← Chapters

ခေတ်ဟောင်းဆီက လှောင်ရယ်မှု

Vol. 3 Ch. 36

ခေတ်ဟောင်းဆီက လှောင်ရယ်မှု

Vol. 3 Ch. 36

စုမင် ကြောင်သွားသည်။ လကို နောက်တစ်ခါ ပြန်ကြည့်သည့်အခါ စောနက ပေါ်နေသည့် အနီရောင်အရိပ်မှာ ပုံရိပ်ယောင်တစ်ခုပမာ ပျောက်ကွယ်သွားပြီကို တွေ့လိုက်ရသည်။ စုမင် စူးစိုက်ကြည့်လိုက်၏။ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု သူမယုံနိုင်သေး။ နံရံပေါ်ရှိ အပေါက်‌မှတစ်ဆင့် လကို နှုတ်ဆိတ်လျက် သူ ကြည့်နေလိုက်၏။

အချိန်များက တဖြည်းဖြည်း ကုန်လွန်လာသည်။ စုမင် လကို ကြည့်နေစဉ် ကိုယ်ထဲမှ ချီများကို မလှည့်ပတ်ခဲ့ပေ။ ထို့ကြောင့် ဂူထဲမှ အနီရောင်အလင်းများ ပျောက်နေပြီး အရာအားလုံး ပုံမှန်အခြေအနေအတိုင်း ပြန်ရောက်သွားခြင်း ဖြစ်၏။ ခဏအကြာ စုမင် မျက်မှောင်ကြုတ်လိုက်သည်။

''ငါ တကယ်ပဲ မှားမြင်မိတာလား '

စုမင် သက်ပြင်းချလိုက်သည်။ မျက်လုံးများကို စေ့ပိတ်၍ လ၏အကြောင်းကို မေ့ပစ်ရန် ကြိုးစားလိုက်သော်လည်း အတွေးတစ်စက သူ့အာရုံထဲ ဖြတ်ပြေးသွားပြန်၏။ စုမင် မျက်ခုံးအစုံမှာ ကွေးညွတ်သွားလေသည်။

''မဟုတ်သေးပါဘူး”

သူ့ စိတ် တစ်နေရာ၌ ခုတ်မောင်းနေသည့် အတွေးရထားကို အမှီလိုက်ရန် ကြိုးစားသော်လည်း ခေါင်းထဲမှ အတွေးတို့က လှစ်ခနဲ ပေါ်လာလိုက် အချိန်မရွေး ပျောက် သွားလိုက်နှင့် လူးလာခေါက်တုံ့ ဖြစ်နေသည်။  ဖမ်းဆုပ်ရ ခက်လွန်းလှ၏။

"အနီရောင်လ.... အနီရောင်လ...  "

စုမင်က တီးတိုးရေရွတ်နေရင်း သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည်။ လကိုကြည့်နေစဉ် ဆေးရှိန်ပြယ်သွားမှန်း သူ သတိရလိုက်၏။ ခန္ဓာကိုယ်ထဲမှ သွေးတို့ အလိုအလျောက် လှည့်ပတ် စီးဆင်းနေ၍ ဂူတစ်ခုလုံး အနီရောင် လင်းထိန်နေလေသည်။

စုမင် စဉ်းစားနေရင်း မျက်လုံးများ တောက်ပလာ၏။ ခေါင်းထဲ၌ ရှုပ်ယှက်ခတ်နေသည့် အတွေးများ တဖြည်းဖြည်း ရှင်းလင်းလာသည်။ တခဏအကြာ စုမင်က မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်ပြီး သွေးများကို လှုံ့ဆော်ကာ ခန္ဓာကိုယ်တွင်း လှည့်လည်စီးဆင်းစေလိုက်၏။ သူ့ကိုယ်ပေါ်၌ သွေးကြော (၁၉) ခုလုံး ပေါ်လာပြီး စူးစူးရှရှ တောက်ပနေကြရာ ဂူသည်လည်း အနီရောင်အလင်းတို့နှင့် လင်းထိန်နေတော့၏။

စုမင်က နံရံပေါက်လေး အများအပြားမှ လကို အာရုံစိုက် ကြည့်လိုက်သည်။ အနီရောင်အလင်း၏ တောက်ပမှုအောက် သူ့မျက်လုံးများထဲတွင် သဘောပေါက် နားလည်သွားသည့် အရိပ်အငွေ့များ ဖြတ်ပြေးသွား၏။ သူ့အကြည့်တို့က အလွန်လေးနက် တည်ကြည်နေ၏။

ထိုအချိန်အခိုက်အတန့်၌ လမှာ အနီရောင် ပြောင်းသွားသည်။

စုမင်က လအား အနီရောင်များ လင်းထိန်နေသည့် ဂူထဲမှ လှမ်းကြည့်မိ၍ လမှာ အနီရောင်ပြောင်းနေခြင်း မဟုတ်ပေ။ ထိုအကြောင်းများကြောင့် လမှာ အနီရောင် ပြောင်းနေရသလောဟု သူ တွေးနေမိသည်။

"မာန် ကို ရှာဖွေသူဟာ

အရပ်ရှစ်မျက်နှာကလာတယ်

သွေးကို မီးတောက်မှာလောင်ကျွမ်းခံလို့

စိတ်လိုလက်ရ

မိုးကောင်းကင်ကို ပြာချ

အဆုံးမရှိတဲ့ ဒီလောကမှာ တိမ်တွေကနေ

မီးတောက်လ ဖြစ်ပေါ်လာခဲ့တာက အမှန်ဖြစ်ခဲ့လျှင်

ငါ့ကိုယ်ထဲက သွေးတွေကို လောင်ကျွမ်းစေလို့

ငါအသေအချာ တွေးဆပါ့မယ်

အများဆုံး ကိုးခု

ကျန်တစ်ခုဟာ ဥပဒေ

မီးတောက်မာန်သွေးကို ထွန်းညှိလို့

ကိုးကို ကိုးကွယ်

ငါတို့အား မီးတောက်မာန်ရဲ့အာဏာ ကုန်ပိုင်ဆိုင်နိုင်စွမ်းပေးပါ "

စုမင်က အနီရောင်လမင်းကို ကြည့်လို့ ရေရွတ်လိုက်သည်။

“ငါအသေအချာ တွေးဆပါ့မယ် ... ငါအသေအချာ တွေးဆပါ့မယ်”

ဒီစာကြောင်းရဲ့ အဓိပ္ပာယ်ကို မင်းသာ တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ကူးယဉ် ကြည့်ရင် မီးတောက်လ ပေါ်လာလိမ့်မယ်။ ဒါပေမဲ့ ငါက ဘာကို စိတ်ကူးယဉ် ကြည့်ရမှာလဲ "

"ငါ့ကိုယ်ထဲကသွေးတွေကိုလောင်ကျွမ်းစေလို့

အများဆုံး ကိုးခု

ကျန်တစ်ခုဟာ ဥပဒေ

မီးတောက်မာန်သွေးကိုထွန်းညှိလို့

ကိုးကို ကိုးကွယ်

ငါတို့အား မီးတောက်မာန်ရဲ့အာဏာကုန် ပိုင်ဆိုငိနိုင်စွမ်းပေးပါ "

“ဟင့်အင်း။ ဒါတွေက စိတ်ကူးယဉ်တာနဲ့ ဘာမှမဆိုင်ဘူး။ လက်တွေ့လုပ်ရမှာ ဖြစ်မယ်"

စုမင် မျက်မှောင်ကြုတ် လိုက်သည်။ ယခုအချိန်ထိ စုမင်က ကိုယ်ထဲမှ သွေးစီးဆင်းမှုကို ထိန်းချုပ်ထားဆဲ ရှိသေးသည်။ ထို့ကြောင့် အနီရောက်အလင်းမှာ ပိုမို တောက်ပလာလေ၏။ လရဲ့အနီရောင်သည်လည်း သူ့မျက်လုံးထဲတွင် ပိုမို ထင်ရှားလာလေသည်။

'စိတ်ကူးယဉ်ခြင်း... '

ကောင်းကင်ထက်မှ မိုးကြိုး ပစ်ချလိုက်သလို အတွေးတစ်ခုက ခေါင်းထဲ ဝုန်းဒုန်းကြဲ ဝင်ရောက်လာချိန် စုမင်မျက်လုံးများ လင်းလက်သွား၏။

''ဒီစာကြောင်းတွေကိုရွတ်ကြည့်ရ‌အောင်။

'အဆုံးမရှိတဲ့ဒီလောကမှာ တိမ်တွေကနေ

မီးတောက်လ ဖြစ်ပေါ်လာခဲ့တာက အမှန်ဖြစ်ခဲ့လျှင်

ငါ့ကိုယ်ထဲက သွေးတွေကို လောင်ကျွမ်းစေလို့

ငါအသေအချာ တွေးဆပါ့မယ် '

ဒီလိုသာဆိုလျှင် အဓိပ္ပာယ်က မတူတော့ဘူး။ မီးတောက်လပေါ်လာမှ ငါစိတ်ကူးယဉ်ရမှာ မဟုတ်ဘဲ မီးတောက်လ ပေါ်လာတယ်လို့ စိတ်ကူးယဉ်ရမှာပဲ..."

စုမင် တစ်ကိုယ်လုံး တုန်တက်သွားသည်။ အရေးကြီး တစ်ခုခုကို ရှာတွေ့သွားပြီဟု ခံစားလိုက်ရသည်။

သူ အသက်ပြင်းပြင်း ရှူပြီး အနီရောင်ပြောင်းသွားသည့် လပုံကို စိတ်ကူးထဲ တွေးလိုက်၏။ ၎င်းပုံရိပ်တစ်ခုကိုသာ ‌ထပ်ခါထပ်ခါ အာရုံစိုက် ပုံဖော်နေခဲ့၏။ လအနီရောင် ပြောင်းသွားသည့် အကြောင်း စဉ်းစားနေချိန် သူ့ကိုယ်ထဲရှိ သွေးလည်ပတ်မှုကို ထိန်းချုပ်ရန် မေ့နေ၏။  ဂူထဲမှ အနီရောင်အလင်းမှာ တဖြည်းဖြည်း မှေးမှိန်လာပြီး မူလအတိုင်း ပြန်ဖြစ်သွားသည်ကိုပင် သတိမပြုဘဲ ဖြစ်သွားသည်။

စုမင် ခေါင်းမော့ပြီး အပေါက်ငယ်လေးများမှတစ်ဆင့် ဂူအပြင်မှ လကို ကြည့်လိုက်၏။ သူ့ခေါင်းထဲတွင် ပုံဖော်ထားသည့် လ၏အနီရောင်ပုံရိပ်ကို အပြင်ဘက်ရှိ လထံတွင် မြင်ယောင် ကြည့်လိုက်သည်။

"အနီရောင်လ.... တောက်လောင်နေတဲ့လ "

စုမင် တီးတိုးရေရွတ်လိုက်သည်။  စိတ်ကူးထဲမှ လ၏ နီမြန်းမှုက ပိုပို ကြီးမားလာနေပြီး လမင်းတစ်ခုလုံး ရဲရဲတောက်နေတော့၏။

ထိုအခိုက် စုမင်ကိုယ်မှာ သက်တောင့်သက်သာ ခံစားနေရသည်။ လမင်းထံမှ အနီရောင် အလင်းတန်းတစ်ခု ကျ‌ဆင်းလာပြီး သူ့ရှေ့တည့်တည့် ကျရောက်နေသလို ခံစားလိုက်ရသည်။ ၎င်းအလင်းတန်းမှာ လေထဲမှ မျောလွင့်၍ သူ့မျက်လုံးထဲသို့ ဝင်ရောက်လာ၏။ အလင်းတန်းသည် သူ့ကိုယ်ထဲ စီးဝင်၍ သွေးများနှင့် ပေါင်းစပ်မိသွားတော့သည်။

အလင်းတန်း ဝင်ရောက်လာသည်နှင့် စုမင်တစ်ကိုယ်လုံး အေးခနဲဖြစ်သွား၏။ ချီ စွမ်းအင်မှာ အလိုအလျောက် ဖြည်းဖြည်းလေးနှင့် ငြိမ်ငြိမ်သက်သက်လေး သူ့ခန္ဓာကိုယ်ထဲ လည်ပတ်နေလေ၏။ စုမင်မှာ ယင်းအဖြစ်ကို သတိမထားမိပေ။ သူ့မှာ ကမ္ဘာကြီးတစ်ခုလုံး မရှိတော့သလို ခံစားနေရသည်။ သူ့အာရုံအလုံးစုံတွင် ကြည်လင်ပြတ်သားသော သဏ္ဍာန်နှင့် တဖြည်းဖြည်း ကြီးလာသည့် အနီရောင်လကိုသာ မြင်ယောင်နေမိ၏။

ထိုအနီရောင်လတွင် လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်တစ်ခု ကိန်းဝပ်နေသလိုပင်။ တောက်ပလာသည့် အလင်းရောင်မှာ စုမင်ကိုယ်ထဲ ချဉ်းနင်း ဝင်ရောက်လာ‌နေသည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်နေသည်။ နိုးလာသည့် ရှောင်ဟုန်က ကြောင်တောင်တောင် အမူအရာနှင့် မနီးမဝေး တစ်နေရာမှ စုမင်ကို ထိုင်ကြည့်နေ၏။ သူ့မျက်လုံးထဲတွင် နားမလည်ခြင်းများ ပြည့်လျှမ်းနေ၏။ အပေါက်များမှတစ်ဆင့် လကို လှမ်းကြည့်သော်လည်း အရာအားလုံး ပုံမှန်အတိုင်းပင်။ သူ့ခေါင်းသူ ကုတ်ပြီး စုမင် ဘာကြောင့် ကျောက်ရုပ်တရုပ်လို ငေးမောနေရသည်ကို တွေးကြည့်နေ၏။

ထိုအခိုက် လရဲ့‌အတောင်ပံများ အိပ်စက်ရာ နက်မှောင်တောင်စဉ် ငါးသွယ်တန်း၏ အလည်ဗဟိုတွင် ထူးထူးခြားခြား ပြောင်းလဲမှုတစ်ခု ဖြစ်သွားလေသည်။

အထူးသဖြင့် မဟူရာမီးတောင်၏ နက်ရှိုင်းသည့် အပိုင်းတွင် ဖြစ်သည်။ ကျောက်ရည်ပူများ ပြည့်နှက်နေသည့် မြစ်ဝှမ်းထဲမှ ကြီးမားသည့် အနီရောင်သစ်ပင်ပေါ်တွင် မျဉ်းဖြောင့်သဏ္ဍာန် ပျံသန်းနေသည့် သတ္တဝါတို့ရှိရာ နေရာတွင် ဖြစ်၏။ တစ်ခါတစ်ရံ လရဲ့အတောင်ပံတို့၏ မျက်နှာများကို မြင်ရ၏။ ထိုအချိန်တွင် ၎င်းတို့၏ မျက်နှာတွေပေါ်၌ ရက်စက်ကြမ်းကြုတ်မှုနှင့် ဝမ်းနည်းမှုတို့ ရှိမနေ။ ထိုအစား ဂုဏ်မောက်မှုများ၊ စိတ်လှုပ်ရှားသည့် အမူအရာများ ပေါ်လွင်နေ၏။

သူတို့ ဘာအတွက် စိတ်လှုပ်ရှားနေရမှန်း မသိသော်လည်း ပျံသန်းမှု အရှိန်အဟုန်ကို ကြည့်ရုံနှင့် အတော် စိတ်လှုပ်ရှားနေမှန်း သိသာနိုင်သည်။

၎င်းတို့အားလုံး အပင်တစ်နေရာမှ တခြားတစ်နေရာသို့ ပျံသန်းသွားချင်သော်လည်း အမည်မသိ စွမ်းအားတစ်ခုခု၏ တားဆီးမှုကြောင့် ရုန်းမရ ဖြစ်နေသည့်အလားပင်။

၎င်းတို့မှာ ဆင့်ခေါ်ခံနေရသလို ... တစ်ခုခုအား ပြေး၍ ကိုးကွယ်ပူဇော်ချင်သလိုနှင့်၊ ၎င်းတို့ထံမှ ကာလရှည်ကြာ ပျောက်ဆုံးသွားခဲ့သော မာန်စွမ်းအားများကို ခံစားမိလိုက်သလို လှုပ်ရှားပျော်ရွှင်နေကြ၏။

ကျောက်ရည်ပူအောက်တွင် နှစ်မြုပ်သွားပြီ ဆိုသော်လည်း ရုပ်အလောင်းမှာ ရှေးယခင် နှစ်ကာလများစွာမှ ယခုအချိန်တိုင် မပြောင်းမလဲ တည်ရှိ‌နေသည်။ သို့သော် စုမင် လက်ညှိုးညွန်ခဲ့သည့် နံရံတွင် ဘာမှ ရှိမနေတော့။ ယခင်တစ်ခေါက် စုမင်ဖတ်ခဲ့သည့် စာကြောင်းမှာ ပျောက်ကွယ်သွားပြီ ဖြစ်၏။

တစ်စုံတစ်ယောက်က လာဖျက်သွားသည့် ပုံစံမျိုး မဟုတ်ဘဲ ဘယ်တုန်းကမှ မရှိခဲ့သည့် အလားပင်။

အရိုးစု၏မျက်နှာပေါ်တွင် လှောင်ရယ်လိုမှုနဲ့ သီးသန့်ဆန်မှုအသွင်များက ပို၍ပင် ထင်ရှားလာ၏။

၎င်း၏ အမူအရာမှာ သေလွန်ပြီးမှ ဝမ်းသာအားရဖွယ် ခြင်းရာတစ်ခုကြောင့် ပေါ်ပေါက်လာသည့် သွင်ပန်မျိုးလည်း ဖြစ်နိုင်သည်။

ညအချိန်ဖြစ်ပေသော်လည်း နေ့အလင်းပမာ ကောင်းကင်မှ ထွက်ပြူစပြုသည့် လ၏အလင်းရောင်အောက်၌ အနက်ရောင်ဝတ် လူတစ်ယောက်မှာ နက်မှောင်တောင် အတွင်းပိုင်းသို့ လျှောက်လာလေ၏။

၎င်းမှာ သွေးလွှမ်းလထွက်ပေါ်ရာ ည၌ ပေါ်ထွက်လာသူ ဖြစ်သည်။ ၎င်း၏ ခြေလှမ်းများက ဖြည်းညှင်းညင်သာလွန်းသည်။ ခြေလှမ်းတစ်လှမ်း ‌လှမ်းနေပုံမှာ တစ္ဆေတစ်ကောင်နှင့်ပင် တူနေ၏။ ၎င်းသည် မရေမတွက်နိုင်အောင် များပြားလှသည့် ခြောက်သွေ့တောများကို တစ်စိုက်မတ်မတ် ကျော်ဖြတ်လာခဲ့၏။

"ဒီနေရာမှာလည်း မရှိဘူးပဲ... တကယ်ပဲ အဲဒါက ဘယ်မှာလဲ"

အဝေးကို ထွက်သွားရင်း ၎င်းက အသံဩဩနှင့် ရေရွတ် ပြောဆိုလိုက်၏။ နေထွက် လာချိန် ၎င်း၏ ပုံရိပ်မှာ စုန်းစုန်းမြုပ် ပျောက်ကွယ်သွားတော့၏။

***

All Chapters