည်း ဟုတ်တယ်၊ အစွမ်းက မင်းတို့ထပ် မနိမ့်ဘူး “

လုချန်ရှန်းသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။

သို့ရာတွင် ရှောင်ဟေးသည် အဝေးသို့ လှမ်းကြည့်ကာ အမူအရာ ပြောင်းလဲသွားသည်။

“ ပန်မျိုးနွယ်စုက တကယ်ကြီး ရောက်လာတာပဲ “

“ ဘာပန်မျိုးနွယ်စုလဲ “

“ ရွှေတောင်ပံ ပန်မျိုးနွယ်စုလေ။ သူတို့ဆီမှာ ရှေးဟောင်းပန်ငှက်ရဲ့ သွေးမျိုးဆက်တွေ စီးဆင်းနေတယ်၊ သူတို့က တောင်ပိုင်းဒေသရဲ့ ဧရာမ အင်အားစုတစ်ခုပဲ “

( ခွန်ပန်/ခွန်ဖန်လို့ သိကြတဲ့အထဲက ပန်ဆိုတဲ့ငှက်ပါ )

ရှောင်ဟေးသည် အဆိုပါ မျိုးနွယ်စုအကြောင်းကို ရှင်းပြလာခဲ့သည်။

လုချန်ရှန်းမှာလည်း နားလည်သွားခဲ့သည်။ ရွှေတောင်ပံ ပန်မျိုးနွယ်စုဖြစ်သော်လည်း၊ ၎င်းတို့သည် ရှေးဟောင်း ရွှေတောင်ပံ မဟာပန်နှင့် ကွဲပြားနေခဲ့သည်၊ သူတို့သည် သွေးနှော အမျိုးအစားသာ ဖြစ်နေခဲ့ပြီး၊ ပန်ငှက်၏ သန့်စင်သော သွေးမျိုးဆက်ကို မပိုင်ဆိုင်ထားခဲ့ပေ။

ထိုကဲ့သို့ဆိုလျှင်တောင် အဆိုပါ မျိုးနွယ်စုသည် အလွန်တရာ အစွမ်းထက်နေခဲ့သည်။

ရှင်းပြချက်ကို နားထောင်ခဲ့ရပြီးသည့်နောက်တွင် သူသည် ရှောင်ဟေး၏ စိတ်ခံစား အတက်အကျများကို ခံစားမိနေခဲ့ပြီး၊ သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည် “ မင်းကြည့်ရတာ အားကောင်းတဲ့ စိတ်ခံစားချက်တွေ ရှိနေတဲ့ပုံပဲ။ ပန်မျိုးနွယ်စုနဲ့ ရန်ကြွေးရှိတာလား “

“ မဟုတ်ပါဘူး “ ရှောင်ဟေးမှ ခေါင်းခါပြလိုက်သည်၊ ထို့နောက်တွင် တွေးတောစဥ်းစားနေရင်းဖြင့် စကားထပ်ပြောလိုက်သည် “ အဲ့ဒီမျိုးနွယ်စုက လူတစ်ယောက်က ငါ့ရဲ့ ကမ္ဘာမကြေ ရန်သူဖြစ်နေရုံလေးတင်ပါပဲ၊ ဒါပင်မဲ့ ဒီတစ်ကြိမ်မှ သူရော ရောက်လာမလားဆိုတာကို ငါမသိဘူး “

“ ကမ္ဘာမကြေ ရန်သူလား “

“ဟုတ်တယ် “

လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ၊ စကားထပ်ပြောလိုက်သည် “ ရှောင်းဟေး၊ မင်းက ဘယ်လိုမျိုးစိတ်လဲဆိုတာကို ငါတော်တော်လေး သိချင်မိတယ် “

“ ဘာကိုမျိုးစိတ်လဲ၊ မျိုးနွယ်စုကွ “

“ ကောင်းပြီလေ၊ မင်းက ဘာမျိုးနွယ်စုလဲ “

“ ငါကကောင်းကင်ဝါးမျိုငှက်ပဲ။ ငါ့ရဲ့ အတောင်ပံတွေကို ခတ်လိုက်တဲ့ အချိန်မှာ ငါက ကမ္ဘာကြီးရဲ့ လီကိုးသောင်း( ကီလိုမီတာ ၄၅၀၀၀ )အထိ ဝါးမြိုနိုင်တယ် “

မျိုးနွယ်စုအကြောင်းပြောလိုက်သည့် အချိန်တွင်၊ ရှောင်ဟေးမှာ ဂုဏ်ယူဝင့်ကြွားသွားခဲ့သည်။

လုချန်ရှန်းသည် ၎င်းကို လျစ်လျူရှုထားကာ၊ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ နောက်ဆုံးတော့လည်း မင်းက ကျီးကန်းကြီးတစ်ကောင်ပဲ မဟုတ်ဘူးလား “

ရှောင်ဟေးသည် ချက်ချင်းပေါက်ကွဲသွားခဲ့သည်။ သူ့ကို ကျီးကန်းဟုခေါ်သည်မှာ ကိစ္စတစ်ခုဖြစ်သည်၊ သို့သော် ထိုလူ့လေသံထဲတွင် ပါဝင်နေသည့် နောင်တရနေသော အရိပ်အငွေ့များက မည်သည့်အရာကို ဆိုလိုနေပါသနည်း

ငါက ကျီးကန်းမဟုတ်လို့ နောင်တရနေတာလား

“ လုချန်ရှန်း “

“ ဘာဖြစ်လို့လဲ “

“ မင်းက တကယ်ကို ရွံစရာကောင်းတယ် “

“ အမ် ……. “

လုချန်ရှန်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ရှောင်ဟေးမှာလည်း သူ၏စိတ်ခံစားချက်များကို ငြိမ်သက်သွားစေရန် ကြိုးပမ်းနေခဲ့သည်။ တစ်ခါတစ်ရံတွင် သူသည် ဤလူနှင့် အတူတူသွားချင်လာချင်သော်လည်း၊ ထိုလူ၏ ပါးစပ်မှာ အမှန်ပင် စိတ်ရှုပ်ဖွယ်ကောင်းလွန်းနေခဲ့သည်။

သို့ရာတွင် လုချန်ရှန်းသည် ၎င်းတို့ကို လျစ်လျူရှုထားကာ၊ ထပ်မံ၍ မေးမြန်းလာခဲ့သည် “ ရှောင်ဟေး၊ ဘယ်နာမည်က ပိုကောင်းတယ်လို့ ထင်လဲ၊ ချင်းယီဓားသခင်လား၊ ဒါမှမဟုတ် လုရီထျန်လား “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေးမှာ လုံးဝကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။

အဲ့နာမည်နှစ်ခုက ယှဥ်ဖို့တောင် လိုသေးလို့လားဟ။ ရွေးချယ်ဖို့ရော လိုအပ်လို့လား

ထိုစဥ် သူသည် လုချန်ရှန်း၏ အသွင်အပြင် ပြောင်းလဲသွားကာ၊ သူ၏မျက်နှာကလည်း ယခင်ကနှင့် လုံးဝမတူတော့ဘူးဆိုသည်ကို သတိပြုမိသွားခဲ့သည်။

သူသည် ချောမောနေစဲဖြစ်သော်လည်း၊ ယခင်ကနှင့် လုံးဝမတူညီသည့် လူတစ်ဦး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

“ မင်းက အဲ့တာကို မလေ့ကျင့်နိုင်ခဲ့ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား “ ရှောင်ဟေးမှ အံ့ဩတကြီး ပြန်ပြောလာခဲ့သည်။

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ဟုတ်တယ်လေ “

“ ဒါဆိုရင် မင်းက ဘယ်လိုလုပ် ပြောင်းလဲသွားရတာလဲ “

“ တကယ်လို့ အဲ့တာကို အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင်၊ ငါက ကြိုက်သလိုလုပ်ပြီးတော့ အဲ့တာကို အချိန်အတော်ကြာတဲ့အထိ ထိန်းသိမ်းထားမှာပေါ့ဟ။ အခုငါက အဲ့တာကို တစ်ရက်လေးပဲ ထိန်းသိမ်းနိုင်တယ်လေ။ အဲ့တာကြောင့် အဲ့တာကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့တယ်လို့ ပြောလို့ မရဘူးလေ “

ရှောင်ဟေး : “ … “

သူသည် အံ့ဩတုန်လှုပ်ကာ၊ ဆွံ့အသွားခဲ့ရပြန်သည်၊ ဒီကောင်က ဘယ်လိုလူမျိုးလဲဟ

ထိုစဥ် လုချန်ရှန်းကမူ နာမည်နှစ်ခုကြား ဗျာများနေလျက်ရှိသည်။ အကယ်၍ သူ၏ အသွင်အပြင်ကို ပြောင်းလဲလိုက်မည်ဆိုပါက၊ သူသည် သူ၏အမည်ကိုပါ ပြောင်းလဲရမည် ဖြစ်သည်။

ယခင်က လူအများသည် သူ့ကို ညနတ်ဆိုးဟူ၍ ချီးကျူးဂုဏ်ပြုခဲ့ကြသည်၊ သို့သော် သူသည် ၎င်းက သူ၏စိတ်နေစိတ်ထားနှင့် မကိုက်ညီသောကြောင့် ၎င်းကို သဘောမကျပေ။

၎င်းနှင့် ယှဥလိုက်မည်ဆိုပါက သူသည် လုရီထျန်ကို ပို၍နှစ်သက်လေသည်၊ သို့သော် သူသည် ချင်းယီဓားသခင်ကိုသာ ရွေးချယ်လိုက်သည်၊ လုရီထျန်ကိုမူ နောက်ပိုင်းမှ အသုံးပြုမည် ဖြစ်သည်။

“ သွားကြစို့ “ လုချန်ရှန်းသည် ရှေ့သို့ တက်သွားကာ၊ တောင်တန်းဒေသ၏ ဝင်ပေါက်သို့ တိုက်ရိုက်ဦးတည်သွားခဲ့သည်၊ သူသည် အတွင်းသို့ပင် ခြေတစ်လှမ်းလှမ်းခဲ့ပြီးပြီ ဖြစ်သည်။

သို့သော် ထိုအချိန်တွင် အသံတစ်သံ ဟိန်းထွက်လာခဲ့သည်။

“ အားလုံးပဲ၊ ကျုပ်ကို ကူညီချင်တဲ့လူ တကယ်မရှိဘူးလား။ ဒီကိစ္စပြီးသွားရင်၊ ကျုပ်ရဲ့မျိုးနွယ်စုက ကျေးဇူးတင်တဲ့အနေနဲ့၊ ဝိညာဥ်ကျောက်တုံး ငါးသိန်းပေးမှာပါ။ ကူညီဖို့ ဆန္ဒရှိတဲ့လူ ရှိပါသလား “

“ အဲ့တာက ဘယ်လိုဟာမျိုးလဲ။ ဝိညာဥ်ကျောက်တုံး ငါးသိန်းတောင် ပေးနေတယ်ပေါ့လေ “ လုချန်ရှန်း၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

ဝိညာဥ်ကျောက်တုံး ငါးသိန်းဟူသည့် စကားကို ကြားလိုက်ရသောအခါတွင် သူခြေထောက်များ မလှုပ်ရှားနိုင်တော့ပေ။

ရှောင်ဟေးမှာလည်း မနေနိုင်တော့ဘဲ၊ အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ရာ၊ ပန်မျိုးနွယ်စုမှ လူတစ်ဦးဦးက စကားပြောနေသည်ကို မြင်တွေ့သွားခဲ့သည်။

ထိုအချိန်တွင် ပန်မျိုးနွယ်စုမှ သက်လတ်ပိုင်းလူတစ်ဦးသည် အသာအယာ ပြုံးနေကာ၊ ထိုနေရာတွင် မတ်တပ်ရပ်နေလျက်ရှိသည်၊ သူ၏ မျက်လုံးများအတွင်းတွင် မောက်မာမှု အရိပ်အငွေ့များ စွန်းထင်းနေခဲ့သည်။ သူသည် ပတ်ဝန်းကျင်တွင် ရှိနေသည့်လူများကို အဆက်မပြတ် စူးစမ်းလေ့လာကာ၊ အလျင်စလိုဖြစ်နေမှုကို မည်သို့မျှ မပြသထားခဲ့ပေ။

တစ်ခြားလူများကမူ ရွံ့ရှာစက်ဆုပ်နေသော အမူအရာများဖြင့် အဆိုပါ သက်လတ်ပိုင်းလူကို ကြည့်နေကြသည်၊ သူတို့သည် စကားမပြောချင်သည့်အလား ဖြစ်နေကာ၊ ထိုလူ့ကို လုံးဝလျစ်လျူရှုထားခဲ့သည်။

……………………………………………………………………………………………………………………………………………

အပိုင်း ( 86 )

သူက ငနုံလေးလား

လုချန်ရှန်းသည် ဝင်ပေါက်ဝတွင် မတ်တပ်ရပ်ကာ၊ မျက်လုံးများ တောက်ပနေလျက်ရှိသည်။

သူသည် သူကြားလိုက်ရသည့် ဝိညာဥ်ကျောက်တုံးများနှင့် ပတ်သက်၍ အတော်လေး စိတ်ဝင်စားနေခဲ့သည်၊ အထူးသဖြင့် ထိုကဲ့သို့သော ပမာဏကြီးတစ်ခု ဖြစ်သည်။

ပန်မျိုးနွယ်စု၏ လူသည် စကားပြောနေသေးစဲဖြစ်ပြီး၊ သူ၏ အသံမှာ လူတိုင်း၏နားများအတွင်းတွင် ပဲ့တင်ထပ်ပျံ့လွင့်နေကာ၊ ကူညီရန် ဆန္ဒရှိသလားဟု အဆက်မပြတ် မေးမြန်းနေခဲ့သည်။

ရှောင်ဟေးမှ စကားပြောလာခဲ့သည် “ အဲ့လူတွေက ဘာလှည့်ကွက်တွေ သုံးနေပြန်ပြီလဲ “

လုချန်ရှန်းသည် ခေါင်းခါပြကာ ပြန်ပြောလိုက်သည် “ ငါကတော့ သူအလျင်လိုနေတယ်လို့ထင်တယ်၊ သူ့ကြည့်ရတာတော့ လှည့်ကွက်တွေ သုံးနေပုံမပေါ်ဘူး၊ ဘယ်သူကမှ သူ့ကို မကူညီဘူးဆိုရင်၊ ရက်စက်လွန်းရာ ကျသွားပြီ။ အဲ့တာက လူတစ်ယောက်ရဲ့ နှလုံးသားကို အေးစက်သွားစေနိုင်တယ် “

“ မင်းဘာပြောနေလဲဆိုတာကို မင်းကိုယ်တိုင်ရော သိရဲ့လား “

“ တစ်ခြားလူတွေကို ကူညီရတာက ပျော်ရွှင်မှုရဲ့ အရင်းအမြစ်ပဲ။ ငါအရင်မေးကြည့်လိုက်မယ် “

လုချန်ရှန်းသည် စကားပြောဆိုနေရင်းဖြင့် သူ့အနောက်တွင် ရှိနေသည့်လူကို လှည့်ကြည့်လိုက်သည်။

ရှောင်ဟေးမှာ ပြုံးစိစိ ဖြစ်သွားခဲ့သည်၊ ဒီကောင်က အဲ့လူတွေရဲ့ ဝိညာဥ်ကျောက်တုံးတွေကို မျက်စိကျသွားပြီပဲ

ထိုစဥ် သက်လတ်ပိုင်းလူမှာ အဆက်မပြတ် အော်ဟစ်ပြောဆိုနေစဲဖြစ်သည်။

ထိုအချိန်တွင် လုချန်ရှန်းသည့် ရှေ့တက်ကာ မေးမြန်းလိုက်သည် “ ဘယ်လိုအကူအညီမျိုးလဲ “

ဟမ်

စကားတစ်ခွန်းသည် အကြည့်အားလုံးကို ဆွဲဆောင်သွားခဲ့ပြီး၊ လူအုပ်ကြီးသည် မျက်မှောင်ကြုတ်သွားကာ၊ သူ့ကိုကြည့်လာကြသည်။

ပန်မျိုးနွယ်စုမှ လူမှာလည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူသည် တစ်စုံတစ်ဦးက သူ့ကို အာရုံစိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ သူ့မျက်နှာပေါ်တွင် ရှိနေသည့် အပြုံးမှာ ပိုမိုကြီးမားလာခဲ့သည်။

တစ်ခြားလူများမှာလည်း ခေါင်းတခါခါ ဖြစ်သွားကြသည်။

“ အဲ့ကလေးက ရူးနေတာလား “

တစ်စုံတစ်ဦးသည် သူ့ကို ငေးကြည့်ကာ စကားပြောလာခဲ့သည် “ သူက အခုမှ ရောက်လာတာလေ “

“ ဪ၊ အဲ့လိုကိုး “

“ အံ့ဩစရာ မရှိတော့ဘူးပဲ “

“ … “

သူ၏မေးခွန်းသည် ဆွေးနွေးပြောဆိုမှု မီးပွားများကို တောက်လောင်သွားစေခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် အဘိုးအိုတစ်ဦးသည် မနေနိုင်တော့ဘဲ စကားဝင်ပြောလာခဲ့သည် “ လူငယ်လေး၊ မင်းရဲ့ အခွင့်အလမ်းကိုသာ သွားရှာလိုက်ပါ။ တစ်ခြားလူတွေရဲ့ ကိစ္စတွေထဲကို ဝင်မပါနဲ့ “

ထိုစကားနှင့် စိတ်ထားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ စိတ်ရှုပ်ထွေးသွားခဲ့သည်။

သို့သော် သူသည် ခေါင်းမာမာဖြင့် ပြန်ပြောလိုက်သည် “ ကျုပ်တို့ ကျင့်ကြံသူတွေက တာအိုကို ကျင့်ကြံပြီးတော့၊ ကျုပ်တို့ရဲ့ စိတ်နှလုံးသားကို ပြုပြင်သန့်စင်ကြတယ်လေ။ ကျုပ်တို့က ဘယ်လိုလုပ်ပြီးတော့ ဘာမှမလုပ်ဘဲ ဘေးထွက်ထိုင်နေရမှာလဲ “

“ ကောင်းတယ် “

ပန်မျိုးနွယ်စုမှလူသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။

“ ဟူး “

အားလုံးသည် ကူရာကယ်ရာမဲ့စွာဖြင့် အသာအယာ သက်ပြင်းချနေကြတော့သည်။

ထို့နောက်တွင် လုချန်ရှန်းမှ ထပ်မံ၍ မေးမြန်းလိုက်သည် “ ခင်ဗျားက ဘယ်လိုအကူအညီမျိုးကို လိုအပ်တာလဲ “

ထိုလူမှ အေးအေးလူလူပြန်ပြောလာခဲ့သည် “ ရိုးရိုးသားသား ပြောရမယ်ဆိုရင်၊ ငါက လေ့ကျင့်ရေးအတွက် ငါ့မျိုးနွယ်စုက လူငယ်တွေကို ဒီနေရာကို ခေါ်လာခဲ့တယ်၊ ဒါပင်မဲ့ ဂျူနီယာတစ်ယောက်က အိမ်ကနေ လုံးဝမထွက်သွား ….. “

“ အို့၊ အဲ့တာဆိုရင် သူကကမ္ဘာကြီးကို မမြင်ဖူးဘူးပေါ့။ အဲ့တာကြောင့် သူ့အတွက် ကမ္ဘာကြီးကို လိုက်ပြပေးဖို့ လူတစ်ယောက်လိုချင်တာလား “ ဟု လုချန်ရှန်းမှ ကြားဖြတ်ပြောလိုက်သည်။

ဖူး …… ဟားဟား

ထိုအချိန်တွင် တစ်စုံတစ်ဦး မအောင့်ထားနိုင်တော့ဘဲ ရယ်မောနေတော့သည်။

လူတိုင်း မှင်သက်သွားကြသည်၊ ယခင်က သူတို့၏ မျက်နှာများပေါ်တွင် ရှိနေခဲ့သည့် ရွံရှာစက်ဆုပ်မှုများ ပျောက်ကွယ်သွားပြီး၊ အပြုံးများက အစားထိုး ဝင်ရောက်လာခဲ့သည်။

လုချန်ရှန်းသည် ထိုလူများက မည်သည့်အတွက်ကြောင့် ရယ်မောနေရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်ကာ၊ မျက်မှောင်ကြုတ်သွားခဲ့သည်။

သို့ရာတွင် ထိုလူသည် အသာအယာ မျက်မှောင်ကြုတ်သွားကာ စကားထပ်ပြောလာခဲ့သည် “ မဟုတ်ဘူး “

“ အဲ့တာဆိုရင် ဘာလဲ “

“ အလိုလိုက်ခံထားရလို့ သူက တော်တော်ကြီးကို မောက်မာနေခဲ့တယ်။ အဲ့တာကြောင့် သူ့ထပ်သာတဲ့ လူ၊ ပိုမြင့်တဲ့ ကောင်းကင်တစ်ခု ရှိနေတယ်ဆိုတာကို သူ့ကို ပြပေးချင်လို့ ငါက လူငယ်ပါရမီရှင်တစ်ယောက်ကို ဖိတ်ခေါ်ချင်နေခဲ့တာ “

သက်လတ်ပိုင်းလူသည် အေးအေးလူလူပြန်ပြောလာခဲ့သည်။

လုချန်ရှန်းသည် စိတ်ရှုပ်ထွေးသွားကာ မေးမြန်းလိုက်သည် “ သူ့ကို သင်ခန်းစာပေးဖို့အတွက် ငွေသုံးနေတယ်လို့ ပြောချင်တာလား “

“ ဟုတ်တယ် “

အဆိုပါ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါတွင် သူအတွေးနက်သွားခဲ့သည်။ ဒါက ဘယ်လိုအလုပ်ကြီးလဲဟ။ သူတို့က ငွေပေါနေတာလား

လူချမ်းသာတွေရဲ့ ကမ္ဘာက တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ

ရှောင်ဟေးမှာလည်း ထိုစကားကြောင့် ဆွံ့အသွားခဲ့သည်။

တစ်ခြားလူများသည် လှောင်ပြောင်နေကြသည်။

လုချန်ရှန်းမှ ထပ်မံ၍ မေးမြန်းလိုက်သည် “ ဒီနေရာမှာ လူတွေ အများကြီး ရှိနေတဲ့ဟာကို ဘယ်သူကမှ မကူညီချင်ကြဘူးလား “

ထိုလူမှ ပြန်ပြောလာခဲ့သည် “ အဲ့တာက ငါ့ရဲ့ ဂျူနီယာက တော်တော်လေး အရည်အချင်းရှိပြီးတော့၊ ပြိုင်ဘက်မတွေ့သေးလို့။ မင်းအရှေ့မှာ လူတော်တော်များများက ကြိုးစားခဲ့ကြတယ်၊ ဒါပင်မဲ့ သူတို့အားလုံး ကျရှုံးခဲ့တယ်၊ အဲ့တာကြောင့် ငါလည်း အကူအညီ လိုက်ရှာဖို့ပဲ တတ်နိုင်တော့တယ်၊ သင်ခန်းစာ ရသွားပြီးတော့၊ အခက်အခဲတစ်ချို့နဲ့ ရင်ဆိုင်လိုက်ရမှ၊ သူက စိတ်အေးအေးထားပြီးတော့ ကျင့်ကြံနိုင်မှာ “

“ ဟားဟားဟား “

သူ၏စကားပြောဆိုမှု ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရယ်မောသံများ ထပ်မံ၍ ဟိန်းထွက်လာခဲ့သည်။

ပို၍နားထောင်လေလေ၊ သူတို့၏ မျက်လုံးများ အတွင်းတွင် ရှိနေသည့် ရွံရှာစက်ဆုပ်မှုများက ပိုမိုထင်ရှားလာခဲ့သည်၊ အထူးသဖြင့် ထိုလူ့မျက်နှာပေါ်တွင် ရှိနေသည့် အပြုံးကို မြင်လိုက်ရသောအခါတွင် ဖြစ်သည်။ သူတို့၏ စိတ်ထဲတွင် ထိုလူ့၏ မျက်နှာကို သွားရိုက်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာခဲ့သည်။

သို့ရာတွင် လူတိုင်းက နားလည်နေကြသည်။

လုချန်ရှန်းတစ်ဦးတည်းကသာလျှင် တွေးတွေးဆဆဖြင့် ပြန်ပြောလာခဲ့သည် “ ဆိုတော့ အဲ့လိုပေါ့ “

သက်လတ်ပိုင်းလူမှ ပြန်ပြောလာခဲ့သည် “ ဘယ်လိုလဲ၊ လူငယ်လေး။ ငါ့ကို ကူညီပေးမလား “

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ခင်ဗျားက ခင်ဗျားရဲ့ ဂျူနီယာအပေါ်မှာ မျှော်လင့်ချက် ကြီးကြီးမားမား ထားထားတယ်ဆိုတာကို ကျွန်တော်မြင်နိုင်တယ်၊ သူ့ကို သနားမိတယ်၊ အဲ့တာကြောင့် ခင်ဗျားရဲ့ တောင်းဆိုမှုမျိုးကို သေချာပေါက် သဘောတူသင့်တယ် “

“ ကောင်းတယ်၊ လူငယ်လေး မင်းဆီမှာ ဒီလိုဖြောင့်မတ်မှုမျိုး ရှိနေတာပဲ “

ထိုလူသည် အလွန်တရာ ပျော်ရွှင်သွားပုံရကာ၊ ကျယ်လောင်စွာ ရယ်မောနေတော့သည်။

သက်ပြင်းချနေသည့် လူအရေအတွက်မှာလည်း ပိုမိုများပြားလာခဲ့သည်။

“ အဲ့ကလေးက ငတုံးလား။ ဘာတွေဖြစ်နေတာလဲဆိုတာကို သူမကြားဘူးလား “

“ ရိုးသားတဲ့ ငနုံလေးပါကွာ “

“ ဘာပဲဖြစ်ဖြစ်ပါလေ၊ ပန်မျိုးနွယ်စုက တကယ်ကို ယုတ်မာရက်စက်တယ် “

“ … “

လူများသည် ကိုယ်စီကိုယ်စီ ရေရွတ်ပြောဆိုနေကြသည်။

လုချန်ရှန်းသည် ၎င်းတို့အားလုံးကို လျစ်လျူရှုထားကာ ပြန်ပြောလိုက်သည် “ ခင်ဗျားရဲ့ ဂျူနီယာလေးရဲ့ နာမည်က ဘာလဲ။ ကျွန်တော်သူ့ကို ဆုံးမပေးမယ် “

“ ရင်ဖုန်း၊ သူက တောင်တန်းဒေသထဲမှာ ရှိတယ် “

“ သတင်းကောင်းကို စောင့်နေလိုက်တော့ “

လုချန်ရှန်းသည် ထိုကဲ့သို့ ပြောလိုက်ကာ၊ တောင်တန်းဒေသအတွင်းသို့ တိုက်ရိုက်တိုးဝင်သွားတော့သည်။

သူပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါတွင် လူအုပ်ကြီးမှာ ခေါင်းတခါခါ ဖြစ်သွားခဲ့သည်။

အဘိုးအိုသည် သက်လတ်ပိုင်းလူကို ကြည့်ကာ စကားပြောလိုက်သည် “ ပန်ကျူး၊ မင်းက ဘာကိစ္စ ဒီလိုလုပ်နေရတာလဲ။ ဒီလောက်ကြီးအထိ သက်သေပြဖို့၊ ကြွားဝါနေဖို့ လိုအပ်လို့လား “

“ တာအိုရောင်းရင်း၊ မင်းက ဘာကိုဆိုလိုချင်တာလဲ။ ငါက ရင်ဖုန်းကို ရိုးရိုးသားသား သင်ခန်းစာ ပေးချင်ပြီးတော့ သူ့ရဲ့ မောက်မာမှုကို လျော့သွားစေချင်တာလေ၊ အဲ့လိုလုပ်မှ သူ့ရဲ့ကျင့်ကြံရေးက နှောင့်နှေးမနေတော့မှာ “

“ အဲ့လိုလား “ အဘိုးအိုမှ လှောင်ပြောင်လိုက်သည်။

အသက်အရွယ် ကြီးရင့်သော ကျင့်ကြံသူတစ်ဦးမှာလည်း စကားဝင်ပြောလာခဲ့သည် “ မင်းဆီမှာ နည်းလမ်းကောင်းလေးတွေ ရှိနေတာပဲ၊ တစ်ခြားလူတွေက မင်းတို့ပန်မျိုးနွယ်စုက ထူးချွန်တဲ့ ပါရမီရှင်တစ်ဦး မွေးထုတ်ပေးနိုင်ခဲ့တယ်ဆိုတာကို မသိမှာ ကြောက်နေတယ်ပေါ့ “

“ တာအိုရောင်းရင်း၊ မင်းတို့ရဲ့ ဂျူနီယာလေးတွေက အဲ့လိုမလုပ်နိုင်တာကြောင့်နဲ့၊ မကျေမနပ် ဖြစ်နေစရာ မလိုဘူးလေ “ ပန်ကျူးသည် တဟားဟား ရယ်မောနေတော့သည်။

“ ဟက် “

လူအုပ်ကြီးသည် အဝေးသို့ ငေးကြည့်ကာ၊ ဆက်တိုက်သက်ပြင်းချနေကြတော့သည်။

“ အဲ့လူငယ်လေးက တော်တော်ကြီးကို နုံလွန်းတယ် “

“ အခြေအနေကို နားမလည်ဘဲနဲ့ ဒီလိုမျိုး စွတ်ဝင်သွားတာက အန္တရာယ် ဖြစ်နိုင်တယ် “

“ သူက မိုက်မဲတာလား၊ မောက်မာလားဆိုတာကို ငါမသိဘူး။ ဘယ်သူကမှ သူ့ကို မယုံကြဘူးဆိုပင်မဲ့ ရဲရဲဝံ့ဝံ့ ထွက်သွားခဲ့တယ်။ သူက အခုမှ ဂိုဏ်းထဲကနေ ထွက်လာပြီးတော့ ကမ္ဘာကြီးရဲ့ အန္တရာယ်တွေ အကြောင်းကို မသိသေးတဲ့ တပည့်တစ်ယောက် ဖြစ်နေနိုင်တယ် “

“ … “

အားလုံးသည် အဆက်မပြတ် စကားပြောဆိုနေကြပြီး၊ ပန်ကျူးကို ပိုပို၍ မကျေမခြမ်းဖြစ်သွားကြသည်။ အစတွင် သူတို့သည် သူ၏အလိမ်အညာများကို ယုံကြည်ခဲ့ကြပြီး၊ အဆုံးတွင် သူတို့၏ လူများကသာလျှင် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။

သို့ရာတွင် အဆိုပါ မျိုးနွယ်စုကို မဆန့်ကျင်လိုသောကြောင့် မည်သူကမှ စကားထပ်မပြောကြတော့ပေ။ သူတို့သည် လုချန်ရှန်းက ကံမကောင်းဘူးဟု တွေးတောနေကြကာ၊ သင်ခန်းစာတစ်ခု ရသွားခြင်းက သူ့အတွက် ကောင်းသည်ဟုသာ ခံစားနေခဲ့ရသည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းမှာလည်း တောင်တန်းဒေသအတွင်းသို့ ဝင်သွားခဲ့သည်။ ယခင်က ရှောင်ဟေးခန့်မှန်းထားခဲ့သည့်အတိုင်းပင် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ တောင်တန်းများကို လျင်မြန်စွာ ကျော်ဖြတ်ကာ၊ နောက်ဆုံး ဆယ်လွှာထံသို့ တိုက်ရိုက်ပြေးဝင်သွားခဲ့သည်။

သူ၏ အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်နေခဲ့ပြီး၊ ပန်ငှက်တစ်ကောင်ကပင် သူ့ကို အမှီလိုက်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုနေရာသို့ ရောက်ရှိသွားသောအခါတွင် ရှောင်‌ဟေးသည် မအောင့်ထားနိုင်တော့ဘဲ စကားပြောလာခဲ့သည် “ ပန်မျိုးနွယ်စုက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ၊ ဒီကြွားဝါတဲ့ နည်းလမ်းမျိုးက တကယ်ရှားတယ် “

“ ဘာကိုဆိုလိုတာလဲ “

“ သူအကူအညီတောင်းခဲ့တယ် မဟုတ်ဘူးလား။ အဲ့တာက ကြွားနေတာလေဟ ” ရှောင်ဟေး ဆွံ့အသွားခဲ့သည်။

အဲ့မြင်ကွင်းကို မြင်လိုက်ရရင် ခွေးတွေကတောင် ခေါင်းတခါခါ ဖြစ်သွားမှာပါကွာ

သို့ရာတွင် လုချန်ရှန်းမှ စကားဆက်ပြောလာခဲ့သည် “ လူသားတွေရဲ့ နှလုံးသားက အဲ့လောက်ကြီး ရုပ်ဆိုးနေလိမ့်မယ်လို့ မထင်လိုက်နဲ့။ အဲ့တာက ဂျူနီယာတစ်ယောက်အပေါ်မှာ ရှိတဲ့ အကြီးအကဲရဲ့ ဂရုစိုက်မှုဆိုတာကို ငါမြင်နိုင်တယ်၊ သူက သူ့ကို အောင်မြင်သွားစေချင်နေတာ “

“ အဲ့လိုလား။ အခုဆိုရင် အဲ့လူတွေက မင်းကို ဟာသကြီးတစ်ခုအဖြစ် မြင်နေကြပြီ “

လုချန်ရှန်းသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ ဒီကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့ အဖြေဆိုတာ ဘယ်လိုလုပ် ရှိနေမှာလဲ။ ငါက တစ်ခြားလူတွေကို ကူညီမယ်လို့ ရွေးချယ်လိုက်တာကြောင့်၊ အတင်းအဖျင်းတစ်ချို့ကို သည်းခံရမယ်ဆိုတာက နားလည်လို့ရပါတယ်။ ငါဂရုမစိုက်ပါဘူး “

ရှောင်ဟေးမှ လှောင်ပြောင်လာခဲ့သည် “ သေချာတာပေါ့၊ မင်းက ဘယ်လိုလုပ် ဂရုစိုက်မှာလဲ။ မင်းက ဝိညာဥ်ကျောက်တုံးလောက်ပဲ သိတဲ့ကောင်လေ “

ဟူး၊ အဲ့လိုကြီး ပြောလိုက်လို့ မရဘူးလေ၊ ဝိညာဥ်ကျောက်တုံးဆိုတာက အပိုဆုလေးပါပဲကွ။ အဓိကကတော့ လူတွေကို ကူညီချင်လို့ပါကွာ “

“ မင်းမှန်တယ်၊ ဒါပင်မဲ့ မင်းရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ ဂရုစိုက်ဖို့ လိုအပ်တယ်။ အဲ့ဒီရင်ဖုန်းက ပန်မျိုးနွယ်စုအတွက် အဓိက ကျင့်ကြံရေး ပစ်မှတ်တစ်ခုပဲ “

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ မင်းက သူ့ကိုသိနေတာလား “

“ မဟုတ်ဘူး၊ ဒါပင်မဲ့ ငါ့ရန်သူက သူ့အစ်မလေ “

“ အို့၊ ကြည့်ရတာတော့ ဇာတ်လမ်းလေးတွေ ရှိနေတဲ့ပုံပဲ။ မင်းတို့နှစ်ယောက်က ဘယ်လိုအတိုင်းအတာမျိုးအထိ ရောက်ခဲ့ကြလဲ။ မင်းရဲ့ စိုးရိမ်ပူပန်မှုကို ကြည့်ရသလောက်အရဆိုရင် သူက မင်းရဲ့ အနာဂတ် ယောက်ဖလောင်းလေးများလား “ လုချန်ရှန်းသည် သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

ရှောင်ဟေးသည် လေးလေးနက်နက် ပြန်ပြောလာခဲ့သည် “ ကမ္ဘာမကြေရန်သူက ဘာကိုဆိုလိုလဲဆိုတာကို မင်းမသိဘူးလား “

“ အချစ်ကနေ အမုန်းကို ပြောင်းပြီးတော့ ကမ္ဘာမကြေရန်သူတွေ ဖြစ်သွားကြတဲ့ ကိစ္စတစ်ချို့တော့ ရှိဖဲ့ဖူးပါတယ် “

ရှောင်ဟေး : “ … “

ထို့နောက်တွင် လုချန်ရှန်းသည် အဝေးသို့ လှမ်းကြည့်ကာ၊ အဆိုပါ ပန်ငှက်အား မည်ကဲ့သို့ ရှာဖွေရမလဲဆိုသည်ကို တွေးတောစဥ်းစားနေတော့သည်။

အမည်ကို ကြည့်လိုက်နှင့်တင် ပန်မျိုးနွယ်စု၏ မျှော်မှန်းချက်များက မည်မျှကြီးမားလဲဆိုသည်ကို သိနိုင်ပေသည်။

ပန်ငှက်များက လီကိုးသောင်းအထက်တွင် ပျံသန်းနိုင်သည်ဆိုသည်မှာ ဆိုးရိုးစကား သပ်သပ်သာလျှင် မဟုတ်ပေ။ အဆိုပါ မျိုးနွယ်စုသည် ရှေးခေတ်အခါကဖြစ်စေ၊ ယခုလက်ရှိ အချိန်တွင် ဖြစ်စေ၊ အမှန်ပင် ထူးခြားနေခဲ့သည်။

ပန်ငှက်အသားက အရသာရှိပြီး၊ ၎င်း၏ အရိုးများ မာကြောလေ့ရှိသည်၊ ၎င်း၏ အမွှေးအတောင်များကို ငှက်မွှေးယပ်တောင်အဖြစ် သန့်စင်လိုက်သည့် အချိန်တွင် ၎င်းသည် ထူးခြားသော စွမ်းအားကို ပိုင်ဆိုင်ထားသည့် မှော်ပစ္စည်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။

………………………………………………………………………………………………………………………………………….

အပိုင်း ( 87 )

ခွေးတစ်ကောင်ကိုး

ကိုးခုမြောက် တောင်တန်းအတွင်း၌ လုချန်ရှန်းသည် တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်ကာ၊ အဝေးသို့ ငေးကြည့်နေလျက်ရှိသည်။

ဤတောင်တန်းဒေသအတွင်းတွင် လူတော်တော်များများ အခြေချနေထိုင်လျက်ရှိသည်။

ဤနေရာတွင် ကျင့်ကြံရေးမှာ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉အထိ ဖိနှိပ်ခံထားရပြီး၊ လူတော်တော်များများသည် တစ်ခြားလူများ၏ အစစ်အမှန် အတိမ်အနက်များကို မခွဲခြားနိုင်ကြပေ။ ဤနေရာတွင် မွေးရာပါ ဝိညာဥ် (သို့) အသွင်ပြောင်းခြင်းနယ်ပယ်မှ ပညာရှင်များပင် ရှိနေနိုင်ပေသည်။

သို့ရာတွင် ဤနေရာရှိ လူတိုင်းက နယ်ပယ်တူအဖြစ် တစ်သမတ်တည်း ဖိနှိပ်ခံထားရသောကြောင့်၊ ရက်စက်ကြမ်းကြုတ်သည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ၊ ခုခံနိုင်စွမ်း လုံးဝကင်းမဲ့နေလိမ့်မည် မဟုတ်ပေ။

အတွေးများနေခဲ့ပြီးသည့်နောက်၌ လုချန်ရှန်းသည် သူ့အနောက်ရှိ တောင်တန်းဆီသို့ ဦးတည်သွားနေသည့် ဖြတ်သွားဖြတ်လာ လူငယ်တစ်ဦးကို မြင်တွေ့သွားခဲ့သည်။

“ တာအိုရောင်းရင်း၊ နေပါဦး “ လုချန်ရှန်းမှ အော်ခေါ်လိုက်သည်။

ထိုလူသည် သူ့ကို စောင်းငဲ့ကြည့်ကာ၊ ပြန်ပြောလာခဲ့သည် “ ဘာလဲ “

“ ငါ့ဆီမှာ မကောင်းတဲ့ ရည်ရွယ်ချက်မျိုး မရှိပါဘူး။ ငါက တစ်စုံတစ်ယောက်ရဲ့ တည်နေရာအကြောင်းကို မေးချင်ရုံတင်ပါ “

“ ဘယ်သူလဲ “

“ ရင်ဖုန်း “

“ ပန်ဘုရင်လေး ရင်ဖုန်းလား “

“ ဟုတ်တယ် “

လုချန်ရှန်းမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သူသည် ရင်ဖုန်းနှင့် ပတ်သက်သည့် ကောလဟာလတစ်ချို့ကို ကြားထားခဲ့ဖူးပြီး၊ ထိုလူ၏ ကျော်ကြားမှုက သေးငယ်မနေဘူးဆိုသည်ကို သိနေခဲ့သည်။

သို့ရာ၌ ထိုအကြောင်းကို ပြောလိုက်သည့် အချိန်တွင် အဆိုပါ လူငယ်သည် မျက်မှောင်ကြုတ်ကာ ပြန်ပြောလာခဲ့သည် “ တာအိုရောင်းရင်း၊ တကယ်လို့ မင်းက ပန်မျိုးနွယ်စုက ပြောခဲ့တဲ့ကိစ္စကြောင့် ဒီကို‌ရောက်လာခဲ့တာဆိုရင်တော့၊ ထပ်ပြီးတော့ မစူးစမ်းဖို့ ငါမင်းကို အကြံပေးလိုက်မယ်။ ဒီတောင်တန်းတွေထဲမှာပဲ အခွင့်အလမ်းတွေ လိုက်ရှာလိုက်တာက ပိုကောင်းတယ် “

“ ဘာလို့လဲ “

“ ပန်ဘုရင်လေးက အံ့ဩဖို့ကောင်းတဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားပြီးတော့ တော်တော်လေး ရက်စက်တယ်။ လူငယ်မျိုးဆက်ထဲက ဘယ်သူကမှ သူ့ကို ယှဥ်နိုင်မှာ မဟုတ်ဘူး၊ တစ်ချို့ စီနီယာတွေကတောင် သူ့ကို မဖိနှိပ်နိုင်ခဲ့ဘဲ၊ သူ့လက်ထဲမှာ ရှုံးနိမ့်သွားခဲ့တယ် “

“ အို့ “

လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

လူငယ်မှ စကားထပ်ပြောလာခဲ့သည် “ ဒီနေရာမှာတင် ရပ်လိုက်ပြီးတော့ ပန်မျိုးနွယ်စုရဲ့ ထောက်ချောက်ထဲကို မဝင်သွားဖို့ ငါအကြံပေးလိုက်မယ်။ သူတို့က အကူအညီတောင်းချင်ယောင်ဆောင်ပြီးတော့၊ ပန်ဘုရင်လေးအတွက် နာမည်တစ်လုံး တည်ဆောက်ပေးချင်နေတာ “

ထို့နောက်တွင် အဆိုပါ လူငယ်သည် မည်သည့်စကားကိုမှ ထပ်မပြောလာတော့ဘဲ၊ ထွက်ခွာသွားခဲ့သည်။ ယခုတွင် ပန်မျိုးနွယ်စု၏ ရည်ရွယ်ချက်များကို လူတိုင်းက သိနေကြပြီ ဖြစ်သည်။

သူသည် လုချန်ရှန်းက ယခုမှ ရောက်ရှိလာသည်ကို မြင်တွေ့နေခဲ့ပြီး၊ ထိုလူက အခြေအနေအား နားမလည်ဖြစ်နေမည်ကို စိုးရိမ်သောကြောင့် ကြင်နာစွာ သတိပေးခဲ့သည်။

ရှောင်ဟေးမှ ပြန်ပြောလာခဲ့သည် “ တွေ့လား။ လူတိုင်းက မြင်နိုင်တယ်၊ မင်းတစ်ကောင်တည်း အဲ့တာကို မယုံတာ “

“ ငါယုံယုံ၊ မယုံယုံ ဘာများကွာခြားသွားမှာမို့လို့လဲ “ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ အဲ့တာက အဓိကကိစ္စဟုတ်လို့လားဟ

အဓိက ကိစ္စက ရင်ဖုန်းဘယ်မှာ ရှိနေလဲဆိုတာကို အဲ့လူက မပြောသွားတာကွ

“ တောင်တန်းဒေသအတွင်းမှာ လိုက်ရှာတာက အချိန်တော်တော်ကုန်မှာပဲ။ ဘယ်အချိန်မှ အဲ့ကောင်ကို ရှာတွေ့မှာလဲ “ လုချန်ရှန်း ဆွံ့အသွားခဲ့သည်။

သူသည် လူများကို ဆက်တိုက်မေးမြန်းခဲ့သော်လည်း၊ မည်သူကမှ သူ့ကို မပြောပြခဲ့ပေ။

ထိုကဲ့သို့ဖြစ်ရခြင်းမှာ ကြင်နာမှုကြောင့် မဟုတ်ဘဲ၊ သူတို့အားလုံးက ရင်ဖုန်း၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့ရပြီး၊ ပန်မျိုးနွယ်စု၏ ရည်ရွယ်ချက်များကို သိနေသောကြောင့်၊ ထိုလူများ၏ ရည်မှန်းချက်ကို မအောင်မြင်သွားစေလိုသောကြောင့် ဖြစ်သည်။

“ တွေးမနေနဲ့တော့၊ တစ်ခြားအခွင့်အလမ်းတွေကို သွားရှာလိုက်တာ ပိုကောင်းမယ် “

“ မဟုတ်ဘူး၊ ငါက ကတိတည်အောင် လုပ်ရမယ်။ ဒီသင်ခန်းစာကို သေချာပေါက် ပို့ပေးမှဖြစ်မယ် “ လုချန်ရှန်းသည် ထိုကဲ့သို့ လုပ်လိုစိတ် မရှိပေ။

ပန်မျိုးနွယ်စုရဲ့ ဝိညာဥ်ကျောက်တုံးတွေနဲ့ အလကားရတဲ့ ငွေက ဘာကွာခြားနေလို့လဲ။ အဲ့လို ကံကြမ္မာကောင်းမျိုးက နေ့တိုင်းမရောက်လာနိုင်ဘူးကွ

ရှောင်ဟေးသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ ဒါက နတ်ဘုရားနယ်ပယ်က ပညာရှင်တစ်ယောက်က ချန်ထားခဲ့တဲ့ လျှို့ဝှက်နယ်မြေလေ။ ငါးသိန်းထပ် တန်ဖိုးပိုကြီးတဲ့ ပစ္စည်းတစ်ခုခု မတွေ့နိုင်ဘူးလို့ ဘယ်သူက ပြောနိုင်လို့လဲ “

“ အဲ့တာ မင်းနားမလည်တဲ့ နေရာပဲ “

လုချန်ရှန်းသည် အဓိပ္ပါယ်များဖြင့် ပြောဆိုလာခဲ့သည်။

“ ဘာကို နားမလည်တာလဲ “

“ သင်ခန်းစာတစ်ခုကို လူတိုင်းက ပို့ပေးနိုင်တာ မဟုတ်ဘူးကွ၊ အခွင့်အလမ်းအတွက်ကတော့ ဘယ်သူပဲရရ အတူတူပါပဲကွာ “

“ ဘာကြီးလဲ “

ရှောင်ဟေးသည် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ ဒီလိုစကားတွေက ဒီကောင့်ပါးစပ်ကနေ တကယ်ကြီး ထွက်လာတာလားဟ။ ထိုလူသည် မြင်တွေ့ရသည့် အရာရာတိုင်းကို သိမ်းယူချင်နေသည့် လောဘတစ္ဆေဖြစ်သည်။ ယခုတွင်ကား ထိုကဲ့သို့သော စကားလုံးများကို ပြောဆိုနေခဲ့သည်။

သို့ရာတွင် တစ်ချို့သော အကြောင်းအရင်းများကြောင့်၊ သူသည် ထိုလူက ထိုကဲ့သို့ ပြောဆိုခြင်းကို နားထောင်ခဲ့ရခြင်းမှာ ထူးဆန်းသည်ဟု ခံစားသွားခဲ့ရသည်။

အဆုံးတွင် လုချန်ရှန်းသည် ရှာဖွေခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက်တွင် သူသည် သူ၏ ရည်ရွယ်ချက်ကို ထုတ်ပြောကာ၊ ရင်ဖုန်းအား ကိုးခုမြောက် တောင်တန်းဆီသို့ သူကိုယ်တိုင် သင်ခန်းစာလာယူရန် ကြေညာမောင်းခတ်လိုက်သည်။

သင်ခန်းစာယူရန်ဆိုသည့် စကားလုံး ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ မုန်တိုင်းတစ်ခု တိုက်ခတ်လာခဲ့သည်။

ယခင်ကလည်း ထိုကဲ့သို့သော လူများ ရှိနေခဲ့ဖူးသည်။

ပါရမီရှင်တစ်ချို့သည် ထိုကိစ္စကို ကူညီရန် ကြိုးစားကာ၊ ရင်ဖုန်းကို ဆက်တိုက်စိန်ခေါ်ခဲ့ကြသည်။ သို့သော် ထိုလူအားလုံး ကျရှုံးသွားခဲ့ရသည်။ သူတို့သည် သင်ခန်းစာ မပေးနိုင်ခဲ့ဘဲ သင်ခန်းစာများ ရရှိသွားခဲ့ကြသည်။

တဖြည်းဖြည်းဖြင့် မည်သူမှ မရောက်ရှိလာတော့ပေ။

လုချန်ရှန်း၏ စကားကမူ တစ်ဖက်လူအား သူကိုယ်တိုင်သင်ခန်းစာလာယူဟု ပြောနေခဲ့သည်၊ ၎င်းက အမှန်ပင် မောက်မာလွန်းလှသည်။

ရှောင်ဟေးမှာလည်း အံ့ဩတကြီး ဖြစ်နေခဲ့သည်၊ ဒါကဒီကောင့်ပုံစံ မဟုတ်ပါဘူး

သို့ရာ၌ ထိုလူ့ထံတွင် ထိုကဲ့သို့ မောက်မာနိုင်သည့်စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့သည်။ ဤနေရာတွင် နယ်ပယ် ဖိနှိပ်ခံထားရသောကြောင့်၊ ဧကရာဇ်၏ သားတော်တစ်ပါး ရောက်လာခဲ့မည်ဆိုလျှင်တောင်မှ၊ ထိုလူသည် သူ့ကို တိုက်ခိုက်နေနိုင်ဦးမည် ဖြစ်သည်။ အဆင့်တူတွင် မည်သူကမှ ထိုလူ၏ ပြိုင်ဘက် မဟုတ်ပေ။

ဤနေရာတွင် ဖိနှိပ်ထားသော အရာမှာ နယ်ပယ်နှင့် မှော်စွမ်းအား ဖြစ်သည်၊ ဓားချီ အသွင်ပြောင်းခြင်း ကဲ့သို့သော မြေခွေးအိုကြီးကို ဘယ်သူက တောင့်ခံနိုင်လိမ့်မည်နည်း

လုချန်ရှန်းကမူ တူညီသော အခြေအနေများအောက်တွင် လွန်စွာအစွမ်းထက်နေသေးသည်။

ပို၍အရေးကြီးသော အရာမှာ မည်သူကမှ သူ့ကို မသိကြခြင်းဖြစ်သည်။ အကယ်၍ သူက ထိုလူအားလုံးကို သတ်လိုက်မည်ဆိုလျှင်တောင်မှ၊ ဤနေရာမှာ ထွက်ခွာ၍ လုချန်ရှန်းအဖြစ် ပြန်ပြောင်းလိုက်သည်နှင့်တစ်ပြိုင်နက် မည်သူက ထိုကိစ္စကို သိနိုင်လိမ့်မည်နည်း

အကယ်၍ သူမအောင်မြင်ဘူးဆိုလျှင်တောင်မှ၊ သူသည် သာမန်လူများ အောင်မြင်ရန် ခက်ခဲသည့် လွတ်မြောက်ရေး နည်းစနစ်များကို တတ်မြောက်ထားခဲ့သည်။

သူမည်မျှပင် တွေးတောစဥ်းစားနေခဲ့ပါစေ၊ ထိုလူသာလျှင် အနိုင်ရခြေ များသည်။

သို့ရာတွင် လူတော်တော်များများသည် ထိုသတင်းကို ကြားကာ၊ အံ့ဩသွားကြသည်။ လူတော်တော်များများ ကျရှုံးခဲ့ပြီး၊ မည်သူကမှ ဤမျှလောက် မောက်မာကြီးစိုးမနေခဲ့ပေ။

လူအများအပြားသည် မည်သည့်အရာများ ဖြစ်ပျက်လာမလဲဆိုသည်ကို မျှော်လင့်နေကြသည်။

မည်သူပင် အနိုင်ရရှိသွားပါစေ၊ ကြည့်ရတန်သည့် ပြပွဲတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။

အထူးသဖြင့် တောင်တန်းဒေသမှ လူများဖြစ်ပြီး၊ ပန်ကျူးသည် ထိုသတင်းကို ကြားကာ၊ အပျော်လွန်သွားခဲ့သည်။

သူထိုကဲ့သို့ ပြုလုပ်နေခဲ့ရခြင်းမှာ ပန်ဘုရင်လေးအတွက် နာမည်တစ်ခု တည်ဆောက်ပေးချင်သောကြောင့် ဖြစ်သည်။ လုချန်ရှန်း၏ ပါဝင်မှုကြောင့် ၎င်းမှာ စိတ်လှုပ်ရှားဖွယ်ကောင်းကာ၊ ပို၍ဆွဲဆောင်မှု ရှိလာခဲ့သည်။

လှုပ်ခတ်မှု ပိုကြီးလေလေ၊ ပိုပိုများသော လူများက ၎င်းကို ဆွေးနွေးပြောဆိုကြလေလေဖြစ်ပြီး၊ အကျိုးသက်ရောက်မှုမှာလည်း ပိုမိုအားကောင်းသွားမည် ဖြစ်သည်။

သူ၏ စိတ်ထဲတွင် သူသည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည့် အဆိုပါ လူငယ်လေးကို ကျေးဇူးတင်စပြုနေခဲ့ပြီ ဖြစ်သည်။

“ ဟားဟားဟား၊ အဲ့လူငယ်လေးက တကယ်ကို ကောင်းတာပဲ “

ပန်ကျူးသည် ကျယ်လောင်စွာ ရယ်မောနေတော့သည်။

လူအုပ်ကြီးမှာ ချက်ချင်းခေါင်းကိုက်သွားခဲ့ရသည်။ သူတို့အားလုံးသည် ဤကိစ္စ၏ အကျိုးသက်ရောက်မှုက မည်ကဲ့သို့ ဖြစ်နေမလဲဆိုသည်ကို ကောင်းစွာနားလည်နေခဲ့သည်။

၎င်းသည် ပန်ကျူး၏ ရည်မှန်းချက်ကို ရာနှုန်းပြည့်ဖြည့်ဆည်းပေးလိုက်ခြင်းပင် ဖြစ်သည်။

“ အဲ့ကလေးက ပန်မျိုးနွယ်စုက ငှားရမ်းထားတဲ့ လူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါသံသယဖြစ်နေတယ် “

“ ဟူး “

“ ကြည့်ရတာတော့ ပန်မျိုးနွယ်စုက သူတို့လိုချင်တာကို တကယ်ကြီး ရသွားတော့မဲ့ပုံပဲ “

“ … “

နေ့တစ်ဝက်ကုန်ဆုံးသွားခဲ့သည့်နောက်တွင်၊ ကြီးမားသော လှုပ်ခတ်မှုတစ်ခု ဖြစ်ပွားလာခဲ့သည်။

အင်အားစု အားလုံးသည် ဤကိစ္စကို အာရုံစိုက်၍ စောင့်ကြည့်နေကြသည်။

လုချန်ရှန်းမှာလည်း စိုးရိမ်စပြုနေခဲ့ပြီ ဖြစ်သည်။ ဤကဲ့သို့သော လှုပ်ခတ်မှုနှင့်သာဆိုပါက ပန်ဘုရင်လေး ပေါ်ထွက်လာသင့်နေပြီ ဖြစ်သည်။ အကယ်၍ ပန်ဘုရင်လေးက ရောက်မလာခဲ့ဘူးဆိုလျှင်တောင်မှ၊ အနည်းဆုံးအနေဖြင့် သူ၏တည်နေရာကို ပြောရန်အတွက် လူတစ်ယောက် လွှတ်လိုက်သင့်ပေသည်။

ပို၍အရေးကြီးသော အရာမှာ သူ၏ အသွင်ပြောင်းခြင်း နည်းစနစ်က တစ်ရက်မျှသာ တာရှည်ခံခြင်း ဖြစ်သည်။ ၎င်းကို ထပ်မံ၍ အသုံးပြုရန်အတွက် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရမည် ဖြစ်သည်။

ပန်ကလေးက ပြေးသွားပြီလားဟ

တစ်စုံတစ်ဦးကို ရိုက်နှက်ကာ ဝိညာဥ်ကျောက်ငါးသိန်း ရရှိခြင်း …… ၎င်းထပ် လွယ်ကူသော အလုပ်မျိုး ဤကမ္ဘာတွင် မရှိနိုင်တော့ပေ။ ဆိုရိုးစကားများအတိုင်းပင် အခွင့်အရေးမှာ တစ်ကြိမ်သာ လာတတ်သည်။

ဤကာလအတွင်းတွင် သူသည် တောင်တန်းအများအပြားကို ကျော်ဖြတ်ကာ၊ လိုက်လံ၍ ရှာဖွေနေခဲ့သည်၊ သို့သော် မည်သည့်သတင်းမှ မရရှိခဲ့ပေ။

“ အဲ့ဒီပန်ငှက်ကလေးက ကြောက်သွားတာများလား “ လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။

သို့ရာတွင် ဤအချိန်၌ ကိုးခုမြောက်တောင်တန်းအတွင်းတွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်၊ ၎င်းသည် အကြည့်ပေါင်းများစွာကို ရင်ဆိုင်ကာ၊ အရှေ့တွင် မတ်တပ်ရပ်နေခဲ့သည်။

“ အဲ့ဒီ သတင်းကို ဖြန့်လိုက်တာ မင်းလား “

အသစ်ရောက်ရှိလာသူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးဖြစ်ပြီး၊ သူသည် လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့်၊ လုချန်းရှန်း၏ အရှေ့တွင် မတ်တပ်ရပ်နေခဲ့သည်။

လုချန်ရှန်းသည် ထိုလူ့ကို ငေးကြည့်ကာ ပြန်ပြောလိုက်သည် “ မင်းက ပန်ငှက်ကလေးလား “

“အဲ့တာက ပန်ဘုရင်လေးကွ၊ မင်းက ဘယ်လိုပေါက်ကရမျိုးတွေကို လျှောက်ပြောနေရတာလဲ “ အဆိုပါ လူငယ်သည် မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် မျက်ခုံးများပင့်တက်သွားကာ၊ ပြန်ပြောလိုက်သည် “ မင်းက ပန်ငှက်ကလေး မဟုတ်ဘူးဆိုရင်၊ ဘာကိစ္စ ဒီကိုရောက်လာရတာလဲ။ မင်းကလည်း သင်ခန်းစာအတွက် ငွေပေးချင်လို့လား “

“ ဟမ့် “ လူငယ်မှ နှာခေါင်းရှုံ့လာခဲ့သည် “ ငါ့နာမည်က စုန့်ချင်၊ ကောင်းကင်တံခါးရဲ့ ကိုယ်ပိုင်တပည့်ပဲ “

“ အို့ “

စုန့်ချင်သည် ချက်ချင်းမျက်မှောင်ကြုတ်သွားကာ ပြန်ပြောလာခဲ့သည် “ ဘာကိုဆိုလိုတာလဲ “

“ မင်းကို အဖက်လုပ်ရမှာ ပျင်းလွန်းတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် စုန့်ချင်သည် ဒေါသတကြီး ဖြစ်သွားခဲ့သည်။

“ မင်းက ပန်ဘုရင်ငယ်လေးကို အရင်ဦးဆုံး စော်ကားခဲ့တယ်၊ အခု ငါ့ကို အထင်သေးနေတယ်။ မင်းက ဘယ်လိုလုပ် ဒီလောက်တောင် မောက်မာနေရတာလဲ “

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ ပန်ကလေးကို သင်ခန်းစာပေးဖို့အတွက် ပန်မျိုးနွယ်စုက ငါ့ကို ငှားထားခဲ့တာလေ။ အဲ့တာက မင်းနဲ့ဘာဆိုင်လို့လဲ။ မင်းက ဘာကိစ္စ ဒီမှာ ဒေါလာထွက်နေရတာလဲ “

“ ငါနဲ့ ပန်ဘုရင်လေးက တော်တော်လေးကို ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ၊ ဒါပင်မဲ့ မင်းက မောက်မောက်မာမာ ပြောရဲနေတယ်ပေါ့လေ။ မင်းလိုလူတစ်ယောက်က ပန်ဘုရင်လေးကို စိန်‌ခေါ်ဖို့အတွက် ဘယ်လိုလုပ် ထိုက်တန်မှာလဲ။ ငါက ဒီအမှိုက်ကို ရှင်းလင်းဖို့အတွက် အသင့်တော်ဆုံးပဲ “

စုန့်ချင်သည် ဒေါသတို့ဖြင့် စကားပြန်ပြောလာခဲ့သည်။

လုချန်ရှန်းသည် တစ်ခဏခန့် အတွေးနက်သွားကာ၊ ထိုလူ့ကို စူးစမ်းလေ့လာနေခဲ့ပြီး၊ တွေးတွေးဆဆဖြင့် ခေါင်းငြိမ့်ကာ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။

“ ဆိုတော့ နောက်လိုက်ခွေးပေါ့၊ အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “

All Chapters