အခန်း (၄၅၄-၄၅၅)
Vol. 36 Ch. 454-455
အခန်း (၄၅၄)
အကျိုးပြုမှတ်တွေ အလျှင်အမြန်ရောက်လာခြင်း
လွမ်းဆွတ်ခြင်းဆီးနှင်းဓား လေအေးတွေဝန်းရံနေပြီး ဓားတိုတစ်ချောင်းကို လွင့်ပျံသွားစေသည်။
ထို့နောက် ချက်ချင်း ပြန်လာပြီး...
နောက်ထပ်ဓားတိုတစ်ချောင်း ဂျန်ဖန်းကျောကို ထိုးဖောက်တော့မည့်အချိန်မှာပဲ အချိန်မှီ တားဆီးလိုက်သည်။
လူအုပ်ချက်ချင်းပဲ သုသာန်တစ်စပြင်အလား တိတ်ဆိတ်သွားခဲ့သည်။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းတပည့်အနည်းငယ် သစ္ဆေသရဲတစ်ကောင်မြင်နေရသလို ကြည့်နေခဲ့သည်။
"ဓားထိန်းချုပ်ခြင်းနည်းစနစ်...."
"အစစ်အမှန်ဓားထိန်းချုပ်ခြင်းနည်းစနစ်...."
"ဒီကောင်လေးက တကယ် ဓားထိန်းချုပ်ရေးနည်းစနစ်ကို သိတာပဲ...."
"ဒါပေမယ့် စီနီယာရှုချင်းယန်ပြောတော့ အောင်မြင်တဲ့သူမရှိဘူးဆို...."
ဂျန်လင်းယွမ်မျက်နှာ၌ အံ့အားသင့်သည့်အရိပ်အယောင်တစ်ခုပေါ်လာသည်။
"ဒီလူက တကယ်ကို စွမ်းရည်တွေ ဖုံးကွယ်ထားတာပဲ..."
လန်ချင်းကျူး တစ်ခဏ ကြောင်သွားသည်။
ထို့နောက် အသိပြန်ဝင်လာခဲ့သည်။
သူမ အစွမ်းထက်ပြိုင်ဘက်တစ်ယောက်နှင့် တွေ့နေပြီဆိုတာ နားလည်လိုက်၏။
ဓားတိုတွေ ကျရှုံးသွားလျှင်တောင် သူမက အကွာအဝေးကို အလျှင်အမြန်ပဲ နီးကပ်လာခဲ့သည်။
သူမလက်ဝါးထဲရှိ မြေကမ္ဘာအလယ်အလတ်အဆင့်နည်းစနစ်က သူမကို အနိုင်ရဖို့ ယုံကြည်ချက်တွေ ပေးစွမ်းနေ၏။
"ငါ့လက်ဝါးချက်ကို ခံယူလိုက်..."
လန်ချင်းကျူး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ထို့နောက် မီးတောက်တွေရစ်ပတ်နေသည့် ကျောက်စိမ်းကဲ့သို့လက်ဖြင့် ဂျန်ဖန်းဆီသို့ ရိုက်ချလိုက်သည်။
ဂျန်ဖန်း သတိမထားပဲ မလုပ်ရဲပေ။
အဆုံးမှာတော့ ဤအရာက အမြုတေအဆင့် ၅ ၏ အသန်မာဆုံးတိုက်ခိုက်မှုဖြစ်၏။
သူ့ခန္ဓာကိုယ်တွင်းရှိအဆိပ်လုံး တုန်ခါလာခဲ့သည်။
၎င်းက အဆိပ်နဂါးချင်ဆီ၊ ၇ရောင်ခြငယ်အဆိပ်ဖား၊ ရေခဲဂူအအေးဆိပ် နှင့် လုကျီလင်ချန်ထားခဲ့သည့် အဆိပ်ပြင်းတွေကို စုပ်ယူပြီးပြီဖြစ်သည်။
ယခုချိန် သူ့ကိုယ်ထဲရှိအဆိပ်အဆင့်က တိုင်းတာလို့မရတော့ပေ။
၎င်းက အမြုတေအဆင့် ၅ သိုင်းပညာရှင်တစ်ယောက်ခုခံနိုင်သည့်အရာကို သေချာပေါက် ကျော်လွန်နေပြီဖြစ်သည်။
တွေဝေမနေပဲ အဆိပ်မြူတွေရစ်သိုင်းသည့်လက်ဝါးမြောက်ကာ ကြမ်းတမ်းစွာရိုက်ချလိုက်၏။
ဖြန်း...
အေခဲအဆိပ်က လန်ချင်ကျူးလက်ဝါးမှမီးတောက်တွေတစ်ဝက်ကို ချက်ချင်း ကုန်ဆုံးသွားစေခဲ့သည်။
ထို့နောက် ကျန်ရှိသည့်အဆိပ်က ကျန်ရှိသည့်မီးတောက်တွေကို လုံးဝပျောက်ကွယ်သွားစေခဲ့သည်။
နောက်တစ်ခဏနောက် သူတို့လက်ဝါးတွေထိတွေ့သွားပြီး အဖျက်စွမ်းအားကြီးသည့်အဆိပ်တွေ တစ်ဖက်လူ၏ခန္ဓာကိုယ်ထဲ ကျူးကျော်ဝင်ရောက်လာကြသည်။
လန်ချင်ကျူး မျက်ခွံတွေ အပြင်းအထန်ကျုံ့သွား၏။
သူမ၏ဂုဏ်ယူရသည့် မြေကမ္ဘာအလယ်အလတ်အဆင့် လက်ဝါးနည်းစနစ်က ပျက်ပျယ်သွားပြီပင်။
ကံကောင်းစွာဖြင့် သူမလှုပ်ရှားမှုက လျှင်မြန်နေခဲ့သည်။
အန္တရာယ်ကိုသတိထားမိသည့်အခါ လက်ဝါးကို ပြတ်ပြတ်သားသား ပြန်ရုတ်ပြီး ခန္ဓာကိုယ်ထဲအဆိပ်တွေဝင်လာခြင်းမှ ကာကွယ်လိုက်၏။
သူမ၏အသန်မာဆုံးပူးပေါင်းတိုက်ခိုက်မှုက ဂျန်ဖန်းကို အနိုင်မယူနိုင်ခဲ့ပေ။
သို့ပေမယ့်...
သူမလည်း ဂျန်ဖန်းကျင့်ကြံရေးက အမြုတေအဆင့် ၂ သာရှိတာ သိလိုက်ရ၏။
သူမ အနိုင်ရဖို့ မသေချာသော်လည်း ဂျန်ဖန်းလည်း သူမကို အနိုင်ယူနိင်မည်မဟုတ်ပေ။
သူမ၏စိတ်ဝိညာဥ်စွမ်းအားအကာအကွယ်တစ်ခုတည်းနှင့်တင် ဂျန်ဖန်း၌ ချိုးဖျက်ဖို့ အခွင့်အရေးမရှိပေ။
ထို့နောက် ပြတ်ပြတ်သားသားပြန်ဆုတ်သွားပြီး နောက်တစ်ကြိမ်တိုက်ခိုက်ဖို့ အခွင့်ကောင်းကို ရှာနေလိုက်သည်။
ဂျန်ဖန်း ဘယ်လိုလုပ် သူမကို နောက်ဆုတ်ခွင့်ပြုနိုင်မည်နည်း။
သူမတိုက်ခိုက်မှုကျရှုံးသွားတာကို အခွင့်ကောင်းယူပြီး နောက်ထပ်လှုပ်ရှားဖို့ အခွင့်အရေးမပေးတော့ပေ။
သူက ချက်ချင်းပဲ လှုပ်ရှားမှုနည်းလမ်းသုံးကာ အကွာအဝေးကို နီးကပ်လိုက်၏။
လန်ချင်းကျူး ထိပ်လန့်သွားပြီး ကဗျာကယာပဲ စိတ်ဝိညာဥ်စွမ်းအင်ဖြင့် သူမခန္ဓာကိုယ်ကို ကာကွယ်လိုက်ပြီး နီးကပ်လာသည့်ဂျန်ဖန်းကိုလည်း လက်ဝါးချက်ဖြင့် တိုက်ခိုက်လိုက်၏။
"နင့်ရဲ့ကျင့်ကြံရေးအဆင့်နဲ့ ငါ့ကို မနိုင်နိုင်ဘူး..."
ဖျစ်! ဖျစ်! ဖျစ်!
သို့ပေမယ့် လန်ချင်းကျူး ဂျန်ဖန်းခြေထောက်တွေ၌ မိုးကြိုးလျှပ်စီးကြောင်းတွေရစ်ပတ်နေတာကိုမြင်ပြီး အံ့အားသင့်သွား၏။
"မိုးကြိုးလမ်းစဥ်နည်းစနစ်..."
လန်ချင်ကျူး အံ့အားသင့်စွာ ပြောလိုက်သည်။
ဤထူးဆန်းသည့်ကောင်လေး၌ နည်းစနစ်တွေဘယ်လောက်များများရှိနေလဲဆိုတာ သူမမရေနိုင်တော့ပေ။
တစ်ခုချင်းဆီက ကြောက်စရာကောင်းလှပြီး အစွမ်းထက်ခွန်အားတွေကို ပြသနေခဲ့သည်။
သူမအံံ့သြနေချိန်...
ဂျန်ဖန်း ခြေထောက် သူမကို ထိမှန်သွား၏။
ဘုန်း!
မိုးကြိုးနဂါးနှစ်ကောင် ချက်ချင်းပဲ သူမ၏စိတ်ဝိညာဥ်စွမ်းအင်အကာအကွယ်ကို စုတ်ဖြဲပြီး ခန္ဓာကိုယ်ကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။
"အ..."
မိုးကြိုးပေါက်ကွဲမှုကြောင့် သူမ ပန်းခင်းထဲကခုန်နေသည့်လိပ်ပြာတစ်ကောင်ကဲ့သို့ လွင့်ပျံသွားကာ နတ်ဆိုးသားရဲအလောင်းပေါ် ပြုတ်ကျသွားခဲ့သည်။
နတ်ဆိုးသားရဲ၏ဖျက်ဆီးမရသည့်ကြေးခွံတွေ ထိုအားကြောင့် အပိုင်းပိုင်းကွဲကြေသွားခဲ့သည်။
လန်ချင်ကျူး ပါးစပ်မှသွေးစီးကျလျှက် အောက်သို့လျောကျသွားခဲ့သည်။
ထို့နောက် မြေပြင်ပေါ်လဲကျပြီး အချိန်ခဏ မရပ်နိုင်ဖြစ်သွား၏။
နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
နှင်းပြင်ထဲတိုက်ခတ်နေသည့်လေပြင်းသာ တိတ်ဆိတ်မှုကြား၌ ပဲ့တင်ထပ်နေခဲ့သည်။
လန်ချင်ကျူး... ရှုံးသွားပြီ။
အမြုတေအဆင့် ၅က အမြုတေအဆင့် ၂ လေးကို ရှုံးနိမ့်သွားခဲ့သည်။
ထို့ပြင် ရိုးရိုး အဆင့် ၅ သိုင်းပညာရှင်မဟုတ်ပေ။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ပါရမီရှင်တစ်ယောက်ဖြစ်ပြီး သာမန်ကျင့်ကြံသူတွေမယှဥ်နိုင်သည့် ထိပ်တန်းအရင်းအမြစ်တွေနှင့် ပျိုးထောင်ထားတာဖြစ်သည်။
သူတို့မျက်စိနှင့်ကိုယ်တိုင်မြင်တာတောင်...
မည်သူမှ သူတို့မြင်သည့်အရာကို မယုံနိုင်ကြပေ။
ဂျန်ဖန်း မြေပြင်ပေါ် အသာအယာဆင်းသက်လာ၏။
သူက အမြုတေ ၅ခုဆီလျှောက်သွားပြီး လက်တစ်ချက်လှုပ်ကာ အိတ်ထဲသိမ်းဆည်းလိုက်သည်။
ထို့နောက် လန်ချင်းကျူးကို ခပ်ဖွဖွပြုံးပြလိုက်၏။
"ကျေးဇူးပဲ..."
သူမအမူအရာမည်သို့ဖြစ်စေကာမူ...
သူ့အကြည့် ရှန်ရှီချိုနှင့်အဖွဲ့ဆီ အကြည့်ရွေ့သွား၏။
ဟစ်...
ငါးယောက်သား ချက်ချင်း ဦးရေခွံတွေ ထုံကျဥ်သွား၏။
ဂျန်ဖန်းစွမ်းအားကိုမျက်မြင်တွေ့ပြီးနောက် သူတို့၏ယုံကြည်မှုတွေ လုံးဝပျက်ပြားသွားခဲ့သည်။
အဆုံးမှာတော့ သူတို့တစ်ယောက်ချင်းဆီကိုအနိုင်ယူဖို့ နှစ်ကွက်တောင် သုံးမည်မဟုတ်ပေ။
သို့ပေမယ့် သူတို့ကိုသက်သာယာရစွာ၊ စော်ကားခံရမှုကြောင့် ဒေါသထွက်သွားစေတာက....
ဂျန်ဖန်း လက်နှောက်ပစ်ပြီး ပြောလိုက်သည့်စကားပင်။
"လူတိုင်းရဲ့အချိန်က အဖိုးတန်တယ်...."
"အချိန်ကုန်သက်သာအောင် ဘာလို့ အကုန်မလာကြတာလဲ..."
ရှန်ရှီချိုမျက်နှာ စော်ကားခံရမှုကြောင့် တွန့်လိမ်သွားပြီး အော်ပြောလိုက်သည်။
"နင် အတော်မောက်မာတာပဲ...."
"သူ့ဆန္ဒအတိုင်းလုပ်ပေးကြတာပေါ့, အတူတူတိုက်ကြမယ်..."
အခြား အမြုတေအဆင့် ၄ လေးယောက်လည်း ထပ်တူဒေါသထွက်နေကြ၏။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ပါရမီရှင်တွေကို ဂိုဏ်း ၉ ဂိုဏ်းတပည့်တစ်ယောက်က အထင်သေးစွာစိန်ခေါ်နေခဲ့သည်။
အုပ်စုဖွဲ့တိုက်ခိုက်တာက ဂုဏ်သတင်းကြမည်ဖြစ်သော်လည်း ဂရုမစိုက်နိုင်တော့ပေ။
အနိုင်ရရှိဖို့က ပထမပင်။
တွေဝေမနေပဲ ငါးယောက်သားအကြည့်ချင်းဖလှယ်ကာ နေရာအသီးသီးသို့ခုန်ထွက်ပြီး စုပေါင်းအစီရင်တစ်ခုကို ဖန်တီးလိုက်သည်။
ဤအရာက သူတို့တိုက်ပွဲကွင်းပြင်သို့မလာခင် အထူးလေ့ကျင့်ခဲ့သည့် သတ်ဖြတ်ခြင်းအစီရင်ပင်။
သူတို့၏နည်းစနစ်တွေနှင့်ပေါင်းစည်းလိုက်သည့်အခါ ပြိုင်ဘက်ကို ပြေးစရာနေစရာမရှိအောင်ပိတ်ထားနိုင်၏။
ထို့နောက် သူတို့ငါးယောက်၏ခွန်အားပြည့်တိုက်ခိုက်မှုတွေကို ခုခံရမည်ဖြစ်သည်။
ထိုပူပေါင်းတိုက်ခိုက်မှုက အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ သားရဲဘုရင်ကိုတောင် အမှောက်သိပ်နိုင်၏။
ယခု ရွေးချယ်စရာမရှိတော့ပဲ အမြုတေအဆင့် ၂ ဂျူနီယာလေးတစ်ယောက်ကိုတိုက်ခိုက်သို့ သုံးနေရ၏။
ရှန်ရှီချိုလှောင်ပြောင်လိုက်ပြီး မျက်မှောင်တင်းကြပ်စွာကြုတ်ထားသည်။
"ကောင်လေး, နင်အခု ဘယ်လောက်မောက်မာအုန်းမလဲ ကြည့်ကြတာပေါ့...."
"စကြ..."
ငါးယောက်သား တစ်ပြိုင်နက်တည်း သူတို့၏နည်းစနစ်တွေကို ထုတ်လွတ်လိုက်ကြသည်။
တစ်ယောက်က လေးကြိုးကိုဆွဲပြီး အသံထက်မြန်သည့်အရှိန်ဖြင့် အဝေးမှတိုက်ခိုက်လိုက်၏။
နောက်တစ်ယောက်က အရိပ်ရွေးခြင်းကိုအသုံးပြုပြီး အနီးကပ်တိုက်ပွဲ၌ သူတို့၏လှုပ်ရှားမှုတွေကို ကြိုတင်မခန့်မှန်းနိုင်အောင် ပြုလုပ်လိုက်၏။
အခြားတစ်ယောက်ကတော့ မြူခိုးတွေထုတ်လွတ်ပြီး နှောက်ယှက်မှုအထောက်အပံ့ပေးလိုက်သည်။
....
သူတို့နည်းစနစ်တွေက တကယ်ကို စုံလင်လှ၏။
၎င်းတို့မှာ ဟန်ချက်ညီညီအလုပ်လုပ်ပြီး တိုက်ခိုက်မှုတစ်ခုချင်းဆီက ဝန်းရံထားသည့်ပြိုင်ဘက်ကို အထိရောက်ဆုံးတိုက်ခိုက်စေ၏။
ဂျန်ဖန်းမျက်နှာ၌ အံ့အားသင့်သည့်အမူအရာတစ်ခု ပြသလာ၏။
"ဒီအစီရင်က အတော်လေး ကောင်းတာပဲ..."
ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၌ ဤကဲ့သို့ပူးပေါင်းလုပ်ဆောင်သည့်အစီရင်တိုက်ခိုက်မှုရှိတာ သူတစ်ခါမှမကြားဖူးပေ။
ဘယ်ကပေါ်လာမှန်မသိသည့်ဤအုပ်စု၏ တစ်ယောက်ချင်းဆီက အတော်လေး အထင်ကြီးစရာကောင်း၏။
ဤသို့ဖြင့် သူက အလေးအနက်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
မကြန့်ကြာပဲ အဖြူရောင်ရှေးဟောင်းဗျတ်စောင်းကို ထုတ်ယူလိုက်သည်။
ဗရုန်းသုန်းကားတိုက်ခိုက်သည့်အခါ အရပ်မျက်နှာအသီးသီးမှတိုက်ခတ်သည့် အသံနည်းစနစ်လောက် မည်သည့်အရာကမှ ပိုအကျိုးသက်ရောက်မှုမရှိပေ။
"ဒီလိုဆိုမှတော့, ငါ့ကို မင်းတို့အတွက် နည်းနည်းတင်ဆက်ခွင့်ပြု..."
တရမ်...
လက်တစ်ဖက်ဖြင့် ဗျတ်စောင်းကိုမြေပြင်ပေါ် ဒေါင်လိုက်စိုက်ပြီး အခြားတစ်ဖက်ဖြင့် စတင်တီးခတ်လိုက်သည်။
ချက်ချင်းပဲ...
ကျယ်လောင်သည့်နဂါးဟိန်းသံတစ်ခုပေါက်ကွဲထွက်လာကာ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေသလိုပင်။
ကြောက်မက်ဖွယ်အသံလှိုင်းတွေ ရေခဲကွင်းပြင်ကို မရေမတွက်နိုင်သည့်အပိုင်းအစတွေအဖြစ် လွင့်ပျံသွားစေ၏။
သူ့ကိုဝန်းရံထားသည့်ငါးယောက်လည်း ပြင်းထန်သည့် အကြားအာရုံတိုက်ခိုက်မှုကို ခံစားလိုက်ရသည်။
တစ်ယောက်ချင်းဆီ ရုတ်တရက်တိုက်ခိုက်ခံရမှုကြောင့် လွင့်ပျံသွားပြီး သွေးအန်လိုက်ရသည်။
တစ်ခဏ...
လေထုက နာကျင်ညည်းညူသံတွေနှင့် ပြည့်နှက်သွားသည်။
ဂျန်ဖန်း ဗျတ်စောင်းကိုသိမ်းပြီး ဖြည်းဖြည်းချင်းပဲ နတ်ဆိုးအမြုတေတွေ ထားသည့်နေရာကို သွားလိုက်သည်။
ထို့နောက် နတ်ဆိုးအမြုတေတွေကို ကောက်ပြီးသိမ်းလိုက်သည်။
လန်ချင်းကျူးဟာနှင့်ပေါင်းလျှင် သူက တိုက်ပွဲနှစ်ခုနှင့် အမြုတေ ၃၀ ရရှိလိုက်၏။
ထိုအရာက အဆင့် ၁ တာဝန် ခြောက်ခုနှင့် ညီမျှတာပဲဖြစ်သည်။
သားရဲဘုရင်တွေကို အမဲလိုက်တာထက်တောင် ပိုမြန်နေခဲ့သည်။
သူက အနည်းငယ်ပြုံးပြီး လက်ချင်းယှဥ်ကာ ပြောလိုက်သည်။
"ပြိုင်ပွဲအတွက်ကျေးဇူးပဲ..."
"နောက် မင်းတို့စိတ်ဝင်စားသေးရင်, ငါ့ကိုလာရှာလဲ့ပါ...."
မောက်မာ၏။
လန်ချင်းကျူးနှင့် အခြားသူတွေ ဒေါသထွက်နေသည့်မျက်လုံးတွေဖြင့် စိုက်ကြည့်နေပြီး အံ့ကြိတ်ထားကြသည်။
ဤအခိုက်အတန့်၌....
ဂျန်လင်းယွမ် လက်နောက်ပစ်ထားပြီး တည်ငြိမ်စွာပြောလိုက်သည်။
"မင်းဘယ်ဂိုဏ်းကလဲဆိုတာ ငါတို့ကို ဉာဏ်အလင်းဖွင့်ပေးလို့ရမလား..."
အခြားခြောက်ယောက်လည်း ချက်ချင်း တိတ်ဆိတ်သွား၏။
ဤမကောင်းဆိုးဝါးလေး ဘယ်ကလဲဆိုတာ သူတို့လည်း သိချင်၏။
ဂျန်ဖန်း သူ့ကိုသတိထားကြည့်လိုက်သည်။
မသိစိတ်အရ ဤစီနီယာအကိုဂျန်က ကြောက်မက်ဖွယ်ခွန်အားပိုင်ဆိုင်ထားသည်ဟု ပြောနေခဲ့သည်။
"မင်းလည်း တိုက်ချင်လို့လား...."
ဂျန်ဖန်း မေးလိုက်သည်။
အခန်း (၄၅၅)
ဘဝကိုသံသယရှိလောက်အောင်ထိ ရှုံးနိမ့်သွားခြင်း
ဂျန်လင်းယွမ် ခပ်ဖွဖွပြုံးပြီး ပြောလိုက်သည်။
"မဟုတ်ဘူး, မဟုတ်ဘူး, ငါက သတ်ဖြတ်ခြင်းကျင့်စဥ်ကို ကျင့်ကြံတာ..."
"သတ်ပဲသတ်တယ်, မတိုက်ခိုက်ဘူး..."
ဂျန်ဖန်းမျက်ခွံတွေ အနည်းငယ်ကျုံ့သွား၏။
သတ်ဖြတ်ခြင်းကျင့်စဥ်ကျင့်ကြံသည့်လူတွေ ဤလောကကြီး၌ တကယ်ပဲရှိသည်လား။
သူ တစ်ခါက ရှေးဟောင်းကျမ်းထဲမှာ ဖတ်ဖူး၏။
များပြားလှသည့်ကျင့်ကြံရေးလမ်းစဥ်တွေထဲ၌ အလွန်မတန်ထူးခြားသည့်နည်းလမ်းအချို့ရှိ၏။
သတ်ဖြတ်ခြင်းကျင့်စဥ်က ၎င်းတို့ထဲမှတစ်ခုပင်။
ဤကဲ့သို့လမ်းစဥ်ကိုကျင့်ကြံသူတွေက ကောင်းမွန်သည့်အဆုံးသတ်နှင့် ကြုံရခဲ၏။
အဘယ်ကြောင့်ဆိုသော် ကျင်ကြံရေးအထွတ်အထိပ်ကိုရောက်သည်နှင့် လူတစ်ယောက်က ရလဒ်တစ်ခုပဲရှိ၏။ ထိုအရာက ရူးသွပ်သွားခြင်းပင်။
ဤကျင့်စဥ်ကိုလေ့ကျင့်ခြင်းက အမျိုးမျိုးသော အန္တရာယ်ရှိ၊ကြောက်စရာကောင်းသည့်နည်းစနစ်တွေထက် များစွာ ပိုကြောက်စရာကောင်း၏။
လူတစ်ယောက်က ငယ်ငယ်ကတည်းကကြမ်းတမ်းသည့်နတ်ဆိုးသားရဲသွေးတွေကို သောက်သုံးရပြီး သွေးဆာသည့်သွေးမျိုးဆက်တစ်ခုကို ပျိုးထောင်ရသည်။
သူတို့လှုပ်ရှားသည့်အခါ...
သွေးဆာသွေးမျိုးဆက်က အလိုအလျောက်အသက်ဝင်လာပြီး ရူးသွပ်သည့်အခြေအနေကို ရောက်ရှိသွားမည်ဖြစ်သည်။
သူတို့၏ အကြား၊ အမြင်၊ အထိအတွေ့၊ ခံစားမှုနှင့် သွက်လက်မှု အားလုံး ချက်ချင်း လူမဆန်သည့်အဆင့်ထိ တိုးတက်သွားမည်ဖြစ်သည်။
သတ်ဖြတ်ခြင်းနည်းပညာနှင့်ပေါင်းစပ်လိုက်သည့်အခါ...
တိုက်ခိုက်ရေးစွမ်းအားက လုံးဝကို ကြောက်စရာကောင်းသွားပြီဖြစ်သည်။
ကြောက်စရာအကောင်းဆုံးအပိုင်းက သွေးဆာသည့်အခြေအနေ၌ ဆင်ခြင်တုံတရားမရှိတော့ခြင်းပင်။
ရန်သူသာမသေလျှင် ဘာကိုမှဂရုမစိုက်ပဲ ဆက်လက်တိုက်ခိုက်နေမည်ဖြစ်သည်။
ဤကဲ့သို့ ကြမ်းတမ်းအန္တရာယ်ရှိသည့်သိုင်းပညာရှင်မျိုးနှင့်တွေ့လျှင် မည်သူက မကြောက်ဘဲနေမည်နည်း။
သတ်ဖြတ်ခြင်းကျင့်စဥ်က အားအကောင်းဆုံးတိုက်ခိုက်ရေးကျင့်စဥ်ဟု လူသိများ၏။
ကျင့်ကြံရေးပိုနက်ရှိုင်းလေလေ, သွေးဆာသွေးမျိုးဆက်ကြောင့် အသိစိတ်တိုက်စားခံရလေလေဖြစ်သည်။
အဆုံး၌ လူတစ်ယောက်က သူတို့၏လူသားဆန်မှုကို ဆုံးရှုံးသွားပြီး ရူးသွပ်ကာ နတ်ဆိုးတစ်ကောင်အဖြစ်ပြောင်းလဲသွားမည်ဖြစ်သည်။
သူတို့၏အဆုံးသတ်ကံကြမ္မာက သန်မာသည့်ရန်သူ၏အသတ်ခံရလျှင်အသတ်ခံရ မဟုတ်လျှင် နတ်ဆိုးသားရဲတစ်ကောင်ကဲ့သို့ ရူးသွပ်သွားမည်ဖြစ်သည်။
ဘယ်တုန်းကမှ ချွင်းချက်မဟုတ်ခဲ့ပေ။
သူရှေ့ရှိ ငွေရောင်ဆံပင်နှင့် တည်ငြိမ်ပြီးနူးညံ့သည့်အကြည့်ရှိသည့် ဤလူက တကယ်ပဲ ဒဏ္ဍာရီလာသတ်ဖြတ်ခြင်းနည်းလမ်းလေ့ကျင့်ထားသူဖြစ်နေခဲ့သည်။
ထိုအရာက ဂျန်ဖန်းစိတ်ကူးထားသည့် ရိုင်းစိုင်းဒေါသထွက်သည့်ပုံစံနှင့် လုံးဝတူမနေခဲ့ပေ။
ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။
"ကောင်းပြီလေ, ဒါက အဆင်ပြေပါတယ်...."
"ငါဘယ်ဂိုဏ်းကလဲဆိုတာတော့...."
"မင်းလည်းအတူတူပဲ...."
"အဲ့ဒါ မင်းကိစ္စမဟုတ်ဘူး..."
ပြောပြီးနောက်...
ခြေထောက်အောက်၌စိတ်ဝိညာဥ်စွမ်းအင်လည်ပတ်ပြီး လှုပ်ရှားမှုနည်းလမ်းဖြင့် နေရာမှထွက်ခွာဖို့ပြင်ဆင်လိုက်သည်။
ဂျန်လင်းယွမ် သူ့ကို တားဖို့ မကြိုးစားပေ။
ထိုအစား ငြင်သာစွာ ရယ်လိုက်၏။
"မင်းမပြောဘူးဆိုလည်း အဆင်ပြေပါတယ်..."
"မင်းခွန်အားနဲ့ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကိုဝင်ရောက်ဖို့က အချိန်တစ်ခုပဲလိုမှာပါ..."
"အဲ့အချိန်ကျရင် မင်းသိလာပါလိမ့်မယ်..."
"အနာဂတ်စီနီယာအကိုတစ်ယောက်အနေနဲ့, စကားတစ်ခွန်းလောက်အကြံပေးလိုက်မယ်..."
"မင်းကိုယ်ပေါ်က နတ်ဆိုးမျိုးနွယ်သွေးအော်ရာက စပြီးပေါ်နေပြီ။ ဆက်သတ်နေမယ်ဆိုရင် အဲ့အော်ရာက မင်းဆီမှာကပ်ငြိသွားလိမ့်မယ်..."
"အဲ့အခါကျရင် မင်းက နတ်ဆိုးမျိုးနွယ်ရဲ့ ဘုံရန်သူတစ်ယောက် ဖြစ်လာလိမ့်မယ်..."
ဂျန်ဖန်းမျက်လုံးတွေ လှုပ်ခတ်သွား၏။
သူက ဤနယ်မြေကိုစောင့်ကြပ်နေသည့် ယဲ့ချန်းယွမ်ကို အမှတ်ရလိုက်၏။
ထိုလူက နတ်ဆိုးသားရဲတွေသတ်လွန်း၍ ကိုယ်ပေါ်ပတ်လည်၌သွေးအော်ရာအလွာတစ်ခုပေါ်သည်အထိပင်။
ဂျန်လင်းယွမ်စကားကို စိတ်ထဲမှတ်ထားလိုက်ပြီး ဂျန်ဖန်းလက်ချင်းယှက်ကာ ပြောလိုက်သည်။
"သတိပေးလို့ကျေးဇူးတင်ပါတယ်..."
"နှုတ်ဆက်ပါတယ်...."
ဝှစ်!
သူက အရိပ်တစ်ခုအဖြစ်ပြောင်းပြီး အကန့်အသတ်မရှိသည့်နှင်းပြင်အလယ်၌ ပျောက်ကွယ်သွားခဲ့သည်။
လန်ချင်းကျူးနှင့် အခြားလူတွေ မြေပြင်ပေါ်ထိုင်ချလိုက်ပြီး အတော်လေး အံ့အားသင့်နေခဲ့သည်။
အမြုတေဖွဲ့စည်းခြင်းအဆင့် ၄ အမျိုးသားတပည့်တစ်ယောက် ရုတ်တရက်မေးလိုက်သည်။
"ဒီတော့.... ငါတို့ဒီလိုပဲ ရှုံးသွားပြီပေါ့...."
အခြားလူတွေလည်း တူညီသည့်အိမ်မက်ဆန်မှုကိုခံစားနေရ၏။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ပါရမီရှင်တပည့်အုပ်စုက ဘယ်ကပေါ်လာမှန်းမသိသည့်ကောင်လေးတစ်ယောက်၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။
ဤအရာက အိမ်မက်ဆိုလျှင်တောင် ကိုးရိုးကားရားအိမ်မက်တစ်ခုသာဖြစ်မည်ပင်။
သို့ပေမယ့် တကယ်ဖြစ်ခဲ့တာဖြစ်သည်။
ဘန်း...
လန်ချင်းကျူး သူမနောက်ရှိ သားရဲအလောင်းကို ဒေါသတကြီးရိုက်ချလိုက်သည်။
"အဲ့ကောင်စုတ် ဒီလောက်နည်းစနစ်တွေအများကြီး ဘယ်ကသင်ခဲ့တာလဲ..."
"လုံးဝကို အဓိပ္ပာယ်မရှိဘူး..."
ရှန်ရှီချိုလည်း မာန်ဖီလိုက်၏။
"ဟုတ်တယ်, အဲ့ကောင် သေချာပေါက် လှည့်ဖျားသွားတာပဲ..."
"စီနီယာအမနဲ့တိုက်တုန်းကကျ နည်းစနစ်အများကြီးသုံးသွားတယ်..."
"နောက်ကျတော့ ရုတ်တရက် အသံလမ်းစဥ်နည်းစနစ်ကို ထုတ်သုံးသွားတယ်..."
"လက်ခံနိုင်စရာကိုမရှိဘူး...."
သူတို့က ဂျန်ဖန်းအသုံးပြုခဲ့သည့်နည်းစနစ်အမျိုးမျိုးကို ပြန်တွေးနေခဲ့သည်။
အကြမ်းဖျင်းရေတွက်ကြည့်လျှင်ကို စုစုပေါင်း ၈ မျိုးလောက်ရှိ၏။
ထို့ပြင် အနည်းဆုံး ၎င်းတို့က မြေကမ္ဘာအဆင့်နိမ့်တွေဖြစ်၏။
တစ်ခုမှ သာမန်နည်းစနစ်တွေ မဟုတ်ပေ။
"အဲ့ကောင် လူကောဟုတ်ရဲ့လား...."
လန်ချင်းကျူး ရေရွတ်လိုက်ပြီး မျက်လုံးထဲမှာ မျက်ရည်ဝဲလာခဲ့သည်။
ခွန်အားအရ သူမက သံသယရှိစရာမလိုအောင် အမြုတေဖွဲ့ခြင်းအဆင့် ၅ ဖြစ်၏။
သူမ၏အနိုင်ရရှိမှုမှတ်တမ်းက ရှုံးနိမ့်မှုထက် အများကြီးပိုတာပဲဖြစ်သည်။
သူမထက်အဆင့်နိမ့်လူတွေနှင့်ဆိုလျှင် အပြတ်အသတ်ကိုအနိုင်ယူနိုင်သည့် မှတ်တမ်းတွေရှိခဲ့သည်။
သို့ပေမယ့် ယနေ့ သူမ ဂျန်ဖန်းဆီမှာ အပြတ်အသတ်ကို အရိုက်ခံခဲ့ရသည်။
တစ်ခဏအတွင်းမှာပဲ ထိုကောင်က မြေကမ္ဘာဆင့်နည်းစနစ် ၇ မျိုး ထုတ်သုံးခဲ့သည်။
ထိုအရာကို ဘယ်လိုလုပ် ပြန်တိုက်ခိုက်ရမည်နည်း။
ထို့နောက်...
ဂျန်လင်းယွမ် လက်နှောက်ပစ်ထားပြီး ဂျန်ဖန်းပျောက်ကွယ်သွားသည့်ဘက်ကိုကြည့်ကာ ပြောလိုက်သည်။
"မြေကမ္ဘာအဆင့်နည်းစနစ်တွေက မင်းတို့ နားလည်နိုင်စွမ်းရဲ့အကန့်အသတ်ပဲရှိသေးတာ..."
"သူ့အကန့်အသတ်မဟုတ်ဘူး...."
ဘာ?....
လန်ချင်းကျူး မျက်ရည်တွေသုတ်ပြီး တုန်လှုပ်သည့်အမူအရာဖြင့် မေးလိုက်သည်။
"စီနီယာအကိုဂျန်, နင်ပြောချင်တာ ဒီလူမှာ အခြားမသုံးရသေးတဲ့နည်းလမ်းရှိသေးတယ်လား..."
အခြားသူတွေလည်း လုံးဝအေးခဲသွား၏။
ထပ်ရှိသေးသည်?...
ထိုကောင်က တကယ်ပဲ လူသားအရေခွံခြုံထားသည့် မကောင်းဆိုးဝါးတော့ မဟုတ်ပါဘူးနော်...
ဂျန်လင်းယွမ် ညင်သာစွာ ခေါင်းခါယမ်းလိုက်သည်။
"တစ်ခုမကဘူး...."
"အများကြီးရှိသေးတာ..."
"တစ်ခုက အလွန်အန္တရာယ်များတဲ့ ဝိညာဥ်တိုက်ခိုက်ရေးနည်းစနစ်...."
"သူ အဲ့တာကိုမသုံးခဲ့တာကြည့်ရင် မင်းတို့ကို ကြင်နာမှုပြလိုက်တာပဲ..."
ဟစ်...
လန်ချင်ကျူး နောက်ဆုံး၌ ဂျန်လင်းယွမ် အစောပိုင်းပြောခဲ့သည့်အရာကို သတိရလိုက်သည်။
လွတ်မြောက်သွားသည့် သင်းခွေချပ်သားရဲ၏ဝိညာဥ်က အပြင်းအထန်ထိခိုက်ထားသည့်ဟူ၍ပင်။
လက်စသတ်တော့ ထိုလူက ဂျန်ဖန်းဖြစ်နေခဲ့သည်။
သင်းခွေချပ်သားရဲက အမြုတေအဆင့် ၅ ဖြစ်သော်လည်း ၎င်း၏ဝိညာဥ်ဒဏ်ရာရသွားခဲ့သည်။
သူသာ သူမအပေါ် ထိုတိုက်ခိုက်မှုသုံးလျှင် ဘယ်လိုလုပ် အခြေအနေ ပိုကောင်းနိုင်မည်နည်း။
"အဲ့ကောင်က တကယ့်ကို လူထူးဆန်းပဲ..."
လန်ချင်ကျူး ပင့်သက်ရှိုက်လိုက်သည်။
ဂျန်လင်းယွမ်မျက်လုံးတွေ အဓိပ္ပာယ်ပါပါတောက်ပသွားပြီး ပြောလိုက်သည်။
"ပြီးတော့ ငါ့မသိစိတ်က ငါ့ကိုပြောနေတယ်...."
"သူဆီမှာ အလွန်အန္တရာယ်များတဲ့လက်နက်တစ်ခုရှိတယ်..."
"နောက်ဆုံးအကြိမ် အဲ့လိုခံစားမှုမျိုးရတာ ခန်းမသခင်ရဲ့ကိုယ်ပိုင်လက်နက်ပဲ..."
ဘာ?...
လန်ချင်းကျူး မျက်ခွံတွေ အကြီးအကျယ်ကျုံ့သွားခဲ့သည်။
ခန်းမသခင်၏ လက်နက်က စိတ်ဝိညာဥ်လက်နက်မှလွဲပြီး အခြားမဟုတ်ပေ။
သူမ အသက်ပြင်းပြင်းရူသွင်းလိုက်၏။
သူမ၏အရှုံးဝန်မခံချင်သည့်စိတ်လည်း အဝေးကိုလွင့်ပျယ်သွားခဲ့သည်။
ဂျန်ဖန်းသာ အစကတည်းက ဝိညာဥ်တိုက်ခိုက်မှုနှင့် စိတ်ဝိညာဥ်လက်နက်သုံးလျှင်...
သူမခန္ဓာကိုယ်အစောကြီးကတည်းက အေးခဲနေပြီဖြစ်သည်။
ရှန်းရှီချိုပါးစပ်အဟောင်းသားဖြစ်နေပြီး အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။
"သူ...သူက တကယ်လူထူးဆန်းလေးပဲ..."
"ဒါပေမယ့် စီနီယာအကိုဂျန်, နင်သိနေမှတော့ဘာလို့ စောနက မတားတာလဲ..."
"ကျွန်မတို့ကိုအရှက်ရစေရုံသာမက ခက်ခက်ခဲခဲရထားတဲ့အမြုတေတွေလည်း ဆုံးရှုံးလိုက်ရတယ်...."
လန်ချင်ကျူးလည်း သူ့ကို မကျေမနပ်ကြည့်လိုက်သည်။
ထိုကောင် ဘယ်လောက်ကြောက်စရာကောင်းလဲ သူတို့သာသိခဲ့လျှင် ရန်စမည်မဟုတ်ပေ။
အရဲစွန့်ပြီးတိုက်ခိုက်ဖို့တော့ ပြောကိုမနေတော့ပေ။
ဂျန်လင်းယွမ် ပေါ့ပေါ့ပါးပါး ရယ်လိုက်၏။
"ဂျူနီယာညီမလန် သူ့ပြိုင်ဘက်မဟုတ်ဘူးလို့ ငါပြောတုန်းက ဘယ်သူများ ငါပြောတာကို အာရုံစိုက်ခဲ့လို့လဲ...."
ထိုစကားကြားသည့်အခါ...
လန်ချင်းကျူးနူးညံ့သည့်မျက်နှာလေး နီရဲသွားပြီး အခြားသူတွေလည်း ထပ်တူ ရှက်သွားကြသည်။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမပါရမီရှင်တွေအနေဖြင့် သူတို့က ဘယ်လိုလုပ် ဂိုဏ်း ၉ ဂိုဏ်းတပည့်လေးတစ်ယောက်ကို သတိထားနေမည်နည်း။
ဘယ်သူဘာပြောပြော သူတို့ကို စိတ်ပြောင်းအောင်လုပ်နိုင်မည်မဟုတ်ပေ။
ဂျန်လင်းယွမ် မြောက်ဘက်အရပ်ဆီလျှောက်သွားပြီး ရယ်မောကာ ပြောလိုက်သည်။
"စကားလုံးတွေက လူတစ်ယောက်ကို ဘာမှသင်ပေးလို့မရဘူး။ အတွေ့အကြုံကပဲ တစ်ခါတည်းနဲ့ အကုန်သင်ပေးနိုင်တာ...."
"နတ်ဆိုးအမြုတေငါးခုနဲ့ တစ်သက်မမေ့နိုင်တဲ့သင်ခန်းစာတစ်ခုရလိုက်တာ တန်ပါတယ်..."
လန်ချင်းကျူးမျက်နှာ ပိုလို့တောင် နီရဲသွားသည်။
သူမ၏ငွေရောင်သွားလေးတွေကို ဒေါသတကြီးအံကြိတ်ပြီး ပြောလိုက်သည်။
"အခု ငါတို့ သားရဲဘုရင်တွေကို ဘယ်မှာသွားရှာကြမလဲ...."
ဤလောက်များသည့်သားရဲအမြုတေတွေ ဆုံးရှုံးခြင်းကြောင့် အလျှင်အမြန်ပြန်ဖြည့်ဖို့ နည်းလမ်းရှာရမည်ဖြစ်သည်။
ဂျန်လင်းယွမ် မြောက်ဘက်ကိုကြည့်ပြီး သူ၏ငွေရောင်ဆံပင်တွေက တဖျတ်ဖျတ်လွင့်နေကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"နတ်ဆိုးမျိုးနွယ်နယ်မြေမှာ..."
ဘာ?....
သူတို့များနားကြားမှားသလားဟု လူအုပ် သံသယဖြစ်သွား၏။
လန်ချင်းကျူး မေးလိုက်သည်။
"စီနီယာအကိုဂျန်, ရှေ့တန်းက ပိုမလုံခြုံဘူးလား..."
နတ်ဆိုးမျိုးနွယ်နယ်မြေ၌ မည်သည့်ထောက်ပံ့မှုမှ ရမည်မဟုတ်ပေ။
ဂျန်လင်းယွမ် ထူးမခြားနားစွာ ပြန်ပြောလိုက်သည်။
"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တွေက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တွေလိုပဲ ပြုမူသင့်တယ်..."
"အမြတ်အစွန်းအတွက် ဂိုဏ်း ၉ ဂိုဏ်းနယ်မြေကတပည့်တွေနဲ့ ယှဥ်မနေနဲ့...."
"ငါတို့ အန္တရာယ်ရှိတဲ့နေရာတွေ သွားရမယ်...."
"ရှေ့တန်းက သားရဲဘုရင်တွေကိုတော့ သူတို့အတွက် ချန်ထားပေးလိုက်..."
လန်ချင်းကျူးနှင့် အခြားလူတွေ အကြည့်ချင်းဖလှယ်လိုက်ပြီး အလျှင်အမြန်ပဲ နောက်ကလိုက်သွားခဲ့သည်။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်အဖွဲ့များစွာရှိသော်လည်း...
အကုန်လုံးကတော့ ဤကဲ့သို့လုပ်ကြမည်မဟုတ်ပေ။
သို့ပေမယ့် ဤအရာက မှန်ကန်သည့်လုပ်ရပ်ဆိုတာတော့သေချာ၏။
ဂျန်ဖန်းအတွက်တော့....
လှုပ်ရှားမှုနည်းစနစ်ကို အကြိမ်များစွာ သုံးပြီးနောက် မြင့်မားသည့် နှင်းတောင်ထိပ်မှာ ရပ်လိုက်သည်။
သူက အဝေးကိုလှမ်းကြည့်ပြီး ရှေ့တန်းနောက်ကိုစိမ့်ဝင်နေသည့် သားရဲတွေကို ရှာဖွေနေခဲ့သည်။
၎င်းတို့ကို ၇ ရက် ၈ ရက်လောက်ရှင်းပြီးနောက် ဖောက်ထွက်လာသည့်သားရဲအကုန်နီးပါး သုတ်သင်ပြီးသွား၏။
ဤအခိုက်အတန့်၌ နှင်းဖြူရောင်စိတ်ဝိညာဥ်မြင်းတစ်ကောင် အမြုတေအဆင့် ၂ သားရဲတစ်ကောင်၏လိုက်ခြင်းခံနေရပြီး တောင်ခြေမှ ပြေးထွက်သွားခဲ့သည်။
ဂျန်ဖန်း အစ၌ ပျော်ရွင်သွားခဲ့သည်။
နတ်ဆိုးအမြုတေတစ်ခု သူ့ဆီကိုယ်တိုင်လာပို့တာပင်။
သို့ပေမယ့် သူ့အမူအရာ အလျှင်အမြန်ပဲ မဲမှောင်သွား၏။
ထိုအဖြူရောင်စိတ်ဝိညာဥ်မြင်းက... ရှချောင်ကောပိုင်ဆိုင်တာပင်။