အခန်း (၈၉)
Vol. 7 Ch. 89
အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး
အပိုင်း ၈၉
ကျိုးရှောင်ယွီက ပြန်ငိုချင်လာပြန်သော်လည်း အတင်းပဲ အောင့်ထားလိုက်သည်။
သူသည် အမေ့စကားကို မြေဝယ်မကျ နားထောင်ပြီး နောင်တစ်ချိန်မှာ စာတွေကို ကောင်းကောင်း နားလည်နိုင်အောင် ကြိုးစားသင်ယူရမည်ဟု စိတ်ထဲကနေ ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်မိသည်။
ထိုစဉ် ကျိုးရှောင်ယွီသည် မူကြိုကျောင်းတုန်းက ပန်းချီအတန်းလေးကို ရုတ်တရက် သတိရသွားမိသည်။ ထိုနေ့က ပေးလိုက်သည့် အိမ်စာမှာ "မိသားစု" ဟူသော ခေါင်းစဉ်ဖြင့် ပုံဆွဲရန် ဖြစ်သည်။
ကျိုးရှောင်ယွီသည် သူ့အဖေနှင့် အမေကို လွမ်းဆွတ်တမ်းတမိသွားကာ ရှေ့က လွတ်နေသော စာမေးပွဲစာရွက်ပေါ်တွင် ပုံများ စတင်ရေးဆွဲတော့သည်။ အလွန်အမင်း အလေးအနက်ထားသည့် မျက်နှာပေးဖြင့် မိသားစုသုံးယောက်၏ အရုပ်ပုံလေးများကို တကုပ်ကုပ် ဆွဲနေခဲ့သည်။
မကြာမီမှာပင် စာမေးပွဲစာရွက်တစ်ခုလုံးသည် ကောက်ကောက်ကွေးကွေး ပုံရိပ်လေးများဖြင့် ပြည့်နှက်သွားတော့သည်။
ကျိုးရှောင်ယွီသည် ပိန်ကပ်နေသည့် ဗိုက်ကလေးကို အသာအယာ ပွတ်သပ်ကြည့်မိသည်။ ပုံမှန်ဆိုလျှင် ဤအချိန်သည် မူကြိုဆရာမများက ကလေးများကို ထမင်းကျွေးရန် ပြင်ဆင်ပေးရမည့် အချိန်ဖြစ်သည်။ သူ စာမေးပွဲစောင့်ဆရာကို မျက်လုံးဝိုင်းလေးများဖြင့် အားကိုးတကြီး စိုက်ကြည့်နေခဲ့ပြီး ဆရာက အားလုံးကို နေ့လယ်စာစားရန် အမြန်ခေါ်လိမ့်မည်ဟု မျှော်လင့်နေခဲ့ခြင်းပင်။
သို့သော် ကံမကောင်းစွာဖြင့် စာမေးပွဲပြီးဆုံးသည်အထိ ဆရာက ထမင်းစားရန် မခေါ်ခဲ့ပေ။ ဆရာသည် ကျိုးရှောင်ယွီ၏ စာရွက်ကို လာသိမ်းသည့်အချိန်တွင် ခဏမျှ မှင်သက်သွားပြီးမှ သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။ "အနည်းဆုံးတော့ မင်းနာမည်လေးတော့ ရေးခဲ့သင့်တာပေါ့။"
ကျိုးရှောင်ယွီက အပြစ်ကင်းစင်သော မျက်လုံးအစုံဖြင့် ဆရာ့ကိုကြည့်ကာ ခေါင်းခါပြလိုက်သည်။ "ကျွန်တော် ကျွန်တော့်နာမည်ကို မရေးတတ်ဘူးလေ။"
စာမေးပွဲစောင့်ဆရာ - "???"
စာမေးပွဲပြီးသွားသဖြင့် ကျောင်းသားအားလုံး အတန်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသော်လည်း ကျိုးရှောင်ယွီမှာမူ ဘာလုပ်ရမှန်းမသိဘဲ ထိုနေရာမှာပင် ငုတ်တုတ်ကလေး ထိုင်ကျန်နေခဲ့သည်။ သူသည် အလွန်ဗိုက်ဆာနေပြီး ထမင်းစားချင်လှပြီဖြစ်သည်။
ရုတ်တရက် နွေးထွေးသော လက်တစ်ဖက်က သူ့ပခုံးပေါ်သို့ ရောက်ရှိလာသဖြင့် ကျိုးရှောင်ယွီ လှည့်ကြည့်လိုက်ရာ ခဏမျှ ကြောင်သွားခဲ့သည်။ သူက ဆံပင်ရွှေရောင်နှင့် ကောင်လေးတစ်ယောက်၊ မျက်မှန်နှင့် ကောင်လေးတစ်ယောက်တို့ကို သေသေချာချာ စိုက်ကြည့်ပြီးနောက် မေးလိုက်သည်။ "မင်း... မင်းတို့က ချန်နိုင်လား၊ ဒါမှမဟုတ် ခုန်းဟန်ရွေ့လား။"
ချန်နိုင်က သူ့ကို လူအတစ်ယောက်လို ကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ "မင်း အဆင်ပြေရဲ့လား။ ငါတို့ ကန်တင်းရှေ့မှာပဲ ဆုံကြတာလေ။ ဘာလို့ ဒီမှာ ထိုင်နေသေးတာလဲ။"
ကျိုးရှောင်ယွီသည် နောက်ဆုံးတော့ သူသိကျွမ်းသည့် လူသားများကို တွေ့သွားပြီဖြစ်၍ ဝမ်းသာအားရ ပြုံးလိုက်မိသော်လည်း သူ့မျက်နှာလေးမှာ အနည်းငယ် ဝမ်းနည်းရိပ်သန်းနေခဲ့သည်။ "ငါ အရမ်းဗိုက်ဆာနေပြီ။ ထမင်းစားချင်လို့။ ဆရာက ဘာလို့ ငါ့ကို ထမင်းမကျွေးတာလဲ။"
ချန်နိုင်၊ ခုန်းဟန်ရွေ့ - "???"
ချန်နိုင်နှင့် ခုန်းဟန်ရွေ့တို့သည် တစ်ယောက်မျက်နှာတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်မိကြပြီး သူတို့နှစ်ယောက်စလုံး၏ မျက်လုံးများထဲတွင် ကြောက်လန့်ရိပ်များကို မြင်နေရသည်။ သူတို့သူငယ်ချင်းကြီး၏ ဦးနှောက်ထဲတွင် တစ်ခုခုတော့ ချို့ယွင်းသွားပြီဆိုသည်ကို သူတို့ ရိပ်မိသွားကြသည်။
သူတို့နှစ်ယောက်သည် ချက်ချင်း ကျောခိုင်းလိုက်ပြီး တိုးတိုးတိတ်တိတ် တိုင်ပင်ကြတော့သည်။
"ဘယ်လိုလုပ်ကြမလဲ။ သူက ပုံမှန်မဟုတ်တော့ဘူး။"
"အခုလောလောဆယ်တော့ ဒါကို လျှို့ဝှက်ထားရအောင်။ မဟုတ်ရင် ကျောင်းထဲမှာ ပျံ့သွားရင် ပြဿနာအကြီးကြီး ဖြစ်လိမ့်မယ်။ အထူးသဖြင့် သူ့နေရာကို လိုချင်နေတဲ့ တခြားကျောင်းက လူမိုက်တွေ သိသွားရင်တော့ ရန်ပွဲတွေ၊ သွေးထွက်သံယိုတွေနဲ့ ဆူညံကုန်လိမ့်မယ်။"
ချန်နိုင်နှင့် ခုန်းဟန်ရွေ့တို့သည် ဗိုက်ဆာနေသော ကျိုးရှောင်ယွီကို ရှီယကျောင်း၏ အဆင့်မြင့်ဆုံး ကျောင်းသားစားသောက်ဆိုင်သို့ ချက်ချင်း ခေါ်သွားခဲ့ကြသည်။
ကျိုးရှောင်ယွီသည် သူ့ရှေ့မှ စားစရာပန်းကန်ပုံကြီးကို ကြည့်ကာ မျက်လုံးလေးများ ဝင်းပသွားတော့သည်။ ဤသည်မှာ ယနေ့အတွက် သူ၏ ပထမဆုံး စိတ်ရင်းပါသော အပြုံးလေးပင် ဖြစ်သည်။
ပန်းကန်ထဲတွင် သူတစ်ခါမျှ မမြင်ဖူးသည့် အစားအစာများစွာ ရှိနေပြီး အားလုံးမှာလည်း စားချင်စဖွယ် ချည်းပင်။ ကျိုးရှောင်ယွီသည် ကလေးသုံး တူကိုသာ သုံးတတ်ပြီး လူကြီးသုံး တူကို မကိုင်တတ်သဖြင့် ဇွန်းနှင့် ခက်ရင်းကိုသာ အသုံးပြုကာ မြိန်ရည်ယှက်ရည် စားသောက်နေတော့သည်။
သူက စားနေရင်းနှင့် မျက်လုံးလေးများ တောက်ပလျက် ပြောလိုက်သည်။ "ဒါက ဘာလဲဟင်။ အရမ်းကောင်းတာပဲ။"
ခုန်းဟန်ရွေ့နှင့် ချန်နိုင်တို့က အားနာနာဖြင့် ပြန်ဖြေလိုက်ရသည်။ "ဒါက စတိတ်လေ။"
ကျိုးရှောင်ယွီသည် အစားအစာများကို ပါးစပ်ထဲ အားရပါးရ ထည့်လိုက်ပြီး မျက်လုံးလေးများ မှေးသွားသည်အထိ ပျော်ရွှင်စွာ ပြုံးလိုက်သည်။ "ဟုတ်တယ်။ ငါ အခု ကိုယ့်ဘာသာကိုယ် စားနိုင်ပြီ။ တီချယ် ခွံ့ကျွေးစရာ မလိုတော့ဘူး။"
ခုန်းဟန်ရွေ့က စမ်းသပ်သည့်အနေဖြင့် ပြောလိုက်သည်။ "တစ်ခုလောက် မေးပါရစေ၊ မင်း ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ။"
ကျိုးရှောင်ယွီက တွေဝေခြင်းမရှိဘဲ ချက်ချင်း ဖြေလိုက်သည်။ "ငါ အသက် ၃ နှစ်ခွဲရှိပြီ။"
ခုန်းဟန်ရွေ့၊ ချန်နိုင် - "..."
သူတို့နှစ်ယောက် ချက်ချင်းပင် တစ်ဖက်သို့ ပြန်လှည့်ကာ အလေးအနက် တိုင်ပင်ကြပြန်သည်။
"ငါ မှတ်ဉာဏ်ရှုပ်ထွေးတဲ့ ဝေဒနာအကြောင်း ကြားဖူးတယ်။ မစ္စတာကျိုးက သူ့ကိုယ်သူ ၃ နှစ်သားလို့ ထင်နေတာ ဖြစ်နိုင်တယ်။"
"ဒါက ကုလို့ရရဲ့လား။"
"ပြောရခက်တယ်ဟ။ သူ့အခြေအနေက ငါထင်ထားတာထက် ပိုဆိုးနေတာ။ ငါတို့ ဦးလေးကျိုးကို ချက်ချင်း အသိပေးသင့်တယ်။"
ကျိုးရှောင်ယွီသည် ဤမျှကောင်းမွန်သော အစားအစာမျိုးကို တစ်ခါမျှ မမြည်းစမ်းဖူးပေ။ ပြီးတော့ သူသည် မူကြိုအရွယ်တုန်းကလို မဟုတ်တော့ဘဲ အခုတော့ အစာအိမ်ကြီးမှာ အပေါက်ကြီး ဖြစ်နေလား အောက်မေ့ရအောင် အများကြီး စားနိုင်နေခဲ့သည်။
သူသည် အလွန်အမင်း ပျော်ရွှင်စွာ စားသောက်လိုက်သည်မှာ ပန်းကန်ကိုပင် လျှာဖြင့်လျက်မိမတတ် ပြောင်စင်သွားတော့သည်။
ကျိုးရှောင်ယွီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် မော့ကြည့်လိုက်သည်။ ယနေ့လည်း သူ အကုန်စားနိုင်ခဲ့ပြီ ဖြစ်သည်။ သူ့ဆရာမနှင့် မေမေက သူ့ကို ချီးကျူးပြီး ဆုအဖြစ် ပန်းနီလေး ပေးမှာ အသေအချာပင်။
ခုန်းဟန်ရွေ့က လက်သီးကို အသာဆုပ်ပြီး ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။ "ရှောင်ယွီလေး..."
ကျိုးရှောင်ယွီက မျက်လုံးဝိုင်းလေးများဖြင့် ကြည့်ခဲ့သည်။ "ဘာဖြစ်လို့လဲ။"
"ဒီနေ့ ဘယ်သူကပဲ စကားလာပြောပြော ပြန်မပြောနဲ့နော်။"
ကျိုးရှောင်ယွီက လိမ္မာယဉ်ကျေးစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "သိပါတယ်။ မေမေက ပြောတယ်... လူစိမ်းတွေနဲ့ စကားမပြောရဘူးတဲ့။"
ချန်နိုင်က အားနာနာဖြင့် ပြောလိုက်သည်။ "အင်း... အတော်ကို လိမ္မာတာပဲ။"
ထမင်းစားပြီးခါစမှာပင် ရဲတင်းသည့် မိန်းကလေးတစ်ယောက်က လူအုပ်ထဲမှ ထွက်လာသည်။ သူမ၏ မျက်နှာမှာ ရှက်သွေးဖြန်းကာ နီမြန်းနေပြီး ကျိုးရှောင်ယွီထံသို့ ပန်းရောင် ချစ်စာလွှာလေး တစ်စောင် ကမ်းပေးလိုက်သည်။
"မစ္စတာကျိုး၊ ကျွန်မက Class A က လင်းမိုမိုပါ။ ကျွန်မ ရှင့်ကို ကြိုက်နေတာ ကြာပါပြီ။ ဒီစာလေးကို လက်ခံပေးလို့ ရမလား"
ချန်နိုင်က မျက်မှောင်ကြုတ်ကာ ကျိုးရှောင်ယွီကိုယ်စား ငြင်းပယ်ပေးရန် ပြင်လိုက်သော်လည်း မထင်မှတ်ဘဲ ကျိုးရှောင်ယွီက လူစိမ်းများနှင့် စကားမပြောရဟူသည့် စကားကို ချက်ချင်း မေ့သွားတော့သည်။ သူသည် တခြားသူများ၏ ချီးကျူးခြင်းနှင့် နှစ်သက်ခြင်းကို ခံရသည်မှာ အနှစ်သက်ဆုံး မဟုတ်ပါလား။
သူသည် ပန်းရောင် ချစ်စာလွှာလေးကို လက်ခံလိုက်ပြီး ရှက်ကိုးရှက်ကန်း ပြုံးပြကာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ မနက်ဖြန် ကျွန်တော့်အိမ်ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။"
ထိုမိန်းကလေးမှာ မယုံနိုင်လောက်အောင် မှင်သက်သွားပြီး ပျော်လွန်း၍ မေ့လဲမတတ်ပင် ဖြစ်သွားရသည်။
ယနေ့ ကျိုးရှောင်ယွီမှာ စကားပြောရလွယ်ကူနေသည်ကို မြင်သွားကြသောအခါ ဘေးပတ်ဝန်းကျင်မှ လူများက ချစ်စာလွှာများ၊ နှုတ်ခွန်းဆက်ကတ်များနှင့် လက်ဆောင်များကို တိုးဝှေ့ပေးကြသဖြင့် ကန်တင်းတစ်ခုလုံး လူချင်းတိုးမပေါက်အောင် စည်ကားသွားတော့သည်။
ကျိုးရှောင်ယွီသည် လူအများ၏ အားကျသည့် အကြည့်များကို အတော်လေး သဘောကျနေခဲ့ပြီး သွားလေးများပေါ်အောင် ပြုံးနေခဲ့သည်။ လက်ဆောင်များကို လက်ခံရင်း လူတိုင်းကို သူ့အိမ်သို့ လာလည်ရန် ဖိတ်ခေါ်နေမိရာ အလွန်ပင် ပျော်ရွှင်နေပုံရသည်။
ထိုနေ့တွင် ရှီယကျောင်းတစ်ခုလုံးမှာတော့ ပေါက်ကွဲထွက်မတတ် ဆူညံသွားတော့သည်။ ကျောင်း၏ ဖိုရမ်ပေါ်တွင် သတင်းများ တရစပ် တက်လာခဲ့ပြီး သတင်းတိုင်း၏ နောက်ကွယ်တွင် ပေါက်ကွဲစေနိုင်သောသတင်း ဟူသည့် စာသားများ ပါဝင်နေသည်။
[နေရာ - ပထမကန်တင်း၊ အားလုံး အမြန်လာကြ။ ဒီနေ့ မစ္စတာကျိုးက ချစ်စာလွှာတွေနဲ့ လက်ဆောင်တွေကို လက်ခံနေတယ်။]
[အား... အော်လိုက်ချင်တာပဲ။ မစ္စတာကျိုးက အရင်ကဆိုရင် အမြဲမျက်နှာတည်ပြီး ကြောက်စရာကောင်းတာ၊ ဒါပေမယ့် ဒီနေ့တော့ သူက အရမ်းကို နူးညံ့ပြီး ကြင်နာတတ်နေတာပဲ။ ငါတို့တွေကို သူ့အိမ်တောင် လာလည်ခိုင်းသေးတယ်။]
[အားလုံး အမြန်သွားကြ။ နောက်တစ်ခါဆိုရင် မစ္စတာကျိုးက စိတ်ခံစားချက် ကောင်းချင်မှ ကောင်းတော့မှာနော်။]
၁၅ မိနစ်အတွင်းမှာပင် ကျိုးရှောင်ယွီ၏ လက်ထဲ၌ လက်ဆောင်ပုံကြီး ရောက်ရှိနေခဲ့ပြီ။ သူသည် ပျော်လွန်းသဖြင့် သူ၏ ငွေရောင် ဆံပင်လှိုင်းလေးများမှာ နေရောင်အောက်တွင် ဝင်းပနေပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် လှုပ်ခါနေခဲ့သည်။
သူသည် လက်ဆောင်များကို ပွေ့ပိုက်ထားရင်း ကြောင်တောင်တောင် ပြုံးပြလိုက်ကာ မျက်လုံးတစ်ဖက်မှိတ်ပြပြီး အားလုံးကို အနမ်းများ ပေးလိုက်သည်။ "ဒါတွေက ကျွန်တော် ကြိုက်တဲ့ လက်ဆောင်တွေချည်းပဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်။"
အားလုံးက တရစပ် အော်ဟစ်အားပေးနေကြပြီး မိန်းကလေးများမှာမူ ပျော်လွန်း၍ မူးဝေကုန်ကြသည်။ တစ်နေ့တွင် ကျောင်း၏ အေးစက်ပြီး မောက်မာလှသော လူမိုက်ကြီးက သူတို့ကို အနမ်းပေးလိမ့်မည်ဟု အိမ်မက်ထဲတွင်တောင် မထင်ထားခဲ့ဖူးပေ။
ချန်နိုင်နှင့် ခုန်းဟန်ရွေ့တို့ကမူ ဘေးမှနေ၍ တိတ်တိတ်လေး ကြည့်နေခဲ့ကြသည်။ သူတို့က ဒါတွေကို ဗီဒီယိုရိုက်ထားပြီး ကျိုးရှောင်ယွီ နေကောင်းလာသည့်အခါ ပြန်ပြရန် ကြံစည်နေကြခြင်းပင် ဖြစ်သည်။
ကျိုးရှောင်ယွီက လူအများ၏ အာရုံစိုက်မှုကို ခံယူနေစဉ်မှာပင် နောက်လိုက်တစ်ယောက် ရောက်လာပြီး ပြောခဲ့သည်။ "ကျောင်းအုပ်ကြီးက ခေါ်နေတယ်။"
ချန်နိုင်နှင့် ခုန်းဟန်ရွေ့တို့သည် ကျိုးရှောင်ယွီကို ကျောင်းအုပ်ကြီးရုံးခန်းသို့ ပို့ဆောင်ပေးလိုက်ရသည်။ ရုံးခန်းအတွင်းတွင်မူ တိုးတိုးတိတ်တိတ် စကားပြောသံများ ထွက်ပေါ်နေခဲ့သည်။
ကျောင်းအုပ်ကြီး - "မစ္စတာကျိုး၊ လူကိုယ်တိုင် လာခိုင်းမိလို့ တောင်းပန်ပါတယ်။ ကျွန်တော်တို့ကျောင်းက နှစ်ပေါင်းရာချီတဲ့ သမိုင်းကြောင်းရှိတာကို လူတိုင်းသိကြပါတယ်၊ ဒါကြောင့် ဒီလစဉ်စာမေးပွဲကိုလည်း ကျွန်တော်တို့တွေက အလွန်တန်ဖိုးထားတာပါ။ ရှောင်ယွီက ဒီတစ်ခါတော့ တကယ်ကို လွန်သွားပြီ။ သူက မောက်မာတာ တစ်ပိုင်းပေါ့၊ ဒါပေမယ့် စာမေးပွဲကို အရွှန်းဖောက်စရာတစ်ခုလို လုပ်ခဲ့တာပဲ။ စာရွက်ပေါ်မှာ ပုံတွေ လျှောက်ဆွဲထားတယ်၊ နာမည်တောင် မရေးဘူး၊ ဆရာ့ကိုလည်း သူ စာမရေးတတ်ဘူးလို့ ပြောခဲ့သေးတယ်..."
ကျိုးရှောင်ယွီ ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့် ဆိုဖာပေါ်တွင် ထိုင်နေသော အမျိုးသားတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုအမျိုးသားသည် တန်ဖိုးကြီး ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ လက်ချောင်းများက စားပွဲပေါ်တွင် အလေးအနက်ထားသည့် ပုံစံဖြင့် ခေါက်နေခဲ့သည်။
ကျိုးရှောင်ယွီ၏ မျက်လုံးလေးများမှာ ကြယ်များထက်ပင် ပိုလင်းလက်သွားတော့သည်။ အားလုံး၏ အံ့သြနေသော အကြည့်များကြားမှ သူသည် ကျိုးကျီယွဲ့ထံသို့ ချိုမြိန်သော အပြုံးဖြင့် ပြေးသွားခဲ့သည်။ "ဖေဖေ၊ ဖေဖေ။"
သူ့ဘေးနားရှိ ဆိုဖာသည် ရုတ်တရက် နိမ့်ဆင်းသွားခဲ့ပြီး ကျိုးရှောင်ယွီက အနားသို့ တိုးသွားကာ မျက်တောင်လေး ခတ်ပြလိုက်သည်။ "ဖေဖေ၊ နောက်ဆုံးတော့ ဖေဖေက သားကို ကျောင်းလာကြိုပြီပေါ့။"
ကျိုးကျီယွဲ့မှာ မှင်သက်သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ မျက်မှန်နောက်ကွယ်မှ သူ၏ မျက်ဝန်းများမှာလည်း အံ့သြမှုကြောင့် လှုပ်ခတ်သွားခဲ့ရသည်။
အားလုံး - "..."
ကျိုးကျီယွဲ့သည် ကျိုးရှောင်ယွီကို တစ်ချက်ကြည့်လိုက်ပြီး ထရပ်ကာ ကျောင်းအုပ်ကြီးကို တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျောင်းအုပ်ကြီး ပြောတာကို ကျွန်တော် နားလည်ပါပြီ။ ကျွန်တော် ရှောင်ယွီနဲ့ နောက်မှ သေချာစကားပြောလိုက်ပါ့မယ်။"
ကျောင်းအုပ်ကြီးသည် ခေါင်းခါပြီး သက်ပြင်းချလိုက်မိသည်။ သူ ဘာပြောရမှန်းမသိတော့သဖြင့် ခေါင်းညိတ်ပြပြီး သူတို့ကို ရုံးခန်းအပြင်အထိ လိုက်လံပို့ဆောင်ပေးလိုက်သည်။
ချန်နိုင်နှင့် ခုန်းဟန်ရွေ့တို့က လိုက်လာပြီး ကျိုးကျီယွဲ့အား ကျိုးရှောင်ယွီ၏ မူမမှန်မှု အကြောင်းကို သိမ်သိမ်မွေ့မွေ့ ပြောပြခဲ့ကြသည်။ ကျိုးကျီယွဲ့က သူ့ဘေးတွင် လိမ္မာယဉ်ကျေးစွာ ရပ်နေသော ကျိုးရှောင်ယွီကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "ငါ ခဏလောက်တော့ စောင့်ကြည့်လိုက်ဦးမယ်။"
ကျောင်းတံခါးမှ ထွက်လိုက်သည်နှင့် ကျိုးရှောင်ယွီက အကျင့်ပါနေသည့်အတိုင်း လွယ်အိတ်ကြီးကို ကျိုးကျီယွဲ့၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။ "ဖေဖေ၊ မေမေက ဘာလို့ ကျောင်းလာမကြိုတာလဲ။"
ကျိုးကျီယွဲ့မှာ လွယ်အိတ်ကြီးကို သယ်ထားရင်း မျက်မှောင်များမှာ ပို၍တွန့်ချိုးလာခဲ့သည်။
ကျိုးရှောင်ယွီက တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး မျက်လုံးလေး ကစားလိုက်သည်။ "အိုး မေမေက အလုပ်ကိစ္စနဲ့ ခရီးသွားနေတာပဲ။ သား မေမေ့ကို ဗီဒီယိုကော ခေါ်လို့ရမလား။"
ကျိုးကျီယွဲ့မှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။
အိမ်အပြန်လမ်းတွင် ကျိုးရှောင်ယွီသည် အရမ်းကို စကားများနေပြီး အရာရာတိုင်းကို စပ်စုနေခဲ့သည်။ "ဖေဖေ၊ ဖေဖေက ဘာလို့ မျက်မှန်တပ်တာလဲ။"
"ဘာလို့လဲဆိုတော့ အနီးမှုန်လို့လေ။"
"အနီးမှုန်တယ်ဆိုတာ ဘာလဲဟင်။"
"အမြင်အာရုံ ဝေဝါးစေတဲ့ မျက်စိအားနည်းတဲ့ ပုံစံတစ်မျိုးပေါ့။"
"ဖေဖေ၊ မနက်ဖြန်ကြရင် ကျောင်းက သူငယ်ချင်းတွေကို အိမ်လာကစားဖို့ ဖိတ်ချင်တယ်။"
"အင်း... ကောင်းပြီလေ..."
…
ကျိုးရှောင်ယွီသည် လမ်းတစ်လျှောက်လုံး တတွတ်တွတ် ပြောနေခဲ့သည်။ ကျိုးကျီယွဲ့၏ နားထဲတွင် စကားသံများဖြင့် ထုံထိုင်းသွားရသည်။ သို့သော် သူ သတိထားမိလိုက်သည်မှာ ယနေ့ ကျိုးရှောင်ယွီ ပြောသည့်စကားများသည် တစ်နှစ်လုံးပြောသည့် စကားများထက်ပင် ပိုများနေသေးသည်ကိုပင်။
သို့သော် ကျိုးရှောင်ယွီမှာ တကယ်ပင် နေမကောင်းဖြစ်နေသည်ကို သူ အတည်ပြုလိုက်နိုင်ပြီဖြစ်သည်။ ၎င်းမှာလည်း သာမန်ရောဂါမျိုး မဟုတ်ပေ။
အိမ်ပြန်ရောက်သောအခါ ကျိုးရှောင်ယွီသည် ဘာကိုမျှ သဘောမကျသလို ဖြစ်နေပြီး ခါးထောက်ကာ ညည်းတွားနေခဲ့သည်။ "ဘာလို့ အိမ်ကြီးက ပြောင်းလဲသွားတာလဲ။"
"ဘာတွေ ပြောင်းလဲသွားလို့လဲ။"
"ကျားရုပ်လေးရော ဘယ်မှာလဲ။ မေမေဝယ်ပေးထားတဲ့ ဆင်ရုပ်လွှဲကုလားထိုင်ရော ဘယ်မှာလဲ။ သားအခန်းကြီးကလည်း အရမ်းရုပ်ဆိုးတာပဲ..."
အခြေအနေကို အပြည့်အဝ နားမလည်သေးသဖြင့် ကျိုးကျီယွဲ့သည် ကျိုးရှောင်ယွီ၏ ဆန္ဒများကို လိုက်လျောပေးရန်နှင့် နောင်မှ ဆရာဝန်ခေါ်ကာ ကုသရန် ဆုံးဖြတ်လိုက်သည်။ တကယ်လို့ ကုလို့မရဘူးဆိုလျှင်ပင် ဘာမှမဖြစ်ပေ။ သူ့သားသည် ဉာဏ်ရည်မမီသော လူတစ်ယောက် ဖြစ်နေလျှင်ပင် တစ်သက်လုံး ကာကွယ်စောင့်ရှောက်သွားမည်ဟု သူ ဆုံးဖြတ်ထားပြီးသားဖြစ်သည်။
ကျိုးကျီယွဲ့သည် ထူးထူးခြားခြား အလုပ်များသည့် ညနေခင်းလေးကို ပိုင်ဆိုင်ခဲ့ရသည်။ ကျိုးရှောင်ယွီနှင့်အတူ အရုပ်ကားများ၊ အဆောက်အဦးတုံးများနှင့် ပဟေဠိများ ဆော့ပေးခဲ့ရသည်။ ရေချိုးကန်ထဲတွင် ရေများဖြည့်ပေးပြီး သူ့ကို အမြန်ရေချိုးရန် တိုက်တွန်းခဲ့ရသည်။
ရေချိုးပြီးနောက် ကျိုးရှောင်ယွီသည် မှန်ထဲတွင် မိမိကိုယ်ကိုကြည့်ကာ မကျေမနပ်ဖြင့် ဆံပင်များကို ဆွဲကိုင်လိုက်သည်။ "ဖေဖေ၊ ဖေဖေ။ သား ဒီဆံပင်တွေကို မုန်းတယ်။ အရမ်းရုပ်ဆိုးတာပဲ။"
ကျိုးကျီယွဲ့မှာ ကျိုးရှောင်ယွီကြောင့် ရယ်ရမလို ငိုရမလို ဖြစ်သွားခဲ့ရသည်။ "သားက ဆံပင်ကို အမြဲတမ်း အမြတ်တနိုး ထားတာ မဟုတ်ဘူးလား။"
၁၅ နှစ်အရွယ် ကျိုးရှောင်ယွီသည် အလွန်ပင် အလှကြိုက်တတ်သူဖြစ်သည်။ အပတ်တိုင်းတွင် ကျွမ်းကျင်ပညာရှင်များက သူ၏ ငွေရောင် ဆံပင်လှိုင်းလေးများကို ပြုစုပေးကြရခြင်းဖြစ်သည်။ ဆံပင်တစ်ပင်ချင်းစီသည် တန်ဖိုးကြီးလှသည်ဟုပင် ဆိုနိုင်သည်။
ကျိုးကျီယွဲ့သည် အခန်းထဲမှ သန့်ရှင်းသော တာဝါတစ်ခုကို ယူဆောင်လာပြီး ရေချိုးခန်းထဲသို့ လာပေးချိန်တွင် သူ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်ဝန်းများ ပြူးကျယ်သွားရတော့သည်။
"သား ဘာတွေလုပ်လိုက်တာလဲ" ကျိုးကျီယွဲ့က အမြန်ပြေးသွားပြီး သူ့လက်ထဲမှ ကတ်ကြေးကို လုယူလိုက်သည်။ သို့သော် သူ၏ ငွေရောင် ဆံပင်များမှာမူ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေခဲ့ပြီဖြစ်သည်။
ကျိုးရှောင်ယွီက ကျိုးကျီယွဲ့ကို ပြုံးပြနေခဲ့သည်။ သူ၏ ဆံပင်များမှာ ခွေးကိုက်ထားသလိုမျိုး ဘယ်ညာ မညီမညာ ဖြစ်နေခဲ့ပြီး ရှေ့ဆံပင်များမှာလည်း အပိုင်းပိုင်း ပြတ်နေခဲ့သည်။
တစ်ကိုယ်လုံး ကြည့်လိုက်လျှင် တကယ့်ကို ထူးဆန်းပြီး ကြောင်တောင်တောင်ကြီး ဖြစ်နေတော့သည်။ ဘယ်လောက်ပင် ချောမောသော မျက်နှာရှိပါစေ၊ ဤအခြေအနေကိုမူ မကယ်တင်နိုင်တော့ပေ။
ကျိုးကျီယွဲ့ မကူညီနိုင်ဘဲ အသံကျယ်ကျယ်ဖြင့် ပြောလိုက်မိသည်။ "သား ဆံပင်တွေကို စိတ်ကြိုက် လျှောက်မညှပ်ရဘူးလေ။"
ကျိုးရှောင်ယွီသည် အဆူခံရသဖြင့် နှုတ်ခမ်းလေး စူလိုက်ပြီး ခေါင်းမာစွာဖြင့် ပြောလိုက်သည်။ "ဘာလို့လဲ။ သားက ဆံပင်ညှပ်ချင်လို့ပဲကို။"
ကျိုးကျီယွဲ့မှာတော့ ထိုလူအလေးကြောင့် ဒေါသထွက်နေပြီး စိတ်မထိန်းနိုင်တော့တဲ့အထိ ဖြစ်သွားသည်။ သူသည် ကြမ်းပြင်ပေါ်မှ ဆံပင်များကို သိမ်းဆည်းရန် ထိုင်ချလိုက်ရင်း ဆက်ပြောလိုက်သည်။"ဒီလို လျှောက်ညှပ်လိုက်ရင် ရုပ်ဆိုးသွားမှာပေါ့။"
ကျိုးရှောင်ယွီက မှန်ထဲတွင် သူ့ကိုယ်သူ ပြန်ကြည့်လိုက်ပြီး မျက်လုံးဝိုင်းလေးများဖြင့် ပြောလိုက်သည်။ "သား ရုပ်မဆိုးပါဘူး။ မေမေက ပြောတယ်... သားက အရမ်းချောတာတဲ့။"