← Chapters

အခန်း (၄၅၇-၄၅၈)

Vol. 46 Ch. 457-458

အခန်း (၄၅၇-၄၅၈)

Vol. 46 Ch. 457-458

အခန်း။ ၄၅၇

"ဖေဖေက တစ်ဖက်ကမ္ဘာရဲ့ အခြေအနေကို စုံစမ်းချင်တာပေါ့..."

ကျိရုရွှယ်သည် လုချွမ်း၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် ရိပ်မိလိုက်သည်။

ဤဟင်းလင်းပြင်အက်ကြောင်းမှာ အခြားကမ္ဘာမှ သတ္တဝါများကို မိမိတို့ကမ္ဘာသို့ ဝင်ရောက်

ခွင့်ပေးထားသကဲ့သို့ပင် မိမိတို့ဘက်မှလည်း တစ်ဖက်ကမ္ဘာသို့ သွားရောက်ရန် လမ်းစတစ်ခု ဖြစ်နေသည်။ အမှန်စင်စစ် သူမကိုယ်တိုင်လည်း ထိုအက်ကြောင်းနောက်ကွယ်မှ ကမ္ဘာအကြောင်းကို စူးစမ်းလိုစိတ် ပြင်းပြနေခဲ့သည်မှာ ကြာပြီဖြစ်သည်။

သူမ၏ ယခင်ဘဝ၌ အင်အားကြီးမားခဲ့သော်လည်း အခြားကမ္ဘာနှင့် ပတ်သက်လျှင်မူ ဘာတစ်ခုမျှ မသိခဲ့ချေ။ ထိုစဉ်ကလည်း လူအများအပြားမှာ စူးစမ်းလိုစိတ်ဖြင့် အက်ကြောင်းအတွင်းသို့ ဝင်ရောက်ကာ ရန်သူ့နောက်တန်းကို အနှောင့်အယှက်ပေးရန် ကြိုးပမ်းခဲ့ကြဖူးသည်။

သို့သော်လည်း စမ်းသပ်မှုပေါင်းများစွာ ပြုလုပ်ခဲ့ပြီးနောက်တွင်တော့ မည်သူမျှ ထိုအကြံကို ဆက်လက်မလုပ်ဆောင်ဝံ့ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် အက်ကြောင်းအတွင်းသို့ ခြေချလိုက်သည့် မည်သူမဆို တစ်ယောက်မျှ ပြန်လည်ရောက်ရှိမလာခဲ့သောကြောင့်ပင်။

ထိုသူများမှာ အဆင့်အတန်းအမျိုးမျိုး၊ အင်အားအမျိုးမျိုး ရှိကြသော်လည်း အက်ကြောင်းအတွင်းမှ ပြန်ထွက်လာနိုင်သူ တစ်ဦးတစ်လေမျှ မရှိခဲ့ဘဲ ဟင်းလင်းပြင်အက်ကြောင်းသို့ ခြေချပြီးနောက် မည်သို့ဖြစ်သွားကြသည်ကို မည်သူမျှ မသိရှိနိုင်ခဲ့ကြချေ။ နောက်ဆုံးတွင်တော့ ကြိုတင်မခန့်မှန်းနိုင်သော အန္တရာယ်များကြောင့် လူသားများသည် အခြားကမ္ဘာသို့ စူးစမ်းရန် အစီအစဉ်ကို စွန့်လွှတ်ခဲ့ကြရသည်။

"ဟုတ်တယ်"

ထိုစကားကို ကြားသောအခါ လုချွမ်းက မျက်ဝန်းများ တောက်ပလျက် ခေါင်းညိတ်ပြပြီး ကျိရုရွှယ်ကို လေးနက်စွာ ပြောလိုက်သည်။

"ဒီအခြားကမ္ဘာက မိစ္ဆာတွေက ငါတို့ဆီကို ကျူးကျော်နိုင်တယ်ဆိုရင် ငါတို့ကရော သူတို့ဆီကို ဘာလို့ ပြန်ပြီး မကျူးကျော်နိုင်ရမှာလဲ"

"အကယ်လို့သာ ငါတို့ အောင်မြင်ခဲ့မယ်ဆိုရင် သမီးနဲ့ ဖေဖေအတွက် အရင်းအမြစ်တွေ လိုအပ်မှာ မဟုတ်တော့သလို လီမြစ်မြို့ကို ဂြိုဟ်သားတွေ ကျူးကျော်မဲ့ ဘေးအန္တရာယ်ကိုလည်း အလွယ်တကူ ဖြေရှင်းနိုင်သွားလိမ့်မယ်"

လုချွမ်း၏ အမြင်တွင် အခြားကမ္ဘာရှိ အရင်းအမြစ်များသည် မိမိတို့ကမ္ဘာထက် များစွာ ပိုမိုကြွယ်ဝနိုင်ခြေ ရှိသည်။ အကယ်၍သာ ထိုကမ္ဘာကို အောင်မြင်စွာ ကျူးကျော်နိုင်မည်ဆိုပါက ပိုမိုများပြားသော အရင်းအမြစ်များကို ရရှိမည်မှာ သေချာလှသည်။

စွမ်းအင်ကြွယ်ဝသော အသားများဖြစ်စေ ချီချီလေးအတွက် လိုအပ်သော နတ်ဆိုးအမြုတေများ ဖြစ်စေ ထိုကမ္ဘာ၌ အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်သည်။

ဤနည်းလမ်းမှာ ဟင်းလင်းပြင်အက်ကြောင်းရှေ့တွင် ထိုင်စောင့်ပြီး အရင်းအမြစ်များကို ရိတ်သိမ်းနေခြင်းထက် များစွာပို၍ လျင်မြန်ပေလိမ့်မည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျိရုရွှယ်၏ စိတ်ထဲ၌ များစွာ တုန်လှုပ်သွားခဲ့ရသည်။

သူမ၏ ယခင်ဘဝတွင် လူသားမျိုးနွယ်သည် အခြားကမ္ဘာမှ ကျူးကျော်မှုများကို ရင်ဆိုင်ရင်း သူမကိုယ်သူမ ကာကွယ်နိုင်ရန်ပင် အနိုင်နိုင် ကြိုးစားခဲ့ကြရသည်။ အခြားကမ္ဘာကို ပြန်လည်ကျူးကျော်ရန် ဆိုသည်မှာ ဝေးစွ။ ဟင်းလင်းပြင်အက်ကြောင်းမှတစ်ဆင့် အခြားကမ္ဘာသို့ သွားရောက်လိုသူများပင်လျှင် ရန်သူ၏နောက်တန်းကို အနှောင့်အယှက်ပေးရန်လောက်သာ ရည်ရွယ်ခဲ့ကြခြင်းပင်။

အင်အားအလုံးအရင်းဖြင့် အမှန်တကယ် ကျူးကျော်ဝင်ရောက်ရန်ဆိုသည်မှာ အတိတ်က လူသားများ အိပ်မက်ပင် မမက်ရဲခဲ့သော အရာမျိုး ဖြစ်သည်။

သို့သော် ယခုအခါ သူမ၏ဖခင်က အခြားကမ္ဘာကို ကျူးကျော်ရန် ရည်ရွယ်နေခြင်းပင်။ ဤသည်မှာ ကျိရုရွှယ် လုံးဝမမျှော်လင့်ထားခဲ့သော အချက်ပင်။ အခြားကမ္ဘာသို့ ကျူးကျော်မည့် အကြံအစည်နှင့် ပတ်သက်၍မူ ကျိရုရွှယ်သည်လည်း သဘာဝအတိုင်းပင် စိတ်ဝင်စားမိသည်။

အမှန်စင်စစ် သူမ၏ ယခင်ဘဝတစ်လျှောက်လုံးတွင် ဂြိုဟ်သားမျိုးနွယ်စုများကို အဆက်မပြတ် တိုက်ခိုက်ခဲ့ရပြီး နှစ်ဖက်စလုံးတွင် နက်ရှိုင်းလှသော သွေးကြွေးများ ရှိနေခဲ့သည်။ သူမအနေဖြင့် ထိုဂြိုဟ်သားများ၏ ဇာတိမြေကို သွားရောက်စူးစမ်းချင်နေခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။

ထို့အပြင် သူမ၏ဖခင် ပြောခဲ့သကဲ့သို့ပင် အခြားကမ္ဘာရှိ အရင်းအမြစ်များက သေချာပေါက် ကြွယ်ဝလှပေမည်။

လောလောဆယ်တွင် သူမ ကျင့်စဉ်အတွက် လိုအပ်သော စွမ်းအင်ဆေးရည်များကို နတ်ဆိုးအမြုတေများဖြင့် ဖော်စပ်ရခြင်း ဖြစ်ပြီး ၎င်းတို့ကို ကိုဘိုးလ်များနှင့် မျက်လုံးနီ နတ်ဆိုးမြွေများထံမှသာ ရရှိနိုင်သည်။ ထိုဂြိုဟ်သားမိစ္ဆာများ ဟင်းလင်းပြင်အက်ကြောင်းမှ ထွက်ပေါ်လာချိန်တွင် သူမအနေဖြင့် သုတ်သင်ကာ အမြုတေများကို ရိတ်သိမ်းနိုင်သည်။

ဒါပေမဲ့ ဒီလိုမျိုး ထိုင်စောင့်နေရုံနဲ့ ရမယ့် အမြုတေတွေက အမြဲတမ်း အဆုံးမရှိ ရှိနေမယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ။

အကယ်၍သာ ဟင်းလင်းပြင်အက်ကြောင်းမှတစ်ဆင့် အခြားကမ္ဘာသို့ ကျူးကျော်ဝင်ရောက်နိုင်ခဲ့လျှင်မူ နတ်ဆိုးအမြုတေများ ကုန်ခမ်းသွားမည့်ရက်ကို သူမ စိုးရိမ်နေစရာ မလိုတော့ပေ။ အခြားကမ္ဘာသို့ ကျူးကျော်ချိန်တွင် သူမ အလိုရှိသလောက် အမြုတေများကို ရရှိနိုင်မည် ဖြစ်သည်။

"ဖေဖေ... သမီးထင်တာတော့ ဒါက ဖြစ်နိုင်ခြေရှိပါတယ်"

ကျိရုရွှယ်သည် ပထမဦးစွာ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သော်လည်း ထို့နောက်

တွင်တော့ အနည်းငယ် ဝေခွဲမရဖြစ်ဟန်ဖြင့် သတိပေးလိုက်သည်။

"ဒါပေမဲ့ ဖေဖေ... သမီးရဲ့ မှတ်ဉာဏ်တွေထဲမှာ အခြားကမ္ဘာကို သွားရောက်စူးစမ်းခဲ့တဲ့ အဖြစ်အပျက်တချို့ ရှိခဲ့ဖူးတယ်။ အထဲကို ဝင်သွားတဲ့သူတွေက ဘယ်တော့မှ ပြန်မလာကြတော့ဘူးလို့ သိရတယ်။ ဒါကြောင့် သတိထားဖို့တော့ လိုလိမ့်မယ်"

ထိုစကားကို ကြားသောအခါ လုချွမ်းသည် စိတ်ကိုတင်းထားလျက် လေးနက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။

"စိတ်ချပါ ချီချီလေး ဖေဖေက ဖေဖေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ဇွန်ဘီတွေကိုပဲ အထဲကို လွှတ်မှာပါ။ ဖေဖေကိုယ်တိုင်တော့ ကိုယ်တိုင်ကိုယ်ကျ အန္တရာယ်အဖြစ်မခံပါဘူး"

ဟင်းလင်းပြင်အက်ကြောင်းအတွင်း၌ မည်သို့သော အန္တရာယ်များ ရှိနေနိုင်သည်ကို မည်သူမျှ မသိရှိနိုင်သဖြင့် သူကိုယ်တိုင် ဝင်သွားရန်မှာ မဖြစ်နိုင်သောအရာပင်။

"တော်သေးတာပေါ့... အတိတ်ဘဝတုန်းက အထဲကိုဝင်သွားတဲ့သူတွေထဲက တစ်ယောက်မှ ပြန်မလာနိုင်ခဲ့ဘူးဆိုတာ ကြည့်ရင် ဒီဟင်းလင်းပြင်အက်ကြောင်းထဲမှာ တစ်စုံတစ်ရာသော အန္တရာယ်တွေ သေချာပေါက်ရှိနေတာကို ညွှန်ပြနေတာပဲ"

ကျိရုရွှယ်က သတိပေးလိုက်သည်။

"ဒါဆိုရင် ဖေဖေ အရင်ဆုံး စမ်းကြည့်လိုက်မယ်လေ"

လုချွမ်းက ပြုံးလျက် ခေါင်းညိတ်ပြပြီးနောက် စတင်လှုပ်ရှားတော့သည်။

နောက်တစ်ခဏတွင် လုချွမ်းသည် မျက်လုံးများကိုမှိတ်ကာ အာရုံစူးစိုက်လိုက်သည်။ သူ၏ စိတ်အာရုံစေခိုင်းမှုကြောင့် လီမြစ်မြို့အတွင်းရှိ အဆောက်အအုံတစ်ခု၏ အပြင်ဘက်တွင်ရှိနေသော အဆင့် ၃ ဇွန်ဘီရုပ်သေးတစ်ကောင်သည် အဆောက်အအုံအတွင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းဝင်သွားခဲ့သည်။

ဤအဆင့် ၃ ဇွန်ဘီရုပ်သေးမှာ ကာကွယ်ရေးစွမ်းအား အမြင့်မားဆုံးဖြစ်သည့် ခံစစ်အမျိုးအစားဇွန်ဘီဖြစ်သည်။ အကယ်၍ အက်ကြောင်းအတွင်း၌ အန္တရာယ်တစ်ခုခုရှိနေခဲ့လျှင်ပင် ၎င်းအနေဖြင့် ခေတ္တမျှ ခုခံနိုင်စွမ်းရှိပေလိမ့်မည်။

မကြာမီမှာပင် ထိုဇွန်ဘီသည် ဟင်းလင်းပြင်အက်ကြောင်း၏ ရှေ့မှောက်သို့ ရောက်ရှိသွားခဲ့သည်။ ၎င်း၏ ပတ်ပတ်လည်တွင်တော့ မသေနိုင်သူ ၁ နှင့် အခြားသော အဆင့် ၆ ဇွန်ဘီရုပ်သေးများက ဝန်းရံ၍ စောင့်ကြပ်နေကြသည်။

ထို့နောက်တွင်တော့ ထိုအဆင့် ၃ ဇွန်ဘီမှာ ဟင်းလင်းပြင်အက်ကြောင်းအတွင်းသို့ သတိကြီးစွာဖြင့် ဝင်ရောက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် အမှောင်အတိကျနေသော အက်ကြောင်းကြီးမှာ အနည်းငယ် တုန်ခါသွားပြီး ဟင်းလင်းပြင်လှိုင်းဂယက်များ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ဆွဲငင်အားတစ်ခုက ထိုအဆင့် ၃ ဇွန်ဘီကို အထဲသို့ ဆွဲခေါ်သွားခဲ့သည်။

ဆွဲငင်အားကို ခံစားလိုက်ရသောအခါ လုချွမ်းသည် ပြန်လည်ခုခံခြင်းမပြုဘဲ ထိုအက်ကြောင်းအတွင်းသို့ လိုက်၍ ဝင်ရောက်သွားခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လုချွမ်း၏ အမြင်အာရုံတစ်ခုလုံး မှောင်အတိကျသွားခဲ့ရသည်။

ဘာတွေဖြစ်ကုန်သလဲဆိုသည်ကို မသိရှိနိုင်ဘဲ လုချွမ်း အံ့အားသင့်နေစဉ်မှာပင် သူ၏မျက်နှာမှာ ရုတ်တရက် ပျက်ယွင်းသွားခဲ့သည်။

သူနှင့် ထိုဇွန်ဘီရုပ်သေးအကြား ဆက်သွယ်မှုမှာ ရုတ်ချည်းဆိုသလို ပြတ်တောက်သွားခဲ့ခြင်းကြောင့်ပင်။

ဤသို့သော အခြေအနေမျိုးမှာ ထိုဇွန်ဘီ သေဆုံးသွားပြီဖြစ်ကြောင်း ညွှန်ပြနေသည်။

ချက်ချင်းပင် လုချွမ်းသည် နိုးနိုးကြားကြားရှိသွားခဲ့ပြီး သူ၏မျက်နှာမှာလည်း တည်ကြည်လေးနက်သွားခဲ့သည်။

ချီချီလေး၏ အတိတ်ဘဝတွင် ထိုလူများအားလုံး ဘာကြောင့် ကျရှုံးခဲ့ကြရသည်ဆိုသည်မှာ အံ့ဩစရာမရှိတော့ပေ။ ကြည့်ရသည်မှာ ဤဟင်းလင်းပြင်အက်ကြောင်းအတွင်း၌ ကြီးမားသော အသက်အန္တရာယ်များ ရှိနေပုံပင်။

အဆင့် ၃ရှိသော ဇွန်ဘီရုပ်သေးတစ်ကောင်ကို အခြေအနေကိုပင် သေချာစွာ မသိလိုက်ရဘဲ မျက်တောင်တစ်ခတ်အတွင်း အဆုံးသတ်သွားစေနိုင်သည်ဆိုလျှင် ထိုနေရာရှိ အန္တရာယ်မှာ အမှန်တကယ်ပင် ကြီးမားလှသည်။

"ဖေဖေ... ဘာဖြစ်လို့လဲဟင်"

ဖခင်ဖြစ်သူကို အနီးကပ်စောင့်ကြည့်နေသော ကျိရုရွှယ်သည် လုချွမ်း ရုတ်တရက် မျက်လုံးများပွင့်လာပြီး မျက်နှာပျက်သွားသည်ကို မြင်လိုက်ရသဖြင့် အလောတကြီး မေးလိုက်သည်။

"ခုနက ဖေဖေ အဆင့် ၃ရှိတဲ့ ဆင့်ကဲပြောင်းလဲထားတဲ့ ဇွန်ဘီတစ်ကောင်ကို လွှတ်

ကြည့်လိုက်တာ အက်ကြောင်းထဲ ခြေချလိုက်တာနဲ့ သူ သေသွားပြီ။ ဟင်းလင်းပြင်

အက်ကြောင်းထဲမှာ အန္တရာယ်တွေ တော်တော်များပုံပဲ"

လုချွမ်းက ကျိရုရွှယ်ကို ရှင်းပြလိုက်သည်။

သီအိုရီအရဆိုလျှင် လုချွမ်းအနေဖြင့် ငါးခုမြောက် သို့မဟုတ် အဆင့် ၆ ရှိသော ပိုမိုအင်အားကြီးသည့် ဇွန်ဘီရုပ်သေးများကို စေလွှတ်နိုင်သည်။ ၎င်းတို့ဆိုလျှင် ထိုဘေးအန္တရာယ်ကို ခုခံနိုင်ကောင်း ခုခံနိုင်ပေလိမ့်မည်။

သို့သော်လည်း ခေတ္တမျှ စဉ်းစားပြီးနောက် လုချွမ်းသည် ဆက်လက်စမ်းသပ်ခြင်းမပြုဘဲ ဤကိစ္စကို ခေတ္တဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့် ဂြိုဟ်သားမျိုးနွယ်စုများကို တိုက်ခိုက်ရန်အတွက် အဆင့်မြင့်ဇွန်ဘီရုပ်သေးများကို လိုအပ်နေသေးရာ ဤကဲ့သို့ နေရာမျိုး၌ အလဟဿ အဆုံးရှုံးမခံနိုင်သောကြောင့်ပင်။

အကယ်၍ အဆင့် ၆ ရှိသော ဇွန်ဘီရုပ်သေးများပင်လျှင် ထိုအန္တရာယ်ကို မခုခံနိုင်ခဲ့ပါက တစ်ကောင်ဆုံးရှုံးသွားတိုင်း လုချွမ်းအတွက် ရင်နာစရာကောင်းလောက်အောင် အစားထိုးမရသည့် တန်ဖိုးတစ်ခု ဖြစ်ပေလိမ့်မည်။

"သေသွားပြီလား..."

ထိုစကားကို ကြားသောအခါ ကျိရုရွှယ်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ၏ ယခင်ဘဝက လူသားများသည်လည်း ဤဟင်းလင်းပြင်အက်ကြောင်းအတွင်း၌ပင် အသက်ဆုံးရှုံးခဲ့ကြရခြင်း ဖြစ်နိုင်ကြောင်း တွေးမိလိုက်သည်။

"အခြားကမ္ဘာကို ကျူးကျော်ဖို့ဆိုတာ ငါတို့ဘက်က ယုံကြည်မှု အပြည့်အဝရှိတဲ့အထိ နောက်ဆုတ်ထားရဦးမှာပဲ။ အဲဒီအချိန်ကျမှပဲ ဒီအက်ကြောင်းကို တစ်ခေါက်ပြန်ပြီး ရင်ဆိုင်ကြတာပေါ့"

လုချွမ်းက ပြုံးလျက် ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဖေဖေ"

ကျိရုရွှယ်ကလည်း အခြေအနေ၏ အရေးကြီးပုံကို နားလည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"ကဲ... အိမ်ပြန်ကြစို့။ ဒီမျက်လုံးနီ နတ်ဆိုးမြွေတွေက ဇွန်ဘီတွေ စားသောက်ဖို့အတွက် လုံလောက်နေပါပြီ။ သမီးအနေနဲ့ သူတို့ကို ခဏခဏ အစာကျွေးနေဖို့ မလိုပါဘူး"

အောက်ဘက်တွင် အငမ်းမရ စားသောက်နေကြဆဲဖြစ်သော ဇွန်ဘီများကို တစ်ချက်ကြည့်ပြီးနောက် လုချွမ်းသည် ချီချီလေးနှင့်အတူ လီမြစ်အခြေစိုက်စခန်းသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။

သူ၏ စိတ်အာရုံစေခိုင်းမှုကြောင့် ကောင်းကင်ယံအထက်တွင် စောင့်ဆိုင်းနေသော ပျံသန်းသူ ၁ မှာ ဆင်းသက်လာခဲ့သည်။ လုချွမ်းသည် ချီချီလေးနှင့်အတူ ထိုဇွန်ဘီ၏ ကျောပေါ်တွင် ရပ်လိုက်ပြီးနောက် လီမြစ်အခြေစိုက်စခန်းဆီသို့ အရှိန်အဟုန်ဖြင့် ပြန်လည်ဦးတည်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင်...

ဝူး... ဝူး... ဝူး...

ရဟတ်ယာဉ်တစ်စင်းမှာ လီမြစ်အထက်မှနေ၍ တိကျသော ရည်ရွယ်ချက်ဖြင့် အရှိန်အဟုန်ဖြင့် ပျံသန်းလာခဲ့ပြီး လီမြစ်အခြေစိုက်စခန်း၏ အနီးအနားသို့ လျင်မြန်စွာ ပေါ်ပေါက်လာခဲ့သည်။

"လုချွမ်း... ချီချီလေး... ကျွန်မ ပြန်လာခဲ့ပြီနော်"

ကျောက်လင်း၏ အသံနှင့်အတူ ရဟတ်ယာဉ်မှာ အခြေစိုက်စခန်းဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာ၏။

အခန်း။ ၄၅၈

ရဟတ်ယာဉ်ပေါ်တွင်ရှိနေသော ကျောက်လင်းသည် အောက်ဘက်ရှိ လုချွမ်းနှင့် ချီချီလေးတို့ကို ငုံ့ကြည့်ရင်း သူမ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

သို့သော် နောက်တစ်စက္ကန့်တွင်ပင် ထိုအပြုံးများမှာ လုံးဝကွယ်ပျောက်သွားပြီး ဝေခွဲမရဖြစ်နေသည့် အမူအရာဖြင့် အစားထိုးဝင်ရောက်လာခဲ့သည်။

ယခုတစ်ခေါက် သူမလာခြင်းမှာ တိကျသော ရည်ရွယ်ချက်တစ်ခုရှိပြီး ထိုလူဖြစ်သူ လုချွမ်းကို သူမအနေဖြင့် ဖျောင်းဖျနိုင်ပါ့မလားဆိုသည်ကို မသေချာပေ။

အကယ်၍သာ ရည်မှန်းချက်အောင်မြင်ခဲ့ရင် နဂါးပြည်နယ်ရဲ့ လက်ရှိအခြေအနေက အများကြီး တိုးတက်ကောင်းမွန်လာမှာပဲ။ အောင်မြင်ပါစေလို့ပဲ ဆုတောင်းရတော့မယ်။

ပျံသန်းသူ ၁ ကို စီးနင်းလာသော လုချွမ်းသည်လည်း အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကာ ချီချီလေးနှင့်အတူ မြို့တံတိုင်းပေါ်တွင် ရပ်လျက် ချဉ်းကပ်လာသော ရဟတ်ယာဉ်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။

အမှန်စင်စစ် လုချွမ်းသည် လီမြစ်အထက်တွင် ရဟတ်ယာဉ် စတင်ပေါ်လာကတည်းက သတိပြုမိခဲ့ခြင်းပင်။

အခြားသော ရဟတ်ယာဉ်များမပါဘဲ တစ်စင်းတည်း လာနေသည်ကို မြင်ရသဖြင့် ၎င်းမှာ ကျောက်လင်းဖြစ်မည်ဟု လုချွမ်း ခန့်မှန်းလိုက်သည်။ အကယ်၍ လူသားများက ကျူးကျော်လာခြင်းဖြစ်ပါက ရဟတ်ယာဉ်တစ်စင်းတည်း လွှတ်မည်မဟုတ်ပေ။ ထိုသို့လုပ်ဆောင်ခြင်းမှာ သိုးငယ်တစ်ကောင်ကို သားသတ်ရုံထဲ လွှတ်လိုက်သကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် အခြေစိုက်စခန်းသို့ ပြန်ရောက်သောအခါ လုချွမ်းသည် ဗီလာသို့ တန်းမပြန်ဘဲ ချီချီလေးကိုခေါ်ကာ မြို့တံတိုင်းပေါ်တွင် စောင့်နေခဲ့ခြင်းပင်။

"အန်တီ ကျောက်လင်း"

အသံကို ကြားလိုက်ရသည်နှင့် ကျိရုရွှယ်သည် စိတ်လှုပ်ရှားစွာဖြင့် အပေါ်ရှိ ရဟတ်ယာဉ်ကို လက်ဝှေ့ယမ်းပြလိုက်သည်။

မကြာမီမှာပင် ကျောက်လင်း၏ ရဟတ်ယာဉ်သည် မြို့တံခါးရှေ့သို့ ဆင်းသက်လာခဲ့ပြီး လုချွမ်းနှင့် ချီချီလေးတို့သည်လည်း သူမကို ကြိုဆိုရန် တံတိုင်းပေါ်မှ ဆင်းလာခဲ့ကြသည်။

"လုချွမ်း... ချီချီလေး"

ကျောက်လင်းသည် ဝတ်စုံများကို ချွတ်ပြီးနောက် ရဟတ်ယာဉ်ပေါ်မှ ဆင်းလာကာ ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်သည်။

"အန်တီ ကျောက်လင်းက ချီချီ့ဆီ မလာတာ ကြာပြီနော်"

ကျိရုရွှယ်သည် အပြေးအလွှား သွားရောက်ကာ ကျောက်လင်း၏ လက်မောင်းကို ဖက်တွယ်လိုက်လေတော့သည်။

"ဟားဟား... ချီချီလေးရယ် အခု အန်တီ ရောက်လာပြီပဲဥစ္စာ"

ကျောက်လင်းက ထိုသို့ပြောရင်း ကျိရုရွှယ်၏ ပါးဖောင်းဖောင်းလေးကို ချစ်စနိုးဖြင့် ဆွဲဖျစ်လိုက်သည်။

"ချီချီ... သမီးအန်တီ ကျောက်လင်းက အခု လူသားအခြေစိုက်စခန်းမှာ ရာထူးကြီးကြီးရထားတာ။ အလုပ်တွေ အရမ်းများနေတဲ့ကြားက သမီးဆီကို လာကြည့်နိုင်တာပဲ တော်လှပြီ။ အန်တီ့ကို အရမ်း အနိုင်မကျင့်ပါနဲ့ဦး"

လုချွမ်းက လျှောက်လာရင်း ကျိရုရွှယ်ကို ကျောက်လင်း၏ လက်မောင်းထဲမှ အသာအယာ ဆွဲထုတ်လိုက်သည်။

"ဟုတ်ကဲ့ပါ ဖေဖေ"

ကျိရုရွှယ်က စိတ်မကောင်းဖြစ်ဟန်ဆောင်ကာ ခေါင်းညိတ်ပြလိုက်သည်။

ကျောက်လင်းက ထိုမြင်ကွင်းကိုကြည့်ကာ ခပ်ဖွဖွရယ်မောလိုက်ပြီးမှ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့်

"အော်... ဒါနဲ့ လုချွမ်း ရှင့်အတွက်လည်း ပစ္စည်းတချို့ သယ်လာပေးသေးတယ်"

ပြောပြောဆိုဆိုဖြင့် သူမသည် ရဟတ်ယာဉ်ပေါ်မှ ချိတ်ပိတ်ထားသည့် သံသေတ္တာ လေးလုံးကို မယူလိုက်သည်။

"ဒါတွေက ကျွန်မ အထူးတလည် စုဆောင်းထားတဲ့ အမြုတေတွေပဲ။ ရှင့်အတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်"

ထိုသို့ပြောရင်း ကျောက်လင်းက သေတ္တာသုံးလုံးကို ဖွင့်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

အမြုတေများ ပြည့်နှက်နေသည့် သေတ္တာများကို ကြည့်ရင်း လုချွမ်းမှာ စိတ်လှုပ်ရှားသွားရကာ ကျေးဇူးတင်စကား ဆိုလိုက်မိသည်။

"ဘာမှ မဟုတ်ပါဘူးရှင်။ ဒါတွေက ကျွန်မကိုယ်တိုင် အမဲလိုက်လို့ ရလာတာတွေပါ။ အခြေစိုက်စခန်းက သုတေသနဌာနကသာ ကျွန်မရဲ့ ဆင့်ကဲပြောင်းလဲရေးအဖွဲ့က ရလာတဲ့ အမြုတေတွေကို အပြင်ပေးမထုတ်ဘူးလို့ အတင်းအကျပ် မတားထားရင် ဒီထက်တောင် ပိုပြီး စုပေးလို့ရမှာ"

ကျောက်လင်းက လက်ကို ဝှေ့ယမ်းလျက် အေးအေးဆေးဆေးပင် ပြောလိုက်သည်။ သူမ၏ လက်ရှိအင်အားနှင့် ရာထူးအရ ဤအမြုတေများမှာ သူမအတွက်မူ သိပ်ပြီး အရေးမပါလှပေ။

"ဒါတင်ပဲ တော်တော်လေး များနေပါပြီ"

သေတ္တာသုံးလုံးထဲရှိ အမြုတေများကို ကြည့်ရင်း လုချွမ်းက အားနာစွာဖြင့် ပြုံးလျက် ပြောလိုက်သည်။

သေတ္တာများထဲတွင် အများစုမှာ အဆင့် ၃နှင့် အဆင့် ၄ အမြုတေများ ဖြစ်ကြပြီး အဆင့် ၅ အမြုတေ နှစ်လုံးပင် ပါဝင်နေရာ ၎င်းမှာ အမှန်တကယ်ပင် နည်းပါးသော ပမာဏ မဟုတ်ပေ။

ကျောက်လင်းသည် လုချွမ်း၏ စကားကို ပြန်မပြောဘဲ နောက်ဆုံးကျန်ရှိနေသော သေတ္တာကို ဖွင့်လိုက်သည်။

"နောက်ပြီးတော့ ဒီအရာလည်း ပါသေးတယ်။ ဒါက အင်အားကြီးတဲ့ သတ္တဝါတချို့ဆီကနေ ကျွန်မ ထုတ်ယူထားတာ။ စွမ်းအင်လှိုင်းထွက်တာတော့ အတော်လေး ပြင်းထန်တယ်။ ရှင့်အတွက် အသုံးဝင်မဝင်တော့ ကျွန်မ မသေချာဘူး"

သေတ္တာအတွင်း၌ နတ်ဆိုးအမြုတေ ကိုးလုံး လဲလျောင်းနေသည်။

"ဒါတွေက... နတ်ဆိုးအမြုတေတွေပဲ"

ထိုအရာများကို မြင်လိုက်သည်နှင့် လုချွမ်းသည် ချီချီလေးကို ဗီဇအရ လှည့်ကြည့်လိုက်မိသည်။

ထိုအချိန်တွင် ကျိရုရွှယ်သည်လည်း ကျောက်လင်း ယူဆောင်လာသော နတ်ဆိုးအမြုတေများကို မြင်လိုက်ရသဖြင့် သူမ၏မျက်ဝန်းများ ဝင်းလက်သွားကာ စိတ်ထဲမှ အလွန်ဝမ်းသာသွားခဲ့သည်။

"ဒါတွေက အသုံးဝင်တာပေါ့။ ကျေးဇူးတင်ပါတယ်ရှင်။ ကဲ... ဒီမှာပဲ ရပ်မနေပါနဲ့တော့။ အထဲကိုဝင်ပြီး အေးအေးဆေးဆေး စကားပြောကြရအောင်"

လုချွမ်းက ပြုံးလျက် ခေါင်းညိတ်ပြပြီးနောက် အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။

"ကောင်းပါပြီရှင်"

ထို့နောက်တွင် လုချွမ်းသည် ကျောက်လင်းကို အခြေစိုက်စခန်းအတွင်းသို့ ဦးဆောင်ခေါ်သွားခဲ့ပြီး သူတို့၏နောက်တွင်တော့ ဇွန်ဘီရုပ်သေး နှစ်ကောင်က သံသေတ္တာ လေးလုံးကို မယူလျက် လိုက်ပါလာကြသည်။

ဗီလာအတွင်းသို့ ရောက်သောအခါ သူတို့သုံးဦး ထိုင်လိုက်ကြသည်။

ကျောက်လင်းသည် လုချွမ်းနှင့် မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် ထိုင်ကာ ရေတစ်ငုံ သောက်လိုက်ပြီးနောက် ခွက်ကို စားပွဲပေါ်သို့ ပြန်တင်လိုက်သည်။

သူမလာခဲ့သော ရည်ရွယ်ချက်ကို တွေးမိသည်နှင့် ကျောက်လင်း၏ မျက်နှာမှာ တည်ကြည်လေးနက်သွားပြီး

"လုချွမ်း... အခုတလော ငါတို့ကမ္ဘာကို ဂြိုဟ်သားမျိုးနွယ်စုတွေ ကျူးကျော်နေကြပြီ။ ဟင်းလင်းပြင်အက်ကြောင်းတွေကတစ်ဆင့် အမျိုးမျိုးသော ဂြိုဟ်သားမိစ္ဆာတွေ ငါတို့ဆီကို ဝင်ရောက်လာနေကြတယ်။ လက်ရှိမှာ ဒီဂြိုဟ်သားတွေကြောင့် လူသေဆုံးမှုတွေ အမြောက်အမြား ဖြစ်နေရပြီ။ နဂါးပြည်နယ် တစ်ခုတည်းမှာတင် အခြေစိုက်စခန်း အတော်များများက ဒီမိစ္ဆာတွေရဲ့ သတ်ဖြတ်ဝါးမြိုတာကို ခံလိုက်ရပြီ။ ရှင် ခုနက မြင်ခဲ့တဲ့ အမြုတေနဲ့ ဆင်တူတဲ့ စွမ်းအင်လုံးလေးတွေဆိုတာ အင်အားကြီးတဲ့ အဲဒီဂြိုဟ်သားတွေရဲ့ ခန္ဓာကိုယ်ထဲကနေ ရရှိခဲ့တာပဲ။ လီမြစ်မြို့မှာရော အခုတလော ဂြိုဟ်သားကျူးကျော်မှုတွေနဲ့ ကြုံတွေ့နေရတာ ရှိလား" ဟု လေးနက်စွာ မေးလိုက်သည်။

"ရှိတာပေါ့... အခုအချိန်အထိတော့ လီမြစ်မြို့ နယ်နိမိတ်ထဲမှာ ဟင်းလင်းပြင်အက်ကြောင်း နှစ်ခုကို ရှာတွေ့ထားပြီးပြီ။ တစ်ခုက မြို့လယ်ခေါင်မှာ ရှိတယ်။ အဲဒီကနေ ခွေးခေါင်းနဲ့ လူကိုယ်ခန္ဓာရှိတဲ့ မိစ္ဆာတွေ ထွက်လာကြတယ်။ သူတို့ကို ကျွန်တော်က ကိုဘိုးလ်လို့ ခေါ်တယ်။ နောက်တစ်ခုကတော့ ဒီလီမြစ်ရဲ့ ရေအောက်ပိုင်းမှာ ရှိတယ်။ အဲဒီကနေ မြွေမိစ္ဆာတွေ အမြောက်အမြား ထွက်ပေါ်လာနေကြတယ်"

လုချွမ်းက ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ လုချွမ်းက ခေါင်းညိတ်ပြလျက် အခြေအနေအရပ်ရပ်ကို အသေးစိတ် ရှင်းပြလိုက်သည်။

"အက်ကြောင်းက နှစ်ခုတောင်လား..."

ကျောက်လင်းမှာ အံ့အားသင့်သွားရသည်။ လီမြစ်မြို့သည် ထိုမျှအထိ ကျယ်ဝန်းလှသည်မဟုတ်သော်လည်း ဟင်းလင်းပြင်အက်ကြောင်း နှစ်ခုပင် ရှိနေကာ လုချွမ်းတစ်ယောက်တည်းနှင့် ဤအခြေအနေကို ကောင်းကောင်းကိုင်တွယ်နိုင်ပါ့မလားဟု သူမ စိုးရိမ်မိသွားသည်။ ကျောက်လင်း၏မျက်နှာတွင် စိုးရိမ်ရိပ်များ ယှက်သန်းသွားသည်ကို မြင်လိုက်ရသောအခါ လုချွမ်းက တည်ငြိမ်စွာ ပြုံးလိုက်ပြီး

"စိတ်မပူပါနဲ့... အဲဒီအက်ကြောင်း နှစ်ခုပေါ်လာကတည်းက ကျွန်တော် အားလုံးကို ရှာတွေ့ထားပြီးသားပါ။ ပြီးတော့ ချက်ချင်းပဲ အရေးယူပြီး ဆောင်ရွက်ခဲ့တာပါ။ အခုအချိန်မှာတော့ အဲဒီအက်ကြောင်း နှစ်ခုစလုံးက ကျွန်တော့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါပြီ။ ဘယ်လိုဂြိုဟ်သားမိစ္ဆာမျိုးပဲဖြစ်ဖြစ် အက်ကြောင်းကနေ ထွက်လာတာနဲ့ သေခြင်းတရားကလွဲလို့ ဘာမှမရှိစေရဘူး"

လုချွမ်းက အခြေအနေကို ကိုင်တွယ်ပြီးသားဖြစ်ကြောင်း သိလိုက်ရသည့်အခါမှ ကျောက်လင်းမှာ စိတ်သက်သာရာရသွားသလို လုချွမ်း၏ လက်ရှိအင်အားအပေါ်တွင်လည်း အံ့ဩမိသွားသည်။ လက်ရှိတွင် လူသားအခြေစိုက်စခန်း အများစုမှာ အက်ကြောင်းတစ်ခုကိုပင် ဖိနှိပ်ထားရန် ခဲယဉ်းနေချိန်၌ လုချွမ်းမှာ ခြိမ်းခြောက်မှုနှစ်ခုကို တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်နေနိုင်ခြင်းက သူ၏စွမ်းဆောင်ရည်ကို သက်သေပြနေခြင်းပင်။

"ဒါနဲ့... ခုနက အန်တီပြောတာ နဂါးပြည်နယ်က အခြေစိုက်စခန်းတချို့ကို ဂြိုဟ်သားတွေ ကျူးကျော်သွားပြီဆိုတာ ဟုတ်လား။ ပြင်ပက အခြေအနေတွေကို အသေးစိတ်လေး ပြောပြပေးနိုင်မလား"

လုချွမ်းက ထပ်ဆင့်မေးလိုက်သည်။ ထိုမေးခွန်းကို ကြားသောအခါ ကျောက်လင်းမှာ အလွန်ဝမ်းသာသွားသည်။ လုချွမ်း၏ စိတ်ဝင်စားမှုမှာ သူမ ရည်ရွယ်ထားသည့်အတိုင်း ဖြစ်လာခြင်းကြောင့်ပင်။ သူမက အလောတကြီးပင် ပြန်ပြောလိုက်သည်။

"ရတာပေါ့... ကျွန်မ အကုန်ပြောပြပါ့မယ်။ အခုအချိန်မှာ နဂါးပြည်နယ်တစ်ခုတည်းတင် အခက်အခဲနဲ့ ရင်ဆိုင်နေရတာ မဟုတ်ဘူး၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့..."

ခေတ္တမျှအကြာတွင် ကျောက်လင်းသည် လက်ရှိ ပြင်ပကမ္ဘာ၏ အခြေအနေအရပ်ရပ်ကို လုချွမ်းအား ပြောပြတော့သည်။ ခြုံငုံကြည့်လျှင် ပြည်နယ်တိုင်းရှိ အခြေစိုက်စခန်းများမှာ ဂြိုဟ်သားများ၏ ထိုးဖောက်မှုကို ခံနေကြရပြီး လူသားများဘက်မှလည်း အသည်းအသန် ခုခံနေကြရသည်။

"ကြည့်ရတာ လူသားတွေရဲ့ အခြေအနေက တော်တော်လေး ဆိုးရွားနေပုံပဲ"

နားထောင်ပြီးနောက် လုချွမ်း၏မျက်နှာမှာ တည်ကြည်လေးနက်သွားသည်။ မူလက သူသည် လူသားများနှင့် ရန်ဘက်ဖြစ်ခဲ့ပြီး ပဋိပက္ခများမှာလည်း လူသိရှင်ကြား ဖြစ်ခဲ့သည်။ သို့သော် ယခုကဲ့သို့ ဂြိုဟ်သားကျူးကျော်မှုအတွင်း၌မူ သူနှင့်လူသားများသည် ကြိုးတစ်ချောင်းတည်းတွင် ချည်နှောင်ထားသော နှံကောင်များကဲ့သို့ပင်။ အကယ်၍ လူသားမျိုးနွယ်သာ ပျက်သုဉ်းသွားပါက သူတစ်ယောက်တည်း ကျန်ရစ်နေနိုင်မည်ဟု သူ မယုံကြည်ပေ။ လူသားများ ရှုံးနိမ့်သွားလျှင် ဂြိုဟ်သားများကို တစ်ယောက်တည်း ရင်ဆိုင်ရမည့် ဖိအားမှာ သူ့အတွက် အလွန်ကြီးမားလွန်းလှသည်။

ကျောက်လင်း လာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လုချွမ်းနှင့် ချီချီလေးကို လာကြည့်ရုံသာမကဘဲ ထို့ထက်ပို၍ အရေးကြီးသော ကိစ္စတစ်ခု ရှိနေသည်။ လုချွမ်း၏ အမူအရာကို ကြည့်ကာ အချိန်အခါကောင်း ရောက်ပြီဟု ယူဆလိုက်ပြီး ကျောက်လင်းက လေးနက်စွာ ပြောလိုက်သည်။

"လုချွမ်း... အခုကတော့ ရှင်တို့ ဇွန်ဘီတွေအနေနဲ့ လီမြစ်မြို့ပြင်ပကို ခြေလှမ်းလှမ်းရမယ့် အချိန်ရောက်ပြီလို့ ကျွန်မ ထင်တယ်"

All Chapters