← Chapters

အခန်း (၄၅၀-၄၅၁)

Vol. 36 Ch. 450-451

အခန်း (၄၅၀-၄၅၁)

Vol. 36 Ch. 450-451

အခန်း (၄၅၀)

လူတစ်ယောက်သားရဲဘုရင်အုပ်နောက်ကိုလိုက်ခြင်း

ထိုအရာက အခြားလူမဟုတ်ပေ။

သင်းခွေချပ်သားရဲ တောင်နက်ပင်။

၎င်းက ဒေါသတကြီးရယ်လိုက်၏။

၎င်းက သေဆုံးသွားသည့် လက်ထောက် ၅ ယောက်အတွက် ပူဆွေးဝမ်းနည်းနေခဲ့ချိန်...

အကူအညီမဲ့စွာဖြင့် မမြင်ရသည့်တစ်စုံတစ်ယောက် ခန္ဓာကိုယ်တွေကိုခွဲပြီး အမြုတေတွေထုတ်ယူနေတာအား အကူအညီမဲ့စွာ ကြည့်နေခဲ့ရသည်။

ဤလောက်များသည့် နတ်ဆိုးသားရဲတွေရှေ့၌...

ဤကောင် ဘယ်လိုတောင် လုပ်ရဲသနည်း။

ထိုစကားတွေပြောပြီးသည်နှင့် နတ်ဆိုးအမြုတေပေါလောပေါ်နေသည့်နေရာကို ကြမ်းတမ်းစွာ ရိုက်ချလိုက်၏။

မမျှော်လင့်စွာပဲ....

ဂျန်ဖန်း ပိုမြန်စွာ တုံ့ပြန်ခဲ့၏။

၎င်းလက်သည်းတွေမြောက်လာသည်နှင့် ဂျန်ဖန်း ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို အသုံးပြုလိုက်သည်။

ခရမ်းဓားမဖြတ်နိုင်တာ ဘာမှမရှိရာ သင်းခွေချပ်လက်သည်းကို ပိုင်းဖြတ်သွားပြီး နှင်းပြင်ပေါ်ပြုတ်ကျသွား၏။

ဝေါင်း....

တောင်နက် နာကျင်စွာ အော်ဟစ်လိုက်သည်။

ဂျန်ဖန်း အလျှင်အမြန်ပဲနတ်ဆိုးအမြုတေကိုသိမ်းပြီး အေးဆေးပြောလိုက်သည်။

"ငါကို လုံလောက်ပြီလားမေးတယ်ဆိုတော့..."

"ဘာလဲ, မင်းက ထပ်ပေးချင်သေးလို့လား...."

တောင်နက် ဒေါသထွက်သွား၏။

၎င်းကမောက်မာသည့်လူတွေကိုမြင်ဖူးသော်လည်း ဤလောက်ထိမောက်မာသည့်လူကိုတော့ တစ်ခါမှမမြင်ဖူးပေ။

ဤနေရာ၌ အလယ်အလတ်အဆင့်အမြုတေဖွဲ့စည်းခြင်းအဆင့် သားရဲဘုရင်များစွာရှိရာ နှောင်းပိုင်းအဆင့်လူသားကျင့်ကြံသူတွေတောင် အလွယ်တကူလာရဲမည်မဟုတ်ပေ။

နတ်ဆိုးအမြုတေခိုးသည့်ဤသူခိုးကောင်က လူမိသွားတာတောင် ထွက်မပြေးပဲ လေကြီးလေကျယ်တွေ လာပြောနေခဲ့သည်။

"အားလုံး တိုက်ခိုက်ကြ..."

ပတ်ဝန်းကျင်ရှိသားရဲဘုရင်တွေ ထိုစကားသံကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ချက်ချင်း ၎င်းတို့၏နတ်ဘုရားစွမ်းရည်တွေကို ထုတ်သုံးလိုက်၏။

၎င်းတို့က အနီးနားဧရိယာကို အပြင်းအထန်တိုက်ခိုက်လိုက်ကြ၏။

ဂျန်ဖန်း ကိုယ်ပျောက်နေသော်လည်း ဤကဲ့သို့တိုက်ခိုက်မှုက သေချာပေါက် သူ့ကို ဒဏ်ရာရစေမည်ဖြစ်သည်။

တကယ်တော့...

ဤအရာက ဂျန်ဖန်းအတွက် အကျိုးရှိသွားခဲ့သည်။

ဖရိုဖရဲဖြစ်မှုက ကိုယ်ပျောက်နေသည့်သူ့အတွက် လှုပ်ရှားရလွယ်သွား၏။

ဆူညံနေသည့်ပတ်ဝန်းကျင်က သူ၏တည်ရှိမှုနှင့် အသံတွေကို ဖုံးကွယ်ပေးထားခဲ့သည်။

မျက်စိတစ်ချက်ကစားသွားပြီး...

သူက အမြုတေဖွဲ့စည်းခြင်းအဆင့် ၄ နတ်ဆိုးသားရဲကို အာရုံစိုက်လိုက်၏။

ထို့နောက် ခြေထောက်၌ မိုးကြိုးလျှပ်စီးစွမ်းအားအသက်သွင်းကာ ရုတ်တရက် တိုက်ခိုက်လိုက်၏။

"မိုးကြိုးနဂါးလျှပ်စီးခြေထောက်...."

နတ်ဆိုးသားရဲ၏ခုခံမှုက တကယ်ပဲသန်မာပြီး အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ နှင့်ယှဥ်နိုင်၏။

သို့ပေမယ့် မိုးကြိုးနဂါးလျှပ်စီးခြေထောက်က ခုခံမှုကိုချိုးဖျက်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်သည်။

ဘန်းဆိုသည့်အသံတစ်ခုနှင့် ၎င်း၏ထူထည်းသည့်ကြေးခွံပေါ်၌ သွေးပေါက်တစ်ခုပေါ်လာခဲ့သည်။

ထို့နောက် ခရမ်းရောင်အလင်းတစ်ချက်လက်မှုနှင့်...

ခရမ်းဓား သွေးရောင်အပေါက်မှတစ်ဆင့် တိုက်ရိုက်ပဲ ၎င်း၏ဦးခေါင်းခွံကိုထိုးဖောက်ပြီး မျက်လုံးထဲမှပြန်ထွက်လာခဲ့သည်။

ဝေါင်း...

သားရဲ နာကျင်ရှည်လျားသည့် အော်သံကြီး ဟိန်းဟောက်ကာ မြေပြင်ပေါ် လဲကျသွားခဲ့သည်။

ဤအရာကိုမြင်တော့ တောင်နက် ကြမ်းတမ်းစွာလှုပ်ရှားလိုက်၏။

၎င်းက မြေပြင်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ချက်ချင်း...

မြေကြီး ရွံ့ဗွက်တစ်ခုကဲ့သို့ အရည်ပျော်သွားပြီး ၎င်းပေါ်မှာလျှောက်လမ်းရတာ အလွန်အမင်း ခက်ခဲလာခဲ့သည်။

ပိုအရေးကြီးတာက...

ခြေရာတွေ ကျန်ခဲ့တာပင်။

"အဲ့မှာပဲ..."

တောင်နက် ချက်ချင်းပဲ ဂျန်ဖန်းကို ခြေရာခံမိလိုက်၏။

သားရဲဘုရင်တွေ ဒေါသထွက်သွားကြ၏။

၎င်းတို့အားလုံး တိုက်ခိုက်မှုတွေ ထုတ်လွတ်လိုက်ကြသည်။

ဂျန်ဖန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

လူသားစကားပြောနိုင်သည့် နတ်ဆိုးသားရဲတစ်ကောင်က ဘယ်တုန်းကမှ မရိုးစင်းပေ။

သူက ပြတ်ပြတ်သားသားပဲ နတ်ဆိုးသားရဲတစ်ကောင်၏အလောင်းပေါ်ခုန်တက်ကာ အလျှင်အမြန်ပဲ အလောင်းတွေကြားရှေ့နောက် ခုန်ကူးလိုက်သည်။

ထို့နောက် အခွင့်ကောင်းကို အမိအရယူပြီး...

မိုးကြိုးနဂါးလျှပ်စီးခြေထောက်ဖြင့် နောက်ထပ်အဆင့် ၄ သားရဲဘုရင်တစ်ကောင်၏ခုခံကို ထိုးဖောက်လိုက်သည်။

ထို့နောက် ဓားချိန်းချုပ်ခြင်းနည်းစနစ်ဖြင့် သုတ်သင်လိုက်သည်။

ဤသို့ အကြိမ်ကြိမ်လုပ်ပြီး...

သူက အောင်မြင်စွာပဲ အမြုတေအဆင့် ၄ နတ်ဆိုးသားရဲ ၃ ကောင်ကို အောင်မြင်စွာ သတ်နိုင်ခဲ့၏။

တောင်နက် လုံးဝကို ဒေါသထွက်နေပြီဖြစ်သည်။

"လူသား, တော်လောက်ပြီ..."

၎င်းက ချက်ချင်းပဲ အဝါရောင် နတ်ဆိုးအမြုတေတစ်ခုထုတ်ယူကာ ၎င်းပါးစပ်ထဲ၌ ရစ်ဝဲနေလိုက်သည်။

ထိုအမြုတေမှ အဝါရောင်အလင်းတန်းတစ်ခုထုတ်လွတ်လာပြီး တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။

မြေပြင် ချက်ချင်းပဲ အဝါရောင်မှန်တစ်ချပ်ကဲ့သို့ ချောမွေ့လာပြီး နတ်ဆိုးသားရဲတွေ၏အရိပ်တွေကို ရှင်းလင်းစွာပဲ အရိပ်ပြန်လာစေခဲ့သည်။

ကိုယ်ပျေက်နေသည့် ဂျန်ဖန်းတောင် မလွတ်မြောက်ပေ။

သူ၏ငယ်ရွယ်သေးသွယ်သည့်ပုံရိပ် ရှင်းလင်းစွာပဲ ပေါ်လာခဲ့သည်။

တောင်နက် တုန်လှုပ်သွား၏။

"ဘယ်အချိန်က ဂိုဏ်း ၉ ဂိုဏ်း နယ်မြေမှာ ဒီလို လူငယ်ပါရမီရှင်တစ်ယောက် ပေါ်လာတာလဲ...."

ဤအရာသာ နာမည်ကျော် ရှချောင်ကောနှင့် ဂျင်ကျောင်းမင်တို့ဖြစ်နေလျှင်...

၎င်း အံံ့အားသင့်မည်မဟုတ်ပေ။

သို့ပေမယ့် ၎င်းတို့ရှေ့ရှိ လူငယ်ကို မသိပေ။

အသက် ၁၈ နှစ်သာရှိပြီး သားရဲဘုရင်တွေကြားမှ အမြုတေအဆင့် ၄ သားရဲဘုရင်တွေကို သတ်နိုင်ခဲ့သည်။

အချိန်သာပေးလိုက်လျှင် ဘယ်လိုဖြစ်သွားမည်နည်း။

တောင်နက် ကြီးမားသည့်ခြိမ်းခြောက်မှုကိုခံစားလိုက်ရပြီး ချက်ချင်းပဲ အော်ပြောလိုက်သည်။

"သူ့ကိုသတ်, ဘာပဲပေးရပေးရ သူ့ကိုသတ်..."

ဂျန်ဖန်း အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။

နတ်ဆိုးသားရဲတွေ သူ့အားဝန်းရံလာချိန်ကို ဘယ်လိုလုပ် စောင့်နေရဲမည်နည်း။

တိုက်ရိုက်ပဲ တောင်နက်အပေါ် ဝိညာဥ်တိုက်ခိုက်ခြင်းကို အသုံးပြုလိုက်သည်။

"ဝိညာဥ်ထိုးဖောက်ခြင်း..."

ဝေါင်း...

နောက်မှညွှန်ကြားနေသည့်တောင်နက် ရုတ်တရက် လဲကျသွားပြီး နာကျင်စွာ အော်ဟစ်နေခဲ့သည်။

ပိုတုန်လှုပ်စရာကောင်းတာက...

၎င်းမျက်ခွံတွေထဲ၌ ခရမ်းရောင်အလင်းတန်းတစ်ခု လင်းလက်သွားတာပင်။

ကြောက်လန့်တကြားပဲ မျက်လုံးတွေအလျှင်အမြန်ပိတ်လိုက်ရာ ထူထည်းသည့်ကြေးခွံတွေ မျက်လုံးကို ဖုံးကွယ်သွား၏။

သို့ပေမယ့် ချက်ချင်းဆိုသလိုပဲ...

ကြေးခွံတွေထိုးဖောက်ခံရပြီး ခရမ်းဓား၎င်းမျက်လုံးတွေထိုးဖောက်သွားကာ မျက်လုံးကန်းသွားခဲ့သည်။

ဝေါင်း....

တောင်နက် နောက်တစ်ကြိမ် နာကျင်စွာ အော်ဟစ်လိုက်ရသည်။

သို့ပေမယ့် ၎င်း၏တုံံ့ပြန်မှုက မနှေးပေ။

ပြတ်ပြတ်သားသားပဲ မွေးရာပါစွမ်းရည်ကို အသက်သွင်းလိုက်၏။

ထိုအခါ ကိုယ်တွင်းရှိသားရဲသွေးတွေ များပြားသည့်သဲတွေအဖြစ်ပြောင်းကာ မျက်လုံးထဲမှ ပန်းထွက်လာခဲ့သည်။

ခရမ်းဓား ပိတ်ပင်ခံလိုက်ရပြီး နောက်ပြန်ကန်လာ၏။

ထိုသို့ဆိုလျှင်တောင်...

ဝိညာဥ်ထိုးဖောက်ခြင်းက ၎င်းဝိညာဥ်အများစုကို ဖျက်ဆီးသွားသောကြောင့် အသိစိတ်ဝေဝါးနေခဲ့သည်။

အမှောင်ထု၏ဝါးမြိုမှုကိုခံစားရတော့ ၎င်း ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။

အကယ်၍ ၎င်းသာ ဤနေရာမှာမေ့လဲသွားလျှင်...

ဘယ်အချိန်မှပြန်နိုးလာမလဲဆိုတာ မည်သူမှမသိပေ။

မနက်ဖြန်လည်းဖြစ်နိုင်သလို....

နောက်ဘဝမှလည်း ဖြစ်သွားနိုင်၏။

"ဆုတ်ကြ, ငါ့ကိုကာကွယ်ကြ, မြန်မြန်ဆုတ်ကြ..."

သတိမလစ်ခင် ၎င်း၏လက်အောက်ငယ်သားတွေကို နောက်ဆုံးအမိန့်ပေးခဲ့သည်။

ဤလူသားလေးကို သူရန်မစရဲတော့ပေမယ့် ရှောင်တိမ်းလို့တော့ရ၏။

ဤသို့ဖြင့်...

သားရဲဘုရင်တွေ ရွေးချယ်စရာမရှိပဲ ဂျန်ဖန်းကိုစွန့်ခွာပြီး တောင်နက်ကိုသယ်ကာ တိုက်ပွဲကွင်းပြင်မှ အလျှင်အမြန်ပြန်ဆုတ်လာကြသည်။

ဟူး...

ဂျန်ဖန်း အနည်းငယ် အသက်ရှူထုတ်လိုက်၏။

လိပ်အသက်ရှူဝတ်ရုံကို ဖယ်ရှားလိုက်သည့်အခါ သူ့မျက်နှာက အတော်လေးဖြူဖျော့နေခဲ့သည်။

"တပည့်တွေကိုရင်မဆိုင်ခင် ခေါင်းဆောင်ကိုဖမ်းလိုက်တာ တကယ်မှန်သွားတာပဲ..."

ဝိညာဥ်ထိုးဖောက်ခြင်းအား နှစ်ကြိမ်ဆက်တိုက်သုံးခဲ့ရသည့်အတွက် သူ၏ဝိညာဥ်စွမ်းအား အတော်လေးကုန်ခမ်းသွားခဲ့သည်။

ဤသားရဲဘုရင်တွေသာ အဆင်ခြင်မဲ့တိုက်ခိုက်လာလျှင်....

တကယ် အန္တရာယ်ရှိပြီပင်။

အဆုံးမှာတော့, ၎င်းတို့ကြား၌ တောင်နက်က တစ်ကောင်တည်းသော အမြုတေအဆင့် ၅ သားရဲမဟုတ်ပေ။

အသစ်သတ်ထားသည့် အမြုအဆင့် ၄ သားရဲလေးကောင်ကိုကြည့်ပြီး...

ဂျန်ဖန်း အားမနာတမ်း ၎င်းတို့၏အမြုတေအားလုံးကို သိမ်းလိုက်သည်။

ဤအရာတွေပေါင်းလျှင် ယခုဆို သူ့၌ စုစုပေါင်း သားရဲအမြုတေ ၁၀ ခုရသွားပြီဖြစ်သည်။

အဆင့် ၁ တာဝန် ၂ ခု၏ အကျိုးပြုမှတ်တွေနှင့် လဲလှယ်လို့ရ၏။

"ပထမဆုံးအကြိမ်လှုပ်ရှားတဲ့အချိန်မှာပဲ အကျိုးပြုမှတ် ၂၀၀ ရခဲ့တယ်..."

ဂျန်ဖန်း သားရဲလှိုင်းရှေ့တန်းဆီပြန်ဆုတ်သွားသည့် သားရဲဘုရင်အုပ်ကြီးကိုကြည့်ပြီး အနည်းငယ်ပြုံးလိုက်သည်။

ဤအရာအားလုံးက တောက်ပသည့်အကျိုးပြုမှတ်တွေပင်။

သူက သာမန်အတိုင်းပဲ နတ်ဆိုးသားရဲတွေ၏ခန္ဓာကိုယ်ကြီးတွေကို ကောင်းကင်မိုးကြိုးကျောက်တုံးတွေထဲ ထည့်သွင်းလိုက်၏။

ထို့နောက် အနီးနားရှိ ဖြူလေးကို ခေါ်လိုက်သည်။

ဂျန်ဖန်း လိပ်အသက်ရှူဝတ်ရုံကိုခြုံပြီး ဖြူလေးကတော့ ပုံသဏ္ဍာန်တွေအသက်သွင်းကာ နှစ်ယောက်လုံး ကိုယ်ပျောက်သွားကြ၏။

ထို့နောက် ထွက်ပြေးနေသည့်အုပ်စုနောက်မှ တိတ်တဆိတ်လိုက်ပါသွားခဲ့သည်။

အုပ်စုမှကွဲထွက်နေသည့် အမြုတေအဆင့် ၄ သားရဲကိုမြင်သည့်အခါ...

ဂျန်ဖန်း အညာတာကင်းမဲ့စွာပဲ မိုးကြိုးနဂါးလျှပ်စီးခြေထောက်ကိုသုံးပြီး ၎င်း၏ခုခံမှုကို ချိုးဖျက်လိုက်၏။

ထို့နောက် ဓားဖြင့် အဆုံးသတ်ပေးလိုက်သည်။

ဝေါင်း....

သားရဲ လဲကျသွား၏။

ဆုတ်ခွာနေသည့် သားရဲဘုရင်တွေ ဒေါသနှင့် တုန်လှုပ်မှုတွေ ပြည့်နှက်သွား၏။

ဤလူသားလေးက လိုက်မှီလာပြီပင်။

ချက်ချင်းပဲ ဂျန်ဖန်းကို ဒေါသတကြီးလိုက်ရှာကြပေမယ့်...

ဂျန်ဖန်း သတ်ပြီးသည်နှင့် ပြတ်ပြတ်သားသားပြန်ဆုတ်သွားပြီး ကိုယ်ယောင်ဖျောက်နေလိုက်သည်။

ဤသားရဲဘုရင်တွေ သူ့ကို ဘယ်လိုလုပ် ရှာတွေ့နိုင်မည်နည်း။

အကျိုးမရှိရှာပြီးနောက်...

ရွေးချယ်စရာမရှိတော့ပဲ တောင်နက်အမိန့်အရ ပြန်ဆုတ်သွားကြသည်။

အမြုတေအဆင့် ၄ သားရဲ၏အလောင်းအတွက်တော့...

ဂရုစိုက်နေဖို့ အချိန်မရှိရာ နောက်မှာပဲ ချန်ထားခဲ့လိုက်သည်။

ခဏကြာပြီးနောက်...

ဂျန်ဖန်း ထွက်ပေါ်လာပြီး ကျေနပ်စွာဖြင့် နတ်ဆိုးအမြုတေကို ထုတ်ယူလိုက်သည်။

စိတ်ဝိညာဥ်အသားကိုတော့ ဖြူလေးအား ဆုချလိုက်၏။

"ဝိုး, အကိုကြီးနောက်လိုက်တာ တကယ်အကျိုးများတာပဲ..."

ဖြူလေး စိတ်ဝိညာဥ်အသားကို မြိန်ရည်ယှဥ်ရည်စားပြီး ပျော်ရွင်စွာ အမြီးနှံ့နေခဲ့သည်။

နောက်ဆုံးအကြိမ်က ခုံးကောင်အသားစားခဲ့ရပြီး ဤတစ်ကြိမ် အမြုတေအလယ်အလတ်အဆင့် သားရဲ၏စိတ်ဝိညာဥ်အသားစားနေရသည်။

ဤအရာက ၎င်းအိမ်မက်တောင် မမက်ဖူးသည့် ကောင်းချီးတွေပင်။

ဂျန်ဖန်း ၎င်း၏လုံးဝန်းသည့်ဝမ်းဗိုက်ကိုကြည့်ပြီး ပြုံးလိုက်သည်။

"ဒီရက်တွေအတွင်း မင်းအတွက် လုံလောက်မှာပါ...."

ခဏနားပြီးနောက်...

နောက်တစ်ကြိမ် တိတ်တဆိတ် နောက်မှ လိုက်သွားပြန်လိုက်သည်။

နောက်ပိုင်းရက်တွေအတွင်း....

သားရဲဘုရင်တွေ အလွန်အမင်းစိတ်ဓာတ်ကျနေခဲ့သည်။

သူတို့က ဂျန်ဖန်းနှင့်ရင်ဆိုင်မည့်အစား အမြုတေနှောင်းပိုင်းအဆင့် လူသားနှင့်သာ ထိပ်တိုက်ရင်ဆိုင်လိုက်ချင်သည်။

အဘယ်ကြောင့်ဆိုသော် ဤလူသားကောင်လေးက မရှက်မရှိသောကြောင့်ပင်။

ထိုကောင်က ဘယ်သောအခါမှ တိုက်ရိုက်မတိုက်ခိုက်ပေ။

နားနေရင်းဖြင့် အမြုတေအဆင့် ၄ သားရဲတွေကို လည်ဖြတ်သည်။

ဒါမှမဟုတ် ရေသောက်နေစဥ် အဆိပ်ခတ်သည်။

ကံမကောင်းသည့်သာရဲဘုရင်တစ်ကောင်ဆို ဆီးသွားနေစဥ် ရေခဲဓားဖြင့် အထိုးခံခဲ့ရသည်။

တစ်ကောင်သတ်ပြီးတိုင်း ထိုကောင်က တွေဝေမှုမရှိပြန်ဆုတ်သွားကာ အမြုတေအဆင့် ၅ သားရဲဘုရင်တွေအား ပြန်တိုက်ဖို့ အခွင့်အရေးမပေးပေ။

ရက်ပေါင်းများစွာကြာပြီးနောက်...

သူတို့က နားလည်းမနားရဲ၊ ရေလည်းမသောက်ရဲ၊ အပေါ့တောင် မသွားရဲတော့ပေ။

"မြန်မြန်, ရှေ့ကတောင်တန်းနယ်မြေကိုကျော်ရင် ငါတို့နတ်ဆိုးနယ်မြေကိုရောက်ပြီ...."

တောင်နက် အချိန်အတော်ကြာကတည်းက နိုးနေပြီဖြစ်သည်။

၎င်း၏ဒဏ်ရာရနေသည့်ခန္ဓာကိုယ် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကာ တစ်ခဏတောင် မအိပ်ရဲပေ။

နောက်သုတ်သင်ခံရမည့်သူက သူဖြစ်သွားမည်ကို ကြောက်နေခဲ့သည်။

တစ်ချိန်တည်းမှာပဲ...

တောင်ထိပ်၌...

ရှချောင်ကော၊ ဂျင်ကျောင်းမင်နှင့် လန်ဖေးယန်တို့ အမောတကောအသက်ရှူနေကြသည်။

သူတို့ရှေ့၌ အမြုတေအဆင့် ၄ သားရဲအလောင်းကြီးတစ်ခု လဲကျနေခဲ့သည်။

လန်ဖေးယန် နတ်ဆိုးအမြုတေကိုထုတ်ယူပြီး ဂျင်ကျောင်းမင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"ဂျူနီယာညီမရှက အများဆုံးကူညီခဲ့တာ..."

"ဒီအမြုတေ သူမပေးလိုက်တာ ကန့်ကွက်စရာမရှိဘူးမလား..."

ဂျင်ကျောင်းမင် တွန့်ဆုတ်နေ၏။

သို့ပေမယ့် ပြောလိုက်သည်။

"ဒါပေါ့ မရှိပါဘူး...."

"ဂျူနီယာညီမရှသာ အချိန်မှီရောက်မလာရင် ငါတို့အသက်တွေဆုံးရှုံးသွားနိုင်တယ်...."

သူက သူ၏ဒဏ်ရာနှင့် ပြဲနေသည့်တိုက်ပွဲဝတ်ရုံကိုကြည့်လိုက်သည်။

ထို့နောက် သူ့ကိုယ်သူ ကာကွယ်ပြီး ပြောလိုက်သည်။

"အမြုတေအဆင့် ၄ သားရဲက ထင်ထားတာထက် ပိုသန်မာတာပဲ...."

"အခြားသူသာ သူတို့နဲ့တွေ့ရင် ဂျူနီယာညီမရှလာချိန်ထိတောင် တောင့်ခံနိုင်မှာမဟုတ်ဘူး...."

ထိုအချက်အား...

လန်ဖေးယန် အလေးအနက်သဘောတူ၏။

အစောပိုင်းက သူ့အသက် အကြိမ်ပေါင်းများစွာ ဆုံးရှုံးလုနီးပါးဖြစ်ခဲ့၏။

"ဒီတစ်ချိန်, အမြုတေအလယ်အလတ်အဆင့် သားရဲအများအပြား ရှေ့တန်းကို ဖြတ်သွားကြတယ်..."

"ငါတို့ဂိုဏ်းတူတွေသာ သူတို့နဲ့တွေ့ရင်...."

သူက အနည်းငယ် သက်ပြင်းချလိုက်ပြီး စိုးရိမ်နေခဲ့သည်။

ဤအခိုက်အတန့်၌....

အဝေးကိုကြည့်နေသည့် ရှချောင်ကောမျက်လုံးတွေထဲ၌ အံ့အားသင့်သည့်အရိပ်အယောင်တွေကို သတိထားမိလိုက်သည်။

"ဂျူနီယာညီမရှ, မင်းဘာကြည့်နေတာလဲ..."

လန်ဖေးယန် သိချင်စွာဖြင့် မေးလိုက်သည်။

ရှချောင်ကော မသေချာစွာဖြင့် ပြန်ဖြေလိုက်သည်။

"ကြည့်ရတာ တစ်စုံတစ်ယောက်... သားရဲဘုရင်အုပ်နောက်က လိုက်နေသလိုပဲ..."

အခန်း (၄၅၁)

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တွေ၏ အံ့အားသင့်ဖွယ်ထွက်ပေါ်လာခြင်း

ဟမ်?...

လန်ဖေးယန် တစ်ခဏကြောင်သွားပြီး ရှချောင်ကောအကြည့်အတိုင်းလိုက်ကြည့်ပေမယ့် ဘာမှမရှိသည့်မိုးကုတ်စက်ဝိုင်းကိုသာ မြင်လိုက်ရ၏။

ဂျင်ကျောင်းမင်လည်းကြည့်လိုက်သည်။

သူလည်း ဘာမှမတွေ့ပဲ ချီးကျူးလိုက်သည်။

"ဂျူနီယာညီမရှမှာ နတ်ဘုရားမျက်လုံးရှိတယ်လို့ ကြားထားတာ..."

"ဒီတော့ ကောလဟာလတွေက မှန်နေတာပဲ..."

"ဒါဆို ဒီလူက အတော်ကံကောင်းတာပဲ။ အမြုတေအဆင့် ၁ သားရဲအုပ်နဲ့တိုးသွားတာပဲဖြစ်မယ်...."

လန်ဖေးယန် အလေးအနက် သဘောတူလိုက်၏။

သူ့မျက်လုံးတွေ၌ မနာလိုမှုတွေပြသနေပြီး ပြောလိုက်သည်။

"အမြုတေအဆင့် ၄ လည်းသားရဲဘုရင်ပဲ။ အဆင့် ၁ လည်း သားရဲဘုရင်ပဲ..."

"သူတို့ကိုသတ်လို့ရတဲ့အကျိုးပြုမှတ်က အတူတူပဲ...."

"ဒါပေမယ့် ခက်ခဲမှုကြတော့ ကမ္ဘာတစ်ခုလောက်ခြားနေတယ်..."

"အမြုတေအဆင့် ၁ သားရဲအုပ်နဲ့တွေ့တာ တကယ်ကို ကံကောင်းတာပဲ...."

ထို့နောက် လန်ဖေးယန်ပြုံးပြီး ပြောလိုက်သည်။

"ငါတို့သုံးယောက်လည်း ဘာလို့ သွားမပူးပေါင်းတာလည်း..."

ဂျင်ကျောင်းမင် ချက်ချင်း သဘောတူလိုက်ပြီး အသာအယာနှာမှုတ်လိုက်သည်

"သူက နောက်ကလိုက်ပြီး သားရဲအုပ်ကို လိုက်မမှီဘူဆိုတော့ ခွန်အား အလုံအလောက်မသန်မာဘူးလို့ ဆိုလိုနေတာပဲ..."

"ဒီမကောင်းဆိုးဝါးတွေကို သူမကိုင်တွယ်နိုင်လောက်ဘူး...."

"သူမကိုင်တွယ်နိုင်မှတော့ ငါတို့ဝင်ပါကြတာပေါ့...."

ပြောပြီးနောက်....

နှစ်ယောက်သာ ရှချောင်ကောကိုကြည့်လိုက်ကြသည်။

သူမလည်း ပါဝင်ချင်မလားဟုပင်။

ရှချောင်ကော သားရဲအုပ်ကိုကြည့်နေပြီး သူမ၏မျက်ခွံတွေ အပြာဖျော့ရောင်ပြောင်းနေ၏။

တစ်ခဏကြာပြီးနောက် ခေါင်းအနည်းငယ် ခါယမ်းကာ ပြောလိုက်သည်။

"ငါ မသွားတော့ဘူး..."

"နင်တို့ကိုလည်း မသွားဖို့ အကြံပေးတယ်..."

ဂျင်ကျောင်းမင် ညင်သာစွာ ရယ်လိုက်သည်။

"ဂျူနီယာညီမရှက ငါတို့ အမြုတေအဆင့် ၁ သားရဲအုပ်ကို မကိုင်တွယ်နိုင်ဘူးလို့တော့ မထင်ပါဘူးနော်...."

ထိုအရာက သူ အမြုတေ အဆင့် ၄ သားရဲလက်၌ သေလုမျှောပါးဖြစ်ခဲ့ရသောကြောင့်ဟု ထင်လိုက်သည်။

ထိုအရာက ရှချောင်ကောကို သူ့အား အတော်လေး အထင်သေးသွားစေခဲ့သည်။

ရှချောင်ကော ညင်သာစွာပြောလိုက်သည်။

"အဲ့သားရဲအုပ်က အမြုတေအဆင့် ၁ တွေမဟုတ်ဘူး...."

"အဆင့် ၄ အဆင့် ၅ တွေ..."

ခလွမ်!

လန်ဖေးယန်လက် တုန်ခါသွား၏။

သူကိုင်ထားသည့်အမြုတေ နှင်းပြင်ပေါ်ပြုတ်ကျသွားကာ တိတ်ဆိတ်နေသည့်ဤနေရာ၌ ရှင်းလင်းစွာပဲ့တင်ထပ်သွားခဲ့သည်။

အမြုတေ အဆင့် ၄ အဆင့် ၅ နတ်ဆိုးသားရဲဘုရင်တွေ?...

ထို့ပြင် အုပ်လိုက်ဖြစ်၏။

သူက မနေနိုင်ပဲ တုန်ယင်သွား၏။

အဆင့် ၄ တစ်ကောင်တည်းကတောင် သူ့ကို သေလုနီးပါးဖြစ်သွားစေခဲ့သည်။

အုပ်လိုက်သာဆိုလျှင်....

ထိုအကြောင်းတွေးရုံဖြင့် သူ့အား ချွေးအေးတွေ စီးကျလာစေခဲ့သည်။

ဂျင်ကျောင်းမင်လည်း လေအေးတွေ ရှူသွင်းလိုက်၏။

"အမြုတေ အဆင့် ၄ အဆင့် ၅ သားရဲဘုရင်အုပ်...."

ရုတ်တရက်...

အစောပိုင်းရှချောင်ကောပြောသည့် အကြောင်းအရာကို အမှတ်ရလိုက်သည်။

"မင်းပြောတာ တစ်စုံတစ်ယောက်က အမြုတေအဆင့်၄ အဆင့် ၅ သားရဲအုပ်နောက်က လိုက်နေတယ်ပေါ့...."

ရှချောင်ကော အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ငါ စောစောက မသေချာဘူး..."

"ခုတော့သေချာသွားပြီ။ ဘာလို့လဲဆို သူခုလေးတင် အမြုတေအဆင့် ၄ သားရဲတစ်ကောင် သတ်လိုက်လို့ပဲ...."

ဟစ်!

ဂျင်ကျောင်းမင်နှင့် လန်ဖေးယန် တစ်ချိန်တည်းမှာပဲ ပင့်သက်ရှိုက်လိုက်သည်။

ဘယ်လိုကြောက်မက်ဖွယ်ခွန်အားမျိုးက အမြုတေ အဆင့် ၄ အဆင့် ၅ သာရဲအုပ်ကို နောက်ကလိုက်သတ်နိုင်သနည်း။

ထို့ပြင်, ဤကဲ့သို့အချိန်တိုအတွင်း တစ်ကောင်ထပ်သတ်ခဲ့၏။

ဂျင်ကျောင်းမင် ပြောလိုက်သည်။

"အကြီးအကဲတစ်ယောက်ယောက် လှုပ်ရှားတာများလား...."

လန်ဖေးယန်လည်း ပြောလိုက်သည်။

"အဲ့ဒါဖြစ်နိုင်တယ်...."

"ငါတို့ရွယ်တူထဲမှာ ဘယ်သူက အဲ့လိုခွန်အားမျိုးရှိမှာလဲ...."

ရှချောင်ကောင်တောင် ဤကဲ့သို့စွမ်းအားမျိုး မရှိပေ။

တစ်ကောင်ချင်းတိုက်ခိုက်လျှင် ရှချောင်ကောအတွက် အမြုတေအဆင့် ၄ သားရဲကို သတ်ဖို့က ပြဿနာမရှိပေ။

အဆင့် ၅ ဆိုလည်း ဖြစ်နိုင်သေး၏။

သို့ပေမယ့် အုပ်လိုက်ကြီးကိုလိုက်သတ်တာတော့ ဘယ်လိုမှမဖြစ်နိုင်ပေ။

ထို့ပြင် လက်ရှိမျိုးဆက်ထဲ၌ ရှချောင်ကောခွန်အားက ပြိုင်ဘက်ကင်းဖြစ်သည်။

ရှချောင်ကော သူမ၏မျက်လုံးနည်းစနစ်ကိုသုံးပြီး ထိုလူကိုကြည့်လိုက်သည်။

သို့ပေမယ့် တစ်ဖက်လူက အမြဲ ကိုယ်ပျောက်သည့်အခြေအနေမှာရှိနေခဲ့သည်။

သူမက ခေါင်းအနည်းငယ်ခါယမ်းပြီး ပြောလိုက်သည်။

"ဒါ အကြီးအကဲတစ်ယောက်မဖြစ်နိုင်ဘူး...."

"လက်ရှိမှာ အကြီးအကဲတွေက တိုက်ပွဲကွင်းပြင်ကို တရားဝင် ဝင်ပါမလာသေးဘူး..."

"ရှေ့တန်းကအဓိကအင်အားက ခုချိန်ထိ ငါတို့တပည့်တွေပဲ။ ဒီလူက တပည့်တစ်ယောက်ဖြစ်နိုင်ချေများတယ်..."

လန်ဖေးယန် စဥ်းစားပြီးပြောလိုက်၏။

"ဒါသာ တပည့်တစ်ယောက်ဆိုရင်...."

"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့ တပည့်ပဲဖြစ်နိုင်တယ်..."

"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တွေလည်း အကျိုးပြုမှတ်တွေကို မျက်စိကျနေတာဆိုတော့ ငြိမ်နေမှာမဟုတ်ဘူး...."

"အများစုက တိုက်ပွဲကွင်းပြင်ကို လာနေလောက်ပြီ...."

ရှချောင်ကော သူ့ကိုကြည့်ပြီး ပဟေဠိဖြစ်သွား၏။

အကျိုးပြုမှတ်စာရင်းက ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေအတွက်သာ ဖွင့်ပေး၏။

သူတို့ နတ်ဆိုးသားရဲတွေကို သတ်လျှင်လည်း မည်သည့်အကျိုးပြုမှတ်မှရမည်မဟုတ်ပေ။

သူမ၏စိတ်ရှုပ်မှုကို နားလည်တော့...

လန်ဖေးယန် အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။

"စည်းမျဥ်းတွေကသက်မဲ့၊ ဒါပေမယ့် လူတွေကတော့ သက်ရှိပဲ..."

"သူတို့ရတဲ့နတ်ဆိုးအမြုတေတွေနဲ့ တကယ်ပဲ အရင်းအမြစ်တွေ လှဲလို့မရဘူး..."

"ဒါပေမယ့် ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေကိုပေးပြီး သူတို့နာမည်နဲ့ အကျိုးပြုမှတ်တွေ မှတ်ထားမယ်...."

"အရင်းအမြစ်တွေလှဲတဲ့အခါ အဲ့ဒီတပည့်တွေကို လုံလောက်တဲ့အကျိုးအမြတ်နည်းနည်းလောက်ပေးပြီး သူတို့အတွက်ရှေ့ထွက်ပေးခိုင်းလို့ရတယ်လေ...."

"တပည့်များစွာ သူတို့နဲ့ ပူးပေါင်ဖို့ ဆန္ဒရှိကြမှာပဲ..."

"အဆုံးမှာတော့ အဲ့ဒီကောင်းကင်ဘုံစက်ယန္ဒယားခန်းမက ပါရမီရှင်တွေနဲ့ ဘယ်သူက မိတ်ဆွေမဖြစ်ချင်မှာလဲ...."

ဂျင်ကျောင်းမင် ဒေါသထွက်သည့်အမူအရာပြသလာ၏။

"ဒီလိုကိစ္စမျိုးလည်း ရှိတာပဲလား...."

"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့အရင်းအမြစ်တွေက သူတို့အတွက် မလုံလောက်ဘူးလား..."

"သူတို့က တကယ် ငါတို့ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေနဲ့ ပူပေါင်းဖို့ လိုတာပဲလား..."

"ငါ အဲ့ကောင်တွေကို သေချာပေါက် တင်ပြမယ်...."

လန်ဖေးယန် ခါးသီးသည့်အပြုံးတစ်ခု ပြုံးလိုက်သည်။

"သူတို့က အပြစ်ပေးခံရမှာမကြောက်ပဲ လုပ်ရဲမှတော့ ကျောထောက်နောက်ခံအကြီးအကဲတွေ ရှိလို့ပဲပေါ့...."

"တင်ပြလည်း အသုံးမဝင်ဘူး...."

"ဒါ့ပြင်...."

ဝိုးတိုးဝါးတားပျောက်ကွယ်သွားသည့် သားရဲအုပ်ကိုကြည့်ပြီး အကူအညီမဲ့စွာ ပြောလိုက်သည်။

"အကျိုးပြုမှတ်အချို့ကို သူတို့ပဲယူရဲတာလေ...."

"ငါတို့ကိုပေးရင်တောင် ယူရဲမှာမဟုတ်ဘူး...."

နောက်ဆုံး နှစ်ကြောင်းကိုကြားသည့်အခါ...

ဂျင်ကျောင်းမင်လည်း ဘောလုံးလေလျော့သွားသကဲ့သို့ ထိတ်ထိတ်ပျာပျာဖြစ်သွား၏။

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တွေ စည်းမျဥ်းချိုးဖောက်တာ တကယ်ပဲမှား၏။

သို့ပေမယ့် သူ့၌ အမြုတေ အဆင့် ၄ အဆင့် ၅ သားရဲအုပ်ကိုလိုက်ဖမ်းနိုင်သည့် သူတို့ခွန်အားကို မနာလိုဖြစ်ဖို့ အခွင့်အရေးမရှိပေ။

ရှချောင်ကော ထိုအရာနှင့်ပတ်သက်ပြီး ထူးထူးခြားခြား ခံစားချက်မရှိပေ။

သူမက အဝေးသို့ပျောက်ကွယ်သွားသည့် သားရဲအုပ်ကိုကြည့်နေခဲ့သည်။

သူမက ဖြည်းဖြည်းချင်း အကြည့်ပြန်ရုတ်ပြီး ပြောလိုက်သည်။

"ငါ ဒီမလာခင်တုန်းက ကောင်းကင်ချိုးဖျက်ခြင်းတောင်ကြားထဲမှာ နတ်ဆိုးစွမ်းအင်တွေ တစ်ဟုန်ထိုးတက်နေတာ မြင်ခဲ့တယ်...."

"အဲ့မှာ ခုခံရေးလိုင်းကို ထိုးဖောက်နေတဲ့ နတ်ဆိုးသာရဲအများကြီးရှိလောက်တယ်...."

"သွားကြည့်ရအောင်...."

ထိုအရာကိုကြားသည့်အခါ ဂျင်ကျောင်းမင်နှင့် လန်ဖေးယန်တို့မျက်လုံးတွေ တောက်ပသွား၏။

သုံးယောက်သာ ချက်ချင်းပဲ ကောင်းကင်ချိုးဖျက်ခြင်းတောင်ကြားကို ဦးတည်လိုက်၏။

ဂျန်ဖန်းအကြောင်းပြောရလျှင်....

သူက သားရဲဘုရင်တွေနောက် တစ်လျှောက်လုံးလိုက်လာခဲ့သည်။

ရက်အနည်းငယ်အတွင်း, အမြုတေ အဆင့် ၄ သားရဲ ၅ ကောင်ကို သတ်ဖြတ်ပြီးပြီဖြစ်သည်။

ရှေ့ရှိသားရဲအုပ်ထဲ၌ အမြုတေဖွဲ့စည်းခြင်းအဆင့် ၄ သားရဲနှစ်ကောင်သာကျန်တော့၏။

သားရဲဘုရင်နှစ်ကောင် ကြောက်ရွံ့မှုကြောင့်တုန်ယင်နေပြီး အဆင့် ၅ သားရဲဘုရင်အုပ်၏ကာကွယ်မှုအောက်၌ ပုန်းအောင်းနေကာ တစ်ယောက်တည်းကျန်မနေခဲ့ရဲကြပေ။

ဂျန်ဖန်း ရုတ်တရက်ပေါ်လာပြီး သူတို့ကို ဓားတစ်ချက်တည်းဖြင့်သတ်သွားမှာ ကြောက်နေကြ၏။

တောင်နက် အပြည့်အဝနီးပါး ပြန်ကောင်းနေပြီဖြစ်သည်။

၎င်းက ကျန်ရှိသည့်သားရဲဘုရင်တွေကို ရေတွက်လိုက်၏။

ထိုအခါ သူအပါအဝင် ၅ ကောင်သာ ကျန်တော့တာ သိလိုက်၏။

သူတို့လာချိန်က ၁၉ ကောင်ရှိခဲ့၏။

ရလဒ်အနေဖြင့် ခေါင်းဆောင်ရွမ်ကျားအပါအဝင် ၎င်းထဲမှ ၁၄ယောက် ရန်သူ့နယ်မြေမှာ ကျရှုံးခဲ့၏။

သူတို့ငါးကောင်သာ အရှက်တကွဲမနည်းထွက်ပြေးလာခဲ့ရတာဖြစ်သည်။

တောင်နက်ကို ပိုဝမ်းနည်းဒေါသထွက်သွားစေတာက...

၁၄ ယောက်ထဲရှိ ကိုးယောက်က လူသားကလန်ဂျူနီယာလေးလက်ထဲမှာ သေခဲ့ရတာဖြစ်သည်။

ထိုအရာက ကြီးမားသည့်အရှက်ရမှုဖြစ်၏။

ဒါပေါ့, ၎င်းက ရပ်ပြီး ဂျန်ဖန်းနှင့် သေသည်ထိတိုက်ခိုက်ဖို ဆန္ဒမရှိပေ။

ဝိညာဥ်ထိုးဖောက်ခြင်းက သူ့အသက်ကို တစ်ခါယူသွားလုနီးပါးဖြစ်ခဲ့ရာ ဒုတိယအကြိမ် မခံစားချင်တော့ပေ။

ရုတ်တရက်....

၎င်းခေါင်းမြှင့်တက်သွားပြီး ရှေ့ရှိ ရေခဲတောင်ကုန်းလေးကို ကြည့်လိုက်သည်။

ထူးဆန်းသည့်အနက်ဝတ်လူသား ၇ယောက်မတ်တပ်နေပြီး ကြယ်၊လ ပုံသဏ္ဍာန်တွေထွင်းထားသည့် မျက်နှာဖုံးတွေ တပ်ဆင်ထားကြ၏။

သူတို့က ရောက်လာသည့်သားရဲဘုရင်တွေကို တိတ်တဆိိိတ်ငုံ့ကြည့်နေပြီး မျက်လုံးထဲ၌ ခပ်ဖွဖွ အပြုံးတစ်ခုရှိနေခဲ့သည်။

တောင်နက် ချက်ချင်းပဲ အေးစက်သည့်ခံစားချက်ကို ခံစားမိပြီး အော်ပြောလိုက်သည်။

"သတိထားကြ...."

"လူသားကျွမ်းကျင်သူတွေရှိတယ်...."

အန္တရာယ်အရှိဆုံးတစ်ယောက်က ရွမ်ကျားထက်တောင်မနိမ့်ဘူးဟု သူ ခံစားမိ၏။

ခဏကြာပြီးနောက်....

ဂျန်ဖန်း အေးဆေးပဲ လိုက်မီလာခဲ့သည်။

သူက နောက်မှဆက်မလိုက်ဖို့ ဆုံးဖြတ်ထား၏။

ကျန်ရှိသည့် အဆင့် ၄ သားရဲဘုရင်နှစ်ကောင်ကို အလွန်လုံခြုံစွာ ကာကွယ်ထားရာ တိုက်ခိုက်ဖို့အခွင့်အရေးက အတော်လေးရှား၏။

သူတို့နှင့်အချိန်ဖြုန်းနေမည့်အစား ရှေ့တန်းကိုသွားပြီး ရန်သူတွေသတ်တာက ပိုကောင်း၏။

သို့ပေမယ့် ရုတ်တရက်....

သူက ကြီးမားသည့်တိုက်ပွဲအတက်အကျတွေကို ခံစားမိလိုက်၏။

မနေနိုင်ပဲ အံ့အားသင့်သွား၏။

"သားရဲဘုရင်တွေ လူသားကျွမ်းကျင်သူတွေနဲ့ တွေ့နေတာလား..."

အလျှင်အမြန်ပဲ သွားကြည့်လိုက်၏။

သို့ပေမယ့် အဝေးမှမြင်လိုက်ရသည့်မြင်ကွင်းမှ သူ့အား မျက်ခွံ့တွေ ကျုံ့သွားစေခဲ့သည်။

ကြီးမားသည့် သားရဲဘုရင်အလောင်းကြီးလေးခု မြေပြင်ပေါ်မှာ လဲလျောင်းနေ၏။

၎င်းတို့ထဲမှ နှစ်ယောက်မှာ အမြုတေအဆင့် ၄ နတ်ဆိုးသားရဲ ၂ ကောင်ဖြစ်သည်။

အခြားနှစ်ယောက်ကတော့ အမြုတေ အဆင့် ၅ ဖြစ်၏။

အနက်ဝတ်လူခြောက်ယောက်က ထူးဆန်းသည့်မျက်နှာဖုံးတွေ တပ်ဆင်ထားပြီး အလောင်းတွေပေါ်မှာ ရပ်နေပြီး မြောက်ဘက်ကို ကြည့်နေကြသည်။

ခဏကြာပြီးနောက်...

အရပ်မြင့်မြင့်ပုံရိပ်တစ်ခု တူညီသည့်ဝတ်စုံကိုဝတ်ဆင်ထားပြီး ငွေရောင်ဆံပင်ရှည်နှင့် လက်နှောက်ပစ်ကာ လျှောက်လာခဲ့သည်။

ကြည့်ရတာ လမ်းလျှောက်နေပုံပေါ်သော်လည်း....

ခြေတစ်လှမ်းခြင်းဆီက မြေကြီးကိုကျုံ့သွားပုံရကာ အကွာအဝေးကို ကျုံ့ပစ်လိုက်၏။

ဤအရာက ဒဏ္ဍာရီလာ မြေကြီးတစ်လက်မကျုံ့ခြင်း ပင်။

"စီနီယာအကိုကြီးဂျန်, မင်း သင်းခွေချပ်သားရဲကို မိခဲ့လား..."

လူခြောက်ယောက်က သူ့ကို အတော်လေး လေးစားနေခဲ့သည်။

ဂျန်လင်းယွင် အနည်းငယ်ပြုံးပြီး အဝါရောင်နတ်ဆိုးအမြုတေတစ်ခုကို သာမန်အတိုင်း ပစ်ပေးလိုက်သည်။

ခြောက်ယောက်သား ပြုံးလိုက်ကြ၏။

"စီနီယာအကိုဂျန်က မျှော်လင့်ထားတဲ့အတိုင်းပဲ။ အဲ့သားရဲရဲ့ မြေကမ္ဘာစွမ်းရည်က အတော်လေးလှည့်ကွက်များပေမယ့် သင်ခွေချပ်သားရဲကို သတ်နိုင်ခဲ့တယ်...."

ဂျန်လင်းယွမ် အနည်းငယ် ခေါင်းခါယမ်းလိုက်၏။

"သူ့ဝိညာဥ်က ဒဏ်ရာရထားပြီး တိုက်ပွဲစွမ်းအားက တစ်ဝက်လောက်ထိ ဆုံးရှုံးထားတာ..."

"မဟုတ်ရင်, ဒီလောက်လွယ်မှာမဟုတ်ဘူး..."

ရုတ်တရက်...

မျက်နှာဖုံးနောက်ရှိ သူ့အကြည့် ကျဥ်းမြောင်းသွားပြီး ညင်သာစွာ သက်ပြင်းချလိုက်သည်။

"မင်းတို့အားလုံးက ငါ့ကို အတော်စိုးရိမ်အောင်လုပ်တာပဲ..."

"တစ်စုံတစ်ယောက် ရောက်နေတာ ဘယ်သူမှသတိမထားမိကြဘူး...."

All Chapters