← Chapters

ငရဲဘုံ ၃၃ ဘုံသို့ ပြန်သွားခြင်း

Vol. 95 Ch. 1320

ငရဲဘုံ ၃၃ ဘုံသို့ ပြန်သွားခြင်း

Vol. 95 Ch. 1320

ငရဲဘုံ ၃၃ ဘုံ

မန်ဟို သွားဖို့ ကြံစည်နေသော နေရာကား .... ငရဲဘုံ ၃၃ ဘုံမှတစ်ပါး အခြားမဟုတ်ပေ။

ကောင်းကင်ဘုံ (၁) ဆင်းသက်လာပြီး တောင်ပင်လယ်လောကတွင် စစ်ပွဲစတင်သည့်အခါ မန်ဟိုသည် သူ့တာအိုသစ်သီးထဲရှိ ပါရာဂွန်သွေး ဆူပွက်လာသည်ကို သတိထားမိလိုက်၏။ ယင်းက ... သူ၏ကျင့်ကြံခြင်းအခြေခံ၊ သူ၏ဉာဏ်အလင်း၊ သူ၏အရာအားလုံး ... ခုန်ပျံကျော်လွှားတိုးတက်တော့မည့်အလား ခံစားရစေသည်။

တကယ်တော့ ထိုခံစားချက်သည် သူတစ်ယောက်တည်းသာ ခံစားနေရခြင်းမဟုတ်။ တောင်ပင်လယ်လောကသား ကျင့်ကြံသူအားလုံး ထိုနည်းတူ ခံစားနေရသည်။ ဖြစ်ပေါ်လာသည့် စစ်ပွဲက ... တောင်ပင်လယ်လောကကို ၎င်း၏လူများကို အားဖြည့်ပေးရန် ရည်ရွယ်ချက်အတွက် နှစ်ပေါင်းများစွာ စုပေါင်းထားခဲ့သော အရင်းအမြစ်များ ထုတ်လွှတ်စေလိုက်ပုံပင်။

သို့သော် ဤအခြင်းအရာက မန်ဟို့ကို စိတ်လည်းလေးလံလာစေသည်။ တောင်ပင်လယ်လောက ဤအတိုင်းအတာအထိ လုပ်နေမှတော့ ... ဤစစ်ပွဲကား အတိုင်းထက်အလွန် ခက်ခဲပေတော့မည်။

“တောင်ပင်လယ်တွေအတွက် ရှင်မယ်၊ တောင်ပင်လယ်တွေအတွက် သေမယ်” မန်ဟို့မျက်ဝန်းများသည် စိတ်ပိုင်းဖြတ်ထားမှုဖြင့် တောက်ပနေ၏။ အနာဂတ်၌ မည်သည်တို့ဖြစ်ပျက်လာမည်၊ ထို့နောက်ပိုင်း သူ့ဘဝ မည်သို့ဖြစ်လိမ့်မည်... သူ မသိပေ။

ပို၍ပင် မသိသည်က စစ်ပွဲအတွင်း သူ့မိသားစုနှင့် သူ့မိတ်ဆွေများ မည်သို့ဖြစ်သွားမည်ကိုပင် ....။ သူတို့ အသက်ရှင်လျက် ကျန်ခဲ့မည်လော...

မန်ဟိုသည် တိုက်ခိုက်သတ်ဖြတ်ရသည်ကို ခုံမင်သော လူစားမျိုးမဟုတ်ပေ။ သူ့တွင် ချမ်းသာချင်လိုစိတ်၊ သူ့မိသားစု၊ သူ့မိန်းမနှင့် ဘဝကို အေးအေးချမ်းချမ်း၊ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးသွားလိုစိတ်သာ ရှိသည်။

အိပ်မက်လေးက ရိုးရှင်းသော်လည်း လက်တွေ့အကောင်အထည်ဖော်ဖို့က မရိုးရှင်းလှပေ။

မန်ဟို သူ့အကြောင်းသူ နားလည်သည်။ အမှန်တရားကို သိသည်... သူသည် ရ့ည်မှန်းချက်ကြီးမားသော လူတစ်ယောက်မဟုတ်ပေ။ သူဖြစ်သည့်အရာများက သိပ်အလှမ်းမဝေးသလို၊ သူ့တွင် မိုးနှင့်မြေကို အုပ်စိုးလိုစိတ်လည်း မရှိပေ။

သူ့တာအိုနှင့် သူ့နှလုံးသားနှစ်ခုလုံးသည် လွတ်လပ်မှု၊ အနှောင့်အဖွဲ့ကင်းမှုကိုသာ ရှေးရှု၏။

အမှန်တွင် ကျင့်ကြံခြင်းအဆင့် မြင့်သထက်မြင့်နေဖို့လည်း မတောင့်တပေ။ သူ၏စွဲလမ်းမှုအစစ်အမှန်ဆို၍ ... ချမ်းသာလိုစိတ်လေးသာ ရှိသည်။

ဤဘဝတွင် သူသည် ဘဝရေစီးကြောင်းအတိုင်း လိုက်ပါရင်း သူ၏ပျော်ရွှင်မှုကို ရှာတွေ့ခဲ့၏။ လူများအား တစ်ပတ်ရိုက်ကလိမ်ကျသည်ကို သူ နှစ်သက်သည်။ အကြွေးစာချုပ်များ စုဆောင်းရသည်ကို သူ သဘောကျသည်... သူ့အတွက် ယင်းက ပျော်ရွှင်မှုပင်။ သို့သော် ကောင်းကင်ဘုံ (၁) ကျဆင်းလာသောအခါ အပြင်သူများကြောင့် ထိုပျော်ရွှင်မှုအားလုံး ပျက်စီးသွားခဲ့ရလေပြီ။ တိုက်ခိုက်သေဆုံးနေသော တောင်ပင်လယ်လောကသား ကျင့်ကြံသူများကို ကြည့်ရင်း မန်ဟို့နှလုံးသားသည် တိတ်ဆိတ်အေးစက်လာ၏။

ခံစားနေရသော နာကျင်မှုက သူ၏အိပ်မက်အားလုံးကို ကလေးဆန်သောစိတ်ကူးလေးများသဖွယ် ဖြစ်သွားစေသည်။ သူကား နိုးထလာခဲ့သည့်အလား.... ရင့်ကျက်လာသည့်အလားပင်။

“တောင်ပင်လယ်တွေသာ မတည်ရှိရင် ငါ တစ်ယောက်တည်း တည်ရှိနေလဲ ဘာထူးတော့မှာလဲ...” စိတ်ပိုင်းဖြတ်လိုက်မှုသည် မန်ဟို့မျက်ဝန်းများ၌ ဖြတ်ပြေးသွား၏။ သူကား သူ၏ကျင့်ကြံခြင်းအခြေခံ များစွာပို၍အစွမ်းထက်လာဖို့ မျှော်လင့်လာသည်။

ချမ်းသာချင်၍မဟုတ်၊ သူ၏ရိုးရှင်းသောစိတ်ကူးလေးများကြောင့်မဟုတ်... သူ့အိမ်ကြောင့်....

သူ့အိမ်ဖြစ်သော တောင်ပင်လယ်လောကကြောင့် သူ၏အစွမ်းထက်လိုစိတ်သည် ကြီးမားပြင်းထန်လာ၏။

သူ့အိမ်သည် ကျူးကျော်ခံခဲ့ရပြီး သူ့လူများမှာလည်း သွေးတို့ရွှဲရွှဲစိုလျက် တိုက်ခိုက်နေခဲ့ရလေပြီ။ သူသည် တောင်ပင်လယ်လောက၏ သခင်အလောင်းအလျာ၊ ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူ၊ ပါရာဂွန်ကိုးတံဆိပ်၏ ဆက်ခံသူ ဖြစ်သည်။ သို့ဖြစ်၍ .....

သူ သည့်ထက်ပိုပြီး အစွမ်းထက်လာမှ ဖြစ်မည်။ သည့်ထက်ပိုပြီး သန်မာလာမှ ဖြစ်မည်။

“ငါက အပြင်သူတာအိုဥသျှောင်တစ်ယောက်ကိုတောင် မသတ်နိုင်ပါလား...” သူက မျက်လုံးများ အေးစက်စက် တောက်ပနေလျက် တွေးသည်။ တခဏချီတုံချတုံဖြစ်နေပြီးနောက် သူသည် ကောင်းကင်နတ်ဘုရားမဟာမိတ်ထံ တတ်နိုင်သမျှ မြန်မြန်ထွက်သွားတော့၏။

သူ့နတ်ဘုရားအာရုံမှာ ဖိနှိပ်ခံထားရရာ သူသွားမည့်နေရာကို ကြိုတင်စစ်ဆေးမပေးနိုင်ပေ။ သို့သော်လည်း သူ့ကို လျှပ်စီးလို ထွက်မသွားအောင် တားနိုင်ခြင်းမရှိ။

ဝုန်းးးးးးးး

သူသည် နောက်မှကပ်ပါလာသည့် မီးပင်လယ်ကြီးနှင့်အတူ တဟုန်ထိုးထွက်သွားသော အလင်းတန်းတစ်တန်း ဖြစ်သွား၏။ မီတာသုံးထောင်အမြင့် အပြင်သူက ခြေလှမ်းကြဲကြီးများဖြင့် သူ့နောက်လိုက်လာနေသည်။ သူ၏အဆင့်အတန်းနှင့် အတိုက်အခိုက်စွမ်းရည်ကို ထည့်တွက်လျှင် မန်ဟို့ကို မသတ်နိုင်ခြင်းက အင်မတန် ရှက်စရာကောင်း၏။

သူ၏မျိုးနွယ်တူညီတစ်ယောက်အား မန်ဟို သတ်ပစ်ခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရခြင်းကလည်း သူ၏အမုန်းတရားကို မိုးထိအောင် မြင့်မားသွားစေသည်။

သူတို့သည် ဟင်းလင်းပြင်ကို ခွဲရင်း ကြယ်တာရာကောင်းကင်တစ်လျှောက် ပျံသန်းနေကြ၏။ သူတို့ဖြတ်သွားသည့်နေရာတိုင်းတွင် အံ့အားသင့်နေသော အပြင်သူများနှင့် တောင်ပင်လယ်လောကသားကျင့်ကြံသူများမှာ ကပျာကယာ လမ်းဖယ်ကြပြီး အနားမကပ်ရဲကြပေ။

မီတာသုံးထောင်အမြင့် အပြင်သူကြီးက တောင်ပင်လယ်လောကတွင် မြင်ရလေ့ရှိသော အမျိုးအစားများနှင့် ကွဲပြားကာ ထူးဆန်းနေသည့် မှော်သိုင်းကွက်များကို ထုတ်လွှတ်နေသည်။ ရံဖန်ရံခါ သူသည် လမ်းရှိ အရာအားလုံးကို ဝါးမြိုရင်း မန်ဟို့အား လှမ်းဟပ်လိုက်သော သားရဲကြီးတစ်ယောက်အသွင် ပြောင်းတတ်၏။ ရံဖန်ရံခါ ဘလိတ်ဓားတမျှ ချွန်မြသည့် လက်သည်းကြီးများက မန်ဟို့ကို ပိုင်းချလိုက်တတ်သည်။

အားလုံးအထဲ အတုန်လှုပ်စရာကောင်းဆုံးမှာ ကြောက်ခမန်းလိလိ လွှဲရမ်းနေသော အမြီးအရှည်ကြီး ဖြစ်သည်။ ၎င်းက မန်ဟို့ကို လုံးလုံးလျားလျား ထိတ်လန့်သွားစေသည့် တုန်ခါလှိုင်းများကို ထုတ်လွှတ်ရင်း ကြယ်တာရာကောင်းကင်ကို ခွဲခြေပစ်လိုက်သည်။

သွေးများက မန်ဟို့နှုတ်ခမ်းထောင့်မှ စီးကျလာသော်လည်း အမြီးရိုက်ချက်ကိုတော့ ကပ်သီကာ ရှောင်လိုက်နိုင်၏။ သို့ထိတိုင် သူ့ကျင့်ကြံခြင်းအခြေခံ မတည်မငြိမ်ဖြစ်သွားသည်ကို သူ ခံစားလိုက်ရသည်။

သူ့မှာ သူနှင့် တာအိုဥသျှောင်အဆင့်အကြားက ကွာဟချက်၊ မည်မျှပင်ကျဉ်းမြောင်းစေကာမူ အသက်နုတ်ပစ်နိုင်သော ကွာဟချက်ကို ပို၍ပင် ခံစားလိုက်ရတော့သည်။

“တောင်ပံဖွတ်မြွေ မြေမီးလျှံ၊ ကောင်းကင်ဘုံတို့ မေ့ပျောက်လော့” သူ ထုတ်လွှတ်ခဲ့သည့် တိုက်ကွက်များစွာက မန်ဟို့ကို ထိပင်မထိနိုင်ကြောင်း မြင်လျှင် မီတာသုံးထောင်အမြင့် အပြင်သူ၏မျက်လုံးများ နီရဲသွား၏။ သူသည် ဟိန်းရင်း လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ကာ သူ့ခြေထောက်ရှိ မီးတောက်မီးလျှံများအား မြောက်တက်လာစေပြီး ဧရာမမြေမီးလျှံအိမ်မြှောင်ကြီးတစ်ကောင် အသွင်ပြောင်းသွား၏။ ၎င်းက ပါးစပ်ဟကာ မီးတန်းကြီးတစ်တန်းကို မန်ဟို့ထံ မှုတ်ထုတ်လိုက်သည်။

မီးတောက်များသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလာရင်း မန်ဟို့ကို ချက်ချင်း လွှမ်းခြုံသွား၏။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားသည့်အချိန်မှာပင် အသားဂျယ်လီ ပေါ်လာသည်။

အသားဂျယ်လီသည် စစ်သေနတ်ပစ်သလို ဆက်တိုက်ဆဲရင်း မီးတောက်များထံမှ မန်ဟို့ကို ကာကွယ်ပေးလိုက်သော အကာအကွယ်တစ်ခုအသွင် ပြောင်းသွား၏။ ၎င်းမှာ အရည်ပျော်ကျတော့မတတ် ဖြစ်သော်လည်း တိုက်ကွက်၏အဆုံးအထိ ထိန်းပေးထားလေသည်။ ထို့နောက် မန်ဟိုက အသားဂျယ်လီကို အားတုံ့အားနာဖြင့် သိုလှောင်အိတ်ထဲ ပြန်ထည့်ပြီးနောက် အံတင်းတင်းကြိတ်ကာ ဆက်ပြေးသည်။

“သောက်ကျိုးနည်း လီးလိုပဲ” အပြင်သူက ဒေါသတကြီး ဆဲသည်။ အလျှော့မပေးလို၍ သူက မန်ဟို့နောက် ဆက်လိုက်ဖမ်းလေသည်။

သူ့အနောက်၌ တစ်ချိန်လုံး ပဲ့တင်ထပ်နေသော ကျိန်ဆဲသံများဖြင့် မန်ဟိုသည် နောက်ဆုံးတော့ တစ်ချိန်က ကောင်းကင်နတ်ဘုရားမဟာမိတ်ဖြစ်ခဲ့သည့် ပိုက်နက်သို့ ရောက်သွား၏။ တရိပ်ရိပ်ပျံသန်းလာခဲ့ရင်း မကြာမီ ငရဲဘုံ ၃၃ ဘုံ၏ ဝင်ပေါက်တည်ရှိရာသို့ ရောက်လာခဲ့သည်။

ထိုနေရာသည် မည်သည့်အရာကိုမဆို ဝါးမြိုနိုင်ပုံရသော အမှောင်ဒေသတစ်ခုဖြစ်သည်။ ၎င်းမှ ဖြာထွက်နေသည့် ပျက်စီးခြင်းအငွေ့အသက်များက အပြင်သူတာအိုဥသျှောင်၏ မျက်လုံးများကို လင်းခနဲ လက်သွားစေသည်။

“ဒီအရှိန်အဝါက ... “ သူက ရင်ထိတ်ခနဲ ခုန်သွားလျက် တွေးသည်။

မန်ဟိုက အထဲဝင်ဖို့ တွန့်ဆုတ်မနေ။ ငရဲဘုံ ၃၃ ဘုံသည် ပွင့်မနေသော်လည်း သူ ထိုဧရိယာထဲ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် လောဘ၏ အသက်စွမ်းအားအနှစ်သာရ လှုပ်ရှားလာပြီး စတင်ဖြာထွက်သွား၏။

ချက်ချင်းပင် ဝင်ပေါက်ပွင့်လာတော့မည့်အလား အစွမ်းထက်လှိုင်းဂယက်များက အရာရာတိုင်းကို တွန့်လိမ်ရှုံ့တွနေစေရင်း ဟင်းလင်းပြင်တွင် ပေါ်ပေါက်လာသည်။ မန်ဟိုက တုံ့ခနဲ ရပ်ပြီးနောက် အမှောင်ဒေသ၏အပြင်ရှိ အပြင်သူတာအိုဥသျှောင်ကို အေးတိအေးစက်မျက်လုံးများဖြင့် လှည့်ကြည့်သည်။

“ခင်ဗျား ကျုပ် နောက်လိုက်နေခဲ့တာလည်း ကြာပြီ။ ခင်ဗျားတိုက်ခိုက်ချင်တယ်ဆိုရင်တော့ ... ဒီမှာ တိုက်ခိုက်ကြစို့” မန်ဟို့အသံက ကမ္ဘာမကြေသော မုန်းတီးမှုအပြည့်ဖြင့် ပဲ့တင်ထပ်လာသည်။ ထို့နောက် သူသည် ပါးစပ်မှ သွေးများကို သုတ်ပြီး သူ့မျက်ဝန်းထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒက ပို၍ပြင်းထန်လာသည်။

မီတာသုံးထောင်အမြင့် အပြင်သူက အေးစက်စက်မျက်လုံးများဖြင့် လှမ်းကြည့်ပြီးနောက် နှာမှုတ်သည်။ ဤပတ်ဝန်းကျင်ရှိ အရှိန်အဝါသည် ထူးဆန်းသော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်ကို ထည့်တွက်ရင်း သူက တွန့်ဆုတ်မနေဘဲ မန်ဟို့ထံ ဦးတည်လာ၏။

မန်ဟိုက ညာလက်ကို ဆန့်တန်းလိုက်ရာ မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်း ပေါ်လာသည်။ ထို့နောက် ထွက်ပြေးမည့်အတွေးအားလုံးကို စွန့်လွှတ်ရင်း မီတာသုံးထောင်အမြင့် အပြင်သူအား ပြေးဝင်တိုက်ခိုက်တော့၏။

မျက်စိတစ်မှိတ်အတွင်း တိုက်ကွက်ပေါင်းထောင်ချီ ဖလှယ်ပြီးသွားသဖြင့် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။ မန်ဟိုက တောင်များ၊ သွေးမိစ္ဆာ၊ သွေးခွေးကြီးနှင့် ပါရာဂွန်တံတားကို ဆင့်ခေါ်သည်။

မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းက ရွှီးခနဲ လေကို ခွင်းသွားစဉ် မန်ဟိုသည် သူ၏လက်သီးချက်သုံးချက်ကို ဆင့်ကဲပစ်သွင်း၏။

အပြင်သူလည်း မုဒြာလက်ကွက်များဖော်သည်။ ၎င်း၏အကြွေးခွံများ ကြွတက်လာကာ လေမုန်တိုင်းတိုက်ခတ်လာသည်။ အနှစ်သာရစွမ်းအားသည် ကြောက်မက်ဖွယ်ဖိအားကြီးအဖြစ် ပေါက်ကွဲထွက်လာ၏။ အနက်ရောင်မီးတောက်များက မန်ဟို့ကို စားဖို့ ကြိုးစားနေသော အနက်ရောင်မီးအိမ်မြှောင်ကြီးသဖွယ် တဟုန်းဟုန်းတောက်နေသည်။

အုန်းးးးးးး။ မန်ဟိုမှာ နောက်သို့တွန်းထုတ်ခံလိုက်ရသဖြင့် ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ အပြင်သူတာအိုဥသျှောင်မှာမူ မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းက သူ့ရင်ဘတ်ကို ခွဲလိုက်၍ မျက်နှာရိပ်ခနဲ ဖြစ်သွားသည်။

သူ့ဒဏ်ရာများသည် လျင်မြန်စွာ ပျောက်ကင်းသွားသော်လည်း ... ဒဏ်ရာပိုပြင်းထန်သော မန်ဟိုက ပို၍ပင်မြန်မြန်ဆန်ဆန် သက်သာလာသည်။ မန်ဟိုက ကြယ်တံခွန်ကြီးပမာ ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းလာသည်. သူ ချဉ်းကပ်လာစဉ် အပြင်သူက မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းကာ အနက်ရောင်မီးအိမ်မြှောင်ကြီးအား ခေါင်းဖြင့် ဆောင့်တိုက်လိုက်စေသည်။

ဝုန်းခနဲ ကြယ်တံခွန် ကြေမွသွားသည်။ သို့သော် ထိုအချိန်မှာပင် မိုးပြာရောင်သိမ်းငှက်အသွင်ဖြင့် မန်ဟိုက အိမ်မြှောင်ကြီးကို လျှပ်စီးလို ထိုးဖောက်၍ အပြင်သူတာအိုဥသျှောင်၏အရှေ့တည့်တည့်တွင် ပေါ်လာသည်။

အပြင်သူ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူ နောက်ဆုတ်တော့မည့်အချိန်မှာပင် မိုးပြာရောင်ခြေသည်းများက သံမဏိကို ပိုင်းဖြတ်နိုင်သော ခွန်အားဖြင့် ပိုင်းချလိုက်သည်။

“သေချင်နေလား” အပြင်သူတာအိုဥသျှောင်က မျက်လုံးများမီးဝင်းဝင်းတောက်နေလျက် ဆိုသည်။ သူသည် မန်ဟို၏သိမ်းငှက်ခြေသည်း သူ့ညာမျက်လုံးအား ကလော်ထုတ်လိုက်သည်ကို ခွင့်ပြုလိုက်ပြီး နာကျင်မှုကို လျစ်လျူရှုရင်း သိမ်းငှက်အား ညာလက်ဖြင့် လှမ်းဖမ်းဆုပ်လိုက်၏။

မိုးပြာရောင်သိမ်းငှက်မှာ ဖောင်းခနဲ ပြားကပ်သွားသည်။ သို့သော် မည်သည့်သွေးမှ ထွက်မလာ၊ အလင်းမှုန်များသာ ပြန့်ကြဲနေသည်။ ထိုစဉ် အရိပ်တစ်ခုက အဝေးသို့ တဟုန်ထိုး သွားနေလေသည်။

“သေစမ်း” မန်ဟို ထွက်ပြေးသွားသဖြင့် အပြင်သူက မချင့်မရဲ အော်သည်။ အဆုံးမဲ့သေခြင်းအငွေ့အသက်များက အနီရောင်တောင်လာသော အပြင်သူထံမှ ထွက်လာသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ဤသည်ကား မရဏကျိန်စာမှော်အစွမ်းပင်။

ချုပ်နှောင်ခြင်းမှော်သင်္ကေတတစ်ခုက မန်ဟို့အရှေ့တွင် ပေါ်လာသည်။ မန်ဟိုမှာ တွန်းထုတ်ခံလိုက်ရ၍ သွေးအန်လိုက်ရသည်။ သူ့မှာ မထိန်းချုပ်နိုင်ဘဲ သွေးတစ်ပွက်ပြီးတစ်ပွက် အန်နေရသည်။ သူ့ရင်ဘတ်မှာ စုတ်ပြတ်သပ်နေပြီး သူ့အသက်စွမ်းအားလည်း မှေးမှိန်လာသည်။ အားကောင်းသော သေခြင်းအငွေ့အသက်များက သူ့ကို တိုက်စားစပြုလာလေပြီ။

“မင်းက ငါ့မျက်လုံးကို ယူပြီး ငါ့မျိုးနွယ်တူညီကို သတ်ခဲ့တယ်။ မပူနဲ့ ငါ မင်းကို သတ်ပြီးရင် မင်းသွေးနဲ့ မင်းအမျိုးတွေကို ရှာပြီး မျိုးဖြုတ်ပစ်မယ်” မီတာသုံးထောင်အမြင့် အပြင်သူက ညာလက်ကို မြှောက်၍ မီးတောက်မီးလျှံများအား ရုပ်တုကြီးအသွင် ပြောင်းသွားစေသည်။ ရုပ်တုကြီး၏လက်ဝါးသည် မန်ဟို့ကို ရိုက်ချလိုက်၏။

ထိုလက်ဝါးက သေခြင်းအငွေ့အသက်များအား ပတ်ဝန်းကျင်တွင် အလိပ်လိပ်ထလာစေပြီး တဝုန်းဝုန်းမြည်သံများ ထုတ်လွှတ်လိုက်သည်။ ကြယ်တာရာကောင်းကင်မှာ တုန်ရီလာကာ ကောင်းကင်များ မှိန်ကျသွားသည်။

သို့သော် ဤအခိုက်အတန့်တွင် မန်ဟို့နှုတ်ခမ်းထက်၌ လှောင်ပြုံးတစ်စ ဖြစ်ထွန်းလာသည်။ အပြင်သူမှာ ရုတ်တရက်ဆိုသလို ရင်လေးလာသော်လည်း သူဘာမှမလုပ်နိုင်ခင် ဧရာမအက်ကွဲကြောင်းကြီးတစ်ကြောင်းက မန်ဟို့ခြေထောက်အောက်ရှိ ဟင်းလင်းပြင်ထဲတွင် ဘွားခနဲ ပေါ်လာသည်။

ထိုအကွဲကြောင်း ပေါ်လာသည်နှင့် မန်ဟိုက အတွင်းထဲ ခုန်ဆင်းသွား၏။

သေစေနိုင်သောအန္တရာယ်အာရုံကို ခံစားလိုက်ရသဖြင့် မီတာသုံးထောင်အမြင့် အပြင်သူမှာ တဆတ်ဆတ် တုန်သွားသည်။ ထိုခံစားချက်သည် အကွဲကြောင်းထဲမှ လာ၏ ... ထိုအထဲတွင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု၏ အငွေ့အသက်များကို သူ ခံစားနေရသည်။

ထိုအကွဲကြောင်းထဲ ဝင်လိုက်လျှင် သေဘေးကို ရင်ဆိုင်ရပေလိမ့်မည်။ သူက တွန့်ဆုတ်မနေဘဲ ပြန်ဖို့ လှည့်လိုက်သည်။

သို့သော် သူ ထိုသို့လုပ်လိုက်သည့်အချိန်မှာပင် မန်ဟိုက ကြယ်ခူးသိုင်းကို ထုတ်လွှတ်လိုက်၏။ အပြင်သူမှာ ရက်ရက်စက်စက် ဆောင့်ဆွဲခံလိုက်ရလေသည်။

အပြင်သူ၏မျက်လုံးများက အမျက်ဒေါသတို့ဖြင့် မီးဝင်းဝင်းတောက်လာပြီး သူသည် ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံထုတ်ကာ ရုန်း၏။ မန်ဟို၏ မန်ဟို၏ကြယ်ခူးသိုင်းမှ ရုန်းရင်း သူ နောက်ဆုတ်လိုက်သည့်အချိန်တွင် မန်ဟို့လှောင်ပြုံးက ပိုမိုပီပြင်လာသည်။

“နေရာလဲသိုင်း” သူက တိုးညှင်းစွာ ပြောလိုက်သည်။

သူနှင့်အပြင်သူတာအိုဥသျှောင်ကား ဝုန်းခနဲ နေရာလဲသွားလေပြီ။ အပြင်သူမှာ နောက်ဆုတ်နေဆဲဖြစ်သော်လည်း ယခုတွင် သူရွေ့လျားနေသည်က အကွဲကြောင်းထဲသို့ ဖြစ်နေ၏။ သူ့မှာ မျက်စိမျက်နှာပျက်လျက် ချက်ချင်း ရပ်လိုက်သော်လည်း ထွက်ပေါက်မှ အတန်ငယ်လှမ်းနေသေးသည်။

All Chapters