အခန်း (၁၀၃၆-၁၀၃၈)
Vol. 70 Ch. 1036-1038
အခန်း (၁၀၃၆) လျင်မြန်စွာဖြတ်သန်းခြင်း
ယုယွီလန် ရှင်းတင်းနောက်မှ ကပ်လိုက်လာသည်။ ထိုကိုယ်တော်လေးအပေါ် သူပို၍စိတ်ဝင်စားလာသည်။
"ရောက်ပြီ"
မီတာဆယ်ချိမြင့်သည့် ကျောက်တံခါးတစ်ခုရှေ့တွင် ရှင်းတင်းရပ်လိုက်သည်။ တန်ဖိုးကြိးသည့် သက်တမ်းရင့်အခြေတည်ဝိညာဉ်မြက်များ ဘေးပတ်လည်တွင် ဝန်းရံနေသည်။
ထိုအပင်များသည့် လျှို့ဝှက်မြေသို့ သူဝင်လာရသည့် ရည်ရွယ်ချက်ဖြစ်သည်။ ဆေးပင်ဆယ်ပင် သူနှုတ်ယူသည်။ အခြေတည်ဆေးလုံးဆယ်လုံး ဖော်စပ်ဖို့ လုံလောက်သည်။
ဓာတ်ခံအညံ့ဆုံးလူများပင် ထိုဆေးလုံးများသုံးလျှင် အခြေတည်အဆင့်သို့ ရောက်နိုင်သည်။
သိပ်သည်းသည့် ရှေးဟောင်းတောအုပ်များအပြင် ချီရှောက်လျှို့ဝှက်မြေ အတွင်းပိုင်း၌ ကြယ်ကမ္ဘာတစ်ခုလုံးကို ထွင်းထုပုံဖော်ထားသည့် ခံ့ညားထည်ဝါသည့် ခန်းမတစ်ခုရှိနေသည်။
ရှေးဟောင်းခေတ်တွင်သာ ဖန်တီးနိုင်သည့် လက်ရာမျိုးဖြစ်သည်။။ ယခုခတ်ကျင့်ကြံသူလောကတွင် ထိုအံ့ဖွယ်လက်ရာမျိုး ဖန်တီးဖို့ နည်းလမ်းမရှိ။
"ဒါက ရှေးဟောင်းကျောက်သားခန်းမပဲ"
ယုယွီလန် တအံ့တဩရေရွတ်လိုက်သည်။ ချီရှောက်လျှို့ဝှက်မြေသို့ ယခုမှ သူရောက်ဖူးခြင်းဖြစ်သည်။ ရှေးဟောင်းကျောက်သားခန်းမက ခံ့ညားထည်ဝါလွန်းသည်။ သူတို့တော်ဝင်မြေခေါင်းဆောင်၏ နန်းတော်သည်ပင် ယခုလောက်မခမ်းနား။
"ဒါပေမယ့် ဒီလောက်ကျယ်တဲ့ကျောက်သားခန်းမက ချီအဆင့်တွေကို စမ်းသပ်ဖို့သက်သက်ပဲလား"
သူ့စိတ်ထဲ မေးခွန်းတစ်ခု ပေါ်လာသည်။ ထိုလျှို့ဝက်မြေမျိုးသည် ချီအဆင့်များနှင့် ထိုက်တန်လေသလော...
ရှင်းတင်းလည်း သူ့လိုပင်တွးနေသည်။ တို့ဟူးအရှင်ကို မေးဖို့ဆုံးဖြတ်လိုက်သည်။ နယ်မြေအတွင်းပိုင်းသို့ ဘယ်လိုသွားရမည်၊ နယ်မြေ၏ လျှို့ဝှက်ထောင်ချောက်များကို ဘယ်လိုရင်ဆိုင်ရမည်...စသဖြင့် ကိစ္စအားလုံးကို တို့ဟူးအရှင်က လမ်းညွှန်ခဲ့ခြင်းဖြစ်သည်။
"ကောင်းကင်အရှင်၊ ဒီရှေးဟောင်းခန်းမက ဘာရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတာလဲသိလား"
လောကတွင် တိုးဟူးအရှင်မသိသည့်လျှို့ဝှက်ချက်ဟုရှိနိုင်မည်လော...
"ဟား...ဒီလျှို့ဝှက်မြေရဲ့နောက်ခံသမိုင်းက စကားထဲထည့်ပြောဖို့တောင် သိပ်တန်ပါဘူး။ မသေမျိုးတွေချမှတ်တဲ့ စမ်းသပ်ချက်တွေကို ဖြတ်ကျော်ဖို့ ကူးဖြတ်ခြင်းအဆင့်မျိုးဆက်သစ်လေးတွေ တည်ဆောက်ခဲ့ကြာတာပါ"
မသေမျိုးစမ်းသပ်ချက်...ကူးဖြတ်ခြင်းအဆင့်မျိုးဆက်သစ်...
ရှင်းတင်း အံ့အားသင့်သွားသည်။ ထိုစကားလုံးများကို နည်းနည်းတွေးကြည့်ရုံဖြင့် တို့ဟူးအရှင်၏အတိတ် ဘယ်လောက်ခမ်းနားခဲ့မှန်း သိသာနေသည်။
လုယန် အပိုပြောနေခြင်းမဟုတ်။ ထာဝရမျိုးဆက်ဒုခေါင်းဆောင်အနေဖြင့် သူ့အဆင့်အတန်းက အလွန်မြင့်မားသည်။ ဝါစဉ်အရကြည့်လျှင် ကောင်းကင်ရတနာနယ်မြေမှ ကူးဖြတ်ခြင်းအဆင့်နှစ်ယောက်သည် သူ့ထက်အဆင့်နိမ့်သူများသာဖြစ်သည်။
ပိတ်ထားသည့် ကျောက်တံခါး ပွင့်သွားသည်။ သူတို့နှစ်ယောက် ရှေးဟောင်းခန်းမထဲ ဝင်လာသည်။
ရှေးဟောင်းလျှို့ဝှက်မြေပွင့်တိုင်း ချီကျင့်ကြံသူဆယ်ရာနှုန်းသာ ကျောက်သားခန်းမထဲ ဝင်နိုင်သည်။ ပျမ်းမျှအားဖြင့် တတိယမြောက်နေ့မှသာ ဝင်နိုင်ကြသည်။ ထို့ကြောင့် ဤနှစ်ယောက်၏ လက်ရှိတိုးတက်နှုန်းက တစ်ခြားလူများထက် များစွာသာလွန်နေပြီဖြစ်သည်။
ယုယွီလန် ရှင်းတင်းကို လှည့်ကြည့်သည်။
"ဒီရှေးဟောင်းကျောက်သားခန်းမထဲမှာ ခန်းမခွဲရှစ်ခုရှိတယ်။ အခန်းထိုင်းမှာ စမ်းသပ်ချက်တွေရှိတယ်။ စမ်းသပ်ချက်တွေအားလုံး ဖြတ်ကျော်နိုင်မှ အတွင်းခန်းမထဲရောက်ပြီး အမွေ့အနှစ်ကိုရမယ်။ ရှင်တစ်ယောက်တည်း အခက်အခဲအားလုံးကို ဖြတ်ကျော်ဖို့ဆိုခက်လိမ့်မယ်။ ကျွန်မတို့နှစ်ယောက် အတူပူးပေါင်းကြမလား"
ရှင်းတင်းက တည်ငြိမ်စွာခေါင်းခါသည်။
"ဒကာမယု မှားနေပြီ"
"မှားနေတယ်...ဟုတ်လား"
ထိုအချက်အလက်ကို သူတို့တော်ဝင်မြေမှ မျိုးရိုးအဆက်ဆက် ချီကျင့်ကြံသူများ စမ်းသပ်အဖြေရှာ၍ ကောက်ချက်ချခဲ့ခြင်းဖြစ်သည်။ ဘယ်လိုမှားနိုင်မည်နည်း။
"ဒီကျောက်သားခန်းမရဲ့ အခန်းခွဲရှစ်ခုကို ရှစ်မြှောင့်တြိဂံစက်ဝန်းအတိုင်း စီစဉ်ထားတာ။ ခန်၊ လီ၊ နဲ့ ကန် အခန်းခွဲတွေကို ဖြတ်သွားရုံပဲ။ အဲဒါဆို အတွင်းခန်းထဲကိုရောက်မယ်"
"တကယ်အဲလိုလား"
ယုယွီလန် အလိုလိုသံသယဝ်ငလာသည်။ သို့သော် ရှင်းတင်းသည် လမ်းတစ်လျှောက်တွင် သူ့အပေါ်မရိုးသားသည့် အပြုအမူမျိုး လုံးဝမရှိခဲ့။ ထို့ကြောင့် ထိုစကားသည့် အမှန်ဖြစ်လောက်သည်။
ရှင်းတင်းက ယုယွီလန်ယုံယုံမယုံယုံ အရေးမစိုက်။ ကိုယ့်ကိုယ်ကို ယုံကြည်လျှင် လုံလောက်သည်။
ယုယွီလန်ကို လှည့်မကြည့်တော့ဘဲ 'ခန်' အခန်းခွဲသို့ ဦးတည်ဝင်သွားသည်။
"ဟေ့ ကိုယ်တော်လေး။ ကျွန်မကိုစောင့်ဦး။ အတူဝင်ကြမယ်လေ"
ကိုယ်တော်လေးကို ယုံကြည်ဖို့ သူဆုံးဖြတ်လိုက်သည်။
'ခန်'အခန်းသို့ဝင်ကြသည်။ မှော်ပစ္စည်းမျိုးစုံ ရေပူဖောင်းများထဲတွင်ရစ်ပတ်လျက် လေထဲ၌ လွင့်ပျံနေသည်။ တစ်ခုချင်းစီက ရွှေသန္ဓေအဆင့်များအတွက် အဖိုးတန်သည့် ရတနာများဖြစ်သည်။ ချီကျင့်ကြံသူများဆိုလျှင် အရူးအမူးလိုချင်ကြလိမ့်မည်။
ရှင်းတင်းက ရေပူဖောင်းတစ်ခုနားသို့ ကပ်သွားသည်။ ယုယွီလန်က အမြန်သတိပေးသည်။
"မထိနဲ့။ လောဘဆန္ဒကို တွန်းလှန်ရမယ်။ ဘယ်မှော်ရတနာကိုမှ ထိလိုမဖြစ်ဘူး။ ဒါမှ ဒီစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်မှာ"
ရှင်းတင်းက သူ့စကားကို မကြားချင်ယောင်ဆောင်၍ ရေပူဖောင်းတစ်ခုဖောက်ခွဲပြီး ဗူးသီးခြောက်နှင့်တူသည့် မှော်ရတနာကို ထုတ်ယူလိုက်သည်။
ဘာထူးခြားချက်မှ ပေါ်မလာ။
"ဘာတွေဖြစ်ကုန်တာလဲ"
ယုယွီလန် တွေးရခက်သွားသည်။ သူတို့တော်ဝင်မြေတွင် စုစည်းထားသည့် အချက်အလက်များနှင့် မကိုက်ညီ။
ရှင်းတင်းက ဘူးသီးခြောက်ကိုသိမ်း၍ ပုံမှန်လေသံဖြင့် ရှင်းပြသည်။
"ဟုတ်ပါတယ်။ ဒီစမ်းသပ်ချက်က လူတစ်ယောက်ရဲ့ သမာဓိကို စမ်းသပ်တာပါ။ ဘယ်ပူဖောင်းကိုထိထိ အပြစ်ဒဏ်သင့်မှာ။ ဒါပေမယ့် ထောင်ချောက်တွေအများကြီးထဲမှာ ထောင်ချောက်ဆင်မထားတဲ့ ပစ္စည်းတစ်ခုပါတယ်။ ဒီဘူးသီးခြောက်ပေါ့"
'ခန်'ခန်းမကို ဖြတ်ကျော်ပြီးနောက် "လီ"န်းတစ်ခုသို့ရောက်လာသည်။
ထို"လီ"န်းထဲတွင် နံရံပေါ်မှ သရဲဝိညာဉ်များစွာ ထွက်လာသည်။ ခြောက်ခြားစရာ ညည်းညူသံများပေးနေသည်။ လေဟာနယ်တစ်ခုလုံး ယင်စွမ်းအင်များလွှမ်းခြုံသွားသည်။
"သတိထားပါ၊ အပြင်ဘက်မှာတွေ့ရတဲ့ ဝိညာဉ်တွေထက် ဒီဝိညာဉ်တွေက စွမ်းအားကြီးတယ်။ သန့်စင်ယန်စွမ်းအားသုံးတဲ့ ပညာတွေနဲ့ပဲ သူတို့ကို ထိန်းချုပ်နိုင်မှာ။
ကျွန်မမှာ သန့်စင်ယန်ရတနာတစ်ခုရှိတယ်။ ကိုယ်တော်လေးက မိုးပျံဘုံကျောင်းကဆိုတော့ တော်ဝင်ကျမ်းစာတစ်ခုခုတော့ တတ်မှာပါ။ ခြင်္သေ့ဟောက်သံပညာတတ်ရင်တော့ အကောင်းဆုံးပေါ့။
အဲဒီ့ပညာက ဝိညာဉ်တွေကို တိုက်ခိုက်တဲ့နေရာမှာ ထိရောက်တယ်။ ဒါပေမယ့် ခြင်္သေ့ဟောက်သံပညာက သင်ယူဖို့ အရမ်းခက်တယ်။ ကိုယ်တော်လေး တတ်ချင်မှတတ်မယ်။
ကျွန်မက ရတနာသုံးမယ်။ ကိုယ်တော်လေးက ကျမ်းစာရွတ်ပါ။ အတူတူထိုးဖောက်ကြတာပေါ့"
ယုယွီလန်က အခြေအနေကို အမြ်သုံးသပ်၍ တာဝန်ခွဲသည်။
ရှင်တင်းက လက်အုပ်ချီ၍ မသဲမကွဲမန္တာန်တစ်ခုရွတ်လိုက်သည်။ ရှေးဟောင်းဘာသာစကားဖြစ်မည်ထင်သည်။ ရုတ်တရက် သရဲဝိညာဉ်များအားလုံး ဘေးသို့အလိုလိုဆုတ်သွားပြီး စနစ်တကျ တန်းစီရပ်ကြသည်။ လမ်းကြောရှင်းသွားသည်။
"ဒါ...ဒါက.."
ယုယွီလန် တအံ့တဩကြည့်နေသည်။ ရှင်းတင်းဘာလုပ်လိုက်သည်ကို သူနားမလည်။
"ဒကမယု၊ ဆက်သွားရအောင်"
ချောချောမွေ့မွေ့ဖြင့် 'ကန်'ခန်းမခွဲဆီ ရောက်လာသည်။
"သတိထားပါ။ ဒီအခန်းခွဲကို ဘယ်သူမှ မရောက်ကဖူးသေးဘူး"
ယုယွီလန်က ရတနာကိုအသင့်ကိုင်၍ အချိန်မရွေးတိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားသည်။
ကန်ခန်းမထဲဝင်လိုက်သည်နှင့် သူ့မျက်နှာ သွေးဆုတ်ဖြူရော်သွားသည်။ ခန်းမထဲတွင် အခြေတည်အဆင့်စွမ်းအင်ရောင်များ ထွက်ပေါ်နေသည့် ရုပ်သေးမြွေတစ်ကောင် ရစ်ခွေနေသည်။
လက်ရှိသူတို့စွမ်းအားအရ ရှင်သန်နိုင်ခြေ မရှိသလောက်နည်းပါးသည်။ ဆယ်ပုံတစ်ပုံလောက်သာရှိမည်။
"ရုပ်သေးဆိုတော့ မြွေကိုယ်ပေါ်မှာ ခလုတ်တစ်ခုခုရှိမှာပဲ။ နှစ်ယောက်အတူရင်ဆိုင်ရင် ခလုတ်ကိုရှာတွေ့နိုင်လောက်ပါတယ်"
ယုယွီလန် သုံးသပ်သည်။
ရုပ်သေးမြွေက ကျူးကျော်သူများကို အာရုံခံမိသဖြင့် ပါးစပ်ကိုဟလိုက်ပြိး သူတို့ဆီ လမ်းဟပ်သည်။
"ဒါက အဆိပ်ရှိတဲ့မြွေပဲ"
မြွေပါးစပ်ထဲမှ အစွယ်နှစ်ချောင်းကို ယုယွီလန် သတိထားမိသည်။ တကယ်အဆိပ်ရှိသည့်မြွေဖြစ်သည်။ သို့သော် ထိုမြွေက ရှေးဟောင်းရှားပါးမျိုးစိတ်တစ်ခုဖြစ်သည်။ အဆိပ်ပြင်းအားဘယ်လောက်ရှိသည်ကို သေချာမသိနိုင်။
အဆိပ်မြွေရှေ့တိုးလာချိန်တွင် ရှင်းတင်းက တည်ငြိမ်စွာ လက်တစ်ချောင်းဆန့်ထုတ်၍ မြွေကိုယ်ပေါ်မှ ကြေးခွံတစ်ခုကို ထောက်လိုက်သည်။ အဆိပ်မြွေ မြေပေါ်သို့ ဘုန်းခနဲပြုတ်ကျပြီး အကြောဆွဲနေသည်။
"ရှင်းဘယ်လိုလုပ်ပြီး အားလုံးကိုသိနေတာလဲ...အင်း သဘောပေါက်ပါပြီလေ။ 'ဗုဒ္ဓက မပြောအပ်တဲ့စကားကို မပြောရဘူး'လို့ ဆုံးမခဲ့တယ်မဟုတ်လား။ ရှင်းပြမနေပါနဲ့တော့"
ယုယွီလန် ရှင်းတင်းကို စကားပိတ်ပြောပြီး ရုပ်သေးမြွေဆီ ဝမ်းသာအားရပြေးသွားသည်။
ထိုမြေသည် ရှေးဟောင်းရုပ်သေးပညာဖြင့် ဖန်တီးထားသည့် ရှားပါးရတနာဖြစ်သည်။ တော်ဝင်မြေသို့ ပြန်ယူသွားပြီး လေ့လာလျှင် ရှေးဟောင်းရုပ်သေးပညာ၏ တစ်စွန်းတစ်စကို ဖော်ထုတ်နိုင်လောက်သည်။
"ဒကာမယု၊ ဒီမြွေနဲ့ ဝေးဝေးနေတာကောင်းမယ်။ လက်ဖက်ရည်တစ်ခွက်စာအချိန်ကြာရင် မြွေရဲ့အဆိပ်အိတ်တွေက သူ့ဘာသာပေါက်ကွဲသွားလိမ့်မယ်။ အဆိပ်အိတ်တွေမှာ ရာဂစိတ်ကြွစေတဲ့ အာနိသင်ရှိတယ်။
မင်းဒီအဆိပ်မျိုးတော့ မသင့်ချင်လောက်ဘူးထင်ပါတယ်"
"ဘယ်လို"
ယုယွီလန် ထိတ်လန့်သွားပြီး ချက်ချင်းနောက်ဆုတ်လိုက်သည်။
"သွားကြစို့"
ရှင်းတင်းက သူ့ကို အတွင်းခန်းမသို့ ဦးဆောင်ခေါ်သွားသည်။ အတွင်းခန်းမကို ခမ်းနားစွာ တန်ဆာဆင်ထားသည်။ ရှေးဟောင်းခေတ်၏ ရဲတင်းပွင့်လင်းသည့်ဟန်ပန်ကိုလည်း ထင်ဟပ်နေသည်။ ဗိသုကာလက်ရာတန်ဖိုး အဆင့်မြင့်သည်။
"ဒါက အတွင်းခန်းမလား"
ယုယွီလန် အတော်စိတ်လှုပ်ရှားလာသည်။ အတွင်းခန်းမဆီရောက်ဖို့ အသေအကြေတိုက်ပွဲများစွာဆင်နွှဲပြီး အတူဝင်လာသည့်ကျင့်ကြံသူများ၏ အကောက်ကြံမှုများကို ရင်ဆိုင်ရမည်ဟု သူထင်ခဲ့သည်။ မည်သို့ဆိုစေ အားလုံးက ရှင်သန်ဖို့ တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ယခု ဘယ်သူမှမရောက်ဖူးသေးသည့် အတွင်းခန်းမှကို လွယ်ကူချောမွေ့စွာ ရောက်လာသည်။
ရှင်းတင်းကို သူတစ်ချက်ခိုးကြည့်သည်။ ထိုကိုယ်တော်လေးအပေါ် သူအကြွေးများစွာ တင်နေသည်။
လမ်းတလျှောက် ထူးဆန်းသည့်အဖြစ်များစွာ ကြုံခဲ့ရသည်။ ရှင်းထင်းဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်များကို သူပို၍သိချင်လာသည်။
အတွင်းခန်းမသို့ဝင်ပြီးနောက် ထိုခန်းမ၏ စည်းမျည်းများ သူတို့စိတ်အာရုံသို့ အလိုလိုဝင်လာသည်။
အဖျက်စွမ်းအင်များဖုံးလွှမ်း၍ အလုံးပုံသဏ္ဌာန်ဖြစ်နေသည့် ပစ္စည်းရှစ်ခုရှိသည်။ ထူးခြားဆန်းပြား၍ အသိခက်သည်။ အလုံးတစ်ခုစီတွင် တာအိုမျိုးဆက်အမွေအနှစ်တစ်ခုစီရှိသည်။
"ဒါဆို ကျွန်မတို့က ဒီအဖျက်ချီစွမ်းအင်လုံးတွေထဲက တစ်ခုပဲရွေးခွင့်ရှိပြီး အထဲမှာဘယ်လိုအမွှေအနှစ်ပညာရှိနေမယ်ဆိုတာလည်း မသိဘူးနိုင်ဘူးပေါ့"
ရှင်းတင်းက စွမ်းအင်လုံးတစ်ခုကို လက်ညှိုးထိုး၍ပြောသည်။
"ဒကာမယု၊ ဒီသစ်သားသေတ္တာက မင်းတို့ကောင်းကင်ရတနာတော်ဝင်မြေက ရှာနေတဲ့ အမွေအနှစ်ပါ"
"တကယ်လား"
ရှင်းတင်း၏ စာရိတ္တကို ယုံကြည်သဖြင့် ယုယွီလန် တုံ့ဆိုင်းမနေတော့ဘဲ ထိုစွမ်းအင်လုံးကို သွားယူလိုက်သည်။
စွမ်းအင်လုံးထဲတွင် သစ်သားသေတ္တာတစ်ခုရှိသည်။ သေတ္တာထဲတွင် အမှန်တကယ် ကောင်းကင်ရတနာတော်ဝင်မြေ၏ ကျင့်စဉ်အမွေအနှစ်တစ်ခြမ်းရှိနေသည်။
"ကိုယ်တော်လေးက အရမ်းသဘောကောင်းတာပဲ"
အပျော်စိတ်များလွန်ကဲနေသဖြင့် ယုယွီလန် ရှင်းတင်းကို ပြေးဖက်လိုက်သည်။ ထို့နောက် ချက်ချင်းပြန်လွှတ်သည်။ မြန်လွန်းသဖြင့် ရှင်းတင်းတုံ့ပြန်ချိန်မရလိုက်။ ယုယွီလန်ကို နားမလည်သည့်အမူအရာဖြင့် ကြည့်နေသည်။
ယုယွီလန် မျက်နာနည်းနည်းနီလာပြီး နောက်လှည့်လိုက်သည်။ သူ့မျက်နှာအမူအရာကို ရှင်းတင်းမမြင်စေချင်။
သူကျိန်ဆိုထားသည့် ကတိသစ္စာကို ပြန်သတိရလာသည်။ ...သူ့ကိုတော်ဝင်မြေအမွေအနှစ် ကူရှာပေးနိုင်သူကို သူလက်ထပ်မည်။
ရှင်းတင်းက သူ့ကိုအမွေအနှစ်ကူရှာပေးထားသဖြင့် ကျိန်ဆိုထားသည့် ကတိသစ္စာအရ သူသည် ရှင်းတင်း၏ဇနီးမယားဖြစ်လာရမည်။
သို့သော် ထိုရေခဲတုံးက သူ့ကိုလုံးဝစိတ်ဝင်စားဟန်မရှိ။ သူ့ရုပ်ရည်က ဆွဲဆောင်မှုမရှိ၍လော....
"ဒါနဲ့ ကိုယ်တော်လေး။ တစ်ခြားစွမ်းအင်လုံးတွေထဲမှာရော ဘာရှိလဲသိလား"
"သိပါတယ်။ ဒီတစ်ခုမှာ ဝါးစိမ်းတော်ဝင်မြေရဲ့ ကျင့်စဉ်အမွေအနှစ်ရှိတယ်။ ဒီတစ်ခုမှာက ဟန်နဂါးတော်ဝင်မြေရဲ့ အမွေအနှစ်ရှိတယ်...."
စွမ်းအင်လုံးတစ်ခုချင်းစီမှ အမွေအနှစ်များကို ရှင်းတင်းက အစီအစဉ်တကျဖော်ပြသည်။ တို့ဟူးအရှင်ပြောသမျှကို တိုက်ရိုက်ပြန်ပြောနေခြင်းဖြစ်သည်။ ထိုသို့ဖြင့် နောက်ဆုံးစွမ်းအင်လုံးသို့ရောက်လာသည်။
"ဒီစွမ်းအင်လုံးထဲမှာ ခေါင်းတလားတစ်ခုရှိတယ်။ ခေါင်းတလားထဲမှာ ကောင်းကင်ရတနာနယ်မြေသခင်ရှိတယ်။ အဲ...ဘယ်လို"
ပြောလိုက်ပြီးမှ ရှင်းတင်း မယုံနိုင်အောင်ဖြစ်သွားသည်။ တို့ဟူးအရှင်ထံ ချက်ချင်းအကူအညီတောင်းသည်။
"ကောင်းကင်အရှင်၊ ကောင်းကင်ရတနာနယ်မြေသခင်က ဒီထဲမှာ တကယ်ရှိနေတာလား"
"နတ်မယ်၊ ကောင်းကင်ရတနာနယ်မြေသခင်က ဒီထဲမှာ တကယ်ရှိနေတာလား"
"ဟုတ်တယ်"
သူတို့စကားပြောနေစဉ် ထိုချီစွမ်းအင်လုံး စတင်တုန်ခါလာသည်။ ကူးဖြတ်ခြင်းအဆင့်စွမ်းအင်များ စိမ့်ထွက်လာပြီး ရှေးဟောင်းကျောက်သားခန်းမတစ်ခုလုံး ဖုံးလွှမ်းသွားသည်။
********************************
အခန်း (၁၀၃၇) ကောင်းကင်သခင်
"ဘာတွေဖြစ်နေတာလဲ"
မြေပြင်နှင့်တောင်တန်းများ တုန်ခါလာသဖြင့် လျှို့ဝှက်မြေအပြင်ပိုင်းမှ ချီကျင့်ကြံသူများ အကြီးအကျယ်အံ့အားသင့်သွားကြသည်။
"ဘာဖြစ်တာလဲ"
"မသိဘူး။ ချီရှောက်လျှို့ဝှက်မြေကို ရှာတွေ့ခဲ့တာ နှစ်နှစ်သောင်းကြာပြီ။ ဒီလိုအဖြစ်မျိုး ရှိခဲ့တယ်လို့ ငါမကြားဖူးဘူး"
ရှေးဟောင်းကျောက်သားခန်းမသာမဟုတ်။ လျှို့ဝှက်မြေတစတ်ခုလုံး တုန်ခါနေသည်။ လူအားလုံး ထိတ်လန့်ခြောက်ခြားနေသည်။ ထိုအဖြစ်သည် ကောင်ချီးလား ကျိန်စာလား မကွဲပြား။
အားလုံး လုပ်လက်စအလုပ်များရပ်လိုက်သည်။ အခြေတည်မြက်ပင်အတွက် ယှဉ်ပြိုင်ဖို့လည်း စိတ်မဝင်စားကြတော့။
ထိုအဖြစ်အပျက်၏ ဗဟိုချက်မှ လူနှစ်ယောက်လည်း အခြေအနေကို နားမလည်ကြ။
နောက်ဆုံးကျန်သည့် အဖျက်စွမ်းအင်များ ပျောက်ကွယ်သွားသည်။ အဆက်မပြတ်တုန်ခါနေသည့် ရှေးဟောင်းခေါင်းတလားတစ်ခု ပေါ်လာသည်။ ကြောက်စရာကောင်းသည် စွမ်းအင်အလင်းတန်းများ ထွက်နေသည်။
"ါ...ဒါက သေရာကနေ ပြန်ရှင်သန်တာမျိုးလား"
ယုယွီလန် ခေါင်းတလားကိုကြည်၍ တုန်လှုပ်နေသည်။
ချင်ဖုန်းဓားထဲတွင်ရှိနေသည့်လုယန်လည်း လုံးဝနားမလည်နိုင်အောင်ဖြစ်နေသည်။ ဘယ်လိုလူက ကိုယ့်ကိုယ်ကို ဆုကြေးအဖြစ် သတ်မှတ်ထားသည်မသိ။
ရှင်းတင်းနှင့် ယုယွီလန်တို့ နှလုံးခုန်နှုန်းမြန်နေသည်။ ထိုစဉ် အရိုးပေါ်အရေတင်လက်တစ်ဘက် ခေါင်းတလားထဲမှ ထွက်လာသည်။ ခေါင်းတလားအစွန်းကို ဆုပ်ကိုင်သည်။
ထို့နောက် အရိုးလက်က အပေါ်ပင့်ရိုက်လိုက်သည်။ ခေါင်းတလားဖုံး ဝုန်းခနဲပွင့်သွားသည်။ လေထဲတွင် နှစ်ပတ်လည်ထွက်ပြီးနောက် မြေပြင်ပေါ် ဘုန်းခနဲပြုတ်ကျသည်။ တွင်းခွက်တစ်ခုဖြစ်လာသည်။
"ခံစားချက်ကင်းမဲ့နေတဲ့ အိပ်မက်ရှည်ကြီးတစ်ခုမက်ခဲ့တာပဲ။ အခု လောကမှာ ငါပြန်ပေါ်လာခွင့်ရပြီပေါ့"
အလောင်းကောင်က သူ့ဘာသာရေရွတ်နေသည်။
အရိုးစုတစ်ခု ထရပ်လာသည်။ မျက်လုံးနေရာတွင် တဖျတ်ဖျတ်တောက်နေသည့် အစိမ်းရောင်ဝိညာဉ်မီးတောက်နှစ်ခုရှိသည်။
အရိုးထရပ်လိုက်သည်နှင့် ကူးဖြတ်ခြင်းအဆင့်စွမ်းအင်ရောင်ကို ထိန်းချုပ်သည်။ ရှေးဟောင်းနယ်မြေလည်း တည်ငြိမ်သွားသည်။
ရှင်းတင်းနှင့် ယုယွီလန်ကို ခပ်တည်တည်ကြည့်၍ အရိုးစုကမေးသည်။
"အခု ဘယ်နှစ်ကိုရောက်ပြီလဲ။ လောကကြီးကို ဘယ်မိတ်ဆွေက အုပ်ချုပ်နေလဲ"
ရှင်းတင်းနှင့်ယုယွီလန် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။ အရိုးစုပြောသည် ရှေးဟောင်းခေတ်ဘာသာစကားကို နားမလည်ကြ။
"လီ"ခန်းမတွင် ရှင်းတင်းပြောခဲ့သည့် ရှေးဟောင်းဘာသာစကားက လုယန် နေရာတင်နှုတ်တိုက်သင်ပေးခဲ့ခြင်းဖြစ်သည်။
ကောင်းကင်သခင် နည်းနည်းမျက်မှောင်ကျုံ့သွားသည်။ ဘာကြောင့်ထိုနှစ်ယောက် မတုံ့ပြန်သည်မသိ။ ကြောက်လွန်း၍ ဦးနှောက်ဗလာဖြစ်သွားခြင်းလော...
ထိုစဉ် ရှင်းတင်း ခေါင်းငုံ့သွားသည်။ ထို့နောက် ပြန်မော့လာသည်။ တစ်ခြားလူတစ်ယောက်လို ချက်ချင်းပြောင်းလဲသွားသည်။ မျက်လုံးများက လောကဓမ္မကို ထိုးဖောက်မြင်သကဲ့သို့ စူးရှနက်ရှိုင်းသည်။
လောကီကိစ္စအားလုံး မတည်မြဲသည့်သေဘာကို နားလည်ထားဟန်တူသည်။
"ဟားဟား၊ ရွှမ်ထန်ကျိ၊ မင်းကို ဒီမှာတွေ့ရမယ်လို့ ထင်မထားဘူး။ မင်းပုန်းအောင်းတဲ့နည်းလမ်းက ဘယ်လိုဖြစ်ရတာလဲ။ နှစ်သုံးသိန်းတိုက်စားတဲ့ဒဏ်ကို မင်းအသားတွေကမခံနိုင်လို့ အခု အရိုးတွေပဲကျန်ခဲ့တာလား"
ရှင်းတင်းလည်း ရှေးဟောင်းဘာသာစကားဖြင့်ပြောသည်။
ကောင်းကင်သခင် မင်သက်မိသွားသည်။ အရိုးစုအခြေအနေရှိနေသည့်တိုင် တစ်ဘက်လူက သူ့ကိုမှတ်မိသည်။ သူ့နာမည်ကိုသိသည်။ ယဉ်ယဉ်ကျေးကျေး သူပြန်မေးသည်။
"မင်းက ဘယ်သူလဲ မိတ်ဆွေ"
အမှန်တကယ် ရှေးဟောင်းခေတ်မှ ကျင့်ကြံသူအစစ်ဖြစ်လိမ့်မည်။
"ငါဘယ်သူလဲတဲ့လား"
မေးခွန်းကို သဘောကျသွားဟန်ဖြင့် ရှင်းတင်း တဟက်ဟက်ရယ်သည်။ မသေမျိုးတစ်ယောက်ကို မမှတ်မိလောက်အောင် ပေါ့ဆသည့် ကောင်းကင်သခင်ကို ခနိုးခနဲ့ ပြန်ပြောသည်။
"ကျူးထန်က ငါ့ကိုလေးစားတယ်။ ရှောင်လင်းနဲ့လျန်ယိက ငါ့ကို အကိုကြီးလို့ခေါ်တယ်။ ယင်ထန်မသေမျိုး ငါ့ကို မိတ်ဆွေလို့ခေါ်တယ်။ ငါဘယ်သူဖြစ်မယ်ထင်လဲ"
ကောင်းကင်သခင် အံ့ဩတုန်လှုပ်သွားသည်။ ဖြစ်နိုင်စရာမရှိ။ ထိုမဟာစွမ်းအားရှင် ဘယ်သူနည်း...
ထိုလူပြောသည့်စကားသာမှန်လျှင် သူ့အနေဖြင့် 'မိတ်ဆွေ'ဟုခေါ်ဖို့ပင် အရည်အချင်းမမီ။
"မယုံဘူးလား။ ရပါတယ်။ စကားလုံးတွေချည်းဆို သက်သေဘယ်ခိုင်မလဲ။ ကဲ..ဒီလိုဆိုရင်ရော ဘယ်လိုလဲ။"
တို့ဟူးအရှင် ခပ်ညှင်းညှင်းရယ်သည်။ ရှင်းတင်းနောက်ဘက်တွင် ကြောက်စရာစွမ်းအင်ရောင်တစ်ခု ထိုးထွက်လာသည်။ ကောင်းကင်သခင်သာ ထိုစွမ်းအင်ရောင်ကို အာရုံခံနိုင်သည်။
မသေမျိုး...
ကောင်းကင်သခင် အကြီးအကျယ်ထိတ်လန့်ပြီး နောက်သို့ ခြေလေးငါးလှမ်းဆုတ်သါားသည်။
နာမည်နှင့်ရုပ်ရည်သွင်ပြင်ကို အတုလုပ်၍ရသည်။ သို့သော် ဤစွမ်းအင်ရောင်ကို အတုလုပ်၍မရ။
ရှင်းတင်းကျောတွင် အဝတ်ကြမ်းရစ်ပတ်၍ သယ်လာသည့် ချင်ဖုန်းဓားကို ယခုမှ သူသတိထားမိသည်။
ချင်ဖုန်းဓားကို သူမသိ။ သို့သော် ယင်ထန်မသေမျိုး၏ ဩဝါဒလမ်းညွှန်မှုများကို မကြာခဏနားထောင်ခဲ့သည့် ရှေးဟောင်းခေတ်မှလူဖြစ်၍ ထိုဓားသည် မသေမျိုးရတနာအစစ်ဖြစ်ကြောင်း သူတန်းသိသည်။
"ဒါဆို ဒီဘိုးဘေးအရှင်ရဲ့ နာမည်က..."
အမှန်တကယ် ကြောက်ရွံ့ရိုသေမှုဖြင့် ကောင်းကင်သခင်ရှေ့တိုးလာသည်။ လုံးမှမလေးမစားမလုပ်ရဲ။
"ကောင်းကင်တို့ဟူးအရှင်ပါ"
ကောင်းကင်သခင် အသဲအသန်စဉ်းစားသည်။ ရှေးဟောင်းမသေမျိုးလေးယောက်သည် 'တို့ဟူးအရှင်'ဟူသည့်ဘွဲ့နာမည်မျိုး သုံးခဲ့မသုံးခဲ့ ပြန်တွေးနေသည်။ သို့သော် ဘယ်သူမှ သုံးခဲ့ကြသည်မထင်။
နာမည်ပေးပုံကလည်း မသေမျိုးလေးယောက်၏ အကြိုက်မျိုးမဟုတ်။
တို့ဟူးအရှင်အကြောင်း မသိသော်လည်း လောကဝတ်ကိုသူမမေ့ပါ။
"ရွှန်တန်ကျိ တို့ဟူးအရှင်ကို ဂါရဝပြုပါတယ်"
"မင်းအကြောင်းပြောပါဦး။ အခုချိန်ထိ မင်းဘာလို့အိပ်ခဲ့တာလဲ"
"ကျုပ်ရဲ့ရုပ်ခန္ဓာကို ထိန်းသိမ်းထားဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ ကျုပ်ဝိညာဉ်က ဒီအရိုးစုထဲမှာနေတယ်။ ကျုပ်ရည်ရွယ်ချက်ကလည်း တကယ်အဲလိုလုပ်ဖို့ပါ"
"ဪ"
ကောင်းကင်သခင် ဝမ်းနည်းနေဟန်ဖြင့် သက်ပြင်းချသည်။
"ဘိုးဘေးအရှင်လို့ ကျင့်စဉ်အဆင့်မျိုး ရောက်နေတဲ့လူအနေနဲ့ လူငယ်မျိုးဆက်တွေရဲ့ အခက်အခဲတွေကို နားလည်မှာမဟုတ်ပါဘူး။
ကျုပ်က ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်ပဲ ရှိတယ်။ ကျင့်စဉ်စွမ်းအားက ဘာမှမပြောပလောက်ဘူး။ ရှေးဟောင်းခေတ်မှာ မသေမျိုးအဆင့်တက်ဖို့က ခက်ခဲတယ်။
ကျု်သရုပ်မှန်ကို ဖုံးကွယ်ပြီးနေမယ်ဆိုရင်တောင် ကျုပ်လိုပဲဖုံးကွယ်ထားတဲ့ တစ်ခြားလူတွေနဲ့ တွေ့လာနိုင်တယ်။ ဒါကအတော်လေးအဆင်မပြေဘူး။ မသေမျိုးတစ်ဝက်အဆင့်တစ်ယောက်နဲ့တွေ့ရင် ပိုပြီးတောင်ရှက်စရာကောင်းဦးမှာ။
ယင်ထန်မသေမျိုးအရှင်ရဲ့ အဆုံးအမတွေို အပြည့်အဝမလိုက်နာနိုင်ခဲ့တာ ကျုပ်ရှက်မိပါတယ်။
ကျုပ်စိတ်ကူးတစ်ခုပေါ်လာတယ် နှစ်ပေါင်းသိန်းချီကြာအောင်အိပ်ပြီး မျိုးဆက်သစ်ကျင့်ကြံသူတစ်ယောက်ရဲ့ ကိုယ်ထဲမှာ ပြန်ရှင်သန်မယ်။ သူ့ကျင့်စဉ်ကို လမ်းညွှန်ပြီး သူ့အနာဂတ်တိုးတက်အောင် လုပ်ပေးရင်းနဲ့ပေါ့။
ကျုပ်သက်တမ်းကလည်း အဲဒီအချိန်မှာ နှစ်နှစ်ထောင်တောင် မကျန်တော့ဘူး။ တစ်ခြားဘာမှလည်း အားကိုးစရာမရှိဘူး။ ဒါကြောင့် ဒီလျှို့ဝှက်မြေမှာ အိပ်စက်ပြီး ကံရေစက်ရှိတဲ့ မျိုးဆက်သစ်တစ်ယောက် အတွင်းခန်းမထဲ ရောက်လာတဲ့အချိန်ကိုစောင့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဘိုးဘေးအရှင်ကို ဒီမှာတွေ့ရမယ်လို့ ကျုပ်မထင်ခဲ့မိပါဘူး..."
လုယန် "..."
ခင်ဗျားတို့ရှေးဟောင်းကျင့်ကြံသူတွေ ဒီထက်ပိုလေးနက်တာတစ်ခုခုကို အာရုံမစိုက်နိုင်ကြဘူးလား။...တစ်ယောက်ယောက်ဆီက သင်ယူတာတို့ဘာတို့ပေါ့...
လုယန် နားမလည်နိုင်အောင်ဖြစ်မိသည်။ ရှေးဟောာင်းခေတ်တွင် သင်ယူလေ့လာဖို့ ထိုက်တန်သူဟူ၍ တစ်ယောက်မှ ရှိပုံမပေါ်ပါ။ ရှေးဟောင်းမသေမျိုးငါးယောက်ထံမှ သင်ယူလျှင်ပင် အမြီးအမောက်မတည့်သည့်အရာများသာ တတ်လာလိမ့်မည်။
"ကံကြမ္မာချိတ်ဆက်မှုတွေများလွန်းလို့ ကံအကြောင်းနှောင်ဖွဲ့မှုဖြတ်တောက်ဖို့ ဒီလူငယ်ကိုယ်ထဲမှာ ငါနေတာ။ ဒီလူငယ်လေးရဲ့ ဓာတ်ခံပါရမီက သာမန်ပဲရှိပေမယ့် သူ့စာရိတ္တက အတော်ကောင်းတယ်။
နောင်တစ်ချိန် အောင်မြင်လာမှာသေချာပေါက်ပဲ။ ငါထွက်သွားပြီးရင် ဒီလူငယ်ကို မင်းဆက်ပြီးပူးကပ်လို့ရပါတယ်"
ကောင်းကင်သခင်၏အကျင့်စရိုက်ကို လုယန် နတ်မယ်ဆီမှ အတည်ပြုထားပြီးဖြစ်သည်။ နတ်မယ်က ကောင်းကင်သခင်ကို တကယ့်လူကောင်းတစ်ယောက်ဟု ပြောသည်။
ရှင်းတင်း နောင်တစ်ချိန်အောင်မြင်လာမည်ဟုလည်း လုယန်တကယ်ယုံကြည်သည်။ မိုးပျံဘုံကျောင်းက မျက်လုံးကန်း၍သာ ထိုအချက်ကို မမြင်ကြခြင်းဖြစ်သည်။ ရှင်းတင်းသည် ပြုစုပျိုးထောင်ထိုက်သည့် ပါရမီရှင်တစ်ယောက်ဖြစ်သည်။
မိုးပျံဘုံကျောင်းအတွက် ပါရမီရှင်တစ်ယောာက် ကူညီပြုစုပျိုးထောင်ပေးခြင်းဖြစ်၍ ဘုံကျောင်းက သူ့ကိုကျေးဇူးတင်သင့်သည်။
"ကျေးဇူးပါ ဘိုးဘေးအရှင်"
ကောင်းကင်သခင် ဝမ်းသာသွားသည်။ ရှင်းတင်းလို ထူးခြားအရည်အသွေးရှိလူမျိုး သူလိုအပ်သည်။
တို့ဟူးအရှင်ကလည်း များစွာချီးကျူးထားသဖြင့် သူ့ရွေးချယ်မှု မှားနိုင်မည်မထင်။
"အခုလောလောဆယ် လျှို့ဝှက်မြေမှာပဲ စောင့်ပါ"
"ဟုတ်ကဲ့"
ကိစ္စပြီးပြီဖြစ်၍ လုယန် ချင်ဖုန်းဓားကမ္ဘာငယ်သို့ပြန်ဝင်သွားသည်။ ခန္ဓာကိုယ်ကို ရှင်းတင်းထံ ပြန်လွှဲပေးသည်။
ယုယွီလန်က နေရာတင်ကျောက်ရုပ်လိုဖြစ်နေသည်။ အချိန်အတ်ောကြာသည်ထိ သူ့စိတ်များ မတည်ငြိမ်သေး။
ခုနက ဘာဖြစ်သွားသည်မသိ။ ကောင်းကင်သခင်ကို ရင်ဆိုင်နေရသော်လည်း ရှင်းတင်းက ကြောက်ရွံ့ပုံမပေါ်။ ရှေးဟောင်းဘာသာဖြင့် စကားပြောကြသည်။
သူတို့ဘာပြောနေသည်ကို ယုယွီလန်နားမလည်သော်လည်း ကောင်းကင်သခင်က ရှင်းတင်းကို လေးလေးစားစားဦးညွှတ်အရိုအသေပြုသည်။ သို့ဆိုလျှင် ရှင်းတင်း၏သရုပ်မှန်သည် သူထက်ထားသည်ထက် ပိုထူးခြားလိမ့်မည်။
ထိုလူမျိုးကို သူတကယ်သဘောကျသည်။
ရှင်းတင်း အသိပြန်ဝင်လာသည်။ တို့ဟူးအရှင် ဘာတွေပြောခဲ့သည်ကို သူနားမလည်။ သို့သော် ကောင်းကင်သခင်၏ လေးစားသည့်အပြုအမူအရ တို့ဟူးသခင်ပြောခဲ့သည့်စကားက အမှန်ဖြစ်ပုံရသည်။
ကောင်းကင်သခင်လို ကူးဖြတ်ခြင်းအဆင့်သည် တို့ဟူးအရှင်အတွက် သိပ်အရေးစိုက်စရာမလိုသည့် မျိုးဆက်သစ်သာဖြစ်လိမ့်မည်။
တို့ဟူးအရှင်နှင့်ပတ်သက်သည့် ကိစ္စများကို လုံးထုတ်ပြော၍မဖြစ်ကြောင်း သူပို၍နားလည်လာသည်။ မိုးပျံဘုံကျောင်း တကယ်ကပ်ဆိုးကျလာနိုင်သည်။
"ဒကာမလု၊ သွားကြစို့"
လုယန် ရှင်းတင်းကို ဘယ်အမွေအနှစ်မှ ယူခွင့်မပေး။ မည်သို့ဆိုစေ ကောင်းသခင်ရှိနေသည်သဖြင့် လျှို့ဝှက်မြေအမွေအနှစ်များကို နောက်ဆုံးတွင် ရှင်းတင်းသာ ပိုင်ဆိုင်ရမည်။
*******************************
အခန်း (၁၀၃၈) ယဲ့ဇီကျင်း
လျှို့ဝှက်နယ်မြေတွင် သက်တမ်းရင့်အခြေတည်မြက်များကို အစိမ်းလိုက်စား၍ အခြေတည်အဆင့်တက်သူများရှိသည်။ လျှို့ဝှက်မြေမှ လေနှင့်မိုးကိုဆင့်ခေါ်နိုင်ကြသည်။ အုပ်စုများအမြန်ဖွဲ့ပြီး ရတနာများလုယုကြသည်။
အားလုံး၏မျှော်လင့်ချက်များကို ရိုက်ချိုး၍ အခြေတည်အဆင်များကို အနိုင်ယူသည့် ချီပြည့်စုံခြင်းအဆင့်များပေါ်လာပြီး ဂယက်ထသွားသည်။
မိန်းကလးကျင့်ကြံသူတစ်ယောက်ကို တော်ဝင်မြေကျင့်ကြံသူတစ်ယောက်က ဆေးခတ်သည်။ အမျိုးသားကျင့်ကြံသူတစ်ယောက်က သူရဲကောင်းလုပ်ပြီး တော်ဝင်မြကျင့်ကြံသူကို အနိုင်ယူသည်။ အမျိုးသမီးကျင့်ကြံသူနှင့် တစ်ညတာနှစ်ပါးသွားကသည်။
နောက်ပိုင်းတွင် ထိုအမျိုးသားက အပြစ်စိတ်ဝင်လာပြီး ထိုအဖြစ်ကို တစ်ညတာမတော်တဆမှုဟု မြင်သည်။ အမျိုးသမီးက ခံစားချက်များ အနှစ်တည်သွားသည်။
တော်ဝင်မြေကျင့်ကြံသူများက ကိုယ်အချင်းချင်းချောက်ချ၍ အမွေခံနရာလုသည့်အဖြစ်များ ဆက်တိုက်ပေါ်လာသည်။
သို့သော် ထိုကိစ္စအားလုံးကို ရှင်းတင်းနှင့်ယုယွီလန်တို့ ဘာမှအရေးစိုက်စရာမရှိ။
လျှို့ဝှက်နယ်မြေမှ စောစောထွက်လျှင် အများအာရုံစိုက်စရာ ဖြစ်လာမည်စိုး၍ ဘယ်မှမသွားဘဲ ကျောက်သားခန်းမတွင် သုံးရက်နေကြသည်။
အမှန်တော့ ရှင်းတင်းက စိုးရိမခြင်းဖြစ်သည်။ တော်ဝင်မြေသမီးတော်ဖြစ်သည့် ယုယွီလန်အတွက် လူအများအာရုံစိုက်သည်ကို ဘာမှစိုးရိမ်စရာမရှိ။
ရှင်းတင်းကိုအဖော်ပြုလို၍သာ အတူနေပေးခြင်းဖြစ်သည်။
ချီရှောက်လျှို့ဝှက်မြေပိတ်သည့်အချိန်တွင် အားလုံးအော်တိုမစ်တစ် အပြင်ရောက်လာသည်။
"မင်းဘာတွေရခဲ့လဲ"
ကျိခုန်းက မေးသည်။ အားလုံးထွက်လာပြီဖြစ်၍ သူ့ကိုယ်တော်များ ရလာသည့် အကျိုးအမြတ်ကို ကြည့်ချင်သည်။
"ကျုပ်ကတော့ ရှေးဟောင်းအခြေတည်မြက် တစ်ခုပဲတွေ့ခဲ့ပါတယ်"
ရှင်းချန်း အခြေတည်မြက်တစ်ပင် ထုတ်ပေးသည်။ နောက်ဆုံးရက်မှ သူရခဲ့ခြင်းဖြစ်သည်။
"အခြေတည်မြက်တစ်ပင်ရတာကိုက အတော်အဆင်ပြေနေပါပြီ။ သိမ်းထားလိုက်"
ကျိခုန်းက တိုတိုရှင်းရှင်းပြော၍ နှစ်သိမ့်သည်။
"ကျုပ်ကတော့ အခြေတည်မြက် မတွေ့ခဲ့ဘူး။ ဒါပေမယ့် လေလွင့်ဝိညာဉ်တစ်ခု အသွင်ပြောင်းနေတဲ့ ဝိညာဉ်သန္ဓေတစ်ခု မထင်မှတ်ဘဲရခဲ့ပါတယ်"
"ဒီဝိညာဉ်သန္ဓေက အရည်အသွေးကောင်းသားပဲ။ အခြေတည်ဆေးလုံးနှစ်ခုနဲ့ တန်ဖိုးချင်းညီတယ်"
"ကျုပ်က မြက်တစ်ပင်တွေ့တယ်"
"ကျုပ်က နှစ်ပင်ပါ"
"ခြောက်ပင်တွေ့ခဲ့တယ်"
ချီပြည့်စုံခြင်းအဆင့် သိုင်းကိုယ်တော်က ခပ်ကြွားကြွားလေသံဖြင့်ပြော၍ ရှင်းတင်းကို စိန်ခေါ်သည့်အကြည့်ဖြင့်ကြည့်သည်။ ထိုကိုယ်တော်သည် ရှင်းတင်းအဖွဲ့ဝင်ဖြစ်စက လူသစ်များကို ပညာပေးဖို့ တစ်ယောက်ချင်းယှဉ်ပြိုင်ရန် လောဆော်ခဲ့သူဖြစ်သည်။
"ခြောက်ပင်တောင်တွေ့တယ်ပေါ့"
"လေးစားစရာပဲ"
သိုင်းကိုယ်တော်အဖွဲ့ထဲမှ ချီးကျူးသံများ ပေါ်လာသည်။
"ညီလေးရှင်းတင်း၊ မင်းကရောဘယ်လိုလဲ"
ပုံမှန်လေသံဖြင့် ထိုသိုင်းကိုယ်တော်က မေးသည်။ လျှို့ဝှက်မြေတွင် ရှင်းတင်းကို သူလုံးဝမမြင်ခဲ့ရ။ ထိုလူငယ် အခြေတည်မြက်မရှာရဲဘဲ ကြောက်၍ပုန်းနေခဲ့သည်ဟု သူယူဆသည်။
ရှင်းတင်း ခဏတုံ့ဆိုင်းသွားသည်။ ထိုအကိုတော်စကားက သူ့ကိုတမင်စိန်ခေါ်နေသလို ခံစားရသည်။ သို့သော် သူစိတ်ထင်၍လည်းဖြစ်မည်။
အခြေတည်မြက်တစ်ဆုပ်ကို သူ့ရင်ဘတ်ထဲမှထုတ်၍ ပြောလိုက်သည်။
"ကျုပ် ဆယ်ပင်တွေ့တယ်"
"ဆယ်ပင်လား"
"မဖြစ်နိုင်တာကွာ"
အားလုံး အကြီးအကျယ်အံ့အားသင့်သွးသည်။ ကျိခုန်းပင် နည်းနည်းမယုံနိုင်အောင်ဖြစ်သွားသည်။ အခြေတည်မြက်ရှာသည့်ကိစ္စသည် ကံသက်သက်မဟုတ်။ ပြိုင်ဆိုင်မှုများရှိသည်။
ရှင်းတင်းက ချီသတ္တမအဆင့်သာရှိသည်။ ချီပြည့်စုံခြင်းနဝမအဆင့်များထက် ဘာကြောင့်သာလွန်နေသည်မသိ။
အားလုံးအံ့ဩအားကျနေစဉ်မှာပင် မနီးမဝေးမှ လူတစ်ချို့ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည် ယုယွီလန်က သူတို့ရှိရာဘက်သို့ ပြေးလာသည်။
"ကိုယ်တော်ရှင်းတင်း၊ ကျွန်မ သွားနှင့်ပြီနော်။ နောက်မှတွေ့မယ်"
ယုယွီလန်က ရှင်းတင်းကို မျက်လုံးတစ်ဘက်မှိတ်၍ ပြီတီတီပြုံးပြသွားသည်။
သိုင်းကိုယ်တော်အဖွဲ့ရေ တစ်ခြားကျင့်ကြံသူများပါ အံ့ဩသွားသည်။ သူစိမ်းယောက်ျားတစ်ယောက်ကို ယုယွီလန် ထိုမျှရင်းရင်းနှီးနှီး ပြုမူပြောဆိုသည့်အဖြစ်မျိုး တစ်ခါမှမမြင်ဖူးကြ။
လျှို့ဝှက်နယ်မြေထဲတွင် ထိုနှစ်ယောက် ဘာတွေဖြစ်ခဲ့သည်မသိ...
ရှင်းတင်းက ဗုဒ္ဓကျမ်းစာကို အသံတိတ်ရွတ်ဖတ်နေသည်။ ဘာကြောင့် လူအားလုံး ထိုမျှအံ့ဩနေသည်ကို သူနားမလည်။
သူတို့အားလုံးသည် မိန်းမလှများကို တန်ဆာဆင်ထားသည့်အရိုးစုအဖြစ် နှလုံးသွင်းသင့်သည့် ဗုဒ္ဓကိုယ်တော်များ မဟုတ်လော...
.......
အနောက်မိုးပျံဘုံကျောင်း။ ကျောင်းထိုင်ခန်းမ။
ကျားခုံပေါ်တွင် အဖြူအနက်ကျားစေ့များ နေရာအတိအကျ သတ်မှတ်ထားသည်။ အဝါရောင်သင်္ကန်းဝတ် အရပ်မြင့်မြင့်အကြီးအကဲတစ်ယော်က တည်ကြည်သည့်မျက်နှာဖြင့် အနက်ရောင်ကျားစေ့တစ်စေ့ ကိုင်ထားသည်။
ဖျင်ကြမ်းဝတ်ရုံဝတ်ထားသည့် အကြီးအကဲတစ်ယောက်က အဖြူရောင်ကျားစေ့ကိုကိုင်၍ ပြုံးနေသည်။
အဝါရောင်သင်္ကန်းဝတ်ရုံရှင်က အတော်ကြာအောင် သူ့ကျားစေ့ကို မချနိုင်ဘဲ ကျောက်ရုပ်လိုဖြစ်နေသည်။ နောက်ဆုံးတွင် သူသက်ပြင်းချလိုက်သည်။
"မင်းနိုင်သွားပါပြီ ညီတော်"
ဖျင်ကြမ်းဝတ်ရုံရှင်က ကျားပွဲရလဒ်ကို အံ့ဩဟန်မရှိ။
"ကိုယ်တော်မိန်ယုကစားတာက စိတ်လောလွန်းနေတယ်"
အဝါရောင်ဝတ်ရုံရှင်သည် မိုးပျံဘုံကျောင်း၏ကျောင်းထိုင် မိန်ယုဖြစ်သည်။ ဖျင်ကြမ်းဝတ်ရုံရျင်က ကျမ်းစာတိုက်၏ သန့်ရှင်းရေးကိုယ်တော် ဘုံကျောင်း၏လျှို့ဝှက်စွမ်းအားရှင် ကိုယ်တော်မိန်ဟွေ့ဖြစ်သည်။
"ဟုတ်တယ်။ အခုတလော ငါ့စိတ်တွေ မငြိမ်ဘူး။ ပြဿနာတစ်ခုခုဖြစ်တော့မယ်လို့ အာရုံရနေတယ်"
မိန်ယု သက်ပြင်းချသည်။ ထိုစကားမျိုး မိန်ဟွေ့တစ်ယောက်ကိုသာ သူရင်ဖွင့်နိုင်သည်။
"ပြဿနာ...ဟုတ်လား"
မိန်ဟွေ့ နားမလည်နိုင်အောင်ဖြစ်သွားသည်။ သူတို့မိုးပျံဘုံကျောင်းတွင် ဘယ်လိုပြဿနာမျိုး ပေါ်လာနိုင်မည်နည်း။
"အတိအကျတော့ မပြောတတ်ဘူး။ အာရုံခံစားမိရုံပါ"
မိန်ယုခေါင်းခါသည်။ သူ့တစ်သက်လုံး ဓမ္မကျင့်စဉ်များ ကျင့်ကြံခဲ့သည်။ ကြိုမမြင်နိုင်သည့်လောကကြီးတွင် တစ်ခုခုဖြစ်တော့မည်ဆိုလျှင်၊ အထူးသဖြင့် မိုးပျံဘုံကျောင်းနှင့် ပတ်သက်သည့် ကိစ္စမျိုးဖြစ်လျှင် သူအလိုလိုအာရုံခံမိသည်။
"ဒါပေမယ့် အခုတလော ငါကျင့်ကြံဖို့ စိတ်လောလွန်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ငါ့စိတ်တွေ နည်းနည်းမတည်မငြိမ်ဖြစ်နေတယ်"
မိန်ယုက ပြုံး၍ပြန်သုံးသပ်သည်။
"စိတ်မတည်ငြိမ်တာက ငါတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ယဲ့ဇီကျန်းအကြောင်း မင်းကြားဖူးလား"
မိန်ယုက နောက်ထပ်ကိစ္စတစ်ခု စပြောသည်။
"ကြားဖူးပါတယ်။ ဗုဒ္ဓနိုင်ငံမှာ ဂြိုလ်မွှေနေတဲ့ကောင်မဟုတ်လား။ ဘုံကျောင်းတွေဆောက်တယ်။ ဗုဒ္ဓရုပ်ထုတွေ အတုလုပ်တယ်။ ဗုဒ္ဓကျမ်းစာာအတုတွေ ဖြန့်ဝေတယ်လို့ ကြားမိတယ်"
အပြင်ကိစ္စများကို မိန်ဟွေ့သိပ်အရေးမစိုက်။
"ဟုတ်တယ်။ ဒါပေမယ့် အရေးကြီးအချက်က သူစကားပြောတဲ့ပုံစံက ဒေါသဖြစ်စရာကောင်းနေတာ။ အကြီးအကဲတွေအားလုံး သူ့ကိုမကြည်ကြဘူး။ အမိဖမ်းချင်နေကြတယ်"
မိန်ဟွေ့က ခပ်အေးအေးပြုံးသည်။ ထိုကိစ္စကို အသေးအဖွဲဟုသာ သူမြင်သည်။
"စကားပြောရုံနဲ့ ဒေါသဖြစ်ကြတယ်တဲ့လား။ မျိုးဆက်သစ်တွေတွေရဲ့ တာအိုနှလုံးက အရည်အသွေးမမီသေးဘူးထင်တယ်"
မိန်ယု ခေါင်းငြိမ့်သည်။
"ငါလည်း အဲလိုပဲတွေးပါတယ်။ ဒါကြောင့်လည်း ယဲ့ဇီကျင်းကိ ငါလွှတ်ပေးထားတာပေါ့။ ဒီကိစ္စကနေ အကြီးအကဲတွေ သူတို့လိုအပ်ချက်ကို ကိုယ့်ဘာသာနားလည်ပြီး စိတ်တည်ငြိမ်အောင် လေ့ကျင့်စေချင်လို့ပါ"
မိန်ဟွေ့ တံမျက်စည်းကို ကောက်ကိုင်၍ ထရပ်ပြီး ပြန်ဖို့ပြင်သည်။
"စကားပြောတာ တော်ကြစို့။ ကျမ်းစာတိုက်မှာ ခိုးဝင်လာတဲ့လူရှိတယ်။ ငါသွားကြည့်လိုက်ဦးမယ်"
ကျမ်းစာတိုက်ပထမထပ်တွင် လူတစ်ယောက် ခိုးကြောင်ခိုးဝှက်ပုံစံဖြင့် တစ်စုံတစ်ခုကို လှည့်ပတ်ရှာဖွေနေသည်။
"ဟား...အတော်ရဲတင်းတဲ့လူငယ်ပဲ။ ကျမ်းစာတိုက်ကနေ ပစ္စည်းခိုးဖို့လာတယ်ပေါ့"
ရုတ်တရက်ပေါ်လာသည့် စကားသံကြောင့် ထိုလူ လန့်ဖျတ်သွားသည်။
ချက်ချင်းလှည့်ကြည့်သည်။ ခန်းမအဆုံးတွင် တံမျက်စည်းကိုင်ထားသည့် ကိုယ်တော်တစ်ယောက် ရပ်နေသည်။ ထိုကိုယ်တာ် ဘယ်လိုရောက်လာသည်ကို သတိမထားမိလိုက်။
"ကျုပ်သွားတော့မှာပါ"
ထိုလူ လှည့်ပြေးသည်။
"ကောင်လေး၊ စိတ်မလောပါနဲ့။ ငါအဘိုးကြီးကို အဖော်ပြုပြီး ကျားတစ်ပွဲလောက်ကစားပေးပါလား"
ထိုလူမျက်နှာပျက်သွားသည်။ သူ့ရှေ့တွင် ကျားခုံတစ်ခု လျှပ်တစ်ပြက်ရောက်လာသည်။ တံမျက်စည်းကိုယ်တော်က မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။
"မင်းက ယဲ့ဇီကျင်းလား"
တံမျက်စည်းကိုယ်တော်၏ မျက်လုံးများက မှုန်မှိုင်းနေသည်။ သို့သော် တစ်ချက်ကြည့်ရုံဖြင့် တစ်ဘက်လူ၏ သရုပ်မှန်ကို ထိုးဖောက်မြင်သည်။
"ဟုတ်ပါတယ်"
ပြေးမလွတ်တော့သဖြင့် ယဲ့ဇီကျင်း လက်လျှော့၍ ကျားကစားဖို့ပြင်သည်။
သူတို့နှစ်ယောက် ကျားကစားရင်း စကားပြောကြသည်။
"ဒီလောက်အသက်ငယ်ငယ်နဲ့ စုစည်းခြင်းအလတ်တန်းဆင့်ရောက်တယ်။ မင်းကိုမိအောင်မဖမ်းနိုင်တဲ့လူတွေ အများကြီးရှိတယ်။ မင်းအတော်အစွမ်းအစရှိတာပဲ။
ကျားကစားတယ်ဆိုတာလည်း ဘဝနဲ့ သိပ်တူတယ်ကွ။ အနက်ရောင်ကျားစေ့ဖြစ်ဖြစ် အဖြူရောင်ကျားစေ့ဖြစ်ဖြစ် သေချာစဉ်းစားပြီးရွှေမှ နောင်တနဲ့မကြုံရမှာ။
အဲ...ငါက အိုပြီဆိုတော့ စကားတော့နည်းနည်းပေါတယ်"
"ကိုယ်တော် ဘာတွေပြောနေတာလဲ။ ကိုယ်တော့်ဆီက ဒီလိုလမ်းညွှန်မှုရတာ ကျုပ်ကံထူးလို့ပါ"
ယဲ့ဇီကျင်းက လေးလေးစားစားပြောသည်။
"မင်းလိုမျိုး ငါအဘိုးကြီးပြောတဲ့စကားတွေကို နားထောင်ချင်တဲ့လူငယ်တွေ သိပ်များများမရှိဘူး။...ကျားပွဲမှာ ပထမဆုံးခင်းတဲ့ ကျားကွက်တွေက အနိုင်အရှုံးကိုဆုံးဖြတ်တယ်။
ဘဝမှာတော့ ကြိုတင်ချထားတဲ့ အစီအစဉ်တွေက အနာဂတ်ကို ဆုံးဖြတ်တယ်။ မင်းက လမ်းလွဲပြီး တာအိုလမ်းစဉ်ဂိုဏ်းကို ဝင်ခဲ့တယ်။ ဘဝဆိုတာ ဒုက္ခပင်လယ်တစ်ခုပါပဲ။
ဒါပေမယ့် နောက်ပြန်လှည့်ဖို့တော့ နောက်မကျသေးပါဘူး..."
ယဲ့ဇီကျင်းကို အတော်ယဉ်ကျေးမှုရှိသည်ဟု သူမြင်သည်။ သတင်းကြားရသလောက် သိပ်မဆိုးလှ။ ထို့ကြောင့် သူနည်းနည်းထပ်ဖျောင်းဖျရန်ပြင်သည်။
ထိုစဉ် ယဲ့ဇီကျင်းက နောက်ဆုံးကျန်သည့် အဖြူရောင်ကျားစေ့ကို ချလိုက်သည်။ နည်းနည်းရှက်ကိုးရှက်ကန်းဖြစ်နေသည့် အမူအရာဖြင့်
"အဲ..ကိုယ်တော်၊ ကျုပ်နိုင်သွားပြီ"
မိန်ဟွေ့ အံ့အားသင့်သွားသည်။ ကျားကစားရသည်ကို သူဝါသနာထုံသည်။ တစ်ခါမှ မရှုံးဖူးသေး။ သို့သော်ယနေ့ မထင်မှတ်ဘဲ မျိုးဆက်သစ်တစ်ယောက်ကို ရှုံးသွားသည်။
သို့သော် ကျားပွဲတစ်ခုသာဖြစ်၍ သူ့စိတ်ထဲ သိပ်မထားတော့။ မုတ်ဆိတ်ကိုသပ်၍ တဟားဟားအော်ရယ်သည်။
"အသက်ကြီးတော့ အသုံးမဝင်တော့ပါလား"
ယဲ့ဇီကျင်းက ချက်ချင်းပြုံး၍ပြန်ပြောသည်။
"အသက်ကြီးပေမယ့် အချိန်စီးတုန်းပါပဲ"
*********************************