← Chapters

အခန်း (၄၅၈-၄၅၉)

Vol. 36 Ch. 458-459

အခန်း (၄၅၈-၄၅၉)

Vol. 36 Ch. 458-459

အခန်း (၄၅၈)

ပြိုင်ဘက်ကင်းအရှိန်အဝါ

သူမအမြင်၌...

တပ်ကူတစ်ယောက်ပိုရောက်လာတာက ရေပုံးထဲမှရေတစ်စက်သာဖြစ်သည်။

ပိတ်မိနေသည့် ဂိုဏ်း ၉ ဂိုဏ်းတပည့် ၃ ယောက်ကို ကယ်နိုင်မည်မဟုတ်ပေ။

သူမကိုယ်တိုင်ဆိုလျှင်လည်း စိတ်ဝိညာဥ်စွမ်းအင်ကုန်ခမ်း၍ သေသွားမည်ဖြစ်သည်။

ထိုအရာကို တပ်ကူဟု ခေါ်တာထက် သူမ၏အလုပ်သမားဟုသာ ခေါ်သင့်သည်။

အခြားသုံးယောက်ကတော့ အနည်းငယ်စိတ်ပူနေခဲ့သည်။

"အကယ်၍ ဒီလူ့ခွန်အားက အရမ်းအားကောင်းနေရင်ကော..."

"အဲ့လိုဆို ငါတို့ခက်ခက်ခဲခဲစုဆောင်းထားတဲ့ သားရဲတွေက သူ့အတွက်ဖြစ်မသွားဘူးလား..."

ရှေ့တန်းကို ဖောက်ထွက်လာသည့်နတ်ဆိုးသားရဲတွေက များသော်လည်း အများစုက တကွဲတပြားဖြစ်နေခဲ့သည်။

ထို့ပြင်အများစုက အခြေခံတည်ဆောက်ခြင်းအဆင့်သာရှိ၏။

အရပ်မျက်နှာအသီးသီးမှ သားရဲဘုရင်တွေကိုစုစည်းဖို့ သူတို့လေးယောက် အတော်လေး အားစိုက်ခဲ့ရတာပဲဖြစ်သည်။

ဝူမန်ယွဲ့ ဝိုင်တစ်စုပ်သောက်ပြီး ဆွဲဆောင်မှုရှိသည့်အပြုံးတစ်ခုပြုံးလိုက်သည်။

"အမြုတေနှောင်းပိုင်းအဆင့်ထက်တော့ မသန်မာနိုင်ပါဘူး....."

"ဒီလောက်များတဲ့သားရဲဘုရင်တွေနဲ့ အမြုတေနှောင်းပိုင်းအဆင့်တစ်စုံတစ်ယောက်တောင် စိတ်ဝိညာဥ်စွမ်းအင်ကုန်ခမ်းသွားမှာ..."

"အများဆုံး, ၂ နာရီပဲ...."

"ဒီလူလက်လျော့ရင်လျော့ မဟုတ်ရင် စိတ်ဝိညာဥ်စွမ်းအင်ကုန်ခမ်းပြီး သားရဲဘုရင်တွေသတ်တာခံရမှာပဲ..."

သုံးယောက်သား စိတ်အေးသွားကြသည်။

ဝူမန်ယွဲ့က အဖွဲ့လိုက်တိုက်ပွဲတွေ၌ အလွန်ကျွမ်းကျင်ပြီး အမျိုးမျိုးသောအပိုင်းတွေ၏ ခွန်အားကိုတွက်ချက်ရာ၌ အတွေ့အကြုံများ၏။

သူမက ၂ နာရီပြောမှတော့ ထိုအချိန်လောက်ပဲဖြစ်ရမည်ပင်။

မကြာမီ...

၂ နာရီကုန်လွန်သွား၏။

ဝူမန်ယွဲ့လက်ထဲရှိဝိုင်ကွက် အချိန်အတော်ကြာကတည်းက ချထားလိုက်ပြီဖြစ်သည်။

သူမ၏နူးညံ့သည့်မျက်ခုံးတွေလည်း အနည်းငယ်ကျုံ့နေခဲ့သည်။

ရှင်းလင်းစွာပင်, ဤအခြေအနေက သူမမျှော်လင့်ထားတာကို ကျော်လွန်နေခဲ့သည်။

"ဒီလူမှာ စိတ်ဝိညာဥ်စွမ်းအင် အလျှံပယ်ရှိတာလား..."

"နောက်ထပ် ၂ နာရီ ထပ်စောင့်ကြည့်တာပေါ့..."

"သူသာ အမြုတေနှောင်းပိုင်းအဆင့်သိုင်းပညာရှင်တစ်ယောက်မဟုတ်ဘူးဆိုရင် သူ့စိတ်ဝိညာဥ်စွမ်းအင် ၂နာရီ ၃ နာရီအတွင်း ကုန်ခမ်းသွားမှာပဲ...."

နောက်ထပ် ၂ နာရီကုန်သွား၏။

တောင်ကြားတစ်ဖက်ရှိတိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ထို့ပြင် သားရဲဘုရင်တွေလည်း ကြောက်ရွံ့နေပုံပေါ်ပြီး အမှန်တကယ်ပဲ နောက်ဆုတ်နေကြသည်။

ဝူမန်ယွဲ့ ထပ်မစောင်နိုင်တော့ပေ။

သူမက မတ်တပ်ရပ်ပြီး အမူအရာက အလွန်လေးနက်နေခဲ့သည်။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

"သူက လူတစ်ယောက်တည်းဆိုတာ ရှင်းနေတာပဲ..."

အခြားသုံးယောက်လည်း အတော်လေး မှုံမိုင်းနေခဲ့သည်။

ကြည့်ရတာ အစွမ်းထက်စစ်သည်တော်တစ်ယောက်ပေါ်လာပုံပင်။

"စီနီယာအမဝူ, အခုကော မစိုးရိမ်ရသေးဘူးလား..."

"မြန်မြန် သားရဲဘုရင်ခေါင်းဆောင်ကို သားရဲတွေပြန်ဆုတ်နေတာကို ရပ်ခိုင်းဖို့ အမိန့်ပေးလိုက်လေ..."

ဝူမန်ယွဲ့ အသိပြန်ဝင်လာ၏။

ချက်ချင်းပဲ အနက်ရောင်အလံကို လက်ညိုးဖြင့်ညွှန်ပြပြီး အမိန့်ပေးလိုက်သည်။

"မဆုတ်နဲ့, ငါ့အတွက်တိုက်ခိုက်ကြ..."

သူမစကားသံထွက်ပေါ်လာသည်နှင့်....

ထိန်းချုပခံထားရသည့်မြွေကြီး ခေါင်းထောင်လာပြီး နတ်ဆိုးမျိုးနွယ်ဘာသာစကားဖြင့် အော်ဟစ်လိုက်သည်။

ဝူမန်ယွဲ့ သားရဲဘုရင်တွေ၏လုပ်ဆောင်ချက်ကို ထိန်းချုပ်ဖို့ အလားတူနည်းလမ်းကို အသုံးပြုလိုက်တာဖြစ်သည်။

သို့ပေမယ့်....

ဂျန်ဖန်း အဆုံးမရှိသည့်စိတ်ဝိညာဥ်စွမ်းအင်တွေရှိနေသကဲ့သို့ အစွမ်းထက်တိုက်ခိုက်မှုတွေ အဆက်မပြတ်ထုတ်လွတ်နေခဲ့သည်။

အသိဉာဏ်အတော်လေးဖွံ့ဖြိုးပြီးသည့်သားရဲဘုရင်တွေ ဆက်အသေမခံနိုင်တော့ပေ။

၎င်းတို့က မြွေကြီး၏အမိန်နှင့်တောင် ပြန်ဆုတ်နေဆဲဖြစ်သည်။

အထူးသဖြင့် အမြုတေအဆင့် ၄ သားရဲအနည်းငယ်က ဆုတ်ခွာမှုကို ဦးဆောင်နေခဲ့သည်။

ရလဒ်အနေဖြင့်...

နတ်ဆိုးသားရဲအများအပြား ဝူမန်ယွဲ့တို့ဘက်ကို ပြန်ဆုတ်လာခဲ့သည်။

"မသွားနဲ့..."

"အားလုံးရပ်ကြစမ်း..."

ဝူမန်ယွဲ့ အစီရင်အလံကိုကိုင်ပြီး အဆက်မပြတ်ပြောနေခဲ့သည်။

သူမခြေထောက်အောက်ရှိသားရဲဘုရင် ဟိန်းဟောက်အမိန့်ပေးနေ၏။

သို့ပေမယ့် လုံးဝမရပ်တန့်နိုင်ပေ။

သားရဲဘုရင်တွေ ထွက်ပြေးတော့မှာမြင်သည့်အခါ....

ဝူမန်ယွဲ့ သူမခက်ခက်ခဲခဲစုဆောင်းထားသည့် သားရဲဘုရင်တွေကို ဘယ်လိုလုပ် ပြန့်ကျဲခွင့်ပြုမည်နည်း။

အံကြိတ်ပြီး ပြောလိုက်သည်။

"လှုပ်ရှားဖို့ပြင်ကြ..."

"နင်တို့သတ်နိုင်သလောက် များများသတ်ကြ..."

ထို့နောက်ဦးဆောင်ပြီး အောက်ရှိမြွေသားရဲကို အမိန့်ပေးကာ ပထမဆုံးတိုက်ခိုက်လိုက်၏။

ဘန်း!

ဧရာမမြွေအမြီးကြီးက ချက်ချင်းပဲ အမြုတေအဆင့် ၄ သားရဲဘုရင်ကို ရိုက်ချလိုက်၏။

ချက်ချင်းပဲ, သားရဲဘုရင်တွေကြောင်သွားသည်။

မကြာမီ, သူတို့ခေါင်းဆောင်နှင့်ပတ်သက်ပြီး တစ်ခုခုမှားနေတာ သတိထားမိလိုက်၏။

ထို့နောက် ဒေါသတကြီးဟိန်းဟောက်ပြီး ၎င်းတို့ခေါင်းဆောင်ခေါင်ပေါ်ရှိ လူသားပုံရိပ်တွေဆီ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

ဝူမန်ယွဲ့ နှာမှုတ်လိုက်၏။

"နင်တို့အခုမှနားလည်လည်း နောက်ကျသွားပြီ..."

"တိုက်ခိုက်..."

ဧရာမြွေကြီး စက်ရုပ်တစ်ခုကဲ့သို့ သားရဲဘုရင်တွေကို ကြိတ်ချသွား၏။

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်သုံးယောက်လည်း တိုက်ပွဲထဲဝင်ပါလာ၏။

အခြားတစ်ဖက်၌...

ရှချောင်ကောနှင့် အခြားနှစ်ယောက် အကန့်အသတ်ကိုရောက်နေပြီး လုံးဝအားကုန်နေခဲ့သည်။

လန်ဖေးယန်ဆို ဓားတောင်မမြောက်နိုင်တော့ပေ။

လွန်ခဲ့သည့် ၂ နာရီကတည်းက...

သူက ဓားဝှေ့ယမ်းဖို့ စိတ်စွမ်းအားနှင့် ခန္ဓာကိုယ်စွမ်းအားကိုသာ မှီခိုနေရသည်။

လက်မောင်ဆိုလွဲယမ်းရလွန်း၍ အခုဆို ထူထည်းသည့်နွားခြောက်ထောက်ကဲ့သို့ ရောင်ကိုင်းနေပြီဖြစ်သည်။

ထို့ပြင် ဂျင်ကျောင်းမင်အခြေအနေလည်း အများကြီးပိုမကောင်းပေ။

အားအလွန်အကျွံ့သုံးဆွဲမှုကြောင့် တစ်ကိုယ်လုံးရှိကြွက်သားတွေ စုတ်ပြဲနေပြီး ပဲငံပြာရောင်အရည်တွေ ချွေးပေါက်ထဲမှစီးကျနေ၏။

ရှချောင်ကောတောင် စိတ်ဝိညာဥ်စွမ်းအင် လုံးဝကုန်ခမ်းနေခဲ့သည်။

သူမအမူအရာက အရင်ကကဲသို့တည်ငြိမ်နေသော်လည်း....

မျက်နှာဖြူဖြော့နေပြီး နဖူးမှချွေးတွေအဆက်မပြတ်စီးကျနေသဖြင့် အကန့်အသတ်ရောက်နေတာ သိသာ၏။

သူတို့သုံးယောက် နောက်ထပ် တောင့်မခံနိုင်တော့ပေ။

"ကောင်းကင်ဘုံက ငါတို့ကို စွန့်လွတ်လိုက်ပြီထင်တယ်..."

လန်ဖေးယန် သက်ပြင်းချပြီး ပိုပိုနီးကပ်လာသည့်နောက်ဘက်ရှိလူသားအော်ရာကို ဆန္ဒမရှိစွာလှည့်ကြည့်လိုက်သည်။

ဂျန်ကျောင်းမင်မျက်လုံးတွေလည်း ဆန္ဒမရှိမှုတွေ ပြည့်နှက်နေခဲ့သည်။

နောက်ဘက်ရှိ တပ်ကူကိုကြည့်ပြီး မျက်လုံးတွေ၌ နာကျည်းမှုတွေ ပြသလာ၏။

"အဲ့ကောင်ဘာလုပ်နေတာလဲ..."

"ဒီလောက်ကြာနေပြီ, ခုထိရောက်မလာသေးဘူး...."

ရှချောင်ကော သူ့ကိုတစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"နင့်မှာသတ္တိရှိရင်, သူနဲ့မျက်နှာချင်းဆိုင်သွားပြောပါ့လား..."

ဂျင်ကျောင်းမင်ပါးစပ် ချက်ချင်း တွန့်လိမ်သွား၏။

တောင်ကြားအဝင်ဝမှစ၍ သားရဲဘုရင် ၅၀ ကျော်သတ်ပြီးလမ်းဖောက်လာသည့် လူတစ်ယောက်ကို သူဘယ်လိုလုပ် ရန်စရဲမည်နည်း။

တစ်ချက်ရိုက်ရုံဖြင့်တောင် သူ့ကိုသတ်နိုင်တာပဲဖြစ်သည်။

လန်ဖေးယန်လည်း မကျေမနပ်ပြောလိုက်သည်။

"မင်းက ခုချိန်မှာတောင် မကျေမနပ်ဖြစ်နေသေးတယ်နော်..."

"တစ်ဖက်လူက ငါတို့ကိုကယ်ဖို့ဆန္ဒရှိတာကကို အတော်လေးကျေးဇူးတင်ဖို့ကောင်းနေပြီ..."

"ပြီးတော့, ၃ နာရီလောက်ဆက်တိုက်ခိုက်နေရတာ, သာမန်အခြေအနေမှာဆို သူ့ရဲ့စိတ်ဝိညာဥ်စွမ်းအားလည်း အချိန်အတော်ကြာကတည်းက ကုန်ခမ်းနေလောက်ပြီ..."

"စွမ်းအင်ပြန်ဖြည့်တင်းတဲ့ ရှားပါးကျင့်စဥ်တစ်မျိုးမျိုးကျင့်ထားလို့တာ ဆက်တိုက်ခိုက်နိုင်နေတာဖြစ်မှာ...."

"ဒါကို မင်းက မကျေမနပ်ဖြစ်နေသေးတယ်..."

အဖွဲ့ဝင်နှစ်ယောက်၏ပြစ်တင်ပြောဆိုမှုခံရတော့....

ဂျင်ကျောင်းမင်မျက်နှာ ပျက်သွားပြီး နှာမှုတ်လိုက်၏။

"ဒီလောက်အများကြီးပြောနေတာ ဘာအဓိပ္ပာယ်ရှိမှာလဲ..."

"ငါတို့ ခုချိန်ထိ အကယ်မခံရသေးဘူးမလား..."

ဤအခိုက်အတန့်၌....

သားရဲဘုရင်သုံးကောင် သူတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်၏။

လန်ဖေးယန်လက်မောင်းဓားတောင်မမြောက်နိုင်တော့ရာ သေစေနိုင်သည့်တိုက်ခိုက်မှုကိုခံစားမိတော့ မချိုပြုံးတစ်ခု သူ့ပါးစပ်ထောင့်မှာပေါ်လာခဲ့သည်။

"နတ််ဆိုးသားရဲအုပ်လက်ထဲမှာ သေရတော့မယ်..."

"ဆရာ့သင်ကြားမှုတွေကို ဖျက်ဆီးသလိုဖြစ်မိပြီ...."

ရှချောင်ကောလည်း အနည်းငယ်သက်ပြင်းချပြီး မျက်လုံးထဲ၌ အကူအညီမဲ့မှုအနည်းငယ်ပြသလာ၏။

"အောင်မြင်ခါနီးမှ..."

ရောက်လုနီးပါးဖြစ်နေသည့်တပ်ကူကိုကြည့်ပြီး ရှချောင်ကောမျက်လုံးတွေ နှောင်တရမှုတွေ ပြသလာ၏။

ထို့နောက် ထိန်းချုပ်မရစွာပဲ အမှတ်တရပုံရိပ်တွေ သူမစိတ်ထဲဖြတ်ပြေးလာသည်။

အားလုံးက သူမဘဝ၏ အရေကြီးအခိုက်အတန့်တွေနှင့် လူတွေပင်။

ရုတ်တရက် လူငယ်လေးတစ်ယောက်၏မျက်နှာလည်း သူမစိတ်ထဲမှာ ပေါ်လာပြီး နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခုပေါ်လာခဲ့သည်။

"သေခါနီးအချိန်မှာ ဦးလေးဆရာကိုတွေးမိနေတာပဲ..."

"သူဘယ်အချိန်က ငါ့အတွက် ဒီလောက်အရေးကြီးသွားရတာလဲ..."

"အား, သူကအငါ့အကြောင်းအာရုံစိုက်တာတောင်မဟုတ်ပဲနဲ့, ဘာလို့ သူ့အကြောင်းတွေးနေရသေးတာလဲ...."

ကြမ်းတမ်းသည့်လေပြင်းတစ်ခု တိုက်ခတ်လာ၏။

ရှချောင်ကော သူမဓားကိုမြှောက်ပြီး နောက်ဆုံးတိုက်ခိုက်မှု ထုတ်လွတ်လိုက်၏။

သူမအခြေအနေနှင့် ဤသေစေနိုင်သည့်တိုက်ခိုက်မှုကို မတားနိုင်ပေ။

သို့ပေမယ့်....

သူတို့ လုံးဝစိတ်ဓာတ်ကျနေသည့် ဤအခိုက်အတန့်၌...

သားရဲဘုရင်တွေ တစ်စုံတစ်ခုကိုအာရုံခံမိသွားပုံရကာ....

တိုက်ခိုက်မှုတွေကို အလျှင်အမြန်ပြန်ရုတ်သိမ်းပြီး တောင်ကြား၏အခြားတစ်ဖက်ကို ပြေးတော့သည်။

သုံးယောက်သား ကြောင်သွား၏။

ထို့နောက် သတိထားမိလိုက်သည်။

သားရဲဘုရင်တွေ ဆုတ်ခွာသွားပြီပင်။

ထို့ပြင် ကျန်ရှိသည့်သားရဲဘုရင် ၅ကောင် ၆ ကောင်ကလည်း ဂျန်ဖန်းကို မတိုက်ခိုက်ရဲတော့ပေ။

အားလုံး ထွက်ပြေးကြတော့၏။

ပိတ်နေပြီး သူတို့အားစိတ်ဓာတ်ကျစေသည့် တောင်ကြား၏အခြားတစ်ဖက်...

နောက်ဆုံးမှာတော့ ရှင်းလင်းသွားခဲ့သည်။

တစ်ချက်ကြည့်လိုက်ရာ...

ဘာမှရှိမနေပဲ အတုန်းအရုန်းလဲနေသည့် သားရဲဘုရင်အလောင်းတွေသာ ရှိနေခဲ့သည်။

တောင်ကုန်းတွေကဲ့သို့ အထပ်ထပ်လဲကျနေခဲ့သည်။

တချိန်တည်းမှာပဲ နတ်ဆိုးသားရဲအလောင်းတစ်ခုပေါ်၌ အရပ်ရှည်ရှည်ပုံရိပ်တစ်ခု ဓားကိုင်ပြီးရပ်နေခဲ့သည်။

အခန်း (၄၅၉)

စီနီယာ

သုံးယောက်သားမော့ကြည့်လိုက်ရာ ချက်ချင်း တုန်လှုပ်သွားကြ၏။

သွေးတွေစိုဆွဲနေသည့်အမျိုးသားတစ်ယောက် သွေးကန်ထဲမှလျှောက်ထွက်လာသလိုပင်။

အဝတ်၊ဆံပင်နှင့် မျက်နှာ အားလုံး သွေးတွေပေကျံနေခဲ့သည်။

သူက မရေမတွက်နိုင်သည့်သားရဲဘုရင်အလောင်းအပေါ်၌ ရပ်နေပြီး ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ယောက်လိုပင်။

သူတို့သုံးယောက်ပေါင်းတောင် မချိုးဖျက်နိုင်သည့်သားရဲအုပ်ကို သူက ဓားတစ်လက်ဖြင့် သတ်ဖြတ်လာခဲ့တာ စိတ်ကူးကြည့်လို့တောင်မရပေ။

လန်ဖေးယန် ခက်ခက်ခဲခဲဆံထွေးမျိုချလိုက်သည်။ တစ်ခဏတုန်လှုပ်ပြီးနောက် အသိပြန်ဝင်လာခဲ့သည်။

အလျှင်အမြန်ပဲ လက်ချင်းယှက်ကာ အရိုအသေပေးလိုက်၏။

"ဂျူနီယာလန်ဖေးယန်, အသက်ကယ်တဲ့အတွက် စီနီယာ့ကို ကျေးဇူးတင်ပါတယ်...."

ဂျင်ကျောင်းမင်လည်း အတော်လေးကျေးဇူးတင်နေခဲ့သည်။

သူလည်း လက်ချင်းယှက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

"စီနီယာ, မင်းရဲ့ကြင်နာမှုကို ဂျင်ကျောင်းမင် ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး..."

ရှချောင်ကောတောင် မကြန့်ကြာရဲပေ။

အရိုအသေပေးပြီး ပြောလိုက်သည်။

"ရှချောင်ကော အသက်ကယ်ပေးလို့ စီနီယာ့ကိုကျေးဇူးတင်ပါတယ်..."

"စီနီယာနာမည်များ သိခွင့်ရှိမလား? ချောင်ကော ဆရာ့ကိုတောင်းဆိုပြီး ကိုယ်တိုင်သွားပြီး ကျေးဇူးတင်ခိုင်းလိုက်ပါ့မယ်..."

ဤအခြေအနေ၌...

အမြုတေအဆင့် ၇ ကျွမ်းကျင်သူတစ်ယောက်တောင် အကူအညီမဲ့နေမည်ဖြစ်သည်။

သူတို့ကို အောင်မြင်စွာကယ်ဖို့က ကောင်းကင်တက်ရတာထက်ပိုခက်၏။

ဤကဲ့သို့ကျေးဇူးမျိုး ကျေးဇူးတင်စကားအနညးငယ်ဖြင့် ပြန်ပေးလို့ရမည်မဟုတ်ပေ။

"ယဥ်ကျေးနေဖို့မလိုပါဘူး..."

ဂျန်ဖန်းပြောလိုက်သည်။ ထိုအခါမှသာ သူ့အသံက အက်ကွဲကွဲဖြစ်နေတာ သိလိုက်၏။

သုံးနာရီဆက်တိုက် သေခြင်းရှင်ခြင်းတိုက်ပွဲတိုက်ခိုက်ပြီးနောက်...

သူ၏သွေးစွမ်းအင်က တစ်ချိန်လုံး အထွတ်အထိပ်ကိုရောက်နေပြီး အသိစိတ်ကို အုံ့မှိုင်းနေစေသည်။

သူ့အသံအောနေရုံသာမက အကြားနှင့်အမြင်အာရုံလည်း အတော်လေး သက်ရောက်ခံထားရ၏။

ကံကောင်းစွာဖြင့် အရမ်းကြီးမပြင်းထန်ပေ။

သူက သားရဲကျောပေါ်မှခုန်ဆင်းပြီး ရှချောင်ကောဘေးဆင်းလိုက်သည်။

ဂရုတစိုက်စစ်ကြည့်ပြီးနောက် အပေါ်ယံဒဏ်ရာအနည်းငယ်မှလွဲ၍ ထိခိုက်ဒဏ်ရာမရှိပေ။

ထိုအခါမှသာ သက်သာရာရစွာ သက်ပြင်းချလိုက်၏။

"မင်းဘာမှမဖြစ်သရွေ့အဆင်ပြေတယ်..."

ဂျန်ဖန်းပြောလိုက်သည်။

လန်ဖေးယန်နှင့် ဂျင်ကျောင်းမင်တို့ အကြည့်ခြင်းဖလှယ်လိုက်ကြ၏။

အဘယ်ကြောင့် ဤစီနီယာက ရှချောင်ကောကိုကယ်ဖို့ တကူးတကလာခဲ့ပုံဖြစ်နေရသနည်း။

ဂိုဏ်း ၉ ဂိုဏ်း နံပါတ် ၁ ဆိုသည့် ရှချောင်ကောအဆင့်အတန်းကိုတွေးမိတော့...

သူတို့ချက်ချင်း နာလည်လိုက်ကြသည်။

ရှချောင်ကောလိုအဆင့်အတန်းရှိတစ်စုံတစ်ယောက်အတွက် သူမကိုအသက်စွန့်လာကယ်မည့်စီနီယာတွေရှိတာ ကျိုးကြောင်းဆီလျော်တာပဲဖြစ်သည်။

ရှချောင်ကော အနည်းငယ် ပဟေဠိဖြစ်သွား၏။

အသံက ရင်းနှီးနေပေမယ့် သူမ ဤကဲ့သို့ စီနီယာမျိုးနှင့် မသိပေ။

"ကျေးဇူးအများကြီးတင်ပါတယ်, စီနီယာ...."

ဂျန်ဖန်း ရယ်ရမလို ငိုရမလိုဖြစ်သွား၏။

သူ့အသံအောသွာသည့်အတွက် သူမ သူ့ကိုမမှတ်မိဘူးလား?...

သို့ပေမယ့် ဤအချိန်က ရှင်းပြနေဖို့ အချိန်မဟုတ်ပေ။

သားရဲဘုရင်တွေ သူ၏သတ်ဖြတ်မှုကြောင့် ကြောက်လန့်တကြား ဆုတ်ခွာနေကြသည်။

ဤကဲ့သို့အောင်မြင်မှုကြီး... သူဘယ်လိုလုပ် လက်လွတ်ခံနိုင်မည်နည်း။

၎င်းတို့သာ တောင်ကြားမှထွက်ပြီးအရပ်မျက်နှာအသီးသီးသို့ပြန့်ကျဲသွားလျှင် ဘယ်နေရာမှာ သွားရှာရမည်နည်။

"မင်းတို့တိုက်ခိုက်နိုင်သေးလား..."

ရှချောင်ကော ခေါင်းခါယမ်းလိုက်သည်။

"ဂျူနီယာစိတ်ဝိညာဥ်စွမ်းအင်က လုံးဝကုန်ခမ်းနေပြီ..."

လန်ဖေးယန်လည်း သူ၏ရယ်စရာကောင်းလောက်အောင်ဖောင်းကားနေသည့်လက်မောင်းကို မြှောက်ပြလိုက်သည်။

စီနီယာနောက်လိုက်ပြီး သားရဲတွေအမဲလိုက်လျှင် သူတို့လည်း အနည်းဆုံး နတ်ဆိုးအမြုတေအနည်းငယ်ရနိုင်၏။

သို့ပေမယ့် လုံးဝမလှုပ်နိုင်တော့ပေ။

ဂျန်ဖန်းခေါင်းညိတ်ပြီး စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးလုံး ၂ လုံးထုတ်ကာ ရှချောင်ကောနှင့် လန်ဖေးယန်ကို ပေးလိုက်သည်။

"ဒါစားပြီးရင် သားရဲဘုရင်တွေ အမဲလိုက်ဖို့ ငါ့နောက်က လိုက်ခဲ့..."

ဘာ?...

လန်ဖေးယန် အနည်းငယ်တွေဝေသွား၏။

သူက ဤအရာက ဘယ်လိုဆေးလုံးမျိုးလဲဆိုတာတောင် မသိပေ။

သို့ပေမယ့် ရှချောင်ကော တွေဝေမနေပဲ ချက်ချင်း တစ်လုံးမြိုချလိုက်သည်။

ဤအမျိုးသားသာ သူမကိုထိခိုက်စေချင်လျှင် သူမကိုကယ်ဖို့ ဤလောက်စွန့်စားလာမည်မဟုတ်ပေ။

ရှချောင်ကော ဆေးလုံးသောက်လိုက်တာမြင်တော့ လန်ဖေးယန်လည်း နောက်ထပ်တွေဝေမနေတော့ပဲ မြိုချလိုက်သည်။

နောက်တစ်ခဏ၌...

သူက အံ့အားသင့်စွာအော်ပြောလိုက်သည်။

"ငါ့စိတ်ဝိညာဥ်စွမ်းအား... အပြည့်အဝပြန်ကောင်းသွားပြီ..."

အံ့အားသင့်သည့်အမူအရာတစ်ခု ရှချောင်ကော၏ပုံမှန်တည်ငြိမ်ပြီး နူးညံ့သည့်မျက်နှာပေါ်၌ ပေါ်လာခဲ့သည်။

တစ်ခဏအတွင်းမှာပဲ သူမ၏အစောပိုင်းဗလာဖြစ်နေသည့်ရွှေအမြုတေက စိတ်ဝိညာဥ်စွမ်းအင် ၇၀ ၈၀ ရာခိုင်းနှုန်းလောက်ပြန်ပြည့်လာတာ သတိထားမိလိုက်သည်။

သူမ၏သိချင်စိတ်ကို မထိန်းနိုင်ပဲ မေးလိုက်သည်။

"စီနီယာ, ဒါဘယ်လိုဆေးလုံးမျိုးလဲ..."

အခြေခံတည်ဆောက်ခြင်းနောင်းပိုင်းအဆင့် လန်ဖေးယန်၏စိတ်ဝိညာဥ်စွမ်းအင်ကို ချက်ချင်းပြန်ပြည့်သွားစေပြီး...

သူမလို အမြုတေအဆင့်၏စိတ်ဝိညာဥ်စွမ်းအင်ကို ၇၀ ၈၀ ရာခိုင်နှုန်းလောက်ပြည့်သွားစေခဲ့သည်။

၎င်း၏အာနိသင်က အံ့သြစရာကောင်းလွန်းလှ၏။

ဂျန်ဖန်း ပြောလိုက်သည်။

"နောက်မှဆွေးနွေးကြတာပေါ့။ ငါနဲ့အတူ သားရဲအုပ်ကိုလိုက်သတ်ရအောင်။ အခွင့်အရေးကို လွဲချော်မသွားစေနဲ့...."

လန်ဖေးယန် ချက်ချင်း စိတ်ဓာတ်တက်ကြွလာ၏။

ဤအစွမ်းထက်စီနီယာနှင့်ဆို သူ့နောက်လိုက်တာ အနည်းငယ်လေးတောင် အန္တရာယ်ရှိမည်မဟုတ်ပေ။

သားရဲသတ်တာလို့ခေါ်ပေမယ့် လက်တွေ့မှာတော့ နတ်ဆိုးအမြုတေတွေ ရိတ်သိမ်းတာပဲဖြစ်သည်။

ရှချောင်ကောလည်း ခေါင်းညိတ်လိုက်၏။

လွန်ခဲ့သည့်တစ်ခဏက...

ဤသားရဲအုပ် သူမတို့ကိုဝိုင်းထားပြီး လွတ်လမ်းမပေးခဲ့ပေ။

ယခု ပြန်တိုက်ခိုက်ဖို့ အချိန်ရောက်ပြီဖြစ်သည်။

"ခဏနေပါအုန်း, စီနီယာ, ကျွန်တော့်အတွက်ကော..."

ဂျင်ကျောင်းမင်အမူအရာ စိုးရိမ်သွားပြီး ပြောလိုက်သည်။

ဤအရာက ရွှေရောင်အခွင့်အလမ်းဖြစ်ပြီး အလကားရသည့်အကျိုးကျေးဇူးပင်။

ရှချောင်ကောနှင့် လန်ဖေးယန်အခွင့်အရေးရှိလျှင် သူက ဘယ်လိုလုပ် နေခဲ့နိုင်မည်နည်း။

ဂျန်ဖန်း သူ့ကို လေးတွဲစွာကြည့်လိုက်သည်။

"မင်းက ခန္ဓာကျင့်ကြံသူတစ်ယောက်လေ။ စွမ်းအင်ပြန်လည်ဖြည့်တင်းခြင်းဆေးလုံးက မင်းအတွက်ဘာအသုံးဝင်မှာလဲ...."

ဂျင်ကျောင်းမင် ချက်ချင်းပြန်ပြောလိုက်သည်။

"စီနီယာ, မင်းမသိလို့..."

"ငါတို့ခန္ဓာသန့်စင်ဂိုဏ်းက စိတ်ဝိိညာဥ်စွမ်းအားကိုမသုံးပေမယ့် စိတ်ဝိညာဥ်စွမ်းအင်နဲ့ ငါတို့ခန္ဓာကိုယ်တွေကို ပြန်ကုနိုင်တယ်..."

"စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးလုံးက ငါ့အတွက်လည်း အကျိုးရှိတယ်..."

ဂျန်ဖန်း ခပ်ဖွဖွခေါင်းညိတ်လိုက်သည်။

"အင်း..."

ဂျင်ကျောင်းမင်မျက်နှာပျော်ရွင်မှုကြောင့် တောက်ပသွားပြီး ဂျန်ဖန်း သူ့ကို ဆေးလုံးပေးတော့မည်ဟုထင်လိုက်၏။

ဂျန်ဖန်း ရိုးရှင်းစွာပဲ မြေပြင်ကိုခြေဖျားဖြင့်ထိကာ နောက်လှည့်မကြည့်ပဲ အဝေးကိုထွက်ခွာသွားခဲ့သည်။

သူက ပြောလိုက်သည်။

"မင်းကိုကူညီဖို့ စိတ်ရင်းကောင်းတဲ့လူတစ်ယောက်ရှာလိုက်ပါ..."

"ငါကတော့ မကူညီနိုင်ဘူး..."

အစောပိုင်း၌ သူတို့က အရမ်းကြီးမဝေး၍ ဂျင်ကျောင်းမင်ပြောတာကို ကြား၏။

ဤအရာက ဘယ်လိုလူစားမျိုးနည်း။

ထို့ပြင် အစောပိုင်းပြောဆိုမှုမရှိလျှင်တောင် ဂျန်ဖန်း ထိုကောင်၏ယခင်အပြုအမူတွေကြောင့် ပေးမည်မဟုတ်ပေ။

ဂျင်ကျောင်းမင်မျက်နှာ အေးခဲသွား၏။

သူအစောပိုင်းပြောသည့်စကားတွေ ဂျန်ဖန်းကြားသွားပြီဆိုတာ အလျှင်အမြန်ပဲနားလည်လိုက်သည်။

လန်ဖေးယန် သူ့ကို ဝမ်းသာအားရကြည့်လိုက်ပြီး လှောင်ပြောင်ဖို့ ကြောက်မနေပေ။

"စီနီယာအကိုဂျင်, မင်း ဒီတောင်ကြားက မြန်မြန်ထွက်သွားဖို့ အကြံပေးချင်တယ်..."

"မင်းရဲ့လက်ရှိအခြေအနေနဲ့ သင်းကွဲသားရဲဘုရင်တစ်ကောင်ကတောင် အသာလေးသတ်နိုင်တယ်...."

ဂျင်ကျောင်းမင်နှလုံးသား တုန်ယင်သွား၏။

သူတို့၏ထွက်ခွာသွားသည့်ပုံရိပ်ကို ဆန္ဒမရှိစွာကြည့်နေပြီး ဤအန္တရာယ်များသည့်နေရာမှ ထွက်သွားဖို့ဆုံးဖြတ်လိုက်၏။

သို့ပေမယ့် ပြန်လှမ်းတစ်လျှောက် သူ့ဒေါသတွေ ပိုပိုကြီးမားလာခဲ့သည်။

တစ်ခွန်လေး မကျေမနပ်ပြောမိရုံဖြင့် သူနှင့် လန်ဖေးယန်၊ ရှချောင်ကောတို့၏ ဆက်ဆံခံရမှုက ကမ္ဘာတစ်ခုခြားသွားခဲ့သည်။

တစ်ယောက်က စီနီယာနောက်လိုက်ပြီး နတ်ဆိုးအမြုတေတွေ စုဆောင်းရပြီး...

အခြားတစ်ယောက်ကတော့ သနားစရာကောင်းစွာ ပြန်သွားခဲ့ရသည်။

ဘာကြောင့်လဲ...

ရုတ်တရက်...

ပတ်ပတ်လည်ရှိနတ်ဆိုးသားရဲအလောင်းတွေ အမြုတေမထုတ်ယူရသေးတာ သတိထားမိသည့်အခါ သူ့မျက်လုံးတွေ တောက်ပသွား၏။

"ဟ..ဟ..ဟ..."

"သူတို့ ငါ့ကိုထားခဲ့တယ်..."

"ငါဘာသာယူနိုင်တာပဲမဟုတ်ဘူးလား..."

"နတ်ဆိုးအမြုတေတွေအများကြီးပဲ, အနည်းဆုံး အကျိုးပြုမှတ် ၁၀၀၀ လောက်တန်တယ်..."

"ဒါတွေကို နေဝင်မြို့ပြန်ယူသွားနိုင်ရင် သူတို့ ငါ့ကို ဘာလုပ်နိုင်မှာလဲ..."

အဆုံးမှာတော့ သူ့ဆရာကုန်းယွမ်ဘက နေဝင်မြို့မှာ ရှိတာဖြစ်သည်။

ဤလူက ကုန်းယွမ်ဘဆီမှ နတ်ဆိုးအမြုတေတွေ ပြန်တောင်းရဲမည်လား။

တွေဝေမနေပဲ သားရဲတစ်ကောင်နားချည်းကပ်သွား၏။

သူ ထိုကောင်၏ဝမ်းဗိုက်ကိုခွဲတော့မည့်အချိန်မှာပဲ...

ရုတ်တရက် အမှောင်ထုတစ်ခု သူ့အမြင်ကို ဖုံးလွမ်းသွားပြီး ကြီးမားသည့်နွားသိုးခွာကြီးတစ်ခု သူ့မျက်နှာပေါ် အညာတာကင်းမဲ့စွာ နင်းချလာခဲ့သည်။

အားကုန်နေ၍ ဂျင်ကျောင်းမင် မရှောင်နိုင်ခဲ့ပေ။

အကန်ခံလိုက်ရပြီး မြေပြင်ပေါ်လဲကျသွားခဲ့သည်။

ဖြူလေး အထင်သေးစွာ ဆံထွေးထွေးလိုက်၏။

"ဘယ်လိုတောင်ရဲတင်းလာလဲ။ အကိုဂျန်ရဲ့ နတ်ဆိုးအမြုတေတွေကို ခိုးရဲတယ်..."

စိတ်ဝိညာဥ်မြင်းလည်းရောက်လာခဲ့သည်။

၎င်း၏ ယှဥ်ပြိုင်လိုစိတ်ကြောင့် ခေါင်းငုံ့ပြီး ဂျင်ကျောင်းမင်ဖင်ကို ဂျိုဖြင့်ထိုးချလိုက်သည်။

သတိမေ့နေသည့်ဂျင်ကျောင်းမင် အထိန်းကွပ်မဲ့စွာတွန့်လိမ်သွား၏။

ထိုစဥ် ဂျန်ဖန်း...

ရှချောင်ကော၊ လန်ဖေးယန်တို့နှင့်အတူ သားရဲဘုရင်တွေကို လိုက်သတ်နေခဲ့သည်။

ထိပ်တိုက်တိုက်ခိုက်တာထက် နောက်မှလိုက်သတ်တာက အများကြီးပိုလွယ်ကူ၏။

သားရဲဘုရင်တွေ ထွက်ပြေးဖို့သာအာရုံစိုက်နေပြီး ပြန်မခုခံရဲကြပေ။

ရလဒ်က သုံးယောက်သားကို ကြီးကြီးမားမား သတ်ဖြတ်နိုင်စေ၏။

အခြားတစ်နေရာ...

ဝူမန်ယွဲ့နှင့် သူမအဖွဲ့ ရုန်းကန်နေကြ၏။

သားရဲလှိုင်း ပိုမိုပြင်းထန်လာသည်နှင့်အမျှ...

သူတို့က သေခါနီးသားရဲဘုရင်တွေ၏ အပြင်းအထန်တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရ၏။

ဝူမန်ယွဲ့သာ အခြေအနေပိုကောင်းပြီး ကျန်သုံးယောက်ကတော့ ဒဏ်ရာအပြင်းအထန်ရကာ ကျောက်ဆောင်တစ်ခုအပေါ်၌ မလှုပ်မယက်လှဲနေကြသည်။

ဝူမန်ယွဲ့လည်း တစ်ယောက်တည်း အကြာကြီးထိန်းမထားနိုင်ပေ။

ဖြူဖြော့သည့်မျက်နှာဖြင့် မြွေကြီးကျောပေါ်မှာ လဲချလိုက်တော့သည်။

ထို့နောက် သူမအကြည့်အောက်မှာပဲ သားရဲတွေ ထွက်ပြေးသွားတာကို အကူအညီမဲ့စွာ ကြည့်နေရုံပဲ တတ်နိုင်၏။

အကြမ်းဖျင်းတွက်ကြည့်လျှင်....

သားရဲဘုရင် ၂၀ ထက်မနည်း လွတ်မြောက်သွား၏။

"သေစမ်း..."

"ဘာတွေဖြစ်နေတာလဲ..."

ပထမ၌ သူတို့ သားရဲလှိုင်းကို ထိန်းထားနိုင်၏။

သို့ပေမယ့် မသိရသည့်အကြောင်းပြချက်အချို့ကြောင့် နောက်ပိုင်း၌ သားရဲဘုရင်တွေ အရူးအမူတိုက်ခိုက်လာပြီး သူတို့၏လက်ရှိအခြေအနေကို ဖြစ်သွားစေခဲ့သည်။

ထိုအခိုက်အတန့်၌...

အသံနိမ့်တစ်ခု ပေါ်လာ၏။

"စီနီယာ, ဒီမှာ အမြုတေအဆင့် ၅ တစ်ကောင်ကျန်သေးတယ်..."

All Chapters