အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အခန်း(53)လှပသော အမျိုးသမီးအလောင်း
ကားထဲမှ လူငယ်များမှာ ယောင်ပင်းနှင့် အသက်ရွယ်တူများ ဖြစ်ကြပြီး သခင်လေးဟောင်ကဲ့သို့ပင် ခေတ်မီ တံဆိပ်အဝတ်အစားများကို ဝတ်ဆင်ထားကြလေ၏။
သူတို့သည် အသိုင်းအဝိုင်းတစ်ခုတည်းမှ ဖြစ်ကြောင်း သိသာပေသည်။
သခင်လေးဟောင်က နှာခေါင်းရှုံ့လိုက်သည်။
“အမှန်ပဲ၊ ဒီသခင်လေးယောင်ကတ အတော်လေးကို အစွမ်းထက်တာနော်၊ သူက နံပါတ်တစ်နန်းတော်က မာစတာခိုင်နဲ့ မိတ်ဆွေဖြစ်ထားလို့ အရမ်းကို မောက်မာနေတာလေ
ဒါပေမဲ့ ငါ သိချင်တာက၊ ဒီသခင်လေးယောင်က သခင်မလေးရဲ့ မွေးနေ့ပွဲအတွက် ဖိတ်စာ ရထားရဲ့လား”
ပြီးခဲ့သည့်အကြိမ် ကျင်းကျူ KTV တွင် ယောင်ပင်းက တစ်ခုခု လုပ်လိုက်သဖြင့် သူတို့အားလုံး အသိစိတ်ကင်းမဲ့စွာဖြင့် အဝတ်အစားများ ချွတ်ခဲ့ကြသည် မဟုတ်ပါလား။
အခြားသူများကတော့ အနည်းဆုံးတော့ တစ်ခုခု ကျန်နေသေးသော်လည်း၊ သူကတော့ လုံးဝ ကိုယ်လုံးတီး ဖြစ်ခဲ့ရပြီး ဘော့စ်ဝမ်ကတောင် သူ့ကို ဓာတ်ပုံရိုက်ခဲ့သေးသည်။
ထိုအခြေအနေပက သခင်လေးဟောင်အတွက်တော့ မေ့ဖျောက်လို့မရသည့် အရှက်ရစရာ ဖြစ်ပေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူသည်က သူ၏အဖေဖြစ်သူ ဟောင်ဝမ်ချိုင်ကို ယောင်ပင်းကို ဆုံးမပေးရန် တောင်းဆိုခဲ့ပေသည်။
သို့သော် သူ၏အဖေ ပြန်လာသည့်အခါတွင်တော့ အလွန်ပင် ဒေါသထွက်နေပြီး၊ ယောင်ပင်းကို နောက်တစ်ခါ လုံးဝ မရန်စဖို့ သတိပေးခဲ့သည့်အပြင် ရန်စလျှင် အိမ်ကပါ နှင်ထုတ်မည်ဟု ခြိမ်းခြောက်ခဲ့သေးသည်။
ဤသည်က အတော်လေးထူးဆန်းသည်။
ယောင်ပင်းကို အဘယ်ကြောင့် မရန်စသင့်သည်ကိုတော့ သူ၏အဖေက ထုတ်မပြောခဲ့ချေ။
ထို့ကြောင့် သခင်လေးဟောင်၏ နာကျည်းမှုကို ပို၍ပင် ကြီးထွားစေခဲ့သည်။
သူသည်က ယောင်ပင်းကို သေချင်စိတ်ပေါက်သွားစေရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်မည်ဟု ကတိပြုထားပေသည်။
ယခု ထိုအခွင့်အရေး ရောက်ရှိလာပြီပင်။
သခင်လေးဟောင်က ဖိတ်စာအကြောင်းကို ပြောလိုက်သည်ကို ကြားသောအခါ ယောင်ပင်း အနည်းငယ် ကြောင်အမ်းသွားတော့သည်။
မိုရှောက်ယောင်က သူ့ကို မွေးနေ့ပွဲ ဖိတ်ကြားစဉ်က ဖိတ်စာအကြောင်း မပြောခဲ့ဘဲ သူ၏ နာမည်ကို ပြောရုံနှင့် ဝင်ခွင့်ရနိုင်သည်ဟု ဆိုခဲ့သည် မဟုတ်ပါလား။
ဖိတ်စာရှိမှသာ ဝင်ခွင့်ရမည်လား။
သခင်လေးဟောင်၏ ချဲ့ကားပြောဆိုနေသော စကားများကို မြင်သောအခါ အခြားလူငယ်များက ယောင်ပင်းကို အတော်လေး စိတ်ဝင်စားသွားကြတော့သည်။
“တကယ်လား၊ ဒီကောင်က ကျောက်ခိုင်နဲ့ မိတ်ဆွေဖြစ်နိုင်တယ်ဟုတ်လား၊ ပြီးတော့ သူက မောက်မာရဲသေးတယ်ပေါ့”
“ဒါက သူ ယွီချီနဲ့ မတွေ့သေးလို့ပါ၊ ယွီချီသာ ပေါ်လာရင်တော့ ဒီကောင် လုံးဝ ငြိမ်သွားမှာပဲ၊ ကောင်းပြီ အမြန် ဝင်ကြရအောင်၊ ဒီကောင်နဲ့ စာရင်းရှင်းဖို့က နောက်မှ လုပ်လို့ ရပါတယ်၊ အချိန်မဖြုန်းနဲ့တော့!”
သူတို့အားလုံးက အထဲတွင် စောင့်ဆိုင်းနေသော သူတို့၏ မိဘများနှင့်အတူ လာခဲ့ကြခြင်း ဖြစ်၍ နောက်မကျရဲကြပါချေ။
သခင်လေးဟောင်က ယောင်ပင်းကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး သူ့ကို အချက်ပြကာ ကားပေါ်သို့ ပြန်တက်သွားတော့သည်။
Porscheကားအချို့ အရှိန်ပြင်းစွာ ထွက်ခွာသွားကြတော့၏။
ယောင်ပင်း သေသေချာချာ မြင်လိုက်ပေသည်။
သခင်လေးဟောင်၏ အချက်ပြမှုမှာ “တွေ့ကြသေးတာပေါ့!” ဟူ၍ အဓိပ္ပာယ်ရပေသည်။
ယောင်ပင်း ခါးသီးစွာ ပြုံးလိုက်မိ၏။
ယနေ့ မွေးနေ့ပွဲသည်က အေးအေးဆေးဆေး ပြီးဆုံးသွားမည် မဟုတ်သည့်ပုံပင်။
သူသည် ကျင်းလဲ့ဗီလာ၏ တံခါးဝသို့ လှမ်းလျှောက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ စိတ်ထဲရှိ စနစ်မျက်နှာပြင်တွင် အကြောင်းကြားချက်အသစ်တစ်ခု ရုတ်တရက် ပေါ်လာတော့သည်။
ယောင်ပင်း အနည်းငယ် အံ့သြသွားရပေသည်။
ကျင်းကျူနန်းတော်တွင် ကျင်းကျူဘုရင်ကို အောင်နိုင်ခဲ့စဉ်ကတည်းက စနစ်မျက်နှာပြင်တွင် အကြောင်းကြားချက်ထပ်မံမရောက်လာတော့ခြင်းဖြစ်ကာ အချိန်လည်း အတော်လေးကြာပြီ ဖြစ်ပေသည်။
ဒီနေ့က ဘာတွေများ ဖြစ်လာဦးမှာလဲ။
ယောင်ပင်း စနစ်မျက်နှာပြင်မှ အကြောင်းကြားချက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ကြောင်အမ်းသွားတော့သည်။
စနစ်အကြောင်းကြားချက် - လှပသော အမျိုးသမီးအလောင်းကို အောင်နိုင်အောင်ပြုလုပ်ပါ။
အဆင့်(5) တာဝန် _အလောင်းကို အောင်နိုင်အောင်ပြုလုပ်ခြင်း။
တာဝန်ရည်မှန်းချက်- အဆင့်(5) ကြောက်ရွံ့ခြင်းကို ခံစားရန်။
ခက်ခဲမှုအညွှန်းကိန်း- အဆင့် (5)။
မှတ်ချက်- အမျိုးသမီးအလောင်းသည် သာမန်လူတစ်ယောက်နှင့် ကွဲပြားခြင်းမရှိပါ၊ သူမက မည်သူဖြစ်ကြောင်းကို ရှင်းလင်းစွာမသိနိုင်ပါ၊ သူမက သာမန်လူများကြားတွင် ရောနှောနေထိုင်နေပြီး ခွဲခြားရန် အလွန်ခက်ခဲသည်။
ယောင်ပင်း အတော်လေး အံ့အားသင့်သွားရပေသည်။
ဤတစ်ကြိမ်တွင် သူအောင်နိုင်အောင် ပြုလုပ်ရမည့်အရာမှာ အမျိုးသမီးအလောင်းတစ်လောင်း ဖြစ်နေသည်လား။
၎င်းအပြင် မိုရှောက်ယောင်၏ မွေးနေ့ပါတီတွင် ဖြစ်နေသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ စနစ်မျက်နှာပြင်က ဤအမျိုးသမီးအလောင်းအတွက် “လှပသော” ဟူသည့် စကားလုံးတစ်လုံးတည်းကိုသာ ပေးထားပြီး ကျန်သည့် သဲလွန်စများကို ပေးမထားခြင်းပင်။
ဤအမျိုးသမီးအလောင်းက သာမန်လူနှင့်မခြားဘဲ ရှိနေသဖြင့် ခွဲခြားရန် ခက်ခဲနေလိမ့်မည်။
ယောင်ပင်းကို အံ့အားသင့်စေသည်မှာ ဤအလောင်းက သာမန်လူတစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ လူအုပ်ကြီးထဲတွင် ရောနှောနေနိုင်ခြင်းပင် ဖြစ်ပေသည်။
သို့သော် မိုရှောက်ယောင်၏ မွေးနေ့ပါတီသို့ တက်ရောက်နိုင်သူများမှာ အဆင့်မြင့် အသိုင်းအဝိုင်းမှ လူများသာဖြစ်ကြပြီး ချမ်းသာသူ သို့မဟုတ် အာဏာရှိသူများ ဖြစ်ကြပေသည်။
အကယ်၍ ထိုအမျိုးသမီးအလောင်းသည်လည်း ထိုအသိုင်းအဝိုင်းထဲတွင် ရှိနေမည်ဆိုပါက သူမ၏ အဆင့်အတန်းမှာလည်း အလွန်မြင့်မားနေမည် မဟုတ်ပါလား။
ယောင်ပင်း ဤအမျိုးသမီးအလောင်းအပေါ်တွင် ရုတ်တရက် အလွန်ပင် စိတ်ဝင်စားသွားတော့သည်။
စနစ်မျက်နှာပြင်ကို စစ်ဆေးပြီးနောက် ယောင်ပင်းက ကျင်းလဲ့ဗီလာဆီသို့ ဆက်လက် လျှောက်လာခဲ့ပေသည်။
ဗီလာတံခါးဝတွင် လုံခြုံရေးဝန်ထမ်းတစ်ဦး ရပ်နေပေသည်။ လာရောက်သူအားလုံးမှာ ဖိတ်စာကို ပြသရမည်ဖြစ်ပြီး အတည်ပြုပြီးမှသာ ဝင်ခွင့်ရမည် ဖြစ်ပေသည်။
သခင်လေးဟောင် ပြောသည်မှာ မမှန်ကန်ခဲ့ချေ။
ယောင်ပင်းက အရှေ့သို့သွားပြီး လူအုပ်ကြီးနှင့်အတူ တံခါးဝဆီသို့ လျှောက်သွားလိုက်၏။
တံခါးဝသို့ ရောက်သောအခါ ယောင်ပင်းက မိုရှောက်ယောင်၏ အမည်နှင့် သူ၏အမည်ကို ပြောပြလိုက်လေ၏။ လုံခြုံရေးဝန်ထမ်းက ချက်ချင်းပင် ဦးညွှတ်၍ သူ့ကို ဝင်ခွင့်ပြုလိုက်တော့သည်။
ထို့နောက် ယောင်ပင်းလည်း လူအုပ်ကြီး၏နောက်မှ ဗီလာအတွင်းသို့ ဝင်ခဲ့ပေသည်။
အတွင်းသို့ ရောက်သောအခါ တိတ်ဆိတ်ငြိမ်သက်သော လမ်းလေးတစ်ခုက ဗီလာတစ်ခုလုံးဆီသို့ ဦးတည်နေပေသည်။
ဗီလာ၏ ဗိသုကာလက်ရာမှာ တရုတ်ရိုးရာပုံစံလုံးဝဖြစ်ပြီး၊ တည်ငြိမ်ရင့်ကျက်ကာ ခန့်ညားထည်ဝါသော ခံစားချက်ကို ပေးစွမ်းနေပေသည်။
၎င်းမှာ လေးနက်သော်လည်း လန်းဆန်းသော အသွင်အပြင် ရှိနေလေ၏။ ယောင်ပင်း စိတ်ကူးထားသကဲ့သို့ တောက်ပနေသော လေထုမျိုးနှင့် လုံးဝ ကွဲပြားနေပေသည်။
မိုမိသားစုသည်က ချမ်းသာရုံမျှမကဘဲ အနုပညာရသကိုလည်း တန်ဖိုးထားတတ်ပုံ ရပေသည်။
မိုမိသားစုအပေါ် ယောင်ပင်း၏ သဘောထားမှာ ပို၍ ကောင်းမွန်လာတော့သည်။
ယောင်ပင်း လူအုပ်ကြီး၏နောက်မှ လိုက်လာရင်း ဗီလာ၏ ဧည့်ခံခန်းမကြီးသို့ ရောက်ရှိလာခဲ့၏။
ခန်းမအတွင်း၌ ကောင်းမွန်သော ဝိုင်များနှင့် အရသာရှိသော စားသောက်ဖွယ်ရာများကို ပြင်ဆင်ထားပြီး ဖြစ်ပေသည်။ ဧည့်သည်များသည်က တိုးတိုးတိတ်တိတ် စကားပြောနေကြပြီး စားပွဲထိုးများမှာလည်း လင်ဗန်းများကို ကိုင်ဆောင်ကာ လူအုပ်ကြားတွင် လှုပ်ရှားနေကြသဖြင့် စည်ကားသော်လည်း စနစ်တကျ ရှိနေသော လေထုကို ဖန်တီးထားသည်။
လူမှုအဆင့်အတန်း မြင့်မားလေလေ၊ လူမှုပတ်ဝန်းကျင်မှာ ပို၍ ကျဉ်းမြောင်းကာ တည်ငြိမ်လာလေလေ ဖြစ်ပေသည်။
မိုရှောက်ယောင်၏ မွေးနေ့ပါတီသို့ တက်ရောက်လာသူ အများစုမှာ အဆင့်မြင့် အသိုင်းအဝိုင်းမှ လူများပင် ဖြစ်ကြသည်။
သူတို့အားလုံးမှာ အသိုင်းအဝိုင်းတစ်ခုတည်းမှ ဖြစ်ကြသဖြင့် အများစုမှာ တစ်ဦးကိုတစ်ဦး သိကျွမ်းနေကြပေသည်။
ထို့ကြောင့် ယောင်ပင်း ဧည့်ခံခန်းမထဲသို့ ဝင်လာပြီးနောက်တွင် ဧည့်သည်များသည်က အုပ်စုငယ်လေးများ ဖွဲ့ကာ စကားလက်ဆုံ ကျနေခဲ့ကြသည်။
ယောင်ပင်းမှာတော့ မည်သူ့ကိုမျှ မသိသဖြင့် အစားအစာအချို့ကို ယူဆောင်ကာ မိုရှောက်ယောင် ပေါ်လာမည်ကို စောင့်ရင်း လှည့်ပတ် လျှောက်ကြည့်နေခဲ့ပေသည်။
ခန်းမ၏ အခြားတစ်ဖက်တွင်တော့
သခင်လေးဟောင်နှင့် သူနှင့်အတူ ပါလာသော လူငယ်အချို့က ယောင်ပင်းကို စောင့်ကြည့်နေကြပေသည်။
“ထူးဆန်းလိုက်တာ၊ သူ ဘယ်လိုဝင်လာတာလဲ၊ သခင်မလေးက သူ့ကို မွေးနေ့ပွဲဆီ တကယ်ပဲ ဖိတ်လိုက်တာလား”
“ဒီလို ဆင်းရဲသားကောင်ကို သခင်မလေးက ဘယ်လိုလုပ် ဖိတ်မှာလဲ
ဒီနေ့ လူတွေအများကြီးဆိုတော့ ဒီကောင်က ခိုးဝင်လာတာ ဖြစ်ရမယ်!”
ယောင်ပင်းကို မြင်ရသောအခါ သခင်လေးဟောင်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။ သူက ပြောလိုက်၏။
“ငါ ဒီကောင်နဲ့ ရန်ငြိုးရှိတယ်၊ ငါတို့တွေ ခဏနေရင် ဒီကောင့်ကို အမှတ်ရသွားအောင် ပညာပေးလိုက်ကြမလား”
“ဒီကောင့်ကို ဒုက္ခပေးဖို့ ငါတို့ကိုယ်တိုင် လုပ်နေဖို့ လိုလို့လား”
တစ်စုံတစ်ဦးက သခင်လေးဟောင်ကို အကြံပေးလိုက်သည်။
“ယွီချီက မကြာခင် ရောက်လာတော့မှာ၊ ဒီကောင် ယွီချီကို ပြစ်မှားမိအောင် ငါတို့က နည်းနည်းလေး အကွက်ဆင်လိုက်ရင် ဒီကောင့်ရဲ့ ခေါင်းကပြုတ်ထွက်သွားလိမ့်မယွ”
“ငါတို့က သခင်လေးလျို့ရဲ့ အကူအညီနဲ့ ဒီကို ရောက်လာတာလေ၊ သခင်လေးလျို့အတွက် ပြဿနာ မဖြစ်စေချင်ဘူး၊ ဒါပေမဲ့ ယွီချီကို သုံးပြီး အဲဒီကောင့်ကို ရှင်းခိုင်းလို့ ရတာပဲ၊ ဟားဟား..”
“ဒါက အဓိပ္ပာယ်ရှိသားပဲ”
“မင်းကတော့ အတော်လေး ဉာဏ်များတာပဲ။ ဒါကိုတောင် တွေးမိတယ်”
သခင်လေးဟောင်သည်က ထိုလူငယ်များ၏ ဉာဏ်နီဉာဏ်နက်ပါသော အစီအစဉ်အပေါ် အလွန်ကျေနပ်သွားတော့သည်။
ယွီချီဆိုသည်မှာ ယောင်ပင်း လုံးဝ မပြစ်မှားသင့်သည့် လူတစ်ယောက်သာဖြစ်၏။
ယွီချီ၏ အမည်အပြည့်အစုံမှာ ယွီချီကျားဖြစ်ပြီး၊ အသက် ၁၇ နှစ်အရွယ်တွင် စစ်တက္ကသိုလ်သို့ ထူးချွန်စွာ တက်ရောက်ခွင့်ရခဲ့ကာ တက္ကသိုလ်မှ မဆင်းမီမှာပင် ဒုတိယဗိုလ်အဆင့်သို့ ရာထူးတိုးမြှင့်ခံခဲ့ရသူ ဖြစ်ပေသည်။
ပို၍ အရေးကြီးသည်မှာ ယွီချီကျားသည်က ငယ်ရွယ်စဉ်မှာပင် ကိုယ်ခံပညာ၏ အရိုးသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
အရိုးသန့်စင်ခြင်း ဆိုသည်မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှု၏ ပဉ္စမမြောက် အဆင့် ဖြစ်ပေသည်။
ပင်းဟိုင် တစ်မြို့လုံးတွင် ပဉ္စမမြောက် အဆင့်သို့ ရောက်ရှိသူမှာ တစ်ဦး၊ နှစ်ဦးသာ ရှိပြီး၊ သူတို့မှာလည်း အသက်(60)ကျော်များ ဖြစ်ကြပေသည်။
ယွီချီကျားသကည် အသက် ၁၇ နှစ်အရွယ်ဖြင့် ပဉ္စမမြောက် အဆင့်သို့ ရောက်ရှိခဲ့သည့် တစ်ဦးတည်းသော လူငယ် ဖြစ်ပေသည်။
ထို့ပြင် ယွီချီကျားသည်က ချမ်းသာသော မိသားစုမှ လာသူဖြစ်ရုံမျှမက သူ၏ မိခင်ထံမှ ရုပ်ရည်ကောင်းများကိုလည်း အမွေရရှိထားပေသည် ။
သူသည် အရပ်ရှည်ပြီး ရုပ်ချောလှကာ အနုပညာရှင်တစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
ထို့ကြောင့် ယွီချီကျားက ပင်းဟိုင်တွင်သာမက နိုင်ငံတစ်ဝန်းရှိ အထက်တန်းလွှာ အသိုင်းအဝိုင်းများတွင်ပါ အထူးချွန်ဆုံးသော မျိုးဆက်သစ်တစ်ဦး ဖြစ်ပေပြီး သူတို့ အသိုင်းအဝိုင်း၏ အချစ်တော်လည်း ဖြစ်ပေသည်။
အကယ်၍ ယောင်ပင်းကသာ “မတော်တဆ” ယွီချီကျားကို ပြစ်မှားမိမည်ဆိုပါက ယောင်ပင်းအတွက်တော့ သေဘေးနှင့်သာ ရင်ဆိုင်ရမည် ဖြစ်ပေသည်။
သခင်လေးဟောင်နှင့် သူ၏အဖွဲ့ ကြံစည်ထားသည့် အရာမှာ သူတစ်ပါးကို အသုံးချကာ ရန်သူကိုသတ်ဖြတ်ရန်သာဖြစ်လေ၏။
*
အခန်း(54)
သူတို့ ဆွေးနွေးနေကြစဉ်မှာပင် ခန်းမတံခါးဝတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး မိန်းကလေးများ၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
“ယွီချီ လာပြီ!”
“ယွီချီ တကယ် ရောက်လာတာပဲ. မြန်မြန်.. ငါ့ရဲ့ မိတ်ကပ်နဲ့ အဝတ်အစားတွေ ဒီနေ့ ဘယ်လိုနေလဲဆိုတာ ကြည့်ပေးပါဦး!”
“နင့်ကို လက်လျှော့ဖို့ပဲ အကြံပြုချင်တယ်၊ ယွီချီက ရှောက်ယောင်ကို ကြိုက်တာ လူတိုင်း သိတာပဲ၊ နင် ဘယ်လောက်ပဲ လှလှပပ ဝတ်ထားပါစေ၊ ယွီချီကတော့ နင့်ကို ကြည့်မှာ မဟုတ်ဘူး”
“သိပါတယ်၊ ဘာလို့ အသံထွက်ပြီး ပြောတဆရတာလဲ..”
ထိုတိုးတိုးတိတ်တိတ် စကားသံများကြားမှပင် ယွီချီကျား ဧည့်ခံခန်းမအတွင်းသို့ လှမ်းဝင်လာခဲ့၏။
ထိုစကားသံများကြောင့် ယောင်ပင်းလည်း သိချင်စိတ် ဖြစ်ပေါ်လာပြီး ယွီချီကို သေသေချာချာ ကြည့်လိုက်မိပေသည်။
ယွီချီကျားသည်ကား အရပ် ၁.၈ မီတာခန့် ရှိပြီး၊ ရုပ်ချောကာ သန်မာထက်မြက်သော ခန္ဓာကိုယ်ရှိသည်။ သူ၏ လမ်းလျှောက်ပုံမှာ စစ်ဗိုလ်တစ်ဦး၏ အရှိန်အဝါမျိုး ရှိနေခဲ့သည်။
ယောင်ပင်းက ရေရွတ်လိုက်မိသည် ။
“ဒီယွီချီကျားကတော့ တကယ်ပဲ ချောမောတဲ့အမျိုးသားတွေထဲက တစ်ယောက်ပဲ”
ထိုလူများ၏ တုံ့ပြန်မှုမှာ ချဲ့ကားထားခြင်း မဟုတ်ပေ။
ယွီချီကျား ရောက်လာခြင်းက ခန်းမထဲရှိ လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပေသည်။
သူ့ကို မြင်သောအခါ လူကြီးများက ပြုံးပြကြပြီး၊ ရွယ်တူများက အားကျသည့် အကြည့်များဖြင့် ကြည့်ကြကာ၊ မိန်းကလေးများမှာတော့ မျက်လုံးများထဲတွင် အချစ်ရိပ်များ ပြည့်လျှံလျက် ရှိခိုးကိုးကွယ်မတတ် ဖြစ်နေကြတော့သည်။
ယွီချီကျားကလည်း လူတိုင်းကို အနည်းငယ် ခေါင်းညိတ်၍ အသိအမှတ်ပြုပြလိုက်သည်။ သူ၏ ဟန်ပန်မှာ တည်ငြိမ်ရင့်ကျက်သော်လည်း အလွန်ပင် သင့်တင့်လျောက်ပတ်လှပေသည်။
ရောက်ရှိနေသူများကလည်း ပြန်လည် နှုတ်ဆက်ကြပြီး ယွီချီကျားအပေါ် သူတို့၏ အားကျမှုမှာ ပို၍ပင် ကြီးထွားလာတော့သည်။
ယခုခေတ် လူငယ်တွေထဲတွင် ဤမျှအထိ ထူးချွန်သော်လည်း မောက်မာဝင့်ကြွားခြင်း မရှိသည့်လူမှာ တကယ့်ကို ရှားပါးလှသည့် ရတနာပင် ဖြစ်ပေသည်။
လူတိုင်းကို ပြုံး၍ နှုတ်ဆက်ပြီးနောက် ယွီချီကျားာ လူကြီးအချို့ကို ဝိုင်ဖြင့် ဂါရဝပြုရန်အတွက် ဝိုင်နီအချို့ကို ယူရန် လှည့်လိုက်ပေသည်။
ဤသည်က အခြေခံ ယဉ်ကျေးမှုပင် မဟုတ်ပါလား။
သူ ဝိုင်ကို လှမ်းယူလိုက်စဉ်မှာပင် ယောင်ပင်းက ယွီချီကျား၏ ဘေးမှ ဖြတ်သွားခဲ့၏။
ထိုခဏမှာပင် တစ်စုံတစ်ဦးက ယောင်ပင်းကို နောက်မှ တွန်းလိုက်တော့သည်။
ယောင်ပင်းတစ်ယောက် သတိမထားမိဘဲ အရှိန်ပြင်းစွာ ယိမ်းထိုးသွားပြီး သူကိုင်ထားသော ဝိုင်နီများမှာလည်း ယွီချီကျား၏ အဖြူရောင် ရှပ်အင်္ကျီပေါ်သို့ တိုက်ရိုက်ပင် ဖိတ်စင်သွားတော့သည်။
ဖြူစင်နေသော အင်္ကျီအဖြူမှာ ချက်ချင်းပင် စိုရွှဲသွားတော့သည်။
“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်”
ယောင်ပင်းက အလျင်အမြန် တောင်းပန်လိုက်ပေသည်။
သို့သော် ယွီချီကျားကတော့ တည်ငြိမ်နေဆဲဖြစ်ပြီး ဤကိစ္စကို အပြစ်မယူဘဲ ပြောလာသည်။
“ရပါတယ်၊ ငါ အင်္ကျီသွားလဲလိုက်ပါ့မယ်”
သို့သော် သူ စကားပြောပြီးသည်နှင့် တစ်စုံတစ်ဦးက အော်လိုက်လေသည်။
“သူက ယွီချီရဲ့ အင်္ကျီကို ညစ်ပတ်အောင် လုပ်ထားပြီးတော့၊ တောင်းပန်တာလေးနဲ့ပဲ ပြီးသွားတာလား”
“ဟုတ်တယ်! အနည်းဆုံးတော့ ယွီချီရဲ့ အင်္ကျီကို လျှော်ပေးရမယ်၊ ဒါမှမဟုတ် အသစ်တစ်ထည် ပြန်လျော်ပေးသင့်တာပေါ့”
“လျော်ပေးရမယ် ဟုတ်လား. ဒီကောင် ဝတ်ထားတာကို မင်းမမြင်ဘူးလား သူ့တစ်ကိုယ်လုံးမှာဝတ်ခားတာတောင် ယွမ်တစ်ရာလောက် တန်မှာ မဟုတ်ဘူး၊
သောင်းနဲ့ချီတန်တဲ့ အင်္ကျီတစ်ထည်ကို သူ့ကို လျော်ခိုင်းနေတာလား ဟာသလုပ်မနေနဲ့!”
“ထူးဆန်းလိုက်တာ၊ သူ ဘယ်လိုဝင်လာတာလဲ. ခိုးဝင်လာတာများလား လုံခြုံရေးတွေကလည်း တကယ်ပဲ၊ ဘယ်သူမှန်းမသိတဲ့သူကို ဝင်ခွင့်ပေးလိုက်ရတယ်လို့
တကယ်လို့ ဒီကောင်က အခွင့်ကောင်းယူပြီး သခင်မလေးရဲ့ လုံခြုံရေးကို ထိခိုက်အောင် လုပ်ရင် ဘယ်လိုလုပ်မလဲ”
လူအုပ်ကြီး၏ ပြောဆိုသံများမှာ ပို၍ပင် ပြင်းထန်လာပြီး ရောက်ရှိနေသူများ၏ ဘေးကင်းလုံခြုံမှုအထိပါ ထိပါးလာတော့သည်။
ယွီချီကျားသည်က ပထမတော့ ဤကိစ္စကို အလေးမထားခဲ့သော်လည်း၊ တစ်စုံတစ်ဦးက မိုရှောက်ယောင်၏ လုံခြုံရေးကို ထည့်ပြောလိုက်သောအခါ ချက်ချင်းပင် သတိပြုသွားတော့သည်။ သူသည် ယောင်ပင်းကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်လိုက်ပြီး အေးစက်စွာ မေးလိုက်၏။
“မင်းက ဘယ်သူလဲ”
“ယောင်ပင်းပါ”
“ရှောက်ယောင်နဲ့ မင်းက ဘယ်လို ပတ်သက်တာလဲ”
“သူငယ်ချင်းတွေ”
“မင်းရဲ့ ဖိတ်စာ ဘယ်မှာလဲ”
“ကျွန်တော့်မှာ မရှိဘူး..”
“ဖိတ်စာ မရှိဘူး ဟုတ်လား”
ယွီချီကျားသည် ယောင်ပင်းက မိုရှောက်ယောင်၏ သူငယ်ချင်းဟု ပြောကတည်းက သူ့ကို သံသယရှိနေခဲ့ခြင်း ဖြစ်ပေသည်။ ယခု ယောင်ပင်းတွင် ဖိတ်စာပင် မရှိကြောင်း ကြားလိုက်ရသောအခါ ချက်ချင်းပင် သတိကြီးစွာဖြင့် သူ၏ အနီးမှလူကို ပြောလိုက်၏။
“လုံခြုံရေး ခေါ်လိုက်. ဒီမှာ ဘယ်သူမှန်းမသိတဲ့သူ တစ်ယောက် ရှိနေတယ်”
မကြာမီ တစ်စုံတစ်ဦးက လုံခြုံရေးထံ ဖုန်းဆက်လိုက်သည်။
သုံးမိနစ်ပင် မပြည့်မီမှာပင် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော လုံခြုံရေးဝန်ထမ်း တစ်ဒါဇင်ကျော်က ခန်းမအတွင်း ပေါ်လာပြီး ယောင်ပင်းကို ဖြည်းဖြည်းချင်း ဝိုင်းထားလိုက်ကြတော့သည်။
ယနေ့သည်က မိုရှောက်ယောင်၏ မွေးနေ့ဖြစ်ပြီး ရောက်ရှိနေသူ အားလုံးမှာ ထင်ရှားကျော်ကြားသူများ ဖြစ်ကြပေသည်။
အကယ်၍ တစ်ဦးတစ်ယောက်သာ တစ်ခုခု ဖြစ်သွားမည်ဆိုပါက အခြေအနေမှာ အလွန်ပင် ဆိုးရွားသွားနိုင်ပေသည်။
ထို့ကြောင့် မိုမိသားစု၏ လုံခြုံရေးမှာ အလွန်ပင် တင်းကျပ်လှပေသည်။
“ကျွန်တော် ပြောပြီးသားပဲလေ၊ ကျွန်တော်က ရှောက်ယောင်ရဲ့ သူငယ်ချင်းပါ၊ သူက ကျွန်တော့်ကို မွေးနေ့ပွဲ လာဖို့ ဖိတ်ထားတာပါ”
လုံခြုံရေးများထံမှ ဝိုင်းထားခြင်း ခံရသည်ကို မြင်သောအခါ ယောင်ပင်းက ကူကယ်ရာမဲ့စွာဖြင့် ရှင်းပြလိုက်ပေသည်။
“တကယ်လို့ မယုံဘူးဆိုရင် ရှောက်ယောင် ရောက်လာတဲ့အခါ မေးကြည့်လို့ ရပါတယ်”
သူ၏ စကားကိုတော့ နှိမ့်ချသော အကြည့်များနှင့် သံသယများကသာ ဆီးကြိုနေတော့သည် ။
“သခင်မလေးရဲ့ သူငယ်ချင်း ဟုတ်လား မင်းကလား.. အိပ်မက်မက်နေလိုက်!”
“ကောင်လေး၊ မင်း လေလုံးထွားချင်ရင်တောင် နေရာတော့ ကြည့်ဦးလေ.. သခင်မလေးက မင်းကို မွေးနေ့ပွဲ ဖိတ်တယ်ဟုတ်လား ၊ သူ့ကို မေးကြည့်ရမယ် ဟုတ်လား မင်းက မေးဖို့တောင် အရည်အချင်း ပြည့်ရဲ့လား”
“သခင်မလေးက ဖိတ်တယ်လို့ မင်းပြောတယ်မလား၊ ဒါဆို ဖိတ်စာ ဘယ်မှာလဲ၊ ဒီမှာရှိတဲ့သူ အားလုံးက ဖိတ်စာပြပြီးမှ ဝင်လာကြတာ..”
ယောင်ပင်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။
“ကျွန်တော့်မှာ ဖိတ်စာ မရှိပါဘူး၊ ရှောက်ယောင်က သူ့နာမည်ကို ပြောရုံနဲ့ ရတယ်လို့ ပြောခဲ့တာ..”
မိုရှောက်ယောင်သည်က ဖိတ်စာအကြောင်းကို အမှန်တကယ်ပင် မပြောခဲ့ချေ။ သူလည်း မသိခဲ့ပေ။
မမျှော်လင့်ဘဲ ထိုအခြေအနေက လူတိုင်း၏ သူ့အပေါ် ရန်လိုလာရသည့် အကြောင်းရင်း ဖြစ်သွားတော့သည်။
ယောင်ပင်းတွင် ဖိတ်စာမရှိကြောင်း ပြောလိုက်ခြင်းက လူတိုင်း၏ သံသယကို ပိုမိုခိုင်မာစေခဲ့ပေသည်။
“ဝင်လာတဲ့သူတိုင်းမှာ ဖိတ်စာ ရှိရမယ်၊ သူ့ကို စကားအပိုတွေ ပြောမနေနဲ့တော့၊ သူက ခိုးဝင်လာတာ ရှင်းနေတာပဲ”
သခင်လေးဟောင်နှင့် သူ၏အဖွဲ့မှာတော့ ဂုဏ်ယူဝင့်ကြွားနေကြပြီး သူတို့၏ မျက်နှာများမှာ ပြုံးရွှင်လျက် ရှိနေတော့သည်။
သခင်လေးဟောင်က အော်လိုက်သည်။
“ဒီကောင့်ရဲ့ အမူအရာက သံသယဖြစ်စရာပဲ၊ သူ့ကို အခုချက်ချင်း အပြင်ကို နှင်ထုတ်လိုက်ကြစမ်း”
“ဟုတ်တယ်၊ နှင်ထုတ်လိုက်”
“နှင်ထုတ်လိုက်!”
သခင်လေးဟောင်၏ စကားကို လူအများက ထောက်ခံလိုက်ကြလေ၏၊ အထူးသဖြင့် လူငယ်များပင် ဖြစ်ပေသည်။
ခေတ္တမျှအတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ လုံခြုံရေးများအနေဖြင့် ယောင်ပင်းကို ဖယ်ရှားပစ်ရန် အော်ဟစ်သံများဖြင့် ပြည့်နှက်သွားတော့သည်။
ထိုစဉ်မှာပင် အေးစက်သော အသံတစ်ခုက ဝင်ရောက်လာသည်။
“ဘယ်သူက သူ့ကို နှင်ထုတ်ခိုင်းတာလဲ”
လူတိုင်းက ယောင်ပင်းကို အပြင်သို့ နှင်ထုတ်ရန် ဆူညံနေကြစဉ်မှာပင် အေးစက်သော အသံတစ်ခုက ထိုတိတ်ဆိတ်မှုကို ရုတ်တရက် ဖြတ်ကျော်ဝင်ရောက်လာတော့သည်။
ထို့နောက်တွင် အရပ်ရှည်ရှည်၊ သွယ်သွယ်လျလျ ကိုယ်ဟန်ရှိသော အမျိုးသားတစ်ဦးပ ခန်းမတံခါးဝ၌ ပေါ်လာပေသည်။
ထိုအရပ်ရှည်ရှည် အမျိုးသားကို မြင်လိုက်ရသည်နှင့် ဧည့်ခံခန်းမတစ်ခုလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့၏။
အဘယ်ကြောင့်ဆိုသော် ထိုရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ အဖိုးအိုမို၏ သားအကြီးဆုံးနှင့် မိုရှောက်ယောင်၏ ဖခင်ဖြစ်သူ မိုလီချွမ် ဖြစ်နေသောကြောင့်ပင်။
မိုလီချွမ်သည် ခန်းမအတွင်းသို့ ဖြည်းညှင်းစွာ လှမ်းဝင်လာပြီး လုံခြုံရေးဝန်ထမ်းများနှင့် ဧည့်သည်အားလုံးကို အေးစက်သောအကြည့်ဖြင့် ဝေ့ကြည့်ကာ မေးလိုက်သည်။
“ခုနက ဘယ်သူက သူ့ကို နှင်ထုတ်ခိုင်းလိုက်တာလဲ”
ဧည့်သည်များအားလုံးမှာ မိုလီချွမ်၏ ဆိုလိုရင်းကို ဝေခွဲမရဖြစ်ကာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေ၏။
တစ်စုံတစ်ဦးက မဝံ့မရဲဖြင့် တိုးတိုးလေး ပြောလိုက်သည်။
“သူ့မှာ ဖိတ်စာ မရှိဘူးလေ၊ ခိုးဝင်လာတာ ဖြစ်ရမယ်၊ သူ့ရဲ့ အမူအရာက သံသယဖြစ်စရာကောင်းတယ်လို့ လူတိုင်းက ထင်နေကြတာ၊ အဲဒါကြောင့် နှင်ထုတ်ချင်ကြတာပါ”
“ဒီလို ဘယ်သူလဲဆိုတာ မသိတဲ့ နောက်ခံမရှိတဲ့သူတွေကို နှင်ထုတ်သင့်တာပေါ့”
တစ်ယောက်က စတင်ပြောဆိုလိုက်သည်နှင့် ကျန်လူများကလည်း ဆူညံစွာ လိုက်လံပြောဆိုကြတော့သည်။
အထူးသဖြင့် သခင်လေးဟောင်နှင့် သူ၏အဖွဲ့ပင် ဖြစ်ပေသည်။
ယောင်ပင်းတွင် ဖိတ်စာမရှိကြောင်း မိုလီချွမ် သိသွားလျှင် ယောင်ပင်းကို သေချာပေါက် နှင်ထုတ်ပစ်လိမ့်မည်ဟု သူတို့ ယုံကြည်နေကြပေသည်။
သူတို့က အကြောင်းပြချက်ကို ရှင်းပြပြီးနောက် မိုလီချွမ်က တည်ငြိမ်စွာ မေးလိုက်သည်။
“ဒါလေးပဲလား”
“ဟုတ်ပါတယ်၊ ဒါပါပဲ!”
မိုလီချွမ်သည် လူတိုင်းကို တစ်ချက်ကြည့်ကာ အနည်းငယ် ပြုံးလိုက်သည်။
“သူက အကြီးအကဲမိုနဲ့ ရှောက်ယောင်တို့ကိုယ်တိုင် ဖိတ်ထားတဲ့သူပဲ၊ ဖိတ်စာရှိဖို့ လိုအပ်လို့လား”
ဧည့်ခန်းမကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
လူတိုင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့ကြ၏။
ယွီချီကျားလည်း အပါအဝင်ပင်။
သူတို့ ယွီချီမိသားစုနှင့် မိုမိသားစုမှာ မိတ်ဆွေဟောင်းများ ဖြစ်ကြသည်။
သူကိုယ်တိုင်ပင် မိုရှောက်ယောင်၏ မွေးနေ့ပွဲ တက်ရောက်ရန် ဖိတ်စာပြခဲ့ရသည် မဟုတ်ပါလား။ သို့သော် ယောင်ပင်းကိုတော့ အဖိုးအိုနှင့် မိုရှောက်ယောင်တို့ ကိုယ်တိုင် ဖိတ်ကြားခဲ့သည်တဲ့လား။
ဆိုရလျှင် တစ်ဖက်လူက ဖိတ်စာပင် မလိုဘဲ မျက်နှာပြရုံနှင့် ဝင်လာနိုင်သည်ပေါ့။
ဒီယောင်ပင်းဆိုတဲ့ ကောင်လေးက
ဘယ်သူများလဲ။
*