အခန်း (၁၀၄၅-၁၀၄၇)
Vol. 70 Ch. 1045-1047
အခန်း (၁၀၄၅) နတ်သခင်စီချန်း
"မဟာချန်ခေတ်က အချိန်ကိုချုပ်ကိုင်ခဲ့တဲ့ နတ်သခင်စီချန်းလား"
မိန်ယု ချက်ချင်းပြန်သတိရလာသည်။ လွန်ခဲ့သည့် နှစ်သုံးသိန်းက နာမည်ကျော်ကြားခဲ့သည့် နတ်သခင်စီချန်း။
မိုးပျံဘုံကျောင်း ပြဿနာတစ်ခုခုဖြစ်ဟု ခံစားနေခဲ့ရသည့်ကိစ္စက ယခုအမှန်တကယ်ဖြစ်လာသည်။
"ကိုယ်တော်က ဗဟုသုတစုံသားပဲ"
စီချန်း မပွင့်တပွင့်ပြံဒးသည်။ မိန်ုကိုလုံးဝအရေးဟန်မရှိ။
"ခင်ဗျားကျုပ်ကို လှည့်စားခဲ့တာပဲ"
ရှင်းကျန်း သူ့အခြေအနေသူ သဘောပေါက်သွားပြီး နာကျင်စွာရယ်မောနေသည်။ သူကံထူး၍ မှော်လက်စွပ်ကို ရခဲ့သည်ဟု ထင်ခဲ့မိသည်။ စီချန်းက အဆင့်မြင့်ကိုယ်တော်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးဖို့ တောင်းဆိုခဲ့သည်။
ယခု အားလုံးက အလိမ်အညာများဖြစ်သည်။ စမ်းသပ်ချက်သုံးခုဖြတ်ကျော်နိုင်ဖို့သာ စီချန်းက သူ့ကိုအသုံးချခဲ့ခြင်းဖြစ်သည်။
"ငါဘယ်တုန်းက မင်းကိုလှည့်စားလို့လဲ။ မင်းလိုချင်တာမှန်သမျှ အားလုံးပေးခဲ့တာပဲမဟုတ်လား"
စီချန်းက ပြုံး၍ပြောသည်။ ရှင်းကျန်းကို လူတစ်ယောက်ဟု သူမမြင်။ ပစ္စည်းတစ်ခုဟုသာမြင်သည်။ ယခု ထိုပစ္စည်းကို သူအသုံးမလိုတော့။
မိုးပျံဘုံကျောင်း၏ တော်ဝင်ရတနာသည် မဟာချန်ခေတ်တွင် မဟာချန်နိုင်ငံကို အတော်ဒုက္ခပေးခဲ့သည်။ သူတို့တပ်ဖွဲ့များကို အကြိမ်ကြိမ်စေလွှတ်ခဲ့သ်ေလည်း လုံးဝအနိုင်ယူနိုင်ခဲ့။
မဟရှားခေတ်တွင် နိုးထလာပြီးနောက် ထိုရတနာကို အရယူဖို့ သူချက်ချင်းစိတ်ပိုင်းဖြတ်ခဲ့သည်။
မိန်ယုလည်း ထိုရတနာ၏ အသိအမှတ်ပြုမှုမရ၍ အသုံးမပြုနိုင်သေးကြောင်း သူသိခဲ့ရသည်။ သူ့အတွက် ရွှေအခွင့်အရေးဖြစ်လာသည်။
ထိုရတနာကို ဗုဒ္ဓစွမ်းအင်ရောင်များ လွှမ်းခြုံထားသည်။ အတင်းအားသုံးရယူဖို့ မဖြစ်နိုင်။ စမ်းသပ်ချက်သုံးခုကို ဖြတ်ကျော်ရမည်။ ထို့ကြေင့် မသေမျိုးအဆင့်မှော်လက်စွပ်ထဲ သူဝင်ပုန်းသည်။
ချီအဆင့်ကျင့်ကြံသူကိုယ်တော်တစ်ယောက် လက်စွပ်ရှာတွေ့ချိန်ကိုစောင့်သည်။
အနောက်ကောင်းင်လျှို့ဝှက်မြေသည် ကျင့်စဉ်အဆင့်များကို ခွဲခြားနိုင်စွမ်းရှိသည်။ မသေမျိုးအဆင့်ရတနာသာ ထိုလျှို့ဝှက်မြေ အာရုံမခံနိုင်အောင် ဖုံးကွယ်နိုင်စွမ်းရှိသည်။ မသေမျိုးတစ်ဝက်အဆင့်ရတနာပင် ထိုသို့လုပ်နိုင်စွမ်းမရှိ။
နှစ်ပေါင်းရာချီကြိုးစားပြီးနောက် ဤတစ်ကြိမ်တွင် စမ်းသပ်မှုသုံးခုကို ဖြတ်ကျော်၍ ကောင်းကင်ခွဲပုဆိန်ကို သူမြင်ခွင့်ရလာသည်။
စမ်းသပ်မှုသုံးခုကြောင့် ဗုဒ္ဓစွမ်းအင်များစွာ ကုန်ခမ်းသွားသည်။ ယခု အားအနည်းဆုံးအချိန်ဖြစ်သည်။ ပုဆိန်ကိုယူဖို့ အကောင်းဆုံးအချိန်ဖြစ်သည်။
"ကောင်းကင်ခွဲပုဆိန်မှာ ပိုင်ရှင်တစ်ယောက်ရှိဖို့ အချိန်တန်ပြီ"
နတ်သခင်စီချန်းသည်။ မဟာချန်ခေတ်တွင် အချိန်အရိယဖလသန္ဓ တည်ထောင်ခဲ့သူဖြစ်သည်။ ကောင်းကင်ခွဲပုဆိန်သည် အချိန်မသေမျိး၏ရုပ်ခန္ဓာအစိတ်ပိုင်းဖြစ်သည်။ သူနှင့်ပုဆိန်ကြားတွင် ဆက်သွယ်မှုတစ်ချို့ရှိသည်။ ပုဆိန်ပိုင်ရှင်ဖြစ်မလာနိုင်လျှင်ပင် ယူသွားဖို့တော့ ပြဿနာမရှိ။
"မင်းလုပ်ရဲသလား"
မိန်ယု ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူ့နောက်ဘက်တွင် ဓားတစ်လက်ကိုင်၍ မီးတောက်များဖုံးလွှမ်းနေသည့် ဗုဒ္ဓအရိပ်တစ်ခု ပေါ်လာသည်။
ဗုဒ္ဓဒဏ္ဍာရီထဲမှ မိန်ဗုဒ္ဓဘုရင်ဖြစ်သည်။ ထိုပုံရပ်ပေါ်လာသည်နှင့် လှုပ်ရှားမှုငြိမ်သက်မှု နှစ်ခုလုံးက မိုးမြေကိုဖျက်ဆီးနိုင်သည်။
"ဘာလို့ငါက မလုပ်ရဲရမှာလဲ"
စီချန်း၏လက်ဝါးပေါ်တါင် သဲနာရီတစ်လုံးပေါ်လာသည်။ သဲများက ဖြေးညှင်စွာစီးကျနေသည်။ အချိန်စီးကြောင်းလည်း မယုံနိုင်လောက်အောင် နှေးကွေးလာသည်။
ပလ္လင်ပေါ်တင်ထားသည့် ကောင်းကင်ခွဲပုဆိန်ကို ချက်ချင်းယ၍ အသာအယာဝှေ့ယမ်းလိုက်သည်။ လေဟာနယ်ကို ထိုးခွဲပြီး အပြင်လောကသို့ လမ်းကြောင်းတစ်ခုဖောက်ရန် ကြိုးစားသည်။
ကောင်းကင်ခွဲပုဆိန်၏ အသိအမှတ်ပြုမှုကို အပြည့်အဝသူမရသေး။ ထို့ကြောင့် ပုဆိန်စွမ်းတစ်ပိုင်းတစ်စကိုသာ သူသုံးနိုင်သည်။
"ရပ်လိုက်စမ်း"
စီချန်းသည် အချိန်ကို အမြဲတမ်းနှေးအောင် ထိန်းထားနိုင်သည်မဟုတ်။ အချိန်စီးကြောင်း ပုံမှန်ပြန်ဖြစ်သွားသည်နှင့် မိန်ယုက ချက်ချင်းလိုက်သည်။
"ငါတို့ဘုံကျောင်းမှာ ဘယ်သူလာသောင်းကျန်းရဲတာလဲကွ"
အနောက်ကောင်းကင်လျှို့ဝှက်မြေမှ ထွက်ပေါ်နေသည့် အသံဗလံများက ဆူညံလွန်းသည်။ ဘုံကျောင်းကိုယ်တော်များ ချက်ချင်းသတိထားမိသည်။
လူနှစ်ယောက် ဘုံကျောင်းထောင့်စွန်းတစ်နေရာစီမှ ပြန်သန်းလာပြီး စီချန်းရှေ့မှ ပိတ်ရပ်ည်။
"မိန်ဟွေ့နဲ့ မိန်ထိုင်ပါလား"
စီချန်းက ဘုန်းကြီးအိုနှစ်ယောက်ကိုကြည့်၍ မပွင့်တပွင့်ပြုံသည်။ တစ်ယောက်က ကူးဖြတ်ခြင်းနောက်ဆုံးအဆင့် နောက်တစ်ယောက်က ကူးဖြတ်ခြင်းအလတ်တန်းအဆင့်ဖြစ်သည်။
"ညီတော်တို့။ သူ့ကိုတားထားကြ"
မိန်ယုက နောက်မှလမ်းအော်သည်။ သူ့မျက်နှာက ဒေါသကြောင့် တင်းမာခက်ထန်နေသည်။ လောကသို့ဆင်းလာသည့် မိန်ဗုဒ္ဓအစစ်နှင့် သဏ္ဌာန်တူနေသည်။
"ဝါဇရ နတ်ဆိုးဖိနှိပ်ခြင်း"
"ဥုံ မာ နီ ပတ် မေ ဟုံ"
မိန်ဟွေ့နှင့်မိန်ထန် ပြိုင်တူလှုပ်ရှားကြသည်။ ဝါဇရစွမ်းအားနှင့် မန္တာန်ခြောက်လုံးစွမ်းအားက မိုးမြေနှင့်နိယာမနှင့် တစ်သားတည်းရှိသည်။ စွမ်းအားးနှစ်ခုပေါင်းစပ်ပြီးနောက် လေနှင့်တိမ်တိုက်များကို ချက်ချင်းဆင့်ခေါ်သည်။ ဘုံကျောင်းအထက်ကောင်းကင်လေထု တုန်ခါလာသည်။
"မြေအောက်သွေးပင်လယ်"
စီချန်းက သွေးနီပင်လယ်တစ်ခု ဆင့်ခေါ်လိုက်သည်။ သွေးစိမ်းနံ့များ ကောင်းကင်တွင် ပျံ့နှံ့သွားသည်။ မဟာချန်ခေတ်တွင် လူ့အသက်သည် တန်ဖိုးမရှိ။ မြေအောက်သွေးပင်လယ်စွမ်းအားကို ကျင့်ကြံဖို့လွယ်ကူသည်။
ဗုဒ္ဓစွမ်းအားနှစ်ခုက သွေးပင်လယ်နှင့် ရင်ဆိုင်တွေ့သည်။ စီချန်း ပြိုင်ဘက်နှစ်ယောက်ကို မယှဉ်နိုင်ပဲ အရေးနိမ့်လာသည်။
"ငါတို့ဘုံကျောင်း တိုက်ခိုက်ခံနေရပြီဟေ့"
ဘုံကျောင်းတစ်ခုလုံး ဂယက်ထနေသည်။ သူတို့ပိုင်နက်ထဲထိ လာတိုက်ခိုက်ရဲသည့်လူကိုလည်း အံ့ဩနေကြသည်။
"မဟာအလင်းမှော်ပညာ"
"ဝါဇရကျည်ပွေ့"
သူတို့တိုက်ကွက်များ ထိရောက်မှုရှိပြီ အသာစီးရလာသည်ကိုကြည့်၍ မိန်ဟွေ့နှင့် မိန်ထန်တို့ မှော်စွမ်းအားမျိုးစုံ ထုတ်လွှတ်တိုက်ခိုက်ကြသည်။
သို့သော် တိုက်ပွဲကြာလာသည်နှင့်အမျှ စီချန်း၏ တိုက်ခိုက်မှုများက တဖြေးဖြေးလက်ရည်သာလားသည်။ သိပ်မကြာမီ လုံးဝအသာစီးရလာသည်။
"ဘာဖြစ်နေတာလဲ။ ငါ့စွမ်းအားတွေ လုံးဝထုတ်မရတော့သလိုပဲ"
မိန်ထန်က ပင်ပန်းနေသည့်လေသံဖြင့် မိန်ထန်ကပြောသည်။
"အခု မင်းတို့သတိထားမိသွားကြပြီလား"
စီချန်းက ရယ်မောနေသည်။ သူ့အချိန်အရိယဖလသန္ဓေသည် လူတစ်ယောက်၏ ရုပ်ခန္ဓာစွမ်းအားလျော့ကျမှုကို အရှိန်မြှင့်ပေးနိုင်သည့်စွမ်းရည်ရှိသည်။
ကူးဖြတ်ခြင်းအဆင့်များပင် ထိုစွမ်းအင်လျော့ကျမှုမျိုးကို မခံနိုင်ကြ။ အချိန်အရိယဖလသန္ဓေစွမ်းအားကို လုံးဝအံမတုနိုင်။
မသေမျိုးတစ်ဝက်အဆင့်မှသာ သူနှင့်ယှဉ်နိုင်မည်။
အရိယဖလသန္ဓေသုံးဖို့ စွမ်းအင်နည်းနည်းသာထုတ်ရသည်။ ရုပ်ခန္ဓာစွမ်းအားလျော့ကျမှု မရှိသလောက်ပင်ဖြစ်သည်။
"မင်းတို့နှစ်ယောက် ပြန်ဆုတ်ကြတော့။ ငါတိုက်မယ်"
မိန်ဗုဒ္ဓဓမ္မခန္ဓာ ပျံထွက်လာသည်။ ကိုယ်တော်မိန်ယု ပြသားစွာဆုံးဖြတ်၍ ဉာဏ်အလင်းဓားကို ဝင့်လိုက်သည်။
မိန်ဟွေ့နှင့်မိန်ထန် အံတင်းတင်းကြိတ်နေသည်။ သူတို့ဆက်တိုက်ခိုက်လျှင်လည်း မိန်ယုအတွက် ဝန်ထုပ်ဝန်ပိုးသာဖြစ်လာမည်မှန်းသိသည်။ ထိ့ကြောင့် အောက်သို့ ပျံဆင်းသွားသည်။
"ဘုံကျောင်းကနေ မြန်မြန်ထွက်ကြတော့"
မသေမျိုးတစ်ဝက်အဆင့်တိုက်ပွဲသည် အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသည်။ ကျယ်ပြန့်သည့် မိုးပျံဘုံကျောင်းလည်း ပျက်စီးသွားနိုင်ခြေရှိသည်။
"ဘုံကျောင်းကနေထွက်ရုံနဲ့မရဘူး။ မြို့တော်နဲ့ ဝေးနိုင်သမျှဝေးအောင် မြန်မြန်သွားကြ"
မိန်ဟွေ့က အော်ဟစ်သတိပေးသည်။ မသေမျိုးတိုက်ပွဲဖြစ်သည်နေရာမှ ဝေးဝေးထွက်ပြေးနိုင်လေ ပိုကောင်းလေဖြစ်သည်။
ဉာစ်အလင်းဓားရိပ်က စီချန်းကို နှစ်ပိုင်းခွဲဖြတ်ဖို့ ကျဆင်းလာသည်။
စီချန်းက ထိုဓားချက်ကို ကြိုတင်သိနေသကဲ့သို့ ဘေးသို့ခြေတစ်လှမ်းထွက်၍ ရှောင်သည်။
အချိန်အရိယဖလသန္ဓေ၏ နောက်ထပ်စွမ်းရည်တစ်ခုဖြစ်သည်။ အနာဂတ်ကိုကြိုမြင်သည်။
အနာဂတ်သည် မသေချာ။ ခန့်မှန်းသည့်အနာဂတ် ပိုဝေးကွာလေ ပိုမသေချာလေဖြစ်သည်။
သို့သော် နီးကပ်သည့် အနာဂတ်ကိုခန့်မှန်းလျှင်၊ ယခုချက်ချင်းဖြစ်လာတော့မည့် အနာဂတ်ကိုခန့်မှန်းလျှင်တော့ ပို၍တိကျသည်။
"ဒါက မင်းရဲ့အရိယဖလသန္ဓေအစွမ်းလား"
တိုကိုက်မှုကိုရှောင်တိမ်ပြီးနောက် မိန်ယုကို စီချန်းလျှော့မတွက်ရဲတော့။ ခုနကဓားချက်တွင် ကူးဖြတ်ခြင်းအဆင့်ထက်ပိုသည့် စွမ်းအားမျိုးပါနေသည်မှာ ထင်ရှားသည်။
"နတ်မယ်၊ ကိုယ်တော်မိန်ယုရဲံ အရိယဖလသန္ဓေက ဘာအမျိုးအစားလဲ"
နတ်မယ် မျက်မှောင်ကျုံ့၍ ခေါင်းတစ်ဘက်စောင်းနေသည်။ တွေးရခက်နေဟန်ရှိသည်။
"ရှေးဟောင်းခေတ်မှာ ဒီအရိယဖလသန္ဓေမျိုး မပေါ်ဖူးဘူး။ ငါမသိဘူး"
ကိုယ်တော်မိန်ယု၏ အရိယဖလသန္ဓေကို ဘယ်သူမှ သိနိုင်မည်မဟုတ်။ ထိုသန္ဓေမျိုး အရင်က မရှိခဲ့ဖူး။ ကိုယ်တော်မိန်ယုက မိန်ဘုရင်အရိယဖလသန္ဓေဟု နာမည်ပေးထားသည်။
မသေမျိုးကောင်းကင်ဆင်းရဲကို ဖြတ်ကျော်နိုင်၍ မသေမျိုးအဆင့်သို့ရောက်လာလျှင် သူ့ဘွဲ့နာမည်သည် မိန်ဘုရင်မသေမျိုး ဖြစ်လာပေလိမ့်မည်။ ဗုဒ္ဓကျမ်းစာများထဲမှ မိန်ဘုရင်နှင့်ပတ်သက်သည့် ဒဏ္ဍာရီစွမ်းအားများကို ပိုင်ဆိုင်လာမည်။
"နတ်ဆိုးနှိမ်ကျည်ပွေ့"
မိန်ဓမ္မခန္ဓာက နတ်ဆိုးနှိမ်ကျည်ပွေ့ကို ကိုင်ထားသည်။ ထိုကျည်ပွေ့ရိုက်ချက်ထိသည်နှင့် ကူးဖြတ်ခြင်းအဆင့်မှ ဘယ်သမဆို သေလျှင်သေ၊ မသေလျှင်လည်း ဒဏ်ရာအပြင်းအထန်ရမည်။ စီချန်းလည်း ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည်။
မသေမျိုးတစ်ဝက်နှစ်ယောက် တိမ်တိုက်ကြးတွင် တိုက်ခိုက်ကြသ်။ သူတို့အသွင်သဏ္ဌာန်များက ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ ရှေးဟောင်ဒဏ္ဍာရီပုံပြင်များ ပြန်အသက်ဝင်လာသလိုရှိသည်။
"သူ့ရဲ့အချိန်အရိယဖလက ပြည့်စုံခါနီးဖြစ်နေပြီပဲ"
အတော်ကြာအောင် စောင့်ကြည့်ပြီးနောက် နတ်မယ်ကပြောသည်။
"ပြည့်စုံခါနီးပြီ...ဟုတ်လား"
လုယန် မှင်သက်မိသွားသည်။ သို့ဆိုလျှင် စီချန်သည် မသေမျိုးဖြစ်လာဖို့ အရည်ချင်းမီသည့်သဘောမဟုတ်လော...
"ဒါပေမယ့် သူအရိယဖလသန္ဓေသုံးနေတဲ့ပုံစံက မကျွမ်းကျင်ဘူး။ သူကိုယ်တိုင်ဖန်တီးထားတာ မဟုတ်လောက်ဘူး။ ယုံကြည်မှုစွမ်းအားနဲ့ အတင်းအားဖြည့်ထားတာဖြ်မယ်"
********************************
အခန်း (၁၀၄၆) ဗုဒ္ဓနိုင်ငံ၏စွမ်းအင်ငှားယူခြင်း
ယုံကြည်မှုစွမ်းအားဖြင့် အရိယဖသန္ဓေ အတင်းဖန်တီးသည်။ ထာဝရအရှင်သည် ဤနည်းလမ်းဖြင့် ထာဝရအရိယဖလသန္ဓေ ဖန်တီးခဲ့ခြင်းဖြစ်သည်။
"ပြည့်စုံခါနီးဖြစ်နေတဲ့ အချိန်အရိယဖလသန္ဓေဆိုရင် အချိန်အရိယဖလအစစ်ရဲ့ ဖိနှိပ်မှုကို သူအာရုံခံနိုင်တဲ့သဘောလား"
လုယန် အတွေးတစ်ခုဝင်လာပြီး မဟာချန်ကျင့်ကြံသူများဆီမှ ရထားသည့် မသေမိုးခြေရာခံတံဆိပ်သုံးခု ထုတ်လိုက်သည်။
ထိုတံဆိပ်များက အတော်ထူးဆန်းသည်။ ယင်ထန်မသေမျိုးက ရှေးဟောင်းလက်စွပ်ကမ္ဘာငယ်တွင် ပုန်းနေသည်။ ပဲပြာအရှင်က သူ့ကို အာရုံမခံနိုင်ခဲ့။ သို့သော် ဝိညာဉ်သခင်က မသေမျိုးခြေရာခံတံဆိပ်ဖြင့် ယင်ထန်၏တည်နေရာကို ရှာနိုင်ခဲ့သည်။
"မသေမျိုးခြေရာခံတံဆိပ်တွေက ပြည့်စုံခါနီးအရိယဖလသန္ဓေတွေနဲ့ လုပ်ထားတာများလား"
မဟာချန်၏စွမ်းအားဖြင့် ထိုသို့လုပ်နိုင်စွမ်းရှိသည်။ အရိယဖလသန္ဓေလေးခု အတင်းဖန်တီးမည်။ ပြည့်စုံခါနီးအရိယဖသန္ဓေအပေါ် အရိယဖလအစစ်၏ ဖိနှိပ်မှုစွမ်းအားကို တန်ပြန်ခြေရာခံပြီး ရှေးဟောင်မသေမျိုးလေးယောက်ကိုရှာလျှင် ဖြစ်နိုင်လောက်သည်။
"ဒီလိုဆိုရင် အချိန်အရိယဖလသုံးတဲ့လူက..."
မသေမျိုးခြေရာခံတံဆိပ်ဖန်တီးသည့် နည်းလမ်းကို စဉ်းစားရင်း နောက်ထပ်ပြဿနာတစ်ခုကို လုယန်တွေးမိသည်။
"ကောင်းကင်အရှင်၊ ဝင်တိုက်ခိုက်ပေးလို့ရမလား"
ရှင်းတင်း၏ အော်ဟစ်သံကြောင့် လုယန် အတွေးပြတ်သွားသည်။ အော်သံအရ မိန်ယုအတွက် အတော်စိုးရိမ်နေဟန်ရှိသည်။
မသေမျိုးတစ်တက်တိုက်ပွဲကြားသို့ ရှင်းတင်း ဝင်၍မရနိုင်။ တစ်ခုတည်းသောအားကိုးရာက ထူးဆန်းပြီး အသိခက်သည့် သူ့ကိုအမြဲကူညီပေးခဲ့သည့် တို့ဟူးအရှင်သာရှိသည်။
တို့ဟူးအရှင်က သူအပြင်ထွက်၍ လှုပ်ရှားလျှင် မိုးပျံဘုံကျောင်း ပျက်စီးသွားလိမ့်ဟု ပြောခဲ့သည်။
သို့သော်ယခု တို့ဟူးအရှင် မလှုပ်ရှားလျှင်လည်း မိုးပျံဘုံကျောင်းက ပျက်စီးတော့မည်သာဖြစ်သည်။
စီချန်းအမြင်အာရုံတွင် အနာဂတ်က ရှင်းလင်းနေသည်။ မိန်ယု၏ တိုက်ခိုက်မှုများက အားပြင်းသော်လည်း ပစ်မှတ်ကိုမထိလျှင် အချည်းနှီးသာဖြစ်သည်။
"မင်းင့ါကို ထိအောင်တိုက်နိုင်ရင်ရော ဘာထူးလာမှာမို့လဲ"
စိချန်က ဉာဏ်အလင်းဓားကို မရှောင်တော့ဘဲ ကောင်းကင်ခွဲပုဆိန်ဖြင့် ကာလိုက်သည်။ ခြေသုံးလှမ်းဆုတ်ရပြီး သူ့လက်များ ထုံကျင်သွားသည်သာရှိသည်။ ဘာမှထိခိုက်မှုမရှိ။
စီချန်း၏အဓိကအားနည်းချက်က ထိရောက်သည့် တိုက်စစ်ခံစစ်ပညာများမရှိခြင်းဖြစ်သည် ထိုဟာကွက်ကို ကောင်းကင်ပုဆိန်နှင့် ဖြည့်ဆည်းလိုက်သည်။ ယခု သူ့ကျင့်စဉ်ပညာ ပြည့်စုံပြီဟု ဆိုနိုင်သည်။ ဟာကွက်လုံးဝမရှိတော့။
မိန်ယု၏အရိယဖလသန္ဓေကို သူခွဲခြားမသိသော်လည်း တိုက်ခိုက်မှုများကတော့ သူ့အပေါ်သက်ရောက်နိုင်မည်မဟုတ်။
"ဒါပေမယ့်လည်း စိတ်ရှုပ်ဖို့ကောင်းတယ်။ ငါ့လမ်းကို အမြဲတမ်းလာလာပိတ်နေတယ်"
မိန်ယုသည် ရင်ဆိုင်ရမလွယ်။ ကောင်းကင်ခွဲပုဆိန်ကိုယ၍ ဘုံကျောင်းမှထွက်သွားရန် စီချန်း လေးငါးကြိမ်ကြိုးစားခဲ့သည်။ သို့သော် မိန်ယုက အဆက်မပြတ်တားသည်။
အနာဂတ်ကို ကြိုမြင်နိုင်သော်လည်း မိန်ယုက နေရာစုံမှ လှည့်ပတ်တိုက်ခိုက်သဖြင့် စီချန်း ထွက်ပြေးဖို့ ခက်ခဲနေသည်။
"မင်းငါ့ကို ထွက်သွားခွင့်မပေးရင် နောက်မှနောင်တမရနဲ့နော်"
စီချန်း တိုက်ခိုက်မှုကို ဦးတည်ရာပြောင်းလိုက်သည်။ ဘုံကျောင်းထဲမှ မထွက်ရသေးသည့် ကိုယ်တော်များ သာမန်လူများဆီ အစိမ်းရောင်အဆိပ်ငွေ့များ မှုတ်ထုတ်လိုက်သည်။
"အဆိပ်ငါးမျိုးပညာ"
ထိုအဆိပ်ရှူမိလျှင် ဝိညာဉ်ပြောင်းအဆင့်တစ်ယောက် စက္ကန့်ပိုင်းအတွင်း အသားပုံဘဝရာက်သွားမည်။ ထိုထက်အဆင့်နိမ့်သည့် ကျင့်ကြံသူများအတွက် ပြောစရာပင်မလို။
ထိုမြင်ကွင်းကိုကြည့်၍ မိန်ယု ဒေါသအကြီးအကျယ်ထွက်သွားသည်။ အရှိန်နှုန်းကို မြှင့်၍ စီချန်းရှေ့သို့ အမြန်သွားပြီး ဓမ္မခန္ဓာဖြင့် အဆိပ်ငွေ့များကို ကာကွယ်သည်။
"သူဘာလို့ ဒီလောက်မြန်တာလဲ"
မိန်ယုအသွင်က လုံးဝပြောင်းသွားသလိုရှိသည်။ အမြန်နှုန်းနှင့်စွမ်းအား များစွာတိုးတက်လာသည်။ မိန်ဘုရင်ဓမ္မခန္ဓာလည်း ပိုထင်ရှားလာသည်။
ဗုဒ္ဓဒဏ္ဍာရီများတွင် မိန်ဘုရင်သည် ယုံကြည်သူများကို ကာကွယ်ဖို့ တာဝန်ယူထားသည့် ဓမ္မကာကွယ်သူ နတ်ဘုရားဖြစ်သည်။ အရိယဖလသန္ဓေစွမ်းအားကြောင့် လူများများကာကွယ်လေ သူစွမ်းအားပိုကြီးလာလေဖြစ်သည်။
"ဗုဒ္ဓအလင်းလောကိုဖြန့်မယ်"
ဓမ္မခန္ဓာမှ ဗုဒ္ဓအလင်းရောင် ထုတ်လွှတ်လိုက်သည်။ ကြမ်းတမ်းသည့် နေတစ်စင်းနှင့်တူသည်။ ထိုအလင်းအောက်တွင် အဆိပ်ငွေ့များ လောင်ကျွမ်းပျောက်ကွယ်သွားသည်။
မိန်ဘုရင်သည် ရောဂါများကို ကုသပေးသည်ဟူသည့် ဇာတ်လမ်းများလည်းရှိသည်။ ယုံကြည်သူများက ကျန်းမာရေးကောင်းမွန်ဖို့ မိန်ဘုရင်ကို ဆုတောင်းလေ့ရှိသည်။
"အခြေအနေမကောင်းဘူး"
စီချန်း အငိုက်မိသွာပြီး ဗုဒ္ဓအလင်းလွမ်းခြုံသွားသည်။ နေရာမှ လုံးဝလှုပ်မရတော့။
"ဗောဓိကောင်းကင်"
မိန်ဓမ္မခန္ဓာက ဒေါသမျက်လုံးဖြင့်ကြည့်၍ နတ်ဆိုးချုပ်ကျည်ပွေ့ကိုမြောက်လိုက်သည်။ ရွှေရောင်ဗုဒ္ဓမီးတောက်မာျး ကျည်ပွေ့ကိုဝန်းရံထားသည်။
ထိုရိုက်ချက်ထိလျှင် စီချန်း သေမည်။
"လောကအချိန်စီးကြောင်းကို နှေးမယ်။ ငါ့အချိန်စီးကြောင်းကို အရှိန်မြှင့်မယ်"
အချိန်အရိယဖလသန္ဓေ၏ စွမ်းရည်နှစ်မျိုးကို ဆက်တိုက်ထုတ်သုံးလိုက်သည်။ သူ့ကိုယ်ပိုင်လှုပ်ရှားမှုက ဆတိုးးနှုန်မြန်ဆန်လာသည်။ လောကအချိန်က သူ့အတွက် ရပ်တန့်သွားသယောင်ထင်ရသည်။
"ရွှေပုရစ်အရေလဲစွမ်းအား"
ထွက်ပြေးနည်းမှော်ပညာတစ်ခု အသက်သွင်းလိုက်သည်။ ခန္ဓာအခွံကိုချန်ထထားသည်။ မူလခန္ဓာက ဗုဒ္ဓအလင်းအချုပ်အနှောင်ကို ချိုးဖျက်ထွက်ပြေးသည်။
"ဘုန်း"
အားပြင်းသည့် မိန်ယု၏ရိုက်ချက်က လေကိုသာထိသည်။ ခန္ဓာအကာခွံကိုသာထိသည်။
"မင်းကသေချင်နေတာပဲ"
စီချန်း ဆက်မကစားချင်တော့။ ခုနကသာ သူလှုပ်ရှားမှုနှေးလျှင် မိုးပျံဘုံကျောင်းတွင် သူ့ဘဝ နိဂုံးချုပ်သွားနိုင်သည်။
"ကောင်းကင်ဖွင့်ပုဆိန်စွမ်းအားကို မြည်းကြည့်စမ်း"
စီချန်း ပုဆိန်ကိုလွှဲ၍ ဓမ္မခန္ဓာဆီလှမ်းခုတ်သည်။ ဓမ္မခန္ဓာရင်ဘတ်တွင် ကြီးမားသည့် အခေါင်းပေါက်တစ်ခု ပေါ်လာသည်။
ထိုခုတ်ချက်သည် ဤပုဆိန်၏ စွမ်းအားတစ်ပိုင်းတစ်စသာ ရှိသေးသည်။
သူတို့နှစ်ယောက် နောက်တစ်ကြိမ် ပြန်တိုက်ခိုက်ကြသည်။ 'ကာကွယ်မှု'ကောင်းချီးကြောင့် မိန်ယုပို၍ စွမ်းာအးကြီးလာသော်လည်း စီချန်းကို ထိခိုက်အောင် မလုပ်နိုင်သေး။
"အကိုရှုံးတော့မှာလား"
မိန်ထန်က စိုးရိမ်ပူပန်နေသည်။ သူ့အကိုတော်မိန်ယု အတော်လေးအခက်ကြုံနေသည်။
"အဲဒါ အချိန်အရိယဖလသန္ဓေကြောင့်ပေါ့"
မိန်ဟွေ့ စိတ်မသက်မသာ သက်ပြင်းချသည်။ ကံကြမ္မာနှင့် အချိန်စွမ်းအားသည့် လေ့ကျင့်ရအခက်ဆုံး မှော်ပညာများဖြစ်သည်။ အရိယဖလသန္ဓေအဆင့်တွင်လည်း ထိုသို့ပင်ဖြစ်သည်။ ဘယ်သူမှ အချိန်တာအိုအရိယဖလနှင့် ရင်မဆိုင်ျင်ကြ။
"ပြီးတော့ အဓိကပြဿနာက အကိုမိန်ယုရဲ အရိယဖသန္ဓေပဲ။ သူ့မှာ ဘာထူးခြားချက်မှမရှိဘူး။ ဘက်စုံသုံးနိုင်တယ်ဆိုတာ တစ်ဘက်ကလှည့်တွေးရင် ဘက်ပေါင်းစုံမှာ အားနည်းတဲ့သဘောပဲ။ အချိန်အရိယဖလသန္ဓေကို အသာစီးရဖို့မလွယ်ဘူး"
"ဘုန်း"
တိုက်ကွက်ပေါင်းရာချီ ရင်ဆိုင်ပြီးနောက် မိန်ဓမ္မခန္ဓာက ကောင်းကင်ခွဲပုဆိန်ချက်ကြောင့် နောက်ပြန်လွင့်ထွက်သွားသည်။ ဘုံကျေင်း၏ အဆောက်အဦးအတော်များများကို တိုက်ချသွားသည်။ မြူဆိုင်းနေသည့်တားမြစ်နေရာအထိ ရောက်သွားသည်။
ပြင်းထန်သည့်တိုက်ပွဲရိုက်ခတ်မှုကြောင့် ထိုနေရာမှမြူခိုးများ လွင့်ပျောက်လုနီးပါးဖြစ်သွားသည်။ မိန်ယု ရင်ဘတ်ကို လက်ဖြင့်ဖိထားသည်။ မိန်ဘုရင်ဓမ္မခန္ဓာသည် ဒဏ်ရာကုသနိုင်စွမ်းရှိသည်။ သို့သော် စီချန်း၏ အဆက်မပြတ်တိုက်ခိုက်မှုကို မယှဉ်နိုင်။
နတ်သခင်စျီန်း အောင်နိုင်သူဟန်အပြည့်ဖြင့် ရပ်နေသည်။ တစ်ခြားလူများ၏ ကံတရားကို ဆုံးဖြတ်ပေးနိုင်သည့် စွမ်စုံတော်သည့် မသေမျိုးတစ်ယောက်လို သူခံစားရသည်။
"တားမြစ်မြေနဲ့ အနောက်ကောင်းကင်လျှို့ဝှက်မြေက ပျက်စီးဖို့အချိန်ရောက်ပြီ"
မြေတွင်းတစ်ခုထဲတွင် ဝင်ပုန်းနေသည့် ရှင်းချန်းနှင့် ရှင်းတင်းကို သူမြင်သွားသည်။ သူ့နှုတ်ခမ်းထောင့်တွင် အးစ်စက်အပြုံးရိပ်ပေါ်လာသည်။
"အဲဒီအပျက်အစီးထဲမှာ မင်းတို့လည်းပါတယ်"
စီချန်းက ကောင်ကင်ခွဲပုဆိန်ကို လှုပ်ရှားလိုက်သည်။ ရှေးဟောင်းခေတ် ကောင်ကင်ဖွင့်သည့်မြင်ကွင်းကို ပြန်ပုံဖော်ထားသလိုရှိသည် မိုးနှင့်မြေပြင် တုန်ခါလာသည်။
"ကောင်းကင်ကိုဖွင့်မယ်"
"အကိုကြီး"
မိန်ဟွေ့နှင့်မိန်ခွေ့တို့ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ တိုက်ခိုက်မှုများကို ချက်ချင်းထိုနေရာသို့ပြေးသွား၍ တိုက်ခိုက်မှုကို ခုခံလိုသည်။
သူတို့ရောက်နေသည့်နေရာက ဝေးလွန်းသည်။ ချိန်မီရောက်မည်မထင်။
"ချွင့်"
သို့သော် အားလုံးထင်မှတ်မထားသည့် အရာတစ်ခု ဖြစ်လာသည်။ အဝတ်ကြမ်းပတ်ထားသည့် ပစ္စည်းတစ်ခု ရုတ်တရက် ပျံထွက်လာပြီး ကောင်းကင်ဖွင့်ပုဆိန်နှင့် ရင်ဆိုင်သည်။
ဤဩစရာကောင်းလှသည်။ ပုဆိန်ချက်ကို ခုခံနိုင်စွမ်းရှိသည်။
အဝတ်စများက လက်နက်ချင်းရင်ဆိုင်တွေ့သည်နှင့် လောင်ကျွမ်းပြာကျသွားသည်။ ပြိုင်ဘက်ကင်းမသေမျိုးဓားတစ်လက်ပေါ်လာသည်။
"ဘယ်သူလဲကွ'
တို့ဟူးမျက်နှာဖုံးဝတ်ထားသည့်လူတစ်ယောက် ချင်ဖုန်းဓားနှင့်အတူ ပျံထွက်လာသည်။ စီချန်းကို ပြုံးကြည့်နေသည်။
"ဟဲဟဲ၊ မျိုးဆက်သစ်လေး။ ငါက ယင်ထန်မသေမျိုးနဲ့ အဆက်အသွယ်နည်းနည်းရှိတယ်။ အခု ကောင်းကင်ခွဲပုဆိန်ကို ပြန်ပေးပြီး မင်းအညံ့ခံမယ်ဆိုရင် မင်းအသက်ကို ငါချမး်သာပေးဖို့ စဉ်းစားမယ်"
"ဝိညာည်ပြောင်းအဆင့်လောက်ကများ ဒီလောက်စကားကြီးစကားကျယ်လာပြောနေတယ်။ သေတယ်ဆိုတာ ဘာမှန်းမသိတဲ့ကောင်ပဲ"
စီချန်း ခဏမင်သက်မိသွားခဲ့သည်။ သို့သော် လုယန်ကျင့်စဉ်အဆင့်ကို သူချက်ချင်းတန်းသိသည်။ တစ်ဘက်လူက တမင်ဖိန့်ဟောက်နေခြင်းဖြစ်ကြောင်း နားလည်လာသည်။
"မင်းက လက်မခံဘူးဆိုပါတော့"
တို့ဟူးမျက်နှာဖုံးနှင့်လူ သက်ပြင်းချသည်။ ရှီချန်း၏တုံ့ပြန်စကားကြောင့် အတော်စိတ်ပျက်သွားသည်။
"ငါက ကံကြမ္မာအနှောင်အဖွဲ့တွေ ရစ်ပတ်ခံထားရလို့ မတိုက်ခိုက်ချင်တာ။ မင်းဘာလို့ငါ့ကို ဖိအားပေးရတာလဲ"
ထိုလူ ကောင်းကင်သို့မော့ကြည့်သည်။ မျက်နှာဖုံးအောက်မှ သူ့မျက်လုံးများက တည်ငြိမ်သည်။ ဖြေးညှင်းစွာ သူပြုံးလိုက်သည်။
"ကောင်းပြီလေ။....ဗုဒ္ဓနိုင်ငံရဲ့ ယုံကြည်မှုစွမ်းအားကို ငါငှားသုံးမယ်။ လောကအရှင်ကို ပြန်အသက်သွင်းမယ်လို့ ငါဒီနေရာမှာ သစ္စာကျိန်ဆိုတယ်"
**********************************
အခန်း (၁၀၄၇) မသေမျိုးအဆင့်သို့ ခုန်တက်ခြင်း
ဗုဒ္ဓနိုင်ငံတစ်ခုလုံး ထူးဆန်းသည့်စွမ်းတစ်ခု နိုးကြား၍ နည်နည်းတုန်ခါလာသည်။ မြေအောက်တွင် မဟာသားရဲကြီးတစ်ကောင် လှုပ်ရှားနေသယောင် ထင်ရသည်။
တုန်ခါမှုက တဖြေးဖြေးပိုပြင်းထန်လာသည်။
သဲမှုန်များး လွင့်ပျံသွားသည်။ ဖုန်မှုန့်များ လေထဲတွင် ပြည့်နက်သွားသည်။ ဗုဒ္ဓနိုင်ငံ၏ ထိပ်တန်းဘုံကျောင်းဆယ့်နှစ်ခု၏ ကျောင်းထိုင်များမှအစ အရုဏ်ချိန်နိုးထလာသည့် သာမန်လူများအဆုံး ဘာဖြစ်နေသည်ကို လုံးဝနားမလည်ကြတော့။
စူးရှသည့် အလင်းတစ်ခု သဲပြင်များအောက်မှ ထိုးထွက်လာပြီး ဘယ်သူ့ကိုမှအန္တရာယ်မပေး ဘာကိုမှမထိခိုက်ဘဲ ကောင်းကင်ထိရောက်သွားသည်။
စူးရှသည့် နေရောင်အလင်းကို ထိုးဖောက်၍ တက်သွားသည်။
မဟာစွမ်းအားရှင်တစ်ယောက် အာကာသကိုဖြတ်၍ပျံသန်းနေချိန် အောက်ဘက်ဗုဒ္ဓနိုင်ငံကို ငုံ့ကြည့်မည်ဆိုလျှင် ဗုဒ္ဓနိုင်ငံတစ်ခုလုံး အလင်းတန်းများစွာ ပြန့်ကျဲနေသည်ကို မြင်ရမည်။ အလင်းများက အဆုံးအစမရှိဆန့်ထွက်လာပြီး ပြန်လည်ကွေးညွှတ်၍ ဗုဒ္ဓနိုင်ငံ၏ဗဟို မိုးပျံဘုံကျောင်းဆီ စုစည်းသွားသည်။
ထိုမြင်ကွင်းမျိုး သမိုင်းတစ်လျှောက် မပေါ်ခဲ့ဖူး။
"ဒါအဓိပဓိသစ္စာပဲ။ တစ်ယောက်ယောက်က အဓိပဓိသစ္စာကို ဖြည့်ဆည်းလိုက်ပြီ"
နောက်ဆုံးတွင် ဗုဒ္ဓနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ကူးဖြတ်ခြင်းအဆင့် ကိုယ်တော်က ထိုမြင်ကွင်းကို နားလည်လာသည်။ ရှေးကျမ်းစာများထဲတွင် မှတ်တမ်းတင်ထားသည့် အဓိပဓိသစ္စာတစ်ခု ပြည့်ဝသွားသည့်လက္ခဏာဖြစ်သည်။
လွန်ခဲ့သည့်နှစ်တစ်သိန်းက မြင့်မြတ်သည့်တော်ဝင်ဗုဒ္ဓကိုယ်တော်သည် 'ဗုဒ္ဓအဆုံးအမများ အလယ်ပိုင်းတိုက်နယ်တွင် ပျံနှံ့စေရမည်'ဟူသည့် အဓိပဓိသစ္စာကို ပြုခဲ့သည်။
ထိုအဓိပဓိသစ္စာကို ဖြည့်ဆည်းဖို့ စွန်စီးဘုံကျောင်းကို တည်ထောင်သည်။ မဟာရှားဗုဒ္ဓဝါဒ၏ မူလရင်းမြစ်ဖြစ်လာသည်။ ထိုအချိန်မှစ၍ မဟာရှားတွင် ဘုံကျောင်းများစွာ ပေါ်ထွက်ခဲ့သည်။ ဂိုဏ်းအဖွဲ့အစည်းများနှင့် တန်းတူအဆင့်ရိသည့် အင်အားစုဖြစ်လာသည်။
အဓိပဓိသစ္စာပြည့်စုံသွားချိန်တွင် ဗုဒ္ဓနိုင်ငံ တုန်ခါသွားသည်။ ထိုအကြောင်း သမိုင်းကျမ်းများတွင် မှတ်တမ်းတင်ထားသည်။
သို့သော် ယနေ့ဖြစ်ရပ်က တော်ဝင်ဗုဒ္ဓ၏ အဓိပဓိသစ္စာပြည့်ဝချိန်ကအဖြစ်ထက် အဆများစွာ ပိုခမ်းနားသည်။ ထို့ကြောင့်လည်း စမြင်မြင်ချင်းတွင် ကူးဖြတ်ခြင်းအဆင့်ကိုယ်တော် ဆက်စပ်မတွေးမိခဲ့ခြင်းဖြစ်သည်။
"ဒီလောက်ကြီးကျယ်တဲ့ အဓိပဓိသစ္စာကို ဘယ်သူများ ကျိန်ဆိုခဲ့တာလဲ။ ဘယ်လိုများဖြည့်ဆည်းခဲ့တာလဲ"
သက်တမ်းရင့်ကိုယ်တော်၏ နှုတ်ခမ်းများ တုန်ရင်နေသည်။ မျက်နှာတွင် အံ့ဩရိပ်များ အထင်းသားပေါ်နေသည်။ အဓိပဓိသစ္စာတစ်ခုဖြည့်ဆည်းဖို့ ဘယ်လောက်ခက်ခဲမှန်း သူသိသည်။ မဖြစ်နိုင်သည့်ကတိသစ္စာမျိုးဟုပင် ဆိုနိုင်လောက်သည်။
သို့သော် အဖြစ်မှန်က သူမျက်စိရှေ့တွင် ရှိနေသည်။ လူတစ်ယောက်က လုပ်နိုင်ခဲ့သည်။
အံ့ဩမှုနောက်တွင် ကံကောင်းသည်ဟူသည့် ခံစားချက်ပေါ်လာသည်။
ကံကောင်း၍သာ သူ့သက်တမ်းတွင် ထိုမြင်ကွင်းမျိုး မြင်ရခြင်းဖြစ်သည်။
အဆုံစမဲ့ယုံကြည်မှုစွမ်းအင်စီးကြောင်းတစ်ခု လုယန်ဆီ စီးဝင်လာသည်။ သူ့အသွေးအသားနှင့်ဝိညာဉ် မခန့်မှန်းနိုင်သည့်အဆင့်ထိ စွမ်းအားမြင့်သွားသည်။
မသေမျိုးခန္ဓာအဆင့်။
ဘယ်သူမှမမြင်နိုင်သည့်တစ်နေရာတွင် အရိယဖလသန္ဓေတစ်ခုက မသေမျိုးခန္ဓာထဲသို့ ပေါင်းစပ်သွားသည်။
နှစ်သစ်ကူးချိန်တွင် နတ်မယ်ပေးခဲ့သည့် ထာဝရအရိယဖလသန္ဓေဖြစ်သည်။
အဆုံးစမဲ့စွမ်းအင်များ တစ်ကိုယ်လုံးပြည့်လျှံနေသည်ကို လုယန်ခံစားမိသည်။ သို့သော် ထိုအဖြစ်က ယာယီသာခံမည်။ ဗုဒ္ဓနိုင်ငံမှ ထွက်သည်နှင့် မူလအခြေအနေပြန်ရောက်သွားမည်။
သို့သော် ယုံကြည်မှုစွမ်းအားအထောက်အပံ့ရထားသည့် ဗုဒ္ဓနိုင်ငံထဲတွင် သူသည် မသေမျိုးတစ်ယောက်ဖြစ်သည်။
ကြိုတင်ခန့်မှန်းထားသလိုပင် သူသည် အစစ်မှန်ဆုံး ရှေးအကျဆုံးဗုဒ္ဓကျင့်ကြံသူဖြစ်သည်။ ဗုဒ္ဓဝါဒအတွက် နတ်မယ်၏ဖြစ်တည်မှုသည် အရေးကြီးသည်။ နတ်မယ်ကို ပြန်သက်သွင်းခဲ့သဖြင့် သူရလာသည့် ယုံကြည်မှုစွမ်းအားက အဆုံးအစမရှိများပြားသည်။
လုယန် မျက်လုံးကို ဖြေးညှင်းစွာဖွင့်လိုက်သည်။ အေးစိမ့်သည့်အလင်းတစ်ချက် သူ့မျက်လုံးအိမ်တွင် ဖြတ်သန်းသွားသည်။ စီချန်း ကြောက်လွန်းသဖြင့် တစ်ကိုယ်လုံး အလိုလိုတုန်ရင်လာသည်။
"မဟာချန်က ကောင်လး။ မင်းဘာလို့ ငါအရှင်ကို ဖိအားပေးခဲ့တာလဲ"
စီချန်း ထိတ်လန့်တုန်လှုပ်နေသည်။ ဝိညာဉ်ပြောင်းအဆင့်လူတစ်ယောက်က ချက်ျင်းလက်ငင်း မယုံကြည့်နိုင်လောက်သည့်အဆင့်ထိ စွမ်းအားထိုးတက်သွားသည်။
ခုနက တိုက်ပွဲအရှိန်ကြောင့် သူ့ကိုယ်သူဘဝင်ခွေ့ပြီး မာန်တက်ခဲ့မိသည်။ ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းဟုတွေးပြီး ဘယ်သူ့ကိုမှ အထင်မကြီးခဲ့မိ။
မသေမျိုးဓားတစ်လက်ကိုင်၍ ကောင်းကင်ခွဲပုဆိန်ချက်ကို ခုခံနိုင်သူသည် သာမန်လူဘယ်လိုဖြစ်နိုင်မည်နည်း။
ဤလူသည် ဘယ်သူမှန်းမသိ။ လောကအရှင်ကို ပြန်အသက်သွင်းမည်ဆိုသည်က ဘာအဓိပ္ပါယ်မှန်းမသိ။
စီချန်း၏စိတ်များ ရှုပ်ထွေးနေသည်။ စဉ်းစားသုံးသပ်နိုင်စွမ်း မရှိတော့။
"မင်း..မင်းဘယ်သူလဲ"
"မင်းကငါ့နာမည်ကိုသိဖို့ မတန်ပါဘူး။...ဗုဒ္ဓနယ်မြေလက်ဝါး"
လုယန် ခပ်တိုတိုရေရွတ်လိုက်သည်။ ထိုစကားလုံးများသည်ပင် ကြီးမားသည့်ဖိအားတစ်ခု ထုတ်လွှတ်နိုင်စွမ်းရှိသည်။
မသေမျိုးခန္ဓာ ရထားသဖြင့် ကောင်တီလက်ဝါးက ဗုဒ္ဓနယ်မြေလက်ဝါးအဖြစ် အသွင်ပြောင်းသွားသည်။
အနာဂတ်ကိုမြင်နိုင်သည့် စီချန်းအာရုံတွင် စိတ်ပျက်စရာအတိဖြစ်နေသည့် အနာဂတ်ကိုမြင်နေရသည်။
လုယန် ကောင်းကင်သို့ လက်ညှိုးညွှန်ပြီး စချန်းကို မြေပေါ်သို့ ချက်ချင်းဖိချလိုက်သည်။ စိချန်း နာကျင်စူးရှစွာ တစ်ချက်အော်ပြီး မြေပြင်ပေါ် ပြုတ်ကျသည်။ ခြေလက်မျိုး ကျိုးကြေသွားသည်။ အတော်ဆိုးဝါးသည့် အခြေအနေရောက်လာသည်။
"သွားပါ့မယ်။ ကျုပ်အခုချက်ချင်းထွက်သွားပါ့မယ်"
စီချန်း ထိတ်လန့်တကြား အော်လိုက်သည်။ သူ့အနာဂတ်က အကျိုးမရှိနိုင်မှန်းသိသည်။ ထိုမျှပြင်းထန်သည့် ဖိနှိပ်မှုအောက်တွင် သူလုံးဝပြေးလွတ်နိုင်စရာမရှိ။
မြေပေါ်မှ သူထရပ်လာသည်။ ခြေလက်များ ချက်ချင်းပြန်ကောင်းလာသည်။ ထွက်ပြေးရန် ကြိုးစားသည်။
ယခု သူ့အတွက် မိုးပျံဘုံကျောင်းသည် ငရဲဖြစ်သည်။ ခြေချခွင့်မရှိသည့် တားမြစ်နယ်မြေဖြစ်သည်။ တတ်နိုင်သမျှ အဝေးဆုံးရောက်အောင် သူထွက်ပြေးချင်သည်။
"လောကအချိန်နှေးမယ်။ ငါ့အချိန် အရှိန်မြှင့်မယ်"
အချိန်အရိယလသန္ဓေစွမ်းအားကို အတင်းထုတ်သုံးသည်။ ယုံကြည်မှုစွမ်းအားဖြင့် ထိုသန္ဓေတည်ဆောက်ခဲ့မိသည်ကို နောင်တရမိသည်။ ကိုယ်တိုင်နားလည်ခဲ့သည့်အရာ မဟုတ်သဖြင့် စွမ်းအားပြည့်ထုတ်မသုံးနိုင်။
အချိန်နှေးကွေးမှု ကြုံရသော်လည်း လုယန် မျက်နှာမပျက်။ သူ့မျက်လုံးတွင် လှိုင်းတွန့်တစ်ချက်မထ။ အတက်အကျမရှိသည့်လသံဖြင့် သူပြောသည်။
"ငါမင်းကို သွားခွင့်ပေးသေးလို့လား"
"ဓားတစ်သောင်းဌာနေပြန်စွမ်းအား"
ချင်ဖုန်းဓားကို သူအသာအယာလှုပ်ခါလိုက်သည်။ အဆုံးစမဲ့ဓားရိပ်များဖြစ်ပေါ်လာသည်။ အနောက်ကောင်းကင်မြို့တော်နှင့် အနီးအနားမြိုတော်များမှဓားအားလုံး သူဆင့်ခေါ်သည်နှင့် မိုးပျံဘုံကျောင်းဆီ ပျံသန်းလာရန် အသင့်ဖြစ်နေသည်။
ထိုဓားများသည် အစောပိုင်းက သာမန်ဓားများသာဖြစ်သည်။ မသေမျိုးဓားစွမ်းအင်ဖြင့် သန့်စင်ခံရပြီးနောက် သူတို့အရည်အသွေးက အဆင့်တစ်ဆင့် သို့မဟုတ် လေးငါးဆင့်အထိပင် တိုးတက်လာသည်။
ဘေးပတ်လည်ကိုကြည့်လျှင် အနောက်ကေင်းကင်တစ်မြို့လုံး၏ အထက်ကောင်းကင်နှင့်မြေပြင်တွင် ဓားရိပ်များ သိပ်သည်းစွာဖုံးလွှမ်းနေသည်ကို မြင်ရမည်။
ဓားနယ်မြေဟုပင် ခေါ်၍မရနိုင်တော့။ ဓားကမ္ဘာဟုသာ ခေါ်သင့်သည်။
ဓားကမ္ဘာထဲတွင် ပိတ်မိနေသည့်စီချန်း ဘယ်ကိုထွက်ပြေးနိုင်မည်နည်း။
ဓားရိပ်များက အစုအပြုံလိုက်နေရာစုံမှ ပျံဝင်လာသည်။ လုံးဝရှောင်၍မရ။ ကောင်းကင်ခွဲပုဆိန်ဖြင့် ခုခံဖို့ကြိုးစားသည်။ သို့သော် ဓာတစ်လက်ကိုသာ ကာကွယ်နိုင်လိမ့်မည်။ ဓားတစ်သောင်းကို ဘယ်လိုကာကွယ်မည်နည်း။
ဓားတလက်ဖြတ်သွားတိုင်း သူ့အသားတစ်ဖဲ့ပါသွားသည်။ ကူးဖြတ်ခြင်းအဆင့်ဖြစ်၍ ပြတ်သွားသည့်အသားက ချက်ချင်းပြန်ပြည့်လာသည်။
သို့သော် ထိုစွမ်းရည်ကြောင့်ပင် အဆုံးစမရှိသည့်ဝေဒနာကို သူခံစားနေရသည်။
လောကအချိန်စီးကြောင်း နှေးသွားသည်။ သူ့ဝေဒနာခံစားရသည့်အချိန်က ဆပွားတိုးလာသည်။ အဆက်မပြတ်အော်ဟစ်ညည်းညူနေရသည်။
စီချန်းက မြို့ခံများကို အဆိပ်ခတ်၍ ကိုယ်တော်မိန်ယုကို အာရုံလွှဲဖို့ ကြိုးစားခဲ့သည်။ ထိုလူစားမျိုးကို လုယန် ညှာနေစရာအကြောင်းမရှိ။
ရှင်းတင်း ကောင်းကင်မြင်ကွင်းကို မော့ကြည့်၍ မင်သက်မိနေသည်။ ထိုအရာသည် တို့ဟူးအရှင်၏ စွမ်းအားအစစ်လော...
စွမ်းအားကြီးလွန်းသည်။ ကြောက်စရာကောင်းလွန်းသည်။
လူအုပ်ကြားထဲဝင်ရောနေသည့် ယဲ့ဇီကျင်းလည်း ပါးစပ်ဟောင်းလောင်းပွင့်နေသည်။
ချင်ဖုန်းဓားကို တစ်ခြားလူများ မမှတ်မိနိုင်သော်လည်း သူမမှတ်မိစရာအကြောင်းမရှိ။
"အမယွမ်က ညီလေးရဲ့လုံခြုံရေးကို မစိုးရိမ်တာ မဆန်းတော့ပါဘူး"
နတ်မယ်က သိစိတ်နယ်မြေတွင် ရှိနေသည်။ လုယန် အပြင်ထွက်သွားသဖြင့် ဓားကမ္ဘာငယ်တွင် ချင်ယန်တို့သုံးယောက်သာ ကျန်ခဲ့သည်။
သုံးယောက်လုံး တုန်လှုပ်ခြောက်ခြားနေသည်။ နှလုံးခုန်သံ တဒိန်းဒိန်းမြန်နေသည်။ အလွန်တရာ အရေးကြီးသည့် လျှို့ဝှက်ချက်တစ်ခုကို သူတို့သိထားသည်။ နှုတ်ပိတ်ခံရတော့မည်လားမသိ...
"ဒူးထောက်စမ်း"
လုယန်စကားသံက သိပ်မကျယ်သော်လည်း မြို့တော်တစ်ခုလုံး ပျံ့နှံ့သွားသည်။
ထိုအမိန့်က စကားလုံးမှော်စွမ်အားတစ်ခုနှင့်တူသည်။ အမည်မသိအားလှိုင်းတစ်ခု စီချန်းခေါင်းပေါ်ကျလာသည်။ ခန္ဓာကိုယ် ရှေ့သို့ငိုက်ဆင်း၍ ချက်ချင်းဒူးထောက်ကျသွားသည်။
"ချမ်းသာပေးပါ၊ ကျုပ်အသက်ကို ချမ်းသာပေးပါ...မဟုတ်ရင် ကျုပ်သခင်နဲ့ ထိန်းချုပ်သူသင်က မင်းကိုအလွတ်ပေးမှာမဟုတ်ဘူးနော်"
ကြောက်စိတ်ကြောင့် စီချန်း ပြောမိပြောရာပြောသည်။ တောင်းပန်နေခြင်းလား ခြိမ်းခြောက်ခြင်းလား မကွဲပြားတော့။
သူ့ဘဝက အမြဲတမ်းညင်သာခဲ့သည်။ ထိန်းချုပ်သူသခင်က အချိန်ကိုထိန်းချုပ်သည့် နတ်သခင်အဖြစ် ခန့်အပ်ခဲ့သည်။ အချိန်အရိယဖလသန္ဓေရပြီးနောက် သူ့စွမ်းအား ဆပွားတိုးတက်ခဲ့သည်။ လေနှင့်မိုးကို ဆင့်ခေါ်နိုင်သည်။
မဟာချန်ခေတ်တွင် သူရောက်သည့်နေရာတိုင်း ရှိခိုးဦးခိုက်ခံရသည်။ ယခုလိုအခြေအနေမျိုး တစ်ခါမှမကြုံဖူး။
စီချန်း ဒူးထောက်ကျသွားသလို ကောင်းကင်ခွဲပုဆိန်ကလည်း သူ့ဘေးတွင် ကျနေသည်။ လုယန် အေးအေးလူလူလျှောက်သွားသည်။ တာအိုစွမ်းအင်ရောင်များ ဖြာထွက်နေသည်။ ခြေတစ်လှမ်းလှမ်းတိုင်း မိုးမြေတုန်နေသယောင်ထင်ရသည်။
ကောင်းကင်ခွဲပုဆိန်ကို သူကောက်ယူလိုက်သည်။ သူ့မျက်လုံးတွင် နှစ်သောင်းချီကြာအောင် မပျောက်ပျက်နိုင်သည့် အေးစိမ့်မှုများပြည့်နေသည်။
"ဒီတစ်ခါ ကံကြမ္မာအနှောင်အဖွဲ့အများကြီး အရစ်ပတ်ခံပြီး ငါလှုပ်ရှားခဲ့ရတာလေ။ ငါမင်းကို အသက်ရှင်ခွင့်ပေးမယ်ထင်နေတာလား"
*****************************