အခန်း (၄၅၂-၄၅၃)
Vol. 36 Ch. 452-453
အခန်း (၄၅၂)
ရန်လိုမှု
ခြောက်ယောက်သား အံ့အားသင့်သွားကြ၏။
ချက်ချင်းပဲ နိုးနိုးကြားကြားဖြစ်လာကာ ပတ်ဝန်းကျင်ကို ဂရုတစိုက်စောင့်ကြည့်လိုက်သည်။
သို့ပေမယ့် ပတ်ဝန်ကျင်၌ မည်သည့်သက်ရှိအရိပ်အယောင်မှမရှိပေ။
ဂျန်လင်းယွမ် အရာရာကို ဖောက်မြင်နိုင်သကဲ့သို့ ဂျန်ဖန်းကို စိုက်ကြည့်လိုက်သည်။
"မင်းပုန်းနေဖို့ မလိုပါဘူး...."
"မင်းပတ်လည်က နတ်ဆိုးအော်ရာက ကိုင်လို့တောင်ရတော့မှာ..."
အာ?...
ဂျန်ဖန်း အံ့အားသင့်သွား၏။
တစ်စုံတစ်ယောက်က တကယ်ပဲ လိပ်အသက်ရူဝတ်ရုံကို ဖောက်မြင်နေခဲ့သည်။
ဖန်းရှင်ကုန်းနှင့် ရွမ်ကျားလိုအစွမ်းထက်ပုဂ္ဂိုလ်တွေတောင် မမြင်နိုင်ပေ။
ထိုအရာကိုတွေးပြီး....
ဂျန်ဖန်း ထပ်မပုန်းတော့ဖို့ ဆုံးဖြတ်လိုက်၏။
သူက နံပါတ် ၁ အရိပ်စောင့်မျက်နှာဖုံးထုတ်ဝတ်ပြီး လိပ်အသက်ရူဝတ်ရုံကို ဖယ်ရှားလိုက်သည်။
"တကယ် တစ်စုံတစ်ယောက်ရှိနေတာပဲ..."
"မင်းဘယ်သူလဲ, ငါတို့ပြောနေတာကို ခိုးနားထောင်တာ ဘာရည်ရွယ်ချက်နဲ့လဲ...."
လူခြောက်ယောက် အနည်းနှင့်အများ ရန်လိုမှုကို ပြသလာ၏။
ဂျန်ဖန်း တည်ငြိမ်နေပြီး ပြောလိုက်သည်။
"ငါက အဲ့ဒီနတ်ဆိုးသားရဲအုပ်နောက်ကနေ တစ်လျှောက်လုံးလိုက်လာတာ, ဒီနေရာထိပဲ..."
"မင်းတို့ ကြားဖြတ်ပြီးသတ်လိုက်မှတော့ ပိုကောင်းသွားတာပေါ့..."
"နှုတ်ဆက်ပါတယ်...."
ဝှစ်!
သူက ထွက်သွားဖို့ပြင်လိုက်ချိန်...
ကျက်သရေရှိသည့်အမျိုးသမီးတစ်ယောက် ရှေ့ခုန်ထွက်လာပြီး ဂျန်ဖန်းလမ်းကိုပိတ်လိုက်သည်။
သူမ၏ပြည့်ဝသည့်ခန္ဓာကိုယ်က ပွယောင်းသည့်အနက်ရောင်ဝတ်ရုံနှင့်တောင် အပြည့်အဝမဖုံးကွယ်နိုင်ပေ။
မျက်နှာဖုံးအောက်ရှိ မက်မွန်ပွင့်မျက်လုံးတွေ၌ သံသယအရိပ်အယောင်တွေ ပြသလာ၏။
"ကိစ္စတွေမရှင်းသေးပဲ ထွက်သွားချင်တာလား..."
သူမက ဂျန်ဖန်းကို အပေါ်အောက်စစ်ဆေးပြီး ပြောလိုက်သည်။
"နင်က သားရဲဘုရင်တွေနောက် လိုက်နေတာ..."
"နင်တစ်ယောက်တည်းနဲ့လေ..."
"ဒီဆင်ခြေက ယုံဖို့ခက်တယ်...."
"နင့်ဘာသာရှင်းပြဖို့ ငါနင့်ကို နောက်ဆုံးအကြိမ်အခွင့်အရေးပေမယ်။ ငါ့တို့နောက်ကို ဘာလို့လိုက်နေတာလဲ...."
သူတို့က ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ တပည့်တွေဖြစ်၏။
ဤတစ်ချိန် တိုက်ပွဲကွင်းပြင်သို့ တိတ်တဆိတ်လာတာဖြစ်၍ သူတို့၏အထောက်အထားကို မည်သူမှသိမသွားစေချင်ပေ။
သို့ပေမယ့် ဂျန်ဖန်း အနီးနားမှာ ပုန်းနေပြီး သံသယဖြစ်ဖွယ်ပြုမူနေခဲ့သည်။
ထို့ပြင် သူက နတ်ဆိုးသားရဲတွေနောက်လိုက်ဖမ်းသည့် ရယ်စရာဆင်ခြေတစ်ခုကိုလည်း ပေးခဲ့သည်။
ဤသားရဲဘုရင်တွေက ဘယ်လောက်တောင်အစွမ်းထက်သနည်း။
သူတို့ခြောက်ယောက်တောင် သူတို့ချည်း အမဲမလိုက်ရဲပေ။
သူတို့ရှေ့ရှိလူက မျက်နှာဖုံးတပ်ထားသော်လည်း သူတို့အသက်လောက်ပဲရှိ၏။
ဘယ်လိုလုပ် ဤကဲ့သို့ ခွန်အားရှိမည်နည်း။
သိသာစွာပဲ လိမ်နေတာဖြစ်သည်။
ဂျန်ဖန်း လက်နှောက်ပစ်ထားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းတို့ယုံအောင် ငါဘယ်လိုလုပ်ပေးရမလဲ..."
စွဲမက်ဖွယ်ကောင်းသည့်အမျိုးသမီး အနည်းငယ်ဒေါသထွက်သွား၏။
သူမက သလင်းကျောက်ကဲ့သို့မျက်လုံးတွေကို မှေးကျဥ်းပြီး ပြောလိုက်သည်။
"ရိုးရှင်းပါတယ်...."
"ငါ့လက်ဝါးတစ်ချက်ခံယူလိုက်..."
သူက ဤလူ ဘယ်လိုထူးခြားသည့်ခွန်အားမျိုးပိုင်ဆိုင်ထားလဲဆိုတာ မြင်ချင်၏။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှ လူတွေကိုတောင် စိန်ခေါ်ရဲနေခဲ့သည်။
စကားဆုံးသည်နှင့် ပြတ်ပြတ်သားသား လှုပ်ရှားလိုက်၏။
အမြုတေဖွဲ့စည်းခြင်းအဆင့် ၃ စွမ်းအားက သူမလက်ဝါးထဲမှာ လိမ့်တက်လာပြီး ဂျန်ဖန်းကို ကြမ်းတမ်းစွာရိုက်ချလိုက်၏။
"ရေနဂါးလက်..."
မြေကမ္ဘာအဆင့်နိမ့်လက်ဝါးချက်, များစွာသောစွမ်းအားတွေနှင့် ဂျန်ဖန်းရင်ဘတ်ဆီ ပြေးဝင်လာခဲ့သည်။
ဂျန်လင်းယွမ် တစ်ခွန်းမှမပြောပဲ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
အခြားငါးယောက်၌ လှောင်ပြောင်သည့်အမူအရာတွေ ရှိနေခဲ့သည်။
"ဒီကောင်က တကယ် ဂျူနီယာညီမရှန်ရှေ့မှာ သွေးနထင်ရောက်ရဲတာပဲ...."
"ဂျူနီယာညီမရှန်ဒေါသက သူမရင်ဘတ်လောက်ကြီးတယ်လို့ နာမည်ကြီးတာ..."
"ငါလောင်းရဲတယ် ဒီကောင်က ဂိုဏ်း ၉ ဂိုဏ်းတပည့်တစ်ယောက်ပဲ..."
"ရှချောင်ကော, ဂျင်ကျောင်းမင်နဲ့ လန်ဖေးယန် တို့ကလွဲရင် ဂျူနီယာညီမရှန်တိုက်ခိုက်မှုကို အများစု မခံနိုင်ဘူး...."
....
သူတို့က ပေါ့ပါးစွာပဲ ရယ်မောစကားပြောနေကြသည်။
သူတို့စိတ်ထဲ၌ ဂျန်ဖန်းလက်ဝါးချက်ကြောင့် သွေးအန်မည့်မြင်ကွင်းကို ပုံဖော်ပြီးပြီဖြစ်သည်။
သို့ပေမယ့်...
အက်ကွဲသံတစ်ခုနှင့် သူတို့မျက်လုံးထဲပေါ်လာသည့်မြင်ကွင်းက လုံးဝဆန့်ကျင့်ဘက်ဖြစ်နေခဲ့သည်။
ရှန်ရှီချို သွေးအန်လိုက်ရပြီး သူမ၏နူးညံ့သည့်ခန္ဓာကိုယ်လေး လိပ်ပြာတစ်ကောင်ကဲ့သို့ နောက်လွင့်ပျံသွားခဲ့သည်။
"ဂျူနီယာညီမရှန်..."
အနက်ဝတ် အရပ်ရှည်ရှည်အမျိုးသားတစ်ယောက် မျက်နှာပြောင်းလဲသွားပြီး အလျှင်အမြန်ခုန်ထွက်လာ၏။
သူက သူမကို နောက်ဘက်မှ ဖမ်းပေးထားလိုက်သည်။
ထိုသို့ဆိုလျှင်တောင်...
သူလည်း ကြီးမားသည့်ခွန်အားကြောင့် တယိမ်းတယိုင်ဖြင့် နောက်ကို ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။
နှစ်ယောက်သား မြေပြင်ပေါ်လဲကျလုနီးပါးပင်။
လူတိုင်း တုန်လှုပ်သွားကြ၏။
ရှန်ရှီချိုလက်ဝါးချက်က ဂျင်ကျောင်းမင်တောင် အသာအယာခုခံနိုင်သည့်အရာမဟုတ်ပေ။
သူမအသုံးပြုလိုက်သည့် ရေနဂါးလက်ဝါး မြေကမ္ဘာအဆင့်တွေကြား နာမည်ကျော်အစွမ်းထက်ကျင့်စဥ်တစ်ခုဖြစ်၏။
ဘယ်လိုလုပ် ဤလောက်အလွယ်တကူကျိုးပျက်သွားရသနည်း။
ထို့ပြင် ဒဏ်ရာတောင်ရသွားခဲ့သည်။
ဂျန်ဖန်းကိုကြည့်လိုက်တော့ စိတ်ဝိညာဥ်စွမ်းအင် တစ်စွန်းတစ်စမှ ထုတ်မထားခဲ့ပေ။
ရုပ်ခန္ဓာခွန်အားသက်သက်ဖြင့်သာ ခုခံခဲ့တာဖြစ်သည်။
ဂျန်ဖန်း သူ့လက်သီးကို အမူရာကင်းမဲ့စွာ ပြန်ရုတ်ပြီး ပြောလိုက်သည်။
"အခု ကျေနပ်ပြီလား...."
ပြဿနာရှာချင်သည့်လူတွေနှင့် ရင်ဆိုင်ရာ၌....
သူက ဘယ်တုန်းကမှ ထိန်ချန်မထားပေ။
"နင်..."
ရှန်ရှီချို ရှက်ရွံ့ဒေါသတကြီး သွေးစွန်းနေသည့်နှုတ်ခမ်းလေးကို ကိုက်လိုက်သည်။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တစ်ယောက်အနေနှင့် ဂိုဏ်း ၉ ဂိုဏ်းတပည့်နှင့်ရင်ဆိုင်ရတာ လွယ်ကူမည်ဟု သူမထင်ခဲ့၏။
မည်သူသိမည်နည်း။ သူမက သူမကိုယ်သူမ အရှက်ခွဲမိပြီး အဆုံးသတ်သွားခဲ့သည်။
"ဟမ့်..."
သူမကိုကူညီပေးသည့်အမျိုးသား အထင်မြင်သေးမှုဖြင့် သူ၏အမြုတေအဆင့် ၄ စွမ်းအားကို ထုတ်ဖော်လိုက်သည်။
"ကောင်လေး, မင်းက အတော်အရည်အချင်းရှိသားပဲ..."
"စောနကလို ကြီးကြီးကျယ်ကျယ်ပြုမူရဲသေးလား..."
အမြုတေဖွဲ့စည်းခြင်းအဆင့် ၄?...
ဤအုပ်စုက အလွန်ငယ်၏။
ဘယ်အချိန်က ဤကဲ့သို့အစွမ်းထက်လူတွေ ဂိုဏ်း ၉ ဂိုဏ်းမှာ ပေါ်လာသနည်း။
ဂျန်ဖန်း ပဟေဠိဖြစ်သွား၏။
ဤလူ၏ရန်စမှုကိုတော့ သူကစိတ်မဝင်စားပေ။
"မင်းတို့အကုန်လုံးနဲ့ပတ်သက်ပြီး ဘာမှားနေတာလဲ...."
"ငါက နတ်ဆိုးသားရဲတွေနောက်လိုက်ပြီး ဒီနေရာရောက်လာတာ။ ဒါပေမယ့် မင်းတို့နောက်လိုက်ပါတယ်ဆိုပြီး ငါ့ခွန်အားကို စမ်းသပ်ချင်နေကြတယ်...."
"ခုစမ်းသပ်ပြီးပြန်တော့လည်း မသွားခိုင်းနိုင်သေးဘူးလား..."
"မင်းတို့ပြဿနာက ဘာလဲ..."
ဂျန်ဖန်း ခေါင်းခါယမ်းလိုက်သည်။
သူတို့၏အပြုအမူတွေက အတော်လေး နားမလည်နိုင်စရာပင်။
အကယ်၍ သူတို့သာ ဂျန်ဖန်းကို လုယက်ချင်လျင် နားလည်ပေးလို့ရ၏။
သို့ပေမယ့် သူတို့ မလုပ်ခဲ့ပေ။
အမျိုးသား တစ်ခဏ စကားမပြောနိုင်ဖြစ်သွား၏။
ဂျန်ဖန်း၏လုပ်ဆောင်ချက်က ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တွေဖြစ်သည့် သူတို့အား စော်ကားသလိုဖြစ်နေသည်ဟု သူဘယ်လိုလုပ်ပြောနိုင်မည်နည်း။
"ဟမ့်, ပေါက်ကရတွေလျှောက်ပြောမနေနဲ့။ ငါက မင်းကိုမကြိုက်လို့ စိန်ခေါ်ချင်ရုံပဲ, ဒါမှားလို့လား..."
ပြောပြီးနောက် သူက တိုက်ရိုက်ပဲ တိုက်ခိုက်လိုက်သည်။
"နှလုံးခြေခွဲခြင်းလက်ချောင်း..."
အဆင့်နိမ့်မြေကမ္ဘာအဆင့် လက်ချောင်းနည်းစနစ် အားကောင်းသည့်စွမ်းအင်တွေနှင့် ပေါက်ကွဲထွက်လာခဲ့သည်။
လူတစ်ယောက်က အဖြူရောင်လက်ချောင်းအားတစ်ခု ဂျန်ဖန်းရှိရာလေထုတစ်လျှောက် ထိုးခွဲလာတာကို ဝိုးတဝါးမြင်နိုင်တာပဲဖြစ်သည်။
ကံမကောင်းစွာဖြင့် ထိုအရာက ပထမအကွက်သာဖြစ်သည်။
နည်းစနစ်၏ ပိုများသည့်အကွက်တွေကို မကျွမ်းကျင်သေးပေ။
ဂျန်ဖန်းက ထူးခြား၏။
နှစ်ခုလုံးက မြေကမ္ဘာအဆင့် နည်းစနစ်တွေဖြစ်သော်လည်း သူက ကောင်းကင်ပျက်သုဥ်းချင်လက်ချောင်း၏ နောက်ဆုံးအကွက်ကို တတ်မြောက်ထားပြီဖြစ်သည်။
"နောင်တရနေသောနဂါး..."
ထိုအခါ အရောင်စုံအလင်းတန်းတစ်ခု သူ့လက်ချောင်းထိပ်၌စုဝေးလာခဲ့သည်။
ထို့နောက် ရောင်စုံအလင်းတန်းအဖြစ်ပြောင်းကာ လေထုကိုထိုးခွဲပြီး အမျိုးသား၏လက်ချောင်းအားနှင့် တွေ့ဆုံလိုက်၏။
ဘုန်း!
အဖြူရောင်လက်ချောင်းအား ရောင်စုံအလင်းတန်းရှေ့၌ မြူတွေကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။
"ဘာ?..."
အမျိုးသား နိုးနိုးကြားကြားဖြစ်သွားပြီး အလျှင်အမြန်ပဲ ရှောင်တိမ်းလိုက်သည်။
ဘန်း...
အလင်းတန်း အစောပိုင်း ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်လေးယောက်ရပ်နေသည့် သားရဲအလောင်းကို ထိမှန်သွားသည်။
ကျယ်လောင်သည့်အသံတစ်ခုနှင့်...
နတ်ဆိုးသားရဲကျော နေရာတင်ပဲ ပေါက်ကွဲထွက်သွားခဲ့သည်။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းတပည့်လေးယောက်၌ မြန်မြန်ပြေးနိုင်သည့်လူတွေ ဖရိုဖရဲဖြစ်သွားသည်။
နှေးနေသည့်လူတွေတော့ သွေးတွေ၊အသားစတွေနှင့် ပေကျံကုန်၏။
ဤအရာက သူတို့ကို လုံးဝကို ဒေါသထွက်သွားစေခဲ့သည်။
"ရဲတင်းလိုက်တာ..."
သွေးနှင့်အသားစတွေစိုဆွဲနေသည့် အမျိုးသမီးတစ်ယောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူမ၏စိုဆွဲနေသည့်အနက်ရောင်ဝတ်ရုံက ခန္ဓာကိုယ်နှင့်ကပ်နေကာ...
သေးသွယ်သည့်ခါးနှင့် ပြည့်တင်းသည့်ရင်ဘတ်တို့ အထင်းသားပေါ်နေခဲ့သည်။
"နင်က သေချင်နေတာပဲ...."
သူမဆီမှ အမြုတေအဆင့် ၅ အော်ရာပေါက်ကွဲထွက်လာ၏။
"တော်လောက်ပြီ..."
ဂျန်လင်းယွမ် လက်နောက်ပစ်ထားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းက သူ့ပြိုင်ဘက်မဟုတ်ဘူး...."
ပြောပြီးနောက်...
နူးညံ့သည့်အကြည့်၊ စူးစမ်းသည့်အရိပ်အယောင်ဖြင့် ဂျန်ဖန်းကို စစ်ဆေးလိုက်သည်။
"အရင်က ငါ ဂိုဏ်း ၉ ဂိုဏ်းပါရမီရှင်အနည်းငယ်ပဲ သိခဲ့တာ..."
"မမျှော်လင့်ပဲ မင်းလို ဖုံးကွယ်ထားတဲ့ပါရမီရှင်တွေ ရှိနေတာပဲ...."
"တကယ် အံ့အားသင့်စရာပဲ...."
ဂျန်ဖန်း သူ့ကို ကြည့်လိုက်သည်။
ဤလူတွေ၌ ထိုကောင်တစ်ယောက်သာ သူ့ကို ခြိမ်းခြောက်သည့်ခံစားချက် ပေးစွမ်းနိုင်၏။
သို့ပေမယ့် ကြောက်နေဖို့တော့ မလိုပေ။
အစစ်အမှန်သေခြင်းရှင်ခြင်းတိုက်ပွဲ၌ ဘယ်သူသေမယ်, ရှင်မယ်ဆိုတာ မသေချာပေ။
"မင်းတို့ ဘာလိုချင်တာလဲ..."
ဂျန်ဖန်း ထူးမခြားနားစွာ မေးလိုက်သည်။
ဂျင်လင်းယွမ်ပြောလိုက်သည်။
"စောနက, ဂျူနီယာညီမရှန်က မင်းခွန်အားကို စမ်းသပ်ချင်ရုံပါ၊ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး...."
"နားလည်မှုသေးသေးလေးလွဲသွားတာ စိတ်ထဲမထားပါနဲ့..."
သူက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။
ဂျန်ဖန်း၌ လုံလောက်သည့်ခွန်အားရှိ၏။
အကယ်၍ မရှိခဲ့လျှင် ရှန်ရှီချိုကြောင့် အလကား ဒဏ်ရာရမည်ဖြစ်သည်။
သူတို့၏မောက်မာမှုက မျက်နှာပေါ်မှာ အတိုင်းသာ မြင်နေရ၏။
"ဒါ နာလည်မှုလွဲရုံမဟုတ်ဘူး...."
သွေးနှင့်အသားစတွေစိုဆွဲနေသည့် အမျိုးသမီး လွတ်ပေးဖို့ ငြင်းဆန်လိုက်၏။
သူမက ဤလူ၏ပြိုင်ဘက်မဟုတ်တာကို ဘယ်လိုလုပ် လက်ခံနိုင်မည်နည်း။
သူမက သူမ၏သွေးစိုဆွဲနေသည့်ဝတ်ရုံကို ဒေါသတကြီး ညွှန်ပြပြီး တောင်းဆိုလိုက်သည်။
"ငါနဲ့တိုက်ခိုက်ပါ။ ဒါဆို ဒီအဝတ်အတွက် ပြန်မလျော်ခိုင်းဘူး...."
"မဟုတ်ရင်တော့..."
ဂျန်ဖန်း မနေနိုင်ပဲ ရယ်လိုက်၏။
"မဟုတ်ရင် ဘာလဲ။ ငါ့ကို မင်းအတွက် လျှော်ပေးစေချင်တာလား...."
(နောက်က လျှော်က အဝတ်လျှော်တာကို ပြောတာပါ)
အမျိုးသမီးမျက်နှာနီရဲသွားပြီး ဒေါသတကြီးပြောလိုက်သည်။
"ရိုင်းစိုင်းလိုက်တာ..."
"ငါက နင့်ကို တိုက်မှာလား မတိုက်ဖူးလား မေးရုံပဲ..."
တိုက်ခိုက်ဖို့ ဆက်တိုက်ဖိအားပေးခံနေရသည့်အတွက် ဂျန်ဖန်းလည်း စတင်စိတ်တိုလာခဲ့သည်။
အခန်း (၄၅၃)
သားရဲအမြုတေလောင်းကြေး
သူက မောက်မာပြီး မျက်လုံးထဲမှာ ဒေါသမီးတွေတောက်လောင်နေသည့်လူငယ်တစ်ခုကိုကြည့်ပြီး ပြောလိုက်သည်။
"ကြည့်ရတာ ငါနဲ့တိုက်ခိုက်ချင်နေတာ မင်းတစ်ယောက်တည်းမဟုတ်ဘူးထင်တယ်..."
"ဒါပေမယ့် ငါက လူတွေကို အကြောင်းပြချက်ကောင်းမရှိပဲ မတိုက်ခိုက်ဘူး..."
ပြောပြီးနောက်....
သာမန်အတိုင်း သားရဲအမြုတေ ငါးခု ထုတ်ယူလိုက်၏။
တစ်ခုချင်းစီက အမြုတေအဆင့် ၄ တွေဖြစ်၏။
"မင်းတို့လည်း ဒီကို နတ်ဆိုးအမြုတေအတွက်လာတာလို့ ငါထင်တယ်..."
"ဒီတော့ လောင်းကြေးထပ်ကြတာပေါ့...."
"မင်းတို့နိုင်ရင်, ဒီအမြုတေငါးခုလုံး ယူသွားကြ...."
"ငါနိုင်ရင်, ငါ့ကို ငါးခုပေးရမယ်..."
ရှန်ရှီချို ခြေဆောင့်ပြီး စိန်ခေါ်မှုကို လက်ခံဖို့ အသင့်ဖြစ်နေခဲ့သည်။
သို့ပေမယ့် တစ်စုံတစ်ယောက်က သူမလက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
"ဂျူနီယာညီမရှန်, စိတ်လျော့...."
"မဆုံးဖြတ်ခင် သူ့လက်ထဲက အမြုတေတွေကို အရင်ကြည့်လိုက်...."
ရှန်းရှီချို အမြုတေတွေအပေါ် အာရုံစိုက်ကြည့်လိုက်၏။
ထိုအခါ သူမမျက်ခွံတွေ အပြင်းအထန်ကျုံ့သွား၏။
"ငါးခုလုံး အမြုတေအဆင့် ၄တွေ..."
သူမ ဆံထွေးအနည်းငယ်မျိုချလိုက်၏။
အစောပိုင်းခံစားခဲ့ရသည့် အာခံမှုလည်း လုံးဝပျောက်ကွယ်သွားခဲ့သည်။
သူမက သူမ၏အရှက်တကွဲရှုံးနိမ့်မှုက ဂရုမစိုက်မှုကြောင့်နှင့် တစ်ဖက်လူကို လျော့တွက်လို့ဟု အမြဲယုံကြည်ထားခဲ့သည်။
ပြန်တိုက်လျှင် ယခင်လိုအရှက်ရမည်မဟုတ်ဟု ထင်ထား၏။
သို့ပေမယ့် ယခုတော့ ဤကဲ့သို့အတွေးတွေအားလုံး လုံးဝပျောက်ကွယ်သွားခဲ့သည်။
အခြားလူတွေ၏အကြည့်တွေလည်း ရွေ့သွားပြီး အစောပိုင်း မောက်မာမှုတွေ မရှိတော့ပေ။
အမြုတေအဆင့် ၄ နတ်ဆိုအမြုတေ ငါးခု...
ဂျန်ဖန်း ဤအရာတွေကို ဘာမှမဟုတ်သလို ပေါ့ပေါ့ပါးပါး ထုတ်ပြခဲ့ရာ ဤအရာက သူ၏အကန့်အသတ်မဟုတ်သေးကြောင်း သိသာ၏။
သူ တကယ်တမ်း အမြုတေအဆင့် ၄ သားရဲ ဘယ်လောက်သတ်ခဲ့လဲ မည်သူမှ အတိအကျအာမမခံနိုင်ပေ။
အမြုတေအဆင့် ၄ သားရဲတွေကို အလွယ်တကူသတ်နိုင်သည့် ကျင့်ကြံသူတစ်ယောက်က...
ပေါ့သေးသေးမဟုတ်ပေ။
"ဘာမှားနေလို့လဲ။ မင်းတို့လျှာတွေ ကြောင်ချီသွားတာလား..."
ယခု ဂျန်ဖန်း ပြန်ရန်စမည့်အလှည့်ဖြစ်သည်။
"စောနက မင်းတို့တွေအကုန် ဒေါသတွေထွက်ပြီး ငါ့ကို စိန်ခေါ်ဖို့ စိတ်အားတွေထက်သန်နေကြတာမဟုတ်ဘူးလား...."
"ဘာလို့ အခုမှ တိတ်သွားကြတာလဲ..."
"သူရဲဘောကြောင်တာလား။ ဒါမှမဟုတ် မင်းတို့အိတ်တွေ ပြောင်းတလင်းခါနေတာလား...."
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တွေ အမြဲမောက်မာပြီး ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေကို အထင်မြင်သေးခဲ့၏။
ဘယ်အချိန်က ဤလောက်ထိ ပြောင်ပြောင်တင်းတင်း လှောင်ပြောင်ခံရဖူးသနည်း။
သွေးနှင့်အသားစတွေ စိုဆွဲနေသည့်အမျိုးသမီး နောက်ထပ်သည်းမခံနိုင်တော့ပေ။
"ဘယ်လိုတောင်ရဲတင်းတာလဲ...."
သူမက သူမအိတ်ထဲမှ နတ်ဆိုးအမြုတေ ၅ ခု ထုတ်ယူလိုက်၏။
၎င်းတို့မှာ အဆင့် ၅၊ အဆင့် ၄ နှင့် အဆင့် ၃ တို့ပါဝင်၏။
ဂျန်ဖန်း သဘောကျစွာ ခေါင်းညိတ်လိုက်သည်။
သူက ကျန်ရှိသည့်ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တွေဆီ ကြည့်လိုက်သည်။
"မင်းတို့ကော..."
ဂျန်ဖန်းအကြည့်အောက်၌ သူတို့ ဘယ်လိုလုပ် အားနည်းမှုကို ပြရဲမည်နည်း။
အားလုံးရင်ဘတ်ထဲကိုနှိုက်ပြီး ကိုယ်ပိုင် အမြုတေ ၅ ခုကို တွန့်ဆုတ်စွာ ထုတ်လိုက်ကြ၏။
အားအနည်းဆုံးဖြစ်သည့် ရှန်ရှီချီတောင် ဂျန်ဖန်းရန်စမှုကို မခုခံနိုင်ပဲ ပြောလိုက်သည်။
"ကောင်းပြီလေ, လောင်းကြတာပေါ့..."
ဘေး၌ ဂျန်လင်းယွမ် အနည်းငယ် ခေါင်းခါယမ်းလိုက်သည်။
"မင်းတို့...."
"ရိုးရှင်းတဲ့ရန်စမှုလေးနဲ့ မင်းတို့ရဲ့အဖိုးတန်အမြုတေတွေကို လောင်းကြေးထပ်နေကြပြီ..."
လန်ချင်းကျူးက အမြုတေအဆင့် ၅ ဖြစ်၍ သူမ၌ အခွင့်အရေးရှိ၏။
မည်သူနိုင်မည်ဆိုတာ ပြောရခက်သည်။
သို့ပေမယ့် အခြားသူတွေအတွက်တော့...
ဂျန်ဖန်း အဆင့် ၄ အမြုတေတွေထုတ်ပြပြီး သူ့ခွန်အားပြသခဲ့တာတောင် သူတို့ကိုယ်သူတို့ အသတ်ခံရမည့်သိုးငယ်လေးတွေကဲ့သို့ ပေးအပ်နေဆဲဖြစ်သည်။
ဤအရာက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမှာ အနေကြာသွားသည့် ရလဒ်ဖြစ်၏။
မာနကြီးပြီး အကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ကင်းမဲ့သွားကြသည်။
တစ်ဖက်မှာတော့ ဂျန်ဖန်း၏ဉာဏ်နီဉာဏ်နက်များမှုက ကြောက်စရာပင်။
သူက အဆင့် ၄ နတ်ဆိုးအမြုတေတွေကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြခဲ့တာဖြစ်သည်။
အကယ်၍ အဆင့် ၁ ဒါမှမဟုတ် အဆင့် ၂ အမြုတေတွေကို ထုတ်ပြခဲ့လျှင် သူတို့က လောင်းရတာ တန်လားမတန်ဘူးလားဆိုတာ ဂရုတစိုက်စဥ်းစားမည်ဖြစ်သည်။
သို့ပေမယ့် အဆင့် ၄ အမြုတေတွေ ထုတ်ပြခြင်းက သူတို့ကို အကြီးအကျယ်ရန်စသလိုဖြစ်သွား၏။
ဂျန်ဖန်း၏ စကားနှင့်ရန်စမှုကို ထပ်ပေါင်းလိုက်တော့...
သူတို့အားလုံး အဲ့အချိန်မှာ စိတ်ပါသွားကြသည်။
လန်ချင်းကျူး မေးလိုက်သည်။
"ဘယ်သူ အရင်ပြိုင်ချင်လဲ..."
"နင်ကြိုက်တဲ့တစ်ယောက်ရွေးလိုက်...."
အခြားသူတွေ ဂျန်ဖန်းကို ဒေါသတကြီးကြည့်နေပြီး တိုက်ခိုက်လိုစိတ်တွေ တောက်လောင်နေခဲ့သည်။
သူတို့က ထိုအရာကို မယုံနိုင်ပေ။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ ပါရမီရှင်တပည့်တွေက သာမန်ဂိုဏ်း ၉ ဂိုဏ်း ကောင်းစုတ်လေးကိုတောင် မနိုင်ဘူးဆိုတာပင်။
ဂျန်ဖန်းအကြည့် လန်ချင်းကျူးပေါ်ရောက်သွားပြီး ပြောလိုက်သည်။
"မင်းက အသန်မာဆုံးဆိုမှတော့..."
"မင်းပဲပေါ့..."
သူတို့ထဲ၌ လန်ချင်းကျူးသာ အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ ဖြစ်၏။
အခြားသူတွေက အဆင့် ၄ဖြစ်ပြီး ရှန်ရှိချိုကတော့ အဆင့် ၃ ဖြစ်သည်။
"ရဲရင့်တဲ့ရွေးချယ်မှုပဲ..."
လန်ချင်ကျူး ဂျန်ဖန်းသူမကိုပထမဆုံးစိတ်ခေါ်တော့ ရန်စမှုကိုခံစားလိုက်ရသည်။
သူမလက်ကောက်ဝတ်ကိုတစ်ချက်လှုပ်ရှားပြီး ခါးမှ ဓားတိုနှစ်ချောင်းကို ထုတ်ယူလိုက်သည်။
"ခဏနေလို့ ဒဏ်ရာရင်, မငိုနဲ့..."
ပြောပြီးနောက် သူမမျက်လုံးတွေ မှောင်မိုင်းမိုင်း တောက်ပလာခဲ့သည်။
ထို့နောက် နူးညံ့သည့်ခြေထောက်လေးကို မြေပြင်နှင့်အသာအယာထိလိုက်ရာ သူမပုံရိပ် ချက်ချင်းဝေဝါးသွားခဲ့သည်။
ကြောက်မက်ဖွယ်လှုပ်ရှားမှုနည်းလမ်းက ခြေတစ်လှမ်းတည်းဖြင့် ၉ ဇန်ရောက်ရှိသွားပြီး ဂျန်ဖန်းဆီတိုးဝင်သွားသည်။
ရှန်ရှီချို လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ပြီး အော်ပြောလိုက်သည်။
"စီနီယာအမလန်, ကြိုးစားထား.."
"အဲ့ဒီမောက်မာတဲ့အရူးကို ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့ပါရမီရှင်ဆိုတာ ဘာလဲပြလိုက်...."
အခြားတပည့်တွေလည်း တူညီသည့်သဘောထားပြသလိုက်ကြသည်။
"ငါ့ကိုမေးရင်တော့ စီနီယာအမလန်က တစ်ကွက်တည်းနဲ့ အနိုင်ရလိမ့်မယ်...."
"သူမရဲ့လှုပ်ရှားမှုနည်းစနစ်- ခြေတစ်လှမ်း ၉ ဇန်- က ငါတို့ခန်းမမှာ ထိပ်တန်းအဆင့်နည်းစနစ်တစ်ခုပဲလေ...."
"အဲ့ကောင်စုတ် ဒီလိုနည်းစနစ်မျိုး သူတို့ဂိုဏ်း ၉ ဂိုဏ်းမှာ မြင်တောင် မြင်ဖူးမှာမဟုတ်ဘူး..."
"တုံ့ပြန်ဖို့ကို စိန်ခေါ်မှုဖြစ်နေပြီ, ရှောင်ဖို့တော့ ပြောကိုမနေနဲ့တော့..."
ဂျင်လင်းယွမ်အကြည့် တည်ငြိမ်နေခဲ့သည်။
သို့ပေမယ့် သူအမူအရာ၌ စိတ်ဝင်စားသည့်အရိပ်အယောင်အနည်းငယ်ရှိနေ၏။
အဆင့် ၅ အဆင့် ၄ သားရဲတွေနောက်လိုက်နိုင်သည့် လူတစ်ယောက်က ဤလောက်ထိ အလွယ်တကူရှုံးမည်ဟု မထင်ပေ။
နောက်တစ်ခဏ၌...
သူ့မျက်ခွံတွေ အနည်းငယ်ကျုံ့သွား၏။
အဘယ်ကြောင့်ဆိုသော်...
လန်ချင်းကျူး လှုပ်ရှားမှုနည်းစနစ်သုံးလိုက်သည်နှင့်...
ဂျန်ဖန်းလည်း လှုပ်ရှားလိုက်၏။
ထို့ပြင်, သူ့အရှိန်က... ပိုတောင် မြန်နေခဲ့သည်။
ကလန်!
ထက်ရှပဲ့တင်ထပ်သည့်ဓားသံတစ်ခု ရုတ်တရက် ပေါက််ကွဲထွက်လာခဲ့သည်။
လန်ချင်းကျူးမျှော်လင့်ထားသည့် ဂျန်ဖန်းဖရိုဖရဲလွင့်စင်သွားမည့်မြင်ကွင်းက....
လုံးဝမမျှော်လင့်ထားသည့်တစ်စုံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဂျန်ဖန်း အေးစက်သည့်ဓားရှည်တစ်ချောင်းဆွဲထုတ်ပြီး ပြန်တိုက်ခိုက်လိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ထိုအရာက သူမရှေ့မှာပေါ်လာခဲ့သည်။
လန်ချင်းကျူး ထိတ်လန့်သွား၏။
သူမ၏လှုပ်ရှားမှုနည်းစနစ်က သူမတူထူးကဲသည့်အဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။
သို့ပေမယ့် ဤသူမနှင့်ရွယ်တူတစ်စုံတစ်ယောက်က ပိုတောင်မြန်နေခဲ့သည်။
အလျှင်အမြန်ပဲ အမွာဓားနှစ်ချောင်းဖြင့် လျှပ်စီးကဲ့သို့ပုံရိပ်ကို ကာကွယ်လိုက်သည်။
ကလန်...
သူမ၏အမွာဓားနှစ်ချောင်း ဂျန်ဖန်း၏လွမ်းဆွတ်ခြင်းဆီးနှင်းဓားနှင့် ထိပ်တိုက်တွေ့သွားပြီး မီးပွားတွေ စင်ထွက်သွား၏။
သူတို့ပုံရိပ်တွေလည်း ခဏဆုံသွားပြီး ပြန်ခွဲထွက်သွားသည်။
သို့ပေမယ့် လန်ချင်းကျူးခြေထောက် မြေကြီးနှင့်မထိခင် တောက်ပသည့်ရောင်စုံအလင်းတန်းတစ်ခု သူမကျောဘက်ဆီတိုးဝင်လာ၏။
လန်ချင်းကျူးအမူအရာ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ကို လေထဲမှာပဲ တစ်ပတ်လှည့်လိုက်၏။
ရွစ်!
အလင်းတန်း သူမနံရိုးပေါ်ထိမှန်သွားပြီး အနက်ရောင်ဝတ်ရုံ၏အစိတ်အပိုင်းတစ်ခုကို စုတ်ပြဲသွားရာ နီရဲသည့်အရေပြား ထွက်ပေါ်လာခဲ့သည်။
စူးရှသည့်နာကျင်မှုက လန်ချင်ကျူးကို လုံးဝလေးနက်သွားစေ၏။
သူမ နောက်ထပ် ဂျန်ဖန်းကို လျော့မတွက်ရဲတော့ပေ။
သူမခြေထောက်တွေ မြေပြင်နှင့်ထိသည်နှင့် ချက်ချန်ပြန်အားပြုကာ အဆင့်မြင့်လှုပ်ရှားမှုနည်းစနစ်ဖြင့် ဂျန်ဖန်းဆီ ပြန်ပြေးဝင်သွား၏။
"လိပ်ပြာအိမ်မက်...."
သူမ၏အမွာဓားနှစ်လက်ကိုပွတ်တိုက်လိုက်ရာ ထိတ်လန့်ဖွယ်တုန်ခါမှုတစ်ခုနှင့် လူသားတစ်ယောက်၏နားတွေ မခံနိုင်သည့် အသံလှိုင်းတစ်ခုကို ထုတ်လွတ်လာခဲ့သည်။
အသံလှိုင်းတွေက ပတ်ဝန်းကျင်ရှိလေထုကို ပုံပျက်သွားစေပြီး လန်ချင်ကျူးနှင့် သူမပတ်လည်ရှိလေဟာနယ်ကို အိမ်မက်ကမ္ဘာတစ်ခုထဲရောက်သွားသကဲ့သို့ လှိုင်းထသွားစေခဲ့သည်။
သူမကိုယ်တိုင်နှင့် တိုက်ခိုက်မှုကြားရှိအကာအကွယ်ဝေးကို ခန့်မှန်းဖို့က မဖြစ်နိုင်တော့ပေ။
သို့ပေမယ့်....
ဤနည်းစနစ်က ဂျန်ဖန်းကို နည်းနည်းလေးမှ ကြောက်မသွားစေခဲ့ပေ။
လန်ချင်းကျူးခန္ဓာကိုယ်ရှိနေသည့် နေရာအတိအကျကိုကြည့်နေပြီ...
"ကောင်းကင်နှင့်မြေပြင်ကြယ်ကြွေခြင်း..."
ရွပ်!
အစွမ်းထက်ဓားချီ တိုက်ရိုက်ပဲ လန်ချင်ကျူးကိုထိမှန်သွားပြီး ပုံရိပ်ယောင်ကို ဖျက်ဆီးသွားခဲ့သည်။
ဘာ?..
လန်ချင်းကျူး တုန်လှုပ်စွာဖြင့် ပင့်သက်ရှိုက်လိုက်၏။
ထိုအရာက မြေကမ္ဘာအဆင့်နည်းစနစ်ဖြစ်တာကြောင့် သူမအံ့သြတာမဟုတ်ပေ။
သူမအံ့သြတာ သူမနည်းစနစ်က သူ့အပေါ် အကျိုးမသက်ရောက်သောကြောင့်ပင်ဖြစ်သည်။
ချက်ချင်းပဲ ဓားတိုတစ်ချောင်းကိုဝှေ့ယမ်းပြီး လာနေသည့်ကို ဓားချီကို ကွဲကြေစေလိုက်သည်။
ဤအခိုက်အတန့်၌ သူမ နောက်ဆုံးမှာ ဂျန်ဖန်း ဘယ်လောက်အန္တရာယ်များလဲဆိုတာ နားလည်သွားခဲ့သည်။
"မဆိုးဘူး, နောက်ဆုံးတော့ အလေးအနက်လုပ်ရမယ့် ပြိုင်ဘက်တစ်ယောက်တွေ့ရပြီ..."
သူမက ဓားတိုနှစ်ချောင်းကို လေထဲပစ်လွတ်လိုက်၏။
ထိုအခါ ဓားတွေက သူ့ဘာသာပျံသန်းနေပြီး ဓားထိန်းချုပ်ခြင်းနည်းစနစ်အောက်ရောက်နေသလိုပင်။
သို့ပေမယ့် သေချာကြည့်လိုက်သည့်အခါ သူမအင်္ကျီလက်ထဲရှိ ပါးလွာပြီးမမြင်ရသည့်ချည်မျှင်တွေက ၎င်းတို့ကို ထိန်းချုပ်နေတာဖြစ်သည်။
ဤချည်မျှင်တွေနှင့် ဓားတွေက အဝေးမှတိုက်ခိုက်ဖို့ အသွင်ယူနိုင်တာပဲဖြစ်သည်။
ကြည့်ရှူသူတွေ လေးနက်လာကြ၏။
"သူက တကယ်ပဲ စီနီယာအမလန်ကို ဒီအကွက်ထုတ်သုံးရအောင် တွန်းအားပေးနိုင်တာပဲ..."
"သူမက ပုံမှန်ဆို ဒီအကွက်ကို အစွမ်းထက်ရန်သူတွေနဲ့တိုက်တဲ့အခါမှပဲ သုံးလေ့ရှိတာ..."
"ဓားနှစ်လက် သူ့ကိုနှောက်ယှက်နေတာ့ ဒီကောင်စုတ် ပြန်တိုက်ဖို့အခွင့်အရေးရှိမှာမဟုတ်ဘူး...."
"အဲ့ချိန်မှာ စီနီယာအမလန်ကတော့ လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်တယ်..."
လန်ချင်းကျူး လက်နှစ်ဖက်ဖြင့် ညွှန်ပြလိုက်၏။
ထိုအခါ ဓားနှစ်လက် လျှပ်စီးကဲ့သို့အရှိန်ဖြင့် ဇန်ပေါင်းများစွာအဝေးမှ ဂျန်ဖန်းဆီသို့ ပြေးဝင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပဲ...
ကြမ်းတမ်းသည့်မီးတောက်အစုအဝေးတစ်ခု လန်ချင်းကျူးလက်ဝါးထဲမှာ စုစည်းလာခဲ့သည်။
ဤအရာက သူမ၏ အသန်မာဆုံးတိုက်ကွက်ပင်။
အလယ်အလတ်အဆင့် မြေကမ္ဘာအဆင့်လက်ဝါးနည်းစနစ်....
မပြည့်စုံသော်လည်း ၎င်း၏စွမ်းအားက လုံးဝ ဖျက်ဆီးစွမ်းအားကြီး၏။
ထိမိရုံနှင့်တောင် ဂျန်ဖန်းအရေပြားကို ကျက်သွားစေမည်ဖြစ်သည်။
ဂျန်ဖန်း လာနေသည့်ဓားတွေကို စိတ်ဝင်တစားကြည့်ပြီး ပြောလိုက်သည်။
"အစက ဒါကို ဓားထိန်းချုပ်ခြင်းနည်းစနစ်လို့ ထင်လိုက်တာ..."
လန်ချင်ကျူး သူမဓားတွေနှင့် တိုက်ခိုက်မှုကို စည်းချက်ညီအောင်လုပ်ပြီး ဂျန်ဖန်းဆီ ပစ်လွတ်လိုက်၏။
ထို့နောက် အေးစက်စွာ ပြောလိုက်သည်။
"ဒါက ဓားထိန်းချုပ်ရေးနည်းစနစ်မဟုတ်ဘူးဆိုပေမယ့် ဓားထိန်းချုပ်ရေးနည်းစနစ်ကို အတုယူဖန်တီးထားတဲ့ တိုက်ခိုက်ရေးနည်းလမ်းတစ်ခုပဲ..."
"နင့်မှာ တတိယလက်မရှိရင် အခွင့်အရေးရှိမှာမဟုတ်ဘူး...."
သူမမျက်လုံးတွေက ယုံကြည်မှုတွေဖြင့် တောက်ပနေခဲ့သည်။
ဤတိုက်ကွက်က တစ်ခါမှ မကျရှုံးဖူးပေ။
ပြိုင်ဘက် အရပ်မျက်နှာပေါင်းစုံမှတိုက်ခိုက်လာသည့်ဓားနှစ်လက်ကို ခုခံနေစဥ်...
ထိုအရာက သူမ၏ လက်ဝါးနည်းစနစ်တိုက်ခိုက်ဖို့ အခွင့်အရေးဖြစ်၏။
အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ နှင့် မြေကမ္ဘာအလယ်အလတ်အဆင့် နည်းစနစ်...''
ဂျန်ဖန်းတားနိုင်မည်ဟု သူမ မထင်ပေ။
သို့ပေမယ့်...
ဂျန်ဖန်း နှုတ်ခမ်းတွေ ရွတ်နှောက်နှောက်အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
"တတိယလက်တော့ ငါ့မှာမရှိဘူး..."
"ဒါပေမယ့်...."
သူက သူ၏လက်တွေကို အတူတကွ ဖိလိုက်၏။
ထိုအခါ လန်ချင်ကျူး၏ထိတ်လန့်နေသည့်အကြည့်အောက်မှာပဲ လွမ်းဆွတ်ခြင်းဆီးနှင်းဓား သူ့ဘာသာသူ ပျံသန်းလာခဲ့သည်။
ထို့နောက် ဂျန်ဖန်းအသံ သူမနားထဲထွက်ပေါ်လာ၏။
"ဘယ်လောက်တိုက်ဆိုင်လိုက်လဲ..."
"ငါ ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို သိတယ်လေ..."