← Chapters

အခန်း (၇၆)

Vol. 7 Ch. 76

အခန်း (၇၆)

Vol. 7 Ch. 76

အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး

အပိုင်း ၇၆

စိတ်လှုပ်ရှားလွန်သွားသည့် ကျိုးရှောင်ယွီသည် ရိုလာကိုစတာပေါ်က ဆင်းသည်နှင့် အမှိုက်ပုံးနား ပြေးကာ သွားအန်လေတော့သည်။

သူ အန်နေတုန်း ဝမ်ယွီထုံက ဘာပြောရမှန်း မသိသည့်ပုံဖြင့် တစ်ရှုးလကမ်းပေးရင်း ကျောကို ပွတ်ပေးလိုက်သည်။

ကျိုးကျီယွဲ့သည် ထိုအချိန်မှ ရောက်လာခဲ့သည်။ ဒီနေ့တော့ သူ မျက်မှန် ဝတ်မလာခဲ့ပါ။ ရိုးရှင်းသည့် အနက်ရောင် အဝတ်အစားကိုသာ ဝတ်ဆင်ထားသည်။ ထင်ရှုးပင်လို ရှည်လျားသည့် အရပ်အမောင်းကြီးနှင့် ကျိုးကျီယွဲ့သည် အသက်နှစ်ဆယ်အရွယ် လူငယ်ကဲ့သို့ပင် လန်းနေသေးသည်။

ဝမ်ယွီထုံသည် လူအုပ်ထဲ မှ ကျိုးကျီယွဲ့ကို မြင်လိုက်ရ၍ ပျော်ရွှင်စွာ အော်ခေါ်လိုက်သည်။"မစ္စတာကျိုး ကျွန်မတို့ ဒီမှာ !"

ကျိုးကျီယွဲ့ကလည်း သူမတို့အနား ရောက်လာသည်။ကျိုးရှောင်ယွီသည် သူ့မျက်လုံးထောင့်ကနေ ကျိုးကျီယွဲ့ လာနေသည်ကိုမြင်သည်နှင့် အန်နေတာ ရပ်ဖို့ ကြိုးစားလိုက်သည်။ သို့သော် သူ မလုပ်နိုင်ခဲ့ပါ။

သေစမ်းးး ဒါတွေအားလုံး ဆရာမဝမ်ကြောင့်ပဲ!

ကစားကွင်း အဝင်ပေါက်တုန်းက ဆရာမဝမ်သည် သူ့ကို သစ်အယ်စေ့လှော် ဝယ်ကျွေးခဲ့သည်။ သူလည်း မနေနိုင်ပဲ အကုန် စားလိုက်မိသည်။ အခုတော့ ဗိုက်ထဲကနေ အန်ချင်လွန်း၍ တစ်လိမ့်လိမ့် တက်လာလေပြီ။

"ဝေါ့....."

နောက်တစ်ခေါက် ထပ်အန်လိုက်ချိန်တွင် သူ့နောက်ကျောကို လက်တစ်ဖက်က အသာလာပွတ်ပေးသည်ကို ခံစားမိလိုက်သည်။

ဤလက်သည် စောနက ပွတ်ပေးသည့်လက်နှင့်မတူပဲ ပိုကြီးကာ လှုပ်ရှားပုံကလည်း သဘာဝ မကျပဲ ထူးဆန်းနေ၏။

အန်ပြီးနောက် ကျိုးရှောင်ယွီ နေရထိုင်ရ သက်သာသွားသည်။ မတ်မတ်ပြန်ရပ်လိုက်ပြီး ပါးစပ်ကို တစ်ရှုးဖြင့် သုတ်လိုက်ကာ သူ့ကျောဘက်မှ လက်ကို ခါထုတ်လိုက်သည်။

"ရပြီ ကျွန်တော် မအန်ချင်တော့ဘူး"

ကျောပေါ်မှာ လက်ကို ခါပြီးသည်နှင့် မီးခိုးရောင်မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံမိလိုက်သည်။

ကျိုးကျီယွဲ့လည်း သူ့လက်ကိုပြန်ရုတ်လိုက်ကာ စိုးရိမ်တကြီး မေးလိုက်သည်။"အဆင်ပြေရဲ့လား?"

ကျိုးရှောင်ယွီ ခန္ဓာကိုယ် မတ်မတ်ဖြစ်သွားပြီး မသက်မသာဖြစ်သလို ခံစားလိုက်ရသည်။

သူတို့နှစ်ဦးကြား ကိုးရိုးကားယားနိုင်သောအခြေအနေရောက်သွားပြန်သည်။

ဝမ်ယွီထုံသည် လီမွန်တီးခွက်သုံးခွက် ကိုင်ကာ အနားရောက်လာသည်။ သူမမျက်နှာပေါ်သို့ နေရောင်ကျလျက်ရှိသည်။

"ခုလေးတင်အန်ထားတာဆိုတော့ တစ်ခုခုသောက်လိုက်ဦး။ ကျွန်မ အကြာကြီး တန်းစီထားရတာနော်"

အန်ထား၍ အားအင်ကုန်ခမ်းနေသည့် ကျိုးရှောင်ယွီသည်လည်း အအေးတစ်ခုခုသောက်ချင်နေ၏။ထို့ကြောင့် ခွက်သုံးခွက်ကို တစ်ချက်လှမ်းကြည့်လိုက်ကာ ခွက်တစ်ခုကို ညွှန်ပြလိုက်သည်။ "အင်းးး ကျွန်တော်ဒီတစ်ခွက် အများကြီးပါတဲ့ဟာ ယူမယ်"

ထိုသို့ပြောပြီးသည်နှင့် လီမွန်တီးခွက်ကိုယူကာ သစ်ပင်အောက် မတ်တပ်ရပ်ရင်း သောက်လိုက်သည်။

ဝမ်ယွီထုံက ဘေးကနေ "ဖြည်းဖြည်းသောက် မင်းက ခုလေးတင် အန်ထားတာ ထပ်မအန်မိစေနဲ့ " ဟု တစ်တွတ်တွတ် မှာနေ၏။

ကျိုးရှောင်ယွီကတော့ သူမကို လျစ်လျူရှုထားသော်လည်း သောက်နေသည့် အရှိန်ကိုတော့ လျှော့လိုက်သည်။

ဝမ်ယွီထုံက နောက် တစ်ခွက်ကို ကျိုးကျီယွဲ့ ထံကမ်းပေးလိုက်ကာ"ရှင်ကော သောက်ဦးမလား ဒီနေ့က အတော်လေး ပူတယ်နော်" ဟု မျက်လုံးလေးမှိတ်ပြကာ ပြောလိုက်သည်။

ကျိုးကျီယွဲ့ ပုံစံက နှစ်ဆယ်ကျော်အရွယ်နှင့် တူသွား၍ ဝမ်ယွီထုံပင် သူ့ကို မကြောက်တော့ပေ။

ကျိုးကျီယွဲ့ ကျေးဇူးတင်စကားပြောရင်း ယူလိုက်သည်။ သို့သော် မသောက်ပဲ မကြိုက်သည့်ဟန်ဖြင့် မျက်မှောင်ကြုံ့ကာ ကြည့်နေ၏။

"မစိုးရိမ်ပါနဲ့။ ဒီခွက်က သကြားမပါဘူး" ဝမ်ယွီထုံက ဝင်ပြောလိုက်ပြီး သူမ ရင်ဘတ်ကို ပုတ်ကာ ထပ်ပြောလိုက်သည်။ "လုံးဝ မချိုဘူးဆိုတာ ကျွန်မ အာမခံတယ်"

ကျိုးကျီယွဲ့ ရှုပ်ထွေးသည့်အကြည့်များဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။

ဆရာမဝမ်က ဒီ တစ်ပတ်ကျော်လေးအတွင်း သူ့အကြိုက်ကို စူးစမ်းရှာဖွေနိုင်ခဲ့မာ်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ကျိုးကျီယွဲ့ တစ်ငုံသောက်ကြည့်လိုက်သည်။ အချိုမထည့်ထားသည့်အပြင် အရသာကလည်း မဆိုးလှပါ။သူ၏ နှုတ်ခမ်းထောင့်များတွန့်ကွေးကာ ပြုံးလိုက်မိသည်။ သူ့စိတ်ထဲမှာလည်း ကျေနပ်မိသွားကာ နောက်တစ်ငုံ ထပ်သောက်လိုက်သည်။

သူတို့သုံးယောက် သောက်စရာ ရှိသည်များသောက်ပြီးနောက် သရဲအိမ်ကို သွားကြသည်။

ကစားကွင်းထဲရှိသရဲအိမ်သည် ကျောင်းဝင်းပုံစံ လုပ်ထားခြင်းဖြစ်သည်။ ကျိုးကျီယွဲ့ နှင့် သူမတို့အတူကစားခဲ့ဖူးသည့် သွမ့်မိသားစု၏ ဟော်လိုဝင်းပွဲတုန်းက ကျောင်းပုံစံနှင့် ဆင်တူ၏။

သို့သော် ကစားကွင်းထဲရှိ သရဲအိမ်သည် လူဆွဲဆောင်မည့် အဓိက နေရာမဟုတ်၍ သွမ့်ရိ ဒီဇိုင်းဆွဲထားသည့် နန်အန်းအထက်တန်းကျောင်းလောက် ကြောက်စရာမကောင်းပေ။ ဧည့်သည်များကို ခြောက်လန့်ရန် စက်ကိရိသာအချို့နှင့် ပဟေဠိအချို့အပြင် သရဲလို ဝတ်ဆင်ကာ လျှောက်သွားနေသည့် အလုပ်သမား အချို့သာရှိသည်။

သို့သော် ထိုအရာများကပင် ကျိုးရှောင်ယွီကို ခြောက်လန့်ရန် လုံလောက်နေပြီ ဖြစ်သည်။

တစ်ချိန်လုံးဆူပုတ်နေသည့် မျက်နှာ တင်းတင်းနှင့် ကောင်ကလေး ကျိုးရှောင်ယွီသည် ဝမ်ယွီထုံနောက်ကနေ လိုက်လာ၏။ ဝမ်ယွီထုံသည် ရှေ့မှ ရုတ်တရက် ပေါ်လာနိုင်သည့် သရဲများကို ကာကွယ်ရန် အရပ်ရှည်သည့် ကျိုးကျီယွဲ့ကို ရှေ့ကနေ သွားခိုင်းလိုက်သည်။

ဧည့်သည်များကို ခြောက်လန့်ရန် ဘတ်တံကိုင်ကာ ပြေးလာသည့် သရဲ အလုပ်သမားများကို ကျိုးကျီယွဲ့က တည်တည်ငြိမ်ငြိမ် ပြန်ကြည့်လိုက်သည်။ သရဲလို ဝတ်ဆင်ထားသည့် အလုပ်သမားသည် ကျိုးကျီယွဲ့၏ ကြီးမား မြင့်မြတ်သည့် အရှိန်အဝါတွေကြောင့် တွန့်ဆုတ်သွားကာ ရှေ့ကို တိုးမလာရဲတော့ပေ။

ထိုသရဲလိုဝတ်ဆင်ထားသည့် အလုပ်သမားသည် ရှေ့ကလူကို မခြောက်ရဲတော့ အဖွဲ့၏ နောက်ဆုံးက လူကိုသာ ခြောက်တော့သည်။ ကျိုးရှောင်ယွီ နောက်လှည့်ကြည့်လိုက်စဉ် သွေးတွေ စွန်းထင်းနေသည့် ကျောင်းယူနီဖောင်းနှင့်သရဲကို မြင်လိုက်ရလျှင် လန့်ဖြန့်ကာ ရှေ့ကို ပြေးသွားလိုက်သည်။

" သေစမ်းး ရူးချင်စရာပဲ ကြောက်စရာကြီး!"

ဝမ်ယွီထုံလည်း မတတ်နိုင်ပဲ ကျိုးရှောင်ယွီနောက် ပြေးလိုက်ကြရတော့သည်။ လိုက်ခြောက်သည့် သရဲ မမှီ နိုင်တော့သည့် နေရာအရောက်တွင် ကျိုးရှောင်ယွီတစ်ယောက် ဟောဟဲဆိုက်နေကာ သူ့ငွေရောင်ဆံပင်တွေကလည်း ရှုပ်ပွကုန်သည်။ ထို့နောက် စိတ်ဆိုးသည့်ပုံဖြင့် "မဟုတ်သေးဘူး ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကြားနေမယ်" ဟု ပြောလာသည်။

ဝမ်ယွီထုံနှင့် ကျိုးကျီယွဲ့တို့ နှစ်ယောက် အချင်းချင်းကြည့်လိုက်ကာ ပြံးမိသွားသည်။

ဝမ်ယွီထုံက ကျိုးရှောင်ယွီကို တမင် စလိုက်သည်။

"အာ့လောက် ကြောက်တတ်မယ်လို့ မထင်ဘူးနော်"

ကျိုးရှောင်ယွီက နှာခေါင်းရှုံ့ကာ ပြန်ပြောလာသည်။

"ကျွန်တော်မကြောက်ပါဘူးနော် ကျွန်တော်အလည်မှာနေတာက ဖြစ်သင့်တာ ဟုတ်ပြီလား?"

သူတို့သုံးယောက်အတူထွက်လာကြပြန်သည်။ ဤတစ်ခါတော့ ကျိုးရှောင်ယွီဆန္ဒအတိုင်း သူ့ကို အလယ်မှာ လိုက်ခိုင်းလိုက်သည်။

မှောင်မည်းနေသည့် ကော်ရစ်ဒါလျှောက်လမ်းပေါ် ကျိုးကျီယွဲ့သည် ရှေ့မှ ဦးဆောင်ကာ သွားနေ၏။ ဝမ်ယွီထုံ ကတော့ အနောက်ကနေလိုက်ပြီး အရှုပ်ထုပ်ကို ရှင်းနေရသည်။ မည်မျှကြောက်စရာကောင်းသည့်မြင်ကွင်းဖြစ်စေ ကျိုးရှောင်ယွီသည် မကြောက်သည့်ပုံဖြင့် အိတ်ကပ်ထဲ လက်ထည့်ကာ ကြည့်နိုင်လေတော့သည်။

သရဲအိမ်ထဲက ထောင်ခြောက်တွေ အတားအဆီး‌တွေ နှင့် သရဲတွေအားလုံးကို ကျိုးရှောင်ယွီ၏ ရှေ့နှင့် နောက်မှ လိုက်ပါလာသည့် လူကြီးနှစ်ဦးက တာဝန်ယူဖြေရှင်းပေးလိုက်သည်။

ကျိုးရှောင်ယွီက ကြွစောင်းစောင်းနိုင်သည့်ပုံဖြင့် ဆိုရှယ်မီဒီယာပေါ် ပို့စ်ပင်တင်လိုက်သေးသည်။သရဲအိမ်ဝင်ပေါက်ပုံနှင့် အတူ "အရမ်းပျင်းဖို့ကောင်းတာပဲ အိပ်တောင်အိပ်ချင်လာပြီ" ဟူသည့် စာကပ်ရှင်ပါ ရေးလိုက်သေးသည်။

ညနေခင်းရောက်တော့ သုံးယောက်သား အိမ်မပြန်ခင် ကစားကွင်းထဲရှိ စားသောက်ဆိုင်မှာပဲ ညနေစာ စားရန် စီစဉ်လိုက်ကြသည်။

ကျိုးရှောင်ယွီကတော့ ပျင်းရိသည့်ပုံဖြင့် ညနေစာစားရင်း လိုင်းပေါ်မှ သူငယ်ချင်းများနှင့် ချက်ရင်း ဖုန်းသုံးနေသည်။

ဝမ်ယွီထုံက ကျိုးရှောင်ယွီကို အသာလေး ချောင်းကြည့်ကာ တမင်သက်သက် အသံကျယ်ဖြင့်ပြောလိုက်သည်။

"မစ္စတာကျိုးးက(ကျိုးရှောင်ယွီ) ဆရာမတွေ့ဖူးသမျှထဲမှာ အရဲရင့်ဆုံးနဲ့ အခန့်ငြားဆုံးပဲ။ ဒီလို ကြောက်စရာကောင်းတဲ့ သရဲအိမ်ထဲကိုတောင် ဝင်ရဲတယ်နော်..."

မျက်နှာ နီရဲသွားသည့် ကျိုးရှောင်ယွီသည် သူ့ဖုန်းကို လက်ဖြင့်ကာ လိုက်ပြီး ဝမ်ယွီထုံကို စိုက်ကြည့်လိုက်သည်။

"ဘာလို့ ကျွန်တော့်ဖုန်းကို ချောင်းကြည့်ရတာလဲ။ နောက်တစ်ခါ အာ့လိုလုပ်ရင် ခင်ဗျားနဲ့ မခေါ်တော့ဘူးနော်"

ဝမ်ယွီထုံ ရုပ်တည်လိုက်ကာ "ကျစ် ဆရာမ မချောင်းကြည့်ပါဘူးနော် မစ္စတာကျိုး(ကျိုးရှောင်ယွီ) နောက်အပတ် ထပ်ပြီး အပြင်ထွက်လည်ကြမလား။အခွင့်အရေးလေး နောက်တစ်ခေါက်ပေးပါဦး။ အတန်း (A) က......"

ကျိုးရှောင်ယွီသည် ဒေါသထွက်လွန်းရင် ထပင်ခုန်လု မတတ်ဖြစ်သွားသည်။"ဒါတောင် မချောင်းကြည့်ဘူးပြောနေသေးတယ်နော်?"

"ဘာလို့စာကို ဖောင့်အကြီး သုံးပြီးရိုက်တာလဲ!!ကျောင်းသူလေးတွေရဲ့ အင်တာနက်စာမျက်နှာကိုတောင် သွားလိုက်သေးတယ် ဟားးဟားးဟားး..."

"မခေါ်တော့ဘူး ခင်ဗျားနဲ့ မခေါ်တော့ဘူးးး ခုပဲ မခေါ်တော့ဘူးး!"

ကလေးဆန်ဆန် စကားလုံးများပြောကာ ရန်ဖြစ်နေကြသည့် သူနှစ်ဦးကို ကြည့်ကာ ကျိုးကျီယွဲ့၏ နှုတ်ခမ်းဝယ် အပြုံးလေးတွဲခိုလာသည်။

သူ့စိတ်ထဲ ငြိမ်းချမ်းမှု ခံစားလိုက်ရကာ သူတို့နှစ်ယောက်ရဲ့ ပန်းကန်ထဲ တိတ်တိတ်လေး ဟင်းထည့်ပေးလိုက်သည်။

ကစားကွင်းကနေ ပြန်လာပြီးနောက် ဝမ်ယွီထုံသည် သူမဖုန်းထဲရှိ ဓာတ်ပုံများကို မကြည့်ပဲ မနေနိုင်တော့ပေ။

ကောင်လေး၏ မျက်ဝန်းတွေက တစ်ကမ္ဘာလုံးကို အလင်းပေးနိုင်လောက်သည့်အလား တောက်ပနေခဲ့သည်။ ထင်းရှုးပင် ဝါးပင်လို ရှည်လျားသည့် သူ့သွင်ပြင်က နုပျိုးတက်ကြွမှုတွေ အပြည့်ဖြစ်နေသည်။

တစ်နှစ်သား ကျိုးရှောင်ယွီလေးနှင့် ဆယ့်ငါးနှစ်သားကျိုးရှောင်ယွီတို့ကို တစ်ချိန်ထဲမှာပဲ မြင်လိုက်ရသလို ခံစားလိုက်ရသည်။

ဝမ်ယွီထုံ ယောင်ယောင်လေး ပြုံးမိလိုက်သည်။

စနစ်ကလည်း ပျော်ရွှင်နေ၏။ "အချက်အလက်တွေအရ ငါ့ခန့်မှန်းချက်မှန်တာပဲ။ ဆယ်ရက်တောင် မရှိသေးပဲ ကံကောင်းခြင်းအမှတ်တွေက ၉၉.၅%တောင် တက်လာတာပဲ။ ဒီနှုန်းအတိုင်းသာ ဆက်သွားလိုက်ရင် မကြာခင်မှာပဲ ပြည့်သွားတော့မှာ"

ဝမ်ယွီထုံလည်း ခေါင်းကို အသာအယာ ငြိမ့်ကာ "ဟုတ်ပြီကွ"ဟုပြောလိုက်သည်။

လဝက်ခန့်သည့် ကျိုးအိမ်တော်အတွင်း တည်ငြိမ်အေးဆေးစွာ ကုန်ဆုံးသွားသည်။ ဝမ်ယွီထုံကတော့ ကျိုးရှောင်ယွီကို ကျောင်းကြိုကျောင်းပို့လုပ်ခြင်း၊ အိမ်စာကူလုပ်ပေးခြင်း၊ လပတ်စာမေးပွဲအတွက် ပြင်ဆင်ပေးခြင်းတို့ကို နေ့တိုင်း လုပ်ပေးနေ၏။

ကျိုးရှောင်ယွီလည်း အတော်လေး အလေး အနက်ထားလုပ်လာသည်။ ဝမ်ယွီထုံကို ကလန်ကဆန်ပြန်ပြောတာတွေ ရှိသော်လည်း အတော်လေး နာခံမှု ရှိလာသည်။

သို့သော် ဗုဒ္ဓဟူးနေ့ မနက်ခင်းမှာတော့ အိမ်တော်ထိန်းစန်သည် ကျောင်းကနေ ဖုန်းတစ်ကော လက်ခံရရှိလာသည်။

အိမ်တော်ထိန်းစန်တစ်ယောက် ဝမ်ယွီထုံဆီ အမြန်ပြေးလာကာ ပြောသည်။"ဆရာမဝမ် ကျောင်းက ဖုန်းဆက်လာတယ်။ သခင်ငယ်လေးက အတန်းမတက်ဘူးတဲ့။ ကျောင်းထဲမှာလဲ မရှိဘူးတဲ့"

ဝမ်ယွီထုံ - " ဘယ်လို ! ကျောင်းပြေးတာလား?"

အိမ်တော်ထိန်းစန် - "ဟုတ်တယ် ကျွန်တော် သခင်လေးကျိုးရဲ့ အတွင်းရေးမှုးကိုတော့ ဖုန်းဆက်တော့ သခင်လေးက ဒါရိုက်တာတွေ နဲ့ အစည်းအဝေးထဲ ရောက်နေလို့တဲ့"

ဝမ်ယွီထုံ သူမ အခန်းထဲ ချက်ချင်းသွားကာ ခပ်မြန်မြန် အဝတ်အစားလဲလိုက်သည်။ "ကျွန်မ အခုသွားလိုက်မယ်"

အိမ်တော်ထိန်းစန် ဘာမှ မပြောနိုင်ခင်မှာပင် ဝမ်ယွီထုံက အိမ်က ထွက်သွားလေပြီ။ ထို့ကြောင့် အိမ်တော်ထိန်းစန်လည်း သူပြောမည့်စကားများကို ပြန်မြိုချလိုက်ရတော့သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သခင်ငယ်လေး ရှောင်ယွီက တစ်လကို တစ်ခေါက် နှစ်ခေါက်က တော့ ‌ ‌ကျောင်း လစ်နေကျဖြစ်၍ လူတိုင်း ကျင့်သား ရနေပြီးဖြစ်ကာ ညနေပိုင်း ဗိုက်ဆာလာလျင် အိမ်ပြန်လာတတ်စမြဲဖြစ်သည်။

ဝမ်ယွီထုံ ကျောင်းကို ရောက်တော့ ကျိုးရှောင်ယွီကို ကျောင်းရဲ့ ဘယ်နေရာမှ မတွေ့ရပေ။ ထိုအချိန်မှာပဲ ကျိုးကျီယွဲ့ကလည်း ကျောင်းကို ရောက်လာသည်။ သူ့မျက်ခုံး‌တွေက တွန့်ချိုးနေကာ စိတ်ဆိုးနေမှန်းသိသာစွာ အေးစက်စက်အရှိန်အဝါတွေ ထုတ်လွတ်နေ၏။

သူတို့ နှစ်ယောက်သား ကျောင်းအုပ်ရုံးခန်းထဲ ဝင်သွားလိုက်ကြသည်။

ကျောင်းအုပ်က သူ့နဖူးမှ ချွေးကိုသုတ်ကာ အားနာသည့်လေသံဖြင့် ပြုံးကာ ပြောလာသည်။ "ဒီမနက်ကတော့ ကျောင်းကို ရောက်လာသေးတယ်။ နောက်တော့ ကျောင်းအုတ်တံတိုင်း နံရံကို တွယ်တက် ကျော်ခွပြီး ထွက်သွားတော့တာပဲ။ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံးတော့ လိုက်ရှာနေပါတယ်"

ကျောင်းအုပ်က ဝမ်ယွီထုံတို့အား စောင့်ကြည့်ကင်မရာ မှတ်တမ်းကိုပြလိုက်သည်။ သွက်သွက်လက်လက် ပုံရိပ်တစ်ခုသည် ကျောင်းအုတ်တံတိုင်းနံရံကို ခုန်ကျော်သွားသည်ကို သူတို့နှစ်ဦး မြင်လိုက်ရသည်။ ကျိုးရှောင်ယွီသည် သူ၏ ငွေရောင်ဆံပင်ကို သပ်တင်ကာ မထီသည့်အကြည့်ဖြင့် စောင့်ကြည့်ကင်မရာကို ကြည့်သွားလိုက်သေးသည်။

ထိုပုံရိပ်ကို မြင်လိုက်ရသည့် ကျိုးကျီယွဲ့သည် နှာခေါင်းတစ်ချက်ရှုံ့လိုက်ကာ ဝမ်ယွီထုံကတော့ သူမ၏ နဖူးကို ကိုင်လိုက်မိသည်။

ပေါက်စီလုံးလေးက အရွယ်ရောက်လာတော့ အတော်လေးကို ဆိုးလာတာပဲ!!

ကျိုးကျီယွဲ့သည် အေးစက်သည့် မျက်နှာထားဖြင့် ရုံးခန်းထဲမှာ ထိုင်နေ၏။ ကျောင်းအုပ်ကြီးက တရိုတသေဖြင့် လက်ဖက်ရည်ငှဲ့ပေးနေသည်။

"လုံခြုံရေးအဖွဲ့ကို ခေါ်လိုက်။ လူကို တွေ့အောင်ရှာ"

ကျိုးကျီယွဲ့ အမိန့်ပေးလိုက်သည်။

ဝမ်ယွီထုံက တစ်ခု သတိရသွားကာ မျက်လုံးများ အရောင်တောက်လာသည်။ "ကျွန်မလည်း သွားရှာလိုက်ဦးမယ်"

ကျိုးကျီယွဲ့က သူမကို မေးခွန်းတစ်ချို့ မေးလိုသော်လည်း ဝမ်ယွီထုံက ကျောင်းအုပ်ရုံးခန်းထဲကနေ ထွက်သွားလေပြီ။

ဝမ်ယွီထုံ စာသင်ခန်း တစ်ခုရှေ့ကို ရောက်သွားရာ သူ့ကိုယ်သူ အပြစ်ရှိသည့်ပုံဖြင့် ထိုင်နေသည့် ချန်နိုင်ကို တွေ့လိုက်ရသည်။

"ကျိုးရှောင်ယွီ ဘယ်သွားတာလဲ ပြောပြ"

ဝမ်ယွီထုံက ချန်နိုင်ကို ထောင့်တစ်နေရာသို့ခေါ်ပြီး ထိုသို့မေးလိုက်စဉ် တုန်ယင်နေသည့် သူ့လက်‌တွေကို မြောက်ကာ ပြောလာသည်။

"မသိဘူးး ကျွန်တော်ကြောင့်မဟုတ်ဘူးး ကျွန်တော်ဘာမှ မသိဘူးး!!"

ဝမ်ယွီထုံ သူ့မျက်နှာကို တစ်ခန စိုက်ကြည့်ကာ ပြောလိုက်သည်။"မင်းပြောပြတယ်ဆိုတာ ဘယ်သူ့ကို မှ မပြောဘူး"

ချန်နိုင်က ခေါင်းခါနေဆဲပင်။ "ကျွန်တော်.. ကျွန်တော် ဘာမှ မသိဘူးး ကျိုးရှောင်ယွီက အမြဲတမ်း ကျောင်းပြေးတတ်တာပဲ မထူးဆန်းပါဘူး"

ဝမ်ယွီထုံက စိတ်ရင်ဖြင့် ပြန်ပြောလာသည်။ "မစိုးရိမ်ပါနဲ့။ သူ့အဖေ သူ့ကို အပြစ်မပေးစေရဘူး။ ဆရာမက သူ့လုံခြုံရေးအတွင် စိတ်ပူလို့ပါ။ သူဘယ်မှာလဲ ဆိုတာ ပြောပြပါလား ဟမ်?"

ချန်နိုင်တစ်ယောက် ချီတုံချတုံဖြစ်နေသည်။ "သူ့အဖေ အပြစ်မပေးစေရဘူးလို့ ဆရာမ ပြောထားတာနော်။ တစ်ကယ်လား?"

ဝမ်ယွီထုံ ခေါင်း အသာ ငြိမ့်လိုက်သည်။ "ဟုတ်တယ် ဆရာမပြောတဲ့ ကတိကို တည်မယ်"

ချန်နိုင်တစ်ယောက် တစ်ခဏလောက် ချီတုံချတုံဖြစ်ပြီးမှ သူ့အိတ်ကပ်ထဲမှ လက်မှတ်တစ်ခုကို ထုတ်ပြလာသည်။

"ကျိုးရှောင်ယွီ ဒီမှာ ရှိနေနိုင်တယ်။ ဒီနေ့ ပြိုင်ပွဲ တစ်ခု ရှိတာ ကျွန်တော်လည် ညနေသွားကြည့်မလို့"

ဝမ်ယွီထုံ လက်မှတ်ကို ယူကြည့်လိုက်ရာ အံဩမိသွားသည်။ "ပြိုင်ကားမောင်းပြိုင်ပွဲ? ပထမဆုက ယွမ်၂၅၀၀၀ တောင်လား?"

ချန်နိုင်က အပြစ်မကင်းသည့်ပုံဖြင့် မဝံ့မရဲလေးခေါင်းငြိမ့်လာသည်။ "အင်းးး ‌ကျိုးရှောင်ယွီက ဒီပြိုင်ပွဲကို ဝင်ပါချင်တယ်လို့ အရင်အပတ်က ပြောလာတယ်။ သူ့အရည်အချင်းနဲ့ဆို ပထမနေရာရဖို့က ပြသနာကြီး မဟုတ်ဘူး။ သူက ဆုငွေကို လိုချင်တာ...."

ဝမ်ယွီထုံ မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားမိသည်။

"သူက ငွေလို လို့လားး? ဆုငွေရဖို့အတွက် ကျောင်း ပျက်ပြီးတောင် သွားပြိုင်တာလား? ဆုငွေနဲ့ သူက ဘာလုပ်မလို့လဲ?"

ချန်နိုင်ကလည်း သူတစ်ကယ်မသိသည့်ပုံဖြင့် ခေါင်းခါလိုက်သည်။"သူ့ပုံစံကလည်း ပိုက်ဆံပြတ်နေတဲ့ ပုံ မပေါ်ပါဘူးး သူဘာလုပ်မလို့လဲ မသိဘူး.."

ဝမ်ယွီထုံက ချန်နိုင်၏ ပုခုံးကို ပုတ်ကာ "ကျေးဇူးပဲနော် တစ်ရက်ကျရင် မင်းကို ည‌စာ လိုက်ကျွေးမယ်နော်"ဟု ပြောခဲ့လိုက်သည်။

ဝမ်ယွီထုံလည်း ချက်ချင် ကျောင်းအုပ်ရုံးခန်းကို ပြေးသွားလိုက်သည်။"သတင်းရပြီ သွားကြစို့!"

ကျိုးကျီယွဲ့ အတော်လေး အံ့ဩမိသွားသည်။ ဝမ်ယွီထုံက သူ၏ ပရော်ဖက်ရှင်နယ် လုံခြုံရေးအဖွဲ့ စုံစမ်းတာထက် ပိုမြန်မြန် သတင်းရလိမ့်ဟု မထင်ထားခဲ့ပေ။

ဝမ်ယွီထုံလည်း ကျိုးကျီယွဲ့ကို ရှင်းပြရန် အချိန်ဖြုန်းမနေတော့ပဲ သူတို့နှစ်ဦးလုံး ကားပေါ်တက်ကာ အမြန်ထွက်ခွာသွားတော့သည်။

လမ်းရောက်မှ ဝမ်ယွီထုံသည် သူ့ဘေးက အေးစက်စက်အမျိုးသားကို ပြောလိုက်သည်။"မစ္စတာကျိုးး"

ကျိုးကျီယွဲ့က စိတ်ရှုပ်နေသည့် မျက်ဝန်းတွေဖြင့်ကြည့်လာသည်။"ဘာလဲ?"

ဝမ်ယွီထုံက တည်တည်ငြိမ်ငြိမ် ပြန်ပြောလာသည်။

"ကျွန်မပြောချင်တာ တစ်ခုရှိတယ်။ ရှောင်ယွီနဲ့ကျွန်မက သိလာတာလည်း အချိန်တစ်ခု ရှိပြီဆိုတော့ သူက အကြောင်းအရင်း မရှိပဲ ပြဿနာ ရှာတတ်တဲ့ ကလေးမဟုတ်ဘူးဆိုတာ ကျွန်မသိတယ်။ နောက်ပိုင်း ဘာကိစ္စပဲ ဖြစ်ဖြစ် ကလေးကို အရင်ဆုံး ဒေါသထွက်တာမျိုး မလုပ်ရဘူးနော် ဟုတ်ပြီလားး။ အရင်ဆုံး အ‌ခြေအနေကို နားလည်အောင် အရင်လုပ်မယ် ဘာကြောင့် သူဒီလိုလုပ်တယ် ဆိုတာ အရင်သိအောင် လုပ်ရမယ်"

ကျိုးကျီယွဲ့၏ မျက်ဝန်းထဲ အံ့အားသင့်မှု ဖြတ်ပြေးသွားကာ တစ်ခဏ တွေးနေလိုက်သည်။

ဝမ်ယွီထုံက သူ့ရှေ့ လက်ခုပ်တီးကာ အတွေးနယ်ချဲ့ နေရာမှ ပြန်ခေါ်လိုက်သည်။ "ကျေးဇူးပြုပြီးးနားထောင်ပေးပါ။ ရှောင်ယွီက အကျိုးမဲ့လုပ်တတ်တဲ့ ကလေးမဟုတ်ပါဘူးး ကျွန်မ သူ့ကို ယုံတယ်"

ကျိုးကျီယွဲ့ မျက်လွှာချလိုက်သည်။ သူ့မျက်ဝန်းထဲက ဒေါသအရောင်တွေ တစ်ဖြည်းဖြည်း ကျလာကာ ခေါင်းငြိမ့်လိုက်သည်။"ဟုတ်ပြီ"

All Chapters