← Chapters

အခန်း (၄၅၆-၄၅၇)

Vol. 36 Ch. 456-457

အခန်း (၄၅၆-၄၅၇)

Vol. 36 Ch. 456-457

အခန်း (၄၅၆)

ရှချောင်ကော၏အကူညီတောင်းမှု

မိုင်းထောင်ချီကျယ်ပြောသည့်နှင်းပြင်ကြီး၌...

စိတ်ဝိညာဥ်သားရဲတစ်ကောင်မရှိပဲ, တစ်လက်မတောင်သွားလာဖို့ ခက်ခဲမည်ဖြစ်သည်။

သခင်သာအန္တရာယ်မတွေ့လျှင် သူတို့၏ သားရဲတွေကို ဘယ်တော့မှ စွန့်လွတ်မည်မဟုတ်ပေ။

ထို့ပြင်...

မြင်းဖြူကဉာဏ်ရည်ဖွံ့ဖြိုးပြီးဖြစ်၍ မလိုအပ်လျှင် သခင်ကို လုံးဝစွန့်လွတ်မည်မဟုတ်ပေ။

ရှချောင်ကော၏စိတ်ဝိညာဥ်မြင်း ဤနေရာမှာ တစ်ယောက်တည်းပေါ်လာခဲ့သည်။

တွေးဖို့မလိုအပ်ပေ။ သူမအန္တရာယ်ရှိနေပြီဖြစ်သည်။

သူ ချက်ချင်းခုန်ထွက်ပြီး ဓားထိန်းချုပ်ခြင်းနည်းစနစ်ဖြင့် နောက်ကလိုက်နေသည့် စိတ်ဝိညာဥ်သားရဲကို သတ်လိုက်သည်။

ထို့နောက် စိတ်ဝိညာဥ်မြင်းပေါ်တက်ပြီး ဖိထားလိုက်သည်။

"မပြေးနဲ့, ငါပါ..."

စိတ်ဝိညာဥ်မြင်းဂျန်ဖန်းကို မှတ်မိသွားပြီး ပြောလိုက်သည်။

"နှာဘူးလား..."

ဟမ်?...

ဂျန်ဖန်း ကြောင်သွား၏။

"မင်း ငါ့ကိုပြောတာလား...."

စိတ်ဝိညာဥ်မြင်းပြောလိုက်သည်။

"အဲ့တာ သခင်ပြောတာပဲ..."

ဘာ...

ဂျန်ဖန်း စိတ်ရှုပ်သွား၏။

ရှချောင်ကော သူ့ကို နှာဘူးဟု ခေါ်သည်။

'မဟုတ်သေးပါဘူး, ဒါဘယ်လိုဖြစ်တာလဲ...'

သူက ဦးလေးနှင့် တူမကြားရှိစည်းကို အမြဲစောင့်ထိန်းခဲ့၏။

မည်သည့်အသင့်လျော်သည့်ကိစ္စမှ မလုပ်ခဲ့ပေ။

ဘယ်လိုလုပ် သူမသားရဲရှေ့မှာ သူ့ကို အသရေဖျက်နိုင်ရသနည်း။

ထားလိုက်တော့, ဒီကိစ္စကို နောက်မှ သူမနဲ့ဆွေးနွေးရမယ်...

သူက အလျှင်အမြန်မေးလိုက်သည်။

"မင်း ဘာလို့ဒီရောက်နေတာလဲ? မင်းသခင်ကော..."

စိတ်ဝိညာဥ်မြင်းမျက်လုံးတွေ အလျှင်လိုလာ၏။

"မြန်မြန်, ငါ့ကိုလွတ်..."

"ငါ့သခင်က ငါ့ကို နေဝင်မြို့ဆီ သတင်းပို့ခိုင်းလိုက်တာ...."

"ကောင်းကင်ချိုးဖျက်ခြင်းတောင်ကြားမှာ အကောင်ရေတစ်ရာထက်ကျော်တဲ့ နတ်ဆိုးစစ်တပ်ကြီးတစ်ခုရှိတယ်...."

"အကုန်လုံးက သားရဲဘုရင်တွေ..."

"အသန်မာဆုံးက အမြုတေအဆင့် ၅ ပဲ..."

ဂျန်ဖန်း တုန်လှုပ်သွား၏။

နောက်ဆုံးအကြိမ် ရှေ့တန်းကျိုးပျက်သွားတုန်းက သားရဲဘယ်လောက်များများ ဖောက်ဝင်လာသနည်း။

ရွမ်ကျားဦးဆောင်လာသည့် အမြုတေအလယ်အလတ်အဆင့် သားရဲတွေကို မပြောလိုသေးပေ။

ယခု နတ်ဆိုးသားရဲ အကောင်ရေတစ်ရာကျော် ပေါ်လာခဲ့သည်။

ဤလောက်သားရဲဘုရင်တွေ, ဂျန်ဖန်းတောင် သူတို့နှင့်တွေ့လျှင် ရွေးချယ်စရာမရှိပဲ ထွက်ပြေးရမည်ဖြစ်သည်။

"ဒါဆို မင်းသခင်က ဘယ်မှာလဲ..."

စိတ်ဝိညာဥ်မြင်း အလောတကြီးပြောလိုက်သည်။

"ငါ့သခင်က ငါ့အတွက်လမ်းဖောက်ပေးပြီး အရင်သွားဖို့ပြောတယ်..."

"သူမ အဝိုင်းခံနေရပြီ..."

"ထပ်မပြောတော့ဘူး, ငါ နေဝင်မြို့ကို အမြန်သွားဖို့လိုတယ်...."

ဂျန်ဖန်း ၎င်းကို နောက််တစ်ကြိမ် ဖိချလိုက်သည်။

"အခုမှ အကူသွားခေါ်တော့ ဘာလုပ်လို့ရမှာလဲ..."

"မင်းပြန်ရောက်ဖို့ဆို အနည်းဆုံး ၅ ရက် ၆ ရက်လောက်ကြာမှာ။ တပ်ကူရောက်တဲ့အချိန်ဆို မင်းသခင်က သေနေလောက်ပြီ..."

စိတ်ဝိညာဥ်မြင်း ထိတ်လန့်သွား၏။

"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ..."

ဂျန်ဖန်း အဝေးရှိဖြူလေးကို လေချွန်ခေါ်လိုက်၏။

"လမ်းပြ..."

စိတ်ဝိညာဥ်မြင်း စိတ်ရှုပ်စွာဖြင့် ၎င်း၏မျက်လုံးကြီးတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။

"မင်းလိုနှာဘူးသွားတော့ကော ဘာလုပ်လို့ရမှာလဲ..."

ဂျန်ဖန်းနဖူးပေါ်ရှိ သွေးကြောတွေ ထောင်ထသွား၏။

သူက ထိုကောင်ခေါင်းကို ခေါက်လိုက်သည်။

"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့။ လမ်းပြ..."

စိတ်ဝိညာဥ်မြင်း နာကျင်စွာဖြင့် အဝေးကိုဒုန်းဆိုင်းပြေးတော့သည်။

ဖြူလေး အလျှင်အမြန် နောက်ကလိုက်သွား၏။

သူတို့ နတ်ဆိုးသားရဲအလောင်းကိုဖြတ်သွားသည့်အခါ ခဏရပ်ပြီး ၎င်း၏ဂျိုတစ်ချောင်းဖြင့် ဝမ်းဗိုက်ခွဲလိုက်သည်။

ထို့နောက် အလျှင်အမြန်ပဲ ကြီးမားသည့်စိတ်ဝိညာဥ်အသားအပိုင်းနှင့် နတ်ဆိုးအမြုတေကို ထုတ်ယူလိုက်သည်။

ထို့နောက် အလျှင်အမြန်ပဲ ဂျန်ဖန်းကို လိုက်မှီလာသည်။

၎င်းက နတ်ဆိုးအမြုတေကို ဂျန်ဖန်းဆီပေးပြီး စိတ်ဝိညာဥ်အသားကို ပျော်ရွင်စွာ စားသောက်လိုက်သည်။

ဂျန်ဖန်း နတ်ဆိုးအမြုတေကိုယူပြီ ချီးကျူးလိုက်၏။

"အလကားတော့မစားဘူးပဲ...."

စိတ်ဝိညာဥ်မြင်း ဖြူလေးကိုတစ်ချက်ကြည့်လိုက်ရာ ချက်ချင်းပဲ ၎င်း၏မျက်လုံးတွေ ပြူးကျယ်သွား၏။

"အကိုဖြူလေး, မင်း... မင်း အမြုတေအဆင့် ၄ ကို ချိုးဖျက်သွားပြီ..."

စိတ်ဝိညာဥ်သားရဲအားလုံး နေဝင်မြို့မှာ တစ်ကောင်နှင့်တစ်ကောင် သိခဲ့၏။

မကြာသေးခင်က ဖြူလေး အမြုတေအဆင့် ၃ သာရှိသေး၏။

ဘယ်လိုလုပ် အဆင့် ၄ ကို ချိုးဖျက်သွားရသနည်း။

ဖြူလေး ဂုဏ်ယူစွာ ပြောလိုက်သည်။

"အကိုဂျန်ဖန်းအကာအကွယ်နဲ့..."

"အမြုတေအဆင့် ၄ မပြောနဲ့, အဆင့် ၅ တောင် အနှေးနဲ့အမြန် ချိုးဖျက်နိုင်မှာ..."

အစောပိုင်းဂုံးကောင်အသားစားပြီးနောက် သူက အမြုတေအဆင့် ၄ ကို ချိုးဖျက်လုနီးပါးဖြစ်ခဲ့၏။

ယမန်နေ့တွေက အလယ်အလတ်အမြုတေအဆင့် သားရဲတွေ၏စိတ်ဝိညာဥ်အသားတွေကို ပဲစေ့စားသလိုစားလာခဲ့ရာ....

အမြုတေအဆင့် ၄ မချိုးဖျက်မှ ခက်နေအုန်းမည်ဖြစ်သည်။

စိတ်ဝိညာဥ်မြင် ချက်ချင်းပဲ မနာလိုစွာ သွားရည်ကျလာ၏။

၎င်းရှေ့ဆက်သွားနေရင်း ကျောပေါ်ရှိ ဂျန်ဖန်းကို အသနားခံသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

ရှချောင်ကောလည်း သူ့ကို စိတ်ဝိညာဥ်အသားများစွာ ပေးခဲ့၏။

သို့ပေမယ့် ၎င်း၏လက်ရှိအမြုတေ အဆင့် ၂ ကို ချိုးဖျက်ဖို့ မလုံလောက်ပေ။

ဂျန်ဖန်း သူ့ကို စိုက်ကြည့်လိုက်၏။

"ငါ့ကို နှာဘူးခေါ်ပြီး တစ်ခုခုလိုချင်နေတာလား..."

"ဆုတောင်းလေ..."

"လမ်းကိုပဲ အာရုံစိုက်စမ်းပါ..."

စိတ်ဝိညာဥ်မြင်း မကျေမနပ်ညီးတွားလိုက်သည်။

"အဲ့တာ ငါ့သခင်ပြောတာလေ...."

ကောင်းကင်ချိုးဖျက်ခြင်းတောင်ကြား....

တောင်ကြားအဝင်ဝ၌...

ဂျန်ဖန်းအမူအရာ လေးနက်သွား၏။

သူက ခုချိန်ထိမည်သည့်နတ်ဆိုးသားရဲကိုမှ မတွေ့သေးသော်လည်း နတ်ဆိုးသားရဲတွေ၏သွေးနံက သူ့နှာခါင်းထဲဝင်ရောက်နေပြီဖြစ်သည်။

သူ၏တည်ရှိမှုကိုလည်း တောင်ကြားထဲရှိသားရဲတွေ ခံစားမိ၏။

ဝေါင်း...

အမြုတေအဆင့် ၃ သားရဲကြီးတစ်ကောင် ရန်မူစွာဖြင့် ရှေ့ပြေးတက်လာခဲ့သည်။

နောက်မှလည်း အမြုတေအဆင့် ၁ သားရဲ ၄ကောင် ကပ်ပါလာ၏။

ဂျန်ဖန်းမျက်လုံးတွေ အေးစက်သွား၏။

သူ့လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်ရာ လွမ်းဆွတ်ခြင်းဆီးနှင်းဓားပြေးဝင်သွား၏။

ထို့နောက် အသားထဲဓားထိုးစိုက်သွားသည့်အသံများစွာ ထွက်ပေါ်လာပြီး နတ်ဆိုးသားရဲလေးကောင် မြေပြင်ပေါ် တစ်ကောင်းပြီးတစ်ကောင်လဲကျသွားခဲ့သည်။

အဆင့် ၃ သားရဲသာ တိုက်ခိုက်မှုကို ကျွမ်းကျင်စွာရှောင်တိမ်းလိုက်ပြီး တောင်ကြားဘက်လှည့်ပြီး ဟိန်းဟောက်လိုက်၏။

အခြားသူတွေအား သန်မာသည့်ရန်သူတစ်ယောက်ကျူးကျော်လာပြီဟု အသိပေးလိုက်သလိုပင်

ဟိန်းဟောက်သံပြီးသည်နှင့်....

လွမ်းဆွတ်ခြင်းဆီးနှင်းဓား ၎င်းကို ထိုးဖောက်သွားပြီး သတ်ပစ်လိုက်သည်။

စိတ်ဝိညာဥ်မြင်းမျက်လုံးတွေ ဝိုင်းစက်သွား၏။

"ဒီတော့ မင်းက ဒီလောက်တောင် အစွမ်းထက်နေပြီပေါ့, နှာဘူး... မဟုတ်ဘူး, အကိုဂျန်...."

ဂျန်ဖန်းခွန်အားက သူ့သခင်စွမ်အားနှင့်ယှဥ်နိုင်သည်ဟု ခံစားမိ၏။

ဂျန်ဖန်း ဓားကိုင်ပြီး ရှေ့ကိုလျှောက်သွားလိုက်သည်။

သူက နတ်ဆိုးအသားအလောင်းတွေကိုတစ်ချက်တောင်မကြည့်ပဲ ပြန်လှည့်မကြည့်ပဲ ပြောလိုက်သည်။

"မင်းတို့နှစ်ကောင်, အမြုတေတွေထုတ်လိုက်..."

"ကောင်းကောင်းလုပ်ဆောင်ရင်, ဆုလာဒ်ရှိမယ်..."

ထို့နောက် တောင်ကြားအနက်ပိုင်းသို့ တစ်ယောက်တည်းပြေးဝင်သွားခဲ့သည်။

စိတ်ဝိညာဥ်မြင်းမျက်လုံးတွေ တောက်ပသွားပြီး သားရဲအလောင်းတွေဆီ အပြေးသွားတော့သည်။

ထို့နောက် ၎င်း၏ဦးဂျိုဖြင့် ဝမ်းဗိုက်ကိုခွဲကာ ခွာဖြင့် အမြုတေကို နှိုက်ယူလိုက်သည်။

ဖြူလေး ချက်ချင်း ထိတ်ထိတ်ပျာပျာဖြစ်သွား၏။

"မင်း, မျက်ခုံးထူမျက်လုံးကြီးကောင်..."

"တကယ်ကို ခိုးကြောင်ခိုးဝှက်လုပ်တာပဲ..."

သူလည်း အလျှင်အမြန်ပြေးလာပြီး နတ်ဆိုးအမြုတွေ ထုတ်ယူလိုက်၏။

ကောင်းကင်ချိုးဖျက်ခြင်းတောင်ကြားအလယ်...

သားရဲဘုရင်တွေ အဆုံးမရှိသည့်တောင်တန်းတစ်ခုကဲ့သို့ ပြည့်ညပ်နေခဲ့သည်။

အလယ်၌...

လူသားသုံးယောက်ရှိနေပြီး အနက်ရောင်မုန်းတိုင်းထဲရှိ ဖယောင်းတိုင်မီးတောက်ကဲ့သို့ပင်။

သူတို့ကို မုန်တိုင်းက အချိန်မရွေးဝါးမျိုးသွားနိုင်တာပဲဖြစ်သည်။

လန်ဖေးယန်မျက်နှာဖြူဖြော့နေပြီး လက်ထဲကိုင်ထားသည့်ဓားက တုန်ယင်နေခဲ့သည်။

သူ၏ဓားချက်က အမြုတေအဆင့် ၂ နတ်ဆိုးသားရဲကိုသတ်ဖို့တောင် ရုန်းကန်နေရသည်။

တစ်ခုသိရမှာက သူက အမြုတေအဆင့် ၃ သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး ဂိုဏ်း ၉ ဂိုဏ်း၏အသန်မာဆုံးတိုက်ခိုက်ရေးနည်းလမ်းဖြစ်သည့် ဓားသိုင်းကို လေ့ကျင့်ထား၏။

အကြောင်းပြချက်က အခြားမဟုတ်ပေ။ သူ၏စိတ်ဝိညာဥ်စွမ်းအင် ကုန်ခမ်းနေခြင်းပင်။

"ဂျူနီယာညီမရှ, ငါ့စိတ်ဝိညာဥ်စွမ်းအင် ကုန်နေပြီ..."

လန်ဖေးယန် အံကြိတ်ပြီး ရှိသမျှခွန်အားအားလုံးဖြင့် ဓားဝှေ့ယမ်းကာ ချည်းကပ်လာသည့်နတ်ဆိုးသားရဲတွေကို အတင်းနောက်ဆုတ်သွားစေ၏။

"နတ်ဆိုးသားရဲတွေကို တစ်ခုခုက အမိန့်ပေးနေသလိုပဲ...."

"အားအနည်းဆုံးသားရဲတွေနဲ့ ဝိုင်းတိုက်ပြီး ငါတို့စိတ်ဝိညာဥ်စွမ်းအား တဖြည်းဖြည်းကုန်သွားအောင်လုပ်နေတာ..."

"ကုန်ပြီးဆိုတာနဲ့ နောက်ကွယ်ကကောင် တိုက်ခိုက်လိမ့်မယ်...."

ရှချောင်ကော ချည်းကပ်လာသည့် နောက်ထပ်သားရဲတစ်ကောင်ကို သတ်လိုက်သည်။

သူမ၌ စိတ်ဝိညာဥ်စွမ်းအင် ကျန်နေဆဲဖြစ်သည်။

သို့ပေမယ့် မများပေ။

သူမအကြည့်က ပုံမှန်အတိုင်းတည်ငြိမ်နေခဲ့သည်။

"ငါတို့ တပ်ကူစောင့်ရုံပဲ တတ်နိုင်တယ်..."

ဂျင်ကျောင်းမင်လည်း ချည်းကပ်လာသည့်နတ်ဆိုးသားရဲကို လက်သီးတစ်ချက်ဖြင့် သတ်လိုက်၏။

သူက ခန္ဓာသန့်စင်သူဖြစ်၍ စိတ်ဝိညာဥ်စွမ်းအား မလိုအပ်ပေ။

သို့ပေမယ့် သူ၏ရုပ်ခန္ဓာခွန်အားလည်း ကုန်ခမ်းလုနီးပါးဖြစ်နေပြီး နောက်ထပ်အကြာကြီးထိန်းမထားနိုင်တော့ပေ။

သူက ငြီးတွားလိုက်၏။

"ဒါတွေအကုန်လုံးက လန်ဖေးယန်အားနည်းတဲ့အမှားပဲ။ မဟုတ်ရင် ငါတို့ဝိုင်းခံထားရာကနေ လွတ်မြောက်နိုင်မှာ...."

လန်ဖေးယန် ထိုအရာကို ကြားသည့်အခါ ဒေါသထွက်သွား၏။

"ငါ့ကိုအပြစ်ပြောရအောင် မင်းမှာ ဘာအခွင့်အာဏာရှိလို့လဲ..."

"မင်းက ပေးတဲ့အကြံမထောင်ပဲ သားရဲဘုရင်တွေနောက်ကို တောင်ကြားထဲထိလိုက်လာတာလေ။ ပြီးတော့ဝိုင်းခံရကော..."

"ငါတို့က မင်းကိုကယ်ဖို့ ပိတ်ပိနေတာမဟုတ်ဘူးလား..."

ဤကဲ့သို့ဖြစ်မည်မှန်သာသိခဲ့လျှင်, လန်ဖေးယန် ဂျင်ကျောင်းမင်သားရဲပါးစပ်ထဲသေမှာကို ကြည့်နေခဲ့မှာဖြစ်သည်။

ရှချောင်ကောဝင်ပြောလိုက်သည်။

"ခုက ငြင်းခုန်နေရမယ့်အချိန်မဟုတ်ဘူး...."

"ဖြည်းဖြည်းညင်း ချိုးဖျက်ဖို့ ကြိုးစားကြတာပေါ့...."

"တပ်ကူတွေသာလာရင် ဒါက သူတို့ဖိိိိအားကို လျော့ချပေးလိမ့်မယ်...."

ထိုအရာကိုကြားသည့်အခါ...

လန်ဖေးယန်နှင့် ဂျင်ကျောင်းမင်တို့နှစ်ယောက်လုံး ခါးသီးသည့်အမူအရာတွေ ပြသလာ၏။

"တပ်ကူ?..."

"ငါတို့ ဘယ်က တပ်ကူရမှာလဲ...."

"နေဝင်မြို့က ဒီနေ့ဆိုရင် ၃ ရက်လောက်ကြာတယ်။ သူတို့ရောက်ဖို့ဆို ၅ ရက် ၆ ရက်လောက် ကြာလိမ့်မယ်...."

"ငါတို့က ၅ နာရီတောင်ခံတော့မယ်မထင်ဘူး...."

လန်ဖေးယန် မချိပြုံးပြုံးပြီး ပြောလိုက်သည်။

ဂျင်ကျောင်းမင်လည်း သူ၏ကံကြမ္မာကို လက်ခံလိုက်၏။

"တကယ်လို့ တပ်ကူလာခဲ့ရင်တောင်, ငါတို့ရှေ့က သားရဲအုပ်က အကောင်ရေ ၄၀၊ ၅၀ လောက်ရှိတယ်...."

"ဘယ်သူက လှုပ်ရှားရဲမှာလဲ..."

လူတိုင်း တိတ်ဆိတ်သွား၏။

နေဝင်မြို့မှတပ်ကူအကြောင်း တွေးနေဖို့ မလိုတော့ပေ။

သူတို့က အနီးနားမစ်ရှင်လုပ်နေသည့်တပည့်တွေအပေါ်သာသ မျှော်လင့်နိုင်၏။

သို့ပေမယ့် များပြားလှသည့်သားရဲဘုရင်အုပ်နှင့် ရင်ဆိုင်ဖို့ထက် ရှောင်တိမ်းသွားမည်ပဲဖြစ်သည်။

မည်သူကလှုပ်ရှားမည်နည်း။ ထိုအရာက သေလမ်းရှာတာပဲဖြစ်သည်။

သို့ပေမယ့်....

ထိုအခိုက်အတန့်၌...

ရုတ်တရက် သူတို့နောက်ရှိသားရဲဘုရင်အုပ်ဆီမှ ဗရုန်းသုန်းကားသံတွေ ထွက်ပေါ်လာခဲ့သည်။

ကြီးမားသည့်စိတ်ဝိညာဥ်စွမ်းအားတစ်ခုလည်း အဝေးမှ ပေါက်ကွဲထွက်လာခဲ့သည်။

သုံးယောက်သား တုန်ယင်သွားပြီး တစ်ပြိုင်နက်တည်းပြောလိုက်သည်။

တပ်ကူ?...

ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

အခန်း (၄၅၇)

ရုပ်သေးနည်းစနစ်

သူတို့ ထိုအရာကို မယုံနိုင်ပေ။

တကယ်ပဲ တပ်ကူရောက်လာ၏။

ထို့ပြင် သူတို့က သားရဲဘုရင်တွေကို တိုက်ခိုက်နေခဲ့သည်။

အမြုတေအဆင့် ၅ အကြီးအကဲတောင် တစ်ယောက်တည်း ထိုးဖောက်ဝင်ရောက်ရဲမည်မဟုတ်ပေ။

သို့ပေမယ့်....

လန်ဖေးယန် စိတ်ပျက်အားငယ်သည့်အခြေအနေ၌ မျှော်လင့်ချက်ရောင်ခြည်ရှာတွေ့သည့်အမူအရာပြသလာ၏။

"တစ်စုံတစ်ယောက် ငါတို့ကို ကယ်ဖို့လာနေပြီ..."

ဂျင်ကျောင်းမင်လည်း ပျော်ရွင်သွား၏။

"ဒီလူက ဂိုဏ်း ၉ ဂိုဏ်းအကြီးအကဲပဲဖြစ်ဖြစ် ဒါမှမဟုတ် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့အစွမ်းထက်အဖွဲ့ဝင်ပဲဖြစ်ဖြစ်..."

"ငါ့ကိုသာကယ်နိုင်ခဲ့ရင်, သေချာပေါက်ဒူးထောက်ပြီး ကျေးဇူးတင်မှုကို ဖော်ပြမယ်..."

ရှချောင်ကောလည်း အတော်လေး အံ့အားသင့်နေ၏။

တစ်စုံတစ်ယောက် တကယ်ပဲ သူတို့ကိုကယ်ဖို့ ဝင်လာရဲ၏။

ထို့ပြင် တစ်ယောက်တည်းလား?...

သို့ပေမယ့် ဤအရာက သူတို့အား သံသယရှိစရာမလိုအောင် ကြီးမားသည့်မျှော်လင့်ချက်ကို ပေးစွမ်းခဲ့သည်။

သူမက ပြတ်ပြတ်သားသားပဲ ပြောလိုက်သည်။

"အနောက်ဘက်ပိုင်းကိုထိုးဖောက်ပြီး အဲ့လူနဲ့ပူပေါင်းမယ်..."

သုံးယောက်သား စိတ်ဝိညာဥ်တွေတက်ကြွလာပြီး ရှေ့မှာတိုက်ခိုက်နေသည့် နတ်ဆိုးသားရဲတွေကိုခုခံရင်း နောက်ဘက်ရှိ သားရဲတွေကို သတ်ကြတော့သည်။

ခက်ခက်ခဲခဲ ဆုတ်ခွာလာကြသည်။

အခြားတစ်ဖက်၌....

ဂျန်ဖန်းလည်း များပြားသည့်သားရဲဘုရင်တွေကြောင့် ကြီးမားသည့်ဖိအားကိုခံစားနေရသည်။

၎င်းတို့၏ခွန်အားမှာ အရမ်းမသန်မာသော်လည်း...

ယေဘူယျအားဖြင့် အမြုတေအဆင့် ၁၊ အဆင့် ၂ သာရှိပြီး အဆင့် ၃ အနည်းငယ်သာ ပါသည်။

သို့ပေမယ့် အရေအတွက်က များလွန်း၏။

တစ်ချက်ဂရုမမူမိသည်နှင့် အပြင်းအထန်ဒဏ်ရာရသွားနိုင်သည်။

ကံကောင်းစွာဖြင့်...

တောင်ကြားက ကျဥ်းမြောင်းနေရာ ကြီးမားသည့်ခန္ဓာကိုယ်ကြီတွေနှင့် သားရဲဘုရင်တွေ အရေအတွက်များသော်လည်း ထိုအချက်ကို အခွင့်ကောင်းမယူနိုင်ဖြစ်နေ၏။

နတ်ဆိုးသားရဲသုံးကောင်လောက်သာ ရှေ့မှာ တစ်ချိန်တည်းတိိုက်ခိုက်နိုင်ပြီး အခြားကောင်တွေကတော့ နောက်မှာ စောင့်နေရုံသာ တတ်နိုင်သည်။

ဤအရာက ဂျန်ဖန်းကို အခွင့်အရေးပေးလိုက်၏။

မဟုတ်လို့ မြေပြန့်သာဖြစ်ပြီး....

သားရဲ ၅၀၊ ၆၀ လောက်ဝိုင်းတိုက်လျှင် သူက ထွက်ပြေးဖို့တော့ တတ်နိုင်တော့မည်ဖြစ်သည်။

"ကောင်းကင်နှင့်မြေကြီးကြယ်ကြွေခြင်း..."

"နောင်တရနေသောနဂါး..."

"ကောင်းကင်ဖွင့်လှစ်ခြင်း..."

"မိုးကြိုးနဂါးလျှပ်စီးခြေထောက်..."

....

ဂျန်ဖန်း လွမ်းဆွတ်ခြင်းဆီးနှင်းဓားကိုကိုင်ထားပြီး အမျိုးမျိုးသော နည်းစနစ်တွေ အသုံးပြုနေခဲ့သည်။

တစ်ကွက်ချင်းဆီက နတ်ဆိုးသားရဲတစ်ကောင်ကို သတ်ဖြတ်နေခဲ့သည်။

မကြာမီ, တစ်ဒါဇင်ထက်ကျော်သည့် နတ်ဆိုးသားရဲတွေ လဲကျသွားကြသည်။

သို့ပေမယ့် သူတို့နောက်ရှိသားရဲတွေ ရှေ့ကို မရပ်မနားတက်လာဆဲဖြစ်သည်။

ဂျန်ဖန်း အနည်းငယ် မောဟိုက်လာ၏။

သူ၏စိတ်ဝိညာဥ်ကုန်ဆုံးမှုကလည်း အတော်များ၏။

ထိုအခါမှသာ တစ်ခုခုမှားနေတာ ရိပ်မိလိုက်၏။

"ဒါက... အလှည့်ကျတိုက်ခိုက်မှုပဲ..."

အမြုတေအဆင့် ၄ အဆင့် ၅ သားရဲတွေကို မည်သည့်နေရာမှမမြင်ရပေ။

အစောပိုင်းအဆင့်သားရဲတွေသာ ရှေ့တက်လာကြ၏။

ဤဗျူဟာက အမြုတေအဆင့် ၅ လူသားကျင့်ကြံသူမဆိုထားနှင့်....

အဆင့် ၇ တောင် သားရဲအုပ်ကြောင့် အားကုန်သေသွားမည်ဖြစ်သည်။

"ဒီသားရဲတွေကို နောက်ကွယ်ကထိန်းချုပ်နေတဲ့ အမြင့်မြင့်ဗျူဟာမှူးတစ်ယောက်ရှိရမယ်..."

"မသိတာက ငါတို့လူသားကလန်ကလား ဒါမှမဟုတ် နတ်ဆိုးမျိုးနွယ်ကလားဆိုတာပဲ..."

ဂျန်ဖန်း မျက်လုံးအနည်းငယ်မှေးကျဥ်းလိုက်၏။

"ဒါပေမယ့် အလှည့်ကျတိုက်ခိုက်မှုက ငါ့အပေါ်မှာ သက်ရောက်မှုရှိမှာမဟုတ်ဘူး..."

သားရဲတွေ၏ တိုက်ခိုက်မှုမလာသေးတာကို အခွင့်ကောင်းယူပြီ...

သူက ယခင်သန့်စင်ထားသည့်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးလုံးကို ထုတ်ယူလိုက်သည်။

ဤစွမ်းအင်ပြန်လည်ဖြည့်တင်းခြင်းဆေးလုံးက အဆင့် ၃ အဆင့်မြင့် ဆေးလုံးဖြစ်၏။

ဆေးတစ်လုံးတည်းနှင့် အမြုတေအစောပိုင်းသိုင်းပညာရှင်တစ်ယောက်၏ ကုန်ဆုံးသွားသည့်စွမ်းအင်အားလုံးကို အလျှင်အမြန် ပြန်လည်ဖြည့်တင်းနိုင်တာပဲဖြစ်သည်။

သူက ထိုအရာကို သောက်လိုက်ပြီး မလှုပ်ရှားခင် စိတ်ဝိညာဥ်စွမ်းအင်ပြန်ပြည်သည့်အချိန်ထိ စောင့်နေလိုက်သည်။

ထိုစဥ်...

သားရဲအုပ်၏နေရာတစ်ခု၌...

အမြုတေအဆင့် ၅ အော်ရာရှိသည့်မြွေသားရဲတစ်ကောင် သားရဲဘုရင်တွေနောက်၌ နေရာယူထား၏။

၎င်းကျောပေါ်၌ အနက်ဝတ်ပုံရိပ်လေးခုခြေချိတ်ထိုင်နေပြီး မျက်နှာ၌ နဂါးပုံသဏ္ဍာန်မျက်နှာဖုံးတွေ တပ်ဆင်ထားကြသည်။

အမျိုးသားနှစ်ယောက်၊ အမျိုးသမီးနှစ်ယောက်ပင်။

ထို့ပြင် သူတို့ထိုင်နေသည့် အမြုတေအဆင့် ၅ မြွေသားရဲမျက်လုံးကလည်း အုံ့မှိုင်းနေပြီး အမူအရာကင်းမဲ့နေခဲ့သည်။

ဝိညာဥ်ဆုံးရှုံးထားသလိုပင်။

"စီနီယာအမဝူရဲ့ ရုပ်သေးနည်းစနစ်က တကယ်ကို စစ်တပ်တစ်တပ်စာလောက် တန်ဖိုးရှိတယ်..."

"မြွေနတ်ဆိုးဘုရင်ကိုထိန်းချုပ်ပြီး လက်အောက်ငယ်သားနတ်ဆိုးသားရဲတွေကိုပါ သူမအတွက် အသုံးပြုလိုက်တယ်...."

လေးယောက်ထဲ၌....

ကိုယ်လုံးကိုယ်ပေါက်လှပြီး လှိုင်းတွန့်ဆံပင်ရှည်နှင့် အမျိုးသမီးတစ်ယောက် မြွေခေါင်းပေါ်မှာ ခြေချိတ်ထိုင်နေခဲ့သည်။

သူမလက်ထဲ၌ ထူးဆန်းသည့်အနက်ရောင်အလံလေးတစ်ခုကိုင်ထားပြီး အထဲ၌ အနက်ရောင်မြူတွေ ခပ်ဖွဖွထွက်ပေါ်နေခဲ့သည်။

အကယ်၍ လန်ချင်းကျူးသာ ဤနေရာမှာရှိလျှင်....

ဤစီနီယာအမဝူကို သေချာပေါက် မှတ်မိမည်ဖြစ်သည်။

သူမက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ ရုပ်သေးအတတ်ကျင့်ကြံသူဖြစ်ပြီး တပည့်အားလုံးနီးပါး သူမကို ကြောက်ရ၏။

ဝူမန်ယွဲ့...

အမြုတေအဆင့် ၅ ကျင့်ကြံသူဖြစ်ပြီး ရုပ်သေးနည်းစနစ်ကိုလည်း ကျွမ်းကျင်၏။

သူမစွမ်းရည်ဖြင့်တိုက်ခိုက်ခံရလျှင် လူတစ်ယောက်က ရုပ်သေးတစ်ကောင်ဖြစ်သွားမည်ဖြစ်သည်။

သူမအောက်ရှိ အမြုတေအဆင့် ၅ မြွေသားရဲကဲ့သို့ပင်။

သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်ရုံသာမက နောက်ကွယ်မှလည်း စေခိုင်းနိုင်၏။

ဤကဲ့သို့ နတ်ဆိုးနည်းစနစ်မျိုးကို မည်သူက မကြောက်ပဲနေမည်နည်း။

ဝူမန်ယွဲ့ သူမ၏ရှည်လျားသည့်လက်ကိုဆန့်ထုတ်ပြီး အနက်ရောင်အလံကိုညင်သာစွာပွတ်သပ်ကာ ပြောလိုက်သည်။

"ကံမကောင်းစွာနဲ့ ငါက တစ်ချိန်မှာ ရုပ်သေးတစ်ကောင်ပဲထိန်းချုပ်နိုင်တယ်..."

"အကန့်အသတ်သာမရှိဘူးဆိုရင် ဘယ်လောက်အံ့သြစရာကောင်းလိုက်မလဲ။ ဒီနေရာမှာရှိတဲ့သားရဲဘုရင်အားလုံးကိုထိန်းချုပ်ပြီး အချင်းချင်းသတ်ခိုင်းလို့ရတယ်..."

"ငါတို့က နတ်ဆိုးအမြုတေတွေ တစ်ခုပြီးတစ်ခုစုဆောင်းဖို့ စောင့်နေရုံပဲ..."

"ဒါပေါ့, အခုလည်း အရမ်းကြီးနောက်မကျသေးပါဘူး..."

သူမ၏နတ်ဆိုးဆန်သည့်နှုတ်ခမ်းတွေ အနည်းငယ်တွန့်ကွေးသွား၏။

"အရူးသုံးကောင် အချိန်ကိုက် တောင်ကြားထဲရောက်လာတာပဲလေ..."

"သူတို့ကို ငါတို့အတွက် ကြိုးကြိုးစားစားသတ်ခိုင်းတာပေါ့...."

ရုပ်သေးနည်းစနစ်က တကယ်ကို ထူးဆန်း၏။

သို့ပေမယ့် အရမ်းအစွမ်းထက်နေတာတော့ မဟုတ်ပေ။

သူမက မြွေသားရဲကို ထိန်းချုပ်နိုင်သော်လည်း ဤခေါင်းဆောင်ကို ၎င်း၏လက်အောက်ငယ်သားတွေအား ကျဥ်းမြောင်းသည့်တောင်ကြားထဲ့သို့စုဝေးအောင်သာ အမိန့်ပေးနိုင်၏။

ဤသားရဲတွေအချင်းချင်းသတ်အောင် မြွေသားရဲအား အမိန့်ပေးခိုင်းဖို့ကျ...

အသိဉာဏ်ရှိသည့်သားရဲတွေက ဤကဲ့သို့အမိန့်မျိုးကို လက်ခံမည်မဟုတ်ပေ။

အများကြီးကြိုးစားအားထုတ်ပြီးနောက်...

ဝူမန်ယွဲ့ သားရဲဘုရင်တွေစုဝေးဖို့ အသင့်တော်ဆုံးဖြစ်သည့် ဤနေရာကို ရှာတွေ့ခဲ့သည်။

ကျဥ်းမြောင်းသည့်တောင်ကြားထဲ၌ သားရဲဘုရင်တွေ သတ်ဖြတ်ခံရလျှင် တကွဲတပြားထွက်ပြေးလို့မရနိုင်ပေ။

၎င်းတို့က ရွေးချယ်စရာမရှိပဲ သူတို့လေးယောက်၏ စိတ်ဝိညာဥ်စွမ်းအင်မကုန်ခင်ထိ သတ်ဖြတ်ခြင်းကိုခံရမည်ဖြစ်သည်။

သူတို့စိတ်ဝိညာဥ်စွမ်းအင်ပြန်လည်ဖြည့်တင်းနေစဥ် သားရဲဘုရင်တစ်ဝက်လောက်လွတ်မြောက်သွားနိုင်သော်လည်း...

အခြားနည်းလမ်းမရှိတော့ပေ။

သိုင်းပညာရှင်တစ်ယောက်၏စိတ်ဝိညာဥ်စွမ်းအားက အကန့်အသတ်ရှိ၏။

သို့ပေမယ့် သူတို့လုပ်ရှားတော့မည့်အချိန်မှာပဲ ရှုချောင်ကောနှင့် အခြားလူတွေ ဝင်ရောက်လာတာကို တွေ့လိုက်ရသည်။

ထို့ကြောင့် သူတို့၏အစီအစဥ်ကို စွန့်လွတ်ခဲ့၏။

သားရဲဘုရင်ကို အလှည့်ကျတိုက်ခိုက်သည့်ဗျူဟာခင်းခိုင်းပြီး ထိုသူတွေ၏အားထုတ်မှုဖြင့် သားရဲဘုရင်အရေအတွက်ကို လျော့ကြဖို့ပင်။

နောက်ဆုံး၌ သူတို့လေးယောက်လှုပ်ရှားပြီး ကျန်သားရဲဘုရင်တွေကို သတ်မည်ဖြစ်သည်။

ဤနည်းဖြင့် သူတို့က ဤနေရာရှိနတ်ဆိုးအမြုတေအားလုံးကို ရနိုင်တာပဲဖြစ်သည်။

ထိုအရာကိုတွေးပြီ....

ဝူမန်ယွဲ့ စိတ်လှုပ်တရှား သူမ၏အနီရောင်နှုတ်ခမ်းလေးတွေကို လျှာဖြင့်သတ်လိုက်သည်။

"သားရဲဘုရင်တစ်ရာ, အကျိုးပြုမှတ် ၂၀၀၀ နဲ့လှဲလို့ရမယ်..."

"သန္ဓေသားအဆောင် ၂ ခုအတွက် လုံလောက်သွားပြီ..."

"အဲ့တာဆို အဖိုးတန်ရုပ်သေးအလံတစ်ခုသုံးရတာ တန်သွားပြီ...."

သူမလက်ထဲရှိ ရုပ်သေးအလံက သူမ မတော်မဆတွေ့ခဲ့သည့် အမွေအနှစ်ဖြစ်သည်။

စုစုပေါင်း ၅ ခုသာရှိ၏။

ယခု, သန္ဓောကျောက်စိမ်းအဆောင်ရဖို့အတွက် ကျန် ၂ ခုထဲမှ တစ်ခုသုံးဖို့ ဆုံးဖြတ်ခဲ့သည်။

သို့ပေမယ့် ရိပ်သိမ်းမှုက ကြီး၏။

သန္ဓေသားအဆောင် ၂ ခုပင်...

အခြားသုံးယောက်လည်း လိုချင်ရမ္မက်တွေဖြင့် တောက်လောင်လာ၏။

တပည့်တစ်ယောက် အနည်းငယ်တွေဝေနေပြီး မေးလိုက်သည်။

"အဲ့ဒီဂိုဏ်း ၉ ဂိုဏ်း တပည့် ၃ ယောက်ကိုကော ဘယ်လိုလုပ်မှာလဲ..."

ဝူမန်ယွဲ့ အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။

"ဘာလုပ်ရမှာလဲ..."

"သူတို့ကိုအသက်ရှင်လျက်ထားပြီး ငါတို့နတ်ဆိုးအမြုတေတွေကို လာလုခိုင်းရမှာလား..."

သုံးယောက်သား အမူအရာတင်းမာသွား၏။

သတ်ပစ်ရမှာလား?.....

ဝူမန်ယွဲ့ ရယ်လိုက်သည်။

"သူတို့တွေ နတ်ဆိုးသားရဲတွေကြောင့် စိတ်ဝိညာဥ်စွမ်းအင်ကုန်ပြီး သေသွားပါလိမ့်မယ်...."

"သူတို့ကိုသတ်တာ ငါတို့မှမဟုတ်ပဲ..."

"ဘာလို့ အပြစ်ရှိသလိုခံစားနေရမှာလဲ..."

"ပြီးတော့, သူတို့ကအားမနည်းဘူး။ ကိုယ်ပေါ်မှာ နတ်ဆိုးအမြုတေအချို့ရှိနိုင်တယ်..."

သုံးယောက်သား အမူအရာတောင့်တင်းသွား၏။

သူမထိုကဲ့သို့ပြောပေမယ့်....

သူတို့ကို တိုက်ရိုက်မသတ်လျှင်တောင် သူတို့အကြံအစည်ကြောင့် သေသွားတာဖြစ်သည်။

ဝူမန်ယွဲ့အကြည့် အေးစက်သွား၏။

"နင်တို့ ဒီလောက်ကြင်နာတတ်နေရင်, သူတို့နေရာ နင်တို့ယူလို့ရတယ်...."

သုံးယောက်သား နောက်ကို တွန့်ဆုတ်သွားသည်။

နောက်ထပ်တစ်ခွန်းမှ မပြောရဲကြတော့ပေ။

ထိုစဥ်...

ဝူမန်ယွဲ့ ရုတ်တရက် ထရပ်လာပြီး တစ်ခုခုကို ခံစားမိပုံရကာ တောင်ကြားအခြားတစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။

သူမ၏လှပသည့်မျက်နှာလေး အနည်းငယ် ပြောင်းလဲသွား၏။

"တပ်ကူရှိနေတယ်..."

"ပြီးတော့ သန်မာတဲ့တပ်ကူပဲ...."

တစ်ခဏ ဂရုတစ်စိုက်အာရုံခံပြီးနောက် သူမ၏တင်းမာမှုတွေလျော့ကျသွားပြီး လှောင်ပြောင်သည့်အရိပ်အယောင်ပြသလာ၏။

"လက်စသတ်တော့ တစ်ယောက်တည်းပဲ..."

"ဒီလိုဆိုမှတော့ ဘာမှစိုးရိမ်စရာမရှိတော့ပါဘူး..."

"ဒီသားရဲဘုရင်တွေက သူတို့စိတ်ဝိညာဥ်စွမ်းအင်တွေ ကုန်ဆုံးစေဖို့ လုံလောက်တယ်...."

သူမက အပြုံးတစ်ခုနှင့် ပြန်ထိုင်လိုက်ပြီး ဝိုင်ခရားတစ်ခုနှင့် ခွက်တစ်ခုထုတ်ယူလိုက်သည်။

ထို့နောက် တစ်ခွက်ဖြည့်ပြီး တောင်ကြားအခြားတစ်ဖက်သို့မြောက်ပြသာ ချီးမြှင့်လိုက်၏။

"ငါတို့အတွက် သားရဲဘုရင်တွေ ပိုသတ်ပေးအုန်း...."

"ဟီ...ဟီ...ဟီ...."

All Chapters